မြန်မာ မဟာဘုတ်ဗေဒင်ပညာ












မြန်မာ မဟာဘုတ်ဗေဒင်ပညာ
မြန်မာ မဟာဘုတ်ဗေဒင်ပညာ
မြန်မာ မဟာဘုတ်ဗေဒင်ပညာ
မြန်မာ မဟာဘုတ်ဗေဒင်ပညာ
(ဘင်္ဂဖွားဟောကိန်း)
မြန်မာ မဟာဘုတ်ဗေဒင်ပညာ
မရဏဖွားဟောကိန်း
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၀ ခုကြွင်းလျှင်
ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၄ ခုကြွင်းလျှင်
၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
မရဏဖွားဟောကိန်း
မရဏဖွားတွေရဲ့စိတ်ကကြောက်စရာကောင်းသည်။ အမြဲတမ်း အစွန်းနှစ်ဖက်ရောက်နေတတ်တတ်သည်။ အချို့နေရာတွေမှာ ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးလို သည်းခံတတ်ပေမဲ့ ရက်စက်ပြီဆိုရင်လဲ သူများလိုက်မမှီအောင် ရက်စက်တတ်သူပါ။ မြွေပွေးတစ်ကောင်နှင့်အလားသဏ္ဍာန်တူသည်။ မထိသ၍ဘာမှရန်မပြုပေမဲ့ ထိမိလိုက်ရင်တော့ အန္တရာယ်အလွန်ရှိတတ်ကြသည်။ ထက်မြက်တယ်။ စိတ်ဓာတ်ပြင်းထန်ကြတယ်။ သမာသမတ်ကျတယ်။ အမှန်တရားကိုမြတ်နိုးသည်။ ရှေ့နေရှေ့ရပ်ကိစ္စ၊ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရာမှာ ထူးချွန်တတ်သည်။
ဆွေးမျိုးထက် တစိမ်းကပိုအကျိုးပေးသည်။ ဆွေမျိုးတွေ ဒုက္ခပေးတတ်သည်။ တစိမ်းတရံကြားမှာအခြေချနေထိုင်ရတတ်သလို ဇာတိရဲ့အဝေးမှာ ထွန်းပေါက်အောင်မြင်တတ်တယ်။ တစ်ခါ တရံဇွတ်တရွတ်လုပ်တတ်တာမျိုးရှောင်ပါ။ ကိုယ်ကအလုပ်အပေါ် သေချာဂရုစိုက်လုပ်ရင်တောင် သူများတွေက ပေါ့တယ် ဂရုမစိုက်ဘူး အလုပ်အပေါ်အလေးမထားဘူးလို့အပြောခံရတတ်တာမျိုးပါ။ မိမိကလဲ အလုပ်တစ်ခုကိုအစပိုင်းမှာစိတ်ပါဝင်စားတတ်သော်လည်း နောက်ပိုင်း မှာ ပျင်းရိသွားတတ်သူပါ။ကောက်ရိုးမီးလိုပါပဲ။ အစကတော့ ဟုန်းခနဲပေါ့။ နောက်ပိုင်းတော့ မီးစပင်ရှာလို့မရတတ်ဘူး။
အဲဒါကြောင့်ပဲ အလုပ်ခဏ ခဏပြောင်းမိနေတတ်တယ်။
မရဏဖွားတွေလဲ နှစ်ရှည်လုပ်ရတဲ့အလုပ် ၊ ကြာရှည်လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေနဲ့ မသင့်လျော်ဘူး။
ဥပမာ ပေးရရင် နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ ၊ Hotel လုပ်ငန်းမျိုးတွေပေါ့။ အခုလုပ်အခုအကျိုးအမြတ်ရတဲ့ ပေါ်ပင်အလုပ်မျိုးတွေနဲ့ပဲသင့်လျော်ပါတယ်။ မိမိကစိတ်မြန်လက်မြန်ရှိပြီး မြန်မြန်သွက်သွက် နဲ့ လက်တွေ့ကျကျလုပ်ရသောအလုပ်တွေကို သဘောတွေ့တတ်ကြပါတယ်။ မရဏဖွားတွေ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူပါ။ ဒုက္ခလောကဓံကိုခါးစည်းခံနိုင်သလို သုခလောကဓံကိုလဲ ခံနိုင်သူပါ။ “ငရဲဆိုတာ ငါ့အတွက်တော့ ချွေးထုတ်ခန်း ဝင်သလောက်ပါပဲ”လို့ ပြောမဲ့သူတွေပါ။
မရဏဖွားတွေက အပြင်ပန်းကကြည့်ရင်တော့ လျှင်မြန်တယ် ဉာဏ်ပြေးတယ် သွက်လတ်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချရာမှာ ချိတုံချတုံအလွန်ဖြစ်တတ်ပါတယ်။
ငါလုပ်လိုက်တာမှားသွားလားဆိုပြီး စိုးရိမ်စိတ်ကလေး အမြဲဝင်တတ်ပါတယ်။အားနည်းချက်က အလွန်မေ့တတ်တာပါ။ ပြောထားပြီး မေ့နေပြန်ရော။ အသက်ကြီးလာရင် အလွန်မေ့တတ်ကြတယ်။
သူတစ်ပါးအလုပ်ပင်ဖြစ်ပါစေ စေတနာပါပါနဲ့လုပ်ကိုင်ပေးတတ်သူပါပဲ။မိမိကိုယ် အားကိုးပြီးခိုင်းရင် အားကိုးသလောက်ပြန် လုပ်ပေးတတ်တယ်။ စကားကြီးစကားကျယ်ပြောတာ
အမှန်အတိုင်းသာပြောတတ်တာ တွေက လူမုန်းများသွားတတ်ပါတယ်။ ဘဝတည်ငြိမ်မှုအားနည်းတယ်။ လှိုင်းတပိုးတွေလို ဘဝကအတတ်အကျများတယ်။ အပယိကရောဂါလေး
တွေ ခဏခဏဖြစ်လွယ်တယ်။ ငယ်ဇာတာမကောင်းပါ။ ပင်ပန်းရတတ်တယ်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်လွယ်တယ် ။ အိုဇာတာကတော့ ပထမတန်းစားကောင်းသူပါ။ မရဏဖွားတွေဟာ မိမိအပူသောကတွေကို သူများတွေကို လက်ဆင့်မကမ်းတတ်သူပါ။ ဒုက္ခတွေကို တစ်ယောက်ထဲခါးစည်းခံမဲ့သူတွေပါ။ ရောဂါဖြစ်ရင်တောင် အိမ်သားတွေမပြောဘဲ တစ်ယောက်ထဲကြိတ်ခံ တတ်တာမျိုးပါ။
ဘဝကိုအရှုံးမပေးတတ်သူတွေပါပဲ။ ဘယ်လိုအခက်အခဲကြုံကြုံရင်ဆိုင်သွားတတ်သူပါ။ ကံကြမ္မာကလဲ အခွင့်အရေးကောင်းတွေ မကြာခဏပေးတတ်ပါတယ်။ မိမိကဖမ်းဆုပ်တတ်ဖို့ပဲလို
ပါတယ်။ ကိုယ့်ကိုယ်ကို ဖျက် သံချေးတတ် ဆိုတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ကံက အတိုက်အခံတွေ့လေ အောင်မြင်လေပါပဲ။ မင်္ဂလာတရားတော်ထဲက ‘အတ္တသမ္မာ ပဏိဓိ စ” ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ မိမိကိုယ်ကိုစောင့်ထိန်းနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာကို မလွဲမသွေ ခံစားရမှာပါ……။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
အိမ်ထောင်ဘက်နှင့် ကတ်ကင်းနာမည်
ဟိုးလွန်ခဲ့သော ၁၀ နှစ်လောက်ကလို့တော့ထင်သည်။ မဂ္ဂဇင်းတစ်ခုမှာ နာမည်နဲ့ပက်သက်ပြီးရေးထားတာလေးတစ်ခုတွေ့မိသည်။ နက္ခတ္တရောင်ခြည်က ဆရာဆုလှိုင်ရေးတာလို့ ထင်မိသည်။ သေသေချာချာ တော့ မမှတ်မိတော့ပါ။
ဘာလဲဆိုတော့ အိမ်ထောင်ဘက်အချင်းချင်း နာမည်တွေ ကတ်ကင်းမိရင်အိမ်ထောင်ရေးမြဲမြံကြောင်း
အိုအောင်မင်းအောင် ပေါင်းသင်းရကြောင်းရေးသားထားတာတွေ့ရသည်။
ဘာကြောင့်အိမ်ထောင်မြဲတာလဲ?
အခြားရောဘာတွေဖြစ်တတ်သေးလဲ?
စူးစမ်းမိ လေ့လာကြည့်ခဲ့မိတယ်။
အင်္ဂဝိဇ္ဇာသင်စဉ်တုန်းကလဲ ကတ်ကင်းနဲ ပက်သက်ပြီး သင်ခဲ့ရတာတွေရှိပါတယ်။ “ကတ်ကင်းသေရှင်လူ ထက်အောက်ပြန်လှန်ကူ”ဆိုတာမျိုးရှိပါတယ်။
ကတ်ကင်းကို ကောင်းအောင်သုံးလို့ရသလို ဆိုးအောင်လဲ သုံးလို့ရတာတွေ့ရပါတယ်။ ဒီနေရာမှာ အလုပ်အခက်အခဲဖြစ်နေသူကို လွယ်အိတ်လှူခိုင်းတာတွေ ၊ စိုးအောင်ဆိုတဲ့ ဆိုတဲ့နာမည်မျိုးကို သြဇာသားကို အိုးစည်ထုပြီးဆောင်ခိုင်းတာမျိုးတွေ ၊ အလုပ်နာမည် ဆိုင်နာမည် တွေကို မူလဇာတာကိုစစ်ဆေးပြီး သင့်တော်ရင်ကတ်ကင်းနာမည်ပေးတာမျိုးတွေ စတဲ့ ကတ်ကင်းကို အသုံးပြုနည်းတွေကအများကြီးပါ။
ကတ်ကင်းကသုံးတတ်ရင်အရမ်း အကျိုးပေးတာလဲတွေ့ရပါတယ်။
ဒီနေရာမှာလင်မယားအချင်းချင်းကတ်ကင်းမိတဲ့ ဆိုတာကိုပဲပြောပြမှာပါ။
နားလည်အောင်ပြောရရင်တော့
အမျိုးသားက အောင်လွင်ဆို အမျိုးသမီးက လွင်လွင်အေး ဆိုတာမျိုး
အမျိုးသားက ဝေမျိုး ဆိုရင် အမျိုးသမီးက မြတ်သက်ဝေ ဆိုတာမျိုး
အမျိုးသားက ထွန်းမင်းစိုး ဆိုရင် အမျိုးသမီးက ဇင်လဲ့နွယ် ဆိုတာမျိုး
စတဲ့ အမျိုးသားနဲ့ အမျိုးသမီး နာမည်အချင်းချင်း
ရှေ့နောက်ပြောင်းပြန်ကတ်ကင်း မိကြတဲ့ ချိတ်မိကြတဲ့နာမည်ရှင်တွေကို ဆိုလိုတာပါ။
(ဥပမာ အင်္ဂါနဲ့စပြီးစနေနဲ့ အဆုံးသတ်ထားတဲ့နာမည်က စနေနဲ့စပြီး အင်္ဂါနဲ့ဆုံးတဲ့ နာမည်တွေနဲ့ ကတ်ကင်းမိပါတယ်)
သီတင်းကျွတ်ပြီးတာနဲ့ မင်္ဂလာဆောင်ဖို့ အခါရွေးတာ ဇာတာတိုက်စစ်တာမျိုး ခဏခဏ အမေး များကြပါတယ်။ အဲဒီထဲမှာမှ အခုလိုကတ်ကင်းမိကြတဲ့ သူတွေကလဲ
ဆယ်ယောက်ထက်မနည်းတွေ့ရပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်ဒီဆောင်းပါးလေးကိုရေးဖြစ်တာပါ။
သိပ်ပြီးဆိုးဆိုးရွားရွားအနေအထားမတွေ့ရင် ထိုအတွဲမျိုးကို လက်ထပ်ဖို့တိုက်တွန်းမိတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အိမ်ထောင်ရေးမြဲပြီး အိုအောင်မင်းအောင်ပေါင်းရတာများကြလို့ပါပဲဗျ။
ဘာကြောင့်ကတ်ကင်းမိတဲ့နာမည် တွေမြဲကြတာလဲလို့လေ့လာကြည့်တော့
လင်မယားနှစ်ယောက်မှာ တစ်ယောက်ကထူးထူးခြားခြား အရမ်းသည်းခံတတ်တာမျိုးတွေ့ရပါတယ်။ တစ်ဦးကပြဿနာရှာပြီး ဆိုရင်တစ်ယောက်က အလျော့
ပေးတာမျိုးခဏခဏမြင်ရပါတယ်။
ရှင်းရှင်းပြောရရင် လင်မယားနှစ်ယောက်မှာ တစ်ယောက်ကလူအေးတွေပေါ့ဗျ။
အဲလိုနာမည်ပြောင်းပြန်မိကြတဲ့ လင်မယားတွေကလဲ စီးပွားတတ်တာမျိုး တော်တော်များများတွေ့ရပါတယ်။ ဟုန်းခနဲ ထပြီး စီးပွားဖြစ်တာမျိုးမဟုတ်ပါဘူး။ ဖြေးဖြေးချင်းတရိပ်ရိပ်နဲ့တတ်တာမျိုးပါ။
ထိုကတ်ကင်းမိတဲ့အိမ်ထောင်ဘက်တွေက အသက်လဲရှည်ကြပါတယ်။ နှစ်ဦးစလုံးသက်တမ်းစေ့နေသွားကြရတာမျိုးပါ။
အဆုံးသတ်အနေနဲ့ပြောချင်တာက နာမည်အချင်းချင်း ကတ်ကင်းမိကြတဲ့အိမ်ထောင်ဘက်တွေဟာ အများအားဖြင့် အိမ်ထောင်ရေးသာယာမှု စီးပွားဖြစ်ထွန်းမှု အသက်ရှည်ကြမှုတွေရှိကြပါတယ်လို့ပြောရင်း မိမိသိသမျှတင်ပြလိုက်ရပါတယ်ဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ
မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၆ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၆ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။
၆ ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။
မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ ၆ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။
၁၃၂၂ခု၊ ၁၃၂၉ခု၊ ၁၃၃၆ခု၊ ၁၃၄၃ခု၊ ၁၃၅၀ခု၊ ၁၃၅၇ခု၊ ၁၃၆၄ခု၊ ၁၃၇၁ ခု၊ ၁၃၇၈ ခု တွေမှာ မွေးဖွားကြသူတွေကတော့ ၆ကြွင်းဖွားတွေပါပဲ။
အကြွင်းဖွားတွေအားလုံးထဲမှာ ၆ကြွင်းဖွားတွေရဲ့ အချစ်ရေးအိမ်ထောင်ရေး ကံကြမ္မာက ကမောက်ကမအဖြစ်ဆုံးပါပဲ။ ငယ်ရွယ်စဉ်မှာလဲ မိဘမောင်ဖွား မိသားစုဝင်တွေရဲ့ မေတ္တာငတ်မွတ်ကြတဲ့သူတွေများပါတယ်။ ၅၂၈မေတ္တာမျိုးကို မိသားစုထက် တစ်စိမ်းတစ်ရံတွေဆီကပိုရတတ်ပါတယ်။ အချစ်ရေးကံကြမ္မာကလဲ မိမိချစ်တဲ့သူကတစ်ယောက် တစ်ကယ်ညားတဲ့သူကတစ်ယောက်ဆိုတာမျိုး ကြုံရတတ်သူပါပဲ။ ၆ကြွင်းဖွားတွေဟာ ကတိလွယ်လွယ်ပေးတတ်ပါတယ်။ ပြီးရင်မတည်တာများပါတယ်။
ဒါကြောင့်ချစ်သူရဲ့ငြိုငြင်တာမျိုးခံရမှာပါ။ ၆ကြွင်းဖွားတွေဟာအပျော်အပါးမက်ပါတယ်။ အသုံးအဖြုန်းလဲကြီးကြပါတယ်။ ဒီအချက်တွေက အချစ်ရေးကို အနည်းနဲ့အများတော့ ဒုက္ခဖြစ်စေမှာပါ။ နောက်ပြီး ၆ကြွင်းဖွားတွေဟာ ချစ်သူကောင်းရဖို့ခဲယဉ်းတဲ့သူတွေပါပဲ။ ချစ်မိလျှင် အရူးအမူးချစ်တတ်သလောက်၊မုန်းမိလျှင် လုးံဝ လှည့်မကြည့်တတ်တဲ့သူတွေပါပဲ။ အချစ်ဦး ရည်းစားဦးဆိုတာမျိုးနဲ့ လွဲချော်တတ်တဲ့သူတွေပါပဲ။
ဆန်းကြယ်တဲ့ မေတ္တာရေးကံကြမ္မာရှိသူတွေဖြစ်ကြတဲ့အတွက် အိမ်ထောင်ဘက်က အရမ်းအသက်ငယ်လွန်းခြင်း ၊အရမ်းအသက်ကြီးလွန်းခြင်းတွေကြုံရတတ်ပါတယ်။ အပျိုကြီးအဖြစ် သိက္ခာထိန်းလာပြီးမှ အရွယ်လွန်မှ ကောင်လေးငယ်ငယ်နဲ့ ယူလိုက်တာမျိုးတွေ တွေ့မြင်ရသလို ဦးနဲ့သမီးဇာတ်လမ်းတော်တော်များများကလဲ ၆ကြွင်းဖွားတွေမှာ အဖြစ်များပါတယ်။ online ကနေ နိုင်ငံခြားကဗေဒင်မေးကြသူတွေ ကျွန်တော့်ဆီမှာနေစဉ်လိုလိုရှိပါတယ်။
ပြောလိုတာက နိုင်ငံခြားသားနဲ့ လက်ထပ်ထားပြီး နိုင်ငံခြားမှာအခြေချနေထိုင်ကြသူတွေထဲမှာ ၆ကြွင်းဖွားတွေဟာ ရာခိုင်နှုန်းအတော်များတာ တွေ့ရပါတယ်။ ၆ကြွင်းဖွားတွေဟာ ဇာတိမတူ ၊လူမျိုးမတူ၊ဘာသာမတူ၊ နိုင်ငံမတူ တဲ့သူတွေနဲ့ ဖူးစာဆုံလွယ်တာမျိုးတွေ့ရပါတယ်။ မိမိဒေသနဲ့ ဝေးလံခေါင်းဖျားမှာနေထိုင်သူတွေနဲ့ မေတ္တာရေးကံရော အခြားစီးပွားရေးကံရောအကျိုးပေးပါတယ်။
၃ကြွင်းဖွားတုန်းကပြောခဲ့ဖူးပါတယ်။ အကြွင်းဖွားအားလုံးထဲမှာ ၃ကြွင်းဖွားတွေနဲ့ ၆ကြွင်းဖွားတွေဟာ အိမ်ထောင်ရေးကံအညံ့ဆုံးပါပဲ။ ၆ကြွင်းဖွားယောကျာ်းလေးတွေဟာ အေးဆေးတည်ငြိမ်တဲ့ အိမ်ထောင်ဘက်ကိုရပေမဲ့ မိမိကိုယ်တိုင်ကအိမ်ထောင်ရေးရှုပ်ထွေးချင်တဲ့စိတ်အခံလေးရှိကြပါတယ်။ ကံကြောင့်မဟုတ်ဘဲ လူကြောင့်အိမ်ထောင်ရေးကံမကောင်းတာပါ။ ဒါကြောင့် ၆ကြွင်းဖွား ယောကျာ်းလေးတွေဟာ အိမ်ထောင်ရေးအပေါ်မှာသာ သစ္စာရှိမယ်ဆိုရင် သာယာတဲ့အိမ်ထောင်တစ်ခုကိုဖန်တီးနိုင်ပါလိမ့်မယ်။
၆ကြွင်းဖွားမိန်းကလေးတွေအနေနဲ့ အိမ်ထောင်ရေးကံ အညံ့ဘက်မှာရှိနေတာပါ။ ဒါပေမဲ့ ၆ကြွင်းဖွားမိန်းကလေးတွေဟာ အိမ်ထောင်ဘက်ကို နှလုံးသားထက် ဦးနှောက်ကိုဦးစားပေးပြီးရွေးချယ်ကြသူတွေပါ။ ဘယ်လိုပဲရွေးရွေး အိမ်ထောင်ဘက်ဟာ မိမိထက် အသက်အရွယ်အနည်းငယ်ကြီးသူကို ရွေးချယ်မယ်ဆိုရင်ရင်တော့ ၆ကြွင်းဖွားမိန်းကလေးတွေအနေနဲ့ အိမ်ထောင်ရေးအညံ့အဆိုး လျော့ပါးသက်သာပါလိမ့်မယ်ဗျာ။
၆ကြွင်းဖွားတွေတိုင်းရှောင်ရှားသင့်တဲ့ အိမ်ထောင်ဘက်နေ့နံတွေကတော့ သောကြာသားသမီးနဲ့ စနေသားသမီးကို ရှောင်နိုင်ရင်တော့အကောင်းဆုံးပါပဲဗျာ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)