နာမည်အဖျားစာလုံး အင်္ဂါနံ စ ဆ ဇ စျ ည ဖြင့် မှည့်ထားသော နာမည်ရှင်များအကြောင်း
ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံး စ ဆ ဇ စျ ည နဲ့ မှည့်ထားတဲ့သူတွေရဲ့အကြောင်းပေါ့ ဥပမာ အောင်စိုး မိုးမိုးစန်း သန်းမင်းဇော် မိုးဆွေ အောင်ညိမ်း စသည့်နာမည်ရှင်တွေပေါ့။ ထိုနာမည်ရှင် တွေက လျင်မြန်မှု ဖျတ်လတ်မှုကတော့ အခြားအဆုံးသတ်နာမည်ရှင်တွေထက်သာပါတယ်။ ဘယ်ကိစ္စကိုမဆိုစိတ်မြန်လက်မြန်လုပ်တတ်တဲ့သူတွေပါ။ နှေးကွေးလေးလံတယ်ဆိုတာ သူတို့အဘိဓာန်မှာမရှိပါဘူး နောက်ကျတယ်ဆိုတဲ့ စကားကိုလုံးဝမကြိုက်တဲ့သူတွေပါ။ သူတို့ကိုယ်တိုင်ကလဲနောက်ကျမှာကိုကြောက်ကျတဲ့အတွက် သူတို့နာရီကိုငါးမိနစ်လောက် ရှေ့နဲနဲစောပြီး လှည့်ထားတတ်တဲ့သူတွေပါ။ […]
နာမည်အဖျားစာလုံး ဗုဒ္ဓဟူးနံနှင့် မှည့်ထားသော နာမည်ရှင်များအကြောင်း
ဒီတစ်ခါပြောမှာက နာမည်အဖျားစာလုံး ယ လ ဝနှင့်အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။ ဥပမာ အောင်ဝင်း ခင်မောင်လွင် ချိုချိုလွင် ခင်ယုယ စသည့်နာမည်ရှင်တွေပေါ့ သူတို့တွေဟာ ပြုပြင်ရေးသမားတွေလို့ဆိုရမှာပါပဲ။ ဘယ်သူ့ကိုဖြစ်ဖြစ်ပြုပြင်ချင်တဲ့စိတ်အမြဲရှိတယ်။သူတို့ရှေမှာအမြင်မတော်တာတွေ ပြုပြင်စရာတွေမြင်ရင် ပြောပြပြုပြင်တတ်တဲ့အကျင့်က ရှိပါတယ်။ အဲဒါကြောင့်ပဲ သူတို့တွေဟာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူဆိုးလို့သတ်မှတ်ထားတဲ့ လူကိုပဲ ငါ့လက်ထဲကျရင်ရအောင်ပြင်မယ်ဆိုတဲ့စိတ်နဲ့လက်တွဲဖော်အဖြစ်ရွေးချယ်သွားတတ်ကြတာ ခဏခဏကြုံဖူးပါတယ်။ စကားများများပြောတဲ့ သူတွေဟာ ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားတဲ့သူတွေလို့ပဲဆိုရမှာပါ။ အခြားအဆုံးသတ်နေ့တွေထက် စကားပိုပြောကြတဲ့သူတွေပါ။ စကားမပြောဘဲ […]
နာမည်အဖျားစာလုံး ကြာသပတေးနံနှင့်အဆုံးသတ် မှည့်ထားသောနာမည်ရှင်များအကြောင်း
အခုပြောမှာက နာမည်အဖျားလုံး ပ ဖ ဗ ဘ မ နဲ့ အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။ ဥပမာ အောင်မင်း နေလင်းဖြိုး ဝင်းဝင်းပြည့် ထွန်းဘို အောင်ဗိုလ် စသည့်နာမည်ရှင်တွေပါ။ သူတို့ တွေဟာ မျှော်လင့်ချက် ရည်ရွယ်ချက်တွေ ကြီးမားကြတာများပါတယ်။ ဘဝမျှော်မှန်းချက်တွေနဲ့ အနာဂတ်ကို ရှင်သန်နေသူတွေပါ။ သူတို့တွေဟာ ဉာဏ်ရည်ထက်မြက်ကြပါတယ်။ဉာဏ်ပညာလဲကြီးမားကြသူတွေပါ။ ပညာကိုမြတ်နိုးတန်ဖိုးထားကြပါတယ်။ သူတို့တွေဟာ အလုပ်လုပ်ရင်မရပ်မနား လုပ်တတ်သလောက် […]
၀ါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း **************************
မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် …. သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး […]
ဘာရောဂါဖြစ်နိုင်သလဲ
ကိုယ့်ရဲ့မြန်မာမွေးသက္ကရာဇ်ကို (၇)နဲ့စား၊ ရတဲ့ အကြွင်းအလိုက် အောက်ပါ ရောဂါတွေဖြစ်နိုင်မယ်လို့ အကြံပြုလိုက်ပါရစေ။ မိမိတို့အနေနဲ့သတိထားဆင်ခြင်နေထိုင်လို့ရအောင်တင်ပြလိုက်ရပါတယ်။ ၁-ကြွင်းသမား။ ။ လေရောဂါ၊ ဝမ်းဗိုက်။ လိပ်ခေါင်း၊ အစာအိမ်၊ ဝမ်းကိုက်ရောဂါ ခွဲစိတ်ခံရမှု။ ၂-ကြွင်းသမား။ ။ နှလုံးရောဂါ၊ ဦးနှောက်၊ သည်းခြေ အားနည်းမှု။ ၃-ကြွင်းသမား။ ။ ခြေ၊ လက်၊ ပါးစပ်၊ ဝမ်း၊ လေရောဂါ၊ လေဖြတ်၊ […]
မျက်နှာမများနဲ့ချစ်သူရယ် …
တစ်နေ့သ၌ မိန်းခလေးတစ်ဦးသည် ကျွနု်ပ်ဆီ၌ လက္ခဏာလာကြည့်၏။ သူမ၏ညာလက်ဝါးပြင်ရှိ နှလုံးလမ်းကြောင်းသည် ကျွန်းသဏ္ဌာန်သံကွင်းဆက်အနည်းငယ်ရှိနေ၏။ လမ်းကြောင်းအဖျားသည် ခက်ရင်းခွသဏ္ဌာန်ဖြင့်အဆုံးသတ်ကာ လမ်းကြောင်းတစ်ခုက လက်မဘက်သို့ကွေးဆင်းသွား၏။ အိမ်ထောင်ရေးလမ်းကြောင်းမှာမူ အပြစ်ကင်း၏။ ထူးခြားချက်ကား … အသက်လမ်းကြောင်းဘေး ( လက်မခြေရင်းအနီး ) ၌ရုတ်တရက်ကြည့်လျှင် အရံအသက်လမ်းကြောင်း ( အင်္ဂါလမ်းကြောင်း ) သဖွယ် လွမ်းရောင်ခြည်လမ်းကြောင်းလေးပါရှိနေခြင်းဖြစ်၏။ ထို့ကြောင့် ကျွနု်ပ်က … ” […]