loading

Author: Nyein Aye Lu

အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ

အိမ်နံပါတ်သည် အလွန်အရေးကြီး ၏။ နပိုလီယန်သည် အိမ်နံပါတ်တို့ သတ် မှတ်ပုံကို အလေးအနက် သုံးသပ်ကာ လမ်းတစ်ဖက်တစ်ချက်စီတွင် စုံဂဏန်း နှင့် မဂဏန်းသီးခြားစီသတ်မှတ်ရန် အမိန့် ထုတ်ခဲ့သည်။
အခြားကမ္ဘာ့နိုင်ငံများကလည်း အဆိုပါ အိမ်နံပါတ်သတ်မှတ်မှုကို သဘော တွေ့ကာ လက်ခံသုံးစွဲခဲ့ကြသည်။
အိမ်နံပါတ်သည် လူတို့စိတ်နှလုံးချမ်း မြေ့စေရန်၊ သောကရတက်ပွေစေရန် လွှမ်းမိုးနိုင်စွမ်းရှိ၏။
သင်နှင့်တကွ အဆိုပါနေအိမ်တွင် နေထိုင်သူအားလုံးအပေါ် အိမ်နံပါတ် သည် မည်သို့သက်ရောက်မှုရှိသည်ဆိုခြင်း ကို သိလိုကြမည်သာ ဖြစ်သည်။
နေအိမ်တည်ရှိရာ လမ်းနံပါတ်၊ ရပ် ကွက်နံပါတ် အစရှိသည်တို့သည် သင်နှင့် သက်ဆိုင်ပါ၏။ သို့ရာတွင် တိုက်ရိုက်ဆက် စပ်မှု မရှိ၊ အိမ်နံပါတ်သည်သာ သင်၏ သီးသန့်ဖြစ်၏။ ကိုယ်ပိုင်ဖြစ်၏။ သက်ဆိုင် ၏။ နေအိမ်နံပါတ်နှင့် သင်၏ ကံကြမ်္မာကို ဆန်းစစ်ကြည့်မည်ဆိုပါက အောက်ပါ အတိုင်း တွက်ချက်ပါလေ။
ရှေးဦးစွာ အိမ်နံပါတ်အပြည့်အစုံကို ချရေးပါ။ ထို့နောက် တစ်လုံးတည်းရအောင် ပေါင်းပါ။
ဥပမာအားဖြင့် သင်သည် ဗိုလ်ချုပ် လမ်းပေါ်ရှိ အိမ်နံပါတ် (၂၃၈)တွင် နေထိုင်သည်ဆိုပါစို့။ ထိုဂဏန်းကို တစ်လုံး တည်းရအောင်ပေါင်းပါ။
၂+၃+၈=၁၃
အဆိုပါဂဏန်းကို တစ်လုံးတည်းရ အောင် ထပ်ပေါင်းပါ။
၁+၃=၄
ထို့ကြောင့် ဗိုလ်ချုပ်လမ်း၊ အိမ်နံပါတ် (၂၃၈)တွင် နေထိုင်သောသင်သည် ဗေဒင် အရ အိမ်နံပါတ် ၄ တွင် နေထိုင်သူဟု အဟောထွက်မည်ဖြစ်သည်။ လမ်းနာမည် နှင့် နံပါတ်တို့သည် လွှမ်းမိုးမှုတစ်ခုဖြစ် သော်လည်း ထည့်သွင်းတွက်ချက်ရန် မလိုအပ်။
အရေးကြီးသည်မှာ သင်နှင့် တိုက်ရိုက် သက်ဆိုင်သော နံပါတ်သာ ဖြစ်သည်။
အကယ်၍ သင်သည် တိုက်ခန်းတစ် ခန်းတွင် နေထိုင်သည်ဆိုပါက သင်နှင့် သက်ဆိုင်သည်မှာ တိုက်ခန်းနံပါတ်ဖြစ်၏။ တိုက်နံပါတ်၊ အဆောက်အအုံနံပါတ်မဟုတ်။
ဥပမာအားဖြင့် သင်သည် ဦးဝိစာရ လမ်း၊ တိုက် ၃၊ အခန်း ၁၈ တွင် နေထိုင် သည်ဆိုပါက အခန်းနံပါတ် (၁၈)ကိုသာ တွက်ချက်ရမည်ဖြစ်သည်။ ၁၈ ကို တစ် လုံးတည်ဖြစ်အောင် ပေါင်းပါ။
၁+၈=၉
ထို့ကြောင့် သင့်အခန်း၏ ကံကြမ်္မာ နံပါတ်မှာ ၉ ဖြစ်သည်။
အက္ခရာများတွင်လည်း သချင်္ာတန်ဖိုး ရှိ၏။ အက္ခရာပါပါကထည့်သွင်းတွက်ချက် ရမည်။ ဥပမာအားဖြင့် သင်သည် အခန်း ၁၈/ဘီတွင် နေထိုင်သည်ဆိုပါစို့။ ဘီ၏ သချင်္ာကိန်းမှာ ၂ ဖြစ်၏။
ထို့ကြောင့် ၁+၈= ၉/၉+၂=၁၁
ထို့ကြောင့် ၁၈/ဘီ၏ ကံကြမ်္မာဂဏန်း မှာ ၁၁ ဖြစ်သည်။
(အက္ခရာတို့၏ တန်ဖိုးများ)
၁ = A J S
၂ = B K T
၃ = C L U
၄ = D M V
၅ = E N W
၆ = F O X
၇ = G P Y
၈ = H Q Z
၉ = I R
(ကံကြမ္မာကိန်းပြောင်းလဲခြင်း)
အကယ်၍ သင်၏ ဗေဒင်အရ တွက် ချက်ရရှိသော ကံကြမ္မာနံပါတ်ကို မကြိုက် ပါက အခြားဂဏန်းတစ်ခုကို သင့်အိမ် တံခါးနောက်တွင် ရေးသားထားခြင်းအား ဖြင့် သင်အလိုရှိသော ကံကြမ္မာနံပါတ်ကို ရယူနိုင်သည်။
ဥပမာအားဖြင့် အိမ်နံပါတ် ၅ တွင် နေထိုင်သောသင်သည် ၈ ဂဏန်း၏ အကျိုးသက်ရောက်မှုများကို ရလိုသည်ဆို ပါက အိမ်တံခါးအတွင်းဘက်မျက်နှာစာ တွင် နံပါတ် ၃ ကို ရေးသားပါ။
ထိုအခါ သင်သည် ကံကြမ်္မာနံပါတ် ၈ ရှိသောနေအိမ်တွင် နေထိုင်သူဖြစ်လာ မည်ဖြစ်သည်။
(ဟောကိန်းများ)
ကံကြမ္မာဂဏန်း ၁- အမှီခိုကင်းမှု၊ စိတ်ကူးရည်မှန်းချက်ရှိမှု၊ ဦးဆောင်နိုင်မှု တို့ကို မြှင့်တင်ပေးသည်။ သင်သည် ကိုယ် ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက အဆိုပါ နေအိမ်တွင် နေထိုင်ခြင်းအားဖြင့် အံ့အား သင့်ဖွယ် အကျိုးများရရှိမည်ဖြစ်သည်။
ဤအိမ်တွင် နေထိုင်ခြင်းသည် သင့် အတွက် ဆုံးဖြတ်ချက် ခိုင်မာမှန်ကန်စေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရစေခြင်းများ ရရှိ နိုင်သည်။ စိန်ခေါ်မှု – ကံကြမ္မာဂဏန်း၁ နေအိမ်တွင် နေထိုင်သူတို့၌ အမှီအခိုကင်း လွန်းမှုအဖြစ်များနှင့် တွေ့ကြုံရနိုင်သည်။
အလုပ်အလွန်များပြားပြီး ကူညီမည့် သူမရှိသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ရတတ် သည်။ ယင်းဆိုးကျိုးကို ချိန်ညှိနိုင်ရန်အတွက် တံခါးအတွင်းဘက်တွင် ဂဏန်းတစ်လုံး လုံးရေးသားကာ မိမိလိုလားသော ကံကြမ္မာ ကို ပြောင်းလဲနိုင်သည်။
အထူးသဖြင့် စုံဂဏန်းပေါင်းလဒ်ရရန် ပြောင်းလဲရမည်ဖြစ်သည်။ စုံဂဏန်းတို့ သည် ၂ ဖြင့် စားလျှင် ပြတ်သည်။ အဆိုပါ ဂဏန်းတို့သည် ဝေမျှခံစားမှု၊ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးသည်။
ကံကြမ္မာဂဏန်း ၂ –
ကံကြမ္မာဂဏန်း ၂ ရရှိသော နေအိမ် တို့သည် မေတ္တာတရားကို ဖော်ညွှန်းသည်။ အလည်အပတ် လာသူတို့သည် နွေးထွေး မှုနှင့် မေတ္တာတရားတို့ကို အမြဲခံစားကြရ မည်ဖြစ်သည်။
၂ ဂဏန်း၏ စွမ်းအားမှာ စိတ်ခံစား လွယ်မှုဖြစ်ခြင်းကြောင့် မိတ်ဆွေများကို ခင်မင်တွယ်တာသူများအတွက် နေရာကောင်း တစ်ခုဖြစ်သည်။
လုပ်ငန်းတာဝန်များကို အတူလက်တွဲ လုပ်ကိုင်လိုသော ဇနီးမောင်နှံများအတွက် အကောင်းဆုံးနေအိမ်ဖြစ်သည်။
စိန်ခေါ်မှု – ၂ ဂဏန်းသည် စိတ်ခံ စားမှု ပြင်းထန်ခြင်းကို ကိုယ်စားပြုရာ တစ်ခါတစ်ရံတွင် စိတ်ခံစားမှုလွန်ကဲခြင်း များ ဖြစ်နိုင်သည်။ ဤအိမ်တွင် နေမည် ဆိုလျှင် အိမ်ပြင်ထွက်ကာ ကိုယ်လက်လှုပ် ရှားမှုများ ပြုလုပ်သင့်၏ နေအိမ်တွင် နေထိုင်သူတို့နှင့် အပေးအယူမမျှခြင်းများ ကြုံရတတ်သည်။
ကံကြမ္မာဂဏန်း – ၃
ကံကြမ္မာဂဏန်း ၃ ရရှိသောနေအိမ် တွင် နေထိုင်သူတို့သည် ပျော်ရွှင်မှု၊ အကောင်းမြင်နိုင်စွမ်း ရှိမှုတို့ ရမည်မှာ အသေအချာ ဖြစ်သည်။
ဤနေအိမ်တွင် လူမှုရေးဆိုင်ရာ အခမ်းအနား၊ ပွဲလမ်းများ ပြုလုပ်ရန် အလွန်ကောင်းမွန်သည်။ ဖန်တီးနိုင်စွမ်း မြင့်မားမှုကို ကိုယ်စားပြုရာ မိသားစု ဘဝ တစ်ခုကို စတင်ရန် (သို့မဟုတ်) အနုပညာ ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ကောင်းမွန်သည်။
အနုပညာရှင်များ၊ အဆိုတော်များနှင့် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသူတို့ အတွက် အလွန်သင့်လျော်သည်။
စိန်ခေါ်မှုများ – အာရုံမစူးစိုက်နိုင် ခြင်း၊ ငွေအသုံးအစွဲများခြင်းများ ကြုံရ တတ်သည်။ လက်တွေ့ကျသော အကြောင်း ရပ်များကို အာရုံထားရန်အတွက် အချိန် ယူဖို့ လိုအပ်သည်။ မိမိကိုယ်ကို သံသယ ဖြစ်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် မိမိ၏ အားသာချက်များကို အမြဲတွေးတောနေရန် လိုသည်။
ကံကြမ္မာဂဏန်း -၄
ကံကြမ္မာဂဏန်း ၄ သည် အားလုံး ထဲတွင် လက်တွေ့အကျဆုံး စွမ်းအားများရှိ ပြီး ကမ္ဘာမြေကြီး၊ အိမ်ခြံမြေနှင့် ရုပ်ဝတ်္ထု ပစ္စည်းများကို ကိုယ်စားပြုသည်။
ဤအိမ်တွင် နေထိုင်သူတို့သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ခြင်းများ ပြုလုပ်ရန် အလွန်သင့်လျော်သည်။
စည်းမျဉ်း၊ တာဝန်နှင့် ဖွဲ့စည်းပုံတို့ ကိုလည်း ကိုယ်စားပြုသည့် ဂဏန်းဖြစ်ရာ စီးပွားရေးလုပ်ငန်းအောင်မြင်လိုသူတို့ အတွက် အလွန်သင့်လျော်သော နေအိမ် ဖြစ်သည်။
စိန်ခေါ်မှုများ-၄ ဂဏန်းသည် ဂဏန်း အားလုံးထဲတွင် နှေးကွေးမှုအရှိဆုံးဖြစ် ခြင်းဟု ဆိုရာ စွန့်စားမှုများ၊ စိတ်လှုပ်ရှား မှုများ၊ တီထွင်ဆန်းသစ်မှုများကို ဤနေအိမ် တွင် တွေ့ကြုံရမည် မဟုတ်ချေ။
အလုပ်လုပ်ရာတွင် စိတ်ခံစားမှုနှင့် လက်တွေ့ကျမှုတို့အကြား ချိန်ညှိနိုင်ရန် လိုသည်။
ကံကြမ္မာဂဏန်း -၅
သင်သည် မိတ်ဆွေများနှင့် ဖက်လှဲ တကင်းနေထိုင်တတ်သူဖြစ်ပါက ဤအိမ်မှာ နေရာကောင်းဖြစ်သည်။ နံပါတ်ငါးသည် ပါတီပွဲများကို ကိုယ်စားပြု၏။
၅ ဂဏန်းသည် ဂဏန်းအားလုံးတွင် ပျော်ရွှင်မှုကို ကိုယ်စားအပြုဆုံးဖြစ်ရာ မိတ်ဆွေများကို ချစ်ခင်တွယ်တာပြီး ဧည့် ထောက်ခံခြင်းကို နှစ်သက်ပျော်ရွှင်သူ များအတွက် အလွန်သင့်လျော်လှသည်။
စိတ်လှုပ်ရှားမှု၊ စွန့်စားမှုများကို နှစ် ခြိုက်ပါက ဤအိမ်မှာ နေရာကောင်းဖြစ် သည်။
ခရီးသွားဝါသနာပါသူများ၊ မိတ် ဆွေသစ်များစွာရလိုသူများအတွက် နေရာ အစစ်အမှန်ဖြစ်သည်။
စိန်ခေါ်မှုများ – ဆိတ်ငြိမ်မှု၊ တည်ငြိမ် အေးချမ်းမှုတို့ကို ဤနေရာတွင် ရှာဖွေ တွေ့ရှိမည်မဟုတ်ချေ။ အမြဲတမ်းနေရန် ထက် ခေတ္တနေရန်သာ ဆုံးဖြတ်ခြင်းမျိုး ဖြစ်လာနိုင်သည်။ ၅ ဂဏန်းသည် အမျိုး အစားစုံလင်မှု၊ ပြောင်းလဲမှုကို ကိုယ်စား ပြုရာသင်သည် လက်တွေ့ကျသော ကိစ္စများတွင် အာရုံစိုက်ရန် ခက်နေလိမ့်မည်။ အထူးသဖြင့် သင့်အိမ်နံပါတ်သည် ၁၄ ဖြစ်ခဲ့ပါက အစားအသောက်၊ လိင်၊ အရက် တို့တွင် အလွန်အကျွံဖြစ်တတ်သည်။
စည်းကမ်းသတ်မှတ်ကာ ရည်မှန်း ချက်အတိုင်း လျှောက်လှမ်းပါက ဤအခြေ အနေကို ချိန်ညှိနိုင်မည်ဖြစ်သည်။
ကံကြမ္မာဂဏန်း -၆
ဇနီးမောင်နှံများ၊ အနုပညာရှင်များ အတွက် နေရာမှန်ဖြစ်သည်။
အလှတရား၊ ချစ်ခြင်းမေတ္တာနှင့် လိုက်လျောညီထွေရှိမှုတို့ကို ဖော်ညွှန်း သည်။ သင့်အိမ်သည် သင့်ကမ္ဘာပင်ဖြစ် သည်။ အိမ်တွင်းသို့ ဝင်လာသူတိုင်း နွေးထွေးလှိုက်လှဲမှုကို ခံစားကြရမည်ဖြစ်သည်။ အနုပညာနှင့် အလှတရားကို ဝန်းရံထား ရမည့် အကောင်းဆုံးအနေရာဖြစ်ရာ သင့်နေအိမ်ကို လှပသော အရောင်အသွေး များ၊ သက်သောင့်သက်သာရှိသော ပရိ ဘောဂများ၊ နေထိုင်သူတိုင်း ပျော်ရွှင်ခံစား ကြရမည်မှာ အမှန်ပင်ဖြစ်သည်။
စိန်ခေါ်မှုများ – နံပါတ် ၆ သည် မိသားစုတာဝန်ကို ကိုယ်စားပြုခြင်းကြောင့် အသုံးအစွဲများခြင်းများ ကြုံရမည်။ အခြား သူများအတွက် အချိန်ပေးရလွန်းခြင်းများ ကြံရမည်။ အခြားသူများအရေး အလျင် စလို မပြုလုပ်မီတွင် သင့်အရေးကိစ်္စများကို အရင်ဆုံးတွေးတောရမည်ဖြစ်သည်။ အိမ် ထဲတွင်သာ နေလိုစိတ်ဖြစ်တတ်သည်။
ကံကြမ္မဂဏန်း-၇
သင်သည် စာရေးဆရာ၊ သုတေသီ အစရှိသည့် အလုပ်များ လုပ်ကိုင်ပါက ဤအိမ်မှာ နေရာမှန်ဖြစ်သည်။
နံပါတ် ၇ သည် တစ်သီးတစ်သန့်ဖြစ် ခြင်း၊ လျှို့ဝှက်ခြင်းကို ကိုယ်စားပြုသည်။ အတွေးနက်ခြင်း၊ မေတ္တာတရားတို့ကိုညွှန်း ဆိုသည်။ အိမ်ပြန်ရောက်သည်နှင့် စာဖတ် ရန်အတွေး ဝင်္ကပါတွင် နစ်မြောရန် နှစ် သက်သူဖြစ်ပါက သင့်အတွက် နေရာကောင်း ပင်ဖြစ်သည်။ အသိပညာပိုင်းဆိုင်ရာတွေ့ရှိ မှုအသစ်များ ဤအိမ်တွင်တွေ့ရ နိုင်သည်။
စိန်ခေါ်မှုများ – ဖျော်ဖြေပွဲများ၊ ပါတီပွဲများကိုမူ ဤအိမ်တွင် တွေ့ရကိန်း မရှိချေ။ အထီးကျန်လွန်းခြင်းခံစားရမည်။ အိမ်တံခါးနောက်တွင် ဂဏန်းတစ်လုံး ထပ်မံရေးသားခြင်းအားဖြင့် ဤဆိုးကျိုး ကို ချိန်ညှိနိုင်သည်။ နံပါတ် ၇ နေအိမ် တွင် နေထိုင်သူများသည် အိမ်ခေါင်မိုးကို အမြဲဂရုစိုက်ပြုပြင်ရန် လိုသည်။
ကံကြမ္မာဂဏန်း -၈
သင်သည် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပါ က ဤအိမ်မှာ သင့်အတွက် နေရာမှန်ဖြစ် သည်။ စီးပွားရေးလုပ်ငန်းများကို အိမ်မှ ကွပ်ကဲလုပ်ကိုင်သူဖြစ်ပါက သာ၍ပင် ကောင်းမွန်သည်။ ၈ ဂဏန်းသည် ပေါကြွယ် ၀မှု၊ မြတ်စွန်းမှုတို့ကို ကိုယ်စားပြုရာ စီးပွားရေးတိုးတက်အောင်မြင်မှုရရန် နေရာကောင်းဖြစ်သည်။ ၈ ဂဏန်းသည် ပြင်းပြသော စိတ်ခံစားမှုကိုလည်း ကိုယ်စား ပြုရာ မိမိချစ်မြတ်နိုးသူတို့နှင့် တွေ့ဆုံ ရန် နေရာကောင်းဖြစ်သည်။ ကမ္ဘာပေါ် တွင် သင်၏ အဆင့်၊ ဘဝအဆင့်အတန်း၊ချမ်းသာမှုဓနအဆင့် တိုးမြင့်လိုသည်ဆိုပါက ဤအိမ်မှာနေရာမှန်ဖြစ်သည်။
စိန်ခေါ်မှုများ -၈ ဂဏန်းသည် ငွေကြေးနှင့် ပေါကြွယ်ဝမှုကို ကိုယ်စားပြု ရာအောင်မြင်မှုများနည်းတူ ရှုံးနိမ့်မှုများကို လည်း တွေ့ရနိုင်သည်။ အမြဲတိုးချဲ့ကြီးပွား လိုစိတ်ဖြစ်ပေါ်နေမည်။ အိမ်မည်မျှကြီး သည်ဖြစ်စေ ထပ်၍ ထပ်၍ တိုးချဲ့ဆောက် လုပ်လိုနေမည်။ ပရိဘောဂများ အမြဲတမ်း ဝယ်ယူဖြည့်တင်းလိုနေမည်။ အမြဲမွမ်းမံ လိုစိတ်ရှိနေမည်။ အိမ်အတွက် ငွေများစွာ ကုန်ရမည်။
ချိန်ညှိရမည့်အချက်မှာ အခြားသူတို့ နှင့် ထိတွေ့ဆက်ဆံရန်အတွက် အချိန်ပေး ဖို့ စဉ်းစားရမည်ဖြစ်သည်။
ကံကြမ္မာဂဏန်း -၉
ကံကြမ္မာဂဏန်း ၉ နေအိမ်သည် လာရောက်သည့် မည်သူကိုမဆို တံခါးဖွင့် ထားသောနေအိမ်ဖြစ်သည်။ ၉ ဂဏန်းသည် အချစ်နှင့် မေတ္တာတရားကို ကိုယ်စားပြု သည်။ သင်၏ အလိုလိုသိစိတ်သည် အမြဲ မြင့်မားနေမည်။ အမြဲဖုန်းလက်ခံဖြေကြား နေရမည်။ သင့်ထံမှ အကြံတောင်းသူများ အလွန်များမည်။ သင့်ထံသို့ လူအများ စုပြုံ ဖုန်းဆက်နေကြသည်မှာ ဤနေအိမ်၏ မေတ္တာစွမ်းအင်ကြောင့်ဖြစ်သည်။
၉ ဂဏန်း ကို နိုင်ငံတကာဂဏန်းဟု လည်းခေါ်ကြသည်။ ထို့ကြောင့် အမြဲခရီးသွား လိုနေမည်။ မည်မျှဝေးသော နေရာမှ ဧည့်သည်ကိုမဆို လက်ခံလိုမည်။ အတိတ် ကို အမြဲသတိရခံစားနေတတ်သည်။ ခွင့် လွှတ်တတ်ရန် ကြိုးစားရမည်ဖြစ်သည်။
စိန်ခေါ်မှုများ – ဤနေအိမ်သည် ပွင့်လင်းစွာ နေတတ်သူများ၊ ဖော်ရွေသူ များအတွက် ကောင်းမွန်သော်လည်း မိသားစုအတွက် အချိန်ပေးရန် လိုအပ်သူ များအတွက် မသင့်လျော်ချေ။ ၉ ဂဏန်း သည် စိတ်ကူးယဉ်ဆန်မှုကိုလည်း ကိုယ်စားပြုရာ ငွေကြေးပိုမိုရှာလိုသူများအတွက် အခက်ကြုံရနိုင်သည့် နေရာလည်းဖြစ်သည်။ နိဂုံအားဖြင့် မှတ်သားရမည့် အချက်မှာ အိမ်ဆိုသည်မှာ သင်၏ အသည်နှလုံးတည်ရှိရာ နေရာပင်ဖြစ်သည်။
သဘာဝတရားနှင့် အပ်စပ်အောင်နေထိုင်မည် ၊ နှလုံးသာစိတ်ဝိညဉ်ကို အမြဲအင်အားဖြည့်တင်းပေမည် ၊ သင်ချစ်မြတ်နိုးသူတို့နှင့် နီးနီးကပ်ကပ် အမြဲထိတွေ့ကြင်နာမှုများ ပေးမည်ဆိုပါက အမြဲပျော်ရွှင်ရလိမ့်မည်သာဖြစ်သည်။
ဝေဒသုတေသီဆရာသြ မှ iMyanmarHouse.com
အတွက် အထူးရေးသားဖော်ပြသည်။

သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ

(ချစ်သူ ရည်းစားရှိသူတိုင်းအတွက် ယတြာအစီအရင်နှင့်ဆောင်ရန်ရှောင်ရန် အကြံပြုချက်ဆောင်းပါး)
လူငယ်တွေ နဲ့တွေ့ရဆုံရပြီဆိုရင် အများဆုံးကြားရတာကအချစ်ရေးအကြောင်းပင်။ သစ္စာရားရှိပါလျက်နဲ့…တစ်ယောက်ဆိုတစ်ယောက်လက်တွဲမယ်လို့ဆုံးဖြတ်ထားပါလျက်နဲ့……
ချစ်သူက ….အတွေ့မခံဘဲရှောင်နေတာ
ချစ်သူက …ဖုန်းအဆက်အသွယ်မလုပ်တာ
ချစ်သူနဲ့ …စကားများပြီးလမ်းခွဲမလို ဖြစ်နေတာ
ချစ်သူက…ကြားစကားတွေယုံပြီးကိုယ့်အပေါ်အထင်လွဲနေတာ
ချစ်သူက …အခြားတစ်ယောက်အပေါ်
စိတ်ရောက်နေတာ
အစရှိတဲ့မဆုံးနိုင်တဲ့အချစ်ရေးသောကတွေ ကြားနေရမြဲပါပဲ။
ဘာပဲဖြစ်ဖြစ်အချစ်ရေးအတွက် အခက်ခဲတွေကြုံလာပြီဆိုရင်တော့ စိတ်ဓာတ်ခိုင်မာသူတွေအနေနဲ့တည်ငြိမ်စွာဖြတ်သန်းနိုင်ပေမဲ့
စိတ်.. ဓာတ်ခံအားနည်းသူတွေအနေနဲ့က ဖြေမဆည်နိုင်အောင်ခံစားရပါတယ်။ အချိုဆိုရင်မိမိ ခန္ဓာကိုယ်ကိုထိခိုက်အောင်
ထိပြုလုပ်ကြတာမြင်နေရပါတယ်။
လူငယ်ဆိုလဲ လူငယ်အလျောက် ချစ်သူဘဝမှာ
အချစ်ရေးသောကတွေရှိတတ်စမြဲပါပဲ။
မာနတရားတွေ၊အူတိုခြင်းတွေ၊စိတ်ကောက်ခြင်းတွေအထင်လွဲခြင်းတွေက ချစ်သူတို့သဘာဝပင်။
တစ်ခုသတိထားရမှာက ကိုယ့်ချစ်ဟာလူကောင်းလား ၊လူဆိုးလားဆိုတာခွဲခြားတတ်ဖို့လိုသည်။ချစ်သူကိုအမှန်အတိုင်းမြင်ဖို့လိုသည်။အချို့ကအရမ်းချစ်မိပြီဆို မြင့်မိုရ်တောင်လောက်ရှိတဲ့အပြစ်ကိုမမြင်ကြ။ဇီးစေ့လောက်ရှိတဲ့ ကောင်းကွက်လေးကိုအဟုတ်ထင်နေကြသည်။
စရိုက်မကောင်းမှန်းသိသိကြီးကို”ရအောင်ပြုပြင်မယ်”ဆိုတဲ့စိတ်နဲ့ လက်တြွဲကသည်။နောက်တော့ စရိုက်ကပြင်မရ၊ ကိုယ့်ရဲ့အသွေးအသားတွေပေးလိုက်ရသည်သာအဖတ်တင်သည်။ မိန်းကလေးတွေအထူးဆင်ခြင်ပါ။
ရောဂါကျွမ်းမှ ဆရာဝန်ဆီရောက်လာတဲ့ လူနာကို ဆရာဝန်ကခေါင်းခါသလို ၊ ကျူ းလွန်ပြီးမှ ပြန်ပြင်မရတဲ့အမှားတွေလုပ်ပြီးမှ “ကယ်ပါအုံးဆရာ”ဆိုလို့ ဘာမှတတ်နိုင်မည်မဟုတ်ပါ။
ကြိုက်ခဲ့သည်က မလွတ်လပ်တဲ့သူ ၊ အိမ်ထောင်သည်။
“လူပျိုပါ”ဆိုတဲ့စကားလေးတစ်ခွန်းကို ယုံမှတ်ကြတာတွေ ခဏခဏမြင်နေတွေ့နေရသည်။သတိထားစေချင်သည်။
အချစ်ရေးပြဿ နာတွေကြောင့် ရောက်လာကြတဲ့ကောင်မလေးတွေ ကောင်လေးတွေကို မိမိဉာဏ်စွမ်းရှိသလောက် ယတြာအစီအရင်တွေနဲ့ကူညီပေးခဲ့သည်။ ဖြေရှင်းပေးခဲ့သည်။
သူတို့အဆင်ပြေလို့စိတ်ချမ်းသာတာမြင်ရင်
ကိုယ်လဲပျော်ရွှင်ရသည်သာ။
အချစ်ရေးအတွက် ဒုက္ခများနေသူအတွက် ဒီကနေ အစီအရင်လေးတွေပြောပေးချင်သည်။ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြချင်သည်။ အချစ်ရေးသောက မကြုံချင်သူတွေ ကြို လုပ်ထားနိုင်သလို ၊ ကြံုနေရသူတွေအတွက်လဲ သောကတွေငြိမ်းအေးစေပါလိမ့်မည်။
တစ်ခုမှာချင်တာက အခုကျွန်တော်ပြောမဲ့အစီအရင်က သစ္စာရှိတဲ့သူတွေအတွက်သာအစွမ်းထက်ပါလိမ့်မည်။ “ဒီတစ်ယောက်ကိုလဲ
မပြတ်နိုင်ဘူး နောက်တစ်ယောက်နဲ့လဲ အဆင်ပြေချင်တယ် ” ဆိုသူတွေအတွက် အစွမ်းထက်မည်မဟုတ်ပါ။
ကိုယ်ကျင့်တရားကောင်းသူ ၊ချစ်သူပေါ်သစ္စာရှိတဲ့သူတွေသာ အကျိုးထူးအစွမ်းထက်ပါလိမ့်မယ်။
……………………………………………………
ယၾတာ -၁
အစီအရင်စပြောပါ့မယ်။ ပထမဦးစွာ ညဘက်အိပ်ရာဝင်ခါနီး ဘုရားရှိခိုးမေတ္တာပို့ပြီးတာနဲ့ ကိုယ့်အိမ်ရာခေါင်းရင်းတစ်နေရာမှာ ဖန်ခွက်လေးတစ်လုံးထဲရေထည့်ပါ။ ပြီးရင်ကျောက်စရစ်ခဲလှလှလေးတစ်လုံးကို ရေဖန်ခွက်ထဲထည့်လိုက်ပါ။ ထိုကျောက်စရစ်ခဲလေးကို ကိုယ့်ချစ်သူလို့
စိတ္ထဲမွာ သေဘာထား၍
ကျောက်စရစ်ခဲလေးကိုကြည့်ပြီး မေတ္တာပို့ပေးပါ။
ကိုယ့်ချစ်သူနာမည်ကိုစိတ်ထဲကရွတ်ဆိုပြီး သူကျန်းမာပါစေ ၊ချမ်းသာပါစေ ၊ကောင်းသောလိုအင်ဆန္ဒပြည့်ဝပါစေ စသည်ဖြင့်မေတ္တာပို့ပေးပါ။ ညစဉ် အနည်းဆုံး ၁၅မိနစ်ခန့်မေတ္တာပို့ပေးပါ။
************************************
ယၾတာ -၂
နီးစပ်ရာစေတီပုထိုးတွေရောက်တဲ့အခါမှာ ကိုယ့်ချစ်သူရဲ့ မွေးနံပန်း၊မိမိရဲ့မွေးနံပန်းနှစ်မျိုးပေါင်းပြီးဘုရားကပ် လှူပေးပါ။
ဥပမာ သူကသောကြာနေ့ဖွားဆို သစ္စာပန်းပေါ့။ ကိုယ်က ကြာသပတေးဆို မေမြို့ပန်းပေါ့ ။ သစ္စာပန်းနဲ့မေမြို့ပန်းနှစ်မျိုးပေါင်း ဘုရားကပ်ပေါ့။ အရေအတွက်မလိုပါဘူး။
ပန်းနှစ်မျိုးပေါင်းလက်တစ်ဆုပ်ခန့်ဆိုရပါပြီ။
တနင်္ဂနွေ -အုန်းပန်း
တနင်္လာ – ကံကော်ပန်း ၊ငွေပန်း၊ခရေပန်း
အင်္ဂါ -ဇီဇဝါ ၊စိန်ခြယ်၊စံပယ်
ဗုဒ္ဓဟူး -ရွက်လှ၊ရွှေပန်း
ကြာသပတေး -မေမြို့ပန်း၊ပိန်းပန်း
သောကြာ -သစ္စာပန်း၊သစ်ခွပန်း၊သဇင်ပန်း
စနေ -နှင်းဆီပန်း၊ဒေါနပန်း
***********************************
ယၾတာ-၃
တနင်္လာနံသတ္တဝါလေးတွေကို အာဟာရဒါနပြုပါ။ ဌက်ကလေးတွေ၊ခိုလေးတွေ ၊ငါးလေးတွေ ၊လမ်းဘေးခွေးလေခွေးလွင့်လေးတွေကို အစာကျွေးပါ။
ကျွေးရမဲ့နေ့ကတော့ အင်္ဂါနေ့ သောကြာနေ့ စနေနေ့လေးတွေမှာကျွေးပေးပါ။ စိတ်ထဲဘာမှဆုမတောင်းပါနဲ့။ သဒါ္ဓတရားထက်သန်စွာကျွေးရင်ရပါပြီ။ ရွေးပေးထားတဲ့နေ့တိုင်း မပျက်မကွက်ကျွေးရမည်ဟု
မဆိုလိုပါ။ မိမိအားတဲ့နေ့မှကျွေးဖို့ပါပဲ။
အထက်ပါအစီအရင်တွေကို လုပ်မယ်ဆိုရင်တော့
ချစ်သူနဲ့အဆင်မပြေတဲ့သူတိုင်းအဆင်ပြေလာပါလိမ့်မယ်။ အဆင်ပြေနေတဲ့သူတွေက ချစ်ခြင်းတွေခိုင်မြဲမယ်။ တစ်ဦးနဲ့တစ်ဦးအချစ်တွေ ဆထက်ပွားလာပါလိမ့်မယ်။
*************************************
ယတြာအစီအရင်တွေပြောပြီးပြီဆိုတော့ …
ရှောင်ရန်ကိစ္စလေးတွေထပ်ပြောပါ့မယ်ဗျ။
ချစ်သူရည်းစားဘဝ အားလပ်ရက်လေးတွေမှာ
တွေကြဆုံကြတာမျိုးတွေရှိကြမှာပါ။
အဲဒီမှာပြောချင်တာက ကိုယ့်ချစ်သူနဲ့တွေ့ဖို့date
လုပ်ထားတဲ့နေ့ကတနင်္ဂနွေနေ့ဆိုရင်တော့
ထိုနေ့အနက်ရောင်လုံးဝမဝတ်သွားပါနဲ့။
တနင်္လာနေ့ဆို အနီရောင်မဝတ်ပါနဲ့။
အင်္ဂါနေ့ဆို အဖြူ ရောင်မဝတ်ပါနဲ့။
ဗုဒ္ဓဟူးနေ့ဆို အစိမ်းရောင်မဝတ်ပါနဲ့။
ကြာသပတေးနေ့ဆို အဝါရောင်မဝတ်ပါနဲ့
သောကြာနေ့ဆို အရောင်ဖျော့များ၊အရောင်မှိုင်းများမဝတ်ပါနဲ့
စနေနေ့ဆို အရောင်ရောများ အရောင်ပြေးများ၊ပြောက်ကျား ကွက်ကျားအရောင်များ မဝတ်ပါနဲ့။
ဒီလောက်ဆို ဘယ်နေ့ ဘာအရောင်ရှောင်ရမယ်ဆိုတာသိလောက်ပါပြီ။ ထိုအရောင်တွေကထိုနေ့တွေအတွက် ကံအားညံ့သွားစေတဲ့အရောင်တွေမို့လို့ပါ။
နောက်ထပ်ပြောချင်တာက စကားအပြောအဆို ဆင်ခြင်ရမဲ့နေ့လေး၂နေ့ကို ပြောချင်ပါတယ်။
အင်္ဂါနဲ့ ကြာသပတေးပါ။
အင်္ဂါနေ့ ၊ကြာသပတေးနေ့တွေမှာ ကိုယ့်ချစ်သူနဲ့တွေ့မယ်ဆို တတ်နိုင်သလောက်စကားနည်းပါစေ။ အပိုစကားတွေမပြောမိပါစေနဲ့။
ချစ်သူအချင်းချင်း တီတီတာတာစကားကလွဲလို့ ဟိုအကြောင်းဒီအကြောင်း စပ်မိစပ်ရာဘာတစ်ခုမ
ှမပြောမိပါစေနဲ့။ စကားအမှားတွေကြောင့်ပြဿ နာအထူးတတ်တဲ့နေ့တွေမို့လိုပါ။
” အသံကြောင့်ဖားသေတယ်” ဆိုတဲ့စကားပုံအသက်ဝင်တဲ့နေ့ပါပဲ။
ကဲအဲလောက်ဆိုရင်…ရှောင်ရန်အတွက်တော့
ရပါၿပီ။
…………………………………………………….
ဆောင်ရန်လေးတွေထပ်ပြောပါအုံးမည်။ ဆောင်ရန်ဆိုတာတော့ မိမိလက်ထဲမှာဆောင်ထားရမဲ့ဟာတွေ ပြောပေးမှာမဟုတ်ပါဘူး။
မိမိ ချစ်သူကိုချစ်သက် လက်ဆောင်အဖြစ်ပေးရမဲ့ဆောင်ရန်တွေပါ။
ကျွန်တော်တို့လူငယ်ဘဝမှာ
ပန်းပေးရင်အလှမ်းဝေးတယ်…
နာရီလက်ဆောင်ပေးရင်ကွဲတတ်တယ်…
လက်ကိုင်ပဝါပေးရင် အချစ်အတွက်ငိုရလိမ့်မယ်…
စသည်ဖြင့်ကြားဖူးခဲ့ကြမှာပါ။
အဲဒါတွေယူဆချက်တွေပါ။မမှန်ကန်ဘူးဆိုတာသိကြမယ်ထင်ပါတယ်။
အခုပြောချင်တာက ချစ်သူကိုလက်ဆောင်ပေး
ခြင်းဖြင့် ချစ်သူက ကိုယ့်ကို ပိုပြီးချစ်မြတ်နိုးလာစေဖို့ ၊ပိုပြီးတန်ဖိုးထားလာစေဖို့ အထောက်အကူဖြစ်စေမဲ့ လက်ဆောင်တွေပါ။ ကဲစရအောင်……
ကိုယ့်ချစ်သူက တနင်္ဂနွေသားသမီးဆိုရင်တော့သစ်သီးလေးတွေခဏခဏလက်ဆောင်ပေးပါ။
ဘယ်သစ်သီးဖြစ်ဖြစ်ပါ။ အသင့်စားလို့ရမဲ့ပန်းသီး စတော်ဘယ်ရီ ၊လိမ္မော်သီး စသည်ဖြင့်ပေးလို့ရပါတယ်။
ကိုယ့်ချစ်သူက တနင်္လာသားသမီးဆိုရင်တော့
အောင်ပါလေထီလက်မှတ်လေးလက်ဆောင်ပေးလိုက်ပါ။
ကိုယ့်ချစ်သူက အင်္ဂါသားသမီးဆိုရင်တော့ သူ့အတွက်လက်ဆောင်ပစ္စည်းမဝယ်ပေးပါနဲ့။ သူ့မိဘတွေ၊သူရဲ့ အုပ်ထိန်းသူတွေအတွက် လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးလိုက်ပါ။ ဘာလက်ဆောင်ပဲဖြစ်ဖြစ်ပါ။သူ့မိဘတွေအသုံးတည့်မဲ့ပစ္စည်းဆိုရပါပြီ။
ကိုယ့်ချစ်သူက ဗုဒ္ဓဟူးသားသမီးဆိုရင် ငွေရောင်အဆင်းရှိတဲ့ ဖန်စီပစ္စည်းလေးတွေဝယ်ပေးလိုက်ပါ။ 925 လိုမျိုး ၊ငွေထည်အသုံးအဆောင်လိုမျိုး လက်ဆောင်ပေးလဲရပါတယ်။
ကိုယ့်ချစ်သူက ကြာသပတေးသားသမီးဆိုရင်တော့
ဆံနွယ်ကို ပြုပြင်ထိန်းသိမ်းပေးမဲ့ လက်ဆောင်လေးတွေပေးပါ။ ဥပမာ ခေါင်းလျှော်ရည် ၊ဆံပင်ပျော့ဆေးအရည် ၊ခေါင်းလိမ်းဆီ စသည်ဖြင့်ပေးလို့ရပါတယ်။
ကိုယ့်ချစ်သူက သောကြာသားသမီးဆိုရင်တော့
ရေမွှေးတစ်ပုလင်းလက်ဆောင်ပေးလိုက်ပါ။
ကိုယ့်ချစ်သူက စနေသားသမီးဆိုရင်တော့ ဘာသာရေးနဲ့ပက်သက်တဲ့ လက်ဆောင်လေးတွေပေးသင့်ပါတယ်။ ပုတီးကုံးလေးတွေ၊ဘာသာရေးစာအုပ်တွေ စသည်ဖြင့်ပေါ့။
ဒီလောက်ဆိုတော်တော်လေးပြည့်စုံပြီလို့ထင်ပါတယ်။ လက်တွေလဲညောင်းပြီ။ နောက်ဆုံးမှာချင်တာတစ်ခုက အထက်ပါအစီအရင်တွေ ၊ဆောင်ရန် ရှောင်ရန်တွေပြုလုပ်ဖို့ချစ်သူက အနားမှာမရှိတာမျိုး တစ်ယောက်တစ်နယ်စီဝေးလို့ နေတာမျိုး ၊မတွေ့ရမဆုံရတာကြာလို့ သွေးအေးမှာ ကြောက်တာမျိုးဆိုရင်တော့ မေတ္တာသုတ်ကိုသာနေစဉ်နိုင်သလောက်ရွတ်ပေးပါလို့အကြံပြုလိုက်ပါရစေဗျ…….။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

“ဝါတွင်းကာလ အဓိဋ္ဌာန်”

ဝါတွင်းကာလ…မနက်ဖြန်ဆိုရောက်ပြီ။
ဝါတွင်း၃လအတွင်း ဗုဒ္ဓဘာသာတွေပြီပြီ သီလဆောက်တည်ကြသည်။ တရားဘာဝနာပွားများကြသည်။ ကျင့်စဉ်တွေအဓိဋ္ဌာန်တွေဝင်ကြသည်။
အဓိဋ္ဌာန်တစ်ခု ၊ကျင့်စဉ်တစ်ခု ဖြည့်ကျင့်မယ်လို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ပထမလုပ်ရတာကပရိကံပါပဲ။ပရိကံကခိုင်မာဖို့လိုသည်။ ထိုပရိကံခိုင်မာမှုအလျောက်အကျိုးပေးမှုတွေကွာသွားသည်။
ဝါတွင်းသုံးလ ပဋ္ဌာန်းဒေသနာတော်တစ်နေ့တစ်ခေါက်ပူဇော်မယ်ဆိုတာမျိုးပဲဖြစ်ဖြစ်၊ သုံးလတိတိသတ်သတ်လွတ်စားမယ်လို့ရည်ရွယ်သည်ပဲဖြစ်ဖြစ်၊ ဘုရားဂုဏ်တော်ပဲပွားများပွားများ၊ပရိတ်ကြီး၁၁သုတ်ပဲနေ့စဉ်ရွတ်ရွတ်ကောင်းသည်သာ။
မိမိသန်ရာသန်ရာ ရွတ်ဆိုပူဇော်ကြတာ ၊အကျင့်သီလစောင့်ထိန်းကြတာ ၊သမထ ဘာဝနာပွားများကြတာ ကောင်းသည့်အလုပ်ပင်မဟုတ်ပါလား ။
ကိုယ်ကပဋ္ဌာန်းနေ့စဉ်ရွတ်မည်ဆိုကြပါစို့ ။ ပထမဦးစွာ ဘုရားရှင်ကိုတိုင်တည်ပေါ့။ ယနေ့မှစ၍ ဝါတွင်းသုံးလ ပဋ္ဌာန်းပစ္စယနိဒ္ဒေသောဒေသနာကို နေ့စဉ်တစ်ခေါက်တစ်ကြိမ်နေ့တိုင်းရွတ်ဆိုပူဇော်ပါမည်”
ပူဇော်ရခြင်းအကျိုးကြောင့်ဆိုပြီး နိဗ္ဗာန်ဆုအရင်းတောင်းပါ။ ပြီးမှ လောကီဆုတောင်းပေါ့။ နေ့စဉ်ဆိုတဲ့အတိုင်းရက်မပြတ်စေနဲ့ပေါ့။
ဂုဏ်တော်ပွားမယ်ဆိုလဲ ဒီဝါတွင်းကာလအတွင်း
ဘုရားဂုဏ်တော်တွေအားအကြိမ်ရေတစ်သောင်း ပွားများပါမည်….စသည့်ဖြင့်အဓိဋ္ဌာန်ပြီး ပုတီးနဲ့နေစဉ်မပြတ်ရွတ်ဆိုပေါ့ဗျာ
ဘုရားဂုဏ်တော်တွေပွားများတဲ့အခါ အနက်အဓိပါ္ပယ်သိအောင်လေ့လာပြီးမှရွတ်ဆိုပွားများရင်ပိုအကျိုးထူးတာပေါ့။နေ့စဉ်ရွတ်ဆိုဖို့တော့ လိုအပ်တာပေါ့။
ကျွန်တော်ဆီကို ဘာဂုဏ်တော်ရွတ်ရမလဲ ၊ဘယ်ဂါထာပွားများရမလဲလို့မေးကြသူတွေအနေနဲ့လဲ
မိမိကြိုက်ရာသန်ရာ ပွားများကြပါ။ အစွဲမထားစေလိုပါ။
ကျွန်တော်ကြိုက်ရာ အားသန်ရာ ဂါထာကိုပြောပြပါဆိုရင်တော့ ပထမံ ဂါထာကိုပဲပြောရမှာပါပဲ။ အကျိုးထူးမှုက အံ့မခန်းပင် ။ မိမိအဓိဋ္ဌာန်တာတွေ လွန်စွာပြည့်ဝစေသည်။ ကျွန်တော်အနေနဲ့ ဗေဒင်နဲ့ပက်သက်ပြီး ပညာတွေတိုးဖို့ ရည်ရွယ်အဓိဋ္ဌာန်ခဲ့ဖူးသည်။ အောင်မြင်သည်။ ကူညီမဲ့သူ သင်ပေးမဲ့ဆရာတွေပေါ်လာသည်။ လိုချင်တဲ့ပညာတွေမပင်ပန်းဘဲရသည်။ ဒီဂါထာကိုပဲ လူတော်တော်များများကို အဓိဋ္ဌာန်နဲ့ရွတ်ဖို့ပေးခဲ့သည်။ အောင်မြင်သည်သာ။
အကြွေးကိစ္စ ၊အမွေကိစ္စ၊ လုပ်ငန်းစီးပွားကိစ္စ ၊ ငွေကြေးလာဘ်ရွှင်ဖို့ကိစ္စ၊ အိုးအိမ် ပိုင်ဆိုင်လိုမှုကိစ္စ စသည်ဖြင့် မိမိဆန္ဒရှိရာ ဆုတောင်းအဓိဋ္ဌာန်ကြည့်ပါ။ ကောင်းသော တစ်ပါးသူမထိခိုက်စေသော ကိစ္စသာဖြစ်ပါစေ .. အောင်မြင်သွားကြသည်သာ…..။
မိမိဆန္ဒ အကြီးအသေးပေါ်မူတည်ပြီး တစ်လအတွင်း၊ သုံးလအတွင်း ၊ခြောက်လအတွင်း တစ်နှစ်အတွင်းအသီးသီးပြေလည်သွားကြသည်။
ဂါထာကိုစတင်ရွတ်ဆိုမည်ဆိုပါက ပရိကံအရင်ပြုရမည်။
မျက်နှာသစ် ကိုယ်လက်သန့်စင်ပါ။ ဘုရားဆောင်ရှေ့တွင်ဆီးမီး၊ရေချမ်း၊အမွှေးနံသာကပ်လှူလိုက်ပါ။ ထို့နောက်……
“ဘုရားတပည့်တော် ( )နေ့သားသမီးသည် ယနေ့( )ရက်မှ ( )အထိ ဘရားရှင်၏အမြတ်ဆုံးဂုဏ်တော်ကိုရည်မှန်းကာ ပထမံဂါထာတော်ကြီးကို အကြိမ်ရေ ( ) တိတိရွတ်ဆိုပါမည်။ နေ့စဉ် ( )ခေါက်ရွတ်ဆိုပါမည်။ ရွတ်ဆိုနေစဉ် ငါးပါးသီလထဲက ( )သီလကိုလုံခြုံစွာစောင့်ထိန်းပါ့မည်။ ဤ ဂါထာတော်ကြီးကိုပြည့်မီအောင်ရွတ်ဆိုပြီးပါက မည်သည့်ကိစ္စအောင်မြင်ခြင်းဖြစ်ပါစေသား” အစရှိသည်ဖြင့် အဓိဋ္ဌာန်ပါ။ ကျွန်တော်ကတော့ နေ့စဉ်ပုတီးတစ်ပတ်(၁၀၈)ခေါက်အနည်းဆုံးရွတ်စေချင်သည်။
ဒီဂါထာဟာ ပူဇော်ဖိအဘိဓမ္မတ္ထသင်္ဂဟအဖွင့်သခေပဝဏ္ဏနာဋီကာ(၂၉၆)လာဂါထာတော်လဲ
ဖြစ်ပါသည်။
ရွှေတောင်မြို့၊ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးကဋီကာလာအရာရာသိဒ္ဓိပေါက်အဆောင်ဂါထာလို့ဆိုထားခဲ့ဖူးပါသည်၊
ပထမံဦးအောင်အမြဲရွတ်ပွားသောဂါထာလို့လည်း
ဆိုကြပါသည်၊ထို့အပြင် ဤပထမံဂါထာကို
သစ္စာအနက်ဆယ့်ခြောက်ချက်ဂါထာလို့လည်းခေါ်
ဝေါ်မှုလည်းရှိပါသည်။
ဂါထာ၏ပါဠိအဓိပ္ပါယ်ကိုအရင်ရေးသားဖော်ပြပါမယ်၊
ပထမံဂါထာ
ပထမံ သက လကၡဏ ေမကပဒံ၊
ဒုတိယာဒိ ပဒႆ နိဒႆ နေတာ
သ-မ-နိ ဒု-နိ-မာ၊ သ-မ-ဒူ သ-နိ-ဒူ၊
ကမေတာ ဝိဘေဇ ပထေမန ဝိနာ။ ။
ပထမံဂါထာ(သို့)သစ္စာအနက် ၁၆ ချက် ဂါထာတော်၏
အနက်အဓိပါ္ပယ်
ပထမံ-ရှေးဦးစွာသော၊မေကပဒံ-တစ်ခုသောအနက်သည်၊သကလက္ခဏံ-မိမိ၏မူလသဘောလက္ခဏာဖြစ်သောအနက်သည်၊ဟောတိ-ဖြစ်၏၊
ဒုတိယာဒိ ပဒႆ – ဒုတိယအနက္မွ
စ၍ကျန်သုံးပါးသောအနက်တို့သည်၊သ-မ-နိ-ဒုက္ခသစ္စာ၌သမုဒယ၊မဂ္ဂ၊နိရောဓသစ္စာတို့ကိုလည်းကောင်း၊
ဒု-နိ-မာ-သမုဒယသစ္စာ၌ဒုက္ခ၊နိရောဓ၊မဂ္ဂသစ္စာတို့ကိုလည်းကောင်း၊သ-မ-ဒူ-နိရောဓသစ္စာ၌သမု
ဒယ၊မဂ္ဂ၊ဒုက္ခသစ္စာတို့ကိုလည်း
ကောင်း၊သ-နိ-ဒူ-မဂ္ဂသစ္စာ၌သမုဒယ၊နိရောဓ၊ဒုက္ခသစ္စာတို့ကိုလည်းကောင်း၊နိဒဿ နတော-ထောက်ထား၍မြင်အပ်သောကြောင့်၊ပဌမေန-ပထမမူလအနက်နှင့်၊ဝိနာ-ကင်းလွတ်၍၊ကမတော-အစဉ်အတိုင်း၊ဝိဘဇ္ဇေ-သိအပ်သောအနက်များတည်း(ဝေဖန်ရာ၏)။
ဒီဂါထာကို ဂါထာဘုရင်ဟုပင်ဆိုကြသည်။ သစ္စာလေးပါးနဲ့ထုံမွှန်းဖွဲ့သီထားသည်။ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ တွင် သစ္စာလေးပါနဲ့ လွတ်သည့်တရားဟူ၍မရှိပေ။ ဒါကြောင့်ပင် ပထမံဂါထာ၏အစွမ်းသည်လဲအံ့မခန်းပင် ။
ဝါတွင်းသုံးလ ရွတ်ဆိုပွားများသူတိုင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝဖို့ရည်သန်လျက်…။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ငွေကြေးလာဘ်လာဘ ပေါများစေမည့် တားရော့အဆောင်

မိုးတွင်းကာလ…ရောက်ပြီဆို ..အစိုးရဝန်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့မသိသာပေမဲ့
သာမန်လက်လုပ်လက်စားသမားတွေကတော့ ငွေကြေးအခက်အခဲတွေတော့ ကြုံရသည်သာ။ ဆိုင်တွေအရောင်းပါးလာသည်။ အလုပ်တွေပါးလာသည်။ ဒါကြောင့်ပင် နောက်ဆက်တွဲအနေနဲ့
ငွေကြေးရှားပါးမှုလေးတွေပါ မိုးတွင်းကာလမှာအများဆုံးကြုံကြရသည်။
မြို့ကြီးပြကြီးတွေကတော့ အလုပ်အကိုင်ပေါ၍အကြောင်းမဟုတ်ပေမဲ့ နယ်မြို့လေးတွေက အောက်ခြေလူတန်းစားတွေအတွက် အလုပ်အကိုင်ရှားပါးမှုကစလို့ ငွေကြေးမပြေလည်ကြတော့ပေ။
ကုန်စျေးနှုန်းကလဲ မြင့်တတ်သည်မဟုတ်လား။
အဆင်မပြေတော့ ပိုက်ဆံချေးငှားသုံး။ အလုပ်ပါးတော့ ပြန်မဆပ်နိုင်။ဒီလိုနဲ့ပဲအကြွေးသံသရာလည်ပါတော့သည်။ ငွေရှင်ကြေးရှင်ကလဲ ပေးထားတဲ့ပိုက်ဆံပြန်မရသလို ချေးထားသူကလဲ ပြန်ဆပ်ချင်ပေမဲ့ မဆပ်နိုင်…။
ဒီလိုမိုးရာသီဆို ငွေကြေးမပြေလည်မှုတွေကြောင့် ကျွန်တော့်ဆီရောက်လာကြသူတွေအများသားပင်။ ငွေကြေးထုတ်မပေးနိုင်ပေမဲ့ မိမိပေးလိုက်တဲ့ အဆောင်ယတြာတွေကြောင့် အခက်အခဲတွေပြေပျောက်သွားသည်အတွက် ဝမ်းသာရသည်သာ။
ကျွန်တော်အနေနဲ့ကလဲ နယ်မြို့လေးမှာနေသူပြီပြီ ဆိုင်ခန်းကြီးကြီးနဲ့ဟောခန်းဖွင့်ထားသူမဟုတ်ပါဘူး။ ဆိုင်းဘုတ်ကြီးကြီးထောင်ထားသူလဲမဟုတ်ပါဘူး။ မိမိအိမ်ကိုလာမေးသူသာ ဟောပေးလိုက်သည်သာ။ တဆင့်စကား တဆင့်နားကြားလို့ လာမေးကြပေမဲ့ ကိုယ်ဆီလာသူတွေက လက်လုပ်လက်စားတွေပင်များသည်သာ။
ငွေကြေးပြတ်လပ်နေပြီ ၊ငွေမဝင်ဘူးဆိုရင် ၊
ရှိတဲ့ငွေတွေလဲမမြဲဘူးဆိုရင် ပထမဆုံးစဉ်းစားရမှာ
ငွေတော့ဝင်ချင်တယ်….အလုပ်ရောလက်ကြောတင်းအောင်လုပ်ရဲ့လား….?
မိဘဆီကနေ ပိုက်ဆံချေးပြီးပြန်မဆပ်သူလား…?
မိဘကို မလုပ်ကျွေးတဲ့အပြင်ဒုက္ခပေးနေသူလား…?
လာဘ်ဦးလာဘ်ဖျားပိုက်ဆံကိုကုသိုလ်အတွက်
အရင္ဆံုးမသံုးတဲ့သူလား…?
(အချို့တွေရှိကြပါတယ်။ လုပ်အားခလေးရလာပြီဆိုရင် အရင်ဦးဆုံး မီးဖိုချောင်သုံးပစ္စည်းအရင်ဝယ်တာ ၊အိမ်အသုံးအဆောင်ဝယ်တာ ၊ရလာတဲ့ငွေကို အရက်၊ကွမ်း၊ဆေးလိပ်အရင်ဝယ်သောက်တာမျိုးမလုပ်သင့်ဘူးဗျ။ ဘာသာရေးအတွက်အရင်ဆုံးစတိဖြစ်ဖြစ်သုံးသင့်တယ်။ဘုရားပန်းဝယ်တာ ၊ဘုရားပူဇော်ဖို့ အမွှေးတိုင်းဖယောင်းတိုင်ဝယ်တာ၊အလှူ ခံထဲထည့်ဝင်လှူဒါန်းတာတွေအတွက်အရင်သုံးသင့်တယ်။ အဲလိုမှမဟုတ်ရင် တစ်ရာလောက်ပဲဖြစ်ဖြစ် ကုသိုလ်ဖို့ ရည်ရွယ်ပြီးဖယ်ထား ကျန်တာကြိုက်ရာသုံးပေါ့။
ဒါမှလဲလာဘ်လာဘတွေဆက်တိုက်ဝင်မယ် ငွေမြဲပါတယ်။ မယုံရင်စမ်းပြီးစလုပ်ကြည့်ပါ)
မနက်မိုးလင်းတာနဲ့ မျက်နှာမသစ်ဘဲ မီးဖိုထဲ (သို့)အိမ်သာထဲအရင်စဝင်သူလား…?
စားပြီးသား စားကြွင်းစားကျန်အိုးခွက်ပန်းကန်တွေကို ချက်ချင်းမဆေးဘဲ မနက်ကျမှစုပြီးဆေးတဲ့သူလား….?
မနက်စောစော မင်္ဂလာယူချိန်မှာ လင်မယားအချင်းချင်းမိသားစုဝင်အချင်းချင်း စကားများပြီး အမြဲရန်ဖြစ်တတ်သူလား..?
အိမ်ထောင်ဦးစီးအမျိုးသားရဲ့ အဝတ်အစားအသုံးအဆောင်တွေကို ဟောင်းသွားပြီဆိုပြီး လက်သုတ် ၊ကြမ်းတိုက် ၊ဖုန်သုတ် လုပ်မိနေလား….?
စတဲ့အချက်တွေကို လုပ်မိနေရင်တော့ ဘယ်လောက်ပဲ ငွေဝင်အောင် လာဘ်ပွင့်အောင်လုပ်လုပ်မရပါဘူး။ အဲဒီအချက်တွေအရင်ရှောင်ပြီးပြီဆိုရင်တော့အဆောင်အကြောင်းပြောပါ့မယ်။
တားရော့ထုပ်မေဂျာ ၂၂ကဒ်ထဲက ဒုတိယကဒ်ဖြစ်တဲ့ THE HIGH PRIESTESS ကဒ်လေးကို ဆောင်ထားရမှာပါ။မြန်မာလိုတော့ မယ်တော်ကြီးကဒ်လို့ဘာသာပြန်ကြပါတယ်။
တားရော့ကျမ်းတွေမှာတော့ ပီယဓာတ်၊မေတ္တာဓာတ်ကိုပေးတယ်လို့ဆိုတယ်။ ငွေကြေးလာဘ်လာဘရွှင်စေပါတယ်။ ပိုက်ဆံအိတ် ၊လက်ပွေ့အိတ်ထဲဆောင်မယ်ဆို မူရင်းကဒ်sizeလောက်ကိုပဲမိတ္တူကူးကဒ်လောင်းပြီးဆောင်ထားပါ။ ဆိုင်တွေ မိမိအလုပ်ရုံ အိမ်တွေမှာချိတ်ဆွဲမယ်ဆိုရင်တော့ A4sizeလောက်ချဲ့ပြီး ကူးလိုက်ပါ။ ကဒ်လောင်းပြီး ဆိုင်တစ်နေရာမှာ ကြိုးလေးနဲ့ချိတ်ဆွဲထားလိုက်ပါ။ ဒါမှမဟုတ်နံရံမှာ Wall Sheetအနေနဲ့ကပ်ထားလဲရပါတယ်။ မိမိက တတ်နိုင်လို့ Vinylထုတ်ပြီး ဆိုင်မှာကပ်ထားရင်လဲရပါတယ်။
ဒီကဒ်လေးဟာ ငွေဝင်လာဖို့တွန်းအားတွေအများကြီး ပေးတဲ့ကဒ်ပါပဲ။ ငွေကြေးကံအထူးကောင်းလာမှာပါ။ အဆောင်ဆိုတာ သူ့ဆီမှာမမြင်ရတဲ့စွမ်းအားတွေရှိပြီးသားပါ။ အဆောင်လဲဆောင်ထား ၊မိမိလဲကံဉာဏ်ဝီရိယတွေနဲ့ ကြိုးစားမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ။ အဆောင်တော့ ဆောင်ပါရဲ့ ..ဘာမှမလုပ်ဘဲ အိပ်နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ဒီကဒ်လေးဟာ ဂဏန်းအရ ၂ဂဏန်းပေါ့။ တနင်္လာဂြိုဟ် ပိုင်စိုးတယ်။ ကောင်းကင်က လမင်းစိုးမိုးတယ်။ အေးမြတဲ့မေတ္တာကို
ကိုယ်စားပြုတယ်။
ဒါကြောင့်ဒီကဒ်ကိုဆောင်မယ်ဆိုရင် မနက်စောစောနဲ့ ညအချိန်တွေမှာ ၃၁ဘုံသတ္တဝါတွေကိုမေတ္တာပို့အမျှဝေပေးရပါတယ်။ မေတ္တာပို့လေလေ ကဒ်ကသိဒ္ဓိတင်ပြီးသားဖြစ်သလို အစွမ်းလဲပိုထက်လာမှာပါ။
ဒေါသအလွန်ကြီးသူ …
ဣႆ ၊မစၧရိယ ႀကီးမားသူ ….
ဘာပြောပြော ဘာလုပ်လုပ်အဆဲလေးနဲ့ပြောတတ်လုပ်တတ်သူ…
ကိုယ်ချင်းစာစိတ်နည်းပါးသူ ……တွေဆောင်ရင် သိပ်ပြီးမထူးခြားပါဘူးဗျ။
အထက်ပါအချက်တွေကလွတ်ကင်းသူတွေအတွက်ဘဝတစ်လျှောက်လုံးဆောင်လို့ရမဲ့အဆောင်ကောင်းလေးဖြစ်လာပါလိမ့်မယ်ဗျ။
ကိုယ်တွေ့အဆောင်ယတြာတွေကိုပဲ အကျိုးထူးလို့ ပေးနေရခြင်းပါ။ သူများတွေလို လက်ဆင့်ကမ်းတဲ့ယတြာတွေမဟုတ်ပါဘူး။
ကိုယ်တိုင်ဆောင်ကြည့်တယ်။ဘေးထွက် ဆိုးကျိုးရှိလဲကိုယ်ပဲခံမယ်ဆိုတဲ့စိတ်နဲ့လုပ်ကြည့်တယ်။ အဆင်ပြေပြီးဆိုမှ နီးစပ်သူလက်ဆင့်ကမ်းပါတယ်။ အဲဒီကထူးခြားပြီးဆိုမှပဲ အခုလိုလူသိရှင်ကြားပြောပြတာပါ။ ဖြစ်နိုင်သည်များကိုသာပေးလေ့ရှိပါတယ်။ တားရော့ စသင်ကတည်းက ကဒ်၂က ငွေရွှင်တဲ့အဆောင်မှန်းသိပါတယ်။ နှစ်ကြာလာမှ ကဒ်ဆောင်ထားသူတွေရဲ့ ဆောင်ရန်ရှောင်ရန်တွေပါရိပ်မိလာခဲ့တာပါ။
THE HIGH PRIESTESS ကဒ်လေးကိုဆောင်ထားပြီး ၇ရက်သားသမီးအပေါင်း လာဘ်ရွှင် ငွေရွှင်ပြီး စီးပွားရေးတွေ ဒီရေအလားတိုးတတ်ကြပါစေဗျ….။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

” မိမိဆိုင် လူစည်ကားစေဖို့”

တစ်နေ့တွင် ကျွန်တော့်အိမ်သို့ အသားဖြူ ဖြူ ၊အရပ်မြင့်မြင့်နှင့် အသက်၃၀ ဝန်းကျင်လောက်ရှိမဲ့ အမျိုးသမီးတစ်ဦး ဗေဒင်မေးရန်ရောက်ရှိလာလေသည်။
ခေတ်ဆန်ဆန် ဝတ်စားထားပြီး မျက်နှာကိုမိတ်ကပ်ထူထူလိမ်းထားသည်။ သူ့ဆံပင်မှာ ကာလာမျိုးစုံနှင့် ခြယ်သထားသည်မှာ တစ်မျိုးတော့ကြည့်ကောင်းနေပြန်သည်။
“ဆရာ…မဂၤလာပါ”
“ေအး မဂၤလာပါ”
“ရှင်းရှင်းပဲပြောပါစေဆရာ
ညီမကိုဗေဒင်လဲမတွက်ပါနဲ့
အနာဂတ္ကံၾကမၼာလဲ မသိခ်င္ပါဘူး။
ညီမဆရာ့ဆီလာတာက ယတြာလေးတစ်ခုတောင်းချင်လို့ပါပဲ”
“သြော်….ရပါတယ်ဗျာ”
“ညီမက အခုအလှပြင်ဆိုင်ဖွင့်ထားပါတယ် ဆရာ…
ဖွင့်ထားတာတော့သိပ်မကြာသေးပါဘူး။ ဆိုင်လူအဝင်နည်းနေသေးလို့ ဆရာ ….
အဲဒါလေးကူညီပေးပါအုံး”
“သြော် ဟုတ်ပါပြီဗျ…..အခုလိုပွင့်ပွင့်လင်းလင်းပြောတော့ကောင်းတာပေါ့ဗျ
အဲဒါဆို ဒီလိုလုပ်ဗျာ ..မြေအိုးလေးတစ်လုံးလောက်ဝယ်၊အဲဒီမြေအိုးလေးကို ငွေရောင် ဆေးသုတ်လိုက်ပါ။ ပြီးရင် ကံ့ကော် ၁၅ညွှန့်ကိုအိုးထဲမှာထိုးပါ။
အိုးထဲရေလေးအနည်းငယ်ထည့်ပေးပေါ့။ဆိုင်ရဲ့ မြောက်အရပ် အမြင့်တစ်နေရာမှာတင်ထားလိုက်ပါ။
စတင်ပန်းထိုးရမဲ့နေ့ရက်အချိန်က တနင်္လာနေ့ မနက်ရးဝဝနာရီတိတိပါ။ အဲဒီမှာ တစ်လက်စထဲရှင်းပြလိုက်မယ်။ မြေအိုးကိုငွေရောင်သုတ်ဖို့အဆင်မပြေရင် ငွေရောင်ဖိုက်ဘာပန်းအိုးလေးတွေဆိုလဲရတယ်။ ငွေရောင်အိုးဆိုရပြီ။ ဆိုင်ကဘယ်အရပ်ကိုပဲမျက်နှာလှည့်ထားပါစေ….ပန်းအိုးထိုးရမှာက မြောက်အရပ်ပဲ …ရှင်းရှင်းပြောရရင် သံလိုက်အိမ်မြောင်မှာပြတဲ့အရပ်မျက်နှာကိုဆိုလိုတာဗျ…..
“ကံ့ကော်ညွှန့် ညှိုးသွားရင်ရော…ဆရာ”
“ညှိုးသွားရင်တော့ တနင်္လာနေ့နံနက် ၇းဝဝနာရီမှာပဲ အသစ်ပြန်လဲပေးလိုက်ပါ။
” ဟုတ်ဆရာ… ညီမလဲဗေဒင်စာအုပ်တွေဖတ်ဖူးပါတယ်။ ဘာလို့ ကံကော်ညွှန့်ထိုးခိုင်းတာလဲဆရာ..”
“ဗေဒင်ပညာ နားလည်ရင်တော့ ဆရာရှင်းပြရင်သိသွားမှာပါ….ဒီလိုလေ အခုကိစ္စက ဆိုင်ကိုလူဝင်ဖို့ဖြစ်တဲ့အတွက် လူ=ဗုဒ္ဓဟူးနံရဲ့ ဆပွတ်ဂြိုဟ်က တနင်္လာမဟုတ်လား ..သူ့ကိုနိုင်လိုဆကိုခိုပညာခန်းလို့
မှတ်ထားလိုက်ပေါ့”
“အဲဒါဆိုဆရာ မြောက်အရပ်မှာတင်ထားခိုင်းတာကရောဆရာ ဘယ်လိုသဘောလဲ”
“အဲဒါကတော့ မိတ်ဓာတ်သဘောလေ…
လာစေလိုရင်မိတ်ဓာတ်…ထွက်စေလိုရင်ဓာတ်မိတ်ဆိုတာတော့
ညီမ ၾကားဖူးမယ္ထင္တယ္…”
“ကြားဖူးတယ် ….ဆရာ”
” ဗုဒ္ဓဟူးရဲ့မိတ်ကတနင်္လာ ဆိုတော့ ကံ့ကော်သုံးတာ။ဓာတ်က
သောကြာဆိုတော့ သောကြာရဲ့ အရပ်မျက်နှာက မြောက်အရပ်လေ…အဲဒါကြောင့်မြောက်အရပ်မှာတင်ခိုင်းလိုက်တာ”
“မိတ်ဓာတ်ကို အဲလိုလဲ သုံးလို့ရလားဆရာ”
“ရတာပေါ့ဗျ …ပညာရပ်တစ်ခုကိုထဲထဲဝင်ဝင်
နားလည်သွားရင်မိမိဉာဏ်ရှိသလိုသုံးနိုင်တယ်လေ”
“ကျေးဇူးပါ ဆရာ …ဒီနေ့တနင်္ဂနွေဆိုတော့ မနက်ဖြန်စပြီးစီရင်လိုက်ပါ့မယ်”
“ကောင်းပါပြီဗျာ”
*************************************
ကဲ….ဒီယတြာကတော့ ဆိုင်ဖွင့်ထားတဲ့လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးယတြာတစ်ခုဖြစ်လာမှာပါ။ အလှပြင်ဆိုင်မှ.. မဟုတ်ပါ။ အခြားစတိုးဆိုင်၊ရွှေဆိုင် ၊ဆေးဆိုင် ၊အိမ်ဆောက်ပစ္စည်းဆိုင် မည်သည့်ဆိုင်တွေမှာမဆိုလုပ်လို့သင့်တော်ပါတယ်။ customerတွေများများလာပြီး မိမိလုပ်ငန်းတိုးတတ်အောင်မြင်ပါလိမ့်မယ်။ မိမိဆိုင်လူအဝင်နည်းနေပြီ အရောင်းပါးနေပြီဆိုရင် ဒီယတြာလေးက
အများကြီးအထောက်အကူပြုပါလိမ့်မယ်။
အခုကစလို့ ငွေရောင်အိုးလေးထဲ ကံ့ကော်ညွှန့်၁၅ညွှန့်ထိုးထားပြီး
မြောက်အရပ်မှာတင်ထားခြင်းဖြင့်မိမိဆိုင် မိမိလုပ်ငန်း လူစည်ကားပြီး ရောင်းပန်းဝယ်ပန်းတွေ ပွင့်ကြပါစေဗျာ…
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

ခန္ဓီစေတီ ပုတီးစိပ်နည်း

 ကျွန်တော် လောကီပညာနဲ့ပက်သက်တဲ့ စာပေတွေဖတ်တဲ့နေရာမှာ

ဆရာသက်နှင်းဆွေ(ပုပ္ပါး) ရဲ့ စာအုပ်တွေကိုအလွန်ပဲနှစ်ခြိုက်မိသည်။
ဆရာရေးတဲ့ အဓိဋ္ဌာန်ကျင့်စဉ်တွေလဲ အခါအားလျော်စွာ ကျင့်နေမိသည်။ အခုတင်ပြတဲ့ ခန္ဓီစေတီပုတီးစိပ်နည်းကိုအချိန်တော်တော်ကြာစိပ်ခဲ့ဖူးသည်။ နိစ္စဓူဝ ဂုဏ်တော်တွေ ပွားနေချင်တဲ့ စိတ်ကပဲ ကောင်းကျိုး
တွေကို ဖြစ်ပေါ်စေသည်ဟုပဲ ထင်မိသည်။ လွန်စွာထူးခြားသည်။
ကျွန်တော့် ပရိသတ်ကိုကျင့်စေချင်တဲ့ ဆရာ့ရဲ့ဆောင်းပါးကိုပြန်လည်
တင်ပြလိုက်ရပါတယ်။
ထီပေါက်ဖူးတဲ့လူ
ဆရာသက်နှင်းဆွေ (ပုပ္ပါး)
(၁)
လွန်ခဲ့သည့် သုံးနှစ်ကျော်လောက်ကဖြစ် သည်။
မှတ်မှတ်ရရဖြစ်လောက်အောင်ပင် ထိုနေ့ နံနက်စောက နှင်းတွေထူထူထဲထဲဝေနေခဲ့လေသည်။ ဆောင်းအကုန်နွေအကူး ရာသီဦးတွင် ဆောင်း၏ လက်ကျန်နှင်းတွေက လှလှပပဝေနေခဲ့ခြင်းဖြစ် သည်။ မိုးလင်းပြီဖြစ်သော်လည်း သိပ်သိပ်သည်း သည်းကျဆင်းနေသည့် နှင်းမှုန်တွေကြောင့် ကားကို မီးဖွင့် ပြီးမောင်းနှင်နေရသည်။ နှင်းမှုန်တွေကြောင့် လမ်းဘေးဝဲယာမှရှုခင်းတွေကို ဘာမှသဲသဲကွဲကွဲ မမြင်ရ။ ထိုဝိုးတဝါးရှုခင်းတွေကိုပင် ငေးမောရင်း ကျွန်တော်လိုက်ပါလာဖြစ်သည်။
”ဘယ်လိုလဲ ကိုသက်နှင်းဆွေလေး၊ ကဗျာရေးဖို့စဉ်းစားနေတာလား”
ကျွန်တော်တို့အုပ်စုကို ဦးဆောင်ပြီးခေါ် လာခဲ့သည့် ကဗျာဆရာ၊ စာရေးဆရာ-ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က ကျွန်တော့်ကိုလှမ်းပြောလိုက်ခြင်း ဖြစ်သည်။ ဆရာ့ဇာတိပုတီးကုန်းသို့ ကျွန်တော် တို့ခရီးထွက်ခဲ့ကြခြင်းဖြစ်၏။ သည်အရွယ်တိုင် အောင်ပင် ဇာတိရွာပြန်အသိက ဆရာ့စိတ်ကို ပြန် လည်နုပိုျနေစေတတ်ဆဲပင်လား။ ဆရာ့မျက်နှာ မှအပြုံးရိပ်တွေက အခါတိုင်းထက် ကြည်လင်ခိုျမြ နေသည်မှာအမှန်ပင်။ ကျောင်းသားဘဝက ဆရာ မောင်စိန်ဝင်း၏ကဗျာတွေ၊ ဝတ္ထုတွေကို ကျွန်တော် တို့ လွန်စွာစွဲမက်ခဲ့ရသည်။ ထိုသို့ကျွန်တော်တို့ အားကျလေးစားခဲ့ရသလောက် ဆရာ့ကဗျာတွေ၊ စာတွေကလည်း ခန်းခန်းနားနားပင် သက်ဝင်လှပ နေခဲ့လေသည်။ ကဗျာအရှိန် အဝါကြီးမားခဲ့သည့် ဆရာက ကျွန်တော့်ကို ထိုစကားလေး ပြောလိုက် တော့ ကျွန်တော့်မှာမနေတတ်အောင် ဖြစ်သွားရသည်။ သို့သော် ဆရာက ကျွန်တော့်ကဗျာချစ်စိတ် ကိုသိထားသဖြင့် စိတ်ရင်းနှင့် ရိုးရိုးသားသားပြော လိုက်ခြင်းသာဖြစ်ကြောင်း ဆရာ့မျက်နှာတွင်ထင် ရှားနေပါသည်။
ကျွန်တော်ဘေးတွင်ထိုင်နေသည့် ကျွန် တော့်သူငယ်ချင်း မောင်ညိုအေး(ပန်းတော)က မျက်စိမှိတ်ပြီးဘုရားစာရွတ်ရင်း လိုက်ပါလာခဲ့ရာမှ-
”စီးကရက်သောက်ချင်တယ် ကိုသက်နှင်းဆွေရယ်”
ဟုသူ့ထုံးစံအတိုင်း ကလေးတစ်ယောက်လို ပူဆာလာလေတော့သည်။
ကျွန်တော်တို့အုပ်စုတွင် အသက်အကြီး ဆုံးဖြစ်သည့် ဆရာလယ်တွင်းသားစောချစ်ကိုမူ ဘတ်စ်ကား၏ ဟိုဘက်ခြမ်းခုံတန်းမှ ရှေ့ဆုံးခုံ(တစ် ယောက်ထိုင်ခုံ)တွင် သီးသန့်နေရာပေးထားလေ သည်။ ဆရာကြီးက စာအုပ်တစ်အုပ်ကို စိတ်ပါ လက်ပါဖတ်ရင်း လိုက်ပါလာတာတွေ့ရသည်။ စာအုပ်ကိုလှမ်း ကြည့်လိုက်မိတော့ ဆရာဦးသိန်း လွင်၏ ဒေးဗစ်ကော့ပါဖီးလ်စာအုပ်လေး (အင်္ဂလိပ် လိုရေးထားတာ)ကို ဖတ်နေတာ တွေ့ရသည်။ ဆရာက ကားပေါ်တွင် အပျင်းပြေဖတ်နေခြင်းမိုျး မဟုတ်ဘဲ စိတ်ဝင်တစားဖတ်နေခြင်းဖြစ်သည်။ ကျွန်တော်သည် ဆရာ၏ ‘ကျွန်တော် အမုန်းဆုံး ကျွန်တော်’ ဝတ္ထုကိုအလွန်ကြိုက်ခဲ့ပါသည်။
ဆရာမောင်စိန်ဝင်းက ကျွန်တော်တို့၏ ရှေ့တစ်ခုံကျော်တွင်ထိုင်သည်။ ဆရာနှင့်အတူ တွဲပြီးထိုင်သူမှာ ဆရာချစ်ဦးညိုဖြစ်သည်။ ဆရာ ချစ်ဦးညိုနှင့် ဆရာမောင်စိန်ဝင်းတို့က ငယ်ပေါင်း ကြီးဖော် သူငယ်ချင်းရင်းချာတွေလို ချစ်ခင်ရင်းနှီး ကြသူတွေဖြစ်သည်။ မင်းနှင့်ငါနှင့်ပင် ပြောကြတာ တွေ့ရသည်။ ဆရာမောင်စိန်ဝင်းက ဆရာချစ်ဦးညို ကို ‘ဘိုချစ်’ဟုချစ်စနိုးခေါ်တာကိုလည်းကြည်နူး ဖွယ်ရာတွေ့နေရသည်။ ကျွန်တော်သည် ဆရာချစ် ဦးညို၏ ‘သုဝဏ္ဏဘုမ္ပိဝေဒနာ’ဝတ္ထုကြီးကို တရှိုက် မက်မက်စွဲလန်းခဲ့သူဖြစ်သည်။ ထိုဝတ္ထုကြီး၏စကား ပြေထုဆစ်တင်ပြထားတာတွေကို အလွန်နှစ်သက် စွာလေးစားနေခဲ့မိသည်။ ထိုသို့ ကျွန်တော် လေးစား အားကျခဲ့ရသည့် ထိုဆရာကြီးတွေနှင့်အတူခရီးသွား ရခြင်းကို ကျွန်တော်ကျေနပ်နေမိပါသည်။
”ကိုသက်နှင်းဆွေ ဘာလိုတာရှိလဲ။ လို တာရှိရင်ပြောဗျာ။ ထိုင်ရတာအဆင်ပြေတယ် မ ဟုတ်လား။ ဟေ့မောင်ညိုအေး။ မင်းက စီးကရက်ဆာနေတာ မဟုတ်လား။ ရော့ရော့ ဟောဒီမှာ”
ဆရာမောင်စိန်ဝင်းက နောက်သို့မကြာ ခဏလှည့်ကာဂရုတစိုက်မေးနေလေသည်။
”ဟေ့မောင်စိန်ဝင်း။ ဘေးမှာရှိတဲ့ငါ့ကို လည်း ဘာလိုတာရှိလည်းလို့ မေးပါဦးလားကွာ”
ဆရာချစ်ဦးညိုက ထိုသို့ဝင်ပြောလိုက် သောအခါ ဆရာမောင်စိန်ဝင်းက-
”သေလိုက်ပါတော့ ဘိုချစ်ရာ။ မေ့နေ တာဟ။ မင်းအတွက်သီးသန့်စီစဉ်လာတာရှိတယ်”
ပြောပြောဆိုဆိုဆရာက ခရီးဆောင်အိတ် ထဲမှ ရေဗူးကဲ့သို့ စတီးလ်ဗူးခပ်ပြားပြားလေးကို ထုတ်ကာ ဆရာချစ်ဦးညို၏လက်ထဲသို့ထည့်ပေး လိုက်လေသည်။
”အေးကွာ…။ မင်းကိုအဲဒါလေးတွေ ချစ်ရတာပဲ မောင်စိန်ဝင်းရာ။ ခရီးသွားတဲ့အခါတော့ ဒီလို ‘ကွာလတီ’ ကောင်းတဲ့ဖျော်ရည်က အလိုအပ်ဆုံးပဲဟ”
ဆရာမောင်စိန်ဝင်းတို့ သူငယ်ချင်းနှစ် ယောက်သည် ထိုဗူးပြားလေးကိုတစ်ယောက်တစ် လှည့်မော့ရင်း ရယ်လိုက်မောလိုက်နှင့် လိုက်ပါလာ ကြလေတော့သည်။
”ကိုသက်နှင်းဆွေရေ။ ဒီဖျော်ရည်က ခင်ဗျားနဲ့မအပ်စပ်ဘူး။ ဟိုကောင်မောင်ညိုအေးက လည်း ဒါတွေမသောက်တော့ဘူး။ ခင်ဗျားတို့က စီးကရက်ဖွာကြဗျာ။ ရေဆာရင်ရေသန့်သောက်ကြ ဗျာ”
ဆရာမောင်စိန်ဝင်း၏အပြုံးတွေ ပိုပြီးနု ပိုျလာသည်ထင်ရ၏။ ဘတ်စ်ကားပေါ်တွင် ကျွန် တော်တို့အုပ်စုက ပတ်ဝန်းကျင်မှ ခရီးသည်တွေ အားကျရလောက်အောင် လွတ်လပ်ပေါ့ပါးစွာလိုက် ပါလာကြခြင်းဖြစ်သည်။ ဆရာမောင်စိန်ဝင်းနှင့် ဆရာချစ်ဦးညိုတို့ကလည်း တဟားဟား ပြောဆို ရယ်မောလျှက်။ ကျွန်တော်နှင့်မောင်ညိုအေးက စီးကရက်ကို ထိန်းထိန်းသိမ်းသိမ်း ဖွာရှိုက်ရင်း တွတ်ထိုးလျှက်။ ဆရာလယ်တွင်းသားစောချစ်က စာတစ်အုပ်နှင့်ငြိမ့်လျှက်။ ကားကအရှိန်မှန်မှန်ပြေး လျှက်။ တဖြည်းဖြည်းနှင့်ဆီးနှင်းတွေပါးလျလာ သည်။ ဘေးဘက်မှမြင်ကွင်းတွေကို လှလှပပမြင် လာရသည်။
ကျွန်တော်က မောင်ညိုအေးနှင့်စကား ပြောရင်းမှာပင် ကဗျာတစ်ပုဒ်ကိုရေးဖြစ်ခဲ့ပါသည်။
(၂)
ကျွန်တော်တို့သည် ပုတီးကုန်းမြို့လေး မှတစ်ဆင့် ဆရာ့ဇာတိ မယ်ဇလီတိုင်းရွာလေးသို့ ဆက်သွား ကြရမည်ဖြစ်သည်။ ဆရာ့ဇာတိရွာလေး တွင် ရွာဦးစေတီတော်လေးဆူကို ထီးတော်တင်ပွဲ ရှိသည်။ ထိုစေတီလေးဆူမှာ ရှေးဟောင်းစေတီ တော်တွေဖြစ်ပြီး နှစ်ပေါင်းများစွာကတည်းက ပြိုပျက်နေခဲ့ကာ ခြုံနွယ်ပိတ်ပေါင်းတွေထဲတွင် ပျောက်ကွယ်နေခဲ့ သည်ဆို၏။ ယခုထိုစေတီတော် တွေကို ဆရာနှင့်ရွာဦးဆရာတော်တို့က ဦးဆောင် ကာ အသစ်တဖန် ပြန်လည်ပြုပြင်တည်ထားပြီး ခဲ့လေပြီ။ စာမူခငွေရတိုင်း ဘုရားတည်ဖို့အတွက် ဆရာမောင်စိန်ဝင်း ငွေလွှဲပို့နေခဲ့တတ်တာ ကျွန် တော်သိနေခဲ့သည်။ ကျွန်တော်တို့လည်း အလှူငွေ အနည်းအကျဉ်းထည့်လှူထားဖြစ်ခဲ့၏။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မောင်ညိုအေး (ပန်းတော)နှင့်ကျွန်တော်တို့သုံးယောက်က ဆရာ တပည့်ရင်းတွေလည်းဖြစ်၏။ သားအဖတွေလို သံယောဇဉ်ကြီးကြသူတွေလည်း ဖြစ်သည်။ သူငယ်ချင်းအရင်းအချာတွေလို ရင်းနှီး ပွင့်လင်းစွာ နေထိုင်ဖြစ်တာတွေလည်း ရှိသည်။ အထူးသဖြင့် ၂ဝဝဝ ခုနစ်၏နောက်ပိုင်းကာလများ တွင် ကျွန်တော်သည် ဆရာ့ခင်မင်မှုအောက်မှာ ရင်းရင်း နှီးနှီး၊ ပွင့်ပွင့်လင်းလင်း၊ ကျိုးကျိုူနွံနွံပင် ကျွမ်းဝင် ခင်မင်စွာ နေထိုင်ဖြစ်ခဲ့သည်။ ကျွန်တော်နှင့် မောင်ညိုအေးတို့ကို ဆရာကလည်း အမှန်ပင်သံ ယောဇဉ်ကြီးရှာလေသည်။
ဆရာ့ကိုအကြောင်းပြု၍ စာပေနယ်မှ စာ ပေသြဇာကြီးမားသော စာရေးဆရာ၊ ကဗျာဆရာ ကြီးများစွာကို ကျွန်တော်ရင်းနှီးခွင့်ရခဲ့ပါသည်။ ယခု ဆရာ လယ်တွင်းသားစောချစ်နှင့် ဆရာချစ်ဦးညို တို့ကိုလည်း ဆရာမောင်စိန်ဝင်းကြောင့်ပင် တွေ့ဆုံ ခင်မင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ယခုခရီးတွင် ကျွန်တော်က ဆရာမောင် စိန်ဝင်း၏ သီးသန့်ဖိတ်ခေါ်မှုဖြင့် လိုက်လည်ခြင်း ဖြစ်သည်။ ကျွန်တော်တို့နှင့်အတူ ဆရာ့သူငယ်ချင်း ဦးကိုကြီး(လူရွှင်တော်တိုင်ကီ)လည်း လိုက်လည် လေခဲ့သည်။
ကားပေါ်တွင် ကျွန်တော်တို့အဖွဲ့တပျော် တပါးလိုက်ပါသွားခဲ့ကြ၏။ ရန်ကုန်ပြည်လမ်းမကြီး မှ ပုတီးကုန်းမြို့ဘက်သို့ လမ်းခွဲသည့်နေရာတွင် ဘတ်စ်ကားကြီးပေါ်မှ ဆင်းခဲ့ကြပြီး ပုတီးကုန်းမှ လာကြိုသူတွေ၏ကားလေးဖြင့် ခရီးဆက်ခဲ့ကြရပြန် သည်။ လာကြိုသည့်အဖွဲ့က ကားသာမက ဆိုင် ကယ်တွေရောပါလာသဖြင့် ပိုပြီးစည်ကားသိုက်မြိုက် သွားသည်။ ဆရာမောင်စိန်ဝင်း၏ရွာလေးသို့ရောက် တော့ ဘုရားထီးတင်ပွဲနှင့်စာပေဟောပြောပွဲကို ပေါင်းပြီးစီစဉ်ထားသဖြင့် တစ်ရွာလုံးအုန်းအုန်း ကျွက်ကျွက်စည်ကားနေတာ တွေ့ရပါသည်။ ဆရာ့ သားအလတ်ကိုချို(ကဗျာဆရာချိုသက်)က ရွာတွင် ကြိုပြီးရောက်နေနှင့်သည်။ ကိုချိုက ရွာမှသူငယ် ချင်းတွေ၊ ဆွေမိုျးတွေနှင့် တစ်သားတည်းကျနေ တာကိုလည်း သတိပြုမိပါသေးသည်။
ထို့အပြင် ရွာမှလူကြီးပိုင်း၊ လူလတ်ပိုင်း တွေသာမက လူငယ်ပိုင်းတွေကပါ ဆရာမောင်စိန် ဝင်းကို အလွန်ချစ်ခင်ကြ၊ ကြည်ညိုလေးစားကြ၊ အားကိုးအားထားရှိကြတာတွေ့ရသည်။ နေ့ခင်းစာ၊ ညစာစီစဉ်ထားတာတွေက လိုလေသေးမရှိအောင် အထူးမြိုင်ဆိုင်၍နေသည်။
ရွာဦးကျောင်းဆရာတာ်နှင့် ဆရာမောင်စိန်ဝင်းတို့ ဦးစီးဦးဆောင်ပြုကာ ပြုပြင်တည်ထား သည့် ရွှေစေတီ၊ ငွေစေတီ၊ မြစေတီနှင့် ပတ္တမြားစေ တီတွေက ကြည်ညိုစရာကောင်းလှ၏။
ကျွန်တော့်တို့အဖွဲ့က သက်တော်ကြီးရင့် လှပြီဖြစ်သော ရွာဦးဆရာတော်ကြီးကို ကန်တော့ ကြခိုက် ဆရာချစ်ဦးညိုက ဆရာတော်ထံ ပျပ်ဝပ် ရိုကျိုးစွာချည်းကပ်ပြီး စကားတစ်ခွန်းကိုလျှောက် ထားလိုက်လေသည်။
”အရှင်ဘုရား။ တပည့်တော်တို့ ပုထုဇဉ် လူသားတွေအတွက် ဘဝမှာသွားလာနေထိုင် နေရင်း နဲ့အထိရောက်ဆုံးလိုက်နာ ကျင့်သုံးသွားသင့်တဲ့ အရိုးရှင်းဆုံး၊ အထိမိဆုံးနဲ့ အတိုဆုံးအနှစ်ခုျပ်ဖြစ်တဲ့ မြတ်ဗုဒ္ဓအဆုံးအမ တရားဓမ္မတစ်ခုကို ညွှန်ပြဆုံး မူတော်မူပါဘုရား”
ထိုအခါ ဆရာတော်ကြီးက-
”မကောင်းမှုဟူသမျှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ ကောင်းမှုဟူသမျှ အတတ်နိုင်ဆုံး ဖြည့်ကျင့်ပါ။ စိတ်ကိုဖြူစင်အောင်ထားပါ ”
ဟုတည်ကြည်အေးချမ်းစွာဆုံးမမိန့်ကြား တော်မူလိုက်၏။
”မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ အဲဒါပဲပေါ့ဒကာရယ်။ အဲဒါ ဟာ လူတွေအမြဲလိုက်နာသွားသင့်တဲ့ မြတ်ဗုဒ္ဓအဆူ ဆူတို့ရဲ့ အကောင်းဆုံးသောအဆုံးအမဓမ္မပါပဲ”
ကျွန်တော်သည် တစ်ခွန်းချင်းမိန့်ဟသွား တော်မူသည့် ဆရာတော်ကြီးကိုလည်း ကြည်ညို၍ မဆုံးတော့။ ထိုသို့သော အချိန်ပိုင်းလေးမျှသာရ သည့်အခွင့်အရေးလေးကိုပင် အကျိုးရှိအောင် မေးမြန်းလျှောက်ထားတတ်သည့် ဆရာချစ်ဦးညိုကို လည်း လေးစားစိတ်နှင့်အတူ ကျေးဇူးတင်မဆုံး တော့။
ထိပ်ဆုံးသို့ရောက်သည်အထိ အောင်မြင် ကြီးပွားသွားသူတို့တွင် ထိုသို့သော ကျွန်တော်တို့ အတုယူစရာအမူအကျင့်ကောင်းတွေ မည်မျှရှိနေလေ ဦးမည်နည်း။ အောင်မြင်သူတို့တွင် အောင်မြင်ထိုက်
သည့် အရည်အချင်းတွေ အခိုင်အမာရှိနေပါလား ဟုလည်း တွေးမိလိုက်ပါသေးသည်။
(၃)
ညရောက်တော့ ရွာအပြင်မှကွင်းပြင်ကြီး တွင်ဇာတ်စင်ကြီးကခန့်ငြားစွာရှိနေသည်။မီး ရောင်စုံတွေနှင့် ပွဲဈေးတန်းကြီးကလည်း တမျှော် တခေါ်ဖြစ်နေ၏။ ပရိသတ်တွေက ကွင်းနှင့်အ ပြည့်။ အံ့သြစရာကောင်း လောက်အောင် စည်ကား လှသည့် ကျေးလက်စာပေဟောပြောပွဲပင်ဖြစ်သည်။ ထိုပရိသတ်အများစုက သူတို့နယ်သားနိုင်ငံကျော် စာရေးဆရာ၊ကဗျာဆရာကြီးအား ချစ်ခင်မြတ်နိုး သည့်စိတ်ကိုအခြေခံပြီး ရောက်လာကြတာ ဖြစ် နိုင်ကြောင်း ကျွန်တော်လိုက်တွေးမိပါသေးသည်။ စာရေးဆရာတွေက တခန်းတနားပြင်ဆင်ထားသည့် ဇာတ်စင်ကြီးပေါ်မှာတက်ပြီး ဟောပြောရသည်။ ဆရာမောင်စိန်ဝင်းက မိတ်ဆက်စကားပြောရုံသာ ပြောသည်။ ဆရာမောင်ညိုအေး(ပန်းတော)၊ ဆရာ လယ်တွင်းသားစောချစ်၊ ဆရာချစ်ဦးညိုတို့သုံး ယောက်ဟောပြောကြသည်။
ထိုဆရာသုံးယောက်လုံးက ဆရာမောင် စိန်ဝင်းကို တလေးတစားဂုဏ်ပြုပြီး ပြောသွားကြ သည်။ ဆရာတွေဟောတာပြောတာတွေကလည်း ကြက်သည်းထလောက်အောင် ကောင်းပါသည်။ လက်ခုပ်သံတွေဝေစည်၍နေသည်။ဟောပြောပွဲက အရှိန်အဟုန်ကောင်းကောင်းနှင့် အောင်မြင်သွားခဲ့၏။
ဟောပြောပွဲပြီးတော့ ကျွန်တော်တို့ တည်းခိုရာ ဆရာမောင်စိန်ဝင်း၏အိမ်ကြီးသို့ ပြန်လာ ကြသည်။ ထိုအိမ်ကြီးက ဆရာမောင်စိန်ဝင်း၏ ဇာတိချက်မြှုပ်ခဲ့သည့်နေရာ၊ ဆရာ့ဘဝ၏အောင် မြေတစ်ခုပင်ဖြစ်၏။ ဆရာ့မိဘတွေချန်ထားရစ်ခဲ့ သည့် မိမွေဖမွေအိမ်ကြီးက ဘုန်းကြီးကျောင်းကြီး လို ခန့်ငြား၍နေသည်။ ကျွန်းတိုင်ကြီးတွေကလည်း အံ့သြစရာခန်းနား၍နေ၏။
”ဟောဒါက ကျွန်တော်ကျောင်းပြီးစ တုန်းက ရွာမှာလာပြီးနားနေရင်း ပဌာန်းန်းရွတ်ခဲ့တဲ့ နေရာပဲ ကိုသက်နှင်းဆွေရေ။ ဟောဒီခုံလေးက ပဌာန်းန်းစာအုပ်တင်ရွတ်တဲ့ခုံပဲ”
အပေါ်ထပ်တွင် ဆရာငယ်စဉ်က ဖတ်ခဲ့ သည့် စာအုပ်ဘီဒိုရှိ၏။
”ဟေ့ မောင်စိန်ဝင်း မင်းငယ်ငယ်က ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်တော့ အမှတ်တရယူသွား ရမယ်သူငယ်ချင်းရာ”
ဆရာချစ်ဦးညိုက စာအုပ်တစ်အုပ်ကို တောင်းယူလေသည်။ ကျွန်တော်နှင့်ဆရာမောင်စိန် ဝင်းတို့က အပေါ်ထပ်မှာ တက်အိပ်ဖြစ်ခဲ့သည်။ မအိပ်ခင် ကျွန်တော်တို့အတွက် အသင့်ပြင်ထား သော ညလယ်စာဖြင့် ဧည့်ခံပါသေးသည်။
”ကြက်သားကာလသားချက် စီစဉ်ထား တယ်။ အစ်ကိုရေစားပြီးမှပဲ အေးအေးဆေးဆေးနား ပါဗျာ”
ဆရာမောင်စိန်ဝင်းက ဆရာလယ်တွင်း သားစောချစ်ကို အစ်ကိုဟုခေါ်၏။ ဆရာလယ်တွင်း သားစောချစ်က အေးအေးချမ်းချမ်း တည်တည် ကြည်ကြည်နှင့် အလွန်လူကြီးပီသစွာပြောဆို ဆက် ဆံတတ်သူဖြစ်လေသည်။ ဆရာ့ထံတွင် နူးညံ့မှု တွေထုံမွှမ်း၍နေတာတွေ့ရသည်။
ကျွန်တော်သည် ကျွန်တော်လေးစား ကြည်ညိုရသည့် ဆရာကြီးတွေပြုမူသမျှ၊ ပြောဆို သမျှတို့ကိုငေးကြည့်၍မဝ၊ နားထောင်၍မဝ ဖြစ်နေရတော့၏။
”ဟေ့ကောင် ဘိုချစ်။ ဒီဖျော်ရည်တွေ ကိုတော့ မင်းတစ်ယောက်တည်း ဖြုန်းပေတော့ ကွာ”
”ဟာ…အဲလိုတော့မလုပ်နဲ့သူငယ်ချင်း ရာ။ တစ်ယောက်တည်းသောက်ရတာ ဘယ်ခိုျမှာ လဲကွ။ မင်းလည်းအတူချ”
သူငယ်ချင်းနှစ်ယောက်က တက်ညီ လက်ညီဖြစ်နေသည်။ ဖျော်ရည်ဆိုသည်မှာ ဘီယာ ဖြစ်၏။ လမ်းတွင် ဆရာနှစ်ယောက်မော့နေခဲ့သည့် ဂျပ်ပြားဗူးလေးထဲတွင် အကောင်းစားဝီစကီတွေ ထည့်ထားခြင်းဖြစ်ကြောင်း ညရောက်မှပြောပြ၏။ ဆရာမောင်စိန်ဝင်းရော၊ ဆရာချစ်ဦးညိုပါ အရက် သေစာကို စွဲမြဲစွာသောက်တတ်သူတွေ မဟုတ်။ အခုလို ခရီးသွားချိန်တခိုျ့တွင် အပျင်းပြေသဘော သောက်လျှင်လည်း ဝီစကီ အကောင်းစားကိုသာ အဓိကသောက်တတ်၏။ ဆရာလယ်တွင်းသားစော ချစ်၊ မောင်ညိုအေးနှင့် ဦးကိုကြီးတို့က အရက် သောက်သူတွေမဟုတ်။ ကြက်သား ကာလသား ချက်ဟင်းကိုသာစားကြသည်။ ကျွန်တော်ကမူ အရက်ဝိုင်းကိုပင် ဝင်ထိုင်လေ့သိပ်မရှိသူ။
”ကိုသက်နှင်းဆွေရေ…။ ကျွန်တော် တို့နဲ့လာထိုင်ပါဗျ။ အခုဘီယာလောက်ပဲသောက် နေတာပါ။ ထိုင်လို့ဖြစ်ရင် လာထိုင်ပါ။ ကြုံတုန်း စကားပြောကြရအောင်”
ဆရာချစ်ဦးညိုက ကျွန်တော့်ကို တရင်း တနှီးဖိတ်ခေါ်လေသည်။ ကျွန်တော်သည် ဆရာ တို့နှင့်အတူထိုင်ပြီး ရေနွေကြမ်းသောက်ရင်း စကား ပြောဖြစ်ခဲ့ပါသည်။ အားလုံးအိပ်ယာဝင်သွားသည် အထိ ဆရာမောင်စိန်ဝင်း၊ ဆရာချစ်ဦးညိုနှင့် ကျွန် တော်တို့သုံးယောက် ဆက်ပြီးစကားပြောနေကြသေး ၏။ အနီးကပ် ပြောဆိုနေထိုင်ဖြစ်တော့မှ ဆရာ ချစ်ဦးညိုသည် ပွင့်လင်းရိုးရှင်းသောစိတ်ဓာတ်ရှိသူ ဖြစ်ကြောင်း သိသာလာ၏။ နက်ရှိုင်းစွာရှင်သန် နေသည့်ဆရာ့အနုပညာစိတ်ကြောင့်လည်း ပိုပြီး ခင်မင်လေးစားစရာကောင်းနေသည်ဟု ကျွန်တော့် စိတ်တွင် ခံစားလာရပါသည်။
”ဆရာထီပေါက်ဖူးတယ်လို့ကြားဖူး တယ်။ အဲဒီအကြောင်းလေး နည်းနည်းပြောပြပါ လားဆရာ။ အဲဒီတုန်းက ထူးထူးခြားခြားလုပ်ဖြစ် ခဲ့တဲ့ ဘာသာရေးကျင့်စဉ်လေးတွေရှိရင်လည်း ပြော ပြပါဦး။ မှတ်သားရတာပေါ့ဆရာ”
ကျွန်တော်နှင့်ဆရာချစ်ဦးညိုသည်လည်း ထိုစကားဝိုင်းမှာပင် ဆရာတပည့်ရင်းတွေလို ရင်း နှီးသွားခဲ့တော့သည်။
”ဟုတ်တယ်ကိုသက်နှင်းဆွေရေ။ ကြာ တော့ကြာခဲ့ပြီဗျ။ အဲဒီတုန်းက ထီပေါက်ခဲ့တာက လည်း ဆုကြီးဗျ။ ငွေကလည်း အခုထက်တန်ကြေး ကောင်းတဲ့ခေတ်ဗျာ။ ဒီလိုဗျ အဲဒီတုန်းကကျွန်တော် အဓိဌာန်န်တစ်ခုဝင်ဖြစ်ခဲ့တယ်။ ခင်ဗျား သိမှာပါဗျာ ခန္ဓာဓမ္မစေတီအဓိဌာန်န်ဗျ။ ခန္တီစေတီလို့လည်း ခေါ် ကြတယ်လေဗျာ။ အဲဒါကို ကျွန်တော် ဝင်ခဲ့တာ။ စေတီပေါင်း ကျွန်တော့်သက်စေ့ဝင်ဖြစ်ခဲ့တာဗျ။ အဲဒီအဓိဌာန်န်ကို စေတီပေါင်း သက်စေ့ဝင်ပြီး သိပ် မကြာပါဘူး။ ထီထပေါက်တော့တာပါပဲ”
ဆရာ့စကားကြောင့် ကျွန်တော်အံ့သြ သွားခဲ့ရသည်။
”တစ်ခုတော့ရှိတယ်ဗျ။ ကျွန်တော်က ထီ ပေါက်ချင်လို့ ဘာလို့ရယ်တော့မဟုတ်ဘူး။ ဗုဒ္ဓါနု ဿတိဘာဝနာကုသိုလ်ကောင်းမှုအလုပ်ကို ကိုယ် စိတ်ပါတုန်းအချိန်လေးမှာ၊ ကိုယ်တတ်နိုင်သ လောက်အတိုင်းအတာလေးနဲ့ ဖြည့်ကျင့်ထားဦးမယ် ဆိုတဲ့ ကုသိုလ်ချစ်စိတ်လေးနဲ့ လုပ်ဖြစ်ခဲ့တာဗျာ။ ထီပေါက်တာကတော့ သူ့အကိုျးဆက်တစ်ခု ပဲဖြစ်ပါလိမ့်မယ်”
ထို့နောက်ဆရာက ထိုစဉ်က အကြောင်း တခိုျ့ကို တဖွဲ့တနွဲ့ပြောပြနေပြန်သည်။ ကျွန်တော် သည်ထိုညက အချိန်တွေကုန်လွန်သွားခဲ့တာကိုပင် နှမြောနေမိတော့၏။
”တစ်ခုပြောပြဖို့ကျန်နေသေးတယ် ကို သက်နှင်းဆွေရေ။ အဲဒီအချိန်တွေတုန်းက ကျွန် တော်အမြဲလိုလို အရက်သောက်ဖြစ်နေခဲ့တယ်ဗျ။ အဲဒီအဓိဌာန်ဝင်နေတုန်းမှာတောင် ပုတီးစိပ်ပြီးတာနဲ့ အရက်သောက်ဖြစ်တဲ့နေ့တွေ ရှိခဲ့ဖူးတယ်ဗျာ။ နောက်တော့မှ ကျွန်တော်သုံးသပ်မိတာက ငါးပါး သီလကို လုံလုံခြုံခြံုစောင့်ထိန်းပြီးအဲဒီအဓိဌာန်န်ကို ထိထိမိမိ ဝင်နိုင်မယ်ဆိုရင် ဒီထက်ပိုပြီး ထူးခြား တဲ့ကောင်းကိုျးပေးတာမိုျးတွေဖြစ်လာနိုင်တယ်လို့ တွေးမိခဲ့တာပါ။ အဲဒီတုန်းကတော့ အရက်ကို သောက်ဖြစ်နေခဲ့တာဗျ။ အခုတော့ ဘီယာလောက် တောင်မှ ခုလိုတစ်ခါတစ်ရံလောက်ပဲ သောက်ဖြစ်ပါ တော့တယ်ဗျာ”
ထိုညက ကျွန်တော်တို့အိပ်ယာဝင်တော့ ညနှစ်နာရီပင်မကတော့။ အိပ်ယာဝင်ခါနီးတွင်မှထို စကားကိုဆရာချစ်ဦးညိုက ထပ်ပြောခဲ့ခြင်းဖြစ် သည်။
(၄)
နောက်နေ့တွင် ဆရာလယ်တွင်းသား စောချစ်နှင့် ဆရာချစ်ဦးညိုတို့ ပြန်သွားကြသည်။ ကျွန်တော်တို့က ဆရာမောင်စိန်ဝင်းနှင့်အတူကျန် ရစ်ခဲ့သည်။ ကျွန်တော်တို့ချစ်ခင်လေးစားရသည့် ဆရာ့ရွာ၊ ဆရာ့အိမ်၊ ဆရာ့ငယ်ဘဝအငွေ့အသက် တွေကို ကျွန်တော်ခံစားနေဖြစ်ခဲ့ပါသည်။ ဆရာ့ စာအုပ်ဘီဒိုကြီးကိုလည်း ဖွင့်ပြီးဆွဖြစ်ခဲ့သည်။ ဆရာနှင့်အတူ စကားတွေပြောဖြစ်ခဲ့သည်။ ထို့အပြင် ဆရာတို့ရွာနှင့်သိပ်မလှမ်းတော့သည့် ရွှေကျောင်း ဆောင် ဘုရားကို သွားဖူးဖြစ်ခဲ့သေးသည်။ ဆရာ မောင်စိန်ဝင်း၏တူတော်သည်ဆိုသည့် မယ်ဇလီတိုင်း ရွာမှ ကျောင်းဆရာဦးလှသောင်းတို့အဖွဲက ကျွန် တော်တို့ကို လိုလေသေးမရှိအောင် တာဝန်ကျေစွာ ဧည့်ဝတ်ပြုခဲ့ကြလေသည်။ ထိုခရီးသည် ကျွန်တော့် ဘဝ၏ အမှတ်တရတွေထဲမှ အထင်ကရခရီး တစ်ခုဖြစ်နေခဲ့လေသည်။
ထိုခရီးမှပြန်လာကတည်းက ဆရာချစ် ဦးညိုပြောပြသည့်ကျင့်စဉ်ကို ရေးဖို့စိတ်ကူးထားခဲ့ မိသည်။
”ကိုသက်နှင်းဆွေ။ ခင်ဗျားကို ဘိုချစ် ပြောတဲ့ကျင့်စဉ်လေး ရေးပါလားဗျ။ စိတ်ဝင်စား တဲ့စာဖတ်ပရိသတ်လည်း ကျင့်သုံးနိုင်တာပေါ့။ ကုျပ်တို့အတူသွားခဲ့တာလေးကိုလည်း မှတ်တမ်း တင်ပြီးသားဖြစ်သွားတာပေါ့”
ဆရာမောင်စိန်ဝင်းကလည်း ထိုသို့ နှစ်ကြိမ်လောက် သတိတရ တိုက်တွန်းခဲ့ဖူးသည်။ သို့သော် ကျွန်တော်မရေးဖြစ်ခဲ့။ အမှန်ကိုဝန်ခံရလျှင် ကျွန်တော့်ထက် အတိုင်းအဆမရှိအောင် စာပေ အရှိန်အဝါ၊ စာပေသြဇာမြင့်မားသည့် ဆရာကြီး တွေ၏အကြောင်းကိုရေးရမှာ လက်တွန့်နေခဲ့ခြင်း သာဖြစ်၏။
”ဟေ့လူ ကိုသက်နှင်းဆွေ။ ဘာမှလက် တွန့်မနေပါနဲ့ဗျာ။ ခင်ဗျားရေးတတ်သလိုသာရေး စမ်းပါ”
ယခု၂ဝ၁၁ခုစက်တင်ဘာလ၏ တစ်ရက် တွင် ဆရာမောင်စိန်ဝင်းနှင့်ဆုံခိုက် ထိုသို့ထပ်ပြော ခဲ့ပါသေးသည်။
(၅)
ခန္ဓီစေတီ(ခေါ်) ခန္ဓာဓမ္မစေတီအဓိဌာန် ကျင့်စဉ်ကို ကျွန်တော်အနည်းငယ်မျှ ကျင့်သုံးကြည့် ခဲ့ဖူးပါ၏။ စွဲစွဲမြဲမြဲထိထိမိမိ မကျင့်ဖြစ်ခဲ့ပါ။ သို့သော် လူတခိုျ့ကို ညွှန်ပြပေးခဲ့ဖူးပါသည်။ ထူးခြားလှ တာတွေ့ရပါသည်။ ခန္ဓီစေတီအဆူများစွာတည် နေခဲ့သည့် အဓိဌာန်ရှင်တွေကိုလည်း တော်တော် များများတွေ့ခဲ့ဖူးပါသည်။ ကောင်းမှုမြတ်နိုးစိတ် သက်သက်ဖြင့်ကျင့်သုံးရင်း ထိုသူတို့၏လူမှုဘဝ တွင် အခက်အခဲတွေ ထူးခြားစွာပြေလည်သွား ကြောင်း၊ ဘဝတိုးတက်မြင့်မားလာကြကြောင်း ကိုယ်တွေ့ပြောပြချက် ထူးခြားမှုတွေကိုလည်း မှတ် သားရဖူးပါသည်။
ခန္ဓီစေတီ(ခေါ်)ခန္ဓာဓမ္မစေတီအဓိဌာန်ကျင့်စဉ်
ပုတီးစိပ်ရာတွင် အဆင့်(၁၆)ဆင့်ရှိသည်။ (၁၆)ဆင့်ပြည့်က အခြေခံလ္လင်တော်မှ အထက်စိန် ဖူးတော်အထိ စေတီတစ်ဆူပြီးမြောက်သည်ဟု မှတ် ပါ။ တစ်ဆင့်လျှင် ပုတီး(၁ဝ)ပတ်စီစိပ်ရမည်။ (၁၆) ဆင့်ပြီးက ပုတီးပတ် (၁၆ဝ) ပြည့်ကာစေတီတော် တစ်ဆူအောင်မြင်ပါပြီ။
တစ်ရက်လျှင်တစ်ဆင့်ဖြစ်စေ၊ နှစ်ဆင့် ဖြစ်စေ၊ ငါးဆင့်ဖြစ်စေ စသည်ဖြင့် စိပ်သွားနိုင်သည်။ သို့မဟုတ် တစ်ရက်တည်းနှင့် (၁၆)ဆင့်ပြည့်အောင် အပြီးစိပ်လိုပါက စိပ်နိုင်သည်။
၁-အဓိဌာန်ကျင့်စဉ် (စေတီအရေအတွက်) မိမိသက်စေ့ပြည့်လျှင် အခက်အခဲအန္တရာယ်များရှိ ပါက သိသာစွာကင်းရှင်းသွားပြီး ကောင်းကိုျးအ ကြံအစည်များ အထူးအောင်မြင်နိုင်သည်ဟု ရှေး မှဆရာတို့၏ညွှန်ပြမှုကို မှတ်သားရဖူးပါသည်။
၂-၁ဝ၈ ဆူတည်မိလျှင် (ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များကိုပင် ဖူးတွေ့ရနိုင်ကာ) အထူးထူးသော လောကီလောကုတ္တရာကောင်းကိုျးများ ရရှိနိုင်သည် ဟု ညွှန်းဆိုထားပါသည်။
၃-ဗုဒ္ဓါနုဿ တိ ၊ဓမ္မာနုဿ တိ၊ သံဃာနုဿ တိ ဘာဝနာတို့သာ လက္ခဏာရေးသုံးပါးကမ္မဌာန်းစီးဖြန်းခြင်း၊ သရဏဂုံတည်ခြင်း၊အမြတ်ဆုံးဂုဏ်တော်တို့ကို ပူဇော်ခြင်းစသည့် အမြတ်ဆုံး ဘာဝနာတို့ပေါင်းစုစီမံကာ အဓိဌာန်ဘာဝနာပွားထုံ သောကျင့်စဉ်ဖြစ်၍ ထွဋ်မြတ်လှပါသည်။
ပုတီးပတ်ရေများများရဖို့ စိတ်စောပြီး အလော တကြီး မစိပ်မိစေဘဲ အာရုံမိမိဖြင့်၊ ကြည်ညိုစိတ်ဖြင့် သာ ပွားထုံသင့်ပါသည်။
၄-အဓိဌာန်ပုတီးစိပ်ကာ ခန္ဓာဓမ္မစေတီတည် ရာတွင် အထူးသန့်ပြန့်စွာ ဝတ်စားပြင်ဆင်ပြီးမှ၊ အနန္တငါးပါးအား ရိုသေကိုင်းညွှတ်စွာ ကန်တော့ ခြင်း၊ ခင်ပွန်းကြီးဆယ်ပါးအားပြစ်မှားမိခဲ့တာတွေ ရှိပါက ဝန်ချတောင်းပန်ခြင်း၊ ငါးပါးသီလ ခံယူခြင်း စသည့် ပရိကံတို့ကို ကျကျနနပြုပါ။ အဓိဌာန်စေတီ တစ် ဆင့်ပြီးတိုင်း၊ သို့မဟုတ် တစ်ဆူပြီးတိုင်း သုံးဆယ့်တစ်ဘုံသား (သိကြား၊ နတ်၊ လူ၊ ဗြဟ္မာ၊ ဝေနေယျသတ္တဝါ) အားလုံးကို ကျကျနန အမျှပေး ဝေပါ။ မေတ္တာပို့ပါ။
၅-ပုတီးစိပ်ရာတွင်၁ဝ၈လုံးပုတီးဖြင့်စိပ်ပါ။
-ဗုဒ္ဓံသရဏံဂစ္ဆာမိ- ၁ဝ ပတ်(တစ်ဆင့်)
– ဓမ္မသရဏံဂစ္ဆာမိ- ၁ဝ ပတ်
– သံဃံသရဏံဂစ္ဆာမိ- ၁ဝ ပတ်
– အရဟံ- ၁ဝ ပတ်
-သမ္မာသမ္ဗုဒ္ဓေါ- ၁ဝ ပတ်
-ဝိဇ္ဇာစရဏသမ္ပန္ဓော- ၁ဝ ပတ်
– သုဂတော- ၁ဝ ပတ်
– လောကဝိဒူ- ၁ဝ ပတ်
– အနုတ္တရောပုရိသဓမ္မသာရတ္ထိ- ၁ဝ ပတ်
– သတ္တာဒေဝမနုသာနံ- ၁ဝ ပတ်
– ဗုဒ္ဓေါ- ၁ဝ ပတ်
– ဘဂဝါ- ၁ဝ ပတ်
– အနိစ္စ- ၁ဝ ပတ်
– ဒုက္ခ- ၁ဝ ပတ်
– အနတ္တ- ၁ဝ ပတ်
– (ပု-ဒိ-အာ၊ အာ-ဒိ-ပု )- ၁ဝ ပတ်
ထိုစနစ်အတိုင်းစိပ်ရပါမည်။
အထက်တွင်ဆိုထားသည့်အတိုင်း တစ်နေ့ တစ်ဆင့်ဖြစ်စေ၊ ၁၆ ဆင့်လုံး (စေတီတစ်ဆူပြီး မြောက်အောင်) ဖြစ်စေအဆင်ပြေသလို စိပ်နိုင်ပါ သည်။
ယခုဤဆောင်းပါးသည် တစ်ခါက ထိုကျင့်စဉ်အဓိဌာန်ဝင်ပြီးချိန်မှပင် တိုက်ဆိုင်စွာ ထီပေါက်ခဲ့ဖူးသည့် ဆရာချစ်ဦးညို၏ ပြောပြ ချက်လေးကို တင်ပြလိုခြင်းသာဖြစ်ပါသည်။ ထို ခရီးတွင်ဆရာနှင့်ဆုံခဲ့ပြီး ယခုနောက်ပိုင်းတွင် ဆရာ့အောင်မြင်မှုတွေက တဟုန်ထိုး တိုးတက် နေဆဲပင်ဖြစ်သည်။ ယခု နောက်ပိုင်းတွင် ထိုကျင့် စဉ်ကို ဆရာချစ်ဦးညို ထပ်မံ ကျင့်ဖြစ်သည် မကျင့် ဖြစ်သည်တော့ မသိပါ။ သို့သော်ဟိုစဉ်က ထိထိမိမိကျင့်သုံးခဲ့ဖူးသည့် ကုသိုလ်စွမ်းအား အရှိန် အဟုန်က ဆရာ့ဘဝကို မြင့်သည်ထက် မြင့်အောင် ယခုထက်တိုင်တွန်းတင်ပေးနေ ဆဲဖြစ်သည် ဆိုတာကိုတော့ ကျွန်တော် မမှိတ်မသုန် ယုံကြည်နေ မိပြန်ပါသတည်း။
(မှတ်ချက်။ ကျွန်တော်ရေးသားတင်ပြ မှုမကျွမ်းကျင် မပြည့်စုံခြင်းကြောင့် ထိုဆရာတို့၏ ဂုဏ်သိက္ခာပုံရိပ်တို့ကို တစ်စုံတစ်ရာထိခိုက်စေ သည့် စကားလုံးအဓိပ္ပါယ်သက်ရောက်စေမှုတို့ ရှိ ခဲ့လျှင် ဤနေရာမှပင် နဖူးမြေစိုက်ဦးခိုက်ကန်တော့ တောင်းပန်အပ်ပါသည်။ အမှန်မှာ ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာလယ်တွင်း သားစောချစ်တို့သည် ကျွန်တော့်မိတ်ဆွေများမဟုတ် ကြပါ။ ကျွန်တော်လွန်စွာလေးစားအားကျစွာ အတု ယူရသည့်၊ စာပေပညာခံယူနေရသည့် ကျွန်တော့် ဆရာများသာဖြစ်ပါသည်။ သက်ရှိထင်ရှားထိုဆရာ များကို ဤဆောင်းပါးဖြင့်ပင် အမှတ်တရ ရေးသား ပြီးဂါဝရပြုခြင်း ဟုသာမှတ်ယူစေချင်ပါသည်။)
ဆရာများကိုချစ်ခင်လေးစားစွာဖြင့်
အားလုံးသတ္တဝါချမ်းသာပါစေ
သက်နှင်းဆွေ-ပုပ္ပါး
(၄.၁ဝ.၂ဝ၁၁။ အဂၤါညေန-၄း၁ဝ။
(နေလဂျာနယ်..၂၀၁၁..မှ)
ခန္ဒာဓမ္မစေတီအဓိဌာန်ကိုဖတ်ချင်တယ်၊တင်ပေးပါဆိုတဲ့…ခင်မင်ရသူတစ်ဦးသို့.
Google Play Store ကနေလဲ download ဆွဲပြီး မှတ်သားနိုင်ပါသေးတယ်။

သာမုဒြိက သျှတ္တရ ကျမ်း အလာ.. မိန်းမ တွေ အကြောင်

 

အင်း.. ခုခေတ်ကြီးက.. ယောက်ျားတွေ ခြေတလှမ်းမှားယင်- ရီးစား၊ မိန်းမ လက်မှာ အသက်ပျောက်နိုင်.. ဘဝ ပျက်နိုင်တဲ့ ခေတ်ဆိုတော့-

သာမုဒြိက သျှတ္တရ ကျမ်း အလာ.. မိန်းမ တွေ အကြောင်း မျှေ၀ ပေးပါမယ်။
အယူမသည်း ကြစေလိုပါ..ပညာပိုင်း အနေနဲ့သာ လေ့လာစေလိုပါတယ်။
ပန်းရောင် ပြေးပြီး- ချောမွေ့ ပြီး- အပေါ်ကို မြင့်တက် နေတဲ့- ခပ်ဝိုင်းဝိုင်း ခြေသည်း ပုံရှိတဲ့ မိန်းကလေး ဟာ- ဘဝ မှာ ပျော်ရွှင်ခြင်း၊ ကျန်းမာ ခြင်းတို့ နဲ့ ပြည့်စုံမှာ ဖြစ်ပြီး..
အမည်းရောင် သန်းနေမယ်.. မလှမပ ခြေသည်း ဟာ ကံဆိုးစေမယ့် မိန်းကလေး ဖြစ်မယ် ဆိုပါတယ်။
အခုပုံလို- မြင့်တက်ပြီး- ပြည့်လုံး နေတဲ့- ပန်းရောင် ခြေချောင်း လေးတွေဟာ ပျော်ရွှင်မှု နဲ့ ပြည့်စုံတဲ့ ဘဝကို ရစေတဲ့ မိန်းကလေး ဖြစ်စေပြီး- သေးပြီး အချိုးမကျတဲ့ ခြေချောင်းလေး တွေဟာ- ဒုက္ခကို ဖြစ်စေ တတ်ပါတယ်။
ခြေချောင်းလေး တွေ တိုယင်- အသက်တိုတတ်ပါတယ်။ ခြေဖဝါး – အပြားလိုက်ကြီး ဖြစ်နေယင်- ဆင်းရဲ တတ်ပြီး- သူတပါး အစေခံ ဖြစ်တတ်တယ် ဆိုပါတယ်. ခြေဖဝါး ဟာ ကောက်ကွေး နေယင်တော့- လှည့်ပတ်တတ်တဲ့ စရိုက် ရှိတယ် ဆိုပါတယ်။
ခြေချောင်းလေး တွေဟာ- နောက်ခြေချောင်း တခုအပေါ် သွားထပ် နေယင်- စောစောစီးစီး မုဆိုးမ ဖြစ်မယ် ဆိုပါတယ်။ဒီခြေတောက်ကတော့- ယောက်ျားလေးများ အတွက် အန္တရာယ်ပါ။
လက်တွေ့မှာ- ကျွန်တော့ အဘွားဖြစ်ခဲ့ပြီး- အဘိုးဟာ – ကျွန်တော့ မေမေ ၃-၄-နှစ် သမီးလောက်မှာ-အဘိုးဟာ သွေးတိုး နဲ့ ရုတ်တရက် ဆုံးပါး ခဲ့ပါတယ်။
ခြေသန်း လေးဟာ- မြေပြင်ကို ချလိုက်ယင် မထိပဲ- နေခဲ့ယင်- ဒီမိန်းကလေးဟာ- ပထမ ယောကျ်ားကို စွန့်ပြီး- နောက်တယောက်ကို ယူလိမ့်မယ် ဆိုပါတယ်။ ခြေညိုးဟာ- ခြေမထက် ရှည်ယင်- အိမ်ထောင်မကျခင်-ကျပြီး ပျော်ရွှင် ရပါမယ်။ အဲ..ခြေခလယ် နဲ့ ခြေသူကြွယ် တို့- မြေပြင်ကို မထိယင်- သေချာပေါက် မုဆိုးမ ဖြစ်မယ် ဆိုပါတယ်။
တကယ်လို့- ခြေကျင်းဝတ် အရေပြားဟာ-အကြော တွေ မမြင်ရပဲ ချောမွေ့ နေယင်- ဘုရင်မ လက်္ခဏာပါ။ ခြေကျင်းဝတ်မှာ အမွေးသေးလေး တွေ ရှိယင်- သူများကို အလုပ်အကျွေး ပြုရတတ်ပါတယ်။ အဲ.. ခြေချောင်းဟာ- အသား သိပ်မမြင်ရပဲ- ပျားကပ်ကပ် အရိုးကပ် ဖြစ်နေယင်တော့- လိင်ကိစ္စ သိပ်အဆင် မပြေတတ်လို့ ဆိုပါတယ်။
မိန်းကလေး တယောက်ရဲ့ ပေါင်တံ ဟာ- အသားပြည့်ပြည့် နဲ့ လုံးဝန်းမယ်။ ဆင်နှာမောင်း ပုံရှိပြီး- အချိုးကျမယ်။ဆိုယင်- အောင်မြင်တဲ့ သူရဲ့ ကတော် ဇနီး ဖြစ်မယ် ဆိုပါတယ်။
ခေမာ မိဖုရားကြီးဟာ- ထွာဆိုင်မျှသော ခါးကို ရှိတယ် ဆိုပါတယ်။ ခါးဟာ- လက်၂၄လုံး ပမာဏ (၁၅-၁၆ လက္မ) ရှိယင် ဘဝမှာ ပျော်ရွှင်ရပြီး ပြည့်စုံ ချမ်းသာမယ် ဆိုပါတယ်။ တကယ်လို့- ခါးလျား ရှည်ပြား ပြီး အထဲခွက်နေမယ်- အမွှေးအမျှင် ရှိမယ် ဆိုယင်တော့- မုဆိုးမ ဖြစ်ပြီး ဒုက္ခများတတ်တယ် ဆိုပါတယ်။
ကြာဖူး သဏ္ဍာန် လက်မ ဟာ- ဘုရင့်ကတော် ဖြစ်စေတတ်ပြီး.. ကွေးကောက်ပြီး- အရိုးပေါ် နေယင် ကံမကောင်းတတ်လို့ ဆိုပါတယ်။
သဘာဝ အတိုင်း ပန်းရောင်ပြေးနေတဲ့ လက်သည်း- က. ကြင်နာ တတ်သော စရိုက်ကို ပြပါတယ်။ အကယ်၍ ခပ်ဝါဝါ ဖြစ်နေမယ်- မညီမညာ ဖြစ်နေမယ်- ဆိုယင် တော့- ရက်စက် တတ်တယ် ဆိုပါတယ် .
ကျောပြင် ဟာ အသားပြည့်မယ်- အမွှေးအမျှင် ကင်းမယ် ဆိုယင်- အိမ်ထောင်ရေး သာယာပြီး- အသားနည်းမယ်- အမွှေးထူမယ် ဆိုယင်တော့- နှုတ်ကြမ်းပြီး- သူချစ်တဲ့ သူတွေတောင် သူ့ဒဏ် ခံကြရမယ် ဆိုပါတယ်။
မိန်းကလေး ရဲ့ ရွှေလည်တိုင်မှာ- ပြည့်ဖြိုးစွာနဲ့- အစင်း ၃-ရစ်ကို မြင်သာယင်- အင်မတန် ကောင်းမြတ်တဲ့ ဇနီး နဲ့ မိခင် ဖြစ်မယ် ဆိုပါတယ်။ တောင့်တင်းလွန်းယင်- မုဆိုးမ ဖြစ်ပြီး.. လည်တံ တိုမယ်- ဆိုယင် သားသမီး မရတဲ့ အမြုံ ဖြစ်မယ် ဆိုပါတယ်။
နဖူးကြောတွေ မမြင်ရပဲ- လခြမ်းပုံ နဖူးပြင် ဟာ- လက်၄-လုံး အကျယ်ရှိယင်- ကံကောင်းတဲ့ မိန်းကလေး ဖြစ်ပါတယ်။ နဖူးမှာ စကြ်ာ ရှိယင်- ဘုရင်မ- မိဖုရား ဖြစ်ပြီး.. အမွှေးထူယင်တော့ ကံဆိုးတယ် ဆိုပါတယ်။
နျူမာန် (မိုးတား)

တန်ဖိုးထားအပ်သော ကျောက်မျက်ရတနာအဆောင်များ

တစ်နေ့တွင် အားလပ်ရက်ဖြစ်တာကြောင့် စာအုပ်ဆိုင်တွေဘက်ကို ခြေဦးလှည့်ဖြစ်သည်။ ဆိုင်ထဲကောင်းရာနိုးနိုး စာအုပ်လေးတွေရွေးနေတုန်းမှာပဲ ဖုန်းဝင်လာသည်။
” ဟဲလို မင်္ဂလာပါ
ကျွန်တော်ငြိမ်းအေးလူပါ”
” အေး ..ညီလေး …အကိုအောင်သန်းပါ “
“ပြော….အကို”
” အကိုအခုရွှေဆိုင်တန်းဘက်ရောက်နေတယ်၊ အကိုလက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်လို့။ ရှင်းရှင်းပြောရရင် စိန်လက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်တာ…. ဒာဲဒါအကိုနဲ့သင့်တော်ရဲ့လာလို့……”
” သင့်တော်တယ်အကို…. ဟိုတစ်ခါအကိုဗေဒင်လာမေးကတည်းက စိန်ကိုအဆောင်အဖြစ်ဝတ်ဆင်သင့်တယ်လို့ ကျွန်တော်ပြောဖူးပါတယ်။ ရွှေနဲ့ပဲဖြစ်ဖြစ် ၊ ပလက်တီနမ်နဲ့ပဲဖြစ်ဖြစ်ကွင်းဝတ်လို့ရတယ်။ ညာဖက် လက်ခလယ်မှာ ဆင်မြန်း
ရမယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်….”
” ငါ့ညီပြောတာအကို မှတ်မိပါတယ်၊ အချို့ကပြောကြတယ်၊ စိန်ကလူခိုက်တယ်ဆိုလို့ “
“မဟုတ်ပါဘူးအကိုရာ …ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ စိန်ကိုအထွဋ်အမြတ်ထားကြတယ်လေ
စေတီပုထိုးတွေမှာ စိန်ဖူးတော်ဆိုပြီး အလေးအမြတ်ထားကြတယ်မဟုတ်လား
ဒါကြောင့်ပဲ စိန်ကိုဝတ်ဆင်တဲ့သူတွေဟာ သီလမြဲရင်အလွန်အကျိုးပေးပါတယ်…..အကိုကသီလရှိပြီးသားပဲ ..အမြဲတမ်းခါးဝတ်ပုဆိုးလိုမြဲအောင်ကြိုးစားပေါ့”
“. စိတ်ချပါ…ကွာ အကိုလဲသီလရှိအောင်နေပါတယ် ဒါနဲ့စကားမစပ် စေတီတွေမှာစိန်ဖူးတော်ကို ဘာလိုအထွဋ်အမြတ်ထားတာလဲ…ငါ့ညီသိရင် ပြောပြပါလား…”
“ကျွန်တော်သိသလောက်ပြောရရင်တော့ စိန်က ကာဗွန်ဒိုင်အောင်ဆိုက်ဒ်ကင်းတယ်။ သူရဲ့ hardness powerကလဲ အမြင့်ဆုံးရှိတယ်။ သူ့ကို ရွှံနွံထဲမှာပဲထားထား အညစ်အကြေးထဲမှာပဲထားထား သူရဲ့ဓာတုဗေဒ ဂုဏ်သတ္တိတွေကပြောင်းလဲသွားတာမျိုးမရှိဘူး…..
အဲလိုပဲဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို
ဆင်းရဲသားပဲကျင့်ကျင့်
သူဌေးပဲကျင့်ကျင့်
ဘုရင်ပဲကျင့်ကျင့်
သူတောင်းစားပဲကျင့်ကျင့် ..ရရှိလာတဲ့ ဓမ္မချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟာလဲ ပြောင်းလဲခြင်းမရှိဘူး
အဲဒါကြောင့်ပဲ ဓမ္မကို စိန်နဲ့ နှိုင်းယှဉ်ပြီး စေတီတွေမှာ စိန်ဖူးတော်အဖြစ်အထွဋ်အမြတ်ထားတယ်လို့ကြားဖူးတာပဲ..”
“အခုလိုရှင်းပြတာ ကျေးဇူးပါပဲ…..ငါ့ညီရာ
အဲဒါဆို အကိုဝယ်လိုက်တော့မယ်….”
” ဝယ္သာ ဝယ္လိုက္ပါ အကို…..”
*************************************
အဲဒီလိုမျိုး အဆောင်ကျောက်တွေနဲ့ ပက်သက်ပြီး တော့မေးမြန်ကြသူတွေ အပြင်မှာရော လိုင်းပေါ်မှာပါအရမ်းများကြပါတယ်။ အဆောင်ကျောက်မျက်ရတနာတွေနဲ့ ပက်သက်ပြီးရေးပေးဖို့ တိုက်တွန်းကြသူတွေလဲရှိကြပါတယ်။
အဆောင်ကျောက်မျက်ရတနာတွေက လူသားတွေအပေါ် အကျိုးသက်ရောက်မှုတွေရှိစေတာ
တော့အမှန်ပါပဲ၊ အချို့က အထွန့်တက်ကြသည်။ မြေအောက်ကနေထွက်ပြီး လူသားတွေက တန်ဖိုးထားစရာလို့သတ်မှတ်လိုက်လို့ ရတနာဖြစ်လာတဲ့ သတ္ထုတွေက လူသားတွေရဲ့ အောင်မြင်မှု၊ ချမ်းသာမှု ၊ပျော်ရွှင်မှု ၊ကျန်းမာမှုတွေအတွက် အထောက်အပံ့တွေ၊ကောင်းကျိုးတွေ ဖြစ်စေပါ့မလားလို့ အမေးခံရဖူးပါတယ်။
ဒီမှာတင်အဖြေကပါပြီးသားပါ။ လူတွေတန်ဖိုးထားစရာလို့သတ်မှတ်ထားခဲ့ကြတာဟာ ဘယ်အချိန်ဘယ်ကာလကတည်းကဆိုတာ
မသိနိုင်အောင် ကြာမြင့်ခဲ့ပါပြီ။ ဒီရတနာတွေကို
လူတွေကမြတ်နိုးခဲ့ကြတာဟာ လူသားစဉ်ဆက်နှစ်ပရိစ္ဆေတရှိနေပါပြီ။ အဲဒီလိုမြတ်နိုး တန်ဖိုးထားကြတဲ့ ရတနာတွေကို မိမိရဲ့ ခန္ဓာကိုယ်မှာဆင်မြန်းထားပြီဆိုကတည်းကထိုရတနာရဲ့ဟိတ်တွေ မိမိဆီကို ဝင်လာတာမဆန်းပါဘူး။
သဘာဝတရားကြီးက လွန်စွာဆန်းကြယ်သည်။ မိမိဉာဏ်တစ်ထွာတစ်မိုက်လောက်နှင့် ဉာဏ်မှီဖို့မလွယ်ပေ။မိမိဉာဏ်မမှီတာနဲ့ပဲ လက်မခံဘူးဆိုရင် အရမ်းရယ်စရာကောင်းနေမည်သာ။
နေ၊လ၊ရေ၊မြေ၊လေ၊သစ်ပင်တောတောင် စတဲ့သဘာဝအကြောင်းတရားတွေရှိလို့သာ သက်ရှိတွေရှင်သန်နိုင်သည် မဟုတ်လား။ ဒီသဘာဝတရားကြီးကမွေးဖွားပေးလိုက်တဲ့ မြေပေါ်မြေအောက် ရတနာတွေကလဲလူသားတွေအပေါ် သက်ရောက်မှုတွေရှိ သည်သာ။ ဒါကြောင့်ပဲသစ်ရွက်သစ်ဖုတွေဟာ လူသားတွေရဲ့ ဆေးဝါးဖြစ်လာခဲ့ကြသည်။
သဘာဝတရားကြီးမှာ သူ့အာနိသင်နှင့်သူရှိကြသည်။ဒီလိုပဲကျောက်မျက်ရတနာတွေမှာ သူ့အမျိုးအစားအလိုက်အကျိုးအာနိသင်တွေရှိကြစမြဲပင်။
အနည်းငယ်ပြောပြရရင်….
ပတၱျမား
ပတ္တမြားဟာ ရန်ကိုအောင်စေတဲ့နေရာမှာအထူး
ကောင်းတယ်။ရဲရင့်မှု ၊ ထက်မြက်မှု၊ စိတ်အားထက်သန်မှုတွေကိုလဲပေးစွမ်းတယ်။
ပုလဲ
ပုလဲက မျက်နှာပွင့်တယ်။ စန်းပွင့်တယ်။ ငွေရွှင်တယ်။ငွေမြဲတယ်။လာဘ်လာဘကိုပေးစွမ်းတယ်။
စိန်
စိန်ကတော့ ဘုန်းကံမြင့်မားစေပါတယ်။အောင်မြင်မှုတန်ခိုးသြဇာထက်မြက်မှုကို ပေးစွမ်းတယ်။
နီလာ
နီလာကတော့ လုပ်ငန်းကိုတိုးတတ်စေတယ်။ အောင်မြင်စေတယ်။စီးပွားရေးကံကောင်းစေတယ်။ ရန်ငြိုးတွေပြေငြိမ်မှုကိုပေးစွမ်းပါတယ်။
သန္တာနီ
အချစ်ရေး၊အိမ်ထောင်ရေး ပျော်ရွှင်ချမ်းမြေ့စေတယ်အချစ်ရေးကံကောင်းစေတယ်။ ပီယဓာတ်ကိုပေးစွမ်းပါတယ်။
ဥႆ ဖယား
ဥဿ ဖယားက ကံဆိုးခြင်းတွေလျော့ပါးသက်သာတယ် ဘဝအခြေခိုင်မာစေတယ်။ တည်ငြိမ်မှုကိုပေးစွမ်းတယ်။
ပယင်း
ပယင်းကမှတ်ဉာဏ်ကိုကောင်းစေတယ်။ဒေါသကိုထိန်းချုပ်နိုင်တယ်။မေတ္တာတရား ခွင့်လွှတ်ခြင်းကိုပေးစွမ်းတယ်
ကြောင်
ကြောင်ကျောက်က စွန့်စားမှုကိုဖြစ်ပေါ်စေတယ်။ ကံညံ့တာတွေပျောက်စေတယ်။ အနာဂတ်ကြိုတင်ခန့်မှန်းနိုင်မှုကိုပေးစွမ်းတယ်။
ျမ
မြကတော့ ပေါများကြွယ်ဝစေတယ်။ မိသားစုရဲ့ပျော်ရွှင်မှုငြိမ်းချမ်းမှုကိုပေးစွမ်းတယ်
ဂေါ်မုတ်
ဂေါ်မုတ်က ကိုယ်ခံအားကိုကောင်းစေတယ်။ သန်မာခြင်းနဲ့ ခွန်အားကိုပေးစွမ်းတယ်။
မဟူရာ
မဟူရာက သူများမပြုစားနိုင်ဘူး။ အတွေးအခေါ် ကောင်းစေတယ်။ ရန်အောင်ခြင်းကိုပေးစွမ်းတယ်။
ဒါကတော့ ကျောက်မျက်ရတနာအချို့ရဲ့ အစွမ်းအာနိသင်ကိုအနည်းအကျဉ်းဖော်ပြတာပါ။ အဲဒီမှာ
ရွှေကတော့ ကျန်းမာခြင်း ၊ ယုံကြည်ခြင်း ၊ ရဲရင့်ခြင်းတွေကို ပေးစွမ်းသလို လူ အများနဲ့လဲသဟဇာတ
ဖြစ်စေတဲ့ရတနာပါပဲ။
တစ်ဦးတစ်ယောက်ဆီအတွက်သင့်တော်တဲ့ အဆောင်ကျောက်တွေကို ပြောရမယ်ဆိုရင် အယူအဆတွေကအရမ်းများတာတွေရတယ်။ နေ့သားအလိုက် ၊မဟာဘုတ်အကြွင်းအလိုက်၊ အင်္ဂဝိဇ္ဇာအလိုက် အဆောင်ကျောက်တွေ ကွဲပြားနေသေးပါတယ်။ ထိုနောက်ရာသီအလိုက် ၊ ဂဏန်းဗေဒင်အလိုက်လဲ ထပ်မံကွဲပြားမှုကရှိနေပါသေးတယ်။ အရှေ့တိုင်းနည်းအရရော အနောက်တိုင်းနည်းအရပါ မူတွေအမျိုးမျိုးကွဲနေပါသေးတယ်။ အဲဒီတော့ အဆောင်ကျောက်တွေအကြောင်းသာ အစုံရေးပြရမယ်ဆိုရင် ခေါင်းအုံးအိပ်လို့ရမဲ့ အထူလောက်စာအုပ်တစ်အုပ် ဖြစ်လာနိုင်စရာရှိပါတယ်။
အဲဒီတော့ ကျွန်တော်လက်ရှိအသုံးပြုနေပြီး ၇ရက်သားသမီးကို လက်ဆင့်ကမ်းနေတဲ့ အဆောင်ကျောက်မျက်ရတနာ ဆောင်နည်းကတော့ မိမိတို့မွေးတဲ့ အင်္ဂလိပ်မွေးရက်အရ ဆောင်ရတဲ့ နည်းပါပဲ။ ဒီနည်းလေးကို လွန်ခဲ့သော ဆယ်စုနှစ်က ဆရာ
သက်နှင်းဆွေ(ပုပ္ပါး)ရေးတဲ့ ဆောင်းပါးထဲက ရခဲ့တယ်။
လက်တွေ့အသုံးပြုခဲ့တာကြာပြီ။ တကယ်လဲအစွမ်းထက်မြက်ပြီးအကျိုးထူးတာများစွာတွေ့ရသည်။
*************************************
မိမိဟာခရစ်နှစ် မည်သည့်နှစ်၊မည်သည့်လတွင်မဆို
၁ရက်၊ ၁၀ရက်၊ ၁၉ရက်၊ ၂၈ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့
စိန်၊ပယင်းနှင့် အဝါရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာခရစ်နှစ် မည်သည့်နှစ်၊မည်သည့်လတွင် မဆို
၂ရက်၊ ၁၁ရက်၊ ၂၀ရက်၊ ၂၉ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲ၊ကျောက်စိမ်းနှင့် အစိမ်းနုရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်
ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၃ရက်၊ ၁၂ရက်၊ ၂၁ရက်၊ ၃၀ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့….
ငွေသားလက်စွပ်နှင့် ဂေါ်မုတ်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၄ရက်၊ ၁၃ရက်၊ ၂၂ရက်၊ ၃၁ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့….
ရွှေကိုတတ်သစ်စနေဝန်းပုံဖော်ပြီး လက်စွပ်ကွင်း ဝတ်ကာ အဆောင်ရတနာအဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၅ရက်၊ ၁၄ရက်၊ ၂၃ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
စိန်၊ငွေနှင့် ပြဒါးလုံး ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၆ရက်၊ ၁၅ရက်၊ ၂၄ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
မြကျောက်နှင့် အပြာရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၇ရက်၊ ၁၆ရက်၊ ၂၅ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲ၊ကြောင်ကျောက်နှင့် အရောင် ဖျော့ သော ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၈ရက်၊ ၁၇ရက်၊ ၂၆ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲနက်၊ရေသံနှင့် မဟူရာကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၉ရက်၊ ၁၈ရက်၊ ၂၇ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပတ္တမြားနှင့် အနီရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်
ဆင်မြန်းနိုင်ပါတယ်၊၊
မိမိကအဆောင်အဖြစ်နဲ့ ဝတ်ဆင်မဲ့ရတနာကို မဝတ်ဆင်ခင် ပထမဦးစွာ နွားနို့နဲ့ အရင်စိမ်လိုက်ပါ။ ပြီးရင် ရေသန့်နဲ့ ၂၁ကြိမ်တိတိ
ဆေးကြောပါ။
ရေဆေးပြီးတာနဲ့ အမွှေးနံ့သာ တစ်ခုနဲ့ ပက်ဖြန်းပါ။ မိမိကိုယ်တိုင်ကလဲ ရေမိုးချိုး ကိုယ်လက်သန့်စင်ပါ၊ ဘုရားမှာ ပန်းဆီမီးရေချမ်း ကပ်လှူပူဇော်ပါ။ဘုရားရှိခိုး ပရိတ်ပဋ္ဌာန်း ရွတ်ဆိုပြီးမှ ဝတ်ဆင်ပါ။
အဆောင်ကို လက်စွပ်အဖြစ်ဝတ်ဆင်မယ်ဆိုရင်တော့ ညာလက်မှာပဲ
ဝတ်သင့်ပါတယ်။ လက်ခလယ် (သို့)လက်သူကြွယ်မှာ ဝတ်ဆင်ပါ။
ထူးထူးခြားခြားကံကောင်းခြင်း၊ လာဘ်ရွှင်ခြင်း၊ ဘေးရန်ကင်းခြင်း၊
မျက်နှာပွင့်ခြင်း၊ ပြောစကားအောင်မြင်ခြင်း၊ မိသားစုအိမ်ထောင်ရေး ချမ်းမြေ့ခြင်း၊ သူတစ်ပါးဒုက္ခမပေးနိုင်ခြင်း ငွေမြဲခြင်း ၊ကျန်းမာခြင်း၊
စတဲ့ကောင်းကျိုးတွေရရှိစေပါတယ်။ ကျောက်မျက်ရတနာဟာ လှပရုံဆင်မြန်းထားဖို့မဟုတ်ဘဲ စနစ်တကျဆောင်ထားခြင်းဖြင့် ကောင်းကျိုးအနန္တတွေ ဖြစ်ပေါ်စေကြောင်း တင်ပြလိုက်ရပါတယ်ဗျာ
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

” မင်္ဂလာရက်မြတ် လက်ထပ်မဲ့သူတွေ”

ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုတာနဲ့ ဟိုမှဒီမင်္ဂလာတေးသံ
တွေပျံ့လွင့်လာပေအုံးမည်။ မင်္ဂလာရက်မြတ် ရွေးချယ်ကြသူတွေ ဇာတာတိုက်စစ်ကြသူတွေလဲ ဒီကာလမှာ ကျွန့်တော့်ဆီတဖွဲဖွဲလာမေးလေ့ရှိသည်။ ကျွန်တော့်အနေနဲ့ ပေါ့ပေါ့တန်တန်လုပ်လို့မရပေ။ တာဝန်ကြီးသည်။ပြဿ ဒါး၊ရက်ရာဇာလောက်နှင့် တွက်လို့မရ။ မင်္ဂလာ ဆောင်သင့်သည့်လ၊ဆောင်သင့်သည့်ရက် ဆောင်သင့်သည်အချိန်တွေကို အသေးစိပ်တွက်စစ်ရသည်။
မင်္ဂလာသတို့သားလောင်း သတို့သမီးလောင်းလျားတွေရဲ့ နေ့နံဇာတာအလိုက် အသုံးပြုရမဲ့ မင်္ဂလာပန်း ၊ ဆင်မြန်းရမဲ့ မင်္ဂလာဝတ်စုံအရောင်တွေကအစ စီစစ်ရလေသည်။ နောက်ပြီး တရားရုံးမှာ လက်ထပ်စာချုပ်ပေါ်တွင် လက်မှတ်ထိုးကြမဲ့ နေ့ရက်အခါသည်လဲအရေးကြီးသည်မဟုတ်လား။
သွေးမတော် သားမစပ် တစိမ်း ယောကျာ်းလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ဘဝကြင်ဖော်အဖြစ်တစ်သက်စာလက်တွဲသွားမည့် အဦးအစမင်္ဂလာဦးအချိန်သည် လွန်စွာအရေး ကြီးလေသည်။ ဘဝတစ်ခုစတင်တည်ဆောက်ကြပြီဆိုရင် လိုအပ်သောဆောင်ရန်ရှောင်ရန်တွေ အများကြီးလိုအပ်သည်။ နီးစပ်ရာ ဆရာတစ်ဦးထံတွင်သေချာ တွက်စစ်သင့်ပေသည်။ ဒီဆောင်းပါးကနေ ယေဘုယျသဘောတရားလောက်သာ ပြောပြနိုင်သည်။
ရှေးဆရာကြီးတွေရဲ့အယူအဆအရ မည်သည့်လတွင် မင်္ဂလာဆောင်ရင် မည်သို့အကျိုးအပြစ်တွေရှိသည်ဆိုတာမျိုးတွေ့ရသည်။ မင်္ဂလာဆောင်အပ်သောလ ၆ လရှိသလို မင်္ဂလာမဆောင်အပ်သောလကလဲ ၆လရှိသည်။
လုံးဝမင်္ဂလာမဆောင်သင့်သော ၆လကတော့
(၁)ဝါဆိုလ – (ဖျားနာခြင်း ၊ ဘေးအန္တရာယ်ကြုံခြင်း)
(၂)ဝါခေါင်လ-(စိတ်သောကဖြစ်စရာကြုံတတ်ခြင်း)
(၃)တော်သလင်းလ-(ရောဂါထူပြောတတ်ခြင်း၊
သေကြေ ပျက်စီးတဲ့အထိ ဖြစ်တတ်ခြင်း)
(၄)နတ်တော်လ -(အိမ်ထောင်ရေးသောက
ကြုံရတတ်ခြင်း၊ရောဂါထူပြောတတ်ခြင်း)
(၅)ပြာသိုလ-(ပစ္စည်းဥစ္စာ ခေါင်းပါးတတ်ခြင်း၊
ဆင်းရဲဒုက္ခရောက်ရတတ်သည်)
(၆)တပေါင်းလ- (စကားခဏခဏများတတ်၊ ရှင်ကွဲ ကွဲတတ်သည်)
အဲဒါတွေကတော့ မင်္ဂလာမဆောင်အပ်သောလတွေပါပဲ။
မဂ်လာဆောင်အပ်သော ၆လကတော့
(၁)တန်ခူးလ-(ပစ္စည်းဥစ္စာကြွယ်ဝတတ်သည်)
(၂)ကဆုန်လ-(ချမ်းသာကြွယ်ဝတတ်သည်)
(၃)နယုန်လ-(ပျော်ရွှင်ရတတ်သည်၊ မေတ္တာဓာတ်နဲ့ ပြည့်ဝသည်)
(၄) သီတင်းကျွတ်-(ဆန်ရေစပါး ပြည့်စုံတတ်သည်၊ သားကောင်းသမီးကောင်းထွန်းကာတတ်သည်)
(၅)တန်ဆောင်မုန်း-(နေအိမ်မင်္ဂလာ အသုံးအဆော င်တွေ ပြည့်စုံတတ်သည်)
(၆)တပို့တွဲ- (စိန်ရွှေငွေ ရတနာပစ္စည်းတွေနဲ့ပြည့် စုံတတ်သည် )
အဲဒါကတော့ မင်္ဂလာလက်ထပ်ပွဲ ဆင်နွဲသင့်တဲ့ လတွေပါပဲ။ ဒါဟာရှေးလူကြီးသူမတွေ လက်ဆင့်ကမ်းပြောကြားခဲ့တဲ့ဆောင်ရန် ရှောင်ရန်တွေပါ။
နေ့ရက်အလိုက် ဆောင်ရန်ရှောင်ရန်ကတော့ တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်ရင် သားကောင်းရတနာထွန်းကားတတ်သလို ဥစ္စာပစ္စည်းလဲ ကြွယ်ဝချမ်းသာတတ်ကြပါတယ်။
စနေနေ့၊ တနင်္လာနေ့တွေမှာ မင်္ဂလာဆောင်ရင်တော့ သားသမီးအရနည်းတတ်သလို လင်မယားချင်းလဲ တကျက်ကျက်ဖြစ်တတ်ပါတယ်။
မင်္ဂလာနေ့ရက်တွေရွေးချယ်ပေးပြီးပြီဆိုတော့ အကောင်းဆုံးမင်္ဂလာအချိန်လေးတွေရွေးချယ်ပေးလိုက်ပါတယ်ဗျာ။ အခုရွေးချယ်ပေးမဲ့ မင်္ဂလာအချိန်တွေဟာ မင်္ဂလာပွဲတွေမှာ အခမ်းအနားမှူးက “မင်္ဂလာအချိန်ကျရောက်ပါပြီ”လို့ နှုတ်မြွက်ပြောကြားပြီး မင်္ဂလာအခမ်းအနားစတင်ဖွင့်လှစ်ဖို့ အကောင်းဆုံး အချိန်တွေပါပဲ။
ဒါ့အပြင် ရုံးတတ်လက်မှတ်ထိုးဖို့ အကောင်းဆုံးအချိန်တွေကိုလဲ ထပ်မံရွေးချယ်ပေးလိုက်ပါ့မယ်ဗျာ။
တနင်္ဂနွေနေ့ ၊ဗုဒ္ဓဟူးနေ့၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင် အကောင်းဆုံး မင်္ဂလာအချိန်တွေကတော့ မနက် ၆နာရီမှ ၈နာရီ ၂၄မိနစ် အတွင်းပါပဲ။ မင်္ဂလာအခမ်းအနားစတင်နိုင်တဲ့အချိန်ပါ။
လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့မှာ မွန်းလွဲ ၁နာရီ ၁၃မိနစ် မှ ၃နာရီ ၃၆မိနစ်အတွင်းက လက်မှတ်ရေးထိုးဖို့အကောင်းဆုံးအချိန်ပါပဲ။
သောကြာနေ့ မှာ ရုံးတတ်လက်မှတ်ထိုးဖို့ အကောင်းဆုံး အချိန်ကတော့ မနက် ၁၀နာရီ ၄၉မိနစ်က
နေ မွန်းလွဲ ၁နာရီ ၁၂မိနစ်အတွင်းဟာ အကောင်းဆုံးအချိန်ပါပဲ။
အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ ညနေပိုင်းကပိုသင့်တော်ပါတယ်။ ညနေ ၃နာရီ ၃၇မိနစ် မှ ၆နာရီအတွင်း မင်္ဂလာအခမ်းအနား စတင်ဖို့အကောင်းဆုံးအချိန်ကာလပါပဲ။
တရားရုံးမှာ လက်ထပ်စာချုပ်ပေါ်လက်မှတ်ရေးထိုးဖို့ အကောင်းဆုံးအချိန်တွေကတော့ အင်္ဂါနေ့ဆို မနက် ၁၀နာရီ ၄၉မိနစ် မှ မွန်းလွဲ ၁နာရီ ၁၂ မိနစ်အတွင်းကအကောင်းဆုံးဖြစ်ပြီး ကြာသပတေးနေ့ဆို မနက် ၈နာရီ ၂၅မိနစ် မှ ၁၀နာရီ ၄၈မိနစ် အတွင်းက မင်္ဂလာလက်မှတ် ရေးထိုးဖို့ အကောင်းဆုံးအချိန်ပါပဲဗျ။
ဒီလောက်ဆို မိမိတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မင်္ဂလာအခါ ရွေးတတ်ပြီလို့ ထင်ပါတယ်။ စနေနဲ့တနင်္လာ မပါတာက ထိုနေ့တွေက မင်္ဂလာမဆောင်သင့်ဘူးလို့ အထက်ကပြောထားပြီးဖြစ်တဲ့အတွက် အချိန်မရွေးပေးတာပါ။ ဒါတွေက ယေဘုယျသဘောတွေပါ။ အတိအကျလိုက်နာရမယ်လို့တော့မဆိုလိုပါဘူး။ လိုက်နာကျင့်သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အရမ်း ဥပါဒါန်စွဲနေဖို့တော့ မလိုပါဘူး။
ရက်ရာဇာ ၊ ပြဿ ဒါး၊သမားဖြူ၊၊ သမားညို ၊ဝါရမိတ္တူ ရက်တွေရွေးချယ်ဖို့ကတော့ ပြက္ခဒိန်ကြည့်ပြီး ရွေးလို့ရပါတယ်။
အဲဒီမှာ တစ်ခု သတိပေးချင်တာက မင်္ဂလာအခါတွေ ဘယ်လောက်ရွေးရွေး ကာယကံရှင်ဇနီးမောင်နှံ နှစ်ဦးရဲ့ဇာတာနှစ်ခုကို တိုက်စစ်ပြီး ဆောင်ရန်ရှောင်ရန်တွေ လုပ်ဆောင်ထားခြင်းကတော့ အကောင်းဆုံးပါ။ အခါကောင်းတွေ ရွေးချယ်ပြီး ထိမ်းမြားလက်ထက်ထားပေမဲ့ ဇာတာတွေ မတိုက်ဆိုင်ဘဲနဲ့ ယူထားရင် စလယ်ဝင်အိုးဖင်မမဲခင် ပြန်ကွဲသွားကြမည်သာ။
အဲဒါကြောင့် နီးစပ်ရာဆရာတွေဆီမှာ သေချာစွာ ဇာတာတိုက်စစ်ပါ။
ဇာတာတွေမတိုက်ဆိုင်ဘူးဆိုရင် ဆရာ့တွေဆီကနေ လိုအပ်တဲ့ အိမ်ထောင်ရေးအေးချမ်းစေမဲ့ ယတြာတွေတောင်းပါလို့ တိုက်တွန်းရင်းနိဂုံးချုပ်လိုက်လိုက်ပါတယ်။
နောင်များ အချိန်ရရင် မိမိတို့ရဲ့ဇာတာအလိုက် ဘဝကြင်ဖော်အဖြစ် လက်မတွဲသင့်တဲ့ နေ့နံတွေကို ရွေးချယ်ပေးသွားပါ့မယ်။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

အိမ်ထောင်တစ်ခုတည်ဆောက်ခြင်းနှင့် ဘဝလက်တွဲဖော် ရွေးချယ်ခြင်း

အိမ်ထောင်တစ်ခုစတင်တည်ဆောက်ရာတွင် မိမိဘဝတစ်လျှောက်လုံးဆိုးတူကောင်းဘက် လက်တွဲသွားမဲ့ ဘဝလက်တွဲဖော်ရရှိဖို့ လွန်စွာမှအရေးကြီးလေသည်။ အခုပြောမဲ့ကဏ္ဍမှာ အိမ်ထောင်ရေးကိုအပျော်အပျက်သဘောထားသူတွေအတွက်တော့ အသုံးဝင်မည်မဟုတ်ပါ။
အိမ်ထောင်ရေးအပေါ်သစ္စာကြီးမားသူတွေ၊ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်ကြသူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။
အိမ်ထောင်ရေးငြိမ်းချမ်းပြီး သားတွေ သမီးတွေနဲ့ ပျော်ရွှင်စွာနေထိုင်သွားချင်တဲ့စိတ်ကတော့ လူတိုင်းနီးပါးရင်မှာ ရှိမည်ထင်ပါတယ်။ အိမ်ထောင်ပြုတာ၊ ဘုရားတည်တာ၊ ဆေးမင်ကြောင်ထိုးတာတွေဟာ ပြန်လည်ပြင်ဆင်ဖို့ခက်ခဲတယ်လို့ ရှေးလူကြီးတွေဆုံးမခဲ့ကြသည်။ အထူးဂရုစိုက်သင့်တာကတော့ မိန်းကလေးတွေပေါ့။ လင်ဆိုးမယား တဖားဖား မဖြစ်လို့လိုသည်။
အချို့ရှိကြသည်။ စရိုက်မကောင်းမှန်းသိလျက်နဲ့ လက်ထပ်ပြီးရင်ရအောင်ပြုပြင်မယ်ဆိုတဲ့စိတ်နဲ့ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လိုက်ကြသည်။ လက်မထပ်ခင် ခြေရှုပ်သည်။ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်၊၊အရက်သောက်သည်။ ဖဲ လောင်းကစား၊၊ ၁လုံး ၊၂လုံး၊၃လုံး ကလဲဝါသနာထုံသေးသည်။
“သူက ယူပြီးရင်အကုန် စွန့်လွှတ်မယ်ပြောတယ်ဆရာသူက သမီးကိုအရမ်းချစ်တာ သမီးစကားနားထောင်မှာပါ”
စတဲ့အပြောလေးတွေနဲ့ ကျွန်ုပ်ထံပြောလာကြသူတွေ မကြာခဏတွေ့ရသည်။ နောက်တော့လဲ ဒူးနဲ့မျက်ရည်သုတ်ရသည်သာ။ ခွေးအမြီးကို ကျဉ်တောက်စွပ်လဲ ချွတ်ရင်ကောက်သွားတာပဲမဟုတ်
လား။ မသေမချင်းမှတ်ထားပါ။ ပင်ကိုယ်စရိုက်မကောင်းသူတွေလက်ထပ်ပြီးရင်လိမ္မာသွားတယ်ဆိုတာ ၁၀၀၀မှာ တစ်ယောက်လောက်ပဲရှိတာပါ။ မယုံရင်စမ်းကြည့်ပါ။ ဗီဇဆိုတာဖျောက်ရခက်ပါတယ်။
ဘဝတစ်သက်စာ သေတပန်သက်တဆုံးလက်တွဲသွားမဲ့အိမ်ထောင်ဖက်ကို အထူးသတိထားရွေးချယ်ဖို့လိုသည်။ ငယ်ရွယ်စဉ်တုန်းက လူကြီးသူမတွေအိမ်ထောင်ဘက်ရွေးချယ်ရမဲ့ စံတွေကိုပြောပြခဲ့တာမှတ်မိသေးသည်။ ကျွန်တော် မိတ်ဆွေများအတွက်တင်ပြလိုက်ပါအုံးမည်။
ရှေးလူကြီးတွေ အိမ်ထောင်ဘက်ရွေးနည်းပေါ့။
မိန်းကလေးဘက်က ယောကျ်ားလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို အဓါကထားစဉ်းစားပြီး ရွေးချယ်လေ့ ရှိကြပါသည် ။
– အရက်မသောက် ၊ ဖဲမရိုက် ၊ အပျော်အပါးမလိုက်စားတတ်သူ
– အမြော်အမြင်ကြီးမားပြီး အဆင်အခြင်တရားနှင့်ပြည့်စုံသူ
– မျိုးရိုးဇာတိ မြင့်မား၍ ရုပ်ရည်ရူပကာယ တင့်တယ်ခံ့ညားသူ
– ပစ္စည်းဥစ္စာမကြွယ်ဝသော်လည်း သားမယားကို ရှာဖွေကျွေးမွေးနိုင်သော အရည်အချင်းရှိသူ
– စကားအရာ ချိုသာနူးညံ့သိမ်မွေ့ပြီး ကိုယ်ချင်းစာတရား ထားတတ်သူ
– အနာရောဂါကင်းစင်သူ
– သက်မွေးဝမ်းကျောင်းအတတ်ပညာ တစ်ခုခုတတ်သူ
– သားမယားအပေါ်၌ လင်ဝတ္တရားနှင့် ညီနိုင်သူ
– မိမိထက်အသက်အရွယ် ( ၅ ) နှစ်ထက်မကြီး ( ၃ ) နှစ်ထက်မငယ်သူ
– အမျိုးဘာသာတူ၍ အချစ်စစ်အချစ်မှန်ရှိကာ သာယာသောအိမ်ထောင်ရေးကို ဖန်တီးတတ်သူ
ထိုနည်းတူ ယောကျ်ားလေးကလည်း မိန်းကလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို
အဓိကထားပြီး ရွေးချယ်လေ့ရှိကြပါသည် ။
– အနာရောဂါကင်းစင်သူ
– မျိုးရိုးဇာတိကောင်းပြီး ရုပ်ရည်ရူပကာယ တင့်တယ်လှပသူ
– သိမ်မွေ့နူးညံ့သော ဣန္ဒြေသိက္ခာရှိသူ
– စကားအရာချိုသော သာယာသူ
– မယားဝတ္တရားနှင့်အညီ လင်ပေါ်၌ ပြုစုလုပ်ကျွေးနိုင်သူ
– အိမ်တွင်းမှုအတတ်ပညာကို ပြည့်စုံစွာတတ်မြောက်သူ
– ပညာအမြော်အမြင်ရှိပြီး အကြင်နာတရားထားတတ်သူ
– အမျိုးဘာသာတူကာ အချစ်စစ်အချစ်မှန်ရှိပြီး သာယာသောအိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်နိုင်သူ
– အပျော်အပါးကင်း၍ စီးသောရေဆည်သောကန်ဇင်းဖြစ်ပြီး အိမ်ထောင်ရေးကိုလုံခြုံစွာ ထိန်းသိမ်းတတ်သူ
– လော်လီမှု လျှပ်ပေါ်မှု ကင်းသူ
– လင်နှင့်သားသမီးတို့ကို မိခင်ပမာ ပြုစုလုပ်ကျွေးနိုင်သူ
စသော အင်္ဂါအရည်အချင်းများကို ကြည့်၍ ရွေးချယ်ကြလေ့ရှိသည် ။
ဒါတွေကရှေးလူကြီးတွေဆုံးမခဲ့ကြသော စကားတွေပင်။လိုက်နာကျင့်သုံးလို့ အလွန်ကောင်းတဲ့ဆုံးမစကားတွေပါ။
ကျွန်တော် ဗေဒင်ပညာစတင်လေ့လာခဲ့တာ ကျောင်းသားဘဝအရွယ်ကတည်းကပင်။ လူငယ်ဆိုတော့ အချစ်ရေး အိမ်ထောင်ရေးနဲ့ပက်သက်ပြီး မိတ်ဆွေအပေါင်းအသင်းတွေက မေးကြမြန်းကြသည်။
ဒါကြောင့်ပဲ အချစ်ရေးအိမ်ထောင်ရေးအဟောတွေက ငယ်စဉ်ကတည်းက မိမိနှင့်လက်ပွန်းတသီးရှိနေသည်။ တက္ကသိုလ်ကျောင်းသားဘဝ သူငယ်ချင်းတွေရဲ့ အချစ်ရေးကမိမိအတွက်တော့ လေ့လာစရာပညာရပ်တွေဖြစ်နေခဲ့တယ်။ အဲဒီကနေ အရွယ်ရောက်လာတော့ အချစ်ရေး အိမ်ထောင်ရေးသောကအပူတွေက ဗေဒင်ဆရာဆီကူးစက်လာတော့တာပါပဲ။ မီးဆိုတာ မလောင်ခင်တားသင့်သလို အိမ်ထောင်ရေးသောက အပူတွေကလဲ လက်မထပ်ခင်ကတည်းကစဉ်းစားသင့်သည် မဟုတ်လား။ ကွဲကွာကြ ၊လမ်းခွဲကြ၊ ပြတ်ဆဲကြ၊ ဖောက်ပြန်ကြပြီဆိုတော့မှ ဗေဒင်ဆရာဆီ ငိုကြီးချက်မနှင့် ပြေးလာကြသည်။ ဗေဒင်ဆရာတွေကလဲ ဥုံဖွ ဆရာတွေမဟုတ်…။ ဗေဒင်ပညာနှင့် ကူညီလို့ရတာရှိသလို ၊မရတော့တာလဲရှိသည်။ ရောဂါကျွမ်းမှ လာပြတဲ့ လူနာကို
ဆရာဝန်က ခေါင်းခါပြီး လူနာကို စားချင်တာကျွေး ၊ စိတ်ချမ်းသာအောင်ထားပါလို့ ပြောပြီး ပြန်လွှတ်လိုက်ကြသလိုပေါ့။ ကျွန်တော်ကလဲ ကူညီပေးလို့ မရတဲ့ ဇာတာတွေကို “ဝဋ်ကြွေးရှိတယ်လို့ သဘောထားပါဗျ… ရေစက်ကဒီလောက်ပဲပါလို့နေမှာပါ”
လို့နှစ်သိမ့်ပေးလိုက်ရတာတွေလဲရှိသည်။
မယူခင်တွေဇာတာတွေတိုက်စစ်၊ မတိုက်ဆိုင်လို့ရှိရင် အိမ်ထောင်ရေးအေးချမ်းစေမဲ့ ယတြာတွေစီရင်ရသည်။ ဒါမှလဲခံသာမည်။
ဇာတာတိုက်စစ်ရာတွင်လဲ ဇာတာနှစ်ခုရဲ့ မူလမဟာဘုတ် အဖွားတွေရဲ့အနေအထား၊ ပက္ခသဘော၊အင်္ဂဝိဇ္ဇာ အနေအထား၊ ကာရကသဘော၊နာမည်အရ နာမက္ခရဆန်းအနေအထားတွေချိန်ဆ ရသည်။ လက်ရိုးအရ ပတနီဘာဝ (၇တန့်)မှာ ရပ်တည်နေတဲ့ ဂြိုဟ်တွေ ကိုလေ့လာရပြန်သည်။ သေချာစွာအကြံပေးနိုင်ဖို့အချိန်ယူရသည်။လိုအပ်တာတွေ ပြောပေးလမ်းညွှန်ပေးရသည်။
ဒါကြောင့်ကိုယ်ယူမဲ့အိမ်ထောင်ဘက်ဟာသင့်တော်ရဲ့လား၊ ဘဝကြင်ဖော်ကောင်းဟုတ်ရဲ့လားဆိုတာကို သိသင့်သည်။ ကျွန်တော်စဉ်းစားမိတာက ဗေဒင်နားမလည်သူတွေ မိမိအိမ်ထောင်ဘက်ကမိမိနဲ့သင့်မသင့်ကို အကြမ်းဖျင်းလေးသိရဖို့ ပြောပြပေးချင်သည်။
ဒီနေရာကနေ ကျွန်တော့်မိတ်ဆွေတွေကို မိမိတို့ဘာသာအိမ်ထောင်ဘက်ကိုရွေးချယ်နိုင်မဲ့ ယေဘုယျသဘောလေးတစ်ခုကို တင်ပြပေးပါ့
မယ်။ အနီးစပ်ဆုံး မိမိလက်မတွဲသင့်တဲ နေ့နံတွေကဘာနေ့ဆိုတာသိရတာပေါ့။ လေ့လာကြည့်ပါ။ နှစ်ပေါင်းများစွာ ဟောခဲ့ ပြောခဲ့ သုတေသနလုပ်ခဲ့တဲ့ အတွေ့အကြုံအရ Noteထုတ်ပေးထားတာပါ။ ဗေဒင်နားမလည်သူတွေအတွက် အဆင်ပြေစေဖို့ မဟာဘုတ်နည်းအရ
အိမ်ထောင်ဘက်ရွေးနည်းလေ
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၁ကြွင်းပါက
တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၂ ကြွင်းပါက
တနင်္လာ၊အင်္ဂါ၊သောကြာ သားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၃ ကြွင်းပါက
အင်္ဂါ၊ ဗုဒ္ဓဟူး၊စနေသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီးရနဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၄ ကြွင်းပါက
ဗုဒ္ဓဟူး၊ကြာသပတေးနှင့် တနင်္ဂနွေသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီးရနဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၅ ကြွင်းပါက
ကြာသပတေး ၊သောကြာနှင့် တနင်္လာသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၆ ကြွင်းပါက
သောကြာ၊စနေနှင့် အင်္ဂါသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၀ ကြွင်းပါက
စနေ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူးသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး၊
ဒီလောက်ဆိုရင်တော့ အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်တဲ့နေ့သားတွေကို သိလောက်ပြီထင်ပါတယ်။ ဒီနေ့သားတွေကို ယတိပြတ်မယူရဘူးလို့ မဆိုလိုပါဘူး။ ဘဝလက်တွဲဖော်အဖြစ်လက်တွဲမယ်ဆိုရင်တော့ သတိထားရမဲ့ နေ့နံတွေပါ။ အခက်အခဲပြဿ နာများနိုင်တယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူ၊ ဘဝကြင်ဖော်အဖြစ်ရွေးချယ်မဲ့ သူတွေဟာရှောင်ရမဲ့နေနံတွေထဲပါနေတယ်ဆိုရင်တော့ နီးစပ်ရာဆရာဆီမှာအကြံဉာဏ်ယူပါ။ ရှောင်ရန်ဆောင်ရန်တွေမေးပါ။ လိုအပ်သော အိမ်ထောင်ရေးငြိမ်းချမ်းစေမဲ့ ယတြာတွေစီရင်ပါလို့ အမှာစကားပါးလိုက်ရပါတယ်ဗျာ။
ချစ်သူတိုင်းညားပြီး ညားသူတိုင်းအဆင်ပြေကြပါစေဗျ….။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)