loading

Category: ဟောစာတမ်းများ

  • Home
  • Category: ဟောစာတမ်းများ

မဟာဘုတ် ၃ ကြွင်းကြသူများ၏ အချစ်ရေး၊အိမ်ထောင်ရေးအကြောင်း

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၃ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၃ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။

၃ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ ၃ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။
၁၃၁၉ခု၊ ၁၃၂၆ခု၊ ၁၃၃၃ခု၊ ၁၃၄၀ခု၊ ၁၃၄၇ခု၊ ၁၃၅၄ခု၊ ၁၃၆၁ခု၊ ၁၃၆၈ခု၊ ၁၃၇၅ခု တွေမှာ မွေးဖွားကြသူတွေကတော့ ၃ကြွင်းဖွားတွေပါပဲ။

သုံးကြွင်းဖွားတွေရဲ့အချစ်ရေးကံကြမ္မာကနှစ်မျိုး နှစ်စားကွဲလွဲနေပါတယ်။ အချို့သုံးကြွင်းဖွားတွေအနေနဲ့ အချစ်ရေးနဲ့ပက်သက်ပြီး အသက်တော်တော်ရတဲ့အထိ ကင်းရှင်းတတ်ကြပါ။ စဉ်းစားလွန်းတာ
မိမိချစ်မိသူကို “ဒီအချက်တွေကတော့ ငါ့နဲ့မကိုက်လောက်ဘူး”
သူရဲ့ဒီအကျင့်ကတော့ ငါ့စရိုက်နဲ့ကိုက်မှာမဟုတ်ပါဘူး ” စတဲ့တန်းညှိနေတာနဲ့ပဲ ချစ်သူရွေးချယ်ဖို့ကြန့်ကြာတတ်ပါတယ်။

အချို့ သုံးကြွင်းဖွားတွေကျတော့ အချစ်ရေး ငယ်ရွယ်စဉ်ကတည်းကအကျွမ်းတဝင်ရှိတတ်ကြပါတယ်။
ငယ်ရွယ်စဉ်ကတည်းကရည်စားများကြသူတွေပါပဲ။
အချစ်ရေးရှုပ်ကြတယ်ပေါ့ဗျာ။

မိမိကချစ်မိပြီ တန်ဖိုးထားမိပြီဆိုလဲ မိမိချစ်သူကို တန်ဖိုးကြီးကြီးလက်ဆောင်တွေဝယ်ပေးဖို့ဝန်မလေးတဲ့ သူတွေပါပဲ။

သုံးကြွင်းဖွားတွေအနေနဲ့ အဓိကအားနည်းချက်က စကားပြောမတတ်တာပါပဲ။ အဲဒါသူတို့တွေရဲ့ ဘဝတစ်လျှောက်လုံးအားနည်းချက်ပါ။
လူအထင်ကြီးအောင် စကားကိုသိတာထက်ချဲ့ကားပြောခြင်း၊ ငါ့စကားနွားရပြောခြင်း၊
ဒီစကားဟာ ချစ်သူရှေ့မှာ ပြောသင့်လား ၊
ဒီစကားဟာ လူကြီးတစ်ယောက်ရှေ့မှာပြောသင့်လား စသည်ဖြင့် မချင့်ချိန်တတ်ခြင်း ….။

ဒါကြောင့်ပဲ အချစ်ရေးအိမ်ထောင်ရေးတွေမှာ စကားအမှားတွေကြောင့် ပြဿ အကြီးအကျယ်တတ်ရတတ်ပါတယ်။

အိမ်ထောင်ရေး ကဏ္ဍကိုပြောရရင် အကြွင်းဖွားတွေအားလုံးထဲမှာ အိမ်ထောင်ရေးကံအညံ့ဖျင်းဆုံးကတော့ သုံးကြွင်းဖွားနဲ့ ခြောက်ကြွင်းဖွားတွေပါပဲ။

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ရေးကွဲနေတဲ့သူ၊တစ်ခုလပ်ဖြစ်နေတဲ့သူအများစုဟာ သုံးကြွင်းဖွားတွေပါပဲ။ ဒါကြောင့်ပဲ ပထမအရွယ်မှာ အိမ်ထောင်ရေးကိုလုံးဝမစဉ်းစားပါနဲ့ ။ဒုတိယအရွယ်မှာ အိမ်ထောင်ပြုတော့မယ်ဆိုလဲ သေချာစဉ်းစားပြီးမှ အိမ်ထောင်ဘက်ကိုရွေးချယ်ပါ။ အိမ်ထောင်ဘက်က ရှုပ်တဲ့သူ ၊အိမ်ထောင်ရေးဖောက်ပြန်တဲ့သူမျိုးရတတ်ပါတယ်။ သူလဲဖောက်ပြန်တာပဲ ငါလဲ နေချင်သလိုနေမယ်ဆိုတဲ့ စိတ်မျိုးမွေးမိတတ်ပါတယ်။
အိမ်ထောင်ကျတဲ့အခါ ရုတ်တရက်မမျှော်လင့်ဘဲကျတတ်ပါတယ်။ မိမိနဲ့နီးစပ်သူ ဒါမှမဟုတ်ဆွေမျိုးနီးစပ်ထဲကသူမျိုးနဲ့လဲရလာဖို့ အကြောင်းဖန်လာတတ်ပါတယ်။ အခန့်မသင့်ရင် အိမ်ထောင်ဆက် ၂ဆက်၃ဆက်ဖြစ်သွားတတ်တဲ့ အကြွင်းဖွားတွေပါပဲ။

ဒီသုံးကြွင်းတွေအနေနဲ့ အင်္ဂါသားသမီး၊ ဗုဒ္ဓဟူးသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်သလို မဟာဘုတ် ၆ကြွင်းကျသူတွေကိုလဲ အိမ်ထောင်ဘက်အဖြစ်မရွေးချယ်စေချင်ပါဘူး။

သုံးကြွင်းဖွားတွေအနေနဲ့ ဇီဇာကြောင်တာမျိုး ၊
စကားအပြောအဆို မတတ်တာမျိုး ကိုရှောင်နိုင်မယ်ဆိုရင်တော့ သာယာတဲ့အချစ်ရေး အိမ်ထောင်ရေးကို ဖန်တီးနိုင်ပါလိမ့်မယ်။

၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ) 

မဟာဘုတ် ၂ကြွင်းကြသူများ၏ အချစ်ရေးအိမ်ထောင်ရေးအကြောင်း

၂ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ ၂ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။

၁၃၁၈ခု၊ ၁၃၂၅ခု၊ ၁၃၃၂ခု၊ ၁၃၃၉ခု၊ ၁၃၄၆ခု၊ ၁၃၅၃ခု၊ ၁၃၆၀ခု၊ ၁၃၆၇ခု၊ ၁၃၇၄ခု တွေမှာ မွေးဖွားကြသူတွေကတော့ ၂ကြွင်းဖွားတွေပါပဲ။

၂ကြွင်းဖွားတွေရဲ့ အချစ်ရေးကံကြမ္မာက အကောင်းအဆိုးတွေ ဒွန်တွဲနေပါတယ်။ ချစ်သူရည်းစား ထားတတ်တဲ့ အရွယ်ရောက်ရင်တော့ ၂ကြွင်းဖွားယောကျာ်းလေးတွေအနေနဲ့ အချစ်ရေးကိုသိပ်ပြီးဦးစားမပေးတာမျိုးတွေရပါတယ်။စီးပွားရေးလမ်းကြောင်းပေါ်ရောက်သွားတဲ့ ၂ကြွင်းဖွားတွေအနေနဲ့လဲ အချစ်ရေးကိုဒုတိယ နေရာမှာပဲထားတတ်ကြတဲ့သူတွေပါ။ ချစ်သူနဲ့ချိန်းထားပြီး အလုပ်ကိစ္စ၊ ငွေကြေးကိစ္စ၊ မိသားစုကိစ္စပေါ်လာရင် ချိန်းတဲ့နေရာကိုလာဖို့ ဦးစားပေးတော့မဲ့သူတွေမဟုတ်ပါဘူး။

ဒါ့ကြောင့်ပဲ ချစ်သူက ငွေမက်တယ် ၊လျစ်လျူ ရှုတယ်၊ ဂရုမစိုက်ဘူး၊ ကတိမတည်ဘူး ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြစ်တင်ခြင်းခဏခဏ ခံရမဲ့သူတွေပါ။ ချစ်သူရှေမှာတစ်မျိုး၊ ကွယ်ရာမှာဆိုရင်တော့ မိမိစိတ်ထင်ရာလုပ်တက်သူတွေပါ။ အချစ်ရေးမှာ ချစ်သူနဲ့ တိုင်ပင်လုပ်ကိုင်ရမဲ့ ကိစ္စတွေကို မိမိသဘောနဲ့သူမသိအောင်လုပ်မိခြင်းကလဲ ချစ်သူဘဝအတွက် လမ်းခွဲရဖို့အကြောင်း အချင်းအရာတစ်ခုထဲမှာပါဝင်ပါတယ်။

၂ကြွင်းဖွားတွေအနေနဲ့က အလွန်အားနာတတ်သူတွေပါပဲ။ ဒီလိုအားနာတတ်တာတွေကလဲမကောင်းပါဘူး။ ဇွဲဇွဲရှိရှိနဲ့ မိမိကိုချဉ်းကပ်လာသူတွေ၊ မိမိအပေါ်အနွံတာခံသူတွေကို အားနာမှုအခြေခံတဲ့ စိတ်နဲ့ ပြန်အဖြေပေးမိတတ်ပါတယ်။

၂ကြွင်းဖွားတွေဟာ စိတ်ကူးယဉ်ဆန်တဲ့သူတွေပါပဲ။ အချစ်ရေးကို အရင်ဦးစွာ စိတ်ကူးနဲ့ ပုံဖော်တည်ဆောက်ကြသူတွေပါ။ သတိပေးချင်တာက စိတ်ကူးနဲ့လက်တွေ့ကွာခြားတဲ့အခါ မိမိအနေနဲ့ ပိုခံစားရတတ်ပါတယ်။ စိတ်အပြောင်းအလဲမမြန်ပါနဲ့။ အခုချစ်တယ်၊ အခုမုန်းတယ် ဆိုတာမျိုးမလုပ်မိစေဖို့ပါပဲ။

အိမ်ထောင်ရေးကဏ္ဍမှာတော့ ၂ကြွင်းဖွားတွေဟာ အိမ်ထောင်ဘက်ကို စီစစ်ရွးချယ်တတ်ဖို့လိုပါတယ်။ မိန်းကလေးတွေအနေနဲ့ မိန်းမထမိန်နား ခိုစားတဲ့ ယောကျာ်းမျိုးရတတ်သလို ယောကျာ်းလေးတွေအနေနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းသော အိမ်မှုကိစ္စမနိုင်နင်းသော မိန်းမမျိုးရတတ်ပါတယ်။ အိမ်ထောင်ပြုမှားတတ်တဲ့အကြွင်းဖွားလ့ိုပဲ ယေဘုယျပြောရမှာပါ။ အိမ်ထောင်ပြု ပြီး၆လအတွင်းမှာပဲ အိမ်ထောင်ဘက်ရွေးတာမှားသွားပြီလို့ခံစားရမဲ့ဇာတာမျိုးပါ။ အိမ်ထောင်ဘက်ကောင်းကိုလက်ဆက် ရသည့်တိုင်အောင် အိမ်ထောင်ဘက် အပေါ် အမြဲစိတ်တိုင်းမကျ ဖြစ်နေရတတ်ပါတယ်။

အိမ်ထောင်ဆက်တော့ သိပ်မများတဲ့ ဇာတာရှင်ပါပဲ။ အိမ်ထောင်ဘက်နဲ့သဘောထားမတိုက်ဆိုင်ပေမဲ့ အိမ်ထောင်ကွဲတာ၊ အိမ်ထောင်ဆက်များတာမျိုးသိပ်မတွေ့ရပါဘူး။ နောက်ပြီး ဒီဇာတာရှင်တွေဟာ အိမ်ထောင်ရေးနောက်ကျတတ်တဲ့ ကံမျိုးလဲတွေ့ရပါတယ်။ စဉ်းစားလွန်းအားကြီးတာ၊ မိသားစုကိုငဲ့တာတွေကြောင့် လဲပါတာပေါ့ဗျာ။

အိမ်ထောင်ဘက်ကိုအသိမပေးဘဲ မိမိမှန်တယ်ထင်ရင် တစ်ယောက်ထဲကြိတ်လုပ်တတ်တာမျိုး ကိုလဲရှောင်သင့်ပါတယ်။ ၂ကြွင်းဖွားတွေအနေနဲ့ အိမ်ထောင်ဘက်ကိုရွေးချယ်ရာမှာတော့ တနလ်ာသား၊ အင်္ဂံါသား တွေကိုအထူး ရှောင်ကြဉ် ပြီးရွေးချယ်သင့်ပါတာဗျာ။ သည်းခံမှုတရားကိုလက်ကိုင်ထားခြင်း၊ တစ်ဦးနဲ့တစ်ဦးတိုင်တိုင်ပင်ပင် လုပ်ကိုင်ခြင်း၊ အိမ်ထောင်ဘက်ရဲ့ ဆိုးကွက်တွေချည်းပဲမကြည့်ဘဲ ကောင်းကွက်တွေပါကြည့်ပြီး နားလည်မှုတွေနဲ့ တည်ဆောက်မယ်ဆို သာယာတဲ့ အိမ်ထောင်ရေးဖြစ်ပါလိမ့်မယ်ဗျ။

၇ရက်သားသမီးအပေါင်း

ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

မဟာဘုတ် ၁ကြွင်းသမားများရဲ့အချစ်ရေး အိမ်ထောင်ရေး

၁ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။

ကဲစကြပါစို့ဗျာ။

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ၁ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။

၁၃၁၇ခု၊ ၁၃၂၄ခု၊ ၁၃၃၁ခု၊၁၃၃၈ခု၊ ၁၃၄၅ခု၊ ၁၃၅၂ခု၊ ၁၃၅၉ခု၊ ၁၃၆၆ခု၊ ၁၃၇၃ခု၊ ၁၃၈၀ခု တွေမှာမွေးဖွားကြသူတွေကတော့ ၁ကြွင်းဖွားတွေပါပဲ။

၁ကြွင်းဖွားတွေရဲ့ ငယ်ရွယ်စဉ်အချစ်ရေးကံကြမ္မာကအလွန်ပဲ အားနည်းပါတယ်။ ဒါကြောင့်ပဲ အသက်၁၈နှစ်ဝန်းကျင်၊ အသက်၂၀ဝန်းကျင် ကာလတွေမှာ အချစ်ကိုစတင်တွေ့ရှိပြီဆိုရင်တော့ ဒီအချစ်ခရီးလမ်းဟာ သာယာဖြောင့်ဖြူ းဖို့မလွယ်ပါဘူး။ အချစ်ဦး၊ရည်စားဦး ဆိုသူတွေနဲ့ ဆုံဆည်းရဖို့ အလွန်ပဲခက်ခဲတဲ့ဇာတာရှင်ပါ။

ဒါအပြင် ငယ်စဉ်မှာ အိမ်ထောင်ပြုမယ်ဆိုရင်လဲ အိမ်ထောင်ရေးကံခေတတ်ပါတယ်။ အိမ်ထောင်ရေးကံကောင်းဖို့မလွယ်ပါဘူး။ ဒါကြောင့်ပဲ တစ်ကြွင်းဖွားတွေ ဗေဒင်လာမေးရင် “အချစ်ရေး အိမ်ထောင်ရေး မစဉ်းစားနဲအုံး အသက်၂၅ကျော်မှ အချစ်ရေး အိမ်ထောင်ရေးကို စတင်စဉ်းစားပါ”လို့ကျွန်တော်တိုက်တွန်းလေ့ရှိပါတယ်။ နောက်ပြီး ဒီတစ်ကြွင်းဖွား ဇာတာရှင်တွေဟာ စကားလုံးကိုလှအောင်မပြောတတ်ပါဘူး။ အမှန်တိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောတက်သူတွေပါ။

‘ မှန်တာပြောဆဲသလို’ ဆိုတဲ့စကားအတိုင်းပဲ….သူများနားထဲ ကန့်လန့်ဝင်သွားအောင် ပြောတတ်သူပါ။ ဒီလိုပြောတတ်တာကလဲ အချစ်ရေးအိမ်ထောင်ရေးကို အဖုအထစ်လေးတွေ ဖြစ်စေတာပါပဲ။ နောက်ပြီး ဒီဇာတာရှင်ဟာ မိမိရဲ့ချစ်သူကို အင်္ကံျ ီအဖြူ ထည်လေးလို ရှင်းသန့်နေတာလိုပဲ လိုချင်တဲ့သူပါ။ ကိုယ့်ချစ်သူက ရည်းစားတစ်ခါမှမထားဘူးတဲ့ သူလိုဖြူစင်စေချင်တဲ့သူမျိုးပါ။ အကြွင်းဖွားအားလုံးထဲမှာ သဝန်အတိုဆုံး အကြွင်းဖွားလို့ပြောရင် လွန်မယ်မထင်ပါဘူး။

မိမိချစ်သူက အခြားတစိမ်းတစ်ယောက်နဲ့ အရမ်းရင်းနှီးစွာ ပြောဆိုနေထိုင်နေတာကိုပင် လက်မခံနိုင်တဲ့သူပါ။ ဒါကြောင့်ပဲ တစ်အကြွင်းဖွားတွေကို ချစ်မိတဲ့ အခြားအကြွင်းဖွားတွေအနေနဲ့ အနေအထိုင်ဆင်ခြင်ဖို့လိုပါတယ်။ တစ်အကြွင်းဖွားတွေဟာ ကိုယ်တိုင်ကရှုပ်ခဲ့ချင်ရှုပ်ခဲ့မယ် ချစ်သူကိုတော့ ယုန်သူငယ်လေးလို ဖြူစင်နေတာကိုပဲလိုလားကြသူတွေပါ။

သတိရှိဖို့က အရမ်းကြီးသဝန်မတိုပါနဲ့။ ဦးနှောက်နဲ့ဆင်ခြင်ဆုံးဖြတ်ပါ။ သဝန်တို၊စကာ းနာထိုး၊ပြဿ နာရှာတာတွေကြောင့် ချစ်သူကမိမိကိုစိတ်ပျက်သွားတတ်ပါတယ်။ တစ်ခုကောင်းတာက ဒီဇာတာရှင်ဟာ တကယ်ချစ်မိပြီဆိုရင်တော့ ဘယ်သူမှမယှဉ်နိုင်တဲ့ အချစ်မျိုးနဲ့ ချစ်တဲ့သူပါ။ တိုက်တာ၊ဂုဏ်၊ပညာ၊ငွေကြေး စတာတွေကို မကြည့်ဘဲ အချစ်တစ်ခုထဲနဲ့ အရာရာကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အဆင်သင့်ရှိ နေသူတွေပါပဲ။

ဒီ ၁ကြွင်းဖွားဇာတာရှင်တွေရဲ့ အိမ်ထောင်ရေးကဏ္ဍမှာတော့ ငယ်ရွယ်စဉ်မှာ လက်ထက်ဖို့ ကြံရွယ်ထားသူတွေ ဆိုရင်တော့ အမိအဘ အကြီးအကဲတွေရဲ့ သဘောမတူခြင်း၊ လက်မခံနိုင်ခြင်း မျိုးတွေကြုံရတတ်တဲ့ ဇာတာပါ။ အိမ်ထောင်ပြုပြီးသွားရင်လဲ အိမ်ထောင်ဘက်အပေါ် အရမ်းစိုးမိုး လိုစိတ်ရှိတဲ့သူတွေပါပဲ။ အရာရာမိမိကသာ ဦးဆောင်ချင်သူပါ။ မျှမတွေးဘဲ တစ်ဖက်သက်တွေးတတ် ပြောတတ် လုပ်တတ်ပါတယ်။ အိမ်ထောင်ဘက်က လက်ညိုးထောင်၊ ခေါင်းညိတ်တဲ့သူဆို အကြောင်မဟုတ်ပေမဲ့ ငြိမ်ခံမနေတက်တဲ့သူဆို အိမ်ထောင်ရေးပြဿ နာ ပေါ်ပေါက်လာပါလိမ့်မယ်။

ဒီတစ်ကြွင်းဖွားတွေဟာ ယေဘုယျ အနေနဲ့ ကြည့်ရင်တော့ အိမ်ထောင်ရေး ကံကောင်းကြသူတွေများပါတယ်။ပျမ်းမျှအနေနဲ့ ၇၀%လောက်က အိမ်ထောင်ရေး ကံကောင်းကြပါတယ်။

ဒါပေမဲ့ အိမ်ထောင်ဘက်က မိမိကို အထင်သေးတာ၊ ရှုပ်ချတာ၊ သူများနဲ့ခိုင်းနှိုင်းပြောတာမျိုးတော့ ခံရတတ်ပါတယ်။

ဥပမာအနေနဲ့ “ရှင့်သူငယ်ချင်းဆို အခုတိုက်ခန်းတောင်ဝယ်လိုက်ပြီ ရှင်လဲ ဒီလိုပဲနေတော့မှာလား?”ဆိုတာမျိုး။

“သူများမိန်းမတွေ ပိုက်ဆံရှာပြီး အိမ်စရိတ် ကာမိအောင်လုပ်နေတယ်။ မင်းကတော့ အိမ်မှာနေပြီးထိုင်ဖြုန်းနေတယ်” ဆိုတာမျိုးစတဲ့

အပြောမျိုးတွေအပြောခံရတတ်ပါတယ်။

တစ်ကြွင်းဖွားတွေရဲ့ အဓိကအားနည်းချက်က ငွေမရှိခင် အိမ်ထောင်ရေးအပေါ် သစ္စာရှိပေမဲ့ ငွေရှိလာရင်တော့ အိမ်ထောင်ရေး ဖောက်ပြန်ချင်ကြပါတယ်။ လူတိုင်းတော့ မဆိုလိုပါဘူး။ ဘာလို့ဖောက်ပြန်ချင်ကြတာလဲဆိုရင်တော့ အိမ်ထောင်ဘက်အပေါ် စိတ်ကုန်တာမြန်တဲ့ ကံအနေအထားတစ်ခုကြောင့်ပါပဲ။

၁ကြွင်းနှစ်မှာ မွေးဖွားလာကြတဲ့ ဘယ်နေ့သားသမီးမဆို တနင်္ဂနွေသားသမီး နဲ့ တနင်္လာသားသမီးကို ချစ်သူ၊အိမ်ထောင်ဘက်အဖြစ် လုံးဝမရွေးချယ်မိပါစေနဲ့ဗျ။ ထိုနေ့သားတွေကို လက်ထပ်မိရင် အိမ်ထောင်ရေးသုခထက် ဒုက္ခကပိုများနိုင်လို့ပါပဲ။ ကဲ..ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့ပြောပါရစေ။

၇ရက်သားသမီးအပေါင်း

ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

            အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။

ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က  ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီးအောင် လံ ထူ စစ် သူ ကြီး ပွဲလင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။

ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။လှတောမြို့သား အကြွားဆင့်ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။

ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကိုက,စလို့ပြန်လေ့လာနရသည်။ သိပ်ချစ်စရာကောင်းတဲ့ ပညာ ရပ်ပင်။မဟာဘုတ်ပညာကို လူအများကိုလဲသိစေချင်သည်။ ကိုယ်ကလဲ မဟာဘုတ်ပညာနဲ့ပက်သက်ပြီး တော့ က…သူငယ်တန်းအဆင့်သာသာ။ ဒါပေမဲ့မဟာဘုတ်ပညာကို ပြန်လည်ဖော်ထုတ်ချင်တာနဲ့ အကြွင်းဖွားအဟောတွေ ကို အကျဉ်းချုပ်လောက်ရေးပေးချင်မိသည်။

ဒါကလဲ ယေဘုယျသဘောတွေလောက်ပဲ ရေးလို့ရမယ်ဆိုတာသိသည်။နေ့သားအလိုက်၊နာမည်အလိုက်၊ မဟာဘုတ် အကြွင်းအလိုက်အဟောတွေကအသေးစိပ်ကွဲပြားသွားမည်သာ။ အဖွားအဟောတွေ ရေးမည်ဆိုရင်တောင် တော်တော်များများက မိမိဖွားဇာတာကိုသိသူကနည်းသည်။ပုတိ၊ ဘင်္ဂ၊ မရဏအထွန်း၊သိုက်၊ရာဇ၊အဓိပတိ ဆိုတာသိပေမဲ့ မိမိဘာဖွားဆိုတာတော့ သိသူနည်းကြသည်။ ဘယ်လိုတွက်ရမလဲမေးလိုက်ရင်ပိုဆိုးသွားတတ်သည်။

တွက်နည်းရေးပြရရင်လဲကိုကစာအရေးမတတ်တာနဲ့တော့ သိုက်စာဖတ်ရသလိုဖြစ်နေမှာလဲစိုးရသေးသည်။ မြန်မာ မွေးသက္ကရာဇ်ကို ၇နဲ့စား ရလာတဲ့အကြွင်းကိုကြည့်ပြီး ဘာနေ့သားဆိုဘာဖွားလဲဆိုတာရေးပေးထားလိုက်သည်။

ဥပမာ တွက်ပြရရင် မိမိဟာ ၁၃၅၀မွေးတယ်ဆိုပါတော့။ ၁၃၅၀ကို ၇နဲ့စားရင် ၆ကြွင်းတယ်(၁၃၅၀ ÷= )

၆ကြွင်းကို ကြည့်လိုက်ပေါ့။

၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား

၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွားဆိုတာ တွေ့ရပါလိမ့်မယ်။

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ နှင့်စားပါ

ခုကြွင်းလျှင်

ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား

ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား

ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား

ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား

ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား

ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား

ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ နှင့်စားပါ

၁ခုကြွင်းလျှင်

ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား

ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား

ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား

ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား

ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား

ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား

ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ နှင့်စားပါ

ခုကြွင်းလျှင်

ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား

ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား

ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား

ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား

ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား

ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား

ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် နှင့်စားပါ

ခုကြွင်းလျှင်

၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား

၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား

၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား

၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား

၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား

၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား

၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် နှင့်စားပါ

ခုကြွင်းလျှင်

၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား

၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား

၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား

၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား

၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား

၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား

၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ နှင့်စားပါ

၅ခုကြွင်းလျှင်

၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား

၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား

၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား

၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား

၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား

၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား

၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် နှင့်စားပါ

၆ခုကြွင်းလျှင်

၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား

၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား

၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား

၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား

၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား

၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား

၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား

#ဘင်္ဂဖွား ဟောကိန်း

စေတနာကောင်း၊စိတ်ရင်းကောင်းသူပါပဲ။ ဇွဲလုံ့လဝီရိယနဲ့ပြည့်စုံပြီး ထက်သန်တဲ့စိတ် ၊ပြင်းပြသောဆန္ဒ၊ ကြိုးစား ချင်သောစိတ်တွေရှိကြတယ်။ မဆုတ်မနစ်သော ဇွဲက လမ်းကြောင်းမှန်ပါက အောင်မြင်မှုပန်းတိုင်ကိုရောက်မည်။ ဆုံးဖြတ်ချက်ချပြီးရင် သိကြားမင်းဆင်း၍ဖျက်တာတောင်မရပေ။ မိမိဆုံးဖြတ်ချက်သည် မှားနေရင်မှ လမ်းဆုံး ရောက်အောင်လျှောက်တတ်သည်။ နောင်တတရားကလဲ မိမိသန္တန်မှာ ခဏသာခိုဝင်တတ်သည်။နောင်တရလဲ ခဏပင် ။အမှတ်သည်းခြေမရှိ ။ခေါင်းမာသည်။ တယူသန်သည်။

ပြောစရာရှိလျှင် လုပ်စရာရှိလျှင် ဘွင်ဘွင်ရှင်းရှင်းအားမနာတမ်းပြောတတ်ခြင်းကြောင့် လူမုန်းများတတ်သည်။ မိမိသည် စကားပြောမတတ်ခြင်းကြောင့်ပေါင်းသင်းဆက်ဆံရေးညံ့သည်ဟုထင်ကြသည်။ မဟုတ်ပါ။ အတွင်းစိတ် ရင်း အရမ်းကောင်းသူဆိုတာမိမိနဲ့ ရေရှည်ပေါင်းသင်းသူသာသိသည်။ သူဘာပြောပြော စေတနာဒေါသနဲ့ ပြောသည် ဆိုတာနားလည်လာကြသည်။

ဒါကြောင့်ပဲ မိမိကိုယ်ခင်မိသူတွေက မိမိကိုယ် မိတ်ဆွေအဖြစ်ကနေ လက်လွတ်မခံချင်ကြပါ။ မိမိနဲ့ခင်မင်ဖူးသူ တွေက မိမိအကြောင်းတသသပြောနေတတ်ကြသည်။ မိမိသည် တစိမ်းတရံတွေကိုခင်မိပြီဆိုရင် ဆွေမျိုးထက်ပို ခင်တတ် သည်။ ဒါကြောင့်ပဲမိမိကအခြားသူတွေကို မိမိလိုစိတ်ဖြူ သည်ထင်၍ အတွင်းရေးကိစ္စတွေ ပြောပြ တိုင်ပင် အကြံဉာဏ်တောင်းမိသည်။ ထိုသို့ပြုမူခြင်းသည် အကျိုးမရှိသည့်အပြင် မိမိလျှို့ဝှက်ချက်ကို သိသွား၍မိမိအပေါ် အထင်မြင်သေး ဟားတိုက်စရာဖြစ်လိမ့်မည်။

ဘင်္ဂဖွားများဟာ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစာလိုစိတ်ရှိကြတယ်။ ဘယ်သူ့ကိုယ်မှ မမှီခိုလိုဘူး။ သူတစ်ပါးရဲ့လောင်းရိပ်မိ နေတာမျိုးကိုလဲမလိုလားကြပါဘူး။ သူများကို အားကိုးလို့လဲ မရပါဘူး။ ဘယ်အလုပ်ကိစ္စမဆိုလဲ မိမိက ဦးဆောင် ဦးရွက်လုပ်ရမှလဲကျေနပ်ကြတယ်။ စီးပွားရေး ဘယ်လိုလုပ်မယ်။ ငွေကိုဘယ်လိုရှာလိုက်မယ်လို့ စိတ်ထဲတွေးနေ တတ် ပေမဲ့အပြင်ပန်း လက်တွေ့မှာတော့ရသမျှနှင့်တင်းတမ်ရောင်ရဲတတ်သူပါ။

အမှန်တရားကိုမြတ်နိုးတတ်သူ၊တန်ဖိုးထားတတ်သူဖြစ်ပြီး ဘယ်အလုပ်ကိုပဲလုပ်လုပ် စေတနာပါပါနဲ့လုပ်တတ် သူ ပါပဲ။ စေတနာကောင်းရင် ကံကောင်းတယ်လို့ ခံယူထားသူပါ။လူအများက မိမိကို အထင်ကြီးလေးစားပေမဲ့ မိမိက သူတစ်ပါးအထင်ကြီးအောင် ဟိတ်ဟန်မထုတ်တတ်ပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပေမဲ့ ပတ်ဝန်ကျင်းမှာ အခက်အခဲတခုခုဖြစ်ရင်တော့ စိတ်ပါလက်ပါ ကူညီတတ်သူပါပဲ။ မိမိကအငြင်းသန်ပါတယ်။ မှန်တယ်ထင်ရင်တော့ ငြင်းလို့ဆုံးမည်မဟုတ်ပေ။ ဖော်လံဖားမလုပ်တတ်ခြင်း မိမိကြိုးစားမှုကို ဂုဏ်ဖော်၍မပြောတတ်ခြင်းတွေကြောင့် မိမိဟာ အသိအမှတ်ပြုမခံရခြင်း ချောင်ထိုးခံရခြင်းတွေ ခဏခဏကြုံရတတ်ပါတယ်။

ဘင်္ဂဖွားတွေဟာ မည်သူ့ကိုမဆိုအဆင့်အတန်းခွဲခြားပြီးဆက်ဆံလေ့မရှိပါဘူး။ သူဌေးနဲ့ ဆက်ဆံလဲဒီအတိုင်းဆိုရင် ဆင်းရဲသားနဲ့ဆက်ဆံလဲ ဒီအတိုင်းပါပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘဲ အားလုံးကိုတစ်သားထဲဆက်ဆံတတ်တယ်။ အခွင့်ထူးခံရဖို့ မျက်နှာသာပေးခံရဖို့ဆိုတဲ့စိတ်နဲ့ အလုပ်မလုပ်တတ်ပါ။ ပေးအပ်တဲ့တာဝန်နဲ့ ဝတ္တရားကို ကျေပွန်လို တဲ့စိတ်နဲ့သာ လုပ်တတ်သူပါ။ငယ်ရွယ်စဉ်ကာလ အဘက်ဘက်ကကံအားနည်းတယ်။ ခြူခြာလွယ်တယ်။မိမိကို မွေးပြီးတော့ မိဘတွေလုပ်ငန်းစီးပွားတိုးတတ်နိုင်သလို အကုန် အကျတွေလဲ အလွန်များတတ်ပါတယ်။ ပထမ အရွယ်ကံ အားနည်းတတ်ပြီး ဒုတိယအရွယ်၊ တတိယအရွယ်ကံမြင့်တတ်ပါတယ်။ မွေးစကနေအသက်၁၂ထိ နေအိမ် အပြောင်းအရွေ့ မြို့အပြောင်းအရွေ့ ကျောင်းအပြောင်းအရွေ့ဆိုတာတွေကြုံ ရတတ်ပါ။ ဘင်္ဂဖွားတွေဟာ ကံအတတ် အကျများလွန်းတဲ့သူတွေပါပဲ။

သူတစ်ပါးကို အားကိုးပြီး စပ်တူလုပ်ငန်းမလုပ်ပါနဲ့။အမှီအခိုကင်းပြီး သူတစ်ပါးလာင်းရိပ်မမိတဲ့ဘဝနေထိုင်မှုမျိုးက မိမိဘဝကိုအောင်မြင်အောင်တွန်းပို့မှာပါ။ကိုယ်စွမ်းကိုယ်စကိုသိပြီး ဝီရိယရှိရှိကြိုးစားရင် အောင်မြင်မဲ့ ဖွား ဇာတာပါပဲဗျာ

#မရဏဖွားဟောကိန်း

မရဏဖွားတွေရဲ့စိတ်ကကြောက်စရာကောင်းသည်။ အမြဲတမ်း အစွန်းနှစ်ဖက်ရောက်နေတတ်တတ်သည်။ အချို့နေရာတွေမှာ ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးလို သည်းခံတတ်ပေမဲ့ ရက်စက်ပြီဆိုရင်လဲ သူများလိုက်မမှီအောင် ရက်စက်တတ်သူပါ။ မြွေပွေးတစ်ကောင်နှင့်အလားသဏ္ဍာန်တူသည်။ မထိသ၍ဘာမှရန်မပြုပေမဲ့ ထိမိလိုက်ရင် တော့ အန္တရာယ်အလွန်ရှိတတ်ကြသည်။ ထက်မြက်တယ်။ စိတ်ဓာတ်ပြင်းထန်ကြတယ်။ သမာသမတ်ကျတယ်။ အမှန်တရားကိုမြတ်နိုးသည်။ ရှေ့နေရှေ့ရပ်ကိစ္စ၊ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရာမှာ ထူးချွန်တတ်သည်။ဆွေမျိုးထက် တစိမ်းကပိုအကျိုးပေးသည်။ ဆွေမျိုးတွေ ဒုက္ခပေးတတ်သည်။ တစိမ်းတရံကြားမှာအခြေချနေထိုင်ရတတ်သလို ဇာတိရဲ့အဝေးမှာ ထွန်းပေါက်အောင်မြင်တတ်တယ်။ တစ်ခါ တရံဇွတ်တရွတ်လုပ်တတ်တာမျိုးရှောင်ပါ။ ကိုယ်က အလုပ်အပေါ် သေချာဂရုစိုက်လုပ်ရင်တောင် သူများတွေက ပေါ့တယ် ဂရုမစိုက်ဘူး အလုပ်အပေါ်အလေးမထားဘူး လို့အပြောခံရတတ်တာမျိုးပါ။ မိမိကလဲ အလုပ်တစ်ခုကိုအစပိုင်းမှာစိတ်ပါဝင်စားတတ်သော်လည်း နောက်ပိုင်း မှာ ပျင်းရိသွားတတ်သူပါ။ကောက်ရိုးမီးလိုပါပဲ။ အစကတော့ ဟုန်းခနဲပေါ့။ နောက်ပိုင်းတော့ မီးစပင်ရှာလို့မရတတ် ဘူး။အဲဒါကြောင့်ပဲ အလုပ်ခဏ ခဏပြောင်းမိနေတတ်တယ်။မရဏဖွားတွေလဲ နှစ်ရှည်လုပ်ရတဲ့အလုပ် ကြာရှည် လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေနဲ့ မသင့်လျော်ဘူး။

ဥပမာ ပေးရရင် နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ Hotel လုပ်ငန်းမျိုးတွေပေါ့။ အခုလုပ်အခုအကျိုးအမြတ်ရတဲ့ ပေါ်ပင်အလုပ်မျိုးတွေနဲ့ပဲသင့်လျော်ပါတယ်။ မိမိကစိတ်မြန်လက်မြန်ရှိပြီး မြန်မြန်သွက်သွက် နဲ့ လက်တွေ့ ကျကျ လုပ်ရသောအလုပ်တွေကို သဘောတွေ့တတ်ကြပါတယ်။ မရဏဖွားတွေ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူပါ။ ဒုက္ခလောကဓံကိုခါးစည်းခံနိုင်သလို သုခလောကဓံကိုလဲ ခံနိုင်သူပါ။ငရဲဆိုတာ ငါ့အတွက်တော့ ချွေးထုတ်ခန်း ဝင်သလောက်ပါပဲလို့ ပြောမဲ့သူတွေပါ။

မရဏဖွားတွေက အပြင်ပန်းကကြည့်ရင်တော့ လျှင်မြန်တယ် ဉာဏ်ပြေးတယ် သွက်လတ်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချရာမှာ ချိတုံချတုံအလွန်ဖြစ်တတ်ပါတယ်။ငါလုပ်လိုက်တာမှားသွား လားဆိုပြီး စိုးရိမ်စိတ်ကလေး အမြဲဝင်တတ်ပါတယ်။အားနည်းချက်က အလွန်မေ့တတ်တာပါ။ ပြောထားပြီး မေ့ နေပြန်ရော။ အသက်ကြီးလာရင် အလွန်မေ့တတ်ကြတယ်။

သူတစ်ပါးအလုပ်ပင်ဖြစ်ပါစေ စေတနာပါပါနဲ့လုပ်ကိုင်ပေးတတ်သူပါပဲ။မိမိကိုယ် အားကိုးပြီးခိုင်းရင် အားကိုး သလောက် ပြန် လုပ်ပေးတတ်တယ်။ စကားကြီးစကားကျယ်ပြောတာအမှန်အတိုင်းသာပြောတတ်တာ တွေက လူမုန်းများသွားတတ်ပါတယ်။ ဘဝတည်ငြိမ်မှုအားနည်းတယ်။ လှိုင်းတပိုးတွေလို ဘဝကအတတ်အကျများတယ်။ အပယိကရောဂါလေးတွေ ခဏခဏဖြစ်လွယ်တယ်။ ငယ်ဇာတာမကောင်းပါ။ ပင်ပန်းရတတ်တယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်လွယ်တယ် အိုဇာတာကတော့ ပထမတန်းစားကောင်းသူပါ။ မရဏဖွားတွေဟာ မိမိအပူသော  က တွေကို သူများတွေကို လက်ဆင့်မကမ်းတတ်သူပါ။ ဒုက္ခတွေကို တစ်ယောက်ထဲခါးစည်းခံမဲ့သူတွေပါ။ ရောဂါဖြစ်ရင် တောင် အိမ်သားတွေမပြောဘဲ တစ်ယောက်ထဲကြိတ်ခံ တတ်တာမျိုးပါ။

ဘဝကိုအရှုံးမပေးတတ်သူတွေပါပဲ။ဘယ်လိုအခက်အခဲကြုံကြုံရင်ဆိုင်သွားတတ်သူပါ။ ကံကြမ္မာကလဲ အခွင့်အရေး ကောင်းတွေ မကြာခဏပေးတတ်ပါတယ်။ မိမိကဖမ်းဆုပ်တတ်ဖို့ပဲလိုပါတယ်။ ကိုယ့်ကိုယ်ကို ဖျက် သံချေးတတ် ဆိုတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ကံက အတိုက်အခံတွေ့လေ အောင်မြင်လေပါပဲ။ မင်္ဂလာတရားတော်ထဲကအတ္တသမ္မာ ပဏိဓိ ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ မိမိကိုယ်ကိုစောင့်ထိန်းနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆို တာကို မလွဲမသွေ ခံစားရမှာပါ……

#အထွန်းဖွား ဟောကိန်း

ဖွားဇာတာတွေထဲမှာ အထွန်းဖွားတွေက အလွန်ပဲ တည်ကြည်တဲ့သူတွေပါ။ ကိုယ်ကျင့်သိက္ခာကျစေမဲ့ ကိစ္စ ၊ လူများလက်ညိုးထိုးမဲ့ ကိစ္စမျိုး တတ်နိုင်သ၍ရှောင်ကြ သူတွေပါပဲ။ အစိုးရဝန်ထမ်းပဲလုပ်လုပ် ၊အပြင်အလုပ် တွေပဲလုပ်လုပ် သူများအလုပ်တိုင်းကို မိမိအလုပ်လိုသဘောထားပြီး လုပ်ပေးတတ်သူပါ။ မိမိကိုယ်ကျင့်သိက္ခာကို ထိပါးပြောဆိုလာမယ်ဆိုရင်လဲ အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်သူပါ၊အလွန်ပဲစေ့စပ်သေချာတဲ့သူတွေပါ။ စနစ် ကောင်း တယ်။ အလုပ်ကိုတန်ဖိုးထားမြတ်နိုးတယ်။အလုပ်နဲ့လက်နဲ့ပြတ် နေရင် မနေတတ်ဘဲ တစ်ခုခုရှာပြီးလုပ်နေ တတ်သူပါ။

လုပ်စရာမရှိရင် ပျင်းနေတတ်ပြီး တစ်ခုခုလုပ်နေရမှာ ကျေနပ်နေသူတွေပါ။ မည်သည့်အလုပ်ကိုမဆို လွယ်လွယ်နဲ့ လက်မလျော့တတ်ဘဲ ဖြစ်မြောက်အောင် လုပ်တတ်သူပါ။ အလုပ်ကံကောင်းတတ်ကြတယ်။မည်သည်အလုပ်ကို မဆို ရေရှည်ဇောက်ချပြီး လုပ်ပါကထွန်းပေါက်ပါလိမ့်မယ်။ လက်ရှိဘဝနဲ့ မတင်းတိမ်ဘဲ အမြဲတမ်း ဘဝတတ် လမ်းကို ရှာနေတတ်တဲ့ အတွက် ဖြည်းဖြည်းချင်းအောင်မြင်မှုတွေရလာမှာပါ။ မည်သည့် ပညာရပ်ကိုမဆို သိ လွယ်တတ်လွယ်သူတွေပါ။ မိဘတွေကသာ ပညာရေးကို ထောက်ပံ့ပေးနိုင်မယ်ဆို အလွန်ထူးချွန်ပါ လိမ့်မယ်။ စိတ်ရှည်ကြတယ်။ အပင်ပန်းလဲ ခံနိုင်ကြတယ်။ဘာလုပ်လုပ် ဂရုတစိုက်ရှိတယ်။ လုပ်သလောက်အကျိုးဖြစ်ထွန်း ပင်ပေမဲ့ အောင်မြင်မှုအသီးအပွင့်တွေ အခွင့်အရေးတွေကို အခြားလူတွေကရသွားကြတာများပါတယ်။ မိမိကအခွင့် အရေးကို ဂရုမစိုက်ပါ။ တာဝန်ကျေပွန်ရင်ကျေနပ်နေတတ်သူပါ။ လုပ်ချင်တာလုပ်ရရင် ပျော်နေတတ်သူပါ။

သူများအကျိုးစီးပွားကိုတောင်မှ အကူအညီတောင်းရင်မငြင်းတတ်သူပါ။ စိတ်ကောင်း စေတနာကောင်း သည်၊ရိုးသားတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်။ အပြစ်လုပ်ထားရင်လဲ အားမနာတမ်းပြောတတ် ကြပါတယ်။ ပြောပြီးရင်လဲ မေ့မေ့ပျောက်ပျောက်နဲ့ နေတတ်သူ တွေပါ။ ရန်ညှိုးမထားတတ်ဘူး။ မိမိကအေးဆေး တည် ငြိမ်စွာနေတတ်တဲ့ အတွက် လူအများက ဘဝင်မြင့်တယ်။ မာနကြီးတယ်လို့ထင်တတ်ကြပါတယ်။ကိုယ်ကလဲ ခင်မင်သူများနဲ့ သာလိုက်ရောညီထွေ နေတတ်ပြီး မခင်မင်သူတွေနဲ့ကတော့ ခပ်ကင်းကင်းနေတတ်ပါတယ်။

ဒါပေမဲ့မိမိကံက အပေါင်းအသင်းကံညံ့ပါတယ်။ မိမိကစေတနာနဲ့ပြောဆိုရင်တောင် မိတ်ဆွေတွေကအကောင်း မထင် တတ်ပါ။ မိမိကပဲ အနစ်နာခံပေါင်းသင်းနေရတတ်ပါတယ်။ မိမိက ကကျွေးလဲကျွေးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအဖော်ခင်တယ်။ အပေါင်းအသင်းမက်တယ်။ အပျော်အပါး ပွဲလမ်းသဘင် ဝါသနာထုံတယ်။ ခရီးထွက် ရတာ ဝါသနာပါတယ်။

မိမိဇာတာက သားသမီးအကျိုးပေးကံအားနည်းတယ်၊အနည်းဆုံး မိဘကို ဒုက္ခပေးမဲ့ စုန်းပြူးတစ်ယောက် လောက်တော့ပါလာတတ်တယ်။ ကိုယ်ကလဲ သားသမီးတွေ ဘာလုပ်လုပ်မျက်စိစပါးမွှေးစူးနေတတ်တယ်။ ဘာပဲ လုပ်လုပ် အစမှာတော့ မိမိကအလွန်ပဲစိုးရိမ်တတ်ကြတယ်။ တကယ်လုပ်ကြည့်တဲ့အခါ မိမိအတွက်အခက်အခဲမရှိ အဆင်ပြေသွားတတ်ပါတယ်။ ဇွတ်လုပ်တတ်ပြီး ဝီရိယရှိတဲ့အတွက် အောင်မြင်မှုလမ်းပေါ်ရောက်ပါလိမ့်မယ်။

#သိုက်ဖွားဟောကိန်း

စိတ်ကူးတွေနဲ့ ဖန်တီးလို့မရ၊ အမြဲတမ်းလက်တွေ့ကျကျပဲအဆင်ပြေမည်။ စိတ်ကူးစိတ်သန်းတွေနဲ့ ရေရှည် ရည်မှန်းပြီးလုပ်သမျှ အဆင်ပြေဖို့မလွယ်။ ဘဝကိုလက်တွေကျကျ အကောင်အထည်ဖော်နိုင်မှရမည်။ အလုပ်ကိုလဲ အပင်ပန်းခံပြီးလုပ်ရမဲ့ ဇာတာပေါ့။ သူများတွေ တစ်နှစ်ထဲကြိုးစားပြီးအောင်မြင်တဲ့အလုပ်ကို ကိုယ်က သုံးနှစ် လောက်ကြိုးစားရမည်။ အလုပ်နှင့် လက်နဲ့မပြတ် လုပ်တတ်ပေမဲ့ မကြာခဏ ကြွေးတင်နေတတ် သည်။ လက်ထဲ ငွေပြတ်နေတယ်။ မိမိကစည်းကမ်းရှိသည်။ ငွေကိုစနစ်တကျသုံး တတ်သော်လည်း မိသားစုကြောင့် ကျန်းမာရေး ကြောင့် ငွေသုံးရတတ်သည်။

မိမိကိုယ်တိုင်ကလဲ အလုပ်မရှိရင်မနေတတ်။ တစ်ခုခုအမြဲလုပ်နေတတ်သည်။ လုပ်သလောက် အလုပ် အကျိုး မခံစားရတတ်ပေ။ အလုပ်ကံညံ့သည်။ နှစ်ပေါင်းများစွာလုပ်ပြီး ရာထူးမတိုးတာ လစာမတိုးတာမျိုးကြုံ ရတတ်တယ်။ ဘယ်လောက်လုပ်လုပ်အကောင်းပြောမခံရတတ်။ မကြာခဏ စေတနာဝန်ထမ်း လုပ်နေရမည်။ အိတ်စိုက်လုပ်ရမည်။တာဝန်ကျေပွန်အောင်လုပ်ပေးပေမဲ့ နောက်ကွယ်မှာအပြစ်ပြောခြင်းခံရမည်၊

မိမိကစိတ်ကောင်းရှိသည်။ သည်းခံစိတ်ရှိသည်။ လူအများကိုလဲ ခင်တွယ်စိတ်ရှိတယ်။ မိမိက ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ စိတ်ဆိုးနေတတ်သည်။ ကလေးတစ်ယောက်လို စိတ်ကောက်လိုက် စိတ်ပြေလိုက် မကြာခဏဖြစ် တတ်သည်။ မိမိသည် အပေါင်းအသင်းများသည်။ ဒါပေမဲ့ ရေရှည်လက်မတွဲတတ်။ အပေါင်းအသင်းသစ်တွေနဲ့ လဲ အမြဲတွေ့နေတတ်တဲ့အဖွားတွေပါပဲ။ အပျိုကြီး လူပျိုကြီးတွေလဲ ဖြစ်လွယ်ကြတယ်။ မိမိသည် လူအပင်ပန်းခံနိုင် ပေမဲ့ စိတ်အပင်ပန်းမခံနိုင်ကြပါ။ ဒါပေမဲ့ကံကလဲ စိတ်ပင်ပန်းအမြဲခံရမည်။ တစ်ယောက်ထဲဆို အားငယ်နေတတ် သည်။ ဝမ်းနည်းနေတတ်သည်။ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေတတ်သည်။ အလုပ်တစ်ခု ကိုယ်လဲမိမိဆုံးဖြတ် ချက်ဖြင့်မဆုံးဖြတ်နိုင်ပါ။ အမြဲသူများဆီက အကြံဉာဏ်တောင်းနေရတတ်သည်။

မိမိက ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ ခင်မင်အောင်နေတတ်တယ်။ မိမိက တစ်ပါးသူကို အထင်ကြီးပြီး အယုံလွယ်တတ်တဲ့ အတွက်အလိမ်ခံရတတ်တယ်။မိမိကစိတ်အပြောင်းအလဲမြန်တယ်။ တစ်ခုမပြီးသေးခင်နောက် အသစ် တစ်ခုလုပ်တတ် တယ်။ မိမိကကံကိုယ်ယုံကြည်သည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ခံယူ ထားသည်။ စိတ်ရှည်ပြီး မည်သည့်အလုပ်ကိုယ်မဆို သေသပ်စွာ လုပ်တတ်သည်။ မိမိကလဲ အများအထင်ကြီး အောင်လဲနေတတ်ကြသည်။

နှုတ်မှုရေးရာ အနုပညာ အလုပ်တွေ နဲ့အောင်မြင်တတ်သည်။ သိပ်မရင်းနှီးတဲ့သူဆို မိမိက စကားနည်းတဲ့သူလို ထင်ရပေမဲ့ မိမိကအရမ်းရင်းနှီးရင်တော့ စကားကိုကရားရေလွှတ်ပြောတတ်သူပါ။ စကားကိုအတုံးအလိုက်ပြော တတ်သည်။ ချီးကျူးစရာရှိလျှင် အလွန်အကျူး ချီးကျူးတတ်သလို အပြစ်တွေ့ရင်လဲ အာမနားတမ်းပြောတတ်တဲ့ အကျင့်ရှိသူပါ။ ဘွင်ဘွင်ရှင်းရှင်းပြောတတ်သည်။ မသွယ်ဝိုက်တတ်ပေ။

မိမိသည် စိတ်ကူးအလွန်ယဉ်သည်။ စိတ်ကူးနဲ့ လေထဲတိုက်အိမ်ဆောက်နေတတ်သည်။ စိတ်ကူးထားတာ ဖြစ် မလာရင်လဲ လွန်စွာ စိတ်ဓာတ်ကျတတ်သည်။ မိမိကထိုသို့ စိတ်ကူးနဲ့လုပ်မရပါ။ လက်တွေ့လုပ်ပါ။ အလုပ်ထဲကမှ ဘဝအတွက်အဆီအနှစ်တွေထုတ်ယူပါ။ လက်တွေဘဝကနေ အောင်မြင်မှုရှာပါ။

#ရာဇာဖွားဟောကိန်း

စိတ်ထားကောင်းသည်။ စေတနာကောင်းသည်။ သနားငဲ့ညှာစိတ်ကြီးမားသည်။ သူများတွေကို အမြဲ တွန်းတွန်းတိုက်တိုက်အားပေးတတ်သည်။ သူများတွေကိုလဲ အားရှိစေမည့်စကားတွေနဲ့အမြဲအားပေးတတ်သည်။ ပင်ကိုယ်သဘာဝအရ ရိုးသားသည်၊တည်ကြည်သည်။ သို့သော်ပျင်းရိတတ်သည်။ လုပ်မည်ဟု ဆုံးဖြတ်ထားပြီး အချိန်ဆွဲနေတတ်သည်။ တော်တော်နဲ့ မစဖြစ်ပေ။ လုပ်ပြီဆိုရင်လဲ နေ့မအိပ် ညမအိပ်လုပ်နိုင်တဲ့သူပါပဲ။ အလွန် ပင်ပန်းခံနိုင်သည်။ ထိုသိုအပင်ပန်း ခံသည့်အလုပ်တွေကလဲ မိမိစိတ်ပျော်မဲ့အလုပ်တွေသာရွေးလုပ်တာပါ။ စိတ်ချမ်း သာ မှုကို အလွန်မြတ်နိုး အလေးထားသည်။ စထားပြီး အဆုံးမသတ်ဖြစ်တဲ့ အလုပ်တွေလဲ မိမိဆီမှာ အများကြီးပင်။ မိမိသည် စိတ်ညစ်တာ စိတ်ရှုပ်တာမခံနိုင်ပါ။

မိမိသည်အားနာတတ်သည်။ အားနာလွန်းတာက မိမိအတွက်မကောင်းပါ။ မိမိသည် အားနည်းချက်များစွာ ရှိနေ တတ်သည်။ ပေါ့ဆပြီး ပြီးစလွယ်လုပ်မည်၊ တစ်ခုခု လုပ်နေရင်း နောက်အသစ်တစ်ခုကိုစိတ်ပါသွားတတ်သည်။ စိတ် မငြိမ်။ အယူသည်းသည်။ ဇီဇာကြောင်တတ်သည်။ အငြင်းအခုန်သန်သည်။ မိမိသည် သူများတွေအတွက် အလွန် လွယ်ကူသောအလုပ်တွေကမိမိအတွက်ခက်ခဲနေတတ်သလိုသူများတွေမလုပ်နိုင်သောလက်လျှော့ထားသော အလုပ် တွေကိုလဲမိမိကအောင်မြင်အောင်လုပ်နိုင်သည်။ မိမိသည် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည်။ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်သော နေရာမှာနေလိုသည်။ တစ်ယောက်ထဲလဲနေတတ်သည်။ အဖော်အပေါင်းအသင်းမမက်ပေ။ ဘဝင်မမြင့်တတ်ပေမဲ့ အလွန်မာနကြီးသည်။ ပညာမာန အလုပ်မာနရှိသည်။ သူများဆီက တစ်ပြားသားမှအလကား မလိုချင်သလို ကိုယ်ကလဲ တစ်ပြားသားမှမပေးချင်ပါ။ မိမိအားနှိမ့်ချဆက်ဆံထားသူအား မမေ့တတ်။ အခါအခွင့် ကြုံရင် ပြန်ကလဲ့စားခြေဖို့ စောင့်နေတတ်သည်။

ဆင်းရဲတဲ့မိဘက ပေါက်ဖွားပါစေ လူနေခြုံကြား စိတ်နေဘုံဖျား စိတ်မျိုးရှိသည်။ မတရားမှုများကိုလက်မခံတတ်ပေ။ မိမိဇာတာဟာ ကံအလွန်ကောင်းသည် မဟုတ် သော်လဲ ရည်မှန်းချက်ထားပြီးကြိုးစားတဲ့အတွက် အောင်မြင်လိမ့် မည်။ ရည်မှန်းချက်မရှိတဲ့ ရာဇဖွားတွေအတွက် အနာဂတ်မကောင်းနိုင်။ မိမိသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူရဲကောင်းများ လူစွမ်းကောင်းများအား ကျတတ်ပြီး သူတို့လို ဖြစ်ချင်စိတ်ရှိမည်၊ ဂမ္ဘီရပစ္စည်းတွေစိတ်ဝင်စားသည်၊ ရှေ့ရိုးဆန်သည်။  ရိုးရာဓလေ့ထုံးစံကို လိုက်နာကျင့်သုံးသည်။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည်။မိမိသည် ထူးဆန်းသော ဂမ္ဘီရနှင့်နွယ်သော ကိစ္စများ ကိုလေ့လာလိုက်စားလိုသည်။ ငွေကြေးကို စည်းနှင့်ကမ်းနှင့်သုံးသည်။ နှမြောတတ်သည်။ ဒါပေမဲ့ မိမိလိုချင်တဲ့ပစ္စည်းဆိုရင် မတန်တဆနှင့်ရောင်းလဲ ဝယ်သည်။ မနှမြောတော့ပေ။ ဘဝတစ်ဝက်လောက်ထိ ငွေစုဆောင်းလို့မရတတ်ပေ။ စုလိုက်ကုန်လိုက်ဖြစ်နေ မည်။ ငွေနှင့်အလွန်နီးသော ဇာတာပါတယ်။ စိတ်ထဲမှာလောဘကြီးပေမဲ့ လက်တွေ့မှာ ရသမျှနှင့်ရောင်ရဲ လွယ်သည်။

မိမိသတိထားရမည်က အိမ်ထောင်ရေးပါ။ သနားလို့အားနာလို့ မယူမိစေနဲ့။ လွယ်လွယ်ဆုံးဖြတ်ပြီး အိမ်ထောင် မပြုသင့်ပေ။ အိမ်ထောင်ရေးကံညံ့လွယ်သည်။ မိမိချစ်မြတ်နိုးရင်တောင် သူ့အကြောင်းသေချာလေ့လာပြီး မှယူ သင့်သည်။ မိဘ လူကြီးတွေကပါ သဘောတူသည့်အိမ်ထောင်ဘက်ဆို အလွန်ကောင်းသည်။မိမိသည် ဒုက္ခကိုပဲ ဖြစ်ဖြစ် သုခကိုပဲဖြစ်ဖြစ် မည်သူ့ကိုမှထုတ်ဖော်မပြောတတ်ပါ။ သူများကိုဒုက္ခမပေးပါ၊ ပြဿ နာတွေကို မိမိ တစ် ယောက်ထဲသာ ခါးစည်းခံလိုသည်၊ ဒါကြောင့်လဲ မိမိကိုကြည့်ရုံနှင့် ပျော်နေလား စိတ်ဆင်းရဲနေလား မခန့်မှန်း နိုင်ကြပါ။ မိန်းမတွေနဲ့ ပက်သက်ပြီးအကူအညီတွေရနိုင်သည်၊ စပ်တူရှယ်ယာ လွန်စွာအကျိုးပေးသည်၊၊

#ပုတိဖွားဟောကိန်း

အရာရာတိုင်းကို လက်တွေ့မှ ယုံကြည်တတ်ကြသည်။ယထာဘူတကျမှ လက်ခံတတ်သည်။ သူများက မြှောက်ပြောတိုင်းလဲ ဘဝင်မမြင့်တတ်သလို ခြောက်ပြောတိုင်းလဲ မကြောက်တတ်ပေ။ စည်းနဲ့ကမ်းနဲ့နေတတ်သည်။ အောက်သက်ကြေသည်။ ပေးပြီးသားကတိကို တည်အောင်ထိန်းသည်။ မည်သည့်အလုပ်ကိုမဆို လေးလေး စားစားလုပ်တတ်သည်။ လူအများ၏ အထင်ကြီးခြင်း လေးစားခြင်းခံရမည်။ စည်းရုံးရေးကောင်းသည်။ဒါပေမဲ့ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို မထုတ်ဖော်နိုင်တဲ့ ပုတိဖွားတွေ မအောင်မြင်တတ်ပေ။ မိမိအောင်မြင်ဖို့ ပတ်ဝန်း ကျင်ကောင်း အသိုင်းအဝိုင်းကောင်းမှရသည်။ဘဝတစ်လျှောက်လုံး ရုန်းကန်လုှပ်ရှားနေရတတ်သည်။ အတတ် အကျ များသည်။ တုန်လှုပ်ဖွယ်ရာ ဘေးဆိုးများ မမျှော်လင့်တာသော ပြဿ နာများးလဲ မကြာခဏကြုံရတတ်သည်။ ဒါပေမဲ့ ဒုက္ခတွေကြားက သီသီလေးလွတ်မြောက်တတ်သည်။ အမြဲတမ်းအလကားမနေတတ်။ တစ်ခုခုလုပ်နေရ မှကျေနပ်ကြသည်။ အပြင်ပန်းအမြင်မှာ အေးဆေးတည်ငြိမ်တယ် ထင်ရပေမဲ့ စိတ်တိုဒေါသထွက်လျှင် အမှန်အမှား မခွဲခြားတတ်တော့ပေ။ ထိန်းသိမ်းနိုင်စွမ်းနည်းကြသည်။ ဘဝတိုက်ပွဲအမြဲ ဆင်နွဲနေရမှ ကျေနပ်နေတတ်ကြတယ်။

အရာရာ ပြတ်ပြတ်သားသား ဆောင်ရွက်သည်။ တစ်ခါတလေအားနာတတ်သော်လဲ အားမနာတာကများတယ်။ ရဲတင်းလွန်ခြင်း ဦဆောင်ရဲခြင်းက လူအများရဲ့သြဘာ ပေးခြင်းခံရတတ်သည်။ မိမိသည်စိတ်ကောင်းစိတ်ဆိုး တစ်လှည့်ဆီဖြစ်မည်။ သူတော်ကောင်းစိတ် ဝင်နေရင်သူများထက် သူများထက်ကောင်းတတ်ပြီး စိတ်ဆိုး စိတ် ယုတ်ဝင်လာရင် ဘီလူးထက်မိုက်ပြတတ်သည်။

ပုတိဖွားတွေဟာ ငယ်ငယ်ကဖတ်ဖူးတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။သူတော်ကောင်းနဲ့နီးရင် သူတော်ကောင်း ဖြစ်သွားတတ်သလို သူယုတ်မာနဲ့ နီးရင် သူယုတ်မာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေတဲ့ပုတိဖွား တွေကိုသုတေသနပြုကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်းမှာ နေခဲ့ရတာကို တွေ့ရပါတယ်။မိမိသည် အခွင့် အရေးတွေကို လက်လွတ်မခံတတ်ဘဲရအောင်ယူတတ်သူပါပဲ။ ဖြောင့်မတ်ရိုးသားသူတွေပါပဲ။ စိတ်အခန့်မသင်လျှင် ဒေါသထွက်လွယ်သည်။ ဒေါသကြီးတာ ဒေါသထွက်လွယ်တာကို ရှောင်သင့်တယ်၊အောင်မြင်မှုအတွက် အတား အဆီး ဖြစ်နိုင်လို့ပါပဲ။ နာမည်ကျော်ကြားလွယ်တဲ့ဇာတာပါပဲ။ ကောင်းတာလုပ်ရင် နာမည်ကောင်းနဲ့ကျော်ကြားသလို ဆိုးတာလုပ်ရင်လဲ နာမည်ဆိုးကို ဖုံးဖိထားလို့မရပါဘူး။

မိမိသည်ငွေနှင့်နီးတဲ့ ဇာတာပါပဲ။ မကြာခဏငွေရတတ်သည်။ ငွေကို စည်းနဲ့ကမ်းနဲ့ သုံးမယ်လို့ ရည်မှန်းထား သော်လည်း လက်တွေ့မှာတော့လက်ဖွာတတ်သူပါပဲ။ ရှိရင်ရှိသလိုသုံးတတ်ပြီး မရှိရင်ရေသောက်ဗိုက်မှောက်နေ တတ် သူပါပဲ။ စုလိုက်ကုန်လိုက်ပါပဲ။ ဘဝမှာ ဒုတိယအရွယ်ကအလွန်ကောင်းမည်။အောင်မြင်မည်။ ကျော်ကြား မည်။ လူအထင်ကြီးခြင်းခံရမည်။ မိမိဘဝဟာ မကြာခဏအပြောင်းအလဲကြုံရ တတ်သည်။ အလုပ်မှာလဲ လက်ငါး ချောင်းထက်မနည်းပြောင်းလဲလုပ်ကိုင်နေရတတ်သည်။ ပုတိဖွားတွေဟာ မူရင်း စိတ်ထားဖြူစင်ပေမဲ့ ပတ်ဝန်းကျင် ကြောင့် အရောင်ပြောင်းသွားတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ သားသမီးအကျိုးမခံစားရ တတ် ပေ။

#အဓိပတိဖွား ဟောကိန်း

အဓိပတိဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင်လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်။အကြံပေး ချင်ကြတယ်။ သူများနောက်လိုက်မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိသာဘယ်အရာကိုမဆို စိတ်ပါ လက်ပါလုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေတတ်တယ်၊လေထဲတိုက် အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ planတွေချပြီး လက်တွေမလုပ်ဖြစ်တတ်ပါ။

မိမိ ဉာဏ်ရည်ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရလွယ်သည်။ သူများတစ်နှစ်လောက် သင်ရတဲ့ ပညာကို မိမိက တစ်လလောက်သင်တာနဲ့ တတ်မြောက်သည်။ ထီထွင်ဖန်တီးလိုစိတ် ပြင်းထန်သည်။ မိမိက ကာယ အားမကိုးချင်။ ဉာဏ်နသာ စိုက်ထုတ်လုပ်ချင်သည်။ ကျောပူမခံနိုင်ပေမဲ့ ခေါင်းပူခံနိုင်ကြတယ်။မိမိက အရာရာ စိတ်ဝင် တစား လေ့လာလိုက်စားတတ်သည်။ အလုပ်တစ်ခုကိုလဲ ဇောက်ချမလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီလိုက်စားထားသည်။ ဒါကြောင့် သူ့တို့မသိတဲ့ ကဏ္ဍမရှိ အတွင်းကျကျသိသည်လဲမဟုတ်ပေ။ အပေါ်ယံ သာသိသည်။အဓိပတိဖွားတွေဟာ စကားပြောကောင်းကြသည်၊ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်းရှိသည်။     အနုပညာ လက်မှုပညာတွေနဲ့ အောင်မြင်တတ်သည်။စိတ်ရှည်ဇွဲသန်ဖို့တော့ လိုတာပေါ့။ အဓိပတိဖွားတွေက ငွေနဲ့ဝေးတဲ့ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။ ငွေအစုလိုက်ရမယ်ဆိုပြီး မရဘဲဖြစ်နေ တတ် တယ်။ အမွေရရင်တောင် မိမိခွဲတမ်းကနည်းနေတတ်တယ်။ ထီပေါက်ရင် အဖတ်မတင်ဘဲကုန်သွားတတ်တယ်၊

မိမိရဲ့ ပြင်ရမဲ့အချက်တွေထဲမှာ သနားတတ်တာရောအားနာတတ်တာရောပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူလိုက်တယ်လို့ပဲ သဘောထားရလိမ့်မယ်။ မိမိက သူများငိုပြရင် လွန်စွာသနား တတ်သည်။ ရှိတာလေးထုတ်ပေးတတ်တယ်။ ငွေအချေးအဌားကြောင့် ဘဝမှာ ခဏခဏစိတ်ဆင်းရဲရ မည်။ အကြွေးပြန်မရလို့ အကူအညီလာတောင်းတဲ့ သူတွေဟာအဓိပတိဖွားတွေ အများဆုံးဖြစ်နေတာတွေ့ရတတ်တယ်။

မိမိကံဇာတာအောက်လက်ငယ်သားတော်လှန်မဲ့ ဇာတာပါ၊တပည့်မွေးလို့မရဘူး၊ ကိုယ်ကစေတနာနဲ့ တပည့်ကို လိုက်လိုက်ရောရောနေပြီး ပညာကုန်သင်ပေးရင် မိမိကိုအာခံလိမ့်မယ်၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက် တတ်တယ်။ မိမိစေတနာကိုနားမလည်ဘူး၊ မိမိကိုပမာမခန့် လုပ်တတ်တယ်။ မိမိစေတနာကိုစော်ကားတတ်တယ်။ မိမိဟာ အေးအေးချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေမယ်။ ဒါကြောင်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေရှိ တယ်။ ချမ်းသာတယ်ဟုထင်တတ်ကြသည်။ လက်တွ့မှာတော့ အမြဲတမ်းဘိုင်ကျနေမည်။ငွေမကြာခဏပြတ်နေ တတ်သည်။

မိမိက လူမှုရေး နိုင်ငံရေး စိတ်ဝင်စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။ အများအတွက် စေတနာဝန်ထမ်းလုပ်နေရတတ်သည်။မိမိသည် ငွေအစုလိုက်ဝင်သည်။ လူမှုရေး ပရဟိတရပ်ရွာ ကောင်းစားရေးအတွက်နဲ့ပဲ ထိုငွေပြန်ကုန်တတ်သည်။ မိမိဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ပရမျှတစွာ လုပ်ပါ။ ဇွဲရှိပါ။ ကံဉာဏ်ဝီရိယ သုံးပါးမှာ မိမိကကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယနည်းနေပါလိမ့်မည်။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ်၃ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ                                                                                                                                             ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                                                                                            0977 5555 695

                                                                                                            09 44 5555 695

9ဂဏန်းသမားများအကြောင်း

9ဂဏန်းသမားဆိုတာကတော့ မည်သည့်လတွင်မဆို 9ရက်၊18ရက်၊27ရက်တွေမှာ မွေးဖွားကြသူများကို 9ဂဏန်းသမားတွေလို့ခေါ်ပါတယ်။
9ဂဏန်းဆိုတာက နေစကြဝဠာအတွင်းမှာ အနီရောင်ကြယ်တစ်လုံးအဖြစ်မြင်ရတဲ့ အင်္ဂါဂြိုဟ်ပဲဖြစ်ပါတယ်။ မားစ်ခေါ် စစ်နတ်ဘုရားရဲ့ အမှတ်လက္ခဏာပဲဖြစ်ပါတယ်။ ဓာတ်သဘောအရအဖိုဓာတ်၊ မီးဓာတ်ပဲဖြစ်ပါတယ်။
စရိုက်လက္ခဏာ
9ဂဏန်းသမားတွေဟာရဲရင့်ခြင်း၊စွန့်စားခြင်း၊အတိုက်အခံဝါသနာပါခြင်း၊ အလျင်အမြန်ဆုံးဖြတ်လုပ်ကိုင် တတ်ခြင်း၊စိတ်ရှည်သည်းခံမှုနည်းခြင်း၊စိတ်လောခြင်းတွေရှိတတ်ပါတယ်။ ရန်လိုတတ်သူတွေဖြစ်ကြသလို တစ်ခါ တစ်ရံ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေလဲ ရှိနေတတ်တာကို တွေ့ရပါတယ်။ ရုပ်ဝါဒီဆန်လွန်းသူတွေလဲဖြစ်တတ် ပါတယ်။ ဘာသာတရားအပေါ်မယုံကြည်ရင် လုံးဝဂရုမပြုတတ်သလို၊ယုံကြည်မိရင်လဲ အသက်ပေးပြီးယုံကြည် တတ်သူတွေဖြစ်နေတတ်ပါတယ်။ ဇွဲသတ္တိကောင်းတာ၊ မိမိအမှားကို ဝန်ခံဖို့ ဝန်လေးတာ၊ နောင်တမရ၊သံဝေဂမရ တတ်တာမျိုးတွေဖြစ်ရတတ်ပါတယ်။ မေတ္တာစိတ်လေး ရင်ထဲ ကိန်းအောင်းမိတယ်ဆိုရင်ပဲ အကြင်နာမေတ္တာကြီး မားသူတွေဖြစ်နေတတ်ပါတယ်။ဒါကြောင့်ပဲ 9ဂဏန်းသမားတွေကို အကောင်းအဆိုးဒွန်တွဲနေတယ်လို့ပဲ သိထား စေချင်ပါတယ်။ ကောင်းတာလေးကိုအစပျိုးမိရင် ကောင်းတဲ့စရိုက်လေးတွေပေါ်လာနိုင်သလို ဆိုးတာကိုလုပ်မိ တယ်ဆိုရင်လဲ ဆိုးတဲ့စရိုက်လေးတွေပေါ်လာတတ်တာကို တွေ့ရပါလိမ့်မယ်။ အချိန်ပေးပြီးတော့ စဉ်းစားတွေးခေါ် ရတာကို မလုပ်တတ်ပါဘူး။ ကိုယ်မှန်တယ်ထင်ရင် နောက်မဆုတ်ဘဲ လုပ်တတ်ကြသူတွေဖြစ်ကြသလို မိမိက မှန် တယ်ထင်ရင်လဲ အလွန်ပဲ အငြင်းအခုန်သန်တာကိုတွေ့ရှိရပါတယ်။ သူဟာအကြံပေးချက်၊သူများရဲ့တိုက်တွန်းပြော ကြားချက်တွေကို လက်ခံလေ့မရှိဘဲမှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ မိမိဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ဆောင်လေ့ ရှိကြသူတွေပါပဲ။နောင်တရစရာရှိရင်လဲ တစ်ယောက်ထဲ ကြိတ်ခံစားပြီးတော့ အများအမြင်မှာတော့ နောင်တမရ သလိုနေတတ်ကြသူတွေပါပဲ။ 9ဂဏန်းသမားတွေဟာ အစွန်းရောက်သမားတွေအဖြစ်အလွန်ပဲမြင်တွေ့ရတယ်။ ကိုယ်ကျိုးအတ္တကို ကြည့်မိပြီဆိုရင် ကိုယ်ကလွဲရင် ဘယ်သူသေသေငတေမာရင် ပြီးရောဆိုတဲ့ စိတ်မျိုးရှိတတ်ကြ သလို အများအကျိုးပရကိုကြည့်ပြီဆိုရင်လဲ 27ရက်နေ့မွေးတဲ့ ”မာသာထရီဇာ” တို့လို တစ်ဘဝလုံးအများအတွက် အချိန်ပေးတတ်သူတွေဖြစ်နေတတ်ပါတယ်။
အလုပ်အကိုင်နှင့် စီးပွားရေး
9ဂဏန်းသမားတွေဟာ ကြီးပွားချမ်းသာမယ်ဆိုလို့ကတော့ သမ္မာအာဇီဝပဲဖြစ်ဖြစ် ၊မိစ္ဆာအာဇီဝပဲဖြစ်ဖြစ် လုပ်ရဲတဲ့စိတ်ဓာတ်တွေရှိကြပါတယ်။ ဖြတ်လမ်းလိုက်ချင်တဲ့စိတ်လဲ ရှိတာကြောင့် စီပွားရေးကိစ္စများတွင်း အမှား အယွင်းအချွတ်အချော်လေးတွေအလွန်ပဲဖြစ်ရတတ်ပါတယ်။ ဆုံးရှုံးနစ်နာစရာလေးတွေရှိနေတတ်ကြသူတွေပါပဲ။ အလောကြီးတာ၊အလျင်စလိုလုပ်တာတွေက အလုပ်မှာအခက်အခဲများသွားစေပါတယ်။ စက်ပစ္စည်းနှင့် အီလက် ထရောနစ်ပစ္စည်း အမျိုးမျိုးပြုပြင်ခြင်းလုပ်ငန်းတွေ၊ ပုံနှိပ်လုပ်ငန်း၊စာအုပ်စာပေဖြန့်ချီရေးလုပ်ငန်းတွေ၊စစ်ဘက်ဆိုင် ရာလုပ်ငန်းများ၊အင်ဂျင်နီယာ၊ခွဲစိပ်ကုဆရာဝန်၊စက်မှုဆိုင်ရာကုန်ထုတ်လုပ်ငန်းများ၊ မီးလျှပ်စစ်နှင့်ပက်သက်သော အလုပ်များ အထူးပဲအကျိုးပေးတာကိုလဲ တွေ့ရပါတယ်။ ဒါ့အပြင်သင်ကြားရေးဆိုင်ရာအလုပ်များ၊ ဝန်ဆောင်မှုပေး တဲ့အလုပ်များ၊ရုပ်ရှင်၊ဂီတနှင့် သရုပ်ဆောင်လုပ်ငန်းများလဲ အကျိုးပေးနိုင်တာကိုတွေ့ရပါတယ်။ အချို့9ဂဏန်း သမားတွေကတော့ မိမိတို့လုပ်နေကြအလုပ်တွေကို မလုပ်ဘဲ အများအတွက်၊နိုင်ငံအတွက်ပဲ အချိန်ပေးနေတာကို တွေ့ရပါတယ်ဗျာ။
ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကဏ္ဍ
9ဂဏန်းသမားတွေဟာမိမိတို့ရဲ့ စရိုက်လက္ခဏာတွေကြောင့်ပဲ အိမ်ထောင်ရေးမှာအဆင်မပြေဖြစ်ရလွယ် ပါတယ်။နားလည်မှု၊သည်းခံမှု၊ခွင့်လွှတ်မှုတွေနည်းပါးတာကြောင့်လဲ အချစ်ရေးအိမ်ထောင်ရေးမှာ အဆင်မပြေတာ ကပိုများပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီးတော့လဲ မိမိကအခရာ၊မိမိသာအရေးကြီးဆုံးလို့ သတ်မှတ်ထားတတ်ပြီး အနိုင်လိုချင်စိတ်လေးတွေရှိတတ်ကြပါတယ်။ အတ္တဆန်တဲ့ အချစ်မျိုးနဲ့ချစ်တတ်တာကြောင့်လဲ ချစ်သူမမြဲတာ ကိုယ်ချစ်သူကစွန့်ခွာသွားတာမျိုးတွေကိုခံစားရတတ်ပါတယ်။ ချစ်သူအိမ်ထောင်ဘက်ကို ရွေးချယ်ရာမှာတော့ ချစ်သူကိုအခုတွေ့ အခုချစ်ဆိုတာမျိုးဖြစ်တတ်ကြသူပါပဲ။ ချစ်သူကို စံသတ်မှတ်ချက်တွေနဲ့ရွေးချယ်တာမျိုးမဟုတ် ဘဲ မိမိကချစ်မိပြီဆိုရင်အခြားအရာတွေကို ထည့်မတွက်တတ်ကြပါဘူး။ ဒါကြောင့် မိဘအသိုင်းအဝိုင်းကလက်မခံ နိုင်တဲ့သူမျိုးကို ရွေးချယ်မိတတ်ပါတယ်။ ဘယ်သူတွေတားတား ဘယ်သူတွေသဘောတူတူမတူတူ ကြိုက်ရာကို မစဉ်းစားဘဲ ရွေးချယ်တတ်သူတွေပါပဲ။ အချစ်ရေးမှာ မိဘပေးစားလို့ယူလိုက်ရတာမျိုး 9ဂဏန်းသမားတွေမှာ အလွန်မှပဲရှားပါတယ်။အချစ်နဲ့ပက်သက်လာရင် တရားသည်ဖြစ်စေ၊မတရားသည်ဖြစ်စေ ချစ်သူကိုရအောင်လိုက် တတ်ပါတယ်။ ကိုယ်ချစ်ရသူဟာ ရည်ရွယ်ထားသူရှိပြီးသားဆိုရင်လဲ မစားရတဲ့အမဲသဲနဲ့ပက်တာမျိုးတွေလဲ လုပ်တတ်ပါတယ်။ ကိုယ်ချစ်ရသူကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်လဲ ချစ်သူရဲ့လိုအပ်တာကို မဖြစ်မနေဖြည့်ဆည်းပေး တတ်ကြသူတွေပါပဲ။ အချစ်ရေးနဲ့ပက်သက်လာရင် အကောင်းအဆိုးပြောပြတဲ့သူတွေရဲ့ ဘယ်သူ့စကားကိုမှနား မဝင်တတ်ကြသူတွေပါပဲ။အိမ်ထောင်ရေးမှာလဲ သဘောထားမတိုက်ဆိုင်တာ၊ အယူအဆမတူတာတွေများပါတယ် ဒါကြောင့်ပဲအိမ်ထောင်ရေးကတော့ တကျက်ကျက်ပါပဲ။ ဒါကြောင့်ပဲအိမ်ထောင်ဘက်က 9ဂဏန်းသမား တွေကို စိတ်ကုန်သွားတတ်ပါတယ်။
ကျန်းမာရေးနှင့်အသက်ဇီဝ
9ဂဏန်းသမားတွေကတော့ ကျန်းမာရေးကောင်းကြသူတွေများပါတယ်။ ကျန်းမာရေးအတွက်စိတ်ပူစရာ မလိုတဲ့သူမျိုးတွေပါပဲ။ ကျန်းမာရေးခြူခြာတယ်ဆိုရင်တောင်မှ မတ်တပ်ဖျား၊မတ်တပ်နာလောက်ပဲဖြစ်တတ်ပါ တယ်။ နာတာရှည်ဆိုတာမျိုး အလွန်ပဲဖြစ်လွယ်ပါတယ်။ အပူများတာကြောင့် ရေမှန်မှန်ချိုးပါ။ ဝမ်းမှန်အောင်နေပါ။ အထိုင်များသူဆို ချိန်ဆပြီးဝမ်းနုတ်ပေးပါ။ အာသီရောင်တာ၊ လည်ချောင်းနာတာမျိုးတွေ ၊ အခိုးရိုက်ပြီး မျက်စိ အားနည်းတာတွေဖြစ်ရတတ်ပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ပက်သက်ပြီး ဒေါသစိတ် ၊အာဃာတစိတ်တွေက ကျန်းမာရေးမှာ နှလုံးရောဂါ၊သွေးတိုးရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ အစာအိမ်၊အူလမ်းကြောင်းနဲ့ပက်သက်သေ ရောဂါများ၊ ကျောက်ကပ်ရောဂါများနှင့် အာရုံကြောဆိုင်ရာရောဂါများလဲ သတိထားသင့်ပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
9ဂဏန်းသမားတွေဟာ တစ်ဦးပေါ်တစ်ဦးအကောင်းမြင်စိတ်တွေနည်းတတ်ပါတယ်။ ဆွေမျိုးအသိုင်းတွေနဲ့ မတည့်ကြသူတွေနဲ့ များပါတယ်။ ဒါအပြင်ဘဝမှာ 9ဂဏန်းသမားတွေဟာ အလွန်မှပဲ လူချစ်လူခင်နည်းတတ်ကြသူ တွေပါပဲ။ အဆိုးမြင်သမားတွေဖြစ်တာကြောင့် အသက်ကြီးလာလို့ ဒုက္ခရောက်ပြီဆို အနားမှာကူမဲ့သူ၊ကယ်မဲ့သူ မရှိဖြစ်ရတတ်ပါတယ်။ အကြံအစည်ကြီးမားခြင်း၊ ဘဝတိုးတတ်ရေးအတွက်အမြဲရှေရှုနေတတ်ခြင်း၊ဇွဲကြီးခြင်း၊ အမြဲကြိုးစားနေတတ်ခြင်းကြောင့်ဘဝမှာအောင်မြင်မှုတွေရလွယ်ကြပါတယ်။ ဒါပေမဲ့ လူမှုဆက်ဆံရေးမပြေပြစ် ခြင်း၊မျှတတဲ့စိတ်မရှိခြင်း၊ တတ်သိနားလည်သူတွေရဲ့အကြံဉာဏ်ပေးတာကိုလက်မခံခြင်းတွေကြောင့်ဘဝမှာ အောင်မြင်သင့်သလောက်မအောင်မြင်ဘဲဖြစ်ရတတ်ပါတယ်။ ဘဝမှာအတိုက်အခံပြုတတ်သူတွေ၊ မနာလိုသူတွေ ၊ရန်သူတွေအလွန်ပဲပေါများတတ်တာကို တွေ့ရပါတယ်။ တစ်ခုကောင်းတာက လောကီထက် လောကုတ္တရာစီးပွားရေးတွေမှာတော့ အထူးကောင်းကျိုးပေးတာမျိုးတွေ့ရပါတယ်။ တရားအလုပ်၊ပရဟိတအလုပ်တွေကို အထူးပဲ အားစိုက်လုပ်မယ်ဆိုရင်တော့ အလွန်ပဲပေါက်မြောက်နိုင်တာကိုတွေ့ရပါတယ်။9ဂဏန်းသမားတွေဟာ ငယ်ရွယ်စဉ် မှာကျန်းမာရေးခြူခြာတာမျိုးအထူးကြုံရတတ်ပါတယ်။ မိဘတွေရဲ့ စီးပွားရေးသသောင်းကနင်းဖြစ်တဲ့အချိန်မှာမွေး ဖွားလာတတ်ကြသူတွေပါပဲ။
9ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 18ရက်၊ 27ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 9ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲ နေလိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များ တယ်။ အထီးကျန်ဆန်တယ်။ ခေါင်းမာသူတွေများပါ တယ်။ကိုယ်ဖြစ်ချင်တာကိုအကောင်းအဆိုးမစဉ်းစားဘဲ လုပ်ကိုင်လေ့ရှိပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ် ခြူခြာကြသူတွေပဲဖြစ်ပါတယ်။ ဆွေမျိုးတွေနဲ့ တစ်စိမ်းဆန်ဆန်နေရတတ်ပါတယ်။ကိုယ့်ကိုမွေးပြီး မိဘတွေစီးပွား ကျတာမျိုးတွေဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးလဲသတိထားဖို့လိုပါတယ်။ 9ရက်နေ့မွေးသူတွေဟာ အိမ်ထောင်ရေး အဆင်မပြေသလို အိမ်ထောင်ဘက်ကို အားမကိုးရသလိုဖြစ်ရတတ်ပါတယ်။
18ရက်နေ့မွေးသူတွေဟာ ပထမအရွယ်ထက် ဒုတိယအရွယ်၊တတိယအရွယ်တွေမှာပိုမိုကောင်းစားကြတာ ကိုတွေ့ရပါတယ်။ ဒါနဲ့သတိထားစရာက accident ဖြစ်တာ၊သွေးထွက်သံယိုဖြစ်လွယ်တာတွေလဲဖြစ်ရတတ်ပါ တယ်။ စိတ်ဓာတ်ပြင်းထန်သူတွေ၊ဇွဲနပဲကြီးသူတွေအဖြစ်မြင်တွေ့ကြရပါတယ်။ မိမိအပေါ်တိုက်ခိုက်ကြသူတွေကို ပြန်လည်ဂလဲ့စားခြေလိုစိတ်ရှိကြတယ်။ အိမ်ထောင်ရေးမှာတော့သူ့ဘက်ကိုယ့်ဘက်မျှမတွေးတတ်ကြပါဘူး။ ကိုယ်ချင်းစာစိတ်လေးတွေနည်းပါးပြီးတော့ အတ္တစိတ်တွေပြင်းထန်တတ်တာကိုတွေ့ရပါတယ်။
27ရက်နေ့မွေးသူတွေကတော့ အခြား9ဂဏန်းတွေနဲ့ယှဉ်ရင်အကောင်းဆုံးပဲလို့ပြောလို့ရပါတယ်။ ဘဝကံ ဇာတာအလွန်ပဲကောင်းတတ်ကြပါတယ်။ အောင်မြင်ကျော်ကြားလူသိများသူတွေဖြစ်တတ်ကြပါတယ်။ လူမှုရေး သမားတွေ၊နိုင်ငံရေးသမားတွေ၊ ပရဟိတသမားတွေအဖြစ်မြင်ခွင့်ရပါတယ်။ ဘာသာတရားကိုလေ့လာလိုက်စား မယ်ဆိုပေါက်မြောက်နိုင်ကြသူတွေပါပဲ။ 27ရက်နေ့မှာမွေးဖွားကြသူတွေမှာ မိုးကုတ်ဆရာတော်ဘုရားကြီးတို့လို မဟာဂန္ဓာရုံဆရာတော်တို့လို သာသနာအတွက်အကျိုးများတဲ့ ရဟန်းသံဃာတွေအဖြစ်လဲ မြင်ရတွေ့ရတတ်ပါ တယ်။
9ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 1ဂဏန်း၊3ဂဏန်း၊6ဂဏန်းနှင့် 9ဂဏန်းသမား တွေပဲဖြစ်ပါတယ်။ 4ဂဏန်း၊7ဂဏန်းနှင့် 8ဂဏန်းသမားတွေကတော့ 9ဂဏန်းသမားတွေကို ဆိုးကျိုးပေး နိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း4/7/8ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ ကားနံပါတ်အိမ်နံပါတ် တွေဆိုလဲ 4/7/8ပါရင်၊ ပေါင်းခြင်း4/7/8ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေး သွားနိုင် မယ်လို့ထင်ပါတယ်ဗျ။ 2ဂဏန်းနှင့် 5ဂဏန်း သမားတွေကတော့ 9ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
9ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ကိုးကား
ဆရာဟိန်း၊ ဆရာတင်ဘိုဘို၊အဘမင်းသိင်္ခ(ဂဏန်းဗေဒင်အဟောများ)
တားရော့နှင့် ဂဏန်းဗေဒင်ပေါင်းစပ်မှု
အတွေ့အကြုံများ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695
ကူးယူဖော်ပြခြင်းမပြုပါဘူး။တိုက်ရိုက် share တစ်ခုပဲ လက်ခံပါတယ်။ copy&paste လုပ်တာမျိုးနဲ့ credit ပေးပြီးကူးယူတာမျိုးတွေ လက်မခံပါဘူး။ ဟောစာတမ်းကို video လုပ်ပြီး You Tube ပေါ်ပြန်တင်တာမျိုးတွေ လက်မခံပါဘူး။လူတစ်ယောက်ရဲ့ ဉာဏ စိုက်ထုတ်မှုကို အလေးထားပါရန် မေတ္တာရပ်ခံအပ်ပါ သည်။ သင်္ကြန် အချိန်အခါ stay home နေရလို့ ပျင်းနေသူတွေအတွက် ရည်ရွယ်ပြီး တင်ပေးခြင်းဖြစ်ပါတယ်။

စရိုက္လကၡဏာ

8ဂဏန်းသမားများ အကြောင်း

8ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 8ရက်၊17ရက်၊26ရက်တွေမှာမွေးဖွားကြသူတွေကို8ဂဏန်း သမားဟုသတ်မှတ်ကြလေသည်။
8ဂဏန်းသည် နေစကြာဝဠာရှိစနေဂြိုဟ်ပိုင်တဲ့ ဂြိုဟ်တစ်ခုပဲဖြစ်ပါတယ်။စေတန်ရဲ့အမှတ်သင်္ကေတဖြစ်ပြီး တော့ နတ်ဆိုးအဖြစ်သတ်မှတ်ခံရတဲ့ ဂြိုဟ်တစ်ခုပဲဖြစ်ပါတယ်။ ဓာတ်သဘောအရ အမ ဓာတ်ဖြစ်ပြီးတော့ မြေဓာတ်လဲဖြစ်ပါတယ်။
စရိုက်လက္ခဏာ
8ဂဏန်းသမား တော်တော်များများဟာ ဇွဲလုံလဝီရိယနဲ့ပြည့်စုံတတ်ပြီးတော့ မိမိအလုပ် မိမိဘဝကိုတန်ဖိုးထား ကြသူတွေများပါတယ်။ ဘဝကိုရိုးရိုးသားသားဖြတ်သန်းပြီးမှ အောင်မြင်တဲ့ဘဝကိုတည်ဆောက်လိုကြပါတယ်။ ဖြတ် လမ်းမလိုက်ဘဲ step by step ကြိုးစားသွားတတ်ကြသူတွေပဲဖြစ်ပါတယ်။ အပျော်အပါးအသောက်အစားတွေကို သိပ် မလုပ်ကြဘဲ ဘဝရည်းမှန်းချက်ကြီးပြီး ရေရှည်စီမံကိန်းတွေကိုချမှတ်လုပ်ဆောင်တတ်သူတွေပါပဲ။ငွေကြေးအသုံး အစွဲစေ့စပ်သူတွေဖြစ်ကြပြီးတော့ ငွေကြေးစုဆောင်းလေ့ရှိကြသူတွေပဲဖြစ်ပါတယ်။ ပေးကမ်းရက်ရောမှု သဒ္ဓါတရား အားနည်းတာမျိုးတော့ တွေ့ရပါတယ်။ လှူဒါန်းပြီ ပေးကမ်းပြီဆိုရင်လဲ ရှိသမျှစွန့်ပြီးလှူဒါန်းမိကြတယ်ဗျ။ နောက်ထပ် အားနည်းချက်တစ်ခုကတော့ မိမိနဲ့မသင့်မြတ်သူတစ်ယောက်ကို အလွယ်တကူခွင့်လွှတ်တတ်ခြင်းမရှိဘဲ အခွင့်အရေးရရင် ရသလိုပြန်ကလဲ့စားချေတတ်ကြသူတွေပဲဖြစ်ပါတယ်။ 8ဂဏန်းသမားတွေဟာ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်ကြသူတွေ၊ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တိုင်တည် ဆောက်ကြသူတွေများပါတယ်။ စိတ်ကူးယဉ်သမားတွေမဟုတ်ကြဘဲ လက်တွေ့မြင်မှကြားမှယုံတတ်ကြတဲ့ ရုပ်ဝါဒီသ မားတွေများပါတယ်။ 8ဂဏန်းသမားတွေကို တစ်ခုသဘောကျမိတာက ကိုယ်လိုချင်တာတစ်ခုနဲ့ ညီမျှနဲ့ တန်ရာတန်ကြေးပေးရမယ်ဆိုတာ လက်ခံကြသူတွေပါပဲ။ အချောင်လိုချင်စိတ်၊ အလကားလိုချင်စိတ်တွေနည်းပါးကြ ပါတယ်။8ဂဏန်းသမားတွေက ပေါင်းရသင်းရခက်ခဲသူ၊လူဂွစာတွေများပါတယ်။ ဒါပေမဲ့ 8ဂဏန်းသမားတွေကိုရေရှည် ပေါင်းကြည့်ဖူးတဲ့သူ တွေကတော့ မိတ်ဆွေကောင်းတွေမှန်းသိကြပါလိမ့်မယ်။ 8ဂဏန်းသမားတွေ အချိန်ပြည့် အလုပ်ကိစ္စတွေကို ခေါင်းထဲ ထည့်ထားကြသလို အောင်မြင်မဲ့အခွင့်အရေးတွေကိုလဲ အမြဲတမ်းစောင့်ကြည့်နေတတ်ကြပါတယ်။
စီးပွားရေးနှင့်အလုပ်အကိုင်
8ဂဏန်းသမားတွေဟာ တစ်စိုက်မတ်မတ်တိုးတတ်သွားတာကို လိုလားကြသူတွေများပါပဲ။ တစ်ပွဲထိုးအောင် မြင်တာ၊ကောက်ရိုးမီးလိုအောင်မြင်တာကို မလိုလားကြဘူး။ ဒါကြောင့် 8ဂဏန်းသမားတွေဟာ လောင်းကစားအလုပ် တွေ၊ပေါ်ပင်အလုပ်တွေကိုရှောင်လေ့ရှိတတ်ကြပါတယ်။ ပုံမှန်ဝင်ငွေရနေမယ်။ ကြိုးစားမှု၊ရင်းနှီးမှုအပေါ်မူတည်ပြီး တော့ တိုးတတ်ချမ်းသာတာကိုပဲလိုလားကြပါတယ်။ အရာရာကိုစေ့စပ်သေချာမှလုပ်ကိုင်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ စီးပွားရေးကိစ္စတွေမှာအမှားနည်းတတ်ကြပါတယ်။ ဘဝဆုံးရှုံးစရာကိစ္စတွေပေါ်လာလဲ ”လဲရင်ပြန်ထဒါဘဝပဲ”ဆိုတဲ့ စိတ်မျိုးနဲ့ တစ်ခါပြန်လည်ကြိုးစားတတ်ကြသူတွေပါပဲ။ ဒါအပြင် 8ဂဏန်းသမားတွေဟာ မြေအောက်သယံဇာတတွေနဲ့ အကျိုးပေးတတ်တဲ့သူဖြစ်တာကြောင့် ရေနံနှင့်ဓာတ်သတ္ထုတူးဖော်တဲ့အလုပ်များ၊ရွှေနှင့်ကျောက်မျက်ရတနာတူး ဖော်တဲ့အလုပ်များအထူးအကျိုးပေးပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းများ၊ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးတဲ့အလုပ်များ၊စက် ရုံအလုပ်ရုံလုပ်ငန်းများ၊ ဆောက်လုပ်ရေးအလုပ်များ၊အိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့အလုပ်များ၊ကုန်မာပစ္စည်း ရောင်းဝယ်တဲ့အလုပ်များ၊ ဆရာဝန်၊သူနာပြုစတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအလုပ်များလဲ အထူးကောင်းပါတယ်။
ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကဏ္ဍ
8ဂဏန်းသမားတွေဟာအချစ်ရေး အိမ်ထောင်ရေးတွေမှာ အေးစက်စက်နိုင်ကြသူတွေများပါတယ်။ သူတို့ဟာ မိမိရင်ထဲကအချစ်တွေကို ထုတ်ဖော်ပြသလေ့မရှိကြပါဘူး။အချစ်ရေးအိမ်ထောင်ရေးကိစ္စတွေမှာနှစ်ဖက်မိဘအသိုင်း အဝိုင်းတွေရဲ့စွက်ဖက်ခြင်းကိုလဲအထူးခံကြရတဲ့သူတွေပါပဲ။ အဲဒီအတွက်ကြောင့်ပဲ အချစ်ရေးအိမ်ထောင်ရေးမှာ ကမောက်ကမဖြစ်ရ၊ပူပန်သောကရောက်ရတတ်ပါတယ်။ရည်ရွယ်ထားတဲ့သူကို မိဘအသိုင်းအဝိုင်းတွေသဘောမတူ တာကြောင့် ဝေးရတဲ့ကံမျိုးလဲ ကြုံတတ်ကြရသူတွေပါပဲ။ အချစ်ရေးမှာတော့ မိမိရဲ့နိမ့်ပါးသူ၊အားနည်းတဲ့သူတွေကို သနားစိတ်ဖြစ်ရာကနေ သနားချစ်သဘောမျိုးချစ်မိသွားတတ်ပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ဖက် ၊ဖူးစာဖက်တွေ ဟာမိမိထက်နိမ့်ပါးကြသူတွေဖြစ်လေ့ရှိတာကို အထူးပဲတွေ့မြင်ကြရပါတယ်။ အိမ်ထောင်ရေးမှာတော့ သဘောထား တိုက်ဆိုင်တာနည်းတာကြောင့် အိမ်ထောင်ရေးမှာသုခထက်ဒုက္ခများရတတ်ပါတယ်။ သားသမီးတွေရလာလို့ မိသားစု လေးဖြစ်လာရင်တော့ မိသားစုသံယောဇဉ်လေးကြီးတတ်ကြသူတွေပါပဲ။ အိမ်ထောင်ဘက်အပေါ်အသေးအမွှားလေး ကအစ စစ်စစ်ပေါက်ပေါက်လိုက်ပြောတတ်တာကြောင့်ပဲ အိမ်ထောင်ဘက်က မိမိကိုစိတ်ကုန်လွယ်တတ်ပါတယ်။ ဂွကျတာ၊လိုက်ရောညီထွေမရှိတာမျိုးတွေကလဲ အိမ်ထောင်ရေးမှာအားနည်းချက်တစ်ခုဖြစ်သွားတတ်ပါတယ်။ ချစ်သူ ကမိမိကိုအသေးစိပ်ကအစ အလိုလိုက်အကြိုက်ဆောင်တာကိုလိုလားတတ်ကြသူတွေပါပဲ။ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ လူမှုရေးကိစ္စတွေမှပဲဖြစ်ဖြစ်အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင်တော့ ချစ်သူကိုထုတ်ဖော်ပြောပြလေ့မရှိဘဲ ကြိတ်ပြီးဖြေရှင်းတတ်ကြသူတွေပါပဲ၊
ကျန်းမာရေးနှင့်အသက်ဇီ၀
8ဂဏန်းသမားတွေဟာများသောအားဖြင့် ကျန်းမာရေးကောင်းကြသူတွေများပါတယ်။ကျန်းမာရေးအတွက် စိတ်ပူစရာမလိုတဲ့သူမျိုးတွေပါပဲ။ ဒါပေမဲ့ မိမိအနေနဲ့ ကူးစက်ရောဂါတွေသတိထားပါ။ လေထဲပျံ့နေတဲ့ရောဂါတွေက ကူးစက်လွယ်ပါတယ်။ တီဘီရောဂါတွေ၊Bပိုး၊Cပိုးနဲ့ပက်သက်တဲ့ရောဂါတွေ သတိထားပါ။ ငှက်ဖျားရောဂါများ၊သွေးလွန် တုပ်ကွေးရောဂါတွေလိုမျိုး သတ္တဝါတွေဆီက ကူးစက်တဲ့ရောဂါတွေကိုဂရုစိုက်အပ်ပါတယ်။ အရိုးအကြောနဲ့ပက်သက် သောရောဂါများ၊အဆစ်အမြစ်ဂေါက်ရောဂါများ၊အသည်းရောဂါများ၊လိပ်ခေါင်း၊ဒူလာ၊ဂရင်ဂျီနာ၊အအေးမိဖျားနာခြင်း စတဲ့ရောဂါများလဲ ဖြစ်လေ့ရှိကြပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
8ဂဏန်းသမားတော်တော်များများဟာ မွေးကတည်းကရွှေလင်ဗန်းနဲ့ အချင်းဆေးပြီးမွေးလာတွေဆိုတာ အတော့်ကို ရှားပါတယ်။ မိဘတွေအဆင်မပြေချိန်၊မိဘတွေရုန်းကန်နေရချိန်မှာမွေးလာကြသူတွေ အလွန်များပါတယ်။ ဒါကြောင့် ပဲ ငယ်စဉ်ဘဝတွေမှာ လောကဓံတွေများရတတ်ပြီး အခက်အခဲတွေ၊ဒုက္ခကိုရင်ဆိုင်နိုင်ကြသူတွေပါပဲ။ ဒါကြောင့်ပဲအခက်အခဲတွေကြားကနေ အောင်မြင်မှုတွေကိုကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသူတွေပါပဲ။ဒါကြောင့်ပဲ သက်လတ်ပိုင်း၊သက်ကြီးပိုင်းကံကြမ္မာကတော့ သိသာထူးခြားစွာနဲ့ ကောင်းမွန်နေတာကိုတွေ့ရပါတယ်။ အိုဇာတာ ကောင်းမွန်တာကြောင့်ပဲဘဝနေဝင်ချိန်ကို အေးချမ်းစွာနဲ့ဖြတ်သန်းသွားနိုင်ပါလိမ့်မယ်။ ဘဝအတတ်အကျ နည်းပြီးတော့ ချမ်းသာလာပြီဆိုရင် တဖန်ပြန်ဆင်းရဲဖို့လဲ ခက်ခဲကြပါတယ်။ ငွေကြေးကိုချွေတာစုဆောင်းတတ်တာ ကြောင့်လဲ မကျန်းမာတဲ့အခါ ကုသဖို့အတွက်ပူပန်စရာမလိုတော့တဲ့အနေအထားမျိုးပါပဲ။ ဘဝမှာအငြိုးအတေးကြီးတာ ၊မနာလိုစိတ်များတာ၊ အာဃာတတွေ၊ဂလဲ့စားချေလိုစိတ်တွေရှိနေတာကတော့ မိမိအတွက်အကုသိုလ်ဖြစ်စေပါတယ်။ ဒါတွေရဲ့အကျိုးဆက်တွေကိုလဲ ပြန်ခံစားရနိုင်တာကြောင့် သတိထားရှောင်ရှားဖို့မှာချင်ပါတယ်။လုပ်ငန်းပြိုင်တွေကိုလဲ တိုက်ခိုက်လိုစိတ်တွေရှိနေတာကိုလဲ တွေ့ရတတ်ပါတယ်။ ငါသည်သာ ငါ့ပြိုင်ဘက်ဆိုတဲ့ အတွေးမျိုးခေါင်းထဲဝင်လာ အောင်လုပ်ပေးဖို့လိုပါတယ်။
8ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 17ရက်၊ 26ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 8ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲ နေလိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များ တယ်။ အထီးကျန်ဆန်တယ်။ကျေးဇူးတရားကိုလဲ အလွန်သိတတ်ပါတယ်။ ကပ်စေးနည်းလွန်းပြီးတော့ လူအများနဲ့လဲ ဒွေးရောယှက်တင်နေလေ့မရှိသူတွေများပါတယ်။ ဆိတ်ငြိမ်အေးချမ်းတာကိုမြတ်နိုးကြတဲ့သူမျိုးတွေပါပဲ။ အပြောအဆို နည်း၊နှုတ်နည်းကြသူတွေပါပဲ။ အလုပ်ကို ချစ်ကြတယ်။ ဇွဲကြီးတယ်။ မာယာပရိယာယ်မရှိဘူး။ဘွင်ဘွင်ရှင်းရှင်းပဲ ပြော ဆိုလုပ်ကိုင်တတ်ကြတယ်။
17ရက်နေ့မွေးသူတွေကတော့ 8ဂဏန်းသမားတွေထဲမှာ ရှယ်လို့ပဲဆိုရပါလိမ့်မယ်။အတွေးအခေါ်အလွန် ကောင်းကြတယ်။ခက်ခဲနက်နဲတဲ့ပညာတွေကို လေ့လာနိုင်စွမ်းရှိကြတယ်။ အများအကျိုးပရဟိတကိုလဲ အနစ်နာခံလုပ် ပေးတတ်ကြတယ်။ ဆရာလို့ခေါ်ဆိုထိုက်တဲ့အလုပ်တွေနဲ့ အောင်မြင်တတ်ကြပြီးတော့ တပည့်တပန်းတွေအများ အပြားနဲ့နေထိုင်နိုင်ပါလိမ့်မယ်။ နောက်ပြီး လူချစ်လူခင်လဲများကြတယ်။ ရိုးသားဖြောင့်မတ်တဲ့ဂုဏ်ပုဒ်လဲရှိတတ်ကြပါ တယ်။သူတစ်ပါးကိုဒုက္ခပေးလိုစိတ်လဲ နည်းတတ်ကြသူတွေပါပဲ။ ဒါကြောင့် 17ရက်နေ့မွေးဖွားကြသူတွေဟာ အလွန့် အလွန်ကို သဘောထားကြီးကြပါတယ်။
26ရက်နေ့မွေးဖွားကြသူတွေကတော့ လူတစ်ဖက်သားကို လွှမ်းမိုးလိုစိတ်၊အာဏာပါဝါပြချင်စိတ်လေးတွေရှိ တတ်ကြပါတယ်။ စကားပြောရာမှာလဲ ဘုဂလန့်ပြောတတ်သလို သူတစ်ပါးကို လှောင်ပြောင်နှိမ့်ချလိုစိတ်တွေပြင်းထန် တတ်ပါတယ်။ 26ရက်နေ့မွေးသူတွေဟာမိမိတို့ရဲ့အတွင်းရေးတွေကို လျှို့ဝှက်ထားတတ်ပြီးတော့ ကိုယ့်ကိစ္စကိုသူများ သိမှအလွန်ကြေက်တတ်သူတွေပါပဲ။ တစ်ကိုယ်ကောင်းနည်းနည်းဆန်တတ်ကြသူတွေများပါတယ်။ အချစ်ရေးအိမ် ထောင်ရေးမှာလဲ မျက်နှာများကြတယ်။ ဖောက်ပြန်လွယ်ပါတယ်။ဒါကြောင့်လဲ အိမ်ထောင်ဆက်များသွားတတ်ကြပါ တယ်။ဒါပေမဲ့ အိမ်ထောင့်တာဝန်တော့ကျေပွန်တတ်ကြပါတယ်။
8ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 5ဂဏန်း၊6ဂဏန်း၊7ဂဏန်းနှင့် 8ဂဏန်းသမား တွေပဲဖြစ်ပါတယ်။ 1ဂဏန်း၊4ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 8ဂဏန်းသမားတွေကို ဆိုးကျိုးပေး နိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း1၊4၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ ကားနံပါတ်အိမ်နံပါတ် တွေဆိုလဲ 1၊4၊9ပါရင်၊ ပေါင်းခြင်း1/4/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေး သွားနိုင် မယ်လို့ထင်ပါတယ်ဗျ။ 2ဂဏန်းနှင့် 3ဂဏန်း သမားတွေကတော့ 8ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
8ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။

#Zawgyi font

7ဂဏန်းသမားများအကြောင်း

7ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 7ရက်၊16ရက်နှင့် 25ရက်များတွေမွေးဖွားကြသူများကို 7ဂဏန်းသမားလိုသတ်မှတ်ပါတယ်။
7ဂဏန်းသမားဆိုတာကတော့ နေစကြာဝဠာအတွင်းရှိစတုတ္ထမြောက်အကြီးဆုံးဂြိုဟ်ဖြစ်ပြီးတော့ ပင်လယ် သမုဒ္ဒရာကို စိုးမိုးတဲ့ ပိုဆီဒွန် နတ်ဘုရားရဲ့ အမှတ်လက္ခဏာပဲဖြစ်ပါတယ်။ ဂြိုဟ်အမည်ကတော့ နက်ပကျွန်းဂြိုဟ် ပဲဖြစ်ပါတယ်။ ဓာတ်သဘောအရအဖိုဓာတ်ဖြစ်သလို၊ရေဓာတ်လဲဖြစ်ပါတယ်။
စရိုက်လက္ခဏာ
အနာဂတ်ကို ကြိုတင်ခန့်မှန်းတဲ့နေရာမှာ အတော်ဆုံးဂဏန်းသမားတွေလို့တောင် တင်စားသင့်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်မြူးတယ်။ အတွေးအခေါ်အယူအဆ တစ်အားကိုမြင့်မားကြတယ်။တီထွင်ဖန်တီးတတ်သော ပါရမီအစွမ်းအစပါလာသူလို့တောင်ဆိုနိုင်ကြပါတယ်။ အကောင်းမြင်စိတ်ရှိပြီး အရာရာကို Positive သဘောမျိုး ကြည့်ရှုတတ်ကြသူတွေပါပဲ။ မိသားစုကိုမြတ်နိုးတန်ဖိုးထားကြသူတွေအဖြစ်မြင်ရတွေ့ရပါတယ်။ဇွဲသတ္တိနဲ့ပြည့်စုံတဲ့ သူမျိုးလဲဖြစ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်ရမဲ့ ကိစ္စတွေကိုမြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်ကြပြီးတော့ ဆုံးဖြတ်ချက်ချရာမှာလဲ မြန်ဆန်တိကျတာကိုတွေ့ရပါတယ်။ရှေ့တိုးဆောင်ရွက်ပြီးရင် နောက်ပြန်ဆုတ်ဖို့လဲ စိတ် ကူးမရှိကြသူတွေပါပဲ။ ပျော်ပျော်ရွှင်ရွှင် တတ်တတ်ကြွကြွနဲ့ လုပ်ကိုင်တတ်သလို ဖျတ်လတ်ပြီးဖင်ပေါ့တဲ့သူမျိုးတွေ ပါပဲ။ထူးခြားပြီးလျှို့ဝှက်သောပညာများကို လေ့လာလိုက်စားလိုစိတ်ရှိတယ်။ ဒါကြောင့်ပဲ25ရက်နေ့မှာမွေးတဲ့ အဘ မင်းသိင်္ခဟာ ဗေဒင်နဲ့ပက်သက်ပြီးသူမတူအောင် လေ့လာလိုက်စားနိုင်တာ၊ပညာရပ်အသစ်တွေကို တီထွင်သွား တာတွေကိုမြင်တွေ့ရနိုင်ပါတယ်။
7ဂဏန်းသမားတွေသာလေ့လာလိုက်စားမယ်ဆိုရင် အတတ်ပညာသာမက အသိပညာမှာပါ တစ်ဖက်ကမ်းခတ်နိုင်တဲ့သူတွေဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေဘာမှမလုပ်ချင် မကိုင်ချင်ဘဲပျင်းရိ နေတတ်တာတွေကိုတွေ့ရတယ်။ အချိန်လဲ ဆွဲတတ်ကြသူတွေပါပဲ။ တကယ်လုပ်ပြီဆိုရင်လဲ နေ့မနားညမနားလုပ် နိုင်တာကိုတွေ့ရတတ်ပါတယ်။ပရလောကများ၊မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်များနှင့် စိတ်နယ်လွန်ဖြစ်ရပ်များနဲ့လဲ ဆက်စပ်နေတဲ့အဖြစ်တွေ့ရတတ်ပါတယ်။ မကြာခဏ ထူးဆန်းသောအိပ်မက်များကိုလဲ မက်ရတတ်ပါတယ်။ ရုပ်ရည်ကြည်လင်သန့်ပြန်သူတွေများပြီး ဆန့်ကျင်ဘက်လိင်များကိုဆွဲဆောင်နိုင်မှုအားကောင်းတဲ့သူများလဲဖြစ်ကြ ပါတယ်။စိတ်ရှည်သည်းခံတတ်သော်လဲတစ်ခါတလေ ဒေါသထွက်ရင်အလွန်ပဲ ကြောက်စရာကောင်းတာကိုတွေ့ရ ပါတယ်ဗျာ။
စီးပွားရေးနှင့် အလုပ်အကိုင်
7ဂဏန်းသမားတွေဟာစီးပွားရေးလုပ်ကိုင်ရာမှာ ငွေကြေးဥစ္စာထက် အတတ်ပညာ၊အသိပညာကိုပိုမိုလို လားကြသူတွေများပါတယ်။လခစားဝန်ထမ်းလုပ်လဲ ငွေရပြီးပညာမရရင် စိတ်မဝင်စားတတ်ပါဘူး။ ဘဝတစ်လျှောက်လုံးလေ့လာ စူးစမ်းပြီး ပညာအသစ်သစ်တွေနောက်ကို လိုက်နေတတ်သူတွေပါပဲ။မွေးရပ်မြေ ထက်မြေခြားရေခြားတိုင်းတစ်ပါးမှနေထိုင်ရတတ်တဲ့ကံမျိုးလဲတွေ့ရတတ်ပါတယ်။စိတ်ကူးကောင်းပြီးအကောင် အထည်ဖော်ရာမှာမြန်ဆန်တိကျသော်လည်း အလုပ်တစ်ခုကိုရေရှည်စွဲစွဲမြဲမြဲလုပ်ချင်စိတ် အားနည်းကြပါတယ်။ အသစ်သစ်သောအလုပ်တွေ နည်းပညာတွေအပေါ်မှာသာစိတ်ဝင်စားတတ်တာကြောင့်လဲ စီမံခန့်ခွဲရေးအပိုင်းမှာ တော့အားနည်းတတ်တာကိုတွေ့ရပါတယ်။ ရေနှင့်ပက်သက်တဲ့ အလုပ်တွေဖြစ်တဲ့ ရေသန့်၊အချိုရည်၊အအေး၊ ပင်လယ်စာနှင့်ပင်လယ်ထွက်ပစ္စည်းများ၊ရေမွှေး၊ အရက်၊ဘီယာ၊ဓာတ်တုဗေဒဆိုင်ရာအရည်များ စတာတွေနဲ့ပက် သက်ဆက်နွယ်သောအလုပ်တွေက အကျိုးပေးတာကိုတွေ့ရပါတယ်။ဆေးလုပ်ငန်း၊ဆေးဝါးထုတ်လုပ်ရောင်းချခြင်း စာရေးဆရာ၊စုံထောက်၊အဆိုတော်၊သရုပ်ဆောင် စတဲ့အလုပ်များလဲ အကျိုးပေးနိုင်တာကိုတွေ့ရပါတယ်ဗျာ။
ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကဏ္ဍ
အချစ်ရေး၊အိမ်ထောင်ရေးတွေမှာ 7ဂဏန်းသမားတွေဟာ သိပ်လေးလေးနက်နက်မရှိတတ်သလို ပေါ့ပေါ့ ပါးပါးသဘောထားတာမျိုးတော့လဲ မဟုတ်ပြန်ဘူး။ ချစ်သူအိမ်ထောင်ဘက်ကလေးနက်ရင်သူကလဲ တန်ဖိုးထား မယ်။ အိမ်ထောင်ဘက် ခပ်ပေါ့ပေ့ါနေရင် ကိုယ်ကလဲ ခပ်ပေါ့ပေါ့နေတတ်တဲ့သူတွေပါပဲ။ မထင်မှတ်ဘဲ ရုတ်တရက် အိမ်ထောင်ကျတတ်ပါတယ်။ အနာဂတ်ကိုကြိုတင်အကွက်ချပြီး စီစဉ်တတ်သူဖြစ်တာကြောင့်အိမ်ထောင်ဘက် ကောင်းရတတ်တာကိုတွေ့ရပါတယ်။ သည်းခံစိတ်ရှိသူ၊သဘောထားကြီးသူဖြစ်တာကြောင့်လဲ အချစ်ရေးအိမ် ထောင်ရေးတွေမှာ အရမ်းကြီးဆိုးဝါးသွားတာမျိုးတော့မတွေ့ရပါဘူး။ ဆင်ခြင်တတ်၊စဉ်းစားတတ်သူတွေဖြစ်တာ ကြောင့် အချစ်ရေးအိမ်ထောင်ရေးမှာ ကမောက်ကမဖြစ်ခဲပါတယ်။ ချစ်သူအိမ်ထောင်ဘက်ကို ငွေကြေး၊စည်းစိမ် ဥစ္စာတွေနဲ့မတိုင်းတာဘဲ ရိုးသာမှုတွေ၊ကိုယ်ကျင့်တရားတွေကို ဦးစားပေးရွေးချယ်တတ်တာကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုတွေ အနည်းနဲ့အများလျော့ပါးတာကို တွေ့ရပါတယ်။ အိမ်ထောင်ဘက်ရဲ့အထင်ကြီး လေးစားမှုကိုလဲ ခံယူချင်တာကြောင့် ကိုယ်တိုင်ကလဲ ကိုယ်ကျင့်တရားကောင်းအောင်နေတတ်ထိုင်တတ်ကြသူ တွေပါပဲ။ အိမ်ထောင်ဘက်ကို GENERATION ကိုကြည့်ပြီးရွေးချယ်တတ်ပါတယ်။ အိမ်ထောင်ဘက်ကြောင့်မိမိ ဂုဏ်သိက္ခာကျဆင်းတာကို မလိုလားတဲ့သူတွေပါပဲ။ အိမ်ထောင်ရေးနောက်ကျတတ်သူတွေ၊အသက်ကြီးမှ အိမ် ထောင်ကျတွေထဲမှာ 7ဂဏန်းသမားအများအပြားတွေ့ရပါတယ်။ အပျိုကြီး၊လူပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းလဲများကြပါ တယ်။ အိမ်ထောင်ကျပြီးရင်တော့ ဖောက်ပြန်ဖို့ဝန်လေးတတ်သူတွေပါပဲ။ မိသားစုအပေါ်တန်ဖိုးထားမြတ်နိုးတတ် ကြသူတွေပါပဲ။ အိမ်ထောင်ဘက်ရဲ့ အားနည်းချက်တွေ၊အတိတ်က အိမ်ထောင်ရေးအရှုပ်တွေရှိခဲ့ဖူးရင်လဲ သဘော ထားကြီးကြီးနဲ့သည်းခံခွင့်လွှတ်ပေးတတ်ပါတယ်။ အိမ်ထောင်ဘက်ကအရမ်းဆိုးလာမှပဲတုန့်ပြန်တတ်ကြသူတွေပါ
ကျန်းမာရေးနှင့်အသက်ဇီဝ
7ဂဏန်းသမားတွေကတော့ ကျန်းမာရေးနဲ့ပက်သက်ရင်အားကောင်းကြတာကိုတွေ့ရပါတယ်။ ကျန်းမာရေး လိုက်စားမှုတွေလဲ ရှိကြတယ်။ တစ်ခုခုအားနည်းတယ်…ကျန်းမာရေးချို့တဲ့ပြီဆိုတာနဲ့ချက်ချင်းဆေးဝါးမှီဝဲတတ်ကြ သူတွေများပါတယ်။ 7ဂဏန်းသမားတွေဟာစိတ်ပိုင်းဆိုင်ရာနဲ့ပက်သက်တဲ့ရောဂါတွေဖြစ်ရတတ်ပါတယ်။ စိတ် ချောက်ခြားတတ်ခြင်း၊စိတ်ကစင့်ကလျားဖြစ်ခြင်းတွေကိုလဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ရောဂါဗေဒအနေနဲ့ကတော့ အစာအိမ်ရောဂါ ၊အသည်းရောဂါ၊နှလုံးရောဂါ၊ ဦးနှောက်နှင့်အာရုံကြောရောဂါများ၊ လိပ်ခေါင်းရောဂါများကိုတော့ ဘဝတစ်လျှောက်လုံးသတိထားစေချင်ပါတယ်။ 7ဂဏန်းသမားတွေဟာ အထိုင်များကြသူတွေဖြစ်နေတတ်ပါတယ် ဒါကြောင့်လဲ ကိုယ်လက်လှုပ်ရှားမှုကိုပါတွဲလုပ်စေချင်ပါတယ်။

7ဂဏန်းသမားတွေဟာဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ ကြုံတွေ့လာသောအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ခြင်း၊ အကောင်းမြင်စိတ်ရှိခြင်း၊ ထကြွလုံ့လဝီရိယရှိခြင်းစတဲ့အချက်တွေကြောင့် ဘဝမှာစော လျင်စွာအောင်မြင်တတ်ကြသူများပဲဖြစ်ကြပါတယ်။ လူအများရဲ့စိတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်းကြောင့်လဲ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာအောင်မြင်မှုတွေရရှိနိုင်ကြတဲ့သူတွေပါပဲ၊ ဆက်ဆံရေးကောင်းတဲ့အချက်ကလဲ ဘဝမှာအောင်မြင်ဖို့အတွက် ကြီးမားတဲ့အချက်တစ်ခုပါပဲ။ တစ်ခုဆိုးတာလုပ်ကိုင်ဆောင်ရွက်နေတဲ့အလုပ်တစ်ခု ကအောင်မြင်မှုရရင် ဆက်လက်အောင်မြင်အောင်မကြိုးစားဘဲ နောင်တစ်ခုကို အသစ်စဖို့ခြေလှမ်းပြင်နေတတ်သူ ပါပဲ။ ဒါကြောင့်ပဲ လုပ်သမျှဟာ ပလိုင်းပေါက်နဲ့ ဖားကောက်ဆိုတာမျိုးဖြစ်ရတတ်ပါတယ်။ငွေရှာကောင်းပေမဲ့ ငွေကြေးစုဆောင်းတဲ့နေရာမှာအားနည်းချက်ရှိတာတာကိုတွေ့ရပါတယ်။ အချို့7ဂဏန်းသမားတွေဟာ ကာမဂုဏ် လိုက်စားမှုတွေများတာကြောင့်လဲ မိမိရဲ့ဘဝနေဝင်ချိန်တွေမှာ နာမည်ဂုဏ်သတင်းကျဆင်းပြီးတော့ ဘဝနေဝင်ချိန် အိုဇာတာနိမ့်ပါးသွားတတ်တာကိုတွေ့ရပါတယ်။ ဒါကတော့ ဆင်ခြင်နိုင်ရင်ရှောင်ကွင်းလို့ရတဲ့ကိစ္စတွေပါ။ 7ဂဏန်း သမားတော်တော်များများဟာ ပထမအရွယ်မှာ အနည်းငယ်ဘဝကြမ်းတမ်းမှုလေးတွေရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဒုတိယအရွယ်၊တတိယအရွယ်မှာကောင်းစားကြတာကိုတွေ့မြင်ရနိုင်ပါတယ်။
7ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 16ရက်၊ 25ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 7ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေ လိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ အလုပ်ကိုမနားမနေလုပ် တတ်ပြီးတော့ အမြဲတမ်းသွက်လက်နေသူတွေများပါတယ်။ စွန့်စားလိုစိတ်၊ ထီထွင်လိုစိတ်တွေပြင်းထန်တတ်ကြ သူတွေပါပဲ။ အသစ်အဆန်းတွေနောက်အမြဲလိုက်နေမိတတ်ပါတယ်။ ရဲစွမ်းသတ္တိရှိကြပြီး ဘဝတတ်လမ်းမှာ တားဆီးနေတဲ့အရာတွေကိုလဲ တိုက်ခိုက်ဖို့ဝန်မလေးတတ်ကြသူတွေပါပဲ၊ ခရီးသွားလာမှုကိုမြတ်နိုးပြီးတော့အမြဲတမ်းဒေသန္တရဗဟုသုတကိုရှာမှီးနေတတ်ကြသူတွေပါပဲ။
16ရက်နေ့မွေးတဲ့ 7ဂဏန်းသမားတွေကတော့ အခြား7ဂဏန်းသမားတွေနဲ့မတူတဲ့အချက်က လူကတော့ ခပ်ပျော့ပျော့နဲ့ စိတ်ထားနူးညံ့တဲ့ပုံပေါ်ပေမဲ့ ကြမ်းတမ်းခက်ထန်တဲ့စိတ်လေးရှိနေတာကိုလဲတွေ့ရတတ်ပါတယ်။ 16ရက်နေ့မွေးသူတွေကို ပျော့ရင်ဖယောင်းမာရင်သံချောင်းလို့ပဲတင်စားရပါလိမ့်မယ်။ ပင်လယ်ပြင်ကြီးလိုပါပဲ။ ငြိမ်သက်နေရင်လေပြေလေညင်းလေးတွေတိုက်ခက်ပြီးတော့ ပျော်စရာကောင်းပေမဲ့ မုန်တိုင်းထန်လာရင်တော့ ကြောက်စရာကောင်းတဲ့ အနေအထားတစ်ခုဖြစ်သွားတတ်ပါတယ်။ အနာဂတ်ရဲ့နိမိတ်တွေအတွက်ကြိုတင် အိပ် မက်မက်တာမျိုးတွေ နာမ်လောကသားတွေနဲ့အဆက်အသွယ်ရှိကြသူတွေထဲ မှာ 16ရက်နေ့မွေးသူတွေကို တွေ့ရတတ်ပါတယ်။
25ရက်နေ့မွေးတဲ့ 7ဂဏန်းသမားတွေကတော့ လူအများကိုစည်းရုံးသိမ်းသွင်ရာမှာတော့သူမတူအောင် တော်ကြသူတွေပါပဲ။ ထက်မြတ်တယ်။ စွမ်းအားကြီးကြပါတယ်။ တစ်ဖတ်သားကိုကိုယ့်ဘက်ပါလာအောင် စည်းရုံးသိမ်းသွင်နိုင်ကြသူတွေပါပဲ။ ပညာရှာတဲ့နေရာမှာအရမ်းတော်ကြတယ်။ဖောက်ထွက်ပြီးတွေးနိုင်ကြပါတယ်။ ဆန့် ကျင်ဘက်လိင်တွေရဲ့ချစ်ခင်ခြင်းကိုခံရတတ်တာကြောင့် အချို့25ရက်နေ့မွေးသူတွေဟာမြာပွေကြတာကို တွေ့ရ ပါတယ်။ အချို့25ရက်နေ့မွေးသူတွေကတော့လိင်ကိစ္စကိုလုံးဝစိတ်မဝင်စားဘဲ ဘုန်းကြီးတစ်ပိုင်းနေတတ်ကြသူ တွေများပါတယ်။
7ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 1ဂဏန်း၊2ဂဏန်း၊5ဂဏန်းနှင့် 7ဂဏန်းသမား တွေပဲဖြစ်ပါတယ်။ 4ဂဏန်း၊8ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 7ဂဏန်းသမားတွေကို ဆိုးကျိုးပေး နိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း4၊8၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ ကားနံပါတ်အိမ်နံပါတ် တွေဆိုလဲ 4၊8၊9ပါရင်၊ ပေါင်းခြင်း4/8/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေး သွားနိုင် မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်းနှင့် 6ဂဏန်း သမားတွေကတော့ 7ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
7ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။

6ဂဏန်းသမားများ အကြောင်း

6ဂဏန်းသမားဆိုတာကတော့ မည်သည့်လတွင်မဆို 6ရက်၊15ရက်နှင့် 24ရက်မွေးဖွားသူများကို 6ဂဏန်း သမားတွေလို့သတ်မှတ်ကြပါတယ်။
6ဂဏန်းဆိုတာကတော့ ညနေဆည်းဆာနှင့် နံနက်စောစောတွေမှာ တွေ့မြင်ရကြတဲ့အချို့ကလဲမိုးသောက်ကြယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ သောကြာဂြိုဟ်ပိုင်တဲ့ ဂဏန်းတစ်ခုပဲဖြစ်ပါတယ်။ ဓာတ်သဘောအရ မ ဓာတ်ဖြစ် ပြီးတော့ ရေဓာတ်လဲစိုးမိုးပါတယ်။ အနုပညာ၊ဖျော်ဖြေရေး၊ချစ်ခြင်းမေတ္တာနှင့် တဏှာပေမ၊အလှအပတရား၊ မိခင် ဆန်ခြင်း၊လောကီစည်းစိမ်းနှင့် အာရုံခံစားမှုအထိအတွေ့စတဲ့လက္ခဏာရပ်တွေကိုတွေ့ရပါတယ်။
စရိုက်လက္ခဏာ
6ဂဏန်းသမားတွေဟာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကိုအလွန်ပဲတန်ဖိုးထားတတ်ကြသူများပဲဖြစ်ပါတယ်။ ထိုကိစ္စအတွက် တိုက်ပွဲဝင်ရန်လဲ ဝန်မလေးကြသူတွေပါ။ မိမိနေအိမ်၊မိမိပတ်ဝန်းကျင်ကို သာယာလှပအောင်ထားချင်တဲ့သူမျိုးတွေပဲဖြစ်ပါတယ်။ အနုပညာကို ခံစားလွယ် သိလွယ်ကြပြီးတော့ နူးညံ့သိမ်မွေ့တဲ့ စိတ်နှလုံးလဲရှိကြသူတွေပါ။ လောကကြီးတွင် အားနည်းသူများ၊ဖိနှိပ်ခံရသူများ၊လူအခွင့်အရေးဆုံးရှုံးသူများဘက်ကနေ ရပ်တည် ဆောင်ရွက်ပေးကြသူတွေပါပဲ။ ပင်ကိုယ်ဗီဇအရနူးညံ့သိမ်မွေ့ကြပေမဲ့ လိုအပ်လာရင်လဲ ကြမ်းပြရမ်းပြရန်အသင့် ရှိနေကြသူတွေပါပဲ။အနုပညာနှင့်ပက်သက်ဆက်နွယ်သော တီထွင်ဖန်တီးမှုများကို ပြုလုပ်နိုင်ကြသူတွေဖြစ်ကြပါ တယ်။ မိမိလုပ်ကိုင်ရတဲ့ အလုပ်တွေအပေါ်မှာလဲ သေသပ်ကျနစွာလုပ်ကိုင်တတ်သူများပဲဖြစ်ကြပါတယ်။ အနုပညာနဲ့ပက်သက်လာရင် အခြားဂဏန်းဖွားတွေထက် 6ဂဏန်းသမားတွေက ပိုမိုအားထည့်နိုင်ကြသူတွေပါပဲ။ ပန်းချီပန်းပုပညာရှင် မိုက်ကယ် အိန်ဂျလိုတို့လို၊ ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကြီးကိုရေးဆွဲခဲ့တဲ့ လီယိုနာဒို ဒါဗင်ချီတို့လို အနုပညာရှင်တွေဟာ 6ဂဏန်းသမားတွေပဲဖြစ်ကြပါတယ်။ အဖိနှိပ်ခံလူမည်းတို့ရဲ့လွတ်လပ်ခွင့် အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်းကလဲ 15ရက်နေ့မှာမွေးတဲ့ 6ဂဏန်းသမားပဲဖြစ်ပါတယ်။ ဂရိလူမျိုးတွေရဲ့ ဒဏ္ဍာရီအရ သောကြာဂြိုဟ် ဗီးနပ်စ်ဟာ အလှနတ်ဘုရားမဖြစ်ပြီး အမျိုးသမီးကို ကိုယ်စားပြုတဲ့ အမှတ်အသားပါပဲ။ ဒါကြောင့်ပဲ ပတ်ဝန်းကျင်မကောင်းလို့ လူဆိုးဖြစ်နေတဲ့ 6ဂဏန်းသမားဆိုရင်တောင်မှ သူဟာ ယုတ်မာတဲ့စိတ်မျိုးမရှိကြပါဘူး။ အမြဲတမ်းအစီအစဉ်ကျနစွာဆောင်ရွက်လေ့ရှိကြပြီးတော့ မသေသပ်တာ၊ ဖရိုဖရဲ နိုင်တာ၊စည်းမရှိ ကမ်းမရှိနေထိုင်တာမျိုးတွေကိုလဲ မကြိုက်တတ်ကြပါဘူး။ နေရာလိုချင်စိတ်၊ သြဇာအာဏာကို မက်မောတဲ့စိတ်မျိုးတွေကိုတော့ 6ဂဏန်းသမားတွေမှာ အတွေ့ရနည်းတာတွေ့ရပါတယ်။
စီးပွားရေးနှင့် အလုပ်အကိုင်
6ဂဏန်းသမားတွေက အရင်ကပြောခဲ့သလို သောကြာဂြိုဟ်ပိုင်စိုးတာကြောင့် အနုပညာအလုပ်များ၊ အလှ အပနှင့်ဆိုင်တဲ့အလုပ်များ၊အလှဆင်ခြင်းလုပ်ငန်းများ၊ စာပေ၊ဂီတ၊ပန်းချီ ပန်းပု၊သရုပ်ဆောင်နှင့် အခြားအနုပညာ နှင့်နွယ်သောလုပ်ငန်းများ၊ဗိသုကာပညာရှင်၊ဖက်ရှင်ဒီဇိုင်းပညာရှင်၊ စားသောက်ကုန်ထုတ်လုပ်ခြင်း ပညာရှင်နှင့် အမျိုးသမီးအလှပြုပြင်ရေးဆိုင်ရာအလုပ်တွေ၊ ရင်သွေးထိန်းကျောင်းရတဲ့ နေ့ကလေးထိန်းအလုပ်များ၊မူကြိုအလုပ် များ၊မော်ဒယ်အလုပ်၊ဟော်တယ်နှင့် ခရီးသွားလာရေးအလုပ်များ၊နိုင်ငံခြားဘာသာရပ်ဆိုင်ရာအလုပ်အကိုင်များ၊ အာမခံလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ လုံခြုံရေးနှင့်ဆိုင်သောလုပ်ငန်းများ အထူးအဆင်ပြေတတ်ပါတယ်။ ကိုယ့် ရှေ့မှာဖိနှိပ်ချုပ်ချယ်တာကို လက်ပိုက်ကြည့်မနေတတ်တာကြောင့် ဝန်ထမ်းလုပ်မယ်ဆို သိပ်တော့မလွယ်ပါဘူး။ ဆူဆူပူပူမရှိဘဲ အေးအေးလူလူစိတ်ချမ်းသာစွာလုပ်ရတဲ့ လခစားဝန်ထမ်းဆိုရင်တော့အဆင်ပြေပါတယ်။ အနုပညာပိုးပါလာရင်တော့ အနုပညာအတွက် အသစ်အသစ်ဖန်တီးပါလို့ပြောချင်ပါတယ်ဗျာ။
ချစ်မှုရေးရာနှင့်အိမ်ထောင်ရေး ကဏ္ဍ
အချစ်ရေးနဲ့ပက်သက်လာရင်သိမ်မွေ့နူးညံ့တတ်ကြသူတွေပါပဲ။ အချစ်နဲ့ထိတွေ့သွားရင် လူတိုင်းဟာကဗျာ ဆရာဖြစ်သွားတယ်ဆိုတဲ့ စကားဟာ6ဂဏန်းသမားတွေကို တင်စားတယ်လို့ထင်မိတယ်။ အချစ်ဟာသူတို့အတွက် ကတော့ ကဗျာတစ်ပုဒ်ပါပဲ။ ဘယ်တော့မှ အချစ်ရေးအိမ်ထောင်ရေးကို ဦးနှောက်နဲ့ မဆုံးဖြတ်ပါဘူး။ နှလုံးသားရဲ့ ခိုင်းစေရာကိုပဲနာခံတတ်ကြသူတွေပါပဲ။အချစ်စစ် မေတ္တာစစ်ကို တန်ဖိုးထားတတ်ကြပြီး မိမိချစ်သူ အိမ်ထောင်ဘက်အပေါ်မှာလဲအလွန်မှတန်ဖိုးထားတတ်ကြသူများပဲဖြစ်ပါတယ်။ အချစ်ရေးမှာလဲ သုခကိုပိုမိုခံစားရတတ်တဲ့ ဂဏန်းသမားတွေပါပဲ။ မိမိချစ်ရသူက မိမိကိုပြန်ချစ်လာအောင်ကြိုးစားတဲ့နေရာမှာတော့ 6ဂဏန်းသမားတွေကို ဘယ်ဂဏန်းသမားကမှ မမှီပါဘူး။ ချစ်သူရည်းစားကိုလဲ အလိုလိုက်တာ၊ငဲ့ညှာတာ၊သဘောထားပြည့်တာကြောင့် အချစ်ရေးမှာသာယာသလို အိမ်ထောင်ရေးမှာလဲ ချမ်းမြေ့ရတတ်ပါတယ်။ ချစ်သူရည်းစားရွေးချယ်ရာမှာလဲ မိမိနဲ့ စိတ်သဘောထားတူညီတဲ့သူ မိမိကိုနားလည်မှု၊စာနာမှုရှိတဲ့သူကိုလဲ ရွေးချယ်တတ်တာကြောင့် အိမ်ထောင်ရေးမှာ လဲ သာယာပျော်ရွှင်မှုကိုရတတ်ကြတာမျိုးတွေ့ရပါတယ်။ အိမ်ထောင်ဘက်အပေါ်ပေးဆပ်မှု၊အနစ်နာခံမှု၊လိုက် လျောမှုတွေနဲ့ချစ်လေ့ရှိကြပါတယ်။ မိမိတို့ချစ်သလို အိမ်ထောင်ဘက်ကလဲ မလျော့သောချစ်ခြင်းတွေနဲ့ချစ်ခင် မြတ်နိုးတာကို လိုလားကြတဲ့သူတွေပါပဲ။ ကိုယ်ကချစ်ပေမဲ့ သူကသစ္စာဖောက်တာမျိုးရှိလာရင်တော့ တန်ပြန်ဂလဲ့ စားခြေလိုက်ရမှကျေနပ်တတ်သူတွေပါပဲ။ ကိုယ်ခံစားသလို သူ့ကိုလဲ ခံစားစေချင်တဲ့သဘောမျိုးပါပဲ၊ ချစ်လွန်းအား ကြီးတာကြောင့်ပဲ ချစ်သူအိမ်ထောင်ဘက်အပေါ်သဝန်တိုတာ၊ချုပ်ချယ်တာမျိုးတွေကြောင့် ချစ်သူအိမ်ထောင်ဘက် ကမိမိကိုစိတ်ပျက်တတ်ပါတယ်။ သတိထားသင့်တဲ့အချက်ပါဗျာ။ဒါပေမဲ့ ချစ်သူရည်းစားအပေါ်မှာလဲ မိမိကိုစိတ် ပျက်နေရင်တောင်မှ စိတ်ပြန်လည်လာအောင်လုပ်ဆောင်နိုင်တဲ့အစွမ်းတွေရှိနေတာကို တွေ့ရပါတယ်ဗျာ။
ကျန်းမာရေးနှင့် အသက်ဇီဝ
6ဂဏန်းသမားတွေက ကျန်းမာရေးနဲ့ပက်သက်လာရင် အဆိုးအကောင်းမျှတဲ့ ”သင့်” အဆင့်မှာပဲရှိပါတယ်။ မိမိတို့ရဲ့ဆင်ခြင်တုံတရားအပေါ်မှာအများကြီးမူတည်ပါတယ်။တစ်ခုခုကို စွဲလမ်းမိရင်လဲ ဖြတ်ရခက်ခဲတဲ့သူမျိုး တွေပါပဲ။ အရက်သောက်တယ် ဆိုပါစို့ ။ စွဲသွားရင်အခြားသူတွေကဖြတ်လို့လွယ်ပေမဲ့ သူတို့တွေကအသေခံသွား မယ်မဖြတ်ဘူးဆိုတဲ့သူမျိုးတွေပါ။ ဒါကဥပမာပေးတာပါ။ကျန်တာတော့ချဲ့တွေးပေါ့ဗျာ။ ရေဓာတ်လွှမ်းမိုးမှုတွေ ရှိတဲ့ ဂဏန်းသမားတွေဖြစ်တာကြောင့် ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်သော ရောဂါတွေကိုသတိထားဖို့ လို ပါတယ်။လိင်အပျော်ကြူးရာကနေ ရောဂါကူးစက်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ကူးစက်ရောဂါတော်တော်များ များကိုသတိထားပါ။ နှလုံး၊လည်ပင်း၊မျိုးပွားအင်္ဂါဆိုင်ရာရောဂါများ၊အဖုအကြိတ်ရောဂါများ၊ ဆီးချို၊သွေးချိုရောဂါ များကို အထူးဂရုစိုက်စေချင်ပါတယ်ဗျာ။

6ဂဏန်းသမားတွေရဲ့ဘဝကံကြမ္မာဟာသူတို့တွေရဲ့ ပတ်ဝန်းကျင်ရဲ့အကောင်းအဆိုးပေါ်မူတည်ပြီးတော့ သူ့တို့တွေရဲ့ဘဝတွေဟာလဲ အပြောင်းအလဲကိုဖြစ်စေတာမျိုးတွေ့ရပါတယ်။ လွတ်လပ်မှု၊တရားမျှတမှု၊ငြိမ်းချမ်းမှု တွေရှိတဲ့နေရာမှာမွေးဖွားလာသူတွေကတော့ ဘဝအဆင့်မြင့်သထက်မြင့်တတ်သွားတတ်ပြီး ဖိနှိပ်မှုတွေ၊မတရားမှု တွေများတဲ့နေရာဒေသမှာမွေးဖွားလာသူတွေကတော့ မိမိကိုယ်ကျိုးထက် အများအတွက်စဉ်းစားပြီးလွတ်လပ်မှု တွေအတွက် တိုက်ပွဲဝင်ကြတာ၊လူအခွင့်အရေးအတွက်လှုပ်ရှားကြတာတွေကြောင့် မိမိဘဝတိုးတတ်ရေးကို ဒုတိယနေရာမှာထားတတ်ကြပါတယ်။ ဒါကြောင့်လဲ တိုးတတ်သင့်သလောက်မတိုးတတ်ဘူးပေါ့ဗျာ။ 6ဂဏန်းသမားတွေဟာမွေးရပ်ဇာတိထက် အဝေးမှာအခြေချနေထိုင်ရသူတွေများတာကိုတွေ့ကြရတယ်။ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ဝေးရာ နေရာဒေသသစ်မှာအခြေချနေထိုင်အောင်မြင်ရတတ်ပါတယ်။ နိုင်ငံရပ်ခြားမှာ နိုင်ငံသားအဖြစ်ခံယူပြီး မွေးရပ်မြေကို အပြီးစွန့်ခွာသွားကြသူတွေထဲမှာ 6ဂဏန်းသမားတွေက ရာခိုင်နှုန်းတော် တော်များတာကိုတွေ့ရပါတယ်။ လူမျိုးခြား၊နိုင်ငံခြားသား၊ဘာသာခြားတွေနဲ့ စပ်တူလုပ်ကိုင်ရင်း ဘဝအောင်မြင်မှု တွေကိုပိုမိုရရှိနိုင်ကြတဲ့သူမျိုးတွေပါပဲ။
6ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 15ရက်၊ 24ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 6ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေ လိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။6ရက်နေ့မွေးသူတွေဟာ ရုပ်မချောရင်တောင်မှ ချစ်မွှေးပါတဲ့ဥပဓိရုပ်ရည်မျိုးရှိတတ်ကြပါတယ်။ သူများတွေရဲ့အခက်အခဲတွေကို မိမိအခက် အခဲလို့သဘာထားပြီးကူညီဖြေရှင်းပေးတတ်ကြပါတယ်။ လူတစ်ဖက်သားအပေါ်မှာလဲ အလွန်မှပဲယုံကြည်စိတ်ချ လွယ်တဲ့သူပါပဲ။ဒါကြောင့်ယုံကြည်မှုကို အခွင့်ကောင်းယူပြီးတော့ မိမိအပေါ်အမြတ်ထုတ်သွားတာကိုလဲအမြဲခံရ တတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းအပေါ်မှာလဲ အရမ်းခင်မင်တတ်ကြသူတွေပါပဲ။ သူတို့ရဲ့လိုအပ်ချက်တွေကိုလဲ တတ်နိုင်သလောက်ဖြည့်ဆည်းပေးတတ်ကြသူတွေပါပဲ။ ဒါပေမဲ့လဲ သူတို့အပေါ်ကောင်းတဲ့သူတွေကတော့အလွန် ရှားပါတယ်။ ဘဝအနိမ့်အမြင့်အတတ်အကျနည်းပြီးတော့ လှိုင်းမထန်ဘဲ ရေပြင်ညီလိုဖြစ်နေတတ်တဲ့ဘဝတွေပါပဲ။ ကြေကွဲဝမ်းနည်းစရာကိစ္စတွေကိုလဲ အခြားသူတွေကိုထုတ်ဖော်ပြောလေ့မရှိဘဲ ကြိတ်ခံစားတတ်သူတွေပါပဲ။
15ရက်နေ့မွေးဖွားကြသူတွေဟာ အလှအပအနုအရွတွေကို ကြိုက်နှစ်သက်ကြသူတွေပါပဲ။အချစ်စစ်ကို တန်ဖိုးထားမြတ်နိုးကြသူတွေပဲဖြစ်ကြပါတယ်။ မိမိရဲ့မိသားစုကိုခင်မင်မြတ်နိုးတတ်ကြသလို သဘာဝရဲ့အလှတရား တွေကိုလဲ မြတ်နိုးခံစားတတ်ကြသူတွေပါပဲ။ရိုးသားဖြောင့်မတ် တည်ကြည်ကြတယ်။ မိမိအိမ်ထောင်ဘက်နှင့် သားသမီးတွေတိုးတတ်ဖို့ အမြဲရှေ့ရှူလုပ်ဆောင်နေတတ်သူများပဲဖြစ်ကြပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာ အနစ်နာခံတတ်ကြပါတယ်။ ပေးဆပ်မှုသက်သက်နဲ့ရှင်သန်နေထိုင်ကြသူများလဲဖြစ်ကြပါတယ်။
24ရက်နေ့မွေးသူတွေဟာ အောင်မြင်တဲ့လုပ်ငန်းရှင်များအဖြစ် အများအပြားတွေရပါတယ်။ သူတို့တွေဟာ လူမှုဆက်ဆံရေးအလွန်ကောင်းပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ဥပဓိရုပ်ရည်ကိုလဲ ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။ leadership skill ကောင်းကြပြီးလူအများကို ကိုယ့်ဘက်ပါအောင်စည်းရုံးသိမ်းသွင်းတဲ့နေရာမှာသူမတူအောင် တော်တာကိုတွေ့ရပါတယ်။ 24ရက်နေ့မွေးသူတွေဟာ ထင်ပေါ်လိုစိတ်၊ကျော်ကြားလိုစိတ်လဲပြင်းထန်ကြတာကို တွေ့ရပါတယ်။ဖင်ပေါ့ပြီး သွက်လက်မြန်ဆန်စွာလုပ်ကိုင်နိုင်တာကြောင့် အထက်လူကြီးတွေရဲ့အားထားခြင်းကိုလဲ ခံရတတ်သူတွေပါပဲ။ လိင်ကိစ္စမှာလဲ အခြား6ဂဏန်းသမားတွေထက် စိတ်အားထက်သန်ကြပြီး အချစ်ရေး အိမ်ထောင်ရေးတွေမှာလဲ ရှုပ်ထွေးမှုတွေများပြားတတ်ကြသူတွေပါပဲ။
6ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 3ဂဏန်း၊6ဂဏန်းနှင့် 9ဂဏန်းသမား တွေပဲဖြစ်ပါတယ်။ 1ဂဏန်း၊2ဂဏန်း၊4ဂဏန်းနှင့် 8ဂဏန်းသမားတွေကတော့ 6ဂဏန်းသမားတွေကို ဆိုးကျိုးပေး နိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း1၊2၊4၊8ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ ကားနံပါတ်အိမ်နံပါတ် တွေဆိုလဲ 1၊2၊4၊8ပါရင်၊ ပေါင်းခြင်း1/2/4/8ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေး သွားနိုင် မယ်လို့ထင်ပါတယ်ဗျ။ 5ဂဏန်းနှင့် 7ဂဏန်း သမားတွေကတော့ 6ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
6ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။

5ဂဏန်းသမားများအကြောင်း

5ဂဏန်းသမားများအကြောင်း

5ဂဏန်းသမားဆိုတာကမည်သည့်လတွင်မဆို 5ရက်၊14ရက်၊23ရက်နေ့တွေမှာ မွေးဖွားသူတွေ ဟာ 5ဂဏန်းသမားတွေပဲဖြစ်ပါတယ်။
5ဂဏန်းသမားဆိုတာ နေစင်္ကြာဝဠာအတွင်း ဗုဒ္ဓဟူးဂြိုဟ်ပိုင်တဲ့ ဂဏန်းတစ်ခုပါပဲ။ ဓာတ်သဘောအရ ဒွေးဒဟ ဓာတ်၊ လေ ဓာတ်လဲဖြစ်ပါတယ်။ 5ဂဏန်းဟာ ဂဏန်း ၉လုံးမှာ အလယ်တည့်တည့်က ဂဏန်းဖြစ်ပါတယ်။ သူ့ရှေ့မှာ 1ကနေ 4ရှိသလို သူ့အနောက်မှာလဲ 6ကနေ 9အထိရှိတာကိုတွေ့ရပါလိမ့်မယ်။
စရိုက်လက္ခဏာ
ဒီဂဏန်းသမားတွေကို အခြားဂဏန်းတွေရဲ့ ဗဟိုချက်မှာရှိတဲ့ဂဏန်းဖြစ်တာကြောင့် သမာသမတ်ကျခြင်း၊ မျှတခြင်း၊ဟန်ချက်ညီခြင်းနှင့်ဘက်မလိုက်ခြင်းစတဲ့ အချက်တွေကိုအခြေခံပါတယ်။ ဗုဒ္ဓဂြိုဟ် မာကျူရီပိုင်စိုးတာ ကြောင့် 5ဂဏန်းသမားတော်တော်များများက လွတ်လပ်မှုကိုကြိုက်တယ်။ အချုပ်ချယ်ခံဘ၀ သူများလက်အောက် ခံဘဝကိုမနေလိုကြဘူး။ ဒါကြောင့်ပဲ စည်းကမ်းတွေ၊ဖိအားတွေများတဲ့ကိစ္စတွေဆိုရှောင်ပြေးကြတာများပါတယ်။ ဆင်းရဲအပင်ပန်းခံပြီးဇွဲကြီးကြီးနဲ့လုပ်ရမယ်ဆိုရင်တော့ သူတို့က ထိုကိစ္စတွေကိုစိတ်မဝင်စားတတ်ကြဘူး။ မျှတတဲ့ စိတ်အခြေခံရှိကြပါတယ်။ ဉာဏ်ပညာမြင့်မားပြီး သိလွယ်တတ်လွယ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်ထင်ရှားသူတွေပါပဲ။ ဉာဏ်ကောင်းပေမဲ့ ဝီရိယနည်းပါးတာကိုတွေ့ရပါတယ်။ ဆုံးဖြတ်ချက်တွေ မခိုင်မာတာတွေကိုတွေ့ရပါတယ်။ အပြောင်းအလဲ မကြာခဏဖြစ်လွယ်ပါတယ်။ တစ်ခါတလေကျရင် တစ်ပွဲထိုးအောင်မြင်ချင် စိတ်တွေ ဖြတ်လမ်းလိုက်ချင်စိတ်တွေဖြစ်လာတတ်ပါတယ်။ ကောင်းတာတစ်ခုက အခြေအနေအချိန်အခါကိုကြည့် ပြီး လိုက်လျောညီထွေနေထိုင်တတ်သောအရည်အချင်းရှိပါတယ်။ စကားပြောကောင်းကြတယ်။ လူတစ်ဖက်သား ကိုနားဝင်အောင်ပြောတတ်တဲ့သူတွေပါပဲ။ ကတိလွယ်လွယ်ပေးတတ်ပြီး ကတိမတည်ကြသူတွေပါပဲ။ ဒါအပြင် စိတ်ထဲအမှတ်အတေးနည်းပြီး အရာရာကိုပြီးလွယ်ပျောက်လွယ် မေ့လွယ်တတ်ကြသူတွေပါပဲ။ ဖြတ်ထိုးဉာဏ်လဲ ကောင်းကြပါတယ်။ လူဆိုးနဲ့ပဲဖြစ်ဖြစ် လူကောင်းနဲ့ပဲဖြစ်ဖြစ်လိုက်ရောညီထွေနေတတ်ကြသူတွေပါပဲ။ သူတစ်ပါးကို လွှမ်းလိုစိတ် သြဇာပေးလိုစိတ်မရှိကြပါဘူး။ ပြဿနာတွေကိုရှောင်ရှားသွားတတ်ကြပါတယ်။ ဒါကြောင့်5ဂဏန်း သမားတွေက ရန်ဖြစ်တာသိပ်မတွေ့ရပါဘူး။ စည်းကမ်းတွေ အမိန့်တွေကို သူများတွေကိုမပေးတတ်ကြသလို မိမိ ကိုလာပြီး အမိန့်ပေးစေခိုင်းရင်လဲ မကြိုက်တတ်ကြပါဘူး။
စီးပွားရေးနဲ့ အလုပ်အကိုင်
ဒီ5ဂဏန်းတော်တော် များများဟာ Communication skill အလွန်ကောင်းကြပါတယ်။ ဒါကြောင့် အရောင်းမြှင့်တင့်ရေးတာဝန်ခံ၊sale&cs အလုပ်များ၊သတင်းတင်ဆက်သူ၊ ဆက်သွယ်ရေး၊ဝန်ဆောင်မှုနှင့်ဖြန့်ချီ ရေးလုပ်ငန်းများ၊presenter စတဲ့အလုပ်တွေလုပ်ကိုင်လို့အထူးသင့်လျော်ပါတယ်။ အကျိုးလဲပေးပါတယ်။ ဖုန်း၊အင်တာနက်၊စာနယ်ဇင်း၊ပုံနှိပ်လုပ်ငန်း၊မီဒီယာနှင့် ရုပ်သံလွှင့်လုပ်ငန်းများ၊ ပွဲစားအလုပ်၊ဘိသိက်ဆရာ၊ အောင်မြင်ရေးဟောပြောပွဲဆရာ၊စတော့ရှယ်ယာလုပ်ငန်းများလဲ ဆောင်ရွက်လို့သင့်တော်ပါတယ်။ 5ဂဏန်းသမား တွေဟာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ကိုင်လိုစိတ် နည်းပါးတာကြောင့် လခစားအလုပ်များ၊ဝန်ထမ်းအလုပ်များ အဆင်မပြေဘူး။ လုပ်မိတယ်ဆို ခဏခဏပြောင်းနေရတာနဲ့ပဲ အသက်ကြီးသွားလိမ့်မယ်။ ကိုယ်ပိုင်အလုပ်မျိုးတွေ ပိုမိုကောင်းမွန်ပါတယ်။ ကိုယ်မှာက ဆက်ဆံရေးကောင်းတဲ့ talent တစ်ခုရှိတာဆိုတော့ ထိုtalent ကိုပျိုးထောင် သွားမယ်ဆိုအောင်မြင်တဲ့သူတစ်ဦးဖြစ်လာပါလိမ့်မယ်။
ချစ်မှုရေးရာနှင့်အိမ်ထောင်ရေးကဏ္ဍ
အချစ်ရေးမှာတော့ သိပ်မလေးနက်ဘူးလို့ပြောရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မူလဇာတာကိုယ်က ခံစား ချက်ကမပြင်းထန်ဘူးဗျာ။အိမ်ထောင်ရေးဘက်မှာလဲ မိမိကအိမ်တွင်းပုန်းမဟုတ်ဘဲ အပြင်များအနေများလေ့ရှိတာ ကြောင့် အသစ်အဆန်းတွေ့ပြီးတော့ လက်ရှိအိမ်ထောင်ဘက်ကို ရိုးအီလွယ်တာမျိုးတွေ့ရပါတယ်။ အသစ်အဆန်း မက်မောတာ၊ အသစ်အသစ်တွေကိုလိုချင်နေတဲ့စိတ်ရှိတယ်ဗျာ။ဒါကြောင့်ပဲ အိမ်ထောင်ရေးမှာအဆင်ပြေမှုနည်း တတ်ပြီးတော့ အခန့်မသင့်ရင်အိမ်ထောင်ဆက်များသွားလိမ့်မယ်။ ကောင်းတာတစ်ခုက သားသမီးများအပေါ်တွင် ချစ်ခင်ခြင်း၊တာဝန်ကျေခြင်းများရှိတတ်ကြတယ်။ အိမ်ထောင်ဘက်တိမ်းပါးသွားရင်တောင် သားသမီးတွေကိုလူ တစ်လုံးသူတစ်လုံးဖြစ်အောင်မွေးမယ်ဆိုတဲ့ စိတ်မျိုးပေ့ါဗျာ။ 5ဂဏန်းသမားတွေကတော့ အပြောအဆိုညက်ညော တဲ့အတွက်ကိုယ်လုပ်ချင်တာတွေကို အိမ်ထောင်ဘက်လက်ခံလာအောင် စည်းရုံးသိမ်းသွင်းနိုင်ပါလိမ့်မယ်။ အခြား ဂဏန်းဖွားတွေထက်စာရင်တော့ အိမ်ထောင်ဘက်အပေါ်သဘောထားကြီးကြသူတွေများပါတယ်။ 5ဂဏန်းသမား တွေက မိမိကိုယ်ချစ်တဲ့သူကိုရတတ်တယ်ဗျာ။ကိုယ်ချစ်ထက်သူချစ်ကိုရှာမယ်ဆို အချစ်ရေးအိမ်ထောင်ရေးသာ ယာမယ်ပေါ့ဗျာ ။ နောက်ပြီးအိမ်ထောင်ရေးမှာ 5ဂဏန်းသမားတွေကဦးဆောင်လိုစိတ်ရှိကြတယ်ဗျာ။ဒါကြောင့်ပဲ 5ဂဏန်းသမားတွေကို လက်တွဲမဲ့သူတွေက နောက်ကလိုက်မှအဆင်ပြေလိမ့်မယ်။ အချစ်ရေး၊အိမ်ထောင်ရေးတွေ မှာ လမ်းခွဲရပြီဆိုရင်လဲ ခဏတော့ခံစားတတ်ပြီး နောက်ပိုင်းကျရင်မေ့မေ့ပျောက်ပျောက်နေနိုင်သွားကြတယ်။ အစွဲအလမ်းမကြီးကြဘူးပေါ့ဗျာ။ အိမ်ထောင်ပြုတဲ့အခါကျရင် ကိုယ်ချစ်တာထက် ပိုချစ်တဲ့သူကို လက်တွဲပါလို့ ပြောကြားလိုပါတယ်ဗျာ။
ကျန်းမာရေး နှင့် အသက်ဇီဝ
ကျန်းမာရေးနဲ့ပက်သက်ရင် 5ဂဏန်းသမားတွေဟာ ”သင့်”အဆင့်မှာပဲရှိကြပါတယ်။ အရမ်းကြီးခံနေတာ မျိုးမဟုတ်သလို ကျန်းမာရေးဒေါင်ဒေါင်မြည်နေတာမျိုးလဲ မဟုတ်ပါဘူး။ ကျန်းမာရေးလိုက်စားမှုလဲနည်းတတ်ကြ သူတွေပါပဲ။ဒါကြောင့်ပဲ အနေအထိုင်အစားအသောက် မဆင်ခြင်လု့ိဖြစ်ရတဲ့ရောဂါတွေရတတ်ပါတယ်။ အစာအိမ် ရောဂါ၊အစာလမ်းကြောင်းနဲ့ပက်သက်သောရောဂါများ၊ သွေးတိုးရောဂါ၊နှလုံးရောဂါတွေနှင့် အသည်းအဆီဖုံးရောဂါ တွေကိုဂရုစိုက်အပ်ပါတယ်။ ဒါအပြင် ဦးနှောက်အာရုံကြောရောဂါများ၊မျိုးပွားအင်္ဂါများတွင် ဖြစ်တတ်သောရောဂါ များသတိထားသင့်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီးနောက်ထပ် သတိထားရမှာက ဇက်ကြောထိုးတာ၊ အအေးကြောင့်ဖြစ်ရတဲ့ရောဂါတွေသတိထားပါ။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
ဒီ5ဂဏန်းသမားတွေရဲ့ဘဝကံကြမ္မာက သူတို့ရဲ့စိတ်နေစိတ်ထား အကျင့်စရိုက်နှင့် အပြုအမူတွေပေါ် မူတည်ပြီးတော့လဲ အပြောင်းအလဲဖြစ်နိုင်ပါတယ်။ ဆက်ဆံရေးကောင်းပေမဲ့ ကတိလွယ်လွယ်ပေးတတ်တာမျိုး တွေ၊ပြီးစလွယ်ပြောတာတွေ၊ မသေချာဘဲ အာမခံရဲတာတွေလုပ်တတ်သော်လည်း တကယ့်လက်တွေ့မှာ မတည်ကြည်မှုတွေများလာတာကြောင့် လူယုံကြည်မှုတွေနည်းလာတယ်။ နာမည်ပျက်လာတယ်။ ကြာရင်စီးပွား ရေးကိုပါထိခိုက်သွားတာမျိုးတွေတွေ့လာရပါတယ်။ ဒါကြောင့်ပဲ ပေါ့ပေါ့ပြော၊ပေါ့ပေါ့နေ၊ပေါ့ပေါ့စားတဲ့စရိုက်တွေကို ပြင်ပြီး ကတိတည်ပြီး တာဝန်ယူမှု၊တာဝန်ခံမှုတွေရှိမှပဲ ဘဝအောင်မြင်မှုတွေကိုရလာပါလိမ့်မယ်။အဲလိုမှမဟုတ်ဘဲ သာမန်အလယ်အလတ်တန်းစားဘဝနဲ့ပဲ ဘဝနိဂုံးချုပ်သွားရတတ်ပါတယ်။ တစ်ခုကောင်းတာက အိမ်ထောင်ကျ ပြီးရင် ကြီးပွားချမ်းသာနိုင်တဲ့ကံလေးလဲ တွေ့ရပါတယ်။ကံဆိုးတာတစ်ခုက ဒီ၅ဂဏန်းသမားတွေဆိုးနေပြီဆိုရင် ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းဆုံးမလို့မရဘူး။ မိမိကိုယ်တိုင်သံဝေဂရမှပဲပြုပြင်ပြောင်းလဲကြသူတွေပါပဲ။ ကောင်းနေ တဲ့သူကိုလဲ ဖျက်ဆီးဖို့ကမလွယ်ကြပါဘူး။ဒါကြောင့် 5ဂဏန်းသမားတွေက အပေါင်းအသင်းမကောင်းလို့ ပျက်စီးရတယ်ဆိုတာမျိုးတော့အလွန်ရှားပါတယ်။ မနှောမြောတတ်ဘူး။ လက်ဖွာသူတွေများတယ်။ အလွယ်တကူ ပဲစွန့်ကြဲပေးကမ်းတတ်ကြတယ်။ အကောင်းစားအသုံးအဆောင်တွေ၊အကောင်းစားဇိမ်ခံပစ္စည်းတွေကိုတော့ မက်မောတတ်ကြပါတယ်။ ငယ်ရွယ်စဉ်မှာ စကားပြောကောင်းတာကြောင့် စန်းပွင့်ပြီးရည်းစားများရတတ်ပါတယ်။ ဒါကြောင့်ပဲဘဝအောင်မြင်ရေးတွေမှာ နှောင့်နှေးရတတ်ပါတယ်။
5ရက်နေ့မွေးသူတွေဟာ အခြားထီတည်းဂဏန်းသမားတွေလို အထီးကျန်မဆန်ကြဘူးဗျာ။ အားလုံးနဲ့ အဆင်ပြေအောင်နေထိုင်တတ်ပြီး ဘဝနေဝင်ချိန်ထိ မြေးမြစ်တွေနဲ့အဆင်ပြေအောင်နေထိုင်တတ်ကြသူတွေများ ပါတယ်။ပေးကမ်းစွန့်ကြဲတတ်ကြသလို ရက်ရောသဘောကောင်းတာမျိုးလဲ ဖြစ်ရတတ်ပါတယ်။လူ့အခွင့်အရေးကို လေးစားလိုက်နာကြတယ်။ ဘဝကိုစိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကြတတ်ပါတယ်။ အပျော်လွန်ရာကနေ အပျော်ကြူးတဲ့အဆင့်ကိုရောက်သွားနိုင်တာကိုတော့ သတိပြုဆင်ခြင်ပါဗျာ။
14ရက်နေ့မွေးသူတွေဟာ လူကောင်းလူဖြောင့်တွေများပါတယ်။ အပေါင်းအသင်းသူငယ်ချင်းအပေါ်မှာလဲ အနစ်နာခံတတ်ကြသူတွေများပါတယ်။ မိတ်ဆွေသူငယ်ချင်းအပေါ်အရမ်းခင်မင်ပြီဆိုရင် လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးကိုတောင်ချွတ်ပြီးကူညီတတ်ကြသူတွေပါပဲ။ ထက်မြက်တယ်။ တော်တယ်။ ဒါပေမဲ့သြဇာပေးလိုစိတ်၊ဆရာ လုပ်ချင်စိတ်တွေရှိကြတယ်။ အထက်တန်းကျကျလဲ နေထိုင်လိုစိတ်ရှိကြပါတယ်။ ကောင်းတာတစ်ခုကသြဇာရှိတဲ့ သူတွေ အာဏာရှိတဲ့သူတွေနဲ့အကျွမ်းတဝင်ရှိတတ်ကြတယ်။ ထိုသူတွေရဲ့အကူအညီနဲ့ပဲ ဘဝတတ်လမ်းကိုရှာလို ကရှာနိုင်ကြပါတယ်။ ဒါပေမဲ့ 14ရက်နေ့မွေးသူတွေဟာ အခြား5ဂဏန်းသမားတွေထက် ပိုပြီးအတိုက်အခံရန်များ ကြတယ်။ မနာလိုသူတွေများတယ်။
23ရက်နေ့မွေးသူတွေဟာ အခြား5ဂဏန်းတွေနဲ့ယှဉ်ရင်အကောင်းဆုံးလို့ပြောလို့ရတယ်။ ချမ်းသာကြာတာ ကောင်းစားကြတာများပါတယ်။23ရက်နေ့မွေးတဲ့ အမျိုးသမီးတွေဟာလင်ကောင်းသားကောင်းရတတ်ကြပါတယ်။ ခပ်အေးအေးယောကျာ်းမျိုး၊ မိသားစုအပေါ်ချစ်ခင်မြတ်နိုးသောယောကျာ်းမျိုးတွေရတတ်ကြပါတယ်။23ရက်နေ့ မွေးတဲ့ အမျိုးသားတွေကတော့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကိုကြုံရပြီးတော့ စောလျင်စွာနဲ့အောင်မြင်မှုတွေကို ရရှိတတ်ကြပါတယ်။ ဒါပေမဲ့ 23ရက်မွေးတဲ့သူတွေဟာ ယုတ်မာလို့မသင့်ဘူး။ကောက်ကျစ်ဖို့လဲ မစဉ်းစားနဲ့။ ကိုယ် ကျင့်တရားကိုမြဲအောင်လုပ်ကြပါ။ အဲလိုမှမဟုတ်ဘဲ သူတစ်ပါးကို အနိုင့်အထက်ပြုနှိပ်စက်တာ၊ ကာမဂုဏ်ဖောက် ပြန်တာ၊ဒုစရိုက်ဆယ်ပါးကို ကျူးလွန်တာမျိုးတွေလုပ်မိရင်တော့ ကံတရားကချက်ချင်းဒုက္ခပေးတာဆိုတာကို ခံကြ ရပါလိမ့်မယ်။ 23ရက်နေ့မွေးသူတွေဟာ အခြား5ဂဏန်းတွေနဲ့မတူတာက တစ်ကိုယ်ကောင်းစိတ်များပါတယ်။ ကပ်စေးနဲတတ်တာကိုလဲ တွေ့ရပါတယ်ဗျာ။
5ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊5ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 3ဂဏန်း၊6ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 5ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း3၊6၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 3၊6၊9ပါရင်၊ ပေါင်းခြင်း 3/6/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 1ဂဏန်း၊4ဂဏန်းနှင့် 8ဂဏန်း သမားတွေကတော့ 5ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
5ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695
Zawgyi font
5ဂဏန်းသမားများအကြောင်း
5ဂဏန်းသမားဆိုတာကမည်သည့်လတွင်မဆို 5ရက်၊14ရက်၊23ရက်နေ့တွေမှာ မွေးဖွားသူတွေ ဟာ 5ဂဏန်းသမားတွေပဲဖြစ်ပါတယ်။
5ဂဏန်းသမားဆိုတာ နေစင်္ကြာဝဠာအတွင်း ဗုဒ္ဓဟူးဂြိုဟ်ပိုင်တဲ့ ဂဏန်းတစ်ခုပါပဲ။ ဓာတ်သဘောအရ ဒွေးဒဟ ဓာတ်၊ လေ ဓာတ်လဲဖြစ်ပါတယ်။ 5ဂဏန်းဟာ ဂဏန်း ၉လုံးမှာ အလယ်တည့်တည့်က ဂဏန်းဖြစ်ပါတယ်။ သူ့ရှေ့မှာ 1ကနေ 4ရှိသလို သူ့အနောက်မှာလဲ 6ကနေ 9အထိရှိတာကိုတွေ့ရပါလိမ့်မယ်။
စရိုက္လကၡဏာ
ဒီဂဏန်းသမားတွေကို အခြားဂဏန်းတွေရဲ့ ဗဟိုချက်မှာရှိတဲ့ဂဏန်းဖြစ်တာကြောင့် သမာသမတ်ကျခြင်း၊ မျှတခြင်း၊ဟန်ချက်ညီခြင်းနှင့်ဘက်မလိုက်ခြင်းစတဲ့ အချက်တွေကိုအခြေခံပါတယ်။ ဗုဒ္ဓဂြိုဟ် မာကျူရီပိုင်စိုးတာ ကြောင့် 5ဂဏန်းသမားတော်တော်များများက လွတ်လပ်မှုကိုကြိုက်တယ်။ အချုပ်ချယ်ခံဘဝ သူများလက်အောက် ခံဘဝကိုမနေလိုကြဘူး။ ဒါကြောင့်ပဲ စည်းကမ်းတွေ၊ဖိအားတွေများတဲ့ကိစ္စတွေဆိုရှောင်ပြေးကြတာများပါတယ်။ ဆင်းရဲအပင်ပန်းခံပြီးဇွဲကြီးကြီးနဲ့လုပ်ရမယ်ဆိုရင်တော့ သူတို့က ထိုကိစ္စတွေကိုစိတ်မဝင်စားတတ်ကြဘူး။ မျှတတဲ့ စိတ်အခြေခံရှိကြပါတယ်။ ဉာဏ်ပညာမြင့်မားပြီး သိလွယ်တတ်လွယ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်ထင်ရှားသူတွေပါပဲ။ ဉာဏ်ကောင်းပေမဲ့ ဝီရိယနည်းပါးတာကိုတွေ့ရပါတယ်။ ဆုံးဖြတ်ချက်တွေ မခိုင်မာ တွေကိုတွေ့ရပါတယ်။ အပြောင်းအလဲ မကြာခဏဖြစ်လွယ်ပါတယ်။ တစ်ခါတလေကျရင် တစ်ပွဲထိုးအောင်မြင်ချင် စိတ်တွေ ဖြတ်လမ်းလိုက်ချင်စိတ်တွေဖြစ်လာတတ်ပါတယ်။ ကောင်းတာတစ်ခုက အခြေအနေအချိန်အခါကိုကြည့် ပြီး လိုက်လျောညီထွေနေထိုင်တတ်သောအရည်အချင်းရှိပါတယ်။ စကားပြောကောင်းကြတယ်။ လူတစ်ဖက်သား ကိုနားဝင်အောင်ပြောတတ်တဲ့သူတွေပါပဲ။ ကတိလွယ်လွယ်ပေးတတ်ပြီး ကတိမတည်ကြသူတွေပါပဲ။ ဒါအပြင် စိတ်ထဲအမှတ်အတေးနည်းပြီး အရာရာကိုပြီးလွယ်ပျောက်လွယ် မေ့လွယ်တတ်ကြသူတွေပါပဲ။ ဖြတ်ထိုးဉာဏ်လဲ ကောင်းကြပါတယ်။ လူဆိုးနဲ့ပဲဖြစ်ဖြစ် လူကောင်းနဲ့ပဲဖြစ်ဖြစ်လိုက်ရောညီထွေနေတတ်ကြသူတွေပါပဲ။ သူတစ်ပါးကို လွှမ်းလိုစိတ် သြဇာပေးလိုစိတ်မရှိကြပါဘူး။ ပြဿနာတွေကိုရှောင်ရှားသွားတတ်ကြပါတယ်။ ဒါကြောင့်5ဂဏန်း သမားတွေက ရန်ဖြစ်တာသိပ်မတွေ့ရပါဘူး။ စည်းကမ်းတွေ အမိန့်တွေကို သူများတွေကိုမပေးတတ်ကြသလို မိမိ ကိုလာပြီး အမိန့်ပေးစေခိုင်းရင်လဲ မကြိုက်တတ်ကြပါဘူး။
စီးပွားရေးနဲ့ အလုပ်အကိုင်
ဒီ5ဂဏန်းတော်တော် များများဟာ Communication skill အလွန်ကောင်းကြပါတယ်။ ဒါကြောင့် အရောင်းမြှင့်တင့်ရေးတာဝန်ခံ၊sale&cs အလုပ်များ၊သတင်းတင်ဆက်သူ၊ ဆက်သွယ်ရေး၊ဝန်ဆောင်မှုနှင့်ဖြန့်ချီ ရေးလုပ်ငန်းများ၊presenter စတဲ့အလုပ်တွေလုပ်ကိုင်လို့အထူးသင့်လျော်ပါတယ်။ အကျိုးလဲပေးပါတယ်။ ဖုန်း၊အင်တာနက်၊စာနယ်ဇင်း၊ပုံနှိပ်လုပ်ငန်း၊မီဒီယာနှင့် ရုပ်သံလွှင့်လုပ်ငန်းများ၊ ပွဲစားအလုပ်၊ဘိသိက်ဆရာ၊ အောင်မြင်ရေးဟောပြောပွဲဆရာ၊စတော့ရှယ်ယာလုပ်ငန်းများလဲ ဆောင်ရွက်လို့သင့်တော်ပါတယ်။ 5ဂဏန်းသမား တွေဟာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ကိုင်လိုစိတ် နည်းပါးတာကြောင့် လခစားအလုပ်များ၊ဝန်ထမ်းအလုပ်များ အဆင်မပြေဘူး။ လုပ်မိတယ်ဆို ခဏခဏပြောင်းနေရတာနဲ့ပဲ အသက်ကြီးသွားလိမ့်မယ်။ ကိုယ်ပိုင်အလုပ်မျိုးတွေ ပိုမိုကောင်းမွန်ပါတယ်။ ကိုယ်မှာက ဆက်ဆံရေးကောင်းတဲ့ talent တစ်ခုရှိတာဆိုတော့ ထိုtalent ကိုပျိုးထောင် သွားမယ်ဆိုအောင်မြင်တဲ့သူတစ်ဦးဖြစ်လာပါလိမ့်မယ်။
ချစ်မှုရေးရာနှင့်အိမ်ထောင်ရေးကဏ္ဍ
အချစ်ရေးမှာတော့ သိပ်မလေးနက်ဘူးလို့ပြောရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မူလဇာတာကိုယ်က ခံစား ချက်ကမပြင်းထန်ဘူးဗျာ။အိမ်ထောင်ရေးဘက်မှာလဲ မိမိကအိမ်တွင်းပုန်းမဟုတ်ဘဲ အပြင်များအနေများလေ့ရှိတာ ကြောင့် အသစ်အဆန်းတွေ့ပြီးတော့ လက်ရှိအိမ်ထောင်ဘက်ကို ရိုးအီလွယ်တာမျိုးတွေ့ရပါတယ်။ အသစ်အဆန်း မက်မောတာ၊ အသစ်အသစ်တွေကိုလိုချင်နေတဲ့စိတ်ရှိတယ်ဗျာ။ဒါကြောင့်ပဲ အိမ်ထောင်ရေးမှာအဆင်ပြေမှုနည်း တတ်ပြီးတော့ အခန့်မသင့်ရင်အိမ်ထောင်ဆက်များသွားလိမ့်မယ်။ ကောင်းတာတစ်ခုက သားသမီးများအပေါ်တွင် ချစ်ခင်ခြင်း၊တာဝန်ကျေခြင်းများရှိတတ်ကြတယ်။ အိမ်ထောင်ဘက်တိမ်းပါးသွားရင်တောင် သားသမီးတွေကိုလူ တစ်လုံးသူတစ်လုံးဖြစ်အောင်မွေးမယ်ဆိုတဲ့ စိတ်မျိုးပေ့ါဗျာ။ 5ဂဏန်းသမားတွေကတော့ အပြောအဆိုညက်ညော တဲ့အတွက်ကိုယ်လုပ်ချင်တာတွေကို အိမ်ထောင်ဘက်လက်ခံလာအောင် စည်းရုံးသိမ်းသွင်းနိုင်ပါလိမ့်မယ်။ အခြား ဂဏန်းဖွားတွေထက်စာရင်တော့ အိမ်ထောင်ဘက်အပေါ်သဘောထားကြီးကြသူတွေများပါတယ်။ 5ဂဏန်းသမား တွေက မိမိကိုယ်ချစ်တဲ့သူကိုရတတ်တယ်ဗျာ။ကိုယ်ချစ်ထက်သူချစ်ကိုရှာမယ်ဆို အချစ်ရေးအိမ်ထောင်ရေးသာ ယာမယ်ပေါ့ဗျာ ။ နောက်ပြီးအိမ်ထောင်ရေးမှာ 5ဂဏန်းသမားတွေကဦးဆောင်လိုစိတ်ရှိကြတယ်ဗျာ။ဒါကြောင့်ပဲ 5ဂဏန်းသမားတွေကို လက်တွဲမဲ့သူတွေက နောက်ကလိုက်မှအဆင်ပြေလိမ့်မယ်။ အချစ်ရေး၊အိမ်ထောင်ရေးတွေ မှာ လမ်းခွဲရပြီဆိုရင်လဲ ခဏတော့ခံစားတတ်ပြီး နောက်ပိုင်းကျရင်မေ့မေ့ပျောက်ပျောက်နေနိုင်သွားကြတယ်။ အစွဲအလမ်းမကြီးကြဘူးပေါ့ဗျာ။ အိမ်ထောင်ပြုတဲ့အခါကျရင် ကိုယ်ချစ်တာထက် ပိုချစ်တဲ့သူကို လက်တွဲပါလို့ ပြောကြားလိုပါတယ်ဗျာ။
ကျန်းမာရေး နှင့် အသက်ဇီဝ
ကျန်းမာရေးနဲ့ပက်သက်ရင် 5ဂဏန်းသမားတွေဟာ ”သင့်”အဆင့်မှာပဲရှိကြပါတယ်။ အရမ်းကြီးခံနေတာ မျိုးမဟုတ်သလို ကျန်းမာရေးဒေါင်ဒေါင်မြည်နေတာမျိုးလဲ မဟုတ်ပါဘူး။ ကျန်းမာရေးလိုက်စားမှုလဲနည်းတတ်ကြ သူတွေပါပဲ။ဒါကြောင့်ပဲ အနေအထိုင်အစားအသောက် မဆင်ခြင်လို့ဖြစ်ရတဲ့ရောဂါတွေရတတ်ပါတယ်။ အစာအိမ် ရောဂါ၊အစာလမ်းကြောင်းနဲ့ပက်သက်သောရောဂါများ၊ သွေးတိုးရောဂါ၊နှလုံးရောဂါတွေနှင့် အသည်းအဆီဖုံးရောဂါ တွေကိုဂရုစိုက်အပ်ပါတယ်။ ဒါအပြင် ဦးနှောက်အာရုံကြောရောဂါများ၊မျိုးပွားအင်္ဂါများတွင် ဖြစ်တတ်သောရောဂါ များသတိထားသင့်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီးနောက်ထပ် သတိထားရမှာက ဇက်ကြောထိုးတာ၊ အအေးကြောင့်ဖြစ်ရတဲ့ရောဂါတွေသတိထားပါ။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
ဒီ5ဂဏန်းသမားတွေရဲ့ဘဝကံကြမ္မာက သူတို့ရဲ့စိတ်နေစိတ်ထား အကျင့်စရိုက်နှင့် အပြုအမူတွေပေါ် မူတည်ပြီးတော့လဲ အပြောင်းအလဲဖြစ်နိုင်ပါတယ်။ ဆက်ဆံရေးကောင်းပေမဲ့ ကတိလွယ်လွယ်ပေးတတ်တာမျိုး တွေ၊ပြီးစလွယ်ပြောတာတွေ၊ မသေချာဘဲ အာမခံရဲတာတွေလုပ်တတ်သော်လည်း တကယ့်လက်တွေ့မှာ မတည်ကြည်မှုတွေများလာတာကြောင့် လူယုံကြည်မှုတွေနည်းလာတယ်။ နာမည်ပျက်လာတယ်။ ကြာရင်စီးပွား ရေးကိုပါထိခိုက်သွားတာမျိုးတွေတွေ့လာရပါတယ်။ ဒါကြောင့်ပဲ ပေါ့ပေါ့ပြော၊ပေါ့ပေါ့နေ၊ပေါ့ပေါ့စားတဲ့စရိုက်တွေကို ပြင်ပြီး ကတိတည်ပြီး တာဝန်ယူမှု၊တာဝန်ခံမှုတွေရှိမှပဲ ဘဝအောင်မြင်မှုတွေကိုရလာပါလိမ့်မယ်။အဲလိုမှမဟုတ်ဘဲ သာမန်အလယ်အလတ်တန်းစားဘဝနဲ့ပဲ ဘဝနိဂုံးချုပ်သွားရတတ်ပါတယ်။ တစ်ခုကောင်းတာက အိမ်ထောင်ကျ ပြီးရင် ကြီးပွားချမ်းသာနိုင်တဲ့ကံလေးလဲ တွေ့ရပါတယ်။ကံဆိုးတာတစ်ခုက ဒီ၅ဂဏန်းသမားတွေဆိုးနေပြီဆိုရင် ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းဆုံးမလို့မရဘူး။ မိမိကိုယ်တိုင်သံဝေဂရမှပဲပြုပြင်ပြောင်းလဲကြသူတွေပါပဲ။ ကောင်းနေ တဲ့သူကိုလဲ ဖျက်ဆီးဖို့ကမလွယ်ကြပါဘူး။ဒါကြောင့် 5ဂဏန်းသမားတွေက အပေါင်းအသင်းမကောင်းလို့ ပျက်စီးရတယ်ဆိုတာမျိုးတော့အလွန်ရှားပါတယ်။ မနှောမြောတတ်ဘူး။ လက်ဖွာသူတွေများတယ်။ အလွယ်တကူ ပဲစွန့်ကြဲပေးကမ်းတတ်ကြတယ်။ အကောင်းစားအသုံးအဆောင်တွေ၊အကောင်းစားဇိမ်ခံပစ္စည်းတွေကိုတော့ မက်မောတတ်ကြပါတယ်။ ငယ်ရွယ်စဉ်မှာ စကားပြောကောင်းတာကြောင့် စန်းပွင့်ပြီးရည်းစားများရတတ်ပါတယ်။ ဒါကြောင့်ပဲဘဝအောင်မြင်ရေးတွေမှာ နှောင့်နှေးရတတ်ပါတယ်။
5ရက်နေ့မွေးသူတွေဟာ အခြားထီတည်းဂဏန်းသမားတွေလို အထီးကျန်မဆန်ကြဘူးဗျာ။ အားလုံးနဲ့ အဆင်ပြေအောင်နေထိုင်တတ်ပြီး ဘဝနေဝင်ချိန်ထိ မြေးမြစ်တွေနဲ့အဆင်ပြေအောင်နေထိုင်တတ်ကြသူတွေများ ပါတယ်။ပေးကမ်းစွန့်ကြဲတတ်ကြသလို ရက်ရောသဘောကောင်းတာမျိုးလဲ ဖြစ်ရတတ်ပါတယ်။လူ့အခွင့်အရေးကို လေးစားလိုက်နာကြတယ်။ ဘဝကိုစိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကြတတ်ပါတယ်။ အပျော်လွန်ရာကနေ အပျော်ကြူးတဲ့အဆင့်ကိုရောက်သွားနိုင်တာကိုတော့ သတိပြုဆင်ခြင်ပါဗျာ။
14ရက်နေ့မွေးသူတွေဟာ လူကောင်းလူဖြောင့်တွေများပါတယ်။ အပေါင်းအသင်းသူငယ်ချင်းအပေါ်မှာလဲ အနစ်နာခံတတ်ကြသူတွေများပါတယ်။ မိတ်ဆွေသူငယ်ချင်းအပေါ်အရမ်းခင်မင်ပြီဆိုရင် လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးကိုတောင်ချွတ်ပြီးကူညီတတ်ကြသူတွေပါပဲ။ ထက်မြက်တယ်။ တော်တယ်။ ဒါပေမဲ့သြဇာပေးလိုစိတ်၊ဆရာ လုပ်ချင်စိတ်တွေရှိကြတယ်။ အထက်တန်းကျကျလဲ နေထိုင်လိုစိတ်ရှိကြပါတယ်။ ကောင်းတာတစ်ခုကသြဇာရှိတဲ့ သူတွေ အာဏာရှိတဲ့သူတွေနဲ့အကျွမ်းတဝင်ရှိတတ်ကြတယ်။ ထိုသူတွေရဲ့အကူအညီနဲ့ပဲ ဘဝတတ်လမ်းကိုရှာလို ကရှာနိုင်ကြပါတယ်။ ဒါပေမဲ့ 14ရက်နေ့မွေးသူတွေဟာ အခြား5ဂဏန်းသမားတွေထက် ပိုပြီးအတိုက်အခံရန်များ ကြတယ်။ မနာလိုသူတွေများတယ်။
23ရက်နေ့မွေးသူတွေဟာ အခြား5ဂဏန်းတွေနဲ့ယှဉ်ရင်အကောင်းဆုံးလို့ပြောလို့ရတယ်။ ချမ်းသာကြာတာ ကောင်းစားကြတာများပါတယ်။23ရက်နေ့မွေးတဲ့ အမျိုးသမီးတွေဟာလင်ကောင်းသားကောင်းရတတ်ကြပါတယ်။ ခပ်အေးအေးယောကျာ်းမျိုး၊ မိသားစုအပေါ်ချစ်ခင်မြတ်နိုးသောယောကျာ်းမျိုးတွေရတတ်ကြပါတယ်။23ရက်နေ့ မွေးတဲ့ အမျိုးသားတွေကတော့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကိုကြုံရပြီးတော့ စောလျင်စွာနဲ့အောင်မြင်မှုတွေကို ရရှိတတ်ကြပါတယ်။ ဒါပေမဲ့ 23ရက်မွေးတဲ့သူတွေဟာ ယုတ်မာလို့မသင့်ဘူး။ကောက်ကျစ်ဖို့လဲ မစဉ်းစားနဲ့။ ကိုယ် ကျင့်တရားကိုမြဲအောင်လုပ်ကြပါ။ အဲလိုမှမဟုတ်ဘဲ သူတစ်ပါးကို အနိုင့်အထက်ပြုနှိပ်စက်တာ၊ ကာမဂုဏ်ဖောက် ပြန်တာ၊ဒုစရိုက်ဆယ်ပါးကို ကျူးလွန်တာမျိုးတွေလုပ်မိရင်တော့ ကံတရားကချက်ချင်းဒုက္ခပေးတာဆိုတာကို ခံကြ ရပါလိမ့်မယ်။ 23ရက်နေ့မွေးသူတွေဟာ အခြား5ဂဏန်းတွေနဲ့မတူတာက တစ်ကိုယ်ကောင်းစိတ်များပါတယ်။ ကပ်စေးနဲတတ်တာကိုလဲ တွေ့ရပါတယ်ဗျာ။
5ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊5ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 3ဂဏန်း၊6ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 5ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း3၊6၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 3၊6၊9ပါရင်၊ ပေါင်းခြင်း 3/6/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 1ဂဏန်း၊4ဂဏန်းနှင့် 8ဂဏန်း သမားတွေကတော့ 5ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
5ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695

4ဂဏန်းသမားများအကြောင်း

4ဂဏန်းသမားဆိုတာကမည်သည့်လတွင်မဆို 4ရက်၊13ရက်၊22ရက်နှင့်31 ရက်နေ့တွေမှာ မွေးဖွားသူတွေ ဟာ 4ဂဏန်းသမားတွေပဲဖြစ်ပါတယ်။
နေစကြဝဠာရဲ့ တတိယအကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ် ပိုင်ဆိုင်တဲ့ ဂဏန်းတစ်ခုပဲဖြစ်ပါတယ်။ ဓာတ်သဘောအရလဲ အမဓာတ်ဖြစ်သလို၊ လေ ဓာတ်လဲ စိုးမိုးပါတယ်။ ဒီဂြိုဟ်ဟာ တိုးတတ်ခြင်း၊ပြောင်းလဲခြင်းနှင့် သိပ္ပံပညာတို့ကို ကိုယ်စားပြုပါတယ်။
စရိုက်လက္ခဏာ
အမြဲတမ်း တိုးတတ်နေတဲ့အယူအဆ အတွေးအခေါ်တွေရှိတတ်ကြပါတယ်။လုပ်ထုံးလုပ်နည်းအဟောင်း တွေ အတွေးဟောင်း အယူအဆဟောင်းတွေကို ပြင်ဆင်ပြီး အသစ်သစ်တွေကိုမြတ်နိုးတတ်ကြသူတွေပါပဲ။အစဉ် အလာအဟောင်းတွေကိုဖြတ်သိမ်းပြီးတော့ စနစ်သစ်တစ်ခုကို တည်ထောင်တဲ့နေရာမှာ 4ဂဏန်းသမားတွေက ထိပ်ဆုံးက ပါနေတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ အမေရိကန်နိုင် ငံကို ကိုလိုနီဘဝကနေ လွတ်လပ်တဲ့နိုင်ငံဖြစ်အောင်လုပ်ပေးခဲ့တဲ့ ဂျော့ဝါရှင်တန်တို့ဟာဆိုရင်တော့ 4ဂဏန်း သမားတွေပါပဲ။ 4ဂဏန်းသမားတော်တော်များများဟာ သိလွယ်တတ်လွယ်ကြတဲ့သူတွေများပါတယ်။ အရိပ်ပြရင် အကောင်မြင်တတ်ကြသူတွေပါပဲ။ ဉာဏ်ကောင်းကြတယ်။ တီထွင်ဖန်တီးဉာဏ်လဲအလွန်ရှိတတ်ကြသူတွေပါပဲ။ ခေတ်ရေစီးကြောင်းနဲ့ အတူ အသစ်သစ်တွေကို လေ့လာသင်ယူနေတတ်သူတွေပါပဲ။ ဒါကြောင့်ပဲ 4ဂဏန်းသမား တွေဟာ ဘယ်အရွယ်ရောက်ရောက် ခေတ်နောက်ကျတယ်ဆိုတာမျိုး မရှိပါဘူး။ လူအများနဲ့ပေါင်းသင်းတတ်ပါ တယ်။ ကြီးသူဆိုလဲ ကြီးသူအလျောက်၊ငယ်သူဆိုလဲ ငယ်သူအလျောက် ဘယ်လိုဆက်ဆံရမလဲဆိုတာကိုသိတဲ့ သူပါပဲ။ အများအမြင်မှာတော့ လူမှုရေးနဲ့ပက်သက်ပြီးကျွမ်းကျင်တယ်။ ဖော်ဖော်ရွေရွေရှိတယ်လို့ထင်တတ်ကြပါ လိမ့်မယ်။ တကယ်ပေါင်းသင်းကြည့်ရင် အလုပ်သဘောအရသာဆက်ဆံနေတတ်ပြီး လက်တွေ့မှာ ဘုကျတာ၊ ဘေးပြောတာမျိုးလုပ်တတ်ကြသူတွေပါပဲ။ နောက်ထပ်4ဂဏန်းသမားတွေရဲ့ သတိထားစရာအချက်တွေက အလုပ် တစ်ခုလုပ်ရာမှာ သပ်ရပ်သေချာမှုမရှိတတ်ကြပါဘူး။ ကပျက်ကချော်လဲ လုပ်တတ်ကြသူတွေပါပဲ။ နောက်တစ်ချက်က အလုပ်တစ်ခုကို ပြီးဆုံးအောင်လုပ်လေ့မရှိဘဲ တစ်ခုမပြီးခင် နောက်တစ်ခုကို လုပ်မိတတ်ပါ တယ်။ ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်သူမျိုးပါပဲ။
အလုပ်နှင့် စီးပွားရေး
4ဂဏန်းသမားတွေဟာ ခေတ်ရေစီးကြောင်းအတိုင်းလိုက်ပါလုပ်ကိုင်နိုင်ကြတဲ့အတွက် ပေါ်ပင်အလုပ်တွေ ၊ခေတ်ပေါ်အလုပ်တွေမှာ အံ့ဝင်ခွင်ကျဖြစ်ရတတ်ပါတယ်။ သိပ္ပံပညာ ၊ကွန်ပျူတာနှင့် နည်းပညာ၊အင်တာနက်နှင့် မိုဘိုင်းအလုပ်တွေနဲ့ ပိုမိုသင့်တော်ပါတယ်။ လျှပ်စစ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊သတင်းတင်ဆက်သူ၊ ပွဲစား အလုပ်များ၊ကြားကနေအကျိုးဆောင်ပေးရတဲ့အလုပ်များ စတဲ့အလုပ်တွေနဲ့ သင့်တော်လျော်ညီပါတယ်။ နောက်ပြီး 4ဂဏန်းသမားတွေဟာဖင်မမြဲတဲ့အတွက် ခရီးသွားလုပ်ငန်း၊ကုန်သည်အလုပ်၊အရောင်းအဝယ်အလုပ်၊ကုန်စည်ပို့ ဆောင်ရေး၊ အမြန်ချောပို့ ယာဉ်လိုင်းလုပ်ငန်း၊ စက်ကားငှားရမ်းတဲ့အလုပ်တွေနဲ့သင့်တော်လျော်ညီတာကိုတွေ့ရပါ တယ်။ သတိထားစေချင်တာက4ဂဏန်းသမားတွေဟာ အခြားဂဏန်းသမားတွေလို လွယ်လွယ်ကူကူမအောင်မြင် တတ်ပါ။ အခက်အခဲတွေကြုံရပြီးမှ အဆင်ပြေတတ်ပါတယ်။ လွယ်လွယ်နဲ့ လက်မလျော့မိဖို့တော့လိုအပ်ပါ တယ်။ အောင်မြင်လိုက် ရှုံးနိမ့်လိုက် တစ်လှည့်စီဖြစ်နေတတ်ပါတယ်။ စိတ်ရှည်သူ၊ဇွဲကြီးသူတွေပဲ အောင်မြင်မှု တွေကိုရလာတတ်ပါတယ်။
ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကဏ္ဍ
အိမ်ထောင်ရေးကံကတော့ 4ဂဏန်းသမားတွေကအညံ့များနေတာကိုတွေ့ရတယ်ဗျ။ 4ဂဏန်းသမား မိန်းကလေးတွေအနေနဲ့ လင်ဆိုးတွေနဲ့ အိမ်ထောင်ကျတတ်ပါတယ်။ အချို့ကတော့ ငွေမက်ကြတယ်။ ဒါကြောင့်အပျို ဘဝမှာငွေနောက်ကိုလိုက်မိတတ်ပါတယ်။ မယားငယ်ဖြစ်တာ၊ sponosor ရှာကြတာမျိုးတွေရှိကြတတ်ပါတယ်။ ငွေအလွန်မက်ပြီး ရွှေရှိမှ၊ ငွေရှိမှ လူရာဝင်တယ်လို့ ထင်တဲ့သူတွေကတော့ အခုလိုဖြစ်လွယ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးအပေါ်မှာ အလေးအနက်ထားသူတွေကို 4ဂဏန်းသမားတွေမှာသိပ်မတွေ့ရပါဘူး။ အိမ်ထောင် ဘက်အပေါ်မှာလဲ သိပ်ပြီးမကြင်နာတတ်တာမျိုးတွေ့ရတတ်ပါတယ်။ 4ဂဏန်းသမား အမျိုးသားတွေဟာ မိသားစုအပေါ်မှာ သံယောဇဉ်အလွန်နည်းတာကိုတွေ့ရတယ်။ မိသားစုဟာ သူတို့ဘဝအတွက် ဦးစားပေးတစ် မဟုတ်ပါဘူး။ ချစ်သူ အိမ်ထောင်ဘက်နဲ့တိုင်တိုင်ပင်ပင်မလုပ်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်တတ်တာကြောင့်လဲ အဆင်မပြေဖြစ်ရတတ်ပါတယ်။ 4ဂဏန်းသမားကိုယူတဲ့သူဟာ သည်းခံနိုင်အလျော့ပေးနိုင်မှပဲ အဆင်ပြေတတ်ပါ တယ်။ ကံကောင်းတာတစ်ခုက 4ဂဏန်းသမားတွေဟာ ကိုယ့်ထက်အဆင့်အတန်းမြင့်တဲ့သူမျိုးကိုလဲရလွယ်ကြပါတယ်။ ဒါကလဲ မိမိတို့ကိုယ်တိုင်က အချစ်ရေးမှာ နှလုံးသားနဲ့မစဉ်းစားဘဲ ဦးနှောက်နဲ့စဉ်စားတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခုမကြိုက်တာက အိမ်ထောင်ဘက်ကို မိမိရဲ့ညီအကိုမောင်နှမလောက်ပင် ဦးစားမပေးတာကိုတွေ့ ရပါတယ်။ ချစ်သူအိမ်ထောင်ဘက်က အမှားတစ်ခုခုလုပ်မိတယ်ဆိုရင်လဲ ခွင့်မလွတ်တဲ့ကြဘဲ ပြန်ကလဲ့စားချေတာ မျိုးရှိတတ်ကြပါတယ်။ သည်းမခံနိုင်တဲ့ကိစ္စတွေကြောင့်ပဲ အိမ်ထောင်ရေးမှာကွဲမလိုလိုဆိုတာမျိုးလဲ အလွန်ပဲ ဖြစ်ရတတ်ပါတယ်။ချစ်သူ အိမ်ထောင်ဘက်ကို စိတ်ထဲမရှိတဲ့စကားလုံးတွေနဲ့ စကားနာထိုးတတ်ပါတယ်။ ချစ်သူအိမ်ထောင်ဘက်အပေါ်မှာ ချစ်ပေမဲ့ ချစ်သူအိမ်ထောင်ဘက်မိမိအချစ်တွေကိုမြင်အောင်မပြသတတ်ကြပါ ဘူး။
ကျန်းမာရေး နှင့် အသက်ဇီဝ
4ဂဏန်းသမားတွေကတော့ ကျန်းမာရေးနဲ့ပက်သက်ပြီးတော်တော်ကောင်းကြတယ်ဗျ။ အထွေအထူး ညံ့နေတာမျိုးတော့သိပ်မတွေ့ရသေးဘူး။ရာခိုင်နှုန်းအားဖြင့်လဲ ကျန်းမာရေးညံ့သူတွေက ရာခိုင်နှုန်းအတော့်ကို နည်းပါတယ်။ 4ဂဏန်းသမားအမျိုးသမီးတွေကတော့ သားအိမ်နဲ့ပက်သက်သောရောဂါတွေဖြစ်လွယ်ကြပါတယ်။ သားသမီးရဖို့လဲ ခဲယဉ်းကြတယ်။ ဒါကြောင့် 4ဂဏန်းသမားတွေဟာ သားသမီးယူဖို့ အချိန်မဆွဲသင့်ပါဘူး။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ..သတိထားစရာက ကိုယ်ကအစားအသောက်ကို မဆင်ခြင်ဘူးဗျာ။ စားချင်တာ တွေကို ဆိတ်ပါးစပ်လိုတစ်ခုပြီးတစ်ခုစားနေမိပါတယ်။အဲဒါကြောင့်ပဲ သွေးတိုး၊လေဖြတ်၊အဆီပိတ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါ့အပြင်ဆီးချိုရောဂါ၊လိပ်ခေါင်းရောဂါနှင့် ရောဂါဆန်းဆန်းပြားပြားတွေဖြစ်တတ်ပါတယ်။ အထူး သဖြင့် အစပ်လျော့စားစေချင်ပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
ဒီဂဏန်းသမားတွေဟာ ဘဝအနိမ့်အမြင့်အလွန်မှများတတ်ကြပါတယ်။ အပြောင်းအလဲ ကြီးကြီးမားမား တွေလဲမကြာခဏကြုံရတတ်ပါတယ်။ ဒါကြောင့်လောကဓံအတတ်အကျကိုခံနိုင်ရည်ရှိဖို့လိုအပ်ပါတယ်။ 4ဂဏန်း သမားတွေကလဲ လောကဓံကိုခါးစည်းခံနိုင်ကြသူတွေများပါတယ်။ အရမ်းအဆင်ပြေကံကောင်းလာပြီဆိုရင် အောက်ခြေမလွတ်နဲ့ဗျ။မကြာမီ ပြန်ကျတတ်တယ်။ အဆင်မပြေလို့လဲ စိတ်ဆင်းရဲမနေနဲ့။ မကြာခင်မှာပဲအဘက် ဘက်က ပြန်ဦးမော့လာတတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် 4ဂဏန်းသမားတွေဟာ ထင်ပေါ်ကျော်ကြားမှုတွေရှိကြတယ် လူသိများလေ့ရှိတယ်။ တောရွာမှာမွေးတဲ့သူဆို ခေတ်မီတဲ့မြို့ပြမှာပြောင်းရွှေ့နေထိုင်သင့်ပါတယ်။ ခေတ်ရေစီး ကြောင်းနဲ့ပက်သက်တဲ့အလုပ်အကိုင်တွေနဲ့ပဲ တိုးတတ်နိုင်လို့ပါ။ အိမ်ထောင်ဘက်အပေါ်စိတ်တိုင်းမကျတတ်ဘူး။ ဒါကြောင့်အပျိုကြီး၊လူပျိုကြီးဖြစ်ကြသူတွေမှာ 4ဂဏန်းသမားတွေကို အများအပြားတွေ့ရှိရတတ်ပါတယ်။ 4ဂဏန်း သမားတွေဟာ အစွန်းနှစ်ဖက်ရှိနေတတ်ပါတယ်။ ကိုယ်ကျိုးအတ္တကိုအလွန်ကြည့်တတ်သူနဲ့ ကိုယ်ကျိုးကိုမကြည့်ဘဲ အများအတွက် ပရစိတ်တစ်ခုထဲကိုပဲကြည့်လွန်းသူတွေတွေ့ရတတ်ပါတယ်။ သတိထားစေချင်တာက အသုံးအဖြုန်းကြီးတတ်တယ်။ ငွေကိုနှမြောရကောင်းမှန်းမသိကြဘူး။ လွယ်လွယ်ရရင်လွယ်လွယ်သုံးတတ်ကြပါတယ်။ ဘယ်တော့မှလဲ နောင်တမရဘူး။မိမိရဲ့အမှားကိုလဲ သံဝေဂယူပြီးတော့ ပြုပြင်ရကောင်းမှန်းမသိကြပါဘူး။ ကိုယ့်ကိုယ်ကိုလဲ အထင်ကြီးတတ်ပါတယ်။ အခြားသူတွေကိုယ့်လောက်မသိပါဘူးလို့လဲ အထင်ရောက်တတ်ကြ သူတွေပါပဲ။ သတ်လတ်ပိုင်း၊ သက်ကြီးပိုင်းတွေမှာအဘက်ဘက်က အခြေချအောင်လုပ်ထားပါ။ ဒီလိုမှမဟုတ်ရင် ဘဝနေဝင်ချိန်တွေမှာ ပင်ပန်းခက်ခဲရပြီး အိုဇာတာညံ့တာမျိုးရှိတတ်ကြပါတယ်။
4ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 22ရက်၊ 31ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 4ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေ လိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲများတယ်။ အထီးကျန်ဆန်တယ်။ဘဝရဲ့ကံအနေအထားတွေ က မဆိုးပေမဲ့ မိမိရဲ့အပြုအမူတွေကြောင့် အရမ်းလဲ ဆိုးသွားနိုင်သလို အရမ်းလဲကောင်းသွားနိုင်ပါတယ်။ 4ရက်နေ့ မွေးသူတွေဟာလူအပေါ်မှာအများကြီးမူတည်ပါတယ်။
13ရက်နေ့မွေးသူတွေကတော့ကံကြမ္မာရဲ့အထောက်အပံ့ကိုရကြတယ်။ ကံအတတ်အကျနည်းပါးတယ်။ တစ်ခုသတိထားရမှာက accident ဖြစ်လွယ်ပါတယ်။ ထိခိုက်ရှနာတွေအလွန်ပဲဖြစ်လွယ်ပါတယ်။ ကျန်းမာရေး ကတော့ မညံ့ပေမဲ့အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေမှာတော့ မလုပ်သင့်ပါဘူး။ သွေးထွက်သံယိုဖြစ်လွယ်တဲ့သူတွေ ပါပဲ။ ကောင်းတာတစ်ခုက အိမ်ထောင်ရေးမှာမျှမျှတတ တွေးတတ်ကြပါတယ်။ အိမ်ထောင်ဘက်အပေါ် အလေး ထားကြတဲ့ဂဏန်းသမားပါပဲ၊
22ရက်မွေးသူတွေက အတ္တအလွန်ကြီးသွားတတ်ပါတယ်။ ကိုယ်ကျိုးအတွက်အလွန်ပဲကြည့်သွားတတ်ပါတယ်။ ငွေတွေအလွန်မက်ကြတယ်။လောင်းကစားလဲဝါသနာပါတတ်ပါတယ်။ ဒါကြောင့်ပဲ ဘဝအတတ်အကျ အလွန်များတတ်ပါတယ်။ ကုန်းကောက်စရာမရှိအောင်လို့ မွဲသွားတတ်သလို အရမ်းလဲချမ်းသာသွားနိုင်ပါတယ်။ လောကဓံရဲ့ရိုက်ခတ်မှုကိုအခြား4ဂဏန်းသမားတွေထက် 22ရက်နေ့တွေမှာမွေးဖွားသူတွေက ပိုမိုခံရတတ်ပါတယ်။
31ရက်နေ့မွေးဖွားကြသူတွေကိုတော့4ဂဏန်းသမားတွေထဲမှာ အကောင်းဆုံးလို့ဆိုလိုရနိုင်ပါတယ်။ လောကဓံလဲအတတ်အကျနည်းပါတယ်။ 31ရက်နေ့မွေးတဲ့ မိန်းကလေးတွေမှာ အိမ်ထောင်ရေးသောကလဲ သိပ်မကြုံရတာမျိုးလဲတွေ့ရတတ်ပါတယ်။ 31ရက်မွေးသူတွေက အခြားသူတွေထက်ပိုမိုပြီးတော့ ဖင်မြဲကြတယ်။ အလုပ်တစ်ခုကိုလဲ ဇောက်ချလုပ်ချင်စိတ်ရှိကြတယ်။ စွန့်လွှတ်အနစ်နာခံချင်စိတ်လဲ အခြားသူတွေထက်ပိုများပါ တယ်။
4ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 1ဂဏန်း၊4ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 2ဂဏန်း၊6ဂဏန်းနှင့် 8ဂဏန်းသမားတွေကတော့ 4ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း2၊6၊8ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 2၊6၊8ပါရင်၊ ပေါင်းခြင်း 2/6/8ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်း၊5ဂဏန်းနှင့် 9ဂဏန်း သမားတွေကတော့ 4ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
4ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။