ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်သလင်းလဆုတ်(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၃)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ ဖြစ်သည်၊ စစ်လက်နက်ပြုလုပ်ခြင်းတွေ၊ စစ်ရေးနဲ့ပက်သက်ပြီး တိုက်ပွဲဆင်နွဲ ခြင်းတွေဆောင် ရွက်လို့ကောင်း တဲ့နေ့မျိုးပါပဲ။ အခက်အခဲတွေကို ရဲရဲရင်ဆိုင်ဖြေရှင်းခြင်းဖြင့် အလုံးစုံအဆင် ပြေမှုတွေကို ခံစားရ တတ် ပါတယ်။
ဒီလိုနေ့ရက်မှာတော့ နံနက် ၈း၅၀ကနေ ၁၀း၅၀အတွင်း အရေးကြီးတဲ့ကိစ္စတွေကို စတင် ဆောင်ရွက်လို့ ကောင်းပါ တယ်။ ဒီလိုနေ့ရက်မှာတော့ ဆေးစတင်ဖော်ခြင်းတွေ၊ ဆေးဝါးသစ်မိတ်ဆက်ခြင်းတွေကို လဲဒီကာလမှာ စတင်ဆောင် ရွက်လို့ကောင်းပါတယ်။
ဒီလိုနေ့မျိုးမှာတော့ လူတော်တော်များများတွေဝေဒွိဟဖြစ်စရာတွေကြုံနေရတတ်ပါတယ်။ဒါကြောင့်ဒီလို နေ့ မှာရွေးချယ်စရာနှစ်မျိုးနှစ်ခွမျိုးကြုံရတတ်ပါတယ်။ ရေရှည်အတွက်ချင့်ချိန်ပြီးလုပ်ကိုင်လိုက်ပါ။ လူအတော်များ များရဲ့စိတ်ထဲမှာတော့ မကောင်းတဲ့စိတ်လေးတွေဒီနေ့မှာပေါ်ထွန်းနေတတ်ပါတယ်။ ဒါကြောင့် စကားအပြေအဆို ၊အနေအထိုင်အမူအရာဆင်ခြင်တတ်ဖို့လဲလိုအပ်ပါတယ်။
ဒီနေ့ဟာမိမိလုပ်စရာရှိတာတွေကိုအာရုံစိုက်ထားလိုက်ပါ။ သူတစ်ပါးတွေရဲ့ကောင်းခြင်းဆိုးခြင်းတွေကို ဝေဖန်ပြော ဆိုတာ မျိုးရှောင်လိုက်စေချင်ပါတယ်။ ဒီနေ့ဟာဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်သော လုပ်ငန်းများတိုးတတ်မှု တွေရှိပါ တယ်။ ဖက်ရှင်ရှိုးပွဲများလဲကျင်းပ နိုင်ပါလိမ့်မယ်။
ယနေ့တွင် လုပ်ဆောင်သမျှ သတိမလွတ်အပ်ပါ။ ယနေ့အချိန်တွင် ဘာသာရေးနှင့်ပတ်သက်သော ကိစ္စများ ဆောင်ရွက်ရန် အခါမပေးအပ်ပါ။ ပစ္စည်းအပျက်များ ပြုပြင်ရန် အခါသင့်သည်။ သိရှိလိုသော သတင်းအချက် အလက်များ စုစည်းနိုင်သည်။ မိမိအိမ်ရှိ ကြေးထည်ပစ္စည်းများကို ပြောင်လက်နေအောင် ပွတ်တိုက်လိုက်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၂း၀၅)နာရီမှ ည(၂၂း၅၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ တက်ကြွ၊ ယုံကြည်စိတ်ချရပြီး စနစ်ကျသည်။ သူတစ်ပါးတွေ မလုပ်နိုင်လို့ ဆိုင်းငံ့ထား သော အလုပ်များနှင့် ပရောဂျက်များကို အောင်မြင်စွာ ပြီးမြောက်အောင် လုပ်နိုင်ကြသည်။ ဒီလိုနေ့ဖွားတွေဟာ လူ့ဘဝ နဲ့နီးသော လူဝင်စားတွေဖြစ်ဖို့ရာခိုင်နှုန်းအလွန်များပါတယ်။ အထူးသဖြင့် စတော့ရှယ်ယာ များ တွင် ရင်းနှီးမြှုပ်နှံမှုများ မှတစ်ဆင့် ငွေကြေးအမြတ်အစွန်းများသည် သင်၏ချမ်းသာမှုနှင့် သာယာဝပြောမှုကို မြှင့်တင်ပေးလိမ့်မည်။ တီထွင် ဖန်တီးနိုင်စွမ်းသည် အထူးသဖြင့် အနုပညာ သို့မဟုတ် တီထွင် ဖန်တီးမှုဆိုင်ရာ အသက်မွေးဝမ်း ကျောင်းပြုနိုင်ကြသူ များလဲဖြစ်ပါတယ်။ ငွေကြေး အလွယ်တကူချေးငှားရလွယ်ကူ ညီပြီး လုပ်ငန်း အတွက် လိုအပ်သောအရင်းအနှီးကို ရှာရလွယ်တဲ့ဇာတာပါပဲ။ မိသားစုဆက်ဆံရေးသည် သဟဇာတ ဖြစ်သော် လည်း မောင်နှမဝမ်းကွဲတွေနဲ့ လုံးဝအဆင် မပြေနိုင်တာကို သိထားရမယ်။ တရားကိုအမြဲရှုမှတ်ပါက စိတ်ချမ်း သာ မှုကို ကူညီပေးပြီး ငြိမ်းချမ်းမှုနှင့် ကြည်လင် ပြတ်သား မှုကို ပေးစွမ်းမည်ဖြစ်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော လုပ်ဆောင်မှုများအတွက် အထူးကောင်းမွန်ပါသည်။
ဝုဒ္ဓိယုဂ် ကျရောက်နေသောကြောင့် “ကြီးပွားခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သော ယောဂဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေး လုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများအတွက် သင့်လျော်မှုအရှိဆုံး ဖြစ်နေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၂)နာရီမှ မွန်းလွဲ(၁း၃၄)မွန်းလွဲနာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ငွေရောင် နှင့် အပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၃၊ ၇၊ ၉ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….အနုတ္တရောပုရိသဓမ္မသာရထိ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကောက်ညှင်းပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း








