ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့…တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။
အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။
ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။
ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။
ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။
ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်………..
———————————————————
ရာသီက ဆောင်းရာသီကုန်ခါနီး။ လက်ကျန်ဆောင်းက စာမဖွဲ့တတ်အောင်အေးသည်။မြောက်ပြန်လေက ခန္ဓာကိုယ်အတွင်းပိုင်းထဲ ထိုးဖောက်ဝင်ရောက်သွားသလိုခံစားရသည်။
အေးမြခြင်းတွေက အရိုးကွဲမတတ်။ လေကတဖြေးဖြေးတိုက်ခတ်နေဖြင့် ပဲခူးရွှေမောဓောဘုရားကြီးထီးတော်ရှိခေါင်းလောင်းတွေရဲ့ တချွမ်းချွမ်း မြည်သံက သာယာနာပျော်ဖွယ်ကောင်းလှသည်။
မနက်စောစောဘုရားဖူးရသည့်အရသာက အေးငြိမ်းချမ်းသာမှုအပြည့်ပေးသည်။ ကျီးမနိုးချိန်ဖြစ်၍ ကာယဝိဝေက ၊ စိတ္တဝိဝေကရှိတဲ့အတွက် ဘုရားကိုအာရုံပြုလို့ကောင်းသည်။
မနက်လေးနာရီခွဲဝန်းကျင်လောက်ဆိုရင် ရွှေမောဓောဘုရားရင်ပြင် တံခါးဖွင့်သည်။ တစ်ခါတလေ ကိုယ်ရောက်တာစောရင်တံခါးမဖွင့်သေး၍ ဘာဂျာတံခါးနားထိုင်စောင့်ရတတ်သည်။
ပန်းဆိုင်ကနေ အောင်သပြေပန်း ၊ စံပယ်ပန်းဝယ်သည်။ ဘုရားပန်းကပ်၊ ဘုရားရှိခိုး၊ပုတီးစိတ် ၊ မေတ္တာပို့ပြီးရင် ရင်ပြင်တော်ရှိအာရုံခံတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းသည်။ ထိုနောက်အင်္ဂါထောင့်ရှိ ခရေပင်ကြီးအောက် တဖြုတ်ဖြုတ်ကြွေနေသော ခရေရွက်ခြောက်တွေကိုလှည်းထုတ်ဖြစ်သည်။
ခရေပန်းကောက်ပြီးဘုရားကပ်သူတွေအတွက် အရွက်ခြောက်တွေမရှိတော့ပန်းကောက်ရတာ အဆင်ပြေကြသည်။ အာရုံခံ တန်ဆောင်းတွေသန့်ရှင်းရေးလုပ်ပြီးတိုင်း ၊ ခရေပင်အောက် တံမြက်စည်းလှည်းဖြစ်သည်။ တစ်ခါတလေသူများဦးစွာ လှည်းသွားတာမျိုးလဲရှိသည်။
ဒီနေ့မနက်တော့ ဘယ်သူ့မှခရေပင်အောက်တံမြက်စည်းလှည်းတာမမြင်သေး။ကျွန်တော်တံမြက်စည်းနှစ်ချောင်း ကိုင်ပြီးဘယ်ညာ စုံလှည်းသည်။
တံမြက်စည်း လှည်းနေရင်း သစ်သားနှင့် ကြမ်းခင်းရိုက်သံကြားရပြီး ပွတ်လုံးနှင့် ချောထားသောသစ်သားတုတ်ချောင်းလေးတစ်ချောင်း ကျွန်တော့်အရှေ့ကို လှိမ့်လာသည်။
လာရာဘက်ကိုလှည့်ကြည့်တော့ ခရေပင်အောက် ထိုင်နေသည့်အဘတစ်ဦးနှင့် မျက်လုံးခြင်းဆုံသည်။ထိုအဘ၏မျက်လုံးတွေကစူးရှတောက်ပလွန်းသည်။ သူ့မျက်လုံးအကြည့်ဒဏ်ကိုကြာကြာမခံနိုင်။မျက်နှာလွှဲလိုက်ရသည်။
ကချင်ပုဆိုးနှင့်လိုက်ဖက်စွာ အကျီင်္အဖြူဝတ်ဆင်ထားပြီး ယောဂီရောင်သဘက်ကိုခေါင်းပေါင်း
ပေါင်းထားသည်။အသက်ကတော့ ၇၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။
ကျွန်တော် တုတ်လေးကိုကောက်ပြီး
” အဘ ဒီတုတ်လေးက အဘ ပစ္စည်းလား”
“တောင်ဝှေး အလွယ်တကူမတွေ့တာနဲ့ တုတ်လေးယူလာခဲ့တာ
ဒီခရေပင်အောက်မှာ အညောင်းပြေထိုင်ရင်း
တုတ်လေးထောင်ထားတာ
လေတိုက်တော့ ငါ့မြေးဆီ လိမ့်သွားတာပဲ”
“လိမ့်တာပေါ့အဘရာ တောင်ဝှေးလိုထိပ်က အကောက်လေးမှမပါတာ”
” ငါ့တူ တန်ဆောင်းတွေမှာတံမြက်စည်းတွေ
လှည်းနေတာသတိထားမိတယ်
နေတိုင်းလှည်းတာလား”
” မနက်တိုင်းနီးပါးတော့ လှည်းဖြစ်တယ်အဘ
ခရီးသွားစရာ မရှိရင်တော့ဘုရားကိုလာဖြစ်တာများ ပါတယ်”
“ကောင်းတာပေါ့ကွာ တံမြက်စည်းလှည်းကုသိုလ်ယူတာ အတိုက်အခံကင်းတယ်
ကိုယ့်ကိုမနာလိုမုန်းထားတဲ့ သူ နည်းတာပေါ့ကွ
ဒါနဲ့စကားမဆက် ငါ့တူက အင်္ဂါသားလား”
ရင်ထဲဒိတ်ခနဲဖြစ်သွားဖြစ်သွားသည်
ဘယ်လိုများသိတာလဲပေါ့
” ဟုတ်တယ်ဆို ငါတူအခု လေ့လာနေတဲ့ပညာရပ်တွေနဲ့ ငါ့တူနာမည်ကြီးလာလိမ့်မယ်”
” အခုဗေဒင်ပညာလေ့လာနေပါတယ်အဘ”
အဲဒီတုန်းက ဗေဒင်ပညာသင်ကြားနေပြီး မိတ်ဆွေတွေကိုအနည်းအကျဉ်းပြန်ဟောနေချိန်ဖြစ်သည်။
ဒါပေမဲ့ငါမြေး အလုပ် နေရာထိုင်ခင်းမမြဲဘူး အလုပ်စုံ နေရာစုံကျင်လည်ရအုံးမယ်
သက်လတ်ပိုင်းလောက်မှ မိမိတတ်ကျွမ်းတဲ့
ပညာနဲ့ရပ်တည် ကျော်ကြားလိမ့်မယ်”
” မနောနဲ့ကြည့်တယ်ဆိုတာအဲဒါလားအဘ”
” ဘာမနောမှမဟုတ်ပါဘူး ငါ့ မြေးအင်္ဂဝိဇ္ဇာတတ်တယ်မဟုတ်လား”
“တနင်္ဂနွေ မနက်ခြောက်နာရီကျော်ပြီဆိုတော့ သူရဇ္ဇအခါပါအဘ “
“အခါတိုင်ကိုသုံးသပ်ကြည့်ရင် သိတယ်လေကွာ ……
ပြီးတော့ နာမက္ခရဆန်းအရ နာမည်နဲ့အသားအရောင်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လေ”
“အဲလောက်ထိ နက်နက်နဲနဲမသိသေးဘူးအဘ “
“အတွေ့အကြုံက အကောင်းဆုံးဆရာဖြစ်လာပါလိမ့်မယ်ကွ …… ကြိုးစားပေါ့”
( သူရဇ္ဇအခါကိုသုံးသပ်ရာတွင် တံမြက်စည်းလှည်းနေခြင်း လှုပ်ရှားများခြင်းကိုဆင်ခြင်၍အင်္ဂါသားဟုပြောခဲ့ဟန်တူပါသည်။ ပညာနဲ့ပက်သက်ပြီး အခိုက်ကနေ နဝင်းကိုဆက်သွယ်ချက်အရပြောခဲ့ပြီး
အလုပ်မမြဲခြင်းကို “စ”နဲ့စပြီး အသားညို၍ခြင်း နာမည်အရင်းလုံး
အဖျားစာလုံးကို သုံသပ်ပြောသွားသည်ဟုထင်ပါသည်။ ကျွန်တော့်အထင်သာဖြစ်ပါသည်။ အခါတစ်ခုကိုဆုံးဖြတ်ဆင်ခြင်ရာတွင်တစ်ဦးနဲ့တစ်ဦး ချဉ်းကပ်ပုံခြင်းမတူပါ။
ဤကား စကားခ်ပ္)
” အဘက ပဲခူးဘယ်ရပ်ကွက်မှာနေတာလဲ”
” အဘကပဲခူးက မဟုတ်ဘူး ….မန္တလေးက ဒီမှာရှိတဲ့ညီမဆီလာလည်တာ ဒီနေပဲပြန်မှာကွာ “
” အဘအဲဒါဆို ပညာပိုင်းနဲ့သက်ဆိုင်တဲ့အစီအရင်လေးဖြစ်ဖြစ် ၊ပညာလေးတစ်ကွက်လောက်ဖြစ်ဖြစ်ချီမြှင့်ပေးပါဦး”
” အေး……အေး ပေးရမှာပေါ့ကွာ
ငါမြေးက ဘာသာရေးဝါသနာပါတယ်ဆိုတော့ဘာသာရေးနဲ့သက်ဆိုင်တဲ့အစီအရင်တစ်ခုပေးမယ်
ငါ့မြေး သရဏံဂုဏ်၃၀ မန္တာန်ရလား”
” ကြားတော့ကြားဖူးတယ် မရဘူးအဘ”
(၁) ဇာတိ ပရိယန္တံံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇာတိ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၂)ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၃) ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၄) ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ယာဝဇီဝံ သံဃံ သရဏံ ဂစ္ဆာမိ
(၅) မရဏ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
မရဏ ပရိယန္တံံ ဓမ္မံ သရဏံ ဂစ္ဆာမိ
မရဏ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၆) မရဏ ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
မရဏ ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
မရဏ ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၇) အရဟတ္တ မဂ္ဂ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
အရဟတ္တ မဂ္ဂ ပရိယန္တံံ ဓမ္မံ သရဏံ ဂစ္ဆာမိ
အရဟတ္တ မဂ္ဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၈) အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ
ဗုဒၶံသရဏံ ဂစၧာမိ
အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ ဓမ္မံ
သရဏံ ဂစၧာမိိ
အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ သံဃ ံ
သရဏံ ဂစၧာမိ
(၉) နိဗ္ဗာန ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၁၀)နိဗ္ဗာန ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
နိဗ္ဗာန ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
အတိုကောက်မှတ်ရန်-( ဇာ-ဘော-ဇီ-ယာ-မ-မ-အ-အ-နိ-နိ-)
အနက္ကား—
(၁) ဇာတိပရိယန္တံ—–ဇာတိပဋိသန္ဓေ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၂) ဘောဂပရိယန္တံ——စည်းစိမ်ဥစ္စာ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၃) ဇီဝိတပရိယန္တံ——-အသက် ကုန်ဆုံးသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၄) ယာဝဇီဝံ——–အသက်ထက်ဆုံး။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၅) မရဏပရိယန္တံ———-သေခါနီးတိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၆) မရဏကာလ ပရိယန္တံ——-
-သေသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၇) အရဟတ္တမဂ္ဂ ပရိယန္တံ——–အရဟတ္တမဂ် ရသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ—-အရဟတ္တဖိုလ် ရသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၉) နိဗ္ဗာနပရိယန္တံ——ပရိနိဗ္ဗာန် ဝင်စံခါနီးတိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၁၀) နိဗ္ဗာနကာလပရိယန္တံ—–ပရိနိဗ္ဗာန် ဝင်စံသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏
” အဲဒီဂါထာကိုအမြဲရွတ်ပေးကွ။ မင်းဉာဏ်တွေပွင့်လာလိမ့်မယ်
ထုံလာပြီဆိုရင် ဗေဒင်လာမေးသူတွေရဲ့စိတ်အကြံကအစကြိုသိနိုင်တယ်။လာဘ်လာဘတွေပေါလာလိမ့်မယ် အခက်အခဲတွေ ဘေးအန္တရာယ်တွေ
ရှောင်ကွင်းသွားလိမ့်မယ် ကြံစည်စိတ်ကူးထားတာလေးတွေ မျှော်လင့်ထားတာလေးတွေဖြစ်လာလိမ့်မယ်
လူတွေ၊နတ်တွေ ချစ်ခင်စောင်မလိမ့်မယ်ကွ ၊အိမ်မှာအိမ်ထောင်ဦးစီးအမြဲရွတ်ရင်အိမ်ကျက်သရေတိုးတယ် အိမ်အေးချမ်းတယ် ကြံတိုင်းအောင်ပြီးဆောင်တိုင်းမြောက်နိုင်လိမ့်မယ် ရန်သူနည်းပြီးအသက်ရှည်ကျန်းမာလိမ့်မယ်ကွ
ဗေဒင်လာမေးတဲ့သူ ကံအရမ်းနိမ့်နေပြီ
ဆို ဒီမန္တာန်ကိုများများသာရွတ်ခိုင်းပေး ကံညံ့တဲ့နှစ်တောင်ခံသာတယ် ၊အဆိုးတွေသိပ်မကြုံရတာတွေ့ရတယ် ဘုမ္မိကြီးပဲကြံုကြံု ၊စနေဂြိုဟ်ထဲပဲရောက်နေ
ပါစေ အဆိုးတွေကိုလျော့ပါးသက်သာစေလိမ့်မယ်ကွ”
” ဘယ်လိုရွတ်ရမလဲအဘ သက်စေ့ပဲလား”
“ကြည်ညိုလို့ရွတ်တာကတော့ဘယ်လိုရွတ် ရွတ်ပေါ့ကွာ
အစီအရင်အနေနဲ့ကတော့ တစ်နေ့ကို
၁၀၈ပုတီးနဲ့ ဆယ်ပတ်စိပ်ရမယ် “
” တစ်ပုဒ်လုံးဆုံးရင်ပုတီးတစ်လုံးချရမှာလားအဘ”
” မဟုတ္ဘူးကြ
“ဇာတိ ပရိယန္တံံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့ရွတ်ဆိုပြီးပုတီးတစ်လုံးချ၊
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ရွတ်ပြီးတစ်လုံးချ
အဲလိုမျိုးသာရွတ်ဆိုပြီးစိပ်သွား
၁၀၈ လုံးပုတီး၁၀ ပတ်ပြည့်ရင်
နိဗ္ဗာန ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
မှာ အဆုံးသတ်သွားလိမ့်မယ်။
အခေါက်ရေနဲ့ဆိုရင် ၃၆ ခေါက်ပေါ့ကွ”
“ဟုတ်ကဲ့အဘ ဂါထာကိုရအောင်ကျက်ပြီးကျွန်တော်စိပ်ပါ့မယ်”
” ေအး .. သာဓု…သာဓု….သာဓု
ဆန္ဒနဲ့သာဦးဆောင်ပြီးလုပ်ရင်အရာရာမပြီးမြောက်တာမရှိဘူးငါမြေး”
“ဟုတ်ကဲ့ပါ အဘ ၊ကျွန်တော်လိုက်နာကျင့်သုံးပါ့မယ်”
အဘကို လက်အုပ်ချီပြီး ကျွန်တော်ရှိခိုးကန်တော့လိုက်၏
“အေး ငါ့မြေး ဆင်းရဲနဲ့ငရဲကင်းပါစေ ကွာ”
“အဘ ပေးတဲ့ဆုနဲ့ပြည့်ပါစေ “
” အေး …ငါ့မြေးလဲဝေယျာဝစ္စကုသိုလ် တွေဆက်လုပ်ဦး အဘသွားတော့မယ်”
“ခနလေးစောင့်ပါ အဘ
အဘကိုနံနက်စာတစ်ခုခုလိုက်ကျွေးချင်လို့ “
” နေနေ ငါ့မြေး
အဘစားခဲ့ပြီးပြီ ငါ့မြေးသာ လုပ်စရာရှိတာဆက်လုပ်ပါ
အဘသြားၿပီ …..
ရေစက်ရှိသေးရင်တော့ပြန်ဆုံကြမှာပေါ့ကွာ”
အဘကလက်ပြပြီးထွက်ခွာသွားသည်။
အဲဒီကစပြီးထိုအဘနှင့်မဆုံဖြစ်တော့……။
————————————————-
အဲဒီကစလို့သရဏံဂုဏ် ၃၀ အမြဲရွတ်ဖတ်သည်။ အန္တရာယ်ကင်းတာ စိတ်အကြံအတိုင်းဖြစ်တာ လာဘ်ရွှင်တာတွေက အံ့မခန်းပင် ။ ကျန်းမာရေးချူခြာတဲ့ကျွန်တော် နှာစေးချောင်းဆိုးပင်မဖြစ်တော့။
အသက်အန္တရာယ်မှခဏခဏလွတ်သည်။
ကားမောင်းနေရင်း တောင်တတ်လမ်းမှာ ကားရှေ့ဘီးပေါက်ပြီး ချောက်ကမ်းနား မေးတင်သွားဖူးသည်။ကံကောင်းချင်တော့ ချောက်ထဲမကျ။
တစ်ခါက အတက်မှာကားဆီပြတ်ဖူးသည်။
စက်သေပြီး ပြန်လိမ့်ကျသည်။ ကံကောင်းချင်တော့ ချောက်ကမ်းပါးမှာ စိုက်ထားတဲ့ ကွန်ကရစ် ဓာတ်တိုင်အကြီးကြီးတစ်ခုနှင့် ဝင်တိုက်ပြီး ချောက်ထဲကိုမကျ။
ရေနစ်ဖူးသည်။ မိမိကိုယ့်ကို အထင်ကြီးပြီး
ရေကန်၏ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်ကိုကူးသည်။ ဟိုးဘက်ကမ်းရောက်တော့မနားဘဲပြန်ကူးလာသည် ။ ရေလယ်ရောက်တော့ ဆက်မကူးနိုင်၊ လက်ပန်းကျလာသည်။ ကိုယ်ဖော့မယ်ဆိုပြီး ရေကူးတာရပ်လိုက်တော့ ဟန်ချက်ပျက်ပြီးရေနစ်ပါတော့သည်။
နှာခေါင်းတွေ၊ ပါးစပ်တွေထဲရေတွေဝင်ပါတော့သည်။ ရေကန်နားဘယ်သူမျှမရှိ၍ ကူညီမဲ့သူနတ္ထိ။ ရှိသမျှအားနှင့်ရုန်းကန်သည်။ ကံကောင်းချင်တော့ ရုန်းနေရင်း ကျောက်တုံးအကြီးကြီးတစ်တုံးပေါ် ခြေထောက်သွားထောက်မိသည်။
ကျောက်တုံးပေါ်ရောက်၍ လူကတစ်ကိုယ်လုံးမမြုပ်တော့။ လည်ပင်းထိသာမြုပ်တော့သည်။ ခဏနားပြီး ရေပြန်ကူးလာ၍အသက်ချမ်းသာရာ ရခဲ့ဖူးသည်။
မိမိစိတ်ထဲမှန်းထားတာလေးတွေဖြစ်ဖြစ်လာတာအံ့သြစရာပါ။
ဗေဒင်လာမေးသူကို အခြားအရွက်အခက်တွေနဲ့စီရင်သလို ဗုဒ္ဓယတြာအဖြစ် ဒီမန္တာန်ကိုပေးလေ့ရှိသည်။ ထူးထူးခြားခြားအောင်မြင်ကြကြောင်းပြန်ပြောကြသည်။
စီရင်ကြည့်ပါ။ အထက်ကပြောခဲ့သလို တစ်နေ့ပုတီးဆယ်ပတ်စိပ်ပြီးတစ်လတိတိ အဓိဌာန်ဝင်ကြည့်ပါ။ လောဘရှေ့တန်းမတင်ဘဲ ရတနာသုံးပါးကို အာရုံပြုပြီးစိပ်ပါ။ ထူးထူးခြားခြားဆန္ဒပြည့်တာတွေ့ရပါလိမ့်မယ်ဗျ……။ ။
ခုနှစ်ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒပြည့်ဝကြပါစေ
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)