ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆုတ်(၉)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီနေ့မှာတော့ ဘာသာရေးဆိုင်ရာကိစ္စအ၀၀ကိုဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကျောင်းများ၊ သိမ်များ မုခ်ဦး များတည်ဆောက်လှူတန်းခြင်းတွေကို အလှူအတန်းတွေအတွက်ရေစက်ချအမျှဝေခြင်းမျိုးတွေ ဆောင်ရွက်နိုင် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းကိစ္စတွေကိုလဲ အထူးကောင်းမွန်စွာဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ အလုပ်ကိစ္စ အတော်များများအခက်အခဲနည်းပါးပြီးတော့ အဆင်ပြေပြေဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အလုပ်နဲ့ပက်သက်ရင် တော့ ကြိုးစားသလောက်ထွန်းပေါက်မှုတွေကိုရရှိပါလိမ့်မယ်။
ပညာရေးနဲ့ပတ်သက်ပြီးဒီလိုနေ့မျိုးမှာတော့ စတင်သင်ယူခြင်းဖြင့် အကျိုးများတတ်ပါတယ်။ ပညာရေးဆုံးခန်းတိုင် ပါလိမ့်မယ်။ ပညာရပ်နဲ့ရပ်တည်အသက်မွေးသူများလဲ ဒီလိုနေ့မျိုးမှာတော့ ကျောင်းအသစ်တွေစတင်ဖွင့်လှစ်တာ ၊သင်တန်းတွေ၊တန်းခွဲသစ်တွေစတင်ဖွင့်လှစ်တာမျိုးတွေ အထူးကောင်းပါတယ်။
အဓိဋ္ဌာန်ဝင်ခြင်းများ၊ ရေရှည်စီမံကိန်းဆွဲထားတဲ့အလုပ်တွေအတွက် ဒီနေ့မှာစတင်ပြီးတော့ ခြေတစ်လှမ်းလှမ်းခြင်း များလဲအထူးအဆင်ပြေပါလိမ့်မယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး တော့ ကိုယ်စားလှယ်ယူခြင်းများ၊ လက်ကားဝယ်ပြီး ပြန်လည်ဖြန့်ဖြူးခြင်းများလဲ အထူးဆောင်ရွက်လို့ကောာင်းတဲ့နေ့ရက်ပါပဲ။
ရိုးသားကြိုးစားလို့ အောင်မြင်နေသူများ လုပ်ငန်းပြိုင်တွေအတိုက်အခိုက်တွေကိုခံရတတ်ပါတယ်။ သတိထားပါ။ အိမ်ထောင်သည်များ၊ရိုးသားသူများ ဆန့်ကျင်ဘက်လိင်တွေမြုဆွယ်ထောင်ဖမ်းခြင်းတွေကိုခံရတတ်ပါတယ်။
ယနေ့ မြေတူး၊ မြေဆွခြင်းမပြုရပါ။ အလုပ်အကိုင်၊ အကြံအစည်တို့ကို ဆောင်ရွက်အောင်မြင်နိုင်ပါတယ်။ အဖိုးတန်ရတနာပစ္စည်းများ ဝယ်ယူမြှုပ်နှံနိုင်ပါမည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းနိုင်မည်။ အတတ် ပညာ များ စတင်လေ့လာ၍ အကျိုးရှိမည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီ ကြားကာလများတွင် ဆောင်ရွက်သော ကိစ္စမှန်သမျှ အထူးအောင်မြင်မည်။
ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ် လုပ်ရန်အတွက်ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သည်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စည်းစိမ်ဥစ္စာများမြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ သင်္ချာဘာာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကိုပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။ ကျောက်မျက် ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ရွှေတွင်းတူးခြင်း၊ ဓာတ်သတ္တုရှာဖွေတူးဖော်ခြင်း၊ အားကစားလုပ်ငန်း များဆောင်ရွက်ခြင်း၊ ဂီတ အနုပညာပြုလုပ်ခြင်း ကောင်း၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၀:၁၂)နာရီမှ နံနက်(၁:၀၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ပြိဿစန်း၊ ကြတ္တိကာ နက္ခတ်နဲ့စန်းယှဉ်မွေးသူ ကရကဋ်ရာသီဖွား ဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများ အားဖြင့် ငွေကြေးအင်အားတောင့်တင်းကြပါလိမ့်မယ်။ ချမ်းသာမှုဆိုတဲ့နေရာ မှာတော့ ၊ နေရာထိုင်းခင်းကောင်းတွေနဲ့နေရခြင်း၊ လူအများနေချင်သော ရပ်ကွက်ကောင်း၊နေရာကောင်းတွေ မှာနေရ ခြင်းမျိုး တွေကြုံတွေ့ရတတ်ပါတယ်။ ဘ၀တွင် ပညာဗဟုသုတကျယ်ပြန့်စုံလင်စွာဖြင့် …အများအကျိုးပြုလုပ်ငန်းများ လုပ် ကိုင် ဆောင်ရွက်ပြီး …လူမှုဆက်ဆံရေးနယ်ပယ်လည်း ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်ထွန်းပေါက်နိုင်တဲ့ ကံလဲပါ ရှိပါ တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၇) နာရီမှ ညနေ(၃:၂၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၂၊ ၉ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကိတ်ခြောက်တစ်ချပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စပျစ်သီးဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695