loading

Category: ဟောစာတမ်းများ

  • Home
  • Category: ဟောစာတမ်းများ

၁၃၈၇ ခုနှစ်အတွက် သောကြာသားသမီး တစ်နှစ်စာဟောကိန်း

✅နိဒါန်း

            ဒီနှစ်ဟာ သောကြာသားသမီးတွေအတွက် အကောင်းဆုံးနှစ်တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ မြန်မာဗေဒင်အ ရဘုမ္မိထဲရောက်နေသူမျိုး၊မကောင်းသော ဂြိုဟ်အိပ်အပိုင်းအခြားထဲရောက်နေသူမျိုးတွေ၊နာမည်မကောင်းသူမျိုးတွေမှ အပ အများစုသော  ….သောကြာနေ့ဖွားတွေက ကံကောင်းကြပါတယ်။သတိထားရမှာက သူတစ်ပါးကိုယ်စား အာမခံ ပေးခြင်းမျိုးတွေ၊ သူများလုပ်လက်စ အလုပ်တွေကို နားမလည်ဘဲ လက်လွှဲယူမိရာကနေ ဒုက္ခတွေက ကိုယ်ဆီ ဆိုက်ဆိုက် မြိုက်မြိုက်ကို ရောက်လာတတ်ပါတယ်။ ကိုယ့်လက်ထဲရှိနေတဲ့ အဟောင်းတွေကိုရောင်းပြီး အသစ်နဲ့ချိန်း တာမျိုးတွေ အလွန်ကောင်းပါတယ်။ အိမ်ဟောင်းနေလို့ ပြန်ပြင်တာ၊ဆေးပြန်သုတ်တာမျိုးတွေလဲ ဆောင်ရွက်လို့ ကောင်း တဲ့နှစ်ကိုရောက်နေတာဖြစ်ပါတယ်။ ငွေကြေးလာဘ်လာဘပေါများတတ်ပြီးတော့ စီးပွားရေးလမ်းကြောင်းပေါ် ရောက်နေသူများ မှတ်တိုင်တစ်ခုအဖြစ်ရောက်သွားနိုင်တဲ့နှစ်လဲဖြစ်ပါတယ်။

👍စီးပွားရေး

            လုပ်ငန်းစီးပွားတိုးတတ်လာနိုင်ဖွယ်အလွန်ရှိတဲ့နှစ်ပါပဲ။ ကိုယ်တိုင်ကဇွဲကြီးကြီးနဲ့ စိတ်ရှည်ရှည်လုပ်နိုင်လေ စီး ပွားဖြစ်လေပါပဲ။ နိုင်ငံခြားသွားဖို့ ကြိုးစားနေသူများကတော့ သေချာပေါက် သတင်းကောင်းကြားရပြီးတော့ နိုင်ငံခြား သွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ နိုင်ငံခြားခေါ်စာ စောင့်နေကြသူများ မူလဇာတာကောင်းချိန်နဲ့တိုက်ဆိုင်နေရင် နိုင်ငံခြားသွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ ဒီလိုနှစ်ပိုင်းတွေဟာ ရေရှည်လုပ်ရမဲ့ နှစ်ရှည်အလုပ်တွေအတွက် တဖြည်းဖြည်းချင်း အချိန်ယူလုပ်သွားနိုင်ပါလိမ့်မယ်။ စိတ်ရှည်ပါ။ အောင်မြင်မှုကို ဖြေးဖြေးချင်းတည်ဆောက်ပါ။ ငွေရ ဖို့ထက် လုပ်ငန်းတစ်ခု နာမည်ရဖို့ကို ကြိုးစားပါ။ အကောင်းဆုံးတွေကိုယ့်ဖောက်သည်တွေကို ပေးနိုင်အောင်ကြိုးစား စေချင်ပါတယ်။ တတ်နိုင်သ၍ ဇိမ်ခံပစ္စည်းတွေကို ငွေမပေါသေးရင် မဝယ်ပါနဲ့။ ဘရန်းပစ္စည်းတွေကို သုံးစွဲချင်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။ အစုစပ် စပ်တူအလုပ်တွေတော့ မလုပ်နဲ့လို့ မပြောလိုပေမဲ့ သတိထားပြီးတော့ ထိန်းထိန်း သိမ်းသိမ်းလုပ်ကြပါ။  စက်ပစ္စည်းနဲ့ဆက်စပ်သောအလုပ်များ၊ ဒီဇိုင်နာအလုပ်များ၊စက်ချုပ်လုပ်ငန်းများ၊အင်ဂျင်နီယာ အလုပ်များ၊ စာရင်းကိုအလုပ်များ၊ စစ်လက်နက်နဲ့ဆိုင်သောအလုပ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းတွေနဲ့ဆက်စပ် သောအလုပ်များကတော့ အညံ့များစေတာကို မေ့ထားလို့မရပါဘူး။

💵ငွေရေးကြေးရေး

            ငွေကြေးကံကတော့ ကြိုးစားပါ။ ရှာလို့လွယ်ပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ဝင်ငွေစီးကြောင်းတွေများလာ တတ်ပါတယ်။ မိမိက ထက်မြက်သူဖြစ်မယ်…ပါးနပ်သူဖြစ်မယ်ဆိုရင်တော့ သေချာပေါက်ကြီးပွားတိုးတတ်မှုတွေရလာ နိုင်တာကိုတွေ့ရပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် ရင်နှီး မြုပ်နှံမလား…စီးပွားခွဲတွေ၊လုပ်ငန်းခွဲတွေလုပ်မလား.. ဒါမှ မဟုတ် တစ်သက်လုံးဝန်ထမ်းလုပ်ပြီးစုထားတဲ့ငွေကို မြေစမ်းခရမ်းပျိုးအနေနဲ့လုပ်ငန်းစကြည့်မလား…စသည်ဖြင့် ငွေ ကိုကောင်းစွာစီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ ငွေကို မက်မက်မောမောရှာပါ။ ငွေကိုစွန့်စားပြီးရှာပါ။ ငွေကြေးနဲ့ပတ်သက်ပြီး  ဝင်ငွေစီးကြောင်းတစ်ခုဖြစ်အောင်လုပ်နိုင်လာလိမ့်မယ်။ အတိတ်က ရစရာရှိတဲ့အကြွေးတွေရလာတတ်ပါတယ်။  ငွေ ကြေးခက်ခဲနေသူများကတော့ ပြေလည်ဖို့ကြုံလာတတ်ပါတယ်။ ကြန့်ကြာနေတဲ့ငွေကြေးတွေဝင်လာတတ်ပါတယ်။  ငွေကြေးလဲလှယ်တဲ့ ဟွန်ဒီအလုပ်များ၊ ကေပေး ဝေ့ပေးလုပ်ငန်းလုပ်သူများကတော့ သတိထားပါ။ မှားလွှဲတာမျိုးတွေ အလွန်ဖြစ်တတ်ပါတယ်။

🤝လူမှုရေး

            လူမှုရေးကဏ္ဍတွေမှာတော့ ထင်သလောက် ညံ့နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့သိထားရမဲ့အချက်က ညီ၊ညီမတွေ၊ တူ၊တူမတွေ၊ အောက်လက်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ပြဿနာများရတတ်ပါတယ်။ မောင်နှမတွေနဲ့ ရန်သူသဖွယ်ပြဿနာကြီးတွေဖြစ်ရတတ်ပါတယ်။ ငွေကြေးကြောင့် လူမှုရေးပြဿနာမတတ်ပေမဲ့ ဟိုစကားပုံလို ကိုယ် မွေးတဲ့မျောက်က ကိုယ့်ကို ပြန်ခြောက်တဲ့နှစ်လို့ပြောလို့ရပါတယ်။ ကိုယ့်ရဲ့အတွင်းရေးတွေကို အောက်လက်ငယ်သား တွေကို မပြောမိပါစေနဲ့။ကိုယ့်ရဲ့အားနည်းချက်ကိုကိုင်ပြီးတော့  ကိုယ့်ကိုပြန်ဒုက္ခပေးသွားတတ်ပါတယ်။ လူမှုရေးမှာ ကိစ္စ တွေနဲ့ပတ်သက်ရင်တော့ နီးသူတွေကိုသာ အဓိကထားကြောက်ပါ။ အွန်လိုင်းကနေ ဘယ်လိုပြဿနာရှာရှာ ဆိုးဆိုးဝါး ဝါးမဖြစ်ပါဘူး။ နီးစပ်သူတွေကြောင့်သာ လူမှုရေးပြဿနာတွေများနိုင်တာကို မမေ့ပါနဲ့။

❤️အချစ်ရေး

            အချစ်ရေးနဲ့ပတ်သက်ရင် ၇နေ့ ၇နံ အားလုံးထဲမှာ အညံ့ဆုံးလို့ပဲပြောပါရစေ။ လက်ရှိချစ်သူရှိနေသူတွေသံယော ဇဉ်ပြတ်တောက်စရာကိစ္စတွေကြုံရတတ်ပါတယ်။ သံယောဇဉ်ပြတ်တောက်ခြင်းဆိုတာ အဆင်မပြေလို့ လမ်းခွဲတာမျိုး ဖြစ်စေ၊ ရေခြားမြေခြားသွားလို့ သံယောဇဉ်ပြတ်တောက်သလို ဝေးကွာရတာမျိုးတွေလဲဖြစ်ပါတယ်။အသက် ၂၁နှစ်မပြ ည့်သေးတဲ့ သောကြာသားသမီးတွေ မိဘမသိအောင်အချစ်ကိုမြည်းစမ်းချင်တဲ့သူတွေ အွန်လိုင်းကနေ မလွတ်လပ်သူ တွေ၊ အိမ်ထောင်ရေးပြစ်ချက်ရှိဖူးသူတွေနဲ့ ငြိစွန်းလွယ်သွားတတ်တာကိုလဲတွေ့ရပါတယ်။ သောကြာဘင်္ဂဖွားတွေနဲ့ သောကြာသိုက်ဖွားတွေအနေနဲ့ ဒီနှစ်မှာ အချစ်ရေးကမောက်ကမတွေအလွန်ဖြစ်လွယ်တာကိုတွေ့ရပါတယ်။ အချစ်ရေး ကို တတ်နိုင်သလောကမေ့ထားပြီး အခြားစီးပွားရေး၊ကျန်းမာရေး၊ပညာရေး ၊ဘဝအောင်မြင်ရေးကိုပဲ အာရုံစိုက်ထားစေ ချင်ပါတယ်။

👪အိမ်ထောင်ရေး

            အိမ်ထောင်ရေးကံအတွက် စိတ်ပူရမလား၊စိတ်မပူရဘူးလားဆိုတာက နှစ်မျိုးနှစ်စားကွဲထွက်နေတဲ့နှစ်ပါတယ်။ လူငယ်စုံတွဲလဲဖြစ်မယ်..နှစ်ယောက်စလုံးကလဲ သည်းခံစိတ်နည်းပြီး စိတ်တိုစိတ်ဆတ်ကြသူတွေဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ရေးက ပိုမိုဆိုးလာနိုင်တဲ့နှစ်ဖြစ်ပါတယ်။ လူကြီးပိုင်း အိမ်ထောင်သည်တွေကတော့သည်းခံစိတ်ကိုရှေ့တန်း တင်နိုင်ရင် အိမ်ထောင်ရေးဆိုးနေတာမျိုးမတွေ့ရပါဘူး။ အဆင်မပြေတာလေးတွေရှိပေမဲ့ သည်းခံတတ်တဲ့လူကြီးပိုင်း အိမ်ထောင်ရေးတွေကတော့ သိပ်မဆိုးပါဘူး။ တစ်ခုတော့ သတိထားရမယ်။ အိမ်ကို ယောက်ဖတွေ၊ယောင်းမတွေ ၊တူတူမတွေ လချီလာနေမယ်ဆိုရင်တော့သတိထားပါ။ သူတို့ကိုအကြောင်းပြုပြီးတော့ လင်မယားအချင်းချင်းစကားများ ရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဝေးနေကြတဲ့ အိမ်ထောင်ဘက်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်း လင်းရှိကြပါ။ ခင်ပွန်းမသိအောင် ပိုက်ဆံလျှောက်ချေးရာကနေ ခင်ပွန်းကပြန်သိပြီး ပြဿနာတက်တာမျိုးတွေဖြစ်တတ် ပါတယ်။

💥ကျန်းမာရေး

            ကျန်းမာရေးနဲ့ပတ်သက်တဲ့ဂဏ္ဍကတော့ အဆိုးအနည်းငယ်ရှိနိုင်ပါတယ်။ အထူးသဖြင့် မတော်တဆ ထိခိုက်မှု အန္တရာယ်နဲ့ သွေးထွက်သံယိုဖြစ်လွယ်တဲ့ဇာတာပါပဲ။ တတ်နိုင်သမျှတော့ ကျန်းမာရေးနဲ့ပတ်သက်ရင် ဘာရောဂါဖြစ်ဖြစ် အကြောက်မလွန်ဖို့လိုပါတယ်။ ဆရာဝန်က ရောဂါတစ်ခုခုခေါင်းစဉ်တပ်လိုက်တာနဲ့ မြန်မာနည်းရော၊အင်္ဂလိပ်နည်းရော ၊ပရောဂပါမကျန် အကုန်လျှောက်ပြမိရာကနေ ဆရာများသားသေ ဆိုသလိုဖြစ်တတ်ပါတယ်။ ဒီလိုနှစ်ပိုင််းရောက်လာပြီ ဆိုရင် ဘယ်ရောဂါပဲဖြစ်ဖြစ် စိတ်ရှည်ရှည်ကုတဲ့သူတွေ ပျောက်ကင်းနိုင်ပါတယ်။ ရောဂါကုလိုက်၊ရပ်လိုက်လုပ်နေတဲ့ သူတွေဆိုရင်တော့ ရောဂါတိုးလာနိုင်ပါတယ်။ အရင်ကတည်းက ကျန်းမာရေးနာတာရှည်ဖြစ်နေသူများ ဒီကာလမှာ စိတ်ဆောင်ဖို့ လိုပါတယ်။ စိတ်အားငယ်လေ ရောဂါပိုကြီးလေဖြစ်တတ်ပါတယ်။ အရွယ်မရောက်သေးသော လူငယ် လေးများ ဆိုင်ကယ်မောင်းခြင်း၊ကားမောင်းခြင်းတွေကို အထူးသတိပြုစေချင်ပါတယ်။

☯️ယတြာ

            ဒီနှစ်ပိုင်းမှာ သောကြာသားသမီးများဟာ ဝစီဒုစရိုက်လေးပါးကိုရှောင်ပြီး ဝစီသုစရိုက်တွေကိုသာ နှုတ်ထွက် ပြောဆိုပါ။ ရဟန်းသံဃာတွေကို သွားတိုက်ဆေး၊သွားတိုက်တံတွေဝယ်လှူပါ။ ကိုယ့်အနီးအနားမှာ ကိုယ်ကြိုက်နှစ် သက် သော ဆရာတော်တွေရဲ့ တရားခွေးလေးတွေဖွင့်ထားပြီး တရားနာယူတာမျိုး အကျင့်လုပ်ပါ။ စနေဂြိုဟ်မင်းနှင့် တကွ ၇ရက်သားသမီးတွေကို အမျှပေးဝေပါ။ သာဓုခေါ်ပါ။ အမျှဝေသာဓုခေါ်တိုင်း ကြေးစည်ထုတဲ့အကျင့်ကို မွေးမြူပါ။ ဘုရားစေတီတွေမှာ ခေါင်းလောင်းလှူပါ။ ဆရာတော်တွေရဲ့ တရားပွဲတွေနဲ့ ကြုံတဲ့အခါ ဓမ္မဒါနအဖြစ် ဝတ္ထုငွေလှူပေးပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

၀၉ ၇၇ ၅၅၅၅ ၆၉၅

၁၃၈၇ ခုနှစ်အတွက် ကြာသပတေးသားသမီး တစ်နှစ်စာဟောကိန်း

✅နိဒါန်း

            ဒီနှစ်က ကြာသပတေးနေ့ဖွားတွေအတွက် အကောင်းဘက်ကိုသွားတဲ့နှစ်မဟုတ်ဘူး။ ကောင်းဖို့အတွက် ကိုယ်တိုင်လမ်းဖောက်ရမဲ့နှစ်ပါပဲ။ ရှင်းရှင်းပြောရရင် မြေလွတ်မြေရိုင်းကို ရှင်းလင်းပြီး သီးပင်စားပင်စစိုက်ရသလို ပါပဲ။အနည်းငယ်ပင်ပန်းရုန်းကန်ရတဲ့နှစ်လဲဖြစ်ပါတယ်။အခြားသူတွေပြောတာနားထောင်ပြီး ရွှေထီးဆောင်းမဲ့နှစ်လို့ ထင်လိုက်ရင်မှားသွားပါလိမ့်မယ်။ ဒီနှစ်က ကြိုးစားနိုင်မှတော်ကာကျလိမ့်မယ်။ကြိုးစားသူအတွက်လဲသေချာပေါက် အဆင်ပြေတိုးတတ်လာနိုင်တာကိုတွေ့ရမယ်။မိမိသာအစွမ်းအစပြနိုင်ရင် အများရဲ့ အားကိုးခြင်းကိုခံရမဲ့ကာလပါပဲ။ ဘယ်ဟာမှ ရေကန်အသင့်ကြာအသင့်တော့ ဖြစ်နေမှာမဟုတ်ပါဘူး။ ရေကန်လိုချင်ရင် ရေကန်ကိုယ်တိုင်တူးရလိမ့် မယ်။ ဒီလိုနှစ်တွေဟာ ကိုယ့်အတွက်အခွင့်အရေးတွေရဖို့အတွက် ကိုယ်တိုင်က ဘယ်လောက်ထိစွမ်းဆောင်နိုင် ကြောင်း ထုတ်ပြဖို့ အထူးလိုအပ်ပါတယ်။

👍စီးပွားရေး

            လုပ်ငန်းစီးပွားပိုင်းမှာတော့ မိမိကိုယ်တိုင်က ဘယ်လမ်းကိုလျှောက်ရမလဲ မြင်လာတတ်ပါတယ်။လုပ်ငန်း ပိုင်းဆိုင်ရာမှာ ကြိုးစားထားသူများအသီးအပွင့်တွေခံစားရနိုင်ပါတယ်။ ကိုယ်တစ်ခုခုကိုလုပ်ချင်စိတ်ဖြစ်နေပြီဆိုရင် အဲတာက တစ်ကယ့်ကို လျှောက်သင့်တဲ့လမ်းဖြစ်နေတတ်ပါတယ်။ ဒီလိုနှစ်ပိုင်းတွေက မသိသူကျော်သွား၊သိသူဖော် စားဆိုတဲ့စကားလိုပါပဲ။ မသိတဲ့သူတွေ၊နားမလည်သူတွေ၊ မပါးနပ်သူတွေ၊ခေတ်ရေစီးကြောင်းကို နားမလည်သူတွေ ကတော့ ဒီနှစ်မှာစီးပွားဖြစ်မှာမဟုတ်ပါဘူး။လိမ္မာပါးနပ်ဖို့အထူးလိုအပ်ပါတယ်။ အလှအပပစ္စည်းရောင်းဝယ်ခြင်း၊ ဘဏ်လုပ်ငန်း၊အပေါင်လုပ်ငန်း၊လုံခြုံရေးဆိုင်ရာလုပ်ငန်း၊ဟော်တယ်အလုပ်များ၊ဇိမ်ခံပစ္စည်းရောင်းဝယ်ခြင်းအလုပ် များ၊အပျော်အပါး အပန်းဖြေခြင်းနှင့်ဆက်စပ်သောအလုပ်များတိုးတတ်နိုင်တာကိုလဲတွေ့ရပါတယ်။ တတ်နိုင်သ၍ တစ်ယောက်ချင်းထက် အများနဲ့ အဖွဲ့အစည်းနဲ့  အုပ်စုလိုက် အဖွဲ့လိုက် ကြိုးစားခြင်းက ပိုမိုအောင်မြင်လွယ်တာကို တွေ့ရပါတယ်။ ဝန်ထမ်းလခစားတွေကတော့ မနေလိုတဲ့နေရာမျိုးသွားရတာမျိုးတွေကြုံရတတ်ပါတယ်။ နေရာမမြဲ တာ၊ထိုင်ခုံမမြဲတာမျိုးတွေကိုတော့လက်ခံရလိမ့်မယ်။ တည်မြဲခြင်းတွေယုတ်လျော့တာမို့ တည်မြဲဖို့ကြိုးစားတဲ့ အရာ တိုင်းက ခက်ခဲလိမ့်မယ်။ အဆင်မပြေဖြစ်တတ်ပါတယ်။

💵ငွေရေးကြေးရေး

            ငွေကြေးနဲ့ပတ်သက်တဲ့ကံတွေကောင်းတာမျိုးတွေ ကြုံရတတ်ပါတယ်။ အလုပ်ကနေ ငွေဝင်တတ်ပါတယ်။ အချိုအချောင်ရဖို့လမ်းတော့ မမြင်ပါဘူး။ အလုပ်ထဲမှာအောက်ဆိုက်ရှာနေသူများ ဒုက္ခရောက်ဖို့အကြောင်းဖန်လာ တတ်တဲ့နှစ်ဖြစ်ပါတယ်။ သတိထားရမဲ့ငွေကြေးကံကြမ္မာက ရင်းနှီးမြုပ်နှံမှု မှားယွင်းခြင်း ပြဿနာပါပဲ။ ငွေကို လက် ထဲကိုင်မထားချင်ဘူးဆိုပြီး ဟိုမှာ ရှယ်ယာထည့်ချင်တာ၊ဒီကုန်တွေ လှောင်ချင်တာမျိုး လုပ်မိရင်တော့ ငွေတွေ မတိုး လာဘဲ ဆုံးတတ်ပါတယ်။ လူကြီးများဆိုလဲကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေရတတ်ပါတယ်။ ဒါအပြင် သား သမီးကိုငွေရင်းနှီးပေးမယ်ဆိုရင်လဲ သတိထားပါ။ သူတို့အလုပ်တွေကိုနားမလည်ဘဲ ငွေကိုလွယ်လင့်တကူ ထုတ်မပေး လိုက်ပါနဲ့။ သားသမီးနဲ့ပတ်သက်လို့ ငွေကုန်ရတတ်ပါတယ်။ ဒီကာလမှာအိုးအိမ်နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီးတော့လဲ  အားနည်းတာမို့ အိမ်ပြင်၊အိမ်ဆောက်၊အိမ်ဝယ်ဖို့အတွက် ငွေသုံးမယ်ဆိုရင်လဲသတိထားပြီး ဆောင်ရွက်စေချင်ပါတယ်။

🤝လူမှုရေး

            လူမှုဆက်ဆံရေးနယ်ပယ်အားကောင်းနေတာကိုတွေ့ရပါတယ်။ မိတ်ဆွေကောင်းတွေတိုးပွားနိုင်ပါတယ်။  မထင်မှတ်ထားတဲ့  နယ်ပယ်သစ်က လူတွေရဲ့အကူအညီတွေကိုရလွယ်တာ တွေ့ရပါတယ်၊၊ ဂုဏ်ဓနကြီးမြင့်သူတွေနဲ့ ရင်းနှီးစွာ ပတ်သက်ခွင့်ရတတ်တာကိုလဲတွေ့ရပါတယ်။  အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကောင်းပေမဲ့ ထိုသူတွေက အဝေးရောက်သွားမျိုး၊ကိုယ်ချစ်ရတဲ့မိတ်ဆွေရင်းတွေ ဆုံးပါးတဲ့သတင်းတွေကြားရတတ်ပါတယ်။ ဒီနှစ်ထဲ ပြဿနာဖြစ်နိုင်တာက သူများကြားဝင်ဖြေရှင်းတာမျိုးတွေလုံးဝမလုပ်ပါနဲ့။ ကြားသုံးကြားမဝင်နဲ့ဆိုတဲ့ စကားလိုပါပဲ။  တတ်နိုင်သမျှ ကိုယ်နဲ့မဆိုင်ရင် မပတ်သက်သလိုနေပါ။ သူများရင်လာဖွင့်ပြီး သူများမကောင်း ကြောင်း အတင်းလာပြော ရင်တောင်မှနားမထောင်သင့်တဲ့ကာလပါပဲ။ ဒီနှစ်မှာ ဆက်ဆံရေးမပြေလည်ဆုံးကတော့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဖြစ်တတ်ပါတယ်။အရွယ်ရောက်ပြီးသော သားသမီးတွေနဲ့စကားအခြေအတင်ဖြစ်ရ တတ်ပါတယ်။

❤️အချစ်ရေး

                        အချစ်ရေးကံကြမ္မာ ဆိုးဝါးညံ့ဖျင်းနေတာမျိုးမရှိပါဘူး။တစ်ခုတော့သတိထားရမှာ ကိုယ့်ချစ်သူက တနင်္ဂနွေ၊ဗုဒ္ဓဟူးဖြစ်ရင်တော့အချစ်ရေးသောကတွေများနိုင်သလို၊ကိုယ်ရဲ့နာမည်က သောကြာအပိတ်နာမည်ဆိုရင် လဲ အချစ်ရေးမှာ ကံခေနေတတ်ပါတယ်။ ဒီနှစ်မှာရည်းစားစထားမဲ့သူက အပျော်ထားတာမျိုး၊လှလို့ သဘောကျတာ မျိုးထက် တစ်ဘဝလုံးရည်ရွယ်ပြီး ချစ်သူကိုပိုးပန်းတာမျိုး၊ချစ်သူကိုရွေးချယ်တာမျိုးတွေပဲလုပ်သင့်ပါတယ်။ ဒီနှစ် ထဲမှာ ရည်စားစထားရင် မြဲသွားတတ်ပါတယ်။ လူငယ်များ အလိမ်အညာ ခံရတတ်တဲ့အတွက် ကိုယ့်ထက်အသက် ကြီးလွန်းသူတွေ၊ ငွေနဲ့မျှားပြီးတော့ ကိုယ့်ကို ကြံတာမျိုးတွေကိုတော့ သတိထားလိုက်စေချင်ပါတယ်။ အချစ်ရေး ကံကောင်းတယ်ဆိုပေမဲ့ ကိုယ့်ထက်အသက် ၁၀ကျော် ကြီးလွန်းတဲ့သူတွေလာချဉ်းကပ်ရင်တော့ တတ်နိုင်သမျှ ရှောင်လိုက်စေချင်ပါတယ်။

👪အိမ်ထောင်ရေး

            အိမ်ထောင်ရေးနယ်ပယ်အားကောင်းပြီးတော့ပိုခိုင်မြဲတဲ့ အနေအထားကိုရောက်ရှိနိုင်ပါတယ်။နဂိုကတည်း ကအဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်ရေးကလွဲရင် အခြားအိမ်ထောင်ရေးတွေထူးခြားပြီး ပြဿနာဖြစ်တာမျိုးတော့ မတွေ့ရပါဘူး။ တစ်ခုတော့သတိထားကြပါ။ အိမ်ထောင်ဘက်မသိအောင် ငွေကြေး၊ဥစ္စာပစ္စည်းတစ်မျိုးမျိုးကိုဖွက် ထားတယ်ဆိုရင်တော့လင်မယားချင်းပြဿနာဖြစ်ရတတ်ပါတယ်။ သားသမီးတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချ မယ်ဆိုရင်လဲ လင်မယားတိုင်တိုင်ပင်ပင် ညှိနှိုင်းဆောင်ရွက်ပြီးလုပ်စေချင်ပါတယ်။ လင်မယားနှစ်ယောက်စလုံး စီးပွားတစ်ခုထဲကို အတူတူလုပ်ကြတဲ့သူတွေဆိုရင်တော့ သေချာပေါက် စီးပွားတတ်လာတာကိုအထင်အရှားတွေ့ရ ပါလိမ့်မယ်။ အိမ်ထောင်ဘက်က အဝေးရောက်နေတာ ၊နိုင်ငံခြားရောက်နေတာမျိုးဆိုရင်တော့ အသုံးစရိတ်တွေကို စာရင်းသေချာလုပ်ပြီးတော့ အဝင်အထွက်ရှင်းပြနိုင်အောင်ပြင်ဆင်ထားဖို့လိုပါတယ်။

💥ကျန်းမာရေး

            ကျန်းမာရေးကတော့ ဒီနှစ်ပိုင်း ဆိုးနေတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းကြီးလဲ ကောင်းမနေတဲ့နှစ် မျိုးပါ။ နာမည်ကို ဗုဒ္ဓဟူးနံနဲ့ပိတ်မှည့်ထားသူတွေကျန်းမာရေးညံ့လွယ်သလို၊ စက်စ္စည်းတွေ၊ စစ်လက်နက်ပစ္စည်း တွေ ကိုင်တွယ်အသုံးပြုရသူဖြစ်ရင်လဲ မတော်တဆထိခိုက်မှုအန္တရာယ်တွေကိုလဲ ကြုံရနိုင်တာမျိုးဖြစ်တတ်ပါတယ် ကျန်းမာရေးမှာ အဓိကအားနည်းတဲ့ရောဂါက အာရုံကြော၊အရေပြား၊အဖုအပိန့်ထွက်ခြင်း၊မြစ်ပွားနာစတာတွေကို အထူးဂရုစိုက်ဖို့မှာချင်ပါတယ်။ မွေးကင်းစကလေးများ လူထူထပ်သောနေရာတွေကိုရှောင်စေချင်ပါတယ်။ သူများ ဆီကနေ ရောဂါတွေကူးလာတတ်ပါတယ်။ အခြားရောဂါဗေဒအနေနဲ့တော့ ဆိုးနေ၊ညံ့နေတာမျိုးမရှိပါဘူး။ တစ်နှစ် လုံး ကျန်းကျန်းမာမာနဲ့လုပ်ချင်တာတွေကို လုပ်သွားနိုင်ပါလိမ့်မယ်။

☯️ယတြာ

            ယတြာပိုင်းအရပြောရရင်တော့ နွမ်းပါးသူတွေကို အစိမ်းရောင်အကြမ်းစီးဖိနပ်လှူပေးပါ။ဘုရားရှင်ကို  အနံ့ မွှေးသော ဖယောင်းတိုင်၊အမွှေးတိုင်တွေနဲ့ပူဇော်ကပ်လှူပါ။ သပြေပန်းလေးတွေကို အောင်အိုးတစ်လုံးနဲ့ထည့်ပြီး ဘုရားမှာပူဇော်ထားပါ။ အသည်းမကောင်းသူတွေကိုအသည်းအားဆေးလှူဒါန်းပေးပါ။ သာယာကြည်လင်သော  အသံဖြင့် ဘုရားရှင်ရဲ့ ပရိတ်တော်တွေကို ရွတ်ပွားပါ။ ခံတွင်းအနံ့ဆိုးမထွက်အောင် ထိမ်းသိမ်းပါ။ သွားတွေဝါနေရင် ဂျိုးတွေရှိနေရင် သန့်ရှင်းရေးလုပ်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

၀၉ ၇၇ ၅၅၅၅ ၆၉၅

23.May.2024 မှ 29.May.2024 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

မိမိအတွက် ကောင်းသောအကူအညီတွေရလာနိုင်ပေမဲ့ သူများကူညီတာထက် မိမိကံကိုက ရေကန်အသင့် ၊ကြာအတင့်ဆိုတာမျိုး ဖြစ်နေပါလိမ့်မယ်။ ခရီးတွေသွားဖို့ ကြန့်ကြာနေတာမျိုးတွေ၊လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ အချိန်စောင့်နေရ တာမျိုးတွေရှိရင် ဒီအပတ်ထဲ ခရီးကိစ္စတွေပြေလည်သွားပါလိမ့်မယ်။ ငွေကြေးထိန်း သိမ်းဖို့ မီးခံသေတ္တာဝယ်တာမျိုး တွေ၊ စည်းရိုးကာတာမျိုးတွေ၊ စီစီတီဗီတပ်ဆင်တာမျိုးတွေ ဆောင်ရွက်ခြင်းများ ချောချောမွေ့မွေ့အဆင်ပြေပါလိမ့် လိမ့်မယ်။ မကုန်သင့်တာကို မကုန်အောင်ထိန်းသိမ်းသွားနိုင်မဲ့ကာလလဲ ဖြစ်ပါ တယ်။ ကုသိုလ်ကံတွေပေးနေချိန်ပါပဲ။ အလုပ်တွေကောင်းလာတတ်ပါတယ်။ ညံ့နေတာတွေတဖြည်းဖြည်းပြေ လျော့ ခွင့် တွေရလာတတ်ပါတယ်။စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေတာတွေလျော့နည်းသွားဖို့ရှိပါတယ်။ မိမိရရှိထား သော အခွင့်အရေးများ သူတစ်ပါးမှ လုယူခြင်းကြုံရတတ်ပါသည်။ ဆရာသမား၊ ကြီးကဲသူများနှင့် စိတ်သဘောထား ကွဲလွဲ ခြင်း၊ စိတ်ညစ်ရခြင်းများ ကြုံတွေ့ရတတ် ပါသည်။ မိမိထက် နိမ့်သူများနှင့်လက်တွဲ၍ အလုပ်လုပ်ရ တတ်ပါ သည်။ အရောင်းအဝယ်ကိစ္စများမှ အကျိုးအမြတ် နည်းရတတ်ပါ သည်။ မိမိ၏ အရောင်းအဝယ်ဖြစ်ရုံသာ ဖြစ် တတ်ပါသည်။ လိုချင်ဇော၊ ရချင်ဇောဖြင့် ဆုံးဖြတ် မိပါက အမှားအယွင်းပင် ဖြစ်တတ်ပါသည်။ အမျိုးသားများ ဇနီးမယားဘက် ကကောင်းသော အကူအညီတွေရလွယ်တာကိုတွေ့ရပါတယ်။အိမ်ထောင်ရေး ကံကောင်းတတ်ပါသည်။

အကျိုးပေးဂဏန်း ၁/၈/၀

အထူးဟော   လုပ်ငန်းခွင် အခွင့်အလမ်းကောင်းတွေရမယ်

ယတြာ   အုန်းထမင်းနဲ့ကြက်သားချက်ပြီး ဘုရားဆွမ်းကပ်ပါ။

#တနင်္လာ

ဒီအပတ်ထဲ တတ်နိုင်သမျှ လူကြီးတွေ၊မိဘတွေရဲ့စကားကိုလိုက်နာတာကဒီကာလ မှာအစစအရာရာ အဆင် ပြေပါလိမ့် မယ်။ ကျန်းမာရေးကောင်းနေပေမဲ့ အစားတွေကို မဆင်မခြင်မစားမိပါစေနဲ့။ အစားအသောက်မှားရာကနေ ဝမ်းဗိုက် ၊အစာအိမ် ဒုက္ခရောက်နေတတ်ပါတယ်။ ပျိုရွယ်သူများ ချစ်သူ၏ စိတ်အပြောင်းအလဲများအပေါ် နားလည် ရခက်ခဲ လေသည်။ စိတ်ရှုတ်စရာကိစ္စများ တစ်ခုပြီးတစ်ခု ဝင်ရောက် လာနိုင်ပါသည်။ အသိ၊သတိကိုအမြဲတမ်း ကပ် ထား ဖို့လိုပါတယ်။ သတိမရှိတာနဲ့ အမှားတွေကိုမိမိကိုယ်တိုင် မဆင်ခြင်ဘဲလုပ်မိသွားတတ်လို့ပါပဲ။ အထူးသတိပြု၍ နေထိုင်၊ လုပ်ကိုင်၊ ဆောင်ရွက်ပါ။ ဖခင်ဆီကလဲ ငွေအား လူအား တွေရလာ တတ်ပါတယ်။ အလုပ်သစ်လျှောက်ခြင်း၊ အင်တာဗျူးဖြေခြင်းများ ရလဒ်ကောင်းတွေရ လာနိုင်မဲ့ ကာလပါပဲ ။အများနဲ့ ပတ်သက်သောကိစ္စများ၊လူအများနဲ့ ချိတ်ဆက်လုပ်ရ သောကိစ္စများထင်သလောက် အဆင် မပြေတာကိုတွေ့ရပါတယ်။ သားသမီးငယ်တွေရှိသူဆို သားသမီး ကျန်းမာရေး အားနည်းတာမို့ မိမိတို့ပင်ပန်းရတတ်ပါ တယ်။ အိမ်ထောင်ရေး အနည်းငယ်ညံ့နေပါ မည်။ အိမ် ထောင်ရှင်များ လူမှုရေးပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းနေရတတ်ပါသည်။ ပညာရေးကတော့ ဒီအပတ်ထဲ မှာအားကောင်းပါတယ်။ပညာအသစ်တွေစတင်သင်ယူလို့ကောင်းပါတယ်။

အကျိုးပေးဂဏန်း ၁/၂/၅

အထူးဟော    ကံအင်အားနည်းပါးလိမ့်မယ်။

ယတြာ     ငွေ ၂၀၀ကျပ်တန်ကို ပံ့သကူပစ်လိုက်ပါ။

#အင်္ဂါ

ဒီတစ်ပတ်ထဲမှာ ငွေကြေးအပေး အကမ်းများပြီး နောက်မှနှမြောနေတာမျိုးဖြစ်တတ်ပါတယ်။ တစ်ပါး သူ၏ အနှောက်အယှက် များကြောင့် ဥပဒေနှင့် ရင်ဆိုင်ရတတ်ပါသည်။ တစ်ဦးထက်ပိုသော အချစ်ရေးမျိုးကို ခံစား ရပေ လိမ့်မည်။ အပေါင်းအသင်းများကဝိုင်းဝန်းအောင်သွယ်ခြင်းများကြောင့် မမျှော်လင့်ပဲ အိမ်ထောင်ကျ သွားတတ် ပါ သည်။ မိဘသဘောမတူခြင်းများနှင့် ရင်ဆိုင်ရတတ်ပါသည်။ လူမျိုးကွဲ၊ ဘာသာကွဲများနှင့် လုပ်ငန်းများ စပ်တူ ရှယ်ယာပြုလုပ်လျှင် အောင်မြင်မှုများ ရရှိနိုင်ပါသည်။ ပြည်တွင်း၊ ပြည်ပ ခရီးတို၊ ခရီးရှည်များ မကြာခဏသွားရ၊ လာရ တတ်ပါသည်။ အိမ်၊ ခြံ၊ မြေ လက်မှတ်ရေးထိုးခြင်း၊ စာချုပ်၊ စာတမ်းများ ချုပ်ဆိုရာတွင် သတိဖြင့် ဆောင်ရွက်နေရမည်။ ပရဟိတ လုပ်ငန်းများတွင် ဝင်ရောက် ဆောင်ရွက် ပေးရခြင်းများ ရှိနေမည်။ ကျန်းမာရေးကတော့ ဒီအပတ်မှာ သတိ ထားဖို့လိုပါတယ်။ ကျန်းမာရေး တရှောင်ရှောင် ဖြစ်လွယ်တဲ့ကာလပဲ ဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့မကုပါနဲ့။ ဆေးထိုး၊ ဆေးသောက် တာ ဆောင် ရွက် စေချင် ပါတယ်။ ဘာသာရေးကိစ္စ၊အလှူ အတန်းကိစ္စတွေ ရက်ရွှေ့ရတာမျိုးတွေ ကြုံရ တတ်ပါတယ်။ ငွေကံကောင်း နေပေမဲ့ ရင်းနှီးမြုပ်နှံမှုတွေမှားယွင်းမှုဖြစ် တတ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး အတွေးအခေါ်တွေအစွန်း ရောက် သွားတတ်ပါတယ်။ အိမ်ထောင်ရေးတွင် မိသားစုပြဿနာများ ဖြေရှင်း ပေး ရ တတ်ပါသည်။ အရေးကြီးတဲ့ ကိစ္စများ မိမိကိုယ်တိုင်လုပ်ပါ။အနည်းငယ်တော့ အလုပ်တွေများရ တတ်ပါ တယ်။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော  ကျန်းမာ‌ရေးဂရုစိုက်ကြပါ။

ယတြာ    နို့ဆီဘူးလေးတွေဝယ်ပြီး လူကြီးမိဘတွေကိုလှူပေးပါ။

#ဗုဒ္ဓဟူး/ရာဟု

       ဒီကာလများအတွင်း မတော်တဆ ထိခိုက်မှုများ ရှိတတ်ပါသည်။ ထို ကြောင့် စက်ပစ္စည်းများ ကိုင် တွယ် ရာတွင် အထူးဂရုစိုက်ပေးပါ။ မြောက်အရပ်သို့ ရေကြောင်း၊ လေကြောင်း ခရီး သွားလာခြင်းကို အထူး ရှောင်ကြဉ်ပေးပါ။ အမြဲတမ်းနှုတ်ချိုသာစွာပြောတတ်သူများကံပိုကောင်းနိုင်ပါတယ်။ ငွေ ကြေးစတင်စုဆောင်းခြင်းများဒီကာလမှာ‌ ဆောင် ရွက်ပါ။အချစ်ရေးတွင် သဘောထားကွဲလွဲမှုများ မကြာခဏ ဖြစ် လာရတတ် ပါသည်။ တစ်ပါးသူ၏ အနှောက်အယှက် ကြောင့် အကြံအစည်များ ပျက်စီးသွားမည်။ မမျှော်လင့်ပဲ စီးပွားရေးများ တိုးတတ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိ လာ မည်။ ယာဉ် နှင့် စက်ပစ္စည်းများ ရောင်းချခြင်း၊ ရတနာပစ္စည်းများ ရောင်းဝယ်ခြင်း၊ စတိုးဆိုင်ဖွင့်ခြင်းများ ၊ စားသောက် ဆိုင်နှင့် စတိုးဆိုင်ဖွင့်ခြင်းများ အထူးကောင်းမွန်ပါသည်။ မိမိအထက် အကြီးအကဲများနှင့် ဆက်ဆံရာတွင် အထူး ဂရုစိုက် ပြီးဆက်ဆံရတတ်သည်။ လုပ်ငန်းခွင်အတွက် စိတ်ကူးစိတ်သန်း အသစ်များ ပေါ်ထွန်းလာမည်။ ရပ်ဝေးခရီးမှ မိမိထံသို့ ကောင်းသောသတင်းစကားကောင်းများ ကြားသိနေရတတ်ပါသည်။ ငွေကြေးများ မမျှော်လင့်ပဲ ဝင်လာ ခြင်း၊ ထီပေါက်ခြင်းများ ရှိလာမည်။ မိမိအနေနဲ့ စူးစမ်းရှာဖွေလေ အကျိုးရှိလေပါပဲ။ ရသင့်တဲ့ လုပ်အားခထက် ဘောနပ် ဆိုတာ မျိုးလဲ ရရှိနိုင်တဲ့အခွင့်အရေးမျိုးတွေရှိပါတယ်။ အိမ်ထောင်ရှင် များအိမ်ထောင်ရေး သာယာမှုများ ရှိမည်။

အကျိုးပေးဂဏန်း  ၃/၄/၇

အထူးဟော    ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ   ရွက်လှပန်း ၄ညွှန့်ဘုရားကပ်လှူပါ

#ကြာသပတေး

ဒီကာလများအတွင်း လုပ်ငန်းသစ်များ၊ စီးပွားသစ်များ တိုးချဲ့ခြင်းများ ဆောင်ရွက် အဆင်ပြေနိင်ပါသည်။ မိတ်သစ်ဆွေသစ်များ တိုးပွား နိုင်ပါသည်။ အမွေအနှစ်ကိစ္စများ ငြင်းခုန်ရတတ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။  သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတို့သည် အထူးအကျိုးပေးနေမည်။ ပညာရေးတွင် အောင် မြင်မှုများ ရရှိနိင်ပါ သည်။ လုပ်ငန်းခွင် စာမေးပွဲများ ဖြေဆိုရာတွင်လည်း အောင်မြင်မှုများ ရရှိမည်။ သို့သော် အပျော် အပါး လိုက်စား ခြင်းများ ရှောင်သင့်ပါသည်။ အပြိုင်အဆိုင်၊ အနှောက်အယှက်ကြားမှ အောင်မြင်တိုးတတ်လာ နိုင်ပါ သည်။ အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်သော လုပ်ငန်းများမှ အကျိုးအမြတ်ကောင်းများ ရရှိ ပိုင်ဆိုင်ခွင့်များ ရရှိလာမည်။ စက်ကား၊ယန္တရားနဲ့ပတ်သက်သောအလုပ်များ အဆင်မပြေတာတွေများနိုင်ပါ တယ်။ ငွေကြေးကိုတော့လက်မလွယ် မိဖို့လို အပ်ပါတယ်။အသုံးထက်အဖြုန်းများနေတတ်ပါတယ်။ ကျန်းမာရေးတွင် အပူနာ ခြင်း၊ ခါးနာခြင်း၊ နှလုံးအားနည်းခြင်း၊ အိပ်မပျော် ခြင်းများ၊ အကြောအဆစ်ဝေဒနာများ  ခံစားရတတ်ပါသည်။ အိမ်ထောင်ရေးတွင် တစ်ခါတစ်ရံ စိတ်သဘောထား ကွဲ လွဲနိုင်ခြင်းများ ဖြစ်ပေါ်လာ နိုင်ပါသည်။ အချစ်ရေး၊ မေတ္တာ ရေးတွင် နှလုံးသားမှ ပေါက်ဖွားလာသော အချစ်စစ်သည် အရွယ်လွန် နေသူ တွေတောင် ငယ်မူငယ်သွေး ပြန်လာ  စေနိုင်သည်။

အကျိုးပေးဂဏန်း  ၁/၄/၅

အထူးဟော   အချစ်ရေးစန်းအားကောင်းမယ်

ယတြာ   ဘဲဥဟင်းလေးတွေနဲ့ ရဟန်းသံဃာတွေကိုဆွမ်းလောင်းပါ။

#သောကြာ

            ဒီကာလအတွင်းမှာကာလအတန်ကြာ ဝေးကွာနေသော မိတ်ဆွေရင်းချာတို့နှင့် ပြန်လည်ဆုံစည်း ရနိုင်ပါ သည်။ စဉ်းစားချင့်ချိန်ပြီးမှအရာရာကိုလုပ်သင့်တဲ့ အချိန်ပါပဲ။ ဘာကိစ္စကိုမဆိုခေါင်းအေးအေးထားပြီး ဆုံး ဖြတ် ချက်ချပါ။ ပညာရေးတွင် မိမိကြိုးစားသလောက် ရည်မှန်းချက်များ အထူးအောင်မြင်မည်။ စစ်မှန်သည့် နှလုံး သားရေးရာကိစ္စများ ကြုံတွေ့ရပြီး၊ ပျော်ရွှင်ကြည်နူးဖွယ် အချစ်ရေးခရီးလမ်းကို လျှောက်လှမ်းခွင့်များ ရရှိမည်။မိတ်ကောင်းဆွေကောင်း တွေရဲ့ အကူအညီတွေမရတာမျိုးတွေ့ရတယ်။ ဒီကာလက ကိုယ့်ဒူးကိုယ်ချွန်ဆောင် ရွက်ရမဲ့ ကာလဖြစ်ပါတယ်။ သူတစ်ပါးတွေရဲ့ အခက်အခဲတွေကိုမိမိကသာကူညီပေးနေရတတ်ပါတယ်။ အိမ်ကိစ္စ၊ အမွေ ကိစ္စတွေ ပြဿနာရှိသူဆို ဒီကာလအတွင်းကြီးကျယ်တဲ့ရန်ပွဲတွေဖြစ်တတ်ပါတယ်။ သတိထားရမှာက ရပ်ဝေး ကနေ တန်ဖိုးကြီးပစ္စည်းတွေမှာ တာ၊ဝယ်ယူတာမျိုးတွေဒီကာလမှာတော့ အထူးရှောင်နေချင်ပါတယ်။ လမ်းမှာအစစ် အဆေးရှိလို့ ထိခိုက်မိတာ၊ အနာအဆာပါတာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်။ ငွေကြေးအလွှဲအပြောင်းတွေသတိ ရှိပါတယ်။ ဂဏန်းတစ်လုံးပို သွားပြီးမှားလွှဲမိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအတွက်စိတ်ပူစရာမလို ပေမဲ့ အရင်ကတည်းက ခေါင်းမူး၊ ဇက်ကြောတက်တာမျိုးဖြစ်နေသူတွေသတိထားပါ။ အောက်သွေးအရမ်းတိုးနေ တာမျိုးဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း  ၂/၆/၅

အထူးဟော   ခေါင်းအေးအေးထားဆောင်ရွက်ပါ

ယတြာ     ဆိတ်ရိုးဟင်းနဲ့ ထမင်းနဲ့ရောနယ်ပြီး လမ်းဘေးခွေးတွေကျွေးပါ။

#စနေ

            ဒီကာလအတွင်းရွှေထွက်တာမျိုး၊ပျောက်ရှတာမျိုးဖြစ်တတ်ပါတယ်။ကံကောင်းတာက အတွေးမှန်အမြင်မှန် နိုင် တာမို့ မိမိလုပ်နေတာကို မှားလား၊မှန်လား နဖူးပေါ်လက်တင်ပြီးစဉ်းစားခန်းဖွင့်သင့်တဲ့ကာလ ပါပဲ။ နှလုံးသားချင်း ပေါင်းစပ်နိုင်မည့် စစ်မှန်သော ဖူးစာရှင်နှင့် ဆုံစည်းရကိန်းများ ရှိနေမည်။ ဖြတ်ခနဲရုတ်တရက် ပေါ်လာတတ်တဲ့ အကြံအစည်က မိမိအတွက် ကောင်းတဲ့အကြံ ဖြစ်နေပါလိမ့်မယ်။ အသစ် ထီထွင်ခြင်း၊ စွန့်ဦး တီထွင်လုပ်  ကိုင်ခြင်းများ ဒီကာလမှာ အဆင် ပြေပါလိမ့်မယ်။အနည်းငယ်လိမ္မာပါးနပ်ဖို့ လိုတဲ့ကာလပဲဖြစ်ပါတယ်။ မလိုသူတွေရှိနေတတ် ပါ တယ်။ မိမိလက်ရှိအနေ အထားကနေ တဆင့်တက်ပြီးအဆင်ပြေမှာကိုမနာလိုသူတွေရှိနေနိုင်ပါတယ်။ ဒါအပြင် တကယ့်ကို မိမိကို ကိုယ်ဖိရင် ဖိကူညီမဲ့သူတွေလဲ ရှိနေပါတယ်။ သတိထားဖို့က အမိအဘကျန်းမာရေးညံ့ပြီး အိမ်ရာ ထဲလဲနေတာဆိုဒီကာလမှာ မိဘတွေကိုပိုမိုဂရုစိုက်လိုက်စေချင်ပါတယ်။ ငွေကံကောင်းပေမဲ့ မိမိကိုယ်တိုင်က ကိုယ် တိုင်ပင်ပန်းတဲ့ငွေကိုသာ မက်မောနေလိမ့်မယ်။ အချောင်ရတာ၊အောက်ဆိုက်ရတာမျိုးတွေကို လိုချင်စိတ်ကုန်နေ တတ် ပါတယ်။ ခွေးရှိတဲ့ အိမ်တွေကိုသွားလည်ရင်သတိထားပါ။ တိရိစ္ဆာန်တွေ ကိုက်ခဲတာမျိုးခံရတတ်ပါတယ်။ မြွေကင်း ပေါတဲ့နေရာကို သွားမယ်ဆိုလဲ ညရေးညတာ သတိနဲ့သွားပါ။

အကျိုးပေးဂဏန်း ၃/၆/၇

အထူးဟော   အမှန်၊အမှား ကောင်းစွာခွဲခြားနိုင်ပါလိမ့်မယ်။

ယတြာ   ထမင်းဆီဆမ်းတစ်ပွဲ ဘုရားရှင်အားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

                                                                                    ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                                                                                            0977 5555 695

                                                                                                            09 44 5555 695

18.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နှောင်းတန်ခူးလကွယ်နေ့၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄:၅၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၄၇)နာရီဖြစ်ပြီး ၊ ညနေ(၆:၂၃)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၂း၂၆)နာရီအထိ စနေမြေခံအဖြစ် ကျရောက်နေတာဖြစ်ပြီး လွန်လျှင် သောကြာ မြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ(၂း၂၆)နာရီအထိ လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေတာ ဖြစ်ပြီး လွန်လျှင် လဆုတ်တီထိ(၁၄)လုံး ပယ်ရှင်းခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိလုပ်ငန်းအတွက်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေဝယ်ယူတာ မိမိဝန်ထမ်းတွေကို လုပ်ငန်း ကျွမ်းကျင်ဖို့ သင်တန်းပေးခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ တွန်းတွန်းတိုက်တိုက် မြန်မြန်ဆန်ဆန် လုပ်ရတဲ့အလုပ်တွေကို လဲ ဒီနေ့မှာအားစိုက်လုပ်ကိုင်စေချင်ပါတယ်။ ဆုံးဖြတ်ချက်ကိုမြန်မြန်ချပါ။

ဥတ္တရာဘဒြနက္ခတ်ကအထက်မျှော်နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီး ဆွတ်ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံ ကာခြင်း၊ တံခွန်တိုင်ထူးခြင်း ကောင်း၏။

ကျောက်နဲ့ပတ်သက်သောလုပ်ငန်း၊သံနှင့်ပတ်သက်သောလုပ်ငန်း၊ရေနဲ့ပတ်သက်သောလုပ်ငန်းတွေကလဲ အထူး အဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ကျန်းမာရေးညံ့နေရင်အားမငယ်ပါနဲ့။ အားတင်းထားရင် သာမန်ဆေးတောင်မှ တိုးသွားနိုင်ပါတယ်။ ဒါကြောင့်ဒီလိုနေ့မျိုးဟာစိတ်ပျော့တဲ့သူတွေအခက်အခဲများနိုင်ပါတယ်။ စက်ကားတွေပြုပြင် ထိန်းသိမ်းခြင်း၊ လုပ်ငန်းခွင်အတွင်းသန့်ရှင်းရေးလုပ်ခြင်းများကိုအလေးပေးဆောင်ရွက်သွားသင့်ပါတယ်။

ကဗျာစပ်ခြင်း၊ သီချင်းသံစဉ်ရှာခြင်း၊ စာကောင်းတစ်ပုဒ်ရေးသားခြင်းများ စတင်ဆောင်ရွက်နိုင်ပါတယ်။ အိမ် ဆောက်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်းများဆောင်ရွက်သင့်ပါတယ်။ အိမ်ခြံမြေရောင်းခြင်း၊ ဝယ်ခြင်းများလဲ အဆင်ပြေ ချော့မွေတတ်ပါတယ်။ ကုန်ပစ္စည်းများ သိုလှောင်သင့်တဲ့နေ့မျိုးပါပဲ။ယနေ့ လုပ်ဆောင်သမျှ အကြောင်းအရာ အားလုံး တွင် အထူးသတိမလွတ်အပ်ပါ။ သမားတော်များ ဆေးစွမ်း ထက်မြက်မည်။ ရောဂါဝေဒနာများ စတင်ကုသရန် ရက် ကောင်းဖြစ်သည်။

ဒီနေ့ဟာ  အိုးသစ်၊ အိမ်သစ်များ စတင်တည်ဆောက်ခြင်းမပြုရပါ။ မီးလောင်၍ ပျက်စီးဆုံးရှုံးရတတ်ပါတယ်။ ဆေးစား၊ ဆေးကုပြုရန် ကောင်းသော ရက်ကောင်းဖြစ်နေပါတယ်။ သမားပြသ၍ အထူးကောင်းပါတယ်။ မြေထဲနက္ခတ် ရက်ကောင်း ဖြစ်ပေရာ အလုပ်အကြံအစည်းမှန်သမျှကို ရှေ့တိုးလုပ်ကိုင်နိုင်ရန် အချိန်ကောင်းကျရောက်နေပါတယ်။ ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၇:၃၆)နာရီမှ နံနက်(၈:၂၇) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၉နာရီ၂၅မိနစ် မှ ၁၀နာရီ၀၈မိနစ်ထိ၊ည၈နာရီ၂၀မိနစ်မှည၉နာရီ၀၄မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊  မိန်စန်း၊ ဥတ္တရာဘဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿရာသီဖွားဖြစ်ပါ သည်။ ဒီနေ့ မွေး သူများဟာ ပျော်ပျော်နေ တတ်ကြသူတွေဖြစ်ပါတယ်။ ဟဒယဉာဏ်ရှိပြီးတော့ လူတွေကိုပျော်အောင် လုပ်ပေးကြ သူတွေ ဖြစ်ပါတယ်။ ငွေကြေးစီး ပွားအရှာကောင်းကြသူတွေဖြစ်ပါ တယ်။ကျန်းမာရေးအားကောင်း ပြီးတော့ တောရုံဖျားနာ တာမျိုးမရှိ တဲ့ သူတွေဖြစ်ပါ တယ်။ အသက် ၂၈ကျော်တာနဲ့ကိုယ့်ခြေထောက်ပေါ်ရပ် တည်နိုင် ပြီးတော့ အအောင်မြင်ဆုံးဘဝ ကိုမိမိအစွမ်း အစနဲ့ တည်ဆောက်နိုင်မဲ့သူဖြစ်ပါတယ်။ လျင်မြန်ခြင်း၊ အကင်းပါးခြင်း၊ လူရည်လည်ခြင်း၊အတုခိုးလွယ်ခြင်းစတဲ့ အချက်တွေကပဲ မိမိတို့ကိုအောင်မြင်အောင်စွမ်းဆောင် ပေးနိုင် ကြပါလိမ့် မယ်။ငွေကြေးကံအားနည်းချက်တွေမရှိသလောက်နည်း သလို နိုင်ငံရပ် ခြား ဘာသာစကားတွေကို အကြောင်းပြုပြီး အသက်မွေးရသူတွေ ဖြစ်လေ့ရှိကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၃) နာရီမှ ညနေ(၄:၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၃၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နီးစပ်သူတွေကို ဖုန်းဘေလေးတွေ နိုင်သလောက်လှူပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်းဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝ ကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို…နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နား ဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

17.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၁၃)ရက်၊ တနင်္လာနေ့ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၁၇)ရက်၊နှစ်ဆန်းတစ်ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၄၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၂၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ဘေးသင့်ခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညနေ(၄း၄၅)နာရီအထိ ရာဟုမြေခံအဖြစ်ကျရောက်နေတာဖြစ်ပြီး လွန်လျှင် စနေမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ် ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်း တွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက် တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ရက်တံခွန်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညနေ(၄း၄၅)နာရီအထိ လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျ ရောက် နေတာ ဖြစ်ပါတယ်။ ကံကောင်းခြင်း၊ကျက်သရေရှိခြင်းကိုအထူးပေးတဲ့ ဘဒြာ တီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီနေ့မှာ မည်သည့်နေ့သားမဆို ခေါင်းဆေးခြင်း၊ခေါင်းလျှော်ခြင်း များ ဆောင်ရွက် လို့အထူးကောင်းပါတယ်။

ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း၏။

ဒီလိုနေ့ရက်မျိုးမှာတော့ အိမ်တွင်းရေး၊ အိမ်ထောင်ရေး၊လူမှုရေးတွေမှာ ပဋိပက္ခတွေရှိရင်ဖြေရှင်းနိုင်ပါလိမ့် မယ်။ ငြိမ်းချမ်းရေးလက်မှတ်ထိုးခြင်းများ၊ အလုပ်ရှင် အလုပ်သမား၊အိမ်ရှင် အိမ်ငှား စာချုပ်ချုပ်ဆိုခြင်းတွေအထူး ကောင်း ပါတယ်။

ဒီနေ့မှာ လယ်ယာကိုင်းကျွန်း၊ဥယျဉ်ခြံတွေကို ဓာတ်မြေသြဇာတွေကျွေးခြင်း၊ ရွက်ဖြန်းအားဆေးပက်ဖြန်းခြင်း များလဲ ဆောင်ရွက်နိုင်ပါတယ်။ တပည့်မွေးခြင်း၊သင်တန်းသားလက်ခံခြင်း၊ ပညာပေးဝေခြင်းများလဲဆောင်ရွက်နိုင်  တဲ့ေ န့ရက်ပါပဲ။ ရင်သွေငယ်မွေးဖွားခြင်းများ၊ ရောဂါဝေဒနာအတွက် ခွဲစိပ်ခန်းဝင်ကုသခြင်းများ၊အထူးကောင်း မွန်အဆင် ပြေပါလိမ့်မယ်။

နည်းပညာနဲ့ပတ်သက်သော ဟောပြောပွဲများ၊ အောင်မြင်ရေးနဲ့ပက်သက်သော ဟောပြောပွဲများ ဆောင်ရွက် အောင်မြင်နိုင်ပါလိမ့်မယ်။ဆေးဝါးအသစ်များမိတ်ဆက်ခြင်း၊ဈေးကွက်အတွင်းသို့စတင်ဖြန့်ဖြူးရောင်းချခြင်းများလဲ အလွန်ကောင်းပါတယ်။

            ယနေ့တွင် သစ်ပင်မစိုက်ရ။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ အရေးကြီး သော စာရွက်စာတမ်းများ ပျောက်ရှတတ်သည်။ အတွင်းရေးရာ သတင်းစကားနှင့် လျှို့ဝှက်ချက်များ ပေါက်ကြား တတ်သည်။ အခက်အခဲများ ရင်ဆိုင်ဖြေရှင်းရန် အခါကောင်း ကျရောက်နေပါသည်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ အရာရာ အထူးသတိရှိရမည့် နေ့ရက် ဖြစ်နေပါတယ်။ ဒီနေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပေရာ ကုသိုလ်ကောင်းမှု အလုံးစုံ  ပြုလုပ်ရန် ရက်ကောင်း ရက်မြတ် ဖြစ်နေပေသည်။ မင်္ဂလာယူပြီးဆောင်ရွက်မည့် ကိစ္စ အလုံးစုံကို ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။ စတင်ခြင်းမှန်သမျှ ကောင်းသောအကျိုးဆက်များ ပေါ်ထွန်းလာနိုင်ပါ သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၇:၄၀)နာရီမှ နံနက်(၈:၃၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၀နာရီ၅၈မိနစ် မှ ၁နာရီ၄၁မိနစ်ထိ၊နေ့လယ်၁၁း၄၅နာရီမှမွန်းလွဲ၁၂နာရီ၂၈မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊  ကုမ်စန်း ည(၉)နာရီ(၆)မိနစ်လွန် စန်း မိန်ရာသီသို့ ပြောင်းသည်။ ပြဗ္ဗာ ဘဒြပိုဒ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများ ရန်အတိုက်အခိုက်နဲ့ယှဉ်ပြီးတော့ ကြိုး စားရတတ်ပါ တယ်။ ဘဝအတက်အကျများတယ်။ဘဝစုံတယ်၊အတွေ့အကြုံများလိမ့်မယ်။ လူဝင်စားဖြစ်နိုင်ခြေများ တယ်။ နှစ်ဆန်းတစ်ရက် နေ့မွေးတာမို့လို ကူညီမဲ့သူတွေပေါများကြတယ်။ငွေကြေးပြည့်စုံကြတယ်။ အားနည်းချက်က ဘဝမှာကြီးကြီးမားမားခွဲစိတ်ကုသ ရမဲ့ကံဝဋ်ကြွေးပါလာတယ်။ဒီနေ့မွေးသူများဟာအများမတူ ထူးခြားတဲ့စွမ်းရည်ရှိ ကြသူတွေပါပဲ။ ပညာရပ်တစ်ခုခုအပေါ်အလေးအနက်ထား လိုက်စားပြီးတစ်ဖက်ကမ်းခတ်တတ် မြောက်ပါလိမ့်မယ်။ ထိုပညာနဲ့ပဲ ဘဝမှာ အကောင်းဆုံးရပ်တည်သွားနိုင်တာမျိုးကြုံရတတ်ပါတယ်။အသက်၂၃ထိက ဘဝက နိမ့်လိုက်မြင့် လိုက် နဲ့ လှိုင်းပမာဖြစ်နေပေမဲ့ အသက်၂၄ကစလို့ ဘဝကတိုးတတ်မှုတွေအရှိန်အဟုန်နဲ့ ရလာ တတ်တဲ့ကာလပဲ  ဖြစ်ပါတယ်။ အားနည်းချက်က အပူအောင်းလွယ်ပြီး ရေချိုးမပျင်းဖို့လိုပါတယ်။ မိမိဇာတိထက် အရမ်းအေးလွန်းတဲ့ နေရာတွေကိုသွားရင် သတိထားရပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၂၃) နာရီမှ နံနက်(၈:၅၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၉၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဇီးဖျော်ရည်သောက် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

28.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၇)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ၆လုံးဖြစ်ပြီးတော့ကောင်းမြတ်ခြင်း၊ပျော်ရွှင်ခြင်းတွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့ နေ့ရက်ပါပဲ။သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ပွဲလမ်းသဘင်များကျင်းပခြင်း၊ ဖျော်ဖြေပွဲများကျင်း ပခြင်း ပျော်ပွဲစားထွက်ခြင်း၊ အပျော်ခရီးသွားခြင်းမျိုးတွေအထူး ကောင်းပါတယ်။ မိမိအတွက်တကယ်လိုအပ်နေတဲ့ ငွေကြေးတွေအတွက် တစ်ဦးတစ်ယောက်ဆီမှာချေးငှားခြင်းများဆောင်ရွက်နိုင် တဲ့နေ့ရက်ပါပဲ။ မေတ္တာရေးကံ၊စန်းကံ ကောင်းနေတဲ့ နေ့ရက်ဖြစ်တာကြောင့် …ချစ်သူအားပိုးပန်းခြင်း၊ ချစ်စကားပြောခြင်းများဆောင်ရွက်လို့အထူးကောင် ပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကိုလဲ ဒီနေ့မှာပြန်လည်ချော့မော့နိုင်ပါလိမ့်မယ်။

ပစ္စည်းဝယ်ယူလှောင်ခြင်း၊ရင်းနှီးမြုပ်နှံခြင်းတွေအထူးကောင်းပါတယ်။ အကြီးအကဲများထံ ဝင်ထွက်သွား လာတင်ပြ ခြင်းများအတွက်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။ကုန်သွယ်စီးပွားရေးအ၀၀ဆောင်ရွက်လို့ကောင်းပါ တယ်။ငြိမ်းချမ်း စွာလုပ်ကိုင်ရတဲ့ စီးပွားရေးတွေကတော့ အထူးကောင်းပါတယ်။ ပူပူလောင်လောင်လုပ်ကိုင်ရတဲ့ အလုပ်တွေကိုရှောင် ပါတယ်။ မွေ့ယာ၊ကုတင်၊အိမ်ထောင်ပရိဘောဂများဝယ်ယူခြင်းတွေ ဒီနေ့မှာအထူးကောင်းပါ တယ်။ဒီနေ့မှာမင်္ဂလာ ကိစ္စမှန်သမျှအလုံးစုံရှောင်လိုက်ပါ။ သူများစကားတွေ၊သူများအကြံဉာဏ်တွေကိုအလုံးစုံ လက် မခံ လိုက်ပါနဲ့။ စပ်တူ အလုပ်များစိတ်ဝမ်းကွဲစရာတွေပေါ်လာတတ်ပါတယ်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၂း၅၄)နာရီမှ ညနေ(၃း၄၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  ကုမ်စန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအသက်၂၀ထိ အဆင်မပြေမှုတွေကံခေမှုတွေရှိကြပေမဲ့အသက် ၂၁ကနေ အသက် ၂၇အတွင်းသိသိသာသာ တိုးတတ်ပါလိမ့် မယ်။ ထို ကာလမှာပဲအိမ်ကား၊လုပ်ငန်းစတာတွေရလာနိုင်ပါတယ်။လူမှုဆက်ဆံရေးအားနည်းပြီးတော့ အတ္တဆန်တာကြောင့် အပေါင်းအသင်းနည်းနိုင်ပါတယ်။ ကိုယ်ပိုင်အလုပ်တွေနဲ့ပတ်သက်ပြီး စပ်တူကိုသတိထားလုပ်သင့်တဲ့ဖွားဇာတာပဲ ဖြစ်ပါတယ်။ငွေကြေးအားကောင်းကြပြီးတော့ ငွေပြတ်တယ်ဆိုတာမျိုးလဲ သိပ်မတွေ့ရပါဘူး။ ကျန်းမာရေးကတော့ ဒီဇာတာရှင်တွေက အကောင်းများတယ်။တော်ရုံကျန်းမာရေးမညံ့တတ်ပါဘူး။ကံညံ့တာကတော့ အသုံးအဖြုန်းကြီးတဲ့ အိမ်ထောင်ဘက်ကိုရတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၃)နာရီမှ မွန်းလွဲ(၁း၂၇)နာရီအတွင်း ကျရောက် နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။          

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး     သားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား အင်္ဂါ၊ သောကြာ သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ စနေ သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင်၊လိမ္မော်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ၁၊၂ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးကြော်စား သွားပါ။ပို မိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

27.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီ‌နေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၆)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(.၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားဖြူ၊ ရက်ပုတ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ ၅လုံးပဲရှိသေးပြီးတော့ ပြည့်ဝခြင်းကိုပေးပါတယ်။ဒီလိုနေ့ရက်မှာတော့ မိမိသိချင်တာတွေကိုသိအောင်လုပ် သွားနိုင်ပါလိမ့်မယ်။ သတင်းအချက်အလက်တွေစုဆောင်းနိုင်မယ်။ လျှို့ဝှက် ကြံ စည်လုပ်ကိုင်ခြင်းတွေစတင်လို့ ကောင်းပါတယ်။ရပိုင်ခွင့်တွေကိုပြန်လည်တောင်းဆိုနိုင်ပါလိမ့်မယ်။ ရန်အတိုက် အခိုက် များကို ထိပ်တိုက်ရင်ဆိုင်ဖြေ ရှင်းခြင်းဖြင့် ပြေလည်မှုတွေရရှိနိုင်ပါတယ်။

ကြော်ငြာဆိုင်းဘုတ်များ၊ကြော်ငြာတဲ့  BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်း ခြင်း ဝယ်ခြင်းအလုပ်များ၊ကြားကနေအဆင်ပြေအောင်အကျိုးဆောင်ပေးရတဲ့အလုပ်များ  ပိုမိုအဆင်ပြေ  တတ်ပါ တယ်။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပက်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်

ခရီးနဲ့ပတ်သက်ပြီးတော့လဲ  အဆင် ပြေ ချော့မွေ့ပါလိမ့်မယ်။ ကုန်သည်စီးပွားများ ဈေးကောင်းရ တတ်ပါ တယ်။ ဆေးဖော်ဆေးစပ်ရန်ကောင်းသော နေ့ရက်ဖြစ်ပါတယ်။ဘာလုပ်လုပ်သေချာမှလုပ်ပါ။ အဲလိုမှမဟုတ်ရင် စတင် လိုက်တဲ့ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စနှင့် အပြီးမသတ်ဖြစ်ရတတ်ပါတယ်။ မိမိကုန်ပစ္စည်းကို ကြော်ငြာခြင်းများ စတင် လို့ အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။

မိမိအတွက်ကောင်းသောလိုအင်တွေပြည့်ဝရတတ်ပါတယ်။ ကျန်းမာရေးက တော့ဒီနေ့ရက်တွေမှာ အိပ်ရာထဲလဲ နေသူတွေကတောင်နလန်ပြန်ထူတတ်ပါတယ်။ လိုအပ်တဲ့ခွဲစိပ်ကုသ မှုများလုပ်ရမယ်ဆိုရင်တော့ ဒီနေ့မှာလုပ်ဆောင် လို့ အောင်မြင်တတ်ပါတယ်။

သတိထားရမှာကတော့  အိုးအိမ်တည်ဆောက်ခြင်းတွေ မပြုအပ်ပါဘူး။ ပြုရင်တောင် ရန်သူမျိုး ငါးပါးကြောင့်ပြန် လည်ပျက်စီးရတတ်ပါတယ်။ အထူးသဖြင့် မီးဘေးအန္တရာယ်ကိုရင်ဆိုင်ရတတ်ပါတယ်။ဘာလုပ်လုပ်မလောပါနဲ့။ အလျင်လိုအနှေးဖြစ်ရတတ်တဲ့နေ့ရက်ပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အခက်အခဲတွေများနေတတ်ပါတယ်။ ချေးငှားခြင်းတွေစတင်လို့မကောင်းပါဘူး။ သူများတွေရဲ့ကတိတွေကိုတော့ လွယ်လွယ်မယုံသင့်တဲ့နေ့ပါ။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃နာရီ၁မိနစ်)နာရီမှ ညနေ(၃နာရီ၅၃မိနစ်)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊ မကာရ စန်း၊ မနက် ၉နာရီ၄၅မိနစ်ဆို စန်းက ကုမ်ရာသီပြောင်းပါတယ်။ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲများနဲ့ငယ်ဘဝကိုဖြတ်သန်းရလေ့ရှိပါတယ်။အထူးသဖြင့် အဖေကသာ အသုံးမကျသူ၊ တာဝန်မကျေသူဖြစ်ပါက ငယ်ဘဝတွေမှာ အခက်အခဲများသွားစေနိုင်ပါတယ်။ ဒါကြောင့်မိဘတွေကသာ ကောင်းစွာ supportလုပ်ပေးနိုင်မယ်ဆို ငယ်ရွယ်စဉ်ကတည်းက တောက်မဲ့မီးခဲတစ်ရဲရဲ ဖြစ်နေပါလိမ့်မယ်။ ပညာကိုလိုလားကြသူတွေ၊အမှားလုပ်ရမှာကိုကြောက်သူတွေဖြစ်တာမို့လဲ ဘဝမှာ နောင်တရ စရာသိပ်မရှိကြသူတွေဖြစ်ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၅၀)နာရီမှ ညနေ(၄း၁၃)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများ စနေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္လာ၊ ကြာသပတေး သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ  သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင်၊အနက်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့

(၇၊၀၊၄)ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရွက်လှညွှန့် တစ်ညွှန့် ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

26.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၅)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက် ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ကန်းသမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ ၄လုံးဖြစ်ပြီးတော့အလုပ်ခန်းအသစ် စတင်ဖွင့်လှစ်ခြင်းတွေဆောင်ရွက်လို့ ကောင်းပါတယ်။အရောင်းအဝယ်ကိစ္စမှန်သမျှအဆင်ပြေချောမွေ့ပါလိမ့်မယ်။ ဝေးကွားနေတဲ့သူတွေနဲ့ပြန်လည် ဆုံ ဆည်းခွင့်တွေရလာတတ်ပါတယ်။ ဆိုင်းငံ့ထားတဲ့ကိစ္စများလဲ ပြန်လည်ဆောင် ရွက်ရန်အချိန်အခါသင့်သည်။

လျှပ်စစ်နဲ့ဆိုင်သောလုပ်ငန်းများ၊စီးပွားရေးများတိုးတတ်ကောင်းမွန် နေတာကိုတွေ့ရပါလိမ့်မယ်။ အနိဋ္ဌ သဘော ဆောင်တဲ့နေ့ရက်ဖြစ်တာကြောင့် စစ်လက်နက်များ၊ဓားလှံလက်နက် များအရက်ဖျော်ယာမကာများ ထုတ် လုပ် လို့အထူးကောင်းပါတယ်။ တရားခံအားအပြီးသတ်အမိန့်ချမှတ်ခြင်းမျိုး၊ ရန်သူ့စခန်းအားအပြီးသတ်ချေမှုန်း တာမျိုး တွေ ဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။

သားသတ်လုပ်ငန်းများ၊လောင်းကစားဆန်ဆန်လုပ်ငန်းများလဲ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ သစ်ပင်ပန်းမန် တွေကို ပိုးသတ်ဆေးဖြန်းခြင်း၊ အင်းဆက်ပိုးတွေကို အဆိပ်ခပ်ခြင်းများလဲအထူးပဲဆောင် ရွက်နိုင်ပါလိမ့်မယ်။ စပါးကျီသွင်းခြင်း၊ ပစ္စည်းလှောင်ခြင်း၊ ဂိုထောင်သွင်းခြင်းများပြုလုပ်နိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။

မီဒီယာလုပ်ငန်းများစတင်ခြင်း၊ ရုပ်သံချန်နယ်များစတင်လိုင်းလွှင့်ခြင်း၊စာပေတိုက်တွေစတင်ဖွင့််လှစ်ခြင်း များလဲ အထူးကောင်းပါတယ်။ဒီနေ့ဟာရေနံစူးစမ်းရှာဖွေတာ၊ရွှေနှင့်သတ္တုတူးဖော်တာမျိုးတွေအထူးဆောင်ရွက် နိုင်ပါတယ်။ စစ်လက်နက်ဖောက်ခွဲခြင်းတွေ၊ ခဲယမ်းလက်နက်ဖောက်ခွဲခြင်းတွေအထူးဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။

            သတိထားရမှာကအောင်မြင်နေတဲ့သူတွေ အဆင်ပြေနေတဲ့သူတွေသတိထားရပါလိမ့်မယ်။ မနာလိုသူပေါ ပြီးအတိုက်အခံခံရတတ်ပါတယ်။စက်ပစ္စည်းဝယ်မယ်ဆိုရင်လဲသတိထားပါ။ အနာအဆာပါလာတတ်ပါတယ်။ အောက်လက်ငယ်သားတွေကြောင့် မိမိဒုက္ခရောက်ရတတ်ပါတယ်။ အစားမှား၊ဆေးမှားဖြစ်တတ်ပါတယ်။ အစား အသောက်တွေကိုဆင်ခြင်စားပါ။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃း၀၅)နာရီမှ ညနေ(၃း၅၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ် ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊ မကာရ စန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ဘဝမှာ အဆင်ပြေတာများတယ်။ အခက်အခဲနည်းပါးပါတယ်။ ဘဝအောင်မြင်မှုကို ငယ်ငယ်ရွယ်ရွယ်နဲ့ရရှိတတ်ကြသူတွေ ဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းနေပြီးတော့ တော်ရုံဖျားနာတာမျိုးတွေဖြစ်လေ့မရှိပါဘူး။ စက်ပစ္စည်းနဲ့ဆက် နွယ်သောအလုပ်များ၊အင်ဂျင်နီယာအလုပ်များ၊အီလက်ထရောနစ်အလုပ်များနဲ့ အောင်မြင်နိုင်ကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၂)နာရီမှ နံနက်(၉း၁၆)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။       

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ စနေ  သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင်၊ မီးခိုးရောင်         များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉)

ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆီးယိုစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

24.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက် တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

တီထိမြေခံအရမွန်းလွဲ ၁နာရီအထိ ဗုဒ္ဓဟူးမြေခံဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။မွန်းလွဲတစ်နာရီကျောင်ရင်တော့ မဆောင်ရွက်သင့်တော့ပါဘူး။

ဒီနေ့ဟာ ရက်ရာဇာ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ ၁နာရီအထိ လဆန်းတီထိ တစ်လုံးကျော်ရင်တော့ လဆန်းတီထိ ၂လုံးဖြစ်ပါလိမ့်  မယ်။ ကောင်းမြတ်ခြင်း၊ပျော်ရွှင်ခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျရောက် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့မျိုး ဟာ ပျော်ရွှင်စရာ၊ကြည်နူးစရာတွေများတဲ့နေ့ရက်ပါပဲ။ အမည်ပေးခြင်း၊ဆိုင်း ဘုတ်တင်ခြင်း လုပ်ငန်းသစ်စတင်ခြင်း မျိုး တွေ အထူးဆောင်ရွက်နိုင်ပါတယ်

ပစ္စည်းဝယ်ယူလှောင်ခြင်း၊ရင်းနှီးမြုပ်နှံခြင်းတွေအထူးကောင်းပါတယ်။ အကြီးအကဲများထံ ဝင်ထွက်သွား လာတင်ပြ ခြင်းများအတွက်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။ ကုန်သွယ်စီးပွားရေးအ၀၀ဆောင်ရွက်လို့ကောင်းပါ တယ်။ ငြိမ်း ချမ်းစွာလုပ်ကိုင်ရတဲ့ စီးပွားရေးတွေကတော့ အထူးကောင်းပါတယ်။ ပူပူလောင်လောင်လုပ်ကိုင်ရတဲ့ အလုပ်တွေကို ရှောင်ပါတယ်။ မွေ့ယာ၊ကုတင်၊အိမ်ထောင်ပရိဘောဂများဝယ်ယူခြင်းတွေ ဒီနေ့မှာအထူးကောင်းပါ တယ်။

သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ပွဲလမ်းသဘင်များကျင်းပခြင်း၊ ဖျော်ဖြေပွဲများကျင်းပခြင်း ပျော်ပွဲစားထွက်ခြင်း၊ အပျော်ခရီးသွားခြင်းမျိုးတွေအထူး ကောင်းပါတယ်။ မိမိအတွက်တကယ်လိုအပ်နေတဲ့ ငွေကြေးတွေအတွက် တစ်ဦး တစ်ယောက်ဆီမှာချေးငှားခြင်းများဆောင်ရွက်နိုင် တဲ့နေ့ရက်ပါပဲ။ မေတ္တာရေးကံ၊စန်းကံ ကောင်းနေတဲ့ နေ့ရက် ဖြစ်တာကြောင့် …ချစ်သူအားပိုးပန်းခြင်း၊ ချစ်စကားပြောခြင်းများဆောင်ရွက်လို့အထူးကောင် ပါတယ်။ စိတ်ကောက် နေတဲ့ချစ်သူကိုလဲ ဒီနေ့မှာပြန်လည်ချော့မော့နိုင်ပါလိမ့်မယ်။

ယနေ့သည်  အလုံးစုံသော မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် ရက်ကောင်း၊ ရက်မြက် ဖြစ်နေပါသည်။ ပညာ အတက်တို့ကို စတင်သင်ကြားရန်လည်း ကောင်းသည်။ အပြန်အလှန် ကတိသစ္စာပြုရန် ရက်ကောင်း ဖြစ်သည်။ ငွေရေးကြေးရေးကိစ္စများ ပြောဆိုရန် ရက်ကောင်းဖြစ်သည်။ နံနက်(၉း၀၀)နာရီမှ (၁၀း၃၀)နာရီကြား ဆောင်ရွက် သော ကိစ္စမှန်သမျှ သတိရှိရမည်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃း၁၃)နာရီမှ ညနေ(၄း၀၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ဓနုစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီးမှအောင်မြင်မှုကိုရလွယ်တဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ငွေကံအားကောင်းကြပြီး အချိုအချောင်ငွေ၊ အောက်ဆိုက်ငွေတွေကြောင့် ကြီးပွားရတတ်ပါတယ်။ ဘဝမှာလဲ ဥပသကာ မမည်သော အလုပ်တွေနဲ့ အကျိုးပေးကြ တာကို ထူးထူးခြားခြားတွေ့ရပါတယ်။ သားသမီးများတတ်တဲ့သူတွေဖြစ်ပေမဲ့ သားသမီးအကျိုးခံစားရဖို့အားနည်းတဲ့ သူတွေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ကျန်းမာရေးကတော့အကောင်းများပါတယ်။ တော်ရုံဖျားတာနာတာသိပ်ဖြစ် လေ့မရှိသူတွေပါပဲ။ ဒီနေ့မွေးရင်သွေးငယ်တွေရဲ့ထူးခြားချက်က မွေးရပ်ကိုခွာပြီးတော့ အောင်မြင်နိုင်ကြသူတွေဖြစ် ပါတယ်။ မွေးရပ်မြေမှအဆင်မပြေတာမို့ တစ်ရွာမကောင်း၊သူကောင်းမဖြစ် စကားပုံလိုပဲ အိမ်နဲ့ဝေးလေကောင်းလေ ပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၁၈)နာရီမှ နံနက်(၁၀း၄၂)နာရီအတွင်း ကျရောက်နေ တာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာ တွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင် နှင့် ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းရည်(သို့)အုန်းသီးသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဗေဒင်ချစ်ပရိသတ်များအတွက်သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်

စုံစုံလင်လင်ကို …… နေ့စဉ်နားဆင်နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)