ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၁၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁၁း၃၅)နာရီအထိ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက် အဦး တွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
နေ့လယ်(၁၁း၃၅)နာရီနောက်ပိုင်းတနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင် တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လည်(၁၁း၃၅)နာရီအထိ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်း ကို ပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျ ရောက် နေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်သောကိစ္စအ၀၀ကို အထူးအလေးထားဆောင်ရွက်နိုင်မဲ့ နေ့ ပါပဲ။ အဝတ်အထည်လုပ်ငန်းများ အထူး အလေးထားဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။လမ်းအသစ်ဖောက်လုပ်ခြင်းများ၊ လမ်းဖောက်ဖို့အတွက်survey တိုင်း တာခြင်းများ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။စက်ကားယန္တရားနှင့် ပတ်သက်သော အလုပ်စီးပွားများ အဆက်အသွယ်တွေရပြီး အဆင်ပြေပါလိမ့်မယ်။
ဒီလိုနေ့ရက်မျိုးမှာ အလုပ်သစ်တစ်ခုစတင်လည်ပတ်ခြင်း၊ ဆိုင်အသစ်တစ်ခုစတင်ဖွင့်လှစ်ခြင်းများ ၊ ဆိုင်း ဘုတ် တင်ခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်အသစ်မှာနေထိုင်တာမျိုးတွေ၊အလုပ်ရုံးခန်းအသစ်မှာ စတင် လုပ်ကိုင်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
အရပ်ဝေးနှင့် ဆက်စပ်လုပ်ကိုင်သောအလုပ်တို့ကနေ အကျိုးအမြတ်တွေ အထူးရရှိပါလိမ့်မယ်။ကုန်ပစ္စည်း အမှတ်တံဆိပ် အသစ်တစ်ခုကိုစတင်ဖြန့်ချီရောင်းချခြင်းမျိုး ဆောင်ရွက်လို့အထူးကောင်းပါတယ်။မိမိစိုက်ပျိုးထား တဲ့သစ်ပင်ပန်းမန်တွေကို ဓာတ်မြေသြဇာကျွေးခြင်းတွေ အထူးကောင်းပါတယ်။ ကလေးငယ်များအား အာဟာရ စတင်ကျွေးခြင်းတွေ၊ အားဆေးစတင်တိုက်ကျွေးခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ယနေ့ တည်ဆောက်မှုကိစ္စအလုံးစုံကို ဆောင်ရွက်နိုင်မည်။ လုပ်ငန်းအကြံအသစ်များ စတင်ဆောင်ရွက်နိုင် မည်။ နေရာအပြောင်းအရွှေ့ကိစ္စများ စတင်ဆောင်ရွက်နိုင်မည်။ အကြီးအကဲ၊ မိဘ၊ ဆရာသမားတို့ထံ ပူဇော်ဂါရဝ ပြုခြင်းများ ဆောင်ရွက်နိုင်မည်။ သတင်းအချက်အလက်များ စုစည်းရန် ရက်ကောင်း ဖြစ်သည်။
မူလနက္ခတ်ချိန်များတွင် ပန်းချီပန်းပု လုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ဂီတနှင့်အနုပညာဆိုင်ရာများ၊ အဆိုအက သရုပ်ဆောင်ခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်းတူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ အဝီစိ တွင်း တူး ခြင်းများ ကောင်း၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၁၂:၅၆)နာရီမှ နံနက် (၁:၄၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဓနုစန်း၊မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေး သူများဟာ အများအားဖြင့် အားနည်းချက်အားသာချက်ရောထွေးနေတတ်ကြသူတွေဖြစ်ပါတယ်။ အားနည်း ချက် က ရန်သူပေါများခြင်း၊အများနဲ့တစ်ယောက် ရန်ရှာခံရခြင်း၊ကျန်းမာရေးမှာ ကိုယ်တွင်းကလိစာတစ်ခုခုအားနည်း ချက်ပါရှိ လာခြင်းမျိုးရှိတတ်ပြီးတော့ အားသာချက်ကတော့ ပညာရေးမှာအလွန်ထူးချွန်ခြင်း၊ဥစ္စာဓန ကံအားကောင်း ခြင်း၊ ငွေကြေးစည်းစိမ်းနဲ့နေရခြင်း၊ ရပ်ဝေးနယ်ခြား၊နိုင်ငံခြားအကျိုးပေးခြင်းစသောကံတွေ အားသာချက်ရှိပါတယ်။ နာမည် မှည့်ခေါ်ရာတွင် နာမည်ရဲ့ အဆုံးသတ်ကို သောကြာနံနဲ့ အဆုံးသတ်ပေးခြင်း၊စနေနံနဲ့ အဆုံးသတ်ပေးခြင်း ကိုအထူး ရှောင်နိုင်ပါက ဘဝမှာ အဆင်ပြေမှုပိုမိုများပြားနိုင်တာကိုတွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅:၀၂) နာရီမှ ညနေ(၆:၃၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၇၊ ၆ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်ချိုသောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာသုပ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695