loading

Blog

November 6, 2021

” ချစ်တဲ့သူတိုင်း ညားကြပါစေ ”

နံနက် ၁၁ နာရီခန့်ပင် ရှိသေး၏။ ကျွန်ုပ်သည် ကျိုက္ကစံဘုရား ရှိ ကျွန်ုပ်၏ ဗေဒင်ခန်းရှေ့တွင် ပက်လက်ကုလားထိုင်ဖြင့် ထိုင်နေလျက် ဘာဝနှင့် ပတ်သက်သောကျမ်းစာအုပ်များကိုလေ့လာဖတ်ရှုနေရင်းက တော်သလင်းလ၏ မိုးနှင့်နေကိုကြည့်ပြီး ဝေဖန်နေမိ၏။ ထိုစဉ်မှာပင် ကျွန်ုပ်၏ဆိုင်ခန်းရှေ့သို့ ဆိုက်ကားတစ်စီး ရောက်ရှိလာ၏။ ဆိုက်ကားနင်းသူ လူငယ်သည် ကျွန်ုပ်၏ ကျိုက္ကစံဘုရားတွင် စတင်ဗေဒင် ဟောကြားခဲ့ သည့် နှစ်မှစ၍ သိမြင်နေခဲ့သူဖြစ်၏။ ” […]

November 6, 2021

စျေးရောင်းကောင်းချင်သူများ အတွက်

ကျွန်တော်ဆီဗေဒင်မေးကြတဲ့သူတွေထဲမှာ အမေးအများဆုံးမေးခွန်းလေးတွေနဲ့ပက်သက်ပြီး ဒီကနေအများစုပြန်လည်အသုံးချလို့ရအောင်လို့ ဆောင်းပါးလေးတွေပြန်လည်ရေးပေးလေ့ရှိပါတယ်။ ဒီတစ်ခါလဲကိုယ်ပိုင်စီးပွားလုပ်နေသူတွေအမေးများတဲ့ မိမိဆိုင်လူစည်အောင် ၊ စျေးရောင်းကောင်းအောင် ဘာလုပ်ရမလဲဆိုတဲ့မေးခွန်းလေးတွေအတွက် ပြန်ဖြေပေးချင်ပါတယ်။ စျေးရောင်းကောင်းစေတဲ့ယတြာတွေကိုခဏ ဖယ်ထားပါအုံး။ စျေးကွက်စီးပွားရေးအရ စျေးဆိုင်တစ်ခု စတင်တည်ထောင်ပြီဆိုကြပါစို့ ။လမ်းဘေးကွမ်းယာဆိုင် ကစလို့ Super Marketတွေထိ ရောင်းကြတဲ့ကုန်ပစ္စည်းတွေအများကြီးပါ။ မိမိပစ္စည်းကစျေးနှုန်းမှန်ရဲ့လား ၊ပစ္စည်းမှန်ရဲ့လား…ဆိုတာကစလို့ စတင်စဉ်းစားဖို့လိုလာပါပြီ။ ဝယ်ယူသူစိတ်ကျေနပ်မှုအပြည့်အဝရရှိဖို့က ဦးစားပေး၁ပါ။ ကျွန်တော်ဆီလာကြတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်သူ တွေကို ပိုင်ရှင်ဆိုတဲ့စိတ်ခဏမေ့ထားပြီး customers နေရာကနေခံစားပြီးတော့ရောင်းပါလို့ပြောပြလေ့ရှိပါတယ် […]

November 6, 2021

သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့ ————————-

ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့…တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။ အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။ ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။ ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။ ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။ ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်……….. ——————————————————— […]

November 6, 2021

နိုင်ငံရပ်ခြား အမြန်သွားလိုသော်

ကျွန်တော်ငယ်စဉ်ကာလ နိုင်ငံခြားသွားပြီးအလုပ်လုပ်တာဆိုလို့ နိုင်ငံခြားသင်္ဘောလိုက်တာ လောက်ပဲကြား ဖူး ခဲ့သည်။ နိုင်ငံခြားသွားတဲ့ ဦးလေးတစ်ယောက်ကို လေဆိပ်လိုက်ပို့တုန်းက ကိုယ်က ကလေးသာသာ။ အင်ဂျင်သံအကျယ်ကြီးကြားရတာကိုလန့်မိပေမဲ့ လေယာဉ်ပျံကြီးစီးပြီး နိုင်ငံခြားသွားချင်တာတော့ အမှန်ပင်။ နိုင်ငံခြားအတွေ့အကြုံကို အာပေါင်အာရင်းနဲ့ ပြောနေတဲ့ စကားဝိုင်းတွေကြား ငေးမောနားထောင်ခဲ့ရဖူးသည်။ “အဆောက်အဦးတွေက မိုးမြင့်အဆောက်အဦးတွေကွ။ အထပ်တွေက မရေတွက်နိုင်ဘူး။ မော့ကြည့်လိုက်မယ်ဆို ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်တောင်ကျွတ်ကျတယ်” လူကြီးတွေရဲ့ပြောစကား….ကိုယ်အတွက်တော့ညဘက်ထည့်မက်ရတဲ့ အိပ်မက်တစ်ခုလို။ ဒီလိုနဲ့ […]

November 6, 2021

နာမည်လေးတွေအကြောင်း

ဗေဒင်ပညာကို အလယ်တန်းကျောင်းသားဘဝ ကတည်းက စိတ်ဝင်စားခဲ့သည်။ ထိုအရွယ်ကတော့ ဗေဒင်ဆရာအဖြစ်ရပ်တည်ဖို့ရယ်လို့တော့ ရည်ရွယ်ထားတာမျိုးတော့ မရှိခဲ့ဘူးပေါ့။ ဗေဒင်ပညာနဲ့ အသက်မွေးဖြစ်မယ်လို့လဲ မထင်ခဲ့ဘူး။ ဒါပေမဲ့ ဗေဒင်နဲ့ပက်သက်ရင် အရမ်း crazy ဖြစ်မှန်းကိုသတိထားမိသည်။ ဒါကြောင့်ပဲ ဗေဒင်နဲ့ ပက်သက်တဲ့ လူကြီးသူမပြောစကားတွေ ၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေထဲက ဗေဒင်ဆောင်းပါးတွေကို ကျွန်တော့်အနေနဲ့ မှတ်စုစာအုပ်လေးနဲ့ ထုတ်နှုတ်မှတ်သားထားလေ့ရှိပါတယ်။ အရင်အပတ်က စာအုပ်စင်ကို ရှင်းရင်း […]

November 6, 2021

မာစတာမင်းသိင်္ခ၏ ထူးဆန်းသော ပုတီးကလေးအကြောင်း

တစ်နေ့သ၌ ကျွန်ုပ်သည် ပုတီးစိပ်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလေ၏။ ထိုသို့ စောင့်မျှော်နေစဉ် အတွင်း ရောင်ပြန်မဂ္ဂဇင်း အယ်ဒီတာ မောင်မောင်မြင့်အေးသည် ထမင်းချိုင့်ကြီး တစ်လုံးကို ဆွဲ၍ ရောက်ရှိလာလေ ၏။ ကျွန်ုပ်လည်း ပုတီးစိပ်ခြင်းကို ရပ်နားလိုက်၏။ ကျွန်ုပ်သည် ၎င်း၏လက်မှ ထမင်းချိုင့်ကြီးကို မြင်လျှင် “ တခြားစကားတွေ နောက်မှပြောကွာ။ မင်းချိုင့်ကြီးမြင်တာနဲ့ ငါတောင် ထမင်းဆာလာပြီ။ ထမင်းစားကြ […]