loading

Category: Daily Consult

  • Home
  • Category: Daily Consult

18.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၉)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၈)ရက်နေ့ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိနိနံနက်(၀၆း၀၂)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ယနေ့ညနေ ၅နာရီအထိက လဆုပ်တီထိ ၈လုံးအောင်မြင်မှုတွေ၊ စွမ်းအားတွေကိုပေးတဲ့ ဇယျာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ မိမိလုပ်ငန်းသစ်များဆောင်ရွက် လုပ်ကိုင် ခြင်းမျိုး မသင့်ပါဘူး။ လုပ်လက်စအလုပ်တွေကိုပဲ တိုးတတ်အောင်ဆောင်ရွက်သင့်တဲ့နေ့ရက်ပါ ရှေးဟောင်း ပစ္စည်း များ ၊ ကြန့်ကြာနေတဲ့ပစ္စည်းများလဲ အလွန်မှရောင်းအားတတ်ပါလိမ့်မယ်။ စူးစမ်းခြင်း၊လေ့လာခြင်း၊သုတေသနပြုခြင်း စတဲ့ကိစ္စတွေကိုတော့ ဆောင်ရွက်လို့ကောင်းပါတယ်။ လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ကိစ္စတွေကိုတော့ အားကြိုးမာန် တတ်လုပ်မှပဲအဆင်ပြေပါလိမ့်မယ်။

တနင်္ဂနွေဂြိုဟ်ဟာ ကန်ရာသီစတင်ကူးပြောင်းပါတယ်။တနင်္ဂနွေဂြိုဟ်ကန်ရာသီရှိစဉ်အတွင်း  စစ်မက်ရေးရာကြီးထွား လာခြင်း၊ရန်အားကြီးခြင်း၊ သံတမန်ဆက်ဆံရေးအားနည်းခြင်း၊ လူအများ မကောင်းသော ဘေးဒဏ်ရန်မာန်တိုးပွား ခံစားရခြင်းများကြုံရတတ်ပါတယ်။

            ငွေကြေးကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ ဒါပေမဲ့ စာရွက်ပေါ်မှသေချာဆောင်ရွက်ဖို့ လိုပါတယ်။  အလုပ်ကိုကြိုးစားပါ။ မလောပါနဲ့။ အလျင်လိုလေ အနှေးဖြစ်ရလေပါပဲ။  မိမိကိုယ်ပိုင်စက်ကားနဲ့ခရီးသွားတော့မယ် ဆိုရင်တော့ စစ်ဆေးပြီးမှသွားပါ။ လမ်းမှာပျက်တတ်ပါတယ်။

            စစ်ရေးလေ့ကျင့်ခြင်း၊ စစ်လက်နက်စုဆောင်းခြင်းများအထူးကောင်းမွန်နေတာကိုတွေ့ရပါတယ်။မိမိအိမ် ကိုဆေးခြယ်တာ၊ ပရိဘောဂတွေကို ပေါ်လစ်တင်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ ပစ္စည်းတစ်ခုကိုတီထွင်ခြင်း၊ အနုပညာနဲ့ပတ်သက်ပြီးတော့ လဲ အသစ်များကိုဖန်တီးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။  ရန်များပြဿနာ များ အထူးပဲဖြေရှင်းလို့ကောင်းတဲ့နေ့ပါပဲ။စက်ပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းများအထူးကောင်းပါတယ်။ လူမှုရေးနဲ့ပတ်သက် သောစကားများကြားကနေစေ့စပ်ညှိနှိုင်းပေးသောစကားများ ဒီနေ့မှာပြောဆိုလို့ အလွန်ပဲကောင်းပါတယ်။ 

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မေထုန်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အလုပ်များ၊ ကိစ္စများနေသူတွေဖြစ်ပါတယ်။ လူမှုရေးကိစ္စတွေများကြသူတွေဖြစ်ပါတယ်။ မြတ်နိုးဖွယ်နှလုံးသားရှိပြီးတော့လူအများ ကိုကူညီနိုင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကံအားကောင်းပြီးတော့ အဝင်များ အထွက်များကြသူတွေဖြစ်ပါတယ်။ မရှိမရှားဖွားဇာတာတွေဖြစ်ပြီးတော့ အောင်မြင်မှုအတွက်အထောက်အပံ့များတဲ့ဇာတာဖြစ်ပါတယ်။လူဝင်စားဇာတာ ဖြစ်ပြီးတော့ ဒီနေ့မွေးသူများဟာ မြင်အပ်မမြင်အပ်အစောင့်အရှောက်ပုဂ္ဂိုလ်တွေရှိတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၂၁း၃၄)နာရီမှ (၂၂း၂၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၃၄) နာရီမှ (၀၆း၀၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် အစိမ်းရောင်      များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၉၊ ၄)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖက်ထုပ်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

နိစ္စဓူဝလုပ်ရမဲ့အလုပ်တွေအပေါ်ပဲအာရုံနှစ်ပြီးလုပ်ပါ။ အခြားကိစ္စပိုတွေလုပ်မိရင်တော့ အဆင်မပြေတဲ့ အပြင် ပြဿနာ ပါများ သွားနိုင်ပါတယ်။ ငွေလာချေးတာပဲဖြစ်ဖြစ်၊ စပ်တူလုပ်ဖို့လာဆွယ်တာပဲဖြစ်ဖြစ် ဒီနေ့မှာ သတိထား လိုက်ပါ။ လက်ထဲရှိတဲ့ငွေ ဘာကြောင့်ထွက်ထွက်ပြန်မဝင် တာမျိုးဖြစ်ပါလိမ့်မယ်။ မိမိကိုယ်တိုင် အတွေးအချော်၊ စိတ်ကူးလွဲနေတတ်တဲ့အတွက် ဘာလုပ်လုပ်အလွဲလွဲဖြစ်ရ တတ်ပါတယ်။ ဆုံးဖြတ်ချက်ကြီး ကြီးမားမားတွေ မချသင့်ဘူးပေါ့ဗျာ။ ခြေနှစ်ချောင်းဝင်လာရင်ကံညံ့ တတ်ပါ တယ်။ ညအိပ်ဧည့်သည်လာရင် မိဘဆရာ သမားမှ လွဲ၍ဘုရားခန်းမှာ မအိပ်ပါစေနဲ့။

တနင်္လာ

အလုပ်ကံအထူးကောင်းနေတတ်ပါတယ်။ ကိုယ်ပိုင်စီးပွား များအော်ဒါတွေများနေတတ်ပါတယ်။ ကုန်သည်များ မနားရဘဲ ပင်ပန်းရမဲ့နေ့ရက်ပါပဲ။ ပရိဘောဂပစ္စည်းများ အရောင်းသွက်နိုင်ပါတယ်။ ကျန်းမာရေးကတော့ အားနည်း နေလိမ့်မယ်။ အပူများပြီး လည်ချောင်းနာတတ်ပါတယ်။ မိန်းကလေးများသွေးအားနည်းတာ မျိုးဖြစ်တတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ခရီးတွေသွားရတာမျိုးတွေကြုံ လွယ်ပါတယ်။ အောက်လက် ငယ်သားတွေကို ဆူပူတာမျိုး လျော့ ချသင့်တဲ့နေ့ပါ။ မိမိအပေါင်းအသင်းတွေထဲက စရိုက်ကြမ်းတဲ့သူတွေ ရှိရင် သွားအတူစားအတူမနေမိပါစေပါနဲ့။

အင်္ဂါ

နေကောင်းကျန်းမာနေတတ်ပါတယ်။ဒါကြောင့်ဘာကိစ္စ လုပ်လုပ်စိတ်ကြည်ကြည် လင်လင်နဲ့လုပ်ကိုင် နိုင်ပါလိမ့်မယ်။ မိမိချစ်ရသူတွေကလဲ မိမိကိုအလေးထားတာကြောင့် ပျော်ရွှင်ရတတ်ပါတယ်။ ချစ်ရသူကိုပြန်အဖြေပေး ဖို့စဉ်း စားနေရင်တော့ ဒီလိုနေ့ရက်ကအလွန်ကောင်းပါတယ်။ အိမ်တွင်းရေးမှာတော့ အရွယ်ရောက်ပြီးတဲ့သားသမီး တွေ ရှိရင် သူတို့တွေကိုဆိုဆုံးမရခက်ခဲနေတတ်ပါတယ်။ အလုပ်သစ်တစ်ခုကို ချိတ်ဆက်လုပ်ကိုင်ခြင်းများ အထူးဆောင် ရွက်လို့ကောင်းပါတယ်။ မနာလိုသူတွေ ရန်အတိုက် အခိုက်လေးတွေ ရှိနေတတ်ပေမဲ့ အားလုံးကိုကျော်လွှားသွား နိုင်ပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

ငွေကြေးနဲ့ပတ်သက်ပြီး မြုပ်နေတဲ့ငွေတွေပြန်ပေါ်လာ နိုင်ပါလိမ့်မယ်။ရောင်းမစွံတဲ့ ပစ္စည်းတွေရှိရင်ဒီနေ့ ရောင်းထွက် တတ်ပါတယ်။အတွေးကောင်းစိတ်ကူး ကောင်းတွေရှိ နေတာကြောင့် လက်တွေ့အကောင် အထည်ဖော်နိုင်ဖို့ ပဲလို ပါတယ်။ ထီဝါသနာပါသူများ မိမိအိမ်နဲ့ အနီးဆုံး ထီဆိုင် မှာထီကံစမ်းလိုက်ပါ။ မိသားစုစီးပွားရေးများ ၊အိမ်နဲ့တွဲဖွင့် ထားတဲ့စီးပွားရေးများတိုးတတ် အောင်မြင်တတ်ပါ တယ်။ ကျန်းမာရေးကလဲ အကောင်းများနေပါလိမ့်မယ်။ ဝန်ထမ်း များ အထက်လူကြီးတွေရဲ့ အကူအညီတွေကိုရလာ တတ်ပါတယ်။ လူမျိုးခြား တစ်စိမ်းတစ်ရံတွေရဲ့အကူအညီတွေလဲ ရလာတတ်ပါတယ်။

ကြာသပတေး

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ ရပိုင်ခွင့်တွေကို ကောင်းစွာရရှိပါလိမ့်မယ်။ အထက်လူကြီး ကူညီတတ်ပါတယ်။ မိမိကိုစောင့်ရှောက်နေတဲ့ မိဆိုင်ဖဆိုင်နတ်တွေရှိ ရင်ဒီနေ့မှာသူတို့ကိုရည်မှန်းပြီး မေတ္တာအထူးပို့ပေးပါ။ လူငယ် တွေ၊ချုပ်ချယ်တာ၊ဖိအားပေးတာမကြိုက်တဲ့သူတွေ ကတော့ဒီနေ့မှာစိတ်ရှုပ် ရတတ်ပါတယ်။ ဘာလုပ်လုပ် ဖိအား တွေနဲ့ ပူပူလောင်လောင်လုပ်ရတတ်လို့ပါပဲ။ စိတ်ထင် ရာကိုဇွတ်မလုပ်မိဖို့လိုပါတယ်။ လူငယ်များ မိဘတွေ မသိအောင် ရေသွားမကူးသင့်တဲ့နေ့ရက်ပါ။ ဝေးကွာနေတဲ့ မိတ်ဆွေသူငယ် ချင်းတွေနဲ့ပြန်လည်ဆုံဆည်း ရတတ်ပါ တယ်။

သောကြာ

လုပ်ငန်းခွင်အတွင်းနာမည်ကောင်းရမဲ့နေ့ရက်ပါပဲ။ မိမိ ဉာဏ်ဝီရိယထည့်ပြီးလုပ်ကိုင်နိုင်မှုကြောင့် ထင်ထားသည် ထက် ပိုမိုတိုးတတ်စေနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများ ဖောက်သည်တွေရလာတတ်ပါတယ်။ မိတ်ဟောင်းတွေကနေ တဆင့် မိတ်သစ်တွေတိုးလာတတ်ပါတယ်။ ပရဟိတ ကိစ္စတွေ၊ လူမှုရေးကိစ္စတွေကိုလဲ ကောင်းစွာကူညီပေးနိုင် ပါလိမ့်မယ်။ မိမိလိုအပ်တဲ့အကူအညီတွေကိုလဲ မိတ်ဆွေ တွေဆီကရလွယ်ပါတယ်။ အလုပ်ကြွေးတွေရှိရင် ဒီနေ့ပြီးစီး အောင်လုပ်နိုင်ပါလိမ့်မယ်။ မိမိချစ်သူအပေါ်စိတ်ပျက် စိတ်ကုန်နေမိ တတ်ပါတယ်။ အိမ်တွင်းရေးသာယာ ချမ်းမြေ့ မဲ့နေပါပဲ။

စနေ

အငြိမ်မနေရတတ်ပါ။ မရည်ရွယ်ဘဲခရီးထွက်ရတတ်ပါ တယ်။ အထက်လူကြီး၊ဆရာသမားတွေခေါ်လို့ သွားရတာမျိုး လဲ ကြုံရတတ်ပါတယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့ လဲ online ကနေနည်းပညာအသစ်တွေသင်ယူခွင့်ရလာ တတ်ပါတယ်။စိတ်ပင်ပန်းစရာတွေလျှော့ချသွားနိုင်ပါလိမ့် မယ်။ ဈေးဆိုင်များ ပစ္စည်းအထားအသို ပုံစံပြောင်းလိုက် ခြင်းဖြင့် ရောင်းအားတတ်လာနိုင်ပါတယ်။ ငွေကြေးရင်းနှီး မြုပ်နှံမှုအကြီးကြီးတွေကိုတော့ ဒီနေ့မှာမလုပ်သင့်ပါဘူး။ ကိုယ်ကျိုးထက် အများအကျိုးပရဟိတအကျိုးတွေကို ပိုမိုလုပ်ကိုင် ပေးနေရတတ် ပါတယ်။ ဝေယျဝစ္စကုသိုလ်များလဲ လုပ်သင့်တဲ့နေ့ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

17.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၈)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၁)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ အရ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ် တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ယုတ်မာ၊ရက်ပုပ်၊ရသေ့ကျော်ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ ၃နာရီအထိလဆုတ်တီထိ ၇လုံး၊ကျော်ရင်လဆုတ်တီထိ ၈လုံးဖြစ်ပါတယ်။ ဒီလို နေ့ရက်တွေမှာ မိမိတို့အတွက် စပ်တူကိစ္စတွေ၊ရှယ်ယာကိစ္စတွေမှာ အငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။ ရေလမ်း ခရီးတွေအဆင်မပြေဖြစ်တတ်ပါတယ်။ အပျော်လွန်ကြသူတွေအန္တရာယ်တွေ့နိုင်တဲ့နေရက်မျိုးပဲဖြစ်ပါတယ်။ လုပ် ငန်းရှင်များမိမိဝန်ထမ်းတွေရဲ့ကျန်းမာရေးညံ့တတ်ပါတယ်။ ခရီးတိုထက် ခရီးရှည်ကိစ္စများ လမ်းခရီးအဖုအထစ် များတဲ့နေ့ရက်မျိုးပဲဖြစ်ပါတယ်။

            ညှိနှိုင်းဆွေးနွေးရသောကိစ္စများမဆောင်ရွက်သင့်သေးပါ။ ဒီနေ့မှာ အလုပ်သစ်ရှာခြင်း၊မင်းအစိုးရဌာနဆိုင် ရာကိစ္စများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ အမွေကိစ္စများ အကြီးအကဲတစ်ယောက်ယောက် ဝင်ရောက်ညှိနှိုင်း ပေး ခြင်းဖြင့် အဆင်ပြေသွားတတ်တဲ့နေ့ပါပဲ။ ပွဲစားအလုပ်များ၊အကျိုးဆောင်အလုပ်များ၊ ဆက် သွယ်ရေးအလုပ် များ အဆင်ပြေတဲ့နေ့ရက်ဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၃၈)နာရီမှ (၂၂း၃၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်ရက်ဖြစ်ပေမဲ့ ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်း မရောက်ဘဲမပြီးမသတ်ဖြစ်ရတတ်ပါတယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန် ရှောင်သင့်တဲ့နေ့ပါပဲ။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊ တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုး ငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ပြိဿစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအနည်းငယ်အတ္တ ကြီးကြသူတွေဖြစ်ပါတယ်။ လိုတာထက်ပိုပြီးတော့ ကြွားဝါတတ်တာကိုလဲတွေ့ရတယ်။ ကောင်းတဲ့အချက်က လောက ကြီးကိုဒေါင်ကျကျ ပြားကျကျ နေနိုင်ကြသူတွေဖြစ်ပါတယ်။ လူအထင်ကြီးအောင်ဟိတ်ဟန်ထုတ်တတ်ကြသူတွေဖြစ် ပါတယ်။ ငယ်ရွယ်စဉ်ကံခေတတ်ပေမဲ့ အသက် ၃၀ဝန်းကျင်ကစလို့ ကံမြင့်မားလာတတ်ပါတယ်။ ကံဆိုးတဲ့အချက်က မည်သည့်ဘာသာဝင်ဖြစ်ပါစေ..မိမိပိုင်ဆိုင်မှုတွေကို ဒါနပုံမှန်မလုပ်ရင် ဆေးဖိုးနဲ့ပြန်ကုန်သွားတတ်ပါတယ်။အလှူဒါန အားကောင်းလေ အချမ်းသာဆုံးဘဝကိုရလေပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၈း၅၇) နာရီမှ မနက်(၁၀◌း၂၈)နာရီအတွင်း ကျရောက် နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ   သားသမီးတွေပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား အင်္ဂါ၊ စနေ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ ကြာသပတေး သားသမီးတွေပဲဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် ဖက်ဖူးရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၄၊ ၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပေါင်မုန့်အနည်းငယ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိသိချင်တာတွေကိုသိအောင်ဆောင်ရွက် နိုင်ပါလိမ့်မယ်။ ဒီလိုနေ့ရက်မှာတော့ အလုပ်အတွက် လိုအပ်နေတဲ့ သတင်းအချက် အလက်တွေစုဆောင်းနိုင်ပါလိမ့်မယ်။ကံအနေ အထားအရတော့ ဒီနေ့ကပင်ပန်းရတတ်ပါတယ်။ ကာယနဲ့လုပ်ကြသူတွေလဲ ကာယအားပိုမိုပင်ပန်းနိုင်သလို ဉာဏ်နနဲ့လုပ်ကိုင်ဆောင်ရွက်ရသူတွေလဲ ခေါင်းပူသည် အထိ လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ခရီး ပေါ်လာတာမျိုးတွေ၊ ရုံးခွဲတွေမှာယာယီ တာဝန်ထမ်းဆောင် ရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အိမ်၊ခြံနဲ့ဆက်နွယ် သောစာချုပ်ကိစ္စတော်တော်များများ လက်မှတ်ထိုးဆောင် ရွက် လို့ မသင့်တဲ့နေ့လဲဖြစ်ပါတယ်။

တနင်္လာ

ကံမြင့်မားနေတတ်ပါတယ်။  လုပ်ကိုင်ဆောင်ရွက်သမျှအခက် အခဲမရှိအဆင်ပြေချော့မွေ့နေတတ်ပါတယ်။သူတစ်ပါး ဆီကအ ကူအညီတွေကိုလဲကောင်းစွာရရှိနိုင်ပါတယ်။ ငွေပေး ငွေယူကိစ္စများ၊ ငွေကြေးချေးငှားခြင်းကိစ္စများလဲ ဒီနေ့ မှာ ဆောင်ရွက် လို့ကောင်းပါတယ်။ ပရိဟိတအလုပ်တွေ၊ အသင်းအဖွဲ့ပါတီတွေမှာ ခေါင်းဆောင်အဖြစ်ခန့် အပ်ခြင်း ခံရ တတ်ပါတယ်။ ငွေဖို့ရှိပေမဲ့ ကြန့်ကြာနေတဲ့ငွေတွေက တော့ဒီနေ့မှာပြန်ဝင်လာတတ်ပါတယ်။ ဝန်ထမ်းများ မိမိကြိုး စားမှုကိုအသိအမှတ်ပြုခံရမဲ့ နေ့ရက်ပါပဲ။ အချစ်ရေး၊ မေတ္တာရေးကိစ္စများကို အလေးပေးဆောင်ရွက်နိုင် ပါလိမ့်မယ်။

အင်္ဂါ

တလွဲတွေတွေးပြီး တလွဲတွေလုပ်နေမိတတ်ပါတယ်။ တစ်ဦး တစ်ယောက်ထဲချွန်ပြီးလုပ်ကိုင်ဆောင်ရွက်တာ မျိုး ကိုတော့ရှောင်လိုက်စေချင်ပါတယ်။ မိမိဖြစ်ချင်နေတဲ့ကိစ္စတော် တော်များများကိုတော့ဒီနေ့မှာ ဦးစားမလုပ်သင့်ပါဘူး။ လူမှုရေးပြဿနာတွေမှာတော့ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင် ရင်မပါဝင်တာပိုကောင်းပါတယ်။ လူမုန်းများတတ်လို့ပါပဲ။ ကျန်းမာရေးအဆိုးကြီးမဟုတ်ပေမဲ့ အရေပြားယားယံ တာမျိုးတွေအလွန်မှဖြစ်တတ်ပါတယ်။ ဝလွန်းသူများ ချော်လဲ တတ် ပါတယ်။ မလုပ်ချင်သောအလုပ်များ၊ မကြားချင် သော စကားသံများနှင့် မတွေ့ချင်တဲ့သူများနဲ့ မြင်ရတွေ့ရ ကြား ရ တတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ရေရှည်လုပ်ကိုင်ဆောင်ရွက်သွားရမဲ့ကိစ္စတွေအတွက် ဒီနေ့မှစတင်လို့အလွန်ကောင်းပါတယ်။ ဆရာတစ်ဦးတစ် ယောက်ဆီမှာတပည့်ခံခြင်း၊ပညာယူခြင်းများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ သူများဆွယ်လို့လိုက်လုပ်တဲ့ အလုပ်တွေက ဆိုးကျိုးကိုဖြစ်စေပါတယ်။ လူလိမ်ခံရ တတ်တဲ့အတွက် လောဘကြီးသူ၊ရိုးအသူတွေ အထူးသတိ ထားလိုက်ပါ။ သားဆုပန်တဲ့ကိစ္စများအထူးဆောင်ရွက် နိုင်ပါတယ်။ ကျန်းမာရေးကတော့ အရေးကြီးတဲ့အခန်း ကဏ္ဍ အနေနဲ့ ပါဝင်နေတာကိုတွေ့ရပါတယ်။ ဗိုက်အောက် ဗိုက်နာတတ် သူများဒီနေ့မှာပိုမိုသတိထားလိုက်စေချင်ပါတယ်။

ကြာသပတေး

မိမိလက်အောက်ကဝန်ထမ်းတွေကို ကောင်းစွာစီမံအုပ်ချုပ်နိုင်ပါ လိမ့်မယ်။ မိမိကိုချစ်ခင်လေးစားသူတွေများလာ တတ်ပါတယ်။ ဝန်ထမ်းသစ်ခန့်အပ်ခြင်းများ ကူဖော်လောင်ဖက် ရမဲ့သူတစ်ဦးကိုခေါ်ယူ အလုပ်ပေးခြင်းမျိုး ဒီနေ့မှာ လုပ် ဆောင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးစား  ဆေးသောက်ခြင်း၊ သမားတော်နဲ့ပြသခြင်းမျိုး လုပ် ဆောင်သင့်ပါတယ်။ ဆေးအစွမ်းထက်နေတဲ့နေ့ရက်ဖြစ်တာ ကြောင့်အနာနဲ့ဆေးတွေ့ပြီးသက်သာသွားတတ်ပါတယ်။ အိုးအိမ်သစ်၊ဆိုင်ခန်းသစ်အတွက်စတင်ဆောက်လုပ်ခြင်း ပန္နက်ရိုက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။

သောကြာ

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းမွန်မှန် ကန်တဲ့ လုပ်ဆောင်မှုမျိုးရှိဖို့လိုပါတယ်။ အချိန်ဆွဲ ပျင်း ရိနေတဲ့ အကျင့်ကိုအထူးပြင်လိုက်ပါ။  ပေါ့ပျက်ပျက်လုပ်တဲ့ သူများသေချာပေါက်ဒုက္ခရောက်ရတတ်ပါတယ်။ ကုန် လှောင်ခြင်းကိစ္စ တွေကိုလဲ အထူးပဲသတိရှိစေချင်ပါတယ်။ အတူနေညီအကိုမောင်နှမတွေနဲ့စကားများရ တတ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လက်လွန်ထားရင်ဆုံးပါး တတ်ပါတယ်။ ဈေးရောင်း၊ဈေးဝယ်လုပ်သူများ အရောင်း အဝယ်အေးပါလိမ့်မယ်။ ငွေကြေးနဲ့ပတ် သတ်ပြီးတော့လဲ ရင်းနှီးမြုပ်နှံတာတွေမလုပ်ပါနဲ့။ ကျန်းမာရေးအနည်း ငယ် အားနည်းနိုင်ပါတယ်။

စနေ

အလုပ်တွေကောင်းပေမဲ့ ငွေကြေးကိစ္စတွေမှာတော့ စကားအခြေအတင်ပြောပြီးမှပဲအဆင်ပြေတတ်ပါ တယ်။လုပ်ငန်း ခွင်အတွင်းလိုအပ်နေတဲ့ စက်ပစ္စည်းတွေကိုဝယ်ယူ ခြင်း၊အစားထိုးလဲလှယ်ခြင်းများလဲအထူးဆောင် ရွက်နိုင် ပါလိမ့်မယ်။ လျှိုဝှက်သင့်တဲ့ ကိစ္စတွေရှိရင်လဲလျှိုဝှက် ဆောင်ရွက်တာအကောင်းဆုံးပါပဲ။ တကယ်ကိုမိတ်ဆွေကောင်း တွေရဲ့ အကူအညီတွေရလာတတ်ပါတယ်။ စိတ်ထဲ လိုချင်တောင်းတနေတဲ့ ကိစ္စတွေလက်တွေ့ဖြစ်လာတတ်ပါတယ်။ လက်ဆောင် ကောင်းတွေရလွယ်ပါတယ်။ အနာဂတ်အတွက် target ထားကြိုးစားခြင်းများ ဒီနေ့မှာစတင်သင့်ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

16.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၇)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၁)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

မွန်းလွဲ ၁နာရီအထိကဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ ဒါကြောင့် မွန်းမလွဲခင် ဆောင်ရွက်မယ်ဆို ဆောင်ရွက်လို့ရပါတယ်။မွန်းလွဲသွားရင် ဆောင်ရွက်မှုမပြုတာ ကောင်းပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ ဝါရမိတ္တုငယ်၊ သမားဖြူ၊ ရက်ပုပ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ ၁နာရီအထိလဆုတ်တီထိ ၆လုံးပါ။ ကျော်သွားရင်တော့ လဆုတ် တီထိ ၇လုံးဖြစ်ပြီးတော့ ဘဒြာတီထိကိုကောင်းစွာကူးပြောင်းသွားပါလိမ့်မယ်။ လက်မှုပညာနဲ့ပတ်သက်သောအလုပ်များ လဲ အထူးကောင်းပါတယ်။လမ်းဖောက်လုပ်ခြင်း၊ တံတားစတင်ဆောက်လုပ်ခြင်းများအထူးကောင်းပါတယ်။

ကျောက်မျက်ရတနာများကို ဝတ်စားဆင်ယင်ခြင်း၊အဝတ်အစားအသစ်များဆင်မြန်းဝတ်ဆင်ခြင်းအထူးကောင်း ပါ တယ်။ ယာဉ်ကားနဲ့ပတ်သက်သောအလုပ်များ၊ လိုင်းဆွဲခြင်း၊ကုန်စည်ပို့ဆောင်ခြင်းအလုပ်များ၊ဘုရားဖူးအလုပ် များ အလွန်ကောင်းပါတယ်။

ဝီရိယအကျိုးကိုခံစားရမဲ့နေ့ရက်ဖြစ်တာကြောင့် လုံ့လဝီရိယကိုတိုးပြီးလုပ်ကိုင်ပါ။ ကျောက်မျက်ရတနာများ ရေနံ့နှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းများဒီနေ့မှာစတင်ဆောင်ရွက်နိုင်ပါတယ်။ မျိုးစေ့ကြဲခြင်း၊သစ်ပင်စိုက်ခြင်း၊ ဥယျာဉ်ခြံ လုပ် ငန်းများအထူးကောင်းပါတယ်။

ဒီနေ့မှာ ကုန်သွယ်ခြင်းတွေ၊ပစ္စည်းလှောင်ခြင်းတွေကိုအထူးရှောင်သင့်ပါတယ်။အမှုပြဿနာတွေအဖြစ်မခံပါနဲ့။ ဖြစ်ပါ ကဖြေရှင်းရန်ခက်ခဲသွားတတ်ပါတယ်။အဆောက်အဦးပြင်ဆင်ခြင်း၊တိုးချဲ့ခြင်းပြုမိပါကရန်ပြဿနာတွေကိုဖြစ်ပွားစေပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၄၂)နာရီမှ (၂၂း၃၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆို ရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်း မြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင် ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာ မျိုး လဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊ ပြိဿ စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနစ်နာခံတတ် ကြသူတွေဖြစ်ပါတယ်။ ကောင်းသောစိတ်လေးတွေရှိတတ်ကြပြီး တစ်ပါးသူကို ကူညီလိုစိတ်တွေ များပြားကြပါတယ်။ ကျန်းမာရေးအားနည်းချက်တချို့ပါလာတတ်ပေမဲ့ အဆိုးကြီးမဟုတ်ပါဘူး။ လူချစ်လူခင်များပြီးအရာရာကူညီတတ်တာ ကြောင့် အလုပ်လုပ်ရာမှာလဲ မိတ်များ၊ဖောက်သည်များမဲ့သူတွေဖြစ်ပါတယ်။ အသက်၂၈နေ အသက်၄၂အတွင်း အအောင်မြင်ဆုံးဘဝကိုတည်ဆောက်နိုင်မဲ့သူတွေဖြစ်ပါတယ်။ အသုံးအဖြုန်းနားလည်ဖို့ပဲလိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀◌း၂၉) နာရီမှ မွန်းတည့်(၁၂း၀၀)နာရီအတွင်း ကျ ရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ စနေ      သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား သောကြာ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင်၊နီညိုရောင်          များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၀၊၄၊၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နာနတ်ယိုစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းယိုပါသောမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စိတ်၏ချမ်းသားခြင်းတွေ၊ကိုယ့်၏ကျန်းမာခြင်းတွေရှိပါ လိမ့်မယ်။ အလုပ်ခွင်မှာလဲ အခက်အခဲမရှိဘဲ တစ်နေ့တာ ကို ကုန်ဆုံးသွားနိုင်ပါလိမ့်မယ်။လိုအပ်နေတဲ့အကူအညီ မျိုးတွေလဲ မိမိနီးစပ်သူမှန်သမျှတောင်းခံနိုင်ပါလိမ့်မယ်။ လူြ ကီးသူမတွေရဲ့ချစ်ခင်ခြင်းကိုလဲခံရတတ်ပါတယ်။ အချစ်ရေးကံအထူးကောင်းပါတယ်။ ချစ်သူဆီကအကူအညီ တေ ွလဲရလွယ်ပါတယ်။ တရားဓမ္မတွေနာယူမှတ်သားအထူးကောင်းပါတယ်။ ပွဲစားအလုပ်များ၊ကိုယ်စားလှယ် အလုပ်များ၊ အကျိုးဆောင်လုပ်ငန်းများလဲအထူး အဆင် ပြေအောင်မြင်တတ်ပါတယ်။ အလုပ်ရာထူးတိုး တတ်ခြင်း တွေ လဲကြုံ ရ တတ်ပါတယ်။

တနင်္လာ

အတွေးသစ်စိတ်ကူးသစ်တွေရလာတတ်ပါတယ်။ရလာတဲ့စိတ်ကူတွေကိုလဲလက်တွေ့အကောင်အထည် ဖော် ဆောင် ရွက်လို့သင့်ပါတယ်။မိမိအပေါ်ကျေးဇူးရှိတဲ့သူတွေကိုလဲကောင်းစွာပြန်လည်ကူညီပေးနိုင်မဲ့ကာလပါပဲ။အလုပ် အတွက် ကောင်းသော အခွင့်အလမ်းတွေရလာတတ်ပါတယ်။ မရည် ရွယ်ဘဲခရီးကိစ္စပေါ်လာတတ်ပါတယ်။ ပညာရေး ကိစ္စတွေ မှန်သမျှ အဆင်ပြေမှုတွေအထူးကြုံရတတ်ပါတယ်။ မိမိ အပေါ်အမြင်မကြည်သူများ မိမိရဲ့သဘောထားအမှန်ကို သိလာပါလိမ့်မယ်။ကာယ၊ဉာဏ်နအပင်ပန်းခံပြီးလုပ်ပါ။ ကိုယ့်တစ်ယောက်အတွက်ပဲ မကြည့်ဘဲ အများအတွက် ကြည့်ပြီးလုပ်ပါ။ ဒါမှပဲ ဒီနေ့မှာအဆင်ပြေပါလိမ့်မယ်။

အင်္ဂါ

မိသားစုထဲမှာ တနင်္လာသားသမီးရှိရင်ထိုသူနဲ့စကားများရ တတ်ပါတယ်။ စက်ပစ္စည်းတစ်ပတ်ရစ်ဝယ်မယ်ဆိုရင်လဲ သေချာ စစ်ဆေးဝယ်ပါ။ အနာအဆာပါတဲ့ပစ္စည်းမျိုးရ တတ်တဲ့နေ့ရက်မို့ပါပဲ။ အများပိုင်ငွေများခဏသိမ်းခိုင်းရင် လက်မခံ ပါနဲ့။ သူများငွေကြောင့်မိမိပါဒုက္ခရောက်နိုင်လို့ ပါပဲ။ချစ်သူနဲ့ခွဲခွာနေရတတ်ပါတယ်။ စိတ်တို၊စိတ် ဆတ်တဲ့ သူငယ်ချင်း တွေနဲ့ဒီနေ့မှာမတွဲလိုက်ပါနဲ့။ ခရီးရှည်ထွက် တာမျိုးဒီနေ့မှာလုပ်မိရင် ခရီးပန်းပြီးကျန်း မာရေးအားနည်းသွားတတ်ပါ တယ်။ အလုပ်စီးပွားကောင်းပေမဲ့ မိမိက အလုပ်ထဲမှာအားမထည့်နိုင်တာကြောင့် ထင်သလောက်အကျိုးမရှိဖြစ် ရ တတ်ပါတယ်။

ဗုဒ္ဓဟူး၊ ရာဟု

အသောက်အစားအပျော်အပါးလုပ်ဖို့စွဲဆောင်မဲ့သူတွေ ၊ မဟုတ်တာလုပ်ဖို့ ခေါ်မဲ့မိတ်ဆွေတွေလဲကြုံရတတ် ပါတယ်။ ရေလမ်းခရီးသတိပြုသင့်တဲ့နေ့ရက်ပါပဲ။ မိမိရေမကျွမ်း ကျင်ဘဲ ရေကူးခြင်းတွေ၊ရေဆော့ခြင်းတွေအထူးရှောင် သင့်ပါတယ်။လုပ်ကိုင်ဆောင်ရွက်ရမဲ့အလုပ်မှန်သမျှအဖျက် ဝင်တတ်ပါတယ်။ စကားအပြောအဆိုဆင်ခြင်ပါ။ ကောင်းသောစကားဖြစ်ပါစေ ။မပြောမတတ်ရင်လူမုန်းသွားတတ် ပါတယ်။လုပ်ငန်းလိုအပ်ချက်ကြောင့် အချိန်ပို တွေလဲဆင်းနေရတတ်ပါတယ်။ ငွေကဝင်သလောက် အဟောသိကံ ပြန်ကုန်သွားတတ်ပါတယ်။ ပစ္စည်းများအထားမှား  ပြီးပျောက်ရှတတ်ပါတယ်။

ကြာသပတေး

ခေါင်းကြည်၊စိတ်ကြည်နေပြီး သတ်မှတ်ထားသည်ထက် ပိုမိုလုပ်ကိုင်ဆောင်ရွက်သွားနိုင်ပါ လိမ့်မယ်။အ လုပ်ခွင်  ထဲမှာလုပ်ကိုင်ဆောင်ရွက်နေတဲ့ကိစ္စတော်တော်များများကို လဲ မိမိအကြံအစည်စိတ်ကူးကြောင့် ပိုမိုတိုးတတ်ပါ လိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးတွေ၊လူအများနဲ့ပူးတွဲလုပ်ရတဲ့  အလုပ်တွေအဆင်ပြေအားကောင်း နေတတ်ပါတယ်။ ဖခင်ဒါမှမဟုတ်ဦးကြီးဘကြီးတွေဆီက အကူအညီတွေရ လွယ်မဲ့နေ့ရက်ပါပဲ။ အဓိဋ္ဌာန်ဝင်ခြင်းတွေကိုတော့ စတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။အိုးအိမ်ပြင်ဆင်တာ မျိုးတွေ ၊အိမ် ထောင်ပရိဘောဂများ အဟောင်းလဲပြီး အသစ်အစားထိုးတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။

သောကြာ

စိတ်ရှုပ်ထွေး၊စိတ်နောက်နေတတ်ပါတယ်။ ဒါကြောင့်အရေး  ကြီးကိစ္စတွေကို ဒီနေ့မှာပြောဆိုဆုံးဖြတ် လို့ မသင့်ပါဘူး။ အလုပ်တွေကိုခဏမေ့ထားပြီး စိတ်အပန်းဖြေတာမျိုးက တော့ မိမိအတွက်ပိုကောင်းပါတယ်။ ဆေးဝါးနဲ့ပတ်သက် သော အလုပ်များ၊ စားသောက်ကုန်လုပ်ငန်းများ အဆင် ပြေတိုးတတ်နိုင်ပါတယ်။ သားသမီးတွေ၊အောက်လက် ငယ်သားတွေကို ပြောဆိုဆုံးမလို့ခက်ခဲနေတတ်ပါတယ်။ အလုပ်များနေတဲ့အတွက်အရေးကြီးတာတွေ ကိုဦးစား ပေးလုပ်တတ်ဖို့လိုပါတယ်။ စိတ်ထဲရှိတာတွေလျှောက်လုပ် လို့မသင့်ပါဘူး။ ဦးနှောက်နဲ့တွေးပြီးမှလုပ်ကိုင်ဆောင်ရွက် လိုက်ပါ။

စနေ

အလုပ်ခွင်အတွင်းလုပ်ပိုင်ခွင့်တွေအများကြီးရလာတတ်ပါ တယ်။ ဝန်ထမ်းများအသစ်ခန့်အပ်ခြင်း၊ လက်ရှိဝန် ထမ်းတွေ သင့်တော်သလိုစီမံခြင်းများလဲဆောင်ရွက်နိုင်ပါတယ်။ အဝေးရောက်နေတဲ့မိတ်ဆွေတွေ ၊သူငယ်ချင်း တွေနဲ့ပြန်ဆုံရတတ်ပါတယ်။ လူမှုရေးအသင်းအဖွဲ့တွေမှာဦးဆောင် လုပ်ကိုင်ပေးရတတ်ပါတယ်။ရွှေ ဝယ် မယ်ဆိုဒီနေ့မှာသင့်တော်ပါတယ်။ အိမ်တွင်းရေးအပူတွေငြိမ်းအေးသွားပါလိမ့် မယ်။ သူတစ်ပါးတွေရဲ့အကူ အညီတွေကိုလဲရလွယ်ပါတယ်။ ဘာသာရေးနှင့်နွယ်သောပညာများလဲ အထူးရလွယ် ပါတယ်။ အလှပြင်ခြင်း၊ အလုကုန်ပစ္စည်းဝယ်ယူခြင်းများ ဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

15.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၆)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၀)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၁၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

တီထိမြေခံအရမွန်းတည့်၁၂နာရီနောက်ပိုင်း ဗုဒ္ဓဟူးမြေခံဖြစ်ပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူ ရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် မွန်းလွဲချိန်ကစ၍ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်း တွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက် ရိုက်တာ တွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ဝါရမိတ္တုကြီး၊ သမားဖြူ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းတည့် ၁၂နာရီအထိက လဆုတ်တီထိ ၅လုံး၊ကျော်ရင်တော့ လဆုတ်တီထိ ၆လုံးကိုကူး ပြောင်းပါတယ်။ မြင့်တတ်ခြင်း၊ပျော်ရွှင်ခြင်း တွေကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့ရက် မှာတော့ အလုပ်အကိုင်ကိစ္စများ ပြောဆို အဆင်ပြေတတ်ပါတယ်။ မိမိတင်ပြချင်တာတွေကို တင်ပြတောင်းဆိုလို့ အလွန်ကောင်းပါတယ်။ စိတ်ထဲလိုချင်တာ တွေကိုလဲ လက်တွေ့ကြိုးစားရယူနိုင်ပါလိမ့်မယ်။ ပြဿနာများအခက်အခဲ များဖြေရှင်းရန် ရက်ကောင်းပဲဖြစ်ပါ တယ်။

ဒီလိုနေ့မျိုးမှာ အဆင့်မြင့်နည်းပညာတွေကိုလေ့လာတာမျိုးတွေ၊ ကုန်ပစ္စည်းအသစ်တစ်ခုခုကို မိတ်ဆက်ပွဲလုပ်တဲ့ ကိစ္စမျိုးတွေအထူးပဲအောင်မြင်နိုင်ပါတယ်။ ထီကံမြင့်မားနေတဲ့အတွက် ၇ရက်သားသမီးများထီကံစမ်းလို့အလွန်ပဲ ကောင်းပါတယ်။ ဘဏ်လုပ်ငန်းနှင့်ဆက်စပ်သမျှအဆင်ပြေတတ်ပါတယ်။

အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်ကိစ္စများအဆင်ပြေတတ်သလို၊စေတီပုထိုးပြုပြင်ထိန်းသိမ်းခြင်းများကိုလဲ ဒီနေ့ မှာအရေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိသားစုများ၊သူငယ်ချင်းများနဲ့ အပျော်ခရီးများ အပန်းဖြေခရီးများ သွားလို့ အထူးပဲသင့်လျော်ပါတယ်။အနုပညာအလုပ်များ၊ပန်းချီ၊ပန်းပု၊ဂီတ၊သီချင်းစတာတွေနဲ့ပတ်သက်ဆက်နွယ်သောအလုပ် များအထူး အကျိုးပေးအောင်မြင်တတ်ပါတယ်။ ကျောက်မျက်ရတနာများ ဖြတ်ခြင်း၊သွေးခြင်း၊ ရောင်းချခြင်း အလုပ် များလဲ အထူးအဆင်ပြေတာကိုတွေ့ရပါတယ်။ ကြွေးဟောင်းများ လက်လွန်နေတဲ့ ငွေကြေးများလဲ ပြန်လည် တောင်းခံ နိုင် ပါလိမ့်မယ်။ယနေ့မနက် ၉နာရီခွဲကနေ ၁၁နာရီအတွင်း အရေးကြီးလွန်းသောကိစ္စမှန်သမျှရှောင်ပါ။

ဒီနေ့မှာ ငွေပေး၊ငွေယူကိစ္စတွေကိုအလွယ်မလုပ်ပါနဲ့။ ဖြစ်နိုင်ရင်တော့ စာရွက်စာတမ်းနဲ့လက်မှတ်ထိုးပြီး ပေးပါ။ နောင်အငြင်းပွားစရာဖြစ်လိမ့်မယ်။ဒီနေ့ရက်အတွင်း ခိုက်ရန်ဒေါသဖြစ်တာကနေ ပြင်းထန်တဲ့သွေးထွက်သံယိုတွေ ဖြစ် တတ်ပါတယ်။ ရန်စလာရင် ရန်ရှောင်ကြပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၄၆)နာရီမှ ည(၂၂း၃၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးနဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စ တွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကား ပြောခြင်းများလဲရှောင်သင့်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်းပါ ဘူး။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  မိဿစန်း၊ ည၆နာရီခွဲကျော်ရင်ပြိဿစန်းကိုပြောင်းသည်။ သိဟ်ရာသီဖွား ဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်းတယ်။ သို့သော်လက်တွေ့အကောင်အထည်ဖော်ဖို့ လေးဖင့်နေတတ် ပါတယ်။ ကံကောင်းစေတဲ့အချက်ကတော့ ငွေကြေးရလွယ်တယ်။ဖခင်၊အဘိုး၊ဦးကြီးဘကြီးတွေရဲ့ အထောက်အပံ့ရ တယ်။ ဒီလိုဇာတာမျိုးတွေကအများအားဖြင့် မိဘတွေက အိမ်ခြံ အလုပ်စသည်ဖြင့် အကုန်စီစဉ်ပေးပြီးဘဝမှာရေကန် အသင့် ကြာအသင့်ဆိုသလို အဆင်ပြေတတ်သူတွေဖြစ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တာ၊ ငါလောက်ဘယ်သူမှမသိ ဘူးဆိုတဲ့ အတ္တမာနတွေကြောင့်သာ ဘဝမှာအခက်အခဲများသွားစေနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၃၃) နာရီမှ ညနေ(၀၃း၀၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ အင်္ဂါ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ စနေ၊ ဗုဒ္ဓဟူး သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်၊အစိမ်းရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။     

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၈၊၂၊၇)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့အရပ်ကိုမျက်နှာ မူပြီး ၃၁ဘုံကိုမေတ္တာပို့သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီး ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကံသင့်နေပါတယ်။ အရာရာတိုင်း ပုံမှန်အနေအထား လည်ပတ်သွားနိုင်ပါလိမ့်မယ်။  မိမိကြိုးစားခဲ့လို့နေရာရပြီ ဆိုရင်လဲ တိုက်ခိုက်မဲ့သူတွေ၊မနာလိုသူတွေနဲ့ပြည့်နှက်နေ တတ်ပါတယ်။ အလုပ်ရှာနေသူများအလုပ်ရတတ်ပါတယ်။ အမွေကိစ္စအရှုပ် အရှင်းတွေရှိခဲ့ရင်ဒီနေ့မှာပြေလည်မှု တွေအထူးရရှိတတ်ပါတယ်။ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားအား ထုတ် နေရတတ်ပါ တယ်။အလုပ်အကိုင်အသစ်တွေကို လုပ်ကိုင်ခွင့်ရလာတတ်ပါတယ်။ မိန်းမကိစ္စအရှုပ်အရှင်းကင်း ဖို့လိုပါတယ်။ အလှူမင်္ဂ လာကိစ္စများ ကြုံကြိုက်တတ် ပါတယ်။ မိမိရဲ့ကြိုးစားမှုတွေကြောင့်ရလဒ်ကောင်း တွေရရှိ မဲ့နေ့ပါပဲ။

တနင်္လာ

ကြိုးစားခဲ့သမျှအရာထင်အောင်မြင်ပါလိမ့်မယ်။ အစိုးရ ဌာနဆိုင်ရာနှင့်ဆက်စပ်လုပ်ကိုင်ရတဲ့ကိစ္စတွေအဆင် ပြေ တတ် ပါတယ်။ အလုပ်လျှောက်လွှာတင်ခြင်းတွေ၊ အလုပ် စာမေးပွဲဖြေခြင်းတွေကရလဒ်ကောင်းစေပါလိမ့်မယ်။ အိမ် အတွက်လိုအပ် တဲ့အိမ်ထောင်ပရိဘောဂတွေဝယ်ယူမယ် ဆိုရင်လဲဒီနေ့ကအကောင်းများပါတယ်။ စိတ်ထဲလိုချင် နေတဲ့ အရာတွေရလာတတ် ပါတယ်။ ဘာသာရေးအတွက် အချိန်ပေးလုပ်ဆောင်လာနိုင်မဲ့နေ့ရက်ပါပဲ။ အထောက် အပံ့ ကောင်းတွေရလွယ် နေတာ ကိုတွေ့ရပါတယ်။ရာထူး အပြောင်းအလဲရှိခဲ့ရင် ဒီနေ့ရာထူးတိုးသွားနိုင်ပါတယ်။ သား သမီးအကျိုးလဲ ခံစားရမဲ့နေ့ပါပဲ။

အင်္ဂါ

အလုပ်အကိုင်အတွက် စိတ်ချမ်းသာရပါလိမ့်မယ်။ လူအများရဲ့ချစ် ခင်လေးစားခြင်းကိုခံရတတ်ပါတယ်။ ပရဟိတ အလုပ် များ၊ကယ်ဆယ်ရေးနဲ့ပတ်သက်သောအလုပ်များလဲ ကူညီ လုပ်ကိုင်ပေးရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ လက်ထပ်ဖို့ထိ တိုင်ပင်ဆွေးနွေးအစီအစဉ်ဆွဲလို့ကောင်းတဲ့ နေ့ရက်မျိုးပါပဲ။ ဝင်စရာရှိတဲ့ငွေကြေးဥစ္စာတွေဒီနေ့မှာ ထူးထူးခြားခြားဝင်လာ တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုလဲ ဝန်ထမ်းတွေနဲ့ချစ်ချစ်ခင်ခင် လက်ပွန်းတသီး လုပ်ကိုင် တာက ပိုမိုအဆင်ပြေနိုင်ပါတယ်။ ဘဏ်စာရင်းဖွင့်ပြီး ငွေစတင်စုဆောင်ခြင်းမျိုးကဒီနေ့မှာကောင်းမွန်ပါတယ်။ ကျန်း မာရေးအတွက်စိတ်ချမ်းသာရပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ အားရစရာကောင်းပါ လိမ့်မယ်။ ကိုယ်ပိုင်စီးပွားတွေကတော့ အော်ဒါတွေ များ များ ရလာတတ်ပါတယ်။ ဝန်ထမ်းတွေကတော့ လုပ်နေကျ အလုပ်တွေအပြင် တာဝန်တွေပိုလာစရာရှိ နေတတ် ပါ တယ်။စက်ကား၊ယန္တရားမောင်းနှင်သူများ မိမိစက်ကားချူ ခြာနေတာကြောင့် အလုပ်မဖြစ်တာမျိုးကြုံရ တတ်ပါ တယ်။ အောက်လက်ငယ် သားတွေကို ဖိအားအလွန်ပေးသူများ အောက်လက်ငယ်သားတွေပြန်လည် တော်လှန် ပြောဆိုတာ မျိုးတွေရှိလာတတ်တဲ့ နေ့ရက်ပါပဲ။ စာရင်းဇယားတွေကို သေချာအောင်လုပ်စေချင်ပါတယ်။ ကျန်းမာရေး ကတော့ အနည်းငယ်ညံ့နေတတ်ပါတယ်။

ကြာသပတေး

မိမိရဲ့လိမ္မာပါးနပ်မှု၊ဆုံးဖြတ်ချက်တွေမှန်ကန်တိကျမှုတွေ ကြောင့် ထင်ထားသည်ထက်ပိုမို အဆင်ပြေနိုင်တာ တွေ့ရ ပါတယ်။ လုပ်ကိုင်ဆောင်ရွက်သမျှ အထက်လူကြီးဒါမှမ ဟုတ် မိမိလေးစားရတဲ့ဆရာသမားတွေကို တိုင်ပင် လုပ်ကိုင် ခြင်း ဖြင့်ပိုမို အောင်မြင်တတ်ပါတယ်။ ကိုယ်ပိုင်အလုပ် များစီးပွားတိုးတတ်နိုင်ပါတယ်။ မိမိချဲ့ထွင်ဆောင် ရွက်ချင် တာ လေးတွေကိုလဲ ထူးထူးခြားခြားလုပ်သွားနိုင်ပါလိမ့် မယ်။ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ကိစ္စ တွေရှိရင် တော့ ဒီနေ့မှာ စိတ်ထဲရှင်းသွားပါလိမ့်မယ်။စီးပွားရေးနဲ့ပတ်သက်သော သင်တန်းများတတ်ရောက် ခြင်း၊ စီးပွား ရေး ပညာများ သင်ယူ ခြင်းမျိုးလဲ အဆင်ပြေပါလိမ့်မယ်။

သောကြာ

အကြပ်အတည်းအခက်အခဲလေးတွေရှိနေတတ်ပါတယ် ။ ဒါပေမဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့လိုပါတယ်။ အမှုအခင်းများ၊ ပြဿနာ များမဖြစ်အောင်နေထိုင်သင့်ပါတယ်။  လူအများဆီကအကူအညီတွေကိုမရရှိဘဲ ကိုယ့်အားကိုယ်ကိုး နေရ တတ်ပါတယ်။ အောက်လက်ငယ်သားတွေက ထင်သလောက်အားမကိုးရတဲ့နေ့ရက်မျိုးပါပဲ။ ရုတ်တရက်ခရီးကိစ္စ ပေါ် လာ တတ်ပါတယ်။  နိုင်ငံ ခြားခရီးစဉ်မျိုးတွေ လဲ ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့အားနည်းနေတာကို သိစေ ချင်ပါတယ်။မိမိတို့ ဖြစ်ချင်တဲ့ ကိစ္စတွေကို မလုပ်ဘဲ သူများတွေဖြစ်ချင်တာတွေကိုဖြည့်ဆည်းလိုက်ပါ။

စနေ

ခရီးကိစ္စတွေစီစဉ်ထားရင်ပျက်ရတတ်ပါတယ်။လုပ်ကိုင်ဆောင် ရွက်သမျှတွေကအရာမရောက်ဘဲ လူမှုရေးကိစ္စတွေ၊ သာရေးနာရေးကိစ္စတွေအတွက်အချိန်ကုန်လူပန်းဖြစ်ရတတ် ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ လုပ်ရှား သွားလာ ရတာများရင်တော့ ကိုယ့်လက်ကိုက်ခဲပြီးဖျားနာ တတ်ပါတယ်။ မိမိအဖိုးတန်ပစ္စည်းများလက်လွှတ်စပယ် မထားလိုက်ပါ နဲ့။ပျောက်ရှရတတ်ပါတယ်။ အမှုဟောင်း ပြဿနာဟောင်းတွေပေါ်လာတတ်ပါတယ်။ လျှို့ဝှက်ချက်ကို ဘယ်သူကို မှယုံကြည်ပြီးတော့ မဖွင့်ပြောသင့်တဲ့ နေ့ရက်ပါပဲ။ စီးပွားရေးနဲ့ ပတ်သက်ရင် ပုံမှန်တိုးတတ်ပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

12.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒိနေ့နံနက်(၀၅း၁၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၅း၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နတ်မြေခံဖြစ်ပါတယ်။ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။

တီထိမြေခံ အရ မွန်းတည့် ၁၂နာရီအထိက ရာဟုမြေခံ၊ကျော်ပါက စနေမြေခံဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက် ရိုက် တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ အမြိတ္တစုတ်၊ နဂါးပေါ်ရက်၊ ရှမ်းရက် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းတည့် ၁၂နာရီအထိ လဆုတ်တီထိ ၂လုံး၊ကျော်ရင် လဆုတ်တီထိ ၃လုံးကိုကူးပြောင်း ပါတယ်။ဒီနေ့မှာ စပ်တူကိစ္စများဆောင်ရွက်လို့မသင့်သေးပါ။ ရေရှည်ကိစ္စများ၊နှစ်ရှည်ဆောင်ရွက်ရမဲ့ကိစ္စများဒီနေ့ မှာစတင်ကြံစည်လုပ်ကိုင်လို့ကောင်းပါတယ်။ စပ်တူအလုပ်များ သဘောထားမတိုက်ဆိုင်တာမျိုးတွေကြုံရတတ်တဲ့နေ့ ရက်ဖြစ်ပါတယ်။ ရပ်ဝေးသို့စတင်ထွက်ခွာခြင်းများဒီကာလမှာ ကြုံရဆုံရတတ်ပါတယ်။

            ဒီလိုနေ့မျိုးမှာ တိရိစ္ဆာန်များရောင်းခြင်း၊ဝယ်ခြင်းကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ဧည့်ခံပွဲကျင်းပခြင်း၊ ရတနာပစ္စည်းစူးစမ်းရှာဖွေခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင် ခြင်းများအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ထီးတင်ခြင်း၊ဘုရားထုလုပ်ခြင်း၊ကြေးသွန်းလောင်းခြင်းများဆောင်ရွက် လို့ ကောင်းပါတယ်။

            ကျက်သရေမဂ်လာကို  ဦးစားပေးတဲ့နေ့ရက်ဖြစ်တာကြောင့် ကျက်သရေယုတ်စေတဲ့ ဒုစရိုက်၁၀ ပါးကိုရှောင် ကြည်ပြီးနေထိုင်ရင်အလွန်ကောင်းပါတယ်။ကျန်းမာရေးနှင့်ပတ်သက်ပြီးတော့လဲ ဆေးထိုး ဆေး သောက်ခြင်း၊ သမား တော် တွေနှင့်ပြသခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။

အဝတ်အစားအသစ်များ ချုပ်လုပ်ခြင်၊စတင်ဆင်မြန်းခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ပွဲစားအလုပ်များ ကြားကနေ စေ့စပ်ပေးရတဲ့အလုပ်များ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ မင်းအစိုးရနှင့်ပတ်သက်သောကိစ္စများ၊ဌာန ဆိုင်ရာနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်နိုင်ပါတယ်။ ကျောက်များ၊ရတနာများ၊ရွှေနှင့် သတ္တုပစ္စည်းများ စတင်တူးဖော်လို့ အထူးကောင်းပါလိမ့်မယ်။ ဆန်စပါး  ၊ပဲပြောင်းများ စတင်စိုက်ပျိုးလို့ကောာင်းတဲ့နေ့ရက်ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၅၈)နာရီမှည (၂၂း၅၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါ  လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  မိန်စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ပျော်ပျော်နေ တတ်ကြသူတွေဖြစ်ပါတယ်။ ဟဒယဉာဏ်ရှိပြီးတော့ လူတွေကိုပျော်အောင်လုပ်ပေးကြသူတွေဖြစ်ပါတယ်။ငွေကြေးစီး ပွားအရှာကောင်းကြသူတွေဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းပြီးတော့ တောရုံဖျားနာတာမျိုးမရှိတဲ့သူတွေဖြစ်ပါ တယ်။ အသက် ၂၄ကျော်တာနဲ့ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ပြီးတော့ အအောင်မြင်ဆုံးဘဝကိုမိမိအစွမ်းအစနဲ့ တည်ဆောက်နိုင်မဲ့သူဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၇◌း၂၅) နာရီမှ နံနက်(၈း၅၈)နာရီအတွင်း ကျရောက် နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်၊အနီရောင်    များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။          

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၃၊၇၊၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆီးယိုစားပြီး သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အကြပ်အတည်းအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရတတ် ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အထူး ဂရုစိုက်ရတတ် ပါတယ်။ ငွေအလိမ်ခံရတတ်ပါတယ်။အလုပ်တွေက ရှေ့တိုးရခက်၊နောက်ဆုတ် ရခက်အနေအထားမျိုးတွေကြုံရ တတ်ပါတယ်။ တတ်နိုင်သမျှဘာလုပ်လုပ်ချင့်ချိန်စဉ်း စားပြီးမှ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။  ညီအကိုမောင်နှမတွေနဲ့ စိတ်ဝမ်းကွဲစရာကိစ္စမျိုးတွေပေါ်လာတတ်ပါတယ်။ အလုပ်စီးပွားတွေ မှာတော့ ကုန်သွယ်စီးပွားနှင့် လက်ကား လုပ်ငန်းကြီးများ အခက်အခဲများနိုင်ပါတယ်။ အားနာ တတ်တဲ့စိတ် ရှိသူဆိုရင်တော့ ဒီနေ့မှာဒုက္ခရောက်တတ်ပါတယ်။

တနင်္လာ

လန်းဆန်းတတ်ကြွနေပါလိမ့်မယ်။ ဘာလုပ်လုပ်စိတ်ပါလက် ပါလုပ်ကိုင်နေမိတတ်ပါတယ်။ လူအများနဲ့လဲ လိုက်လျော ညီထွေလုပ်ကိုင်ဆက်ဆံနိုင်တာကြောင့်ပဲ ဒီနေ့မှာအလုပ် တွေပိုမိုတိုးတတ်စေပါလိမ့်မယ်။ ဆက် သွယ်ရေးနဲ့ပတ်သက် သောအလုပ်များ၊ ကြားခံဆောင်ရွက်ပေးရတဲ့ အကျိုး ဆောင်အလုပ်၊ ပွဲစားအလုပ်များ အဆင်ပြေတတ်ပါတယ်။ အိမ် ပြုပြင်ခြင်းများ၊ အခန်းဖွဲ့ခြင်းများ ဆောင်ရွက်လို့သင့် ပါတယ်။ အထက် လူကြီးကိုပြောချင်တဲ့စကားတွေတင် ပြ တောင်းဆိုလို့ကောင်းပါတယ်။ ဒီနေ့မှာအားနည်းချက်တစ် ခုကကျန်းမာ ရေးပါ။ ရောဂါဝေဒနာတစ်ခုခံစားရရင်တော့ မပေါ့သင့်ပါဘူး။

အင်္ဂါ

လိုအပ်ချက်တွေများနေတတ်ပါတယ်။ အဘက်ဘက်ကမိမိ ဆန္ဒတွေပြည့်ဝဖို့မလွယ်ပါဘူး။ ဆန္ဒတွေချိုးနှိ မ်ပြီးတော့ လုပ်သင့်တာတွေကိုလဲအထူးဦးစားပေးလိုက်ပါ။ ကျန်းမာ ရေးကတော့ ဒီနေ့မှာစိုးရိမ်စရာ တွေရှိနေတတ်ပါတယ်။ လိုအပ်သည်ထက်ပိုပြီးတော့လဲ အလုပ်တွေများနေတတ် ပါတယ်။ ခြံထဲမှာရှိတဲ့သစ်ပင် တွေခုတ်တာ၊လှဲတာမလုပ် မိပါစေနဲ့။ ကံညံ့သွားတတ်ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး တော့လဲ မစီစဉ်ဘဲခရီး သွားရတတ်ပါတယ်။ ကတိလွယ်လွယ် မပေးမိပါစေနဲ့။ ကတိပေးမိရင် တည်ဖို့ခဲယဉ်းတဲ့ နေ့ရက်မို့ပါ ပဲ။ နေရာပြောင်း၊အလုပ်ပြောင်း၊ ရုံးခန်းပြောင်းဆိုတာ မျိုးတွေလဲ တွေ့ရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်နဲ့ပတ်သက်ပြီးတော့လဲ ကောင်းသောအကျိုးဆက် တွေကိုရလာတတ်ပါတယ်။ အလုပ်အကိုင် အခွင့်အ လမ်းတွေ၊ အချိတ်အဆက်တွေရလွယ်ပါတယ်။ သတိထားရမဲ့ အချက်ကတော့ဘာလုပ်လုပ်မလောပါနဲ့။ အချိန်ယူပါ။ အချိန်ပေးပါ။ ဒီနေ့မှာချက်ချင်းထလုပ်အဆင်ပြေတာထက် ပြဿနာတတ်တာကပိုများနိုင်လို့ပါပဲ။ အလုပ်တွေကို ကောင်းစွာ ကြိုးစားအားထုတ်နိုင်ပါလိမ့်မယ်။ ဒီနေ့မှာ စိတ်ရှည်သည်းခံစိတ်ရှိလေတိုး တတ် အောင်မြင်လေပါ ပဲ။ ဖခင်၊ဦးကြီးဘကြီးတွေ အိမ်မှာရှိရင်ထိုသူတွေရဲ့ကျန်းမာ ရေးအတွက် ပူပန်ရတတ် ပါတယ်။အများပိုင်ငွေများလက်ထဲ ထားခြင်းမျိုးရှောင်စေချင်ပါတယ်။

ကြာသပတေး

စီးပွားရေးကိစ္စများ၊ ပေါင်းသင်ဆက်ဆံရေးကိစ္စများအ ဆင်ပြေအားသာချက်ရှိပါတယ်။ မိတ်ဆွေကောင်းတွေ ထပ်တိုး လာ တတ်ပါတယ်။ ရပ်ဝေးကအလုပ်တော်တော်များ  များအဆင်ပြေနေပါလိမ့်မယ်။ အများနဲ့မတူတဲ့ စိတ်ကူးသစ်၊ နည်းလမ်း သစ်တွေနဲ့ ဖောက်သည်တွေကိုစွမ်းဆောင် နိုင်ပါလိမ့်မယ်။လုပ်ငန်းရှင်များ တကယ်တော်တဲ့ဝန်ထမ်းတွေ ကိုတတ်နိုင်တာတစ်ခုခု ချီးမြှင့်ပေးတတ်ဖို့လိုပါတယ်။ မိသားစုအတွင်း သတင်းကောင်း တွေကြားရတတ်ပါတယ်။ ငွေ ရှာလို့ကောင်းပေမဲ့ ငွေစုဆောင်းရတော့ ခက်ခဲ တတ်ပါတယ်။ ကျန်းမာ ရေးအတွက်စိတ်ပူစရာမလိုသေးတဲ့ နေ့ရက် ပါပဲ။

သောကြာ

ဆရာကောင်းတွေ၊ ပညာရှင်တွေနဲ့ဝေးကွာရတတ်ပါ တယ်။ မိမိချစ်ရတဲ့အထက်လူကြီး အပြောင်း အရွှေ့တွေကြုံနေရ တတ်ပါတယ်။ အလုပ်ပို၊ကိစ္စပိုတွေကိုလဲ တတ်နိုင် သမျှလျှော့ချထားသင့်ပါတယ်။  အတွေးတွေ ၊အမြင်တွေကို ပြောင်းလဲဖြစ်ဖို့လိုပါတယ်။ လမ်းဟောင်းမလိုက်သင့်တဲ့ နေ့ပါ။ဘာသာရေး အတွက် မှတ်မှတ်ရရအချိန်ပေးပြီး လုပ်စေ ချင်ပါတယ်။ ငွေကဘယ်လောက်ဝင်ဝင်အဖတ်မတင် ထွက်သွားတတ်ပါတယ်။ အပျော်အပါးအတွက်အချိန် မပေး မိအောင်ထိန်းပါ။ အစားလောဘကြီးတာကြောင့် ဗိုက်ထဲ၊ရင်ထဲမှာ မအီမသာြ ဖစ်သလိုခံစားရတတ်ပါတယ်။

စနေ

အရာရာဦးဆောင်လုပ်ကိုင်ပေးနေရတတ်ပါတယ်။ ဘာသာ ရေး၊ကုသိုလ်ရေးအလုပ်တွေမှာလဲ တတ်အားသ၍ ဉာဏ် အား၊ကို ယ်အားနဲ့ကူညီပေးနေရတတ်ပါတယ်။ တတ်သိ ထားတဲ့ ပညာတွေကို မိမိဉာဏ်နဲ့ ချဲထွင်နား လည်မဲ့နေ့ရက် ပါပဲ။ စက်ကားဝယ်တာ၊အလဲအထပ်လုပ်တာမျိုးတွေလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားသွားဖို့ကိစ္စတွေ အဆင်ပြေတာ များပါလိမ့်မယ်။ ဖြေးဖြေးမှန်မှန်နဲ့ စိတ်ရှည် လေအဆင်ပြေလေပါပဲ။ အနုစိပ်လုပ်ရတဲ့အလုပ်တွေက ပိုမိုအဆင်ပြေတတ်ပါတယ်။ ငွေရှာရတာလွယ်ကူသလို ငွေကြေးလဲစုဆောင်းနိုင် ပါလိမ့်မယ်။ ထီဝါသနာပါသူများ ထီကံစမ်းခြင်းများပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

11.September .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၅း၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကျားမြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

တီထိမြေခံ အရ မွန်းလွဲ ၂နာရီထိ ကိတ်မြေခံဖြစ်ပါတယ်။ ထိုအချိန်ကာလအတွင်း အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတနာ တို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက် တာမျိုး တွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ မဟာရက်ကြမ်း၊ သမားဖြူ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ ၂နာရီအထိက လဆုတ်တီထိတစ်လုံးကျော်ရင်တော့လဆုတ်တီထိ၂လုံးကိုကူး ပြောင်းပါတယ်။ကောင်းမြတ်ခြင်း၊ကြွယ်ဝခြင်းကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။မြေထဲနက္ခတ် နဲ့ကြုံပေရာ အခက်အခဲတွေကိုကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့် မယ်။ငွေကြေးနဲ့ပတ်သက်သောကိစ္စအ၀၀များ ဆောင်ရွက်နိုင်ပါတယ်။ ငွေကြေးမြုပ်နှံထားတဲ့အလုပ်တွေကအကျိုး အမြတ်တွေရလာပါလိမ့်မယ်။ လူမှုရေး ကိစ္စ၊အိမ်တွင်းရေးကိစ္စများတွင် ကြုံတွေ့နေရတဲ့ ရှုပ်ထွေးမှုများဖြေရှင်းနိုင်ပါ လိမ့်မယ်။

            ကျန်းမာရေးကတော့အထူးကောင်းပါတယ်။ ဒီနေ့မှာနေကောင်းကျန်းမာနေတတ်ပါတယ်။ အလုပ်တွေနဲ့ ပတ်သက်ပြီးတော့ ခံစားချက်ကိုဦးစားပေးတဲ့အလုပ်တွေကပိုမိုအောင်မြင်အဆင်ပြေတတ်ပါတယ်။ သစ်ပင်စိုက်ပျိုး ခြင်း၊ပျိုကြဲခြင်းများစတင်လို့အထူးကောင်းပါတယ်။ဘာသာရေးနှင့်ပတ်သက်သောကိစ္စများ၊ပရဟိတအလှူအတန်းနှင့်ဆိုင်သောကိစ္စများ  ဆောင်ရွက်နိုင်ပါတယ်။ဘယ်နယ်ပယ်တွင်မဆိုအသစ်တီထွင်ခြင်း၊မူလလက်ဟောင်းကို modifine ပြုလုပ်ခြင်းများလဲဆောင်ရွက်နိုင်ပါ တယ်။ အိမ်အလှဆင်လုပ်ငန်းများ တိုးတတ်အောင်မြင်တတ်ပါတယ်။ 

အနုပညာနှင့်ပတ်သက်သောအလုပ်များ၊ဖျော်ဖြေရေးနဲ့ပတ်သက်သောအလုပ်များ တိုးတတ်ပါလိမ့်မယ်။ ပါတီပွဲများ ကျင်းပခြင်း၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းများလဲ ပြုလုပ်နိုင်ပါတယ်။ အားကစားရုံများစတင်ဖွင့်လှစ်ခြင်း၊ဘောလုံး ကွင်းများ၊GYM ခန်းမများစတင်ဖွင့်လှစ်ခြင်းများအထူးကောင်းပါတယ်။ ဆည်မြောင်းတာတမံများတူးဖော်ခြင်း၊ ရေတွင်း၊ရေကန်၊အဝီစိတွင်းများ တူးဖော်ခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ညနေ ၆နာရီခွဲကနေ ည၈နာရီအတွင်း အရာရာကို သတိနဲ့ချိန်ဆလုပ်ကိုင်သင့်တဲ့ကာလပဲဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂း၀၂)နာရီမှ ည(၂၂း၅၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ  လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ  ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီး ကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင် များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါ တယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့မှာ မြောက်အရပ်ကို ခရီးသွားရမည်ဆိုပါက ကားကိုဖြေးဖြေးမှန်မှန်နဲ့သတ်မှတ်မိုင်နှုန်းနဲ့သာ မောင်းနှင်ပါ။ ဗုဒ္ဓဟူး ဂြိုဟ်ဟာ ကန်ရာသီမှာ ဝကြသွားခြင်းစတင်ပါတယ်။ သတင်းနည်းပညာနှင့် အင်တာနက်အဆင်မပြေခြင်းများ၊ အချိတ်အဆက် ပြတ်တောက်ခြင်းများ၊ ကြားဝင်စေ့စပ်ခြင်းကိစ္စတွေများတွင် အဆင်မပြေခြင်းများ နောက်ပြန်သွား နေစဉ်အတွင်း အထူးကြုံရတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မိန်စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအများမတူ ထူးခြားတဲ့စွမ်းရည်ရှိကြသူတွေပါပဲ။ ပညာရပ်တစ်ခုခုအပေါ်အလေးအနက်ထား လိုက်စားပြီးတစ်ဖက်ကမ်းခတ်တတ် မြောက်ပါလိမ့်မယ်။ ထိုပညာနဲ့ပဲ ဘဝမှာ အကောင်းဆုံးရပ်တည်သွားနိုင်တာမျိုးကြုံရတတ်ပါတယ်။အသက်၂၉ထိက ဘဝက နိမ့်လိုက်မြင့်လိုက်နဲ့ လှိုင်းပမာဖြစ်နေပေမဲ့ အသက်၃၀ကစလို့ ဘဝကတိုးတတ်မှုတွေအရှိန်အဟုန်နဲ့ ရလာ တတ်တဲ့ကာလပဲဖြစ်ပါတယ်။ အားနည်းချက်က အပူအောင်းလွယ်ပြီး ရေချိုးမပျင်းဖို့လိုပါတယ်။ မိမိဇာတိထက် အရမ်းအေးလွန်းတဲ့ နေရာတွေကိုသွားရင် သတိထားရပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၃၉) နာရီမှ ညနေ(၀၆း၁၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ စနေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင်၊ ခရမ်းရောင်           များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၉၊၆၊၂)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးမုန့်ကြော် စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဂွေးသီး ဘုရားကပ်လှူပြီး လိုရာဆု  တောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလုပ်နဲ့ပတ်သက်ပြီးတော့အားကောင်းအောင်စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မိမိရဲ့ဆရာသမားတွေကို ဘောင်ကျော်ပြီးမလုပ်သင့်ပါဘူး။ လူကြီးတွေမျက်စီစပါးမွှေးစူးစေမဲ့ ကိစ္စမှန်သမျှရှောင်လိုက်ပါ။ လူမှုရေးကိစ္စ တွေနဲ့ပတ်သက်ပြီးတော့လဲ အားနည်းချက်များတဲ့နေ့ရက်ဆိုတာသိထား စေချင်ပါတယ်။ အလောင်းအစား လုပ်တတ် သူများ ဒီနေ့ရက်မှာလက်မကြီးဖို့လိုပါတယ်။မိမိအတွက် ဆုံးရှုံးနစ်နာ စရာတွေများနေတတ်ပါတယ်။ အလုပ်အကိုင် စီးပွားရေးများ ပုံမှန်လည်ပတ်နိုင်ပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီး တော့လဲ ရှာလို့ဖွေလို့မလွယ်သလိုဖြစ်ရ တတ်ပါ တယ်။ လုပ်သလောက်အကျိုးမခံစားရတတ်ပါဘူး။

တနင်္လာ

ကံကောင်းမှုတွေပြည့်ပြည့်၀၀ရှိပါလိမ့်မယ်။ လုပ်လိုသမျှ အခက်အခဲမရှိလုပ်သွားနိုင်သလို ကြံစည်သမျှအဆင်ပြေ အောင်မြင်ဖို့လွယ်ကူနေပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက် ပြီးတော့လဲ ပေါ့ပေ့ါပါးပါးနဲ့လုပ်ကိုင်ဆောင်ရွက် သွားနိုင်ပါ လိမ့်မယ်။ ကိုယ်ချင်းစာစိတ်နဲ့လူအများအပေါ်ခံစားနား လည်နိုင်တဲ့စိတ်တွေ မိမိရင်မှာပေါ်ထွန်း နေတတ်ပါတယ်။  များနေတဲ့ငွေထွက်ပေါက်တွေကိုကောင်းစွာပိတ်သွား နိုင်ပါလိမ့်မယ်။ စပ်တူရှယ်ယာအလုပ်များ ပိုမိုတိုးတတ်ပါ လိမ့် မယ်။ လူများများနဲ့ လက်တွဲညီညီလုပ်ရတဲ့ အလုပ်မှန် သမျှတိုးတတ်ပါလိမ့်မယ်။ ငွေအစုအလိုက်ဝင်တဲ့ကံမျိုးတွေလဲ အထူးကြုံရတတ်ပါတယ်။

အင်္ဂါ

အပြောင်းအလဲတွေကို ဦးစားမပေးစေချင်ပါတယ်။ တစ်နေ့ တာကို လုပ်စရာရှိတဲ့ လုပ်လက်စအလုပ်တွေနဲ့ အချိန်ယူ လုပ်ကိုင်သွားစေချင်ပါတယ်။ အလုပ်သစ်စမယ်ဆိုရင် တော့ ဒီနေ့ဟာအခက်အခဲများစေနိုင်ပါတယ်။ ပတ်ဝန်းကျင် နဲ့က မိမိကိုကောင်းတာပြောတာလား၊ချောက်ချနေတာ မျိုးတွေ သိနိုင်ဖို့လိုပါတယ်။ မိတ်ဆွေတွေနဲ့စပ်တူ လုပ်ထား တယ်ဆိုရင်တော့ ဒီနေ့မှာငွေကြေးအရှုပ်အရှင်းကြောင့် ပြဿနာဖြစ်လွယ်ပါလိမ့်မယ်။ ပညာအမွေ ခံပြီး စတင်ပညာ ယူလို့အလွန်ကောင်းပါတယ်။ ကျန်းမာရေးကတော့ ဝမ်းဗိုက်နဲ့ပတ်သက်သော ရောဂါတွေဖြစ်လွယ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

မိမိရဲ့စွမ်းဆောင်ရည်တွေကိုအလဟဿမသုံးဖြစ်ဖို့လိုပါတယ်။ ဂိမ်းဆော့တာ၊ ဇာတ်ကားစီးရီးတွေ အချိန်အကြာ ကြီးကြည့်ပြီး အချိန်ကုန်တာမျိုးတွေရှောင်လိုက်စေချင်ပါတယ်။  အမှုကိစ္စတစ်ခုပြုလုပ်ရန် စီစဉ်တာမျိုးတွေ၊ တစ်ဦး တစ်ယောက်ရန်ရှာ၊ပြဿနာရှာတာမျိုးမလုပ်ပါနဲ့။ အမှုအခင်း ပြဿနာလုပ်မိရင် ရေရှည်အတွက် အငြိုးအတေး ဖြစ်သွား စေနိုင်လို့ပါပဲ။ အိမ်ထောင်ရေးကိစ္စတွေမှာဒေါသနဲ့ မဖြေ ရှင်းလိုက်ပါနဲ့။ အိမ်ထောင်ဘက်ကတစ်သက်လုံး မိမိကိုစိတ်ကွက်သွားတတ်ပါတယ်။ ရပ်ဝေးကမိတ်ဆွေဧည့်သည် တွေလဲ မိမိဆီလာရောက်လည်ပတ်တာ မျိုးတွေကြုံ နေရတတ်ပါတယ်။

ကြာသပတေး

အလုပ်တွေကိုထူးချွန်ပြောင်မြောက်စွာလုပ်နိုင်ပါလိမ့် မယ်။ မိမိခိုင်းထားတဲ့အလုပ်တွေ၊ မိမိproject ကို အောင်မြင် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက် ပြီးတော့လဲ အထူးကောင်းပါတယ်။ အလုပ်မှာ လိုအပ်နေတဲ့ ငွေကြေးအကူအညီတွေကိုရလာတတ်ပါတယ်။ လူချစ် လူခင်များနေပါလိမ့်မယ်။ ချစ်သူသစ်တွေ ရနိုင်သလို ချစ်ရသူကိုချစ်ခွင့်ပန်လို့လဲအလွန်ကောင်းပါတယ်။ ကိုယ်ပိုင်စီး ပွားများ အထူးတိုးတတ် အောင်မြင်ပါလိမ့်မယ်။ အထိုင်အလုပ်တွေ၊ခိုင်မာတည်တံ့သောအလုပ်တွေအထူး တိုးတတ် ပါလိမ့်မယ်။ ကျန်းမာရေးအညံ့မရှိသလောက် နည်းပါတယ်။

သောကြာ

စီးပွားရေးဆန်ဆန်တွေးတတ်ဖို့လိုပါတယ်။ အလုပ်တွေ ကိုရေရှည်ချိန်ဆပြီးလုပ်စေချင်ပါတယ်။ ကံကောင်းနေတဲ့ အတွက်ဒီနေ့မှာခပ်ပေါ့ပေ့ါနေပြီး အပျော်အပါးနဲ့အချိန် ကုန်မခံသင့်ပါဘူး။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့လဲ  အောက်လက်ငယ်သားတွေကိုကောင်းစွာစီမံခန့်ခွဲနိုင်ပါလိမ့် မယ်။ ဖောက်သည်တိုးပြီးစီးပွားရေး ကံကောင်း လာတတ်ပါတယ်။ သွားလိုတဲ့ခရီးတွေကိုလဲ စိတ်လက်ချမ်းသာစွာ သွားလာလုပ်ကိုင်နိုင်ပါလိမ့်မယ်။ ခက်ခဲနေတဲ့ ကိစ္စတော်တော်များများပြေလည်အောင်ဖြေရှင်းနိုင်မဲ့နေ့ရက်ပါပဲ။ ကုန်ပစ္စည်းများကို ဖြန့်ချီခြင်း၊ ကိုယ်စားလှယ်ယူခြင်း များလဲအဆင်ပြေပါလိမ့်မယ်။

စနေ

အလုပ်တွေနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေဖြစ်ပေါ်လာ တတ်ပါတယ်။ မိမိမကျွမ်းကျင်တဲ့အလုပ်တွေကို ဦးစီး လုပ်ကိုင်ဆောင်ရွက်နေရတတ်ပါတယ်။ မိတ်ဆွေနဲ့ပတ်သက် ပြီး အကြွင်းမဲ့မယုံကြည်မပုံအပ်သင့်ပါဘူး။ အခက် အခဲ တွေကိုရင်ဆိုင်လိုက်ရင်တော့အထူးပဲကောင်းပါတယ်။  အခက်အခဲတွေကိုရှောင်နေရင်တော့ ပိုဆိုး ပါတယ်။ ကျန်းမာ ရေးက စိတ်ပမ်းလို့ ကိုယ်နွမ်းဆိုတာ မျိုးတွေဖြစ်ရတတ်ပါတယ်။ အိမ်တွင်းရေးကိစ္စ တွေမှာကိုင် တွယ် တတ်ဖို့ လိုပါတယ်။ငွေကြေးနဲ့ပက်သက်ပြီး ချက်ချင်း ငွေပေါ်နိုင်တာမျိုးတွေကိုပဲ ဆောင်ရွက်ပါ။ ငွေမြုပ်နှံတာ မျိုး တွေကိုလဲ အထူးရှောင်စေချင်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

10.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့်၇ရက်သားသမီးဟောစာ တမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၀၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၅း၅၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ အရ ကညာမြေခံဖြစ်ပါတယ်။ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ် တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင် တာတွေ၊ မြေတူးဆွတာတွေ နှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။

တီထိမြေခံ မြေခံအရ မိတ္တုမြေခံဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဥစ္စာ များ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက် ရိုက် တာ  မျိုး တွေ အထူးရှောင်သင့်ပါတယ်။ဆောင်ရွက်လိုပါက ညနေ၄နာရီခွဲကျော်မှသာ စတင်ဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညနေ ၄နာရီခွဲအထိက လပြည့်တီထိဖြစ်ပါတယ်။ ကျော်ရင်တော့ လဆုတ်တီထိတစ်လုံး ကိုကူးပြောင်းပါလိမ့်မယ်။ ကြည်လင်မှု၊စိတ်လက်အေးချမ်းမှုတွေကိုပေး တဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ဒါကြောင့်ဒီလိုနေ့ရက်မျိုးမှာတော့ဘာသာရေးဆိုင်ရာမြင့်မြတ် သောကိစ္စတွေကို အထူးအလေးပေး ဆောင်ရွက်နိုင်ပါတယ်။အခက်အခဲပြဿနာတွေကိုငြိမ်းချမ်းအောင်ဖြေရှင်းဖို့ ရက်ကောင်းလဲဖြစ်ပါတယ်။ မင်းစိုး ရာဇာ နှင့်ဆက်စပ်သောကိစ္စရပ်များ ဆောင်ရွက်ရန်ကောင်းသောအချိန်အခါနေ့ ရက်ဖြစ်ပါတယ်။ အလုပ်လျှောက် ထားခြင်းများဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ငွေကြေးရင်းနှီးမြုပ်နှံခြင်းတွေကိုလဲဆောင်ရွက်နိုင်ပါတယ်။ လက်ကားအလုပ်များ၊ ကိုယ်စားလှယ်အလုပ် များနှင့် ဖြန်ချီရေးဖြန့်ဖြူးရေးအလုပ်များ ပိုမိုအားကောင်းမဲ့နေ့ရက်ပါပဲ။ ပညာဖြင့်ရပ်တည်အသက်မွေးသူများက တော့ ဒီနေ့မှာ အဘက်ဘက်ကတိုးတတ်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့ဟာတီထိုးလို့အထူးပဲကောင်းပါတယ်။ ၁၊၅၊၈ ဂဏန်း များများပါတဲ့ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။

အစုရှယ်ယာဝင်ခြင်းတွေ၊ အသင်းအဖွဲ့စတင်ဖွဲ့စည်းခြင်းတွေ၊စုပေါင်းပရဟိတလုပ်ခြင်းတွေဆောင်ရွက်လို့ အထူး ကောင်းပါတယ်။ ကုမ္ပဏီများ ဝန်ထမ်းတွေကို သင့်တော်သလိုနေရာချထားခြင်းတွေ၊ လုပ်ငန်းနဲ့ပတ်သက် ပြီးရာထူး အပြောင်းအလဲလုပ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။

ဒီလို နေ့မျိုးဟာ သမထဘာဝနာပွားများခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ ပုတီးစိပ်ခြင်း၊ဂါထာမန္တာန်ရွတ် ဖတ် ခြင်း၊အစီအရင်များပြုလုပ်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ အိုးအိမ်တည်ဆောက်ဖို့အတွက် အိမ် ဆောက်ပစ္စည်းဝယ်ယူခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။

အလှူအတန်းအလုပ်များ၊ကုသိုလ်ရေးနဲ့ပတ်သက်သောအလုပ်များဆောင်ရွက်နိုင်ပါတယ်။ ဘုရားဖူးခရီးများ အလှူနဲ့ပက်သက်သောခရီးတွေအလွန်ကောင်းပါတယ်။နိုင်ငံခြားသားများနှင့် ပတ်သက်ဆက် နွယ်သောအလုပ် များ၊ နယ်စပ်၊ဒါမှမဟုတ်နိုင်ငံရပ်ခြားမှာစီးပွားရှာခြင်းများ အဆင်ပြေကောင်းမွန်တဲ့နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်း များ မိမိတို့ထုတ်ကုန်များကိုအွန်လိုင်းကနေကြော်ငြာခြင်း၊ပြည်တွင်းပြည်ပသို့ဖြန့်ဖြူးရောင်းချခြင်းများကောင်းပါ တယ်။

            ဒီနေ့ဟာရှောင်သင့်တာတွေကတော့အပျော်ခရီးသွားခြင်းမျိုးတွေအထူးရှောင်သင့်ပါတယ်။ လောင်းကစား  လုပ်ခြင်း၊အကုသိုလ်အလုပ်တွေလုပ်ခြင်း၊သီလပျက်မဲ့ကိစ္စတွေလုပ်ကိုင်ခြင်းမျိုးတွေအထူးရှောင်ရှားသင့်တဲ့နေ့ရက် ပဲဖြစ်ပါတယ်။ ဝိသမလောဘနဲ့ စီးပွားရှာသူများဆုံးရှုံးနစ်နာစရာတွေများတတ်ပါတယ်။

            ဒီနေ့ကစတင်ဆောင်ရွက်တဲ့ကိစ္စတွေမှာ တစ်ပိုင်းတစနဲ့ အပြီးမသတ် ဖြစ်တတ်ပါတယ်။ အရောင်းအဝယ် ကိစ္စများ သတိရှိရှိဆောင်ရွက်ပါ။ပစ္စည်းလှောင်မယ်ဆို ဒီနေ့မှာ ဈေးသေချာစွာ စုံစမ်းပြီးမှသာ ဆောင်ရွက်ကြပါ။ အရေးကြီးကိစ္စများဆောင်ရွက်မယ်ဆိုရင်တော့ နေ့လယ် ၁း၁၂ မိနစ်ကနေ ညနေ ၃း၃၆ မိနစ်အတွင်းဆောင်ရွက် ကြပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂း၀၆)နာရီမှ ည(၂၂း၅၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ကုမ်စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈း၅၉) နာရီမှ နံနက်(၁၀◌း၃၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာ တွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင်၊နို့နှစ်ရောင်             များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။           

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၄၊ ၅၊၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မိဘနှစ်ပါးကို  ရည်မှန်း ၍ ရှစ်ခိုးပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိသားစုဆွေမျိုးနဲ့ ဆက်စပ်မှုမရှိတဲ့အလုပ်တွေကပိုမို အဆင်ပြေတတ်ပါတယ်။ လုပ်ငန်းသစ်စီးပွားသစ် တွေ စတင်နိုင်ပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေထံမှ အကူအညီတွေရလာတတ်ပါတယ်။ အလုပ်တွေပိုမိုချဲ့ထွင် နိုင်လိမ့်မယ်။ မှန်းထားသည်ထက် ပိုမိုရောင်းရတတ်တဲ့ နေ့ရက်ပါပဲ။ ခေါင်းဆောင်များ၊ မန်နေဂျာများ အောက် လက် ငယ်သားတွေကိုကောင်းစွာထိန်းချုပ်နိုင်ပါလိမ့်မယ်။ ခရီးသွားပြီးဆောင် ရွက်ရတဲ့ကိစ္စတွေကတော့ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် နှောင့်နှေးကြန့်ကြာရ တတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အားရ စရာကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။

တနင်္လာ

အနုပညာနှင့်နွယ်သောအလုပ်များ၊ခံစားချက်နဲ့လုပ်ရတဲ့ အလုပ်များလဲ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ကံကောင်း နေတဲ့အတွက်ငွေကြေးလဲ ရလွယ်နေတာကိုတွေ့ရပါ တယ်။ထီဝါသနာပါသူများ ထီထိုးသင့်တဲ့နေ့ရက်ပါပဲ။ သူတစ်ပါးဆီကအကူအညီတွေရလာနိုင်သလို မိမိကိုယ်တိုင် ကလဲတစ်ဖက်သားကိုကူညီပေးနိုင်မဲ့ သူတွေဖြစ်လာ တတ်ပါတယ်။ ပညာရပ်အသစ်တစ်ခုစတင်ခြင်း၊ပညာအမွေခံ ယူခြင်းများဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ လူငယ်များဆိုရင်တော့ ပညာရှာရင်ချစ်သူတွေ့ရတတ်တဲ့နေ့ ရက်လေးပါပဲ။ ကျန်းမာရေးကလဲ အညံ့နည်းပါ လိမ့်မယ်။

အင်္ဂါ

မိမိဝန်ထမ်းတွေ၊အောက်လက်ငယ်သားတွေအလုပ်နားတာကြောင့် မိမိဆီမှာအလုပ်တွေပိနေတတ်ပါတယ်။ အခက် အခဲတွေမရှိပေမဲ့အလုပ်တွေများတာကြောင့်စိတ်ပန်းလူပန်း ဆိုတာမျိုးတော့ဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ် သက် ပြီး တော့လဲအားနည်းချက်တွေများတဲ့နေ့ရက်ပါပဲ။ အလုပ်သစ်၊စီးပွားသစ်တွေနဲ့ ပတ်သက်ရင်တော့ ချိန်ဆပြီးမှလုပ်ပါ။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ချေးငှားခြင်း မျိုးတွေအထူးရှောင်ပါ။ အလျင်စလိုလုပ်တာ မျိုးတွေ၊ နမောနမဲ့လုပ် လိုက်တာမျိုးတွေ မဖြစ်အောင်ဂရုစိုက်လိုက်ပါ။ အလုပ်များတဲ့နေ့ဖြစ်တာကြောင့် အရေး ကြီး တာကိုဦးစားပေးလုပ်ပါ။

ဗုဒ္ဓဟူး၊ရာဟု

ကံအားကောင်းနေတတ်ပါတယ်။ မိမိဖြစ်ချင်တာတွေကိုလဲ ဖြစ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်ပြီး တော့လဲနေရာကောင်းအလုပ်ကောင်းတွေရတတ်ပါ တယ်။ ဌာနအပြောင်းအလဲတွေ ဖြစ်နေတတ် ပါ တယ်။ လူမှုရေးကိစ္စတွေမှာဦးဆောင်ဦးရွက်လုပ်လို့အထူးကောင်းပါ တယ်။ အလှူအတန်းတွေနဲ့ပက်သက် ပြီးတော့ လဲ မိမိလှူချင်တဲ့အလှူတွေကိုလဲလှူခွင့်ရပါလိမ့်မယ်။ အဖိုးတန်လက် ဝတ်ရတနာတွေဝယ်မယ်ဆိုလဲ ဒီနေ့မှာဝယ် သင့်ပါ တယ်။ မိမိကုန်ပစ္စည်းကိုအရောင်းမြှင့်တင်ခြင်းတွေ၊ ပရိုမိုးရှင်း လုပ်ခြင်းတွေ ဆောင် ရွက်သင့်တဲ့နေ့ရက် ပဲဖြစ်ပါတယ်။

ကြာသပတေး

အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်နိုင်ပါလိမ့်မယ်။ မိမိ လိုချင်တဲ့အလုပ်အကိုင်တွေကိုလျှောက်ထားရင် ရလာတတ်ပါတယ်။ ခရီးဝေးသွားဖို့ ကိစ္စတွေကတော့ အဆင်မပြေ ကြန့်ကြာနေတတ်ပါတယ်။ အလုပ်တွေကိုလဲ ဘယ်သူမှမျက်နှာလွဲမရဘဲ မိမိကိုယ်တိုင်ပင်ပန်းကြီးစွာလုပ်ကိုင်နိုင်ပါ လိမ့်မယ်။ အခက်အခဲတွေရှိရင်တော့ ကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ သမီးရည်စားများ အချစ်နယ် ကျွံ ပါကအရှက်တကွဲဖြစ်လွယ်တဲ့နေ့ရက် ပါပဲ။ သူများပြောစကား တွေကို နားယောင်ပြီး လိုက်လုပ်လေ အမှားများလေ ပါပဲ။ကျန်းမာရေးဒေါင်ဒေါင်မြည် ကောင်းနေတတ်ပါတယ်။

သောကြာ

လုပ်နေကြအလုပ်များ၊ လုပ်လက်စအလုပ်များကိုပဲ ဆက်လုပ်နေပါ။ အလုပ်သစ်စတာမျိုး၊ အပြောင်းအလဲအသစ် လုပ်တာမျိုးကကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေပါ လိမ့်မယ်။ လိုအပ်တဲ့ငွေကြေးတွေ ရှာဖွေရ ခက်ခဲတတ် ပါတယ်။ အိမ်ကိုလုံခြုံအောင်ထားပါ။ သူခိုးခိုးခံရတတ်တဲ့နေ့ ရက်မျိုးဖြစ်လို့ပါပဲ။ ခရီးကိစ္စတွေစီစဉ်ပြီးမှလွဲချော်ရ တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဒီနေ့မှာ လုပ်သင့်တာတွေကို ဦးစားပေး လုပ်ပြီး စိတ်ခံစားချက်တွေကို မျိုသိပ် ထားသင့်တဲ့နေ့ရက်ပါပဲ။ ငွေတွေကတော့ ထွက်နေတတ် ပါတယ်။ အဖတ်မတင်ဘဲ အဟောသိကံကုန်သွားတတ်တဲ့ နေ့မျိုးပါပဲ။

စနေ

ကြီးမားတဲ့အကြံအစည်စိတ်ကူးတွေရှိရင်တော့ပျက်ရတတ်ပါတယ် ။ အလုပ်အပေါ်အစီအစဉ်ဆွဲလို့မရဘဲ ဖြစ်လာ တဲ့ အခြေအနေအပေါ်သုံးသပ်ပြီးလုပ်သင့်တဲ့အနေအထားပါပဲ။ ကျန်း မာရေးအညံ့အဆိုးကင်းနေ ပါလိမ့်မယ်။ လူ အများကိုကူညီချင်တဲ့စိတ်ကပဲ မိမိကိုကံကောင်းကိုတွန်းပို့ပေးနေတတ် ပါတယ်။ မိမိတတ်သိထားတဲ့ အရာတွေ ကိုတော့ အခြားလူတွေကိုပြန်ရှယ်ပေးသင့်တဲ့နေ့ရက်မျိုးပါပဲ။ အလုပ်ခွင်အ တွင်း ကြိုးစားမှုရဲ့အသီး အပွင့်တွေ ကိုခံစားရတတ်ပါတယ်။သူတစ်ပါး နားဝင်အောင်ပြောနိုင်မဲ့နေ့ပါပဲ။ အရှုပ်တွေရှိ ရင်တောင် ရှင်းအောင်လုပ်နိုင်မဲ့ ကာလတစ်ခုပါ။အလုပ်ကြွေးတွေဆပ်နိုင်ပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

9.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့်၇ရက်သားသမီးဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလပြည့်နေ့ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၀၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရသိကြားမြေခံဖြစ်ပါတယ်။ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

တီထိမြေခံ အရ တနင်္ဂနွေမြေခံဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူး သတိထား လုပ်ကိုင်သင့်သော အချိန်ကာလမျိုးဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  အနိဋ္ဌသဘော ၊ဆင်းရဲခြင်းသဘောဆောင်တဲ့ ရိတ္တာတီ ထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါ တယ်။ဒီလိုနေ့ရက်တွေမှာတော့ အတတ်ပညာဒါမှမဟုတ် အသိပညာတစ်ခုခုကိုစ တင်လေ့လာခြင်းတွေ၊ကျောင်း သင်တန်း စတင် အပ်နှံခြင်းတွေဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ကုန် သွယ်ရေးနှင့်စီးပွားရေးကိစ္စများ တိုးချဲ့ဆောင်ရွက်ရန်သင့်တော်တဲ့နေ့ရက်ဖြစ်ပါတယ်။

ရေတွင်း၊ရေကန်၊အဝီစီတွင်းတူးခြင်းများစတင်လုပ်ဆောင် လို့ကောင်းတဲ့နေ့ပါပဲ။ အသင်းအဖွဲ့အစည်းများ စတင် တည်ထောင်ခြင်းများပြုလုပ်လို့အထူးကောင်းပါတယ်။စိုက်ပျိုးထားတဲ့သီးနှံများကိုပိုးသတ်ဆေးဖြန်းခြင်းများ စတင် ဆောင်ရွက်ခြင်းများပြုလုပ်နိုင်ပါတယ်။

တော်သလင်းလပြည့်နေ့ဟာ သောကြာနေ့နဲ့တိုက်ဆိုင်နေတာမို့ ဘုရားနေကဇာတင်ခြင်း၊အနေကဇာဂါထာတော် ရွတ်ဖတ်ခြင်းများ၊ဘုရားဆင်းတုတော်အားရေသပ္ပခြင်းများဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။

ဒီလိုနေ့ရက်တွေမှာပြဿနာတွေကိုထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ ဘယ်ကိစ္စမဆိုမျက်နှာ စုံညီဖြေရှင်းတာ အကောင်းဆုံးပါပဲ။ကုမ္ပဏီလုပ်ငန်းတိုးတတ်ဖို့ပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက်ပြီးလိုအပ်တဲ့  အကြောင်းကိစ္စတွေ ကြောင့်ပဲဖြစ်ဖြစ်ရှယ်ယာဝင်တွေနဲ့  တွေ့ဆုံဆွေးနွေးလို့အလွန်ကောင်းတဲ့နေ့ပါပဲ။ ဘုရားထီးတင်ခြင်းများ၊ မိမိတို့ လှူဒါန်းထားတဲ့ကျောင်း၊သိမ်၊ပစ္စည်းဝတ္တုစတဲ့အရာတွေအတွက် ရေစက်ချလှူဒါန်း အမျှဝေခြင်းများ ဆောင်ရွက် နိုင်ပါတယ်။

            ရှောင်သင့်တာတွေကတော့ တတ်နိုင်သမျှမည်သူတစ်ဦးတစ်ယောက်ကိုမျှယုံလို့မသင့်ပါဘူး။ ကံအးနည်း နေသူများ အများရဲ့ဝိုင်းဝန်ချောက်ချခြင်းကိုခံရတတ်ပါတယ်။ စကားအမှားတွေကြောင့် အရမ်းရင်းနှီးတဲ့မိတ်ဆွေ တွေနဲ့ ပြတ်စဲသွားသည်အထိဖြစ်ရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂း၁၀)နာရီမှ (၂၃း၀၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက် လိုက်ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ကုမ်စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ပျော်ရွှင်စွာဘဝ ကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ တကယ်လဲဘာကိုမှအလေးအနက်မထားဘဲ စိတ်ပျော်ရာနေတတ်သူဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက ဒီနေ့မွေးမိန်းကလေးတွေဟာ အိမ်ထောင်ရေးကံညံ့တတ်ပါတယ်။ လက်ကြောမတင်းတဲ့ အိမ်ထောင်ဘက်ကိုရရှိတတ်ပါတယ်။ငွေကြေးကံအားကောင်းပြီး ကူညီမဲ့သူတွေ၊ အရင်းအနှီးထုတ်ပေးမဲ့သူတွေ ပေါများပါတယ်။ အတိတ်ကံအားကောင်းပြီးတော့ လူကသာ အားထည့်ကြိုးစားမယ်ဆို ထိပ်တန်းရောက်အောင်မြင် နိုင်ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀◌း၃၀) နာရီမှ နံနက်(၁၂း၀၃)နာရီအတွင်း ကျ ရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ သောကြာ၊ ဗုဒ္ဓဟူး သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင်၊မိုးပြာရောင်           များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၂၊၈၊၃)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နှင်းဆီပန်း တစ်ပွင့် ဆောင်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တည်သီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စီးပွားရေးအတွက်ကောင်းတဲ့အပြောင်းအလဲတွေကြုံရ တတ်ပါတယ်။ လမ်းကြောင်းသစ်၊အခွင့်အရေးသစ်တွေ ရလာတတ်ပါတယ်။ အလုပ်ရှာနေသူများလစာကောင်းတဲ့ အလုပ်မျိုးရလာတတ်ပါတယ်။ အောက်လက်ငယ်သား ဝန်ထမ်းတွေကြိုးစားမှုကြောင့်အလုပ်တွေသိသိသာသာတိုး တတ်နိုင်ပါတယ်။ စားသောက်ကုန်အလုပ်၊ စက်ပစ္စည်း နှင့်နွယ်သောအလုပ်များပိုမိုအဆင်ပြေနိုင်တာကိုတွေ့ရပါ တယ်။  မိတ်ကောင်းဆွေကောင်းတွေဆီက အလွန်အဖိုး တန်တဲ့အကူအညီတွေရလာနိုင်ပါတယ်။ စိတ်အလုပ်တွေ ဖြစ်တဲ့ သမထအလုပ်တွေအားထည့်သင့်တဲ့နေ့ပါ။ စိတ်ချမ်းသာရမဲ့နေ့ရက်ပါပဲ။

တနင်္လာ

မိမိစိတ်ထဲဖြစ်ချင်နေတာတွေလက်တွေ့ဖြစ်လာတတ် ပါတယ်။ ရည်ရွယ်ထားတာတွေပြည့်မှီအောင် စွမ်းဆောင် နိုင်ပါလိမ့်မယ်။ အလုပ်တွေကနေတဆင့် အချိတ်အဆက် ကောင်းတွေရလာပါလိမ့်မယ်။ မိမိလိုအပ်တဲ့သတင်း အချက် အလက်တွေပဲဖြစ်ဖြစ်၊ လိုအပ်တဲ့dataတွေပဲဖြစ်ဖြစ်ရှာ ဖွေလို့ရရှိတတ်ပါတယ်။ ခရီးသွားပြီးလုပ် ကိုင် ရတဲ့အလုပ်တွေကိုတော့ ပိုမိုအဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ အလုပ်တွေထဲမှာ ပင်ပန်းနေတဲ့သူတွေကတော့ ဒီနေ့မှာစိတ်လွတ်လက်လွတ်အပန်းဖြေသင့်ပါတယ်။ပေါင်းသင်းဆက်ဆံရေးနယ်ပယ်လူမှုရေးနယ်ပယ်အားကောင်း တာကြောင့် ဒီနေ့မှာမိတ်ဆွေတွေ တိုးပွားပါလိမ့်မယ်။

အင်္ဂါ

အိမ်တွင်းရေးကိစ္စတွေမျာတော့ ကိုင်တွယ်တတ်ဖို့လိုပါ တယ်။ အိမ်တွင်းရေးစိတ်ဝမ်းကွဲစရာတွေ ကြုံရတတ်ပါတယ်။ အလုပ်တွေမှာတော့ အထက်လူကြီးအပြောင်းအလဲ ဖြစ်ရတတ်ပါတယ်။ နေရာသစ်၊ ဒေသသစ်ကိုခရီးထွက်ဖို့အကြောင်းဖန်လာတတ်ပါတယ်။ လိုတာထက်ပိုပြီးတော့ တစ်ဖက်သားအပေါ်အားမနာ လိုက်ပါနဲ့။ အားနာတတ်မှုကြောင့် မိမိပါဒုက္ခရောက်လွယ်တဲ့နေ့ရက်ပါပဲ။ တန်ဖိုးရှိ ပစ္စည်းများ သေချာသိမ်းပါ။ မေ့ကျန်ကျပျောက်မှုတွေကြောင့်ပဲ ပျောက်ရှသွားတတ်လို့ပါ။ ကျန်းမာရေးကတော့ အထူးကောင်းပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်ပိုကိစ္စပိုတွေကြောင့်အချိန်ကုန်ရတတ်ပါတယ်။ အရေးကြီးတာတွေလုပ်ဖို့ နှောင့်နှေးကြန့်ကြာ ရတတ်ပါ တယ်။ ကိုယ်ပိုင်စီးပွားများလုပ်သလောက်အကျိုးမခံစားရ တတ်ပါဘူး။ customer complain တွေကိုလဲ ဖြေရှင်းရတတ်ပါတယ်။ အစိုးရဌာနများနဲ့ဆက်စပ်လုပ်ကိုင်ရသော အလုပ်တွေကတော့ဒီနေ့မှာ ထင်သလောက် အဆင်မပြေ တတ်ပါဘူး။အချစ်ရေးကိစ္စတွေမှာတော့လိုက်နှောင့်ယှက် တဲ့သူကြောင့် စိတ်ဆင်းရဲရ တတ်ပါတယ်။ ဘာလုပ်လုပ်မိဘတွေကိုတိုင်ပင်မေးမြန်းပြီးလုပ်ပါ။ဘာသာရေးကိုမေ့လျော့နေသူတွေ ကတော့ ဒီနေ့မှာအခက်အခဲ များနေတတ်ပါတယ်။ ရာဟုသားသမီးတွေအနေနဲ့ မိဘတွေကိုပြန်ခံပြောတာ မျိုးရှောင် ပါ။

ကြာသပတေး

စိတ်ထဲလိုချင်တောင်းတတာလေးတွေပြည့်ဝရတတ်ပါတယ်။ လိုချင်နေတဲ့ငွေကြေး၊ကြန့်ကြာနေတဲ့ ငွေကြေးတွေ ပြန်လည်ရရှိလာတတ်ပါတယ်။ အလုပ်တွေကို အခက်အခဲမရှိ လုပ်ကိုင်နိုင်မဲ့နေ့ရက်ပါပဲ။ လူမျိုးခြား၊ဘာသာခြား တွေရဲ့အကူအညီရတတ်ပါတယ်။ အွန်လိုင်းကနေချစ်သူရတာမျိုး လဲကြုံရတတ်ပါတယ်။ အထူးသဖြင့် လက်ဆောင် ဆို တာမျိုးလဲရလွယ်တဲ့နေ့ရက်ပါပဲ။ အိမ်ထောင်သည်များစုတ် ကိစ္စမရှုပ်ထွေးလိုက်ပါနဲ့။ လိင်မတူသူ တွေရဲ့ဖျား ယောင်း သွေးဆောင်ခြင်းကိုခံရတတ်ပါတယ်။ လူချစ်လူခင်များပြီး မိမိရဲ့ကောင်းကျိုးကိုလိုလား နေကြသူတွေ ပတ်ဝန်းကျင်မှာရှိနေတတ် ပါတယ်။

သောကြာ

အလုပ်တွေမှာဆုံးဖြတ်ရခက်စရာ ဝေခွဲမရတဲ့အခွင့် အရေးနှစ်မျိုးနှစ်ခွကြုံရတတ်ပါတယ်။ ရေရှည်ကြည့်ပြီး ဆုံးဖြတ် သင့်တဲ့နေ့ရက်ပါပဲ။ ဘာလုပ်လုပ်စိတ်ရှည်ရလိမ့် မယ်။ အခက်အခဲအရင်ကြုံရပြီးမှအဆင်ပြေတတ်လို့ပါ။ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးနဲ့ခွဲခွာရဖို့အကြောင်းဖန်လာတတ် ပါတယ်။ ဆံသခြင်းတွေ၊ ခေါင်းလျှော်ခြင်းတွေ ဒီနေ့ ရှောင်ပါ။ လဘ်ပိတ်သွားတတ်ပါတယ်။ ငွေမျက်နှာကိုမကြည့် သင့်ပါ။ ဝန်ထမ်းများလာဘ်စားမိပါက ချက်ချင်းဒုက္ခ ရောက် လွယ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူက မိမိအပေါ်သွေးအေးနေ တတ်ပါတယ်။မိမိကောင်းတာ လုပ်ရင်လဲ တားမဲ့သူတွေပေါ်လာတတ်ပါတယ်။

စနေ

အလုပ်တွေများနေတတ်ပါတယ်။ မိုးလင်းကတည်းက အစီ အစဉ်ဆွဲပြီးလုပ်ကိုင်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ ကိုယ်ပိုင်စီးပွားများအလုပ်ကကြီးလာပြီးငွေကမနိုင်သလိုဖြစ်ရ တတ်ပါတယ်။ ရှယ်ယာအလုပ်များ ငွေကြေးနဲ့ ပတ်သက်ပြီးအပြောင်းအလဲတစ်ခုခုဖြစ်ပေါ်ရင် ချက်ချင်းအသိပေး ဖို့လိုပါတယ်။ ပညာရေးကိုတော့ အဝေးမှာ  သွားသင်ရတာမျိုး၊အွန်လိုင်းကနေတဆင့်သင်ရတာမျိုးတွေကြုံနေရ တတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကို သေချာ မှလုပ်ပါလို့ပြောပါရစေ။ မိမိလိုချင်တဲ့သတင်းအချက်အလက်တွေကို စုဆောင်းလို့ရရှိပါလိမ့်မယ်။ ကျန်းမာရေးကို တော့ သိပ်အားမရဘူးဗျ။ ဂရုစိုက်ပါလို့မှာချင်တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

8.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၀၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ရက်တံခွန်၊ရက်ကန်း ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၁၃လုံး  အောင်မြင်မှုနှင့်ခံနိုင်ရည်စွမ်းအားတွေကိုပေးတဲ့ ဇယတီ ထိကျရောက် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့မျိုးမှာတော့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးစစ်ခြင်းကိစ္စ အ၀၀ဆောင်ရွက် လို့ အဆင်ပြေ တတ်ပါတယ်။ ဆေးဝါးကုသခြင်းများလဲစတင်နိုင်ပါတယ်။ သစ်ပင်စတင်စိုက်ပျိုး ခြင်း၊မြေတူးဆွခြင်း မျိုးတွေတော့ရှောင်အပ်ပါတယ်။

ဒီလိုနေ့မျိုးဟာစက်မှုလက်မှုပညာများစတင်သင်ကြားခြင်းတွေ၊ယာဉ်စက်ကားရောင်းဝယ်ခြင်းတွေ၊ မြေ့သန့်မင်္ဂလာ ဆောင်ရွက်ခြင်း၊နေကဇာတင်ခြင်း၊ဆိုင်ခန်းသစ်ဖွင့်ခြင်းတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။ ပြည်တွင်းပြည် ပအလုပ်အကိုင်အခွင့်အလမ်းများ စတင်ခြင်းတွေ၊အနုပညာအလုပ်များစတင်ဆောင်ရွက်ခြင်းတွေကောင်းပါတယ်။ ဇာတ်ကားသစ်စတင်မိတ်ဆက်ခြင်း၊တေးစီးရီသစ်စတင်မိတ်ဆက်ခြင်း၊စတုဒီယိုအခန်းများစတင်ဖွင့်လှစ်ခြင်းတွေ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။

         ခန္ဓာကိုယ်ကြံခိုင်ရေးအတွက်အားကစားလုပ်ခြင်းတွေ၊အဆီကျလိုသူများစတင်အဆီချလုပ်ဆောင် ခြင်းတွေ ဆောင်ရွက်သင့်တဲ့နေ့ပါပဲ။ မိမိကုန်ပစ္စည်းများ  မိမိလုပ်ငန်းများကို စတင်ကြော်ငြာခြင်းများအထူးကောင်း  ပါတယ်။ပြည်တွင်းကဖြစ်စေ၊ပြည်ပကဖြစ်စေဈေးကွက်အတွက်လိုအပ်သောကုန်စည်များ ဝယ်ယူသိုလှောင်ခြင်း များ  အထူးဆောင်ရွက်လို့ကောင်းပါတယ်။ မူလဗီဇယုတ်ညံ့သူများ ဒီလိုနေ့မျိုးမှာ ယုတ်ညံ့တဲ့အပြုအမူတွေကိုလဲ ပြု လုပ်တတ်ပါတယ်။

ဒီလိုနေ့မျိုးမှာတော့ဘာလုပ်လုပ်သတိကပ်ပြီးလုပ်သင့်ပါတယ်။ ဆေးဝါးကုသခြင်းများ၊ဆေးဖော်ခြင်းများဆောင် ရွက်လို့ကောင်းပါတယ်။တစ်ဦးတစ်ယောက်ကို ယုံကြည်လွှဲအပ်ပြီးခိုင်းသောကိစ္စများ အမှားအယွင်းများတတ်ပါ တယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(22;14)နာရီမှ ည(23;05)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။ မျက်မြင် ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  မကာရစန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ မြင်အပ်မမြင် အပ်ပုဂ္ဂိုလ်တွေရဲ့အစောင့်အရှောက်ကိုရရှိနိုင်ကြသူတွေဖြစ်ပါတယ်။ ကူညီမဲ့သူ၊မစမဲ့သူတွေပေါ်တတ်ပါတယ်။ ဆွေမျိုးနီးစပ်ထဲက ချစ်လို့ခင်လို့ စောင့်ရှောက်တာ၊ကူညီတာ၊ထောက်ပံ့တာမျိုးတွေကြုံလွယ်ပါတယ်။ အားနည်းချက် က ငါသိငါတတ်သိပ်လုပ်ပါတယ်။ ငါဆရာကြီးဆိုတဲ့စိတ်ကြောင့် လုပ်ငန်းခွင်မှာလူမုန်းများတယ်။ တော်တဲ့ထက်တဲ့ အိမ်ထောင်ဘက်ကိုရပေမဲ့ ယောက္ခမတွေကိုရန်သူလိုသဘောထားတာကြောင့် အိမ်ထောင်ရေးသာယာဖို့က မိမိ သဘောထားကြီးမှသာအဆင်ပြေပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၃၅) နာရီမှ ညနေ(၀၃း၀၅)နာရီအတွင်း ကျ ရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ စနေ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင် နှင့် ငွေရောင်၊မီးခိုးရောင်             များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။   

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၂၊ ၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သကြားလုံးငုံ သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပူတင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

တွန်းတွန်းတိုက်တိုက်ကြိုးစားမှုတွေကြောင့် အရာရာရှေ့ ရောက်နေတတ်ပါတယ်။ အလုပ်တွေကိုလဲကောင်းစွာ ကြိုး စားအားထုတ်နိုင်ပါလိမ့်မယ်။ အရေးကြီးတဲ့ကိစ္စတွေကို အောက်လက်ငယ်သားတွေ၊ဝန်ထမ်း တွေဆီကအကြံဉာဏ်ယူ စေချင်ပါတယ်။ မိမိဝယ်ချင်တဲ့ လိုအပ်တဲ့ပစ္စည်းတွေ ၊တန်ဖိုးကြီးပစ္စည်းတွေကို ဒီနေ့ဝယ်လို့သင့်ပါတယ်။ ခရီးတို လေးတွေသွားမယ်ဆိုလဲသွားလို့သင့်ပါတယ်။ စိတ်ချမ်း သာရမဲ့နေ့ ရက်ပါပဲ။ စိတ်ကူးထားတာလေးတွေကိုလဲ အကောင်အထည်ဖော်လို့သင့်တဲ့နေ့ရက်ပါပဲ။ စိတ်ဓာတ်တွေ တတ်ကြွနေပါလိမ့်မယ်။ လုပ်ချင်တာတွေကို လဲ အချိန် မဆိုင်းဘဲ လုပ်မိနေတတ်ပါတယ်။

တနင်္လာ

လူများများနဲ့ အဖွဲ့အစည်းနဲ့သိုက်သိုက်ဝန်းဝန်းလုပ်လေ အဆင်ပြေလေပါပဲ။ တစ်ဦးတစ်ယောက်ထဲ ချွန်ထွက်ပြီး လုပ်တာမျိုးတွေကတော့ မသင့်တော်ပါဘူး။ ငွေရှာလို့ ကောင်းတဲ့နေ့ပါပဲ။ ပိတ်နေတဲ့လာဘ်တွေ ပြန်ပွင့်လာပါ လိမ့်မယ်။ အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်နိုင်ပါ လိမ့်မယ်။ ဝန်ထမ်းတွေခန့်အပ်တာ မျိုးဆောင်ရွက်သင့်ပါ တယ်။ အချစ်ရေး၊အိမ်ထောင်ရေးသာယာကြည်နူးစရာ ကောင်းတဲ့နေ့ရက်ပါပဲ။ ကြေငြာအလုပ်များ၊အွန်လိုင်း စီးပွား ရေး များ ပိုမိုအဆင်ပြေနိုင်ပါတယ်။ စိတ်ကူးအိပ်မက် တွေကို အကောင် အထည်ဖော်နိုင်ပါ လိမ့်မယ်။ ကျန်းမာရေး အညံ့တွေလျော့ပါးသက်သာခွင့်တွေရမဲ့နေ့ပါ။

အင်္ဂါ

အလုပ်တွေထဲမှာတော့ မိမိကိုချီးကျူးခံရတတ်ပါတယ်။ မိမိ မှာရှိတဲ့ဝန်ထုပ်ဝန်ပိုးတစ်ခုရှိရင် အဆင်ပြေသွားမဲ့ နေ့မျိုး ပါပဲ။ ခွဲစိပ်ကုသစရာတွေကြုံရင်တော့ဒီနေ့ကခွဲစိပ်လို့ အောင်မြင်တတ်ပါတယ်။တပည့်ရင်း၊လူယုံ ရလာတတ်ပါတယ်။ ခရီးနဲ့ပက်သက်ပြီးအဆင်ပြေရတတ်ပါတယ်။ စိတ် ထဲလိုချင်တဲ့ ဆုလဘ်တစ်ခုခု လက်တွေ့ရလာတတ်ပါတယ်။ အလုပ်သစ်ပဲဖြစ်စေ၊စိတ်ကူးသစ်ပဲဖြစ်စေ ဘာကိစ္စ ဖြစ်ဖြစ်အသစ်စမယ်ဆို ဒီနေ့ကအထူးသင့် လျော်တာကိုတွေ့ရ ပါတယ်။ အိမ်တွင်းရေးမှာတော့ ညီအကို မောင်နှမ တွေနဲ့ပတ်သက်ပြီးတော့ စိတ်ဝမ်းကွဲစရာကြုံနေရတတ်ပါ တယ်။ ကျန်းမာရေးအထူးကောင်းပါတယ်။

ဗုဒ္ဓဟူး၊ ၊ရာဟု

လိုရာဆွဲပြီးပြောတဲ့အထက်လူကြီးကြောင့်စိတ်ညစ်ရ တတ်ပါတယ်။ အခက်အခဲတွေကိုမိမိတတ်အား သလောက် ရင်ဆိုင်လိုက်ပါ။ အလုပ်တွေနဲ့ပတ်သက်ပြီးတော့လဲ အောက်လက်ငယ်သားတွေကို အားထားသင့်တဲ့နေ့ရက်ပါပဲ။ မိတ်ဆွေတွေက မိမိကိုလာရောက်ဒုက္ခပေးတတ်ပါ တယ်။ ပညာသင်ကြားရေးအပိုင်းမှာ နားမရှင်းတာတွေများနေ တတ်ပါ တယ်။ ငွေနဲ့ပက်သက်ပြီး ရင်းနှီးမြုပ်နှံမဲ့ စီးပွားရေးမျိုးကိုတော့ ဒီနေ့တတ်နိုင်သလောက်မလုပ်သင့်ပါဘူး။ အလုပ်မှာ စာရင်းဇယားကိုင်ရသူဆို သေချာ စီစစ်ပြီးမှအထက်ကိုတင်ပြပါ။ ရှန်းပြီး စာရင်း အမှားတွေလုပ် မိနေ တတ်ပါတယ်။

ကြာသပတေး

အလုပ်တွေကိုအားပြုလို့မရပါဘူး။ ပင်မအလုပ်ထက်ဘေး ပေါက်အလုပ်တွေက ပိုမိုအဆင်ပြေတတ်ပါတယ်။ ငွေကိုချွေတာလိုက်ပါ။ ငွေအပေးအယူကိစ္စများ စာရွက်စာတမ်း နဲ့သေချာလုပ်စေချင်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ မိဘတွေကြောင့်ချစ်သူနှစ်ဦးဝေးရတတ်ပါတယ်။ ကျန်းမာရေ နဲ့ပတ်သက်ရင်တော့ သူများဆီကအဖျားကူးပြီး ဖျားနာတတ်ပါတယ်။ အနည်းငယ်စိတ်ပူပန်စရာလေးတွေကြုံရ တတ်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ပတ်သက်သောကိစ္စများ အဆင်ပြေတယ်။ ရေမကူးသင့်တဲ့နေ့ရက်ပါပဲ။ စက်ပစ္စည်း ကို second hand ဝယ်မယ်ဆိုရင်တော့ ဒီနေ့မှာ မဝယ်စေချင်ပါဘူး။

သောကြာ

အဝေးကနေမိမိချစ်ခင်ရသူတစ်ဦးဦးပြန်လာတတ်ပါ တယ်။ တစ်စိမ်းတစ်ရံတွေနဲ့လုပ်ကိုင်ရတဲ့ အလုပ်တွေက အကျိုးပို ပေးနေတဲ့နေ့ရက်ပါပဲ။ ကုန်လှောင်၊ပစ္စည်းလှောင် တာမျိုးစတင်လို့အထူးကောင်း ပါတယ်။ ခရီးတိုလေး တွေသွားလို့ကောင်းပါတယ်။ စိတ်ရှည်ရှည်နဲ့ အလုပ်ထဲမှာအာ ရုံစိုက်လေအကျိုးပေးလေ ပါပဲ။ နိုင်ငံခြားခရီးများ ၊နိုင်ငံခြားနဲ့တိုက်ရိုက်ဆက်နွယ်သောအလုပ်များပိုမိုအကျိုးပေးနေ တာကိုတွေ့ရပါတယ်။ တရားမပြတ်ရှုမှတ်သူများ ဒီနေ့ဟာဉာဏ်စဉ်တွေတတ်လာနိုင်တဲ့နေ့ရက်ပါပဲ။ကျန်းမာရေး ကတော့ လက်ရှိခံစားနေတဲ့ဝေဒနာတွေ ပိုတိုးလာ တတ်ပါတယ်။သတိထားပါ။

စနေ

မိမိအတွက်ငွေကြေးပြဿနာတွေတတ်ရပါလိမ့်မယ်။ ချေး ငှားထားတာမျိုးရှိရင်တော့အကြွေးရှင်နဲ့ စကားအခြေ အတင်ပြောရတတ်ပါတယ်။ အလုပ်တွေကိုတော့ကောင်းစွာ ကြိုးစားခွင့်တွေကြုံရတတ်ပါတယ်။  မိမိကိုနေရာပေးပြီး တာဝန်ကြီးတွေခိုင်းစေတတ်ပါတယ်။ လက်ကားစီးပွားရေး လုပ်ငန်းများကတော့ ရောင်းမှားဝယ်မှားဖြစ်တတ်ပါတယ်။ ကုန်လှောင်ရင်အရှုံးများနိုင်တာကိုသတိချပ်ပါ။ ပညာ သစ်စသင်လို့ မသင့်တဲ့နေ့ရက်မျိုးပါပဲ။ ကျန်းမာရေးကတော့ ဗိုက်အောက်ဗိုက်နာသတိထားပါ။ အစာကြေရန်ခက်ခဲ တဲ့အစားအသောက်တွေရှောင်ပါ။ ဘာသာရေးလုပ်ငန်းများ အလေးပေးလုပ်ဆောင်ကြည့်လိုက်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

7.September .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ကံကောင်းခြင်း၊ကြွယ်ဝခြင်းတွေကိုပေးတဲ့ဘဒြာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီနေ့ဟာပြန့်ပွားခြင်းတွေ၊ကျယ်ပြန့်ခြင်းတွေအထူးလွှမ်းမိုးပါတယ်။ ဒါကြောင့် ကုန်ပစ္စည်း သစ်များဖြန့်ချီခြင်းတွေ ဒီနေ့အတွက်အထူးကောင်းပါတယ်။ ဒီလိုနေ့မျိုးဟာတော့ကြိုတင်စီမံပြီး ဆောင် ရွက်တဲ့ကိစ္စတွေလွဲလွဲချော်ချော် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ဖြစ်လာတဲ့အခြေအနေကို မီးစင်ကပြီးလုပ်တာပိုမို ကောင်းပါတယ်။ လုပ်လက်စ အလုပ်တွေကို အောင်မြင်စွာရှေ့တိုးဆောင်ရွက်နိုင်ပါလိမ့်မယ်။ လုပ်ငန်းအတွင်းကြုံ တွေ့နေရတဲ့ပြဿနာတွေကို ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။

ဘာသာရေးနှင့်ဆိုင်သောကိစ္စအ၀၀တွေဖြစ်တဲ့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ  ပြုလုပ်ဆောာင် ရွက်နိုင် ပါလိမ့်မယ်။တပည့်မွေးခြင်း၊သင်တန်းသားအသစ်လက်ခံခြင်း၊ ပညာပေးဝေခြင်းများလဲ အထူးဆောင်ရွက် နိုင်ပါတယ်။ ဒီလိုနေ့ရက်တွေမှာ ခရီးကိစ္စတွေအဆင်ပြေတာတွေတွေ့ရပါတယ်။

ရတနာများဝယ်ခြင်း၊ ရောင်းခြင်းများလဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ဖုန်းလုပ်ငန်း၊ဖုန်းအပိုပစ္စည်းရောင်းဝယ်ခြင်းများ ၊ပဲ ပြောင်း ဖရဲရောင်းဝယ်ခြင်းများ  အထူးအဆင်ပြေမည် ။ ၇ရက်သားသမီးများ  အားလုံးငွေကံကောင်းနေသလို ငွေ အသုံး လဲ များနေတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂း၁၈)နာရီမှ (၂၃း၀၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  မကာရစန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲ တွေအတားအဆီးတွေနည်းပါးကြသူတွေဖြစ်ပါတယ်။ ဆွေမျိုးသားချင်းထဲက ချမ်းသာသူတစ်ဦးဦးက ကူညီပေးတာ ထောက်ပံ့ပေးတာ၊အလုပ်ပေးတာမျိုးတွေအထူးကြုံရတတ်တဲ့သူဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ မရှိ မရှား သူတွေဖြစ်ပါတယ်။ ကိုယ့်အစွမ်းအစနဲ့ တစ်ပြားမှငွေမဝင်တဲ့အချိန်တွေရှိရင်တောင်မှ ထောက်ပံ့မဲ့သူတွေ၊ အရင်းအနှီးထုတ်ပေးသူ တွေပေါများပါတယ်။ အားနည်းချက်တစ်ခုက ငါ့အတွက်၊ငါ့မိသားစုအတွက်ဆိုတဲ့ စိတ် သာရှိပြီး ကိုယ်ချင်းစာစိတ်နည်းသွားတတ်တာကို ပြုပြင်ဖို့လိုပါတယ်။ လူတွေ ကိုအကျိုးအမြတ်ကြည့်ပြီး ပေါင်းတတ် ကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက်ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၄) နာရီမှ မွန်းလွဲ(၀၁း၃၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ကြေးနီရောင် နှင့် အပြာနုရောင်             များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၁၊ ၂)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရေအေးအေးလေး တစ်ခွက် သောက်ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်တီတစ်ပွဲ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေရတတ်ပါတယ်။ ပြဿနာတွေကိုတိုက်ရိုက်ဖြေရှင်းတာမျိုးမလုပ်ဘဲ သွယ်ဝိုက် တဲ့နည်းနဲ့ဖြေရှင်းလိုက်တာ ပိုကောင်းပါတယ်။ ဘာလုပ်လုပ်ကြားကနေအကျိုးဆောင်ပေးတဲ့သူကို အကူအညီ တောင်း တာပိုကောင်းပါတယ်။ အချစ်ရေးကိစ္စတွေ တောင်မှအောင်သွယ်နဲ့ တဆင့်ကမ်းလှမ်းတာ ပိုကောင်းပါတယ်။ အများ ဝန်ကိုထမ်းနေရတတ်ပါတယ်။ ကိုးကွယ်စ ရာဘုရား၊ရဟန္တာပုံတော်ကားချပ်များ ရောက်လာတတ်ပါတယ်။ လက်ရှိ အလုပ်အပြင် အပိုအလုပ်တွေချဲ့ထွင်တာ မျိုးလဲကောင်းတဲ့နေ့ပါ။ ဖခင်ထံမှအထောက်အပံ့အကူအညီမျိုး ရတတ်ပါ တယ်။

တနင်္လာ

လမ်းပျောက်နေသလိုဖြစ်ရတတ်ပါတယ်။ ဘာလုပ်ရမှန်းမသိ တွေဝေစိတ်တွေများနေတတ်ပါတယ်။ စွမ်းအားတွေနဲ့ မလိုအပ်တဲ့နေရာမှာစိုက်ထုတ်နေမိတတ်ပါတယ်။ ဥပမာ ပြောရရင် ဂိမ်းနဲ့အချိန်ကုန်တာမျိုးပေါ့။ အကျိုးမရှိတာ တွေကို လျှော့နိုင်မှဒီနေ့က အဆင်ပြေလမ်းမှန်ပေါ်ရောက်ပါ လိမ့်မယ်။ ကူညီမလိုလိုနဲ့ ဒုက္ခပေးသွားနိုင်တဲ့နေ့ရက် ဖြစ်တာကြောင့် ဘယ်သူကိုမှစိတ်ချယုံကြည်ထားလို့မရပါဘူး။ ကျန်းမာရေးအနေနဲ့ ဝမ်းချုပ်နေသူများ ဝမ်းနှုတ်ပေးပါ။ ဝမ်းချုပ်ရာကစလို့ အပိုရောဂါတွေပါ ထပ်ဖြစ်နိုင်လို့ပါပဲ။ လူမျိုးခြားတွေနဲ့ တွဲဖက်လုပ်ကိုင်ရသောအလုပ် များ အဆင်မပြေဖြစ်ရတတ်ပါတယ်။

အင်္ဂါ

အခက်အခဲတွေကိုကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ် ။ မိမိကြိုးစားသမျှအရာထင်အောင်မြင်ပါလိမ့်မယ်။ ငွေကြေးအရအောင်မြင်မှုတွေမရရှိနိုင်ပေမဲ့ အလုပ်အရတော့ အဆင်ပြေပေါက်မြောက်တတ်ပါတယ်။ အလုပ်ခွင် အတွင်းနာမည်ကောင်းရနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများဖောက် သည်သစ်တွေနဲ့အချိတ်အဆက်ရလာ တတ်ပါတယ်။ အချစ်ရေးမှာ ရေမှုတ်တစ်ဖက်၊မီးစတစ်ဖက်ရှိတဲ့ချစ်သူ ကြောင့်အဆင်ပြေရတတ်ပါတယ်။ လိုတာထက်ပိုပြီးတော့ သူများရဲ့အကူအညီကိုမယူသင့်ပါ။ ကျန်းမာရေး ကတော့ အားရစရာကောင်း တဲ့နေ့တစ်နေ့ပါပဲ။ အဖျားတာရှည် နေတာမျိုးတွေရှိရင်ဒီနေ့ပြန်ကောင်းပါပြီ။

ဗုဒ္ဓဟူး၊ရာဟု

စိတ်ကြည်လင်ကံကောင်းနေတတ်ပါတယ်။ ဘာသာရေး ကိစ္စတွေနဲ့ပဲအချိန်ကုန်သင့်တဲ့နေ့ပါ။ အဓိဋ္ဌာန်စတင် ဝင်လို့ အထူးကောင်းပါတယ်။ ငွေရွှင်လာဘ်ရွှင်ပါလိမ့်မယ်။ သူ တစ်ပါးဆီကအကူအညီကောင်းတွေရလာ တတ်ပါတယ်။ ဓမ္မဒါနအဖြစ်လက်ဆောင်လေးတွေရတတ်ပါတယ်။ တရားဓမ္မဆွေးနွေးခြင်းများ၊ တရား ရှုမှတ်ခြင်းများကိုလေးလေး နက်နက်လုပ်သင့်တဲ့နေ့ရက်ပါပဲ။ ရှေ့တိုးဆောင် ရွက်ရမဲ့အလုပ်တွေအတွက် အစီအစဉ် ဆွဲတာ၊ ရှယ်ယာဝင် နေတဲ့တိုင်ပင်တာမျိုးဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ ငွေအစု လိုက်ဝင် လာတတ်ပါတယ်။ ကုသိုလ်စိတ်လေးတွေနဲ့ အမြဲနေသူများထီထိုးပေးပါ။

ကြာသပတေး

ကြည်နူးစရာအချိန်လေးပါပဲ။ ချစ်သူဆီကအဖြေရတာမျိုး၊ မိမိအားထည့်လုပ်ကိုင်နေတဲ့အရာတစ်ခု အောင်မြင် ပြီးမြောက်သွားတာမျိုးတွေကြုံရတတ်ပါတယ်။ ဘုရားဖူးခရီးဖြစ် စေ၊အပျော်ခရီးဖြစ်စေကြုံလွယ်တဲ့ နေ့ရက်ပါပဲ။ ဥပုသ်သီလယူပါ။ ကောင်းသောစကားကိုဆိုပါ။ အဘက်ဘက်က အဆင်ပြေသွားပါလိမ့်မယ်။ အလုပ်ထဲမှာနေရာ ပေးခံရတာမျိုး၊ အသိအမှတ်ပြုခံရတာမျိုးတွေကြုံရတတ်ပါတယ်။ မိသားစုဒါမှမဟုတ် ချစ်ရသူတွေနဲ့ပျော်စရာအချိန် တွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ ပရဟိတကိစ္စများ အသင်းအဖွဲ့ ကိစ္စများမှာ ဝင်ရောက် လုပ်ကိုင်ပေးခြင်းမျိုး ကြုံရ တတ်ပါတယ်။

သောကြာ

တတ်နိုင်သမျှအိမ်တွင်းပုန်းလုပ်နေတာပိုကောင်းပါတယ်။ အပေါင်းအသင်းများနဲ့ သွားလာခြင်းမလုပ်ပါနဲ့။ သူတို့ ပြဿနာ တွေကိုယ့်ဆီကူးစက်လာတတ်ပါတယ်။ လိုရင်းပြော လိုတာကဒေါသကြီးသူတွေကို တတ်နိုင် သလောက် ရှောင်ပါ။ အသောက်အစားအပျော်အပါးမလုပ်ပါနဲ့။ အေးအေး ဆေးဆေးနေရင် နေလို့ကောင်းပြီး အဆင်ပြေမဲ့နေ့ ရက် ဖြစ်ပါလိမ့်မယ်။ ရန်ဖြစ်ရင်အမှုကြီးသွားတတ်ပါတယ်။ ငွေကံကောင်းနေလိမ့်မယ်။ မုန့်ဖိုးရတာ ဆုကြေးရတာမျိုး တွေ ကြုံလွယ်တယ်။ ငွေချေးလိုက်တာမျိုး အထူးရှောင် လိုက် ပါ။စီးပွားရေးနှင့်ပတ်သက်သော အခွင့်အလမ်းကောင်း တွေလဲ ပေါ်လာတတ်ပါတယ်။

စနေ

အလုပ်တွေမှာဖိအားတွေနဲ့လုပ်ကိုင်ရတတ်ပါတယ်။ ဒါ ကြောင့်စိုးရိမ်ပူပန်စရာတွေများနေမဲ့နေ့ပါပဲ။ လိုတာထက် ပိုပြီးတော့ ငွေတွေကိုမသုံးမိဖို့ပြောပါရစေ။ တစ်ခုခုဝယ် လို့ ငွေများများကုန်သွားရင် ငွေကုန်တာမရပ်ဘဲ ထပ်ကုန် စရာပေါ်လာတတ်လို့ပါ။ကျန်းမာရေးစိုးရိမ်စရာမရှိပေမဲ့ ချော်လဲတာမျိုးတွေ၊ထိခိုက်စရာ၊ တစ်ခုခုဖြစ်တာ မျိုးတွေဖြစ် လွယ်နေတတ်ပါတယ်။ ရွှေဝယ်ဖို့မသင့်ပါဘူး။ လမ်းမှာ အမှိုက်၊သံ၊ပုလင်းကွဲ စတဲ့အမြင်မတော်တာတွေ ဖယ်ရှားပေး လိုက် မျိုးက ဒီနေ့အတွက်ကံကောင်းလာစေပါတယ်။ လူမှုရေးစကားများ မိမိကဦးဆောင် ပြီးတော့မပြောလိုက်ပါနဲ့။ ရွှေကျပျောက်တတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695