loading

Category: Daily Consult

  • Home
  • Category: Daily Consult

1.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၇)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ဝါရမိတ္တုကြီး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာတီထိအရတော့လဆန်းတီထိ၆လုံးဖြစ်ပြီးတော့အောင်မြင်မှုတွေ၊ပျော်ရွှင်မှုတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက် တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင်တော့သေချာစစ်ဆေးပြီးမှဝယ်စေချင်ပါတယ်။ ငွေကြေးအပေး အယူ လုပ် မယ်ဆိုရင်တော့ သက်သေတွေရှေ့မှာလုပ်ကိုင်ဆောင်ရွက်တာပိုမိုကောင်းပါတယ်။ ဖုန်းနဲ့ဆက်စပ် ပစ္စည်းရောင်းဝယ် ရေးအလုပ်များအထူးကောင်းပါတယ်။စိတ်ထဲလိုချင်နေတဲ့အကူအညီတွေကိုကောင်းစွာရရှိတတ် ပါတယ်။ ရေကြောင်း ခရီး၊လေကြောင်းခရီးများလဲသွားလာလို့အလွန်ကောင်းပါတယ်။

မိမိအိုးအိမ်များကို အလှဆင်ခြင်း၊ဆေးသုတ်ခြင်း မိမိရုံးခန်းကို မွမ်းမံပြင်ဆင်ခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်း ပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီး ငွေပေးငွေယူကိစ္စများ၊အာမခံခြင်းများ၊ဘဏ်ကိစ္စများလဲ အထူး ဆောင်ရွက် နိုင်ပါ လိမ့်မယ်။

အချစ်ရေး၊မေတ္တာရေးနဲပတ်သက်တဲ့ ကိစ္စအ၀၀လဲ ဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။ အလှကုန်လုပ်ငန်း၊လူသုံးကုန်ပစ္စည်း  ရောင်းချခြင်းလုပ်ငန်း၊  အရည်နှင့်ပတ်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ အထူးပဲတိုးတတ်အောင်မြင်နိုင် တဲ့ နေ့ပါပဲ။ကုန်ပစ္စည်းအသစ်များစတင်ဖြန့်ချီရန် ရက်ကောင်းဖြစ်ပါတယ်။ပြန့်ပွားလိုတဲ့ပစ္စည်းများစတင်မိတ်ဆက်တာမျိုး ဆောင် ရွက်နိုင်ပါတယ်။လုပ်ရိုးလုပ်စဉ်မဟုတ်သော၊ဥပဒေနဲ့မလွတ်သောကိစ္စများဆောင်ရွက်ခြင်းမပြုရ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၄၃)နာရီမှ ည(၂၁း၃၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ဗြိစ္ဆာစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ  အယူ အစွဲကြီးကြပါတယ်။ ရှေးရိုးဆန်ကြတယ်။တစ်ခုခု ကိုစွဲကိုင်ထားမိရင် မလွှတ်တော့ဘဲ ဒါကအမှန်ဆိုတာမျိုး ပုံသေယူ သွားတတ်တဲ့ဇာတာပါ။ ငွေကြေးအထားအသို ကောင်းတာမို့ ငွေစုဆောင်ရလွယ်ကူကြတယ်။ စီးပွားရေး အား ကောင်း တဲ့ဇာတာမို့ အသက် ၂၈ကစလို့ အောင်မြင်မှု ကိုစတင်ထိတွေ့ရတယ်။ မွေးချိန်အရ ကွာဟမှုတော့ ရှိနိုင် ပါတယ်။ အိမ်ထောင်ရေးစိတ်ချမ်းသာရတတ်ပြီး နာမည် ပေးမှန်မယ်ဆိုရင်တော့ ဘဝအောင်မြင်ရေးအတွက် ပူဖို့ မလိုတဲ့ဇာတာတွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၈း၅၅) နာရီမှ မနက်(၁၀◌း၂၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သား တနင်္လာ၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ   သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ညိုဝါရောင်  များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၅၊ ၇)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖခင်ကို ရည်မှန်း ကန် တော့ပြီးမှ  သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အမိအဘ တွေဆီကအထောက်အပံ့တွေရလွယ်နေတတ်ပါ တယ်။ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ပေးပါ။ အတူနေ ညီအကို မောင်နှမတွေနဲ့ မတည့်တာစိတ်ဝမ်းကွဲတာဖြစ်ရ တတ်ပါတယ်။ မိမိတို့ အနေနဲ့ဒီနေ့မှာ စာမေးပွဲကိစ္စ၊ အင်တာဗျူးကိစ္စတွေရှိရင် အဆင်ပြေအောင်မြင်တတ်ပါ တယ်။ မိတ်ကောင်းဆွေကောင်းတွေပေါများပါလိမ့်မယ်။ ဆရာသမား တွေဆီကအကူအညီ ကောင်းတွေရလာတတ်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီး နယ်ခရီးထွက်ရ တာမျိုးတွေ လဲ ကြုံရ နိုင်ပါတယ်။ မိမိတို့လိုချင်တဲ့ ရွှေငွေ၊ လက်ဝတ် ရတနာတွေကိုလဲ ဝယ်ယူလို့အလွန်ကောင်းတဲ့ နေ့ရက်ပါပဲ။

တနင်္လာ

ငွေကြေးနဲ့ပတ်သက်ပြီးတော့ အသုံးနဲ့အဖြုန်းကိုခွဲခြား သုံးစွဲတတ်ရင်အဆင်ပြေပါပြီ။ လူငယ်တွေဆိုရင်တော့ မိဘတွေ အုပ်ထိန်းသူတွေနဲ့ စကားများပြဿနာတတ် ရတတ်ပါတယ်။ခရီးကိစ္စများ၊ကုန်သွယ်စီးပွားကိစ္စများ အခက်အခဲများ နိုင်ပါ တယ်။ အပေါင်းအသင်းကြောင့် ဒုက္ခ ရောက်တတ်ပါတယ်။ ဆိုးတဲ့ရမ်းကားတဲ့မိတ်ဆွေ တွေနဲ့သွားလာတာမျိုး တတ်နိုင် သလောက် ရှောင်လိုက်စေချင် ပါတယ်။အလုပ်စီးပွားတွေမှာတော့ အဖျက်တွေဝင်တတ်ပါတယ်။ လုပ်ဖော် ကိုင်ဖက်တွေရဲ့ အမှားလုပ်ထားတာတွေ ကို ပြန်လည်လုပ်ကိုင်နေရတတ်ပါတယ်။

အင်္ဂါ

မိမိနဲ့ပတ်သက် တဲ့ သတင်းအချက်အလက်တွေ၊ လျှို့ဝှက် သင့်တဲ့စကားတွေကိုမပေါက်ကြားအောင် ထိန်းသိမ်းသင့်တဲ့ နေ့ရက် ပါပဲ။ဒီနေ့မှာစိတ်ကိုမိမိဝါသနာပါရာ အလုပ်တစ် ခုခုမှာနှစ်ထားလိုက်စေချင်ပါတယ်။ ရည်ရွယ် ထားတဲ့ ခရီးစဉ်တွေပျက်ရ တတ်ပါတယ်။ ကတိလွယ်လွယ်ပေးတဲ့ သူတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေး မှာ ချစ်သူ တောင်းဆိုတာကို မလိုက်လျောမိ တာကြောင့်ပြဿနာ လေးတွေဖြစ်နေ ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက် ရင်လဲ လက်ရှိအနေအထား ထက် တိုးချဲ့ လုပ်ကိုင်ခြင်းမျိုးရ သလောက်ရှောင်လိုက်ပါ။ ငွေကိုလွယ်လွယ်နဲ့ မသုံး လိုက်မိဖို့ အရေးကြီးပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

လူမှုရေးကိစ္စတွေ၊ အလှူအတန်းကိစ္စတွေလဲ လိုက်ပါဆောင် ရွက် ပေးနေရတတ်ပါတယ်။ သူတစ်ပါးရဲ့ အကူအညီ တွေအများ ကြီးရလာတတ်ပါတယ်။  မိသားစုစီးပွားရေးများနှင့် အသေးစားအလတ်စားစီးပွားရေးများတိုးတတ် ကောင်း မွန်ပါလိမ့်မယ်။ ဒီလိုနေ့မျိုးမှာလဲမိမိရင်ထဲမှာပရဟိတစိတ်၊သူတစ်ပါးကိုကူညီချင်စိတ်လေးတွေကိန်းအောင်း နေတတ် ပါ တယ်။ စိတ်ကူးထား တာ လေးတွေလက်တွေ့ဖြစ်ဖြစ်လာတတ်ပါတယ်။ ကောင်းတဲ့မွန်မြတ်တဲ့ကိစ္စတွေကို အလေး ပေး လုပ်ကြည့်ပါ။ ဆိုင်များ ဈေးဝယ်သူကို စေတနာ ပါပါနဲ့ရောင်းကြည့်လိုက်ပါ။ အဘက်ဘက်ကအဆင် ပြေပါလိမ့် မယ်။

ကြာသပတေး

ငွေကြေးလာဘ်ရွှင်နိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ငွေအစု လိုက်ဝင်တတ်ပါတယ်။ အချစ်ရေးစန်းကောင်းနေတဲ့ နေ့ ရက်ဖြစ်တာ ကြောင့် မိမိချစ်ရသူကို ရင်တွင်းခံစားချက် တွေထုတ်ဖော်ပြီး ချစ်ခွင်ပန်သင့်တဲ့နေ့ရက်ပါပဲ။ ပညာရေး ဟော ပြောပွဲများ၊ စာပေ နှင့် စာနယ်ဇင်း မိတ်ဆက် ပွဲများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ စိတ်ကူးထားသမျှ အဆင်ပြေ တိုးတတ်မှုတွေရှိပါလိမ့် မယ်။ ရည်ရွယ် ထားတာလေးတွေကိုလက်တွေ့ အကောင်အထည်ဖော်လာနိုင် ပါလိမ့်မယ်။ ငွေကြေးစတင်စုဆောင်းလို့အလွန် ကောင်းပါတယ်။ ချစ်သူနဲ့ပျော်စရာအချိန်တွေကိုဖန်တီးနိုင်ပါ လိမ့် မယ်။

သောကြာ

စက်ပစ္စည်းအသစ်အဆန်းဝယ်တာမျိုးဆိုနားလည်သူတွေ ကိုမေးမြန်ပြီးမှပဲဝယ်စေချင်ပါတယ်။ ကိုယ်ပိုင်အလုပ်များ အောက် လက်ငယ် သားတွေနဲ့လွှတ်မထားဘဲ မိမိကိုယ် တိုင်ဦးစီးပါ။ စိတ်ပူပန်စရာကိစ္စလေးတွေများနေတတ်ပါတယ်။ တွေးထင် စိတ်ကူး ထား တဲ့ကိစ္စတွေက လက်တွေ့မဖြစ် လာသေးတာမျိုးကြုံရတတ်ပါတယ်။မိုးလင်းကတည်းကtime table လေးဆွဲ ထား လိုက်ပါ။ အဲလိုမှမဟုတ်ရင်အရေး မပါတဲ့ကိစ္စတွေနဲ့အချိန်တွေကုန်သွားတတ်ပါတယ်။ ကျန်းမာ ရေး ပတ်သက်ရင်တော့ မတည့်တဲ့အစား အသောက် စားမိရာကနေ ရောဂါတိုးလာတတ်ပါတယ်။

စနေ

ဒီနေ့မှာကုန်စရာများနေတာကြောင့် ချွေတာနေရတတ်ပါတယ်။ အချစ်ရေးကိစ္စ တွေမှာ စန်းအားကောင်းနေတာ ကြောင့် ရေလာ မြောင်းပေးစကားတွေ ပြောလာမဲ့သူတွေအနားမှာရှိနေတတ်ပါ တယ်။ ကြန့်ကြာနေတဲ့ လုပ်အားခတွေ ရှိရင် ဒီနေ့ပြန်ရလာ တတ် ပါတယ်။ ဘာလုပ်လုပ်လေးလေးနက်နက်ထားပြီး လုပ်တတ်တဲ့အကျင့်ရှိသူတွေ အဆင်ပြေ မှုပိုများတတ်ပါတယ်။ သူတစ်ပါး ကိုကူညီချင်စိတ်အပြည့်နဲ့ကူညီခဲ့တာတွေရဲ့ အကျိုးဆက်ကိုပြန်ခံ စားရတတ်ပါ တယ်။လိုချင်တာတွေကိုရအောင် ဖန်တီး ယူနိုင်ပါလိမ့်မယ်။ အရှုပ်တွေရှိရင်လဲရှင်းထုတ်နိုင်မဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

30.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့်၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၆)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၉)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရဆင်မြေခံဖြစ်ပါတယ်။ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ် ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ရှောင်သင့် ပါတယ်။

တီထိမြေခံအရ မိတ္တုမြေခံဖြစ်ပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားညို၊ရက်ကန်းရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  စိတ်ရဲ့အေးချမ်းမှုတွေ၊ တည်ကြည်ရှင်းသန့်မှုတွေကိုပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ဒီနေ့ဟာ အထူးမွန်မြတ်သောနေ့ရက်ပဲဖြစ်ပါတယ်။ အလုံးစုံသောမင်္ဂလာကိစ္စများ လဲဆောင် ရွက် လို့ကောင်းပါတယ်။ အဆင့်မြင့်အတတ်ပညာများလေ့လာရန်အခွင့်အရေးကြုံရတတ်ပါတယ်။ ကုန် သွယ်စီးပွား ရေးရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာများဝယ်ယူမယ်ဆိုဒီနေ့ကအလွန် ကောင်းပါတယ်။

ဂါထာမန္တန်သိဒ္ဓိတင်ခြင်းတွေ၊အဓိဋ္ဌာန်ဝင်ခြင်းတွေ၊အိမ်ပြောင်းရွှေ့ခြင်းတွေ၊ အိမ်တတ်လုပ်ခြင်းတွေအတွက် အထူး ရက်ကောင်းတဲ့နေ့လဲဖြစ်ပါတယ်။ကုမ္ပဏီကိုစတင်ဖွင့်လှစ်ခြင်းတွေ၊ စက်ပစ္စည်းဝယ်ခြင်း၊ ထီထိုးခြင်း၊ငွေကြေးချေး ငှားခြင်းတွေကိုလဲ ဆောင်ရွက်လို့သင့်ပါတယ်။ အလုပ်တစ်ခုခုမှာ ရှယ်ယာစတင်ဝင်ရောက်ခြင်းများဒီနေ့မှာစတင် နိုင်ပါလိမ့်မယ်။

စိတ်ထဲလိုချင်နေတဲ့ငွေကြေးအကူအညီတွေ့လက်တွေ့ရလွယ်တဲ့နေ့ရက်လဲဖြစ်ပါတယ်။စိတ်နှလုံးအေးချမ်းအောင် ဆောင်ရွက်တဲ့ကိစ္စမှန်သမျှအဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းသစ်များစတင်ခြင်းတွေ၊ အလုပ်သစ်စတင်လျှောက်ခြင်း တွေအထူးကောင်းပါတယ်။ အသက်မွေးဝမ်း ကြောင်းပညာပဲဖြစ်ဖြစ်၊ ကျောင်းပညာရေးပဲဖြစ်ဖြစ် ပညာရပ်နှင့် ပတ်သက်သောအလုပ်စီးပွားများအထူးကောင်း ပါတယ်။

ရေနှင့်ပတ်သက်သော အချိုရည်၊အအေး၊ရေသန့်လုပ်ငန်းများ အထူးအောင်မြင်နိုင်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်တွေ မှာ တွေးနိုင်လေ စဉ်းစားနိုင်လေ လမ်းမှန်ပေါ်ရောက်လေပါပဲ။ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သံယောဇဉ်ကို ဦးစားပေးပြီး လုပ်ကိုင်ဆောင်ရွက်မိရင်တော့ အမှားများတတ်ပါတယ်။သတိထားဖို့ပါ။

ဒီနေ့မှာရှောင်သင့်တာတွေကတော့ အရက်သေစာသောက်စားခြင်း၊ဆဲဆိုခြင်းတွေမလုပ်သင့်ပါ။ လုပ်မိပါကကံ အထူးညံ့သွားတတ်ပါတယ်။ ကောင်းသောစကားပြောပြီး ကောင်းစေလိုတဲ့စေတနာနဲ့ အကြံပေးပြောပြရင်တောင် အပြစ်မြင်တတ်တဲ့နေ့ရက်မျိုးပါပဲ။ နှုတ်နဲ့ပြီး ကိုယ်နဲ့မဆိုင်ရင်ဝင်မပါတာအကောင်းဆုံးပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၄၇)နာရီမှ ည(၂၁း၃၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါ တယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ဗြိစ္ဆာစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းကြတယ်။ အမြဲတမ်းပြုံးရွှင်နေတတ်သူတွေမို့ လူချစ်လူခင်လဲသိပ်ပေါများကြ တယ်။ မိသားစုအတွက်အနစ်နာခံကြရသူတွေများပါတယ်။ သားကြီး သမီးကြီးဖြစ်မယ်ဆို ညီ၊ညီမတွေရဲ့နှိပ်စက် တာ ကိုခံရတတ်ပါတယ်။ ဂီတနယ်ပယ်၊နည်းပညာနယ်ပယ်ထူးချွန်ကြတဲ့သူတွေဖြစ်ပါတယ်။ ထူးထူးခြားခြားကိစ္စကတော့ ‘’ကား’’ကိုချစ် မြတ်နိုးတဲ့သူတွေဖြစ်နေတာကိုလဲတွေ့ရတတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀◌း၂၅) နာရီမှ နေ့လယ်(၁၁း၅၆)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်းပါတယ်။

ကံကောင်းသောနေ့သားများ ကြာသပတေး၊ သောကြာ    သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ၊ တနင်္လာ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ နီညိုရောင်၊ဖက်ဖူးရောင်များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။     

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၄၊၈) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ထောပတ်သီးမှည့် အနည်းငယ် စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိရဲ့ဆရာသမားတွေအပြောင်းအလဲဖြစ်ရတတ်ပါတယ်။ အထက်လူကြီးအသစ်တွေနဲ့ ကြုံရတတ်ပါတယ်။ ရည်ရွယ် ချက် ကြီးကြီးထားပေမဲ့ စတင်အကောင် အထည်ဖော်လို့ မရနိုင်သေးပါဘူး။ ဘာသာရေးအလုပ်များ၊ကုသိုလ်ရေး အလုပ်များကိုမှတ်မှတ်ရရလုပ်သင့်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး သူတစ်ပါးအခက်အခဲတွေဖြစ်လို့ ငွေထုတ်ပေး လိုက်ရတတ်ပါတယ်။ ဆွေမျိုးသားချင်းတွေကြောင့် ငွေကုန်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ အားနည်းချက် များပါတယ်။ ကျန်းမာရေးခြူခြာနိုင်တဲ့နေ့မျိုး ပါပဲ။ ပညာရေးမှာတော့ ဆရာအတုအယောင်တွေနဲ့ ဆုံတွေ့ရ တတ်ပါ တယ်။

တနင်္လာ

အခက်အခဲနည်းပြီး အဆင်ပြေတာများမဲ့ကာလပါပဲ။ငွေကြေး နဲ့ပတ်သက်ပြီးအထူးကံကောင်းတာမျိုးတွေ ကြုံရ တတ်ပါတယ်။ ထီဝါသနာပါသူများထီကံစမ်းလို့အထူးကောင်းတာ မျိုးတွေကြုံရတတ်ပါတယ်။ ကုန်လှောင်ခြင်း၊ ရင်းနှီး မြုပ်နှံခြင်းများလဲဒီနေ့မှာဆောင်ရွက်လို့အထူးကောင်း ပါတယ်။စိတ်ချမ်းသာမှုတွေရှိနိုင်သလို ကျန်းမာရေးလဲ ဒေါင်ဒေါင် မြည်ကောင်းနေတတ်ပါတယ်။ အလုပ်အကြွေး တွေရှိရင်တော့ ပြီးစီးအောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ အချစ် ရေးကိစ္စတွေ၊မေတ္တာရေးကိစ္စတွေ အထူးအဆင်ပြေ နိုင်ပါတယ်။စန်းပွင့်နေတဲ့အတွက်ချစ်သူသစ်လဲရလွယ်ပါတယ်။

အင်္ဂါ

ကံကြမ္မာမပေးဘဲ ဉာဏ်ဝီရိယကိုတော့ အထူးစိုက်ထုတ် ရပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာ မထင်မှတ်ဘဲ ချစ်သူ ဟောင်း နဲ့ပြန်ဆုံရနိုင်ပါတယ်။ ကျန်းမာရေးကတော့ မိမိအတွက်စိတ်ချမ်းမြေ့ရမဲ့နေ့ရက်ပါပဲ။ ဘယ်လောက် ပင်ပန်း နေပါစေ…ကျန်းမာရေးကကောင်းနေမှာပါ။ အထက် လူကြီးနဲ့အဆင်မပြေဖြစ်ရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းများ ရောင်းမှားဝယ်မှား တွေဖြစ် တတ်တဲ့အတွက် ချင့်ချိန်ပါ။ မလိုအပ်ဘဲငွေကုန်ရတတ်ပါတယ်။ဒီလိုနေ့မျိုးဟာ အိမ်ထောင်ဦးစီးသာဆိုရင်တော့ မိသားစုအရေး ကိစ္စတွေကိုသေချာကိုင်တွယ်တတ်ဖို့လိုပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

စွန့်စားလုပ်ကိုင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကောင်းတာလုပ်တဲ့အပေါ် မနာလို တိုက်ခိုက်မဲ့သူတွေရှိနေတတ်ပါတယ်။ အလုပ်အကိုင် အဆင် ပြေပေမဲ့ လုပ်အားခကြန့်ကြာ တတ်ပါတယ်။ ဆိုင်များ အကြွေးကျနေတတ်တဲ့နေ့မျိုးပါပဲ။ ရေတိုထက် ရေရှည် စီမံကိန်းတွေအတွက်ပြင်ဆင်သင့်တဲ့နေ့ပါပဲ။ လက်ရှိဘဝ၊ လက်ရှိအလုပ်အပေါ်စိတ်ကုန်နေ တတ်ပါတယ်။ ငွေကဖြူဖြူစင်စင်နဲ့ငွေရှာမှအဆင်ပြေတတ်ပါတယ်။ မသာမာတဲ့နည်းနဲ့ စီးပွားလုပ်လို့မသင့်တဲ့နေ့ပါပဲ။ သားသမီးအတွက် ပူပန်ရတတ်ပါတယ်။

ကြာသပတေး

စိတ်ချမ်းသာမှုတွေကိုအထူးခံစားရပါလိမ့််မယ်။ အလုပ် တွေ၊စီးပွားတွေတိုးတတ်ပါလိမ့်မယ်။ မိသားစုစီးပွားရေးများ တက်ညီလက်ညီနဲ့ အကျိုးရှိအောင် လုပ်ဆောင် နိုင်မှာ ပါ။ တပည့်မွေးခြင်း၊ ပညာပေးဝေခြင်း များလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီး ဝင်ငွေတွေတိုးပွား ပါ လိမ့်မယ်။ လိင်ကိစ္စတွေကိုတော့ မရှုပ်ထွေးမိဖို့ လိုအပ် ပါတယ်။ အဖိုးတန်ပစ္စည်းတွေကိုလဲ ဝယ်ယူလို့အထူးပဲသင့် တော်ပါတယ်။ ဈေးရောင်းဈေးဝယ် အလုပ်များ၊ စက်ဆီ ချောဆီနဲ့ပက်သက်သောလုပ်ငန်းလုပ်ကိုင်သူများ ပိုမို အဆင်ပြေတတ်ပါတယ်။ လုပ်ငန်းခွင် အတွင်းနာမည်ကောင်း ရပါလိမ့်မယ်။

သောကြာ

ကံကြမ္မာရဲ့ဖေးမမှုတွေကိုအထူးရရှိပါလိမ့်မယ်။ အများအကျိုး ဆောင်ရွက်တတ်သူဆို ထူးထူးခြားခြားကံပို ကောင်း တတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး မပြေလည်စရာလေး တွေရှိခဲ့ရင်တော့ဒီနေ့မှာ ဖြေရှင်းသွားနိုင်ပါတယ်။ အနု ပညာလုပ်ငန်းများတိုးတတ်ပါလိမ့်မယ်။ အိမ်ထောင်ပရိဘောဂ လုပ်ငန်းများရောင်းပန်းဝယ်ပန်းတွေပွင့်ပါလိမ့်မယ်။ အလုပ်ခွင်အတွင်း ထူးထူးခြားခြား အပြောင်းအလဲကြုံမယ်။ ကောင်းတာလုပ်ထားရင်နေရာကောင်း၊ ရာထူးရတာ မျိုး တွေ ဖြစ်တတ်သလို၊ မကောင်းတာ တစ်ခုခုလုပ်ထားတယ် ဆိုရင်တော့ အလုပ်မှာရာထူးချခံရတာမျိုးတွေ ဖြစ်ရ တတ်ပါတယ်။

စနေ

အလုပ်ထဲမှာ အနည်းငယ်ပင်ပန်းရတတ်ပါတယ်။ မိမိ အတွက်မနိုင်ဝန်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ မိမိအောက် လက် ဝန်ထမ်းတွေ အလုပ်ကထွက်သွားတာမျိုး တွေကြုံနေရတတ်ပါတယ်။ ဒါကြောင့်  အဓိကနဲ့သာမညကို ခွဲခြား ပြီးသိဖို့လိုပါတယ်။ ရွှေဝယ်တာ၊ ရတနာပစ္စည်း ဝယ်တာမျိုးတွေသတိထားပါ။ စိတ်ချရတဲ့အာမခံရှိတဲ့ဆိုင်မျိုးမှာ တော့ဝယ်စေချင်ပါတယ်။ သားသမီးတွေအဝေး ထွက်သွားတာမျိုးတွေကြုံရတတ်ပါတယ်။ မိဘနဲ့သားသမီး အလုပ် ကြောင့်ခွဲခွာရတာ မျိုးတွေကြုံ ရတတ်ပါတယ်။ မိသားစုအတွင်း အတူနေသူများနဲ့ စကားများစရာလေးတွေကြုံ နေရ တတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

29.September .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၅)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၂၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၉)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်  လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက် ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာတီထိအရတော့ လဆန်းတီထိ ၄လုံးပဲရှိသေးပြီးတော့ ဆင်းရဲခြင်း၊ဗလာနတ္ထိဖြစ်ခြင်းတွေကိုပေးတဲ့ ရိတ္တာတီထိ ကျရောက်တဲ့နေ့ရက်ပါပဲ။ဒီနေ့ဟာ ကျန်းမာရေးနဲ့ပတ်သက်သောကိစ္စအ၀၀ဆောင်ရွက်လို့အထူးကောင်းပါတယ်။ အကြီးအကဲများ၊ဆရာသမားများထံ သြဝါဒခံယူလို့အလွန်ကောင်းပါတယ်။ မြုပ်နှံထားတဲ့  ငွေကြေးရင်းနှီးထားမှု တွေ ကနေတဆင့် အကျိုးအမြတ်တွေရလာပါလိမ့်မယ်။ လှောင်ကုန်ပစ္စည်းများ ပြန်လည်ရောင်းချရန်ကောင်းသော ရက် ဖြစ်လေသည်။ အနုပညာနှင့်နွယ်သော ပစ္စည်းပစ္စယတွေထုတ်လုပ်ဖြန့်ချီရန်ကောင်းသောရက်ဖြစ်လေသည်။

အတိတ်ကလုပ်ခဲ့တဲ့ ကုသိုလ်ဒါနတွေရှိခဲ့ရင်ဒီလိုနေ့မျိုးမှာပြန်အကျိုးပြုတတ်ပါတယ်။ ဒါကြောင့်ထီဝါသနာပါသူများ ထီကံစမ်းလို့အလွန်ကောင်းပါတယ်။ မိမိဖြစ်ချင်တာတွေကိုလဲဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အခက်အခဲကြုံ လဲ လက်မလျှော့တဲ့သူတွေအတွက် အထူးကံကောင်းမဲ့နေ့ရက်ပါပဲ။ပြည်တွင်းပြည်ပဈေးကွက်များကို မိမိကုန်ပစ္စည်း ပေါက်ရောက်အောင် ဆောင်ရွက်တဲ့ကိစ္စမှန်သမျှအဆင်ပြေတိုးတတ်ပါလိမ့်မယ်။

စုပေါင်းပြီးလုပ်ရတဲ့ကိစ္စမှန်သမျှအဆင်ပြေပြေလွယ်ကူအောင်မြင်တတ်ပါတယ်။ ကြန့်ကြာနေတဲ့ကိစ္စမှန်သမျှဒီနေ့ မှာလွယ်ကူပြီးမြောက်သွားပါလိမ့်မယ်။ ရန်သူအားသုတ်သင်ခြင်း၊ရန်သူစခန်း ကိုသိမ်းပိုက်ခြင်း၊ဖမ်းဆီးခြင်းများ ဆောင် ရွက်နိုင်သလို ကောက်ပဲသီးနှံများကိုပိုးသတ်ဆေးဖြန်းခြင်းများလဲ အထူး ဆောင်ရွက်နိုင်ပါတယ်။

            ဓားလှံလက်နက်များထုတ်လုပ်ခြင်း၊ ခဲယမ်းမီးကျောက်များထုတ်လုပ်ခြင်းနှင့် အရက်သေစာများ ထုတ်လုပ် ရောင်းချခြင်းများလဲဒီနေ့မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။လျှပ်စစ်နဲ့ပတ်သက်သောလုပ်ငန်းများ အထူး အဆင် ပြေတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များရောင်းအား တတ်ပါလိမ့်မယ်။ လက်လျော့လိုက်ပြီး မလုပ်ဖြစ်ဘဲ ပစ်ထားတဲ့အလုပ်တွေကိုပြန်လည်လုပ်ကိုင်ဆောင်ရွက်ကြည့်ပါ။အထူးပဲအဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။ ငွေကြေး အတွက်လဲ ရပိုင်ခွင့်တွေကိုရလာပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်တဲ့ငွေများ၊လက်လွန်ထားတဲ့ငွေများ ပြန်ရလွယ်တဲ့ နေ့ ရက် တွေပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၂၀◌း၅၁)နာရီမှ (၂၁း၄၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  တူစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ကောင်းသော မိဘတွေရဲ့ လမ်းညွှန်မှုတွေကိုရရှိတာကိုတွေ့ရပါတယ်။ အခက်အခဲတွေကိုကောင်းစွာကျော်လွှားနိုင်ပြီးတော့ ဘဝရဲ့ အောင်မြင်မှုတွေကိုရရှိတတ်ပါတယ်။ကံကောင်းတာကတော့ ငယ်ငယ်ရွယ်ရွယ် အသက်၂၀ ဝန်းကျင်မှာပဲ ဘဝ အောင်မြင်မှုကိုစတင်ထိတွေ့ခွင့်ရတတ်ပါတယ်။ အလွယ်တကူအောင်မြင်ဖို့ရာကူညီမဲ့သူတွေကလဲ များပြားစွာရှိ နေတတ်ပါတယ်။ အိမ်မကပ်ရဘဲ အဝေးရောက်နေတတ်တဲ့ဇာတာမို့ နိုင်ငံခြားလုပ်ငန်းများ၊သင်္ဘောသားအလုပ်၊ ကုန်သည်အလုပ်တွေနဲ့ အသက်မွေးကြသူတွေများပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၂၆) နာရီမှ ညနေ(၂း၅၆)နာရီအတွင်း ကျရောက်နေ ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ သောကြာ   သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သား စနေ၊ ဗုဒ္ဓဟူး၊ ရာဟု   သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် နီညိုရောင်  များများပါသော အဝတ်အစားအသုံး အဆောင် ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစား နိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၄၊ ၃)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီဟိုစေ့လှော်စား သွားပါ။  ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့မလိုင် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကြိုးစားသမျှတိုးပွားခြင်းတွေကိုဖြစ်ပါစေလိမ့်မယ်။ လုပ်သမျှ အရာထင်ခြင်း၊ ကြံစည်သမျှအဆင်ပြေ ခြင်းမျိုးတွေ ကြုံရတတ်ပါတယ်။ အကူအညီအထောက်အပံ့အလွန်မှရလွယ် ပါလိမ့်မယ်။ ပညာရှာလို့ပညာယူလို့ အလွန်ကောင်း ပါတယ်။မိမိဆီကိုအခွင့်အရေးတွေရောက်လာရင်လက်လွတ်မခံ သင့်ပါဘူး။ အောင်မြင်သောလုပ်ငန်းရှင်တွေအတွက် နောက်ထပ်လုပ်ငန်းသစ်တွေထပ်ချဲ့ဖို့အစီအစဉ်ဆွဲသင့်တဲ့ နေ့ရက်ပါပဲ။ကောင်း မွန်သော၊စိတ်ထားပြည့်သော မိတ်ဆွ ေကောင်းတွေရလာတတ်ပါတယ်။ကျန်းမာရေးအတွက် ဆေးကုသမှုခံယူခြင်းများ၊ဆေးစစ်ခြင်းများဆောင်ရွက် နိုင်ပါတယ်။

တနင်္လာ

အိမ်ထောင်ရေးကိစ္စမှန်သမျှအလွန်မှအဆင်ပြေပါလိမ့်မယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးစားဆေးသောက် အလွန် မှဆောင်ရွက်လို့ကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ရင်လွဲ ချော်မှုတွေကိုအလွန်ကြုံရတတ်ပါတယ်။ ဒါကြောင့် အလုပ်ကရှေ့မရောက်သလိုဖြစ်နေတတ်ပါတယ်။ ရန်တော့အလွန်များရတတ်ပါတယ်။ ညဘက်သောက်စားပျော်ပါး တာတွေကိုအထူးရှောင်ပါ။ ခရီးတိုခရီးရှည်တွေမ သွား သင့်တဲ့နေ့ရက်ပါ။ အပျော်အပါးကြောင့်ငွေကုန်ရတတ်ပါတယ်။ ပစ္စည်းတွေအလွယ်မထားပါနဲ့။ ပျောက်ရှ တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ရစရာရှိတာတွေပြန် ရလာ ပါလိမ့်မယ်။

အင်္ဂါ

အဘက်ဘက်ကကံအားသာချက်များပါတယ်။ လိုအပ် နေတဲ့အထောက်အပံ့တွေကိုလဲ ရလာတတ်ပါတယ်။ တစ်ပါး သူတွေဆီကနေရစရာရှိတဲ့ငွေကြေးတွေရလာတတ်ပါ တတ်ပါတယ်။ ကျန်းမာရေးကိုတော့အလွန်မှ သတိထားရ လိမ့်မယ်။ လေဖြန်းဖူးသူများ နောက်တစ်ကြိမ်ထပ်ဖြစ် တတ်ပါတယ်။ အမိအဘတွေဆီကအထောက်အပံ့တွေ ရလာ တတ် ပါတယ်။ ဒီနေ့မှာ ဆိုင်သစ်ဖွင့်ခြင်း၊အလုပ်သစ် စခြင်းတွေအထူးကောင်းပါတယ်။ အလုပ်ခွင်မှာမိမိတောင်း ဆိုထား တာလေးတွေတင်ပြခွင့်တွေရလာတတ်ပါတယ်။ ချဲ့ထွင်မယ်ဆို စပ်တူလုပ်ထားတဲ့အလုပ်တွေက ပိုမိုချဲ့ ထွင် နိုင်ပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

အတိုက်အခိုက်တွေကြားထဲကနေတိုးတတ်အောင် စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ မိမိနေရာလုချင်သူ၊ မိမိကို ဖြုတ်ချ ချင်သူတွေကိုသတိထားဖို့လဲလိုပါတယ်။ ကိုယ်ပိုင်စီးပွား များလဲ အထူးတိုးတတ်ပါလိမ့်မယ်။ နေရာသစ်၊ အိုးသစ် သစ်မှာနေထိုင်ရတတ်ပါတယ်။မိမိအကြံအစည်တွေကအကျိုးထူးမဲ့အကြံအစည်တွေပဲဖြစ်ပါတယ်။အကောင် အထည် ဖော်လိုက်ပါ။ နယ်ပယ်သစ် စီးပွားသစ်ကိုခြေစ တင် လှမ်းလာနိုင်မဲ့ နေ့ရက်ပါပဲ။ကျန်းမာရေး အတွက် အနည်းငယ် ဂရုစိုက်ပေးရတတ်ပါတယ်။ အစာချေဖျက်မှု အားနည်းတာ မျိုးတွေဖြစ်လွယ်ပါတယ်။

ကြာသပတေး

အလုပ်တွေနဲ့ပတ်သက်ပြီးတော့လဲ ကောင်းစွာတိုးတတ် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။လခစားဝန်ထမ်းဆိုရင်တော့ အလုပ်ပိုတွေများပြီး ပင်ပန်းဆင်းရဲရပါလိမ့်မယ်။ ရပ်ဝေးက ဆေးလာကုတဲ့ ဆွေမျိုးတွေရောက်လာတတ်ပါတယ်။ ကုန်လှောင်မိရင်တော့အရှုံးများတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့ဝေးကွာနေရတတ်ပါ တယ်။ အိမ်ထောင်ရေးမှာမပြေလည်တာလေး တွေများ နေတတ်ပါတယ်။လုပ်ငန်းအသစ်အဆန်းတွေလုပ် ကိုင်ရတတ်ပါ တယ်။ လုပ်ငန်းခွင်အတွင်းသူတစ်ပါး အလုပ်တွေ ကူညီပေးရတတ်ပါတယ်။ လုပ်ငန်းခွင်မှာတာဝန် ယူရတာမျိုးတွေ အထူးကြုံ ရတတ်ပါတယ်။

သောကြာ

အလုပ်ပိုတွေလျှော့ချနိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်သောစိတ် ကူးထားတာတွေကိုလဲ လက်တွေ့ အကောင် အထည် ဖော်နိုင်ပါလိမ့်မယ်။ အချစ်ရေးအတွက်အလွန်မှစိတ်ချမ်းသာရ မည်။ ငွေကြေးကိစ္စတွေပြေလည်သွားမည်။ အိမ်၊ခြံ ဝယ်ယူခြင်းများဒီနေ့မှာဆောင်ရွက်နိုင်ပါလိမ့်မယ်။ လုပ်ငန်း ခွင်အတွင်းလုပ်ဖော်ကိုင်ဖက်တွေဆီက အကူ အညီကောင်းတွေရလာတတ်ပါတယ်။ ကံကောင်းခြင်းတွေ အထူးကြုံ ရတတ်ပါတယ်။မိမိသာ ဝီရိယထား ကြိုးစား မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိအဆင်ပြေ အောင်မြင်မှု တွေရ လာတတ်ပါတယ်။ ကျန်းမာရေးအညံ့အဆိုး ကင်းနေလိမ့်မယ်။

စနေ

မိမိအတွက်အရာရာကိုသတိနဲ့ဆောင်ရွက်ရပါလိမ့်မယ်။ ကျန်းမာရေးကလဲ သတိလက်လွတ်မနေပါနဲ့။ ချော်လဲတာ ၊ပြုတ် ကျတာ၊ခါးနာတာမျိုးတွေဖြစ်ရတတ်ပါတယ်။မိမိဖြစ် ချင်တာတွေကိုလဲအခက်အခဲတွေရင်ဆိုင်ပြီးမှ ဖြစ်ရတတ် ပါတယ်။ ဆေးဝါးလုပ်ငန်းများ၊ စက်ပစ္စည်းနဲ့ပတ်သက် သောလုပ်ငန်းများလဲအထူးကောင်းပါတယ်။ သူတစ်ပါးရဲ့ အကူအညီတွေ၊ အကြံဉာဏ်တွေ ကိုရယူပြီးလုပ်တာပို အဆင်ပြေ တတ်ပါတယ်။ ယာဉ်ကား များ အရှိန်လွန်မောင်း နှင်းတာမျိုး အထူးပဲရှောင်ရှားစေချင်ပါတယ်။ လုပ်ဖော် ကိုင် ဖက်တွေနဲ့စိတ်တူကိုယ်တူ လုပ်နိုင်မှအဆင်ပြေ ပါလိမ့် မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

25.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၆)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရ နတ်မြေခံဖြစ်ပါတယ်။ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင် ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။

တီထိမြေခံအရ ကြာသပတေးမြေခံဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ခိုင်ခန့်တဲ့ အဆောက် အဦး တွေ၊ ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ဝါရမိတ္တုကြီး၊ သိကြားပြည်ပြဿဒါး၊ သမားဖြူ၊ ရက်ပုတ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လကွယ်တီထိဖြစ်ပြီးတော့ အေးချမ်းမှု၊ပျော်ရွှင်မှုတွေကိုပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ရန်ပြဿနာများဖြေရှင်းရန် ရက်ကောင်းပါတယ်။ ရပိုင်ခွင့်များလဲပြန်လည်တောင်းခံ နိုင်ပါ လိမ့် မယ်။ငွေကြေးအမြောက်အများ ရင်းနှီးမြုပ်နှံမယ်ဆိုရင်သတိထားဆောင်ရွက်ပါ။

ကန်ရာသီသို့ သောကြာဂြိုဟ် ကူးပြောင်းပါတယ်။ကန်ရာသီမှာသောကြာဂြိုဟ်တည်ဆဲတွင် ဆန်စပါး ကောက်ပဲသီး နှံပျက်စီးလွယ်ပါတယ်။ အခုကစလို့ ၂၈ရက်အတွင်း မရိတ်မခြွေရသေးတဲ့ အသီးအနှံတွေကိုဂရုစိုက်ပေးပါ။ လဆန်း ၁ရက်နေ့ကတနင်္ဂနွေနေ့နဲ့တိုက်ဆိုင်နေတာမို့အုန်းညွှန့် အုန်းပန်း၊အုန်းရည် အင်ကြင်းပန်း၊အုန်းထမင်းစတာတွေကို လှူဒါန်းပြီး လိုရာဆုတောင်းပါ။

ဒီနေ့မှာကတိပျက်တဲ့သူတွေနဲ့အထူးကြုံရတတ်ပါတယ်။ ဒါကြောင့် မည်သည့်ကိုမှအလုံးစုံစိတ်ချယုံကြည်ထားခြင်း မျိုးမလုပ်သင့်ပါဘူး။ ကြာသပတေးဂြိုဟ်စိုးမိုးနေတဲ့နေ့ရက်ဖြစ်တာကြောင့်  နိုင်ငံတကာကိုပညာရေးအတွက် လျှောက်ထားခြင်း၊ စတင် ဆောင်ရွက်တာမျိုးတွေအထူးကောင်းပါတယ်။မည်သည့်ခရီးမဆို သွားလို့အလွန် ကောင်း တဲ့  နေ့ရက်ပါပဲ။ အလုပ်ကိစ္စနဲ့ပတ်သက်သောခရီးများသွားနိုင်သလို မိမိရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပက်သက် ပြီးတော့လဲ ခရီးသွားလို့အလွန်ကောင်းပါတယ်။အလွန်ပဲအဆင်ပြေ တတ်ပါတယ်။

အဗြဟ္မာစရိယသီလကို ဆောက်တည်ခြင်းဖြင့် ကံကောင်းခြင်းတွေကိုရရှိတတ်ပါတယ်။ အရောင်းထိုင်းနေတဲ့ ပစ္စည်း၊ မူလလက်ဟောင်းပစ္စည်းများအရောင်း သွက်ပါလိမ့်မယ်။ အလှကုန်ပစ္စည်းများစတင်၍ဈေးကွက် ထဲ ကိုဖြန့်ချီခြင်း တွေဆောင်ရွက်လို့ကောင်းပါတယ်။

            အထည်ချုပ်လုပ်ငန်းတွေ၊ စက်ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ရွှေနှင့်ရတနာပစ္စည်းရောင်းချခြင်း လုပ်ငန်းတွေ အဆင်ပြေတိုးတတ်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ခံစားချက်နှင့်လုပ်ရသော အတွေးအခေါ်ဦးစားပေးလုပ်ရ သောအလုပ်များပိုမိုအဆင်ပြေတတ်ပါတယ်။ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်းများလဲဆောင်ရွက်နိုင်ပါတယ်။ ထီဝါသနာပါသူများလဲ ထီကံစမ်း သင့်တဲ့ နေ့ရက် ပါ။ ၃ဂဏန်း၊၄ဂဏန်း၊ဝဂဏန်းပါတဲ့ ထီလက်မှတ်ကို ရွေးချယ် ကံစမ်းလိုက်ပါ။

            လမ်းပြုပြင်၊တံတားပြုပြင်ခြင်းများဆောင်ရွက်နိုင်ပါတယ်။မိမိလိုချင်တဲ့တန်ဖိုးကြီးတဲ့အသုံးအဆောင်ပစ္စည်း တွေကိုဝယ်ယူစုဆောင်းနိုင်ပါလိမ့်မယ်။ကိုယ်ပိုင်စီးပွားပဲဖြစ်ဖြစ်လခစားဝန်ထမ်းအလုပ်ပဲဖြစ်ဖြစ် အလုပ်နဲ့ ပတ်သက် ပြီးအဆင်ပြေချောမွေ့တာများပါတယ်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့အချိန်ကာလကတော့ည(၂၁း၀၇)နာရီမှ (၂၁း၅၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာ  များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြု ခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက် စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာ ရေး အညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်းပါ ဘူး။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  သိဟ်စန်း၊မွန်းလွဲတစ်နာရီ ၁၅မိနစ်ကျော်ရင် စန်းက ကန်ရာသီကူး ပြောင်း သည်။  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက် အခဲတွေသိပ်နည်းသူတွေဖြစ်တယ်။ အခက်အခဲကြုံ လာဖို့ရှိလာတိုင်း ကူညီပေးမဲ့သူတွေ၊ကာကွယ်ပေးမဲ့သူတွေ ရှေ့ ကနေမားမားမတ်မတ်ရပ်ပေးကြမဲ့သူ တွေရှိလာစမြဲ ပါပဲ။ ကံကောင်းတာက  ရပ်ဝေးနိုင်ငံခြားကံအားကောင်းကြသူ တွေဖြစ်ကြတယ်။ နိုင်ငံခြားမှာအခြေချလို့ရသည်အထိ နိုင်ငံခြားကံအထူးကောင်းကြတယ်။ နိုင်ငံခြားမှာပဲ ပညာသင် စီးပွားရှာလို့ကောင်းတဲ့သူတွေဖြစ်ပါတယ်။ ဘဝအတွက် အထောက်အပံ့ဖြစ်စေမဲ့ လူနည်းစုလောက်သာတက်နိုင်တဲ့ ကျောင်းတွေ၊သင်တန်းမျိုး၊စာသင်ဝိုင်းတွေကို သင်ယူတတ် ရောက် ခွင့်တွေအထူးရလာပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၃၀) နာရီမှ ညနေ(၀၆း၀၀)နာရီအတွင်း ကျရောက်နေ ပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများဖြစ်ပါတယ်။         

ကံညံ့သော နေ့သား ကတော့ အင်္ဂါ၊ စနေ  သားသမီးများဖြစ်ပါတယ်။       

ကံသင့်သောနေ့သားများ ကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု  သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ ခရမ်းရောင်၊ကာကီရောင်          များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၅၊ ၆)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မြင်းခွာရွက်သုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရဲယိုသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အထက်လူကြီးနဲ့ဆက်ဆံရေးအဆင်မပြေတတ်ပါ။ ဌာန ဆိုင်ရာနဲ့ ဆက်စပ်လုပ်ကိုင်သမျှစာရွက် စာတမ်း မပြည့်စုံ မှုကြောင့် အဆင်မပြေဖြစ်ရတတ်ပါတယ်။ ရွှေနှင့်ရတနာ ပစ္စည်းရောင်းဝယ်ခြင်းများ အဆင်မပြေဖြစ်လွယ်ပါတယ်။ ရောင်းလိုတဲ့ စက်တွေရှိရင် ဒီနေ့ရက်မှာရောင်းထွက်သွား ရတတ်ပါတယ်။ သားသမီးတွေရဲ့လို အင်ဆန္ဒတွေကို ဖြည့် ဆည်း ပေးနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကိုတော့ ဒီနေ့ရက်မှာဂရုစိုက်ပါ။ လေချုပ်၊ဝမ်းချုပ်ဖြစ်ရတတ်ပါတယ်။ လူမှု ရေး ပြဿနာ တွေထဲ ကြား ဝင်မပါမိစေနဲ့။ လမ်းသစ် ထွင်ကြိုးစားထားသူများဒီနေ့မှာ အောင်မြင်မှု အသီးအပွင့် တွေကို စတင်ခံစား ရနိုင်ပါတယ်။

တနင်္လာ

ရလိုမှုတစ်ခုအတွက် ထိုက်တန်တဲ့အချိန်တစ်ခုပေးရပါ လိမ့်မယ်။ စိတ်ရှည်မှအဆင်ပြေနိုင်တဲ့ကာလပါပဲ။ ဒါမိမိယုံ ကြည် လေး စားရသူပဲဆိုပြီး ငွေကြေးချေးငှားတာမျိုးကို ချင့်ချိန်ပါ။ ရင်းနှီးသူတွေကပဲ မိမိကိုလိမ်သွားတတ်တဲ့နေ့ရက် ပါပဲ။ ဘာသာရေးနဲ့ပတ်သက်တဲ့ ဘုရားဖူးခရီးများ သွားရခြင်းတွေ၊ ကိုးကွယ်စရာပစ္စည်းများ လက်ဆောင်ရခြင်းတွေ ကြုံရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်သော ကိစ္စအ၀၀အဆင်ပြေပါလိမ့်မယ်။ အတွေးဟောင်းစိတ်ကူးဟောင်း တွေကို ဘေးဖယ်ပြီးလက်ရှိအနေ အထားနဲ့ ကိုက်ညီတဲ့အကြံအစည်တွေကိုအကောင်အထည်ဖော်လိုက်ပါ။

အင်္ဂါ

တွေးတောကြံစည်လုပ်ကိုင်သမျှတွေကတော့ လက်တွေ့ အကောင်အထည်ဖော်လို့မကောင်းသေးပါဘူး။ စိတ်မရှည် စရာ၊ ဒေါသဖြစ်စရာကြုံနေရတတ်ပါတယ်။ ရန်၊ပြဿနာ ၊ အမှုအခင်းတွေတိုက်ရိုက်ကြုံရတတ်ပါတယ်။ ကျန်းမာရေး ကတော့ မတော်တဆထိခိုက်မိတာ မျိုးတွေ၊ ချော်လဲ တာမျိုးတွေ ၊အလေး အပင်မပြီး ခါးနာသွားတာမျိုးတွေကို သတိ ထားရပါလိမ့်မယ်။ ငွေကြေးချေးငှားခြင်း မပြုသင့် ပါဘူး။ရထားတဲ့ငွေကြေးတွေကိုလဲ မဆုံးရှုံးအောင်ထိန်းသိမ်း တတ် ဖို့ လိုပါတယ်။ လူမျိုးခြားတွေနဲ့ စပ်တူလုပ်ကိုင် ထားတဲ့အလုပ် တွေ ထင်သလောက်အဆင်မပြေတဲ့ နေ့မျိုး ဖြစ် တတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝလာတတ်ပါတယ်။ ကျန်း မာရေးနဲ့ပတ်သက်ပြီးတော့လဲ အကောင်းဆုံးရလဒ် တွေကို ရရှိလာပါလိမ့်မယ်။မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လဲ လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။ မိမိမသိ တာတွေကို စီနီယာတွေကို မေးမြန်းအကြံတောင်းလို့ကောင်းတဲ့နေ့ ရက်ပါ  ပဲ။ လူချစ်လူခင်များနေတာကြောင့်လဲ လူအများရဲ့ အကူအညီကိုရရှိပါလိမ့်မယ်။ ခရီးများရလိမ့်မယ်။ အဆင်ပြေ ကောင်းမွန်တဲ့ ခရီးတွေပဲဖြစ်ပါလိမ့်မယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ကျန်ခဲ့မဲ့နေ့ရက်လဲဖြစ်ပါတယ်။ ငွေကြေးချေးငှားမိရင်တော့ ဆုံးဖို့အလားအလာ များနေ တဲ့နေ့ရက်ပါပဲ။

ကြာသပတေး

ခရီးတိုပဲဖြစ်ဖြစ်၊ခရီးရှည်ပဲဖြစ်ဖြစ် ခရီးကိစ္စမှန်သမျှစတင်လို့ အလွန်ကောင်းပါတယ်။ သူတစ်ပါးတွေရဲ့အကူအညီတွေ ကိုမရဘဲ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားရမည်။ ကုန်သွယ်စီး ပွားများ၊အရောင်းအဝယ်အလုပ်များအဆင်ပြေတတ်ပါတယ်။ ငွေကြေးကတော့ အကြွေးတွေကျပြီး ထပ်ရင်းနှီးဖို့ ငွေပြတ်သွားတတ်ပါတယ်။ အလုပ်တွေမှာတော့ ဖိအားကြီးကြီးတွေ ခံရတတ်ပါတယ်။ ဘာကိစ္စဖြစ်ဖြစ် မိမိအရည် အချင်းနဲ့ အောင်မြင်စွာကျော်ဖြတ်နိုင်ပါလိမ့်မယ်။ စိတ်ကူးအယူအဆ တွေ ကောင်းနေတတ်ပါတယ်။ မိမိကြို တင်ပြင်ဆင်ထားတဲ့ အတိုင်းဖြစ်လာတတ်ပါတယ်။ အချစ်ရေးအတွက်စိတ် ညစ်ရတတ်ပါတယ်။

သောကြာ

အလုပ်နဲ့ပတ်သက်ပြီးတော့လဲ စိတ်ကူထားတာလေး တွေအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ သမာသမတ်ကျကျနဲ့ အရာရာကိုစိတ်ကောင်းစေတနာကောင်းနဲ့လုပ် သူတွေအလွန်မှပဲအဆင်ပြေမဲ့နေ့ရက်ပါပဲ။ တရားရှုမှတ်ခြင်း အဓိ ဌာန်ဝင်ခြင်းများကိုအထူးပဲဆောင်ရွက်နိုင်ပါတယ်။ ပညာရှာခြင်း၊ပညာယူခြင်းများအထူးဆောင်ရွက်နိုင်ပါ တယ်။ အရင် ကတည်းက လုပ်ငန်းလည်ပတ်မှုအရှိန်ရနေတဲ့ အလုပ်များ ဒီနေ့မှာနှစ်ဆတိုးတတ်ပါလိမ့်မယ်။ ကျန်းမာရေးမှာ တော့ အနည်းငယ် ညံ့ဖျင်းနေတာလေးတွေတွေ့ရ ပါတယ်။အရမ်းငန်တဲ့ စပ်တဲ့အစားအသောက်တွေကို တတ်နိုင် သလောက်လျှော့ပါ။

စနေ

စိတ်ကူးထားတာလေးတွေကို လက်တွေ့အကောင်အထည် ဖော်ဖို့ခက်ခဲ ပါတယ်။ မိမိကိုယ်တိုင်ကလဲ အလုပ် အပေါ် အာရုံမစိုက်မစိုက်နိုင်ဘဲဖြစ်ရတတ်ပါတယ်။ စိတ်ပျံ့လွင့် တာများနေတဲ့နေ့ဖြစ်တာကြောင့် တရားရှုမှတ်သင့်ပါတယ်။ ကျန်းမာရေးလဲအားနည်းသွားတတ်ပါတယ်။ အဓိက တော့ သူများဆီကအဖျားကူးတာမျိုး တွေအလွန်မှဖြစ် ရတတ် ပါတယ်။ လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေခြူခြာနေ တတ်တာကြောင့် အလုပ်မတွင်သလိုဖြစ်ရတတ်ပါတယ်။ အောက် လက် ငယ်သား တွေကို ခိုင်းစေရာမှာတော့ အဆင်မပြေတာလေးတွေရှိတာကြောင့်ကိုယ်တိုင်ပဲ  လုပ်ကိုင် နေရတတ်  ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

24.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီ‌နေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလကွယ်နေ့ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၆)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရလက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများ ခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာတိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးဆောင်ရွက်လို့ရပါ တယ်။

ဒီနေ့ဟာ ရက်ရာဇာ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ဆင်းရဲခြင်း၊ဗလာနတ္ထိသဘောကိုဆောင်တဲ့ ရိတ္တာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက်မှာတော့ရတနာပစ္စည်းများရောင်းဝယ်ခြင်းကိစ္စတွေအ ထူးကောင်းပါတယ်။ အတတ်ပညာများ စ တင်သင်ကြားခြင်း၊ သင်တန်းအပ်ပြီးစတင်သင်ကြားခြင်းများအထူး ကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်သော ငွေ ကြေး အထောက်အပံ့တွေကိုလဲအထူးရရှိပါလိမ့်မယ်။ ဘာသာဆိုင်ရာ ကိစ္စများဆောင်ရွက်ရန်အထူးကောင်း ပါတယ်။

အမည်ဆိုင်းဘုတ်တင်ခြင်းတွေ၊အလုပ်ခန်းစတင်ဖွင့်ခြင်းတွေဒီနေ့မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။ မည်သည့် ပြဿနာတတ်တတ် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့အထူးကောင်းပါတယ်။ မင်္ဂလာ အခါပေးခြင်း များဆောင်ရွက်လို့ ကောင်း ပါတယ်။ ဆိုင်းဘုတ်တင်ခြင်း၊ဆံရိတ်ဆံသခြင်း၊အလှပြင်ခြင်း၊ စေ့စပ်ခြင်း၊  ကလေးထမင်းခွံ ခြင်း၊အမည် မှည့် ခြင်း တွေ၊ အိမ်ပြောင်းတာတွေ အထူးကောင်းပါတယ်။ ဒီနေ့မှာအခက်အခဲအကြပ်တွေ ကနေဖောက်ထွက် ခြင်း တွေ၊ အညံ့အဆိုးတွေကနေ လွတ်မြောက် အောက်ကြိုးစား ခြင်းများအထူးကောင်းပါတယ်။

သံသရာကလွတ်မြောက်ကြောင်းဖြစ်တဲ့ဝိပဿနာပွားများခြင်းနှင့်နိဗ္ဗာန်သို့ဦးတည်ပြီးလုပ်တဲ့ ကုလိုလ်ရေးများ ဆောင် ရွက်နိုင်ပါတယ်။ ဒီနေ့ဟာဖြိုဖျက်ခြင်း၊ဖျက်စီးခြင်းတွေကို တွန်းအားပေးတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာအိုး အိမ်ဖြိုခြင်း တွေ၊မြေနေရာရှင်းလင်းခြင်း၊သစ်ပင်ခုတ်လှဲခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ခွဲစိပ်ကုသရမဲ့ရောဂါတွေကို ဒီနေ့မှာခွဲစိပ်ကုသလို့အလွန်ပဲကောာင်းပါတယ်။ စနေဂြိုဟ်စိုးမိုးတဲ့နေ့ရက်ဖြစ်တာ ကြောင့်အနုစိပ်အသေးစိပ်အလုပ်တွေ ခေါင်းစားပြီးဦးနှောက်သုံးပြီးဆောင်ရွက်ရမဲ့အလုပ်တွေ စတင်လို့အထူးသင့် လျော်ပါတယ်။

လှောင်ကုန်တွေ၊ရောင်းမထွက်ဘဲကြန့်ကြာနေတဲ့ပစ္စည်းတွေရှိရင်ရောင်းထွက်သွားပါလိမ့်မယ်။အကြီးအကဲများ အထက် လူကြီးများထံတွင် ဝင်ထွက်ညှိနှိုင်းတိုင်ပင်ခြင်းများ အထူးကောင်းပါတယ်။ နိုင်ငံရပ်ခြားကိစ္စများ နိုင်ငံခြား  သွားဖို့စီစဉ်ဆောင်ရွက်ခြင်းများအထူးကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၁၁)နာရီမှ (၂၂း၀၂)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂ လာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  သိဟ်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများအား အများအားဖြင့် ကံသင့်ကြသူတွေများပါတယ်။ အချို့အရမ်းညံ့တဲ့အချိန်အခါကာလမှာမွေးမိသူကလွဲလို့ ကံအညံ့ကြီးမဟုတ်ကြပါဘူး။ ကျန်းမာရေးအားကောင်းကြပြီး တော်ရုံပင်ပန်းပါစေ၊ ဖျားတာနာတာကင်းတဲ့သူတွေဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အလုပ် အမျိုးမျိုးပြောင်းလဲလုပ်ကိုင်ကြရတတ်သူတွေဖြစ်ပေမဲ့ အသက်ကြီးရင်တော့ အိုကံကောင်းကြသူတွေဖြစ်ပါတယ်။  ထူးထူးခြားခြား အရက်ရောင်းတာ၊ငါးမွေးတာစသော အကုသိုလ်အလုပ်တွေနဲ့လဲ အကျိုးပေးပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈း၅၆) နာရီမှ နံနက်(၁၀◌း၂၇)နာရီအတွင်း ကျရောက် နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ၊ စနေ    သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားကတော့ တနင်္လာ သားသမီးပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး  သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင် နှင့် အပြာရောင်တောက်တောက်   များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။   

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၉၊ ၁)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သိကြားမင်းကို ရည်စူး မေတ္တာပို့ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တည်/ထန်းသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလုပ်ပိုတွေ ကိစ္စပိုတွေကိုတော့ကောင်းစွာလျှော့ချနိုင်ပါ လိမ့်မယ်။ လူတစ်ဖက်သားရဲ့အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ လက်မှတ်ထိုးရမဲ့ ကိစ္စတွေကို သေချာစီစစ်ပြီးမှာလုပ်စေချင်ပါတယ်။ချစ်သူနဲ့ အချိန်လွန် ရာကစလို့ ခိုးပြေးရတာထိဖြစ်သွားတတ်တဲ့ကာလပါ။ ဆင်ခြင်နိုင်ဖို့ပါပဲ။ စိတ်လွတ်လက်လွတ်နဲ့ တစ်ကိုယ်တော်ကြိုး စားရတဲ့အလုပ်တွေကပိုမိုအဆင်ပြေတတ်ပါတယ်။ စည်းကမ်းအတိုင်းလုပ်နေရတာတွေက ဒီနေ့မှာမိမိအတွက် အဆင်ပြေ မှာ မဟုတ်ပါဘူး။ စက်ပစ္စည်းများဝယ်မယ်ဆို အဟောင်းတွေ တစ်ပတ်ရစ်တွေကိုဒီနေ့ ရှောင်လိုက်ပါ။

တနင်္လာ

စိတ်ထဲဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ်။ မကောင်းတဲ့ လူတွေကိုသံယောဇဉ်ဖြတ်ဖို့ဆုံးဖြတ်သင့်တဲ့နေ့ရက်ပါပဲ။ မိတ်ဆွေတွေနဲ့ စပ်တူလုပ်ထားတဲ့အလုပ်တွေရှိရင် စိတ် ဝမ်းကွဲစရာကိစ္စမျိုးတွေပေါ်လာနိုင်ပါတယ်။ သူတစ်ပါးတွေရဲ့ အကူအညီတွေကို ရယူလုပ်ကိုင်နိုင်မှပိုမိုအဆင်ပြေ တတ်ပါတယ်။ ချစ်သူရဲ့ ဥပေက္ခာပြုခြင်းတွေကိုခံစားရ တတ်ပါ တယ်။ မိမိအိမ်ထောင်ဘက်ရဲ့ကျန်းမာရေးကိုဂရုစိုက် စေချင်ပါတယ်။ ငွေကြေးကိုလက်မလွယ်ပါနဲ့လို့မှာ ချင်ပါ တယ်။ မိမိဖြစ်ချင်တာတွေကိုလဲ အရေးပေးဆောင်ရွက် လို့မကောင်းသေးပါဘူး။ခရီးထွက်ရသူဆို ခရီးပန်းပြီး ကိုယ်လက် မအီမသာဖြစ်ရတတ်ပါတယ်။

အင်္ဂါ

ငွေကြေးရင်းနှီးမြုပ်တွေကိုလဲ တိုင်တိုင်ပင်ပင်လုပ်စေ ချင်ပါတယ်။အလုပ်နဲ့ပတ်သက်ပြီးတော့လဲ ထင်ထားသည်ထက် ပိုမိုကောင်းမွန်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။  ပညာရေးမှာတော့ ဆရာတွေနဲ့ကတောက်ကဆဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအတွက်အနည်းငယ် ဂရုစိုက် ပေးပါ။ အရက်သေစာ သောက်စားခြင်းမျိုးရှောင်ပါ။ အရက်သောက်ပြီး အမှားတွေလုပ်မိတတ်တဲ့နေ့ရက်ပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ငွေများဆုံးရှုံးရတတ်ပါတယ်။ မိမိရဲ့ရပိုင် ခွင့်တွေ ဆုံးရှုံးစရာကိစ္စတွေပေါ်လာ တတ်ပါတယ်။ အိမ်ထောင်ပရိဘောဂနှင့်ဇိမ်ခံပစ္စည်များဒီနေ့မဝယ်ယူသင့်ပါဘူး။

ဗုဒ္ဓဟူး၊ရာဟု

စိတ်ထဲလုပ်ချင်တာတွေကို လုပ်ခွင့်ရလိမ့်မယ်။ လုပ်ဖော် ကိုင်ဖက်တွေဆီက အားပေးစကားတွေကိုကြားရ တတ် ပါတယ်။ မိသားစုထဲက မိမိဖြစ်ချင်တဲ့အလုပ်တွေကိုလုပ်ခွင့် ရအောင်ကူညီမဲ့သူတွေရှိပါလိမ့်မယ်။ အဝေးရောက်နေတဲ့ သားသမီးတွေ ထောက်ပံ့တာမျိုး၊တပည့်သားချင်းတွေ လာရောက်ဂါရဝပြုတာမျိုးတွေကြုံရတတ်ပါတယ်။ ကိုယ် ပိုင်စီးပွားများမိတ်ဆွေရင်းတွေကနေတဆင့်ဖောက်သည် သစ်တွေတိုးပွားသွားပါလိမ့်မယ်။ ကြော်ငြာကိစ္စများလဲ အထူး ဆောင်ရွက်နိုင်ပါလိမ့် မယ်။ ငွေရှာလို့အလွန် ကောင်း ပါတယ်။ ငွေကြေးကံလဲကောင်းနေမှာဖြစ်ပါတယ်။

ကြာသပတေး

အလုပ်များနေမည်။ အချိန်တွေကုန်မှန်းမသိကုန်သွားတတ် ပါတယ်။ ခရီးကိစ္စတွေကြန့်ကြာမှုဖြစ်ရတတ်ပါတယ်။ ကတိမတည်သူတွေနဲ့ကြုံရမည်။ အလွယ်ထားတတ်ရင်သတိ ထားပါ။ ဖုန်းတို့၊ပိုက်ဆံအိတ်တို့ပျောက်ရှတတ်ပါတယ်။ အပျော်အပါး၊အသောက်အစားလုပ်ဖို့ မိတ်ဆွေတွေလာ ဆွယ်တာမျိုးတွေအထူးကြုံရတတ်ပါတယ်။ ကျန်းမာ ရေးပတ်သက် ပြီး အိပ်ရေးပျက်မခံပါနဲ့။လူအရမ်းနုန်းသွား သည် ထိအလုပ်မလုပ်ပါနဲ့။ ကုန်သည်များ ဈေးအပြောင်း အလဲကြောင့် အရှုံးများနေတတ်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး ရောင်းမှားဝယ်မှားတွေဖြစ်ရတတ်ပါတယ်။ သွားကိုက်တတ်ပါတယ်။

သောကြာ

အတိတ်က အချိန်ကုန်လူပင်ပန်းခံပြီးလုပ်ထားတဲ့အလုပ် တွေကအဆင်ပြေလာပါလိမ့်မယ်။ဆွေမျိုးထက် တစ်စိမ်း တွေ ဆီက အကူအညီတွေရလွယ်ပါတယ်။ ခေါင်းရင်းဘက် ကအိမ်တွေမှာ ကလေးမွေးတယ်လို့ကြားရင် ထီထိုး လိုက်ပါ။ ကိုယ့်စိတ်ကူးအတွေးအခေါ်တွေကိုလက်တွေ့ အကောင်အထည်ဖော်ပြီး တော့ လုပ်ကိုင်ကြည့်ပါ။ထူးခြားစွာ အောင်မြင်ပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ လဲ ရစရာတွေပြန်ရတတ်ပါ တယ်။ အလုပ်ကနေဆုကြေး ဆိုတာ မျိုးလဲရတတ်ပါတယ်။ လူမှုရေးကိစ္စတွေမှာတော့ အဆင်မပြေတာမျိုးတွေရှိနေခဲ့ရင် ပြေလည်အောင် ဆောင်ရွက်နိုင် မဲ့ နေ့ရက်ပါပဲ။

စနေ

အလုပ်တွေအားကောင်းပေမဲ့ မိသားစုအပူတွေကဖိစီးတာ ကြောင့် အလုပ်အပေါ်အပြည့်အဝအာရုံမစိုက်နိုင် ဖြစ်ရ တတ်ပါ တယ်။ အလုပ်ခွင်ထဲမှာတော့ အလုပ်ပိုတွေ၊ကိစ္စပို တွေကိုကောင်းစွာလျှော့ချနိုင်ပါလိမ့်မယ်။ မိမိကိုဦးဆောင် ခိုင်း လိုက်တဲ့ကိစ္စတွေ ကိုကောင်းစွာ လုပ်ကိုင်နိုင်ပါလိမ့် မယ်။ အိမ်အတွင်းပြင်ဆင်ခြင်းများ၊ နေရာအထား အသို ပြောင်း ခြင်းများ ဒီနေ့မှာဆောင်ရွက်လို့ကောင်းပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ ထပ်ချဲ့ချင်တဲ့အလုပ်တွေ ကို ဒီနေ့မှာ စတင်လို့ကောင်းပါတယ်။ အချစ်ရေးမှာလဲ မိမိ ချစ်ရေးဆိုထား သူမှ ပြန်လည်လက်ခံတာမျိုးတွေလဲ ကြုံနေရ တတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

23.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့်၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၅)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က နောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရ ဗြဟ္မာမြေခံဖြစ်ပါတယ်။ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ် ထောင် အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွ တာ တွေ ဆောင်ရွက် လို့ကောင်းပါတယ်။

တီထိမြေခံအရ စနေမြေခံဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက် သင့်ပါ သည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသော ကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  အောင်မြင်ခြင်း၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ စွမ်းအား တွေပေးတဲ့ ဇယျာတီထိကျ ရောက်တဲ့ နေ့ရက် ပဲဖြစ်ပါတယ်။ဒီနေ့ဟာ ဆေးဝါးဖော်စပ်ခြင်း၊ ထုတ်လုပ်ခြင်းတွေကို ဦးစားပေးဆောင်ရွက် သင့်ပါ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး ဆေးစစ်၊ဆေးကု၊ရောဂါရှာဖွေခြင်းများဒီနေ့မှာ ဆောင်ရွက်လို့အထူးကောင်းပါ တယ်။ အလုပ်စီးပွားတွေနဲ့ပတ်သက်ပြီး team workရှိတဲ့အလုပ်တွေက ပိုမိုအောင် မြင်နိုင်ပါတယ်။ တစ်ဦးတစ်ယောက် ထက် အဖွဲ့အစည်း၊ဂရုရှိတဲ့အလုပ်မျိုးတွေပိုမိုအဆင်ပြေတတ်တဲ့နေ့ရက်ပါပဲ။

အတိုက်အခိုက်ရှိမှတိုးတတ်တယ်..ဆိုတာဒီနေ့ကိုပြောတာပါ။ လုပ်ငန်းတူတွေရဲ့ တိုက်ခိုက်မှုကနေတဆင့် အကြံ ကောင်း၊ စိတ်ကူးကောင်းတွေရလာတတ်ပါတယ်။  မိမိရဲ့ကိုယ်စွမ်းကိုယ်စကို ထုတ်သုံးပြီးတော့လဲ အောင်မြင် အောင် စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ မိမိရဲ့ငုပ်လျှို့နေတဲ့အစွမ်းအစတွေကိုထုတ်သုံးသင့်ပါတယ်။

အလုပ်အကိုင်ပြပွဲများပြသခြင်းတွေ၊ ပညာရေးနဲ့ပတ်သက်တဲ့ဟောပြောပွဲများဟောပြောခြင်းတွေ ပညာရေး နဲ့ပတ်သက်သောကိစ္စအ၀၀ဆောင်ရွက်ခြင်းတွေအထူးကောင်းပါတယ်။ လေကြောင်းခရီးသွားလာလှုပ်ရှားခြင်းတွေ အထူးဆောင်ရွက်လို့ကောင်းပါတယ်။   ဒီနေ့အတွက် ခရီးကိစ္စများဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ကုန်ကူး ခြင်း၊ကုန်သွယ်ခြင်း၊များ ဆောင်ရွက်နိုင်သလိုအပျော်ခရီး များ၊ဘုရားဖူးခရီးများလဲ သွားလို့ကောင်း တဲ့နေ့ပါပဲ။ကြော်ငြာ ဆိုင်းဘုတ်များ၊ကြော်ငြာတဲ့  BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။

စာပေအနုပညာနှင့်ပတ်သက်သောကိစ္စအ၀၀ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ စာရေးခြင်း၊ကဗျာစပ်ခြင်း၊ စာအုပ်ထုတ် ဝေခြင်းများလုပ်ဆောင်နိုင်တဲ့နေ့မျိုးပါ။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပတ်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်။

စစ်လက်နက်ဝယ်ယူခြင်းများ၊စစ်ရေးလေ့ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။ ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ပိုမို ကျွမ်းကျင်အောင်သင်တန်းပေးခြင်းများလဲပြုလုပ်နိုင်ပါတယ်။

            ရှောင်သင့်တာတွေကတော့ဒီနေ့မှာ ကျင်းနက်နက်တူးခြင်းတွေသတိထားဆောင်ရွက်ပါ။ ရတနာပစ္စည်းနှင့် သတ္ထုတူးဖော်ခြင်းတွေအထူးရှောင်ပါ။ ဒီနေ့ဟာမြေပြိုခြင်း၊မြေပိခြင်း၊ တောင်ပြိုခြင်းတွေအထူးဖြစ်ရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၁၅)နာရီမှ (၂၂း၀၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆိုမယ်ဆို ရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက် လိုက်ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊ သိဟ်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ရှိကြသူတွေဖြစ်ပါတယ်။ အေးချမ်းစွာနေပြီဆိုရင်လွန်စွာမှသည်းခံတတ်ပြီးတော့ မိမိကိုအဘက်ဘက် ကဒုက္ခပေးလာရင်လဲ ကလဲ့စားပြန်ချေရမှကျေနပ်သူတွေဖြစ်ပါတယ်။ မိမိရဲ့အစွမ်းအစတွေကိုထုတ်နှုတ်ပြီးတော့ မိမိ ဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်ဖို့လိုပါတယ်။ အဘက်ဘက်က တော်ပေမဲ့ အံဝင်ခွင်ကျအသုံးမချတတ်တာက မိမိတို့ရဲ့အားနည်းချက်ဖြစ်ကြောင်းပါဗျ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀◌း၂၇) နာရီမှ နံနက်(၁၁း၅၈)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါ တယ်။

ကံကောင်းသောနေ့သားများ ကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ      သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ သောကြာ   သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ နီညိုရောင်၊အနက်ရောင်များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။     

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၇၊၀၊၃) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့steel ပစ္စည်းတစ်ခုခု ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သခွားမွှေး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အဘက်ဘက်ကအဆင်ပြေတိုးတတ်မှုတွေရှိပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးအညံ့နည်းပါးပါး လိမ့်မယ်။ ငွေအထူးဝင်လာတတ်ပါတယ်။ ရစရာရှိတာ တွေတော်တော်များများကို ပြန်လည်ရရှိလာနိုင်မဲ့နေ့ရက်ပါပဲ။ ပျော်ပျော်ရွှင်ရွှင် နေတတ်သူတွေ၊ အပြုံးလေးနဲ့ နေ တတ်ပြောတတ်သူတွေပိုမိုအဆင်ပြေတတ်ပါတယ်။ စပ်တူအလုပ် များ၊ရှယ်ယာအလုပ်များ ကောင်းမည်။ ငွေကြေး နဲ့ပတ်သက်ပြီးငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ အဘက်ဘက်က တိုးတတ်လာပါလိမ့်မယ်။ ပညာရှာလို့အလွန် ကောင်းပါတယ်။ ပညာအသစ်သင်ယူခြင်းမျိုးလဲ ဆောင်ရွက်နိုင်ပါတယ်။

တနင်္လာ

အခွင့်အရေးတွေနှစ်မျိုးနှစ်ခွဆိုတာမျိုးတွေကြုံနေရ တတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်သောကိစ္စများလဲ အထူး အညံ့ များနေတတ်ပါတယ်။ ဗိုက်အောက်ဗိုက်နာ တာမျိုး၊ အစာ မကြေရင်ပြည့်ရင်ကယ်ဖြစ်တာမျိုးတွေ အထူးသတိ ထားရပါလိမ့်မယ်။ မိမိလိုချင်တဲ့သတင်းအချက် အလက် တွေစုဆောင်းနိုင်ပါလိမ့််မယ်။ ဆက်သွယ်ရေးအလုပ်များ၊ စကားနဲ့ရင်းနှီးပြောဆို လုပ်ကိုင်ရတဲ့အလုပ် များ၊ပိုမိုတိုးတတ်အောင်မြင်ပါလိမ့်မယ်။ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ဝင်ငွေကောင်းမဲ့နေ့ပါပဲ။ ခရီးသွားလုပ်ကိုင် ဆောင်ရွက်ရတဲ့အလုပ်စီးပွားရေးတွေပိုမိုကောင်းမွန်ပြည့်ဝတတ်ပါတယ်

အင်္ဂါ

လူမှုရေးပြဿနာလေးတွေအထူးကြုံရတတ်ပါတယ်။အလုပ် ခွင်ထဲမှာ စောင်းမြောင်းပြောသူတွေရှိနေတတ်ပါတယ်။ ဆတ်ဆတ်ထိမခံတဲ့သူတွေဆိုရင်တော့ ရန်ပြဿနာဖြစ် တဲ့ထိဖြစ်ရပါလိမ့်မယ်။ တတ်နိုင်သမျှကိုယ့်ကိစ္စပဲ ကိုယ် စဉ်းစားပါ။ ဘယ်သူဘာပြောပြောမေတ္တာနဲ့သာတုန့်ပြန်ပြော ကြားလိုက်ပါ။ အလုပ်နဲ့ပတ်သက်သော အကြံအစည်သစ် တွေရှိခဲ့ရင်တော့ အကောင်အထည်မဖော်ပါနဲ့လို့ တိုက် တွန်းလိုက်ရပါတယ်ဗျာ။ အစိုးရဌာနဆိုင်ရာတွေနဲ့ ဝင်ထွက် လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်တွေမှာတော့ အနည်း ငယ်ကြန့်ကြာမှုလေးတွေရှိနေတတ်ပါတယ်။ အအေးမိပြီး ခေါင်းကိုက်ခေါင်းမူးဖြစ်ရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အနုပညာနဲ့ပတ်သက်သော ဖန်တီးမှုအသစ်တွေ ဆောင်ရွက်သွား နိုင်ပါလိမ့်မယ်။ အနုပညာလုပ်ငန်းများ အထူး အလုပ် ကောင်းမဲ့နေ့ရက်လဲဖြစ်ပါတယ်။စိတ်ကြိုက်ဖန်းတီးခွင့်တွေရ လာပါလိမ့်မယ်။ လူငယ်တွေဆိုလဲ မိမိလုပ်ချင် တာတွေကို မိဘစကားကိုဆန့်ကျင်ပြီးလုပ်နေမိတတ်ပါတယ်။ ကုန်သည်များဆိုရင်တော့ ကုန်ရောင်း၊ ကုန်ဝယ် သတိထားပါ။ ပစ္စည်းလှောင်မယ်ဆိုရင်လဲ ရောင်းမစွံတဲ့ပစ္စည်းတွေ ကိုလှောင်မိတတ်ပါတယ်။ရပ်ဝေးရောက်တဲ့ မိသား စု ဝင်တွေလဲ ပြန်ရောက်လာ တတ်ပါတယ်။ စီးပွားရေးမှာလဲ လမ်းဟောင်းမလိုက်ဘဲ လမ်းသစ်ထွင်ပြီး လုပ်မှပဲ အဆင်ပြေမှုတွေရလာ တတ်ပါ တယ်။

ကြာသပတေး

အလုပ်တွေကိုလဲကောင်းစွာတိုးတတ်လာပါလိမ့်မယ်။ အောက်လက်ငယ်သားတွေကို လဲကောင်းစွာအုပ်ချုပ်နိုင် ပါလိမ့် မယ်။ မိမိဝယ်ချင်တဲ့ လျှပ်စစ်ပစ္စည်းများအထူးဝယ် လို့ကောင်းပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီး ကာကွယ်ခြင်းများ၊ ကုသခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ အလုပ်သစ်၊စီးပွားသစ်၊ဆိုင်သစ်များ စလို့ကောင်းတဲ့နေ့ရက်ပါပဲ။ ရစရာရှိတဲ့ ငွေကြေးတွေတောင်းခံလို့ကောင်းပါ တယ်။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေဆီက များစွာ အထောက် အပံ့ ရပါလိမ့်မယ်။ အဆင်မပြေ အထင်လွဲနေတဲ့အချစ်ရေးတွေကို ပြေလည်အောင်ဆောင် ရွက်နိုင်ပါ လိမ့်မယ်။

သောကြာ

အလုပ်အကိုင်နဲ့ပတ်သက်ပြီးမိမိယူဆချက်တွေကခက်ခဲတဲ့လမ်း ကြောင်းကိုရွေးချယ်မိတတ်ပါတယ်။ လွယ်တာ ကို ကျော် ခွပြီး ခက်ခဲတာကိုလုပ်မိတတ်ပါတယ်။ သူတစ်ပါးဆီက အကောင်းဆုံးဆိုတဲ့အကြံဉာဏ် တွေကိုလဲရ တတ် ပါတယ်။ မိမိလူကြီးဖျားနာ တာကြောင့် အထက်လူကြီးတာဝန် တွေကိုယာယီထမ်းဆောင်နေရတတ်ပါတယ်။ ဒါကြောင့်မိမိအတွက်စိတ်ပန်းလူပန်း ရတတ်ပါတယ်။ အိမ်ပြောင်းရွှေ ခြင်းတွေကိုဒီနေ့မှာမလုပ်သင့်ပါဘူး။ ကျန်းမာ ရေးအနေနဲ့ ခေါင်းမကြည်တာမျိုးအလွန်ဖြစ်ရ တတ်ပါတယ်။ အလုပ်နဲ့ ပက်သက်ပြီး နယ်သွားရတာ၊ သူများအလုပ် တာဝန်ခဏယာယီထမ်းဆောင်ပေးရတာမျိုးတွေကြုံရတတ်ပါတယ်။

စနေ

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ အလွန်မှအားရကျေနပ် စရာကောင်းပါတယ်။ ဘယ်နယ်မှာမဆို မြေစမ်းခရမ်းပျို အနေနဲ့ စတင်လိုက်မယ်ဆိုရင်ကြီးကျယ်စွာအောင်မြင်ရ တတ်ပါတယ်။ လူယုံတွေရဲ့စကားကိုမယုံသင့်ပါ။ သူများ တိုက်တွန်းလို့လုပ်ကိုင် ဆောင်ရွက်လိုက်တဲ့ကိစ္စမှန်သမျှ အဆင်မပြေနိုင်ဘူးဆိုတာတော့သိထားစေချင်ပါတယ်။ သား သမီး အတွက်ပူပန်ရတာ၊ ကြောင့််ကြရတာမျိုးတွေလဲ ဖြစ်ရတတ်ပါတယ်။ လူမှုရေးကိစ္စကြောင့် ငွေထွက်ရတတ်ပါ တယ်။ ပညာရပ်အသစ်များ စတင်သင်ယူရပါလိမ့်မယ်။ online ကနေပညာတွေရတတ်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

20.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့်၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၃)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၇)နာရီမှာ နေ ဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရ နဂါးမြေခံဖြစ်ပါတယ်။နဂါးမြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

တီထိမြေခံအရ မိတ္တမြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာ များ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆုတ်တီထိ၁၀လုံး ငြိမ်းအေးခြင်းတွေ၊ ကြည်လင်ခြင်းတွေကိုပေးတဲ့ ပုဏ္ဏ တီထိကျ ရောက် တဲ့နေ့ရက်ပါပဲ။လုပ်ငန်းခွင်အတွင်း ဖြေရှင်းရန်ခက်ခဲနေတဲ့ကိစ္စတွေကိုတော့ ဖြေရှင်းရန်အလွန် ကောင်းပါ တယ်။ မည်သည်အကြောင်းကြောင့်ဖြစ်စေ စာချုပ်ချုပ်ခြင်းကိစ္စတွေမှာ သတိနဲ့ယှဉ်ပြီးဆောင်ရွက်သင့်ပါ တယ်။ အရေးကြီး သော ကိစ္စများကို ဆောင်ရွက်ရန်နံနက် ၁၀း၄၈ ကနေ မွန်းလွဲ ၁း၁၂ မိနစ်အထိက အထူးကောင်းပါတယ်။

ပစ္စည်းလှောင်ခြင်းမပြုသင့်ပါ။ ကုန်သွယ်စီးပွားလုပ်သူများလမ်းခရီးကြန့်ကြာနိုင်တာမို့ ပုပ်လွယ်သောကုန်များသယ် မယ်ဆိုသတိထားပါ။အပြောင်းအရွှေ့ကိစ္စများသတိပြုဆင်ခြင်ပါ။ပြဿနာဟောင်း၊အမှုအဟောင်းများဖြေရှင်းလို့လွယ် ကူနိုင်ပါတယ်။လက်ပြောင်းလက်လွှဲကိစ္စများ လက်လွတ်စပယ်မပြုလုပ်သင့်ပါ။ သက်သေနဲ့တကွဆောင်ရွက်မှုမရှိပါ ကအငြင်းပွားဖွယ်ပြဿနာပေါ်မယ်။

တပည့်မွေးခြင်း၊သင်တန်းသားအသစ်လက်ခံခြင်း၊ ပညာပေးဝေခြင်းများ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကလေး ငယ်များကို အာဟာရစတင်ကျွေးမွေးခြင်း၊ သစ်ပင်များ၊မြေဆီများ ကိုဓာတ်မြေသြဇာကျွေးခြင်းများအထူး ပဲဆောင် ရွက် နိုင်ပါတယ်။ အာမခံလုပ်ငန်းများ၊  ဘဏ်လုပ်ငန်းများ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတတ်မှု တွေကြုံရ ပါလိမ့်မယ်။  ငွေရှာရလွယ်သလို ငွေပေးငွေယူကိစ္စများ၊ကြွေးတောင်းကြွေးယူကိစ္စများလဲ ဆောင်ရွက် နိုင်ပါတယ်။ လူသုံးကုန်ပစ္စည်းများနှင့်အရည်နှင့်ဆိုင်သောစားသောက်ကုန်လုပ်ငန်းများရောင်းခြင်း၊ဝယ်ခြင်း၊ထုတ်လုပ်ဖြန့်ချီ ခြင်း များ  အထူးဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၂၇)နာရီမှ (၂၂း၁၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  မေထုန်စန်း၊  ညနေ ၄း၃၀မိနစ်ကျော်ရင် စန်းက ကရကဋ်ရာသီ ကူး ပြောင်း ပါ တယ်။ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာသူတစ်ပါးတွေရဲ့အကူအညီတွေကိုရဖို့ခဲယဉ်းကြသူတွေ အရာ ရာကို ကိုယ်ကပဲ တည်ဆောက်ယူကြရတယ်။ အမွေရတာမျိုး၊ထောက်ပံ့တာမျိုး၊အသိအမှတ်ပြုခံရတာမျိုးသိပ် ရှား တယ်။တော်တော်ကြီးသူများကိုကူညီရင်တောင်နည်းနည်းပဲအသိအမှတ်ပြုခံကြရသူတွေပါ။ကောင်းတာဘယ် လောက် လုပ်လုပ်မုန်းသူတွေလဲ ရှိနေတတ်ကြပါတယ်။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားခဲ့ရတာကြောင့်ပဲ ဘဝမှာအောင်မြင် မှုခိုင် မာတယ်။ ပညာရဲရင့်ပွဲလည်တင့်တယ်။အောင်မြင်ပြီးဆို ဘယ်သူမှလိုက်မမှီအောင် မြင့်မားသွားတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃း၀၁) နာရီမှ ညနေ(၀၄း၃၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု  သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္လာ၊ ကြာသပတေး    သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ သောကြာ၊ စနေ    သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင် နှင့် အနီရောင်     များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၃၊ ၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ကို အမွှေးနံ့သာ ပက်ဖျန်းပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နှမ်းယို၊နှမ်းကပ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အဘက်ဘက်ကကံမြင့်မားနေတာတွေ့ရတတ်ပါတယ်။ ငွေ ကြေးနဲ့ပတ်သက်ပြီးတော့လဲ အဆင်မပြေ တာတွေ မရှိ သလောက်နည်းသွားပါလိမ့်မယ်။ သူတစ်ပါးတွေကိုမိမိတတ် နိုင်သလောက်ကူညီပေးနိုင်ပါလိမ့်မယ်။ ကျန်းမာရေးက တော့ အညံ့မရှိပါဘူး။ တန်ဖိုးရှိပစ္စည်းတွေလိုချင်တယ်ဆိုရင် တော့ဒီနေ့မှာ ဝယ်ယူလို့ အထူးကောင်းပါတယ်။ အားကစားတွေစတင်လုပ်တာ၊ ဆေးဝါးဓာတ်စာစတင်စားတာမျိုး တွေအထူးဆောင်ရွက် လို့ကောင်းပါတယ်။ စိတ် ကြည်လင်သန့်ရှင်းအောင်ထားပြီးမှလုပ်ကိုင်ဆောင် ရွက်စေချင် ပါတယ်။ အရာရာကိုစိတ်ရှုပ်ခံတွေးပြီးမှလုပ်ရမယ်ဆို အဲဒီအလုပ်ကိုမလုပ်ပါနဲ့။

တနင်္လာ

မိတ်ဆွေတွေ၊လုပ်ဖော်ကိုင်ဖက်တွေရဲ့ အခက်အခဲတွေ ကိုကူညီဖြေရှင်းပေးနေရတတ်ပါတယ်။ ဖခင်ရဲ့ကျန်းမာရေး အားနည်းမှုတွေကြောင့်လဲ အနည်းငယ်စိတ်ပူရတတ်ပါ တယ်။ လခစားဝန်ထမ်းများဘာလုပ်လုပ် မိမိလုပ်နေ တာ တွေကိုကန့်ကွက်မဲ့သူတွေနဲ့ကြုံရတတ်ပါတယ်။ နေရာ ပြောင်း၊ဌာနပြောင်းဆိုတာမျိုးတွေလဲ အထူးပဲကြုံရတတ် ပါတယ်။ ဈေးဝယ်ထွက်တာမျိုး မလုပ်ပါနဲ့။ လိုချင် တာများပြီး မှန်းထားသည်ထက် ပိုက်ဆံပိုကုန်တတ်ပါတယ်။ လူငယ် တွေ ဆိုအချစ်ရေးနဲ့ပတ်သက်သော စိတ်ညစ် စရာလေးတွေ အနည်းငယ်ကြုံနေတတ်ပါ တယ်။အရောင်း အဝယ် အလုပ်များကောင်းတယ်။

အင်္ဂါ

လူမှုရေးပြဿနာတွေရှိရင်တော့ကောင်းစွာရှင်းသွားနိုင်ပါ လိမ့်မယ်။အသင်းအဖွဲ့တွေမှာဦးဆောင် တာဝန်ယူနေရ တတ်ပါတယ်။ အလုပ်တွေနဲ့ပတ်သက်ပြီးတော့လဲ မိတ်တွေ ပေါများလာတတ်ပါတယ်။ အချစ်ရေး အညံ့အဆိုးတွေ ကနေ လွတ်မြောက်ပါလိမ့်မယ်။ ချစ်သူဆီက အကူအညီ ကောင်းတွေရတတ်ပါတယ်။ မိမိအတွက်စိတ်ကူး ကောင်း၊ အတွေးကောင်းတွေရလာတတ်ပါ တယ်။အများရဲ့ယုံကြည် လေးစားမှုရလာ အောာင်လဲ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာ များ၊အဖိုးတန်ကျောက်မျက်ရတ နာများ ဝယ်ယူမယ်ဆိုရင်လဲဒီနေ့မှာ ဝယ်ယူတာမျိုးက ကောင်းမွန်သင့်တော်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ကံသင့်တယ်ဆိုပေမဲ့ အကောင်းဘက်ကိုအလေးသာပါ တယ်။ ဘာလို့လဲဆိုတော့ မိမိဆန္ဒတွေ ပြည့်ဝလွယ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့နည်းပါတယ်။ ဒါပေမဲ့ အားနည်းနေတတ်ပါတယ်။ အာဟာရရှိတာတွေစားသင့်တဲ့နေ့ ရက်ပါပဲ။ ခရီးသွားပြီးလုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စ ပိုမိုအဆင်ပြေလွယ် ပါတယ်။ သားသမီး၊အောက်လက်ငယ်သား တွေအတွက် စိတ်လက်ချမ်းသာရပါလိမ့်မယ်။ လိင် ကိစ္စတွေတော့ မရှုပ်ထွေးမိဖို့ လိုပါတယ်။ ရေရှည်လုပ်ဖို့ ရည်ရွယ် ထားတဲ့အလုပ်တွေကိုဒီနေ့မှာအကောင်အထည် ဖော်ပြီး စတင်လို့အလွန်ကောင်းပါတယ်။

ကြာသပတေး

အောက်လက်ငယ်သားတွေကို သေချာထိန်းပါ။ အောက်လူ တွေအမှားလုပ်မိရာကနေ မိမိကိုယ်ပါ ထိခိုက်လာ နိုင်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲအထူးအားနည်း ချက်တွေများလာပါလိမ့်မယ်။ သူများကိုငွေကြေးနဲ့ ပတ်သက်ပြီးအာမမခံလိုက်ပါနဲ့။ စုမဲစုတာမျိုးတွေဒီနေ့မှာစတင် လို့မကောင်းပါဘူး။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီ တွေအများကြီးရလာတတ်ပါတယ်။ အိမ်တွင်းရေး ကိစ္စတွေမှာ ခေါင်းအေးအေးနဲ့ဖြေရှင်းပါ။ ပြဿနာ တွေကိုရှောင်ပြေးနေရင်တော့ ပြဿနာကပိုကြီးထွားလာပါ လိမ့်မယ်။ လူငယ်ဖြစ်နေရင်တောင် လူကြီးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။

သောကြာ

နေကောင်းကျန်းမာဖို့ကိုအာရုံစိုက်ပါ။ အစာမကြေဖြစ်လွယ်ပါ တယ်။ အအေးမိ မခံလိုက်ပါနဲ့။ ပညာရေးနဲ့ ပတ်သက် သော အလုပ်မျိုးလုပ်နေသူဆို အတိုက်အခိုက်တွေများနေ တတ်ပါတယ်။ ဆရာသမား တွေရဲ့အခက်အခဲတွေကို ကူညီပေးနေရတတ်ပါတယ်။ လက်ကားစီးပွားရေးများ ငွေအလွဲအပြောင်းကိစ္စတွေမှာ သတိထားပါ။ ပေးရမဲ့ငွေထက် ပိုရှင်း ပေးမိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ စပ်တူ အလုပ်တွေမှာ ငွေကြေးကြောင့်စကားများရတတ်ပါတယ်။ အသေး စား၊အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတတ်ထူး ချွန်ပါလိမ့်မယ်။အလှမ်းကျယ်ရင်တော့ အလယ်လပ်တာ မျိုးဖြစ် တတ်ပါတယ်။

စနေ

လိင်မတူသူတွေဆီကအကူအညီကောင်းတွေရလာ တတ်ပါတယ်။ကျန်းမာရေးကိုတော့ဂရုစိုက်ထားစေချင်ပါတယ်။ ဦးနှောက်အာရုံကြောနဲ့ပက်သက်ပြီးဂရုစိုက်စေချင် ပါတယ်။ စိတ်ဓာတ်ကျနေသူများ စိတ်အားတတ်စေတဲ့ စကားသံ တွေကိုဆရာသမားတွေဆီကရရှိပါလိမ့်မယ်။ လှောင်ကုန်များဈေးကောင်းရပြီးတော့ ရောင်းထွက်သွား တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အဝင်များ ပါလိမ့်မယ်။ အနုစိပ်အသေး စိပ်လုပ်ရသော၊ခေါင်းစားရသော အလုပ်တွေ က ပိုမိုတိုးတတ်နိုင်တဲ့နေ့ရက်ပါပဲ။ အတွေး ကောင်း၊စိတ်ကူးကောင်း တွေက ဒီနေ့အတွက်အသုံးဝင်ပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

19.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁၀)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၃)နာရီဖြစ်ပြီး  ၊ ညနေ(၀၆း၀၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ အရဘီလူးမြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

တီထိမြေခံ အရတနင်္ဂနွေမြေခံဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူး သတိ ထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ရက်စက်ကြမ်းကြုတ်ခြင်း သဘောကိုဆောင်တဲ့ ရိတ္တာ တီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါတယ်။ သူများစကားမှာလမ်းဆုံးနေမဲ့သူတွေအတွက် ကျဆုံးရတတ် ပါတယ်။ တိုက်ခိုက်မဲ့သူတွေ၊အပုပ်ချမဲ့သူတွေရဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့လိုပါတယ်။ မိမိသာအတန် အသင့်နာမည်ရနေ သူတွေဆို ပိုမိုတိုက်ခိုက်တာခံရတတ်ပါတယ်။ အနိဌအလုပ်တွေဖြစ်တဲ့ ပိုးသတ်ဆေးဖြန်းတာ၊ အမဲလိုက်တာ၊ရန်သူကို ဖမ်းဆီး တာမျိုးတွေဆောက်ရွက်နိုင်ပါတယ်။ ဒါအပြင်အနာရောဂါကိုခွဲစိပ်ခြင်း၊လက်နက် အသုံးပြုခြင်းများအထူးပဲဆောင် ရွက်နိုင်ပါတယ်။ အဖျော်ယာမကနှင့်ပတ်သက်သောအလုပ်များ ရန်ကိုဒီထက် တိုးမလာအောင်လို့ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခြင်းများအထူးပဲဆောင်ရွက်နိုင်ပါတယ်။

အလုပ်တွင်ဖြစ်စေ၊အဖွဲ့အစည်းတွင်ဖြစ်စေမိမိရသင့်ရထိုက်သောရပိုင်ခွင့်တွေကိုရအောင်တောင်းဆိုလို့ အထူး ကောင်းတဲ့နေ့ရက်ပါပဲ။ရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ရသောအလုပ်များ စတင်ဆောင်ရွက်ရန် အချိန်အခါ ကောင်းတဲ့နေ့ရက်ပါပဲ။

ဒီနေ့ဟာလုပ်ငန်းသစ်များစတင်အကောင်အထည်ဖော်လို့ရပါတယ်။လှောင်ကုန်များအရောင်းအဝယ်ပြန်လုပ်လို့ ကောင်း တဲ့နေ့ရက်ဖြစ်ပါတယ်။လက်မှုပစ္စည်းများရှေ့ဟောင်းပစ္စည်းများ အရောင်းအဝယ်ပြုလို့ ကောင်းပါတယ်။ ငွေချေးခြင်း၊တာဝန်ယူခြင်း၊တာဝန်ခံခြင်းများအထူးရှောင်ပါ။ည(၇◌း၃၀) မှ ည(၉း၀၀)အတွင်းအသွားအလာအထူး ဆင်ခြင်ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  မေထုန်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ စိတ်ကူးကောင်းတဲ့သူတွေဖြစ်ကြတယ်။ အတုခိုးလွယ်တယ်။ သူများလုပ်ပြ၊သင်ပြတာကို ခဏလောက်ကြည့်ရုံနဲ့တက် လွယ်ပါတယ်။ထူးထူးခြားခြားသက်လတ်ပိုင်းကာလတွေမှာအောင်မြင်နိုင်ကြသူတွေဖြစ်ပါတယ်။ငယ်ရွယ်စဉ်မှာတော့  ကောင်းသောအထောက်အပံ့တွေရလာတတ်ပြီးတော့ မိမိကြိုးစားမှုနဲ့ပေါင်းပြီးအအောင်မြင်ဆုံးဘဝကိုတည်ဆောက် နိုင်ပါတယ်။ သတိထားရမှာက ဘယ်တော့မှ အစိုးရဝန်ထမ်းမလုပ်သင့်တဲ့ဇာတာပါ။ ကိုယ်ပိုင်စီးပွားကိုယ်ပိုင်အလုပ် သာလုပ်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၃၁)နာရီမှ (၂၂း၂၂)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇◌း၂၅) နာရီမှ (၀၈း၅၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာသားသမီးတွေပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ သားသမီးတွေပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ သားသမီးတွေပဲဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် မီးခိုးရောင်(သို့)ခဲရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။ 

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၄၊ ၃) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီဟိုစေ့လှော် စားသွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်ဆွဲကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

လူမှုရေးအရှုပ်အရှင်းတွေကြုံရတတ်ပါတယ်။ ညီအကို မောင်နှမအချင်းချင်း မတည့်တာမျိုးဖြစ်ရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းချောက်တွန်းတာမျိုးအထူး ကြုံရနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများပိုမိုတိုးတတ်နေပါ လိမ့် မယ်။ ဝန်ထမ်းများ အချိန်ကုန်လို့ကုန်မှန်းမသိအောင်  တစ်နေကုန်အလုပ်တွေများနေတတ်ပါတယ်။ ရွှေရောင်းချမယ် ဆိုရင်တော့ ဒီနေ့မှာဆောင်ရွက်သင့်ပါတယ်။ အလှ အပအတွက်ငွေကုန်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီနေ့ မှာအထူးသတိ ထားစေချင်ပါတယ်။ ပြင်ပရောဂါ တွေဝင်ရောက် လွယ်ပါတယ်။ကိုယ်ခံအားနည်း နေတတ်ပါ တယ်။

တနင်္လာ

အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အထူးအဆင်ပြေပါလိမ့်မယ်။ အနုပညာနှင့်နွယ်သောအလုပ်များအထူးအဆင်ပြေပါ လိမ့်မယ်။ ဘာအသစ်ပဲလုပ်လုပ် ခံစားချက်တွေ၊စိတ်ကူးတွေ ကိုအဓိကဦးစားပေးလုပ်ပါ။ ငွေကံမြင့်မားနေတတ် ပါ တယ်။ ဒါပေမဲ့ အဖတ်မတင်ဖြစ်လွယ်တာကိုတော့ သိထားစေ ချင်ပါတယ်။  လူငယ်များ အချစ်ရေးကိစ္စတွေ အဆင် ပြေ တတ်ပါတယ်။ ဝေးကွာနေတဲ့ချစ်သူနဲ့ပြန်ဆုံရတတ်ပါတယ်။ အာကစားနဲ့ပတ်သက်ပြီးလဲ အချိန်ပေးလုပ် သင့် ပါ တယ်။ အိမ်တွင်းရေး သောကတွေကင်းပြီး စိတ်ချမ်းသာရမဲ့နေ့ ရက်ပါပဲ။ ကျန်းမာရေးကတော့ အထူးကောင်း ပါ လိမ့်မယ်။

အင်္ဂါ

ဆန့်ကျင်ဘက်လိင်များ၏အကူအညီရတတ်သည်။ မိတ်ဆွေများ နှင့်စိတ်ဝမ်းကွဲတတ်သည်။ မလိုအပ်တဲ့နေရာ တွေမှာ ငွေသုံးနေမိတတ်ပါတယ်။ ငွေလက်ထဲကိုင်ထား ရင် ကုန်စရာ တစ်ခုပြီး တစ်ခုပေါ်လာတတ်ပါတယ်။ ကျန်းမာရေး အတွက် သတိထားရမှာကတော့ ဒိတ်လွန်နေတဲ့ အစား အသောက်တွေကို သတိမထားဘဲစားမိရာက ရောဂါရ တတ်ပါတယ်။ မထင်မှတ်ဘဲခရီးသွားရတတ်ပါတယ်။ မသွား လိုတဲ့ခရီး တွေကိုသွားရတတ်ပါတယ်။ အလုပ်နဲ့ ပတ် သက် ပြီး မနိုင်ဝန်မထမ်းလိုက်ပါနဲ့။ မိမိငွေအင်အား၊ ဝန်ထမ်း အင်အားတွေ ကိုချိန်ဆပြီးမှတိုးချဲ့လုပ်ကိုင် စေချင် ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်နဲ့ပတ်သက်ပြီးတော့လဲအထူးကောင်းပါတယ်။အလုပ် တွေကောင်းပေ့မယ် အခြားလူမှုရေးကိစ္စလေးတွေကိုလဲ အချိန်ပေးနေရတတ်ပါတယ်။ လူငယ်များ မိဘတွေကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ မိဘသွန်သင်မှုကို ချုပ်ချယ် တယ် လို့ ထင်နေမိတတ်ပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ တွဲမစားသင့်တဲ့အစားအသောက်မျိုးတွေ၊ ဒိတ်လွန်နေတဲ့ အစား အသောက်တွေကိုသတိမထားမိဘဲစားမိနေတတ် ပါတယ်။ လုပ်စရာကိစ္စတွေ တွေးတောစရာကိစ္စတွေ များနေ တတ် ပါတယ်။  အလုပ်နဲ့ပတ်သက်သော ခရီးမျိုးတွေ သွားရတတ်ပါတယ်။ လူငယ်များချစ်သူနဲ့အဆက်အသွယ် မရ တာ မျိုးတွေဖြစ်ရတတ်ပါတယ်။

ကြာသပတေး

ကံကြမ္မာကမိမိကိုမျက်နှာသာပေးပါလိမ့်မယ်။ ဘာသာရေးနဲ့ပတ်သက်သောကိစ္စတွေကိုလဲ အလေးပေးပြီးဆောင် ရွက် လို့ကောင်းပါတယ်။ အဓိဋ္ဌာန်ဝင်ခြင်းများ၊ တရားဆွေးနွေးခြင်းများ၊တရားနာခြင်းများအလွန်ဆောင်ရွက်လို့ ကောင်းတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ အလုပ်ကြီးကြီး မားမားတွေဖြစ်ပါစေ၊ပြဿနာအကြီးတွေ ဖြစ်ပါစေ ကောင်းစွာဖြေရှင်းနိုင်ပါ လိမ့် မယ်။ ကျန်းမာရေးအညံ့အဆိုးတွေ ကင်းနေပါလိမ့်မယ်။ နှစ်ရှည်စီမံကိန်းများအတွက် ဒီနေ့မှစတင်အကောင် အထည်ဖော်လို့အလွန် ကောင်းပါတယ်။ ဘာသာတရားတွေကိုမမေ့သူများ အထူးပဲကံမြင့်မား နေတာမျိုးတွေ့ရပါ လိမ့် မယ်။

သောကြာ

စိတ်ချမ်းသာရပျော်ရွှင်ရတတ်ပါတယ်။ ပျော်ပွဲစားခရီးမျိုးတွေလဲ သွားရတတ်ပါတယ်။ ချစ်ရသူနဲ့ပျော်စရာ အချိန် တွေကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေပါလိမ့် မယ်။ နာတာရှည်သူတွေတောင် မှနလန်ထူနိုင်မဲ့ နေ့ရက်ပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီးတော့ရပိုင်ခွင့်တွေကို ရအောင်တောင်းဆိုလို့ကောင်းတဲ့နေ့ရက်ပါပဲ။ အိမ် အတွက် လိုအပ် ပရိဘောများအထူးဝယ်ယူလို့ကောင်း တဲ့နေ့ ရက်ပဲဖြစ်ပါ တယ်။ပျော်ပွဲရွှင်ပွဲကျင်းပခြင်း၊ ပါတီပွဲများကျင်း ပခြင်း တွေအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက် ပဲဖြစ်ပါတယ်။ အောက်လက်ငယ်သားတွေရဲ့ အကူအညီတွေ လဲရ လာတတ်ပါတယ်။

စနေ

အကြံအစည်စိတ်ကူးတွေပျက်ရတတ်ပါတယ်။ တွေးထား တာကတစ်မျိုးလက်တွေ့ဖြစ်နေတာကတစ်မျိုး ဆိုတာမျိုး ဖြစ်လွယ်ပါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ကတိမ တည်တဲ့သူတွေကြောင့်အတော့်ကိုစိတ်ညစ်ရတတ်ပါတယ်။ လိုတာထက်ပိုပြီးတော့ ငွေကြေးရင်းနှီးမြုပ်နှံခြင်းတွေ ကိုမလုပ်သင့်ပါဘူး။ လူမျိုးခြားတွေ၊ဘာသာခြားတွေနဲ့ ဆက်ဆံ လုပ်ကိုင်ရသူတွေအဆင်မပြေဖြစ်လွယ်ပါတယ်။ အထူးသဖြင့်နိုင်ငံခြားကုမ္ပဏီတွေမှာလုပ်ကိုင်နေသူတွေ အတွက် တော့ အနည်းငယ်ပိုစိတ်ညစ်ရနိုင်ပါတယ်။ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ခေါင်းကိုက်၊ခေါင်းမူးအလွန် ဖြစ်ရတတ် ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

18.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၉)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၈)ရက်နေ့ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိနိနံနက်(၀၆း၀၂)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ယနေ့ညနေ ၅နာရီအထိက လဆုပ်တီထိ ၈လုံးအောင်မြင်မှုတွေ၊ စွမ်းအားတွေကိုပေးတဲ့ ဇယျာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ မိမိလုပ်ငန်းသစ်များဆောင်ရွက် လုပ်ကိုင် ခြင်းမျိုး မသင့်ပါဘူး။ လုပ်လက်စအလုပ်တွေကိုပဲ တိုးတတ်အောင်ဆောင်ရွက်သင့်တဲ့နေ့ရက်ပါ ရှေးဟောင်း ပစ္စည်း များ ၊ ကြန့်ကြာနေတဲ့ပစ္စည်းများလဲ အလွန်မှရောင်းအားတတ်ပါလိမ့်မယ်။ စူးစမ်းခြင်း၊လေ့လာခြင်း၊သုတေသနပြုခြင်း စတဲ့ကိစ္စတွေကိုတော့ ဆောင်ရွက်လို့ကောင်းပါတယ်။ လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ကိစ္စတွေကိုတော့ အားကြိုးမာန် တတ်လုပ်မှပဲအဆင်ပြေပါလိမ့်မယ်။

တနင်္ဂနွေဂြိုဟ်ဟာ ကန်ရာသီစတင်ကူးပြောင်းပါတယ်။တနင်္ဂနွေဂြိုဟ်ကန်ရာသီရှိစဉ်အတွင်း  စစ်မက်ရေးရာကြီးထွား လာခြင်း၊ရန်အားကြီးခြင်း၊ သံတမန်ဆက်ဆံရေးအားနည်းခြင်း၊ လူအများ မကောင်းသော ဘေးဒဏ်ရန်မာန်တိုးပွား ခံစားရခြင်းများကြုံရတတ်ပါတယ်။

            ငွေကြေးကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ ဒါပေမဲ့ စာရွက်ပေါ်မှသေချာဆောင်ရွက်ဖို့ လိုပါတယ်။  အလုပ်ကိုကြိုးစားပါ။ မလောပါနဲ့။ အလျင်လိုလေ အနှေးဖြစ်ရလေပါပဲ။  မိမိကိုယ်ပိုင်စက်ကားနဲ့ခရီးသွားတော့မယ် ဆိုရင်တော့ စစ်ဆေးပြီးမှသွားပါ။ လမ်းမှာပျက်တတ်ပါတယ်။

            စစ်ရေးလေ့ကျင့်ခြင်း၊ စစ်လက်နက်စုဆောင်းခြင်းများအထူးကောင်းမွန်နေတာကိုတွေ့ရပါတယ်။မိမိအိမ် ကိုဆေးခြယ်တာ၊ ပရိဘောဂတွေကို ပေါ်လစ်တင်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ ပစ္စည်းတစ်ခုကိုတီထွင်ခြင်း၊ အနုပညာနဲ့ပတ်သက်ပြီးတော့ လဲ အသစ်များကိုဖန်တီးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။  ရန်များပြဿနာ များ အထူးပဲဖြေရှင်းလို့ကောင်းတဲ့နေ့ပါပဲ။စက်ပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းများအထူးကောင်းပါတယ်။ လူမှုရေးနဲ့ပတ်သက် သောစကားများကြားကနေစေ့စပ်ညှိနှိုင်းပေးသောစကားများ ဒီနေ့မှာပြောဆိုလို့ အလွန်ပဲကောင်းပါတယ်။ 

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မေထုန်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အလုပ်များ၊ ကိစ္စများနေသူတွေဖြစ်ပါတယ်။ လူမှုရေးကိစ္စတွေများကြသူတွေဖြစ်ပါတယ်။ မြတ်နိုးဖွယ်နှလုံးသားရှိပြီးတော့လူအများ ကိုကူညီနိုင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကံအားကောင်းပြီးတော့ အဝင်များ အထွက်များကြသူတွေဖြစ်ပါတယ်။ မရှိမရှားဖွားဇာတာတွေဖြစ်ပြီးတော့ အောင်မြင်မှုအတွက်အထောက်အပံ့များတဲ့ဇာတာဖြစ်ပါတယ်။လူဝင်စားဇာတာ ဖြစ်ပြီးတော့ ဒီနေ့မွေးသူများဟာ မြင်အပ်မမြင်အပ်အစောင့်အရှောက်ပုဂ္ဂိုလ်တွေရှိတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၂၁း၃၄)နာရီမှ (၂၂း၂၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၃၄) နာရီမှ (၀၆း၀၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် အစိမ်းရောင်      များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၉၊ ၄)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖက်ထုပ်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

နိစ္စဓူဝလုပ်ရမဲ့အလုပ်တွေအပေါ်ပဲအာရုံနှစ်ပြီးလုပ်ပါ။ အခြားကိစ္စပိုတွေလုပ်မိရင်တော့ အဆင်မပြေတဲ့ အပြင် ပြဿနာ ပါများ သွားနိုင်ပါတယ်။ ငွေလာချေးတာပဲဖြစ်ဖြစ်၊ စပ်တူလုပ်ဖို့လာဆွယ်တာပဲဖြစ်ဖြစ် ဒီနေ့မှာ သတိထား လိုက်ပါ။ လက်ထဲရှိတဲ့ငွေ ဘာကြောင့်ထွက်ထွက်ပြန်မဝင် တာမျိုးဖြစ်ပါလိမ့်မယ်။ မိမိကိုယ်တိုင် အတွေးအချော်၊ စိတ်ကူးလွဲနေတတ်တဲ့အတွက် ဘာလုပ်လုပ်အလွဲလွဲဖြစ်ရ တတ်ပါတယ်။ ဆုံးဖြတ်ချက်ကြီး ကြီးမားမားတွေ မချသင့်ဘူးပေါ့ဗျာ။ ခြေနှစ်ချောင်းဝင်လာရင်ကံညံ့ တတ်ပါ တယ်။ ညအိပ်ဧည့်သည်လာရင် မိဘဆရာ သမားမှ လွဲ၍ဘုရားခန်းမှာ မအိပ်ပါစေနဲ့။

တနင်္လာ

အလုပ်ကံအထူးကောင်းနေတတ်ပါတယ်။ ကိုယ်ပိုင်စီးပွား များအော်ဒါတွေများနေတတ်ပါတယ်။ ကုန်သည်များ မနားရဘဲ ပင်ပန်းရမဲ့နေ့ရက်ပါပဲ။ ပရိဘောဂပစ္စည်းများ အရောင်းသွက်နိုင်ပါတယ်။ ကျန်းမာရေးကတော့ အားနည်း နေလိမ့်မယ်။ အပူများပြီး လည်ချောင်းနာတတ်ပါတယ်။ မိန်းကလေးများသွေးအားနည်းတာ မျိုးဖြစ်တတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ခရီးတွေသွားရတာမျိုးတွေကြုံ လွယ်ပါတယ်။ အောက်လက် ငယ်သားတွေကို ဆူပူတာမျိုး လျော့ ချသင့်တဲ့နေ့ပါ။ မိမိအပေါင်းအသင်းတွေထဲက စရိုက်ကြမ်းတဲ့သူတွေ ရှိရင် သွားအတူစားအတူမနေမိပါစေပါနဲ့။

အင်္ဂါ

နေကောင်းကျန်းမာနေတတ်ပါတယ်။ဒါကြောင့်ဘာကိစ္စ လုပ်လုပ်စိတ်ကြည်ကြည် လင်လင်နဲ့လုပ်ကိုင် နိုင်ပါလိမ့်မယ်။ မိမိချစ်ရသူတွေကလဲ မိမိကိုအလေးထားတာကြောင့် ပျော်ရွှင်ရတတ်ပါတယ်။ ချစ်ရသူကိုပြန်အဖြေပေး ဖို့စဉ်း စားနေရင်တော့ ဒီလိုနေ့ရက်ကအလွန်ကောင်းပါတယ်။ အိမ်တွင်းရေးမှာတော့ အရွယ်ရောက်ပြီးတဲ့သားသမီး တွေ ရှိရင် သူတို့တွေကိုဆိုဆုံးမရခက်ခဲနေတတ်ပါတယ်။ အလုပ်သစ်တစ်ခုကို ချိတ်ဆက်လုပ်ကိုင်ခြင်းများ အထူးဆောင် ရွက်လို့ကောင်းပါတယ်။ မနာလိုသူတွေ ရန်အတိုက် အခိုက်လေးတွေ ရှိနေတတ်ပေမဲ့ အားလုံးကိုကျော်လွှားသွား နိုင်ပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

ငွေကြေးနဲ့ပတ်သက်ပြီး မြုပ်နေတဲ့ငွေတွေပြန်ပေါ်လာ နိုင်ပါလိမ့်မယ်။ရောင်းမစွံတဲ့ ပစ္စည်းတွေရှိရင်ဒီနေ့ ရောင်းထွက် တတ်ပါတယ်။အတွေးကောင်းစိတ်ကူး ကောင်းတွေရှိ နေတာကြောင့် လက်တွေ့အကောင် အထည်ဖော်နိုင်ဖို့ ပဲလို ပါတယ်။ ထီဝါသနာပါသူများ မိမိအိမ်နဲ့ အနီးဆုံး ထီဆိုင် မှာထီကံစမ်းလိုက်ပါ။ မိသားစုစီးပွားရေးများ ၊အိမ်နဲ့တွဲဖွင့် ထားတဲ့စီးပွားရေးများတိုးတတ် အောင်မြင်တတ်ပါ တယ်။ ကျန်းမာရေးကလဲ အကောင်းများနေပါလိမ့်မယ်။ ဝန်ထမ်း များ အထက်လူကြီးတွေရဲ့ အကူအညီတွေကိုရလာ တတ်ပါတယ်။ လူမျိုးခြား တစ်စိမ်းတစ်ရံတွေရဲ့အကူအညီတွေလဲ ရလာတတ်ပါတယ်။

ကြာသပတေး

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ ရပိုင်ခွင့်တွေကို ကောင်းစွာရရှိပါလိမ့်မယ်။ အထက်လူကြီး ကူညီတတ်ပါတယ်။ မိမိကိုစောင့်ရှောက်နေတဲ့ မိဆိုင်ဖဆိုင်နတ်တွေရှိ ရင်ဒီနေ့မှာသူတို့ကိုရည်မှန်းပြီး မေတ္တာအထူးပို့ပေးပါ။ လူငယ် တွေ၊ချုပ်ချယ်တာ၊ဖိအားပေးတာမကြိုက်တဲ့သူတွေ ကတော့ဒီနေ့မှာစိတ်ရှုပ် ရတတ်ပါတယ်။ ဘာလုပ်လုပ် ဖိအား တွေနဲ့ ပူပူလောင်လောင်လုပ်ရတတ်လို့ပါပဲ။ စိတ်ထင် ရာကိုဇွတ်မလုပ်မိဖို့လိုပါတယ်။ လူငယ်များ မိဘတွေ မသိအောင် ရေသွားမကူးသင့်တဲ့နေ့ရက်ပါ။ ဝေးကွာနေတဲ့ မိတ်ဆွေသူငယ် ချင်းတွေနဲ့ပြန်လည်ဆုံဆည်း ရတတ်ပါ တယ်။

သောကြာ

လုပ်ငန်းခွင်အတွင်းနာမည်ကောင်းရမဲ့နေ့ရက်ပါပဲ။ မိမိ ဉာဏ်ဝီရိယထည့်ပြီးလုပ်ကိုင်နိုင်မှုကြောင့် ထင်ထားသည် ထက် ပိုမိုတိုးတတ်စေနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများ ဖောက်သည်တွေရလာတတ်ပါတယ်။ မိတ်ဟောင်းတွေကနေ တဆင့် မိတ်သစ်တွေတိုးလာတတ်ပါတယ်။ ပရဟိတ ကိစ္စတွေ၊ လူမှုရေးကိစ္စတွေကိုလဲ ကောင်းစွာကူညီပေးနိုင် ပါလိမ့်မယ်။ မိမိလိုအပ်တဲ့အကူအညီတွေကိုလဲ မိတ်ဆွေ တွေဆီကရလွယ်ပါတယ်။ အလုပ်ကြွေးတွေရှိရင် ဒီနေ့ပြီးစီး အောင်လုပ်နိုင်ပါလိမ့်မယ်။ မိမိချစ်သူအပေါ်စိတ်ပျက် စိတ်ကုန်နေမိ တတ်ပါတယ်။ အိမ်တွင်းရေးသာယာ ချမ်းမြေ့ မဲ့နေပါပဲ။

စနေ

အငြိမ်မနေရတတ်ပါ။ မရည်ရွယ်ဘဲခရီးထွက်ရတတ်ပါ တယ်။ အထက်လူကြီး၊ဆရာသမားတွေခေါ်လို့ သွားရတာမျိုး လဲ ကြုံရတတ်ပါတယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့ လဲ online ကနေနည်းပညာအသစ်တွေသင်ယူခွင့်ရလာ တတ်ပါတယ်။စိတ်ပင်ပန်းစရာတွေလျှော့ချသွားနိုင်ပါလိမ့် မယ်။ ဈေးဆိုင်များ ပစ္စည်းအထားအသို ပုံစံပြောင်းလိုက် ခြင်းဖြင့် ရောင်းအားတတ်လာနိုင်ပါတယ်။ ငွေကြေးရင်းနှီး မြုပ်နှံမှုအကြီးကြီးတွေကိုတော့ ဒီနေ့မှာမလုပ်သင့်ပါဘူး။ ကိုယ်ကျိုးထက် အများအကျိုးပရဟိတအကျိုးတွေကို ပိုမိုလုပ်ကိုင် ပေးနေရတတ် ပါတယ်။ ဝေယျဝစ္စကုသိုလ်များလဲ လုပ်သင့်တဲ့နေ့ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

17.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၈)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၁)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ အရ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ် တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ယုတ်မာ၊ရက်ပုပ်၊ရသေ့ကျော်ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ ၃နာရီအထိလဆုတ်တီထိ ၇လုံး၊ကျော်ရင်လဆုတ်တီထိ ၈လုံးဖြစ်ပါတယ်။ ဒီလို နေ့ရက်တွေမှာ မိမိတို့အတွက် စပ်တူကိစ္စတွေ၊ရှယ်ယာကိစ္စတွေမှာ အငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။ ရေလမ်း ခရီးတွေအဆင်မပြေဖြစ်တတ်ပါတယ်။ အပျော်လွန်ကြသူတွေအန္တရာယ်တွေ့နိုင်တဲ့နေရက်မျိုးပဲဖြစ်ပါတယ်။ လုပ် ငန်းရှင်များမိမိဝန်ထမ်းတွေရဲ့ကျန်းမာရေးညံ့တတ်ပါတယ်။ ခရီးတိုထက် ခရီးရှည်ကိစ္စများ လမ်းခရီးအဖုအထစ် များတဲ့နေ့ရက်မျိုးပဲဖြစ်ပါတယ်။

            ညှိနှိုင်းဆွေးနွေးရသောကိစ္စများမဆောင်ရွက်သင့်သေးပါ။ ဒီနေ့မှာ အလုပ်သစ်ရှာခြင်း၊မင်းအစိုးရဌာနဆိုင် ရာကိစ္စများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ အမွေကိစ္စများ အကြီးအကဲတစ်ယောက်ယောက် ဝင်ရောက်ညှိနှိုင်း ပေး ခြင်းဖြင့် အဆင်ပြေသွားတတ်တဲ့နေ့ပါပဲ။ ပွဲစားအလုပ်များ၊အကျိုးဆောင်အလုပ်များ၊ ဆက် သွယ်ရေးအလုပ် များ အဆင်ပြေတဲ့နေ့ရက်ဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၃၈)နာရီမှ (၂၂း၃၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်ရက်ဖြစ်ပေမဲ့ ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်း မရောက်ဘဲမပြီးမသတ်ဖြစ်ရတတ်ပါတယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန် ရှောင်သင့်တဲ့နေ့ပါပဲ။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊ တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုး ငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ပြိဿစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအနည်းငယ်အတ္တ ကြီးကြသူတွေဖြစ်ပါတယ်။ လိုတာထက်ပိုပြီးတော့ ကြွားဝါတတ်တာကိုလဲတွေ့ရတယ်။ ကောင်းတဲ့အချက်က လောက ကြီးကိုဒေါင်ကျကျ ပြားကျကျ နေနိုင်ကြသူတွေဖြစ်ပါတယ်။ လူအထင်ကြီးအောင်ဟိတ်ဟန်ထုတ်တတ်ကြသူတွေဖြစ် ပါတယ်။ ငယ်ရွယ်စဉ်ကံခေတတ်ပေမဲ့ အသက် ၃၀ဝန်းကျင်ကစလို့ ကံမြင့်မားလာတတ်ပါတယ်။ ကံဆိုးတဲ့အချက်က မည်သည့်ဘာသာဝင်ဖြစ်ပါစေ..မိမိပိုင်ဆိုင်မှုတွေကို ဒါနပုံမှန်မလုပ်ရင် ဆေးဖိုးနဲ့ပြန်ကုန်သွားတတ်ပါတယ်။အလှူဒါန အားကောင်းလေ အချမ်းသာဆုံးဘဝကိုရလေပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၈း၅၇) နာရီမှ မနက်(၁၀◌း၂၈)နာရီအတွင်း ကျရောက် နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ   သားသမီးတွေပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား အင်္ဂါ၊ စနေ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ ကြာသပတေး သားသမီးတွေပဲဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် ဖက်ဖူးရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၄၊ ၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပေါင်မုန့်အနည်းငယ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိသိချင်တာတွေကိုသိအောင်ဆောင်ရွက် နိုင်ပါလိမ့်မယ်။ ဒီလိုနေ့ရက်မှာတော့ အလုပ်အတွက် လိုအပ်နေတဲ့ သတင်းအချက် အလက်တွေစုဆောင်းနိုင်ပါလိမ့်မယ်။ကံအနေ အထားအရတော့ ဒီနေ့ကပင်ပန်းရတတ်ပါတယ်။ ကာယနဲ့လုပ်ကြသူတွေလဲ ကာယအားပိုမိုပင်ပန်းနိုင်သလို ဉာဏ်နနဲ့လုပ်ကိုင်ဆောင်ရွက်ရသူတွေလဲ ခေါင်းပူသည် အထိ လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ခရီး ပေါ်လာတာမျိုးတွေ၊ ရုံးခွဲတွေမှာယာယီ တာဝန်ထမ်းဆောင် ရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အိမ်၊ခြံနဲ့ဆက်နွယ် သောစာချုပ်ကိစ္စတော်တော်များများ လက်မှတ်ထိုးဆောင် ရွက် လို့ မသင့်တဲ့နေ့လဲဖြစ်ပါတယ်။

တနင်္လာ

ကံမြင့်မားနေတတ်ပါတယ်။  လုပ်ကိုင်ဆောင်ရွက်သမျှအခက် အခဲမရှိအဆင်ပြေချော့မွေ့နေတတ်ပါတယ်။သူတစ်ပါး ဆီကအ ကူအညီတွေကိုလဲကောင်းစွာရရှိနိုင်ပါတယ်။ ငွေပေး ငွေယူကိစ္စများ၊ ငွေကြေးချေးငှားခြင်းကိစ္စများလဲ ဒီနေ့ မှာ ဆောင်ရွက် လို့ကောင်းပါတယ်။ ပရိဟိတအလုပ်တွေ၊ အသင်းအဖွဲ့ပါတီတွေမှာ ခေါင်းဆောင်အဖြစ်ခန့် အပ်ခြင်း ခံရ တတ်ပါတယ်။ ငွေဖို့ရှိပေမဲ့ ကြန့်ကြာနေတဲ့ငွေတွေက တော့ဒီနေ့မှာပြန်ဝင်လာတတ်ပါတယ်။ ဝန်ထမ်းများ မိမိကြိုး စားမှုကိုအသိအမှတ်ပြုခံရမဲ့ နေ့ရက်ပါပဲ။ အချစ်ရေး၊ မေတ္တာရေးကိစ္စများကို အလေးပေးဆောင်ရွက်နိုင် ပါလိမ့်မယ်။

အင်္ဂါ

တလွဲတွေတွေးပြီး တလွဲတွေလုပ်နေမိတတ်ပါတယ်။ တစ်ဦး တစ်ယောက်ထဲချွန်ပြီးလုပ်ကိုင်ဆောင်ရွက်တာ မျိုး ကိုတော့ရှောင်လိုက်စေချင်ပါတယ်။ မိမိဖြစ်ချင်နေတဲ့ကိစ္စတော် တော်များများကိုတော့ဒီနေ့မှာ ဦးစားမလုပ်သင့်ပါဘူး။ လူမှုရေးပြဿနာတွေမှာတော့ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင် ရင်မပါဝင်တာပိုကောင်းပါတယ်။ လူမုန်းများတတ်လို့ပါပဲ။ ကျန်းမာရေးအဆိုးကြီးမဟုတ်ပေမဲ့ အရေပြားယားယံ တာမျိုးတွေအလွန်မှဖြစ်တတ်ပါတယ်။ ဝလွန်းသူများ ချော်လဲ တတ် ပါတယ်။ မလုပ်ချင်သောအလုပ်များ၊ မကြားချင် သော စကားသံများနှင့် မတွေ့ချင်တဲ့သူများနဲ့ မြင်ရတွေ့ရ ကြား ရ တတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ရေရှည်လုပ်ကိုင်ဆောင်ရွက်သွားရမဲ့ကိစ္စတွေအတွက် ဒီနေ့မှစတင်လို့အလွန်ကောင်းပါတယ်။ ဆရာတစ်ဦးတစ် ယောက်ဆီမှာတပည့်ခံခြင်း၊ပညာယူခြင်းများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ သူများဆွယ်လို့လိုက်လုပ်တဲ့ အလုပ်တွေက ဆိုးကျိုးကိုဖြစ်စေပါတယ်။ လူလိမ်ခံရ တတ်တဲ့အတွက် လောဘကြီးသူ၊ရိုးအသူတွေ အထူးသတိ ထားလိုက်ပါ။ သားဆုပန်တဲ့ကိစ္စများအထူးဆောင်ရွက် နိုင်ပါတယ်။ ကျန်းမာရေးကတော့ အရေးကြီးတဲ့အခန်း ကဏ္ဍ အနေနဲ့ ပါဝင်နေတာကိုတွေ့ရပါတယ်။ ဗိုက်အောက် ဗိုက်နာတတ် သူများဒီနေ့မှာပိုမိုသတိထားလိုက်စေချင်ပါတယ်။

ကြာသပတေး

မိမိလက်အောက်ကဝန်ထမ်းတွေကို ကောင်းစွာစီမံအုပ်ချုပ်နိုင်ပါ လိမ့်မယ်။ မိမိကိုချစ်ခင်လေးစားသူတွေများလာ တတ်ပါတယ်။ ဝန်ထမ်းသစ်ခန့်အပ်ခြင်းများ ကူဖော်လောင်ဖက် ရမဲ့သူတစ်ဦးကိုခေါ်ယူ အလုပ်ပေးခြင်းမျိုး ဒီနေ့မှာ လုပ် ဆောင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးစား  ဆေးသောက်ခြင်း၊ သမားတော်နဲ့ပြသခြင်းမျိုး လုပ် ဆောင်သင့်ပါတယ်။ ဆေးအစွမ်းထက်နေတဲ့နေ့ရက်ဖြစ်တာ ကြောင့်အနာနဲ့ဆေးတွေ့ပြီးသက်သာသွားတတ်ပါတယ်။ အိုးအိမ်သစ်၊ဆိုင်ခန်းသစ်အတွက်စတင်ဆောက်လုပ်ခြင်း ပန္နက်ရိုက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။

သောကြာ

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းမွန်မှန် ကန်တဲ့ လုပ်ဆောင်မှုမျိုးရှိဖို့လိုပါတယ်။ အချိန်ဆွဲ ပျင်း ရိနေတဲ့ အကျင့်ကိုအထူးပြင်လိုက်ပါ။  ပေါ့ပျက်ပျက်လုပ်တဲ့ သူများသေချာပေါက်ဒုက္ခရောက်ရတတ်ပါတယ်။ ကုန် လှောင်ခြင်းကိစ္စ တွေကိုလဲ အထူးပဲသတိရှိစေချင်ပါတယ်။ အတူနေညီအကိုမောင်နှမတွေနဲ့စကားများရ တတ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လက်လွန်ထားရင်ဆုံးပါး တတ်ပါတယ်။ ဈေးရောင်း၊ဈေးဝယ်လုပ်သူများ အရောင်း အဝယ်အေးပါလိမ့်မယ်။ ငွေကြေးနဲ့ပတ် သတ်ပြီးတော့လဲ ရင်းနှီးမြုပ်နှံတာတွေမလုပ်ပါနဲ့။ ကျန်းမာရေးအနည်း ငယ် အားနည်းနိုင်ပါတယ်။

စနေ

အလုပ်တွေကောင်းပေမဲ့ ငွေကြေးကိစ္စတွေမှာတော့ စကားအခြေအတင်ပြောပြီးမှပဲအဆင်ပြေတတ်ပါ တယ်။လုပ်ငန်း ခွင်အတွင်းလိုအပ်နေတဲ့ စက်ပစ္စည်းတွေကိုဝယ်ယူ ခြင်း၊အစားထိုးလဲလှယ်ခြင်းများလဲအထူးဆောင် ရွက်နိုင် ပါလိမ့်မယ်။ လျှိုဝှက်သင့်တဲ့ ကိစ္စတွေရှိရင်လဲလျှိုဝှက် ဆောင်ရွက်တာအကောင်းဆုံးပါပဲ။ တကယ်ကိုမိတ်ဆွေကောင်း တွေရဲ့ အကူအညီတွေရလာတတ်ပါတယ်။ စိတ်ထဲ လိုချင်တောင်းတနေတဲ့ ကိစ္စတွေလက်တွေ့ဖြစ်လာတတ်ပါတယ်။ လက်ဆောင် ကောင်းတွေရလွယ်ပါတယ်။ အနာဂတ်အတွက် target ထားကြိုးစားခြင်းများ ဒီနေ့မှာစတင်သင့်ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695