ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆန်း(၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင် ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၂း၂၄)နာရီအထိ ဗုဒ္ဓဟူးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ် ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ် အမြင့် အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
မွန်းလွဲ(၂း၂၄)နာရီနောက်ပိုင်းအင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရှမ်းရက်နှင့် နဂါးပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၂း၂၄)နာရီအထိ လဆန်းတီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၂)လုံး ကောင်းကျိုး ဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေ တာ ဖြစ်ပါတယ်။အိုးအိမ်ခြံမြေ ရောင်းဝယ်ခြင်းများ အထူး ကောင်းပါတယ်။ ကုန်ဝယ်ခြင်း၊ကုန် ရောင်းကုန် ဝယ်ခြင်းတွေအထူးကောင်းပါတယ်။ မိမိကုန်ပစ္စည်းတွေကို mediaမှကြော်ငြာခြင်းများ၊onlineကနေကြေငြာခြင်းများ အထူးကောင်းပါတယ်။ ရေနဲ့ ဆက်စပ် သော အလုပ်များဖြစ်တဲ့ အဖျော်ယမကာအလုပ်များ၊ အထူး အဆင်ပြေနိုင်ပါ တယ်။
ပျော်ပွဲရွှင်ပွဲကိစ္စများ၊ ပန်းချီ၊ပန်းပု၊သီချင်း၊ဂီတနှင့်ပက်သက်သောအလုပ်များအထူးအကျိုးပေးတတ်ပါတယ်။ အရောင်း ထိုင်း နေတဲ့ပစ္စည်းများလဲရောင်းထွက်သွားတတ်ပါတယ်။ မိတ်ဆုံစားပွဲများ ပါတီပွဲများလဲ ကျင်းပနိုင်ပါ လိမ့်မယ်။ မိမိနာမည်၊ မိမိဆိုင်နာမည်၊မိမိလုပ်ငန်းနာမည်တွေကိုဆိုင်းဘုတ်တင်ခြင်းများ ဒီနေ့မှာအထူးပဲဆောင်ရွက် နိုင်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီး တင်ပြစရာရှိတဲ့ကိစ္စတွေကို လူကြီးတွေကိုတင်ပြသင့်တဲ့ နေ့ရက်ပါပဲ။
ဝေးကွာနေတဲ့သူငယ်ချင်းများ၊ချစ်သူခင်သူများလဲ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ပြဿနာများ၊ ပဋိပက္ခများကို ငြိမ်းချမ်းမှုရရှိအောင်အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ယနေ့တွင် အမြင့်မှကျခြင်း၊ မတော်တဆဖြစ်ခြင်းများ ကြုံတွေ့ ရတတ်သည်။ အနောက်အရပ်သို့ ဦးတည်၍ ခရီးသွားလာစဉ် မတော်တဆထိခိုက်မှု အန္တရာယ်များ အထူး သတိရှိ ရမည်။ နေ့(၁း၃၀)နာရီမှ (၃း၀၀)နာရီကြား ကာလများတွင် ယာဉ်၊ ကားမောင်းနှင်ခြင်းကို အထူးသတိရှိပါ။ အလုပ်ရှာ ခြင်း၊ အလုပ်လျှောက်ခြင်းပြုလုပ်ရန် ရက်ကောင်း ကျရောက်နေပါသည်။ လူလိမ်ခံရတာမျိုးလဲဒီနေ့တွေမှာ တော် တော် များများကြုံရတတ်ပါတယ်။ ကိစ္စတစ်ခု၊ပြဿနာတစ်ခုကို ထိပ်တိုက် မဖြေရှင်းဘဲကြားလူတစ်ဦးဦး ထားပြီး တော့ဖြေရှင်းလိုက်ပါ။
လူထူထပ်သောနေရာများ၊တိုးဝှေ့သွားရသောပွဲများကို အရင်က ထုတ်မဝတ်ဖူးတဲ့လက်ဝတ်ရတနာတွေဝတ် မသွား ပါနဲ့။ ပျောက်ရှတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင်လဲ ၇ရက်သားသမီးများအားလုံးဂရုစိုက်သင့်တဲ့ နေ့ရက်ပါပဲ။ ယနေ့ သစ်ပင်မခုတ်ရ။ မတော်တဆ ထိခိုက်မှုများ ဖြစ်တတ်သည်။ အနောက်တောင်အရပ်သို့ ဦးတည်သွားလာခြင်း များ ရှောင်ကျဉ်ပါ။ နံနက်/ည (၉း၀၀)နာရီနှင့် (၁၀း၃၀)နာရီကြား ကာလများတွင် မတော်တဆ ထိခိုက်မှုများ သတိ ရှိရမည်။ ကုန်စည် စီးဆင်းမှုလမ်းကြောင်းနှင့် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၃၇း၀၇)နာရီမှ နံနက်(၄း၂၈း၅၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာ အဒြနက္ခတ်ဖြစ်တာမို့ ဘုရားစေတီ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ တံခွန်တိုင်တည်ခြင်း၊ အလံ ထူခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းတည်ဆောက်ခြင်း၊ နတ်ကွန်းနတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်း ဆောက် ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မုခ်ဦး ပြဿာဒ်တည်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော် ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသော ရတနာဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုးအသစ်ထိုးခြင်း၊ အာကာသသို့ လွှတ် တင်ရသော လုပ်ငန်းများ၊ လေယာဉ်ပျံသန်းခြင်း၊ ကင်ပွန်းတပ်ခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများ ဆွတ်ခူး ခြင်း ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ မေထုန်စန်း၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့်လူဝင်စားလေးတွေဖြစ်လေ့ရှိပါတယ်။ နင့်နင့်သီးသီး အစွန်းရောက်ခံစားနာကျင် တတ်သောစိတ်နှလုံးနဲ့အတူ…တုံ့ပြန်တိုက်ခိုက်လိုမှုတွေ ပေါက်ဖွားနေ တတ်သော …ဖွားဇာတာရှင်လို့ ဆိုရမလိုပါပဲ။ ဟိုလူ့အတွက် ကြား၀င်ခံပေးလိုက် …သည်လူ့အတွက် ကြား၀င်တန်ဆာ ခံ လုပ်ပေးလိုက်ရနဲ့….သူတစ်ပါးတွေ ကြားမှာ လည်း မကြာခဏ ..ကြားညှပ်ခံနေရတတ်တဲ့ ကံပိုင်ရှင်ပါ။ပညာရပ်တွေ ခက်ခက်ခဲခဲ မရမက ..ကျားကုတ်ကျားခဲ သင်ယူရင်း ကြီးပြင်းလာတတ်သူ ဖြစ်ပြီး …မေတ္တာရေးကံ ကလည်း အားနဲ လှသူပါပဲ။
ပရဟိတ အသင်းအဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေ၊ နိုင်ငံရပ်ခြား အသင်းအဖွဲ့တွေ၊ ပညာရေးအသင်းအဖွဲ့တွေမှာ ပတ်သက်ဆက်နွယ်နေရတတ်သော ကံပိုင်ရှင် ဖြစ်ပြီး…သူရဲ့ အားသာချက်ကတော့ ….သူစိမ်းသူရံစာများရဲ့.. ချစ်ခင် ဝိုင်းဝိုင်းလည်မှုကို ခံရတတ်ခြင်းပါပဲ။ပညာရှင်များ ..ပညာကြွယ်၀သူများ၊ ဓနရှင်များ …ဓနကြွယ်၀သူများရဲ့ …သဘော ထားကြီးစွာ ကူညီပေးခြင်းများကို လွယ်လင့်တစ်ကူ ရတတ်ခြင်းဟာလည်း တနင်္လာမရဏဖွားရဲ့ ….အားသာချက်ပါပဲ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၁၂) နာရီမှ နံနက်(၈:၅၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ စိမ်းပြာရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၄၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အိမ်မှာရှိတဲ့ သစ်သီး တစ်မျိုးမျိုးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့နွားနို့ပူပူလေး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695