
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၀၅း၀၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၅း၅၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ အရ ကညာမြေခံဖြစ်ပါတယ်။ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ် တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင် တာတွေ၊ မြေတူးဆွတာတွေ နှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။
တီထိမြေခံ မြေခံအရ မိတ္တုမြေခံဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဥစ္စာ များ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက် ရိုက် တာ မျိုး တွေ အထူးရှောင်သင့်ပါတယ်။ဆောင်ရွက်လိုပါက ညနေ၄နာရီခွဲကျော်မှသာ စတင်ဆောင်ရွက်ပါ။
ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ ၄နာရီခွဲအထိက လပြည့်တီထိဖြစ်ပါတယ်။ ကျော်ရင်တော့ လဆုတ်တီထိတစ်လုံး ကိုကူးပြောင်းပါလိမ့်မယ်။ ကြည်လင်မှု၊စိတ်လက်အေးချမ်းမှုတွေကိုပေး တဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ဒါကြောင့်ဒီလိုနေ့ရက်မျိုးမှာတော့ဘာသာရေးဆိုင်ရာမြင့်မြတ် သောကိစ္စတွေကို အထူးအလေးပေး ဆောင်ရွက်နိုင်ပါတယ်။အခက်အခဲပြဿနာတွေကိုငြိမ်းချမ်းအောင်ဖြေရှင်းဖို့ ရက်ကောင်းလဲဖြစ်ပါတယ်။ မင်းစိုး ရာဇာ နှင့်ဆက်စပ်သောကိစ္စရပ်များ ဆောင်ရွက်ရန်ကောင်းသောအချိန်အခါနေ့ ရက်ဖြစ်ပါတယ်။ အလုပ်လျှောက် ထားခြင်းများဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။
ငွေကြေးရင်းနှီးမြုပ်နှံခြင်းတွေကိုလဲဆောင်ရွက်နိုင်ပါတယ်။ လက်ကားအလုပ်များ၊ ကိုယ်စားလှယ်အလုပ် များနှင့် ဖြန်ချီရေးဖြန့်ဖြူးရေးအလုပ်များ ပိုမိုအားကောင်းမဲ့နေ့ရက်ပါပဲ။ ပညာဖြင့်ရပ်တည်အသက်မွေးသူများက တော့ ဒီနေ့မှာ အဘက်ဘက်ကတိုးတတ်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့ဟာတီထိုးလို့အထူးပဲကောင်းပါတယ်။ ၁၊၅၊၈ ဂဏန်း များများပါတဲ့ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။
အစုရှယ်ယာဝင်ခြင်းတွေ၊ အသင်းအဖွဲ့စတင်ဖွဲ့စည်းခြင်းတွေ၊စုပေါင်းပရဟိတလုပ်ခြင်းတွေဆောင်ရွက်လို့ အထူး ကောင်းပါတယ်။ ကုမ္ပဏီများ ဝန်ထမ်းတွေကို သင့်တော်သလိုနေရာချထားခြင်းတွေ၊ လုပ်ငန်းနဲ့ပတ်သက် ပြီးရာထူး အပြောင်းအလဲလုပ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ဒီလို နေ့မျိုးဟာ သမထဘာဝနာပွားများခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ ပုတီးစိပ်ခြင်း၊ဂါထာမန္တာန်ရွတ် ဖတ် ခြင်း၊အစီအရင်များပြုလုပ်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ အိုးအိမ်တည်ဆောက်ဖို့အတွက် အိမ် ဆောက်ပစ္စည်းဝယ်ယူခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။
အလှူအတန်းအလုပ်များ၊ကုသိုလ်ရေးနဲ့ပတ်သက်သောအလုပ်များဆောင်ရွက်နိုင်ပါတယ်။ ဘုရားဖူးခရီးများ အလှူနဲ့ပက်သက်သောခရီးတွေအလွန်ကောင်းပါတယ်။နိုင်ငံခြားသားများနှင့် ပတ်သက်ဆက် နွယ်သောအလုပ် များ၊ နယ်စပ်၊ဒါမှမဟုတ်နိုင်ငံရပ်ခြားမှာစီးပွားရှာခြင်းများ အဆင်ပြေကောင်းမွန်တဲ့နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်း များ မိမိတို့ထုတ်ကုန်များကိုအွန်လိုင်းကနေကြော်ငြာခြင်း၊ပြည်တွင်းပြည်ပသို့ဖြန့်ဖြူးရောင်းချခြင်းများကောင်းပါ တယ်။
ဒီနေ့ဟာရှောင်သင့်တာတွေကတော့အပျော်ခရီးသွားခြင်းမျိုးတွေအထူးရှောင်သင့်ပါတယ်။ လောင်းကစား လုပ်ခြင်း၊အကုသိုလ်အလုပ်တွေလုပ်ခြင်း၊သီလပျက်မဲ့ကိစ္စတွေလုပ်ကိုင်ခြင်းမျိုးတွေအထူးရှောင်ရှားသင့်တဲ့နေ့ရက် ပဲဖြစ်ပါတယ်။ ဝိသမလောဘနဲ့ စီးပွားရှာသူများဆုံးရှုံးနစ်နာစရာတွေများတတ်ပါတယ်။
ဒီနေ့ကစတင်ဆောင်ရွက်တဲ့ကိစ္စတွေမှာ တစ်ပိုင်းတစနဲ့ အပြီးမသတ် ဖြစ်တတ်ပါတယ်။ အရောင်းအဝယ် ကိစ္စများ သတိရှိရှိဆောင်ရွက်ပါ။ပစ္စည်းလှောင်မယ်ဆို ဒီနေ့မှာ ဈေးသေချာစွာ စုံစမ်းပြီးမှသာ ဆောင်ရွက်ကြပါ။ အရေးကြီးကိစ္စများဆောင်ရွက်မယ်ဆိုရင်တော့ နေ့လယ် ၁း၁၂ မိနစ်ကနေ ညနေ ၃း၃၆ မိနစ်အတွင်းဆောင်ရွက် ကြပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂း၀၆)နာရီမှ ည(၂၂း၅၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ကုမ်စန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈း၅၉) နာရီမှ နံနက်(၁၀◌း၃၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာ တွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ အညိုရောင်၊နို့နှစ်ရောင် များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၅၊၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မိဘနှစ်ပါးကို ရည်မှန်း ၍ ရှစ်ခိုးပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
မိသားစုဆွေမျိုးနဲ့ ဆက်စပ်မှုမရှိတဲ့အလုပ်တွေကပိုမို အဆင်ပြေတတ်ပါတယ်။ လုပ်ငန်းသစ်စီးပွားသစ် တွေ စတင်နိုင်ပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေထံမှ အကူအညီတွေရလာတတ်ပါတယ်။ အလုပ်တွေပိုမိုချဲ့ထွင် နိုင်လိမ့်မယ်။ မှန်းထားသည်ထက် ပိုမိုရောင်းရတတ်တဲ့ နေ့ရက်ပါပဲ။ ခေါင်းဆောင်များ၊ မန်နေဂျာများ အောက် လက် ငယ်သားတွေကိုကောင်းစွာထိန်းချုပ်နိုင်ပါလိမ့်မယ်။ ခရီးသွားပြီးဆောင် ရွက်ရတဲ့ကိစ္စတွေကတော့ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် နှောင့်နှေးကြန့်ကြာရ တတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အားရ စရာကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။
တနင်္လာ
အနုပညာနှင့်နွယ်သောအလုပ်များ၊ခံစားချက်နဲ့လုပ်ရတဲ့ အလုပ်များလဲ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ကံကောင်း နေတဲ့အတွက်ငွေကြေးလဲ ရလွယ်နေတာကိုတွေ့ရပါ တယ်။ထီဝါသနာပါသူများ ထီထိုးသင့်တဲ့နေ့ရက်ပါပဲ။ သူတစ်ပါးဆီကအကူအညီတွေရလာနိုင်သလို မိမိကိုယ်တိုင် ကလဲတစ်ဖက်သားကိုကူညီပေးနိုင်မဲ့ သူတွေဖြစ်လာ တတ်ပါတယ်။ ပညာရပ်အသစ်တစ်ခုစတင်ခြင်း၊ပညာအမွေခံ ယူခြင်းများဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ လူငယ်များဆိုရင်တော့ ပညာရှာရင်ချစ်သူတွေ့ရတတ်တဲ့နေ့ ရက်လေးပါပဲ။ ကျန်းမာရေးကလဲ အညံ့နည်းပါ လိမ့်မယ်။
အင်္ဂါ
မိမိဝန်ထမ်းတွေ၊အောက်လက်ငယ်သားတွေအလုပ်နားတာကြောင့် မိမိဆီမှာအလုပ်တွေပိနေတတ်ပါတယ်။ အခက် အခဲတွေမရှိပေမဲ့အလုပ်တွေများတာကြောင့်စိတ်ပန်းလူပန်း ဆိုတာမျိုးတော့ဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ် သက် ပြီး တော့လဲအားနည်းချက်တွေများတဲ့နေ့ရက်ပါပဲ။ အလုပ်သစ်၊စီးပွားသစ်တွေနဲ့ ပတ်သက်ရင်တော့ ချိန်ဆပြီးမှလုပ်ပါ။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ချေးငှားခြင်း မျိုးတွေအထူးရှောင်ပါ။ အလျင်စလိုလုပ်တာ မျိုးတွေ၊ နမောနမဲ့လုပ် လိုက်တာမျိုးတွေ မဖြစ်အောင်ဂရုစိုက်လိုက်ပါ။ အလုပ်များတဲ့နေ့ဖြစ်တာကြောင့် အရေး ကြီး တာကိုဦးစားပေးလုပ်ပါ။
ဗုဒ္ဓဟူး၊ရာဟု
ကံအားကောင်းနေတတ်ပါတယ်။ မိမိဖြစ်ချင်တာတွေကိုလဲ ဖြစ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်ပြီး တော့လဲနေရာကောင်းအလုပ်ကောင်းတွေရတတ်ပါ တယ်။ ဌာနအပြောင်းအလဲတွေ ဖြစ်နေတတ် ပါ တယ်။ လူမှုရေးကိစ္စတွေမှာဦးဆောင်ဦးရွက်လုပ်လို့အထူးကောင်းပါ တယ်။ အလှူအတန်းတွေနဲ့ပက်သက် ပြီးတော့ လဲ မိမိလှူချင်တဲ့အလှူတွေကိုလဲလှူခွင့်ရပါလိမ့်မယ်။ အဖိုးတန်လက် ဝတ်ရတနာတွေဝယ်မယ်ဆိုလဲ ဒီနေ့မှာဝယ် သင့်ပါ တယ်။ မိမိကုန်ပစ္စည်းကိုအရောင်းမြှင့်တင်ခြင်းတွေ၊ ပရိုမိုးရှင်း လုပ်ခြင်းတွေ ဆောင် ရွက်သင့်တဲ့နေ့ရက် ပဲဖြစ်ပါတယ်။
ကြာသပတေး
အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်နိုင်ပါလိမ့်မယ်။ မိမိ လိုချင်တဲ့အလုပ်အကိုင်တွေကိုလျှောက်ထားရင် ရလာတတ်ပါတယ်။ ခရီးဝေးသွားဖို့ ကိစ္စတွေကတော့ အဆင်မပြေ ကြန့်ကြာနေတတ်ပါတယ်။ အလုပ်တွေကိုလဲ ဘယ်သူမှမျက်နှာလွဲမရဘဲ မိမိကိုယ်တိုင်ပင်ပန်းကြီးစွာလုပ်ကိုင်နိုင်ပါ လိမ့်မယ်။ အခက်အခဲတွေရှိရင်တော့ ကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ သမီးရည်စားများ အချစ်နယ် ကျွံ ပါကအရှက်တကွဲဖြစ်လွယ်တဲ့နေ့ရက် ပါပဲ။ သူများပြောစကား တွေကို နားယောင်ပြီး လိုက်လုပ်လေ အမှားများလေ ပါပဲ။ကျန်းမာရေးဒေါင်ဒေါင်မြည် ကောင်းနေတတ်ပါတယ်။
သောကြာ
လုပ်နေကြအလုပ်များ၊ လုပ်လက်စအလုပ်များကိုပဲ ဆက်လုပ်နေပါ။ အလုပ်သစ်စတာမျိုး၊ အပြောင်းအလဲအသစ် လုပ်တာမျိုးကကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေပါ လိမ့်မယ်။ လိုအပ်တဲ့ငွေကြေးတွေ ရှာဖွေရ ခက်ခဲတတ် ပါတယ်။ အိမ်ကိုလုံခြုံအောင်ထားပါ။ သူခိုးခိုးခံရတတ်တဲ့နေ့ ရက်မျိုးဖြစ်လို့ပါပဲ။ ခရီးကိစ္စတွေစီစဉ်ပြီးမှလွဲချော်ရ တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဒီနေ့မှာ လုပ်သင့်တာတွေကို ဦးစားပေး လုပ်ပြီး စိတ်ခံစားချက်တွေကို မျိုသိပ် ထားသင့်တဲ့နေ့ရက်ပါပဲ။ ငွေတွေကတော့ ထွက်နေတတ် ပါတယ်။ အဖတ်မတင်ဘဲ အဟောသိကံကုန်သွားတတ်တဲ့ နေ့မျိုးပါပဲ။
စနေ
ကြီးမားတဲ့အကြံအစည်စိတ်ကူးတွေရှိရင်တော့ပျက်ရတတ်ပါတယ် ။ အလုပ်အပေါ်အစီအစဉ်ဆွဲလို့မရဘဲ ဖြစ်လာ တဲ့ အခြေအနေအပေါ်သုံးသပ်ပြီးလုပ်သင့်တဲ့အနေအထားပါပဲ။ ကျန်း မာရေးအညံ့အဆိုးကင်းနေ ပါလိမ့်မယ်။ လူ အများကိုကူညီချင်တဲ့စိတ်ကပဲ မိမိကိုကံကောင်းကိုတွန်းပို့ပေးနေတတ် ပါတယ်။ မိမိတတ်သိထားတဲ့ အရာတွေ ကိုတော့ အခြားလူတွေကိုပြန်ရှယ်ပေးသင့်တဲ့နေ့ရက်မျိုးပါပဲ။ အလုပ်ခွင်အ တွင်း ကြိုးစားမှုရဲ့အသီး အပွင့်တွေ ကိုခံစားရတတ်ပါတယ်။သူတစ်ပါး နားဝင်အောင်ပြောနိုင်မဲ့နေ့ပါပဲ။ အရှုပ်တွေရှိ ရင်တောင် ရှင်းအောင်လုပ်နိုင်မဲ့ ကာလတစ်ခုပါ။အလုပ်ကြွေးတွေဆပ်နိုင်ပါလိမ့်မယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695