မိန်းကလေးတွေ ..မိန်းကလေးတွေ …သတိထား
တိုးတက်ခေတ်မီလာသော ယနေ့ ခေတ်အခါသမယတွင်၊ အရှက်ကွဲနည်းများမှာလည်း ခေတ်မီတိုးတက်လာသဖြင့်၊ အမျိုးကောင်းသားသမီးလေးများအတွက် ..အလွန်ဆင်ခြင်သတိထားဖွယ်ရာ အခြေအနေများ အရင်းမရှိ ..အဖျားမရှိ ..ဘာကိုသတိထားရမည်နည်း ဟု မေးစရာအကြောင်းတော့ ရှိသည်။ ..ပညာခန်းတွေဘာတွေ ….သွယ်ဝှိုက်မနေချင်တော့ပေ။ ..လိုရင်းကိုသာ တိုက်ရိုက်ရေးသားရပါလျှင်..။ (မ) အက္ခရာ နှင့် (န) အက္ခရာ တို့ ဖြင့် အစပြုမှည့်ခေါ်ထားသော အမည်ရှင်မိန်းကလေးများ၊ မိမိတို့ ရင်သွေးငယ်များကို စသည်ဖြင့်သော […]
မြန်မာလဆန်း ၂ ရက်နေ့မွေးဖွားသူများ အကြောင်း
မိမိသည် လဆန်း ၂ ရက်နေ့တွင်မွေးဖွားသူဖြစ်သည်ဆိုပါက အရာရာတွင်လိမ္မာ ပါးနပ်စွာလုပ်တတ်သည်။ အလွန်ပရိယာယ်ကြွယ်ဝသည်။ အလွန်အလှည့်အပတ်နားလည်သည်။ လူတစ်ဖက်သားကို နားဝင်ချိုအောင်ပြောဆိုတတ်ပါမည်။ မိမိဘက်မပါပါအောင် စွဲဆောင်နိုင်စွမ်းရှိပါမည်။ အထူးသဖြင့်စကားပြောကောင်းသည်။ ပီယဝါစာကောင်းပါသည်။ မိမိသည် အမြဲတမ်းစည်းစည်းလုံးလုံးလုပ်တတ်ပါသည်။ မိမိတစ်ယောက်ထဲလုပ်ရခြင်းထက် အများနှင့် လုပ်ရခြင်းကိုပိုသဘောကျပါသည်။ ဝိုင်းလုပ်ဝိုင်းစား သဘောမျိုး ၊မိသားစုသဘောမျိုးကိုသဘောကျပြီးလုပ်တတ်ပါတယ်။မိမိက အလုပ်တစ်ခုကိုလုပ်ခါနီးတိုင်း သူများနှင့်အမြဲတမ်းတိုင်ပင်လုပ်တတ်ပါသည်။ ကောင်းမကောင်း အကျိုးရှိမရှိ တိုင်ပင်ပြီးမှလုပ်တတ်၍ အမှားအယွင်း မရှိတတ်ပါသည်။မည်သည့်အလုပ်ကိုမဆို စည်းကမ်းတကျလုပ်တတ်သည်။ […]
တဘောင်နှင့်ပက်သက်၍
ဒီတဘောင်ကို ဟိုးအရင်ဗေဒင်ပညာ သင်ယူကာစအသက် ၁၆ နှစ်အရွယ်ကတည်းကဆရာတွေပြောပြော ပြသဖြင့် နားရည်ဝခဲ့သည်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ဖြစ်ပေါ်လာမည့်အနေအထားတွေ ဆွေးနွေးခဲ့သည်။ ကျွန်တော်ကတော့ နားထောင်သူသက်သက်ပေါ့။ တဘောင်အတိုင်း တံတားတွေ တစ်ခုပြီးတစ်ခုအမြန်တည်ဆောက်လာကြသည်။ ဘုရားတွေရွှေရင်မောက်တယ်လို့ မြန်မာပြည်အထက်ပိုင်းမှာ ကြားခဲ့စဉ်က တဘောင်အတိုင်းဖြစ်လာပြီလို့ ဝမ်းသာခဲ့ဖူးတယ်။ ဆရာတွေက ပထမမြန်မာနိုင်ငံ ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံ စတုတ္ထမြန်မာနိုင်ငံ များကို ဦးဆောင်ခဲ့ကြသူတွေရဲ့ ဇာတာတွေကိုတွက်ပြခဲ့ဖူးသည်။ တနင်္ဂနွေနံနဲ့ […]
အနာဂတ်အား ဆုပ်ကိုင်နိုင်ရန် အတိတ်အား ပွေ့ဖက်ခြင်း
စစ်မှန်သော ဗေဒင်ပညာရပ်၏ အဓိက သော့ချက်သည် ကံကြမ္မာကို ဖတ်ရန် ဖြစ်သည်။ ကံကြမ္မာကို ဖတ်သောအခါ ဖြစ်တတ်သော သဘောကို ခန့်မှန်းခြင်းသာ ဖြစ်သည်။ မိုးလေဝသ ခန့်မှန်းမှုလိုပင် ဖြစ်ပြီးသော သင်္ကေတများကို ကြည့်လျက် ဖြစ်နိုင်သည်များကိုကြံဆခြင်း ဖြစ်သည်။ မိုးလေဝသဆိုင်ရာအား ခန့်မှန်းနိုင်ရန်အတွက် မိုးလေဝသဂြိုဟ်တုမှ ရိုက်ကူးပေးသော ဓာတ်ပုံများကို တွက်ချက်လျှက် ဖြစ်နိုင်ချေများကို ခန့်မှန်းသည်။ ထို့အတူ ဗေဒင်ဆရာသည် […]
စျေးရောင်းကောင်းစေချင်ရင်
စျေးရောင်းကောင်းစေချင်လို့ မေးလာကြသူတွေအများကြီးပါ။ အဓိကအနေနဲ့တော့ ကိုယ်က ဘာဆိုင်ဖွင့်ထားလဲ ။ ကိုယ်ရောင်းနေတဲ့ပစ္စည်းပေါ်မူတည်ပြီးယတြာပေးဖြစ်ပါတယ်။ ဆိုင်မှာဦးစီးသူနာမည် ၊ ဆိုင်က ဖုန်းရောင်းတာလား၊ ဆေးရောင်းတာလား စသည့်ဖြင့် ချိန်ဆပြီးပေးလေ့ရှိပါတယ်။ အခုအနေနဲ့ ယတြာစီရင်ပေးချင်တာက ဘယ်နေ့သားပဲဖြစ်ဖြစ် ၊ ဘယ်ဆိုင်အမျိုးအစားပဲဖြစ်ဖြစ်အဆင်ပြေအောင် ရောင်းပန်းဝယ်ပန်းပွင့်အောင် ကိုယ့်ဆိုင်လူစည်ကားအောင် အတိုက်အခိုက်တွေကင်းအောင် စတဲ့ကိစ္စတွေအတွက်စီရင်လို့ရပါတယ်။ စျေးရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြု စီးပွားရှာရသော သူများ မည်သူမဆိုလုပ်ဆောင်သင့် သော ယတြာကလေး […]
နက္ခတ္တပညာ နှင့် နက္ခတ်ဗေဒင်ပညာ
နက္ခတ္တပညာ(Astronomy) နဲ့ နက္ခတ်ဗေဒင်ပညာ(Astrology) တို့ဟာ (မြန်မာရော/ အင်္ဂလိပ်ပါ) နာမည်ခြင်း ခပ်ဆင်ဆင်တူကြပေမယ့် မတူညီဘဲ ကွဲပြားခြားနားတဲ့ ပညာရပ် နှစ်ခု ဖြစ်ပါတယ်။ လူအတော် များများဟာ ဒီကွဲပြားခြားနားမှု ကို မသိကြပါဘူး။ အတော်များများ ကတော့ အတူတူလို့ဘဲ ထင်ကြပါတယ်။ တူတယ်လို့ ထင်ရလောက်အောင် လည်း ဆင်တူတဲ့ အချက်တွေက တော်တော်များပါတယ်။ ဂြိုဟ်တွေ နက္ခတ်တွေကို […]