loading

Category: Daily Consult

  • Home
  • Category: Daily Consult

24.August .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

24.August .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါခေါင်လဆုတ်(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၇)နာရီဖြစ်ပြီး၊ ညနေ(၆း၂၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်နှင့်မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ဘေးသင့်ခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။  

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။  

ဒီနေ့ဟာ ရက်ရာဇာ ရက်ကန်းရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၁၃လုံးဖြစ်ပြီးတော့ အောင်မြင်မှုတွေ၊စွမ်းအားတွေကိုပေးတဲ့ ဇယျာတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ကုန်ပစ္စည်းများ စတင်ဖြန့်ချီရန်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။ ကုန်ပစ္စည်းသစ် မိတ်ဆက်ခြင်းတွေ၊ စတင်ကြော်ငြာခြင်းတွေကိုလဲ ဆောင်ရွက်ရန်သင့်ပါတယ်။ ငွေကြေးအပေး အယူကြောင့်ဖြစ် ပေါ်လာတဲ့ပြဿနာတွေရှိခဲ့ရင်တော့ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ခရီးသွားလို့ အကျိုးယုတ် တာမျိုးမတွေ့ရ ပါ ဘူး။ငွေကြေးရပိုင်ခွင့်တွေရှိရင်ပြန်လည်တောင်းခံနိုင်ပါလိမ့်မယ်။ ရန်ပဋိပက္ခတွေကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းရန် ကောင်းသောနေ့ရက်လဲဖြစ်ပါတယ်။

            အနုပညာသရုပ်ဆောင်ခြင်းလုပ်ငန်း၊ စာပေရေးသားခြင်းလုပ်ငန်း၊ပန်းချီလုပ်ငန်းများ တိုးတတ် အောင်စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတတ်အောင်မြင်မှုတွေကိုပေးစွမ်းပါ လိမ့်မယ်။ဒီလို နေ့ရက် တွေ မှာ အားကစားပွဲများကျင်းပခြင်းတွေ၊gymဆော့ခြင်းတွေ ၊စစ်ရေးလေ့ကျင့်ခြင်းတွေ စတဲ့ ချွေးထွက် မဲ့အလုပ်တွေကို အထူးပဲဆောင်ရွက်စေချင်ပါတယ်။ ဆေးစစ်ခြင်း၊ဆေးကုသမှုခံယူခြင်းများလဲဒီနေ့မှာ အဆင်ပြေ ပါ လိမ့်မယ်။ 

မိမိလက်အောက်ငယ်သားတွေကို trainning ပေးတာ၊  သင်တန်းပေးတာမျိုးတွေအထူးပဲဆောင်ရွက်စေ ချင်ပါတယ်။ ခရီးသွားခြင်း၊ကုန်သွယ်ခြင်း၊ကုန်ကူးခြင်းတွေအထူးကောင်းပါတယ်။ မိမိလုပ်ငန်းအတွက်ဆိုင်းဘုတ် ထောင်ခြင်းများ၊ကြေငြာခြင်းများ၊လက်ကမ်းစာစောင်များဝေခြင်းတွေ၊ ပန်းဖလက်များဝေခြင်းတွေအထူးပဲ ဆောင် ရွက်နိုင်ပါလိမ့်မယ်။

            ယနေ့တွင် အရာရာကို အထူးသတိရှိရမည်။ နေ့လည်(၁၂း၀၀)နာရီမှ (၁း၃၀)နာရီအတွင်း အရာရာကို သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။ အနီကပ်လူယုံမထားရပါ။ ရှောင်သင့်တာတွေကတော့ ဒီနေ့မှာအချိုတွေလျှော့ စားပါ။ အရက်သေစာလျှော့သောက်ပါ။ ဆရာသမားတွေ အပေါ်မှာပြစ်မှားကျူးလွန်တာမျိုးမဖြစ်အောင် သတိနဲ့ထိန်းပါ။ အလုပ်နဲ့ပတ်သက်ပြီး အထက်လူကြီးကခိုင်းစေတဲ့ ကိစ္စတွေကို ငြင်းဆန်ရာကနေပြဿနာ ဖြစ်ပွား နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၂၃း၁၃)နာရီမှ (ဝဝး၀၈)နာရီအတွင်း အတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများ ရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။ မျက်မြင် ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  မေထုန်စန်း၊မနက် ၉း၁၅မိနစ်ကျော်ရင် စန်းက ကရဏဋ်ရာသီကူး ပြောင်းပြီး၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ မိဘတွေသာ ပညာအတွက် ငွေကုန်ခံပြီးကျောင်း ကောင်းကောင်းထားမယ်ဆို နိုင်ငံရပ်ခြားထိ ပညာရေးထွန်းပေါက်ပြီး ပညာတော်သင်သွားရသည်အထိ ပညာရေး အားကောင်းပါတယ်။ ငွေကြေးကံအားကောင်းပြီး အလုပ်မရှိသူတောင်ငွေပြတ်လပ်တာမရှိဘဲ ကူညီမဲ့သူတွေပေါ် လာတတ်တဲ့ဇာတာပါပဲ။ အချစ်ရေး အိမ်ထောင်ရေးအားနည်းချက်ရှိပြီး ကိုယ့်ကိုလက်ထပ်သူကလဲ ငွေကြေး တောင့်တင်းလို့ ဘဝအာမခံချက်ကြောင့် လက်ထပ်ကြတာများပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၈) နာရီမှ မွန်းလွဲ(၁း၄၂)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင်(သို့)ခဲရောင်၊ အနက်ရောင်နှင့် အနီရောင် များများပါသော အဝတ်အစားအသုံးအဆောင် ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံ စားနိုင်ပါလိမ့်မည်။       

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၃၊ ၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းမလိုင် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ

စိတ်လက်ကြည်သာနေပါလိမ့်မယ်။ဒါကြောင့်လဲ အရေးကြီး တဲ့ကိစ္စတွေကိုအမှားအယွင်းနည်းတာ မျိုးတွေကြုံ ရတတ်ပါတယ်။ကံကောင်းနေသလို အချစ်ရေးကိစ္စတွေမှာလဲ ကြည်နူးပျော်စရာမျိုးတွေကြုံရတတ် ပါတယ်။ လုပ်ချင်တဲ့အလုပ်တွေကိုလဲ မိမိအောက်လက်ငယ်သားတွေ၊ ဝန် ထမ်းတွေကိုတိုင်ပင်ပြီး လုပ်ကိုင်သွားခြင်းဖြင့် ပိုမိုအောင်မြင်မှုတွေရလာတတ်ပါတယ်။အလုပ်တွေကို ပေါ့ပေါ့ပါးပါး နဲ့ အောင်မြင်အောင် လုပ်နိုင်ပါလိမ့်မယ်။ လူမှုရေးပြဿနာတွေရှိခဲ့ရင်ပြေလည်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ လိုတာ ထက်ပိုပြီးတော့ အကူအညီတွေရ လွယ်ပါ တယ်။ ကျန်းမာရေးအားကောင်းမှာပါ။

တနင်္လာ

အရာရာမိမိစိတ်ကူးအတိုင်းလုပ်လေအမှားများလေပါပဲ။ တတ် နိုင်သမျှလူကြီးမိဘတွေဆီကနေ အကြံဉာဏ် ယူပါ။ လူမှုရေးပြဿနာတွေဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရှိလျက်နဲ့ လိုင်းပေါ်ကနေ အီစီကလီလုပ်သူများ ပြဿနာများ ရတတ်ပါတယ်။ မိဘတွေရဲ့ကျန်းမာရေးကိုဂရုစိုက် သင့်တဲ့ နေ့ရက်ပါပဲ။ ဆရာသမားတွေရဲ့ အကူအညီတောင်းမှု ကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်ရသည်ထိကြုံနိုင်ပါတယ်။ ဆိုဆုံးမခက်တဲ့သားသမီး တွေကြောင့် စိတ်ပင်ပန်းရ တာ လေးတွေဖြစ်တတ်ပါတယ်။လှုပ်လှုပ်ရှားရှား အလုပ်တွေ ထက် အထိုင်အလုပ်တွေကပိုမိုအဆင်ပြေမှု တွေရှိပါလိမ့်မယ်။

အင်္ဂါ

. ဝန်ထမ်းဆိုလုပ်ငန်းခွင်အတွင်းဖိအားတွေနဲ့လုပ်ကိုင်နေရတတ်ပါ တယ်။ အလုပ်ခွင်မှာစာရင်းစစ်ဝင်တာ ပဲ ဖြစ်ဖြစ်၊ အရေးပေါ်ကိစ္စပေါ်လာလို့ပဲဖြစ်ဖြစ် စိတ်ပန်းလူပန်းနဲ့လုပ်ကိုင်နေရ တတ်ပါတယ်။ နေရာသစ်၊အိုးအိမ် သစ်မှာ နေထိုင်တာမျိုးတွေကိုလဲ ရှောင်စေချင်ပါတယ်။ အိမ်ရောင်းဖို့ စီစဉ်ထား သူများ ဝယ်လက်နဲ့ ဆုံတွေ့ပြီး အဆင်ပြေသွားတတ်ပါတယ်။ ကျန်းမာရေးကတော့ဒီနေ့အားနည်းပါတယ်။ ဦးနှောက်အာရုံကြောအားနည်း နေတာ မျိုးတွေ့ရပါတယ်။ ခေါင်းကြည်အောင်နေထိုင်စားသောက်ပါ။ ဒီနေ့မှာ အိမ်နီး နားချင်းတွေနဲ့လဲ စကားများပြဿနာ ကြုံရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

စိတ်ချမ်းသာကိုယ်ကျန်းမာရတတ်ပါတယ်။ မိဘတွေရဲ့ လိုအပ်ချက်တွေကိုလဲ ဖြည့်ဆည်းနိုင်ပါလိမ့် မယ်။အလုပ်နဲ့ ပတ်သက်ပြီးတော့လဲ အားရစရာကောင်းတဲ့ရလဒ်တွေ ကိုရရှိပါလိမ့်မယ်။ ငွေကြေးတွေကတော့ အဘက်ဘက် ကရစရာရှိတာတွေအကုန်ရတတ်ပါတယ်။ ကံစမ်းမဲပေါက် တာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ ကျက်သရေမင်္ဂလာ ရှိသောကိစ္စမှန်သမျှအချိန်ပေးဆောင်ရွက်လို့အထူးကောင်း ပါတယ်။ လူငယ်များ မိဘတွေဆီက မုန့်ဖိုးများများရ လွယ်တဲ့နေ့ရက်ပါပဲ။ချစ်သူရည်းစား ဆိုတာမျိုးလဲရလွယ်နေ တတ်ပါတယ်။ချစ် သူဆီက အဖြေပြန်တောင်းလို့ အကောင်းဆုံးနေ့ ရက်ပါပဲ။

ကြာသပတေး

စိတ်ချမ်းသာစရာတွေများနေရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတိုးတတ်နိုင်ပါတယ်။ အားနည်းချက်တစ် ခုက စာရင်းတွေလုပ်တာမျိုးတွေကိုတော့သတိထားလုပ်ပါ။ စာရင်းတွေမှားပြီးပြဿနာတတ်တာ၊စို က်လျော်ပေးရ တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ချစ်သူရဲ့ပူဆာမှုကြောင့် ငွေထွက်ရတတ်ပါတယ်။ နယ်ဘက်သွားရောက် လုပ်ကိုင် ရတဲ့အလုပ်တွေက အားနည်းချက်တွေများနေဆဲပါပဲ။ အလုပ်ထဲမှာတော့ စိတ်နှစ်ထားတာ အကောင်းဆုံးပါပဲ။ အလုပ်များနေသလို အလုပ်စီးပွားတွေလဲ တိုးတတ် အောင်မြင်တတ်ပါတယ်။ အချစ်ရေးကံလဲကောင်း နေမဲ့ နေ့ရက်ပါပဲ။

သောကြာ

လမ်းအိုလမ်းဟောင်း အတိုင်း မလိုက်ဘဲ ဖြစ်လမ်းလိုက်လေ အမှားများလေပါပဲ။ စိတ်လိုက်မာန်ပါလုပ်ကိုင် ဆောင် ရွက်ခြင်းမျိုး ရှောင် လိုက်စေချင်ပါတယ်။ တစ်ဦးတစ်‌ယောက်နဲ့ငြင်းခုံခြင်းမျိုးဒီနေ့မှာမလုပ်ပါနဲ့။ ငြင်းခုံရာကနေရန် ဖြစ်သည်ထိ ပြဿနာများရတတ်ပါတယ်။ အောက် လက် ငယ်သားတွေရဲ့လုပ်ဆောင်မှုအမှား တွေကို မိမိက ပြင်ဆင် လုပ်ကိုင် ပေးနေရ တတ်ပါတယ်။ကျန်းမာရေး ဂရုစိုက်အပ်တဲ့နေ့ရက်ဖြစ်တာကြောင့် သောက်နေကျ ဆေးလေးတွေ ဆောင်ထားစေချင်ပါတယ်။ အိမ်ထောင်ရေး မှာ အိမ်ထောင်ဘက်နဲ့ စိတ်သဘောထားကွဲစရာများ ကြုံရတတ်ပါတယ်။

စနေ

မိမိကိုယ်တိုင်က အပြင်ပန်းကိုကြည့်ပြီးဆုံးဖြတ်နေမိ တတ်ပါတယ်။ အထဲကအနှစ်သာရကိုကြည့်နိုင်မှအ ဘက် ဘက်ကအဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ ချင့်ချိန်တာ ၊ချိန်ဆနေတာတွေများတာကြောင့် အခွင့်အရေး ကိုလက် လွတ်ရတတ်ပါတယ်။ မူလအခြေအနေကနေပြောင်းလဲ လုပ်ကိုင်ရတဲ့ကိစ္စမှန်သမျှအဆင်ပြေဖို့ထက် ခက်ခဲဖို့ကပို များ တယ်ဆိုတာကိုသိထားစေချင်ပါတယ်။ အလုပ်တွေကို လုပ်ကိုင်ရမှာလဲ မလိုအပ်တဲ့နေ့ရာတွေ မှာအားစိုက်နေ မိတတ်ပါတယ်။ အမှုအခင်းပြဿနာဖြစ်စေမဲ့ကိစ္စတွေရှောင် ပါ။ မိမိကဘက်ကမှန်နေရင်တောင် ပြဿနာကြီး အောင် မလုပ်သင့်ပါဘူး။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

23.August.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

23.August.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါခေါင်လဆုတ်(၁၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၆)နာရီဖြစ်ပြီး၊ ညနေ(၆း၂၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၁၂လုံးဖြစ်ပြီးတော့ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့ နေ့ရက်ပါပဲ။ဒီနေ့ဟာမိမိအတွက်အိမ်သစ် တတ်ခြင်း၊ နေရာသစ်မှာနေခြင်း၊အလုပ်သစ်စခြင်းတွေအထူးဆောင်ရွက် လို့ကောင်းပါတယ်။တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ခြင်း၊အလှအပဆင်ယင်ခြင်း၊ အဝတ်အစားဖက်ရှင်ဒီဇိုင်း ချုပ်လုပ်ခြင်းတွေဆောင်ရွက်ရန်သင့်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ လဲဒီနေ့မှာ ၇ရက်သားသမီးများ ကျန်းမာရေးခြူခြာနိုင်ပါတယ်။

          ရပ်ဝေးနှင့်ဆက်စပ်လုပ်ကိုင်ရသောအလုပ်များ အကျိုးများပါလိမ့်မယ်။ကျောက်မျက်ရတနာများ ဝတ်ဆင် ခြင်းတွေ၊စတင်ဝယ်ယူခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။အိုးအိမ်၊နေရာထိုင်ခင်းကိစ္စများဆောင်ရွက်လို့အထူးအဆင်ပြေတတ်ပါတယ်။ စက်ကားယန္တရားနဲ့ပက်သက်သော အလုပ်များအဆင်ပြေတတ်ပါတယ်။

ပညာရေးနဲ့ပတ်သက်သောဟောပြောပွဲများ၊  ပညာရှာခြင်း၊ ပညာသင်ခြင်းများဆောင်ရွက်လို့အထူးကောင်းနေ တတ်ပါတယ်။ ကျောက်မျက်ရတနာများတူးဖော်ခြင်းများ၊ ဓာတ်သတ္တုတူးဖော်ခြင်းများလဲအထူးပဲ ဆောင်ရွက် လို့ကောင်းပါတယ်။ ယနေ့သည် ဖြန့်ချီရေး ရက်ကောင်းဖြစ်သည်။ ကုန်ပစ္စည်းသစ်များ စတင်မိတ်ဆက်ဖြန့်ချီရောင်းချနိုင်မည်။ ရန်ပဋိပက္ခများ ငြိမ်းချမ်းအောင် စီစဉ်နိုင်သည်။ ရှေးဟောင်းပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ အရောင်းအဝယ် စီးပွားပြုရန် ရက်ကောင်းဖြစ်သည်။

မိမိအိမ်မှာရှိတဲ့ဘုရားဆင်းတုတော်ကို ရေသပ္ပယ်ခြင်းများ၊ ဘုရားကျောင်းဆောင်တွေကိုသန့်ရှင်းရေးလုပ်ခြင်းများ လဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၃း၁၇)နာရီမှ ည(ဝဝး၁၂)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ် လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  မေထုန်စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်းတွေရှိတယ်။ မိမိအိုင်ဒီယာက တကယ်လက်တွေ့အလုပ်ဖြစ်တယ်။ ဒါကြောင့်မိမိကအကြံပေးတာ ကိုယုံကြည့်ပြီးလိုက်လုပ်သူတွေအောင်မြင်ကြတယ်။ အခက်အခဲတွေအများအပြားကိုလဲ တွေ့ရကြုံရပေမဲ့ သင်ခန်း စာယူတတ်ပြီး အကောင်းဆုံးတွေကိုဖန်တီးနိုင်ကြပါလိမ်မယ်။တကယ်လဲ အသက် ၂၉လောက်ကစပြီးဘဝကို အအောင်မြင်ဆုံးတည်ဆောက်နိုင်ကြတဲ့သူတွေအဖြစ်တွေ့ရလေ့ရှိပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃း၁၇) နာရီမှ ညနေ(၄း၅၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ရာဟု၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် မီးခိုးရောင်(သို့)ခဲရောင်          များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၄၊ ၃)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းနို့ပါသော မုန့်တစ်ခုခုစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လက်ဖက်သုပ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိကိုယ်တိုင်အားထုတ်လုပ်ကိုင်ထားသမျှအဆင်ပြေ အောင်မြင်မှုတွေရရှိပါလိမ့်မယ်။ ခေါင်းဆောင်စိတ်၊တာဝန် ယူလိုစိတ်ရှိသူများ ဒီနေ့မှာနေရာပေးခံရတတ်တဲ့နေ့ရက် ပါပဲ။ အလုပ်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်စီးပွားများ အထူးအားကောင်းနေတတ်ပါတယ်။ မိသားစုဆွေမျိုးသားချင်းတွေ စပ်တူရှယ်ယာပါတဲ့အလုပ်တွေကတော့ အခက် အခဲများနေနိုင်တာကိုတွေ့ရပါတယ်။ အကြံအစည်သစ်တွေ အ ကောင်အထည်ဖော်ချင်ပါက မိတ်ဆွေကောင်း တွေနဲ့တိုင်ပင်အကြံဉာဏ်ယူလိုက်ပါ။ အထိုင်အလုပ်တွေထက် သွား လာလှုပ်ရှားရတဲ့အလုပ်မျိုးတွေက ပိုမို အဆင် ပြေ အားကောင်းတာတွေ့ရပါတယ်။

တနင်္လာ

စကားများများမပြောတာပိုကောင်းပါတယ်။ စကားတွေကနေ အမှားတွေကိုပြောမိတတ်လို့ပါပဲ။ မိမိရဲ့လျှို့ ဝှက်ချက်တွေကို ဘယ်သူကိုမှထုတ်ပြောခြင်းမပြုပါနဲ့။ အသံကြောင့် ဖားသေဆိုတာမျိုးဖြစ်ရတတ်ပါတယ်။ acc hack ခံရတာမျိုးတွေ၊ မိမိdata တွေပေါက်ကြားတာမျိုးတွေဖြစ်လွယ် ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး တစ်ဦးတစ်ယောက်ထဲ လုပ်ရတဲ့အလုပ်တွေကအဆင်ပြေပေမဲ့ အများနဲ့တွဲလုပ်ရပြီ ဆိုရင်တော့ အခက်အခဲများပြီး အပေးအယူမတည့်တာမျိုးဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကိုတော့ ကောင်းစွာ စောင့်ရှောက်နိုင်ပါလိမ့်မယ်။ စီစဉ်ထားတဲ့အတိုင်းမဖြစ်ဘဲ ကြုံသလိုအဆင်ပြေရာလုပ်နေရတတ်ပါတယ်။

အင်္ဂါ

စိတ်ပူရတာတွေများနေတတ်ပါတယ်။ မိမိလိုချင်တာတွေကို လဲ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။ စက်ပစ္စည်းတွေ အဟောင်းထွက်ပြီး အသစ်ဝင်ရတတ်ပါတယ်။ လက်ဝယ်ရှိ တဲ့စက်ပစ္စည်းတွေကိုလဲ  ပြုပြင်ထိန်းသိမ်းဖို့လိုပါတယ် ။မိမိခန္ဓာကိုယ်လဲ ပြုပြင်ထိန်းသိမ်းပါ။ ဒီနေ့ဟာအနေအထိုင် အစားအသောက် မဆင်ခြင်လို့ ရောဂါတိုးရတဲ့ သဘောမျိုးတွေတွေ့နေရလို့ပါပဲ။ ဒီနေ့ဟာ အရောင်းအဝယ်ကိစ္စတွေ အဆင်ပြေတတ်ပါတယ်။ ရောင်းပန်းဝယ်ပန်း ပွင့်ပါလိမ့်မယ်။ ဝန်ထမ်းကတော့နားချိန်နည်းပါးပြီးတော့ အလုပ်ချိန် များနေလိမ့်မယ်။ အချစ်ရေးမှာတော့ ပြဿနာ မဖြစ်အောင်နေတတ်ဖို့လိုပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ခရီးလမ်းကြောင်းပေါ်လာရင် သတိယှဉ်ပြီးသွားပါ။ ခရီး သွားပြီးဆောင်ရွက်ရတဲ့ကိစ္စတွေအဆင်မပြေတာ များ တတ် ပါ တယ်။ အများငွေများ လက်ခံထားတာမျိုးရှောင်ပါ။ ငွေလက်မလွယ်ဖို့လဲ သတိပေးချင်ပါတယ်။ အောက် လက်ငယ်သားတွေ ဝန်ထမ်းတွေကျန်းမာရေးညံ့တတ်ပါ တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အညံ့အဆိုးတော့သိပ် မတွေ့ရ ပါဘူး။ အိမ်တွင်းရေး အိမ်ထောင်ရေးအပူတွေက တော့ဒီနေ့ရက်မှာ ဖြစ်ပေါ်တတ်ပါတယ်။ လုပ်ချင်တဲ့ကိစ္စ တွေ ကို မိမိစိတ်ကူးထက် အများနဲ့တိုင်ပင်လုပ် ကိုင်လိုက် ပါ။ ပိုမိုအောင်မြင်ပါလိမ့်မယ်။ ငွေဝင်လာရင် အဖတ် တင်အောင်တစ်ခုခုလုပ်ထားပါ။

ကြာသပတေး

မိမိအတွက်ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝရတတ်ပါ တယ်။ မိမိအတွက်ရော၊အများအတွက်ပါ အကျိုးရှိစေမဲ့ အလုပ်တွေကတော့ ပိုမိုအဆင်ပြေနိုင်တာကိုတွေ့ရပါ တယ်။ သားသမီးတွေနိုင်ငံခြားမှာရှိရင် ငွေကြေးထောက် ပံ့တာမျိုး ဒီနေ့မှာကြုံတတ်ပါတယ်။အလုပ်မှာဖြစ်စေ၊ အသင်းအဖွဲ့တွေမှာဖြစ်စေ မိမိကိုဦးဆောင်ခိုင်း တာမျိုးတွေ ကြုံရတတ်ပါတယ်။  မိမိအလှူဒါမှမဟုတ် ဆွေမျိုးတွေ ရဲ့အလှူတွေကိုလဲကြုံကြိုက် လုပ်ကိုင်ပေးရ တတ်ပါတယ်။ အလှကုန်ပစ္စည်း၊လူသုံးကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊အထူးတိုးတတ်ပါလိမ့်မယ်။ပညာရေးအတွက်စိတ်ချမ်းသာရမည်။

သောကြာ

မိမိကဘာမှမလုပ်တတ်ရင်တောင် ကူညီပေးမဲ့သူတွေ ကြောင့် မိမိလုပ်ချင်တာတွေအဆင်ပြေသွားတတ်ပါတယ်။ ဒါအပြင်အရေးကြီးတဲ့အလုပ်များ၊ အရေးကြီးတဲ့ဆုံးဖြတ် ချက်များဒီနေ့မှာချမှတ်လို့ကောင်းပါတယ်။ စာမေးပွဲ ကိစ္စများ၊ ကျောင်းအပ်၊သင်တန်းအပ်ကိစ္စများ လိုက်ပါဆောင် ရွက်လို့အထူးကောင်းပါတယ်။ တန်းခွဲသစ်များ ဒီနေ့မှာစတင်သင်ကြားလို့အထူးကောင်းပါတယ်။ စိတ်ကူးထားတာ လေးတွေ အကောင်အထည် ဖော်လို့အထူး ကောင်းတဲ့နေ့မျိုးပါပဲ။ အချစ်ရေးမှာအောင်သွယ်ကောင်းမှုကြောင့် စိတ် ချမ်းသာရပါလိမ့်မယ်။ ငွေကြေးနဲ့ပတ် သက်သော ရပိုင်ခွင့်များရလာတတ်ပါတယ်။

စနေ

အရသာရှိတဲ့ အစားအသောက်တွေစားခွင့်ရပါလိမ့်မယ်။ မသွားဖူး သေးတဲ့ဒေသခရီးတွေကိုလဲ သွားခွင့်ကြုံ နေရတတ်ပါတယ်။ နေကောင်းကျန်းမာနေတာမျိုးလဲ ကြုံရတတ်ပါတယ်။ စိတ်သွားတိုင်းကိုယ်ပါမဲ့နေရက်ပါပဲ။  သူတစ်ပါးတွေရဲ့ ယုံကြည်လက်ခံမှုတွေရလာအောင် စွမ်းဆောင်နိုင်မဲ့နေ့ရက် ပါပဲ။ အလုပ်တွေကြိုးစားသလောက် ပြန်ရမဲ့ အကျိုးရလဒ်တွေလဲ ကြီးပါလိမ့်မယ်။ မိမိသိထားတဲ့ ပညာတွေကို ဖြန့် ဝေပေးလို့အကောင်းဆုံး နေ့ရက် တွေပါပဲ။ ကာလ ရှည်ကြာ မအောင်မြင်ဘဲ လုပ်ကိုင်ဆောင် ရွက်ထားတဲ့ကိစ္စ တွေရှိရင်တော့ ပြန်အဆင်ပြေ တတ် တဲ့နေ့ရက်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

22.August.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

22.August.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါခေါင်လဆုတ်(၁၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၆)နာရီဖြစ်ပြီး၊ ညနေ(၆း၂၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါ တယ်။

ဒီနေ့ဟာ သမားညို၊ သမားဖြူ၊ ဝါရမိတ္တုငယ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၁၁လုံးဖြစ်ပြီးတော့ ပျော်ရွှင်မှုတွေ၊ ကြွယ်ဝမှုတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ မိမိအတွက်လိုအပ်သောအိမ်ထောင်ပရိဘောဂပစ္စည်းတွေဝယ်ယူလို့ အထူး ကောင်းတဲ့နေ့ ရက်ပဲဖြစ်ပါတယ်။ မိမိမီးဖိုးချောင်သုံးပစ္စည်းများ၊ လိုအပ်တဲ့စားနပ်ရိက္ခာများကိုလဲ ဝယ်ယူထား မယ်ဆို ဒီနေ့ကသင့် တော်ပါတယ်။ခရီးကိစ္စများ၊အလုပ်ကိစ္စများ စီစဉ်ရန်ကောင်းမွန်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဋ္ဌာနဆိုင်ရာတွေနှင့်ပြော ဆိုဆက်ဆံလုပ်ကိုင်ရသောအလုပ်တွေကအဆင်ပြေတိုးတတ်မှုတွေရှိပါလိမ့်မယ်။ လက်မှု ပညာဖြင့် ပြုလုပ်ထား သောပစ္စည်းများအရောင်းအဝယ်သွက်ပါလိမ့်မယ်။

            ဒီနေ့ဟာအလှကုန်ပစ္စည်းဖြန့်ချီခြင်းတွေ၊ငွေကြေးချေးငှားခြင်းတွေ၊ကုမ္ပဏီထူထောင်ခြင်းတွေအထူးပဲစတင် လို့ကောင်းတဲ့နေ့ရက်ပါပဲ။ လှေကားတင်ခြင်းကိစ္စတွေကိုလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက် တဲ့ခရီးစဉ်ပဲဖြစ်ဖြစ်၊ အခြားအပျော်ခရီးတွေပဲဖြစ်ဖြစ် ခရီးကိစ္စတွေစတင်လို့ အထူးကောင်းနေပါပြီ။

စက်ယန္တရားပြုပြင်ခြင်းအလုပ်များ၊ဝပ်ရှော့များအဆင်ပြေအောင်မြင်မှုတွေရတတ်ပါတယ်။ သယ်ယူ ပို့ဆောင်ရေး အလုပ်တွေ၊ ချောပို့အလုပ်တွေအောင်မြင်မှုတွေရတတ်ပါတယ်။ အတိုက်အခိုက်တွေကို မျက်ကွယ်ပြုတတ်သူတွေ ဆိုရင်တော့ အောင်မြင်မှုတွေကိုပိုမိုရရှိတတ်ပါတယ်။ ရာဂနဲ့ပတ်သက်သောအရှုပ် အထွေး တွေမရှိအောင် ထိန်းသိမ်းသင့်တဲ့နေ့ရက်ပါပဲ။

            ယနေ့တွင် မင်္ဂလာကိစ္စများကို ဆောင်ရွက်ရန်မသင့်ပါ။ ပြဿနာအခက်အခဲများကို ဖြေရှင်းရန် ရက်ကောင်း ဖြစ်သည်။ ရသင့်ရထိုက်သော ငွေကြေးများ ပြန်လည်တောင်းခံရန် ရက်ကောင်းဖြစ်သည်။ ရပ်ဝေးနှင့် ဆက်စပ် သော လုပ်ငန်းတို့မှ ထူးခြားသော အကျိုးဆက်ကောင်းများ ရရှိမည်။ ကျန်းမာရေးအညံ့ကြုံက မပေါ့ဆအပ်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၂၃း၂၁)နာရီမှ (ဝဝး၁၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊ မေထုန် စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအတွေး အခေါ်အလွန်ကောင်းတယ်။စူးစိုက်မှုတွေအားကောင်းတယ်။ အနာဂတ်ကိုခိုင်ခန့်လှပအောင် တည်ဆောက်မှုတွေ လုပ်ဆောင်နိုင်တဲ့ဇာတာရှင်ဖြစ်လိမ့်မယ်။ မိဘလက်ငုတ်ထက် ခေတ်မီဆန်းသစ်တဲ့ အသက်မွေးဝမ်းကျောင်းကိုသာ ဆောင်ရွက်လိုတာမို့ မိဘလက်ငုတ်ကို လက်ဆင့်ကမ်းမယ်ဆို ဒီကလေးအတွက်ခက်ခဲတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၇း၂၅) နာရီမှ မနက်(၈း၅၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် ရွှေအိုရောင်များများပါသောအဝတ်အစားအသုံးအဆောင် ပစ္စည်းတွေကိုအထူး အလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။           

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၅၊၈၊၄)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ ဖိနပ်ကိုသေချာစွာ သန့်ရှင်းရေး လုပ်ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆန်ခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ပင်ပန်းတာမျိုး၊စိတ်ညစ်တာမျိုးတွေကိုကြုံရတတ်ပါတယ် ။သူများတွေကိုအားကိုးလို့မရဘဲ ကိုယ့်ဒူးကိုယ်ချွန် ကြိုး စားရ တတ်ပါတယ်။ မှန်ကန်တဲ့စကားကိုပြောတာတောင်မှ အချိန်အခါကြည့်ပြီးမှပြောသင့်တဲ့နေ့ရက်ပါပဲ။ ဥပဒေ နှင့်မလွတ်ကင်းတွေကိစ္စတွေဒီနေ့လုပ်မိရင် ဒီနေ့ဟာချက်ချင်း ဒုက္ခရောက်ရတတ်ပါတယ်။ အထက်လူကြီးအတိုက် အခံမလုပ်မိဖို့လိုအပ်ပါတယ်။ ဒီနေ့ဟာမိမိရဲ့ ဉာဏ်ဝီရိယကို စိုက်ထုတ်ပြီး လုပ်ကိုင်စေချင်ပါတယ်။မိမိလုပ်ငန်း အတွက်လုပ်ချင်တဲ့ကိစ္စတွေကိုလက်တွေ့ အကောင်အထည်ေ ဖာ်ဖို့ နှောင့်နှေး ကြန့်ကြာမှု တွေဖြစ်ရတတ်တဲ့ ကာလပါပဲ။

တနင်္လာ

စီးပွားရေးကတော့အဆင်ပြေပါလိမ့်မယ်။ မိမိစိတ်ထဲက အတိုင်းဖြစ်လာပါလိမ့်မယ်။ အလုပ်တွေအဆင်ပြေနေတာ ကြောင့် စုတ်ကိစ္စနဲ့ပတ်သက်ပြီး သတိထားရှောင်ပါ။ မိမိ ကိုယ်အရောဝင်ချူစားမဲ့သူမျိုးနဲ့ ကြုံရတတ်ပါတယ်။ မိတ်ဆွေကောင်း၊သူငယ်ချင်းကောင်းတွေထံကအကူအညီတွေ အလွန်မှရလိမ့်မယ်။ ဈေးရောင်းသူများ ရောင်းပန်း ဝယ်ပန်းတွေပွင့်လာပါလိမ့်မယ်။ ပညာရေးကတော့ အားနည်း ချက်တွေရှိနေတတ်ပါတယ်။ ဆရာသင်ပြတာ တွေနား မလည်နိုင်ဖြစ်ရပါလိမ့်မယ်။ ကျန်းမာရေးဂရုစိုက်အပ်တဲ့ နေ့ရက်များပါပဲ။ ဒိတ်လွန်နေတဲ့အစားအသောက် များ နဲ့ ယင်နားစာများမစားမိ စေဖို့သတိရှိပါ။

အင်္ဂါ

လမ်းများများလျှောက်ပေးပါ။ အထိုင်များရာကနေမိမိ အတွက်ဆီးချုပ်ဝမ်းချုပ်ဖြစ်ရတတ်ပါတယ်။ အလုပ်စီးပွား နဲ့ပတ်သက်ပြီးချဲ့ထွင်လုပ်ကိုင်တာမျိုးတွေ မလုပ်သင့် သေးပါဘူး။ မိမိသားသမီးတစ်ဦးအဝေးထွက်ပြီးအ လုပ်လုပ် တာမျိုးတွေကြုံနေရတတ်ပါတယ်။ အလှအပနဲ့ပတ် သက်ပြီးငွေကုန်ရပါလိမ့်မယ်။ ပညာပေးဝေလို့မကောင်းသေး တဲ့နေ့ရက်ပါပဲ။ တန်းခွဲသစ်များစတင်ဖွင့်ခြင်း၊တပည့် လက်ခံခြင်းမျိုးတွေဒီနေ့မှာရှောင်ပါ။ အိမ်ထောင်ရေး ပြဿ နာကို အကြမ်းနည်းနဲ့ မရှင်းဘဲစိတ်ရှည်ရှည်ထားပြီး ရှင်းမှ အဆင်ပြေအောင်မြင်ပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု 

စိတ်ကူးအယူအဆတွေကတစ်ဖက်စွန်းရောက်နေတတ်ပါ တယ်။မိမိအတွက်အဆင်ပြေပြီးတစ်ပါးသူတွေဒုက္ခ ရောက်ရမဲ့စိတ်ကူးတွေဖြစ်နေတတ်ပါတယ်။အိမ်ထောင်ရေးမှာ တစ်ကွဲတစ်ပြားစီဖြစ်နေတတ်ပါတယ်။အလုပ် တွေ က တော့ အလုပ်သစ်ကိုအားမပေးပါဘူး။ အလုပ်သစ်စရင်အဆင် ပြေဖို့မလွယ်သေးတဲ့နေ့ရက်ပါပဲ။ ချစ်သူအပေါ် စိတ် ကုန်နေမိတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရိုးရိုးသားသား ရှာဖွေသူတွေငွေအထူးဝင်ပါလိမ့်မယ်။ ကျန်းမာရေး ကတော့ ဒီနေ့မှာအထူး ကောင်းပါတယ်။ လူကျန်းမာပေမဲ့ စိတ်ပင်ပန်းရတတ်ပါတယ်။မိဘတွေနဲ့ ဆန့်ကျင်ဘက် အလုပ်တွေ လုပ်နေမိတတ်ပါတယ်။

ကြာသပတေး

မိမိအတွက်အနည်းငယ်စိတ်ပင်ပန်းရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး တဖက်ကအာဏာပါဝါရှိသူတွေနဲ့ ဆက်ဆံရတတ်ပါတယ်။ ဌာနဆိုင်ရာပက်သက်ပြီး ဝင်ထွက်လုပ် ကိုင်ရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း စည်း ကမ်း ဖောက်ဖျက်မှုကြောင့် အပြစ်ပေးခံရတာမျိုးလဲ ကြုံရတတ်ပါ တယ်။ မိမိစိတ်ကူးခံစားချက်နဲ့လုပ်ရတဲ့ အနုပညာ အလုပ်များကတော့ ဒီနေ့မှာအဆင်ပြေတိုးတတ်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခြူခြာ နိုင်ပါတယ်။ ဗိုက်အောက်ဗိုက်နာဖြစ်လွယ်ပါတယ်။ အများနဲ့စုပေါင်းလုပ် ကိုင်မှု တွေက အောင်မြင်မှုတွေကို ရရှိပါလိမ့်မယ်။

သောကြာ

လုပ်သမျှအဆင်ပြေခြင်း၊ကြံစည်သမျှအောင်မြင်ခြင်းတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ တွေးထားသမျှလက်တွေ့အ ကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီးမိမိ စွမ်းဆောင်ရည်ကြောင့်အသိအမှတ် ပြုခြင်း ခံရပါ လိမ့်မယ်။ ကိုယ်ပိုင်စီးပွားများတိုးတတ်နိုင်သလို ဆိုင်အတွက်လို အပ်တဲ့ကုန်တွေဝယ်ယူခြင်း၊သိုလှောင်ခြင်း များ စတင်လို့ကောင်းတဲ့နေ့ရက်ပါပဲ။အကြိမ်ကြိမ်အားစိုက်လုပ်ခဲ့တဲ့အလုပ်တွေကနေဝင်ငွေရလာတတ်ပါတယ်။ ဝေးနေ ကြတဲ့ မိသားစုဝင်တွေပြန်ဆုံရတတ်ပါတယ်။ ခေါင်းအေးအေး ဖြင့် အနာဂတ်အတွက်ကြံစည်စဉ်းစားခြင်းဖြင့် ရ လဒ် ကောင်းတွေရလာမဲ့နေ့ပါပဲ။

စနေ

ကံကောင်းနေတယ်လို့ခံစားရမဲ့နေ့မျိုးပါပဲ။ မိမိဖြစ်ချင်တာ လေးတွေဖြစ်လာတတ်ပါတယ်။ မိမိနဲ့ထိုက်တန်တဲ့ အခွင့် အရေးတွေရလာတတ်ပါတယ်။ အချစ်ရေးမှာတော့ ဇွဲဆု ရပြီး ချစ်ရသူဆီမှမိမိလိုချင်တဲ့အဖြေရလာ တတ်ပါ တယ်။ ခရီးကိစ္စများအဆင်ပြေတတ်ပါတယ်။ အွန်လိုင်းဖွင့်ထား တဲ့အလုပ်စီးပွားတွေကနေ ငွေအထူးဝင်လာတတ် ပါတယ်။ရန်လိုသူတွေ၊ အထင်လွဲနေသူတွေဆီက နားလည်မှု တွေပြန်ရပါလိမ့်မယ်။ ရပ်တန့်နေတဲ့အလုပ်တွေ ပြန်လည် လည်ပတ်ခွင့်တွေကြုံရတတ်ပါတယ်။ ထီဝါသနာပါသူများ ထီကံစမ်းလို့အထူး ကောာင်းတဲ့နေ့ရက်ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695