loading

Blog

November 6, 2021

ဘုန်းကံ ကြီးမားကြစေဖို့

နှစ်အတန်ကြာခဲ့လေပြီ။ ပဲခူးမြို့….ရွှေမောဓောဘုရားရင်ပြင်တော်။ အချိန်ကညနေစောင်း ညီအကို မသိတသိအချိန်…။ အင်္ဂါထောင့်မှာ အသက် ၂၅နှစ်အရွယ်လောက်ရှိမဲ့ လူငယ်လေးတစ်ဦး ပုတီးစိပ်နေလေသည်။ ထိုသူငယ်က ပုတီးမစိပ်ခင် အင်္ဂါထောင့်မှာ ရေသပ္ပာယ် ပန်းဟောင်းစွန့် သန့်ရှင်းရေးတွေလုပ်ပြီးမှ ဘုရားရှစ်ခိုးပုတီးစိပ်လေ့ရှိသည်။ ဒါဟာလူငယ်လေးရဲ့ နိစ္စဓူဝ ကုသိုလ်အလုပ်။ ထိုအချင်းအရာကို အမြဲသတိထားမိတာက အသက်၆၅နှစ်ဝန်းကျင်လောက် ရှိမည်ထင်ရတဲ့ အဘိုးအိုတစ်ဦး။ ဒီနေ့ အဘိုးအိုက ဘာစိတ်ကူးပေါက်သည်မသိ။ လူငယ်လေးပုတီးစိပ်နေတဲ့ အနားမှာထိုင်ပြီး […]

November 6, 2021

မဟာဘုတ် အကြွင်းဖွားအသီးသီး၏ ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ

  မြန်မာ မွေးသက္ကရာဇ်ကို ၇နဲ့စားလိုက်ပါက ရလာတဲ့အကြွင်းတွေကို တွက်ချက်ပြီးဟောပေးထားတာမျိုးပါပဲ။ ယေဘုယျသဘောလောက်လို့ပဲ ဆိုရမှာပါ။ ဥပါဒါန်ကြီး စွဲနေဖို့ မလိုပါဘူး၊ ဘာဖြစ်လို့လဲဆို တော့တစ်ဦးချင်းစီရဲ့ မွေးလ မွေးရက် မွေးချိန် အပြင် ..ပေးထားတဲ့ နာမည်တွေမတူညီတာကြောင့်အနုစိပ်ကွဲပြားမှုတွေ ရှိနေလို့ပါပဲ။ တွက်နည်းလေး ဥပမာပြောပြရအောင်…. ကိုယ်က မြန်မာခုနှစ် ၁၃၅၃ခုနှစ်မှာမွေးဖွားလာသူဆိုပါစို့။ ၁၃၅၃÷၇=၂ ကြွင်းပါတယ်ဗျ။ ဒါဆို ၂ကြွင်းအဟောကိုကြည့်ရုံပါပဲ။ နားလည်မယ်ထင်ပါတယ်။ […]

November 6, 2021

အိမ်သန့်ခြင်း မင်္ဂလာ

   လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က…။ အခုလိုသင်္ကြန်ကာလပါပဲ။ သင်္ကြန်ပြီးလို့ နှစ်ဆန်းတစ်ရက်နေ့  မနက်ခင်း…။ မိဘတွေကို ကန်တော့ပြီးလို့ ဗေဒင်ပညာသင်ပေးသော အဘမင်းသိုက်ဆီကို ဂါရဝပြုရန်ရောက်ခဲ့သည်။ ထိုခေတ်အခါက ဆိုင်ကယ်အလွန်ရှားသေးသည်။ လူတိုင်းနီးပါး စက်ဘီးကိုပဲ အားထားကြသည်။ ကျွန်တော်ကိုယ်တိုင်လဲ စက်ဘီးလေးစီးပြီး အဘဆီကို လာရသည်။  အဘက စွပ်ကျယ်လက်ပြတ်နှင့် ပုဆိုးအကွက်ကျဲကြီးကို ခပ်တိုတို ဝတ်ထားလေသည်။ လက်ထဲတွင် ငါးဂါလံလောက်ဆံ့မည့် ရေပုံးကြီးထဲက ရေတွေကို […]

November 6, 2021

နိုင်ငံရပ်ခြား အမြန်သွားလိုသူများအတွက် ယတြာလက်ဆောင်

     ကျွန်တော်ငယ်စဉ်ကာလ နိုင်ငံခြားသွားပြီးအလုပ်လုပ်တာဆိုလို့ နိုင်ငံခြားသင်္ဘောလိုက်တာ လောက်ပဲကြား ဖူး ခဲ့သည်။ နိုင်ငံခြားသွားတဲ့ ဦးလေးတစ်ယောက်ကို လေဆိပ်လိုက်ပို့တုန်းက ကိုယ်က ကလေးသာသာ။ အင်ဂျင်သံအကျယ်ကြီးကြားရတာကိုလန့်မိပေမဲ့ လေယာဉ်ပျံကြီးစီးပြီး နိုင်ငံခြားသွားချင်တာတော့ အမှန်ပင်။ နိုင်ငံခြားအတွေ့အကြုံကို အာပေါင်အာရင်းနဲ့ ပြောနေတဲ့ စကားဝိုင်းတွေကြား  ငေးမောနားထောင်ခဲ့ရဖူးသည်။  “အဆောက်အဦးတွေက မိုးမြင့်အဆောက်အဦးတွေကွ။  အထပ်တွေက မရေတွက်နိုင်ဘူး။ မော့ကြည့်လိုက်မယ်ဆို ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်တောင်ကျွတ်ကျတယ်”   လူကြီးတွေရဲ့ပြောစကား….ကိုယ်အတွက်တော့ညဘက်ထည့်မက်ရတဲ့ […]

November 6, 2021

အိမ်ထောင်တစ်ခုတည်ဆောက်ခြင်းနှင့် ဘဝလက်တွဲဖော် ရွေးချယ်ခြင်း

  အိမ်ထောင်တစ်ခုစတင်တည်ဆောက်ရာတွင် မိမိဘဝတစ်လျှောက်လုံးဆိုးတူကောင်းဘက် လက်တွဲသွားမဲ့ ဘဝလက်တွဲဖော်ရရှိဖို့ လွန်စွာမှအရေးကြီးလေသည်။ အခုပြောမဲ့ကဏ္ဍမှာ အိမ်ထောင်ရေးကိုအပျော်အပျက်သဘောထားသူတွေအတွက်တော့ အသုံးဝင်မည်မဟုတ်ပါ။ အိမ်ထောင်ရေးအပေါ်သစ္စာကြီးမားသူတွေ၊ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်ကြသူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ အိမ်ထောင်ရေးငြိမ်းချမ်းပြီး သားတွေ သမီးတွေနဲ့ ပျော်ရွှင်စွာနေထိုင်သွားချင်တဲ့စိတ်ကတော့ လူတိုင်းနီးပါးရင်မှာ ရှိမည်ထင်ပါတယ်။ အိမ်ထောင်ပြုတာ၊ ဘုရားတည်တာ၊ ဆေးမင်ကြောင်ထိုးတာတွေဟာ ပြန်လည်ပြင်ဆင်ဖို့ခက်ခဲတယ်လို့ ရှေးလူကြီးတွေဆုံးမခဲ့ကြသည်။ အထူးဂရုစိုက်သင့်တာကတော့ မိန်းကလေးတွေပေါ့။ လင်ဆိုးမယား တဖားဖား မဖြစ်လို့လိုသည်။ အချို့ရှိကြသည်။ […]

November 6, 2021

သိသင့် သိထိုက်သော အဆောင်ရတနာများအကြောင်း

          တစ်နေ့တွင် အားလပ်ရက်ဖြစ်တာကြောင့် စာအုပ်ဆိုင်တွေဘက်ကို ခြေဦးလှည့်ဖြစ်သည်။ ဆိုင်ထဲကောင်းရာနိုးနိုး စာအုပ်လေးတွေရွေးနေတုန်းမှာပဲ ဖုန်းဝင်လာသည်။ ” ဟဲလို မဂၤလာပါ ကျွန်တော်ငြိမ်းအေးလူပါ” ” အေး ..ညီလေး …အကိုအောင်သန်းပါ “ “ေျပာ….အကို” ” အကိုအခုရွှေဆိုင်တန်းဘက်ရောက်နေတယ်၊ အကိုလက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်လို့။ ရှင်းရှင်းပြောရရင် စိန်လက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်တာ…. ဒာဲဒါအကိုနဲ့သင့်တော်ရဲ့လာလို့……” ” […]