loading

Author: Nyein Aye Lu

နာမည်များနှင့် တွေးခေါ်ခြင်း -၁

လူတစ်ဦးတစ်ယောက်ချင်းဆီမှာ လက်ဝယ်ပိုင်ဆိုင်မှုတွေတူညီကြမည် မဟုတ်ပေ။ ဒါပေမဲ့ တူတာတစ်ခုတော့ရှိနေပါတယ်။ သူဌေးကြီးပဲဖြစ်ဖြစ် သူတောင်းစားပဲဖြစ်ဖြစ် အနည်းဆုံးနာမည်တစ်လုံးတော့ တူညီစွာပိုင်ဆိုင်ထားကြသည်သာ။ မိခင်ဝမ်းထဲကနေ ကိုးလလွယ် ဆယ်လဖွားလို့ လူလောကကြီးထဲ စတင်ဝင်ရောက်လာပြီဆိုကတည်းက မိဘတွေ အုပ်ထိန်းသူတွေကနာမည်တစ်လုံး မှည့်ခေါ်ကင်ပွန်းတပ်လိုက်ကြလေသည်။ ထိုသို့အတည်ပြုလိုက်ပြီးပြီဆိုတာနဲ့ မွေးစာရင်းမှသည် ကျောင်းအပ်နှံခြင်းကနေ စလို့ နာမည်တစ်ခု စတင်အသက်ဝင်သွားခဲ့သည်။ နာမည်တစ်လုံးက ဘဝမှာဘယ်လောက်ထိအရေးပါတယ်ဆိုတာ “လူသေသွားပေမဲ့ နာမည်မသေဘူး”စကားကိုကြည့်ရင် သိနိုင်မှာပါ။ ဒါအပြင်နာမည်က နာမည်ရှင်ရဲ့ ကံကြမ္မာကိုလဲ အထိုက်အလျောက်စိုးမိုး ခြယ်လှယ်မှုတွေရှိနေတယ် ဆိုတာကိုတော့ လောကီပညာရှင်တွေပိုသိနိုင်ပါလိမ့်မယ်။
ကလေးနာမည်ပေး၊ ဆိုင်နာမည်ပေး ၊ လုပ်ငန်းနာမည်ပေးတာတွေက ဗေဒင်ဆရာတွေအတွက်
အမြဲလက်ပွန်းတသီးရှိနေတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမဲ့ နာမည်ပေးနည်းတွေကလဲ အရမ်းများပါတယ်။ ကြက်သွန်ဖြူဥ တစ်လုံးစု ကစလို့ လက်ရိုးလက်ဆန်း အရှေ့တိုင်းအနောက်တိုင်း ပေါင်းစုံတွေ့ရပါတယ်။ ဘယ်နည်းကောင်းတယ် ဘယ်နည်းဆိုးတယ်လို့ မဆိုလိုပါဘူး။ ဘယ်နည်းနဲ့ကြည့်ကြည့် completed ဖြစ်တယ်ဆိုတဲ့ နာမည်မျိုးလဲမရှိပါဘူး။ အကောင်းအဆိုး ဒွန်တွဲနေသည်သာ။ အကောင်းများပြီး အဆိုးနည်းဖို့သာ
ဗေဒင်ဆရာ လောကီပညာရှင်မှာ တာဝန်ရှိပါသည်။
ဘာနေ့ဆို ဘာနာမည်ဆိုပြီး ပုံသေပေးနေတာတွေ တွေ့နေရတော့ စိုးရိမ်မိတာတော့အမှန်ပါပဲ။ ဘာလာလာ မိတ်နဲ့ပေး ၊ ဘာလာလာနဝင်းနဲ့ပေးကွာ ၊ ဘာလာလာ အထွန်းနဲ့ပိတ်ပေးကွာဆိုတာတွေ မြင်နေရသည်။ မိဘနာမည်တွေကို မစစ်ဆေးကြတော့ဘူးလား။ အခုပေးတဲ့နာမည်ဟာ မိဘနာမည်နဲ့ တည့်မတည့်ဆိုတာမျိုး ။ ကလေးရဲ့အသားအရောင်ကို ကြည့်ပြီး သင့်တော်တဲ့ အက္ခရာကိုမရွေးချယ်ကြတော့ဘူးလား ။အက္ခရာမှာ အဖြူအမည်းဆိုတာ ရှိပြီးသား ..အသားဖြူတဲ့ကလေးကို မဲတဲ့အက္ခရာရွေးပေးလိုက်ရင် ဘဝမှာပင်ပန်းဆင်းရဲ ရတာမျိုး ၊ ခက်ခက်ခဲခဲကြိုးစား ပြီးမှ အောင်မြင်တာမျိုး ကြုံရတတ်ပေသည်။
အခြားဆရာတစ်ယောက်မှည့်ထားတဲ့ နာမည်ကို ကောင်း၏၊ ဆိုး၏ ဆိုတာကိုတော့ မပြောလိုပေ။ ကိုယ်ကလဲ သုတေသနလုပ်နေသူ….ပညာရှင်မဟုတ်ပေ။ဒါပေမဲ့ အရမ်းဆိုးနေတဲ့ နာမည်တွေကို ထောက်ပြပေးချင်သည်။
ဒီနေရာမှာ တစ်ခုလောက်ထောက်ပြပါရစေ ။ ဗေဒင်အချုပ်မဟာဘုတ်ဆိုတဲ့စကားအတိုင်း မဟာဘုတ်နဲ့ပက်သက်ပြီး ပြောပါရစေ ။ မဟာဘုတ်ဗေဒင်ပညာအရ ကလေးငယ်တစ်ဦးဟာ ပုတိဖွားဖြစ်ခဲ့မယ်ဆိုရင် အထွန်းနဲ့ပိတ်ပြီး နာမည်မပေးစေချင်ပါ။ အဲလိုပေးလိုက်ပါက တစ်အချက် ပက္ခ မိပါတယ်။ နှစ်အချက် ဘင်္ဂအိမ်ကဂြိုဟ်ကိုအားနည်းသွားစေတဲ့ အမြစ်အညွှန့်ဇောက်ထိုးပါ။
ထပ်ပြီးအသေးစိပ်ပြောပေးပါ့မယ်။ လောလောဆယ်တော့ အကြမ်းဖျင်းကိုယ်တိုင်တွက်စစ်ဖို့ တွက်နည်းလေးပြောပေးပါ့မယ်။
မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားပါ။ စားလို့ရတဲ့ အကြွင်း ကိုကြည့်လိုက်ပါ။
၁ကြွင်းပါက တနင်္လာသားဆိုပုတိဖွားပါ။ အထွန်းမှာ စနေရှိပါတယ်။ ဒါကြောင့် ကျော်ဝဏ္ဏ၊ ခင်သန္တာ၊ ခင်သက်ထား၊ ကောင်းထွန်း စတဲ့နာမည်တွေ မမှည့်သင့်ပါဘူးဗျ
၂ကြွင်းပါက အင်္ဂါသားဆိုပုတိဖွားပါ။ အထွန်းမှာ တနင်္ဂနွေရှိပါတယ်။ ဒါကြောင့် စိုးအောင် ၊ စံအေး၊ စုစုအောင် စတဲ့နာမည်တွေ မမှည့်သင့်ပါဘူးဗျ
၃ကြွင်းပါက ဗုဒ္ဓဟူးသားဆို ပုတိဖွားပါ။အထွန်းမှာတနလာင်္ရှိပါတယ်။ ဒါကြောင့် ရဲကိုကို၊ လွင်မင်းခန့်၊ လဲ့လဲ့ခိုင် စတဲ့နာမည်တွေ မမှည့်သင့်ပါဘူးဗျ
၄ကြွင်းပါက ကြာသပတေးသားဆို ပုတိဖွားပါ။ အထွန်းမှာအင်္ဂါရှိပါတယ်။ ဒါကြောင့် ပြည့်စုံ၊ ပိုင်ဇေ၊ဖူးရတီစံ၊ မေသူစိုး စတဲ့နာမည်တွေ မမှည့်သင့်ပါဘူးဗျ
၅ကြွင်းပါက သောကြာသားဆို ပုတိဖွားပါ။ အထွန်းမှာဗုဒ္ဓဟူး ရှိပါတယ်။ ဒါကြောင့် သီရိ၊ သီဟရဲရင့်၊ သန့်စင်ဝေ၊သွယ်သွယ်လင်း စတဲ့နာမည်တွေ မမှည့်သင့်ပါဘူးဗျ
၆ကြွင်းပါက စနေသားဆို ပုတိဖွားပါ။အထွန်းမှာ ကြာသပတေးရှိပါတယ်။ ဒါကြောင့် ထွန်းမြတ်၊တင်တင်မာ၊ထက်မြတ်၊ထက်သင်းပျံ့ စတဲ့နာမည်တွေ မမှည့်သင့်ပါဘူးဗျ
၀ကြွင်း ပါကတနင်္ဂနွေသားဆို ပုတိဖွားပါ။ အထွန်းမှာ
သောကြာ ရှိပါတယ်။ ဒါကြောင့် အောင်သန်း၊အောင်ဟိန်း၊အေးအေးသန်း၊ အိအိသွယ် စတဲ့နာမည်တွေ မမှည့်သင့်ပါဘူးဗျ
ဒီလောက်ဆိုရင် နားလည်မယ်ထင်ပါတယ်ဗျ။ ကိုယ်တိုင်ပုတိဖွားဆို ဒီလိုမှည့်ထားမိလားဆိုတာ စစ်ဆေးနိုင်သလို ကိုယ့်ရင်သွေးအတွက်လဲ စစ်ဆေးနိုင်မှာပါ။
ဒီကနေတော့ အကြွင်းတစ်ခုလောက်တော့ ပြောပြပေးပါ့မယ်။ ဖြစ်တတ်တာလေးတွေပေါ့ဗျာ။ မိမိရဲ့မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလိုက်လို့ ၁ကြွင်း တဲ့
တနင်္လာသားပုတိဖွား တွေအကြောင်းတော့ အနည်းအကျဉ်း အဆိုးလေးတွေပြောပါ့မယ်။ ၁ကြွင်း တနင်္လာသားသမီးတွေကို ကျော်ဝဏ္ဏ၊ ခင်သန္တာ၊ ခင်သက်ထား၊ ကောင်းထွန်း စတဲ့နာမည်တွေ မှည့်ထားသူတွေအနေနဲ့က တနင်္လာဂြိုဟ်ဟာ ကသစ်တော့ ရပါတယ်။ ဒါကြောင့်ပဲ ကသစ်အားကတော့ရှိပါတယ်။ နားမလည်သူတွေအတွက်စာလေးမှာစိုးလို့ လိုရင်းပဲပြောပါ့မယ်။
တနင်္လာ+စနေ ဟာတနင်္ဂနွေရဲ့အမြစ်အညွှန့် ဇောက်ထိုးသဘောတွေကြောင့်ရယ် မူလဇာတာမှာ တနင်္ဂနွေအားနည်းမှုကြောင့် –
*ဖခင်ဘက်ကနေ အကျိုးကျေးဇူးအထူးမခံစားရခြင်း
*အသက်မွေးမှုအလုပ်အကိုင် ခက်ခဲခြင်း
*အလုပ်မတည်မြဲခြင်း
*အထက်လူကြီး မျက်နှာပေးခြင်းမခံရခြင်း
*မိသားစုနှင့် အများနှင့်တစ်ယောက်လိုဖြစ်တတ်ခြင်း
*ဥပဒေနှင့် ငြိစွန်းပြဿနာတတ်လွယ်ခြင်း
*ကျန်းမာရေးခြူခြာခြင်း
*ခန္ဓာကိုယ်အတွင်း ကလိစာတစ်ခုခုအားနည်းခြင်း
*အနေအထိုင်အစားအသောက်မဆင်ခြင်ပါက ဘဝတစ်
လျှောက်လုံး ကျန်းမာရေးအားနည်းသွားတတ်ခြင်း
စတဲ့အကျိုးတွေကို ခံစားကြရပါတယ်။
တနင်္လာနဲ့စနေဂြဟကာရကပေါင်းစပ်မှု ၊ ပက္ခဖြစ်မှု၊ တနင်္လာကနေ စနေဟာ ဘုမ္မိဖြစ်ခြင်း၊ ကမ္မကာရကဖြစ်ခြင်း၊ ဆပွတ်ဂြိုဟ်ဖြစ်ခြင်း စတဲ့ဖြစ်ရပ်တွေကို ပေါင်းစပ်ကြည့်မယ်ဆိုရင်တော့
*အချစ်ရေးနဲ့ပက်သက်လာရင် မိမိကိုယ်ကို ရန်ရှာတတ်ခြင်း(ချစ်သူနဲ့ အဆင်မပြေပါက မိမိကိုယ်ကို အဆိပ်သောက်ခြင်း၊ မိမိကိုယ်ကို ဒဏ်ခတ်ခြင်း ၊သေကြောင်းကြံစည်ခြင်း)
*စိတ်ဆင်းရဲမှုတွေ စိတ်ရှုပ်စရာတွေကို ခံနိုင်ရည်မရှိခြင်း
*မိမိအရေးကိစ္စထက် ပရဟိတကိစ္စတွေကိုပိုလုပ်မိခြင်း
*အချစ်ကံခေခြင်း
*အကျိုးအကြောင်းဆက်စပ်ဆင်ခြင်မှုအားနည်းသွားခြင်း
*ခင်ပြီဆို ဆွေမျိုးထက်ပင်တစိမ်းကို ပိုအရေးပေးမိခြင်း
*တစ်ခုခုကို စွဲလမ်းမိကဖြတ်တောက်ရခက်ခဲခြင်း
*အိမ်ထောင်ရေးကံမကောင်းတတ်ခြင်း
စတာတွေဟာ ယေဘုယျဖြစ်တတ်တဲ့ ကိစ္စလေးတွေလောက်ကိုပဲ ပြောပြထားတာပါ။ အခြားအကြွင်းတွေ လဲ ပုတိနဲ့ အထွန်းရဲ့ ပက္ခပေါင်းစပ်မှု ဂြိုဟ်ပရိယာယ်တွေအရ ဆိုးကျိုးတွေကြုံတတ်ပါ သေးတယ်။ဘာပဲဖြစ်ဖြစ်နာမည်တစ်ခုပေးတော့မယ်ဆိုရင်သေချာရွေးချယ်ပါ။ နားလည်တတ်ကျွမ်းသူတွေကို တိုင်ပင်ပါလို့ ဒီနေရာကနေ အကြံပေးလိုက်ရပါတယ်ဗျ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ဟန်ဝင်းအရက် မသောက်တော့ပါ ( သစ္စာဝါဒီဆရာမြတ်စောလင်းဆောင်းပါးအား ပြန်လည်တင်ပြ ခြင်းဖြစ်ပါတယ်။)

တောင်ဒဂုံ (၇ဝ)ရက်ကွက်မှ ပန်းရောင်းစားရသော စန်းမာသည် အမောသောကောပြေးလာပြီး အမှတ်(၄ဝ)ကား ရပ်လိုက်သည်နှင့် စန်းမာကားပေါ် သို့ အပြေးတက်လိုက်၏။ တော်သေး၏။ စန်းမာ သူ့ကိုယ်သူ ကံဆိုးလှ သည်ဟု ထင်နေသော်လည်း ကံကောင်းမှုတော့ရှိသေးသည်။ ဒါလောက်ကားကျပ် နေသော အချိန် သူကားပေါ်သို့ရောက်လျှင် ထိုင်နေသူယောက်ျားတစ်ဦးက ထိုင်ခုံမှထ၍ စန်းမာကို နေရာပေးလိုက်၏။
မောင်မင်းကြီးသားကို စန်းမာ ကျေးဇူးတင်လို့မဆုံးသော မျက်နှာဖြင့် ထိုင်ချလိုက်သည်။ စန်းမာ ထိုင်မိသည်နှင့် ကားကလည်းထွက်သည်။ ဒါကိုလည်း စန်းမာကျေးဇူးတင်ရပြန်သည်။ သူ့ရဲ့ ချစ်လင်မောင်ဟန်ဝင်း အရက် သောက်ပြီး အိပ်မောကျနေတုန်း အပြေးထွက်ခဲ့ရသည် မဟုတ်ပါလား။
သူ့ယောက်ျား မောင်ဟန်ဝင်းသည် အလုပ်မလုပ်၊ နေ့ရှိသရွေ့ အရက်သောက်ပြီး ဆဲဆိုကြိမ်းမောင်းနေသည်။ ကလေး(၃)ယောက်ကို ကျွေးမွေး စောင့်ရှောက်ရသည် ကတစ်မျိုး၊ မိခင်အိုကြီးက တစ်ဖက်၊ ဒီ အရက်သမားက တစ်ဖုံ။
နံနက်လင်း ပန်းရောင်းထွက်ရ၊ ညနေ ပန်းသွားဝယ်ရ၊ နေ့ခင်း ပန်းရောင်းက အပြန် ချက်ရပြုတ်ရ၊ အဝတ်လျှော်ရ မအားလပ်ရတဲ့အထဲ အရက်ဖိုး တောင်းလို့ရှိရင် အရိုက်ခံရ၊ အဆဲခံရ။ ဒါတွေ ခံရပါများလာတော့ စန်းမာ ချုံးပွဲချ ငိုပစ်လိုက်သည်။
ဒီနေ့ စန်းမာ မငို၊ အိမ်နီးချင်း စပ်စုမကလေး မလှလှထွေး ပြောလို့ ကျိုက္ကစံဘုရားကို ထွက်လာခဲ့တာ။ အရှေ့မုခ်ဘက်မှာ ဗေဒင်ဆရာတွေ ရှိတယ်။ အဲဒီမှာ ဆရာမြတ်စောလင်းဆိုတာ ရှိတယ် ငါတို့ဆရာဘဲ အဟောလဲ မှန်တယ် ယတြာလဲကောင်းတယ်။ အဲဒါ ညည်းသွားမေးပါလား။ ပြီးတော့ ညည်းဖြစ်ချင်တာကို ဆရာ့ကို ပြောပြ ပေါ့လို့ အကြံပေးတာနှင့် စန်းမာလာခဲ့တာဆိုတော့ စန်းမာ ခေတ္တတော့ စိတ်ချမ်း သာနေသည်။
‘ ဆရာ မြတ်စောလင်းဆိုတာ ဆရာလား ‘
စန်းမာ ဘုရားလမ်း မှတ်တိုင်၌ ကားပေါ်က ဆင်းပြီး ဘာကိုမျှ အလေးမထားနိုင်။ ကျိုက္ကစံဘုရား အရှေ့မုခ်ရှိ သူမေးလိုတဲ့ ဗေဒင်ဆိုင်ရှိရာသို့ သုတ်ခြေတင်လာခဲ့ပြီး ဆိုင်ရှေ့ရောက်တာနှင့် ကုလားထိုင်ပေါ်တွင် ထိုင်၍ ပုတီး စိပ်နေသော ယောဂီဝတ် ဆရာတစ်ဦးကို မေးလိုက်ခြင်းဖြစ်၏။
‘ ဟုတ်တယ်သမီး။ ဘာကိစ္စရှိလို့လဲ ‘
‘ ကျွန်မ ဗေဒင် မေးချင်လို့ပါ ‘
‘ သြော် . . . . ဝင်ထိုင်လေ ‘
ဆရာက ဝင်ထိုင်ခိုင်းသဖြင့် ထိုင်လိုက်၏။ ဆရာက ဂနာမငြိမ် ဖြစ်နေသော စန်းမာကို ကြည့်၍ ပြုံးနေ၏။ ဆရာသည် ဗေဒင်တွက်ရန် ကွန်ပျူတာ စာစီစက်ဖြင့် အသင့်ပြုလုပ်ထားသော စာရွက်ပေါ်မှ ရာသီခွင် များကို ကြည့်၍ စန်းမာရောက်လာသည့် အချိန်နာရီမိနစ်ကိုကြည့်၍ ရာသီတစ်ခု၌ လ,အက္ခရာကို ရေးမှတ်လိုက်ပြီး . . .
‘ သမီး မေးချင်တာ အိမ်ထောင်ရေး ကိစ္စမဟုတ်လား။ ခု လာခဲ့တဲ့အကြောင်းက အဲဒါ အဓိကပဲ ဖြစ်မယ်လေ ‘
စန်းမာ သဘောကျသွားသည်။ မျက်လုံးများ ဝင်းလက်လာ သည်။ မွေးတဲ့သက္ကရာဇ်လည်း မမေး၊ မွေးနေ့လည်းမမေး၊ လက္ခဏာလည်း မကြည့်ဘဲလာရင်းအကြောင်းကို ပြောနိုင်သဖြင့် စန်းမာ သဘောကျနေသည်။
‘ ဟုတ် ဟုတ်တယ ဆရာ။ ကျွန်မ ယေက်ျား အလုပ်မလုပ်ဘဲ ကျွန်မကို အရက်သောက်ပြီး နေ့တိုင်း နှိပ်စက်လွန်းလို့ သူကျွန်မကို မနှိပ်စက် အောင်၊ အရက်မသောက်တော့အောင် လုပ်ချင်တယ်ဆရာ။ လုပ်ပေးလို့ ရမလား’
သူ ပြောချင်တာတွေ စန်းမာ တစ်ဆက်တည်း ပြောချ လိုက်သည်။
‘ ရပါတယ် သမီး။ သမီး ယောက်ျား ဘာနေ့သားလဲ ‘
‘ ေသာၾကာသားပါ ဆရာ ‘
ဆရာသည် စန်းမာ၏ မျက်နှာကို စိုက်ကြည့်လျက် . . .
‘ သောကြာသားဆိုရင် ခရေဆိုတဲ့ နံညှပ်သားကို ပူးရုပ်အောက် က ခံပြီးအပေါ်က ဆင်စီးတဲ့ အဆောင်ရုပ်ကို မနက်ဖြန် အင်္ဂါနေ့ (၉)နာရီခွဲအချိန် မှာ ပန်းပုဆိုင်ကို သမီးသွားပြီး ကိုယ်တိုင် ထိုင်စောင့်ပြီး ထုခိုင်း။ ပြီးတော့ သမီး ယောကျ်ားအုံးတဲ့ ခေါင်းအုံး အလယ်လောက်မှာ ထည့်ပေးလိုက်။ (၃)ရက် အုံးမိတာနဲ့ သမီးယောကျ်ား၊ အရက်ပြတ်သွားလိမ့်မယ်။ သမီးကိုလဲ မရိုက် မဆဲတော့ ပါဘူး။ ယုံယုံကြည်ကြည် လုပ်နော် ‘
‘ ဝမ်းသာပါတယ် ဆရာ။ ဒါပေမယ့် ခရေသား ဟုတ်, မဟုတ် သမီးက မသိတော့ ဆရာဘဲ ကိုယ်တိုင်စီမံ လုပ်ပေးပါလား။ သမီး ကျသလောက် ကန်တော့ပါမယ်’
ဆရာသည် ခေါင်းညိတ်လျက် စန်းမာ၏ အကူအညီတောင်း ခြင်းကို လက်ခံထားလိုက်၏။ နောက်တစ်နေ့တွင် စန်းမာ ဆရာ့ထံမှ စီရင်ပြီးသား အဆောင်ကို ယူ၍ ဆရာ ပြောသည့်အတိုင်း ပြုလုပ်ထားရန် စိတ်ကြည်နူစွာဖြင့် ပြန်သွားလေတော့၏။
တစ်မိုးကုန်၍ တစ်ဆောင်းသစ်ရန် နှင်းမှုံတို့သည် ရောက်လာခဲ့ ပြန်သည်။ ကျိုက္ကစံဘုရား တန်ဆောင်တိုင် မီးထွန်းပွဲနှင့် မသိုးသင်္ကန်းရက်ပြိုင်ပွဲ မနက်ဖြန်ဆိုလျှင် စတော့မည်။ ဆိုင်ခန်းတွေ၊ ရဟတ်တွေ၊ တုတ်ထိုးရုပ်သေးများနှင့် ကြည့်စရာတွေက စည်ကားစ ပြုနေပြီ။ စန်းမာ ကလေးနှစ်ယောက် လက်ဆွဲလျက် ပွဲစျေးတန်း လျှောက်ရင်း ကျိုက္ကစံ အရှေ့မုခ်ရှိ ဗေဒင်ခန်းဆီသို့ လာခဲ့ပြန်သည်။
စန်းမာ ဝမ်းသာသော မျက်နှာဖြင့် ဗေဒင်ဆိုင်ခန်းအတွင်းသို့ ဝင်လိုက်၏။ အမျိုးသားတစ်ဦး ရှိနေသဖြင့် စန်းမာ ခြေထောက် တုံ့ခနဲ ဖြစ်သွား ၏။ ဆရာကြီးသည် စာရေးနေရာမှ စန်းမာဝင်လာသည်ကို သတိထားမိသဖြင့်
‘ ဝင်ထိုင်လေ သမီး ‘
ဆရာကြီးစကားကြောင့် ဝင်ထိုင်လိုက်ရသော်လည်း စန်းမာ အားတုံ့အားနာ ဖြစ်နေသည်။ ဒါကို ဆရာကြီးက ရိပ်မိသည် ထင်၏။
‘ အားမနာပါနဲ့ သမီးရယ်။ ဒါ ဆရာ့တပည့်ပါ။ သမီး ပြောချင်တာ ပြောလို့ရပါတယ်။ ဆရာ လုပ်ပေးလိုက်တဲ့ ကိစ္စ အောင်မြင်ရဲ့လား’
ဒီတော့မှ စန်းမာ ပြုံးလာသည်။
‘ အောင်မြင်ပါတယ် ဆရာ။ ဆရာ လုပ်ပေးလိုက်တဲ့ အဆောင် ကို ခေါင်းအုံးထဲထည့်ပြီး သုံးရက်လောက်ကတည်းက သူ အရက်မသောက် တော့ဘူး။ ကျွန်မနဲ့ စကားပြောရတာလဲ အားလုံး ပြေပြေလည်လည် ဖြစ်သွား တယ်။ ခု အလုပ် လုပ်နေပြီ ဆရာ။ သမီး ဆရာ့ကို သိပ်ကျေးဇူးတင်ပါတယ်။ အခု ဆရာ့ကို လာကန်တော့တာ ‘
စန်းမာသည် သူ့လက်ဆွဲခြင်းထဲမှ ဖယောင်းတိုင်ထုပ်၊ အမွှေး တိုင်ထုပ်များ၊ မုန့်ထုပ်များကို ယူ၍ စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးလျှင် ရိုသေစွာ ဒူးတုတ်လျှက် လက်နှစ်ဖက်ယှက်၍ နဖူးမြေကျဝတ်ချ ကန်တော့လိုက်လေ၏။
‘ အေး အေး၊ သာဓု သာဓု သာဓု။ သမီးတို့လင်မယား ထာဝရ ငြိမ်းချမ်းသာယာပါစေကွယ် ‘
စန်းမာသည် ဆရာကြီးအား ဝတ်ချပြီး ပြန်ရန် ထလိုက်၏။
‘ ဆရာ သမီးကို ပြန်ခွင့်ပြုပါဦး ‘
စန်းမာ ထပြန်သွားလျှင် ဆရာကြီး၏ တပည့်သည် ဆရာကြီး ၏ ရှေ့သို့ တိုးလာပြီး . . . .
‘ ဆရာ သူ့ယောက်ျား အရက်သောက်ပြီး အလုပ်မလုပ်ဘဲ မိန်းမကို ရိုက်နှက် ဆိုးသွမ်းနေတာကို ခုလို ငြိမ်သွားအောင် ဘယ်လိုအစီအရင်တွေ လုပ်ပေးလိုက်သလဲဆိုတာ ကျွန်တော့်ကို သင်တန်းပေးတဲ့အနေနဲ့ ရှင်းပြပါဦး ဆရာ ‘
‘ အေး ဟုတ်သားပဲ။ ဒီ အင်္ဂဝိဇ္ဇာတိုင်ရဲ့ နံညှပ် ပညာ မောင်ဝင်းနိုင် ကို ဆရာ မပေးရသေးဘူး နော်။ ကဲ မောင်ဝင်းနိုင်၊ မွေးနံကို အလယ်မှာထားပြီး ခုနစ်နေ့သား အတွက် တိုင်ခုနှစ်တိုင် ထူလိုက်ပါ ‘
၅ ၆ ဝ ၁ ၂ ၃ ၄
၂ ၃ ၄ ၅ ၆ ဝ ၁
၆ ဝ ၁ ၂ ၃ ၄ ၅
၁ ၂ ၃ ၄ ၅ ၆ ၇
၄ ၅ ၆ ဝ ၁ ၂ ၃
ဝ ၁ ၂ ၃ ၄ ၅ ၆
၃ ၄ ၅ ၆ ဝ ၁ ၂
‘ အင်္ဂဝိဇ္ဇာတိုင်ထူပြီးပြီလား မောင်ဝင်းနိုင် ‘
‘ ဟုတ္ကဲ့ ဆရာ၊ ၿပီးပါၿပီ ‘
‘ ဒါဆိုရင် ခုနစ်နေ့သားအတွက် တိုင်ခုနှစ်တိုင်မှာ သူ့နေ့သား တွေရဲ့ အောက်နဲ့အထက်မှာ ညှပ်ထားတဲ့နံတွေ ပေါ်မလာဘူးလား ‘
မောင်ဝင်းနိုင်သည် ခေါင်းညိတ်ရင်းက . . . .
‘ ဟုတ်ကဲ့ ဆရာ၊ ပေါ်လာပါတယ် ‘
‘ တနင်္ဂနွေသားအတွက် လောက်သေ၊ တနင်္လာသားအတွက် ပိတောက်၊ အင်္ဂါသားအတွက် သစ်အယ်၊ ဗုဒ္ဓဟူးသားအတွက် ဒန်းကြီး၊ ကြာသပတေးသားအတွက် သြဇာ၊ သောကြာသားအတွက် ခရေ၊ စနေသား အတွက် စိန်ပန်းဆိုတဲ့ အသားတွေ ထွက်မလာဘူးလား မောင်ဝင်းနိုင်’ တပည့်ဖြစ်သူ မောင်ဝင်းနိုင်သည် ထူထားသော တိုင်များကို ကြည့်နေလျက်က
‘ ဟုတ်ကဲ့၊ တွေ့ပါတယ် ဆရာ ‘
‘ အဲဒီ နေ့သားအလိုက် ရထားတဲ့ အသားတွေကို တနင်္ဂနွေ သားအတွက် ဂဠုန်ရုပ်ပေါ်မှာ ပူးစီးပြီး ထုရမယ်။ တနင်္လာသားအတွက် ကျားရုပ် ပေါ်မှာ နဂါးစီးပြီး ထုရမယ်။ အင်္ဂါသားအတွက် ခြင်္သေ့ရုပ်ပေါ်မှာ ဂဠုန်စီးပြီး ထုရမည်။ ဗုဒ္ဓဟူးသားအတွက် ဆင်ရုပ်ပေါ်မှာ ကျားစီးပြီး ထုရမယ်။ ကြာသပတေး သားအတွက် ြ<ွကက်ရုပ်ပေါ်မှာ ခြင်္သေ့စီးပြီး ထုရမယ်။ သောကြာသားအတွက် ပူးရုပ်ပေါ်မှာ ဆင်စီးပြီး ထုရမယ်။ စနေသားအတွက် နဂါးရုပ်ပေါ်မှာ ြ<ွကက်စီးပြီး ထုရမယ် မောင်ဝင်းနိုင်။ ဆိုလိုတာက နံညှပ်သားကို မွေးနံရုပ်ပေါ်မှာ ဆပွတ်ကျတဲ့ အရုပ်ကို စီးခိုင်းတာပဲ ‘
မောင်ဝင်းနိုင်သည် သူ၏ မှတ်တမ်းစာအုပ်ပေါ်မှာ ဆရာကြီး ၏ ပြောစကားများကို ရေးမှတ်လိုက်၏။
‘ ဒါဆိုရင် နံညှပ်သားပေါ်မှာ မွေးနံကို ဆပွတ်စီးရုပ် ထုလုပ်ပြီး ခေါင်းအုံးထဲ ထည့်ထားလိုက်ရုံနဲ့ အရက်သောက်ပြီး ပြောစကားဆိုစကား နားမ ထောင်တဲ့သူတိုင်း အရက်ပြတ်ပြီး ပြောလို့ဆိုလို့ ကောင်းသွားမှာလား ဆရာ ‘
‘ အေး ဟုတ်တယ် မောင်ဝင်းနိုင်၊ ဆရာ တော်တော်များများ လက်တွေ့ စမ်းသပ်ကြည့်ပြီးသား။ လင်ယောက်ျားမှ မဟုတ်ဘူး။ သားအတွက်၊ မောင်အတွက်၊ ဖခင်အတွက်တွေလဲ လုပ်လို့ ရတာပဲ။ ပိုပြီးကောင်းတာကတော့ စရေဓာတ်ပေါ်တဲ့အချိန်၊ ဒါမှမဟုတ် မိမိ ပိုင်နိုင်ကျွမ်းကျင်ရာ အောင်အခါ ရွေးပြီး အစီရင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ လိုက်နာကျင့်သုံးရမယ့် အချက်တွေ ပြည့်ဝမယ် ဆိုရင် ပိုပြီး ထက်မြက်အောင်မြင်မှာပေါ့ ‘
မောင်ဝင်းနိုင်သည် လင်းလက်သော မျက်လုံးအစုံဖြင့် ဆရာကြီး အား ကြည့်လျက် . . .
‘ ဟုတ်ပြီဆရာ၊ ခုနှစ်ရက်သားသမီးတွေအတွက် ‘
စန်းမာ ယောကျ်ား ဟန်ဝင်း အရက်မသောက်တော့ပါဆိုတဲ့ ဒီနံညှပ်သားဖြစ်တဲ့ အသားတွေနှင့် မွေးနံရုပ်ခံ၊ ဆပွတ်နံ ရုပ်စီး ထုလုပ်ဆောင်ရွက်ပုံ ကို ကျွန်တော်ရေးလိုက်မယ်နော် ဆရာ ခုနစ်ရက်သားသမီး လူသားတိုင်း စိတ္တသုခ ကာယသုခ ပြည့်ဝစေခြင်းငှာ ပေါ့ဆရာ
သစ္စာဝါဒီ ဆရာမြတ်စောလင်း

” ချစ်တဲ့သူတိုင်း ညားကြပါစေ ”

နံနက် ၁၁ နာရီခန့်ပင် ရှိသေး၏။ ကျွန်ုပ်သည် ကျိုက္ကစံဘုရား ရှိ ကျွန်ုပ်၏ ဗေဒင်ခန်းရှေ့တွင် ပက်လက်ကုလားထိုင်ဖြင့် ထိုင်နေလျက် ဘာဝနှင့် ပတ်သက်သောကျမ်းစာအုပ်များကိုလေ့လာဖတ်ရှုနေရင်းက တော်သလင်းလ၏ မိုးနှင့်နေကိုကြည့်ပြီး ဝေဖန်နေမိ၏။

ထိုစဉ်မှာပင် ကျွန်ုပ်၏ဆိုင်ခန်းရှေ့သို့ ဆိုက်ကားတစ်စီး ရောက်ရှိလာ၏။ ဆိုက်ကားနင်းသူ လူငယ်သည် ကျွန်ုပ်၏ ကျိုက္ကစံဘုရားတွင် စတင်ဗေဒင် ဟောကြားခဲ့ သည့် နှစ်မှစ၍ သိမြင်နေခဲ့သူဖြစ်၏။
” ဆရာ-ဒီမှာဧည့်သည်ပါလာတယ်။ ဆရာ့ဆီမှာ ဗေဒင် မေးချင်လို့ဆိုတာနဲ့ ကျွန်တော် လိုက်ပို့တာ ”
” အေးအေး လှဋ္ဌေး အချိန်ရရင် စောင့်ဦးပေါ့ ”
ကျွန်ုပ်သည် ဆိုက်ကားဆရာလေးအား စောင့်ခိုင်းပြီး ဗေဒင် မေးလိုသူ သမီးငယ်အား ဆိုင်တွင်းဝင်ရန် ဖိတ်ခေါ်လိုက်၏။ ကလေးမလေး၏ မျက်နှာသည် မရွှင်မပျ ဖြစ်နေ၏။ အရေးကြီးနေဟန်လည်းရှိ၏။
ကျွန်ုပ်သည် ဗေဒင်ဟောစားပွဲသို့ ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်မှ သရောဒယဗေဒင်ကျမ်းစာအုပ် ဖတ်လက်စကို မှတ်သားပြီး စာအုပ်စင်ပေါ်သို့ လှမ်းတင်လိုက်၏။ ပြီးမှ တွက်ပြင် စာရွက်တွင် ရာသီစက်၌ ဂြိုဟ်များကို ရေးသွင်းလိုက်၏။ ရောက်လာသော အချိန်အရ လဂ်တပ်လိုက်၏။ ကုံလဂ်ဖြစ်၍ ၇ တန့်ကို လဂ်သခင်စနေက မြင်၏။ ၇ တန့်သခင်တနင်္ဂနွေကိုရာဟုမြင်ပြီး ၇ တန့်တွင်အင်္ဂါရပ်နေချိန်ဖြစ်ပြီး အင်္ဂဝိဇ္ဇာ တိုင်မှာ ဗုဒ္ဓတိုင် ဖြစ်နေသဖြင့် အင်္ဂါခိုက်နေ၏။ ထိုအချက်တို့ကို ခဏတွင်း စဉ်းစားပြီး ဟောပြောရမည့် အဓိကအချက်ကို ဦးနှောက်ထဲသို့ ထည့်လိုက်ပြီး သမ္ဗန္ဓစကားကို စတင်လိုက်ပါ၏။
” သမီးနာမည်က ဘယ်လိုခေါ်သလဲ ”
” သင်းသင်းအေးပါ ဆရာ ”
” သမီးခုလာခဲ့တာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် ဆရာ့ဆီ လာခဲ့တာမဟုတ်လား ”
” ဟုတ်ပါတယ် ဆရာ ကျွန်မ ပြောပါရစေ၊ ပြောခွင့်ပြုပါ ”
” ပြောပါ ဘာဖြစ်ခဲ့တယ်ဆိုတာ၊ ဒါပေမဲ့သမီးပြောမှာ ဆရာသိနေ ပါတယ် သမီးနဲ့ တတိယအကြိမ်မြောက် လက်ထပ်မယ့်ချစ်သူက ပစ်သွားလို့ပဲ မဟုတ်လား ”
” ရှင် ”
ကလေးမသည် ကျွန်ုပ်၏စကားကြောင့် သူ့နှုတ်ခမ်းမှ အာမေဋိတ်သံ ထွက်ပေါ်လာပြီး သူမသည်အံ့အားသင့်နေပုံရ၏။ ပြီးမှ စကား ထစ်ငေါ့စွာဖြင့် သူမ၏ နှုတ်ခမ်းလေးများကို လှုပ်ခတ်ခါ စကားဆိုလာ၏။
” ဟုတ်-ဟုတ်ပါတယ်ဆရာ ကျွန်မ အိမ်ထောင်နှစ်ဆက် ကွဲခဲ့ပြီးပါပြီ၊ ဒါကြောင့် လည်း အိမ်ထောင်ပြုဖို့ ကျွန်မစိတ်မကူးဘဲနဲ့ မိဘနှစ်ပါးကို လုပ်ကျွေး နေခဲ့တာပါ။ ဒီ ကိုအေးဝင်းမောင်ကျမှ ကျွန်မစိတ်ဝင်စားပြီး ဘယ်လို ဖြစ်သွားလဲ မသိဘူး ဆရာရယ်။ ဒါနဲ့ ကျွန်မ သူ့အချစ်ကို လက်ခံခဲ့မိတယ်။ မကြာခင်ရက်ပိုင်း အတွင်းမှာ သူနဲ့ကျွန်မ ရုံးမှာလက်မှတ်ထိုးကြမယ်၊ ဒီနေ့ပဲ သူနဲ့ကျွန်မအတူ နေကြဖို့ အိမ်ငှားရှာထွက်လာရင်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးတိုင်ပင်နေကြရင်းနဲ့ ကျွန်မဆွဲကြိုးလေးချိတ်ပြုတ်သွားလို့ သင်္ဃန်းကျွန်း စျေးထဲကပန်းထိမ်မှာ သူပါလိုက်ပြီး ပြန်ဆက်ပေးမယ်လို့ ပြောသေးတယ်ဆရာ၊ သူကိုယ်တိုင်ပဲ ကျွန်မ ရှေ့မှာတင် ပိုက်ဆံအိတ်ထဲကိုထည့်ပေးတယ် ဆွဲကြိုးလေး ကို သေသေချာချာထုတ်ပေးပြီး၊ ပြီးတော့ ကျွန်မကို သက်သက်သာသာ စီးရအောင် ဆိုပြီး ၃၉ အဖြူကားလေး ခေါင်းခန်းထဲကနေ ထိုင်ခိုင်းသေးတယ်ဆရာ။ သူက နောက်ကနေ ဖြစ်သလိုစီးမယ်ဆိုပြီး လာခဲ့ကြတာ၊ ခု ဘုရားလမ်းမှတ်တိုင် ရောက်လို့ ကျွန်မဆင်းတော့ သူမရှိတော့ဘူး။ အဲဒီကျမှ ကျွန်မလည်း ပိုက်ဆံအိတ်ကိုဖွင့်ပြီး ဆွဲကြိုးကို ကြည့်တော့ ဆွဲကြိုးလည်းမရှိတော့ဘူးဆရာ၊ ကယ်ပါဦး ဆရာရယ်၊ သမီးဘဝက မြွေပါလည်းဆုံး သားလည်းဆုံးဖြစ်နေပါပြီ”
ကလေးမငယ်သည် သူပြောလိုသည်များကို အားပါးတရ တဆက်ထဲပြောပြီး ကျွန်ုပ်၏ရှေ့တွင် ငိုနေတော့၏။ အလွန်ပင် သနားစရာ ကောင်းနေသည်။
” အေးအေး ဟုတ်ပြီလေ၊ သမီးဖြစ်ချင်တာ လုပ်ပေးရမှာပေါ့၊ သမီးကလဲ ၆ ကြွင်းဘင်္ဂ မတည်ငြိမ် လှုပ်ရှားပြောင်းလွဲရမည့်သူ၊ သူကလည်း (အေးဝင်းမောင်ကလည်း) ၅ ကြွင်းဆိုတော့ အညုတွေ၊ အချွဲတွေက ပိုပါဘိသနဲ့။ သင်းသင်းအေးလည်း ဆုံးဖြတ်ချက်တွေ ပြောင်းသွားရတာပေါ့။ အေး ဆရာတို့ သရောဒယ ပညာမှာ သင်းသင်းအေးက အခိုးဂိုဏ်း ကျတယ်ဆိုတော့ ကောင်းတယ်။ နာမည်မြင့်တယ်၊ သမီးချစ်သူ အေးဝင်းမောင်က ခွေးဂိုဏ်းကွယ့် မကောင်းဘူး ဒီတော့ ခွေးကျင့်ခွေးကြံလုပ်တာပေါ့ သမီးရယ်၊ ဆရာလုပ်ပေးလိုက်တဲ့ ယတြာ ကြောင့် သမီးတို့ အဆင်ပြေသွားကြတဲ့အခါ အေးဝင်းမောင်ကို မောင်တစ်လုံး ဖြုတ်လိုက် အေးဝင်း ဆိုတာနဲ့ ခြင်္သေ့ဂိုဏ်းကျသွားလိမ့်မယ်၊ ခြင်္သေ့ဖြစ်တာနဲ့ ငြိမ်သွားလိမ့်မယ်၊ ဒီတော့ တို့ဝဏ္ဏသရစက်ကိုကြည့်ရအောင်၊ သမီးက သင်းသင်းအေး ဆိုတော့ သင်းကို ကြည့်မယ်၊ ဝဏ္ဏသရစက်ရဲ့မူလ ဇယားကွက်မှာ ဗာလ ပထမ ကွက်ဟာ သင်းသင်းအေးရဲ့ ယုဝကျတယ်၊ ကျိုက္ကစံဘုရားပေါ့ကွာ၊ ကကြီးနဲ့ မှည့်ခေါ်တဲ့ ဘုရားပေါ့၊ အေး အဲလို ယုဝဘုရားကို ယုဝပန်း ဖြစ်တဲ့ ဝါးညွန့် ကို လှူပြီး ကျွန်မချစ်သူ အေးဝင်းနှင့် ယခု ချက်ချင်းပင် ပြန်တွေ့ ပါရစေလို့ ဆုတောင်းလိုက်တာနဲ့ သမီးဆန္ဒပြည့်ဝသွားမယ် ဟုတ်လား၊ အတော်ပဲ ဒီနေ့ တော်သလင်းလပြည့်ကျော် ၁ ရက် ဖြစ်တာရယ်၊ ဝ၃းဝဝ နာရီမှ ၁၁ နာရီ ခွဲဆိုတဲ့ နန္ဒာထိတီ ပေါ်ချိန်ဆိုတော့ ယုဝပန်း ဝါးညွန့် ယုဝဘုရားကျိုက္ကစံ အောင်ဓာတ် ပေါ်ချိန်ဖြစ်တယ်။ ကဲ-သွားသမီးလှူလိုက်၊ လှူပြီးရင် သွားတော့၊ သမီးတို့ကိစ္စ အဆင်ပြေသွားလိမ့်မယ် ကြားလား ”
ကျွန်ုပ်၏ ဟောကြားချက်ကို သေချာဂနစွာ နားထောင်ပြီး သင်းသင်းအေး သည် လှဋ္ဌေးဆိုက်ကားနှင့်ပင် ပြန်သွားလေသည်။ တစ်နေ့တွင် လှဋ္ဌေးနှင့် ကျွန်ုပ်တို့သည် ကျီးပင်အောက် ကွမ်းယာဆိုင်တွင် ဆုံမိကြ၏။
” ဟေ့ ညီလေးလှဋ္ဌေး၊ ဟိုနေက ကလေးမလေးကိစ္စ အဆင် ပြေသွားရဲ့လား၊ ဆရာတော့ အကောင်းဆုံးကြိုးစားလုပ်ပေးလိုက်တာပဲ ”
” အဆင်ပြေတယ် ဆရာရေ့၊ စံပြစျေးမှာ ချိန်းထားတဲ့ နေရာမတွေ့လို့ ဧရာဝတီသင်္ဘောဆိပ်ကိုလိုက်သွားတာ အဲဒီမှာသွားတွေ့ တယ်လို့ပြောတယ်၊ အခု သူတို့ တောင်ဒဂုံ အောင်ဇေယျတိုက်ခန်းမှာ ငှားနေတယ် လို့ပြောတယ်၊ သူတို့ ဆရာ့ဆီ ဘယ်နေ့လာမလဲ မသိဘူး၊ လာကြလိမ့်ဦးမယ် ”
လှဋ္ဌေးထံမှ ဤစကားကို ကြားလိုက်ရသဖြင့် ကျွန်ုပ်၏နှလုံး သား၌ ပီတိ စိမ့်စိမ့် သိမ့်သိမ့်တုန်အောင် ခံစားရပါသည်။ သင်းသင်းအေးသည် ကျွန်ုပ်၏သမီး မဟုတ်စေကာမူ သမီးရင်းကဲ့သို့ ကိုယ်ချင်းစာမိပါ၏။
ယနေ့ခေတ်တွင် လူငယ်ဘာဝ ချစ်ကြကြိုက်ကြပြီး ယုံမှတ်လို့ ပုံအပ်ပြီးကာမှနှမချင်းမစာနာတတ်သော သူကောင်သားတို့သည် ဤသို့ လျှင်ပြုမူ တတ်ကြ၍ ယခုမူ ကျွန်ုပ်၏ဆရာဖြစ်သော သရောဒယဆရာဆန်းလှိုင် (မြရည်နန္ဒာ) ရပ်ကွက် မန္တလေးမြို့၏ သင်ကြားပြသသောဝဏ္ဏသရစက်ဖြင့် ယတြာပေးနည်း သင်တန်းမူမှ ထုတ်နုတ် ဆောင်ရွက်ပေးမှုကြောင့် သင်းသင်းအေး တစ်ယောက် သူချစ်သူနှင့် လက်ထပ် ပေါင်းသင်းလျှက် အတူတကွပင်လျှင် နေထိုင်နေချေပြီ မဟုတ်ပါလား။
”ဝဏ္ဏသရစက်ဖြင့် ယုဝဘုရားနှင့် ယုဝပန်းကောက်ယူပုံ”
ကောက်ယူ မှတ်သားရန်မှာ ဝဏ္ဏသရစက်၏ ဇယားတွင် မိမိ နာမည်ပါ အက္ခရာမှ တတိယကွက်တွင်ရှိသော အက္ခရာဖြင့် မှည့်ခေါ်သောဘုရား နှင့် ပန်းများသည် ယုဝဘုရားနှင့် ယုဝပန်းများပင် ဖြစ်ပေသည်။
ဤဇယားတွင်ပါသော ဘုရားများမှာ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဘုရားဘွဲ့များကို အလွယ်မှတ်နိုင်ရန် ဖော်ပြထားခြင်းသာ ဖြစ်၏။ မိမိတို့မြို့ရွာများ ရှိ ဘုရားဘွဲ့တော်များ၏ အရင်းလုံးကိုကြည့်၍ ယုဝပန်းနေရာတွင် ဖော်ပြထား သော အက္ခရာများနှင့် ဘုရားဘွဲ့အရင်းလုံး ကိုက်ညီပါက ယုဝဘုရားပင် ဖြစ်လေ သည်။
၁။
နာမည်အရင်းလုံးအက္ခရာ
က-ဆ-ဓ-ဘ-ဝ-အ
ယုဝပန်း
ဂ-င-စျ-ပ-ယ-ဥ ( ဥပမာ-ဂေါ်သဇင်၊ငုဝါ၊ပိန်းပန်း)
ယုဝဘုရားဘွဲ့များ
ငါးမာန်အောင် ပေါ်တော်မူ တာဝတိံသာ ဥက္ကလာစေတီ
၂။
နာမည်အရင်းလုံးအက္ခရာ
ခ-ဇ-ည-န-မ-ဣ
ယုဝပန်း
ဃ-ထ-ဖ-ရ-သ-ဧ(ဥပမာ-ရွက်လှ၊ရွှေပန်း၊သစ္စာပန်း)
ယုဝဘုရားဘွဲ့များ
ထူပါရုံ၊ ရွှေတိဂုံ၊ ရန်မျိုးအောင်၊ ရွှေကျီးမြင့်၊ သကျသီဟ၊ ရွှေဘုန်းပွင့်
၃။
နာမည်အရင်းလုံးအက္ခရာ
ဂ-င-စ်-တ-ပ-ယ-ဥ
ယုဝပန်း
ဓ-ဌ-ဒ-ဗ-လ-ဟ-သြ (ဥပမာ- ဒန်းပန်း၊ဒေါနပန်း၊
ၾသဇာၫႊန္​႔)
ယုဝဘုရားဘွဲ့များ
စန္ဒာမုနိ၊ ဗိုလ်တထောင်၊ လောကမာရဇိန်
၄။
နာမည်အရင်းလုံးအက္ခရာ
ဃ-ထ-ဖ-ရ-သ-ဧ
ယုဝပန်း
က-ဆ-ဓ-ဘ-ဝ-ဟ (ဥပမာ-ကံ့ကော်၊ကြာ၊ဝါးညွှန့်၊
ဆောင်တော်ကူး)
ယုဝဘုရားဘွဲ့များ
ကျိုက္ကစံ၊ ဆူးလေ၊ ကမ္ဘာအေး၊ ကုဿ ိနာရုံ၊ကျိုက်ဝိုင်း၊
အာနန္ဒာ၊အောင်တော်မူ။
၅။
နာမည်အရင်းလုံးအက္ခရာ
ဓ-ဌ-ဒ-ဗ-လ-ဟ-ၾသ
ယုဝပန်း
ခ-ဇ-ည-ဎ-န-မ-ဣ (ဥပမာ-ခရေ၊ဇော်စိမ်း၊နှင်းဆီ၊
မေမြို့)
ယုဝဘုရားဘွဲ့များ
ဇိနမာန်အောင်၊ မဟာမြတ်မုနိ၊ မယ်လမု၊ ချမ်းသာရ
ဤဆောင်းပါးတွင် ပါဝင်သောပညာရပ်များကို ဖတ်ပြီးလျှင် သင်းသင်းအေးကဲ့သို့သော စာဖတ်ပရိသတ်များ ချစ်သူ၏ မချစ်မနှစ်သက်ခြင်းမှ ကင်းဝေးလျက် ချစ်တဲ့သူတိုင်း ညားနိုင်ကြပါစေဟူ၍ . .
( သစ္စာဝါဒီ ဆရာမြတ်စောလင်းဆောင်းပါးအား ပြန်လည်ကူးယူဖော်ပြသည်)

စျေးရောင်းကောင်းချင်သူများ အတွက်

ကျွန်တော်ဆီဗေဒင်မေးကြတဲ့သူတွေထဲမှာ အမေးအများဆုံးမေးခွန်းလေးတွေနဲ့ပက်သက်ပြီး ဒီကနေအများစုပြန်လည်အသုံးချလို့ရအောင်လို့ ဆောင်းပါးလေးတွေပြန်လည်ရေးပေးလေ့ရှိပါတယ်။ ဒီတစ်ခါလဲကိုယ်ပိုင်စီးပွားလုပ်နေသူတွေအမေးများတဲ့ မိမိဆိုင်လူစည်အောင် ၊ စျေးရောင်းကောင်းအောင် ဘာလုပ်ရမလဲဆိုတဲ့မေးခွန်းလေးတွေအတွက် ပြန်ဖြေပေးချင်ပါတယ်။
စျေးရောင်းကောင်းစေတဲ့ယတြာတွေကိုခဏ ဖယ်ထားပါအုံး။ စျေးကွက်စီးပွားရေးအရ စျေးဆိုင်တစ်ခု
စတင်တည်ထောင်ပြီဆိုကြပါစို့ ။လမ်းဘေးကွမ်းယာဆိုင်
ကစလို့ Super Marketတွေထိ ရောင်းကြတဲ့ကုန်ပစ္စည်းတွေအများကြီးပါ။ မိမိပစ္စည်းကစျေးနှုန်းမှန်ရဲ့လား ၊ပစ္စည်းမှန်ရဲ့လား…ဆိုတာကစလို့ စတင်စဉ်းစားဖို့လိုလာပါပြီ။
ဝယ်ယူသူစိတ်ကျေနပ်မှုအပြည့်အဝရရှိဖို့က ဦးစားပေး၁ပါ။
ကျွန်တော်ဆီလာကြတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်သူ
တွေကို ပိုင်ရှင်ဆိုတဲ့စိတ်ခဏမေ့ထားပြီး customers
နေရာကနေခံစားပြီးတော့ရောင်းပါလို့ပြောပြလေ့ရှိပါတယ်
။အဲလိုမှနားမလည်ဘူးဆိုရင် Own Business Management (OBM) သင်တန်းတွေတတ်ပါလို့
အရင်တိုက်တွန်းပါရစေ….။
ကဲပြန်ဆက်ရအောင်ဗျ။ မိမိဆိုင်အရောင်းပါးလို့လာမေးကြသူတွေထဲမှာ တော်တော်များများက ဆရာစုံနေကြပါပြီ။ စျေးရောင်းကောင်းစေမဲ့ အဆောင်တွေကလဲ ဆိုင်မှာ အများအပြားဖြစ်နေပေမဲ့ ရောင်းအားတတ်မလာတာမျိုးတွေ့ရတတ်ပါတယ်။ ဆရာတွေပေးတဲ့ယတြာတွေက မစွမ်းတာမျိုးမဟုတ်ပါဘူး။ ယတြာမတိုးတဲ့သဘောပါ။ သွေးတိုးလို့ ခေါင်းကိုက် ခေါင်းမူးနေသူကို သွေးတိုးကျဆေးမသောက်ဘဲ သာမန်ခေါင်းကိုက်ပျောက်ဆေးသောက်ရုံနဲ့ မသက်သာတဲ့သဘောပါ။
ဒီဘက်ခေတ်ကြီးကလဲ ဆုပ်ကပ်ခေတ်ဆိုတော့ လူတော်တော်များများက ဉာဏ်ဝီရိယစိုက်မထုတ် ချင်ကြတော့ဘူး။အရာရာကို readymadeပဲ လိုချင်ကြတော့သည်။ ဒါကြောင့်ပဲ ဗေဒင်ဆရာတွေအဆောင် လုပ်ပြီးရောင်းစားလာကြတော့သည်။ အပင်ပန်းမခံချင်ကြ
တော့။ နီးစပ်ရာစေတီပုထိုးသွားပြီး ယတြာလုပ်ခိုင်းရင်တောင်သိပ်မလုပ်ချင်ကြပေ။ အဲဒီမှာ ပရိတ်ပဌာန်းတွေကိုပါ ရွတ်ခိုင်းလိုက်ရင်တီကိုဆားနဲ့တို့ သလိုဖြစ်သွားတတ်ကြသည်။ ဆရာပြောတာမှတ်မိသေး
သည်။
“ဒီမှာတပည့် မင်းကစျေးခေါ်အစီအရင်တွေ ပေးမယ်ဆိုရင်အရင်ဆုံး သူ့ကံကိုအရင်ကြည့်ကွ…
လူတစ်ယောက်ဟာ အဆိုးလောကဓံတွေထဲ ရောက်နေတယ်ဆိုရင်တော်ရုံ စျေးခေါ်အဆောင်၊ လာဘ်ခေါ်အစီအရင်တွေ၊ လာဘ်ပန်းတွေလောက်နဲ့ မိမိဆိုင်လူစည်လာမယ်လို့မထင်နဲ့။
သူလာဘ်ပိတ်နေတာဟာဘယ်လောက်ထိ ပိတ်နေတာလဲဆိုတာကို ချိန်ဆတတ်ရမယ်ဗျ။ သူ့လာဘ်တံခါးက စေ့ရုံလေးပိတ်ထားတယ်ဆိုရင်တော့
တွန်းဖွင့်ရုံနဲ့ပွင့်မယ် မဟုတ်လား…..”
“ဟုတ္ကဲ့ ..ဆရာ “
“အဲလိုမျိုးလူကို သာမညယတြာ လောက် လုပ်ရုံနဲ့ ကံတွေပွင့်လာတတ်တယ်ကွ။ သူ့ရဲ့လာဘ်တံခါးက မင်းတုန်းတွေချထားပြီး ဂျက်ပါထိုးထားတယ်ဆိုရင်တော့ မင်းလွယ်လွယ်နဲ့ဖွင့်လို့မရတော့ဘူး။ ချွေးထွက်အောင် ရိုက်ဖွွင့် တွန်းဖွင့်ရ လိမ့်မယ်လေ…. အဲလိုကံမျိုးရှိသူကို သာမညယတြာလောက်တဲ့လုပ်လို့မရတော့ဘူး။ အဓိကယတြာလောက်ပေးမှရလိမ့်မယ်….
မင်းသဘောပေါက်ရဲ့လား”
“ပေါက်ပါတယ် …ဆရာ”
“အေးယတြာကို အဓိကနဲ့သာမည ခွဲခြားပြီးမင်းမပေး
တတ်သေးဘူးဆိုရင်တော့ မင်းဆရာတစ်ယောက်ဖြစ်လာ
မွာမဟုတ္ဘူး”
” နားလည္ပါၿပီ….ဆရာ”
“နားလည်ပြီဆို ထပ်ပြောမယ်…စျေးရောင်းကောင်းစေ
ချင်လို့ဆိုပြီး ဇီးကွက်တွေရော ၊ဇော်ဂျီဆေးကြိတ်တွေရော၊
ကောင်တာမှာ လာဘ်ပန်းထိုးတာတွေရော တားရော့ကဒ်ဆောင်တာတွေရော စတဲ့အစီအရင်တွေ
အရင်မပေးနဲ့အုံးကွ…..
ဂုဏ်တော်ကွန်ချာကိုတတ်နိုင်သလောက်နေ့စဉ်ရွတ်ခိုင်း
အချိန်ရတာနဲ့ရွတ်ဆိုနေဖို့ပြော …သက်စေ့ပဲရွတ်ရွတ်
ပုတီးတစ်ပတ်စာ ၁၀၈ခေါက်ပဲရွတ်ရွတ် အမြဲတမ်းရွတ်နိုင်
လေကောင်းလေပဲ ….ဂုဏ်တော်ကွန်ချာရွတ်တာ နဲ့တင်လာဘ်တွေပွင့်ပြီး လက်မလည်အောင် ရောင်းနေရတဲ့ဆိုင်တွေအများကြီးပဲ….ငါကိုယ်တွေ့ကွ…
တောင်တန်းသာသနာပြုဆရာတော် ဦဥတ္တမသာရရဲ့ ဂုဏ်တော်ကွန်ချာတရားတော်ကိုလဲမင်းနာဖူးတယ်မဟုတ်
လား..”
“နာဖူးပါတယ္ဆရာ”
“အဲဒီတရားမှာလဲ ဆရာတော်က စျေးရောင်းကောင်းကြောင်း ဘေးကင်းကြောင်း အသက်ဘေးမှလွတ်ကြောင်းဟောထားတာပဲလေ….
စျေးရောင်းကောင်းချင်သူကို ဂုဏ်တော်ကွန်ချာကိုသာအရင်ရွတ်ခိုင်းကွ….”
📝📝📝📝📝📝📝📝📝📝📝📝📝📝📝📝📝
ဆရာပြောပြီးကတည်းက ဂုဏ်တော်ကွန်ချာကို စျေးရောင်းကောင်းချင်သူတွေကို ပေးလေ့ရှိသည်။ ထူးခြားစွာစျေးရောင်းကောင်းသွားကြတာ အများအပြားတွေ့ရသည်။
“ဟုတ်ကဲ့ရွတ်ပါ့မယ်” ပြောပြီး မရွတ်ဖတ်ကြသူတွေလဲရှိ
နေပြန်သည်။ ဒါကြောင့် တကယ်ရွတ်ဖတ်နိုင်သူတွေသာ
စိတ်ပါလက်ပါရွတ်စေချင်သည်။ လုပ်ချင်စိတ် ရွတ်ချင်စိတ်မရှိသူတွေ ၊ဂိမ်းတွေ facebookတွေကိုတော့နာရီပေါင်းများစွာ အချိန်ပေးပြီး
ဂုဏ်တော်ရွတ်ဖို့ကြတော့ “မအားလို့ဆရာ..အချိန်မရဘူး”
လို့ပြောကြသူတွေမရွတ်လဲရပါတယ်။
ဂုဏ်တော်ကွန်ချာရဲ့ ပါဠိနဲ့ အနက်လေးတွေကိုပါ တစ်ဆက်ထဲဖော်ပြလိုက်ရပါတယ်ဗျ…..
📝📝📝📝📝📝📝📝📝📝📝📝📝📝📝📝
ဂုဏ်တော်ကွန်ချာ
၁ ။ သောဘဂဝါ ဣတိပိ အရဟံ
အရဟံ ၀တ သောဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အရဟံ ။
၂ ။ သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သောဘဂဝါ
သမၼာသမၺဳဒၶံ သရဏံ ဂစာၦမိ
သမၼာသမၺဳဒၶံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။
၃ ။ သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော
၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သောဘဂဝါ
၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော ။
၄ ။ သောဘဂဝါ ဣတိပိ သုဂတော
သုဂတော ၀တ သောဘဂဝါ
သုဂတံ သရဏံ ဂစာၦမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သုဂတော ။
၅ ။ သောဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ၀တ သောဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝိဒုံ သိရသာ နမာမိ
ပ ဉ္စမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ လောကဝိဒူ ။
၆ ။ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သောဘဂဝါ
အနုတ္တရော ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ ။
၇ ။ သောဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿ နံ
သတ္ထာဒေဝ မနုဿ ာနံ ၀တ သောဘဂဝါ
သတ္ထာရံ ဒေ၀ မနုဿာနံသရဏံ ဂစ္ဆာမိ
သတ္ထာရံ ဒေ၀ မနုဿာနံသိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿ ာနံ။
၈ ။ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သောဘဂဝါ
ဗုဒၶံ သရဏံ ဂစာၦမိ
ဗုဒၶံ သိရသာ နမာမိ
အဋ္ဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။
၉ ။ သောဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ၀တ သောဘဂဝါ
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ
ဘဂဝန္တံ သိရသာ နမာမိ
နဝမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဘဂဝါ ။
၁၀ ။ သောဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ၀တ သောဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝိဒုံ သိရသာ နမာမိ
ပ ဉ္စမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ လောကဝိဒူ ။
၁၁ ။ သောဘဂဝါ ဣတိပိ သုဂတော
သုဂတော ၀တ သောဘဂဝါ
သုဂတံ သရဏံ ဂစာၦမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သုဂတော ။
၁၂ ။ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သောဘဂဝါ
အနုတ္တရော ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ ။
၁၃ ။ သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော
၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သောဘဂဝါ
၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော ။
၁၄ ။ သောဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿ ာနံ
သတ္ထာဒေဝ မနုဿ ာနံဝတ သောဘဂဝါ
သတ္ထာရံ ဒေ၀ မနုဿာနံသရဏံ ဂစ္ဆာမိ
သတ္ထာရံ ဒေ၀ မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿ ာနံ။
၁၅ ။ သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သောဘဂဝါ
သမၼာသမၺဳဒၶံ သရဏံ ဂစာၦမိ
သမၼာသမၺဳဒၶံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။
၁၆ ။ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သောဘဂဝါ
ဗုဒၶံ သရဏံ ဂစာၦမိ
ဗုဒၶံ သိရသာ နမာမိ
အဋ္ဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။
၁၇ ။ သောဘဂဝါ ဣတိပိ အရဟံ
အရဟံ ၀တ သောဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အရဟံ ။
၁၈ ။ သောဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ၀တ သောဘဂဝါ
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ
ဘဂဝန္တံ သိရသာ နမာမိ
နဝမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဘဂဝါ ။
( ဂုဏ်တော်ကွန်ချာ ပြီး၏ ။ )
ဂုဏ်တော်ကွန်ချာအနက်
၁။ သော ဘဂဝါ ဣတိပိ အရဟံ၊အရဟံ ၀တ သော ဘဂဝါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊သော ဘဂဝါ ဣတိပိ အရဟံ။
သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံမည်တော်မူပါပေ၏။
သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ၀တ၊ စင်စစ် ဧကန်အမှန်မလွဲ၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သရဏံ ကိုးကွယ်အားထားရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပူဇော်ပါ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးကန်တော့ပါ၏။
ပထမော ရှေးဦးစွာသော ၀ဇိရပါကာရော အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံ မည်တော်မူပါပေ၏။
၂။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊
သမၼာသမၺဳဒၶံ သရဏံ ဂစၧာမိ၊သမၼာသမၺဳဒၶံ သိရသာ နမာမိ၊
ဒုတိယော ၀ဇီရပါကာရော၊သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သမ္မာသမ္ဗုဒ္ဓေါ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။
၃။ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂဝါ၊
၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ၀ဇီရပါကာရော၊သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူပါပေ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
တတိယော၊ သုံးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။
၄။ သော ဘဂဝါ ဣတိပိ သုဂတော၊သုဂတော ၀တ သော ဘဂဝါ၊
သုဂတံ သရဏံ ဂစ္ဆာမိ၊သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ သုဂတော။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သုဂတော၊ နိဗ္ဗာန်သို့ သွားတော်မူတတ်ပါပေ၏။ (တစ်နည်း) သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်ပါပေ၏။
သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
စတုတ္ထော။ လေးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။
၅။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ၀တ သော ဘဂဝါ၊
လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊လောကဝိဒုံ သိရသာ နမာမိ၊
ပဥ္စမော ၀ဇီရပါကာရော၊သော ဘဂဝါ ဣတိပိ လောကဝိဒူ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ လောကဝိဒူ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။
လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ပဥ္စမော၊ ငါးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။
၆။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂဝါ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ အနုတ္တရောပုရိသဒမ္မသာရထိ၊ ဆုံးမတော်မူရာ၌အတုမရှိ မြတ်တော်မူပါပေ၏။
အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ဆဋ္ဌမော၊ ခြောက်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။
၇။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံ ၀တ သော ဘဂဝါ၊
သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေ၀မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ၀ဇီရပါကာရော၊သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူပါပေ၏။
သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
သတ္တမော၊ ခုနှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။
၈။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊
ဗုဒၶံ သရဏံ ဂစၧာမိ၊ဗုဒၶံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။
ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဗုဒ္ဓေါ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်ပါပေ၏။
ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
အဋ္ဌမော၊ ရှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။
၉။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊ဘဂဝါ ၀တ သော ဘဂဝါ၊
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ဘဂဝန္တံ သိရသာ နမာမိ၊ နဝမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ ဘဂဝါ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။
ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဘဂဝါ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူပါပေ၏။
ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
နဝမော၊ ကိုးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။
🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋
ကဲ….ဒီလောက်ဆိုစျေးရောင်းကောင်းချင်တဲ့သူတွေအတွက် အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်ဗျာ ….
၇ရက်သားသမီးအပေါင်း…ကောင်းသောလိုအင်
ဆန္ဒတွေပြည့်ဝကြပါစေဗျ…။ ။
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့ ————————-

ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့…တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။
အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။
ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။
ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။
ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။
ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်………..
———————————————————
ရာသီက ဆောင်းရာသီကုန်ခါနီး။ လက်ကျန်ဆောင်းက စာမဖွဲ့တတ်အောင်အေးသည်။မြောက်ပြန်လေက ခန္ဓာကိုယ်အတွင်းပိုင်းထဲ ထိုးဖောက်ဝင်ရောက်သွားသလိုခံစားရသည်။
အေးမြခြင်းတွေက အရိုးကွဲမတတ်။ လေကတဖြေးဖြေးတိုက်ခတ်နေဖြင့် ပဲခူးရွှေမောဓောဘုရားကြီးထီးတော်ရှိခေါင်းလောင်းတွေရဲ့ တချွမ်းချွမ်း မြည်သံက သာယာနာပျော်ဖွယ်ကောင်းလှသည်။
မနက်စောစောဘုရားဖူးရသည့်အရသာက အေးငြိမ်းချမ်းသာမှုအပြည့်ပေးသည်။ ကျီးမနိုးချိန်ဖြစ်၍ ကာယဝိဝေက ၊ စိတ္တဝိဝေကရှိတဲ့အတွက် ဘုရားကိုအာရုံပြုလို့ကောင်းသည်။
မနက်လေးနာရီခွဲဝန်းကျင်လောက်ဆိုရင် ရွှေမောဓောဘုရားရင်ပြင် တံခါးဖွင့်သည်။ တစ်ခါတလေ ကိုယ်ရောက်တာစောရင်တံခါးမဖွင့်သေး၍ ဘာဂျာတံခါးနားထိုင်စောင့်ရတတ်သည်။
ပန်းဆိုင်ကနေ အောင်သပြေပန်း ၊ စံပယ်ပန်းဝယ်သည်။ ဘုရားပန်းကပ်၊ ဘုရားရှိခိုး၊ပုတီးစိတ် ၊ မေတ္တာပို့ပြီးရင် ရင်ပြင်တော်ရှိအာရုံခံတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းသည်။ ထိုနောက်အင်္ဂါထောင့်ရှိ ခရေပင်ကြီးအောက် တဖြုတ်ဖြုတ်ကြွေနေသော ခရေရွက်ခြောက်တွေကိုလှည်းထုတ်ဖြစ်သည်။
ခရေပန်းကောက်ပြီးဘုရားကပ်သူတွေအတွက် အရွက်ခြောက်တွေမရှိတော့ပန်းကောက်ရတာ အဆင်ပြေကြသည်။ အာရုံခံ တန်ဆောင်းတွေသန့်ရှင်းရေးလုပ်ပြီးတိုင်း ၊ ခရေပင်အောက် တံမြက်စည်းလှည်းဖြစ်သည်။ တစ်ခါတလေသူများဦးစွာ လှည်းသွားတာမျိုးလဲရှိသည်။
ဒီနေ့မနက်တော့ ဘယ်သူ့မှခရေပင်အောက်တံမြက်စည်းလှည်းတာမမြင်သေး။ကျွန်တော်တံမြက်စည်းနှစ်ချောင်း ကိုင်ပြီးဘယ်ညာ စုံလှည်းသည်။
တံမြက်စည်း လှည်းနေရင်း သစ်သားနှင့် ကြမ်းခင်းရိုက်သံကြားရပြီး ပွတ်လုံးနှင့် ချောထားသောသစ်သားတုတ်ချောင်းလေးတစ်ချောင်း ကျွန်တော့်အရှေ့ကို လှိမ့်လာသည်။
လာရာဘက်ကိုလှည့်ကြည့်တော့ ခရေပင်အောက် ထိုင်နေသည့်အဘတစ်ဦးနှင့် မျက်လုံးခြင်းဆုံသည်။ထိုအဘ၏မျက်လုံးတွေကစူးရှတောက်ပလွန်းသည်။ သူ့မျက်လုံးအကြည့်ဒဏ်ကိုကြာကြာမခံနိုင်။မျက်နှာလွှဲလိုက်ရသည်။
ကချင်ပုဆိုးနှင့်လိုက်ဖက်စွာ အကျီင်္အဖြူဝတ်ဆင်ထားပြီး ယောဂီရောင်သဘက်ကိုခေါင်းပေါင်း
ပေါင်းထားသည်။အသက်ကတော့ ၇၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။
ကျွန်တော် တုတ်လေးကိုကောက်ပြီး
” အဘ ဒီတုတ်လေးက အဘ ပစ္စည်းလား”
” ဟုတ်တယ် ငါ့မြေး”
“တောင်ဝှေး အလွယ်တကူမတွေ့တာနဲ့ တုတ်လေးယူလာခဲ့တာ
ဒီခရေပင်အောက်မှာ အညောင်းပြေထိုင်ရင်း
တုတ်လေးထောင်ထားတာ
လေတိုက်တော့ ငါ့မြေးဆီ လိမ့်သွားတာပဲ”
“လိမ့်တာပေါ့အဘရာ တောင်ဝှေးလိုထိပ်က အကောက်လေးမှမပါတာ”
” ငါတူက ပဲခူးကပဲလား”
” ဟုတ္ပါတယ္အဘ “
” ငါ့တူ တန်ဆောင်းတွေမှာတံမြက်စည်းတွေ
လှည်းနေတာသတိထားမိတယ်
နေတိုင်းလှည်းတာလား”
” မနက်တိုင်းနီးပါးတော့ လှည်းဖြစ်တယ်အဘ
ခရီးသွားစရာ မရှိရင်တော့ဘုရားကိုလာဖြစ်တာများ ပါတယ်”
“ကောင်းတာပေါ့ကွာ တံမြက်စည်းလှည်းကုသိုလ်ယူတာ အတိုက်အခံကင်းတယ်
ကိုယ့်ကိုမနာလိုမုန်းထားတဲ့ သူ နည်းတာပေါ့ကွ
ဒါနဲ့စကားမဆက် ငါ့တူက အင်္ဂါသားလား”
ရင်ထဲဒိတ်ခနဲဖြစ်သွားဖြစ်သွားသည်
ဘယ်လိုများသိတာလဲပေါ့
” ဟုတ္ပါတယ္အဘ”
” ဟုတ်တယ်ဆို ငါတူအခု လေ့လာနေတဲ့ပညာရပ်တွေနဲ့ ငါ့တူနာမည်ကြီးလာလိမ့်မယ်”
” အခုဗေဒင်ပညာလေ့လာနေပါတယ်အဘ”
အဲဒီတုန်းက ဗေဒင်ပညာသင်ကြားနေပြီး မိတ်ဆွေတွေကိုအနည်းအကျဉ်းပြန်ဟောနေချိန်ဖြစ်သည်။
ဒါပေမဲ့ငါမြေး အလုပ် နေရာထိုင်ခင်းမမြဲဘူး အလုပ်စုံ နေရာစုံကျင်လည်ရအုံးမယ်
သက်လတ်ပိုင်းလောက်မှ မိမိတတ်ကျွမ်းတဲ့
ပညာနဲ့ရပ်တည် ကျော်ကြားလိမ့်မယ်”
” မနောနဲ့ကြည့်တယ်ဆိုတာအဲဒါလားအဘ”
” ဘာမနောမှမဟုတ်ပါဘူး ငါ့ မြေးအင်္ဂဝိဇ္ဇာတတ်တယ်မဟုတ်လား”
“ဟုတ်ကဲ့ တတ်ပါတယ် အဘ
” အဲဒါဆို အခုဘာအခါလဲ “
“တနင်္ဂနွေ မနက်ခြောက်နာရီကျော်ပြီဆိုတော့ သူရဇ္ဇအခါပါအဘ “
“အခါတိုင်ကိုသုံးသပ်ကြည့်ရင် သိတယ်လေကွာ ……
ပြီးတော့ နာမက္ခရဆန်းအရ နာမည်နဲ့အသားအရောင်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လေ”
“အဲလောက်ထိ နက်နက်နဲနဲမသိသေးဘူးအဘ “
“အတွေ့အကြုံက အကောင်းဆုံးဆရာဖြစ်လာပါလိမ့်မယ်ကွ …… ကြိုးစားပေါ့”
( သူရဇ္ဇအခါကိုသုံးသပ်ရာတွင် တံမြက်စည်းလှည်းနေခြင်း လှုပ်ရှားများခြင်းကိုဆင်ခြင်၍အင်္ဂါသားဟုပြောခဲ့ဟန်တူပါသည်။ ပညာနဲ့ပက်သက်ပြီး အခိုက်ကနေ နဝင်းကိုဆက်သွယ်ချက်အရပြောခဲ့ပြီး
အလုပ်မမြဲခြင်းကို “စ”နဲ့စပြီး အသားညို၍ခြင်း နာမည်အရင်းလုံး
အဖျားစာလုံးကို သုံသပ်ပြောသွားသည်ဟုထင်ပါသည်။ ကျွန်တော့်အထင်သာဖြစ်ပါသည်။ အခါတစ်ခုကိုဆုံးဖြတ်ဆင်ခြင်ရာတွင်တစ်ဦးနဲ့တစ်ဦး ချဉ်းကပ်ပုံခြင်းမတူပါ။
ဤကား စကားခ်ပ္)
” အဘက ပဲခူးဘယ်ရပ်ကွက်မှာနေတာလဲ”
” အဘကပဲခူးက မဟုတ်ဘူး ….မန္တလေးက ဒီမှာရှိတဲ့ညီမဆီလာလည်တာ ဒီနေပဲပြန်မှာကွာ “
” အဘအဲဒါဆို ပညာပိုင်းနဲ့သက်ဆိုင်တဲ့အစီအရင်လေးဖြစ်ဖြစ် ၊ပညာလေးတစ်ကွက်လောက်ဖြစ်ဖြစ်ချီမြှင့်ပေးပါဦး”
” အေး……အေး ပေးရမှာပေါ့ကွာ
ငါမြေးက ဘာသာရေးဝါသနာပါတယ်ဆိုတော့ဘာသာရေးနဲ့သက်ဆိုင်တဲ့အစီအရင်တစ်ခုပေးမယ်
ငါ့မြေး သရဏံဂုဏ်၃၀ မန္တာန်ရလား”
” ကြားတော့ကြားဖူးတယ် မရဘူးအဘ”
” မရရင်အဘရွတ်ပြမယ်”
သရဏံဂုဏ် ၃၀ မန္တာန်
(၁) ဇာတိ ပရိယန္တံံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇာတိ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၂)ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၃) ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၄) ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ယာဝဇီဝံ သံဃံ သရဏံ ဂစ္ဆာမိ
(၅) မရဏ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
မရဏ ပရိယန္တံံ ဓမ္မံ သရဏံ ဂစ္ဆာမိ
မရဏ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၆) မရဏ ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
မရဏ ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
မရဏ ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၇) အရဟတ္တ မဂ္ဂ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
အရဟတ္တ မဂ္ဂ ပရိယန္တံံ ဓမ္မံ သရဏံ ဂစ္ဆာမိ
အရဟတ္တ မဂ္ဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၈) အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ
ဗုဒၶံသရဏံ ဂစၧာမိ
အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ ဓမ္မံ
သရဏံ ဂစၧာမိိ
အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ သံဃ ံ
သရဏံ ဂစၧာမိ
(၉) နိဗ္ဗာန ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၁၀)နိဗ္ဗာန ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
နိဗ္ဗာန ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
အတိုကောက်မှတ်ရန်-( ဇာ-ဘော-ဇီ-ယာ-မ-မ-အ-အ-နိ-နိ-)
အနက္ကား—
(၁) ဇာတိပရိယန္တံ—–ဇာတိပဋိသန္ဓေ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၂) ဘောဂပရိယန္တံ——စည်းစိမ်ဥစ္စာ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၃) ဇီဝိတပရိယန္တံ——-အသက် ကုန်ဆုံးသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၄) ယာဝဇီဝံ——–အသက်ထက်ဆုံး။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၅) မရဏပရိယန္တံ———-သေခါနီးတိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၆) မရဏကာလ ပရိယန္တံ——-
-သေသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၇) အရဟတ္တမဂ္ဂ ပရိယန္တံ——–အရဟတ္တမဂ် ရသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ—-အရဟတ္တဖိုလ် ရသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၉) နိဗ္ဗာနပရိယန္တံ——ပရိနိဗ္ဗာန် ဝင်စံခါနီးတိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၁၀) နိဗ္ဗာနကာလပရိယန္တံ—–ပရိနိဗ္ဗာန် ဝင်စံသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏
” အဲဒီဂါထာကိုအမြဲရွတ်ပေးကွ။ မင်းဉာဏ်တွေပွင့်လာလိမ့်မယ်
ထုံလာပြီဆိုရင် ဗေဒင်လာမေးသူတွေရဲ့စိတ်အကြံကအစကြိုသိနိုင်တယ်။လာဘ်လာဘတွေပေါလာလိမ့်မယ် အခက်အခဲတွေ ဘေးအန္တရာယ်တွေ
ရှောင်ကွင်းသွားလိမ့်မယ် ကြံစည်စိတ်ကူးထားတာလေးတွေ မျှော်လင့်ထားတာလေးတွေဖြစ်လာလိမ့်မယ်
လူတွေ၊နတ်တွေ ချစ်ခင်စောင်မလိမ့်မယ်ကွ ၊အိမ်မှာအိမ်ထောင်ဦးစီးအမြဲရွတ်ရင်အိမ်ကျက်သရေတိုးတယ် အိမ်အေးချမ်းတယ် ကြံတိုင်းအောင်ပြီးဆောင်တိုင်းမြောက်နိုင်လိမ့်မယ် ရန်သူနည်းပြီးအသက်ရှည်ကျန်းမာလိမ့်မယ်ကွ
ဗေဒင်လာမေးတဲ့သူ ကံအရမ်းနိမ့်နေပြီ
ဆို ဒီမန္တာန်ကိုများများသာရွတ်ခိုင်းပေး ကံညံ့တဲ့နှစ်တောင်ခံသာတယ် ၊အဆိုးတွေသိပ်မကြုံရတာတွေ့ရတယ် ဘုမ္မိကြီးပဲကြံုကြံု ၊စနေဂြိုဟ်ထဲပဲရောက်နေ
ပါစေ အဆိုးတွေကိုလျော့ပါးသက်သာစေလိမ့်မယ်ကွ”
” ဘယ်လိုရွတ်ရမလဲအဘ သက်စေ့ပဲလား”
“ကြည်ညိုလို့ရွတ်တာကတော့ဘယ်လိုရွတ် ရွတ်ပေါ့ကွာ
အစီအရင်အနေနဲ့ကတော့ တစ်နေ့ကို
၁၀၈ပုတီးနဲ့ ဆယ်ပတ်စိပ်ရမယ် “
” တစ်ပုဒ်လုံးဆုံးရင်ပုတီးတစ်လုံးချရမှာလားအဘ”
” မဟုတ္ဘူးကြ
“ဇာတိ ပရိယန္တံံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့ရွတ်ဆိုပြီးပုတီးတစ်လုံးချ၊
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ရွတ်ပြီးတစ်လုံးချ
အဲလိုမျိုးသာရွတ်ဆိုပြီးစိပ်သွား
၁၀၈ လုံးပုတီး၁၀ ပတ်ပြည့်ရင်
နိဗ္ဗာန ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
မှာ အဆုံးသတ်သွားလိမ့်မယ်။
အခေါက်ရေနဲ့ဆိုရင် ၃၆ ခေါက်ပေါ့ကွ”
“ဟုတ်ကဲ့အဘ ဂါထာကိုရအောင်ကျက်ပြီးကျွန်တော်စိပ်ပါ့မယ်”
” ေအး .. သာဓု…သာဓု….သာဓု
ဆန္ဒနဲ့သာဦးဆောင်ပြီးလုပ်ရင်အရာရာမပြီးမြောက်တာမရှိဘူးငါမြေး”
“ဟုတ်ကဲ့ပါ အဘ ၊ကျွန်တော်လိုက်နာကျင့်သုံးပါ့မယ်”
အဘကို လက်အုပ်ချီပြီး ကျွန်တော်ရှိခိုးကန်တော့လိုက်၏
“အေး ငါ့မြေး ဆင်းရဲနဲ့ငရဲကင်းပါစေ ကွာ”
“အဘ ပေးတဲ့ဆုနဲ့ပြည့်ပါစေ “
” အေး …ငါ့မြေးလဲဝေယျာဝစ္စကုသိုလ် တွေဆက်လုပ်ဦး အဘသွားတော့မယ်”
“ခနလေးစောင့်ပါ အဘ
အဘကိုနံနက်စာတစ်ခုခုလိုက်ကျွေးချင်လို့ “
” နေနေ ငါ့မြေး
အဘစားခဲ့ပြီးပြီ ငါ့မြေးသာ လုပ်စရာရှိတာဆက်လုပ်ပါ
အဘသြားၿပီ …..
ရေစက်ရှိသေးရင်တော့ပြန်ဆုံကြမှာပေါ့ကွာ”
အဘကလက်ပြပြီးထွက်ခွာသွားသည်။
အဲဒီကစပြီးထိုအဘနှင့်မဆုံဖြစ်တော့……။
————————————————-
အဲဒီကစလို့သရဏံဂုဏ် ၃၀ အမြဲရွတ်ဖတ်သည်။ အန္တရာယ်ကင်းတာ စိတ်အကြံအတိုင်းဖြစ်တာ လာဘ်ရွှင်တာတွေက အံ့မခန်းပင် ။ ကျန်းမာရေးချူခြာတဲ့ကျွန်တော် နှာစေးချောင်းဆိုးပင်မဖြစ်တော့။
အသက်အန္တရာယ်မှခဏခဏလွတ်သည်။
ကားမောင်းနေရင်း တောင်တတ်လမ်းမှာ ကားရှေ့ဘီးပေါက်ပြီး ချောက်ကမ်းနား မေးတင်သွားဖူးသည်။ကံကောင်းချင်တော့ ချောက်ထဲမကျ။
တစ်ခါက အတက်မှာကားဆီပြတ်ဖူးသည်။
စက်သေပြီး ပြန်လိမ့်ကျသည်။ ကံကောင်းချင်တော့ ချောက်ကမ်းပါးမှာ စိုက်ထားတဲ့ ကွန်ကရစ် ဓာတ်တိုင်အကြီးကြီးတစ်ခုနှင့် ဝင်တိုက်ပြီး ချောက်ထဲကိုမကျ။
ရေနစ်ဖူးသည်။ မိမိကိုယ့်ကို အထင်ကြီးပြီး
ရေကန်၏ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်ကိုကူးသည်။ ဟိုးဘက်ကမ်းရောက်တော့မနားဘဲပြန်ကူးလာသည် ။ ရေလယ်ရောက်တော့ ဆက်မကူးနိုင်၊ လက်ပန်းကျလာသည်။ ကိုယ်ဖော့မယ်ဆိုပြီး ရေကူးတာရပ်လိုက်တော့ ဟန်ချက်ပျက်ပြီးရေနစ်ပါတော့သည်။
နှာခေါင်းတွေ၊ ပါးစပ်တွေထဲရေတွေဝင်ပါတော့သည်။ ရေကန်နားဘယ်သူမျှမရှိ၍ ကူညီမဲ့သူနတ္ထိ။ ရှိသမျှအားနှင့်ရုန်းကန်သည်။ ကံကောင်းချင်တော့ ရုန်းနေရင်း ကျောက်တုံးအကြီးကြီးတစ်တုံးပေါ် ခြေထောက်သွားထောက်မိသည်။
ကျောက်တုံးပေါ်ရောက်၍ လူကတစ်ကိုယ်လုံးမမြုပ်တော့။ လည်ပင်းထိသာမြုပ်တော့သည်။ ခဏနားပြီး ရေပြန်ကူးလာ၍အသက်ချမ်းသာရာ ရခဲ့ဖူးသည်။
မိမိစိတ်ထဲမှန်းထားတာလေးတွေဖြစ်ဖြစ်လာတာအံ့သြစရာပါ။
ဗေဒင်လာမေးသူကို အခြားအရွက်အခက်တွေနဲ့စီရင်သလို ဗုဒ္ဓယတြာအဖြစ် ဒီမန္တာန်ကိုပေးလေ့ရှိသည်။ ထူးထူးခြားခြားအောင်မြင်ကြကြောင်းပြန်ပြောကြသည်။
စီရင်ကြည့်ပါ။ အထက်ကပြောခဲ့သလို တစ်နေ့ပုတီးဆယ်ပတ်စိပ်ပြီးတစ်လတိတိ အဓိဌာန်ဝင်ကြည့်ပါ။ လောဘရှေ့တန်းမတင်ဘဲ ရတနာသုံးပါးကို အာရုံပြုပြီးစိပ်ပါ။ ထူးထူးခြားခြားဆန္ဒပြည့်တာတွေ့ရပါလိမ့်မယ်ဗျ……။ ။
ခုနှစ်ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒပြည့်ဝကြပါစေ
(2015ကဆောင်းပါးအဟောင်းလေးကို ပြန်တင်ပေးတာပါ)
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

နိုင်ငံရပ်ခြား အမြန်သွားလိုသော်

ကျွန်တော်ငယ်စဉ်ကာလ နိုင်ငံခြားသွားပြီးအလုပ်လုပ်တာဆိုလို့ နိုင်ငံခြားသင်္ဘောလိုက်တာ လောက်ပဲကြား ဖူး ခဲ့သည်။ နိုင်ငံခြားသွားတဲ့ ဦးလေးတစ်ယောက်ကို လေဆိပ်လိုက်ပို့တုန်းက ကိုယ်က ကလေးသာသာ။ အင်ဂျင်သံအကျယ်ကြီးကြားရတာကိုလန့်မိပေမဲ့ လေယာဉ်ပျံကြီးစီးပြီး နိုင်ငံခြားသွားချင်တာတော့ အမှန်ပင်။ နိုင်ငံခြားအတွေ့အကြုံကို အာပေါင်အာရင်းနဲ့ ပြောနေတဲ့ စကားဝိုင်းတွေကြား
ငေးမောနားထောင်ခဲ့ရဖူးသည်။
“အဆောက်အဦးတွေက မိုးမြင့်အဆောက်အဦးတွေကွ။ အထပ်တွေက မရေတွက်နိုင်ဘူး။ မော့ကြည့်လိုက်မယ်ဆို ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်တောင်ကျွတ်ကျတယ်”
လူကြီးတွေရဲ့ပြောစကား….ကိုယ်အတွက်တော့ညဘက်ထည့်မက်ရတဲ့ အိပ်မက်တစ်ခုလို။
ဒီလိုနဲ့ အရွယ်ရောက်လာ….ဘွဲ့ရ… ….လုပ်ငန်းခွင်ဝင်နေချိန်မှ နိုင်ငံခြားလုပ်ငန်းတွေ အခွင့်အလမ်းပေါ်လာကြသည်။ ထိုင်း၊ မလေးရှား ၊ စင်ကာပူကစလို့ အာရှဥရောပ တခွင် မြန်မာတွေ လှည့်လည် လုပ်ကိုင်လာကြသည်။ တောရော မြို့ပါမကျန် နိုင်ငံခြားသွားပြီး အလုပ်လုပ်လာကြသည်။
ကိုယ်ကတော့ ပြည်တွင်းအလုပ်တွေပဲ တခုတ်တရလုပ်နေမိသည်။
အလုပ်တစ်ဖက်နဲ့ ဗေဒင်ပညာသင်ယူ တတ်မြောက်ထားမှန်း
သိကြသူအချို့နိုင်ငံခြားသွားဖို့ အကူအညီလာတောင်းတဲ့အခါ မိမိအတွက် ကြီးလေးတဲ့ကိစ္စကြီးလိုသဘောထားပြီးတွက်ရချက်ရသည်။
ယတြာစီရင်ရသည်။
အမြန်အဆင်ပြေသွားသူတွေရှိသလို ကြန့်ကြာနေသူတွေလဲရှိခဲ့ဖူးသည်။
ဒီလိုနဲ့ ဗေဒင်ဟောသက်ကြာလာတဲ့အခါ ဘယ်ဇာတာတွေက နိုင်ငံခြားကံအကျိုးပေးတယ် ။ ဘယ်ဇာတာတွေကတော့ နိုင်ငံ ခြားကံအားနည်းတယ် ဆိုတာတွေက အစ ရိပ်မိလာခဲ့ သည်။ ဘယ်ယတြာက နိုင်ငံသွားဖို့အထိရောက်ဆုံးလဲဆိုတာကိုလဲ သုံးသပ်မိခဲ့ သည်။
နေ့သားတစ်ဦးချင်းဆီရဲ့အသက်အပိုင်းအခြားအလိုက်လဲ နိုင်ငံခြားကံ အားနည်းမှုတွေရှိနေကြပါသေးသည်။
ဒီနေရာကနေ ယေဘုယျသဘောလေးပြောပြပါ့မယ်။ အားလုံးနားလည်လွယ်ဖို့ဆိုတာက ယေဘုယျပြောမှပဲ အဆင်ပြေမှာမို့ပါ။
မိမိမြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလိုက်လို့ ရလာတဲ့အကြွင်းက. ၃ကြွင်း/၆ကြွင်း ဖြစ်ခဲ့မယ် ်ဆိုရင်တော့
*နိုင်ငံခြားကံကောင်းခြင်း
*နိုင်ငံခြားမှ နှစ်ရှည်လများနေဖြစ်ခြင်း
* နိုင်ငံခြားမှာ နိုင်ငံသားခံယူ၍ ဘဝဆုံးပါးသည်အထိနေထိုင်ဖြစ်ခြင်း
*လူမျိုးမတူ ၊ ဘာသာမတူ ၊ ဇာတိမတူ ၊ နိုင်ငံခြားသားနဲ့လက်ထပ်ဖြစ်ခြင်း
*နိုင်ငံခြားဘာသာစကားကိုသင်ယူတတ်မြောက်လွယ်ကူခြင်း
စတဲ့ကံအကျိုးပေးလေးတွေ အနည်းနဲ့အများဆိုသလို ပါလာတတ်ပါတယ်။
နောက်တစ်ခုက မရဏဖွားဇာတာရှင်တွေဟာ နိုင်ငံခြားကံအခွင့်အရေးများသလို မရဏဖွားမဟုတ်ပေမဲ့ နာမည်အရင်းစာလုံးဟာ မရဏအိမ်မှာ စတင်မှည့်ခေါ်ထားကြတဲ့နာမည်ရှင်တွေကလဲ ထို့အတူပါပဲ။
“ငြိမ်းအေးလူရေ .. ငါကမရဏဖွားကွ… ၃ကြွင်း အခုထိ နိုင်ငံခြားနဲ့အဆက်အစပ်မရှိဘူးလို့ ပြောရင်လဲ ကျွန်တော်ခေါင်းညိတ်မှာပါပဲ…. ” နိုင်ငံခြားနဲ့ပက်သက်ဆက်ဆံလာသူတွေမှသာ ကြုံလာရမဲ့ ကံသဘောလေးတွေပါ။ ယေဘုယျအနေအထားလို့လဲ ကျွန်တော်စကား ခံထားပါတယ်။
ကဲ ဆက်ရအောင် နေ့သားတဦးချင်းစီရဲ့ နိုင်ငံခြားကံအားနည်းတဲ့
အသက်အပိုင်းအခြားတွေကို
ပြောပြရရင်
တနင်္ဂနွေ
အသကျ ၂၀/၂၁/၂၈/၂၉/၃၆/၃၇
တနင်္လာ
အသကျ ၁၉/၂၀/၂၇/၂၈/၃၅/၃၆
အင်္ဂါ
အသကျ ၁၈/၁၉/၂၆/၂၇/၃၄/၃၅
ဗုဒ္ဓဟူး
အသကျ ၂၅/၂၆/၃၃/၃၄
ကြာသပတေး
အသကျ ၂၃/၂၄/၃၁/၃၂
သောကြာ
အသကျ ၂၁/၂၂/၂၉/၃၀/၃၇/၃၈
စနေ
အသကျ ၂၄/၂၅/၃၂/၃၃
ရာဟု
အသကျ ၂၂/၂၃/၃၀/၃၁/၃၈/၃၉
စတဲ့အသက်အပိုင်းအခြားတွေရောက်တဲ့အခါ
နိုင်ငံခြားသွားဖို့ကြန့်ကြာခြင်း
ငွေလိမ်ခံရခြင်း
နိုင်ငံခြားသွားရပြီး တိုင်းတပါးမှာ အဆင်မပြေဖြစ်ပြီးပြန်လာရခြင်း
ကျန်းမာရေး ဆေးစစ်ရာတွင် မအောင်ခြင်း
စတဲ့အချက်တွေကြုံရတတ်တဲ့ကာလပါ။ ဒါပေမဲ့ အသေးစိပ်သိချင်ရင်တော့ နီးစပ်ရာဆရာဆီမှာ ဇာတာစစ်ဆေးတာအကောင်းဆုံးပါပဲ။
ကျွန်တော်အနေနဲ့ ဗေဒင်တတ်တဲ့သူရော မတတ်တဲ့သူရော ဖတ်နိုင်ဖို့ ယေဘုယျသဘောတွေပဲ ရေးရတာကိုနားလည်ပေးစေချင်ပါတယ်။
ကဲယတြာကဏ္ဍလေးဆက်ကြရအောင် …ရေးတာလဲများနေပြီးဆိုတော့ ခပ်မြန်မြန်ပဲသွားလိုက်ရအောင်ဗျာ …
နိုင်ငံခြားအမြန်သွားရဖို့ဆိုတာသောကြာဂြိုဟ်၊ စနေဂြိုဟ်အားကောင်းဖို့လိုတယ်။ အပါဒါနကာရကအားကောင်းဖို့လိုပါတယ် (ဗေဒင်အခြေခံရှိသူတွေ အတွက် ရည်ရွယ်ပြီးပြောတာပါ)
ပထမဦးစွာ ၇ရက်သားသမီးတွေ နိုင်ငံခြားအမြန်သွားရဖို့ ခရီးကံကောင်းဖို့ တညီတညွှတ်ထဲလုပ်ရမဲ့ယတြာတွေက.
*ဆွံအနေသူ/ခန္ဓာကိုယ်အောက်ပိုင်းမကောင်းသူကို အာဟာရဒါနပြုပါ
*သမင်/သိုး တွေကို အစာကျွေးပါ
(အဆင်ပြေလွယ်ကူမှလုပ်ရန်)
*နီးစပ်ရာအဝေးပြေးကားဂိတ်ကိုသွားပြီး ခရီးသွားမဲ့ ရဟန်းသံဃာကို ခရီးစရိတ်တတ်နိုင်သလောက်လှူဒါန်းပါ။
*ဘုရားခြေတော်ရာ ကို ရွှေချပါ။
ဒါတွေက ၇ရက်သားသမီးတိုင်းပြုလုပ်ရမဲ့ယတြာတွေပါ။
နေ့သားတစ်ဦးချင်းစီရဲ့ ပြုလုပ်ရမဲ့ယတြာတွေကတော့
တနဂၤေႏြ
ကြာသာပတေးနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ ပန်းပေါင်းစုံ ၅မျိုးကပ်လှူပါ။ ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့် ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။
တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။
ကြာသပတေးနံဘွဲ့အမည်ဘုရားများ- ဗိုလ်တစ်ထောင်၊ မယ်လမုဘုရား၊မိုးကောင်းဘုရား၊မဟာဝိဇယဘုရား
တနလၤာ
ရာဟုနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ
ရေသပ္ပယ်ခြင်း ၊ သောက်တော်ရေကပ်လှူခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း စတဲ့ကုသိုလ်တွေပြုပါ။
ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့် ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။
တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။
ရာဟုနံဘွဲ့အမည်ဘုရား -ရွှေတိဂုံ ဘုရား၊ရွှေဘုန်းပွင့် ဘုရား
အဂၤါ
သောကြာနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ သစ်သီးခြောက်မျိုးကပ်လှူပူဇော်ပါ။ ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့် ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။
တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။
သောကြာနံဘွဲအမည်ဘုရား – သိဒ္ဓိအောင်ဘုရား ၊ သီဟိုရှင်ဘုရား
ဗုဒၶဟူး
တနင်္ဂနွေနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ အုန်းပန်း ၊ အုန်းညွှန့် ၊အုန်းထမင်း လှူဒါန်းပေးပါ။
ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့် ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။
တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။
တနင်္ဂနွေနံဘွဲ့အမည်ဘုရား- အောင်တော်မူဘုရား၊ အေးစေတီဘုရား ၊ဥက္ကလာပဘုရား
ၾကာသပေတး
အင်္ဂါနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ ညလုံးပေါက်လျှပ်စစ်မီး လှူဒါန်းခြင်း၊ မီးလုံး၊မီးချောင်း ၊မီးကြိုးလှူဒါန်းခြင်းများပြုလုပ်ပေးပါ။
ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့် ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။
တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။
အဂါင်္နံဘွဲ့အမည်ဘုရား- ဆူးလေဘုရား၊ဇေယျာမုနိဘုရား ၊ဇိနမာန်အောင်ဘုရား ၊ စွယ်တော်ဘုရား
ေသာၾကာ
စနေနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ ထီးဖြူလှူဒါန်းပါ။ ဂြိုဟ်တိုင်အသီးသီးမှာလှူဒါန်းပေးနိုင်ရင်
ပိုကောင်းပါတယ်။
ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့် ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။
တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။
စနေနံဘွဲ့အမည်ဘုရား -တဝဂူဘုရား၊ နှီးဘုရား ၊နဂါးရုံဘုရား
စနေ
တနင်္လာနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ ခေါင်းလောင်းလေးတွေဝယ်လှူပါ။ ကျောက်ကျောကပ်လှူပါ။ကြံရည်ကပ်လှူပါ။
ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့် ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။
တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။
တနင်္လာနံဘွဲ့အမည်ဘုရား-ကျိုက္ကဆံဘုရား၊
ကမ္ဘာအေး ဘုရား၊ကျိုက်ခေါက် ဘုရား
ရာဟု
ဗုဒ္ဓဟူးနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ
ရွှေသင်္ကန်းကပ်လှူခြင်း ၊ လက်ဖက်ရည်ကပ်လှူခြင်း၊ လိမ္မော်ရည် ကပ်လှူခြင်း များပြုလုပ်ပါ။
ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့် ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။
တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။
ဗုဒ္ဓဟူးနံဘွဲ့အမည်ဘုရား -ဝဋ်ကြွေးတော်ပြေဘုရား၊ လောကမာန်အောင်ဘုရား
ကဲ ဒီလောက်ဆို အားလုံးနားလည်ကြမယ်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးဆိုတဲ့ယတြာတွေကိုပဲရွေးထုတ်ပေးလေ့ရှိသလို လက်တွေ့အောင်မြင်တဲ့ယတြာကိုပဲ ဦးစားပေးရေးလေ့ ရှိတာကြောင့် နိုင်ငံရပ်ခြားအမြန်သွားချင်သူ
အဆင်ပြေကြမယ်လို့ယုံကြည်ပါတယ်။
မိမိနေထိုင်ရာဒေသမှာ အထက်ကပေးထားတဲ့ ဘုရားဘွဲ့တွေထဲ အချို့ဘုရားတွေမရှိတာမျိုးလဲ ပါကောင်းပါလိမ့်မယ်လို့ထင်ပါတယ်။ ဆိုကြပါစို့ ..”သောကြာနံဘွဲအမည်ရှိတဲ့ ဘုရားကတော့ ကျွန်တော်တို့ မြို့မှာမရှိဘူးဆိုခဲ့ရင် နီးစပ်ရာ တန်ခိုးကြီးဘုရားတစ်ဆူဆူရဲ့ သောကြာထောင့်မှာ ကုသိုလ်ပြု စီရင်လို့ရနိုင်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
ခုနှစ်ရက်သားသမီးအပါင်း
ကောင်းသောလိုအင်ဆန္ဒတွေ
ပြည့်ဝကြပါစေဗျာ
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

နာမည်လေးတွေအကြောင်း

ဗေဒင်ပညာကို အလယ်တန်းကျောင်းသားဘဝ ကတည်းက စိတ်ဝင်စားခဲ့သည်။ ထိုအရွယ်ကတော့ ဗေဒင်ဆရာအဖြစ်ရပ်တည်ဖို့ရယ်လို့တော့ ရည်ရွယ်ထားတာမျိုးတော့ မရှိခဲ့ဘူးပေါ့။ ဗေဒင်ပညာနဲ့ အသက်မွေးဖြစ်မယ်လို့လဲ မထင်ခဲ့ဘူး။ ဒါပေမဲ့ ဗေဒင်နဲ့ပက်သက်ရင် အရမ်း crazy ဖြစ်မှန်းကိုသတိထားမိသည်။
ဒါကြောင့်ပဲ ဗေဒင်နဲ့ ပက်သက်တဲ့ လူကြီးသူမပြောစကားတွေ ၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေထဲက ဗေဒင်ဆောင်းပါးတွေကို ကျွန်တော့်အနေနဲ့ မှတ်စုစာအုပ်လေးနဲ့ ထုတ်နှုတ်မှတ်သားထားလေ့ရှိပါတယ်။ အရင်အပတ်က စာအုပ်စင်ကို ရှင်းရင်း ဒီလက်ရေးမူ စာအုပ်တွေပြန်တွေ့ပါတယ်။ အရောင်ဝါကျင့်ကျင့် နဲ့
အနားတွေမှာ ပိုးဟပ်ကိုက်ရာတွေရှိပေမဲ့ စာသားတွေကတော့ ဖတ်လို့ရနေဆဲပါပဲ။ အဲဒီထဲကမှကောင်းရာနိုးနိုး စာတွေကို ကျွန်တော့်ပရိသတ်အတွက် တင်ပြပေးရင်ကောင်းမယ်လို့ စိတ်ကူးမိပါတယ်။ အားလုံးနားလည်လွယ်မဲ့ တွက်လို့ရမဲ့ ပညာရပ်တွေပဲ ဖော်ပြသွားပါရစေ။ ဗေဒင်နဲ့မရင်းနှီးတဲ့သူတွေအတွက် ရည်ရွယ်ပြီးဖော်ပြတာဖြစ်တော့ ပညာရှင်တွေ ပြုံးစရာဖြစ်သွားမယ်ဆိုရင်လဲ ခွင့်လွှတ်စေချင်ပါတယ်။
အခုဖော်ပြပေးချင်တာကတော့ နာမည်တွေရဲ့ အကောင်းအဆိုးကို ယေဘုယျဖော်ပြပေးတဲ့ တွက်နည်းလေးတစ်ခုပါ။ ယေဘုယျသဘောဖြစ်တဲ့ အတွက် ကိုယ့်နာမည်လေးကို တွက်ကြည့်ပြီး အဆိုးဖြစ်နေရင်လဲ စိတ်ပျက်ဖို့မလိုပါဘူး။ အကောင်းဖြစ်နေလဲ ဘဝင်မြင့်ဖို့ မဟုတ်ပါဘူး။ အရာရာ ကံ၊ဉာဏ်၊ ဝီရိယ သုံးပါးပြည့်စုံမှ အဆင်ပြေအောင်မြင်တာပါ။ ကဲ နာမည်လေးတွေ စတင်မတွက်ခင် အက္ခရာလေးတွေကို
ဂဏန်းသချာင်္အဖြစ်ပြောင်းလိုက်ရအောင်ဗျာ ။
အက္ခရာ သချာင်္ဂဏန်း
အ. ၈
က၊ခ၊ဂ၊ဃ၊င. ၄
စ၊ဆ၊ဇ၊စ်၊ည. ၅
ယ၊ရလ၊ဝ. ၃
ပ၊ဖ၊ဗ၊ဘ၊မ. ၁
သ၊ဟ. ၂
တ၊ထ၊ဒ၊ဓ၊န. ၇
အက္ခတွေကို ဂဏန်းနဲ့ ပြန်ပြီး ဖလှယ်လိုက်တာပါ။ နာမည်တစ်ခုကို တွက်တော့မယ်ဆိုရင် ဦး၊ဒေါ်၊ကို၊မ စတဲ့ အများပိုင်နာမ်တွေကိုဖယ်ထားပါ။ နာမည်တစ်လုံးချင်းစီကို ဂဏန်းအဖြစ်ပြောင်းလဲပြီး ဂဏန်း တွေအကုန်လုံးကို ပေါင်းလိုက်ပါ။ ပြီးရင် ၈နဲ့ပြန်စားရပါမယ်။ စားလို့ရတဲ့ အကြွင်းကို ကြည့်ပြီး အောက်မှာဖော်ပြထားတဲ့အတိုင်းအဟောတွေရပါလိမ့်မယ်။
ဥပမာလေးတော့ တွက်ပြပါ့မယ်။ ဒီလောက်ပြောရုံနဲ့ နားလည်အုံးမှာမဟုတ်သေးဘူးဆိုတာ သိပါတယ်။ အရင်ဦးဆုံး ကျွန်တော့်နာမည်
“ငြိမ်းအေးလူ” ကို စတွက်ကြည့်ရအောင်ဗျ။
ငြိမ်း + အေး + လူ
၄. +. ၈. + ၃ = ၁၅ ÷၈= ၇ကြွင်း တယ်ပေါ့ဗျ
၇ကြွင်းနာမည်ကို ဆင်နာမည်လို့ခေါ်တယ်ဗျ။ ဒီနာမည်မျိုးက ရေရှည်စီမံကိန်းချပြီး လုပ်တဲ့ လုပ်ငန်းတွေမှာအကျိုးပေးအောင်မြင်ကြတယ်။ ကတိသစ္စာတည်ကြည်ကြပါတယ်။ ခိုင်မာတဲ့ လုပ်ငန်းမျိုးတွေလုပ်တတ်ပါတယ်။ အတွေးအခေါ်စူးရှတယ်။ အနာဂတ်ကို
ခန့်မှန်းတဲ့ နေရာမှာ မှန်ကန်တတ်ပါတယ်။
ဆရာကြီး ဦးအောင်သင်းကို တွက်ကြည့်ရအောင်ဗျ
အောင်+သင်း
၈ + ၂ =၁၀ ÷၈= ၂ကြွင်းပါတယ်။
၂ကြွင်းနာမည်ကို အခိုးနာမည်လို့ခေါ်တယ်။ ဒီနာမည်မျိုးက သြဇာတည်ကြတယ်။ သြဇာညောင်းတယ်ပေါ့ဗျာ။ ဘဝမှာတိုးတက်သည်ထက် တိုးတတ်အောင် ကြံစည်ပြီး စနစ်တကျလုပ်ကိုင်တတ်ကြတယ်။ အများနဲ့ သက်ဆိုင်သော လုပ်ငန်းတွေမှာ ကျွမ်းကျင်လိမ္မာကြတယ်။ လုပ်ချင်တဲ့အလုပ်ကို မရမက ဖြစ်အောင်လုပ်တတ်ကြတယ်။
နောက်ဆုံးဥပမာ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တွက်ကြည့်ရအောင်ဗျာ။
အောင် + ဆန်း
၈. + ၅ = ၁၃÷၈= ၅ ကြွင်းပါတယ်။
၅ကြွင်းနာမည်ကို နွားနာမည်လို့ခေါ်တယ်။ ဒီနာမည်မျိုးဟာ အများက ကိုယ့်ကို ခုတုံးလုပ်အသုံးချတာ
ခံရတတ်တယ်။ ကိုယ်ကလဲ အများအတွက် အနစ်နာခံပေးဆပ်ရတာကို ပျော်နေတတ်သူပါ။ အခွင့်အလမ်းကောင်းတွေရရှိတတ်တယ်။ ရန်သူအတိုက်အခံအလွန်များတယ်။ စည်းကမ်းကြီးတယ်။
ဒီလောက်ဆိုရင်တော့ တွက်တတ်ကြမယ်ထင်ပါတယ်။ အဲဒီတော့ အကြွင်းနာမည်လေးတွေ စုံအောင်ပြောလိုက်ကြရအောင်ဗျ။
၁ကြွင်း
၁ကြွင်းရင် တံခွန်နာမည်လို့ခေါ်တယ်။ ဒီနာမည်မျိုးက အောင်မြင်ကျော်ကြားတတ်ပါတယ်။ သီးသန့်နေလိုတယ်။ လူတွေရဲ့အမြင်ကပ်ခြင်း ၊မနာလိုခြင်းခံရလွယ်ပါတယ်။ ဦးဆောင်ဦးရွက်လုပ်ရတတ်တယ်။
လူအများကို အုပ်ချုပ်ရလိမ့်မယ်။ နာမည်ကျန်တဲ့လုပ်ငန်းမျိုးလုပ်ရတတ်ပါတယ်။
၂ကြွင်း
၂ကြွင်းရင် အခိုးနာမည်လို့ခေါ်တယ်။ဒီနာမည်မျိုးက သြဇာတည်ကြတယ်။ သြဇာညောင်းတယ်။ ဘဝမှာတိုးတက်သည်ထက် တိုးတတ်အောင် ကြံစည်ပြီး စနစ်တကျလုပ်ကိုင်တတ်ကြတယ်။ အများနဲ့ သက်ဆိုင်သော လုပ်ငန်းတွေမှာ ကျွမ်းကျင်လိမ္မာကြတယ်။ လုပ်ချင်တဲ့အလုပ်ကို မရမက ဖြစ်အောင်လုပ်တတ်ကြတယ်။
၃ကြွင်း
၃ကြွင်းရင် ခြင်္သေ့နာမည်လို့ ခေါ်ပါတယ်။ ဒီနာမည်မျိုးက လူသိများတယ်။ လူချစ်လူခင်ပေါတယ်။ လိုချင်တဲ့နေရာကို မရရအောင်ကြိုးစားယူတတ်တယ်။ ထင်ပေါ်ကျော်ကြားမယ်။ အာဏာတန်ခိုးကြီးတယ်။ ထိပ်ဆုံးရောက်ပြီးမှ ပြန်ကျတတ်တယ်။
၄ကြွင်း
၄ကြွင်းရင် ခွေးနာမည်လို့ခေါ်တယ်။ ဒီနာမည်ဟာ ဘဝအတတ်အဆင်း အနိမ့်အမြင့်များတယ်။
တည်ငြိမ်မှု အားနည်းတယ်။ ခရီးများတယ်။ စိတ်ကူးယဉ်တတ်တယ်။ ရန်သူပေါသလို အတိုက်အခိုက်လဲများတတ်ပါတယ်။
၅ကြွင်း
၅ကြွင်းရင်နွားနာမည်လို့ခေါ်တယ်။ ဒီနာမည်မျိုးဟာ အများက ကိုယ့်ကို ခုတုံးလုပ်အသုံးချတာခံရတတ်တယ်။ ကိုယ်ကလဲ အများအတွက် အနစ်နာခံပေးဆပ်ရတာကို ပျော်နေတတ်သူပါ။ အခွင့်အလမ်းကောင်းတွေရရှိတတ်တယ်။ ရန်သူအတိုက်အခံအလွန်များတယ်။ စည်းကမ်းကြီးတယ်။
၆ကြွင်း
၆ကြွင်းရင် မြင်းနာမည်လို့ခေါ်တယ်။ ဒီနာမည်
မျိုးက အလုပ်အမျိုးမျိုးပြောင်းလဲလုပ်ကံရတတ်တယ်။
လှုပ်ရှားမှုများရတတ်တယ်။ ကံကနိမ့်လိုက် မြင့်လိုက်
ဖြစ်နေတတ်တယ်။ အင်မတန်သေးငယ်တဲ့ ပြဿ နာ
ကြောင့်ဘဝမှာကျဆုံးရတတ်တယ်။
၇ကြွင်း
၇ကြွင်းရင် ဆင်နာမည်လို့ခေါ်တယ်ဗျ။ ဒီနာမည်မျိုးက ရေရှည်စီမံကိန်းချပြီး လုပ်တဲ့ လုပ်ငန်းတွေမှာအကျိုးပေးအောင်မြင်ကြတယ်။ ကတိသစ္စာတည်ကြည်ကြပါတယ်။ ခိုင်မာတဲ့ လုပ်ငန်းမျိုးတွေလုပ်တတ်ပါတယ်။ အတွေးအခေါ်စူးရှတယ်။ အနာဂတ်ကို
ခန့်မှန်းတဲ့ နေရာမှာ မှန်ကန်တတ်ပါတယ်။
၀ကြွင်း
၀ကြွင်းရင် လင်းဠနာမည်လို့ခေါ်ပါတယ်။ ဘဝမှာ အောင်မြင်မှု ကျဆုံးမှုတွေကို တလှည့်စီခံစားရတတ်တယ်။ ကိုယ့်အကြံအစည်ကို သူများကသိပြီး လုပ်သွားတတ်တယ်။ သစ္စာစောင့်သိတယ်။ စိတ်မောရတတ်တယ်။ဆရာသမားအတွက်အနစ်နာခံတတ်သူတွေပါပဲ။
ကဲဒီလောက်ဆို ကိုယ်တိုင်တွက်ကြည့်ပြီး အဖြေ
လေးတွေဖတ်ကြည့်နိုင်လောက်မယ်လို့ထင်ပါတယ်။
၇ရက်သားသမီးအပေါင်း ဘဝအမောတွေပြေပျောက်နိုင်ကြပါစေဗျ
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

မာစတာမင်းသိင်္ခ၏ ထူးဆန်းသော ပုတီးကလေးအကြောင်း

တစ်နေ့သ၌ ကျွန်ုပ်သည် ပုတီးစိပ်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလေ၏။ ထိုသို့ စောင့်မျှော်နေစဉ် အတွင်း ရောင်ပြန်မဂ္ဂဇင်း အယ်ဒီတာ မောင်မောင်မြင့်အေးသည် ထမင်းချိုင့်ကြီး
တစ်လုံးကို ဆွဲ၍ ရောက်ရှိလာလေ ၏။ ကျွန်ုပ်လည်း ပုတီးစိပ်ခြင်းကို ရပ်နားလိုက်၏။ ကျွန်ုပ်သည် ၎င်း၏လက်မှ ထမင်းချိုင့်ကြီးကို မြင်လျှင်
“ တခြားစကားတွေ နောက်မှပြောကွာ။ မင်းချိုင့်ကြီးမြင်တာနဲ့ ငါတောင် ထမင်းဆာလာပြီ။ ထမင်းစားကြ ရအောင်။ သြော် …. ဒါနဲ့။ မင်းရဲ့ မိန်းမရော… ဘယ်လိုလဲ” ဟု မေးလိုက်လေ၏။
“ ဗေဒင်ဟောနေတယ်လေ။ အခုမှ ဟန်ကျတာ ဆရာရေ့။ ဆရာကြီး သင်ပေးတဲ့ ပညာနဲ့ ကျွန်တော့မိန်းမ စောယုနွယ်တော့ ဟောနေတော့တာပဲ။ ကြည့်တဲ့လူတွေကတော့ မှန်တယ်၊ မှန်တယ်နဲ့
ချီးမွန်းကြတယ် ဆရာကြီးရေ့။ အထူးသဖြင့် ကတော့ ကျွန်တော့ မိန်းမမှ မဟုတ်ဘူး။ ဆရာကြီး တပည့်တွေနဲ့လည်း
တွေ့ဖူးပါရဲ့။ ဟောတာထက် ယတြာက ပိုပြီးစွမ်းတယ်လို့ နာမည်ထွက်တယ် ဆရာကြီးရဲ့။ ကျွန်တော့မိန်းမလည်းဟောတာ သိပ်မကြာသေးဘူး။ အဲဒီဘက်က နာမည် ထွက်လာတယ်”ဟု
မောင်မောင်မြင့်အေးက ပြန်ပြောလေ၏။
“အောင်မြင်မှာပါကွာ။ အတွေ့အကြုံ နည်းသေးလို့ပါ။ ပညာရပ်တွေမှာက အတွေ့အကြံုလည်း စကားပြောတယ်ကွ။ နောက်တော့ ကျွမ်းကျင်သွားမယ်။ အဲဒီအခါမှာ နာမည်လည်း
အတော်ကြီးသွားလိမ့်မယ်။ ဒါနဲ့ေ နစမ်းပါဦး။ ဒီလ ရောင်ပြန်အတွက် မင်းအနေနဲ့ ဘာထည့်မလဲကွာ” ဟု မေးရာ မောင်မောင်မြင့်အေးက
“ ကျွန်တော်လည်း အဲဒါကိုပဲ မေးမလို့ ဆရာကြီးဆီကို လာခဲ့တာ” ဟု မောင်မောင်မြင့်အေးက ပြောလေ၏။
“ ပြီးခဲ့တဲ့လက ဓာတ်တူနာမ်တူ အဆောင်ကတော့ လူတွေအတွက် အတော်အကျိုးရှိတယ်ကွ။ ဒါပေမယ့် အဲဒီစာ ရွက်တွေ ရိုက်ပြီးပေးရတာ အဲဒီလမှာရမယ့် မဂ္ဂဇင်းရဲ့ အမြတ်စွန်းလေးဟာ
ကုန်ပါလေရောကွာ” ဟုကျွနု်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက “ဟုတ်တယ် ဆရာကြီးရေ” ဟုဆိုကာ ရယ်လေ၏။
ထိုသို့ရယ်ပြီးနောက် ၎င်းကပင် “ဆရာ့လက်ထဲက ပုတီးလေးက သေးလှချည်လား” ဟုမေးလိုက်လေ၏။ သေးဆို ဒီလိုကွာ။ တစ်ရာ့ရှစ်လုံး ပုတီးဟုတ်ဘူး။ နှစ်ဆယ့် ခုနစ်လုံးပုတီးကွ။ လွန်ခဲ့တဲ့ ရှစ်နှစ်၊
ကိုးနှစ်လောက်တုန်းက ဆရာကြီး ဦးဆန်းထွန်းက ဒီပုတီးအကြောင်း ဆောင်းပါးရေးဖူးတယ်။ ငါကလည်း အလုပ်များနေလို့ အဲဒီဆောင်းပါး ကို မဖတ်ဖြစ်ဘူးဟေ့။ အင်းစိန်ကန်းနားပိုင်း
ထနီးလမ်းမှာနေတဲ့ ငါ့ရဲ့ဦးလေး ဦးမျိုးတင့်ဆိုတာ ပင်စင်စားကြီးကွာ။ နဂိုကတည်းက စာဖတ်ဝါသနာ ပါလေတော့ ပင်စင်စားဘဝ ရောက်တဲ့အခါမှာ တွေ့သမျှစာတွေ ဖတ်တော့တာပဲဟေ့။
တရုတ်သိုင်းတွေလည်း မလွတ်ဘူး။ မဂ္ဂဇင်းတွေလည်း မလွတ်ဘူးဟေ့။ စာကြီး ပေကြီးတွေလည်း ဖတ်ပါတယ်။ အဲဒီမှာ ဆရာကြီး ဦးဆန်းထွန်းရဲ့ ပုတီးစိပ် ဆောင်းပါးကိုဖတ်ပြီး ငါ့ဦးလေးဟာ
နှစ်ဆယ့်ခုနှစ်လုံး ပုတီးနဲ့ စိပ်တော့တာပဲဟေ့။
ငါ့ဦးလေးရဲ့ အတွေ့အကြုံအရ ပြောတာကတော့ အဲဒီပုတီးကလေးကို စပြီး စိပ်တဲ့နေ့ကစပြီး သူ့ရဲ့ စားရေး သောက်ရေး ဝတ်ရေး သိတ်ပြီး မပူပင်ရတော့ဆိုပဲ။ ဘယ်လို အခက်အခဲ မျိုးပဲဖြစ်ဖြစ်
နောက်ဆုံးမှာ သူ့နည်း သူဟန်နဲ့သူ ပြေလည် သွားတယ်ဆိုပဲ။ နောက်ပြီး သူဟာ ငါ့ဆီရောက်လာပြီး အဲဒီ ဆောင်းပါးအကြောင်း ပြောတယ်။ ငါက အဲဒီဆောင်းပါးကို မဖတ်ဖြစ်တဲ့ အကြောင်း
ပြောတဲ့အခါမှာ ငါ့ကို ဆူလိုက် ကျိန်းလိုက်တာကွာ။ မင်းက ဘာဖြစ်လို့ ဒီလို ဆောင်းပါးမျိုး မဖတ်ဖြစ်ရတာလဲဆိုပြီး မာန်တော့တာပဲဟေ့။ ဒါနဲ့ ငါကလည်း မတတ်နိုင်တော့ဘူး။ မဖတ်တော့ပါဘူး
ဦးလေးရယ်။ ဦးလေး ကောင်းတယ်ဆို ပြီးတာပါပဲ။ ဦးလေးဆီကပဲ ပုတီးစိပ်နည်း သင်ယူပါတော့မယ်လို့ ဝန်ခံလိုက်ရတယ်ဟေ့။ အဲဒီတော့ ငါ့ဦးလေးက ဆရာကြီး ဦးဆန်းထွန်းရဲ့ ဆောင်းပါးထဲမှာ
ပါတဲ့နည်းကို သင်ပြပေးတယ်။
“ ပုတီးက နှစ်ဆယ့်ခုနှစ်လုံး ပုတီးဖြစ်ရမယ်။ ပထမငါးလုံးက အနန္တောအနန္တ ငါးပါးစိပ်ရမယ်။
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော ၊
သံဃာ့ဂုဏော အနန္တော ၊
မာတာပိတု ဂုဏော အနန္တော ၊
အာစရိယ ဂုဏော အနန္တောပေါ့ကွာ ”
ဟု ကျွန်ုပ်ကို ပြောလိုက်လေ၏။
“ ပုတီးက နှစ်ဆယ့် ခုနှစ်လုံးရှိတာ အဲဒီ ငါးလုံးစိပ်ပြီး ရပ်ထားရမှာလား ” ဟု မောင်မောင်မြင့်အေးက မေးလိုက်လေ၏။
“ မဟုတ်ဘူးလေကွာ။ ပထမငါးလုံးပဲ အဲဒါနဲ့ စိပ်ရမယ်။ နောက်ပြီးတော့ ဆယ့်ကိုးလုံး တိတိ အရဟံ ဂုဏ်တော်ကိုချည်း စိပ်ရမယ်။
ပြီးတော့
သတ္တဝါများ ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုပြီး သုံးလုံးစိပ်ရမယ်။
အဲဒီတော့ မင်းစဉ်းစား ကြည့်လေကွာ။ အနန္တာအနန္တ ငါးပါးက ငါးလုံး၊ အရဟံက ဆယ့်ကိုးလုံး ၊ မေတ္တာပို့က သုံးလုံးဆိုတော့ စုစုပေါင်း နှစ်ဆယ့်ခုနှစ်လုံးပေါ့ကွာ ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
ထိုအခါ မောင်မောင်မြင့် အေးက
ဆရာ့ရဲ့ အင်းစိန်က ဦးလေးဆီက တစ်ဆင့်ကြားရတာနဲ့ အဲဒီပုတီးကို စမ်းပြီး စိပ်တယ်ဆိုပါတော့ဟု မေးလိုက်လေ ၏။
“ စမ်းစိပ်တာ မဟုတ်ဘူးဟေ့။ ဦးလေးလည်းပြန်သွားရော ရွှေတိဂုံဘုရားကို သွားပြီး နှစ်ဆယ့်ခုနှစ်လုံး ပုတီး လုပ်တော့ တာပဲဟေ့။ ပြီးတော့ အဲဒီညမှာ စိပ်တယ်။ အဲဒီလိုစိပ်တော့ ပြဿနာတစ်ခုတော့
ရှိတယ်။ အနန္တငါးပါး စိပ်ပြီးတဲ့ အခါ အရဟံ ဆယ့်ကိုးလုံး စိပ်ရတယ် မဟုတ်လား။ အဲဒီလို စိပ်ရတဲ့အခါမှာ ဆယ့်ကိုးလုံး ပြည့်မပြည့် စိတ်နဲ့ လိုက်ပြီး ရေနေရတာက ဒုက္ခတစ်ခုကွ။ ဒီကြားထဲ
မှားသေးတယ်။ အဲဒါနဲ့ ငါလည်း ရွှေတိဂုံဘုရား သွားပြီး တောင်ဘက်မုဒ်မှာရှိတဲ့ ရတနာဝင်း ပုတီးဆိုင်မှာ စပါယ်ရှယ် ပုတီးတစ်ကုံး လုပ်ခိုင်းတယ်ဟေ့။
အနန္တောအနန္တ ငါးပါးအတွက်က ပုတီးအလုံး ကြီးကြီးပေါ့ကွာ။ အရဟံ ဆယ့်ကိုးလုံး အတွက်က အသေးစား ပုတီး ဆယ့်ကိုးလုံးကွာ။ ပြီးတော့ မေတ္တာပို့အတွက် အလတ်စား သုံးလုံးကွာ။ အဲဒီတော့
အကြီးငါးလုံး စိပ်ပြီးတာနဲ့ အသေးလုံးကို ကိုင်မိတာနဲ့ အရဟံကို စပြီး စိပ်တော့တာပဲ။ အရဟံ ဆယ့်ကိုးလုံး စိပ်ပြီးတာနဲ့ ပုတီးအလတ်ကို ကိုင်မိတော့တာပဲ။ အဲဒီမှာ မေတ္တာပို့ကို စပြီးစိပ်တယ်။ အဲဒီလို
လုပ်လိုက်တော့ ပုတီးစိပ်ရတာ ပိုပြီး လွယ်သွားတယ်ဟေ့။ အဲဒါနဲ့ ငါလည်း စွဲစွဲမြဲမြဲ စိပ်လိုက်တာ တစ်ပတ်အတွင်းမှာပဲ ထူးခြားတယ်ဟေ့။
အဲဒီလို ထူးခြားတော့ ဆရာကြီး ဦးဆန်းထွန်းကို ကန်တော့ဖို့ ပုတီးလေးတစ်ကုံး တစ်ဆင့်ပြောပြတဲ့ ငါ့ဦးလေးကို ကန်တော့ဖို့ ပုတီးလေးတစ်ကုံး လုပ်ပြီး အိပ်ထဲမှာ ထည့်ထားတယ်ဟေ့။
သုံးရက်လောက် လည်းကြာရော ဥက္ကလာမှာ စာပေဟောပြောပွဲရှိလို့ သွားတာ အဲဒီပုတီးကလေး ပါသွားတယ်။ အဲဒီ စာပေဟောပြောပွဲမှာ ဆရာမကြီး စောမုံညှင်းနဲ့တွေ့တော့ ဆရာမကြီးနဲ့
ဆရာကြီးဟာ မြန်မာစာ ကော်မရှင်မှာ နေ့စဉ်တွေ့ကြတယ်လို့ သိရတာနဲ့ ဆရာမကြီးကနေ တစ်ဆင့် ဆရာကြီး ဦးဆန်းထွန်းဆီကို ပုတီးလေး ကန်တော့လိုက်ရတယ်ဟု ကျွန်ုပ်က ပြောလိုက်ရာ
မောင်မောင်မြင့်အေးက
“ ဆရာ အဲဒီပုတီးကို စိပ်တာ ကြာပြီနော် ” ဟု မေးလေ၏။
ကြာပြီကွ။ ပုတီးက မမြဲဘူးဟေ့။ ပုတီးကစိပ်လို့ နည်းနည်း အသားကျလာရင် အဲဒီ ပုတီးကလေးကို တောင်းတဲ့လူ ပေါ်လာတော့တာပဲ။ အဲဒီတော့လည်း ပေးလိုက်ရတာပေါ့ကွာ။ နောက်ဆုံး
တောင်းလွန်းအားကြီး တာနဲ့ ငွေပုတီးလေး တစ်ကုံး လုပ်ရတော့တယ်ဟေ့။ ငွေနဲ့ လုပ်ထားတော့ တောင်းရတဲ့လူက အားနာပြီး မတောင်းတော့ဘူးပေါ့ကွာ”ဟု ကျွန်ုပ်က ပြောလိုက်ရာ
မောင်မောင်မြင့်အေးက …
“ ဘယ်ငွေပန်းထိမ်မှာ လုပ်တာလဲဆရာ ” ဟု မေးလေ၏။
ကျောက်မြောင်း ၊ မလွှကုန်းလမ်းနဲ့ ကျောက်တော လမ်းတောင့်က ငွေပန်းထိမ်ဆိုင်မှာ လုပ်တာကွ။ ဟောဒီမှာ ကြည့် ” ဟုဆိုကာ ကျွန်ုပ်၏ လှပသော ငွေပုတီးကလေးကို မောင်မောင်မြင့်အေးအား
ပြလိုက်လေ၏။ ထိုအခါ မောင်မောင်မြင့်အေးက …..
“ အတော် သေသပ်လှပတဲ့ လက်ရာပါပဲ ဆရာ ” ဟု ငွေပန်းထိမ် လက်ရာကို ချီးကျူးလေ၏။
“ ဘာပဲဖြစ်ဖြစ်ကွာ။ တခြားနေရာတွေမှာ သုံးတဲ့ ငွေထဲက ချွေတာပြီး ဒီလိုပုတီး ကလေးတော့ ပုတီးသမားတစ် ယောက်ဆီမှာ ရှိထားသင့်တယ်ကွာ” ဟု ကျွန်ုပ်က ပြောလိုက်မိလေ၏။ ထိုအခါ
မောင်မောင် မြင့်အေးက
“ အဲဒီ ပုတီးစိပ်တဲ့ ကျေးဇူးကို ပြောပါဦး ဆရာရဲ ” ဟု မေးလေ၏။
“ ဒီကျေးဇူးကို ပြောရင် စာအုပ်ကြီးတစ်အုပ် ဖြစ်ဖို့ရှိတယ်။ ယုံနိုင်ဖို့လည်း ခက်တယ်။ ငါမင်းကို ပုတီးတစ်ကုံး ပေးလိုက်မယ်။ တစ်လလောက် စိပ်ကြည့်။ သူ့ရဲ့ အကျိုးကျေးဇူး သိလိမ့်မယ်။ သူ့ရဲ့
အကျိုးကျေးဇူး သိတဲ့အခါမှာ မင်းနဲ့ငါနဲ့ အခု ပြောပြတဲ့ အကြောင်းအရာကို ဆောင်းပါးတစ်ပုဒ် ရေးပြီး ရောင်ပြန်မဂ္ဂဇင်းမှာ ထည့်လိုက်ကွာ ” ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက ….
“ ယုံပါတယ် ဆရာရယ် ” ဟု ပြောပြီး ကျွန်ုပ်ထံမှ ပုတီးကို ယူ၍ ပြန်သွားလေတော့သတည်း။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

စာမေးပွဲ ဖြေဆိုအောင်ပွဲဝင် ကြမည့် ကျောင်းသားကျောင်းသူများအတွက်

စာမေးပွဲကြီးနီးလေပြီ။ ကျောင်းသားမိဘတွေတိုင်း ကိုယ့်သားသမီးအတွက် အကောင်းဆုံးပုံ့ပိုးနေကြချိန်။
ဖြစ်ချစ်လွန်းအားကြီးပြီးသားသမီးအပေါ်
အတင်းဖိအားပေးတာမျိုးမလုပ်စေချင်။ အချို့ကလေးတွေ လေးငါးနာရီလောက်သာ အိပ်ရပြီးအချိန်ပြည့် စာဆိုတာမျိုးတွေလုပ်ခိုင်းနေတာမြင်ရတွေ့ရသည်။
အိပ်ရေးပျက်တာများရင် ကျန်းမာရေး
ထိခိုက်နိုင်သည်။ ကျန်းမာရေးဆုံးရှုံးတာဟာ အရာအားလုံးဆုံးရှံုးတာနဲ့အတူတူပင်။
အိပ်ရေးဝဖို့လိုသည်။ ဆီးဝမ်းလေ မှန်ဖို့လိုသည်။
နှစ်စကတည်းကမကြိုးစားဘဲ ဖြေခါနီးမှအိပ်ရေးပျက် ခံပြီးကျက်တာတွေက မှတ်ဉာဏ်ကို ထိခိုက်စေတော့တာပါပဲ။စာမေးပွဲခန်းထဲလဲရောက်ရော ကျက်ထားတာတွေအကုန်မေ့ကုန်တာမျိုးတွေ ကြားနေရသည်။
တစ်ချို့ကျောင်းသားတွေက မေးမယ်ထင်တဲ့သင်ခန်းစာတွေ ကွက်ကျက်တာတွေရှိနေသေးသည်။ ကိုယ်ကျက်ထားတာလဲမတိုးရော စာမေးပွဲခန်းကနေလက်မှိုင်ချပြီးပြန်လာခဲ့ရတော့တာပါပဲ။သတိထားဖို့ပါ။
အချိုမိဘတွေကတော့ ဂုဏ်တုဂုဏ်ပြိုင်မာနတွေနဲ့ ကျောင်းသားမိဘချင်းပြိုင်ရာက သားသမီးကိုဖိအားပေးတော့တာပါပဲ။
“နင်ဂုဏ်ထူး ၆ ဘာသာထွက်အောင်လုပ်နော်
မထွက်လို့ကတော့ ….#*&……”
“ဘယ်သူ့သားကတော့ လတိုင်းအဆင့်၁ရတယ် ..နင်ကတော့ အမြဲအဆင့်တစ်ဆယ် အထက်ကြီးပဲ၊ အသုံးကိုမကျဘူး”
စတဲ့စကားတွေက အမြဲတမ်းကြားနေရတာပါပဲ။ကိုယ့်သားသမီးကိုမနှိမ်ပါနှင့်။
သူများသားသမီးတွေနဲ့မနှိုင်းပါနဲ့။ မိမိသိသာမိမိပြိုင်ဘက်လို့သဘောထားတတ်အောင်သင်ပေးပါ။ မိမိသည်ဒီနေ့ ထက် မနက်ဖြန်က ပိုတော်ပိုကောင်းရမည်ဆိုတဲ့စိတ်မျိုးကလေးတွေကိုမွေးမြူပေးကြပါ။
မြန်မာပြည်ရဲ့ ပညာရေးကလဲ တတ်သိနားလည်ဖို့ထက် စာမေးပွဲအောင်ဖို့သာ အဓိကအသားပေးနေသည်။ အရေအတွက်တွေများပြီး အရည်အချင်းတွေနဲပါးလာကြပြီ။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသား ကျောင်းသားတစ်ဦးကို
“ကျွန်တော်ရေတစ်ခွက် သောက်ချင်သည်”ကို အင်္ဂလိပ်လို ပြန်ပြောခိုင်းတဲ့အခါမှာ
အထစ်နေတာမျိုး ဝါကျမှန်အောင် ပြန်မပြောနိုင်တာမျိုးခဏခဏကြုံရသည်။
စိတ်မကောင်း……
ကဲထားတော့ ……
ပြောချင်တဲ့ကိစ္စနဲ့သွေဖယ်သွားသလိုဖြစ်သွားရင်ခွင့်လွှတ်ပါ။ အခုပြောမှာကပညာရေးအတွက် တစ်ဖက်တလမ်းက အထောက်အပံ့ဖြစ်စေမည့်ယတြာလေးတွေပြောပြချင်သည်။
ပညာရေးက ကိုယ်လုပ်မှ ကိုယ်ကြိုးစားမှရသည် ဆိုတာကတစ်ပိုင်း။
စားမေးပွဲဖြေခါနီးမှတ်ဉာဏ်တွေတိုးတက်အောင်….
ကျန်းမာရေးအထူးညံ့သွားခြင်း ကင်းဝေးအောင်…..
မိမိကျက်မှတ်ထားတွေနဲ့ မေးတာတွေနဲ့ တိုက်ဆိုင်မှုတွေရှိအောင်…..
စာမေးပွဲခန်းထဲရောက်မှ ကျက်ထားတာတွေအကုန်မမေ့အောင် ……
ကံမြင့်အောင်စီရင်ထားတဲ့အတွက် ရှန်းတာမျိုးတွေမဖြစ်အောင် ……
ယတြာအနေနဲ့ပံ့ပိုးပေးတာမျိုးပါ။
အဓိကကတော့ ကျောင်းသားမိဘတွေကပဲယတြာတွေ လုပ်ပေးရမှာပါ။
ကလေးရဲ့မွေးနေ့တိုင်းကို ပန်းပေါင်းစုံ ငါးမျိုးအိမ်ကဘုရားမှာ ပူဇော် ရမှာပါ။ ထိုငါးမျိုးမှာ အောင်သပြေကလွဲလို့ အခြားပန်းတွေကအပွင့်ပါတဲ့ပန်းပဲဖြစ်ရမှာပါ။ ဥပမာ နှင်းဆီ ဂန္ဓာမာ စသည်ဖြစ်ပေါ့။ ဇော်စိမ်းပန်း ရွက်လှပန်းမရပါ။
အခုကစတင်ပြီး စာမေးပွဲပြီးသည်အထိ ပူဇော်ပေးတော့…..
ဒီတစ်ခါကတော့ ကလေးတွေရဲ့နေ့နံအလိုက် ဘုရားရှင်ကိုကပ်လှူရမဲ့ ခဲဖွယ်ဘောဇဉ်တွေကိုပြောပြပါမည်။မိဘတွေအနေနဲ့ကလေးအတွက်ရည်ရွယ်ပြီးကပ်လှူပေးပါ။
တနင်္ဂနွေသားသမီးများ
ကိတ်မုန့် ၊ ကြံရည်၊ ကျောက်ကျော၊ကော်ဖီ
တနင်္လာသားသမီးများ
စမူဆာ ၊ ဇီးသီး
အင်္ဂါသားသမီးများ
ရွှေကြည် ၊လမုန့် ၊ရေ
ဗုဒၶဟူးသားသမီး
ပေါင်မုန့် ၊မြေပဲကြော် ၊မုန့်ဖြူ၊ပေါက်ပေါက်၊
မုန့်လုံးရေပေါ်
ၾကာသပေတးသားသမီး
သင်္ဘောသီး ၊သံပုရာရည်၊ သရက်သီး၊သစ်တော်သီး၊
ေသာၾကာသားသားသမီး
ထန်းလျက်၊ ထိုးမုန့်၊ ထောပတ်သီး ၊နဂါးမောက်သီး၊
စေနသားသမီး
အုန်းသီး ၊အုန်းဆွမ်း ၊သြဇာသီး
စတာတွေ့ကို အိမ်ကဘုရားမှာမကြာမကြာကပ်လှူပေးပါ။ နေ့တိုင်းမလုပ်နိုင်ရင်တောင် အခါအခွင့်သင့်တိုင်းလုပ်ပေးပါ။ကိုယ့်သားသမီးက ဗုဒ္ဓဟူးဆို ပေါင်မုန့် ၊မြေပဲကြော် ၊မုန့်ဖြူ၊ပေါက်ပေါက်၊
မုန့်လုံးရေပေါ် စတာတွေ ဘုရားမှာ ခဏခဏလှူပေးပေါ့။ ဒါပေမဲ့ကလေးစာမေးပွဲစဖြေပြီးဆိုရင်တော့ နေ့တိုင်းကပ်လှူပေးပါ။
ကျောင်းသားမိဘတွေနေ့စဉ်လုပ်ရမဲ့ဟာတွေထပ်ပြောပါ့မယ်။ ကလေးကိုမေးပါ။ ဘာမေးရမလဲဆိုရင်စာမေးပွဲဖြေမည့်အခါ သုံးမည့်ဘောပင်တံဆိပ်ကိုမေးပါ။ ပြီးရင်ထို ဘောပင်ဆယ်ချောင်းလောက်ဝယ်လိုက်ပါ။ အိမ်ကဘုရားဆောင်ပေါ်တွင် ပန်းကန်လေးတစ်ချပ်ဖြင့် ဘုရားကိုပူဇော်ထားပါ။
နောက်ပြီးကလေးဝတ်နေတဲ့ကျောင်းစိမ်းအကျႌလေးတွေ ဝတ်နေကျအပြင်အကျီင်္တွေကို ညဘုရားရှိခိုးပြီးချိန် မိမိပေါင်ပေါ်တင်ပြီး မိမိနှစ်သက်ရာ ဘုရားဂုဏ်တော် ပဲဖြစ်ဖြစ် သရဏဂုံပဲဖြစ်ဖြစ် ပရိတ်ပဌာန်းပဲဖြစ်ဖြစ်ရွတ်ဆိုပေးပါ။ ထိုသို့ရွတ်နေချိန်မှာ မိမိရှေ့မှာ ဘုရားကိုပူဇော်ထားသော ဘောပင်လေးတွေကိုရှေ့ချထားပါ။ ထိုသို့ညစဉ်တိုင်းကလေးဝတ်နေကျ အကျႌတွေကိုအလှည့်ကျစီ ပေါင်ပေါ်တင်ပြီးဘုရားဂုဏ်တော်တွေနိုင်သလောက်ရွတ်ဖတ်ပူဇော်ပေးပါ။
အထက်ပါအစီအရင်တွေကို ကျောင်းသားမိဘတွေအနေနဲ့ လုပ်ပေးပါ။ တစ်ဖက်တစ်လမ်းက သားသမီးပညာရေးကိုပံ့ပိုးနေခြင်းပါပဲ။
*********************************
ဒီတစ်ခါပြောချင်တာက ကျောင်းသားကျောင်းသူတွေလိုက်နာရမှာတွေပြောချင်ပါတယ်။
ကျောင်းစာကိုသာအာရုံစိုက်ထားပါ။မိသားစုအတွင်း အိမ်တွင်းရေး လူမှုရေး စီးပွားရေး ပြဿ နာအရှုပ်အထွေးတွေကို ခေါင်းထဲမထားပါနဲ့။
ဂိမ်းဆော့တာခဏရပ်ထားပါ။ fb သုံးတာ coc ဆော့တာမျိုးမလုပ်ပါနဲ့ ။
နိမိတ်မရှိသော ၊ကျရှုံးလွယ်တဲ့အဓိပါ္ပယ်ကိုဆောင်သောသီချင်း ၊Video များမကြည့်ပါနဲ့
ကျန်းမာရေးဂရုစိုက်ပါ။ အထိုင်များတဲ့အတွက်
ကိုယ်လက်လှုပ်ရှားအားကစားလေး လုပ်ပေးပါ။
လွန်ခဲ့သော တစ်လလောက်ကတူတစ်ယောက်အလုပ်စာမေးပွဲဖြေခါနီး အောက်ပါသီချင်းအပိုဒ်ကို အထပ်ထပ်ဆိုနေတာကြားရသည်။
” ငါဟာ အရှုံးနဲ့လူပါ…..မပြိုင်ခင်ရှုံးနိမ့်..နေပြီးသား….ဒီအမုန်းများက ငါ့အတွက်ဆုလာဘ်လား”
စာမေးပွဲဖြေမှာ ဘာလို့နိမိတ်မရှိတာတွေ ဆိုနေတာလဲပြောတော့ သူက “ဘာဖြစ်မှန်း မသိပါဘူး ဒီမနက်ကို ဒီသီချင်းဆိုရတာအာတွေ့နေတာပါပဲ” တဲ့ ။ ထင်သည့်အတိုင်းစာမေးပွဲမအောင်။ သတိထားပါ။ မိမိပါးစပ်က နိမိတ်မရှိတာတွေမထွက်မိပါစေနဲ့။
စာမေးပွဲဖြေနေတဲ့ရက်အတွင်း စိတ်ကလေးကိုကြည်နေအောင်ထာားပေးပါ။ပရိတ်ကြီး၁၁သုတ်ထဲတွင်နောက်ဆုံးသုတ္တံဖြစ်တဲ့ ပုဗ္ဗဏှသုတ်ထဲက
“ဇယန္တော ဗောဓိယာမူလေ”နဲ့စ ပြီး
“ဇယဿ ု ဇယမင်္ဂလေ” နဲ့ဆုံးတဲ့အပိုဒ်ကို စာကျက်ခါနီးတိုင်း ၉ ခေါက်ရွတ်ဆိုပြီးမှကျက်ပါ။
စာမေးပွဲဖြေမဲ့မနက်တွင် အိမ်ကဘုရားတွင် ဖယောင်းတိုင်တစ်တိုင်ကိုကိုင်ပြီး “ဇယန္တော ဗောဓိယာမူလေ”နဲ့စတဲ့ ဂါထာကို ကိုးကြိမ်ရွတ်ဆို၊ မီးညှိပြီးဘုရားရှင်အားပူဇော်ပါ။ နောက်တစ်တိုင်ကို ပညာအရာတွင် ဧတဒဂ်ရတော်မူတဲ့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကိုရည်မှန်းပြီး
ထွန်းညှိပူဇော်လိုက်ပါ။
ပြီးရင်မိမိရဲ့မိဘကို ကန်တော့ပြီးမှ စာမေးပွဲသွားဖြေပါ။
ကဲ…….
အထက်ပါအစီအရင်အတိုင်းကိုကျောင်းသားမိဘတွေရော ၊ စာမေးပွဲ ဖြေဆိုကြမဲ့ကျောင်းသားတွေပါလိုက်နာပြီး မိမိတို့ကံ၊ဉာဏ်၊ဝီရိယတွေအတိုင်း ကြိုးစားထားသည်ထက် ပို၍ပို၍ ထွန်းပေါက်အောင်မြင်ကြပါစေလို့
ဆုတောင်းမေတ္တာပို့သရင်း……။ ။
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

ပေါင်မုန့်ကို ရေစိမ်၍ ခွေးကျွေးရသော ယတြာ -မင်းသိင်္ခ- ****************

ကျွန်ုပ်တို့လူတစ်စုသည် ဦးဇင်းညာကလိ၏ ကျောင်းတွင် ဆုံဖြစ်လေ၏။ ပေတလူသည် ကျွန်ုပ်တို့ အား နံပြားထောပတ်သုတ်၊ လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေးထားပြီး ၎င်းကမူ နံနက်စာကျွေးရန် အတွက် စျေးသို့သွားရလေ၏။
စျေးမှ ပြန်ရောက်သောအခါ ငရုတ်သီးခွဲ ကြမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငံပြာ ရည်တို့ဖြင့် ငံပြာရည်ချက်ပြုလုပ်ပြီးနောက် ထို ငံပြာရည်ချက်ထဲတွင် ဘဲဥများဖောက်၍ ထည့်လိုက် သောအခါ ဘဲဥငါးပိချက်ဟင်း ရလေတော့၏။ ထို့ပြင် ဝက်သားဆီပြန်ဟင်းတစ်ခွက် ချက်ရပြန်၏။ အရည် သောက်အဖြစ် ဘူးညွန့်ကို ဟင်းချိုချက်၏။
အလုံးစုံကျက်သောအခါ ဦးဇင်းညာကလိကို ဆွမ်းကပ်၏။ ဦးဇင်းညာကလိ ဆွမ်းဘုဉ်းပေးပြီးသော အခါ ကျွန်ုပ်တို့ကို ကျွေးလေ၏။ ကျွန်ုပ်တို့လူစုသည် လည်း ပေတလူချက်သော ဟင်းများကိုမြိန်ရှက်စွာ စားသောက်ကြလေ၏။
ဒေါ်သာဉာဏ်ကြီးကမူ ဘူးညွန့်ဟင်းချိုကို နှစ်နှစ်ခြိုက်ခြိုက် သောက်နေလေ၏။
ကိုပီတာကြီးကမူ ဘဲဥငါးပိချက် တို့စရာများ တွဲဖက်ကာ မြိန်ရှက်စွာစားသောက်နေ၏။ ထိုအချိန် ၌ ဒေါ်သာညဏ်က –
“ဒီကလူစုနဲ့တွေ့ရတာ တစ်ခုတော့ ကောင်း တယ်၊ အရေးအကြောင်းဆို ယတြာ တောင်းလို့ရ တယ်။ ဟောဒီ ပေတလူလေးကလည်း ယတြာ အကုန်တတ်တယ်။ သူ့အဘဆိုတာကလည်း ယတြာ အကုန်တတ်တယ်။ ဓာတ်ရိုက်ဓာတ်ဆင်လည်း လုပ် တတ်တယ်။ နေရာကိုကျနေတာပဲ။ ဒါပေမဲ့ ဒီမှာ ပေးနေတာကတော့ အများစုက ပေတလူယတြာ တွေပဲ ရှိတယ်။ အဘဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ပေးတယ် ရယ်လို့မရှိပါဘူး”ဟုပြောလေ၏။ ထိုအခါ ကျွန်ုပ်က-
“ပေတလူပေးတဲ့ ယတြာတွေချည်း ဖြစ်နေ တာပဲလေ။ ကျုပ် မလိုပါဘူးဗျာ။ သူပေးလို့မဖြစ်ဘူး၊ မဟုတ်ဘူး ဆိုရင်တော့ ကျုပ် ဝင်ရမှာပေါ့ဗျာ”ဟု ကျွန်ုပ်က ပြောလိုက်ရလေတော့၏။ ထိုအခါ ဒေါ် သာဉာဏ်က –
“အဘပေးတဲ့ ယတြာတွေဟာ တစ်ခါတလေ ဗေဒင်ဆန်တယ်။ တစ်ခါတလေတော့လည်း ဆက် စပ် စဉ်းစားလို့မရဘူး။ လုပ်လိုက်လျှင် ဟုတ်သွား တာပဲ ဘယ်လိုဟာတွေလဲ ရှင်းပြပါဦး”ဟု ပြောလေ တော့၏။ ထိုအခါ ကျွန်ုပ်က –
“ဒီလိုရှိတယ် ဒေါ်သာဉာဏ်ရဲ့ … တစ်ခါ တလေလည်း တကယ့်ဗေဒင်ယတြာနည်းတွေ အသုံး ပြုလို့ ဖြစ်မှာပဲ။ ကောင်းကင်ကို မျက်နှာမော့ပြီး ဒီ ကိစ္စအတွက်လုပ်ရန်ဖြစ်မယ့် ယတြာပေးပါဆိုပြီး အမြန် ဆုတောင်းကာ အာရုံပြုလိုက်တယ်။ အဲဒီလို အာရုံ ပြုလိုက်ရင် ဘာလုပ်ရမယ် … ဘာလုပ်ရမယ် ဆိုတာ အာရုံထဲမှာ ပေါ်လာတာပဲ။ ပေါ်လာတဲ့အာရုံ အတိုင်းပြုလိုက်ရင် အဲဒီကိစ္စဟာ ပြီးသွားတာပဲ” ဒေါ်သာဉာဏ်ကြီးက –
“နမူနာတစ်ခုလောက် ပြောပြပါလား။ အဘ ရယ်”ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း-
“နမူနာပြောဆိုတော့လည်း ပြောရတာပေါ့ ကွ၊ တစ်ခါက မနန္ဒာဆိုတဲ့ မိန်းကလေးတစ်ယောက် ကျုပ်ဆီကို ရောက်လာတယ်။ သူရော သူ့ယောကျ်ား ရောဟာ ကျုပ်နဲ့ အတော်ရင်းနှီးကြပါတယ်။ သူ ရောက်လာတဲ့ကိစ္စကိုမေးတော့ မြေနီကုန်းက ခြံကြီး နဲ့ အိမ်ကြီးကို ဝယ်ဖို့စကားပြောထားတာ စျေးလည်း တည့်နေပြီ။ အဲဒီအချိန်မှာ ရောင်းတဲ့ဘက်က မရောင်းဘူး ဖြစ်နေလို့လာတာပဲ။ အဲဒီတော့ ကျုပ်က “မနန္ဒာရယ် ညည်းမှာလည်း ခြံနဲ့တိုက်ရှိနေတာပဲ။ ဘာလုပ်မလို့လဲ”လို့ မေးလိုက်တယ်။ “လုပ်ငန်းရှင် တစ်ဦးက အဲဒီနေရာမျိုးမှာ လိုချင်တယ်ဆိုလို့ သမီး က ဝယ်လိုက်ပြီး အဲဒီ လူကို ပြန်ရောင်းမလို့ပါ” လို့ပြောတယ်။ သူကလည်း ချက်ချင်းကို ဝယ်ချင် နေတယ်။ သူများ ဦးသွားမှာစိုးတယ်တဲ့။ ပြီးတော့ ဒါကြီးကိုဝယ်ဖို့ သူ့မှာငွေမပြည့်လို့ ငွေလည်း ဆွဲ ထားတာတဲ့။ အဲဒီငွေတွေက အတိုးပေးရမှာတဲ့။ မဝယ်ဖြစ်လို့ကို မဖြစ်ဘူးတဲ့။ အဲဒီတော့ ကျုပ်လည်း တတ်ထားတဲ့ ယတြာနည်းနဲ့ ဘယ်လိုမှလုပ်လို့ မရ ဘူးဆိုတာ သိတယ်။ အဲဒါကြောင့် မျက်နှာကို ကောင်းကင်ဘက်ကိုမော့ပြီး မျက်စိမှိတ်ကာ ချက် ချင်း အောင်မြင်မယ့် ယတြာပေးပါလို့ အာရုံပြုပြီး တောင်းလိုက်တယ်။ အဲဒီတော့ မျက်စိထဲမှာ အာရုံ တစ်ခု ပေါ်လာတယ်။ တစ်တောင်လောက်ရှိတဲ့ ပေါင် မုန့်ကြီးကို ရေဆွတ်ပြီး အဲဒီဝယ်မယ့် တိုက်ရဲ့ရှေ့မှာ ချထားလိုက်တယ်။ ခွေးနှစ်ကောင်ဟာ အဲဒီပေါင် မုန့်ကြီးကိုလာပြီး ဆွဲကြတယ်။ မနန္ဒာက အဲဒါကို ကြည့်ပြီး သဘောကျနေတာကိုလည်း တွေ့ရတယ်။ ကျုပ်က အဲဒီတော့ မနန္ဒာ ဒီက အပြန်မှာ တစ်တောင် လောက်ရှိတဲ့ ပေါင်မုန့်ကြီးကို ဝယ်လိုက်။ အဲဒီပေါင် မုန့်ကြီးကို ရေဆွတ်ပြီး အဲဒီဝယ်မယ့်တိုက်ရှေ့မှာ သွားချလိုက်လို့ မှာလိုက်တယ်။ အဲဒီမှာ ခွေးလာဆွဲရင် အောင်ပြီလို့ မှာလိုက်တယ်။
မနန္ဒာဟာ မှာတဲ့အတိုင်း လုပ်လိုက်တယ်။ ပြီးတော့ ကားကိုမောင်းမထွက်သွားဘဲ ခွေးကဆွဲမဆွဲ စောင့်ကြည့်သေးတယ်။ ခွေးနှစ်ကောင် လာပြီးဆွဲမှ သူက ကားကို မောင်းထွက်သွားတယ်။ ညလည်း ကျရော ရောင်းမယ့်လူက ရှေ့နေကိုခေါ်ပြီး မနန္ဒာကို ရောင်းမယ်လို့ ပြောပါလေရော။ အဲဒီမှာပဲ ရှေ့နေတွေ ဘာတွေခေါ်ပြီး ရောင်းဖြစ်သွားတယ်ဟေ့။ မနန္ဒာ လည်း ဝယ်ဖြစ်သွားတယ်။
အဲဒါကြောင့် နောက်တစ်နေ့မှာ မနန္ဒာရောက် လာပြီး ကျုပ်ကို ငွေတစ်သိန်းကန်တော့တယ်။ ကျုပ် လည်း အဲဒီနေ့မနက်မှာပဲ ခြံထဲက ကလေးတွေကို ဝက်သားဟင်း ချက်ကျွေးလိုက်တယ်။ တစ်ပတ် လောက်ကြာတော့ မနန္ဒာရောက်လာပြီး နန္ဒာလက်ထဲ ခြံနဲ့တိုက်လည်း ရောက်ရော ဝယ်မယ့် လုပ်ငန်းရှင်က အင်တင်တင် လုပ်နေပြန်ပြီ။ အဲဒါလုပ်ပေးပါဦးလို့ ပြောတယ်။ ကျုပ်လည်း မျက်နှာကို ကောင်းကင်ကို မော့ပြီး အာရုံတောင်းလိုက်တယ်။ အာရုံထဲမှာလည်း ပေါင်မုန့်ရေဆွတ်ပြီး ခွေးကျွေးနေတာကိုပဲ မြင်နေရ ပြန်တယ်။ ကျုပ်လည်း မနန္ဒာကို အဲဒီအတိုင်းလုပ်ဖို့ ခိုင်းလိုက်တယ်။ မနန္ဒာလည်း ပေါင်မုန့်ရေဆွတ်ပြီး ခွေးကျွေးလိုက်ပြန်တယ်။ ဝယ်မယ့်လူက ဝယ်မယ် ဆိုပြီး ခြံနဲ့အိမ်ကိုလာကြည့်တယ်။ ခြံမှာက ဆိုင်က လေးတွေ ဆောက်ပြီးငှားထားကြတာကိုး။ ဒါပေမဲ့ ဆိုင်ကလေးတွေ အားလုံးလိုလိုဟာ ဖျက်သွားကြပါ ပြီ။ ကုလားဒန်ပေါက်ဆိုင်တစ်ဆိုင်ပဲ ကျန်နေတာ။ ဝယ်မယ့်သူက အဲဒီကုလားဒန်ပေါက်ဆိုင် ပြောင်း သွားမှ ငွေချေမယ်လို့ ပြောပြန်လေရော။ ကျုပ်က လည်း ကုလားဒန်ပေါက်ဆိုင်ပြောင်းသွားဖို့ ယတြာ တောင်းရပြန်ရော။ မနန္ဒာလည်း ပေါင်မုန့်တစ်လုံး ရေဆွတ်ပြီး ဒန်ပေါက်ဆိုင်ရှေ့ကို ယူသွားတယ်။ အဲဒီ မှာ ကုလားက “အစ်မ အစ်မပေါင်မုန့်ကို ခွေးမကျွေး နဲ့တော့။ ကျွန်တော်တို့ဆိုင် အခုပဲပိတ်ပြီ။ အခုပဲ ပြောင်းမှာ။ ကျွေးမနေနဲ့တော့”လို့ ပြောတယ်။ တကယ်လည်း သူဟာ မီးကြိုးတွေ ဘာတွေဖြုတ်ပြီး ပစ္စည်းပစ္စယတွေ သိမ်းနေတယ်။ ပြီးတော့ ဒန်ပေါက် ကုလားက ပြောသေးတယ်။ “ဒီခြံနဲ့ဒီအိမ်ကို လာ လာပြီး ဝယ်နေကြတာ လူတစ်ရာလောက်ရှိပြီ။ အရောင်းအဝယ်ကို မဖြစ်ဘူး။ အစ်မ ပေါင်မုန့်ကို ရေဆွတ်ပြီး ခွေးလာကျွေးတော့မှ အရောင်းအဝယ် ဖြစ်သွားတယ်။ ဘယ်သူပေးတဲ့ နည်းလဲ။ မဟုတ်မှ လွဲရော ဆရာမင်းသိင်္ခပေးတဲ့နည်းပဲ ဖြစ်ရမယ်လို့ ပြောတယ်။ အဲဒီတော့ မနန္ဒာက ဟုတ်တယ်။ အဘ ပေးတဲ့နည်းပဲလို့ ပြောလိုက်တယ်။ အဲဒီမှာ ဒန်ပေါက် ရောင်းတဲ့ ကုလားက ဒီဆရာကြီး ပေးတဲ့နည်းက ဖြစ်တယ်။ ချက်ချင်းကိုဖြစ်တာ။ ကျွန်တော့်ကိစ္စတုန်း ကလည်း သူပဲ လုပ်ပေးတာ။ အောင်မြင်နေပါတယ်။ တခြား ဗေဒင်ဆရာပေးတဲ့ နည်းတွေနဲ့ မတူဘူး။ ကျွန်တော်တို့မှာ ကုလားဆရာတစ်ယောက် ရှိတယ်။ သူ့နာမည်က ဦးကာဆင်တဲ့။ သူက ပြောဖူးတယ်။ မင်းသိင်္ခလုပ်တဲ့ယတြာနည်းတွေက ရိုးရိုးနည်းတွေ မဟုတ်ဘူးတဲ့။ ကျွန်တော်တော့ နားမလည်ဘူး ဖြစ် တာတော့ အမှန်ပဲတဲ့။ ဒီအိမ်နဲ့ ဒီခြံက အမွေဆိုင် ငါးယောက်တဲ့။ တစ်ယောက်က ကန့်ကွက်နေတာ။ အခု အဲဒီကန့်ကွက်တဲ့ လူကိုယ်တိုင်က အစ်မတို့ ဆီလာပြီး ရောင်းသွားတာ မဟုတ်ဘူးလား” ဟု ပြောလေတော့၏။
မနန္ဒာသည် ငွေသိန်းနှစ်ထောင်ကျော်နဲ့ ဝယ်လိုက်သော ခြံနဲ့အိမ်ကို လုပ်ငန်းရှင်အား သုံး ထောင်ကျော်နှင့် ပြန်၍ရောင်းလိုက်လေ၏။ ထို့ကြောင့် နှစ်ရက်အတွင်းမှာပင် ငွေသိန်းတစ်ထောင်ကျော် မြတ်သွားပြန်၏။ နောက်တစ်နေ့တွင် ကျုပ်အား ငွေ ကန်တော့ပြန်၍ ဝက်သားဟင်း ထပ်မံ၍ချက်ကျွေး လိုက်ရလေတော့သတည်း။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ