loading

Author: Nyein Aye Lu

5.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်နေ့၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာ လုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။ရက်ရာဇာတွေ၊ရက်တံခွန်တွေနဲ့ တိုက်ဆိုင်တာမို့ ဆောင်ရွက်ချင်တယ်ဆိုရင် ကောင်း သောအချိန်တွေကိုရွေးပြီးဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံးကျရောက်နေ၍ ဖယ်ရှင်းခြင်းအတွက် အသုံးပြုနိုင်သော နေ့ရက် ဖြစ်ပါတယ်။ရန်လိုသောတီထိဖြစ်တာမို့ အားကစားပွဲကျင်းပတာ၊လက်ဝှေ့ထိုးတာ၊ရန်ပြဿနာကိုထိပ်တိုက်ရင်ဆိုင် ဖြေရှင်းတာ၊သားသတ်လုပ်ငန်း၊ငါးဖမ်းလုပ်ငန်းစတဲ့ အကုသိုလ်နဲ့ဆိုင်သောအလုပ်တွေ ဆောင်ရွက်တာ၊ပိုးသတ်ဆေး ဖြန်းတာမျိုးတွေဆောင်ရွက်လို့ကောင်းပါတယ်။ စီးပွားရေးသမားများအရေးကြီးသော စီးပွားရေးလုပ်ငန်းများထက် ပုံမှန်အလုပ်သာ လုပ်ပါ၊ အပျော်ခရီး သွား ခြင်း၊ ဆံပင်ညှပ်ခြင်းနှင့် လက်သည်းညှပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ၊

မိဂသီ နက္ခတ်နဲ့ကြုံနေတဲ့နေရက်ဖြစ်တာမို့ မင်္ဂလာပွဲ ၊ အစပြုခြင်း ၊ ခရီးများ အဆောက်အဦးများ ဆောက်လုပ်ခြင်း ၊ ဖောင်ဒေးရှင်း များအတွက်သင့်တော်ပါသည်။ ဤနက္ခတ် သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ တန်ဖိုးကြီးအဝတ်အစားသစ်စတင် ဝတ်ဆင်မှု ၊ပွဲလမ်းသဘင် သီဆိုကခုန်မှု၊ မင်္ဂလာအခမ်း အနားများ၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့ အတွက် ကောင်းမွန်သည်

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ စက်ကားယန္တရားစတင် မောင်းခြင်းများ၊ သင်္ဘောရေချခြင်းများ၊စက်ဖြင့်လယ်ယာ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့် အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သုက္ကယုဂ်နှင့်ဗြဟ္မာယုဂ်တွေကျရောက်တဲ့နေ့ရက်ဖြစ်သည်။အသက်ရှည်ဖို့ အကြောင်းအရာများနှင့် ကျန်းမာဖို့ကိစ္စ များအလေးပေးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနေ့ဟာ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုခံယူခြင်း၊ သမားပြသခြင်းများအတွက် ဆောင်ရွက်ရန် အခါကောင်း ကျရောက်နေပါတယ်။ ယနေ့တွင် ဖေါ်စပ်သောဆေးဝါးများ ဆေးစွမ်းအာနိသင်ထက်မြက်နေမည်။ မင်္ဂလာယူပြီး ဆောင်ရွက်သော ကိစ္စမှန်သမျှ အထူးအောင်မြင်မည်။ နံနက် (၈း၂၄)နာရီမှ (၁၀း၄၈)နာရီအတွင်း လုပ်ငန်းသစ်များ စတင်ဖွင့်လှစ် လုပ်ကိုင်နိုင်မည်။ အမည်ဆိုင်းဘုတ်တင်ရန် အခါကောင်း၊ ရက်ကောင်း ကျရောက်နေပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် 8နာရီ ကနေ မနက်8နာရီ53မိနစ်အတွင်း၊ ည 9နာရီ05မိနစ်မှ ည10နာရီ အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂:၂၁)နာရီမှ ညနေ (၃:၁၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  ပြိဿစန်း နံနက်(၉)နာရီ (၅၅)မိနစ်လွန် စန်း မေထုန်ရာသီသို့ ပြောင်းသည်။  ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးငယ်များဟာ အထူးသဖြင့် စိတ်နှစ်ခွဖြစ်ကြသူတွေဖြစ်ပါ တယ်။ ပါးစပ်က ဒီဟာကိုလုပ်ချင်တယ်လို့ပြောပေမဲ့၊လက်တွေ့မှာ တစ်ခြားဟာကို ထလုပ်ရင် လုပ်နေတတ်သူလဲ ဖြစ်ပါတယ်။ကောင်းတဲ့အချက်က စာပေဝါသနာပါတယ်။ ညှိနှိုင်းဆောင်ရွက်ရတဲ့နေရာတွေမှာ တော်တယ်။ပွဲစား အကျိုးဆောင်အလုပ်တွေမှာထူးချွန်တယ်။ ဓာတ်ပုံရိုက်နှင့် ခရီးသွားဝါသနာပါကြသူတွေဖြစ်ပါတယ်။ မိဘအထိန်း အကွပ် မကောင်းရင်တော့ နည်းနည်းလေး အတ္တဆန်သွားတတ်ပါတယ်။ကပ်စေးနည်းတယ်။ လိုအပ်တဲ့နေရာတွေမှာ ငွေသုံးဖို့ လက်တွန့်နေတတ်သူမို့ တိုးတတ်သင့်သလောက် မတိုးတတ်ဘူးဖြစ်တတ်တယ်။

ဒီနေ့အတွက် ပက္ခစိဒြတိထီအားနည်းချိန်ရော၊ရာဟုကာလအမှောင်ချိန်ရောက မွန်းလွဲ(၁:၀၀) နာရီမှ မွန်းလွဲ(၃:၁၅) နာရီအတွင်း ကျရောက်နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃ ၊ ၈ ၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပန်းသီးတစ်လုံးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

4.January.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၆)နာရီမှာအရုဏ်တတ်ပါတယ်။နေထွက်ချိန်နံနက်(၆:၄၄)နာရီဖြစ်ပြီး၊ညနေ(၅:၂၇)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက် သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၃)လုံး ကျရောက်နေ၍ အောင်မြင်ခြင်းကို ပေးတဲ့နေ့ ဖြစ်ပါတယ်။ စာပေ အနုပညာလုပ်ငန်းများ၊ခရီးသွားခြင်း၊အသင်းအဖွဲ့များတွင် ဝင်ရောက်ခြင်းများ ၊ အဝတ်အစားနဲ့ပတ်သက်  သမျှ ဆောင်ရွက်လို့ကောင်းခြင်းတွေ ကြုံရမဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ ရောဟဏီနက္ခတ်နဲ့တိုက်ဆိုင်နေတာမို့ ဒီနက္ခတ်ဟာ အထက်မျှော်နက္ခတ်ဖြစ်ပါတယ်။ ဘုရားတည်ခြင်း များ၊ အနေကဇာတင်ခြင်းများ၊ထီးတင်ခြင်းများ၊နတ်ကွန်းတည်ခြင်း၊အုတ်တံတိုင်းခတ်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်တင် ခြင်းတွေ အထူးဆောင်ရွက်နိုင်သလို ရေရှည်တည်တံ့သောကိစ္စများလဲ ဆောင်ရွက်နိုင်ပါတယ်။နှစ်ရှည်ပင်စိုက်ချင် တာမျိုးတွေလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ သုဘယုဂ်၊သုက္ကယုဂ်တွေဖြစ်တာမို့ အလိုဆန္ဒပြည့်ဝဖို့ကိစ္စများ ကုသိုလ်မင်္ဂလာကိစ္စများဆောင်ရွက်နိုင်သလို မေတ္တရေးကိစ္စတွေ၊ချစ်ခြင်းတိုးအောင်လုပ်ကိုင်ခြင်းကိစ္စတွေအဆင်ပြေရန်ဆောင်ရွက်လို့ကောင်းတဲ့ နေ့ဖြစ်ပါ တယ်။

ဒီနေ့ဟာလုပ်သမျှ၊ကိုင်သမျှအားလုံးကိုအထူးသတိရှိရမည့်နေ့ရက် ဖြစ်နေပါတယ်။ ဒီနေ့တွင် သတင်းအချက် အလက် များ စုစည်းနိုင်မည်။ ရန်အတိုက်အခံများအားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ မွန်းလွဲ(၁း၃၅)နာရီမှ ညနေ (၃း၃၆) နာရီအတွင်း အကြံအစည်၊ ရည်ရွယ်ချက်တို့ကို ဆောင်ရွက် အောင်မြင်နိုင်မည်။ ကြွေးမြီးဟောင်းနှင့် ရပိုင် ခွင့်များကို ပြန်လည်တောင်းခံနိုင်မည်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ အချိန်ကာလတွေကတော့…မနက် ၆နာရီ ကနေ မနက်၇နာရီအတွင်း ဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာ ကိစ္စများ၊ကောင်းမွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခုစတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂:၂၅)နာရီမှ ညနေ (၃:၁၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  ပြိဿစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနစ်နာခံကြ သူတွေများပါတယ်။မိသားစုအတွက် အကောင်းဆုံးထမ်းရွက်သူအဖြစ်တွေ့ရတယ်။ ဒီနေ့မွေးသူဟာ အကြီးဆုံးသား သမီးတွေဖြစ်တယ်ဆိုရင်တော့ ညီညီမတွေအတွက် အနစ်နာခံကြရသူတွေများပါတယ်။ငွေကြေးကံအားကောင်းကြ သူတွေဖြစ်ပြီးတော့ အိုင်တီနည်းပညာအလုပ်တွေနဲ့ အောင်မြင်ကြနိုင်ပါတယ်။ ဝန်ထမ်းလခစားအကျိုးမပေးပါဘူး။ အတွေ့အကြုံရဖို့ ဝန်ထမ်းခဏတာလုပ်တာကလွဲရင် ကိုယ်ပိုင်စီးပွားသာလုပ်သင့်ပါတယ်။ ကျန်းမာရေးအားကောင်း ကြသူတွေဖြစ်ပြီး ဆွေမျိုးသားချင်းမိသားစုဝင်တွေထဲမှာနိုင်ငံရပ်ခြားနဲ့အချိတ်အဆက်ရှိသူပါခဲ့ရင် ဒီကလေးကိုနိုင်ငံ ခြားမှာ ပညာသင်ဖို့ ၊နိုင်ငံခြားမှာစီးပွားရှာဖို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ နိုင်ငံခြားကံအထူးအကျိုးပေးသလို တကယ်ကြိုးစားမယ်ဆိုရင် ဘာသာစကား ၃မျိုးလောက်ထိ တတ်မြောက်နိုင်ကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၀) နာရီမှ မွန်းလွဲ(၁:၃၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဝါရ အဆိပ်သင့်ချိန်ကတော့ည၇နာရီကနေ ည၈နာရီခွဲအတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်စေချင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင်သင့်ပါတယ်။အရေးကြီးတဲ့ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂ ၊ ၃ ၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊ လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မြောက်အရပ်ကို မျက်နှာ မူပြီးတော့ သစ်သီးတစ်မျိုးမျိုးစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

2.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၁၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၂ )ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။မြေခံကောင်းပေမဲ့ ရက်ယုတ်မာတို့ သမားညိုတို့နဲ့ တိုက်ဆိုင်နေတာမို့ အချိန်အခါကောင်းသေချာရွေးပြီးမှ သာလုပ်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ယုတ်မာ၊ရက်ကန်း၊သမားညိုနေ့ ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကို ပေးတဲ့နေ့ ဖြစ်ပါတယ်။နတ်ပူဇော်ခြင်းတွေ၊ ဥပုသ်သီလဆောက်တည်ခြင်းတွေ၊ဆေးခြယ်သခြင်း၊ပန်းချီဆွဲခြင်းများ အအေးအချိုရည် ဖြန့်ဖြူးခြင်းများ ဆောင်ရွက် လို့ ကောင်းပါတယ်။ ယုဂ်အားဖြင့် မနက်၁၁နာရီခွဲထိ သာဓျယုဂ် ဖြစ်ပြီး အလိုဆန္ဒပြည့်ဝသောယုဂ် ၊ထိုအချိန်ကျော်ပါကသိဒ္ဓယုဂ် ဖြစ်ပြီးကြံစည်သမျှပြီးမြောက်ခြင်း ကောင်းသောမှန်ကန်သောကိစ္စများအတွက် ကောင်းစေတယ်။ ဒီလိုနေ့ရက်မျိုးဟာ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးရန် ကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့တွင် ညနေ ၃နာရီခွဲထိ ဘရဏီနက္ခတ်ဖြစ်ပါတယ်။ဒီနက္ခတ်ဟာကြမ်းကြုတ်တဲ့သဘောရှိပါတယ်။ ရက်စက်တဲ့ ကိစ္စတွေ၊ပြိုင်ဆိုင်မှု၊လှုပ်ရှားမှာတွေ၊ဖျက်ဆီးတာတွေ၊ဖြိုဖျက်တာတွေ၊လှည့်စားတာတွေဆောင်ရွက်လို့ ကောင်း တယ်။ ယှဉ်ပြိုင်ခြင်း၊လက်နက်၊အဆိပ်၊ဓာတုဗေဒဆိုင်ရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ အောက်ငုံနက္ခတ် ဖြစ်တာမို့ ကလေးထမင်းခွံ့ခြင်းတွေ၊ ကျောက်မျက်ရတနာတူးဖော်တာတွေ၊ ရေနံ၊သဘာဝဓာတ်ငွေ့၊ဓာတ်သတ္တု တူးဖော်ရှာဖွေ ခြင်း နှင့် ရေတွင်းရေကန်အဝီစိတွင်းတူးဖော်ခြင်းများအတွက်ဆောင်ရွက်နိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် ၂နာရီ၄၇မိနစ် ကနေ ၃နာရီ၄၈မိနစ်အတွင်း၊ ညနေ ၃နာရီခွဲမှ ညနေ ၄နာရီ ၂၃မိနစ်အတွင်းဖြစ်ပါတယ်။ဒီအချိန်ကာလအတွင်း က တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊မင်္ဂလာကိစ္စများ၊ကောင်းမွန်သောကိစ္စများ၊ ကိစ္စ တစ် ခုခုစတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ သူတစ်ပါးအပေါ် ယုံကြည်လွှဲအပ်ပြီး လုပ်ဆောင်သောကိစ္စမှန်သမျှကို ရှောင်ကြဉ်သင့်သော နေ့ရက် ဖြစ် နေ့ပါတယ်။ ယနေ့ ကာမမကြူးအပ်ပါ။ လူတို့ကို သတိနှင့် ဆက်ဆံဆောင်ရွက်ပါ။ ယုတ်မာသောစိတ်ဓါတ်ရှိသူ တို့သည် ဗီဇပေါ်လွင်ကာ ယုတ်ညံ့သော အမှုကိစ္စတို့ကို ပြုတတ်သည်။ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်ရန် မသင့်ပါ။ ငွေပေးငွေယူကိစ္စများ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၂:၃၃)နာရီမှ ညနေ (၃:၂၄))နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊  မိဿစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ဆတ်ကြ သူတွေဖြစ်ပါတယ်။ဒေါသဖြစ်လွယ်ကြသလို ဒေါသပြေလွယ်တာမျိုးတွေလဲ ရှိပါတယ်။ စူးစမ်းလွန်း၊စပ်စုလွန်းတဲ့သူ တွေဖြစ်လာမှာမို့ မိဘတွေက စိတ်ရှည်ပေးနိုင်ဖို့လိုပါတယ်။ ငွေကံအားကောင်းကြသူတွေဖြစ်တာမို့ ငွေအတွက်စိတ် မညစ်ရသူတွေလဲဖြစ်ပါတယ်။ တစ်ခုတော့သတိထားရမယ်။ငွေတွေရှာလာပြီး စတင်ရင်းနှီးမြုပ်နှံမှုလုပ်မယ်ဆိုရင် တော့ သေချာစီစစ်တတ်ဖို့လိုပါတယ်။ နောက်ပြီး အစိုးရနဲ့ဆက်စပ်တဲ့ လုပ်ငန်းမျိုးတွေရှောင်စေချင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၅၈) နာရီမှ နံနက်(၉:၂၂)နာရီအတွင်း ကျရောက်နေပါ တယ်။ ဝါရ အဆိပ်သင့်ချိန်ကတော့ည ၁၁နာရီ၂၃မိနစ်ကနေ၊ည ၁နာရီအထိဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ ဗုဒ္ဓဟူးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်၊ ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆ ၊ ၂ ၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီးစုံဟင်းနဲ့ထမင်းစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

1.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၁၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ည ၈နာရီကျော်မှသာ တီထိ ၁၁လုံးကိုကူးပြောင်းပါတယ်။တည်ကြည်ခြင်းရှင်းသန့်ခြင်းတိုးပွားခြင်းကိုပေးတဲ့ ပုဏ္ဏာတီထိကျရောက်တဲ့နေ့ရက်ဖြစ် ပါတယ်။ ကဗျာစာပေရေးခြင်း၊အာဟာရဖြည့်သွင်းခြင်း၊ဓာတ်မြေဩဇာကျွေးခြင်းများဆောင်ရွက်နိုင်ပါတယ်။ မွန်းလွဲ ၁နာရီ ၄၅မိနစ်အထိက အာသာဝဏီနက္ခတ်ဖြစ်တာမို့ ဘုရားတည်၊အနေကဇာတင်ခြင်း၊ ကြော်ငြာခြင်း၊ကင်ပွန်းတပ် ခြင်းများ ဆောင်ရွက်နိုင်သလိုဆံရိတ်ဆံသ ၊အလှပြင်ခြင်းများ ရှင်ပြုနားသခြင်းများ၊ သစ်သီးခူးခြင်း၊ရိတ်သိမ်းခြင်းများ  အရောင်းအဝယ်ကိစ္စများနှင့် ခရီးသွားလာခြင်းများကောင်းပါတယ်။

ယုဂ်အားဖြင့် မနက်၈နာရီခွဲထိ သီဝယုဂ်ဖြစ်ပြီး အမှုကိစ္စများ ပြီးစီးအောင်မြင်သောယုဂ်၊မနက် ၈နာရီကျော်ပါက သိဒ္ဓယုဂ် ဖြစ်ပြီး အလိုဆန္ဒပြည့်ဝသောယုဂ်ဖြစ်ပါတယ်။ဒီလိုနေ့ရက်မျိုးဟာ ဘုန်းကံကြီးမားဖို့ ဩဇာထက်မြက်ဖို့ ကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ငွေကြေးအမြောက်အများ ရင်းနှီးမြုပ်နှံခြင်းကိုတော့ဒီနေ့မှာရှောင်အပ်ပါ တယ်။ဝယ်ယူထားသောပစ္စည်းများကို စနစ်တကျစစ်ဆေးပြီးမှသာ လက်ခံစေချင်ပါတယ်။ အလုပ်ရှာခြင်းနှင့် အလုပ် လျှောက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ အကြီးအကဲများနှင့်တွေ့ဆုံရန် ရက်ကောင်းဖြစ်ပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ  တိံသိယအချိန်ကာလတွေကတော့…မနက် ၂နာရီကနေ ၃နာရီအတွင်း၊ ညနေ ၂နာရီခွဲမှ ညနေ ၃နာရီ ၂၀မိနစ်အတွင်းဖြစ်ပါတယ်။ဒီအချိန်ကာလအတွင်းကတော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊မင်္ဂလာကိစ္စများ၊ကောင်းမွန်သောကိစ္စများ၊ ကိစ္စတစ်ခုခုစတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂:၄၄)နာရီမှ ညနေ(၃:၃၀) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မိဿစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ဖျတ်လတ်မှု ၊လျင်မြန်မှုတွေရှိကြသူတွေဖြစ်ပါတယ်။ဘာသာရေးကို လေးစားယုံကြည်ကြသူတွေဖြစ်ပါတယ်။အမိအဘစကားကို နားထောင်လွယ်ကြပါတယ်။ သတိထားရမှာက တစ်သက်လုံးလောင်းကစားနှင့် အောက်ဆိုက်အလုပ်တွေအကျိုးမ ပေးသူတွေဖြစ်ပါတယ်။ ကံကိုက မကောင်းတာလုပ်တာကို မကြိုက်တဲ့သဘောတွေ့ရတယ်။ တစ်ခုခုမကောင်းတာ လုပ်တာနဲ့ ဒုက္ခရောက်တတ်တဲ့ဇာတာမို့ မိဘတွေကိုယ်တိုင်က ကောင်းသောလမ်းကိုညွှန်ပေးပါ။ ဖြတ်လမ်းမကောင်း တဲ့ငွေရှာနည်းတွေကိုသင်မပေးဖို့အထူးလိုအပ်ပါတယ်။

ဒီနေ့အတွက်မကောင်းသောရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၂၀) နာရီမှ ညနေ(၅:၄၃)နာရီအတွင်း ကျရောက်နေပါတယ်။ဝါရ အဆိပ်သင့်ချိန်ကတော့ ညနေ ၆နာရီ ၃၅မိနစ်က ည ၈နာရီ၁၀မိနစ်အတွင်းဖြစ်ပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်၊ အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉ ၊ ၁ ၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့အရပ်ကိုမျက်နှာမူ ပေါက်ပေါက် ၁ဆုပ်ကြဲပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းထမင်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

31.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၁၀)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ညနေ(၅း၂၆)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါ တယ်။

ဒီနေ့ဟာ ရက်ရာဇာ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  အေးချမ်းမှု၊ကြည်လင်မှုတွေကိုပေးတဲ့ ရိတ္တာတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ ဒီနေ့ဟာ အမှု ပြဿနာများဖြေရှင်းရန်ခက်ခဲတတ်ပါတယ်။ စာရွက်စာတမ်းအလွှဲအပြောင်း ကိစ္စတွေမှာတော့သတိနဲ့ဆောင်ရွက်ပါ။ အရေးကြီးသောကိစ္စများဆောင်ရွက်မည်ဆိုပါက နံနက် ၁၀း၄၈ ကနေ မွန်း လွဲ ၁း၁၂မိနစ်အတွင်းဆောင်ရွက်ပါ။ ယနေ့ည ၈း၂၄ကနေ ၁၀း၄၇အတွင်း အနေအထိုင်အသွားအလာဆင်ခြင်ပါ။ အမှုပြဿနာဖြစ်လွယ်ပါတယ်။

ရန်သူစခန်းအားသိမ်းပိုက်ခြင်း၊ တရားခံအားဖမ်းဆီးခြင်းများဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ အခက်အခဲအကြပ် အတည်းတွေကြားကနေလဲ လွတ်မြောက်အောက်စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများ မိုင်းခွဲခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ရဖို့ကြန့်ကြာနေတဲ့ ကိစ္စတွေ၊အကြွေးရစရာ ရှိတာတွေကို ဒီနေ့မှာပြန်တောင်းခံလို့အထူး ကောင်းပါတယ်။ အထားမှားပြီး ပျောက်ဆုံးနေတဲ့ ပစ္စည်းများ ပြန်ရှာ တွေ့တတ်ပါတယ်။

အနုစိပ်အသေးစိပ်လုပ်ကိုင်ရသောအလုပ်များ အထူးအဆင်ပြေပါတယ်။ ဖုန်းပြင်တာ၊ ကွန်ပြုတာပြင်တာ၊ စတဲ့ အလုပ်တွေကို ဆိုလိုတာပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတွေကို အရှင်းပျောက်မဲ့နေ့မျိုးပါပဲ။ ဆရာ ကောင်း သမားကောင်းနဲ့ တွေ့ရတတ်ပါတယ်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၂း၄၆)နာရီမှ ညနေ(၃း၃၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  မိန်စန်း၊ ညနေ ၅နာရီကျော်ရင်စန်းက မိဿရာသီကူးပြောင်းပါတယ်။ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးငယ်များဟာ  အယူအစွဲကြီးကြပါတယ်။ ရှေးရိုးဆန်ကြတယ်။တစ်ခုခု ကိုစွဲကိုင်ထားမိရင် မလွှတ်တော့ဘဲ ဒါကအမှန်ဆိုတာမျိုးပုံသေယူသွားတတ်တဲ့ဇာတာပါ။ ငွေကြေးအထားအသို ကောင်းတာမို့ ငွေစုဆောင်ရလွယ်ကူကြတယ်။ စီးပွားရေးအားကောင်းတဲ့ဇာတာမို့ အသက် ၂၈ကစလို့ အောင်မြင်မှု ကိုစတင်ထိတွေ့ရတယ်။ မွေးချိန်အရ ကွာဟမှုတော့ရှိနိုင်ပါတယ်။ အိမ်ထောင်ရေးစိတ်ချမ်းသာရတတ်ပြီး နာမည် ပေးမှန်မယ်ဆိုရင်တော့ ဘဝအောင်မြင်ရေးအတွက် ပူဖို့မလိုတဲ့ဇာတာတွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၁၈)နာရီမှ နံနက်(၁၀း၄၂)နာရီအတွင်း ကျရောက်နေ တာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာ တွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။       

ကံကောင်းသောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္လာ၊ သောကြာ   သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ  သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင်၊ အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ(၇)ရက်သားသမီးများအားလုံးအတွက်အထူးအကျိုးပေးမယ့်LuckyNumberတွေကတော့(၅၊၇၊၉)ဂဏန်း များပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ခုပ်တီးပြီးမှ သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့စပျစ်သီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

30.December.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၉)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  အောင်မြင်မှုတွေကိုယူဆောင်လာပေးတဲ့ဇယျတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ ဒီလိုနေ့မျိုးမှာတော့ အလုံးစုံသောမင်္ဂလာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အနုပညာနှင့် နွယ်သောပစ္စည်းများ ထုတ် လုပ်ခြင်း တွေ ၊ဖြန့်ဖြူးခြင်းတွေပြုရန်ကောင်းပါတယ်။ ရန်ပဋိပက္ခတွေကိုထိပ်တိုက်ရင်ဆိုင် သင့်ပါတယ်။ အမှု ပြဿနာရှိလဲကောင်းစွာဖြေရှင်းနိုင်ပါတယ်။

ဒီနေ့ဟာ အလှူအတန်းတွေပြုနိုင်ပါတယ်။ ရှင်ပြုခြင်းနားသခြင်း၊ပဉ္ဇင်းခံခြင်းတွေဆောင်ရွက်လို့ကောင်းပါတယ်။စိတ် ထဲလိုချင်တာတွေကိုကောင်းစွာရရှိလွယ်ပါတယ်။ ဘုရားထီးတင်ခြင်း၊ရေစက်ချခြင်းတွေကိုအထူးဆောင်ရွက်နိုင်ပါ တယ်။ဘာလုပ်လုပ်တွေဝေခြင်းမပြုဘဲလုပ်ရင်အထူးအဆင်ပြေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆရာကောင်း သမားတော်ကောင်းတွေနဲ့ တွေ့ဆုံကုသခွင့်တွေရတတ်ပါတယ်။ ဆေးကောင်းဝါးကောင်းတွေမှီဝဲခွင့် ရတတ်ပါတယ်။ ဆေးစစ်သွေးစစ်လုပ်ချင်တယ်ဆိုဒီနေ့လုပ်ခြင်းဖြင့်မှန်ကန်တဲ့ရလဒ်တွေကိုရရှိလာပါလိမ့်မယ်။

ကုန်ပစ္စည်းအသစ်တွေကြော်ငြာလို့အထူးကောင်းပါတယ်။ အနုပညာနှင့်ပတ်သက်သောလုပ်ငန်းများတိုးတတ်နိုင် ပါတယ်။ လှောင်ကုန်များရောင်းထုတ်လို့အထူးကောင်းပါတယ်။အခက်အခဲတွေ၊complain တွေကိုလဲ ကောင်းစွာ ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။

အလုပ်အကိုင်အခွင့်အလမ်းများအတွက် အင်တာဗျူးဖြေခြင်း ၊အလုပ်သစ်လျှောက်ထားခြင်းတွေဆောင်ရွက်နိုင် ပါတယ်။ ရာထူးတိုးအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်သင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ရှောင်သင့်တာတွေကတော့ ခရီးကိစ္စတွေရှောင်ပါ။ခရီးသွားပြီးဆောင်ရွက်ရတဲ့ကိစ္စတွေကအဆင်မပြေတာများနိုင်ပါတယ်။ စကားပြောဆင်ခြင် ပါ။ စကားအမှားတွေကနေ ပြဿနာတွေကိုဖန်တီးမိသလိုဖြစ်နေရတတ်ပါတယ်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၂း၅၀)နာရီမှ ညနေ(၃း၄၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများရောင်းချခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ် ဆို ရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင် ရွက် လိုက် ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  မိန်စန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ပြဿနာတွေကို  ကောင်းစွာဖြေရှင်းနိုင်ကြသူတွေဖြစ်ပါတယ်။ ဘဝမှာလူချစ်လူခင်ပေါများကြတယ်။ ငွေကြေးလာဘ်ရွှင်ကြတဲ့သူတွေ လဲဖြစ်ပါတယ်။ ကျန်းမာရေးအနည်းငယ်အားနည်းချက်ရှိကြသူတွေလဲဖြစ်ပါတယ်။ အားနည်းချက်က ပညာရပ်တစ်ခု ကိုသေချာစွာ ဆုံးခန်းတိုင်အောင် မလေ့လာချင်တဲ့စိတ်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပညာတော်တော်များများ နားလည် တတ်ကျွမ်းပေမဲ့ တစ်ဖက်ကမ်းခပ် တတ်ကျွမ်းတာမျိုးကတော့  ရှားပါတယ်။ ဒီနေ့မွေးသူများဟာ မိန်းကလေးဖြစ်မယ် ဆိုရင်တော့ အိမ်ထောင်ရေးသတိထားပါ။ အသုံးမကျတဲ့ယောကျာ်းပျင်း၊ယောကျာ်းဖျင်းတွေကိုနဲ့ အိမ်ထောင်ကျတတ် ပါတယ်။

ဒီနေ့အတွက် ရာဟုကာလ အမှောင်ချိန်တွေကတော့ နံနက်(၁၀း၄၁)နာရီမှ မွန်းလွဲ(၁၂း၀၄)နာရီ အတွင်း ကျရောက် နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ၊ ကြာသပတေး  သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ နီညိုရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅)ဂဏန်း များပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လိမ္မော်သီးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဆီမီး ၃တိုင် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

29.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၈)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ၇ လုံးဖြစ်ပြီးတော့အသစ်ဖန်တီးခြင်းတွေ၊မင်္ဂလာကျက်သရေကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ မိစ္ဆာအာဇီဝတွေနဲ့ အသက်မွေးခြင်းမျိုးတွေ၊ ဝိသမလော ဘနဲ့စီးပွားရှာခြင်းမျိုး တွေအထူးရှောင်လိုက်ပါ။ လက်မှုပညာနှင့်ပက်သက်သောလုပ်ငန်းများ၊မြန်မာ့ရိုးရာမပျက် လုပ်ကိုင်ရသောလုပ်ငန်း များ တိုးတတ် ပါလိမ့် မယ်။ ရှေ့ဟောင်းပစ္စည်းများ ဈေးကောင်းရတတ်ပါတယ်။

ဒီနေ့ရက်မှာ အထက်လူကြီးတွေဆီဝင်ထွက်ခြင်း၊ လိုအပ်ချက်တွေတောင်းဆိုခြင်းများ မလုပ်သင့်ပါဘူး။ အမြင်မကြည် ဖြစ်ရတတ်ပါတယ်။ ပရဟိတလုပ်ခြင်း၊လူမှုရေးကိစ္စများကူလုပ်ပေးခြင်းမျိုးတွေအထူးဆောင်ရွက် နိုင်ပါတယ်။ စက်ပညာများ၊နည်းပညာများတီထွင်ကြံဆလို့အလွန်ကောင်းပါတယ်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၂း၅၃)နာရီမှ ညနေ(၃း၄၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ရက်တံခွန်၊ရသေ့ကျော်၊ ဝါရမိတ္တုငယ်၊ ရက်ပုပ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  ကုမ်စန်း၊ မွန်းလွဲရင်စန်းက မိန်ရာသီပြောင်းသည်။ ဓနုရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ ကောင်းသောအထောက်အပံ့တွေရကြသူတွေဖြစ်ပါတယ်။ မိဘတွေ အဆင်ပြေချိန်မွေးတာ ဖြစ်ဖြစ်၊ကိုယ်မွေးပြီးမိဘတွေအဆင်ပြေတာပဲဖြစ်ဖြစ်ကြုံကြရတတ်ပါတယ်။ ငွေကံအား ကောင်းပေမဲ့ မိမိကအသုံး အစွဲ နားမလည်သူဖြစ်ပါတယ်။ လိုအပ်တဲ့နေရာမှာငွေမသုံးဘဲ ကပ်စေးနဲနေတာကြောင့် အလုပ်အပြိုင်အဆိုင်တွေ လုပ်ရရင် ကိုယ်ကနောက်ကောက်ကျလေ့ရှိတတ်ပါတယ်။ပညာနဲ့ရပ်တည်တဲ့အလုပ်များသာမိမိအတွက်အဆင်ပြေပါ လိမ့်မယ်။ကျန်းမာရေးအားကောင်းကြသူတွေမို့ တော်ရုံဖျားတာနာတာမျိုးတွေတော့ဖြစ်ခဲတဲ့သူတွေဖြစ်ပါတယ်။

ဒိနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၂၇)နာရီမှ မွန်းလွဲ(၂း၅၁)နာရီအတွင်း ကျရောက် နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူးကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။      

ကံကောင်းသောနေ့သားများ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး        သားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား စနေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ သောကြာ သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ အပြာရောင်၊အဖြူရောင် နှင့် ခရမ်းရောင်           များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများ ကို အထူး အလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈)ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖီးကြမ်းငှက်ပျောသီးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခရမ်းသီးမီးဖုတ်သုတ်ပြီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

28.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၇)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ၆လုံးဖြစ်ပြီးတော့ကောင်းမြတ်ခြင်း၊ပျော်ရွှင်ခြင်းတွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့ နေ့ရက်ပါပဲ။သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ပွဲလမ်းသဘင်များကျင်းပခြင်း၊ ဖျော်ဖြေပွဲများကျင်း ပခြင်း ပျော်ပွဲစားထွက်ခြင်း၊ အပျော်ခရီးသွားခြင်းမျိုးတွေအထူး ကောင်းပါတယ်။ မိမိအတွက်တကယ်လိုအပ်နေတဲ့ ငွေကြေးတွေအတွက် တစ်ဦးတစ်ယောက်ဆီမှာချေးငှားခြင်းများဆောင်ရွက်နိုင် တဲ့နေ့ရက်ပါပဲ။ မေတ္တာရေးကံ၊စန်းကံ ကောင်းနေတဲ့ နေ့ရက်ဖြစ်တာကြောင့် …ချစ်သူအားပိုးပန်းခြင်း၊ ချစ်စကားပြောခြင်းများဆောင်ရွက်လို့အထူးကောင် ပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကိုလဲ ဒီနေ့မှာပြန်လည်ချော့မော့နိုင်ပါလိမ့်မယ်။

ပစ္စည်းဝယ်ယူလှောင်ခြင်း၊ရင်းနှီးမြုပ်နှံခြင်းတွေအထူးကောင်းပါတယ်။ အကြီးအကဲများထံ ဝင်ထွက်သွား လာတင်ပြ ခြင်းများအတွက်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။ကုန်သွယ်စီးပွားရေးအ၀၀ဆောင်ရွက်လို့ကောင်းပါ တယ်။ငြိမ်းချမ်း စွာလုပ်ကိုင်ရတဲ့ စီးပွားရေးတွေကတော့ အထူးကောင်းပါတယ်။ ပူပူလောင်လောင်လုပ်ကိုင်ရတဲ့ အလုပ်တွေကိုရှောင် ပါတယ်။ မွေ့ယာ၊ကုတင်၊အိမ်ထောင်ပရိဘောဂများဝယ်ယူခြင်းတွေ ဒီနေ့မှာအထူးကောင်းပါ တယ်။ဒီနေ့မှာမင်္ဂလာ ကိစ္စမှန်သမျှအလုံးစုံရှောင်လိုက်ပါ။ သူများစကားတွေ၊သူများအကြံဉာဏ်တွေကိုအလုံးစုံ လက် မခံ လိုက်ပါနဲ့။ စပ်တူ အလုပ်များစိတ်ဝမ်းကွဲစရာတွေပေါ်လာတတ်ပါတယ်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၂း၅၄)နာရီမှ ညနေ(၃း၄၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  ကုမ်စန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအသက်၂၀ထိ အဆင်မပြေမှုတွေကံခေမှုတွေရှိကြပေမဲ့အသက် ၂၁ကနေ အသက် ၂၇အတွင်းသိသိသာသာ တိုးတတ်ပါလိမ့် မယ်။ ထို ကာလမှာပဲအိမ်ကား၊လုပ်ငန်းစတာတွေရလာနိုင်ပါတယ်။လူမှုဆက်ဆံရေးအားနည်းပြီးတော့ အတ္တဆန်တာကြောင့် အပေါင်းအသင်းနည်းနိုင်ပါတယ်။ ကိုယ်ပိုင်အလုပ်တွေနဲ့ပတ်သက်ပြီး စပ်တူကိုသတိထားလုပ်သင့်တဲ့ဖွားဇာတာပဲ ဖြစ်ပါတယ်။ငွေကြေးအားကောင်းကြပြီးတော့ ငွေပြတ်တယ်ဆိုတာမျိုးလဲ သိပ်မတွေ့ရပါဘူး။ ကျန်းမာရေးကတော့ ဒီဇာတာရှင်တွေက အကောင်းများတယ်။တော်ရုံကျန်းမာရေးမညံ့တတ်ပါဘူး။ကံညံ့တာကတော့ အသုံးအဖြုန်းကြီးတဲ့ အိမ်ထောင်ဘက်ကိုရတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၃)နာရီမှ မွန်းလွဲ(၁း၂၇)နာရီအတွင်း ကျရောက် နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။          

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး     သားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား အင်္ဂါ၊ သောကြာ သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ စနေ သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင်၊လိမ္မော်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ၁၊၂ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးကြော်စား သွားပါ။ပို မိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

27.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီ‌နေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၆)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(.၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားဖြူ၊ ရက်ပုတ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ ၅လုံးပဲရှိသေးပြီးတော့ ပြည့်ဝခြင်းကိုပေးပါတယ်။ဒီလိုနေ့ရက်မှာတော့ မိမိသိချင်တာတွေကိုသိအောင်လုပ် သွားနိုင်ပါလိမ့်မယ်။ သတင်းအချက်အလက်တွေစုဆောင်းနိုင်မယ်။ လျှို့ဝှက် ကြံ စည်လုပ်ကိုင်ခြင်းတွေစတင်လို့ ကောင်းပါတယ်။ရပိုင်ခွင့်တွေကိုပြန်လည်တောင်းဆိုနိုင်ပါလိမ့်မယ်။ ရန်အတိုက် အခိုက် များကို ထိပ်တိုက်ရင်ဆိုင်ဖြေ ရှင်းခြင်းဖြင့် ပြေလည်မှုတွေရရှိနိုင်ပါတယ်။

ကြော်ငြာဆိုင်းဘုတ်များ၊ကြော်ငြာတဲ့  BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်း ခြင်း ဝယ်ခြင်းအလုပ်များ၊ကြားကနေအဆင်ပြေအောင်အကျိုးဆောင်ပေးရတဲ့အလုပ်များ  ပိုမိုအဆင်ပြေ  တတ်ပါ တယ်။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပက်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်

ခရီးနဲ့ပတ်သက်ပြီးတော့လဲ  အဆင် ပြေ ချော့မွေ့ပါလိမ့်မယ်။ ကုန်သည်စီးပွားများ ဈေးကောင်းရ တတ်ပါ တယ်။ ဆေးဖော်ဆေးစပ်ရန်ကောင်းသော နေ့ရက်ဖြစ်ပါတယ်။ဘာလုပ်လုပ်သေချာမှလုပ်ပါ။ အဲလိုမှမဟုတ်ရင် စတင် လိုက်တဲ့ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စနှင့် အပြီးမသတ်ဖြစ်ရတတ်ပါတယ်။ မိမိကုန်ပစ္စည်းကို ကြော်ငြာခြင်းများ စတင် လို့ အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။

မိမိအတွက်ကောင်းသောလိုအင်တွေပြည့်ဝရတတ်ပါတယ်။ ကျန်းမာရေးက တော့ဒီနေ့ရက်တွေမှာ အိပ်ရာထဲလဲ နေသူတွေကတောင်နလန်ပြန်ထူတတ်ပါတယ်။ လိုအပ်တဲ့ခွဲစိပ်ကုသ မှုများလုပ်ရမယ်ဆိုရင်တော့ ဒီနေ့မှာလုပ်ဆောင် လို့ အောင်မြင်တတ်ပါတယ်။

သတိထားရမှာကတော့  အိုးအိမ်တည်ဆောက်ခြင်းတွေ မပြုအပ်ပါဘူး။ ပြုရင်တောင် ရန်သူမျိုး ငါးပါးကြောင့်ပြန် လည်ပျက်စီးရတတ်ပါတယ်။ အထူးသဖြင့် မီးဘေးအန္တရာယ်ကိုရင်ဆိုင်ရတတ်ပါတယ်။ဘာလုပ်လုပ်မလောပါနဲ့။ အလျင်လိုအနှေးဖြစ်ရတတ်တဲ့နေ့ရက်ပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အခက်အခဲတွေများနေတတ်ပါတယ်။ ချေးငှားခြင်းတွေစတင်လို့မကောင်းပါဘူး။ သူများတွေရဲ့ကတိတွေကိုတော့ လွယ်လွယ်မယုံသင့်တဲ့နေ့ပါ။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃နာရီ၁မိနစ်)နာရီမှ ညနေ(၃နာရီ၅၃မိနစ်)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊ မကာရ စန်း၊ မနက် ၉နာရီ၄၅မိနစ်ဆို စန်းက ကုမ်ရာသီပြောင်းပါတယ်။ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲများနဲ့ငယ်ဘဝကိုဖြတ်သန်းရလေ့ရှိပါတယ်။အထူးသဖြင့် အဖေကသာ အသုံးမကျသူ၊ တာဝန်မကျေသူဖြစ်ပါက ငယ်ဘဝတွေမှာ အခက်အခဲများသွားစေနိုင်ပါတယ်။ ဒါကြောင့်မိဘတွေကသာ ကောင်းစွာ supportလုပ်ပေးနိုင်မယ်ဆို ငယ်ရွယ်စဉ်ကတည်းက တောက်မဲ့မီးခဲတစ်ရဲရဲ ဖြစ်နေပါလိမ့်မယ်။ ပညာကိုလိုလားကြသူတွေ၊အမှားလုပ်ရမှာကိုကြောက်သူတွေဖြစ်တာမို့လဲ ဘဝမှာ နောင်တရ စရာသိပ်မရှိကြသူတွေဖြစ်ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၅၀)နာရီမှ ညနေ(၄း၁၃)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများ စနေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္လာ၊ ကြာသပတေး သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ  သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင်၊အနက်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့

(၇၊၀၊၄)ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရွက်လှညွှန့် တစ်ညွှန့် ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

26.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၅)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက် ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ကန်းသမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ ၄လုံးဖြစ်ပြီးတော့အလုပ်ခန်းအသစ် စတင်ဖွင့်လှစ်ခြင်းတွေဆောင်ရွက်လို့ ကောင်းပါတယ်။အရောင်းအဝယ်ကိစ္စမှန်သမျှအဆင်ပြေချောမွေ့ပါလိမ့်မယ်။ ဝေးကွားနေတဲ့သူတွေနဲ့ပြန်လည် ဆုံ ဆည်းခွင့်တွေရလာတတ်ပါတယ်။ ဆိုင်းငံ့ထားတဲ့ကိစ္စများလဲ ပြန်လည်ဆောင် ရွက်ရန်အချိန်အခါသင့်သည်။

လျှပ်စစ်နဲ့ဆိုင်သောလုပ်ငန်းများ၊စီးပွားရေးများတိုးတတ်ကောင်းမွန် နေတာကိုတွေ့ရပါလိမ့်မယ်။ အနိဋ္ဌ သဘော ဆောင်တဲ့နေ့ရက်ဖြစ်တာကြောင့် စစ်လက်နက်များ၊ဓားလှံလက်နက် များအရက်ဖျော်ယာမကာများ ထုတ် လုပ် လို့အထူးကောင်းပါတယ်။ တရားခံအားအပြီးသတ်အမိန့်ချမှတ်ခြင်းမျိုး၊ ရန်သူ့စခန်းအားအပြီးသတ်ချေမှုန်း တာမျိုး တွေ ဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။

သားသတ်လုပ်ငန်းများ၊လောင်းကစားဆန်ဆန်လုပ်ငန်းများလဲ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ သစ်ပင်ပန်းမန် တွေကို ပိုးသတ်ဆေးဖြန်းခြင်း၊ အင်းဆက်ပိုးတွေကို အဆိပ်ခပ်ခြင်းများလဲအထူးပဲဆောင် ရွက်နိုင်ပါလိမ့်မယ်။ စပါးကျီသွင်းခြင်း၊ ပစ္စည်းလှောင်ခြင်း၊ ဂိုထောင်သွင်းခြင်းများပြုလုပ်နိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။

မီဒီယာလုပ်ငန်းများစတင်ခြင်း၊ ရုပ်သံချန်နယ်များစတင်လိုင်းလွှင့်ခြင်း၊စာပေတိုက်တွေစတင်ဖွင့််လှစ်ခြင်း များလဲ အထူးကောင်းပါတယ်။ဒီနေ့ဟာရေနံစူးစမ်းရှာဖွေတာ၊ရွှေနှင့်သတ္တုတူးဖော်တာမျိုးတွေအထူးဆောင်ရွက် နိုင်ပါတယ်။ စစ်လက်နက်ဖောက်ခွဲခြင်းတွေ၊ ခဲယမ်းလက်နက်ဖောက်ခွဲခြင်းတွေအထူးဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။

            သတိထားရမှာကအောင်မြင်နေတဲ့သူတွေ အဆင်ပြေနေတဲ့သူတွေသတိထားရပါလိမ့်မယ်။ မနာလိုသူပေါ ပြီးအတိုက်အခံခံရတတ်ပါတယ်။စက်ပစ္စည်းဝယ်မယ်ဆိုရင်လဲသတိထားပါ။ အနာအဆာပါလာတတ်ပါတယ်။ အောက်လက်ငယ်သားတွေကြောင့် မိမိဒုက္ခရောက်ရတတ်ပါတယ်။ အစားမှား၊ဆေးမှားဖြစ်တတ်ပါတယ်။ အစား အသောက်တွေကိုဆင်ခြင်စားပါ။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃း၀၅)နာရီမှ ညနေ(၃း၅၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ် ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊ မကာရ စန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ဘဝမှာ အဆင်ပြေတာများတယ်။ အခက်အခဲနည်းပါးပါတယ်။ ဘဝအောင်မြင်မှုကို ငယ်ငယ်ရွယ်ရွယ်နဲ့ရရှိတတ်ကြသူတွေ ဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းနေပြီးတော့ တော်ရုံဖျားနာတာမျိုးတွေဖြစ်လေ့မရှိပါဘူး။ စက်ပစ္စည်းနဲ့ဆက် နွယ်သောအလုပ်များ၊အင်ဂျင်နီယာအလုပ်များ၊အီလက်ထရောနစ်အလုပ်များနဲ့ အောင်မြင်နိုင်ကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၂)နာရီမှ နံနက်(၉း၁၆)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။       

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ စနေ  သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင်၊ မီးခိုးရောင်         များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉)

ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆီးယိုစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။