loading

Category: နာမည် အကြောင်း

  • Home
  • Category: နာမည် အကြောင်း

”နာမည်အဖျားစာလုံးတနင်္ဂနွေနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း”

ကျွန်တော်အခုရေးချင်တာက
နာမည်(အဆုံးသတ်)အဖျားစာလုံးတွေရဲ့ ယေဘုယျ စရိုက်လက္ခဏာတွေအကြောင်းပါ။အဆုံးသတ်
စာလုံးအရဆိုရင်တော့ အားလုံးပေါင်း ရာဟုစာလုံးပါ အပါအဝင် ရှစ်မျိုးရေးရမှာပါ။
ကျွန်တော်အနေနဲ့အားရင်အားသလို ရေးတင်သွားပါ့မယ်။ ယေဘုယျဆိုတဲ့အတိုင်းအကုန်လုံးဒီလိုအတိအကျကြီးပဲလို့ မဆိုလိုပါဘူး။နာမည်မှာအဖျားစာလုံးဆိုတော့အချို့
ကမသိဘဲနေဦးမယ်။ ဥပမာဗျာ ”ဝင်းမင်းအောင် ”
ဆိုပါတော့ ‘ဝင်း’ ကအရင်းစာလုံး။ ” အောင်”ကအဖျားစာလုံးပေါ့
ကျွန်တော် အနေနဲ့အခုအကြောင်းအရာက ိုရေးဖို့
အတွက် အများကြီးစဉ်းစားခဲ့ရပါတယ်။ ကျွန်တော်ထက်ပညာဉာဏ်အတွေ့အကြုံ
မြင့်မားကြတဲ့ ဆရာသမားတွေ ပညာရှင်တွေ အနေနဲ့နှာခေါင်းရှုပ်လေမလား
အပြစ်များတင်ကြမလားလို့ စိုးရိမ်မိတာအမှန်ပါ။ ကျွန်တော်အနေနဲ့ ရေးသားတဲ့အခါမှာ အမှားများပါရင်ဆရာများအနေနဲ့ထောက်ပြပါ။
ဝေဖန်အကြံပေးကြပါလို့ပြောချင်ပါတယ်။
ကျွန်တော် ဆန်းဗေဒင်သင်ရတုန်းက နာမည်ရဲ့အဖျားစာလုံးစိတ်ကိုဖော်ညွှန်းတယ်လို့ သင်ခဲ့ရဖူးပါတယ်။ (ဇနီးကိုရည်ညွှန်းတယ်လို့လဲဆိုပါတယ်။အဲဒီအကြောင်းအရာကိုတော့သပ်သပ်တင်ပြပါ့မယ်။)
အဲဒီတော့နာမည်အဖျားစာလုံးတွေ ွအကြောင်းပြောမယ်ဆိုတော့သူတို့ရဲ့စိတ်နေသဘောထားကို ပဲထောက်ပြတာမျိုးပါ။အဲလိုထောက်ပြတော့ ခုနှစ်ရက်သားသမီးတွေအတွက်ဘာတွေအကျိုးရှိသလဲဆိုတော့ ဥပမာ ဗျ တနင်္ဂနွေနဲ့အဆုံးသတ်ပေး ထားတဲ့နာမည်ရှင်တွေနဲ့ ပက်သက်မှုတွေရှိလာရင် သူတို့ရဲ့အကျင့်စရိုက်လေးတွေသိထားတော့ ဆက်ဆံရတာအဆင်ပြေနိုင်တယ်။ ဒါအပြင် အိမ်ထောင်ဘက်တွေကြား… မိဘနဲ့သားသမီးကြား… အလုပ်ရှင်နဲ့အလုပ်သမားကြား…
ဆရာနဲ့တပည့်ကြား …မိတ်တွေအချင်းချင်းကြား… စရိုက်လေးတွေသိထားတော့ ပိုမိုဆက်ဆံရေးနွေးထွေး
အဆင်ပြေစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ရေးရခြင်းပါ။
အခုစပြောချင်တာက အဖျားစာလုံံးတနင်္ဂနွေနဲ့ပေးထားတဲ့နာမည်ရှင်များယေဘုယျစရိုက်လက္ခဏာစိတ်ဓာတ်တွေ အကြောင်းပေါ့
ဥပမာ လင်းထက်အောင် စိုးထိုက်အောင် လွင်ဦး
ဖွေးဖွေးအိ သန်းထိုက်အောင် ယဉ်မင်းဦး စသည်နာမည်ရှင်တွေပေါ့။
ကဲစလိုက်ကြရအောင်…..
တနင်္ဂနွေ အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေဟာ
စည်းကမ်းရှိကြတာများပါတယ်။ဘယ်အရာမဆိုစည်းကမ်းတကျလုပ်တတ်သလို သူများတွေကို စည်းကမ်းရှိမှကြိုက်တတ်ပါတယ်။ နောက်ပြီးသူတို့တွေဟာအသန့်ကြိုက်တတ်ကြပါတယ်။
ကိုယ့်ကိုကိုယ့် တစ်ကိုယ်ရေသန့်ရှင်းရေးအမြဲဂရုစိုက်ပါတယ်။ အဲဒီတော့ညစ်ပတ်တဲ့သူတွေဆိုသူတို့နဲ့ ကီးမကိုက်ဘူးပေါ့ဗျာ။ သူတိုတွေဟာ စိတ်ဆတ်တဲ့ စိတ်မြန်တဲ့သူတွေများတယ်။ လုပ်တာကိုင်တာ ပြောတာဆိုတာ စိတ်မြန်လက်မြန်လုပ်တတ်ကြတယ်။ စဉ်းစားတာက နောက် လုပ်လိုက်တာကအရင်ဆိုတဲ့အနေအထားမျိုးပေါ့။
တနင်္ဂနွေအဆုံးသတ်နာမည်ရှင်တွေဟာအသိအမှတ်ပြုခံချင်တဲ့စိတ် ချီးကျူးခံချင်တဲ့စိတ်က အခြားအဆုံးသတ်နေ့တွေထက်ပိုကြတယ်ဗျ။
သူတို့လုပ်တဲ့အလုပ်တိုင်းကို တော်ကြောင်း ကောင်းကြောင်းပြောပေးနိုင်မယ်ဆိုရင် သူတို့တွေနဲ့သဟဇာတဖြစ်ပါလိမ့်မယ်။ မြှောက်ပြောနေမှန်းသိရင်တောင် သဘောကျတတ်တဲ့သူတွေပါ။
သူတို့ကိုအပြစ်တင်တဲ့သူ ဝေဖန်တဲ့သူတွေဟာ သူတို့ရဲ့ကမ္ဘာ့ရန်ပါပဲ။
အရာရာတိုင်းကိုဦးဆောင်ဦးရွက်လုပ်လိုစိတ်ရှိပါတယ်။
အဲဒီစိတ်အားကြီးလွန်းတဲ့သူတွေဆိုရင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ် တယူသန်ပြောတတ်လုပ်
တတ်တဲ့ဘက်ကိုအားသန်သွားတာတွေ့ရပါတယ်။
သူတို့ဟာအနာဂတ်အတွက်ရည်မှန်းချက်ကြီးကြီး
ထားကြတာများပါတယ်။ဒါပေမဲ့အနာဂတ်ရည်မှန်းချက်တွေကို စိတ်ထဲမှာသာ ထားပြီးအခြားလူတွေက ိုထုတ်မပြောတတ်ပါဘူး။
ဘာသာရေးနဲ့ပက်သက်လို့တနင်္ဂနွေအဆုံးသတ်
်နာမည်ရှင်တွေဟာ ပုံစံနှစ်မျိုးနဲ့တွေရပါတယ်။
တစ်မျိုးကဘာသာရေးကို မှတ်ပုံတင်ထဲမှာသာအသုံးပြုထားပြီးအပြင်မှာ မိရိုးဖလာအဆင့်ထက်မပိုတာမိျုးပေါ့။
တစ်မျိုးကတော့ ဘာသာတရားကို လေးလေးနက်နက်ယုံကြည်ပြီး ဘာသာတရားရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း
နေထိုင်တတ်သူတွေပါ။
လျော့လွန်းတင်းလွန်းတဲ့အနေအထားပေါ့ဗျ။
အခြားလူတွေအပေါ်သူတို့တွေကစိုးမိုးလိုစိတ်အားကြီး
လွန်းတာတွေကိုပြင်ရမှာပါ။ အိမ်ထောင်ဘက်အပေါ် အရာရာစိုးမိုးချင်တဲ့စိတ်တွေကိုလျှော့ပါ။အခန့်မသင့်ရင်အိမ်ထောင်ရေးပဋိပက္ခတွေဖြစ်နိုင်လို့ပါ။ဒါပေမဲ့သူတို့တွေကမိသားစုအပေါ်တာဝန်ကျေကြတာများပါတယ်။
သူတို့တွေဟာခေါင်းဆောင်လုပ်လိုစိတ်ရှိတဲ့အတွက်
တာဝန်ယူတဲ့စိတ် တာဝန်ကျေပွန်အောင်လုပ်ဆောင်တတ်တဲ့စိတ်
အလုပ်တစ်ခုကိုပြီးမြောက်အောင်မြင်အောင်လုပ်တတ်တဲ့စိတ်က အခြားသူတွေထက်ပိုကြောင်းပြောရင်း ဒီနေရာမှာတင်ပဲ တနင်္ဂနွေစာလုံးအဆုံးသတ်ပေးထားသူတွေရဲ့စရိုက် လက္ခဏာတွေကိုအဆုံးသတ်ပါရစေခင်ဗျာ။ ။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံးတနင်္လာနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း


ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံးက တနင်္လာနံ ဖြစ်တဲ့ ”က ခ ဂ ဃ င” နဲ့ အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်တွေအကြောင်းပဲ။
ဥပမာ ရဲကျော် အောင်ခန့် မျိုးမင်းကျော် အေးအေးငြိမ်း ကျော်ဂေါင် သန္တာချို စသည်ဖြစ်ပေါ့ဗျ။

အဖျားစလုံးတနင်္လာနဲ့ပေးထားတဲ့နာမည်ရှင်တွေက
အရာရာပေါ့ပေါ့ပါးပါးနေတတ်တဲ့သူတွေများတယ်။ ဘာမှအလေးအနက်သိပ်မထားကြဘူးဗျ။

နောက်ပြီးသူတို့တွေဟာစိတ်ကူးယဉ်အရမ်းဆန်ကြတယ်။
လက်တွေဘဝကိုစိတ်ကူးနဲ့ အရင်ပုံဖော်တတ်ကြတယ်။
စိတ်ကူသာများပြီးလက်တွေ့အကောင်အထည်ဖော်တာ တော့ အားနည်းတာမျိုးတွေ့ရတတ်တယ်။
တစ်ခုခုကို ဆုံးဖြတ်ချက်ချရာမှာတွေဝေ ဒွိဟဖြစ်လွန်း
စဉ်းစားလွန်းတဲ့သူတွေပါ။

သူတို့တွေဟာအများကိစ္စဖြစ်တဲ့ ပရဟိတတွေ။ လူအများကောင်းကျိုးတွေ ။ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေအောင်စေ့စပ် ချိတ်ဆက်ပေးတဲ့နေရာမှာတော့ တော်ကြတယ်။

ဒါကြောင့်သူတို့တွေဟာစိတ်ကူးအသားပေး
လုပ်ရတဲ့အနုပညာအလုပ်တွေ media လုပ်ငန်းတွေ
communication နဲ့ပက်သက်တဲ့ အလုပ်တွေမှာအံ့ဝင်ဂွင်ကျဖြစ်ကြတာများတယ်ဗျ။

နောက်တစ်ခုက သူတို့တွေကစိတ်နုကြတယ်ဗျ။ လောကဓံရဲ့ကြီးကြီးမားမားရိုက်ပုတ်တဲ့ဒဏ်တွေကို
မခံနိုင်ကြပါဘူး။ သူတို့တွေဟာ စည်ကမ်းတင်ကြပ်တာတွေ ကြီးမားတဲ့တာဝန်တွေပေး
တာမျိုးတွေ ချုပ်ချယ်ခံရတာမျိုးတွေ ကိုအရမ်းကြောက်တတ်ပါတယ်။
သူတို့တွေဟာလွတ်လပ်မှုကို မြတ်နိုးကြပါတယ်။
ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းချင်သူတွေပါ။ ဒါကြောင့်
သူတို့တွေဟာ pressure ပေးတာကို လုံးဝမကြိုက်
တတ်ပါဘူး။ အိမ်မှာစည်းကမ်းတင်းကြပ်ပြီး ဖိအားပေးတာများလာရင်
သူတို့ဟာမပျော်တော့ပါဘူး။တနင်္လာနဲ့အဆုံးသတ်ပေးထားတဲ့ ကလေးတွေဆယ်တန်းရောက်လာရင် ်မိဘတွေအနေနဲ့သတိထားစေချင်ပါတယ်။ ကျောင်းမှာစာတွေများလို့စိတ်ညစ်တာတစ်မျိုး ။ အိမ်ရောက်တော့မိဘက အဆင့်နည်းတယ် စာမကျက်ဘူးဆိုပြီးဖိအားပေး တော့ ကလေးက စာစိတ်မဝင်စားတော့ဘူး။ စိတ်ပျော်ရာနောက်လိုက်သွားတာမျိုးတွေခဏခဏ ကြုံဖူးပါတယ်။
အလုပ်ခွင်ဝင်တဲ့အခါမှာလဲတာဝန်တွေအမြဲပိနေအောင်ခိုင်းတဲ့အလုပ်တွေဆို သူတို့တွေဟာဝေးဝေးရှောင်ကြပါတယ်။ စည်ကမ်းတွေထုတ်ပြီး ချုပ်ချယ်တဲ့ရည်းစားတွေဆိုသူတို့တွေဟာ အဆက်ဖြတ်ဖို့ဝန်မလေးပါဘူး။
ကောင်းတာက သူတို့ရင်ထဲမှာ အာဃာတတွေ အညှိုးတွေမထားတတ်ကြပါဘူး။ ဒေါသဖြစ်စရာ မကျေနပ်စရာတွေကိုရင်ထဲကြာကြာမထားတတ်တဲ့သူတွေပါ။ သူတို့တွေဟာ အတုခိုးတာလွယ်ကြ ပါတယ်။
ကောင်းတာအတုခိုးရင်အကြောင်းမဟုတ်ပေမဲ့ ဆိုးတာကိုအတုခိုးမိရင်တော့ ပျက်စီးခြင်းလမ်းကြောင်းပေါ်ရောက်သွားတတ်တဲ့အတွက်သတိထားစေချင်ပါတယ်။ အသင်းအဖွဲ့နဲ့ပျော်ပျော်ပါးပါးလုပ်ချင်ကိုင်ချင်စိတ်ရှိသူတွေပါ။ သူတို့တွေဟာ”ပျော်ရာမှာမနေတော်ရာမှာနေ ”ဆိုတဲ့ ဆောင်ပုဒ်
ရဲ့ ပြောင်းပြန်ဖြစ်တဲ့ ”တော်ရာမှာမနေပျော်ရာမှာနေ ”တဲ့သူတွေ ဖြစ်ကြောင်းပြောကြားရင်း တနင်္လာနံအဖျားစာလုံးမှည့်ပေးထားတဲ့သူတွေအကြောင်း
ဒီနေမှာတင်ပဲအဆုံးသတ်လိုက်ရပါတယ် ခင်ဗျာ။ ။

ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး အင်္ဂါနံ စ ဆ ဇ စျ ည ဖြင့် မှည့်ထားသော နာမည်ရှင်များအကြောင်း

ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံး
စ ဆ ဇ စျ ည နဲ့ မှည့်ထားတဲ့သူတွေရဲ့အကြောင်းပေါ့
ဥပမာ အောင်စိုး မိုးမိုးစန်း သန်းမင်းဇော်
မိုးဆွေ အောင်ညိမ်း စသည့်နာမည်ရှင်တွေပေါ့။
ထိုနာမည်ရှင် တွေက လျင်မြန်မှု ဖျတ်လတ်မှုကတော့
အခြားအဆုံးသတ်နာမည်ရှင်တွေထက်သာပါတယ်။
ဘယ်ကိစ္စကိုမဆိုစိတ်မြန်လက်မြန်လုပ်တတ်တဲ့သူတွေပါ။
နှေးကွေးလေးလံတယ်ဆိုတာ သူတို့အဘိဓာန်မှာမရှိပါဘူး
နောက်ကျတယ်ဆိုတဲ့ စကားကိုလုံးဝမကြိုက်တဲ့သူတွေပါ။
သူတို့ကိုယ်တိုင်ကလဲနောက်ကျမှာကိုကြောက်ကျတဲ့အတွက် သူတို့နာရီကိုငါးမိနစ်လောက် ရှေ့နဲနဲစောပြီး လှည့်ထားတတ်တဲ့သူတွေပါ။
သူတို့ဟာ အကင်းပါတဲ့နေရာ လူကဲခတ်တဲ့နေရာသူမတူအောင်တော်ပါတယ်။သူတို့ရှေ့
မှာလိမ်မယ်ဆိုရင်တော့ ပိပိရိရိတော့ရှိပါစေ။ အဲလိုမှမဟုတ်ရင်တော့ ကိုယ်လိမ်မိတာအစဆွဲထုတ်သလိုဖြစ်နေပါလိမ့်မယ်
နောက်ပြီးသူတို့တွေဟာအရာရာ အနိုင်ယူလိုစိတ်ရှိပါတယ်။သူများတွေကျောသွားတာကို
လက်မခံနိုင်ကြသူတွေပါ။ ဥပမာဗျ ကားမောင်းတဲ့အခါမှာ
ဆိုရင် သူတို့တွေဟာ ဘေးကားတစ်စီးကပ်ကျော်သွားရင်တောင်မခံနိုင်တဲ့သူတွေပါ ။ မရရအောင်ပြန်ကျော်တတ်တဲ့သူတွေပါ။
သူများတွေနဲ့ယှဉ်လာရင်
အနိုင်ရမှကြိုက်တတ်တဲ့သူတွေပါ။သူတို့တွေဟာတစ်ဦးတစ်ယောက်နဲ့နှိုင်းယှဉ်ပြီးပြောရင်မကြိုက်တတ်ပါဘူး။
သူများနဲ့ယှဉ်ပြီး ”မင်းက သူနဲ့ယှဉ်ရင် ဘယ်နေရာက အားနည်းတယ် ”စသည်ဖြင့် သူတို့တွေကိုသွားမပြောသင့်ပါဘူး။ အဲလိုပြောတဲ့သူဟာ
သူနဲ့ကမ႓ာရန်တွေ ဖြစ်သွားပါလိမ့်မယ်။
သူတို့တွေဟာ အလုပ်လုပ်တဲ့နေရာမှာ တုံးတိုက်တိုက်
လုပ်ရဲတဲ့အတွက်သူတို့တွေဟာ ဝန်ထမ်းထက် ကိုယ်ပိုင်လုပ်ငန်းနဲ့ဆိုရင် ပိုပြီးသင့်တော်ပါတယ်။
သူတို့တွေဟာအပြိုင်အဆိုင်နဲ့ နေရတာကိုကြိုက်တဲ့အတွက် သူတို့တွေဟာ ပြိုင်ဘက်တွေရှိရင်တိုးတက်ကြပါတယ်။ သူတို့အတွက်ပြိုင်ဘက်ကောင်းတစ်ယောက်သာရှိမယ်ဆို
ရင် ဘဝမှာတဟုန်ထိုး တိုးတတ်သွားတတ်ပါတယ်။
ဘဝမှာစံချိန်စံညွှန်း သတ်ံမှတ်ချက်တွေနဲ့နေတဲ့သူတွေဟာ အင်္ဂါနံနဲ့အဆုံးသတ်သူတွေပါ။ မိမိသည် ဘယ်လောက်အတိုင်းအတာထိ အောင်မြင်ရမည်။
လုပ်ငန်းခွင်တွင်လဲ ဘယ်လောက်ရာထူးထိရ ရမည်ဟုမိမိကိုယ်တိုင် သတ်မှတ်ကြိုးစားကြသလိုပဲ
အိမ်ထောင်ဘက်ရွေးချယ်သည့်အခါမှာလဲ မိမိသတ်မှတ်ထားတဲ့စံချိန်စံညွှန်းမကိုက်ညီရင် လုံးဝမစဉ်းစားတဲ့သူတွေပါ။
ဇွတ်တရွတ်လုပ်တာ မိုက်မိုက်ကန်းကန်းလုပ်တာ
စွန့်စွန့်စားလုပ်တာတွေ တစ်ခါတလေရိုင်းရိုင်းပြပြ ဆက်ဆံတတ်တာဟာသူတို့အကျင့်တွေပဲဆိုတာပြောကြားရင်း အင်္ဂါနံအဆုံးသတ်ပေးထားတဲ့သူတွေရဲ့ အကြောင်း ဒီမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး ဗုဒ္ဓဟူးနံနှင့် မှည့်ထားသော နာမည်ရှင်များအကြောင်း

ဒီတစ်ခါပြောမှာက နာမည်အဖျားစာလုံး ယ လ ဝနှင့်အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။
ဥပမာ အောင်ဝင်း ခင်မောင်လွင် ချိုချိုလွင် ခင်ယုယ
စသည့်နာမည်ရှင်တွေပေါ့
သူတို့တွေဟာ ပြုပြင်ရေးသမားတွေလို့ဆိုရမှာပါပဲ။
ဘယ်သူ့ကိုဖြစ်ဖြစ်ပြုပြင်ချင်တဲ့စိတ်အမြဲရှိတယ်။သူတို့ရှေမှာအမြင်မတော်တာတွေ ပြုပြင်စရာတွေမြင်ရင် ပြောပြပြုပြင်တတ်တဲ့အကျင့်က ရှိပါတယ်။
အဲဒါကြောင့်ပဲ သူတို့တွေဟာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူဆိုးလို့သတ်မှတ်ထားတဲ့ လူကိုပဲ
ငါ့လက်ထဲကျရင်ရအောင်ပြင်မယ်ဆိုတဲ့စိတ်နဲ့လက်တွဲဖော်အဖြစ်ရွေးချယ်သွားတတ်ကြတာ ခဏခဏကြုံဖူးပါတယ်။
စကားများများပြောတဲ့ သူတွေဟာ ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားတဲ့သူတွေလို့ပဲဆိုရမှာပါ။ အခြားအဆုံးသတ်နေ့တွေထက် စကားပိုပြောကြတဲ့သူတွေပါ။ စကားမပြောဘဲ နှုတ်နည်းတဲ့သူတောင် ပြောပြီဆိုလို့ကတော့မရပ်တော့ပါဘူး။ အချို့ကြတော့
ဒီအတိုင်းနေရင်မြုံစိစိ နေကြပေမဲ့ အရည်လေးဝင်သွားရင်တော့ နားညီးဖို့သာပြင်ထားပေတော့ လို့ပြောရမှာပါပဲ
နောက်တစ်ခု သူတို့တွေက ခြေထောက်မှာဗွေပါတဲ့သူတွေလို့ပဲပြောရမလားပဲ
ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားသူတွေဟာ အိမ်ကပ်တဲ့သူ
တော်တော်ရှားတယ်ဗျ ။ ခြေစင်္ကြာအမြဲဖွင့်ပြီးသွားနေရတဲ့သူတွေများတယ်ဗျ။
သူတို့ကံကပဲ အိမ်မကပ်ရတာနဲ့တူပါတယ်ဗျ။
သူတို့တွေမှာဘာတွေထူးခြားတာတွေ့ရလဲဆိုတော့
သူတို့ကံက တသတ်မှတ်ထဲမရှိတာများတယ်ဗျ။ကံအရမ်း
နိမ့်ပြီးဘာလုပ်လုပ်အဆင်မပြေဘူးဆို သိပ်မကြာဘူးဗျ
ကံပြန်ကောင်းလာတတ်တယ်။ ကံများကံကောင်းနေပြီ
ဆိုလို့ကတော့ သတိထားနေပေတော့ ကံပြန်နိမ့်သွားပြန်ရောဗျ။ အကုန်လုံးတော့ မဆိုလိုပါဘူးဗျာ တော်တော်များများတော့
အဲဒီပုံစံအတိုင်းတွေ့ရတယ်ဗျ။
သူတို့တွေက အသိပညာ ဗဟုသုတတွေကိုတန်ဖိုးထားကြတယ်ဗျ။ သူတို့နဲ့ပက်သက်ဆက်နွယ်နေတဲ့သူတွေကလဲ အသိပညာအားနည်တာ ဗဟုသုတမရှိတာမျိုးဆိုရင်
သူတို့တွေကမကြိုက်တတ်ကြဘူး။ အဲဒီလူကိုအထင်သေးတတ်ကြတယ်ဗျ။
သူတို့တွေက ပြုပြင်တတ်တဲ့စိတ်ကြောင့်ပဲလာမသိဘူး
ပစ္စည်းတစ်ခုခုပျက်စီးထားရင်ချောင်ထိုးထားလေ့မရှိဘူးဗျ
ဖိနပ်လေးပျက်တာကအစ ပြန်လည်ပြုပြင်ပြီးစီးရမှ ကျေနပ်တဲ့သူတွေလို့ …ပြောရင်း ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းဒီနေရာမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။ ။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး ကြာသပတေးနံနှင့်အဆုံးသတ် မှည့်ထားသောနာမည်ရှင်များအကြောင်း

အခုပြောမှာက နာမည်အဖျားလုံး ပ ဖ ဗ ဘ မ နဲ့ အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။
ဥပမာ အောင်မင်း နေလင်းဖြိုး ဝင်းဝင်းပြည့် ထွန်းဘို
အောင်ဗိုလ် စသည့်နာမည်ရှင်တွေပါ။
သူတို့ တွေဟာ မျှော်လင့်ချက် ရည်ရွယ်ချက်တွေ
ကြီးမားကြတာများပါတယ်။ ဘဝမျှော်မှန်းချက်တွေနဲ့ အနာဂတ်ကို ရှင်သန်နေသူတွေပါ။
သူတို့တွေဟာ ဉာဏ်ရည်ထက်မြက်ကြပါတယ်။ဉာဏ်ပညာလဲကြီးမားကြသူတွေပါ။ ပညာကိုမြတ်နိုးတန်ဖိုးထားကြပါတယ်။
သူတို့တွေဟာ အလုပ်လုပ်ရင်မရပ်မနား လုပ်တတ်သလောက် မလုပ်ဘူးဆိုရင်လဲ သူများထက်ပျင်းတဲ့သူတွေပါ။
သူတို့တွေဟာစိတ်သဘောထားကြီးမား ကြသူတွေပါ။
ဘယ်လိုကိစ္စ ပြဿနာမျိုးတွေမဆို အားနည်းတဲ့ဘက်က
ရပ်တည်ကြတဲ့သူတွေပါ။ ရွေးချယ်စရာနှစ်ခုကြုံလာရင်တော့ သူတို့တွေဟာအားနည်းတဲ့သူတွေကိုပဲရွေးချယ်သွားကြတာပါ။
ဒါပေမဲ့သူတို့တွေဟာ စိတ်ကြီးတဲ့သူတွေများပါတယ်။ သဘောကောင်းရင် သူများထက်ကောင်းပြီး စိတ်တိုဒေါသထွက်လာရင်တော့ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ကြီးလိုပါပဲ။
သူတို့တွေဟာအသစ်အဆန်းကို ကြိုက်တဲ့သူတွေပါ။ အဲလိုအသစ်အဆန်းတွေ စွန့်စားရတာတွေကိုမြတ်နိုးတဲ့အတွက် မွေးရပ်ထက် အခြားနေရာတွေကိုခြေဆန့်ကြတာများပါတယ်။ အဲဒါကြောင့်ပဲ မွေးရပ်နဲ့ဝေးတဲ့နေရာတွေမှာ အခြေချနေထိုင်ကြပါတယ်။
သူတို့တွေဟာ အမြဲတမ်းအကြီးကြီတွေပဲ စဉ်းစားတတ်သူပါ။ ဘာပဲဖြစ်ဖြစ်နေဖြစ်နေ သေးသေးမွှားမွှားတွေကိုလုံးဝမစဉ်းစားတတ်သူပါ။
နောက်ပြီးသူတို့ သနားတတ်တယ်။ သူများတွေအခက်အခဲဖြစ်နေရင် ကူညီချင်တဲ့စိတ်အပြည့်ရှိသူတွေပါ။
သူတို့တွေ ဗေဒင်နက္ခတ်တို့ ဂမ္ဘီရတို့ ဂါထာမန္တန်တို့ စိတ်စွမ်းအားတို့ အပေါ်မှာတော့ယုံကြည်မူအပြည့်ရှိကြပါတယ်။ ဉာဏ်ပညာကြီးမားတဲ့အတွက် ထိုပညာတွေ လေ့လာမယ်
ဆိုရင် ဆုံးခန်းတိုင်အောင် ပေါက်ရောက်နိုင်တယ်ဆိုတာပြောကြားရင်း ကြာသပတေးနံနဲ့အဆုံးသတ်ထားတဲ့နာမည်ရှင်တွေအကြောင်းကို ဒီနေရာမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်။ ။
ဗေဒင်သုတေသီ

နာမည်များနှင့်စကားစမြည် (၁)

နာမည်တွေနဲ့ပက်သက်ပြီး ပြောစရာတွေရင်ထဲမှာတသီကြီး ကိန်းအောင်းနေပါတယ်။ဒါကြောင့်လဲအပိုင်းတွေနဲ့ရေးဖို့ဆုံးဖြတ်ထားသည်။ နာမည်ပေးတဲ့နေရာမှာ မဟာဘုတ်ကိုအခြေပြုထားပြီး အင်္ဂဝိဇ္ဇာ ဆန်းပညာတို့ဖြင့်ချိန်ဆပေးလေ့ရှိသည်။ နာမည်ပေးရာတွင်လဲ
တတ်သိနားလည်သည့်ဆရာတွေနှင့်တိုင်ပင်စေချင်သည်။ မိမိဘာသာစိတ်ထင်ရာပေးသည့်နာမည်တွေထက်တော့အများကြီးသာနိုင်သည်။
မိမိအပေါ်အားကိုးလို့မေးလာကြသည့်
သူတွေအပေါ် ဆရာတွေကလဲအလေးထားဖို့လိုသည်။
မဟာဘုတ်တစ်ခုထဲကြည့်ပြီး ဘာလာလာ အထွန်းနဲ့ပဲအဆုံးသတ်ပေးတော့မှာလား။
အင်္ဂဝိဇ္ဇာနဲ့ ကြည့်ပြီးဘာနေ့လာလာပဥ္စပွတ်.
ဆပွတ်.အညွှန့်နဲ့ပေးတော့မှာလား။ အချို့ကရှိသေးသည်။ နဝင်းကအားကြီးတယ်ဆိုပြီးဘာနေ့လာလာ
နဝင်းနဲ့သာအဆုံးသတ်ပေးလေ့ရှိသည်။ နဝင်းနာမည်တွေဟာ အချို့နှစ်တွေမှာ နိစ်ပြဂြိုဟ်မိပြီး နာမည်ရှင်အပေါ် ဆိုးကျိုးတွေသက်ရောက်စေတယ်ဆိုတာ မတွေးမိကြတာလား။
နာမည်ဟာဘဝမှာဘယ်လောက်ထိအရေးပါအရာရောက်သလဲဆိုတာ နားလည်အောင်ပြောပြချင်သည်။
နာမည်က လှလှပေးချင်ကြသည်။ လက်ခံပါတယ် နာမည်လှတော့ကောင်းတာပေါ့။ နာမည်ကလှပြီးခေတ်ဆန်တာဆိုအတိုင်းထက်အလွန်ပေါ့ဗျ။ ခေတ်ဆန်ရုံတင်မကဘဲ ခေတ်လွန်နေတာကခက်လွန်းသည်။ အချို့ကမိဘတွေကလဲမိဘနာမည်ပါအောင်မှည့်ချင်ကြသည်။ နာမည်ပေးရာမှာ မိဘနာမည်အဆုံးသတ်ဖို့အဆင်မပြေတာတွေရှိသည်။ နားလည်အောင်ရှင်းပြပေမယ့်
လက်မခံကြတာများသည်။ ကျွန်ုပ်လဲဘာမှာမတတ်နိုင် ။ ဥပေက္ခာပြုလိုက်ရသည်။ ကလေးတွေရဲ့အနာဂတ်အတွက်စိတ်မကောင်းဖြစ်ရသည်။
ပြောရင်ဆုံးမည်မဟုတ်။အခုအပိုင်း ၁အနေ
နဲ့ ပြောချင်တာက ဗျူပ္ပတ်လွန်တဲ့နာမည်တွေအကြောင်းပါ။
ဗျုပ္ပတ်လွန်တဲ့နာမည်မျိုးတွေလည်းမမှည့်သင့်ပါ။ ဘဝမှာအပျက်အစီးများတတ်သည်။
ရန်သူပေါများပြီးစိတ်ဆင်းရဲရတတ်တယ်။
ပြဿနာတွေကိုလည်းဝယ်ယူထားတယ် ထင်ရလောက်အောင်ဒိုင်ခံဖြေရှင်းနေရမယ်။
ဥပမာ ။ ။မိုးထက်အာကာ နေမင်းသူရိန်မိုး
ဖိုးသိကြား၊ ဥက္ကာ ။ ဝေယံထက်ကျော်။ ဣန္ဒြာ၊ မိုးနင်း၊ အာကာကျော် စသည်ဖြင့်ပေါ့။
ဒီနာမည်ရှင်တွေဟာ အောင်မြင်မှုတစ်ခုရဖို့ အခက်အခဲတွေအများကြီးကြုံရသလို အောင်မြင်ဖို့အတွက်လဲ အချိန်တွေအများကြီးပေးရသူတွေပါ။ အောင်မြင်လာရင်လဲ ကောက်ရိုးမီးလို ခဏလေးသာခံပြီး ပြန်ကျဆုံးတတ်ပါတယ်။
အချို့ကြတော့ကျန်းမာရေးအရမ်းချူခြာကြတယ်ဗျ။ ၉၆ ပါးရောဂါကို တစ်လှည့်စီ ကန်ထရိုက်ဆွဲထားကြတာမျိုးတွေပေါ့။
မူလမဟာဘုတ်မှာ ဖွားဇာတာညံ့ပြီး နာမည်ဇောက်ထိုးမိနေတာမျိုးတွေ ပက္ခမိနေတဲ့နာမည်မျိုးတွေမှည့်ထားတာဆိုရင်တော့ ဘဝမှာဒုက္ခတွေနဲ့ အမြဲနပန်းလုံးနေရတတ်တယ်ဆိုတာပြောလိုက်ရပါတယ်ဗျာ

သက်စစ်ဗေဒင်

အဟောင်းကို စွန့် လို့ အသစ်ရှာဖွေ ကြသူများ …..
လူ့ဘဝက အရမ်းတိုတောင်းပါတယ်။ ခဏတာ ပွက်လိုက်တဲ့ ရေပွက်ကလေးများ ပမာရယ်ပါ။ ဒီတိုတောင်းတဲ့ကာလလေး အတွင်းမှာပဲ ………………
….အချို့သော အသက်ပိုင်းများဟာ …ကျွန်တော်တို့တစ်တွေကို ပျော်ရွွှင်လာစေပါတယ်။ အချို့သော အသက်ပိုင်းများကတော့ …ဝမ်းနည်းကြေကွဲမှုတွေကို ဖန်တီးပေးတတ်ပြီး ၊ အချို့သော အသက်ပိုင်းများ ကတော့ ..ကျွန်တော်တို့တစ်တွေကို …ရင်ခုန်ညွတ်နူးဖွယ်ရာ …စိတ်ခံစားမှုလေးတွေ နဲ့ လှုပ်ခါစေပြန် ပါတယ်။ အချို့သော အသက်ပိုင်းများကတော့ …ကြီးမားတဲ့အမုန်းတွေ ..ငြိုးတေးမှုတွေနဲ့ အတူ… ရန်သူတွေနဲ့ အားပြိုင် အနိုင်လု ကြရပြီး..၊ အချို့သော အသက်ပိုင်းများကတော့ ..ကျွန်တော်တို့ ရင်ထဲကို အသိတရားနဲ့ …အမြင်မှန်တွေ ဖူးပွင့်စေပါတယ်။
ဒီ့အတူပါပဲ…အချို့သော အသက်ပိုင်းများကတော့ ….ခဏတစ်ဖြုတ် လူ့လောကကို အလည်ရောက် လာခဲ့တဲ့ ကျွန်တော်တို့တွေကို …ကိုယ်ချစ်တဲ့သူတွေနဲ့ လက်တွဲဖြုတ်ပြီး ခွဲခွာစေဖို့ တွန်းအားပေးတဲ့ အသက်ပိုင်းတွေ ဖြစ်လာကြပါတယ်။ တနည်းအားဖြင့် ကျွန်တော် တို့ရဲ့ နောက်ဆုံးနေထိုင်ရချိန် အသက်ပိုင်းများ ဖြစ်လာကြပါတယ်။
သန်းပေါင်းများစွာသော ကမ္ဘာ့ လူဦးရေပေါင်း များစွာဟာ ….အသက်တွေ တစ်နှစ်ထက် တစ်နှစ် ကြီးရင့်နေကြပါတယ်။ အားလုံးဟာ …နောက်တစ်နှစ် …နောက်တစ်နှစ် ..နဲ့ …တစ်နှစ်ပြီး တစ်နှစ် …အခြေအနေအမျိုးမျိုးကိုလည်း ဖြတ်သန်းနေကြဆဲ ပါပဲ။ တစ်ချို့တွေက ခုမှ ..အစပျိုးလာကြသလို ..တစ်ချို့တွေကလည်း ခုပဲ အဆုံးသတ်သွားကြ ပါတယ်။
တစ်ချို့ကတော့ စစချင်းမှာပဲ အဆုံးသတ်သွားပြီး ..၊ တစ်ချို့တွေက တော့ …ဆုံးဆုံးချင်းမှာပဲ အစပြန်ပျိုးလာကြပြန်တယ်။ အစပျိုးမြန်တဲ့ သူတို့ကိုယ် သူတို့ မှတ်သားမိနေတဲ့ ဇာတိဿရဉာဏ်ကြောင့် ….ပတ်ဝန်းကျင်ကလည်း သူတို့ကို …(လူဝင်စား) လို့ ..သတ်မှတ်လိုက်ကြပါတယ်။
ဗေဒင်ပညာလို့ ခေါ်တဲ့ သဘာဝအမှန်တရား ကို ကြောင်းကျိုးသင့် ချဉ်းကပ်ရှာဖွေ စူးစမ်းရတဲ့ ပညာတစ်မျိုးကို ကျွန်တော် ခုံမင်တွယ်ကပ် မိခဲ့ရင်း နဲ့ …..ကျွန်တော့်ကိုယ်ကျွန်တော် ၊ ကျွန်တော့် မိသားစု ကို ကျွန်တော် ၊ ကျွန်တော့် ပတ်ဝန်းကျင်ကို ကျွန်တော် ၊ နီးစပ်ရာ မှန်သမျှ ကို ကျွန်တော် . ..စူးစမ်းခဲ့ရင်း ..ခဲ့ရင်း….အသက်ပိုင်းခြား အမျိုးမျိုး အလိုက် လူတွေ ဟာ …………..
စိတ်တွေ……
ကံအခွင့်အလမ်းတွေ………
ရပိုင်ခွင့် နဲ့ ဆုံးရှုံးထိုက်မှု တွေ……
မတူညီစွာ ဘဲ… အမျိုးမျိုးပြောင်းလည်း ကြုံတွေ့နေကြရတာကို ကျွန်တော် တွေ့မြင်ခဲ့ရပါတယ်။
ဒါဟာ လူတစ်ဦး တစ်ယောက်ပေါ်မှာ မဟုတ်ပဲ ၊ ကမ္ဘာ့လူသားအားလုံး ပေါ်မှာ တစ်ညီတစ်ညွတ်တည်း သက်ရောက်နေတယ် ဆိုတာလည်း ခိုင်မာစွာ ယုံကြည်လာခဲ့မိပါတယ်။
ဒီယုံကြည်မှု နဲ့ အတူ ….ကျွန်တော် ကိုယ်တိုင်လည်း အသက်တွေ တစ်နှစ်ပြီး တစ်နှစ် အကုန်ဆုံးခံပြီး ..သက်စစ်ဗေဒင် လို့ ခေါ်တဲ့ …အသက်အပိုင်းအခြားလိုက် လူသားတိုင်းပေါ်မှာ လွှမ်းမိုးလာတတ်တဲ့ ..အင်အားစုတွေ ကို သဲသဲမဲမဲ သုတေသနပြုခဲ့မိပါတော့တယ်။
ခု ဒီစာပိုဒ်ရဲ့ အောက်မှာ ကျွန်တော် ….ကျွန်တော် ရေးသားဖော်ပြရေးသား မယ့် အကြောင်းအရာတွေဟာ ယုံကြည် ဖို့ / မယုံကြည် ဖို့ မဟုတ်ပါဘူး။ စာဖတ်သူတိုင်း လက်တွေ့စူးစမ်းကြည့်ပြီး …မှန်ကန် ညီညွတ်ကြောင်း သိခြင်း ခိုင်မာလာချိန်မှာ ..ကိုယ်တိုင်အကျိုးရှိအောင် သုံးမိစေဖို့အတွက် ဖြစ်တယ်။
ဘယ်လို အကျိုးရှိအောင် သုံးနိုင်မှာမို့လဲ………..မေးစရာရှိပါတယ်။ ဥပမာ တစ်ခု တင်ပြပါမယ်။ လေ့လာ ကြည့်ပါ။
အဟောင်းစွန့် အသစ်ရှာ အသက်ပိုင်းများ
အဟောင်းတို့ကို ငြီးငွေ့ခြင်း နှင့် အသစ်တို့ကို စူးစမ်းရှာဖွေ လိုမှု ဖြစ်တည်စေသော အသက်ပိုင်းများ …………….
( ၆ နှစ် ၊ ၁၃နှစ် ၊ ၂၀နှစ် ၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊၇၆နှစ် )
ကောင်းပြီ ..၊ အထက်ပါ အသက်ပိုင်းများမှာ ..လူသားတွေဟာ ဘာနေ့သားသမီးမျိုးပဲ ဖြစ်ပါစေ….၊ ဘယ်နေ့ဘယ်ရက်မှာပဲ ဖွားမြင်ခဲ့သူဖြစ်ပါစေ….အဟောင်းတစ်စုံတစ်ရာတို့ကို စွန့်ခွာရတတ်ခြင်း နဲ့ ..အသစ်တစ်စုံတစ်ရာတို့ကို …စူးစမ်းရှာဖွေရမှု ဖြစ်လာစေတတ် တယ် လို့ ပုံသေ မှတ်ရပါမယ်။
ဒီနေရာမှာ ပုံသေ ..ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော် သုံးပါမယ်။ အခြေခံအကျဆုံး သဘာဝအမှန်တရား ကို ကျောရိုးပြုထားတာကြောင့်ပါ။ ဒီကျောရိုးပေါ်မှာပဲ မတူညီတဲ့ ဖြစ်စဉ်တွေ ပေါက်ဖွား လာကြရမှာ ဖြစ်ပါတယ်။ ပမာအားဖြင့် ….အသက် (၆နှစ်) အရွယ် ကလေးငယ် တစ်ယောက် အတွက် ….အဆိုပါ ကံတရားအခြေခံဟာ ….သက်ဆိုင်သော အုပ်ထိမ်း သူများရဲ့ ကံနဲ့လည်း အထူးနှီးနွယ်ဆက်စပ်ပြီး ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
ရှင်းအောင် ထပ်မံ ဆိုပါဦးမယ်။ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ …သူ့မိဘများရဲ့ …အိုးအိမ်အပြောင်းအရွှေ့ ကြုံချိန်ကြောင့် …. အိုးအိမ်ဟောင်းကို စွန့်ခွာပြီး အိုးသစ် အိမ်သစ်မှာ ရောက်ရှိသွားနိုင်သလိုမျိုး …ကံအင်အားသက်ရောက်လာနိုင်သလို…၊ ဝန်ထမ်းဖြစ်တဲ့ မိဘတွေ အပြောင်းအရွှေ့ ပေါ်ပေါက်လာတာကြောင့် … ကလေးငယ်ဟာ ..မိဘရင်ခွင်ကနေ ..အဘိုးအဘွား စသူတို့ရဲ့ ရင်ခွင်ထဲကို ပြောင်းရွှေ့နေထိုင်ရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ တနည်းအားဖြင့် အုပ်ထိမ်းသူအသစ် ၊ အာဝါသ အသစ်ကို ရောက်ရှိသွားနိုင်ပါတယ်။
သူကိုယ်တိုင်မစွမ်းဆောင်နိုင်သေးတဲ့ ကလေးဘဝ အရွယ်မှာ အုပ်ထိမ်းသူတွေရဲ့ ကံနဲ့အထူး နှီးနွယ်ဆက်စပ်ပြီး ….ကလေးငယ်ရဲ့ (အဟောင်းစွန့်အသစ်ရှာကံတရား) ကလည်း လှုပ်ရှား ပုံဖော်လာမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ကလေးငယ်ရဲ့ မိဘများရဲ့ ကံဇာတာက အထူး နိမ့်ပါး နေချိန်ဆိုရင်တော့ ..မိဘများ ကွယ်လွန်ပြီး …၊ အာဝါသ အသစ်တစ်ခုဆီ ကူးပြောင်းနေထိုင်ရခြင်း ကို ဖော်ပြပါလိမ့်မယ်။
အထက်အညာဒေသ ဝမ်းတွင်းမြို့ မှာ ထိုကဲ့သို့ ဖြစ်စဉ်မျိုး ကြုံကြိုက်ခဲ့တဲ့ ကလေးငယ် တစ်ဦးကို တွေ့ခဲ့ရဖူးပါတယ်။ မိဘနှစ်ပါးစလုံး ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားပြီး ဆုံးပါးသွားခဲ့ပါတယ်။ ဒီကလေးငယ်ကို သူ့ရဲ့ ဦးလေးလင်မယား (ကလေးမရှိသေးသူများ) က အမွေစား အမွေခံ အဖြစ် မွေးစား ခဲ့ကြတာကို တွေ့ရပါတယ်။ ထုံးစံအတိုင်း ကလေးငယ်ရဲ့ အသက်က ၆ နှစ် ဖြစ်ပါတယ်။
တစ်ကယ်တွေးကြည့်မယ် ဆိုရင်တော့ … မိဘနှစ်ပါးကလည်း သေကိန်းကြုံလာတယ်။ သားသမီး မထွန်းကားရှာတဲ့ ဦးလေး လင်မယားကလည်း ရင်သွေးမွေးစားရဖို့ အချိန်ကြံုလာတယ် ( နာမည်နဲ့ ဒသာမှာ တွေ့ရပါတယ်) ၊ ကလေးငယ်ကလည်း (အဟောင်းစွန့်အသစ်ရှာကံ) ဖြစ်တည်နေတဲ့ အသက်ပိုင်း ကြံုလာတယ် (မဟာဘုတ်ဇာတာအရလည်း …ထိုကလေးငယ်မှာ ..မူလအာဝါသ ဆုံးရှုံးရတတ်သော ကံ ပါလာတဲ့ ..ငါးခုကြွင်းဖွား ဖြစ်နေပါတယ်) ။
တနည်းအားဖြင့်တော့ …သိုင်းနင်းကွက်ကျ ဆိုသလို… အကြောင်းတရားတွေနဲ့ အကျိုးတရားတွေ ချိတ်ဆက် မိလာကြတာပါ။ ခု ..စာဖတ်သူများနဲ့ ကျွန်တော် တို့ လေ့လာနေကြတာ ကတော့ ကလေး ဘက်က အခြမ်းဖြစ်တဲ့ အကြောင်းတရားကိုပဲ ဖြစ်ပါတယ်။
ကောင်းပြီ ..။ ဒါဆို စာဖတ်သူတွေအနေနဲ့ အဟောင်းစွန့်အသစ်ရှာ အသက်ပိုင်းများ ကိုလည်း ဖြတ်သန်းကြရမှာဖြစ်ပါတယ်။ ဘယ်အသက်ပိုင်းတုန်းက မိမိတို့ ဘာတွေကို စွန့်ခွာခဲ့ရဖူးသလဲ …ဘယ်လို အဟောင်းတွေကို စွန့်ပြီး .. ဘယ်လိုအကြောင်းအရာသစ်တွေဆီကို ခြေဦးလှည့်ခဲ့ရသလဲ ဆိုတာကို ပြန်လည်တွေးကြည့် ဆင်ခြင်နိုင်ပါလိမ့်မယ်။ ရှေ့လျှောက်ပြီး တော့ရော …နောက်ထပ်ကျန်နေတဲ့ ထိုကဲ့သို့သော အဟောင်းစွန့်အသစ်ရှာ အသက်ပိုင်းများမှာ ဘာတွေ ကြုံကြရဦးမလဲ … တွေးတော ဆင်ခြင်စရာပါပဲ။
ကျွန်တော့်အတွေ့အကြုံအရ ….လူသားအားလုံးအဖို့ …အသက် ၁၃နှစ် အရွယ်ဟာ ပထမဆုံးအကြိမ်အဖြစ် …အတွေးအမြင် ၊ အယူအဆတွေ စတင်ပြောင်းလဲလာတတ်တဲ့ကာလ ဖြစ်ပါတယ်။ ယခင်က ယုံကြည်ထားတာတွေအပေါ် သံသယ စဝင်လာတတ်ပြီး ၊ အရာရာကို စူးစမ်းရှာဖွေမှု အထူးဖြစ်ပွားလာတတ်တဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက် ၁၃နှစ် အရွယ် ကလေးငယ်လေးတွေဟာ အင်မတန် ထိမ်းသိမ်းရခက်ခဲပါတယ်။
တစ်ခါမှ ပြန်မပြောဖူးတဲ့ကလေး ပြန်ပြောလာတတ်တာ ၊ အိမ်ကနေ စွတ်ရွတ် ထွက်သွားတတ်တာ ၊ မလုပ်နဲ့လို့ တားထားတာတွေကို ဇွတ်လုပ်လာတတ်တာ ၊ စတန့်ထွင် …စွန့်စား..အရဲကိုးပြီး ထင်ရာလုပ် လာတာမျိုးတွေဟာ …အသက်၁၃နှစ် အရွယ် ကလေးငယ်တွေ မှာ ထင်ထင်ရှားရှားတွေ့ရတတ်တဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါကို လူကြီးမိဘတွေက ကြိုသိမထားရင် …. ဒီကောင် ဒီနှစ်ထဲ ဘယ်လိုဖြစ်လာတယ်မသိဘူး ..၊ ဒီကလေးမ ဒီနှစ် ..ဘယ်လိုပြောပြောမရဘူး..စသည်ဖြင့် …တွေးမိလာ တတ်ပါတယ်။ တစ်ကယ်တော့ ကိုယ်ကိုယ်တိုင်လည်း အသက်၁၃ နှစ် ကို ဖြတ်သန်းခဲ့ချိန်မှာ …သူ့လို မဟုတ်တောင် ..သူနဲ့မတူတောင် …အယူဆဟောင်းတွေကို စွန့်ပြီး ၊ အယူဆသစ်တွေ စတင် ရှင်သန် လာခဲ့ဖူးတယ် ဆိုတာ မမေ့အပ်ပါ။
ထိုနည်းတူပါပဲ အသက် ၂၀ အရွယ် လူငယ်တိုင်းဟာ ထိုကဲ့သို့အင်အား သက်ရောက်နေတဲ့ အရွယ် ဖြစ်ပါတယ်။ ဒီအသက်အရွယ်ကြတော့ ပိုပြီး…ထိမ်းရခက်လာပါတယ်။ အရွယ်ရောက်စ လည်းပြုပြီ ဖြစ်တာမို့ …ကျားမ မရွေး …စိတ်စေရာကို အဟုန်ပြင်းပြင်းနဲ့ လုပ်ကိုင်မိစေသော အချိန်ပါပဲ။
အသက် ၂၇ ၊ ၃၄ ၊ ၄၁ ၊ ၄၈ နှစ် စတဲ့အသက်ပိုင်းတွေမှာတော့ …. အများဆုံးက အလုပ်အကိုင်ဟောင်းကို စွန့်ပြီး အလုပ်ကိုင်နယ်ပယ် သစ်တွေဆီ စွန့်စားထွက်ခွာ တတ်ကြတာကို တွေ့ရပါတယ်။ အလားတူပဲ …အချို့သော သူတွေကတော့ ထိုအသက်ပိုင်းများမှာ …ပထမ အိမ်ထောင် ပြိုကွဲခြင်း၊ မိသားစုနဲ့ခွဲခွာရခြင်း၊ အိမ်ဟောင်း ကိုစွန့်ပြီး အိမ်သစ်ကိုပြောင်းခြင်း ၊ မိမိနေထိုင်ရာ မိခင်နိုင်ငံမှ ..စွန့်ခွာပြီး ..တစ်နယ်တစ်ကျေး ရပ်ဝေးဒေသစိမ်းများ ၊ နိုင်ငံရပ်ခြားဒေသများ မှာ စွန့်စားလုပ်ကိုင်လာကြရခြင်းမျိုးတွေ ….အများဆုံး ဖြစ်တတ်လေ့ရှိကြပါတယ်။
၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊၇၆နှစ် …စတဲ့အသက်ပိုင်းတွေ ဖြစ်တဲ့ တတိယအရွယ် ရဲ့ …အဟောင်းစွန့် အသစ်ရှာ အသက်ပိုင်းများမှာတော့ လူသားတွေဟာ အများအားဖြင့် …သူတို့တစ်သက်လုံး ယုံကြည် လာကြတဲ့ ယုံကြည်ထားမှုတွေအပေါ် သံသယ စိတ်ဖြစ်တည်လာတတ်ကြသလို …၊ တစ်ချို့တွေကလည်း အသက်ကြီးမှ အကဲထ တယ်လို့ အပြောခံရမယ့် အလုပ်မျိုးတွေကို လုပ်မိလာစေပါတယ်။
အများစုကတော့ ….သူတို့တစ်သက်လုံး လုပ်ကိုင်လာတဲ့ အသက်မွေးမှုတွေကနေ အနားယူ တတ်ကြချိန် ဖြစ်လာပါတယ်။ ပင်စင်ယူတာ၊ အလုပ်ကနေ နှုတ်ထွက်လိုက်တာ ၊ မိသားစုကို စွန့်ပြီး …မိမိလုပ်ခြင်တာကိုသာ အသားပေးစွန့်စား လုပ်ဆောင်မိတာ ..စသည်အားဖြင့် …တွေ့ရှိရပါတယ်။ ထူးထူးခြားခြားတွေ့ရတတ်တာကတော့. …အဆိုပါတတိယအရွယ်ရဲ့ အဟောင်းစွန့် အသစ်ရှာ အသက်ပိုင်းများမှာ ….လူကြီးတော်တော်များများဟာ သူငယ်ပြန်ခြင်း ၊ သို့မဟုတ် ..သူငယ်ပြန်သကဲ့သို့ …ငယ်မူငယ်သွေးကြွ လုပ်ဆောင်မှုမျိုးတွေကို လုပ်ဆောင်မိတတ်ခြင်း ရှိလာတတ်ကြတာကို လူပေါင်းများစွာ … များစွာမှာ တွေ့ရှိခဲ့ရပါတယ်။
အနှစ်ချုပ်ပါ့မယ်။ အထက်ဖော်ပြပါ အသက်ပိုင်းများဟာ … မိမိတို့ရဲ့ မူလတည်ရှိနေဆဲ အခြေအနေများ ကနေ ဖယ်ခွာပြီး နယ်ပယ်သစ် ကဏ္ဍသစ်တွေဆီကို စွန့်စားထွက်ခွာမိစေဖို့ တွန်းအားပေးတတ်သော အသက်ပိုင်းများ ဖြစ်တယ်ဆိုတာ သိရှိထားရပါမယ်။ အရမ်းကာရောတော့ မယုံကြည်ပါနဲ့။ လေ့လာပါ။ ကိုယ်တိုင်လည်း ဖြတ်သန်းရမှာဖြစ်သလို …တစ်ခြားဖြတ်သန်းနေသူတွေကိုလည်း အကဲခတ် ကြည့်ပါ။ ပြီးရင် အကျိုးရှိအောင် အသုံးပြုပါ။
ခပ်ရှုပ်ရှုပ်နေတတ်တဲ့အကျင့်ရှိသူ အမျိုးသားတစ်ဦးအတွက် ..ထိုကဲ့သို့သော အသက်ပိုင်းများ ကြုံချိန်မှာ …တစ်သက်လုံးပေါင်းလာတဲ့မယားကို စွန့်ပြီး စမောလေး ချိတ်သွားနိုင်သလို ..၊ လောကုတ္တရာ အသိဘက်ကို ဦးညွှတ်နေတဲ့ အမျိုးသားတစ်ယောက်အတွက်တော့ ထိုအသက်ပိုင်းမျိုးတွေ ကြံုချိန်မှာ…..လောကီအထုပ်အပိုးကို ဖြုတ်ချပြီး ၊ စွန့်ခွာသွားစေနိုင်ဖို့ တွန်းအားလည်း ဖြစ်လာနိုင်ပါတယ်။
အဓိကကတော့ မိမိအပေါ် ၊ မိမိအတွေးအမြင် အယူအဆတွေအပေါ် မူတည်ထားပြီး ဆိုင်ရာ အသက်ပိုင်းများ မှာ အဟောင်းတွေကို စွန့်ခွာလို့ အသစ်တွေကို ရှာဖွေဆည်းပူး ရယူခွင့် ကြုံလာ ကြမှာ ဖြစ်ပါတယ်။
ကဲ ..ကောင်းပြီ။
မိတ်ဆွေတို့ရေ…..ခင်ဗျားတို့ရော …ဘယ်အဟောင်းကို စွန့်ပြီး ၊ ဘယ်အသစ်ကို ဘယ်လိုရှာဖွေ ရရှိလာလေမလဲ..။ လက်တွေ့ပဲ လေ့လာ စူးစမ်းကြည့်ကြရအောင်လား။
သက်စစ်ဗေဒင် ကနဦး အစကို ဤဆောင်းပါးဖြင့် ဖွင့်လှစ်လိုက်ပါ၏။ အသက်ပိုင်းခြား အားလုံးတွင် ဆိုင်ရာ အာနိသင်များ ၊ ရပိုင်ခွင့် နှင့် ဆုံးရှုံးထိုက်မှုများ ၊ ဆုလဒ် နှင့် ပြစ်ဒဏ်များ တည်ရှိနေကြစမြဲ ဖြစ်သည်။ သက်စစ်ဗေဒင် ကို လေ့လာခြင်းအားဖြင့် ကျွန်တော် တို့သည် ယင်း တို့ကို တင်ကြိုသိရှိ ပြင်ဆင်ထားပြီး …အဆိုးကို ဖယ်ရှား၍ …အကျိုးကို သယ်ယူသွား နိုင်ခဲ့ပါမူ…………………………………………………………။
စာဖတ်ပရိသတ်များအားလုံးကို …. ခင်မင်လေးစားစွာဖြင့် …
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

နာမည်အဖျားစာလုံးသောကြာနံနဲ့အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်များအကြောင်း

အခုပြောမှာကနာမည်အဖျားလုံး” သ” ”ဟ”နဲ့အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။ ဥပမာအားဖြင့် အေးမြသွင် ပိုင်သုသု လင်းသန့်
မိုးကျော်သူ စိုးမိုးဟန် နိုင်အောင်ဟိန်း စသည့်နာမည်ရှင်တွေပေါ့ဗျာ ။
သူတို့တွေစနစ်တကျလုပ်တာကိုကြိုက်တဲ့သူပါ။ သူတို့နေရာတကျထားတဲ့ ပစ္စည်းလေးတွေကို သူများတွေယူကိုင်ပြီး ယူတဲ့နေရာမှာပြန်မထားရင် သူတို့နဲ့ ပြဿနာအကြီးကြီးတတ်ပါလိမ့်မယ်။
ပစ္စည်းတွေက သူ့နေရာနဲ့သူ ရှိ စနစ်တကျလှပနေတာကိုကြိုက်တဲ့သူတွေပေါ့။
သူတို့တွေဟာ အောင်မြင်မှုကျော်ကြားမှုတွေကို လိုချင်မက်မောကြပါတယ်။ ဒါပေမဲ့အောင်မြင်မှုအတွက်လုယူတာမျိုး
ကျော်ကြားမှုတွေအတွက် သူတစ်ပါးဘဝတွေကိုချနင်းတာမျိုးတွေ မရှိပါဘူး။ ကျရာနေရာ ပေးထားတဲ့ရာထူးပေါ်မှာပဲ တာဝန်ကျေအောင်လုပ်တတ်ကြသူတွေပါ။
သူ့တို့ကိုယ်တိုင်အနုပညာရှင်တွေမဟုတ်ခဲ့ရင်တောင်
သူတို့ တွေဟာအနုပညာနဲ့ပက်သက်ပြီးထိလွယ်ရှလွယ်
ခံစားလွယ်တဲ့သူတွေပါ။ အနုပညာကိုမြတ်နိုးသူတွေလို့ပြောရင်လဲမမှားပါဘူး။
သူတို့တွေဟာ အေးငြိမ်းချမ်းသာမှု လွတ်လပ်မှုတွေကို
မြတ်နိုးကြသူတွေပါ။ ဒါကြောင့်လဲ သူတို့တွေဟာ လူ့လောကကြီးသာယာငြိမ်းချမ်းဖို့နဲ့ ဖိနှိပ်မှုတွေအောက်က လွတ်မြောက်အောင် တိုက်ပွဲဝင်ဖို့ဝန်လေးတဲ့သူတွေမဟုတ်ပါဘူး။
သူတို့တွေဟာ စိတ်ထားနူးညံ့ သိမ်မွေ့ကြသလို မေတ္တာတရားအားကြီးတဲ့သူတွေအဖြစ် အတွေ့ရများပါတယ်။ သူတို့တွေဟာမိသားစုနဲ့ ပတ်ဝန်းကျင်အပေါ်မှာ တွယ်တာချစ်ခင်ကြသူတွေပါ။ မိသားစုအသိုက်အမြုံကွဲပျက်သွားမှာကိုကြောက်ကြတဲ့သူတွေပါ။
မိတ်ဆွေ သူငယ်ချင်းအပေါ်မှာ အရမ်းကောင်းတဲ့သူတွေပါ။ သူငယ်ချင်းတွေ မိတ်ဆွေတွေ ဒုက္ခရောက်နေတယ် အဆင်မပြေဘူးကြားလို့ကတော့ မိမိဘက်ကကူညီဖို့အသင့်ရှိသူတွေပါ။ သူတို့တွေဟာသူငယ်ချင်းကိုညီအကိုလိုခင်မင်ကြသူတွေပါ။
နောက်ဆုံးအနေနဲ့ပြောချင်တာကသူတို့တွေဟာ
လူတစ်ဖက်သားအပေါ်မှာအလွန်ယုံကြည်စိတ်ချလွယ်သူတွေဖြစ်ပါတယ်။ အဲဒီအပေါ်မှာအခွင့်ကောင်းယူပြီး သူတစ်ပါးတွေရဲ့အမြတ်ထုတ်သွားမှုတွေကို သူတို့တွေဟာ
ခဏခဏခံရတဲ့သူတွေပါလို့ ပြောရင်း သေကြာနံနဲ့အဆုံးသတ်မှည့်ထားသူတွေအကြောင်းနိဂုံးချုပ်အပ်ပါသည်။
ဗေဒင်သုတေသီ

နာမည်များနှင့်စကားစမြည် ( ၂ )

သရ များစွာပါသောနာမည်ရှင်များအကြောင်း
သရများစွာပါတယ်ဆိုလို ကျောင်းမှာသင်ခဲ့ရတဲ့
”အ” နဲ့ပက်သက်တဲ့ သရ(၁၁)လုံးကိုဆိုလိုခြင်းမဟုတ်ပါ။
ဟထိုးတွေ တစ်ချောင်းငင်တွေ လုံးကြီးတင်တွေ ဝစ္စနှစ်လုံးပေါက်တွေ အသတ်တွေ အရမ်းများတဲ့နာမည်ရှင်တွေကိုပြောတာပါ။
ဥပမာ မျိုးမျိုး လှိုင်လှိုင် ဖြိုးဖြိုး စသည့်သရများများပါတဲ့ နာမည်ရှင်တွေပါ။
( ဒီနာမည်ရှင်တိုင်း
အောက်ပါအတိုင်းဖြစ်ရမည်ဟုမဆိုလိုပါ။ တော်တော်များများဖြစ်တတ်တာများကို ခြုံငုံ၍ ရေးထားခြင်းဖြစ်ကြောင်းပါ)
သူတို့တွေဟာ ဘာတွေဖြစ်တတ်ကြလဲ ဆိုတော့
ဘဝမှာပင်ပန်းကြတာများတယ် ။ မူလဖွားဇာတာကလဲညံ့ပြန် နာမည်တွေကလဲ ဇောက်ထိုးဖြစ်နေပြီးဆိုရင် တော့ ချွေးနဲ့ရင်းပြီးလုပ်ရတဲ့ ကာယအလုပ်သမားတွေဖြစ်တတ်ကြတယ်။
နောက်တစ်ခုက အလုပ်တွေအများကြီးလုပ်ရတတ်တယ်။ အလုပ်တစ်ခုပြီးတစ်ခုပြောင်းရတာမျိုးတွေ အလုပ်တစ်ခုထဲမှာပဲ မနိုင်ဝန်ထမ်းရတာတွေ
အိမ်မှုကိစ္စလဲကိုယ်ပဲလုပ်ရ စီးပွားရှာလဲကိုယ်ပဲရှာရ
မျိုးတွေခဏခဏတွေ့မြင်နေရပါတယ်။
အချို့ကတော့ အိမ်ထောင်ရေးသောကတွေကြုံနေရပါတယ်။ အိမ်ထောင်ရေးကံမကောင်းကြတာများပါတယ်။ အိမ်ထောင်စောစောကျတာ အိမ်ထောင်ရေးနောက်ကျလွန်းတာတွေဖြစ်တတ်ပါတယ်။
မိသားစု အတွင်းမှာ ခလောက်ဆန်တဲ့ ပြဿနာရှာတတ်တဲ့သူမျိုးတွေဖြစ်နေတတ်ပါတယ်။
အခြာလူတွေက ကိုယ့်ကိုအထင်ကြီးမယ်။ ကိုယ်ကနာမည်ကြီး ထမင်းငတ်ဖြစ်တတ်တယ်။
သူတို့တွေဟာ ပြဿနာတွေအရှုပ်အရှင်းတွေကြားမှာအမြဲ ပါဝင်ပက်သက်နေသူတွေလို့ပြောကြားလိုက်ရပါတယ်။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး စနေနံနှင့်အဆုံးသတ်ပေးထားသော နာမည်ရှင်များအကြောင်း

အခုပြောချင်တာက နာမည်အဖျားစာလုံး ”တ ထ ဒ ဓ န”
နှင့်အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်များ အကြောင်းပါ။
ဥပမာ သန်းထွန်း ခင်မောင်တင် ဖြူနှင်း သုဓန သိမ့်သိမ့်ထွေး တင်မင်းထွန်း ဟန်နီ စတဲ့နာမည်ရှင်တွေပါ။
ဒီနာမည်ရှင်တွေအကြောင်းပြောရရင်တော့ သူတို့ ဘယ်ကိစ္စမဆို အခြေအမြစ်ရှိရှိ ပြောပြမှလက်ခံတဲ့သူတွေပါ။ ကြောင်းကျိုး ဆက်စပ်မှုမရှိတဲ့ဘယ်အရာကိုမှလက်ခံမှာမဟုတ်ပါဘူး
သူတို့တွေသာခေါင်းဆောင် တွေဖြစ်လာမယ်ဆိုရင်အောက်လက်ငယ်သားတွေတော့မချောင်ပါဘူး။ သူတို့ကိုယ်တိုင်စည်းကမ်းရှိကြသလို သူ့အောက်ကလူတွေ စည်းကမ်းမရှိရင်လဲပြင်းပြင်းထန်ထန်အပြစ်ပေးတတ်ကြပါတယ်။
သူတို့တွေဟာ ဘာလုပ်လုပ် နှေးကွေးလေးလံကြပါတယ်။ မြန်မြန် သွက်သွက် လုပ်ရင်းလဲ အမှားများတတ်တဲ့သူတွေပါ။
နောက်ပြီးသူတို့တွေဟာစိတ်ရှည်ကြပါတယ်။ ဒါကြောင့်လဲအသေးစိတ်လုပ်ငန်း အနုစိတ်လုပ်ငန်းတွေကိုစိတ်ဝင်စားကြပါတယ်။ အသေးစိတ်စဉ်းစားပြီး ဦးနှောက်နဲ့လုပ်ရတဲ့ အလုပ်တွေနဲ့အကျိုးပေးသန်ပါတယ်။ ဥပမာ ဖုန်း လက်တော့ပ် ကွန်ပျူတာ နာရီ စတာတွေကိုပြင်ဆင်ရတဲ့ သေးငယ်ခက်ခဲတဲ့အလုပ်တွေကို အားသန်ကြတာများပါတယ်။
သူတို့တွေဟာ လျှို့ဝှက်နက်နဲတဲ့ ဂမ္ဘီရ ဗေဒင် နက္ခတ်
စိတ်နယ်လွန်ဖြစ်ရပ်တွေ သမိုင်းကြောင်းတွေကိုလဲ စိတ်ဝင်စားကြတယ်ဗျ။ ဒါကြောင့်လဲ ထိုပညာရပ်တွေအပေါ်စိတ်ဝင်တစား လေ့လာလိုက်စားမယ်ဆိုရင် အောင်မြင်ပေါက်ရောက်ကြတာများပါတယ်ဗျ။
သူတို့ပက်သက်တဲ့သူတွေ သတိထားရမှာတစ်ခုက
သူတို့တွေက ဝေဖန်တာ အပြစ်တင်တာလုပ်တတ်ကြတယ်ဗျ။ သူတို့ရဲ့ အိမ်ထောင်ဘက်တွေဆိုသည်းခံတတ်ဖို့လိုလိမ့်မယ်ဗျ။ ဝေဖန်တာအပြစ်ရှာပြောတာကသူတို့ရဲ့ဝသီလိုဖြစ်နေတတ်တယ်ဗျ။
သူတို့တွေဟာ ဘယ်ကိစ္စကိုမဆိုပေါ့ပေါ့တန်တန်မလုပ်တတ်ကြပါဘူး။
အရာရာတိုင်းကိုလေးလေးနက်နက်တွေးတတ်ကြတယ်ဗျ။ သူတို့နဲ့ ပက်သက်သူတွေကိုလဲ အကျိုးမရှိအရေမရ အဖတ်မရကိစ္စတွေလုပ်နေရင်လဲ တားမြစ်အပြစ်တင်တတ်တဲ့သူတွေဖြစ်ကြောင်း ပြောကြားလိုက်ရပါကြောင်းပါဗျ။ ။