loading

Category: ဟောစာတမ်းများ

  • Home
  • Category: ဟောစာတမ်းများ

3ဂဏန်းသမားများအကြောင်း

3ဂဏန်းသမားဆိုတာက မည်သည့်လတွင်မဆို 3ရက်၊12ရက်၊21ရက်နှင့် 30ရက်တွေမှာမွေးဖွားကြသူ တွေဟာ 3ဂဏန်းသမားတွေပဲဖြစ်ကြပါတယ်။
3ဂဏန်းသမားတွေဟာ နေမင်းပြီးရင်ဒုတိယအကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ကြာသပတေး ဂြိုဟ်ရဲ့ သင်္ကေတပဲဖြစ် ပါတယ်။ ဓာတ်ရဲ့သဘောအရ အဖိုဓာတ်ဖြစ်ပြီးတော့ ၊မြေဓာတ်လဲ စိုးမိုးတာကိုတွေ့ရပါတယ်။ ကြာသပတေးဂြိုဟ် ဟာဂြိုဟ်အားလုံးမှာ အမြင့်မြတ်ဆုံး အတိသောမ ဂြိုဟ်အဖြစ်သတ်မှတ်ခံရတဲ့ဂြိုဟ်ပါပဲ။
စရိုက်လက္ခဏာ
ကြာသပတေးဂြိုဟ်ဟာတရားဥပဒေ၊ဘာသာရေး၊အတွေးအခေါ်ဒဿန၊ ကိုယ်ကျင့်တရားနှင့် ငွေကြေးဥစ္စာ ကို ကိုယ်စားပြုပါတယ်။ဒါကြောင့်ပဲ 3ဂဏန်းသမားတွေဟာ ကိုယ်ကျင့်တရားကောင်းသူတွေ ၊တရားဥပဒေကို လေးစားလိုက်နာကြသူတွေများပါတယ်။ ရှေးရိုးဆန်ကြတယ်။ ယဉ်ကျေးမှုရှိကြတယ်။ အသိဉာဏ်၊စဉ်းစားဉာဏ် ကြီးပြီးတော့ အရာရာကို လက်လွတ်စပယ်မလုပ်တတ်ကြပါဘူး။ ရှေ့ရေးကို ကြိုမြင်နိုင်ပါတယ်။ အနာဂတ်ကို သုံး သပ်အဖြေထုတ်ရာမှာ သူမတူအောင်တော်ကြသူတွေပါပဲ။ အများကမဖြစ်နိုင်ဘူးလို့ ဆိုပြီးတော့ လက်လျော့ထား တဲ့အလုပ်တွေကို မိမိက အောင်မြင်အောင်လုပ်ဆောင်နိုင်ကြတယ်။ ဇွဲရှိပြီး စိတ်ရှည်ကြတဲ့သူတွေများပါတယ်။ အောင်မြင်မှုကို ဖြတ်လမ်းကမလိုက်ဘဲ တဆင့်ထက်တဆင့်မြင့်မားအောင်လို့ လုပ်ဆောင်သွားချင်တဲ့သူမျိုးတွေပါ ပဲ။ အရာရာကို လွယ်လွယ်နဲ့အရှုံးပေးတာမျိုး လက်လျှော့တာမျိုးတွေမရှိကြဘူး။ လဲရင်ပြန်ထမယ်ဆိုတဲ့ စိတ်မျိုး ရှိကြတယ်။ အိန္ဒြေသိက္ခာလဲ ကြီးမားကြတဲ့သူတွေဖြစ်ပါတယ်။
ငွေကြေးကို ကြိုးစားရှာဖွေပေမဲ့ အသုံးအစွဲကတော့ ကျစ်လစ်ပါတယ်။ ငွေကြေးစုဆောင်းတဲ့နေ့ရာမှာတော့ အခြားဂဏန်းသမားတွေထက်ပိုတော်တာကိုတွေ့ရပါတယ်။ အချို့ဆို အရမ်းနှမြောတွန့်တိုတာမျိုးတွေကိုတွေ့ရပါတယ်။ မိမိရူးသွပ်တဲ့အလုပ်တွေအတွက်ဆိုရင်တော့ ငွေမနှ မြောဘဲ ပုံအောသုံးတတ်သူတွေပါ။ အများနဲ့မရောနှောဘဲ သီးသန့်နေလိုစိတ်ပြင်းထန်ကြတယ်။ တိတ်ဆိတ်တဲ့၊ အေးချမ်းတဲ့နေရာမှာ နေလိုစိတ်ရှိတယ်။ ဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းလိုတဲ့သူပဲဖြစ်ပါတယ်။ သူတစ်ပါး ကိုကူညီချင်စိတ်၊ နွမ်းပါးသူကိုသနားစိတ်ရှိကြတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကိုကြိုမြင်တတ်ကြသူတွေပဲဖြစ်ပါတယ်
စီးပွားရေးနှင့်အလုပ်အကိုင်
ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူများဖြစ်တာကြောင့် အလုပ်ခွင်ထဲမှာ မသမာနည်းနဲ့ငွေရှာရတာ၊အောက်ဆိုဒ် ရှာရတာကို ရွံမုန်းလေ့ရှိကြပါတယ်။ ဘဝအောင်မြင်ရေးမှာလဲ အမဲစက်အနေနဲ့မကျန်အောင်နေတတ်ကြသူတွေ ပါပဲ။ သူတစ်ပါးအပေါ်အုပ်ချုပ်လိုခြင်းများ၊စီမံရခြင်းများ၊ သြဇာပေးရခြင်းများကိုမြတ်နိုးကြတဲ့သူတွေပါပဲ။ စည်းကမ်းတင်းကျပ်လွန်းတာကြောင့် သူ့အောက်မှာ တာဝန်ထမ်းဆောင်ရတဲ့သူတွေကတော့ မစားသာပါဘူး။ ဒါ ကြောင့်လဲလူမှုဆက်ဆံရေးနယ်ပယ်မှာအံဝင်ခွင်ကျဖြစ်ဖို့ မလွယ်ပါဘူး။ ဝန်ထမ်းအလုပ်လဲ အဆင်ပြေဖို့မလွယ်ဘူး အထက်လူကြီးကအောက်ဆိုဒ်ရှာတာမျိုး ဖော်လံဖားလုပ်တာမျိုးဆို မိမိစိတ်နဲ့ကအဆင်ပြေဖို့မလွယ်ဘူး။ ဘဝမှာ အောင်မြင်ရေး ဟောပြောဆရာ၊ နည်းပေးလမ်းပြ guide line ချပေးရတဲ့အလုပ်တွေ၊ဘာသာရေးနှင့်နွယ်သော အလုပ်များ၊စာရေးဆရာ၊ဗေဒင်ဆရာ၊ အုပ်ချုပ်မှုအလုပ်များ၊ ဘဏ်လုပ်ငန်း၊စာရင်းကိုင်အလုပ်၊တရားရေးဆိုင်ရာ အလုပ်များ နှင့် အကျိုးပေးတတ်ပါတယ်။ ဒါအပြင်ပညာရေးလုပ်ငန်းများ၊ကျောင်းဆရာ၊ ကထိက၊ပါမောက္ခနှင့် အာမခံလုပ်ငန်းများ၊ အနုပညာသရုပ်ဆောင်လုပ်ငန်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကဏ္ဍ
အချစ်ရေးအိမ်ထောင်ရေးမျာတော့ သစ္စာတရားကိုအခြေခံတဲ့ အချစ်ရေးအိမ်ထောင်ရေးမျိုးကို တည်ဆောက် လိုကြပါတယ်။ မိမိကိုယ်တိုင်လဲ အိမ်ထောင်ရေးမှာသစ္စာရှိမယ်။ အိမ်ထောင်ဘက်ကလဲ မိမိအပေါ်သစ္စာရှိစေချင် တယ်။ ဒီလို3ဂဏန်းသမားတွေဟာ အချစ်ရေးအိမ်ထောင်ရေးထက်အရေးကြီးတဲ့အရာတွေကိုဦးစားပေးမိတာ ကြောင့် အိမ်ထောင်ရေးသုခနည်းတတ်ကြပါတယ်။ အမှတ်တရနေ့တွေ၊ ချစ်သူများနေ့တွေ၊အိမ်ထောင်နှစ်ပတ် လည်နေ့တွေမှာ အခြားသူတွေက surprise လုပ်ပေမဲ့ 3ဂဏန်းသမားတွေကတော့ ထိုအလုပ်တွေကိုအပိုအလုပ် တွေလို့ထင်နေတတ်ပါတယ်။ မိမိcarzy ဖြစ်တဲ့အလုပ်တွေအပေါ်မှာအချိန်ပြည့်ပေးထားတာကြောင့် မိသားစုအ ပေါ်ဂရုမစိုက်သလိုဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ဘက်ရဲ့စိတ်ကုန်ခြင်းကိုခံရတတ်ကြသူတွေပါပဲ။ ကံကောင်းတာတစ်ခုက ဒီဂဏန်းသမားတွေကို မိမိကိုနှစ်နှစ်ကာကာချစ်တဲ့သူတွေနဲ့ အထူးပဲဖူးစာဆုံတတ်ကြပါ တယ်။ ကံကောင်းတာပေါ့ဗျာ ။ မိမိတို့ကိုယ်တိုင်ကလဲ မိမိကိုတန်ဖိုးထားမဲ့သူကိုဦးစားပေးရွေးတတ်ကြသူတွေပါ။ စန်းအလွန်ကောင်းပါတယ်။ မိမိသာအချစ်ရေးအပေါ်မှာအာရုံစိုက်မဲ့သူဆို ချစ်သူများသွားနိုင်ပါတယ်။ ဒါပေမဲ့ အချစ်ရေး၊အိမ်ထောင်ရေးအပေါ်မှာတော့ သိပ်မလေးနက်ကြသူတွေပါပဲ။
အိမ်ထောင်ကျသွားရင်လဲ အိမ်ထောင် ဘက်အပေါ်မှာ သြဇာပေးခိုင်းစေတာမျိုးတွေအလွန်ပဲလုပ်လေ့ရှိပါတယ်။ မိမိလုပ်လို့ရတဲ့အလုပ်တွေကိုလဲ အိမ် ထောင်ဘက်ကိုခိုင်းစေတတ်ကြသူတွေပါပဲ။အချစ်ရေးမှာလဲ ချစ်သူကို အခြားသူတွေကိုအသိမပေးဘဲ လူမသိအောင်တွဲတတ်တဲ့အကျင့်လေးရှိတတ်ပါတယ်။ ချစ်သူက ချိန်းဆိုတဲ့အခါ အချိန်မှီမသွားတာမျိုး၊ ကတိပေးပြီးဖျက်လိုက်တာမျိုးတွေအလွန်ပဲလုပ်တတ်ကြသူတွေပါ။3ဂဏန်းသမားတွေက အိမ်ထောင်ဘက်နဲ့နီးနေရင်တော့ ဒီအိမ်ထောင်ဘက်အပေါ်မှာ သစ္စာရှိတတ်ကြပြီး ဝေးသွားရင်တော့ အသစ်အသစ်ဆိုတာမျိုးတွေ့ရတတ်ပါတယ်ဗျာ
ကျန်းမာရေး နှင့် အသက်ဇီဝ
3ဂဏန်းသမားတွေဟာ ကျန်းမာရေးနှင့်ပက်သက်ပြီးတော့လဲ ရာခိုင်နှုန်းအားဖြင့်၇၀%လောက်က အကောင်းများပါတယ်။ ဒါပေမဲ့ သတိထားရမဲ့ ကိစ္စတွေက ဒီဂဏန်းသမားတွေက အားကစားသမား၊ကျန်းမာရေး လိုက်စားသူအဖြစ်နဲ့မြင်တွေ့ရလေ့မရှိပါဘူး။ ကာယထက် ဉာဏကိုပဲဦးစားပေးပြီးလုပ်ကိုင်ကြသူတွေဖြစ်တာ ကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေနည်းပါးတတ်ပါတယ်။ ဒါကြောင့်ပဲ အဆီနဲ့ပက်သက်တဲ့ရောဂါတွေ အဝလွန်ရောဂါတွေ အဆီကြောင့်ဖြစ်တတ်တဲ့အကျိုးဆက်တွေကို သတိထားပါ။ ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးဖို့လဲမမေ့ပါနဲ့။ မျက်စေ့ရောဂါ၊အသည်း၊ကျောက်ကပ်၊ဆီးနှင့် ပက်သက်သောရောဂါများလဲ အလွန်ပဲဖြစ် တတ်ပါတယ်။ ဆေးကောင်းဝါးကောင်းမှီဝဲတတ်ပေမဲ့ အားကစားမလုပ်တာကြောင့် ထင်သလောက်ကျန်းမာရေး မကောင်းတာမျိုးဖြစ်ရတတ်ပါတယ်။ သွေးတိုးရောဂါလဲ သတိထားဖို့လိုအပ်တယ်လို့မြင်ပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
ဒီဂဏန်းသမားတွေက ကိုယ့်ဒူးကိုယ်ချွန်းကြိုးစားကြသူတွေများတယ်။ ဆင်းရဲမှု အဆင်မပြေမှုတွေကို တွန်းလှန်နိုင်ကြတယ်။ 12ရက်နေ့မွေးဖွားတဲ့သမ္မတကြီး အေဘရာဟမ်လင်ကွန်းလိုမျိုး သစ်လုံးအိမ်ကနေ အိမ်ဖြူတော်ထိတက်လှမ်းနိုင်တဲ့အထိကြိုစားခဲ့တာကို အထူးမြင်တွေ့ရပါလိမ့်မယ်။ 3ဂဏန်းသမားတွေဟာ သက်ငယ်ပိုင်းပထမအရွယ်မှာ အခက်အခဲများပေမဲ့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတွေမှာ ကံကောင်းကြတာများ ပါတယ်။ အချိန်ကိုအကျိုးရှိအောင်အသုံးချတတ်၊ဇွဲမလျော့တာ ၊အရှုံးမပေးတတ်တာတွေက ဘဝအောင်မြင်ဖို့ လမ်းစတွေပါပဲ။ တိကျပြတ်သားလွန်းတာ၊ အမှားမခံတတ်တာ၊စည်းကမ်းကြီးတတ်တာမျိုးကြောင့်လဲ လူမှုပေါင်း သင်းဆက်ဆံရေးနဲ့ပက်သက်တဲ့ကိစ္စများတွေကို ရှောင်သင့်ပါတယ်။ မိမိကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားမှုတွေ မိမိတတ်သိထားတဲ့ အသိပညာအတတ်ပညာတွေနဲ့ ပဲ အောင်မြင်မှုတွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ ၃ဂဏန်းသမား တော်တော်များများဟာ အပျော်အပါးလိုက်စားတာ သိပ်မတွေ့ရဘူး။ မိတ်ဆွေသူငယ်ချင်းဆိုလဲ မိမိနဲ့ကီးမကိုက် တာနဲ့ ချက်ချင်းမပေါင်းတော့ဘူး။ ဘယ်သူ့ကိုမှရေလိုက်ငါးလိုက် မဆက်ဆံတတ်ဘူး။ ဒါကြောင့်ပဲ အပေါင်းအသင်း မိတ်ဆွေနည်းပါးတာတွေ့ရပါတယ်။ 3ဂဏန်းသမားတွေဟာ ကပ်စေးနဲကြတယ်ဆိုပေမဲ့ မိမိ မိတ်ဆွေရင်းတွေ အခက်အခဲဖြစ်တယ်ဆိုရင်တော့ အလွန်ပဲငွေအားလူအားစိုက်ထုတ်ပြီး အကူအညီပေးတတ်တာကိုတွေ့ရပါတယ်။
3ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 12ရက်၊ 30ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 3ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေ လိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ 3ရက်နေ့မွေးသူတွေဟာ စည်းကမ်းကြီးကြတယ်။ လိုက်လျောညီထွေမနေတတ်ကြဘူး။ လူ့အောက်ကျို့လိုစိတ်လဲ မရှိကြဘူး။မိမိမှန်တယ် ထင်ရင်ဘယ်သူစကားကိုမှနားမဝင်တတ်တဲ့သူမျိုးတွေပါပဲ။
12ရက်နေ့မွေးဖွားသူတွေကတော့ အခြား3ဂဏန်းသမားတွေထက် ပိုမိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ရန်သူမျိုး ငါးပါးကြောင့်ရှာဖွေထားတာလေးတွေ ကုန်သွားတတ်တယ်။ အသက်အန္တရာယ်နဲ့ပက်သက်ပြီး accident ဆိုတာ မျိုးလဲဖြစ်လွယ်ကြတယ်။ ဒီဂဏန်းသမားတွေဟာ ဖြောင်းဖြပြောဆိုတာကို လက်မခံကြပါဘူး။ ရန်သူပေါများတတ် တယ်။ မိမိကိုမနာလိုမုန်းသူတွေနဲ့ကြုံရတတ်ပါတယ်။ မိမိကိုချောက်ချမဲ့သူတွေရှိနေတတ်တာကို မိမိကသိနား လည်ဖို့လိုအပ်ပါတယ်။
21ရက်နေ့မွေးဖွားကြသူတွေကတော့ ဘဝတည်ငြိမ်မှုတွေကိုရရှိကြတယ်။ ဒုက္ခကြီးကြီးကျယ်ကျယ်ဘယ် တော့မှမရောက်ဘူး။ ဒုက္ခရောက်မယ်ကြံတိုင်းကယ်မဲ့သူပေါ်တယ်။ ဘဝကြီးက ပရမ်းပတာဖြစ်သွားလေ့မရှိပါဘူး။ အိမ်ထောင်ဘက်ကောင်းရလွယ်ကြတယ်။ အထူးသဖြင့် 21ရက်နေ့မွေးတဲ့ မိန်းကလေးတွေကတော့ ကိုယ့်ထက် အဘက်ဘက်က သာလွန်တဲ့ အိမ်ထောင်ဘက်ကိုရလွယ်ကြပါတယ်။ အိမ်ထောင်ဘက်အပေါ်မှာလဲ မိမိသြဇာ ညောင်းတဲ့သူတွေပါပဲ။
30 ရက်နေ့မွေးဖွားကြသူတွေကတော့ သုညနဲ့တွဲလျက်ပါတာကြောင့် သတိထားသင့်တယ်။ နောက်မှာ သုညတွဲ လျက်ပါတဲ့ 10၊20၊30၊ရက်မွေးသူတွေဟာ ဘဝအတက်အကျအလွန်များတယ်။ သုညဟာအဝိုင်းရဲ့ သဘောတရား ကြောင့်လားတော့ မသိဘူး။ ဘဝကံက လှိုင်းလိုပဲအတတ်အကျအလွန်များတာကို သတိထား မိတယ်။ ဒီဂဏန်းသမားတွေက အတွေးအခေါ်မြင့်မားတယ်။ အကြံပေးရတဲ့ consultant အလုပ်တွေနဲ့ အလွန်မှပဲ သင့်တော်ပါတယ်။ ကျန်တော်ကိုယ်တိုင်လဲ 30ရက်နေ့ မွေးတာကြောင့် ဗေဒင်ဟောပြောယတြာပေးတာအပြင် အကြံပေးတဲ့သဘောမျိုးကို ဦးစားပေးပြောဖြစ်ပါတယ်။ အနုပညာစိတ်လေးတွေရှိကြတယ်။ ခံစားလွယ်တယ်။ အနု ပညာလမ်းကြောင်းပေါ်လျှောက်ရင်အောင်မြင်နိုင်ပါတယ်။ အလျော့မပေးဘဲ ဇွဲကြီးကြသူတွေပါ။
3ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊6ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 1ဂဏန်း၊8ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 3ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း1၊8၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 1၊8၊9ပါရင်၊ ပေါင်းခြင်း 1/8/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်း၊4ဂဏန်းနှင့် 5ဂဏန်း သမားတွေကတော့ 3ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
3ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695
Zawgyi font
3ဂဏန်းသမားများအကြောင်း
3ဂဏန်းသမားဆိုတာက မည်သည့်လတွင်မဆို 3ရက်၊12ရက်၊21ရက်နှင့် 30ရက်တွေမှာမွေးဖွားကြသူ တွေဟာ 3ဂဏန်းသမားတွေပဲဖြစ်ကြပါတယ်။
3ဂဏန်းသမားတွေဟာ နေမင်းပြီးရင်ဒုတိယအကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ကြာသပတေး ဂြိုဟ်ရဲ့ သင်္ကေတပဲဖြစ် ပါတယ်။ ဓာတ်ရဲ့သဘောအရ အဖိုဓာတ်ဖြစ်ပြီးတော့ ၊မြေဓာတ်လဲ စိုးမိုးတာကိုတွေ့ရပါတယ်။ ကြာသပတေးဂြိုဟ် ဟာဂြိုဟ်အားလုံးမှာ အမြင့်မြတ်ဆုံး အတိသောမ ဂြိုဟ်အဖြစ်သတ်မှတ်ခံရတဲ့ဂြိုဟ်ပါပဲ။
စရိုက္လကၡဏာ
ကြာသပတေးဂြိုဟ်ဟာတရားဥပဒေ၊ဘာသာရေး၊အတွေးအခေါ်ဒဿန၊ ကိုယ်ကျင့်တရားနှင့် ငွေကြေးဥစ္စာ ကို ကိုယ်စားပြုပါတယ်။ဒါကြောင့်ပဲ 3ဂဏန်းသမားတွေဟာ ကိုယ်ကျင့်တရားကောင်းသူတွေ ၊တရားဥပဒေကို လေးစားလိုက်နာကြသူတွေများပါတယ်။ ရှေးရိုးဆန်ကြတယ်။ ယဉ်ကျေးမှုရှိကြတယ်။ အသိဉာဏ်၊စဉ်းစားဉာဏ် ကြီးပြီးတော့ အရာရာကို လက်လွတ်စပယ်မလုပ်တတ်ကြပါဘူး။ ရှေ့ရေးကို ကြိုမြင်နိုင်ပါတယ်။ အနာဂတ်ကို သုံး သပ်အဖြေထုတ်ရာမှာ သူမတူအောင်တော်ကြသူတွေပါပဲ။ အများကမဖြစ်နိုင်ဘူးလို့ ဆိုပြီးတော့ လက်လျော့ထား တဲ့အလုပ်တွေကို မိမိက အောင်မြင်အောင်လုပ်ဆောင်နိုင်ကြတယ်။ ဇွဲရှိပြီး စိတ်ရှည်ကြတဲ့သူတွေများပါတယ်။ အောင်မြင်မှုကို ဖြတ်လမ်းကမလိုက်ဘဲ တဆင့်ထက်တဆင့်မြင့်မားအောင်လို့ လုပ်ဆောင်သွားချင်တဲ့သူမျိုးတွေပါ ပဲ။ အရာရာကို လွယ်လွယ်နဲ့အရှုံးပေးတာမျိုး လက်လျှော့တာမျိုးတွေမရှိကြဘူး။ လဲရင်ပြန်ထမယ်ဆိုတဲ့ စိတ်မျိုး ရှိကြတယ်။ အိန္ဒေသြိက္ခာလဲ ကြီးမားကြတဲ့သူတွေဖြစ်ပါတယ်။
ငွေကြေးကို ကြိုးစားရှာဖွေပေမဲ့ အသုံးအစွဲကတော့ ကျစ်လစ်ပါတယ်။ ငွေကြေးစုဆောင်းတဲ့နေ့ရာမှာတော့ အခြားဂဏန်းသမားတွေထက်ပိုတော်တာကိုတွေ့ရပါတယ်။ အချို့ဆို အရမ်းနှမြောတွန့်တိုတာမျိုးတွေကိုတွေ့ရပါတယ်။ မိမိရူးသွပ်တဲ့အလုပ်တွေအတွက်ဆိုရင်တော့ ငွေမနှ မြောဘဲ ပုံအောသုံးတတ်သူတွေပါ။ အများနဲ့မရောနှောဘဲ သီးသန့်နေလိုစိတ်ပြင်းထန်ကြတယ်။ တိတ်ဆိတ်တဲ့၊ အေးချမ်းတဲ့နေရာမှာ နေလိုစိတ်ရှိတယ်။ ဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းလိုတဲ့သူပဲဖြစ်ပါတယ်။ သူတစ်ပါး ကိုကူညီချင်စိတ်၊ နွမ်းပါးသူကိုသနားစိတ်ရှိကြတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကိုကြိုမြင်တတ်ကြသူတွေပဲဖြစ်ပါတယ်
စီးပွားရေးနှင့်အလုပ်အကိုင်
ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူများဖြစ်တာကြောင့် အလုပ်ခွင်ထဲမှာ မသမာနည်းနဲ့ငွေရှာရတာ၊အောက်ဆိုဒ် ရှာရတာကို ရွံမုန်းလေ့ရှိကြပါတယ်။ ဘဝအောင်မြင်ရေးမှာလဲ အမဲစက်အနေနဲ့မကျန်အောင်နေတတ်ကြသူတွေ ပါပဲ။ သူတစ်ပါးအပေါ်အုပ်ချုပ်လိုခြင်းများ၊စီမံရခြင်းများ၊ သြဇာပေးရခြင်းများကိုမြတ်နိုးကြတဲ့သူတွေပါပဲ။ စည်းကမ်းတင်းကျပ်လွန်းတာကြောင့် သူ့အောက်မှာ တာဝန်ထမ်းဆောင်ရတဲ့သူတွေကတော့ မစားသာပါဘူး။ ဒါ ကြောင့်လဲလူမှုဆက်ဆံရေးနယ်ပယ်မှာအံဝင်ခွင်ကျဖြစ်ဖို့ မလွယ်ပါဘူး။ ဝန်ထမ်းအလုပ်လဲ အဆင်ပြေဖို့မလွယ်ဘူး အထက်လူကြီးကအောက်ဆိုဒ်ရှာတာမျိုး ဖော်လံဖားလုပ်တာမျိုးဆို မိမိစိတ်နဲ့ကအဆင်ပြေဖို့မလွယ်ဘူး။ ဘဝမှာ အောင်မြင်ရေး ဟောပြောဆရာ၊ နည်းပေးလမ်းပြ guide line ချပေးရတဲ့အလုပ်တွေ၊ဘာသာရေးနှင့်နွယ်သော အလုပ်များ၊စာရေးဆရာ၊ဗေဒင်ဆရာ၊ အုပ်ချုပ်မှုအလုပ်များ၊ ဘဏ်လုပ်ငန်း၊စာရင်းကိုင်အလုပ်၊တရားရေးဆိုင်ရာ အလုပ်များ နှင့် အကျိုးပေးတတ်ပါတယ်။ ဒါအပြင်ပညာရေးလုပ်ငန်းများ၊ကျောင်းဆရာ၊ ကထိက၊ပါမောက္ခနှင့် အာမခံလုပ်ငန်းများ၊ အနုပညာသရုပ်ဆောင်လုပ်ငန်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကဏ္ဍ
အချစ်ရေးအိမ်ထောင်ရေးမျာတော့ သစ္စာတရားကိုအခြေခံတဲ့ အချစ်ရေးအိမ်ထောင်ရေးမျိုးကို တည်ဆောက် လိုကြပါတယ်။ မိမိကိုယ်တိုင်လဲ အိမ်ထောင်ရေးမှာသစ္စာရှိမယ်။ အိမ်ထောင်ဘက်ကလဲ မိမိအပေါ်သစ္စာရှိစေချင် တယ်။ ဒီလို3ဂဏန်းသမားတွေဟာ အချစ်ရေးအိမ်ထောင်ရေးထက်အရေးကြီးတဲ့အရာတွေကိုဦးစားပေးမိတာ ကြောင့် အိမ်ထောင်ရေးသုခနည်းတတ်ကြပါတယ်။ အမှတ်တရနေ့တွေ၊ ချစ်သူများနေ့တွေ၊အိမ်ထောင်နှစ်ပတ် လည်နေ့တွေမှာ အခြားသူတွေက surprise လုပ်ပေမဲ့ 3ဂဏန်းသမားတွေကတော့ ထိုအလုပ်တွေကိုအပိုအလုပ် တွေလို့ထင်နေတတ်ပါတယ်။ မိမိcarzy ဖြစ်တဲ့အလုပ်တွေအပေါ်မှာအချိန်ပြည့်ပေးထားတာကြောင့် မိသားစုအ ပေါ်ဂရုမစိုက်သလိုဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ဘက်ရဲ့စိတ်ကုန်ခြင်းကိုခံရတတ်ကြသူတွေပါပဲ။ ကံကောင်းတာတစ်ခုက ဒီဂဏန်းသမားတွေကို မိမိကိုနှစ်နှစ်ကာကာချစ်တဲ့သူတွေနဲ့ အထူးပဲဖူးစာဆုံတတ်ကြပါ တယ်။ ကံကောင်းတာပေါ့ဗျာ ။ မိမိတို့ကိုယ်တိုင်ကလဲ မိမိကိုတန်ဖိုးထားမဲ့သူကိုဦးစားပေးရွေးတတ်ကြသူတွေပါ။ စန်းအလွန်ကောင်းပါတယ်။ မိမိသာအချစ်ရေးအပေါ်မှာအာရုံစိုက်မဲ့သူဆို ချစ်သူများသွားနိုင်ပါတယ်။ ဒါပေမဲ့ အချစ်ရေး၊အိမ်ထောင်ရေးအပေါ်မှာတော့ သိပ်မလေးနက်ကြသူတွေပါပဲ။
အိမ်ထောင်ကျသွားရင်လဲ အိမ်ထောင် ဘက်အပေါ်မှာ သြဇာပေးခိုင်းစေတာမျိုးတွေအလွန်ပဲလုပ်လေ့ရှိပါတယ်။ မိမိလုပ်လို့ရတဲ့အလုပ်တွေကိုလဲ အိမ် ထောင်ဘက်ကိုခိုင်းစေတတ်ကြသူတွေပါပဲ။အချစ်ရေးမှာလဲ ချစ်သူကို အခြားသူတွေကိုအသိမပေးဘဲ လူမသိအောင်တွဲတတ်တဲ့အကျင့်လေးရှိတတ်ပါတယ်။ ချစ်သူက ချိန်းဆိုတဲ့အခါ အချိန်မှီမသွားတာမျိုး၊ ကတိပေးပြီးဖျက်လိုက်တာမျိုးတွေအလွန်ပဲလုပ်တတ်ကြသူတွေပါ။3ဂဏန်းသမားတွေက အိမ်ထောင်ဘက်နဲ့နီးနေရင်တော့ ဒီအိမ်ထောင်ဘက်အပေါ်မှာ သစ္စာရှိတတ်ကြပြီး ဝေးသွားရင်တော့ အသစ်အသစ်ဆိုတာမျိုးတွေ့ရတတ်ပါတယ်ဗျာ
ကျန်းမာရေး နှင့် အသက်ဇီဝ
3ဂဏန်းသမားတွေဟာ ကျန်းမာရေးနှင့်ပက်သက်ပြီးတော့လဲ ရာခိုင်နှုန်းအားဖြင့်ရ၀%လောက်က အကောင်းများပါတယ်။ ဒါပေမဲ့ သတိထားရမဲ့ ကိစ္စတွေက ဒီဂဏန်းသမားတွေက အားကစားသမား၊ကျန်းမာရေး လိုက်စားသူအဖြစ်နဲ့မြင်တွေ့ရလေ့မရှိပါဘူး။ ကာယထက် ဉာဏကိုပဲဦးစားပေးပြီးလုပ်ကိုင်ကြသူတွေဖြစ်တာ ကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေနည်းပါးတတ်ပါတယ်။ ဒါကြောင့်ပဲ အဆီနဲ့ပက်သက်တဲ့ရောဂါတွေ အဝလွန်ရောဂါတွေ အဆီကြောင့်ဖြစ်တတ်တဲ့အကျိုးဆက်တွေကို သတိထားပါ။ ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးဖို့လဲမမေ့ပါနဲ့။ မျက်စေ့ရောဂါ၊အသည်း၊ကျောက်ကပ်၊ဆီးနှင့် ပက်သက်သောရောဂါများလဲ အလွန်ပဲဖြစ် တတ်ပါတယ်။ ဆေးကောင်းဝါးကောင်းမှီဝဲတတ်ပေမဲ့ အားကစားမလုပ်တာကြောင့် ထင်သလောက်ကျန်းမာရေး မကောင်းတာမျိုးဖြစ်ရတတ်ပါတယ်။ သွေးတိုးရောဂါလဲ သတိထားဖို့လိုအပ်တယ်လို့မြင်ပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
ဒီဂဏန်းသမားတွေက ကိုယ့်ဒူးကိုယ်ချွန်းကြိုးစားကြသူတွေများတယ်။ ဆင်းရဲမှု အဆင်မပြေမှုတွေကို တွန်းလှန်နိုင်ကြတယ်။ 12ရက်နေ့မွေးဖွားတဲ့သမ္မတကြီး အေဘရာဟမ်လင်ကွန်းလိုမျိုး သစ်လုံးအိမ်ကနေ အိမ်ဖြူတော်ထိတက်လှမ်းနိုင်တဲ့အထိကြိုစားခဲ့တာကို အထူးမြင်တွေ့ရပါလိမ့်မယ်။ 3ဂဏန်းသမားတွေဟာ သက်ငယ်ပိုင်းပထမအရွယ်မှာ အခက်အခဲများပေမဲ့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတွေမှာ ကံကောင်းကြတာများ ပါတယ်။ အချိန်ကိုအကျိုးရှိအောင်အသုံးချတတ်၊ဇွဲမလျော့တာ ၊အရှုံးမပေးတတ်တာတွေက ဘဝအောင်မြင်ဖို့ လမ်းစတွေပါပဲ။ တိကျပြတ်သားလွန်းတာ၊ အမှားမခံတတ်တာ၊စည်းကမ်းကြီးတတ်တာမျိုးကြောင့်လဲ လူမှုပေါင်း သင်းဆက်ဆံရေးနဲ့ပက်သက်တဲ့ကိစ္စများတွေကို ရှောင်သင့်ပါတယ်။ မိမိကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားမှုတွေ မိမိတတ်သိထားတဲ့ အသိပညာအတတ်ပညာတွေနဲ့ ပဲ အောင်မြင်မှုတွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ ၃ဂဏန်းသမား တော်တော်များများဟာ အပျော်အပါးလိုက်စားတာ သိပ်မတွေ့ရဘူး။ မိတ်ဆွေသူငယ်ချင်းဆိုလဲ မိမိနဲ့ကီးမကိုက် တာနဲ့ ချက်ချင်းမပေါင်းတော့ဘူး။ ဘယ်သူ့ကိုမှရေလိုက်ငါးလိုက် မဆက်ဆံတတ်ဘူး။ ဒါကြောင့်ပဲ အပေါင်းအသင်း မိတ်ဆွေနည်းပါးတာတွေ့ရပါတယ်။ 3ဂဏန်းသမားတွေဟာ ကပ်စေးနဲကြတယ်ဆိုပေမဲ့ မိမိ မိတ်ဆွေရင်းတွေ အခက်အခဲဖြစ်တယ်ဆိုရင်တော့ အလွန်ပဲငွေအားလူအားစိုက်ထုတ်ပြီး အကူအညီပေးတတ်တာကိုတွေ့ရပါတယ်။
3ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 12ရက်၊ 30ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 3ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေ လိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ 3ရက်နေ့မွေးသူတွေဟာ စည်းကမ်းကြီးကြတယ်။ လိုက်လျောညီထွေမနေတတ်ကြဘူး။ လူ့အောက်ကျို့လိုစိတ်လဲ မရှိကြဘူး။မိမိမှန်တယ် ထင်ရင်ဘယ်သူစကားကိုမှနားမဝင်တတ်တဲ့သူမျိုးတွေပါပဲ။
12ရက်နေ့မွေးဖွားသူတွေကတော့ အခြား3ဂဏန်းသမားတွေထက် ပိုမိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ရန်သူမျိုး ငါးပါးကြောင့်ရှာဖွေထားတာလေးတွေ ကုန်သွားတတ်တယ်။ အသက်အန္တရာယ်နဲ့ပက်သက်ပြီး accident ဆိုတာ မျိုးလဲဖြစ်လွယ်ကြတယ်။ ဒီဂဏန်းသမားတွေဟာ ဖြောင်းဖြပြောဆိုတာကို လက်မခံကြပါဘူး။ ရန်သူပေါများတတ် တယ်။ မိမိကိုမနာလိုမုန်းသူတွေနဲ့ကြုံရတတ်ပါတယ်။ မိမိကိုချောက်ချမဲ့သူတွေရှိနေတတ်တာကို မိမိကသိနား လည်ဖို့လိုအပ်ပါတယ်။
21ရက်နေ့မွေးဖွားကြသူတွေကတော့ ဘဝတည်ငြိမ်မှုတွေကိုရရှိကြတယ်။ ဒုက္ခကြီးကြီးကျယ်ကျယ်ဘယ် တော့မှမရောက်ဘူး။ ဒုက္ခရောက်မယ်ကြံတိုင်းကယ်မဲ့သူပေါ်တယ်။ ဘဝကြီးက ပရမ်းပတာဖြစ်သွားလေ့မရှိပါဘူး။ အိမ်ထောင်ဘက်ကောင်းရလွယ်ကြတယ်။ အထူးသဖြင့် 21ရက်နေ့မွေးတဲ့ မိန်းကလေးတွေကတော့ ကိုယ့်ထက် အဘက်ဘက်က သာလွန်တဲ့ အိမ်ထောင်ဘက်ကိုရလွယ်ကြပါတယ်။ အိမ်ထောင်ဘက်အပေါ်မှာလဲ မိမိသြဇာ ညောင်းတဲ့သူတွေပါပဲ။
30 ရက်နေ့မွေးဖွားကြသူတွေကတော့ သုညနဲ့တွဲလျက်ပါတာကြောင့် သတိထားသင့်တယ်။ နောက်မှာ သုညတွဲ လျက်ပါတဲ့ 10၊20၊30၊ရက်မွေးသူတွေဟာ ဘဝအတက်အကျအလွန်များတယ်။ သုညဟာအဝိုင်းရဲ့ သဘောတရား ကြောင့်လားတော့ မသိဘူး။ ဘဝကံက လှိုင်းလိုပဲအတတ်အကျအလွန်များတာကို သတိထား မိတယ်။ ဒီဂဏန်းသမားတွေက အတွေးအခေါ်မြင့်မားတယ်။ အကြံပေးရတဲ့ consultant အလုပ်တွေနဲ့ အလွန်မှပဲ သင့်တော်ပါတယ်။ ကျန်တော်ကိုယ်တိုင်လဲ 30ရက်နေ့ မွေးတာကြောင့် ဗေဒင်ဟောပြောယတြာပေးတာအပြင် အကြံပေးတဲ့သဘောမျိုးကို ဦးစားပေးပြောဖြစ်ပါတယ်။ အနုပညာစိတ်လေးတွေရှိကြတယ်။ ခံစားလွယ်တယ်။ အနု ပညာလမ်းကြောင်းပေါ်လျှောက်ရင်အောင်မြင်နိုင်ပါတယ်။ အလျော့မပေးဘဲ ဇွဲကြီးကြသူတွေပါ။
3ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊6ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 1ဂဏန်း၊8ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 3ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း1၊8၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 1၊8၊9ပါရင်၊ ပေါင်းခြင်း 1/8/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်း၊4ဂဏန်းနှင့် 5ဂဏန်း သမားတွေကတော့ 3ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
3ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695

2ဂဏန်းသမားများအကြောင်း

2ဂဏန်းသမားဆိုတာကတော့ မည်သည့်လတွင်မဆို 2ရက်၊11ရက်၊20ရက်နှင့် 29ရက်နေ့တွေမှာ မွေးဖွား သူတွေဟာ 2ဂဏန်းသမားတွေပဲဖြစ်ကြပါတယ်။
2ဂဏန်းဟာ မိမိတို့နေထိုင်တဲ့ ကမ္ဘာဂြိုဟ်ကို ဝန်းရံလည်ပတ်နေတဲ့ ဂြိုဟ်ရံဖြစ်တဲ့လမင်းစိုးမိုးနေတဲ့ ဂဏန်း တစ်ခုပါပဲ။ လမင်းစန္ဒာကို ဂြိုဟ်အမည်အားဖြင့် တနင်္လာဂြိုဟ်ဟု သတ်မှတ်ပါတယ်။ဓာတ်သဘောအရ ”အမ” ဓာတ်ဖြစ်ပြီးတော့ ရေဓာတ်လဲ စိုးမိုးတာတွေ့ရပါတယ်။
စရိုက်လက္ခဏာ
လမင်းရဲ့အေးမြမှုကြောင့်လားတော့ မသိ။ 2ဂဏန်းသမားတော်တော်များများက အေးချမ်းစွာနေလိုစိတ်ရှိ ကြသူတွေပါပဲ။ စိတ်ဓာတ်နုနယ်ပြီး ဝမ်းသာ၊ဝမ်းနည်းလွယ်ပါတယ်။ လူချမ်းသာခြင်းထက် စိတ်ချမ်းသာဖို့ကိုပိုမို ဦးစားပေးနေထိုင်တတ်သူတွေပါပဲ။ စိတ်ကူးယဉ်ဆန်တယ်။ ဒါကြောင့်အနုပညာအလုပ်တွေနဲ့ပက်သက်ပြီးတော့ ဝါသနာပါသလို အကျိုးလဲပေးပါတယ်။ မိသားစုအပေါ်သံယောဇဉ်ကြီးကြပါတယ်။ မိခင်လိုစိတ်ဓာတ်မျိုးလဲရှိကြပါတယ်။ တွေးတောလွန်းရင်တော့ စိတ်ကူးတာများပြီး လေထဲတိုက်အိမ်ဆောက်နေမိတတ်ပါတယ်။ လက်တွေ့ ကျ ကျမလုပ်မိသလိုဖြစ်နေရတတ်ပါတယ်။ စိတ်ကူးကောင်းတာကြောင့် ထီထွင်မှုများ၊ ဆန်းစစ်ကြိုးစားမှုများ၊စွန့်ဦး ထီထွင်လုပ်ဆောင်မှုများတွင် အထူးအောင်မြင်နိုင်ပါတယ်။ စိတ်ကူးနဲ့လက်တွေ့ပေါင်းစပ်နိုင်ရင်ထိပ်ဆုံးရောက် သွားနိုင်တဲ့သူတွေပါ။
အထူးသဖြင့် အက်ဒီဆင်ဟာ 11ရက်နေ့မွေးတဲ့ ၂ဂဏန်းသမားပါ။ ထီထွင်ကြံဆတတ်သလို လက်တွေ့လဲ ဇွဲရှိရှိနဲ့ အကြိမ်ကြိမ်အထပ်ထပ်ကြိုးစားခဲ့သူပါပဲ။ စိတ်နှစ်ခွဖြစ်တာတွေ၊ ဆုံးဖြတ်ချက်မခိုင်မာမှုတွေ ကမိမိတို့ရဲ့အောင်မြင်မှုကိုနှေးကွေးစေပါလိမ့်မယ်။ စိတ်ဓာတ်ကျသွားရင် ပြန်လည်စိတ်ထဲမြှင့်တင်ဖို့အချိန်အတော် ယူရတတ်သူပါပဲ။ လဲရင်ပြန်ထဖို့ အားငယ်နေတတ်သူတွေပါပဲ။ လဆန်း လပြည့် လဆုတ် လကွယ်ရှိကြသလို 2ဂဏန်းသမားတွေဟာ တက်ကြွခြင်း၊ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ဓာတ်ကျခြင်းတစ်လှည့်စီဖြစ်နေတတ်တာ ကိုတွေ့မြင်ရတတ်ပါတယ်။နောက်တစ်ခုက 2ဂဏန်းသမားတော်တော်များများဟာ စိတ်ပင်ပန်းတဲ့ဒဏ်သာမကဘဲ ကိုယ်ပင်ပန်းတဲ့ဒဏ်ကိုလဲ မခံနိုင်ကြဘူး။ လူကသာတောင့်တောင့်တင်းတင်းဖြစ်ရင်ဖြစ်မယ်။ ကာယပင်ပန်းမှုကို တော့တောင့်မခံနိုင်တာတွေရတယ်။2ဂဏန်းသမားတွေက အဆွေးသမားအငေးသမားတွေဖြစ်နေကြတာများပါ တယ်။ တက်ကြွနေတဲ့ပုံစံမျိုးသိပ်မမြင်ရပါဘူး။
စီးပွားရေးနှင့်အလုပ်အကိုင်
2ဂဏန်းသမားအများစုက ဘဝကိုအေးအေးချမ်းချမ်းနဲ့ပဲဖြတ်သန်းချင်ကြတယ်။ ဘဝရည်မှန်းချက်ကြီးကြီး မားမားချမှတ်ထားတာကိုတော့ သိပ်မတွေ့ရဘူး။ ရောင့်ရဲလွယ်တဲ့စိတ်ဓာတ်လဲ ရှိကြတယ်။ တာဝန်ယူရတာ၊ တာဝန်ခံရတာကိုမကြိုက်ကြဘူး၊ ဒါကြောင့်သူတို့ဟာခေါင်းဆောင်းနေရာမှာသိပ်မတွေ့ရတတ်ပါဘူး။ တနင်္လာဂြိုဟ် စိုးမိုးတာကြောင့်လဲ သူတို့တွေဟာ အနုပညာအလုပ်၊ဖျော်ဖြေရေးအလုပ်တွေမှာသူမတူတဲ့ဆန်းသစ်မှုတွေနဲ့အောင် မြင်ကြပါတယ်။ ဒါကြောင့် 2ဂဏန်းသမားတွေဖြစ်တဲ့ ဘရစ်တနီစပီးယားတို့ ၊မိုက်ကယ်ဂျက်ဆင်တို့ဟာ သူမတူတဲ့ ဖန်းတီးမှုတွေနဲ့ အောင်မြင်ခဲ့ကြတယ်။အသိပညာရှင်၊အတတ်ပညာရှင်၊ထီထွင်သူများ၊စာပေ၊ပန်းချီ၊ပန်းပုအလုပ် များနှင့် စားသောက်ကုန်ထုတ်လုပ်သူများ၊ဖက်ရှင်ဒီဇိုင်နာများနှင့် စာရင်းကိုင်လုပ်ငန်းလုပ်ကြသူတွေနဲ့ အထူးပဲ သင့်လျော်ပါတယ်။သိထားစေချင်တာက 2ဂဏန်းသမားတွေဟာ လခစားအလုပ်၊ဝန်ထမ်းအလုပ်တွေနဲ့မသင့် တော်ပါဘူး။ မိမိတက်ကျွမ်းတဲ့ပညာနဲ့ ကိုယ်ပိုင်အလုပ်ကိုပဲလုပ်သင့်ပါတယ်။ အသက်၃၀၀န်းကျင်ဆိုရင်ပဲ ကိုယ်ပိုင် အလုပ်နဲ့ရပ်တည်နေကြတာကိုအထူးတွေ့ရပါတယ်။ သက်လတ်ပိုင်းကျော်သည်အထိ လခစားလုပ်နေ တုန်းဆိုရင်လဲ အဆင်ပြေဖို့ခဲယဉ်းသွားတတ်ပါတယ်။
အချစ်ရေးနှင့် အိမ်ထောင်ရေး
အချစ်ရေးနှင့် အိမ်ထောင်ရေးမှာတော့ ထိလွယ်ရှလွယ်တဲ့ ဂဏန်းသမားတွေပါပဲ။ခံစားလွယ်၊ဝမ်းနည်း လွယ်ကြတဲ့သူတွေပါပဲ။ အချစ်ရေးနှင့် အိမ်ထောင်ရေးကိစ္စတွေမှာ နှလုံးသားရဲ့အလိုကိုလိုက်ကြတာများပါတယ်။ အချစ်ရေးကံခေတဲ့ဂဏန်းသမားတွေထဲမှာလဲ 2ဂဏန်းသမားတွေက ထိပ်ဆုံးကပါဝင်တာကိုတွေ့ရပါတယ်။ အချစ် ရေးမှာ အချစ်ဦးနဲ့ မညားနိုင်သလို အချစ်ဆုံးနဲ့လဲညားဖို့ မလွယ်ကူတဲ့ဇာတာရှင်တွေပါပဲ။ အိမ်ထောင်ရေးတွေမှာ ပွင့်လင်းမြင်သာမှုမရှိတာ ၊ကလေးဆန်လွန်းတာ၊စိတ်ဆိုးလွယ်လိုက်နဲ့ စိတ်ပြေလွယ်လိုက်ဖြစ်တာတွေက ဒီ2ဂဏန်းသမားတွေအတွက် အချစ်ရေးကို အားနည်းချက်ဖြစ်စေတာတော့အမှန်ပါပဲ။ 2ဂဏန်းသမားတွေက အိမ် ထောင်ဘက်ကအားကိုးလို့မရတာမျိုးကြုံရတတ်ပါတယ်။ မိန်းမထမိန်နားခိုစားတတ်တဲ့ ယောကျာ်းမျိုးကိုရတတ်သ လိုအချို့ကတော့ ငွေရှာကောင်းပေမဲ့မိန်းမကိုတိုင်းတိုင်းထွာထွာပေးတာမျိုးကြုံရတတ်ပါတယ်။2ဂဏန်းသမားတွေ ရဲ့ အားနာတတ်တဲ့စိတ်၊ယုံလွယ်တဲ့စိတ်ရှိတာကြောင့် သွေးထိုးတာမျိုး၊ကြားစကားပြောတာမျိုးကိုယုံလွယ်တတ်ကြ ပါတယ်။ အိမ်ထောင်ကျပြီးလဲ မိဘမောင်ဖွားတွေအပေါ်ချစ်ခင်မှုကြောင့် အလွန်ထောက်ပံ့ပေးကမ်းတာ၊ အတိုင်း အရှည်ကိုမသိတာတွေကြောင့် အိမ်ထောင်ဘက်နဲ့စကားခဏခဏများရတတ်ပါတယ်။ မိမိကိုယ်တိုင်ကလဲ မိမိရဲ့ ချစ်ခင်ယုယမှုကိုထုတ်ဖော်ပြသခြင်းမရှိတာမျိုးတွေ၊ အုံ့ပုံးအချစ်မျိုးတွေကြောင့် ချစ်သူအိမ်ထောင်ဘက်က လွယ် လွယ်စိတ်ကုန်သွားတတ်ပါတယ်။ အချစ်ရေးပြဿနာ၊အိမ်ထောင်ရေးပြဿနာတွေက ဘဝမှာကြီးကြီး ကျယ်ကျယ် နှစ်ကြိမ်ထက်မနည်းဖြစ်တတ်တာကြောင့် သတိထားဖို့လိုအပ်ပါတယ်။ 2ဂဏန်းသမားအမျိုးသမီးတွေ ဟာဘဝမှာ နောက်ကြောင်းမရှင်းသူ၊လူလိမ် လူညာတွေနဲ့ တွေ့ဆုံလွယ်ပါတယ်။ ဒါကြောင့်ပဲ 2ဂဏန်းသမား မိန်း ကလေးတွေက အိမ်ထောင်ဘက်ကိုသေချာစီစဉ်ရွေးချယ်တတ်ဖို့လိုပါတယ်။ 2ဂဏန်းသမား အမျိုးသားတွေက ဖောက်ပြန်လွယ်ပါတယ်။ သနားတာ၊အားနာတာတွေက မိမိရဲ့အောက်လက်ငယ်သားဝန်ထမ်းတွေ၊နွမ်းပါးတဲ့မိန်းက လေးတွေနဲ့ငြိစွန်းသွားတတ်ပါတယ်။
ကျန်းမာရေး နှင့် အသက်ဇီဝ
2ဂဏန်းသမားတော်တော်များများက ကျန်းမားရေးအားနည်းချက်ကိုယ်စီနဲ့ မွေးဖွားလာကြသူတွေပါပဲ။ သူများနဲ့ယှဉ်ပြီးလုပ်ကိုင်ဖို့ မလွယ်လောက်ပါဘူး။ အိပ်ရေးပျက်ခံပြီးလုပ်ရမှာမျိုးတွေ၊စိတ်ပင်ပန်းလူပင်ပန်းခံပြီး လုပ်ရမှာမျိုးတွေကို သူတို့မလုပ်နိုင်ကြပါဘူး။ မိဘတွေရဲ့ ရောဂါဝေဒနာတွေက သားသမီးတွေကို Generation ပါ လာတတ်တာမျိုးတွေကို 2ဂဏန်းသမားတွေမှာအထူးတွေ့ရပါတယ်။ မိဘတွေရဲ့ ရောဂါတွေကိုအမွေရတတ်သူမျိုး ပါပဲ၊ ကိုယ်ခံအားနည်းပြီးမွေးဖွားလာကြတဲ့သူတွေဖြစ်တာကြောင့်သူများထက် ကျန်းမာရေးကိုပိုမိုလိုက်စားပါ။ အားကစားလုပ်ပါ။ သင့်တင့်မျှတတဲ့ အစားအသောက်တွေကိုစားသောက်နေထိုင်ပါ။ အစာအိမ်၊အစာလမ်းကြောင်း အူသိမ်၊အူမဆိုင်ရာရောဂါဝေဒနာတွေအဖြစ်များတတ်ပါတယ်။ စိတ်ဖိစီးမှုဒဏ်ကိုလဲ မခံနိုင်တာကြောင့် စိတ်ပိုင်း ဆိုင်ရာရောဂါတွေလဲဖြစ်လွယ်ပါတယ်။ အထူးသဖြင့်အမျိုးသမီးများအနေနဲ့ အမျိုးသမီးရောဂါတွေကိုအထူးဂရုစိုက် ပါလို့မှာလိုက်ချင်ပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
2ဂဏန်းသမားတွေဟာ အရွယ်သုံးပါးမှာ ဒုတိယအရွယ်တွေမှာ ဘဝအတက်အကျအလွန်များတာကို တွေ့ ကြရတယ်။ ဒါပေမဲ့ တတိယအရွယ်ရောက်ရင်တော့ အိုဇာတာအလွန်ကောင်းသွားတတ်ပြီး ဘဝနေဝင်ချိန်မှာစိတ် ချမ်းသာရတာများတယ်။ အိမ်ထောင်ရေးမှာ သနားချစ်ကြောင့်ယူလိုက်တာများသူတွေဖြစ်တာကြောင့် ကိုယ်ထက် အဘက်ဘက်က ညံ့ဖျင်းတဲ့သူကိုရလွယ်ကြတယ်။ ဒါကြောင့်ပဲ အလုပ်စီးပွားလုပ်ကိုင်ရာမှာဖြစ်စေ လူမှုရေးကိစ္စ တွေမှာဖြစ်စေမိမိကသာ အစအဆုံးလုပ်ရတတ်သူတွေပါပဲ။ စိတ်ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်တာကြောင့် လခစားအလုပ်တွေ ဖိအားများတဲ့အလုပ်တွေမလုပ်နဲ့။ 2ဂဏန်းသမားတွေဟာ စိတ်ဓာတ်ကျလာပြီဆိုရင်မိမိကိုယ် ကိုသေကြောင်းကြံစည်တာမျိုးတွေ၊ depression ဝင်ပြီး နလံမထူနိုင်တာမျိုးတွေအထူးပဲဖြစ်လွယ်ကြပါတယ်။ တနင်္လာဂြိုဟ်စိုးမိုးတာကြောင့် စန်းအားကောင်းကြတယ်။ လူချစ်လူခင်များတယ်။ ဒါပေမဲ့ထဲထဲဝင်ဝင်ပေါင်းကြည့် မယ်ဆိုရင်တော့ လူ့ဂွစာတွေဖြစ်နေကြတာများပါတယ်။
2ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 20ရက်၊ 29ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 2ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေလိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ ပတ် ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့သူတွေများတယ်။ ဆက်ဆံပေါင်းသင်းရခက်ခဲတဲ့သူမျိုးတွေပါပဲ။ ပညာမာနလဲ ကြီးတတ်ကြပါတယ်။ ကပ်စီးနည်း လူဂွစာလို့ အပြောခံရတတ်သူတွေပါပဲ။ ဒီလို2ရက်နေ့ မွေးသူတွေကို မြှောက်ပေါင်းတတ်သူတွေပဲ အနားမှာရှိတတ်ပါတယ်။ အများနဲ့ အမြင်မတူဘဲ အတွေးချော်တတ်တဲ့သူမျိုးပါ။ သူတို့ ကတော့ သူတို့လုပ်တာအမှန်လို့ ထင်နေတတ်ကြပါတယ်။
11ရက်နေ့မွေးဖွားသူတွေကတော့ အခြား2ဂဏန်းသမားတွေနဲ့ မတူညီတာတစ်ချက်က ထီထွင်ကြံဆနိုင်မှု မြင့်မားကြတာကိုတွေ့ ရတယ်။ အတွေးအခေါ်အမြော်အမြင်အလွန်ပဲကောင်းကြတယ်။ ဘာသာရေးကိုသာသေချာ ကျင့်ကြံအားထုတ်မယ်ဆိုရင်တော့ အရိယာထိဖြစ်နိုင်ခြေရှိတဲ့သူတွေပါပဲ။ မိရိုးဖလာ ဘာသာရေးအပေါ်မှာလဲ ယုံ ကြည်သက်ဝင်မှုအလွန်ရှိတတ်ကြပါတယ်။ ဘာသာရေးကိုင်းရှိုင်းကြတယ်။ ရှေ့ရိုးနည်းနည်းဆန်ကြသူတွေများပါ တယ်။စိတ်ကူးနဲ့ လက်တွေကို တစ်ထပ်တည်းကျအောင်လုပ်နိုင်တဲ့သူတွေက ဘဝအောင်မြင်ထွန်းပေါက်ကြတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်နေရင်တော့ ကြီးပွားသင့်သလောက်ကြီးပွားမှာမဟုတ်ပါဘူး။
20 ရက်နေ့မွေးဖွားကြသူတွေကတော့ သုညနဲ့တွဲလျက်ပါတာကြောင့် သတိထားသင့်တယ်။ နောက်မှာ သုညတွဲ လျက်ပါတဲ့ 10၊20၊30၊ရက်မွေးသူတွေဟာ ဘဝအတက်အကျအလွန်များတယ်။ သုညဟာအဝိုင်းရဲ့သဘောတရား ကြောင့်လားတော့ မသိဘူး။ ဘဝကံက လှိုင်းလိုပဲအတတ်အကျအလွန်များတာကို သတိထားမိတယ်။ လူမှုရေး စိတ်ဓာတ်၊ပရဟိတစိတ်ဓာတ်ရှိကြသူတွေရှိကြပါတယ်။ အားနည်းတဲ့သူတွေကို ကူညီရိုင်းပင်လိုစိတ်ရှိကြတယ်။ ဒါပေမဲ့ အစွန်းရောက်အတွေးတွေရှိတယ်။ ငါ့အတွက်၊ငါ့မိသားစု၊ငါ့ဆွေမျိုးဆိုတဲ့ အတ္တမာန အခြေခံလေးတွေတော့ ရှိတတ်ကြပါတယ်။တစ်ခုခုကို စွဲလမ်းမိရင်လဲမေ့ဖျောက်ရခက်ကြသူတွေပါပဲ။
29ရက်နေ့မွေးသူတွေဟာ လောဘကြီးလွန်းတယ်။ ငွေရှိမှလူရာဝင်တယ်ထင်တတ်ကြတယ်။ ဒါကြောင့် လားတော့ မသိဘူး။ အချို29ရက်နေ့မွေးတဲ့မိန်းကလေးတွေ အငယ်အနှောင်းဖြစ်လွယ်တယ်။ လိင်ကိစ္စအရှုပ် အထွေးတွေများတာကိုတွေ့မြင်ရတတ်ပါတယ်။အမျိုးသားတွေဆိုလဲ ရာဂစိတ်ပြင်းထန်တတ်ကြသူတွေများပါတယ် ။ စီးပွားရေးကို ကြိုးကြိုးစားစားရှာဖွေကြတယ်။ ဒါပေမဲ့ ဖြတ်လမ်းနည်းနဲ့ငွေရှာတတ်တာကြောင့် စီးပွားပျက်တတ် တယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေကို လုပ်မိကိုင်မိတတ်ကြပါတယ်။ ချစ်သူနဲ့မညားတာ၊ အိမ်ထောင်ဆက် များတာမျိုးတွေအထူးဖြစ်လွယ်ပါတယ်။ accidentဖြစ်လွယ်တာ မတော်တဆသွေးထွက်သံယို ဖြစ်ရတာမျိုးတွေ အလွန်ပဲဖြစ်လွယ်ပါတယ်။
2ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 1ဂဏန်း၊5ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 2ဂဏန်း၊4ဂဏန်းနှင့် 8ဂဏန်းသမားတွေကတော့ 2ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း2၊4၊8ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 2၊4၊8ပါရင်၊ ပေါင်းခြင်း 2/4/8ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်း၊6ဂဏန်းနှနှင့် 9ဂဏန်း သမားတွေကတော့ 2ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
2ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။

1ဂဏန်းသမားများအကြောင်း

1ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 1ရက်၊10ရက်၊ 19ရက်နှင့် 28ရက်တွေမှာမွေးဖွားတဲ့သူ တွေကို 1ဂဏန်းသမားတွေလိုသတ်မှတ်ပါတယ်။
1ဂဏန်းကို တနင်္ဂနွေ ဂြိုဟ်စိုးမိုးတယ်လို့ အမှတ်သညာရှိခဲ့ကြပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာနေမင်းပိုင်တဲ့ ဂြိုဟ်လဲ ဖြစ်ပါတယ်။ ဓာတ်သဘောအရလဲ မီးဓာတ်၊အဖိုဓာတ်ကိုပေးပါတယ်။
စရိုက်လက္ခဏာ
1ဂဏန်းဆိုတာ ဂဏန်းတွေရဲ့အဦးအစမို့လားတော့မသိဘူး။ 1ဂဏန်းသမားတွေဟာ လူကြားထဲမှာထင် ပေါ်ကျော်ကြားကြတာများပါတယ်။ အရာရာလဲ ရှေ့ကနေပါတတ်သူတွေများပါတယ်။ တစ်ခုသတိထားရမှာက ရုပ်ဝါဒဆန်ကြတာများတယ်။ လက်တွေ့မှယုံတာမျိုးတွေ၊ ခံစားချက်ကိုဦးစားမပေးတာမျိုးတွေ့ရပါတယ်။ ဒါကြောင့် ကိုယ်က 1ဂဏန်းသမားတစ်ယောက်ဖြစ်မယ်ဆိုရင်လဲ နှလုံးရည်ကိုလဲ ကောင်းအောင်လေ့ကျင့်ထားပါ။ ကိုယ်ချင်း စာစိတ်ကို မွေးမြူပါ။ ခေါင်းဆောင်စိတ်ရှိတယ်။ တာဝန်ယူ၊တာဝန်ခံစိတ်လဲရှိကြတယ်။ ပေးတဲ့တာဝန်ကိုကျေပွန် အောင် ကျေပွန်အောင်စွမ်းဆောင်နိုင်ကြသူတွေပါ။ နှလုံးရည်ပါပြည့်စုံတဲ့ ၁ဂဏန်းများတွေဟာထိပ်ဆုံးရောက်ကြ တာများတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Microsoft ကိုတည်ထောင်တဲ့ ဘီလ်ဂိတ်တို့ဟာ မေတ္တာတရားကြီးမား ခြင်းတွေ ရှိပြီး နှလုံးရည်အားကောင်းကြကြောင်းတွေ့ရပါတယ်။ 1ဂဏန်းသမားဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်၊အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန်တို့ဟာ ရုပ်ဝါဒီအရမ်းဆန်ကြတယ်ဆိုတာ တွေ့မြင်နိုင်ပါ တယ်။ 1ဂဏန်းသမားတွေဟာ နိမ့်ကျသူတွေကို ကူညီလိုကြတယ်။ဘဝရည်မှန်းချက်ကြီးမာကြတယ်။ လိမ္မာပါးနပ်ကြသလို သိလွယ်တတ်လွယ်ကြတဲ့သူတွေဖြစ်တယ်။ အရိပ်ပြလို့အကောင်မြင်တတ်သူတွေဖြစ်ပြီး ပါးရည်နပ်ရည်လဲရှိကြပါ တယ်။ နောက်လိုက်လုပ်လိုစိတ်မရှိဘူး။ တော်ရုံဒုက္ခရောက်ရုံနဲ့သူများဆီမှာ အကူအညီ မတောင်းတတ်ကြဘူး။ ဘာသာရေးအပေါ်မှာ သေချာဆန်းစစ်ပြီးမှယုံကြည်တတ်တယ်။ ယုံမိပြီဆိုရင်လဲ အသက် ပေးပြီးယုံကြည်သွား တတ်ကြသူတွေပဲဖြစ်တယ်။စကားပြောကောင်းသူတွေဖြစ်ကြပြီး သူတစ်ပါးကိုယုံကြည် လာအောင်လဲ စည်းရုံးသိမ်း သွင်းနိုင်တာကိုတွေ့ရတယ်။ ဇွဲရှိတယ်။သတ္တိကောင်းကြတယ်။ ဒါကြောင့်လဲ စိတ်ရော ကိုယ်ပါအပင်ပန်းခံနိုင်ကြ တာကိုတွေ့ရတယ်။ တစ်ခုဆိုးတာက မိမိကိုယ်ကိုအထင်ကြီးစိတ်များသွားတတ်ပါတယ်။
စီးပွားရေးနှင့် အလုပ်အကိုင်
ခေါင်းဆောင်စိတ်ရှိလို့လာတော့မသိဘူး… 1ဂဏန်းသမားတွေက အခြေခံကစလုပ်ပေမဲ့ မကြာခင်မှာပဲ ခေါင်းဆောင်ဖြစ်လွယ်ပါတယ်။ ကြိုးစားမှု၊ရိုးသားမှု၊လုပ်ငန်းအပေါ် ကျွမ်းကျင်ပါးနပ်မှု၊ တာဝန်ယူစိတ်၊တာဝန်ခံ စိတ်တွေက မိမိကိုထိပ်ဆုံးရောက်အောင်အမြန်ဆုံးခေါ်သွားတတ်တာကိုတွေ့ရပါတယ်။ ဦးဆောင်ဦးရွက်လုပ်လို စိတ်ရှိတဲ့အတွက် အုပ်ချူပ်ရေးအပိုင်း၊ခေါင်းဆောင်အပိုင်း၊Manament လုပ်ပေးရတဲ့အလုပ်တွေမှာ အောင်မြင်ကြတာ များပါတယ်။ နေမင်းဟာပူပြင်းတဲ့သဘောဆောင်တာကြောင့်မီးနဲ့ပက်သက်သော အလုပ်တွေ၊လျှပ်စစ်ပက်သက် သောအလုပ်၊အင်ဂျင်နီယာ၊ ခွဲစိပ်ဆရာဝန်၊နည်းပညာအလုပ်တွေမှာ ထင်ရှားအောင်မြင်တတ်ကြပါတယ်။ တစ်ခု ဆိုးတာကသူတို့တွေဟာအလုပ်သေးသေးမွှားမွှားလေးတွေကို အထင်မကြီးတတ်ကြတာပါပဲ။ ဒါကြောင့်ပဲ အလှမ်း ကျယ်ပြီး အလယ်ကလှစ်ဟာနေသလိုမျိုးဖြစ်တတ်ပါတယ်။ ဥပမာပေးရရင် အထည်ကြီးပျက်တွေလို သေးနုပ်တာ ကိုလဲ မလုပ်ချင်၊ကြီးမားတဲ့အလုပ်တွေကလဲ မနိုင်ဆိုတာမျိုးဖြစ်တတ်ပါတယ်။
အချစ်ရေးနှင့် အိမ်ထောင်ရေး
အချစ်ရေးအိမ်ထောင်ရေးမှာတော့ ဒုက္ခထက်သုခဘက်ကိုပိုအလေးသာတဲ့ သူတွေပါပဲ။ အိမ်ထောင်ရေးမှာ တော့ စိတ်တူသဘောတူတဲ့သူတွေကိုတော့ ရလွယ်တာတွေ့ရပါတယ်။ ဒါပေမဲ့ ချစ်သူအိမ်ထောင်ဘက်အပေါ်စိုးမိုး လွန်းတာချုပ်ချယ်လွန်းတာမျိုးတွေကြောင့် တစ်ခါတလေ အကြီးအကျယ်စကားများရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့သဝန်တိုတာလေးတွေ၊စွပ်စွဲမိတာလေးတွေက အချစ်ရေးအိမ်ထောင်ရေးကို အက်ကြောင်း ထလာနိုင်တယ်ဆိုတာသတိပြုပါ။ အိမ်ထောင်ဘက်အပေါ်မှာလဲ အပြည့်အဝမယုံကြည်တတ်ကြဘူး၊ သံသယများပါတယ်။ ဒီအချက်ရဲ့အားနည်းချက်က သူများသွေးထိုးလို့ကောင်းတာပေါ့ဗျာ။ 1ဂဏန်းသမားတွေရဲ့ သတိထားရမဲ့နောက်တစ်ချက်က ချစ်သူအိမ်ထောင်ဘက်ကို လူကြားသူကြားမရှောင် အပြစ်တင်တတ်တာ တွေပါပဲ။ 1ဂဏန်းသမားတွေကို ဆိုးတာတွေရွေးပြော တယ်လို့ မထင်ပါနဲ့။ ရှောင်ရမဲ့အချက်တွေသိမှပဲ ဆင်ခြင်နိုင်မှာမို့ ရွေးပြောနေတာပါ။ တစ်ခုသတိထားမိလားတော့ မသိဘူး။ 1ဂဏန်းသမားတွေဟာ သူ့ရဲ့လက်တွဲဖော်ကို သန့်ပြန်ပြီး စမတ်ကျကျ ဝတ်ဆင်နေထိုတတ်သူတွေကို ပို သဘောကျလေ့ရှိတယ်။ နောက်တစ်ချက်က 1ဂဏန်းသမားတွေက အထင်ကြီးလေးစားတာကိုအထူးခံချင်ပါတယ်။ ဒါကြောင့် 1ဂဏန်းသမားတွေကို လက်တွဲမဲ့အိမ်ထောင်ဘက်တွေက သူတိုကို အထင်ကြီးလေးစားနိုင်မှပဲ လက်ထပ်ပါလို့မှာချင်ပါတယ်။ အိမ်ထောင်ရေးပြဿနာဖြစ်လာရင်တော့ မိမိပြောတာအမှန်၊မိမိလုပ်တာအမှန်ဆို တာမျိုးတွေလုပ်မိတတ်ပါတယ်။ ဒါပေမဲ့ တစ်ဂဏန်းသမားတွေက အိမ်ထောင်ဘက်အပေါ်သစ္စာရှိကြတယ်။ အိမ် ထောင်ဦးစီးဆိုလဲ အိမ်ထောင်ဘက်အပေါ်သေချာလုပ်ကိုင်ကျွေးမွေးတဲ့သူတွေပါ။ တစ်ခုသတိထားရမှာက မိမိက အရွဲ့တိုက်လိုစိတ်ရှိတယ်။ အိမ်ထောင်ဘက်က ဖောက်ပြန်တယ်ဆို ဖေးမတာမျိုးမလုပ်ဘဲ သူတောင်မဟုတ်တာ လုပ်သေးတာပဲငါလဲလုပ်မယ်ဆိုတဲ့ အရွဲ့တိုက်စိတ်လေးရှိနေတတ်ပါတယ်။
ကျန်းမာရေး
ကျန်းမာရေးကတော့ 1ဂဏန်းသမားတွေရဲ့ ၇၀%လောက်က ကျန်းမာရေးကောင်းကြတာများပါတယ်။ ဦးခေါင်းနှင့်ပက်သက်သောရောဂါများ အလွန်ပဲဖြစ်လွယ်ပါတယ်။ ခေါင်းကိုက်၊ခေါင်းမူးတာ၊ဦးနှောက်အမြှေးရောင် တာမျိုးတွေဖြစ်လွယ်ပါတယ်။ ဦးနှောက်နှင့် အာရုံကြောရောဂါတွေလဲ အထူးဖြစ်ရတတ်ပါတယ်။ အာရုံကြောအား နည်းတတ်တဲ့ ဇာတာရှင်တွေပါ။ သွေးတိုးရောဂါနှင့် နှလုံးရောဂါတွေကိုလဲ ထပ်လောင်းဂရုစိုက်ပေးပါ။ အသက်ရှည်ရှည်နေရသူတွေထဲမှာ 1ဂဏန်းသမားတွေလဲ ပါဝင်တာအထူးတွေ့ရပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
1ဂဏန်းသမားတွေဟာ စီးပွားရေးတွေလုပ်၊အလုပ်တွေကအဆင်ပြေလာ…အလုပ်တွေတိုးချဲ့ ၊တဖြည်းဖြည်းနဲ့ လောဘသက္ကာယကြီးလာတာ၊တိုးတတ်ကြီးပွားချင်စိတ်တွေများလာတာတွေဖြစ်တတ်ပါတယ်။ အဲလိုဖြစ်တာနဲ့ ဘာသာရေးကိုမေ့သွားတတ်တယ်။ လောဘကို ဒါနနဲ့အနိုင်ယူရမယ်ဆိုတာမသိတော့ဘူး။ ဒါကြောင့် 1ဂဏန်း သမားတွေက အဆင်ပြေလေ၊ဘာသာကိုတွဲလုပ်နိုင်လေဆိုပိုကောင်းတာတွေ့ရပါတယ်။ နေမင်းဟာအထွက် အဝင်ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်။အမြဲတမ်းတောက်လောင်ထွန်းလင်းပေမဲ့ကမ္ဘာ မြေကနေကြည့်မယ်ဆို နေဝင်ချိန်ဆိုတာရှိစမြဲပါပဲ။ ဒါကြောင့် 1ဂဏန်းသမားတွေရဲ့ ၆၀%လောက်ဟာ တတိယ အရွယ်ဘဝနေဝင်ချိန် တွေမှာ အိုဇာတာညံ့နေတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ပေးကမ်းစွန့်ကြဲတတ်သူတွေ မာနကိုရှေ့တန်း မတင်ဘဲ နားလည်ခွင့်လွတ်တတ်သူတွေ၊ အရာရာကို အတ္တစိတ်နဲ့ပြောဆိုလုပ်ကိုင်ခြင်းမပြုဘဲ ပရသဘောမျှတစွာ နေထိုင်တတ်သူတွေသာ အိုဇာတာကောင်းနိုင်ပါလိမ့်မယ်ဗျာ။
1ရက်နေ့မှာ မွေးဖွားကြတဲ့ 1ဂဏန်းသမားတွေကို ထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 10ရက်၊ 19ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 1ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေလိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ ပတ် ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့သူတွေများတယ်။ လူများရင် ပြဿနာများတယ်ဆိုပြီးတွေးတဲ့သူတွေပါ။ ဒါကြောင့် လူများများနဲ့တွဲဖက်လုပ်ကို်င်ရတဲ့အလုပ်တွေမှာအံဝင်ခွင်ကျသိပ်မဖြစ်ဘူး။ မိသားစုထဲမှာလဲ ခပ်စိမ်းစိမ်းနေတတ် တာကြောင့် မိမိအနားမှာတွတ်တီးတွတ်တာနေမဲ့ သားသမီးမြေးမြစ်တွေရှိမှာမဟုတ်ဘူး။ ဒါတွေက အသက်ကြီးရင် ပြုစုမဲ့သူတွေရှားသွားတတ်ပါတယ်။ဆင်ခြင်ဖို့ပါ။
10ရက်နေ့မှာ မွေးဖွားကြသူတွေကတော့ သုညနဲ့တွဲလျက်ပါတာကြောင့် သတိထားသင့်တယ်။ နောက်မှာ သုညတွဲ လျက်ပါတဲ့ 10၊20၊30၊ရက်မွေးသူတွေဟာ ဘဝအတက်အကျအလွန်များတယ်။ သုညဟာအဝိုင်းရဲ့သဘောတရား ကြောင့်လားတော့ မသိဘူး။ ဘဝကံက လှိုင်းလိုပဲအတတ်အကျအလွန်များတာကို သတိထားမိတယ်။
10ရက်နေ့ မွေးသူတွေဟာလူလည်တွေများတယ်။ အကင်းပါတယ်။ ဖြတ်ထိုးဉာဏ်လဲကောင်းကြတယ်။ ဉာဏ်ပညာထက် မြက်ပြီးတော့ သင်လွယ်တတ်လွယ်ကြတယ်။ ဆိုးတာက ဝီရိယမစိုက်ထုတ်ချင်ဘူး၊ ပျင်းချင်တယ်။ ဉာဏ်တစ်ခုထဲ ကိုပဲအားကိုးချင်ကြတယ်။ နောက်ပြီး မိဘမောင်ဘွား မိသားစုအပေါ်မှာလဲ သံယောဇဉ်နည်းတာကိုအထူးတွေ့ရ တတ်ပါတယ်။
19ရက်နေ့မွေးဖွားသူတွေကတော့ မျက်နှာမြင်ချစ်ခင်အသံကြားသနားဆိုတဲ့ ဂုဏ်နဲ့ပြည့်စုံပြီး လူချစ်လူခင်အလွန်ပဲ များကြတာကိုတွေ့ရပါတယ်။ပထမအရွယ်ကုန်လို့ ဒုတိယအရွယ်စပြီဆိုကတည်းက အောင်မြင်မှုကိုစောလျင်စွာ ထိတွေ့ခံစားရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်သူတွေထဲမှာ 19ရက်နေ့မွေးသူတွေကိုအထင်အရှား တွေ့နိုင်တယ်။ ကောင်းခြင်းနှင့် ဖြစ်စေ၊ဆိုးခြင်းနှင့်ဖြစ်စေ နာမည်ကျော်ကြားလူသိများတဲ့သူဖြစ်တတ်ပါတယ်။
28ရက်နေ့မွေးဖွားသူတွေကတော့ အတ္တမာနကြီးကြသူတွေဖြစ်တာကို မြင်တွေ့နိုင်ပါတယ်။ ရပ်ကွက်ထဲမှာလဲ ဖိုက်တာတွေဖြစ်နေတတ်ပါတယ်။ စိတ်ကြမ်းလူကြမ်းတွေဖြစ်လွယ်ပါတယ်။ အပေါင်းအသင်းဘော်ဒါတွေများတယ်။ ဒါ ပေမဲ့လူမုန်းများကြတာများတယ်။စီးပွားရေးကိုတော့ ကျားကုတ်ကျားခဲကြိုးစားရှာဖွေကြတာများပါတယ်။ ခေါင်းမာ တာ၊ဇွတ်တရွတ်နိုင်တာ တွေကို လျှော့သင့်တယ်။ အိမ်ထောင်ဘက်အပေါ်လဲနိုင့်ထက်စီးနင်းလုပ်တတ်ကြသူတွေ များတယ်။
1ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊5ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 4ဂဏန်း၊ 8ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 1ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ပေါင်းခြင်း4၊8၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 489ပါရင်၊ပေါင်းခြင်း4/8/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်းနှင့် 6ဂဏန်း သမားတွေကတော့ 1ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
1ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695
Zawgyi font
1ဂဏန်းသမားများအကြောင်း
1ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 1ရက်၊10ရက်၊ 19ရက်နှင့် 28ရက်တွေမှာမွေးဖွားတဲ့သူ တွေကို 1ဂဏန်းသမားတွေလိုသတ်မှတ်ပါတယ်။
1ဂဏန်းကို တနင်္ဂနွေ ဂြိုဟ်စိုးမိုးတယ်လို့ အမှတ်သညာရှိခဲ့ကြပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာနေမင်းပိုင်တဲ့ ဂြိုဟ်လဲ ဖြစ်ပါတယ်။ ဓာတ်သဘောအရလဲ မီးဓာတ်၊အဖိုဓာတ်ကိုပေးပါတယ်။
စရိုက္လကၡဏာ
1ဂဏန်းဆိုတာ ဂဏန်းတွေရဲ့အဦးအစမို့လားတော့မသိဘူး။ 1ဂဏန်းသမားတွေဟာ လူကြားထဲမှာထင် ပေါ်ကျော်ကြားကြတာများပါတယ်။ အရာရာလဲ ရှေ့ကနေပါတတ်သူတွေများပါတယ်။ တစ်ခုသတိထားရမှာက ရုပ်ဝါဒဆန်ကြတာများတယ်။ လက်တွေ့မှယုံတာမျိုးတွေ၊ ခံစားချက်ကိုဦးစားမပေးတာမျိုးတွေ့ရပါတယ်။ ဒါကြောင့် ကိုယ်က 1ဂဏန်းသမားတစ်ယောက်ဖြစ်မယ်ဆိုရင်လဲ နှလုံးရည်ကိုလဲ ကောင်းအောင်လေ့ကျင့်ထားပါ။ ကိုယ်ချင်း စာစိတ်ကို မွေးမြူပါ။ ခေါင်းဆောင်စိတ်ရှိတယ်။ တာဝန်ယူ၊တာဝန်ခံစိတ်လဲရှိကြတယ်။ ပေးတဲ့တာဝန်ကိုကျေပွန် အောင် ကျေပွန်အောင်စွမ်းဆောင်နိုင်ကြသူတွေပါ။ နှလုံးရည်ပါပြည့်စုံတဲ့ ၁ဂဏန်းများတွေဟာထိပ်ဆုံးရောက်ကြ တာများတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Microsoft ကိုတည်ထောင်တဲ့ ဘီလ်ဂိတ်တို့ဟာ မေတ္တာတရားကြီးမား ခြင်းတွေ ရှိပြီး နှလုံးရည်အားကောင်းကြကြောင်းတွေ့ရပါတယ်။ 1ဂဏန်းသမားဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်၊အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန်တို့ဟာ ရုပ်ဝါဒီအရမ်းဆန်ကြတယ်ဆိုတာ တွေ့မြင်နိုင်ပါ တယ်။ 1ဂဏန်းသမားတွေဟာ နိမ့်ကျသူတွေကို ကူညီလိုကြတယ်။ဘဝရည်မှန်းချက်ကြီးမာကြတယ်။ လိမ္မာပါးနပ်ကြသလို သိလွယ်တတ်လွယ်ကြတဲ့သူတွေဖြစ်တယ်။ အရိပ်ပြလို့အကောင်မြင်တတ်သူတွေဖြစ်ပြီး ပါးရည်နပ်ရည်လဲရှိကြပါ တယ်။ နောက်လိုက်လုပ်လိုစိတ်မရှိဘူး။ တော်ရုံဒုက္ခရောက်ရုံနဲ့သူများဆီမှာ အကူအညီ မတောင်းတတ်ကြဘူး။ ဘာသာရေးအပေါ်မှာ သေချာဆန်းစစ်ပြီးမှယုံကြည်တတ်တယ်။ ယုံမိပြီဆိုရင်လဲ အသက် ပေးပြီးယုံကြည်သွား တတ်ကြသူတွေပဲဖြစ်တယ်။စကားပြောကောင်းသူတွေဖြစ်ကြပြီး သူတစ်ပါးကိုယုံကြည် လာအောင်လဲ စည်းရုံးသိမ်း သွင်းနိုင်တာကိုတွေ့ရတယ်။ ဇွဲရှိတယ်။သတ္တိကောင်းကြတယ်။ ဒါကြောင့်လဲ စိတ်ရော ကိုယ်ပါအပင်ပန်းခံနိုင်ကြ တာကိုတွေ့ရတယ်။ တစ်ခုဆိုးတာက မိမိကိုယ်ကိုအထင်ကြီးစိတ်များသွားတတ်ပါတယ်။
စီးပွားရေးနှင့် အလုပ်အကိုင်
ခေါင်းဆောင်စိတ်ရှိလို့လာတော့မသိဘူး… 1ဂဏန်းသမားတွေက အခြေခံကစလုပ်ပေမဲ့ မကြာခင်မှာပဲ ခေါင်းဆောင်ဖြစ်လွယ်ပါတယ်။ ကြိုးစားမှု၊ရိုးသားမှု၊လုပ်ငန်းအပေါ် ကျွမ်းကျင်ပါးနပ်မှု၊ တာဝန်ယူစိတ်၊တာဝန်ခံ စိတ်တွေက မိမိကိုထိပ်ဆုံးရောက်အောင်အမြန်ဆုံးခေါ်သွားတတ်တာကိုတွေ့ရပါတယ်။ ဦးဆောင်ဦးရွက်လုပ်လို စိတ်ရှိတဲ့အတွက် အုပ်ချူပ်ရေးအပိုင်း၊ခေါင်းဆောင်အပိုင်း၊Manament လုပ်ပေးရတဲ့အလုပ်တွေမှာ အောင်မြင်ကြတာ များပါတယ်။ နေမင်းဟာပူပြင်းတဲ့သဘောဆောင်တာကြောင့်မီးနဲ့ပက်သက်သော အလုပ်တွေ၊လျှပ်စစ်ပက်သက် သောအလုပ်၊အင်ဂျင်နီယာ၊ ခွဲစိပ်ဆရာဝန်၊နည်းပညာအလုပ်တွေမှာ ထင်ရှားအောင်မြင်တတ်ကြပါတယ်။ တစ်ခု ဆိုးတာကသူတို့တွေဟာအလုပ်သေးသေးမွှားမွှားလေးတွေကို အထင်မကြီးတတ်ကြတာပါပဲ။ ဒါကြောင့်ပဲ အလှမ်း ကျယ်ပြီး အလယ်ကလှစ်ဟာနေသလိုမျိုးဖြစ်တတ်ပါတယ်။ ဥပမာပေးရရင် အထည်ကြီးပျက်တွေလို သေးနုပ်တာ ကိုလဲ မလုပ်ချင်၊ကြီးမားတဲ့အလုပ်တွေကလဲ မနိုင်ဆိုတာမျိုးဖြစ်တတ်ပါတယ်။
အချစ်ရေးနှင့် အိမ်ထောင်ရေး
အချစ်ရေးအိမ်ထောင်ရေးမှာတော့ ဒုက္ခထက်သုခဘက်ကိုပိုအလေးသာတဲ့ သူတွေပါပဲ။ အိမ်ထောင်ရေးမှာ တော့ စိတ်တူသဘောတူတဲ့သူတွေကိုတော့ ရလွယ်တာတွေ့ရပါတယ်။ ဒါပေမဲ့ ချစ်သူအိမ်ထောင်ဘက်အပေါ်စိုးမိုး လွန်းတာချုပ်ချယ်လွန်းတာမျိုးတွေကြောင့် တစ်ခါတလေ အကြီးအကျယ်စကားများရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့သဝန်တိုတာလေးတွေ၊စွပ်စွဲမိတာလေးတွေက အချစ်ရေးအိမ်ထောင်ရေးကို အက်ကြောင်း ထလာနိုင်တယ်ဆိုတာသတိပြုပါ။ အိမ်ထောင်ဘက်အပေါ်မှာလဲ အပြည့်အဝမယုံကြည်တတ်ကြဘူး၊ သံသယများပါတယ်။ ဒီအချက်ရဲ့အားနည်းချက်က သူများသွေးထိုးလို့ကောင်းတာပေါ့ဗျာ။ 1ဂဏန်းသမားတွေရဲ့ သတိထားရမဲ့နောက်တစ်ချက်က ချစ်သူအိမ်ထောင်ဘက်ကို လူကြားသူကြားမရှောင် အပြစ်တင်တတ်တာ တွေပါပဲ။ 1ဂဏန်းသမားတွေကို ဆိုးတာတွေရွေးပြော တယ်လို့ မထင်ပါနဲ့။ ရှောင်ရမဲ့အချက်တွေသိမှပဲ ဆင်ခြင်နိုင်မှာမို့ ရွေးပြောနေတာပါ။ တစ်ခုသတိထားမိလားတော့ မသိဘူး။ 1ဂဏန်းသမားတွေဟာ သူ့ရဲ့လက်တွဲဖော်ကို သန့်ပြန်ပြီး စမတ်ကျကျ ဝတ်ဆင်နေထိုတတ်သူတွေကို ပို သဘောကျလေ့ရှိတယ်။ နောက်တစ်ချက်က 1ဂဏန်းသမားတွေက အထင်ကြီးလေးစားတာကိုအထူးခံချင်ပါတယ်။ ဒါကြောင့် 1ဂဏန်းသမားတွေကို လက်တွဲမဲ့အိမ်ထောင်ဘက်တွေက သူတိုကို အထင်ကြီးလေးစားနိုင်မှပဲ လက်ထပ်ပါလို့မှာချင်ပါတယ်။ အိမ်ထောင်ရေးပြဿနာဖြစ်လာရင်တော့ မိမိပြောတာအမှန်၊မိမိလုပ်တာအမှန်ဆို တာမျိုးတွေလုပ်မိတတ်ပါတယ်။ ဒါပေမဲ့ တစ်ဂဏန်းသမားတွေက အိမ်ထောင်ဘက်အပေါ်သစ္စာရှိကြတယ်။ အိမ် ထောင်ဦးစီးဆိုလဲ အိမ်ထောင်ဘက်အပေါ်သေချာလုပ်ကိုင်ကျွေးမွေးတဲ့သူတွေပါ။ တစ်ခုသတိထားရမှာက မိမိက အရွဲ့တိုက်လိုစိတ်ရှိတယ်။ အိမ်ထောင်ဘက်က ဖောက်ပြန်တယ်ဆို ဖေးမတာမျိုးမလုပ်ဘဲ သူတောင်မဟုတ်တာ လုပ်သေးတာပဲငါလဲလုပ်မယ်ဆိုတဲ့ အရွဲ့တိုက်စိတ်လေးရှိနေတတ်ပါတယ်။
ကျန်းမာရေး
ကျန်းမာရေးကတော့ 1ဂဏန်းသမားတွေရဲ့ ၇၀%လောက်က ကျန်းမာရေးကောင်းကြတာများပါတယ်။ ဦးခေါင်းနှင့်ပက်သက်သောရောဂါများ အလွန်ပဲဖြစ်လွယ်ပါတယ်။ ခေါင်းကိုက်၊ခေါင်းမူးတာ၊ဦးနှောက်အမြှေးရောင် တာမျိုးတွေဖြစ်လွယ်ပါတယ်။ ဦးနှောက်နှင့် အာရုံကြောရောဂါတွေလဲ အထူးဖြစ်ရတတ်ပါတယ်။ အာရုံကြောအား နည်းတတ်တဲ့ ဇာတာရှင်တွေပါ။ သွေးတိုးရောဂါနှင့် နှလုံးရောဂါတွေကိုလဲ ထပ်လောင်းဂရုစိုက်ပေးပါ။ အသက်ရှည်ရှည်နေရသူတွေထဲမှာ 1ဂဏန်းသမားတွေလဲ ပါဝင်တာအထူးတွေ့ရပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
1ဂဏန်းသမားတွေဟာ စီးပွားရေးတွေလုပ်၊အလုပ်တွေကအဆင်ပြေလာ…အလုပ်တွေတိုးချဲ့ ၊တဖြည်းဖြည်းနဲ့ လောဘသက္ကာယကြီးလာတာ၊တိုးတတ်ကြီးပွားချင်စိတ်တွေများလာတာတွေဖြစ်တတ်ပါတယ်။ အဲလိုဖြစ်တာနဲ့ ဘာသာရေးကိုမေ့သွားတတ်တယ်။ လောဘကို ဒါနနဲ့အနိုင်ယူရမယ်ဆိုတာမသိတော့ဘူး။ ဒါကြောင့် 1ဂဏန်း သမားတွေက အဆင်ပြေလေ၊ဘာသာကိုတွဲလုပ်နိုင်လေဆိုပိုကောင်းတာတွေ့ရပါတယ်။ နေမင်းဟာအထွက် အဝင်ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်။အမြဲတမ်းတောက်လောင်ထွန်းလင်းပေမဲ့ကမ္ဘာ မြေကနေကြည့်မယ်ဆို နေဝင်ချိန်ဆိုတာရှိစမြဲပါပဲ။ ဒါကြောင့် 1ဂဏန်းသမားတွေရဲ့ ၆၀%လောက်ဟာ တတိယ အရွယ်ဘဝနေဝင်ချိန် တွေမှာ အိုဇာတာညံ့နေတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ပေးကမ်းစွန့်ကြဲတတ်သူတွေ မာနကိုရှေ့တန်း မတင်ဘဲ နားလည်ခွင့်လွတ်တတ်သူတွေ၊ အရာရာကို အတ္တစိတ်နဲ့ပြောဆိုလုပ်ကိုင်ခြင်းမပြုဘဲ ပရသဘောမျှတစွာ နေထိုင်တတ်သူတွေသာ အိုဇာတာကောင်းနိုင်ပါလိမ့်မယ်ဗျာ။
1ရက်နေ့မှာ မွေးဖွားကြတဲ့ 1ဂဏန်းသမားတွေကို ထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 10ရက်၊ 19ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 1ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေလိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ ပတ် ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့သူတွေများတယ်။ လူများရင် ပြဿနာများတယ်ဆိုပြီးတွေးတဲ့သူတွေပါ။ ဒါကြောင့် လူများများနဲ့တွဲဖက်လုပ်ကိုင်ရတဲ့အလုပ်တွေမှာအံဝင်ခွင်ကျသိပ်မဖြစ်ဘူး။ မိသားစုထဲမှာလဲ ခပ်စိမ်းစိမ်းနေတတ် တာကြောင့် မိမိအနားမှာတွတ်တီးတွတ်တာနေမဲ့ သားသမီးမြေးမြစ်တွေရှိမှာမဟုတ်ဘူး။ ဒါတွေက အသက်ကြီးရင် ပြုစုမဲ့သူတွေရှားသွားတတ်ပါတယ်။ဆင်ခြင်ဖို့ပါ။