loading

Author: Nyein Aye Lu

27. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၀)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၂၇) ရက်၊ တပ်မတော်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၁း၁၇)နာရီအထိ သောကြာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကြာသပတေး မြေခံ အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ နေ့လယ်(၁၁း၀၆)နာရီအထိ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၉)လုံး ကျရောက်နေပြီး လွန်လျှင် ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၀)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၉)လုံးအနေဖြင့် ဒီနေ့ဟာခရီးကိစ္စများသွားလို့ရပါတယ်။ခရီးကိစ္စများအကောင်းကြီး မဟုတ်ပေမဲ့ ခရီးသွားလို့ အညံ့အဆိုး မရှိနိုင်ပါဘူး။ဒီနေ့မှာထူးခြားကောင်းမွန်တဲ့နေ့ရက်လို့သတ်မှတ်နိုင်ပါတယ်။ စီးပွားရေးလူမှုရေး ကျန်းမာ ရေး၊ ပညာရေးနှင့် အလုပ်ကိစ္စရေးရာအဖြာဖြာတွေမှာ ဒီနေ့မှစတင်လုပ်ကိုင်လိုက်ခြင်း ဖြင့်ရေရှည်အောင်မြင်တဲ့ အကျိုးကျေးဇူးတွေကိုခံစားရတတ်ပါတယ်။ဒီလိုနေ့ဟာစာပေလုပ်ငန်းများ၊စာရေးကိရိယာများထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများအထူးအဆင်ပြေ ကောင်းမွန်နေတာကိုတွေ့ရပါတယ်။

ဆေးခန်းများ၊ဆေးရုံများ၊ဆေးဆိုင်များစတင်ဖွင့်လှစ်ခြင်းဖြင့်ထူးခြားစွာအောင်မြင်မှုတွေကိုရလာတတ်ပါ တယ်။အလှုကုန်ပစ္စည်းများရောင်းချခြင်းအလုပ်များလဲ မိတ်တွေတိုးပါလိမ့်မယ်။မေတ္တာရေးကံကောင်းနေတဲ့နေ့ ရက်ဖြစ်တာကြောင့် မေတ္တာတောင်းခံခြင်း၊ချစ်ရေးဆိုခြင်း၊ ချစ်သူနဲ့လက်ထပ်ဖို့တိုင်ပင်ဆွေးနွေးခြင်းများအထူး  ကောင်းပါတယ်။

အလုပ်တွင်ဖြစ်စေ၊အဖွဲ့အစည်းတွင်ဖြစ်စေမိမိရသင့်ရထိုက်သောရပိုင်ခွင့်တွေကိုရအောင်တောင်းဆိုလို့ အထူးကောင်းတဲ့နေ့ရက်ပါပဲ။ရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ရသောအလုပ်များ စတင်ဆောင်ရွက်ရန် အချိန်အခါကောင်းတဲ့နေ့ရက်ပါပဲ။

ဒီနေ့မှာ ရှင်ပြုခြင်းနားသခြင်း၊ ရဟန်းခံခြင်းကိစ္စများလဲ ဆောင်ရွက်နိုင်ပါတယ်။ အလှူအတန်းပေးခြင်း၊ ရေစက်ချ ခြင်း များလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ငွေကြေးအပေးအယူကိစ္စများလဲ တတ်အားသမျှရှောင်ကြဉ် တာကောင်း ပါတယ်။ 

မြန်မာလဆန်း(၁၀)ရက်နေ့ ဖြစ်ပေရာ အပျော်ခရီးများ သွားလာရန် မသင့်ပါ။ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ အဆင်ပြေမည်။ အကြီးအကဲများထံ ဝင်ထွက်သွားလာသင့်သည်။ အလုပ်သစ်များ စတင်ဖွင့်လှစ် ထူထောင်နိုင်သည်။ မင်္ဂလာရှိသော ကိစ္စများ စတင်ဆောင်ရွက်ရန် ရက်ကောင်း ဖြစ်သည်။ တည်ဆောက်မှုရေးရာ အဖြာဖြာ ဆောင်ရွက်၍ အကျိုးရှိမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၀၂)နာရီမှ နံနက်(၉း၅၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း နေ့စက်(၁၂း၂၃)နာရီလွန် စန်း ကရကဋ်ရာသီသို့ ပြောင်းသည်၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ မိတ်ဆွေကောင်းတွေထက် ရန်သူ ပေါများနိုင်တာကိုသိထားရမယ်။ မိမိအောင်မြင်မှုကိုမနာလိုမရှု စိမ့်သူများ နေတတ်ပါတယ်။ ချမ်းသာရင် တတ်နိုင်သ၍ထုတ်မကြွားသင့်ပါဘူး။အောင်မြင်ပြီးဆိုလဲ အထွတ်အထိပ် ရောက်တတ်သလို ၊ကံနိမ့်လို ပြုတ်ကျရင်လဲ အောက်ဆုံးရောက်သွားတတ်ပါတယ်။ ကိုယ်တိုင်ကသတိပညာနဲ့ထိမ်းသိမ်း မယ်ဆိုရင်တော့ ကံအညံ့တွေကို ထိန်းသွားနိုင်မဲ့ဇာတာပါပဲ။ ကျန်းမာရေးအညံ့တော့ရှိတယ်ဗျ။ ကျန်းမာရေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ်ခြင်း၊ သူငယ်ချင်းများနှင့် လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အောက်မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၄၀)နာရီမှ မွန်းလွဲ(၁၂း၁၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင်နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆို သွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဘယာကြော်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

26.Mar.2026 မှ 1.Apri.2026 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

            မမြင်ရသော ပုဂ္ဂိုလ်များ၏ စောင့်ရှောက်ခြင်းကို ခံရသူများဖြစ်၍ ထူးထူး ခြားခြား အောင်မြင်မှုများ ရရှိတတ် သည်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လုပ်ငန်းနှစ်မျိုး၊ သုံးမျိုး တစ်ပြိုင် တည်း လုပ်ကိုင်ရမှုနှင့် ကြုံရတတ် ပါတယ်။ မိမိဆန္ဒရှိရာကိုသာ ဦးစားပေးရွေးချယ် လုပ်ကိုင်သင့်ပါတယ်။ စီးပွားရေး လုပ်ငန်းများသာမက မည်သည့် ကိစ္စတွင်မဆို မိမိကိုယ်မိမိ ယုံကြည်စိတ်ချရန်လိုသည်။သင့်အိမ်သို့ ရပ်ဝေးမှ စာသော်လည်ကောင်း၊ ပစ္စည်း သော်လည်ကောင်း၊ လူကိုယ်တိုင်သော်လည်ကောင်း ရောက်လာ တတ်သည်။ ဝန်ထမ်းများ ဖြစ်ပါက လစာတိုးခြင်း၊ ဝင်ငွေတိုးခြင်း၊ တစ်နည်းနည်းဖြင့် ဝင်ငွေကောင်းခြင်းများ ရှိ တတ်မည်။ သင့်အနေဖြင့် လက်ရှိလုပ်ငန်းမှ အခြားလုပ်ငန်း တစ်ခုခုသို့ ပြောင်းလဲလုပ်ကိုင် လိုစိတ်များ ပေါ်ပေါက် နေလိမ့်မည်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်အလုပ်မျိုး အကျိုးခံစား ဖို့အတွက်ကတော့ နှံ့နှံ့စပ်စပ်ကြိုး စားပါ။ ကျန်းမာရေးစိတ်ပူစရာလုံးဝမလိုပေမဲ့ သွေးတိုး သမားများ၊ဆီးချိုသမားများ မတည့် တာတွေ မစားဖို့အထူးအရေးကြီးပါတယ်။ လွန်စွာမှစန်းပွင့်နေ ပါလိမ့် မယ်။ အချစ်ရေးကဖွင့်ပြော ဖို့တုန့်ဆို င်းနေရင်ဒီကာလမှာ အရဲ စွန့်ပြီးဖွင့် ပြောလိုက်ပါ။ စိတ်ကောက်နေတာ၊အဆင်မပြေတာ တွေလဲ ပြန်လည်ညှိ နှိုင်း လို့ အဆင်ပြေပါလိမ့်မယ်။ အိမ် ထောင် ရေး အတွက်အထူးပူပန်သောကတွေများနေရတတ်ပါတယ်။ အိမ်ထောင် ဘက် အပေါ် အလိုမကျတာတွေ များ နေ တတ်ပါတယ်။  ပညာရေးကတော့ ကြိုးစားသလောက်အရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း         ၆/၅/၃

အထူးဟော       စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။

ယတြာ                မုန့်လုံးရေပေါ် ဘုရားကပ်ပါ

#တနင်္လာ

            စာပေဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်သူဖြစ်ပါက အောင်မြင်မှုရရှိမည်။ အကူအညီပေး နိုင်သော မိတ်ကောင်း ဆွေကောင်းများနှင့်လည်း တွေ့ရ တတ်သည်။ စိတ်ကူး ကောင်း၊ အကြံဉာဏ်ကောင်းများလည်း မိမိအာရုံတွင် ပေါ်ထွက် လာမည်။ အိုးအိမ်၊ နေရာ ထိုင်ခင်း၊ အလုပ်ခန်း၊ ဆိုင်ခန်း၊ ဇိမ်ခံပစ္စည်းများနှင့်ပတ်သက်၍  ပြုပြင်ပြောင်းလဲရခြင်း၊ မွမ်းမံရခြင်း၊ ပစ္စည်း အသစ်များကို ဝယ်ယူပိုင် ဆိုင်ရခြင်းများရှိမည်။ ကျန်းမာရေးကြောင့်ပဲ အလုပ်ပျက်အကိုင် ပျက် ဖြစ် ရတတ်လို့ပါပဲ။ ကျန်းမာနေပေမဲ့ ရင်ကြပ် တာမျိုး၊ခေါင်းအုံတာမျိုးတွေဖြစ်တတ်ပါတယ်။ ကြိုက်တဲ့အစားအစာ တွေ ကို လိုတာထက် ပိုစားမိရာကနေ ရောဂါရ တတ်ပါတယ်။ အောက်လက်ငယ်သားတွေဆီက အကူအညီတွေရလာ တတ်ပါ တယ်။ စိတ်မြန်လက်မြန်လုပ်ချင်စိတ် တွေများနေတာမို့ အလုပ်တွေပြီးမြောက်အောင်မြင်နိုင်တဲ့ကာလပါပဲ။ ငွေကြေး အပေး အယူကိစ္စတို့တွင် စကားများစရာ၊ ဖြေရှင်း စရာများ ကြုံမည်။ စကားရှုပ်ထွေး၍ နှုတ်မလုံ သူများ၊ လုပ်ငန်းတွင် ပြိုင်ဆိုင်နှောက်ယှက်သူများနှင့် ကြုံတွေ့ နေရ သည်။ အလုပ်နဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေ၊ မိမိ စီနီယာ တွေဆီကနေ အကြံဉာဏ်ယူသင့်ပါတယ်။ အချစ်ရေးကိစ္စများ စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင် ရေးနဲ့ ပတ်သက်ပြီးတော့လဲ အိမ်ထောင်ဘက်ကမိမိရဲ့ အခက်အခဲတွေကို ကူညီဖြေးရှင်းပေးပါလိမ့်မယ်။ ပညာရေး က ဒီကာလကအားနည်းနေ တတ်ပါတယ်။

အကျိုးပေးဂဏန်း           ၂/၅/၉

အထူးဟော       ကောင်းသောကံတွေအလှည့်ရောက်ပါပြီ

ယတြာ                နီးစပ်ရာစေတီဘုရားသွားပြီး မွေးနံထောင့်မှာရေသပ္ပာယ်ပါ။

#အင်္ဂါ

            ယာဉ်၊ ကား၊ စက်ပစ္စည်းများနှင့် အိမ်များရောင်း ထွက် ချိန်ဖြစ်၍ ငွေရွှင်နေမည်။ နေအိမ်အသစ်၊ ယာဉ်အသစ်များလည်း ရရှိနိုင်ပါတယ်။ အကျိုးဆောင်လုပ်ငန်းနှင့် ဝန်ဆောင်မှုပေးရတဲ့အလုပ်အကိုင်လုပ်ငန်းများ နာမည်ကောင်းရရှိပါလိမ့်မယ်။ ငွေ၊ ကား၊ ကျောက်၊ ကုမ္ပဏီ၊ ငါး လုပ်ငန်း၊ ကွမ်းသီး၊ ကွမ်းရွက်၊ ခဲ စသည့် လုပ်ငန်း၊ ကူသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကျူရှင်လုပ်ငန်းများ အဆင်ပြေမည်။ အလုပ်နေရာ၊ အိမ်နေရာ၊ အဆောက်အအုံ ကိစ္စတွေမှာလည်း ရည်မှန်းမျှော် လင့် ထား သ လို တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းစွာ ဂရု စိုက်ဖို့ လိုအပ်ပါတယ်။ကျန်းမာရေး အထူး ညံ့နိုင်တဲ့နေ့ရက်တွေပါပဲ။ အပူရှပ်တာမျိုးတွေမဖြစ် အောင် နေထိုင်လိုက် ပါ။ ဝန်ထမ်းများ တာဝန်တွေများပြား နေတတ် ပါတယ်။ ကိုယ့်အလုပ်အပြင်သူများအလုပ် တွေကိုပါဝင် ကူပေးနေရ တတ်ပါတယ်။ ဖိအားတွေ၊ပင်ပန်းမှုတွေကို ခံနိုင် ရည်ရှိဖို့တော့ အထူးလိုအပ်နေပါတယ်။ အချစ်ရေး ကံကတော့ အဆိုးထဲကအကောင်းပါဗျ။အဆင်ပြေပါလိမ့်မယ်။ အိမ် ထောင် ရေးအတွက်လဲ စိတ်ချမ်းသာရပါလိမ့်မယ်။ အဆင် မပြေတာတွေကိုပြေလည်အောင် ညှိနှိုင်းနိုင်ပါလိမ့် မယ်။ ပညာရေးကတော့ ထင်ထားသည်ထက် ပိုမိုတိုးတတ် မှုတွေ ကိုအထင်အရှားမြင်ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း        ၃/၆/၄

အထူးဟော      စီးပွားရေးကောင်းမည်

ယတြာ သစ္စာပန်း          ၉ညွန့် ဘုရားကပ်လှူပါ

#ဗုဒ္ဓဟူး/ရာဟု

            တွဲဖက်လုပ်သူအချို့၏ ပိရိသေသပ်မှု မရှိခြင်းကြောင့် ဝေဖန်တိုက်ခိုက်ခံရမည်။ အလွယ်တကူ ရသည်၊ ဖြစ်သည် ဟူ၍ မရှိပေ၊ ဦးတည်လိုက်တိုင်း နေရာတိုင်းတွင် အခက်အခဲများ၊ အနှောက်အယှက်များ ကြုံပြီးမှ လိုရာရောက်မည်။ အလုပ်သေးလျှင်သေးသလို၊ အလုပ်ကြီးလျှင်ကြီးသလို အမြတ်အစွန်းရမည့်အချိန်ဖြစ်သည်။ လက်အောက်ငယ်သား၊ တပည့်တပန်းတို့၏ အတိုက်အခံပြုခြင်း၊ သစ္စာ ဖေါက်ခြင်းများ ခံရတတ်သည်။ အိမ်ထောင်ရေးသည် စီးပွားရေးနှင့် တိုက်ရိုက်ပတ်သက် နေသဖြင့် စီးပွားရေးအဆင် ပြေလျှင် အိမ်တွင်းရေးအေးချမ်းမှုကို ရရှိမည်။ ဝန်ထမ်းများ အပြောင်း အလဲ တစ်စုံတစ်ရာရှိမည်။ ကောင်းသော အပြောင်း အလဲများ ဖြစ်လိမ့်မည်။ ကံကောင်းနေတဲ့အချက်က အထိုင် ချဖို့ ဆောင်ရွက်တဲ့ကိစ္စ များအဆင် ပြေတတ်ပါတယ်။ အိမ်ဆောက်ခြင်း၊အိမ်ဝယ်ခြင်း၊ဆိုင်သစ်ဖွင့်ခြင်း တွေမှာ အားရ စရာအနေအထားမျိုးရလာတတ်ပါ တယ်။ မရည်ရွယ်ပဲ အလှူမင်္ဂလာကိစ္စများ လုပ်ကိုင်ဆောင်ရွက်ရလိမ့်မည်။ အလုပ်နှင့်ပတ် သက်သော အပြောင်း အလဲများ အဆင့်ဆင့် ဖြစ်ထွန်းပေါ်ပေါက်လာမည်။ ငွေကြေးအပေးအယူကိစ္စနှင့် ဆက်နွယ်၍ ဖြစ်ပေါ်လာသော အမှု ပြဿနာ များကို ဖြေရှင်းနိုင်ပါလိမ့်မည်။ လုပ်ငန်းခွင်မှသူများ နေရာသစ်များသို့ ဝင်ရောက် လုပ်ကိုင်၍ အဆင့်မြင့် တတ်လမ်း များ ဖန်တီးရနိုင်ပါသည်။ ကျန်းမာရေးနှင့်ပတ်သက်ပြီးတော့လဲ အဆိုးကြီး မဟုတ်ပေမဲ့ မတ်တပ်ဖျား မတ်တပ်နာ လောက်တော့ ဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံလဲအထူးကောင်း နေပါလိမ့် မယ်။

အကျိုးပေးဂဏန်း         ၆/၇/၀

အထူးဟော        အနည်းငယ် အတွေးမှား၊အလုပ်မှားပြုမိနေတတ်ပါတယ်။

ယတြာ                စနေထောင့်မှာ သမ္ဗုဒ္ဓေ ဂါထာနဲ့ ပုတီးစိပ်ပါ။

#ကြာသပတေး

            သိုလှောင်ထားသောပစ္စည်းများကို ပြန်လည် ရောင်းထုတ်ခြင်းဖြင့် အမြက်အစွန်းများ ရရှိတတ်ခြင်း၊ တေ့တေ့ဆိုင်ဆိုင် ပြောဆိုထားသော အိုးအိမ်၊ ခြံမြေ၊ အရောင်းအဝယ်ဖြစ်ခြင်းများ ရှိမည်။ အလိမ်ခံရတတ်ခြင်းများ ရှိနေတတ်သဖြင့် လူတိုင်းအပေါ် ယုံကြည်စိတ် မထားသင့်ပါ။ ပြည်ပသို့သွားရန် စီစဉ်ထားမှု များရှိပါက အဆင်ပြေပြေ သွားဖြစ်လိမ့်မည်။လူမျိုးခြားနှင့် ဆက်စပ်လုပ်သောကိစ္စများမှ ကောင်းသောအကျိုးရရှိမည်။ ရပ်ဝေးကနေသတင်း ကောင်း၊ ဧည့် ကောင်း ဆောင် ကောင်းတွေရောက်လာတတ်ပါတယ်။  လိမ်ညာသူတွေနဲ့တွေ့တတ်တာကိုတော့ သတိထားပါ။ သတိထားရမှာက မိခင်ရဲ့ကျန်းမာရေးအနေအထားပါပဲ။မိခင် ကျန်းမာရေးညံ့နေသူများပိုမိုဂရုစိုက်ပေးပါ။ ရုတ်ခြည်း ပြောင်းလဲ သွားသော ကိစ္စတစ်ခုအပေါ် ဟန်ချက်ညီညီ လိုက်လံ ပြောင်းလဲသင့်ပါသည်။ ကျန်းမာရေးကို လဲကောင်းစွာ တိုးတတ် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ချင်စိတ်၊ကျန်းမာရေးကိုလိုက်စားလို စိတ်တွေကိုဖြစ်ပေါ် နေတတ် ပါ တယ်။ အချစ်ရေးနဲ့ပတ်သက် ပြီး မိမိရဲ့ချုပ်ချယ်မှုတွေက ချစ်သူကိုစိတ်ပျက်စေပါ လိမ့်မယ်။ အိမ်ထောင် ရေး မှာတော့ မိမိကသြဇာပေးလွန်းတာ ကြောင့် အိမ်ထောင်ဘက်နဲ့စကားများရတတ်ပါတယ်။ ပညာရေးကတော့ အထူး ကောင်း တယ်။ ကြိုးစားပါ။

အကျိုးပေးဂဏန်း        ၂/၄/၉

အထူးဟော      ကံသင့်ပါတယ်

ယတြာ              နှင်းဆီပန်း ၁၀ပွင့် ဘုရားကပ်လှူပါ

#သောကြာ

            စွန့်စားလုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းများကြောင့် ငွေကြေးဆုံးရှုံးနစ်နာရမှုများ ဖြစ်ရ တတ်ပါတယ်။ ငွေကြေးစီးပွားနှင့် ပတ်သက်၍ အထူးသတိထားပါ။ စီးပွားရေးလုပ်ငန်းသစ် တစ်ခုခုကို လုပ်ဖူးသောလုပ်ငန်းဖြစ်စေ၊ မလုပ်ဖူးသောလုပ်ငန်းဖြစ်စေ၊ စတင်အကောင်အထည်ဖေါ် လုပ်ကိုင်သင့်ပါတယ်။ ဇွဲရှိရှိဖြင့် တစ်စိုက်မတ်မတ် လုပ်ကိုင်ခြင်းဖြင့် ရေရှည်တွင် အကျိုးပေးမည်။ လူအများနှင့် ဆက်နွယ်ပတ်သက်လုပ် ကိုင်ရသော လုပ်ငန်းများ အများ၏အားပေးခြင်းကို ခံရသည့်လုပ်ငန်းများဖြင့် အထူးအကျိုးပေးမည်။ ကိုယ်ကအိမ်ထောင်ဦးစီးဆိုရင်တော့ အိမ်                             တွင်းမှာ ဖြစ်ပေါ်လာမဲ့ ပြဿနာအခက်အခဲတွေကို ပါးပါးနပ်နပ်ကိုင်တွယ်ဖြေရှင်းတာမျိုးတွေအထူးပဲလုပ် ဆောင်သွား                                                                                                                                                                                          သင့်ပါတယ်။ မိသားစုဝင်တွေနဲ့ မတည့်တာမျိုးတွေဖြစ်နေတတ်တာကို မမေ့လိုက်ပါနဲ့။ မလိုအပ်ဘဲ ခရီးဝေး သွားခြင်း မျိုးရှောင်ပါ။ အထူးသဖြင့် ရေနဲ့နီးတဲ့နေရာတွေကို ခရီးမထွက်ပါနဲ့။ စာရင်းဇယား မှားယွင်းတာ၊ ဆရာသမား၊ ကြီးကဲသူ တွေက အထင်လွဲတာ၊သူတစ်ပါးရဲ့ကိစ္စကြားညှပ်ဖြေရှင်ပေး ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အဆောက် အအုံကိစ္စ၊ နေရာ ထိုင်ခင်းကိစ္စတွေကတော့ အဆင်ပြေအောင်မြင်မယ်။ ကျန်းမာရေး ကတော့ အညံ့များ နေတဲ့ ကာလ ပါပဲ။ နှလုံး သမားများ ၊ဆီးချိုသမားများ ကျန်းမာ ရေး မပေါ့သင့်တဲ့ကာလပါပဲ။ အချစ် ရေးကတော့ တကျက်ကျက်ပါပဲ။ ရန်ဖြစ် လိုက်ပြန်ချစ်လိုက်ဆိုတာမျိုးတွေဖြစ် ရတတ်ပါတယ်။

အကျိုးပေးဂဏန်း         ၃၊၄၊၈

အထူးဟော       ကျန်းမာရေးသာဂရုစိုက်ပါ

ယတြာ              နွမ်းပါးသူတွေကို ဒိန်ချဉ်ဝယ်လှူလိုက်ပါ

#စနေ

            လူကောင်းသဖွယ်နေထိုင်သည့် စိတ်ရောဂါရှင်တစ်ဦး၏ အနှောက်အယှက်ကြုံရ တတ်၏။ အခက် အခဲများ ကျော်လွှားနိုင်မည်။ ထီကံကို ကံကြမ္မာအတိုင်းထားလိုက်ပါ။ အသဲအသန်အာရုံစိုက်ပြီး လိုက်မထိုးပါနှင့်။ ကုသိုလ်ကံသည် အထက်သို့တိုးတတ်နေ၏။ စီးပွားရေးလုပ်ငန်းများ တိုးတတ်စေမည့် အကောင်းဘက်သို့ ပြောင်း သည့် အပြောင်းအလဲဖြစ်၏။ ရွှေနှင့်ကျောက်မြတ်၊ သစ်ထုတ်လုပ်ရေး လုပ်ကိုင်နေသူများ ဝင်ငွေတိုးနိုင်သော အချိန်ဖြစ်သည်။ ကျန်းမာရေး အားသာချက်ရှိနိုင်တဲ့ကာလပါ။ တော်ရုံရောဂါတော့ မဝင်နိုင်ပါ။ သတိထားရမှာက အရက်နှင့်ဝိုင်ကို သောက်သုံးခြင်းကို တတ်နိုင်သလောက်လျှော့လိုက်သင့်တဲ့ကာလပါပဲ။ တတ်နိုင်သ၍ ဒီကာလမှာ မိမိဆန္ဒဆုံးဖြတ်ချက် ထက် ပညာရှင်တွေ ကိုအကူအညီတောင်း၊အကြံဥာဏ်ယူတာအကောင်းဆုံးပါပဲ။ အလုပ်နဲ့ပတ်သက်ရင်တော့ အထိုင် အလုပ်တွေထက် လှုပ်ရှားသွားလာလုပ်ကိုင်နေရတဲ့အလုပ်တွေက ပိုမိုအဆင် ပြေတဲ့ကာလပါပဲ။ ပညာရေးနယ်ပယ်က စီပွားရေးများလဲ တိုးတတ်ပါလိမ့်မယ်။ သင်တန်းဖွင့်ခြင်း၊ ပညာသင် ပေးခြင်းများစတင်လို့အထူးကောင်းပါတယ်။ အချစ် ရေးနဲ့ပတ်သက် ပြီး တော့ အထူးကောင်းပါတယ်။ မိမိ က သဝန်တို တတ်တာမျိုးကိုတော့လျော့ပါ။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး တော့စိတ်ညစ် ရပါလိမ့်မယ် ။ပညာရေး ကံကောင်းနေ တဲ့နေ့ရက်တွေပါပဲ။

အကျိုးပေးဂဏန်း        ၅/၇/၀

အထူးဟော      နည်းနည်းတော့ အလုပ်များရမည်

ယတြာ              ကျန်းမာရေးမကောင်းသူများကို လူမမာစာများ လက်ဆောင်ပေးလိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

                                                                                                ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                                                                                            0977 5555 695

                                                                                                            09 44 5555 695

26. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၉)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၂၆) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပတ်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၈)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၈)လုံး နေ့ အနေဖြင့် အောင်မြင်မှုကိုကိုယ်စားပြုတဲ့ ဇယျာတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ စစ်ရေးစစ်ရာနဲ့ ပတ်သက် သောအလုပ်များ  အထူးကောင်းပါတယ်။တိုက်ပွဲ ဆင်နွဲခြင်း၊ အောင်မြေနင်းခြင်း၊ရန်သူ့ကို ခြေမှုန်း ခြင်းများအားဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ၊စစ်ရေးလေ့ကျင့်ခြင်း၊ စစ်လက်နက်စုဆောာင်းခြင်းများကောင်းမွန်နေတာကိုတွေ့ရပါတယ်။မိမိအိမ် ကိုဆေးခြယ်တာ၊ ပရိဘောဂတွေကို ပေါ်လစ်တင်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ 

စူးစမ်းခြင်း၊စပ်စုတတ်ခြင်းတွေကြောင့်အလုပ်တွေပိုမိုအောင်မြင်တတ်ပါတယ်။ အရာရာကိုဇွဲထည့်ပြီးလုပ်ကိုင်နိုင် တဲ့နေ့ဖြစ်တာကြောင့် ပစ္စည်းတစ်ခုကိုတီထွင်ခြင်း၊ အနုပညာနဲ့ပတ်သက်ပြီးတော့ လဲ အသစ်များကိုဖန်တီးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။  ရန်များပြဿနာများအထူးပဲဖြေရှင်းလို့ကောင်းတဲ့နေ့ပါပဲ။

စက်ပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းများအထူးကောင်းပါတယ်။ လူမှုရေးနဲ့ပတ်သက် သောစကားများကြားကနေစေ့စပ်ညှိနှိုင်းပေးသောစကားများ ဒီနေ့မှာပြောဆိုလို့အလွန်ပဲကောင်းပါတယ်။   အောင်မြင်မှုကို ကိုယ်စားပြုသော ဇေယျာတီထိ ဖြစ်သောကြောင့် အင်္ဂါဂြိုဟ်စိုးမိုးသော တီထိဖြစ်ပြီး လက်နက်ပြုလုပ်ခြင်း၊ စစ်ပွဲဆင်နွဲခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း၊ စစ်ရိက္ခာဖြည့်တင်းခြင်း၊ စစ်လက်နက်များ တပ်ဆင်ခြင်း၊ အင်အားစွမ်းရည်နှင့် ပတ်သက်သည့် လုပ်ငန်းများအားလုံးကို လုပ်ဆောင်နိုင်ပါသည်။ ခရီးသွားခြင်း၊ ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ ဆေးဝါးနှင့်ကုန်သွယ်ခြင်း၊ အိမ်ကိစ္စများနှင့်  ပတ်သက်သည့် အသင်းအဖွဲ့ကိစ္စများအားလုံး ဆောင်ရွက်နိုင်ပါသည်။

ယနေ့ ဘာသာရေးဆိုင်ရာ မြင့်မြတ်သော မင်္ဂလာကိစ္စများ အခါမပေးရပါ။ ယနေ့ အိုးအိမ်တည်ဆောက်ခြင်းများ မပြုရပါ။ တစ်ပါးသူပေးသော ကတိများ ယုံစားရန်မသင့်ပါ။ ဆေးဝါးများ စတင်ကုသခြင်း၊ ခွဲစိတ်မှုခံယူခြင်းနှင့် ဆေးဝါးများ အစွမ်းထက်သော ရက်ဖြစ်သည်။ ဆေးဝါးဖေါ်စပ်ခြင်း၊ သမားပြသခြင်းများ ဆောင်ရွက်နိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၀၆)နာရီမှ နံနက်(၉း၅၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် တော်ကြ ထက်ကြသူတွေဖြစ်ပါတယ်။ အကင်းပါးတယ်။ လျင်တယ်။ နှေးကွေးလေးလံခြင်းမရှိဘူး။ ချမ်းသာလိုတယ်။ ရည်မှန်းချက်ကြီးမားကြတယ်။မထင်မှတ်ထားသော စိတ်ကူးစိတ်သန်း တွေရှိနေတတ်ပါတယ်။ ကျန်းမာရေးတော့ သတိထားရတတ်ပါတယ်။အာရုံကြောအားနည်းတယ်။ မျက်မှန်တပ်ရတတ် ပါတယ်။ အရက်နဲ့ တက်စာမရှောင်ရင် စောစောစီးစီးလေဖြတ်တတ်ပါတယ်။ ကံကောင်းတဲ့အချက်က ကြိုးစားမယ်ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ချမ်းသာနိုင်ပါတယ်။

အဒြနက္ခတ်သည် ရန်သူများနှင့်တိုက်ခိုက်ခြင်း၊ အဆိပ်၊ မီး၊ တစ္ဆေအမဲလိုက်ခြင်းများအတွက် သင့်လျော်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိပြီး စစ်ပွဲတွင် အောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြားနတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များနှင့် အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ခရီးသွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

ဤနက္ခတ်သည် အထက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၃)နာရီမှ ညနေ(၃း၁၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင်နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး “အရှေ့အရပ်သို့ မျက်နှာမူ၍ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ်ဆို သွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ပေါက်ပေါက်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

25. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၈)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၂၅) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်နှင့်တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရှမ်းရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင် သင့် ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာ ခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆန်းတီထိ(၇)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၇)လုံးအနေဖြင့် ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလို နေ့ရက်တွေမှာ ခရီး ကိစ္စတွေအလွန်အဆင်ပြေပါတယ်။ အပျော်ခရီးများ၊အလုပ်နဲ့ပတ်သက်သောခရီးများအလွန်ပဲ ကောင်းပါတယ်။  လက်မှုပညာနဲ့ပတ်သက်သောအလုပ်များလဲ အထူးကောင်းပါတယ်။လမ်းဖောက်လုပ်ခြင်း၊ တံတားစတင်ဆောက် လုပ်ခြင်း များအထူးကောင်းပါတယ်။

ကျောက်မျက်ရတနာများကို ဝတ်စားဆင်ယင်ခြင်း၊အဝတ်အစားအသစ်များဆင်မြန်းဝတ်ဆင်ခြင်းအထူးကောင်း ပါ တယ်။ ယာဉ်ကားနဲ့ပတ်သက်သောအလုပ်များ၊ လိုင်းဆွဲခြင်း၊ကုန်စည်ပို့ဆောင်ခြင်းအလုပ်များ၊ဘုရားဖူးအလုပ် များ အလွန်ကောင်းပါတယ်။

အိမ်သစ်တတ်ခြင်း၊ဆိုင်သစ်ဖွင့်ခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။ခေါင်းဆေးခြင်း၊ခေါင်းလျှော်ခြင်း၊အလှပြုပြင် ခြင်း များ ပြုလုပ်ခြင်းဖြင့် ကံကိုပိုမိုမြင့်မားစေပါတယ်။အရေးကြီးသောကိစ္စများ မွန်းတည့် ၁၂နာရီ မတိုင်ခင်ဆောင် ရွက်နိုင်ပါတယ်။အိမ်ပြောင်းခြင်း၊ နေရာပြောင်းခြင်း၊အလုပ်ရုံးခန်းပြောင်းရွှေ့ခြင်းများ အထူးကောင်း ပါတယ်။

ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇင်းခံခြင်းများနှင့် ဘုရားထီးတင်ခြင်းကိစ္စများလဲ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါ တယ်။ မြေသန့်မင်္ဂလာပြုလုပ်ခြင်း၊အုတ်မြစ်စီခြင်း၊ တိုင်ထူမင်္ဂလာပြုလုပ်ခြင်းများဆောင်ရွက်လို့အထူးကောာင်းတဲ့ နေ့ရက်ပါပဲ။

            ဝီရိယအကျိုးကိုခံစားရမဲ့နေ့ရက်ဖြစ်တာကြောင့် လုံ့လဝီရိယကိုတိုးပြီးလုပ်ကိုင်ပါ။ ကျောက်မျက်ရတနာ များ ရေနံ့နှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်းများလဲဒီနေ့မှာစတင်ဆောင်ရွက်နိုင်ပါတယ်။ မျိုးစေ့ကြဲခြင်း၊သစ်ပင်စိုက် ခြင်း၊ ဥယျာဉ်ခြံလုပ်ငန်းများအထူးကောင်းပါတယ်။

            ယနေ့သည် ကုန်သွယ်စီးပွားပြုရန် ရက်ကောင်းသို့ ကျရောက်နေပါသည်။ အမည်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားများလည်း ဆောင်ရွက်နိုင်ပါသည်။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် ရက်ကောင်းဖြစ်သည်။ ကျန်းမာရေးအညံ့ကြုံက မပေါ့ဆအပ်ပါ။ ယနေ့ စတင်ဖြစ်ပွားသော ဝေဒနာတို့အား ကုသခြင်းမပြုက ရှည်ကြာသော ဘဝသို့ ရောက်ရှိသွားတတ်သည်ကို အထူးသတိပြုပါ။ မြန်မာလဆန်း(၈)ရက်နေ့ ဖြစ်ပေရာ သစ်ပင်မစိုက်ရ။ ငွေကြေးအပေးအယူ ကိစ္စတို့တွင် အငြင်းပွားဖွယ် ဖြစ်တက်ပါသည်။ ပြဿနာဟောင်းများ ဖြေရှင်းနိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ဆက်စပ်အကျိုးပေးမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၁၀)နာရီမှ နံနက်(၁၀း၀၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ လူဝင်စားတွေဖြစ်နေတတ်ပါတယ်။အတိတ်ကံကုသိုလ်အဟုန်ပါလာတတ်ပြီးတော့ ဒီဘဝမှာ ထီပေါက်တာမျိုးတွေ၊ကံစမ်းမဲပေါက်တာမျိုးတွေ ကြုံဆုံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးရှာရဖွေရလွယ်ကူတတ် ပါတယ်။ ပညရေးမှာ သေချာကြိုးစားဖို့တော့လိုပါတယ်။ စာအပေါ်စိတ်မရောက်တော့ရင် တဖြည်းဖြည်းနဲ့ ပညာရေးဆုံး ခန်းတိုင်ဖို့ မလွယ်ပါဘူး။ ဈေးရောင်းဈေးဝယ် လက်ဆိတ်ရှိသူမို့လို့ ဈေးသည်အလုပ်တွေနဲ့ အောင်မြင်နိုင်ပြီးဆိုင်ခွဲ ပေါင်းများစွာဖွင့်နိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးသတိထားဖို့လိုအပ်ပြီး အကြံဥာဏ်မရှိသူမျိုးနဲ့ ဖူးစာရေစက်ဆုံရတတ် ပါတယ်။ ကျန်းမာရေးငယ်ရွယ်စဉ် အသက် ၄နှစ်ထိ အထူးဂရုစိုက်ဖို့လိုအပ်သလို ဆန်းဆန်းပြားပြားရောဂါတွေလဲဘဝ မှာ ကြုံရတွေ့ရတတ်ပါတယ်။

မိဂသီ နက္ခတ်သည် မင်္ဂလာပွဲ ၊ အစပြုခြင်း ၊ ခရီးများ ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း ၊ ဖောင်ဒေးရှင်း များ အတွက် သင့်တော်ပါသည်။ ဤနက္ခတ် သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်မှု၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၂)နာရီမှ မွန်းလွဲ(၁း၄၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊အင်္ဂါ၊ သောကြာ၊ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင်နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ “အရဟံ အောင်သိဒ္ဓိ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “သင်္ဘောသီး” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

24. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၂၄) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ရသေ့ကျော်၊ အမြိတ္တစုတ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၆)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၆)လုံးအနေဖြင့် ကျော်ကြားမှုပျော်ရွင်မှုတွေကို ပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက် တွေမှာ ပျော်ပွဲစားထွက်ခြင်း၊အပျော်အပါးကျင်းပခြင်းများလဲ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ၊ဝန်ဆောင်မှုလုပ်ငန်းများအထူးအဆင်ပြေတတ်ပါတယ်။  မိမိကုန်ပစ္စည်းအတွက် အနယ်နယ်အရပ်ရပ်သို့ marketing ဆင်း၍အရောင်းမြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ 

            အနုပညာအလုပ်များ၊ပန်းချီ၊ပန်းပု၊ဂီတ၊သီချင်းစတာတွေနဲ့ပတ်သက်ဆက်နွယ်သောအလုပ်များ အထူး အကျိုးပေးအောင်မြင်တတ်ပါတယ်။ အမြိတ္တစုတ်ရက်ဖြစ်တာကြောင့် ဒီနေ့ဟာရက်ကောင်းပါတယ်။  ဒါကြောင့် စီး ပွားရေး၊လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး၊ပညာရေး စတဲ့ ကိစ္စအ၀၀တွေမှာစတင်ဆောင်ရွက်ခြင်းဖြင့် ရေရှည် အောင်မြင်မှုတွေကိုရလာတတ်ပါတယ်။

            ရေနှင့်ဆက်စပ်သော အချိုရည်၊အအေး၊ရေသန့် လုပ်ငန်းများလဲ တိုးတတ်အောင်မြင်နိုင်တာကို တွေ့ရတတ် ပါတယ်။ ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ကျောက်မျက်ရတနာများ ဖြတ်ခြင်း၊သွေးခြင်း၊ ရောင်းချခြင်းအလုပ်များလဲ အထူးအဆင်ပြေတာကိုတွေ့ရပါတယ်။ ကြွေးဟောာင်းများ လက်လွန်နေတဲ့ငွေကြေးများလဲ ပြန်လည်တောင်းခံနိုင်ပါလိမ့်မယ်။

အခက်အခဲအကြပ်အတည်းတွေကိုလဲ လွတ်မြောက်အောင်ဖြေရှင်းနိုင်တာမျိုးတွေရပါတယ်။ ကုမ္ပဏီအစုစပ် အလုပ် များ၊ ဖက်စပ်ရှယ်ယာအလုပ်များ၊စတော့ရှယ်ယာ အလုပ်များရှောင်သင့်တဲ့နေ့ရက်ပါပဲ၊ ယာဉ် ကားများ ဝယ်ခြင်း၊ရောင်းခြင်း၊အလဲအထပ်လုပ်ခြင်းများလဲ ရှောင်စေချင်ပါတယ်။

တန်ခူးလ၏ ပထမဆုံး အင်္ဂါနေ့ဖြစ်သော ယနေ့နံနက်(၉)နာရီတွင် ဘုရားတစ်ဆူ၏ ဗုဒ္ဓဟူးထောင့်တွင် ပိတောက်(၁၂)ညွန့်ကို သွားရောက်လှူဒါန်းကာ အလိုရှိရာ ဆုတောင်းပါ။ ကုန်ပစ္စည်းများ ဖြန့်ချီရန် ရက်ကောင်း ဖြစ်သည်။ ပြန့်ပွားလိုသော သတင်းစကားများ စတင်ဖြန့်ဝေနိုင်သည်။ ကြွေးမြီးဟောင်းများ ပြန်လည်တောင်းခံနိုင်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၁၄)နာရီမှ နံနက်(၁၀း၀၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာတော်တဲ့ထက်မြက်တဲ့သူမျိုးဖြစ်ပါတယ်။ ခက်ခဲတဲ့ နည်းပညာတွေကိုတတ်မြေက်လွယ်တဲ့ဇာတာ မျိုးဖြစ်နေတတ်ပါတယ်။ ဘာကိစ္စမဆို အရိပ်ပြရင်အကောင်မြင်တတ်တဲ့သူမျိုးဖြစ်ပါတယ်။ အလုပ်တွေအပြောင်းအလဲ ဖြစ်လွယ်တာ ၊အိုးအိမ်နေရာအပြောင်းအလဲဖြစ်လွယ်တာမျိုးဒီဇာတာမှာ အထူးကြုံရတတ်ပါတယ်။ မထင်မှတ်ထား သော ငွေကြေးကိစ္စတွေကိုလွယ်ကူစွာဖြေရှင်းနိုင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကိုကောင်းစွာစီမံခန့်ခွဲနိုင်ကြတဲ့ သူမျိုးဖြစ်ပါတယ်။ သက်လတ်ပိုင်းမှာ သိသိသာသာကံမြင့်မားတတ်ပေမဲ့ အသက် ၂၅ကနေ အသက် ၃၂ကြားကတော့ ရုန်းရကန်ရ ပင်ပန်းရတဲ့ဇာတာဖြစ်ပါတယ်။

ရောဟဏီ နက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဗိမာန် ဆောက်ခြင်း၊ ရေရှည်တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များ အတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၅)နာရီမှ ညနေ(၄း၄၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင်နှင့် စိမ်းပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “နမောတဿ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “စံပယ်ပန်း” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

23. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၆)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၂၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်တံခွန်၊ သမားဖြူ၊ ရက်ယုတ်မာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၅)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၅)လုံး အနေဖြင့် မိမိ စိတ်ကိုငြိမ်းချမ်း အောင်လုပ်ခြင်း၊တစ်ဦးတစ်ယောက်နှင့် ဖြစ်စေ၊တစ်နိုင်ငံနှင့်တစ်နိုင်ငံနှင့် တစ်နိုင်ငံဖြစ်စေငြိမ်းချမ်း ရေးကိစ္စများ အထူး ဆောင်ရွက်နိုင်ပါတယ်။

            အထိုင်လုပ်ငန်းတွေဖြစ်ဖြစ်၊မတည်ငြိမ်လှုပ်ရှားရတဲ့အလုပ်တွေပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပတ်သက်ပြီးတော့ တော် တော်များများ အဆင်ပြေပါတယ်။ ရေထွက်ပစ္စည်းနှင့်ပက်သက်သောငါးလုပ်ငန်းများ၊ ပုစွန်လုပ်ငန်း၊ ပင်လယ်စာလုပ် ငန်းများလဲ အထူးအဆင်ပြေပါတယ်။

            ပညာရေးနှင့်ပတ်သက်သောအလုပ်များလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ပညာရေးဟောပြောပွဲများ၊ ပညာ ရေးဆွေးနွေးပွဲများလဲဆောင်ရွက်နိုင်ပါတယ်။မဟာဘွဲ့များအတွက်၊ပါရဂူဘွဲ့များအတွက်စာတမ်းတင်ခြင်းများလဲ  အထူးကောင်းပါတယ်။

            ဆန်ရေစပါးများ၊ ကောက်ပဲသီးနှံများလဲစတင်ရိတ်သိမ်းခြင်းများဆောင်ရွက်နိုင်မဲ့နေ့တစ်နေ့ပါပဲ။စာပေနှင့် စာနယ်ဇင်းထုတ်ဝေဖြန့်ချီခြင်းများလဲ ဒီနေ့မှာစတင်နိုင်ပါလိမ့်မယ်။ ဒီနေ့မှာခေါင်းဆောင်းမင်္ဂလာပြုခြင်းများအထူး ဆောင်ရွက်နိုင်ပါတယ်။ ခေါင်းဆေးခြင်း၊ခေါင်းလျှော်ခြင်းဖြင့်် လာဘ်ရတတ်တဲ့နေ့ရက်ပါပဲ။

            အိမ်တတ်ခြင်းဘုရားနေကဇာတင်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ လုပ်လက်စအလုပ် များအပြီးသတ်လုပ်ဆောင်နိုင်သလို လုပ်ငန်းချဲ့ထွင်ခြင်းများလဲဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။

            ဒီနေ့ဟာစန်းကောင်းတဲ့နေ့ရက်ဖြစ်တာကြောင့် ၇ရက်သားသမီးများ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင် မှုတွေပိုလာတတ်ပါတယ်။

            အလုံးစုံသော မင်္ဂလာအပေါင်းကို ဆောင်ရွက်ရန် ရက်ကောင်းကျရောက်နေပါသည်။ ထိမ်းမြား လက်ထပ်ခြင်း၊ အလှူဒါနပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်။ အလုပ်စီးပွားများ စတင်လုပ်ကိုင်ပါကလည်း ထူးခြားစွာ အောင်မြင်မည်။ အတတ်ပညာများ စတင်သင်ကြားကလည်း ဆရာကောင်းနှင့် တွေ့ရမည်။ ကုန်သွယ် စီးပွားပြုရန် ရက်ကောင်း ရက်မြတ်ဖြစ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၁၈)နာရီမှ နံနက်(၁၀း၁၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ လူချစ်လူခင်များတဲ့သူမျိုးတွေဖြစ်တတ်ပါတယ်။ ငွေကြေးပိုင်းဆိုင်ရာ ရှာဖွေရလွယ်ကူတတ်ပါတယ် အထောက်အပံ့ကောင်းတွေရရှိတတ်ပြီးတော့ နေရာကောင်း၊အလုပ်ကောင်း၊အိုးကောင်းအိမ်ကောင်းရတတ်ပါတယ်။ စိတ်ပျော်ရာကိုဦးစားပေးလွန်းတဲ့ဇာတာဖြစ်တာမို့ အပျော်ကနေ အပျက်ဘက်ကိုမရောက်အောင်အထူးထိန်းသိမ်းရမဲ့ ဇာတာမျိုးဖြစ်ပါတယ်။ စိတ်ချမ်းသာစရာလေးတွေကိုသာ ခံစားလိုစိတ်ရှိပြီး အဆိုးလောကဓံတွေကိုခံနိုင်ရည်အားနည်း သွားတတ်ပါတယ်။ အလုပ်ကံကောင်းတာမို့ အလုပ်ကိုသာ သေချာစိတ်နှစ်ပြီးလုပ်မယ်ဆိုရင် အလုပ်ကောင်းလို့ ကံ ကောင်းတာမျိုးဖြစ်တတ်ပါတယ်။

ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ်လုပ်ရန်အတွက် ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၃၉)နာရီမှ နံနက်(၉း၁၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင်နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “သရက်ချဉ်သုပ်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

22. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၅)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၂၂) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ကန်း၊ မဟာရက်ကြမ်း၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၄)လုံးအနေဖြင့် ရက်စက်ကြမ်းကြုတ်သော တီထိဟု သတ်မှတ်ပြီး လူသတ်၊ လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ ဗြောက်အိုး စသည့်လုပ်ငန်းများ ရန်သူအား သုတ်သင်ခြင်း သေဒဏ်ချခြင်း၊ အနိဌလုပ်ငန်းများ ရန်သူစခန်း သိမ်းပိုက်ဖမ်းဆီးခြင်း၊ အဆိပ်ခက်ခြင်း၊ ပိုးသက်ဆေး စသည်ဖြင့် သုံးစွဲခြင်း၊ မီးပေါက်ခြင်း၊ လျှပ်စစ်နှင့် ပတ်သက်သော လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် ကောင်းမွန်ပါသည်။ ဆင်းရဲခြင်း၊ ဗလာနတ္ထိဖြစ်ခြင်းကို ခေါင်းဆောင်သည့် ရိတ္တာ တီထိဖြစ်ပြီး စနေအုပ်စိုးသော တီထိဖြစ်သဖြင့် လုပ်ငန်းတို့ကို လုပ်ဆောင်နိုင်သော်လည်း မည်သည့်အရပ်မျက်နှာကိုမှ ခရီးသွားလာခြင်းမျိုး အကြံမပြုပါ။မြစ်ချောင်း၊အင်းအိုင်များတွင်ဖြစ်စေ၊ရေကူးကန်တွင်ဖြစ်စေ ရေကူးခြင်းမျိုးရှောင်ပါ။ ရေလမ်းခရီးများလဲ တတ်နိုင်သလောက်ရှောင်ပါ။

            ယနေ့တွင် အပျော်ခရီးများ မသွားလာအပ်ပါ။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်ပါသည်။ မိတ်ဆွေ၊ အကြီးအကဲများ၏ အကြံဉာဏ်ပေးမှုကို လက်ခံဆောင်ရွက်ရန် အခါကောင်းကျရောက်နေပါသည်။ မင်းအစိုးအရ ဆိုင်ရာ ကိစ္စရပ်များ၊ ရုံးပိုင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် ရက်ကောင်းကျရောက်နေပါသည်။ အရောင်းထိုင်း ပစ္စည်းများ အရောင်းအဝယ်သွက်လာစေပါသည်။

ယနေ့ မတော်တဆ ထိခိုက်မှုူအန္တရာယ် သတိရှိရမည်။ မြောက်အရပ်သို့ ဦးတည်၍ ခရီးသွားလာခြင်းများကို ရှောင်ကြဉ် ရမည်။ နံနက်(၁၀း၃၀)နာရီမှ နေ့(၁၂း၀၀)နာရီ ကြား ကာလများတွင် အသွားအလာ အထူးသတိရှိပါ။ လုပ်ငန်းများ စတင်လုပ်ကိုင်ရန်မသင့်ပါ။ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ပညာစတင်သင်ကြားရန် မသင့်ပါ။ ဆေးကုသရန် ရက်ကောင်း ဖြစ်သည်။ သမားပြသခြင်း၊ ခွဲစိတ်ကုသခြင်းများ ပြုလုပ်ရန် ကောင်းသော ရက်ဖြစ်သည်။ ခက်ခဲသော ရောဂါများ စတင်ရှာဖွေ ကုသနိုင်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၂၂)နာရီမှ နံနက်(၁၀း၁၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာအများအားဖြင့် အတွေးအခေါ် ကောင်းကြသူတွေဖြစ်ပါတယ်။ တစ်ခုအားနည်းချက်က စကား အပြော အဆိုအားနည်းပါတယ်။ ဘယ်လိုစကားကို လှ အောင်ပြောရမလဲ မသိသူမျိုးဖြစ်ပါတယ်။ မာနတော့ကြီးကြ သူမျိုးဖြစ်ပါတယ်။ သူများကိုအောက်ကျို့ရမှာ အလွန်ကြောက် ကြသူမျိုးဖြစ်ပါတယ်။ ငွေကြေးရှာဖွေရတော့ လွယ်ကူတတ်ပါတယ်။ သက်လတ်ပိုင်းမှာကြီးကျယ်တဲ့ အောင်မြင်မှုတွေကိုရရှိနိုင်ကြပြီးတော့ တော်ရုံအခက်ခဲတွေကို ကံကဖြေရှင်းသွားနိုင်ပါလိမ့်မယ်။

ဘရဏီ နက္ခတ်သည် ချက်ချင်းလက်ငင်းလုပ်ဆောင်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြိုင်ဆိုင်မှု၊ လှုပ်ရှားမှုများ၊ မီး၊ အဆိပ်၊ ရေတွင်းတူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ။ ဤနက္ခတ် သည် ရက်စက်ကြမ်းကြုတ်သော သဘာဝရှိသည်။ အဆိပ်ခတ် ခြင်း၊ ဖျက်ဆီးခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် လှည့်စားခြင်းအတွက် သင့်လျော်သည်။ ခရီးတစ်ခုမစတင်ပါနှင့်။ ငွေမချေးပါနှင့်။ မီး သို့မဟုတ် လက်နက်၊ အဆိပ် သို့မဟုတ် ဓာတုပစ္စည်းများ၊ သစ်ပင်ခုတ်ခြင်း၊ ယှဉ်ပြိုင်ခြင်းအတွက် ကောင်းမွန်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

 ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၆)နာရီမှ ညနေ(၆း၁၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ကြာဇံဟင်း” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

21. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၄)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၂၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ဝခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ် ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၃)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၃)လုံးအနေဖြင့်လျှပ်စစ်နှင့်ပတ်သက်သောအလုပ်များအဆင်ပြေကောင်းမွန်တာအထူးတွေ့ရပါတယ်။ကြန့်ကြာနေတဲ့ငွေ ကြေးတွေ၊လက်လွန်နေတဲံ့ငွေကြေးတွေရလွယ်တဲ့နေ့ရက်ပါပဲ၊အတိတ်ကံရဲ့ကောင်းကျိုးတွေကို ပြန်လည် ခံစား ရတဲ့ နေ့ရက်ဖြစ်တာကြောင့် ထီကံစမ်းခြင်း၊ကုသိုလ်တွေနဲ့ မိမိကံကိုပိုမိုမြှင့်တင်ခြင်းများ အထူးဆောင်ရွက် နိုင်ပါတယ်။

            ဒီလိုနေ့ရက်မှာ ဆေးစွမ်းထက်မြက်တဲ့နေ့ရက်ဖြစ်တာကြောင့်ဆေးဝါးမှီဝဲခြင်း၊သမားတော်နဲ့ပြသကုသခြင်း  များအတွက်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ခွဲစိပ်ကုသခြင်းကိစ္စများ၊အတိမ်းအစောင်းမရှိဘဲအောင်မြင်မှုတွေအထူးရရှိပါတယ်။စိုက်ပျိုးထားတဲ့  ဆန်စပါး၊သစ်သီးဝလံတွေကို ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်နိုင်ပါ တယ်။ရန်သူ အား ခြေမှုန်းခြင်း၊ရန်သူစခန်း ကိုသိမ်းပိုက်ခြင်းများဆောာင်ရွက်နိုင်ပါတယ်။

            ရှင်ရဟန်းခံခြင်း၊ရှင်ပြု၊နားသခြင်းများအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။ ဆိုင်သစ်ဖွင့်ခြင်း၊ဆိုင်းဘုတ် တင်ခြင်း၊shopping mallများစတင်ဖွင့်လှစ်ခြင်းများအထူးကောင်းပါတယ်။အွန်လိုင်းကနေအလုပ်ရှာခြင်း၊ အွန်လိုင်းကနေဈေးရောင်းခြင်းများအထူးကောင်းပါတယ်။ ငွေကြေးကိစ္စ အ၀၀တွေဖြစ်တဲ့ ငွေပေးခြင်း၊ငွေယူခြင်း၊ ကြွေးယူခြင်း၊ကြွေးတောင်းခြင်း၊အာမခံခြင်းကိစ္စများလဲဆောင်ရွက်နိုင်ပါ တယ်။

မြန်မာလဆန်း(၄)ရက်နေ့ ဖြစ်ပေရာ တောင်တက်ခရီးသွားလာခြင်းများ ရှောင်ကြဉ်သင့်သည်။ လုပ်ငန်းများ စတင်လုပ်ကိုင်ရန် လုံးဝမသင့်ပါ။ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ပညာစတင်သင်ကြားရန် မသင့်ပါ။ ပစ္စည်းလှောင်ခြင်း မပြုရ။ ကုန်သွယ်လမ်းကြောင်းတွင် အနှောက်အယှက်များ ဖြစ်တက်သည်။ သတိရှိပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၂၆)နာရီမှ နံနက်(၁၀း၁၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် စိတ်ကူးအကြံအစည်ထက် တာဝန်တွေကို ထမ်းပိုးထားတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဝန်ထမ်းဇာတာမျိုးအတွေ့ရများပါတယ်။ အထက်ကပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်စွမ်း ဆောင်နိုင် ကြတဲ့သူမျိုးပါပဲ။ နေရာထိုင်ခင်းကံအားကောင်းပြီး ကောင်းသောနေရာ၊ကောင်းသောအိုးအိမ်၊ကောင်းသော အလုပ်တွေ ကို ရရှိခံစားရတတ်ပါတယ်။ ငွေကံအားကောင်းပေမဲ့ ငွေကြေးပတ်သက်ပြီး ငွေကိုပြန်အသုံးချနိုင်စွမ်းအား နည်းတာ ကိုအထူးတွေ့ရပါတယ်။ ဘဝအချိုးအကွေ့အပြောင်းအလဲတွေကြုံရတတ်ပါတယ်။ ၁၀နှစ်တစ်ခါ ဘဝအချိုး အကွေ့ တွေကြုံရတတ်ပါတယ်။ ပညာရေးကံအားနည်းတာမို့ မိဘတွေကလဲ ပညာရေး စိတ်မဝင်စားရင် ပညာရေးဆုံး ခန်းတိုင်ဖို့အားနည်းပါတယ်။

အသာဝဏီ နက္ခတ်သည် ခရီးသွားခြင်း၊ ကုသခြင်း၊ လက်ဝတ်ရတနာပြုလုပ်ခြင်း၊ လေ့လာခြင်းအစ၊ မော်တော်ယဉ်များ အဝယ်/ရောင်း၊ ခရီးအတွက် သင့်လျော်သည်။ ဤနက္ခတ် သည် ပေါ့ပါးပြီး လျင်မြန်သော သဘာဝရှိသည်။ အားကစား၊ အလှဆင်ခြင်းနှင့် အနုပညာ၊ ကုန်သွယ်မှု၊ ဈေးဝယ်၊ ခရီးတို၊ ကာယလေ့ကျင့်ခန်း၊ ကျောက်မျက်ရတနာများ ဝတ်ဆင်ခြင်း၊ လုပ်ငန်းစတင်ခြင်း၊ ပညာရေးနှင့် သင်ကြားခြင်း၊ ဆေးဝါးသောက်ခြင်း၊ ပေးကမ်းခြင်း၊ ချေးငွေယူခြင်း၊ ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ ဇိမ်ခံပစ္စည်းများကို နှစ်သက်ခြင်းတို့ကဲ့သို့သော လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၁၁)နာရီမှ နံနက်(၁၀း၄၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဧလမုန့်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

20. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၂၀) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင် တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ၊ ဝါရမိတ္တုကြီး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေ အားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကား ပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆန်းတီထိ(၂)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ (၂)လုံး အနေဖြင့် မင်္ဂလာ ကျက်သရေရှိသော တီထိရက်ဖြစ်ကာ ဘုရားဆင်းတု စသော မိမိကိုးကွယ်သည့် ဆင်းတု၊ ရုပ်တုတော်များ၊ ပုံတော်၊ ကားချပ်များ တပ်ဆင် နေရာချနိုင်ခြင်း၊ အင်္ဂလာအခမ်းအနား၊ အလှအပပြုပြင်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ မင်းအစိုးရ၊ အုပ်ချုပ်သူတို့နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများ ဘဏ္ဏာရေးလုပ်ငန်း၊ စစ်တပ်နှင့် ပတ်သက်သောလုပ်ငန်းများ၊ ခရီးသွား လာခြင်း၊ တီးမှုတ် ကခုန်ခြင်း၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများနအတွက် ကောင်းသော တီထိကာလ ဖြစ်သည်။

အဝတ်အစားအသစ်များ ချုပ်လုပ်ခြင်၊စတင်ဆင်မြန်းခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ပွဲစားအလုပ်များ ကြားကနေ စေ့စပ်ပေးရတဲ့အလုပ်များ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ မင်းအစိုးရနှင့်ပတ်သက်သောကိစ္စများ၊ဌာန ဆိုင်ရာနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်နိုင်ပါတယ်။ ကျောက်များ၊ရတနာများ၊ရွှေနှင့် သတ္တုပစ္စည်းများ စတင်တူးဖော်လို့ အထူးကောင်းပါလိမ့်မယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇင်းခံခြင်း များဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။

            ယနေ့တွင် သစ်ပင်စိုက်ပျိုးခြင်းများ မပြုလုပ်ရပါ။ ခေါင်းဆေးမင်္ဂလာပြုရန် ရက်ကောင်း၊ ရက်မြက် ဖြစ်ပါသည်။ ခေါင်းဆေး၊ ခေါင်းလျှော် ပြုက ရွှေ၊ ငွေ၊ ရတနာ၊ လာဘ်လာဘများ တိုးပွားလာမည်။ အလုံးစုံသော ကောင်းကျိုး ချမ်းသာများ ရရှိပိုင်ဆိုင်မည်။ယနေ့ လုပ်ငန်းများ စတင်လုပ်ဆောင်ရန် လုံးဝမသင့်ပါ။ အိုးအိမ် စတင်တည်ဆောက်ခြင်း မပြုရပါ။ တစ်ပိုင်းတစ်စ ဖြစ်တက်သည်။ ပညာစတင်သင်ကြားခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ မပြုသင့်ပါ။ ဝါရ မိတ္တုကြီးရက် ဖြစ်နေပေရာ မင်္ဂလာ အခါမပေးသင့်ပါ။ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်း၊ ငွေချေးငှား ခြင်းများ မပြုသင့်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၃၀)နာရီမှ နံနက်(၁၀း၂၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ တော်ကြ ထက်ကြသူတွေဖြစ်ပါတယ်။ နာမည်ပေးမှန်ရင် မှန်သလောက် ကြီးကျယ်စွာတိုးတက်နိုင် တဲ့ ဇာတာမျိုးတွေဖြစ်ပါတယ်။ နာမည်ကို ဗုဒ္ဓဟူးနံနဲ့ အပိတ်မှည့်မိရင်တော့ အိမ်ထောင်ရေးနဲ့ ကျန်းမာရေးကိုထိခိုက် သွားနိုင်ပါတယ်။ အသက် ၄၀အထိက ကံဇာတာမြင့်မားမှု၊ကံကြမ္မာရဲ့ အထောက်အကူကိုအပြည့်အဝရပေမဲ့ အသက် ၄၀ နောက်ပိုင်း ကံကြမ္မာညိုးမှိန်ခြင်းကို အထူးကြုံရတတ်ပါတယ်။ ကံကောင်းချိန်မှာ ပြင်ဆင်ထားနိုင်ရင် အထူးအဆင် ပြေနိုင်တဲ့ဇာတာပဲဖြစ်ပါတယ်။

ရေဝတီ နက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမ ဂုဏ်အပျော်အပါး၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်းလှည့် လည်ပွဲများ၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၄၃)နာရီမှ မွန်းလွဲ(၁၂း၁၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင်နှင့် ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါဇိနော” (၉)ခေါက် ရွတ်ဆို သွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “လက်ဖက်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

19. Mar.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၂)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၁၉) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ နဂါးပေါ်ရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပတ်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက် စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၁)လုံး ကျရောက်နေတာဖြစ်ပါတယ်။

ငွေစန္ဒာ လမင်း ပထမဆုံး ဆန်း တက်လာသည့် တီထိ၊ တီထိ(၁)လုံးဖြစ်သည့်အတွက် မြင့်တက်ခြင်းကို ပေးသော တီထိ ဖြစ်ကာ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ အိမ်ဆောက်၊ အိမ်ပြင်ခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်း၊ ဆံသ၊ ဆံဖြတ်ခြင်း၊ မွေးကာစ ကလေးငယ်ကို ရေချိုးမင်္ဂလာပြုခြင်း၊ ရဟန်းခံရှင်ပြုခြင်း၊ အေးချမ်း၍ တိုးတက်အောင် ပြုလုပ်ရသော လုပ်ငန်းမျိုးများ၊ လယ်ယာ စိုက်ပျိုးရေး၊ မေ့ဆေးပေးခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ ဆီးလိမ်းကျံခြင်း၊ အိပ်ယာ၊ ကုတင်၊ ဧည့်ခန်း၊ ဆိုဖာ၊ ကုလားထိုင်များ ဝယ်ယူအသစ်လဲခြင်း၊ ပန်းပုထုခြင်း၊ သစ်ပင်ခုတ်ဖြတ်ခြင်း၊ အမွှေးနံ့သာ၊ ပန်းမာလာ များ စီခြယ်သော Decoration များ ပြုလုပ်နိုင်ပါသည်။ ဘာသာရေးနှင့်ပတ်သက်သော ကိစ္စများ၊ပရဟိတ အလှူအတန်းနှင့်ဆိုင်သောကိစ္စများ  ဆောင်ရွက်နိုင်ပါတယ်။

ဘယ်နယ်ပယ်တွင်မဆိုအသစ်တီထွင်ခြင်း၊မူလလက်ဟောင်းကို modifine ပြုလုပ်ခြင်းများလဲဆောင်ရွက်နိုင်ပါ တယ်။ အိမ်အလှဆင်လုပ်ငန်းများ တိုးတတ်အောင်မြင်တတ်ပါတယ်။  အနုပညာနှင့်ပတ်သက်သောအလုပ်များ၊ဖျော်ဖြေရေးနဲ့ ပတ်သက်သော အလုပ်များ တိုးတတ်ပါလိမ့်မယ်။ ပါတီပွဲများ ကျင်းပခြင်း၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းများလဲ ပြုလုပ်နိုင်ပါတယ်။ အားကစားရုံများစတင်ဖွင့်လှစ်ခြင်း၊ဘောလုံး ကွင်းများ၊GYM ခန်းမများစတင်ဖွင့်လှစ်ခြင်းများ အထူးကောင်းပါတယ်။ ဆည်မြောင်းတာတမံများတူးဖော်ခြင်း၊ ရေတွင်း၊ရေကန်၊အဝီစိတွင်းများ တူးဖော်ခြင်းတွေ ဆောင်ရွက်နိုင်ပါတယ်။ကုန်ပစ္စည်းသစ်များ မိတ်ဆက်ခြင်း၊စတင်ဖြန့်ချီခြင်းများပြုလုပ်နိုင်ပါတယ်။အလှူမဂ်လာနှင့် ပတ်သက်သော ရှင်ပြု နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ ဆောင်ရွက်နိုင်သလိုဘုရားထီတင်ခြင်း၊ဘုရားနေကဇာတင်ခြင်း၊ အလှူအတန်း ရေစက်ချခြင်းအမျှဝေခြင်းများအထူးကောင်းပါတယ်။

ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော် ပြုရန် ရက်ကောင်း ဖြစ်နေပါသည်။ ခေါင်းဆေး၊ ခေါင်းလျှော်ပြုပါက ရောဂါကင်း ဝေးစေမည်။ မြန်မာလဆန်း(၂)ရက်နေ့ ဖြစ်ပေရာ သစ်ပင်မခုတ်ရ။ ယာဉ်ကားမောင်းနှင်ခြင်းမှအစ မတော်တဆ ထိခိုက်မှုများ သတိရှိရမည်။ အထူးသဖြင့် အရှေ့တောင်အရပ်သို့ ဦးတည်၍ ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပါ။ ညနေ(၃း၀၀)နာရီမှ (၄း၃၀)နာရီကြား ကာလများတွင် အထူးသတိရှိပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၃၄)နာရီမှ နံနက်(၁၀း၂၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဉတ္တရာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် အခက်ခဲတွေကို မကြောက်တတ်တဲ့သူမျိုးတွေဖြစ်ပါတယ်။ ပြဿနာတွေကို ရင်ဆိုင်ရဲတဲ့သတ္တိရှိကြတဲ့သူမျိုးဖြစ်ပါတယ်။ ငွေကံလေးကောင်းနေပေမဲ့ ငွေကို တန်ဖိုးမထား။ မိမိလုပ်ချင်တာကိုလုပ်နေ ရရင် ပျော်နေတတ်သူဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက ဘဝမှာ ကြီးကြီးမားမားအလိမ်ခံရတတ်ပါတယ်။ကောင်း သောကံတွေဖြစ်ထွန်းချိန်က အသက် ၂၀ကနေ အသက် ၅၀အတွင်း စတင်ဖြစ်ပေါ်ပါတယ်။ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေ ကို ကိုင်တွယ်သုံးစွဲခွင့်တွေကို ရလာတတ်ပါတယ်။ ကျန်းမာရေးစိတ်ပူစရာမလိုပေမဲ့ စကားပြောနောက်ကျတာမျိုး၊ အချို့ နေရာလေးတွေမှာ ဖွဲ့ဖြိုးမှုနောက်ကျတာမျိုးတွေဖြစ်တတ်ပါတယ်။

ဥတြဘဒြပိုဒ် နက္ခတ်သည် ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဘုရားကျောင်း ဆောက်ခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း စသည်တို့အတွက် သင့်လျော်သည်။ ရေရှည်တည်တံ့သော သို့မဟုတ် အမြဲတမ်း အကျိုးသက်ရောက်မှုကို အလိုရှိသော အခြားလုပ်ဆောင်မှုများအတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်း ဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၄)နာရီမှ ညနေ(၃း၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင်နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “စမူဆာ” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)