loading

Author: Nyein Aye Lu

ဘိန်းမုန့်ကို ရှလကာရည်လောင်းရသော ယတြာဆန်းတစ်မျိုး -မင်းသိင်္ခ- *************************************

တစ်နေ့တွင် ကျွန်ုပ်၏မိတ်ဆွေ ကိုတင်မြင့် ဆိုသူ ကျွန်ုပ်ထံသို့ ရောက်လာပြီးလျှင် –
“ဆရာရေ လုပ်ပါဦး သစ်တွေက ဆိပ်ကမ်း ကို ရောက်နေပြီ။ သင်္ဘောတင်ဖို့စရိတ်စက လိုနေ တယ်။ လိုနေတာက သိန်း ၇၀ လောက်လိုနေတယ်။အဲဒါ မနက်ဖြန် ၁၂ နာရီထိုးလို့မှ ကျွန်တော့်ဘက် က မပေးနိုင်ရင် အရှက်ကွဲပါပြီ။ အရှက်ကွဲတာထက် ကျွန်တော် ဒီတစ်သက် ကုန်သည်လုပ်စားလို့ မရ တော့ဘူး။ ဘယ်သူမှလည်း ကျွန်တော့်ကို ယုံမှာ မဟုတ်တော့ဘူး။ ဆရာ့ပညာနဲ့ ကယ်ပါဦး”ဟုဆို ကာ အပူကပ်လေတော့၏။
ကျွန်ုပ်သည် ကောင်းကင်ဆီသို့ မျက်နှာမော့ ထားပြီးလျှင် မျက်စိကို မှိတ်ထားလိုက်လေ၏။ ထိုသို့ မှိတ်ထားလိုက်စဉ်၌ လင်ဗန်းအသေးစားအရွယ်ခန့်ရှိ ဘိန်းမုန့်တစ်ချပ်ကို အာရုံတွင် တွေ့မြင်ရလေ၏။ ဘိန်းမုန့်ကြီးမှာ နီညိုရောင်ကြီးဖြစ်၏။ ဘိန်းစေ့ များလည်း အပြည့်ပါ၏။ ထိုဘိန်းမုန့်ကြီးကို ကျွန်ုပ်၏ မိတ်ဆွေ ကိုတင်မြင့်ဆိုသူသည် မြေကြီးပေါ်တွင် ချခင်းပြီးလျှင် ပုလင်းတစ်လုံးမှရေဖြင့် လောင်းချ နေသည်ကို တွေ့ရလေ၏။ ထိုပုလင်းတွင်လည်း ရှလကာရည်ဟု ရေးထားသည်ကို ထင်ရှားစွာ တွေ့ ရလေ၏။ အာရုံ၌ တွေ့မြင်ရလေ၏။ ထို့ကြောင့် ကျွန်ုပ်က –
“ဒီမှာ ကိုတင်မြင့် … ဘိန်းမုန့်ကြီးကြီး တစ်ချပ် ဝယ်ဗျာ။ ပြီးတော့ မြေကြီးမှာချပြီး ရှာ လကာရည်နဲ့ လောင်းပေတော့။ ခင်ဗျားလိုချင်တဲ့ ငွေတွေ ရလိမ့်မယ်”ဟု ပြောလိုက်မိလေ၏။ ထိုအခါ ကိုတင်မြင့်က –
“မလုပ်ပါနဲ့ ဆရာရယ် … စားတဲ့သောက် တဲ့ ဟာကြီးကို မြေကြီးပေါ်ချပြီး ရှာလကာရည် လောင်းရမယ်လို့။ ရယ်စရာကြီးဗျာ။ တခြားလူတွေ မြင်ရင်လည်း ကျုပ်ကို ဒီအတိုင်းထားမှာမဟုတ်ဘူး ဝိုင်းပြီး ရိုက်ကြလိမ့်မယ်”ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က –
“ယတြာကတော့ အာရုံထဲမှာ အဲဒါပဲတွေ့ တယ်ဗျာ။ ခင်ဗျား လုပ်ချင်လည်း လုပ်၊ မလုပ်ချင် လည်း နေဗျာ”ဟု ပြောလိုက်ရာ ကိုတင်မြင့်လည်း ဂွတ္တလိတ် မြလမ်းရှိ ဘိန်းမုန့်ဆိုင်တွင် ရောင်းသော ဘိန်းမုန့်ကြီးတစ်ချပ်နှင့် ရှာလကာရည်တစ်ပုလင်းကို ဝယ်၍ ကားဖြင့် ထွက်သွားပြီး လူရှင်းသော လမ်း ဘေးတစ်နေရာ၌ ချကာ ရှာလကာရည်ဖြင့် လောင်း လေတော့၏။ ထိုသို့ လောင်းပြီး ကျွန်ုပ်ထံသို့ ရောက် လာပြန်၏။ ထိုသို့ ရောက်လာပြီးနောက် –
“ကျွန်တော် လောင်းခဲ့ပြီဆရာ၊ တစ်ခုတော့ ပြောရဦးမယ်နော်။ ဒီအလုပ်က ကျွန်တော်ရော ကျွန် တော့်မိန်းမရော စပ်တူလုပ်တာဆိုတော့ မိန်းမရော လောင်းဖို့ လိုသေးလား”ဟုမေးလေ၏။ ထိုအခါ ကျွန်ုပ်က –
“မလိုပါဘူးဗျာ။ အာရုံထဲမှာ ခင်ဗျားကိုပဲမြင် တာဆိုတော့ ခင်ဗျားမိန်းမ လောင်းဖို့မလိုပါဘူး”ဟု ပြောမိလေ၏။
“ဘယ်ကနေ ဘယ်လိုငွေရမှာလဲ ဆရာ ရယ် …ဟောစမ်းပါဦး”ဟုဆိုလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း တဲရော့ ကိုချိုးလိုက်ရာ ဘုရင်မ ကတ် ပြားကိုရသဖြင့် “မြန်မာပြည်မှာ ဘုရင်မလို့ လူသိ များတာက ရှင်စောပုပဲဗျ။ ရှင်စောပုလမ်းကလည်း စမ်းချောင်းမှာ ရှိတယ်။ စမ်းချောင်း ရှင်စောပုလမ်းက ရလိမ့်မယ် ထင်တယ်” ဟုပြောမိလေ၏။ ညပိုင်းသို့ ရောက်သောအခါ ၎င်းင်းကိုတင်မြင့် ကျွန်ုပ်ထံသို့ ရောက်လာပြီး ကျွန်ုပ်အတွက် ဝယ်လာသော ပန်းသေး ခေါက်ဆွဲတစ်ထုပ်အား လှမ်းပေးရင်း –
“ဘိန်းမုန့်နဲ့ လုပ်တဲ့ယတြာကတော့ စွမ်းပြီဗျို့။ ညနေကပဲ သိန်း ၇၀ ရခဲ့ပြီ။ ကျွန်တော့်ကို သိန်း ၇၀ ထုတ်ပြီး ချေးတဲ့လူကတော့ ရှင်စောပုလမ်းက မမြင့်တဲ့။ ဒါပေမဲ့ ပိုက်ဆံကတော့ သူ့ပိုက်ဆံမဟုတ် ဘူး။ သူ့အမေ ဒေါ်ပုရဲ့ ပိုက်ဆံပဲ။ ရှင်စောပု ပိုက် ဆံပေါ့ဗျာ”ဟု ပြောလေတော့၏။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

လာဘ်ဦးအလှူ ကံကိုထူ

ကျွန်တော်ဆီ ဗေဒင်လာမေးကြတဲ့သူတွေထဲမှာ အောက်ပါအခက်အခဲတွေကြုံရလို့ လာမေးကြသူတွေက အများအပြားပါပဲ။
*စီးပွားရေးအဆင်မပြေသူများ
*ငွေမမြဲသူများ
*ငွေဝင်သင့်သလောက်မဝင်သူများ
*မိမိအလုပ်၊ဆိုင် အရောင်းပါးအရောင်းကျနေသူများ
*ငွေအဖတ်မတင်သူများ
*ငွေကြေးဆုံးရှုံးနစ်နာမှုများနေသူများ
*လုပ်ငန်းလည်ပတ်မှုမရှိသူများ
*အကြွေးရဖို့ ကြန့်ကြာနေသူများ စသည်ဖြင့် အများအပြား တွေ့ရလေ့ရှိပါတယ်။
ကျွန်တော်အနေနဲ့လဲ တတ်နိုင်သ၍
မိမိတတ်သိနားလည်သလောက်တော့ အကြံပေးခြင်း ယတြာစီရင်ပေးခြင်းမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့
ယတြာစီရင်တယ်ဆိုတာကလဲ ဇာတာရှင်ရဲ့ကံကြမ္မာ အဆိုးအကောင်းအရ ချက်ချင်းအဆင်ပြေသွားကြတာမျိုး ရှိသလို အချိန်ကာလအတိုင်းအတာတစ်ခု
ကြာပြီးမှ အဆင်ပြေတာမျိုးတွေလဲရှိနေပါတယ်။
ဒါကြောင့် ယတြာကဏ္ဍကိုမပြောခင်ကျွန်တော်
အနေနဲ့ ဗေဒင်လာမေးသူတွေကိုပထမဦးစွာ ဒါနပြုစရာလေးတစ်ခုအရင်ပေးလေ့ရှိပါတယ်။ အဲဒါကတော့ဘယ်သူဖြစ်ဖြစ် နိစ္စဓူဝ လုပ်သွားသင့်တဲ့ အာစိဏ္ဏကံကုသိုလ်လေးပါ။ လက်ဦးရလာတဲ့ ငွေလေးတွေကို မိမိစိတ်သန်ရာဒါနတစ်ခုခုလုပ်ဖို့ရည်မှန်းပြီး နေ့စဉ်စုရတာမျိုးပါ။မိမိတစ်နေ့ရလာတဲ့ငွေကြေးတွေကို မသုံးခင်မှာ ဒါနပြုဖို့တတ်နိုင်သလောက်ဖယ်ထားပြီးမှ သုံးစေချင်တာပါ။ လခစားဝန်ထမ်းဆိုလဲ မိမိတစ်နေ့သုံးမဲ့ငွေထဲကဖယ်ထားပေါ့ဗျာ။ ခပ်တိုတိုပဲသွားကြပါစို့ဗျာ။
ကဲပြုလုပ်စီရင်ပုံလေး အရင်ပြောကြရအောင်ဗျ ။
ပထမဦးစွာ မိမိအိမ်ကဘုရားမှာ မြသပိတ်တစ်လုံး(သို့)ငွေဖလားတစ်လုံး ဝယ်ပြီး လှူဒါန်းလိုက်ပါ။
မိမိမွေးနေ့မှစတင်ပြီး ထို သပိတ်/ဖလားထဲကို မိမိတတ်နိုင်သ၍ တစ်ရာတန်သည် ငါးရာတန်သည် တစ်ထောင်တန်သည် ဦးဦးဖျားဖျားထည့်ဝင်ပါ။ အောက်ပါအတိုင်းဘုရားရှင်ကိုတိုင်တည်ပါ။
“အရှင်ဘုရား တပည့်တော်သည် ယနေ့ဝတ္ထုငွေ(……)ကျပ် ထည့်ဝင်လှူဒါန်းပါတယ်ဘုရား ….ထိုဝထ္ထုငွေဖြင့် ရက်ပေါင်း(…..)ရက် ပြည့်သည့်အခါ ဘုရားအမှူးရှိတဲ့ သံဃာငါးပါးကို ဆွမ်းတစ်နပ်စာ ဆက်ကပ်လှူဒါန်းပါ့မယ်..ဘုရား” ဟုတိုင်တည်ပါ။ အလှူကတော့ ဥပမာပေးတာပါ။ မိမိစိတ်သန်ရာ လှူ ဒါန်းနိုင်ပါတယ်။
ပရဟိတလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်
လူမှုအသင်းအဖွဲ့တွေမှာပဲဖြစ်ဖြစ်
မိဘမဲ့ကျောင်းတွေမှာပဲဖြစ်ဖြစ်
မိမိစိတ်သန်တဲ့ ဒါနပြု လှူဒါန်းနိုင်ပါတယ်။
မိမိအနေနဲ့ target လေးတော့ထားပေါ့။ “ငါဘယ်နှစ်ရက်ပြည့်ရင် ဘာအလှူတော့လုပ်မယ်….နောက်တစ်ခါထပ်စုရင် ဘယ်နေရာမှာ သွားလှူ မယ် ..” စသည်ဖြင့်ပေါ့လေ။ လာဘ်ဦးအလှူဟာ အရမ်းထူးခြားတဲ့ အလှူပါ။
သံသရာအတွက်လဲ အလွန်ကောင်းတဲ့အထောက်အပံ့ပါ။ လောကီအတွက်လဲ အထောင်အပံ့ဖြစ်စေတဲ့
ကုသိုလ်ပါ။ မိမိကိုယ်တွေ့ဖြစ်သလို မိမိလက်ဆင့်ကမ်းတိုက်တွန်းလိုက်လို့ ပြုလုပ်ကြတဲ့သူတွေ လောကီလောကုတ်အကျိုးတရားတွေရသွားကြတာ မနည်းတော့ပါဘူး။
စီးပွားရေးအတွက် ငွေကြေးအတွက် ကြောင့်ကြစိုက်နေရသူများ လာဘ်ဦးငွေလေးတွေကိုလှူ ဒါန်းခြင်းဖြင့် မကြောင့်မကြ မတောင်းမတနေနိုင်ပါလိမ့်မယ်။ ငွေကြေးပြည့်စုံမှလဲ ကျန်းမာရေး ၊ပညာရေး၊လူမှုရေး၊စီးပွားရေး အဘက်ဘက်ကအထောက်အပံ့ဖြစ်စေမှာပါ။ ဒါကြောင့်ပဲ အချိန်မဆိုင်းဘဲ လာဘ်ဦးအလှူလေးတွေလုပ်ပြီး ကုသိုလ်လေးတွေဆက်ပေးကြရအောင်ဗျာ။ ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ) 

အရေးကြုံ သက်လုံကောင်းစေ(မင်းသိင်္ခ)

ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြော ခြင်းအတွက် အနှောင့်ယှက် များစွာဖြစ်စေပါသည်။
ထို့ကြောင့် “ဒီနေရာက ပြောင်းမှပဲ” ဟု စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့၏။ ပြောင်းသည်ဆိုရာ၌ လွယ်ကူလှသည် မဟုတ်။ ကျွန်ုပ်အနေနှင့် ဆိုင်လခကို ထိုက်ထိုက်တန်တန် ပေးနိုင်သော်လည်း စပေါ်ကိုမူ မပေးနိုင်ပေ။ ပေးစရာလည်း မရှိပေ။ ထိုအချိန်၌မှာပင် မိတ်ဆွေတစ်ဦးက “ ဒီမှာ ဆရာမင်းသိင်္ခ ခင်ဗျားရဲ့ အလုပ်နဲ့ဆိုရင် (၃၂)လမ်းထိပ်က ကိုသက်တင်၊ ဒေါ်ဝတို့ရဲ့ အခန်းဟာ အကောင်းဆုံးပဲဗျ။ ခင်ဗျား ပြောကြည့်ပါလား ” ဟု ပြောရာ ကျွန်ုပ်က ထိုမိတ်ဆွေအား
“ဒီလိုရှိတယ်ဗျ။ ကျုပ်က လခကိုတော့ ကောင်းကောင်း မွန်မွန် ပေးနိုင်ပါတယ်။ စပေါ်က မတတ်နိုင်ဘူးဗျ။ ဒေါ်ဝဝကြီးကလည်း စပေါ်မရရင် ကျုပ်ကို ထားပါ့မလား ” ဟု ပြောရာ ထိုမိတ်ဆွေက“သေချာတာပေါ့ဗျာ။ စပေါ် မပေးနိုင်ရင်တော့ ဒေါ်ဝဝက လက်ခံမှာ မဟုတ်ဘူး။ သွားပြောလည်း စကားအဖတ် တင်ရုံ ရှိမှာပါဗျာ ” ဟု ပြောရင်း ထိုမိတ်ဆွေသည် ကျွန်ုပ်နှင့် လမ်းခွဲသွားလေ၏။ ကျွန်ုပ်သည် ဆူးလေးဘုရား ပန်းခြံထောင့်တွင် ထိုင်းရင်း မည်သို့ မည်ပုံပြုလုပ်ရမည်ကို စဉ်းစားနေ၏။ ထိုသို့ စဉ်းစားရာ ကျွန်ုပ်၏ စိတ်တွင်း၌လည်း အောက်ပါ အတိုင်း ရေရွတ်မိလေ၏။
“လူဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြပ်အတည်း အခက်အခဲတွေ့မြဲပဲ။ ဒီလို အခက်အခဲ အကြပ်အတည်း တွေ့တဲ့အခါမှာ ငွေရှိတဲ့သူက ငွေနဲ့ပေါက်ပြီး အဲ့ဒီအကြပ်အတည်းက လွတ်အောင် ထွက်သွားလိမ့်မယ်။ အာဏာ ရှိတဲ့ သူကလည်း အာဏာနဲ့ ဖြေရှင်းသွားလိမ့်မယ်။ အသိုင်းအဝိုင်း ရှိတဲ့သူကလည်း အသိုင်းအဝိုင်းနဲ့ ဖြေရှင်း ပြီး သွားလိမ့်မယ်။ ငါ့မှာကတော့ ငွေလည်း မရှိဘူး။ အဲ့ဒီတော့ ဘယ်လိုလုပ်မတုံး။ အရေးကြုံရင် သက်လုံ ကောင်းရမယ် ဆိုတဲ့ စကားရှိတယ်။ ငါ့မှာ ဘယ်လိုသက်လုံမျိုးရှိသလဲ။ သြော် သတိရပြီ။ သြော် သတိရပြီ။ ငါ့မှာ သက်လုံကောင်းရှိတာပေါ့။
အဲ့ဒါက ဘာလဲဆိုတော့ “ပညာ”။ ဘယ်လိုပညာလဲဆိုတော့ အင်္ဂဝိဇ္ဇာပညာ။ ဒီပညာကို ငါလည်း ကျွမ်းကျွမ်း ကျင် ကျင် တတ်ထားတာပဲ။ ဘာဖြစ်လို့ အသုံးမချရမှာလဲ။ အသုံးချရမှာပေါ့။ အဲ့ဒီပညာမှာ “ သူ့ကိုနိုင်လို စာနဲ့ခို၊ လိုရာ ဆေးဖော်သုံးတဲ့။ “ ဆ ” ဆိုတာက ပညာရပ်စကားကို ပြောတာ။ အဓိပ္ပါယ်က “ ဆပွတ် ” တဲ့ ။ ဆပွတ်ဆိုတာ ခြောက်ခုမြောက် ဂြိုဟ်ကို ဆိုလိုတာ။
တနင်္ဂနွေသား” ရဲ့ “ ဆ ” ဟာ “ သောကြာ ” ။
သောကြာသား” ရဲ့ “ ဆ ” ဟာ “ ဗုဒ္ဓဟူး ” ။
ဗုဒ္ဓဟူးသား” ရဲ့ “ ဆ ” ဟာ “ တနင်္လာ ” ။
တနင်္လာသား” ရဲ့ “ ဆ ” ဟာ “ ကြာသပတေး ”
ကြာသပတေးသား” ရဲ့ “ ဆ ” ဟာ “ အင်္ဂါ ” ။
အင်္ဂါ သား” ရဲ့ “ ဆ ” ဟာ “ တနင်္ဂနွေ ” ဆိုပဲ။
အဲ့ဒီတော့ အဲ့ဒီ “ ဆ ” ကိုခိုပြီး ဒေါ်ဝကြီးဆီက တိုက်ခန်းကို ဌားအောင် လုပ်ရမှာပဲ။ အင်း……. ဘယ်လို လုပ်ရပါ မလဲ။ ငါ့ဆရာက ငါ့ကို သင်ပေးဖူးတယ်။ “ပဥ္ဓပွတ် ” နဲ့ မြား ၊ ဆပွတ်နဲ့ ဓား။ ပဥ္ဓပွတ်ဆိုတာ ငါးခု မြောက် ဂြိုဟ်ကို ပြောတာ . . . . .
တနင်္ဂနွေ ” ရဲ့ ပဥ္ဓပွတ်ဟာ “ ကြာသပတေး ” ။
ကြာသပတေး ” ရဲ့ ပဥ္ဓပွတ်ဟာ “ တနင်္လာ ”
တနင်္လာ ” ရဲ့ ပဥ္ဓပွတ်ဟာ “ သောကြာ ” ။
သောကြာ” ရဲ့ ပဥ္ဓပွတ်ဟာ “ အင်္ဂါ ” ။
အင်္ဂါ ” ရဲ့ ပဥ္ဓပွတ်ဟာ “ စနေ ”
စနေ ” ရဲ့ ပဥ္ဓပွတ်ဟာ “ ဗုဒ္ဓဟူး” ။
ဗုဒ္ဓဟူး ” ရဲ့ ပဥ္ဓပွတ်ဟာ “ တနင်္ဂနွေ ” တဲ့။
အဲ့ဒီတော့ ဒေါ်ဝဆိုတာက ဗုဒ္ဓဟူးသမီး။ ဗုဒ္ဓဟူးကို ပဥ္ဓပွတ်နဲ့ မျှားရမယ် ဆိုတော့ ဗုဒ္ဓဟူးရဲ့ ပဥ္ဓပွတ်ဟာ တနင်္ဂနွေ ဖြစ်တယ်။ ဒါကြောင့် ငါ့အိတ်ထဲမှာ အုန်းညွန့် ကလေးတစ်ခု ထည့်ပြီး သွားရမယ်။ ဆပွတ်နဲ့ ဓားဆိုတဲ့ စကားအရ ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ တနင်္လာဆိုတော့ တနင်္လာနေ့ကို သွားမယ်။ သွားတဲ့အချိန်ဟာလည်း ဗုဒ္ဓဟူးရဲ့ ဆပွတ်အချိန် တနင်္လာအချိန်ကို သွားရမယ်။ အဲ့ဒါက ဗုဒ္ဓဟူးနေ့ရဲ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီအတွင်းဖြစ်တယ်။ ဆပွတ်နေရာက ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ တနင်္လာ ဆိုတော့ အရှေ့စူးစူးပဲ။ ဒေါ်ဝကြီးနဲ့ တွေ့တဲ့အခါမှာ ငါ ဟာ အရှေ့စူးစူး နေရာကထိုင်ပြီး သူ့ကိုစကားပြောမယ်။
ဒီပညာက ခိုင်လုံတဲ့ ပညာပဲ။ ပြီးရင် ဒီပညာဟာ ငါ့ရဲ့ သက်လုံဖြစ်တယ် ” ကျွန်ုပ်ဟာ အထက်ပါအတိုင်း ရေရွတ်ပြီးနောက် တနင်္လာနေ့သို့ရောက်သောအခါ၌ အိတ်ထဲတွင် အုန်းညွန်တစ်ညွန်ထည့်၍ ဒေါ်ဝကြီးထံ သွား၍တွေ့၏။ ဒေါ်ဝကြီးနှင့်တွေ့၍ ထိုင်သောအခါ၌လည်း ကျွန်ုပ်သည် အရှေ့စူးစူးက ထိုင်၍ ဒေါ်ဝသည် အနောက် စူးစူးက ရှိနေ၏။ ဒေါ်ဝသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း “ ထူးထူးခြားခြား ဆရာရောက်လာတယ်။ ဘာကိတ်” ဟု မေးလေ၏။ “ ကျုပ်ကတော့ ရှားမီးကိတ်ပေါ့ဗျာ။ လာတာကတော့ ကိတ်မုန့်စားဖို့ လာတာမဟုတ်ပါဘူး။
ကျုပ်က စကားလည်း သိပ်ပြီး မပြောတတ်ဘူး။ စကားပြောရင်လည်း ကြာကြာပြောတဲ့အခါ အမောက်မတည့် ဖြစ်လာတတ် တယ်။ ဒါကတော့ အဆန်းမဟုတ်ပါဘူး။ ကျုပ်တို့လို လူနုံလူအတွေဟာ အဲ့ဒီလိုဖြစ်တတ်ပါတယ်။ အဲဒီတော့ စကားပြောတဲ့အခါမှာ “ သူများလို လျှာမရှည် ငတေမာ၏ ” ဆိုတဲ့ စကားအတိုင်းပဲ တိုတိုနဲ့လိုရင်းပဲ ပြောတတ်ပါတယ်။ အဲဒီတော့ ဒေါ်ဝရေ မဖြစ်နိုင်ပါဘူးတို့၊ ဘယ်လိုက ဘယ်ချမ်းသာဆိုတဲ့ ဆင်ခြေမျိုးတွေ မပြောပါနဲ့ဗျာ။ ခင်ဗျားရဲ့ ဟောဒီအခန်းကလေးဟာ လူလည်း နေတာ မဟုတ်ဘူး။ စာအုပ်အဟောင်းတွေ ထားတဲ့ ဥစ္စာမဟုတ်လား။
ဒီအခန်း ကလေးမှာ ကျုပ် ဗေဒင်လက္ခဏာ ဆိုင်ဖွင့်ချင်တယ်ဗျာ။ စပေါ်တော့ တစ်ပြားမှ မပေးနိုင်ဘူး။ လခကတော့ ၁၅၀ မေးမယ်။ မနက်ဖြန်ကို ကျုပ်စားပွဲခုံတွေ ရွေ့လာတော့မယ် ” ဟု ပြောလိုက်ရာ ဒေါ်ဝက “ မနက်ဖြန်တော့ မလုပ်ပါနဲ့ ဆရာရယ်။ ဒီအချိန်ဟာ လူရှင်းတယ်။ အခုပဲ ရွေ့လိုက်ပါလား ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း ချက်ချင်းပင် ရွေ့လိုက်တော့သတည်း။
ဤ နည်းကလေးသည် အဆန်းတကြယ်နည်း မဟုတ်ပါ။ ဘယ်လိုကိစ္စမှာ ဖြစ်ဖြစ် ဘယ်လောက် ခက်ထန်တဲ့ ခေါင်းမာတဲ့ လူနဲ့ပဲ ဖြစ်ဖြစ်၊ အရေးကြုံလို့ ပြောစရာရှိရင် ဒီနည်း ကလေးကို ကျွန်ုပ် အမြဲတမ်းလိုလို အသုံးပြုခဲ့ပါ သည်။ ယခုအချိန်အထိ လွဲချော်ချွတ်ယွင်းသွားသည်ဟု မရှိသေးပါ။ မိဘသဘောမတူသော ခိုးပြေးကြသော စုံတွဲများသည် မိဘထံပြန်လိုသောအါ၌ ကျွန်ုပ်ထံလာ ဤအကူအညီ တောင်းတတ်ပါသည်။ ကျွန်ုပ်သည် “ ပဥ္ဓပွတ်နှင့် မြား၊ ဆပွတ်နှင့် ဓား ” ဟူသည့် ဤနည်း ကလေးနှင့်ပင် ၎င်းတို့၏ မိဘများထံသွားရောက် ၍ နားဖောက်ရပါသည်။ အောင်မြင်သည်ချည်း သာ ဖြစ်လေ၏။
ထို့ကြောင့် ကျွန်ုပ်အကြောင်းကို မသိသော လူအတော်များများက “ မင်းသိင်္ခ ” အတော်စွမ်းတယ်” ဟု ပြောလေ့ရှိ ပါသည်။ အမှန်စင်စင် ကျွန်ုပ် မစွမ်းပါ။ အရေးကြုံလျှင် သက်လုံကောင်းစေဆိုသော စကားအတိုင်း ကျွန်ုပ်၌ နည်းကောင်း ရှိသောကြောင့် ဖြစ်၏ ။ ဤနည်းကို ယုံယုံကြည်ကြည်သုံးပါ။ ဤနည်းမှာ များစွာခက်သောနည်း မဟုတ်ပါ။ အောက်တွင် ဖော်ပြထားသော ဇယားကလေးကို သုံးမိနစ်လောက် ဖတ်ရှုလေ့လာလိုက်လျှင် မုချ တတ်ကျွမ်း သွားပါလိမ့်မည်။ ထိုသို့ တတ်ကျွမ်း သွားပြီးဆိုလျှင် ထိုနည်းကလေးသည် တစ်နေ့နေ့ တစ်ချိန်ချိန်၌ သင့်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်သော အရာကလေးတစ်ခု မုချ ဖြစ်လာပေလိမ့်မည်။ ထိုအခါမျိုး၌ သင်သည် ကျွန်ုပ်အား မုချကျေးဇူးတင်ပေလိမ့်မည်။
သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ

လမြတ်ကဆုန်

ကဆုန္လ…….
ကစ္ဆိန္န = ကင်းပြတ်ခြင်း။ မမြဲခြင်း အဓိပ္ပါယ်။
ဒါကြောင့်ပင် ဒီလကို ကဆုန်လ လို့ခေါ်တယ်။
မြေဓာတ်မှာ ရေးခန်းပြီး ရေပြတ်တဲ့လ၊
ရွက်ဟောင်းတွေဟာရိုးတံကနေ ကင်းပြတ်ကြပြီးရွက်နုတွေဝေတဲ့လ၊
အအေးဓာတ်တွေခမ်းခြောက် တဲ့လ။
” အနိစ္စာ ဝတ သင်္ခါရာ ၊ဆိုတဲ့မြတ်ဗုဒ္ဓဟောကြားတဲ့ အနိစ္စတရားတွေကို
ထင်ထင်ရှားရှားမြင်တွေရတဲ့လ။ “
” ဥပ္ပါဒ ဝယ ဓမ္မိနော၊ဆိုတဲ့ မြတ်ဘုရားဟောတဲ့ ဖြစ်ခြင်း နဲ့ ပျက်ခြင်း
ပက်ပင်းတွေ့နိုင်တဲ့လ။ “
အနိစ္စဆိုတဲ့ မမြဲတဲ့တရား။ ဥပ္ပါဒဆိုတဲ့ ဖြစ်တတ်တဲ့တရား။ဝယဆိုတဲ့ ပျက်တတ်တဲ့တရား။
ဒီလိုအမှန်တရားတွေကို မျက်ဝါးထင်ထင်သိမြင်နိုင်ဖို့
ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းဟာ
” ကဆုန်လရဲ့ အလယ်ရှိ လပြည့်ဆိုတဲ့နေ့မှာပဲ၊
၁။ နိယတဗျာဒိတ်ခံယူတော်မူကြ၊
၂။ ဖွားမြင်တော်မူကြ၊
၃။ဘုရားဖြစ်တော်မူကြ၊
၄။ ပရိနိဗ္ဗာန်ဝင်စံတော်မူကြသတဲ့။
မြတ်ဗုဒ္ဓရဲ့ ဗောဓိပင်ကို ညောင်ရေလောင်း စုပေါင်းကုသိုလ်ယူကြတာလည်း ဒီလနဲ့ ဒီရက်ပါပဲ။
” ဗျာဒိတ်တော်ကြား၊ လောင်းတော်ဖွား၍၊
ဘုရားဖြစ်တုံ ၊ နိဗ္ဗာန်လှုံ၊
ကဆုန်ညောင်ရေသွင်း ။ ” ဆိုတဲ့ ကဆုန်လပြည့်နေ့ဟာ
လွတ်မြောက်ခြင်းကိုရှာဖွေသူတို့ရဲ့အမှတ် သင်္ကေတ ထူးမြတ်တဲ့ သမယမို့ ဒီနေ့ဒီရက်ကို သင်္ခါရသဘောလေးတွေဆင်ခြင်သင့်ပါသည်။
ကဆုန်လပြည့်နေနှင့်တိုက်ဆိုင်စွာပင် ဒီPageလေးက ၂နှစ်တင်းတင်းပြည့်လေပြီ။
ဒီ၂နှစ်အတွင်း မိမိတတ်သိထားတဲ့ ပညာနဲ့ ၇ရက်သားသမီးတွေကို ကူညီနိုင်သ၍ကူညီပေးခဲ့သည်။ အခုလဲ page ၂နှစ်ပြည့်လဲဖြစ် ကဆုန်လပြည့်လဲဖြစ်တာကြောင့် ၇ရက်သားသမီးများအား ဒီတစ်နှစ်အတွင်း ပြုလုပ်လို့ရမဲ့ စီရင်လို့ရမဲ့ ဗုဒ္ဓယတြာလေးတစ်ခုပေးချင်ပါတယ်။ ဒီတစ်နှစ်ဆိုတာက မြန်မာနှစ် ၁၃၇၉ခုနှစ်အတွင်း ကို ဆိုလိုတာပါ။
ဘယ်နေ့သားသမီးပဲ ဖြစ်ဖြစ်
ဘယ်အသက်အရွယ်ပဲရောက်နေရောက်နေ အောက်ပါ အလှူဒါနလေးကို ကြာသပတေးနေ့တွေ့မှာ လုပ်ပေးရမှာပါ။
ကြာသပတေးနေ့နံနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်းမှာ ကြွေပန်းကန်ပြားတစ်ချပ်ထဲ ပေါင်မုန့် ငါးချပ်ဖြန့်ခင်းလိုက်ပါ။ ထိုပေါင်မုန့် ၅ချပ်ပေါ် သကြားသင့်တော်ရုံ ဖြူ းလိုက်ပါ။ ထိုနောက် ပွင့်တော်မူပြီးသော ကြာသပတေးနေ့ဖွား ဘုရားရှင်တွေကို ရည်မှန်းပြီးကပ်လှူပါ။ ကပ်လှူပြီးလို့ ဘုရားရှိခိုး ဂုဏ်တော်ပွားပြီးတာနဲ့ ကြာသပတေးဂြိုဟ်မင်းနှင့်တကွ ကြာသပတေးသားသမီးအပေါင်းကို မေတ္တာပို့ ၊အမျှဝေပါ။ ဒါလေးလုပ်ရုံပါပဲ။
ကြာသပတေးနေ့ အလုပ်မအားလပ်သူများ တနင်္ဂနွေနေ့ နံနက် ၆နာရီကနေ ၇နာရီခွဲအတွင်း ပြုလုပ်နိုင်ပါတယ်။
အပတ်စဉ် လုပ်ရမယ်လို့ မဆိုလိုပါ။ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ တစ်လမှာ ကြာသပတေး လေးရက် ရှိတာပဲလေ။ တစ်လကို နှစ်ကြိမ်လောက်တော့ လုပ်နိုင်အောင်ကြိုးစားပေါ့။ ဒီ၁၃၇၉ ခုနှစ်အတွင်း ဒီယတြာလေးကို လုပ်ပေးခြင်းဖြင့် ကံတွေအဘက်ဘက်ကမြင့်မားလာပါလိမ့်မယ်။
ဒီနှစ်မှာ ၁၀၀%ဆိုးအား ရှိနေသူဟာ ဒီယတြာ ကို လုပ်ပေးခြင်းဖြင့် ၆၀%ပဲ ဆိုးအားရှိပါတော့မယ်။
၅၀%ဆိုးအား ရှိနေသူဟာ ဒီယတြာကို လုပ်ပေးခြင်းဖြင့် ၁၀%ပဲဆိုးအားရှိတော့မှာပါ။
၆၀%ကံကောင်းအား ရှိနေသူဟာ ဒီတစ်နှစ် ဒီယတြာကို လုပ်ပေးခြင်းဖြင့် ၁၀၀%ကံမြင့်မားလာပါလိမ့်
မယ်။
၇ရက်သားသမီးအပေါင်း မြတ်စွာဘုရားအား ခဲဖွယ် ဘောဇဉ်တွေကို ကပ်လှူပူဇော်ခြင်းဖြင့် ကံတွေမြင့်သထက်မြင့်ပြီး လိုအင်ဆန္ဒတွေပြည့်နိုင်ကြပါစေ။
🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂
ဒီနေ့ကဆုန်လပြည့်နေ့ဖြစ်တာနဲ့အညီ ပညာဒါနဟောပေးဖို့အစီအစဉ်လဲ ရှိပါတယ်။ ဒါကြောင့် ပထမဆုံး comment ပေးတဲ့ ငါးဦးကို အခမဲ့ ဗေဒင် ဟောပေးမှာပါ။ ဒါကြောင့် ပထမဆုံး comment
၅ဦးအနေနဲ့က နာမည် မွေးသက္ကရာဇ်တွေပို့ထားပါ။
cbကနေတဆင့် ပြန်ဆက်သွယ်ဟောပေးပါ့မယ်။ ဟောစတမ်းဟောပေးမှာတော့မဟုတ်ဘူး။ မိမိသိချင်တဲ့ကိစ္စ၊ မိမိဖြစ်နေတဲ့ အခက်အခဲတွေကို ဖွင့်ဟတိုင်ပင်ပြီး လိုအပ်သောအကြံဉာဏ်ပေးမှာပါ။ (မိမိနဲ့ အပြင်မှာအမြဲတွေ့ကျွန်တော့်မိတ်ဆွေတွေကိုတော့ ဒီကနေဟောပေးမှာမဟုတ်ပါဘူးဗျ)
နောက်ပြီး ပထမဆုံး comment ပေးတဲ့ အယောက် ၂၀ထဲက ငါးယောက်ကိုလဲ telenor ဖုန်းဘေ ငါးထောင်ကဒ်ကို မဲနှိုက်ရွေးချယ်ပြီး ဖုန်းဘေဖြည့်ပေးပါ့မယ်ဗျ။ see firstလုပ်ထားသူတွေကတော့ အဆင်ပြေကြမှာပါ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ကလေးနာမည်ပေးကြရာဝယ်

ကလေးနာမည်ပေးတာမျိုးတွေ လုပ်ငန်းနာမည်၊
ဆိုင်နာမည်ပေးတာတွေက ဗေဒင်ဆရာတွေအနေနဲ့
လက်ပွန်းတသီးအမြဲကြုံရတဲ့ကိစ္စတွေပါ။ ဒါပေမဲ့ ထိုကိစ္စရပ်တွေ မေးတဲ့သူနဲ့ ဟောကြားသူတွေရဲ့ကြားမှာ နားလည်မှုတွေ အပြန်အလှန်လေးစားမှုတွေ ရှိဖို့တော့လိုပါတယ်။ အထူးသဖြင့်ယုံကြည်မှုပါ။ မယုံကြည်ရင် အစောကတည်းက မမေးတာပဲကောင်းပါတယ်။ ပြီးမှ “ဗေဒင်ဆရာပေးလိုက်တဲ့နာမည်ကောင်းမှကောင်းပါ့မလား “ဆိုတဲ့ သံသယဝင်နေရင်တော့မကောင်းပါဘူး။
အချို့က ဗေဒင်ဆရာပေါင်းစုံဆီက နာမည်တောင်းပါတယ်။ အဲဒီထဲကမှအဆင်ပြေရာ မိမိကြိုက်ရာရွေး
ပေးတာမျိုးတွေလဲရှိနေပါတယ်။ ဒါကတော့ မိမိငွေကြေးတတ်နိုင်လို့ မေးတာဆိုတော့ မတားလိုပါဘူး။
ဘယ်နာမည်ပေးပေး ကလေးအတွက် ကောင်းမွန်မှန်ကန်တဲ့ နာမည်ဖြစ်ဖို့လိုပါတယ်။ နာမည်ပေးကို
အချို့က ပုံသေပေးနေကြတာမျိုးတွေ မြင်ရမှာပါ။ ဘယ်နေ့ဆို ဘယ်နာမည် ….။ တနင်္လာဆိုဒီနာမည် ..
စသည်ဖြင့် ပုံသေကားချပ်ပေးနေကြပြန်သည်။
ကလေးရဲ့ ဇာတာက်ုမစစ်တော့ ။ နေ့နံကြားတာနဲ့ နာမည်ပေးလိုက်ကြပြန်သည်။
အဲဒီတော့ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကိုနာမည်မှည့်ခေါ်တော့မယ်ဆိုရင် ဆရာကောင်းတစ်ဦးရွေးချယ်ပါ။ ထိုဆရာကိုလဲ တကယ်ကောင်း၏မကောင်း၏ လေ့လာပါအုံး ။ အခုကာလက အလွယ်လမ်းလိုက်သော ခါတော်မှီ ဗေဒင်ဆရာတွေများနေလို့ပါပဲ။
ဗေဒင်ပညာနဲ့အသက်မွေးလာတဲ့ကာလရှည်ကြာလာတဲ့နဲ့အမျှ နာမည်တွေနဲ့ ပက်သက်ပြီး အားနည်းမှုတွေသတိထားမိပါတယ်။
နာမည်ရဲ့ ဆိုးကျိုးတွေအလှည့်ကျချိန်လဲဖြစ်၊ ကံအားကလဲနည်းနေချိန်နဲ့သာ တိုက်ဆိုင်လိုက်မယ်ဆိုရင် ပြင်းပြင်းထန်ထန် ဒုက္ခများရတာမျိုး မြင်ရတွေ့ရကြုံခဲ့ရပါပြီ။
ဒါကြောင့်နာမည်ပေး လာအပ်ကြပြီဆိုရင် ကျွန်တော်အနေနဲ့အချိန်ယူရပါတယ်။ ကလေးရဲ့ဇာတာစစ်ဆေးတာအပြင် မိဘတွေရဲ့နာမည်၊ ကလေးငယ်ရဲ့အသားအရောင် ၊ ကလေးငယ်ရဲ့အရပ်အမောင်း စသည်တို့ကိုချိန်ဆရပါတယ်။ ထိုသို့ ချိန်ဆပြီးကာမှ ပေးသင့်တဲ့အက္ခရာတွေ ရွေးထုတ်ရပါတယ်။ နောက်ပြီး ကလေးငယ်ရဲ့ဇာတာက အိမ်ထောင်ရေးအားနည်းသူဆို တနင်္ဂနွေဂြိုဟ်အားကောင်းအောင် စဉ်စားပေးရပြန်ပါတယ်။ နာမည်မှာ (- ှ) ဟထိုးတွေ မပါအောင်၊ (း)ဝစ္စနှစ်လုံးပေါက် နည်းအောင် ထပ်မံစဉ်းစားရပြန်ပါသေးတယ်။
ဒါတွေကိုမသိတဲ့ မိဘတွေက နာမည်ဆန်းဆန်းတွေ သူများနဲ့မတူတဲ့နာမည်တွေ ပေးဖို့ ထပ်တောင်းဆိုလာပြန်ပါတယ်။ နာမည်မဆန်းချင်ပါနဲ့ ။ နာမည်ရိုးလို့ ဘာမှမဖြစ်ပါ။ ဆန်းလွန်းရင်တောင် ဒုက္ခများပါလိမ့်မယ်။ ဗေဒင်ဆရာတွေလဲ ခေတ်ကို ရင်ဘောင်တန်းနေကြသူတွေပါ။ ခေတ်နဲ့အညီနာမည်လေးတွေရွေးချယ်ပေးပါလိမ့်မယ်။
ဒီနှစ် ၁၃၇၉ခုနှစ်အတွင်းမွေးဖွားလာကြမဲ့ ကလေးငယ်တွေကို နာမည်တွေချယ်ကြရာမှာတော့ အောက်ပါနာမည်တွဲတွေကို ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ။
တနင်္ဂနွေ နဲ့ သောကြာ နာမည်တွဲများ။
ဥပမာ.အောင်သိန်း၊ အောင်သန်း၊အိအိသင်း၊အေးမြတ်သူ၊သင်းသင်းအေး၊သန်းအောင် စတဲ့နာမည်များ
တနင်္လာ နဲ့..ကြာသာပတေး နာမည်တွဲများ
ဥပမာ…ကျော်ဖြိုးပိုင်၊ ခန့်မင်းပိုင်၊ ခင်ပွင့်ဖြူ ၊ ငြိမ်းမြင့်မိုရ်၊ပိုင်စိုးကျော်၊ မြတ်ကို၊ ဖူးပွင့်ခိုင်၊ ဖြိုးဖြိုးငြိမ်း စတဲ့နာမည်များ
အင်္ဂါ နဲ့ ..ဗုဒ္ဓဟူး/ရာဟု နာမည်တွဲများ
ဥပမာ..စိုးသူရ၊ စန်းဝင်း ၊ စံယုယ၊စွဲသီရိ၊ လင်းလင်းစိုး ၊ဝင်းဆွေ၊ လဲ့လဲ့စိုး ၊ယွန်းယွန်းစံ စတဲ့နာမည်များ
စနေ နဲ့ စနေ နာမည်တွဲများ
ဥပမာ..ထွန်းထွန်း၊ တင်ထွန်း၊ ထူးမြတ်နိုင်၊ တင်ကိုကိုထွဋ်၊ ထက်ရတီ၊ထွေးနု စတဲ့နာမည်တွဲများ
အထက်ပါနာမည်တွဲတွေက ပက္ခတွဲတွေပါပဲ။ အထူးရှောင်သင့်တဲ့ နာမည်တွဲတွေပါ။
ထိုပက္ခတွဲများဖြင့်…အမည်များကို အစ + အဆုံးပြုပြီး.လုံးဝ မမှည့်သင့်ပါဘူး။
ဒီ၁၃၇၉ ခုနှစ်အတွင်း ထိုအမည်တွဲ(ပက္ခအတွဲ)နာမည်တွေကို မိမိရင်သွေးငယ်အားမှည့်ခေါ်မိလိုက်ပြီ ဆိုရင်တော့ ကလေးငယ်အတွက် အနာဂတ်မှာဆိုးကျိုးလေးတွေကြုံ တွေ့ရလာနိုင်ပါတယ်။
ဒါကြောင့်မိဘတွေအနေနဲ့မိမိရင်သွေးငယ်ကို အမည်ရွေးချယ်ရာမှာ ပက္ခနာမည်တွဲတွေကို
ရှောင်နိုင်ဖို့ ရေးသားတင်ပြလိုက်ရပါကြောင်း……
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

နာမည်ကိုသိရုံနှင့်စိတ်ဓါတ်ကိုသိနိုင်အောင်တွက်နည်း •••••••••••••••••••••••••••••••••••

သင့်ရဲ့ နာမည်ကို ကြည့်ပြီး သင့်ရဲ့ စိတ်နေ သဘာဝ ကို
အကြမ်းဖျင်း တွက် လို့ ရတဲ့ နည်း ရှိတယ် ။
သင့်ရဲ့လူသိများသောအမည်ကိုအောက်ပါအတိုင်းတွက်ပါ။
အ-အာ-ဥ-ၾသ – ဧ = ၁
က-ခ-ဂ ဃ -င = ၂
စ-ဆ-ဇ-ည-စ် = ၃
ရ-ယ-လ-၀ = ၄
ဖ-ပ-ဘ-မ-ဗ = ၅
သ-ဟ = ၆
ဓ-ဒ-န-တ-ထ – ဌ = ၇
ဇော် မင်း ထက် = ၃ + ၅ + ၇ = ၁၅ = ရပါတယ်
၁၅ ကိုတည်ပါ ၁၀ဖြင့်နှတ်ပါ။
၉ ကနေအောက်ကိုရရင်လျှင်နှတ်
စရာမလိုပါ။
၁၅
– ၁၀
____
၀၅=ကြွင်းခေါ်ပါတယ်
၅-ခုကြွင်းကိုကြည့်ပါ
သည်းခံစိတ် ရှိ ပြီး စိတ် ရှည် သူဖြစ်၏။ တာဝန်နှင့်ဝတ္တ ရားကိုလည်း
နားလည်သူဖြစ်၏။ အပေါင်းအသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်
သူဖြစ် သည် ။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင် သူ ဖြစ်သည် ။
သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိသည်။ မိတ်ဆွေသည် စိတ်ဆိုး ခဲ၏ ။
စိတ်ဆိုးလျှင် လည်း တော်တော်နှင့် မ ပြေ တတ်ပေ။ မိတ်ဆွေသည် မိသားစု၊ သားသမီးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။ သို့သော် သားသမီးအကျိုးမ ခံ စား ရ တတ် ပေ ။
သိမ်သိမ်မွေ့မွေ့ နေထိုင် တတ် သူဖြစ်သည်။ ကြင် နာ စိတ်ကြီးမားသူ လည်းဖြစ်သည်။
ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။ အကြီးအကျယ်
မ ကျေ မနပ် ဖြစ် ပါက မည်သူ့မျက်နှာကိုမျှ မ ထောက်ထားဘဲ လုပ်ချင် သလို လုပ်ပစ်တတ်သည်။
မိတ်ဆွေသည် အ ပျော် အပါးကို နှစ်သက်သော်လည်း လုပ် ရ မည့် အလုပ်နှင့် စည်းခြားထား
သူ ဖြစ် သည်။ တစ်ခါတစ် ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။ တစ်ခါတစ် ရံ မိမိ၏အရည်
အချင်းထက် လျော့၍ ပင် မိမိကိုယ်ကို အမှတ်ပေးတတ်သည်။ မည်သို့ဖြစ်စေ သင် သည် ကောင်းမွန်သောသူတစ်ဖြစ်သည်မှာ မလွဲပေ။ …….. တဲ့ ။
ကျွန် တော် က တော့ ok သွားပြီ ။ ခင် ဗျား တို့ ကော ဗျာ ။
(၁ )- #ရလျှင်မိတ်ဆွေသည်
စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်၏။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ပြင်းထန်သူဖြစ်၏။ ပြတ်သားထက်မြတ်သော စိတ်ဓာတ်ရှိသူဖြစ်၏။ လမ်းရိုးလမ်းဟောင်းကို မလိုက်တတ်ဘဲ ဆန်းသစ်တီထွင်တတ်သူဖြစ်၏။ အယူအဆ ခိုင်မာရျ် ခေါင်းမာသူလည်းဖြစ်၏။ လက်တွေ့ဆန်ဆန် ပြုလုပ်တတ်သူလည်းဖြစ်၏။ ပျော်ပျော်ရွှင်ရွှင်နေတတ်၏။ ကျန်းမာရျ် ခံနိုင်ရည်ရှိသောသူဖြစ်၏။ သူတစ်ပါးအပေါ် စာနာတတ်ရျ် ကူညီတတ်သူလည်းဖြစ်၏။
သို့သော် တုန့်ပြန်မှု၊ ကျေးဇူးပြုမှုကိုမူ မရတတ်ပေ။ အထူးသဖြင့် ဆွေမျိုးသားချင်းများ၏ ဂရုပြုမှု၊ အလေးထားမှုများ မခံစားရတတ်ပေ။ မိတ်ဆွေကို အကဲခတ်ရျ် ဝေဖန်ရန် များစွာခက်၏။ အများနှင့် တပူးတွဲတွဲ မနေတတ်ပေ။ လွတ်လပ်စွာနေရျ် လွတ်လပ်စွာ တွေးခေါ်တတ်သူဖြစ်၏။ ခေါင်းမာသော်လည်း သည်းခံတတ်၏။ မိတ်ဆွေ၏ ပင်ကိုယ်အရည်အချင်းတစ်ခုကို အများသူငါက တွေ့မြင်ပေလိမ့်မည်။ ယုံကြည်ချက် ပြင်းထန်သည်။ စိတ်စွမ်းအင် ကြီးမားသည်။ မိမိ၏ ခံစားမှုကို မပေါ်လွင်အောင် ထိန်းသိမ်းနိုင်သည်။ ပတ်ဝန်းကျင်၏ အထင်လွဲမှုကို မကြာခဏ ခံရတတ်သည်။
မိမိဖြစ်ချင်သောအရာကို ဖြစ်အောင်လုပ်နိုင်သောလူဖြစ်သည်။ သူတစ်ပါးကို အားမကိုးတတ်ပေ။ အတိုချုပ်ဆိုရပါမူ အရည်အချင်းရှိသူတစ်ဦးဖြစ်သည် ။
(၂ )- #ရလျှင်မိတ်ဆွေသည်
စိတ်လှုပ်ရှားမှုများသူဖြစ်သည်။ လိမွာပါးနပ်သူလည်းဖြစ်သည်။ ကိစ္စတိုင်း အမှားမကျူးလွန်မိစေရန် သတိနှင့်နေထိုင်တတ်သူဖြစ်သည်။ ပတ်ဝန်းကျင်၏ ချစ်ခင်လေးစားမှု…ကို ခံရသူလည်းဖြစ်သည်။ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အားငယ်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
စိတ်ကူးစိတ်သန်း အလွန်ကောင်းသည်။ မိတ်ဆွေ၏ စိတ်ကူးစိတ်သန်းကောင်း…မှုသည် မိတ်ဆွေဘဝကို ကောင်းကျိုးပေးလိမ့်မည်။ ခံစားချက်ရှိသောကြောင့် ကဗျာဆရာများ၊ စာရေးဆရာများ၊ သီချင်းရေးဆရာများ ဖြစ်တတ်သည်။
စိတ်ပူပန်မှုလည်း အလွန်ကြီးမားသည်။ သေးငယ်သေကိစွကိုပင် ပူပန်တတ်သည်။ စိတ်ဓာတ်မတည်ငြိမ်မှုကြောင့် ဆုံးဖြတ်ချက်များ မှားတတ်သည်။ တုံ့ပြန်မှုမြန်ခြင်းကြောင့် အလွဲလွဲအချော်ချော် ဖြစ်တတ်သည်။ ယုံကြည်မိသူ၊ လေးစားမိသူအပေါ် စွဲစွဲလမ်းလမ်းဖြစ်တတ်သည်။ ချစ်ခင်မှု အားကြီးသည်။
အစစအရာရာကို သတိနှင့် ပြုလုပ်တတ်သည်။ တစ်ဦးတည်း ဦးဆောင်မှုကို မလုပ်ဘဲ တစ်ယောက်ယောက်နှင့်ပူးတွဲပြီး လုပ်ကိုင်ရမှ ကျေနပ်သူဖြစ်သည်။ စကားပြောဆိုခြင်းနှင့် စာပေအရေးအသား ကောင်းတတ်သည်။
အိမ်တွင်နေခြင်းကို မပျော်ပိုက်ဘဲ အပြင်တွင် အချိန်ဖြုန်းတတ်သည်။ ဘဝတွင် ကံဇာတာကောင်းသူများထဲတွင် ပါသည်။
(၃) – #ရလျှင်မိတ်ဆွေသည်
အမြဲပင် အလုပ်ရှုပ်နေတတ်သည်။ ရောက်ရှိသောအခြေအနေတွင် ပျော်ပျော်နေတတ်သူဖြစ်၏။ အချိန်ကို အားလပ်ခွင့်မပေးဘဲ တစ်ခုမဟုတ်တစ်ခုကို လုပ်နေတတ်သူဖြစ်သည်။ မိမိနှင့်ဆန့်ကျင်ဘက်ဖြစ်သောကိစွများတွင် စိတ်ဝင်စားတတ်သည်။ ဥပမာ – အားကစားလိုက်စားရင်း အရက်သေစာသောက်စားခြင်းကို စိတ်မဝင်စားတတ်ပေ။
ဆက်ဆံရေး အလွန်ကောင်းမွန်…ပါသည်။ သူတစ်ပါးကို စိတ်ဝင်စားအောင် ပြော နိုင်သူလည်းဖြစ်၏။ စိတ်ကူး စိတ်သန်း အလွန်ကောင်းပါသည်။ အကင်းပါးသူဖြစ်သောကြောင့် သူတစ်ပါး၏ ခုံးတုံးလုပ်ခြင်း၊ နှပ်ချခြင်းကို မည်သည့်အခါမှ ခံရမည်မဟုတ်ပေ။
အခွင့်အရေးပိုယူခြင်း၊ သစွာဖောက်ခြင်းမျိုးကို မည်သည့်အခါမျှ မလုပ်တတ်။ လုံ့လဝိရိယရှိသူလည်းဖြစ်သည်။ ခပ်တည်တည် နေတတ်သောကြောင့် မိတ်ဆွေနည်းသူလည်းဖြစ်သည်။ နည်းသောမိတ်ဆွေတွေက သစ္စာရှိသည်။
မြင့်မားသော ရည်ရွယ်ချက်များ ထားရှိတတ်သူလည်းဖြစ်သည်။ မိမိကိုယ်ကို တန်ဖိုးထားတတ်သူလည်းဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော်လည်း ဝါ၀ါမြင်တိုင်း ဦးချမည့်သူမဟုတ်ပေ။ လွယ်လွယ်နှင့် မယုံတတ်ပေ။ ယုံပြီဆိုလျှင်လည်း စွဲမြဲတတ်သည်။
အခက်အခဲတွေ့ပါက စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ ဖြေရှင်းတတ်သူလည်းဖြစ်သည်။ မည်သို့ဆိုစေ မိတ်ဆွေသည် လူတော်လူကောင်းတစ်ဦးဟု ဆိုနိုင်ပေသည်။
(၄) – #ရလျှင်မိတ်ဆွေသည်
မျက်နှာသွင်ပြင်ဟာ တစ်ခြားသူ နဲ့ မတူပဲ တမူ ထူးခြားနေတယ်။ ထက်ထက်မြက်မြက် ရှိတဲ့ မျက်နှာမိျုး ရှိတယ်။ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့ မရဘူး။ တစ်နည်း တစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများတကာနဲ့လည်း အယူအဆချင်း မတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။ စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။ (၄)-ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွား တတ်တယ်။ မိတ်ဆွေအပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။ အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေ ဖြစ်တတ်တယ်။ အများအားဖြင့် သိုက်တို့ နတ်တို့ ဘိုးတော်တို့ကို ယုံကြည်တတ်ကြသည်။
(၅) – #ရလျှင်မိတ်ဆွေသည်
သည်းခံစိတ် ရှိ ပြီး စိတ် ရှည် သူဖြစ်၏။ တာဝန်နှင့်ဝတ်တရားကိုလည်း
နားလည်သူဖြစ်၏။ အပေါင်းအသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်
သူဖြစ် သည် ။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင် သူ ဖြစ်သည် ။
သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိသည်။ မိတ်ဆွေသည် စိတ်ဆိုး ခဲ၏ ။
စိတ်ဆိုးလျှင် လည်း တော်တော်နှင့် မ ပြေ တတ်ပေ။ မိတ်ဆွေသည် မိသားစု၊ သားသမီးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။ သို့သော် သားသမီးအကျိုးမ ခံ စား ရ တတ် ပေ ။
သိမ်သိမ်မွေ့မွေ့ နေထိုင် တတ် သူဖြစ်သည်။ ကြင် နာ စိတ်ကြီးမားသူ လည်းဖြစ်သည်။
ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။ အကြီးအကျယ်
မ ကျေ မနပ် ဖြစ် ပါက မည်သူ့မျက်နှာကိုမျှ မ ထောက်ထားဘဲ လုပ်ချင် သလို လုပ်ပစ်တတ်သည်။
မိတ်ဆွေသည် အ ပျော် အပါးကို နှစ်သက်သော်လည်း လုပ် ရ မည့် အလုပ်နှင့် စည်းခြားထား
သူ ဖြစ် သည်။ တစ်ခါတစ် ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။ တစ်ခါတစ် ရံ မိမိ၏အရည်
အချင်းထက် လျော့၍ ပင် မိမိကိုယ်ကို အမှတ်ပေးတတ်သည်။ မည်သို့ဖြစ်စေ သင် သည် ကောင်းမွန်သောသူတစ်ဖြစ်သည်မှာ မလွဲပေ။
(၆) – #ရလျှင်မိတ်ဆွေသည်
သည်းခံစိတ်ရှိပြီး စိတ်ရှည်သူဖြစ်၏။ တာဝန်နှင့်ဝတ်တရားကိုလည်း နားလည်သူဖြစ်၏။ အပေါင်းအသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်သူဖြစ်သည်။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင်သူဖြစ်သည်။
သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိသည်။ မိတ်ဆွေသည် စိတ်ဆိုးခဲ၏။ စိတ်ဆိုးလျှင်လည်း တော်တော်နှင့် မပြေတတ်ပေ။ မိတ်ဆွေသည် မိသားစု၊ သားသမီးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။ သို့သော် သားသမီးအကျိုးမပေးလှပေ။
သိမ်သိမ်မွေ့မွေ့ နေထိုင်တတ်သူဖြစ်သည်။ ကြင်နာစိတ်ကြီးမားသူဖြစ်သည်။ ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။ အကြီးအကျယ် မကျေနပ်မှုဖြစ်ပါက မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ လုပ်ချင်သလို လုပ်ပစ်တတ်သည်။
မိတ်ဆွေသည် အပျော်အပါးကို နှစ်သက်သော်လည်း လုပ်ရမည့်အလုပ်နှင့် စည်းခြားထားတတ်သည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။ တစ်ခါတစ်ရံ မိမိ၏အရည်အချင်းထက် လျော့ရျ်ပင် မိမိကိုယ်ကို အမှတ်ပေးတတ်သည်။ မည်သို့ဖြစ်စေ သင်သည် ကောင်းမွန်သောသူတစ်ဖြစ်သည်မှာ မလွဲပေ။
(၇) – #ရလျှင်မိတ်ဆွေသည်
ညဏ်ရည်ညဏ်သွေးကောင်းသူဖြစ်သည်။ ထက်လည်း အလွန်ထက်မြတ်သည်။ အရာရာကို မှန်ကန်စွာ တွေးခေါ် ဆုံးဖြတ်တတ်သူဖြစ်သည်။ တစ်ယူသန် ခေါင်းမာတတ်သူလည်းဖြစ်သည်။ သူတစ်ပါး၏ …ထင်…မြင်ချက်ကို များစွာ အရေးမထားတတ်သူလည်းဖြစ်သည်။
စိတ်လှုပ်ရှားမှု လွယ်ကူသော်လည်း ခံစားမှုများစွာ မရှိတတ်ပေ။ မိတ်ဆွေတွင် ကောင်းသော အရည်အချင်းတစ်ခု ရှိနေတတ်သည်။ ထိုအရည်အချင်းမှာ အရာရာကို ဂရုစိုက် လေ့လာတတ်ခြင်းပင်ဖြစ်သည်။ မိတ်ဆွေမှာ ထူးခြားသော ဟန်အမူအရာ၊ အသံနေအသံထား ရှိတတ်၏။
ဒေါသဖြစ်လွယ်သော်လည်း ပြေပျောက်မှုမြန်ဆန်တတ်၏။ သစ်လွင်တောက်ပသော အဝတ်အစားများကို မနှစ်သက်တတ်ပေ။ မိတ်ဆွေလုပ်သော အလုပ်အကိုင်ကို နှောင့်ယှက်ပါက လွန်စွာပင် မုန်းတီးတတ်သူဖြစ်သည်။
မိသားစုအပေါ် သံယောဇဉ်အလွန်ကြီးသူဖြစ်သည်။ မိတ်ဆွေမှာ ထူးခြားသော သံလိုက်ဓာတ်များ၊ ညို့ဓာတ်များ၊ သမထစွမ်းရည်များ ရှိနေတတ်သည်။
မိတ်ဆွေသည် တီထွင်တတ်သောညဏ်ရှိ၏။ မိတ်ဆွေနှင့် တွေ့ကြုံ ဆုံဆည်းသူများက မိတ်ဆွေတွင် တစ်စုံတစ်ခု ထူးခြားနေသည်ဟု ထင်မှတ်သွားတတ်၏။
(၈) – #ရလျှင်မိတ်ဆွေသည်
လက်တွေ့ကျကျ တွေးခေါ်တတ်ပြီး လက်တွေ့ကျကျ လုပ်ကိုင်တတ်သူဖြစ်သည်။ တစ်ခုခုလိုချင်ပြီဆိုလျှင် တမ်းတမ်းစွဲဖြစ်တတ်သည်။ စီးပွားရေးနှင့်ပတ်သက်ရျ် အောင်မြင်ထွန်းပေါက်အောင် လုပ်တတ်သူလည်းဖြစ်၏။
မကြာခဏ သူတစ်ပါး၏ အထင်အမြင်လွဲမှားမှုကို ခံရတတ်သည်။ အစဉ်သဖြင့် အားနည်းသူဘက်က ပါဝင် ကူညီတတ်သူဖြစ်၏။ မိမိကိုယ်ကို လွန်စွာအားကိုး၏။ သူတစ်ပါးကို အထင်မကြီးတတ်လှပေ။ ထက်မြက်ပါးနပ်သောသူဖြစ်၏။ ကျယ်ပြန့်သော ဗဟုသုတရှိသူလည်းဖြစ်၏။ ကျယ်ပြန့်သော ဗဟုသုတရှိသူလည်းဖြစ်သည် ။ စာပေရေးသားမှု ပြောင်မြောင်တတ်သည်။
အချိုးကျကျ ဝတ်စားရျ် အထက်တန်းကျကျ နေထိုင်တတ်သူဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျတတ်သည်။ ဒုကွများနှင့် မကြာခဏ ရင်ဆိုင်တိုးသော်လည်း ကြံ့ကြံ့ခံနိုင်သူဖြစ်သည်။
(၉) – #ရလျှင်မိတ်ဆွေသည်
စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ စိတ်ဆိုးလွယ်၊ ဒေါသဖြစ်
လွယ်တတ်၏။ စိတ်ကြီးသလောက် ဇွဲလည်းဖြစ်သူဖြစ်၏။ ချုပ်ချယ်မှုကို မနှစ်သက်တတ်။ စိတ်မြန်လက်မြန် လုပ်တတ်သည်။
ဆွေမျိုးများ၊ မိသားစုများနှင့် မကြာခဏ အဆင်မပြေဖြစ်တတ်သည်။ မိတ်ဆွေ၏ စကားပြောဟန်ပန်မှာ အမိန့်ပေး၊ သြဇာပေးသကဲ့သို့ ရှိတတ်၏။ စကားအချေအတင်ပြောမှု၊ ငြင်းခုန်မှုကို အ…လွန်နှစ်သက်တတ်သူဖြစ်သည်။
လွတ်လပ်မှုကို မြတ်နိုးသော်လည်း မိမိစိတ်ကိုမိမိ နိုင်သူဖြစ်သည်။ အခြားသူများ၏ တားမြစ်မှုကို ချိုးဖောက်တတ်သည်။ မိမိဘာသာ အသိတရားနှင့် မလုပ်သင့်သည်ကို ရှောင်တတ်သည်။ စိတ်စွမ်းအင်ကြီးမားသူဖြစ်၏။ ဆုံးဖြတ်ချက်မြန်ရျ် မှန်ကန်တတ်သူဖြစ်သည်။ မိမိဖြစ်ချင်သောဘဝကို မိမိဘာသာ ကြိုးစားရျ် ဖြစ်အောင်လုပ်နိုင်သူများဖြစ်သည်။
မည်သို့ဆိုစေ မိတ်ဆွေသည် လူတော်တစ်ယောက်ဖြစ်သည်။

ကျောက်ပြင်

ယနေ့ခေတ်လူငယ်တော်တော်များများဆိုးလာကြပြီ။ လူကြီးတွေလည်းစည်းကမ်းမရှိ
ထင်သလိုပြော အိမ်ထောင်ရေးဖောက်ပြန် အကျင့်ပျက် လာကြပြီ ဆိုးလာကြပြီ။ လူလတ်ပိုင်းတွေလည်း ငါကအခုမှအရွယ်ရောက်တာ ဒီအရွယ်ကဲထားမှ ရှုပ်ထားပွေထားအုံးမှဘဲ ဆိုပြီးတော့ဆိုးလာကြပြီ။
အဲ့ဒီ လိုမျိုးဆိုးတဲ့လူ အကျင့် ပျက်တဲ့လူ တယောက် မိသားစုတွင်း မိတ်ဆွေ စတဲ့တနေရာမှာရှိလာပြီဆိုလျှင် စိတ်ညစ်ရပြီ။
စိတ်ရှုပ်လာရပါပြီ။ အဲ့ဒီ လိုဖြစ်လာပြီဆိုလျှင်မိတ်ဆွေတွေနဲ့တိုင်ပင်ကြ နီစပ်ရာအကူအညီတောင်းကြပြီ။ တချို့ဆိုဗေဒင်ဆရာ ဆီမှာအကူအညီတောင်းကြပါတယ် ။အဲဒီလိုမျိုး အခက်အခဲ ကြုံလာတဲ့လူတွေကိုဗေဒင်ဆရာတွေ က အစီအရင် အဆောင်အယောင်တခုလုပ်ပေးတတ်ပါတယ် ။
အဲဒီလို အခက်အခဲ ကြုံလာပြီဆိုလျှင် ကျုွန်ုပ်
အနေနဲ့ ကတော့ ဆိုးသူ ရိုင်းသူ ညံ့နေသူရဲ့
ဓာတ်ပုံ ကို ကျောက်ပြင် နဲ့ဖိပြီး ကျောက်ပြင် ပေါ်မှာမီးထွန်းခိုင်းပါတယ် ။
အဒီလိုမီးထွံန်းတဲ့အခါမှာ တနင်္ဂနွေ သားသမီး တယောက် ဆိုးနေပြီညံ့နေပြီး ရိုင်းနေပြီဆိုလျှင် သောကြာနေ့.နံနက် ၈းဝဝ နာရီ မှာမီးစထွန်းပါ။
၁၅ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြုပါ ဆုတောင်းပါ။
တနလာင်္ သားသမီး တယောက် ဆိုးနေပြီ
ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် စနေနေ့ နံနက်
၈းဝဝ နာရီ မှာမီးစထွန်းပါ ။ ၈ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
အဂါင်္ သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် တနင်္ဂနွေ နေ့ နံနက် ၈းဝဝ နာရီ ရီမှာမီးစထွန်းပါ။ ၁၇ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
ဗုဒ္ဓဟူး သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် တနလာင်္ နေ့ နံနက် ၈းဝဝ နာရီ မှာမီးစထွန်းပါ ။ ၁၀ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
ကြာသပတေး သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် အဂါင်္ နေ့ နံနက် ၈းဝဝ နာရီ မှာမီးစထွန်းပါ ။ ၁၂ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
သောကြာ သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် ဗုဒ္ဓဟူး နေ့ နံနက် ၈းဝဝ နာရီ မှာမီးစထွန်းပါ ။ ၆ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
စနေ သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် ကြာသပတေး နေ့ နံနက် ၈းဝဝ နာရီ မှာမီးစထွန်းပါ ။ ၁၇ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြုပါ ဆုတောင်းပါ။
အဲဒီလိုမျိုး ဆိုးနေသူ ညံ့နေသူ ရိုင်းနေသူ ရဲ့ ဓာတ်ပုံကို ကျောက်ပြင်နဲ့ဖိပြီး မီးထွန်း ဆုတောင်းမယ်ဆိုလျှင် ဆိုးနေသူ ညံ့နေသူ ရိုင်းနေသူ ဟာ သူ့အလိုလို ဆိုးချင် ညံ့ချင် ရိုင်းချင် နေတဲ့ ဆန္ဒတွေကို ကျောက်ပြီး သူ့အလိုလို ကောင်းအောင်ကြိုးစားချင်စိတ် ဖြောင့်မတ်တတ်ကြွစွာနေလိုစိတ်တွေ နဲ့ပျော်ရွှင်တဲ့ လူ့ဘောင်လူ့လောကထဲကိုပြန်လည်ရောက်ရှိလာပါလိမ့်မယ်။
ကျောက်ပြင် လေးတချပ်ပေါ်မီးထွန်းရုံနဲ့
မိသားစုတွင်း၊ ပတ်ဝန်းကျင်တွင်း ၊ရပ်ကွက် တွင်း၊ မြို့တွင်း ၊နယ်တွင်း ၊နိုင်ငံတွင်း ၊ကမ္ဘာတွင်းမှာ
အေးချမ်းအောင် ငြိမ်းအေးအောင် သာယာအောင်ဆောင်ရွက်နိုင်ကြပါစေ။
မသိသူများသိပါစေ ။
သိပြီးသူများ ပညာဉာဏ်တိုးပွားကြပါစေ ။
Credit အာကာမိုးမင်း
ဆရာအာကာမိုးမင်း၏ ဆောင်းပါးအား ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။ (ငြိမ်းအေးလူ)

ရင်သွေးပြဿနာ အဖြေရှာ

မိုးရာသီဆိုပေမဲ့ ဒီနေ့နံနက် ထူးထူးခြားခြား နေသာနေသည်။ အိမ်နောက်ဖက်က ဂျိုးကူသံသဲ့သဲ့ကိုလဲ ကြားရသည်။ ဒါတစ်နေကုန်နေသာမဲ့သဘော…။ Sunday ဖြစ်တာကြောင့် ခြံရှေ့လမ်းပေါ်မှာ ကလေးတွေ ဘောလုံးကန်နေကြသည်။
ကျွန်တော်လဲ နားရက်ဖြစ်တာကြောင့် ခြံထဲမှာ ကျောမှီခုံလေးတစ်လုံး နဲ့ ထိုင်ပြီး စာဖတ်ဖြစ်၏။
အခြားနေ့တွေဆို ခြံတံခါးပိတ်ထားပေးမဲ့ တနင်္ဂနွေဆို ခြံတံခါး ဖွင့်ထားတာများသည်။ အိမ်ရှေ့ဘောလုံးပွဲကနေ ဘောလုံးက အိမ်ထဲမကြာခဏရောက်ရောက်လာတတ်သည်။ ခြံတံခါးဖွင့်ထားတော့ ကလေးတွေ ဘောလုံးဝင်ကောက်ရတာ အဆင်ပြေသည်မဟုတ်လား….
စာဖတ်နေတုန်း ခြံရှေ့မှာမိမိနာမည်မေးသံ သဲ့သဲ့ကြားရသည်။ သိပ်မကြာလိုက်…။
ကလေးတွေကလမ်းညွှန်ပေးခဲ့ပုံရပါသည်။ ဧည်သည်တွေ အိမ်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာကြသည်။ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး လင်မယားဖြစ်ဟန်တူပါသည်။
“လာဗျ ထိုင်ကြ…ဘာကူညီပေးရမလဲ
အရင်လာဖူးတယ်နဲ့ တူတယ်.. .
ျမင္ဖူးတယ္ဗ် “
“ဟုတ်တယ်ဆရာ ….သမီးတို့ အရင် လေးလကျော်လောက်က မေးဖူးပါတယ်။ ဆရာ့ အိမ်မှာမဟုတ်ဘူး။ ဆရာမိတ်ဆွေအိမ်မှာ ဗေဒင်ဟောတုန်းက သမီးတို့လဲ ဝင်မေးဖြစ်တယ်လေ။ ဆရာအိမ်က
အခုမှစုံစမ်းပြီးလာတာ…”
“သြော် …သိတော့သိပြီ..
ဘာကိစ္စလဲတော့ ဆရာလဲမမှတ်မိတော့ဘူး “
” ရင်သွေးကိစ္စ ဆရာရေ ရင်သွေးလိုချင်လို့ ဆရာ့ဆီမေးတာလေ ဆရာက ဒီနှစ်အတွင်း ရင်သွေးရလိမ့်မယ်လို့ ဟောခဲ့တယ် …. နောက်ပြီး အနေအထိုင်ဆင်ခြင်ဖို့ အလေးအပင် မ မဖို့ ကိုယ်ဝန်ရလွယ် ပျက်လွယ်ဖြစ်တတ်ကြောင်းဟောခဲ့တယ်ဆရာ… ရေမွှာစောပေါက်တာမျိုးလဲ ကြုံရတတ်တယ်လို့ ဆရာမှာလိုက်သေးတယ်။
ဆရာဟောပြီး သိပ်မကြာဘူး သမီးမှာရင်သွေးလေးရလာတယ်…….. မိသားစုအားလုံးပျော်နေကြတာပေါ့လေ”
” ဟုတ်တယ်ဆရာ ကျွန်တော်ကလဲ သားဦးလေးရပြီဆိုပြီး အရူးအမူးပျော်နေတာ ..ဒါပေမဲ့ ”
ကောင်မလေး၏ အမျိုးသားဆီက စကားသံ..
စကားမဆုံးသေးပေမဲ့ ထပ်ပြောဖို့ အင်အားရှိဟန်မတူပေ
“ဘာဖြစ်လို့လဲ ဗျ ရင်သွေးက အဖတ်မတင်လို့လား “
နှစ်ဦးစလုံးခေါင်းပြိုင်တူညိတ်ကြသည်။
” စိတ်မကောင်းပါဘူးဗျ ဖြစ်ချိန်တန်ဖြစ်လို့ ပျက်ချိန်တန် ပျက်ရတယ်လို့ပဲ နှလုံးသွင်းပေါ့ဗျာ”
“သမီးတို့ ရင်သွေးထပ်ရနိုင်အုံးမလားဆရာ
ရမယ်ဆိုလဲ ရင်သွေးလေးမြဲချင်တယ် “
အလောတကြီးစကားဆိုသည်။
“ဟုတ်ပါပြီဗျ ..တွက်ချက်ကြည့်ပြီး လိုအပ်တာများ
ညွှန့်ကြားပါ့မယ်”
နှစ်ယောက်စလုံးရဲ့ ကံကြမ္မာတွေကို တွက်ချက်ကြည့်တော့
ကောင်လေးက ရာဟုသက်ရောက်ထဲမှာ
သားသမီးရဖို့ကံရှိသလို ကောင်မလေးကလဲ တနင်္လာသက်ရောက်ထဲမှာ ရင်သွေးရဖို့ရာခိုင်နှုန်းများတဲ့ကာလတွေပါ။ ကပ်ဂြိုဟ်တွေအားနည်းနေလို့သာ..(ပညာရပ်အပိုင်းများ ဒီနေရာမှာ ချန်လှပ်ထားပါရစေ … စာလေးမှာစိုးလို့ပါ)
“စိတ်မပူကြပါနဲ့ဗျ … ရင်သွေးရတနာက ရလာမှာပါ နောက်ထပ်ရင်သွေးထပ်ရဖို့ မကြာတော့ပါဘူး”
“ယတြာလေးပါ ပြောပေးပါဆရာ …
သမီးအမှားအယွင်း မဖြစ်ချင်တော့ဘူး …”
“ဟုတ်ပါပြီဗျ လိုအပ်တဲ့ယတြာပြောပေးမယ် လိုက်မှတ်သွားပါ….ဒီမှာ A4နဲ့ ဘောပင် ”
~~~~~~~~~~~~~~~~~~~~~~~
“ပထမဦးစွာ လင်ဗန်းတစ်ချပ်ထဲ သစ်သီး ၁၁မျိုးထည့်ပါ။ ထိုသစ်သီးတွေကို ရတနာသမ႓ဝဘုရားအား
တိုင်တည်ရည်စူးပြီး ကပ်လှူ ပူဇော်ပါ။ ပူဇော်နေချိန်
ရင်သွေးရတနာရဖို့ဆုတောင်းပါ “
~~~~~~~~~~~~~~~~~~~~~
“ဒုတိယ တစ်ခုက မိမိတို့အားတဲ့ တစ်ရက် ရွှေတိဂုံ ဘုရားသွားပါ။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ တောင်ဘက်မုခ်မှာဘုရားဝတ်ပြုပါ။ ထိုတောင်ဘက်မုခ်တန်ဆောင်းနဲ့ကပ်လျက် ဗြဟ္မာသားပိုက်ရုပ်ရှေ့မှာ ဖယောင်းတိုင် ၁၇တိုင် ၊ အမွှေးတိုင် ၁၇တိုင်၊
ဇီးညွှန့် ၁၇ညွှန့်၊သစ်သီး ၈မျိုး ကိုကပ်လှူပြီး သားဆုပန်နိုင်ပါတယ်ဗျာ။ ယောကျာ်းလေး လိုချင်ရင်တော့ ကလေးပိုက်ထားတဲ့ ဗြဟ္မာရုပ်မှာ ဆုတောင်းပါ။
မိန်းကလေးလိုချင်ရင်တော့ ကြာဖူးကိုင်ထားတဲ့ ဗြဟ္မာရုပ်မှာဆုတောင်းပါ”
~~~~~~~~~~~~~~~~~~~~~~
“နောက်ဆုံးတစ်ခုက သမီးအနေနဲ့ တားရော့ကဒ်လေးတစ်ခုကဒ်လောင်းပြီး ဆောင်ရမှာ နံပါတ် ၃တားရော့ကဒ်ပဲ …ဧကရီကဒ်လို့ ဆိုကြတယ်…ကဲ Zapya ဖွင့်လိုက် ဆရာအဲဒီကဒ်လေး ရှယ်လိုက်မယ် .. ဓာတ်ပုံဆိုင်သွားပြီး print ထုတ် /ကဒ်လောင်းပြီး ဆောင်ထားပေးတော့ဗျာ…”
~~~~~~~~~~~~~~~~~~~~~~
“ကဲ…ဒီလောက်ဆို ပြည့်စုံပါပြီ ဒီအစီအရင်လေးတွေသာ လုပ်ပေးမယ်ဆိုရင်ဖြင့် ရင်သွေးရတနာအမြန်ဆုံးရနိုင်သလို ရင်သွေးလဲ အပျက်အစီးမရှိ ချောမောစွာ မွေးဖွားနိုင်မှာပါ”
“ကျေးဇူးပါဆရာ ယတြာတွေကိုလုပ်ပါ့မယ်… ရွှေတိဂုံဘုရားလဲဖူးရတာပေါ့ဆရာရယ် “
” ကောင်းပါပြီဗျ ကုသိုလ်လဲရ ကလေးလဲရပေါ့ဗျာ …”
” အဲဒါဆို သမီးတို့ကို ခွင့်ပြုပါအုံးဆရာ …
“ဟုတ်ပါပြီဗျာ”
ဇနီးမောင်နှံနှစ်ယောက်စလုံး ဉာဏ်ပူဇော်ခပေးပြီး ပြန်သွားကြလေ၏ ။ ကျွန်တော့်မိတ်ဆွေတွေထဲမှာလဲ ထိုကဲ့သို့ ရင်သွေးကိစ္စများနဲ့ အခက်အခဲကြုံနေပြီဆိုရင်တော့ အထက်က ယတြာအစီအရင်လေးတွေလုပ်ပေးခြင်းဖြင့် အဆင်ပြေသွားကြပါလိမ့်မယ်။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

သင့်ပိုက်ဆံအိတ်-မှာ ဘာတွေ ထည့်ထားသလဲ.. ========================

စွမ်းအင်တွေ အကြောင်းကို လေ့လာတဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်- ဝါစတု သျှတ္တရ ပညာရပ် အရ..
မထည့်ထားသင့်တဲ့ အရာတွေ သင့်ပိုက်ဆံအိတ် ထဲမှာ ထည့်ထား လျှင်- မကောင်းတဲ့ စွမ်းအင်တွေ သင့်ဆီမှာ ရှိနေတတ်ပြီး-
– ငွေကုန်ကြေးကျ၊ ငွေယိုပေါက်တွေ။
– ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုတွေ။
– လာဘ်ပိတ် တာတွေ။
– ငွေကြေး အလိမ်ခံရတာတွေ ဖြစ်တတ်ပြီး-
ထည့်ထား သင့်တဲ့- အရာတွေ- သင့်ပိုက်ဆံအိတ်ထဲမှာ ရှိနေလျှင်-
– ငွေကြေး- အဆက်မပြတ်ဝင်ပြီး-
– ကျန်းမာ ချမ်းသာ ကာ-
– ငွေကုန် ရတဲ့ ငွေထွက်ပေါက်တွေ ပိတ်ပစ်လိုက် နိုင်ပါလိမ့်မယ်
ပထမ ဦးစြာ အေရးႀကီးတာ ကေတာ့-
=======================
– ဟောင်းနွမ်း စုတ်ပြတ် နေတဲ့- ပိုက်ဆံအိတ် ကို ရှောင်ပါ။ ပိုက်ဆံအိတ် အစုတ် မှာ ကောင်းမြတ် တဲ့ စွမ်းအားများ မရှိတော့ပါ။
– သူများ ရဲ့ ပိုက်ဆံအိတ် အဟောင်း ကို လည်း လုံးဝ မသုံးပါနဲ့။
– ပိုက်ဆံ အိတ်မှာ ပိုက်ဆံ ပေါပေါများများ ထည့်ထားပါ။ ဘာ ပိုက်ဆံ မှ မရှိပဲ ဟောင်းလောင်း ဖြစ်နေတာမျိုး မဖြစ်ပါစေနဲ့။
ပိုက်ဆံအိတ်ထဲမှာ မထည့်ထားပဲ- လိုအပ်ယင် သီးသန့် ခွဲထားသင့်တဲ့ အရာများကတော့-
+++++++++++++++++++++++++
– ဘေလ်၊ ပြေစာ၊ ဟောင်းများ၊ receipt ဟောင်းများ
– ညစ်ညမ်းပုံများ၊ သေဆုံးပြီးသူူများပုံ၊ ကြမ်းတမ်း ရက်စက်သော ပုံများ။ (မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်။)
– တိုလီ မိုလီ မှတ်စု များ၊ လိပ်စာ ကဒ် အဟောင်းများ၊
– သက်တမ်း ကုန်နေတဲ့- membership card များ
– သုံးမရအောင် စုတ်ပြတ် နေတဲ့ ငွေစက္ကူများ
– ခေါက်တွန့် နေတဲ့- ငွေစက္ကူများ (ခေါက်နေတဲ့ ပိုက်ဆံ ကို ဖြန့်ထည့်ပါ။)
– သွားရည်စာ မုန့်တွေ နဲ့ ဆေးများ။ (ဆေးများ ဟာ- ကျန်းမာရေး ပြသနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ။)
– လက်သည်းညှပ် နဲ့ ကပ်ကြေး အပါအဝင်- ချွန်ထက်တဲ့ အရာများ။
– ကျွမ်းကျင်သော နက္ခတ်ပညာရှင် အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော- အဆောင်များ၊
– ပရိတ်ချည်၊ လက်ဖွဲ့ စသည်များ (သီးသန့် ထားပါ။)
ပိုက်ဆံအိတ်ထဲ. မှာ ထည့်ထား သင့်တဲ့ အရာများကတော့
++++++++++++++++++
– ငွေ၊ ကြေး ဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်း အရာများ။
– အထူးသဖြင့်- ငွေဒင်္ဂါး။
– လက်ချမီး မယ်တော်ပုံ- ရုပ်ပုံတော် ဖြစ်စေ- ကြေး ဒင်္ဂါး ဖြစ်စေ.
– ဗောဓိညောင်ရွက် (အထူးသဖြင့်- နှလုံး ရောဂါ ရှိသူများ အတွက်)
– ပင်လယ်ခရုခွံများ (စကြာဝဠာ စွမ်းအင်ကြောင့် ဖြစ်ပါသည်။)
– ဆန်စေ့ ၂၁- စေ့ (အင်မတန် အကျိုးများပါတယ်။ နောက်ပိုင်း ရှင်းပြပေးပါ့မယ်။)
(အခြား ရှားပါးသော အရာများကို ချန်လှပ်ထားခဲ့ပါသည်။)
အားလုံး အောင်မြင် ချမ်းသာကြပါစေ။
လွတ်လပ်စွာ လက်ဆင့်ကမ်း နိုင်ကြပါတယ်။

ငယ်သူတို့ချစ်ခြင်း အပြစ်ကင်းကြပါစေ

အစိုးရ ရုံးပိတ်ရက်တစ်ရက်။ ရွှေမောဓောဘုရားရင်ပြင်မှာ ဘုရားဖူးတွေလွန်စွာ စည်ကားနေ၏။ အခုလိုရုံးပိတ်ရက်တွေမှာရန်ကုန်က ဘုရားဖူးကားတွေအလွန်လာလေ့ရှိလေသည်။ဒါကြောင့်ပဲ

သနပ္ပင်လမ်း၊ရွှေသာလျောင်းဘုရားလမ်းတွေမှာ
လမ်းတွေပိတ်သည်အထိ ကားတွေပြည့်နှက်နေ
တတ်သည်။
အခုလဲရွှေမောဓောဘုရားရင်ပြင်မှာ ဘုရားဖူးတွေကြက်ပျံမကျ စည်ကားနေပြန်သည်။ကျွန်ုပ်လဲစနေထောင့်က ကျောက်တော်ကြီးဘုရားမှာအဓိဋ္ဌာန်ပုတီးစိပ်ပြီး ခိုစာကျွေးဖို့ထွက်လာခဲ့လေသည်။ တစ်ညလုံးရေစိမ်ထားသော ကုလားပဲခြမ်းလေးတွေကိုခိုလေးတွေ အားပါးတရစားကြလေသည်။
“တူ…တူ”
ခိုစာကျွေးနေတုန်း ဖုန်းကနေ vibrator မြည်လာလေသည်။ silent လုပ်ထားတဲ့အတွက်vibrator အသံသာကြားရလေသည်။
” ဟဲလိုမင်္ဂလာပါဗျ”
“ဟုတ် မင်္ဂလာပါ….ဆရာငြိမ်းအေးလူလား ရှင့်”
“ဟုတ္ပါတယ္ဗ်”
“ဆရာ သမီးရန်ကုန်ကပါ…ပဲခူးဘုရားဖူးလာလို့ ဆရာဆီ ဗေဒင်ဝင်မေးချင်လို့ပါ ”
“သြော် ဟုတ်ပါပြီ အခုက ပဲခူးဘယ်နားရောက်ပြီလဲ”
“ပဲခူးမြစ်ကူးတံတားနားရောက်တော့မယ် ..ဆရာ ”
“အဲဒါဆိုရင် ရွှေမောဓောဘုရားကိုအရင် ဝင်ဖူးလိုက်ပါဗျာ ဆရာလဲ ဘုရားရင်ပြင်မှာရှိပါတယ်။ ဘုရားရောက်ရင် အင်္ဂါထောင့်က ခရေပင်ကြီးအောက်မှာ ဆရာရှိမယ် ”
“ဟုတ်င်္ကဲ့ဆရာ သမီးတို့လာခဲ့ပါမယ်”
ခိုစာကျွေးပြီးတိုင်း ခရေပင်အောက်မှာတံမြက်စည်းလှည်းလေ့ရှိသည်။ ဘာရယ်မဟုတ် တံမြက်စည်းလှည်းပြီး ဂုဏ်တော်ပွားရသည့်အရသာကိုနှစ်ခြိုက်မိသည်။
သိပ်မကြာလိုက်
“ဆရာငြိမ်းအေးလူလား…မသိဘူး
အရပ်မြင့်မြင့်၊ အသားဖြူဖြူနှင့် အသက် ၂၀ကျော်ကျော်လောက်ရှိသော မိန်းကလေးတစ်ဦး …”
“ဟုတ်ပါတယ်ဗျ…..ကျွန်တော်ငြိမ်းအေးလူပါ လာဗျာ ဒီခရေပင်အောက်က ခုံဝိုင်းလေးမှာပဲထိုင်ရအောင် “
“ဟုတ်ဆရာ သမီးကဆရာရောဟုတ်ရဲ့လားလို့အရဲစွန့်ခေါ်ကြည့်တာ”
ကျွန်ုပ်ပြုံးနေမိသည်။ ဗေဒင်ဆရာဆိုရင် မုတ်ဆိတ်ရှည်၊ ဆံပင်ရှည်နဲ့ အကျီင်္ကြောင်ကျား ဝတ်ဆင်တားသူလို့ ထင်နေပုံရသည်။ အခုလို ဆံပင်တိုတို ၊ အကျင်္ီဖြူ ၊ကချင်လုံချည် ဝတ်ဆင်
ထားသော သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို ဗေဒင်ဆရာလို့ထင်ပုံမရပေ။
ခရေပင်ကြီးကို ဝိုင်းပတ်ပြီးဆောက်လုပ်ထားသော အုတ်ခုံဝိုင်းလေးပေါ်မှာထိုင်မိကြသည်။
ကောင်မလေးတစ်ဦးအပြင်ဘေးနားမှာ ကောင်လေးတစ်ဦးလဲပါလေသည်။ ကောင်လေးကတော့ ကောင်မလေးထက်အသက်အနည်းငယ်ကြီးပုံရလေသည်။ လူငယ်တွေဖြစ်တာကြောင့် အဝတ်အစားတွေလဲ ခေတ်ဆန်ဆန် ဝတ်ဆင်ထားလေသည်။ အခါတိုင်ကို ကြည့်လိုက်တော့ အင်္ဂါအခါ အခိုက်မှာတနင်္လာ လာတာကလဲ လူနှစ်ယောက်နိမိတ်ဆိုတော့
“သမီးအနေနဲ့ အခုဆရာ့ဆီမှာမေးတာ အချစ်ရေးနဲ့ပက်သက်တဲ့ကိစ္စဖြစ်မယ်ထင်တယ်။
အထူးသဖြင့် ချစ်သူနဲ့အတူလက်တွဲနေထိုင်ဖို့အတွက် သောကရောက်နေရတယ်နဲ့တူတယ်”
“ဟုတ်တယ် ဆရာ ….ဆရာအခုပြောတဲ့အတိုင်းပါပဲ “
“ဒါနဲ့စကားမစပ် ဒီညီလေးက သမီးနဲ့ ဘယ်လိုပက်သက်လဲ “
“သမီးခ်စ္သူပါ ဆရာ”
ကောင်လေးက အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးပြသည်။
“သမီးတို့ သောကရောက်နေတာ လူကြီးမိဘအကြီးအကဲတွေနဲ့များပက်သက်နေသလား “
“ဟုတ်တာပေါ့ ဆရာရယ် ဆရာဆီအကြံဉာဏ်တောင်းချင်တာ အဲဒီကိစ္စပဲ …သမီးတို့နှစ်ယောက်က
ဒီဝါကျွတ်ရင် လက်ထပ်ဖို့ စီစဉ်ထားကြတာ…သမီးမိဘတွေကလဲသဘောတူတယ်…ဒါပေမဲ့သူ့
မိဘတွေက သဘောမတူချင်ဘူး …အထူးသဖြင့်သူ့အမေ”
” ဟုတ်တယ်ဆရာ…အမေကနားချလို့ကိုမရဘူး .. ငယ်သေးတယ်နဲ့ …..အိမ်ထောင်တစ်ခုကို မတည်ထောင်နိုင်သေးဘူးနဲ့….ကျွန်တော်တို့လဲကျောင်းပြီးတာကြာလို့ လုပ်ငန်းခွင်မှာတောင်ရာထူး အတော်အသင့်ရနေပြီ ..အဲဒါကိုစိတ်ပူနေသေးသည် “
ကောင်လေး၏ဝင်ရောက်ပြောဆိုတဲ့စကား…မိခင်အပေါ်စိတ်ခုနေတဲ့အရိပ်အရောင်တွေ မြင်နေရသည်။
” ဒီလိုတော့ မပြောကြနဲ့ ငါ့ညီတို့ရေ…မိဘတိုင်းသားသမီးကိုအရွယ်ဘယ်လောက်ပဲရောက်ရောက် ကလေးလို့ပဲမြင်ကြတာလေ…အထူးသဖြင့် မိခင်တွေက သားတွေကို သူတို့ရဲ့ရင်ခွင်ထဲမှာရင်အုပ်မကွာ စောင့်ရှောက်ချင်ကြသလို ဖခင်တွေကလဲ သမီးတွေအပေါ်မှာ ဒီအတိုင်းပဲကွ။ ဒါကလဲ ငါ့ညီတို့ မိဘနေရာရောက်မှ သိလိမ့်မယ်
ငါ့ညီတို့ နှစ်ယောက်မွေးသက္ကရာဇ် တွေပြောပါအုံး “
စာအုပ်၊ဘောပင်မပါတော့၍ ဖုန်းထဲကဗေဒင် apkကနေ တွက်ကြည့်လိုက်သည်။ ဇာတာနှစ်ခုက
ရေရှည်လက်တွဲလို့ သင့်တော်တဲ့ ဇာတာတွေဖြစ်သလို များမကြာမီလဲ လက်ထပ်ရတော့မဲ့ ကံအနေအထားတွေလဲတွေ့ရလေသည်။
“ဘာမှမပူနဲ့… မကြာမီ ငါ့ညီတို့ နှစ်ယောက်လက်ထပ်ဖြစ်လိမ့်မယ်။ မင်္ဂလာခမ်းခမ်းနားနားကျင်းပပြီး လက်ထပ်တာမျိုးနော် ။ ခိုးပြေးပြီး လူမသိလူမသိ ရုံးတတ်လက်မှတ်ထိုးတာမျိုးမဟုတ်ဘူး… ဆရာပြောတဲ့ ယတြာတွေတော့ လုပ်ရလိမ့်မယ်”
“ဟုတ်ဆရာလုပ်ပါ့မယ် ”
“ကဲလိုက်မှတ်ထားလိုက် မှတ်စရာမရှိရင် ဖုန်းနဲ့ recording ဖမ်းထားလိုက်…”
“ဟုတ္ဆရာ”
.ကောင်လေးကဖုန်းဖွင့်ပြီး recordလုပ်ထားလေ၏
“ပထမဦးစွာ ငါ့ညီက မိခင်ရဲ့ ခြေသည်းလက်သည်းတွေကိုယူရမယ်… မိခင်ခြေသည်းလက်သည်း လှီးပြီးအခါ မလွှတ်ပစ်နဲ့… ယူထားလိုက် … ပြီးရင် ရေစင်အောင်ဆေးပြီး မိမိလိမ်းမဲ့ အုန်းဆီဗူးထဲထည့်ထားလိုက်… ထိုအုန်းဆီကို နေ့တိုင်းလိမ်းပေး
………နောက်တစ်ခုက မနက်ဘုရားရှစ်ခိုးတဲ့ အချိန်တွေ ၊ညဘက် ဘုရားရှစ်ခိုးတဲ့ အချိန်တွေမှာ မိခင်အကျႌကို မိမိပုခုံးမှာတင်ပြီးရှစ်ခိုးပါ.. အရင်တုန်းက ဦးသုံးကြိမ်ကို ပုဆိန်ပေါက် ရှစ်ခိုးခဲ့တယ်ဆိုလဲ
အခုအခါတွေမှာတော့ အချိန်ကြာကြာလေးရှစ်ခိုးပါ ပရိတ်ပဌာန်းတွေကိုလဲ အချိန်ယူပြီး ရွတ်ဆိုပါ …
မိခင်ရဲ့ အကျႌကတော့ နေ့စဉ် တစ်နေ့တစ်ထည်ပခုံးပေါ်မှာ တင်ထားပါ
နောက်ပြီး ရေနဲ့ ပက်သက်တဲ့ ကုသိုလ်တွေ လုပ်ပေးပါ။ အိပ်ရာကနိုးတာနဲ့ ဘုရားရှင်ကို မျက်နှာသစ်တော်ရေကပ်ပါ/သောက်တော်ရေကပ်ပါ… နံနက်စာအတွက် အမိအဘတွေကို ကော်ဖီ အချိုရည်နွားနို့ စတဲ့ မိဘတွေ ကြိုက်ရာဖျော်ရည်တစ်မျိုးမျိုး စီစဉ်ပြီး လုပ်ကျွေးပါ
ငါ့ညီက စနေသား ၊သမီးက အင်္ဂါသမီးဆိုတော့
နှင်းဆီပန်း ၇ပွင့်ကို ဘုရားမှာ ခဏခဏကပ်လှူပေးပါ … နှစ်ယောက်စလုံး အတူတကွကပ်လှူတာမျိုးဆို ပိုကောင်းပါတယ်
နောက်ဆုံး တစ်ခုအနေနဲ့ ရေနေသတ္တဝါလေးတွေကို အစာခဏခဏကျွေးကြပါ၊ တတ်နိုင်ရင် ရေနေသတ္တဝါလေးတွေကိုဝယ်လွှတ်ပေးပါ ..ငါးစာတို့ လိပ်စာတို့ အတူတူကျွေးပေါ့ကွာ..
အထက်ပါယတြာတွေလုပ်ပေးမယ်ဆို ငါ့ညီတို့ရဲ့ အချစ်ခရီးလမ်းက သာယာတဲ့ခရီးလမ်းဖြစ်မှာပါ “
“ဟုတ်ကဲ့ပါ ဆရာ … ကျေးဇူးအများကြီးတင်ပါတယ်”
ကလေးမက ဉာဏ်ပူဇော်ခ တစ်သောင်း သူ့လက်ပွေ့အိတ်ထဲမှ ယူပြီး ကန်တော့လေ၏။
” ချစ်သူနှစ်ဦး ထာဝရလက်တွဲနိုင်ပြီး သာာယာအောင်မြင်တဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်နိုင်ပါစေဗျာ “
” ပေးတဲ့ဆုနဲ့ပြည့်ပါစေဆရာ”
ဒီတစ်သောင်းက ဆရာကိုကန်တော့တာဆိုတော့ ဆရာပိုင်သွားပြီနော်
“ဟုတ်တယ်လေ ဆရာ “
အဲဒါဆို ဒီတစ်သောင်းကို ရွှေသင်္ကန်းအလှူ ခံဌာနမှာ သွားလှူပေးပါ
ဆရာ့နာမည်နဲ့မဟုတ်ဘူးနော်
သမီးတို့နှစ်ယောက်နာမည်နဲ့”
“ဟာဆရာကလဲ အားနာစရာႀကီး”
“အားမနာပါနဲ့ ဆရာကုသိုလ်ဆက်ပေးတယ်လို့သဘောထားပါ”
မကြာမီ အလှူဌာနက ဆုပေးသံပျံ့လွင့်လာလေသည်။ ဘယ်
နေရာကြည့်ကြည့် အရာရာတိုင်းကလှပနေတော့လေသည်တကား..။ …။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695 )