loading

Category: Uncategorized

  • Home
  • Category: Uncategorized

အိမ်ထောင်ဘက်နှင့် ကတ်ကင်းနာမည်

ဟိုးလွန်ခဲ့သော ၁၀ နှစ်လောက်ကလို့တော့ထင်သည်။ မဂ္ဂဇင်းတစ်ခုမှာ နာမည်နဲ့ပက်သက်ပြီးရေးထားတာလေးတစ်ခုတွေ့မိသည်။ နက္ခတ္တရောင်ခြည်က ဆရာဆုလှိုင်ရေးတာလို့ ထင်မိသည်။ သေသေချာချာ တော့ မမှတ်မိတော့ပါ။
ဘာလဲဆိုတော့ အိမ်ထောင်ဘက်အချင်းချင်း နာမည်တွေ ကတ်ကင်းမိရင်အိမ်ထောင်ရေးမြဲမြံကြောင်း
အိုအောင်မင်းအောင် ပေါင်းသင်းရကြောင်းရေးသားထားတာတွေ့ရသည်။
ဘာကြောင့်အိမ်ထောင်မြဲတာလဲ?
အခြားရောဘာတွေဖြစ်တတ်သေးလဲ?
စူးစမ်းမိ လေ့လာကြည့်ခဲ့မိတယ်။
အင်္ဂဝိဇ္ဇာသင်စဉ်တုန်းကလဲ ကတ်ကင်းနဲ ပက်သက်ပြီး သင်ခဲ့ရတာတွေရှိပါတယ်။ “ကတ်ကင်းသေရှင်လူ ထက်အောက်ပြန်လှန်ကူ”ဆိုတာမျိုးရှိပါတယ်။
ကတ်ကင်းကို ကောင်းအောင်သုံးလို့ရသလို ဆိုးအောင်လဲ သုံးလို့ရတာတွေ့ရပါတယ်။ ဒီနေရာမှာ အလုပ်အခက်အခဲဖြစ်နေသူကို လွယ်အိတ်လှူခိုင်းတာတွေ ၊ စိုးအောင်ဆိုတဲ့ ဆိုတဲ့နာမည်မျိုးကို သြဇာသားကို အိုးစည်ထုပြီးဆောင်ခိုင်းတာမျိုးတွေ ၊ အလုပ်နာမည် ဆိုင်နာမည် တွေကို မူလဇာတာကိုစစ်ဆေးပြီး သင့်တော်ရင်ကတ်ကင်းနာမည်ပေးတာမျိုးတွေ စတဲ့ ကတ်ကင်းကို အသုံးပြုနည်းတွေကအများကြီးပါ။
ကတ်ကင်းကသုံးတတ်ရင်အရမ်း အကျိုးပေးတာလဲတွေ့ရပါတယ်။
ဒီနေရာမှာလင်မယားအချင်းချင်းကတ်ကင်းမိတဲ့ ဆိုတာကိုပဲပြောပြမှာပါ။
နားလည်အောင်ပြောရရင်တော့
အမျိုးသားက အောင်လွင်ဆို အမျိုးသမီးက လွင်လွင်အေး ဆိုတာမျိုး
အမျိုးသားက ဝေမျိုး ဆိုရင် အမျိုးသမီးက မြတ်သက်ဝေ ဆိုတာမျိုး
အမျိုးသားက ထွန်းမင်းစိုး ဆိုရင် အမျိုးသမီးက ဇင်လဲ့နွယ် ဆိုတာမျိုး
စတဲ့ အမျိုးသားနဲ့ အမျိုးသမီး နာမည်အချင်းချင်း
ရှေ့နောက်ပြောင်းပြန်ကတ်ကင်း မိကြတဲ့ ချိတ်မိကြတဲ့နာမည်ရှင်တွေကို ဆိုလိုတာပါ။
(ဥပမာ အင်္ဂါနဲ့စပြီးစနေနဲ့ အဆုံးသတ်ထားတဲ့နာမည်က စနေနဲ့စပြီး အင်္ဂါနဲ့ဆုံးတဲ့ နာမည်တွေနဲ့ ကတ်ကင်းမိပါတယ်)
သီတင်းကျွတ်ပြီးတာနဲ့ မင်္ဂလာဆောင်ဖို့ အခါရွေးတာ ဇာတာတိုက်စစ်တာမျိုး ခဏခဏ အမေး များကြပါတယ်။ အဲဒီထဲမှာမှ အခုလိုကတ်ကင်းမိကြတဲ့ သူတွေကလဲ
ဆယ်ယောက်ထက်မနည်းတွေ့ရပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်ဒီဆောင်းပါးလေးကိုရေးဖြစ်တာပါ။
သိပ်ပြီးဆိုးဆိုးရွားရွားအနေအထားမတွေ့ရင် ထိုအတွဲမျိုးကို လက်ထပ်ဖို့တိုက်တွန်းမိတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အိမ်ထောင်ရေးမြဲပြီး အိုအောင်မင်းအောင်ပေါင်းရတာများကြလို့ပါပဲဗျ။
ဘာကြောင့်ကတ်ကင်းမိတဲ့နာမည် တွေမြဲကြတာလဲလို့လေ့လာကြည့်တော့
လင်မယားနှစ်ယောက်မှာ တစ်ယောက်ကထူးထူးခြားခြား အရမ်းသည်းခံတတ်တာမျိုးတွေ့ရပါတယ်။ တစ်ဦးကပြဿနာရှာပြီး ဆိုရင်တစ်ယောက်က အလျော့
ပေးတာမျိုးခဏခဏမြင်ရပါတယ်။
ရှင်းရှင်းပြောရရင် လင်မယားနှစ်ယောက်မှာ တစ်ယောက်ကလူအေးတွေပေါ့ဗျ။
အဲလိုနာမည်ပြောင်းပြန်မိကြတဲ့ လင်မယားတွေကလဲ စီးပွားတတ်တာမျိုး တော်တော်များများတွေ့ရပါတယ်။ ဟုန်းခနဲ ထပြီး စီးပွားဖြစ်တာမျိုးမဟုတ်ပါဘူး။ ဖြေးဖြေးချင်းတရိပ်ရိပ်နဲ့တတ်တာမျိုးပါ။
ထိုကတ်ကင်းမိတဲ့အိမ်ထောင်ဘက်တွေက အသက်လဲရှည်ကြပါတယ်။ နှစ်ဦးစလုံးသက်တမ်းစေ့နေသွားကြရတာမျိုးပါ။
အဆုံးသတ်အနေနဲ့ပြောချင်တာက နာမည်အချင်းချင်း ကတ်ကင်းမိကြတဲ့အိမ်ထောင်ဘက်တွေဟာ အများအားဖြင့် အိမ်ထောင်ရေးသာယာမှု စီးပွားဖြစ်ထွန်းမှု အသက်ရှည်ကြမှုတွေရှိကြပါတယ်လို့ပြောရင်း မိမိသိသမျှတင်ပြလိုက်ရပါတယ်ဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

တောင်တွင်းဆရာတော် ခင်ကြီးဖျော်(သို့) “မ”တစ်လုံးကျေဆရာတော် ++++++++++++++++++++

အင်္ဂဝိဇ္ဇာပညာ လေ့လာဖူးသူတိုင်း အတုလ ဆရာတော် ခင်ကြီးဖျော် ကိုတော့သိမည်ထင်ပါသည်။ ဆရာတော်အကြောင်း သေချာစွာ သိရှိနိုင်ရန်အတွက် ရှာဖွေတင်ဆက်လိုက်ရပါကြောင်း……
ကုန်းဘောင်ခေတ်ပထမပိုင်းတွင်
ပေါ်ပေါက်သောစာပေ၊ ဂီတ၊အနုပညာလောက၌ထင်ရှားသောစွယ်စုံပညာရှင်ဆရာတော်တစ်ပါးမှာ မ ကာရလောပအကျော်ဉာဏလင်္ကာရ သဒ္ဓမ္မသေနာပတိမဟာဓမ္မ ရာဇဓိရာဇဂုရုအတုလအကျော် တောင်တွင်းဆရာတော်“ခင်ကြီးဖျော်”ပင် ဖြစ်သည်။ ဆရာတော်ာအား“မကာရလောပ”ဟုတ်ခေါ်ကြသည်။ “မ”တစ်လုံးကျေနေသည်။ မသိတာ၊ မတတ်တာမရှိဟုအဓိပ္ပါယ်ရသည်။ မှန်လည်းမှန်ပေသည်။ ဆရာတော်ကားပညာစုံ၍ စွယ်စုံတော်သည်။ ပိဋကတ်လည်းနှံ့စပ်သည်။ သဒ္ဒါလည်းနိုင်နင်းသည်။ အဘိဓမ္မာ လည်းကျွမ်းကျင်သည်။ လောကုတ္တရာကျမ်းများအပြင် ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်းစသောလောကီကျမ်းများကို လည်း တဖက်ကမ်းခပ်အောင်တတ်မြောက်သည်။ တစ်နည်းဆိုရသော်ပညာအရာတွင် ဘက်စုံစွယ်စုံကျွမ်းကျင်တတ်မြောက်သူတစ်ဦးအ ဖြစ် ထင်ရှားကျော်ကြားနေသူဖြစ်လေသည်။
ဆရာတော်ခင်ကြီးဖျော်အား သက္ကရာဇ် (၁၀၈၆ခု)၊ ကဆုန်လဆန်း၁၁ရက် (ခရစ်နှစ် ၁၇၂၄ခု၊ ဧပြီလ၂၁ရက်) အင်္ဂါနေ့နံနက်တွင် တောင် တွင်းကြီးမြို့မြောက်ဘက်၊ မြို့လုလင်ရွာအနီးရှိ ပုတီးကုန်းရွာ၌ဗိသုကာဆရာကြီးအဖဦးဖိုးပြေ၊ အမိဒေါ်ကြာတို့မှဖွားမြင်၍၊ ငယ်နာမည် မှာ“မောင်ဖျော်”ဖြစ်သည်။
ခင်ကြီးဖျော်ကို ၁၀၈၆ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင်ဖွားမြင်သည်ဟု ကျမ်းအသီးသီး၌ယေဘုယျဆိုကြသည်။ ပြက္ခဒိန်ကျမ်းနှင့်တိုက်ဆိုင် စီစစ်သောအခါ ထိုနေ့မှာစနေနေ့ဖြစ်သည်ကိုတွေ့ရသည်။ ကဆုန်လဆန်း၁၁ရက်မှာ အင်္ဂါနေ့ဖြစ်သဖြင့်(၁၁)ရက်ကို (၁၅)ရက်ဟုအရေး မှားခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာတိုးလှက“ရက်ချုပ်စစ်တမ်း”စာတမ်းတွင်ဖော်ပြထားသည်။ (တက္ကသိုလ်ပညာပဒေသာစာစောင်(ဝိဇ္ဇာ၊ ၁၁/၂)တိုးလှ၏ရက်ချုပ်စစ်တမ်းရှု)
သို့သော်ထီးချိုင့်မြို့၊ တည်တော်ဆရာတော်ရေးသားပြုစုသော မန်လည်ဆရာတော်ဘုရား၏ စကားအညွှန့်အဖူးများစာအုပ်၏ စာမျက်နှာ ၂၂ ပထမအပိုဒ်တွင် မကာရလောက ဆရာတော်ခင်ကြီးပျော်ဟူ၍ ဖော်ပြထားသည်။
မောင်ဖျော်(၇)နှစ်သားအရွယ်သို့ရောက်သောအခါ မြို့လုလင်ကန်ဦးကျောင်းဘုန်းတော်ကြီးထံတွင် စာပေသင်ကြားရာ၊ သင်ပုန်းကြီးကို နေ့ချင်းကုန်၍ (၃)လအတွင်းပရိတ်ကြီး၊ နမက္ကာရတို့ကိုအပြီးတိုင်တတ်မြောက်သည်။ ထို့ပြင်ကျောင်းသားသူငယ်အဖြစ်နှင့်ပင် ဇာတ်ကြီး (၁ဝ)ဘွဲ့ပါဠ်အနက်တို့ကို နှုတ်ဝယ် တရွရွဆောင်နိုင်ခဲ့၏။
(၁ဝ)နှစ်သားအရွယ်တွင် သာမဏေဘောင်သို့ဝင်၍ “မောင်ရှင်ဉာဏ”ဟူသောဘွဲ့ကိုရသည်။ ထိုသာမဏေဘဝကပင် ခဲရာခဲဆစ်တို့ကို ရုတ်တရက်ချက်ခြင်းဖြေစွမ်းနိုင်သောကြောင့် အမည်သတင်းကျော်စောခြင်းဖြစ်၍လာခဲ့သည်။ အသက်(၂ဝ)အရွယ်တွင်ရဟန်းဘောင်သို့ တက်ပြီး “ရှင်ဉာဏ”ဘွဲ့ဖြင့် တောင်တွင်းမြို့နေဆရာတော်များထံတွင် ပညာဆက်လက်ဆည်းပူးပါသည်။
ပညာသိပ္ပံအဝဝတို့ကို ခဏလွယ်ကူတတ်မြောက်တော်မူသောကြောင့် ဆထက်ထမ်းပိုးတိုးတက်ကျော်စောလာလေ၏။ သို့ရာတွင်“ရှင်ဉာ ဏ”ဟူသောရဟန်းဘွဲ့တော်ဖြင့်မကျော်စောလေဘဲ “ခင်ကြီးဖျော်”ဟူ၍ပင် ကျော်စောထင်ရှားလေသည်။ ရှေးအခါကရဟန်းကြီးများကို “ခင်ကြီး”ဟုခေါ်သည်။ ဆရာတော်၏နာမည်ရင်းက မောင်ဖျော်ဖြစ်၍ “ခင်ကြီးဖျော်”ဟုတွင်ခဲ့ခြင်းဖြစ်သည်။
ခင်ကြီးဖျော်ဆရာတော်မှာ ဤမျှတတ်မြောက်သော်ငြားလည်း အားရတင်းတိမ်ခြင်းမရှိ၍ ရဟန်း(၅)ဝါမြောက်တွင် တောင်တွင်းကြီးမြို့မှ ပေါက်ကံ(ပုဂံ)မြို့ရှိ ရွှေကျောင်းဆရာတော်ထံသို့သွားရောက်ချဉ်းကပ်ကာ ဝါတွင်းသုံးလပတ်လုံး ပါဠိ၊ သဒ္ဒါကျမ်းဆိုင်ရာ ပညာအဖြာဖြာ တို့ကိုဆည်းပူးပြန်သေး၏။ ဤတွင်သဒ္ဒါအရာ၌ ယုံမှားကင်းပျောက်၊ တစ်ဖက်ကမ်းရောက်တော်မူလေသည်။ မတတ်သောအရာ၊ မသိ သောအရာဟူ၍မရှိသောကြောင့်လည်း “မ.ကာရလောပ”မ.တစ်လုံးကျေသောဆရာတော်ဟု ဆိုစမှတ်ပြုကြကုန်လေသည်။
ထို့နောက်သက္ကရာဇ်(၁၁၁၆)ခုနှစ်တွင် ပုဂံမှသည်အင်းဝရွှေနေပြည်တော်သို့ရောက်တော်မူလေသည်။ ထိုအခိုက်ဆရာတော်၏ သတင်းရ နံ့မှာ တစ်နေ့တခြားသင်းပျံ့ကျော်ဇောခြင်းဖြစ်လာလေရကား ရတနာသိင်္ဃကုန်းဘောင်ရွှေမြို့တော်ကြီးမှ မင်းလက်ဝဲအနော်ရထာအစရှိ သည့် ပုဂ္ဂိုလ်ကြီးများပင်ခဲရာခဲဆစ်ဖြစ်သော အမေးပုစ္ဆာပြဿနာများကို မေးမြန်းလျှောက်တင်ကြကုန်၏။ ထိုသို့မေးမြန်းလျှောက်တင်ကြ တိုင်းလည်း မဆိုင်းမတွတဏခချင်းပင်ဖြေဆိုတော်မူလေသည်။ ထိုစဉ်ကဆရာတော်၏အသက်ကား (၃ဝ)ကျော်မျှသာရှိသေးသည်။
သက္ကရာဇ်(၁၁၂၂)ခုနှစ်တွင် အလောင်းမင်းတရားကြီးသားတော်အိမ်ရှေ့မင်း(နောင်တော်ကြီးမင်း)သည် မင်းဖြစ်တော်မူ၍ “သီရိပဝရ မ ဟာဓမ္မရာဇာ”တံဆိပ်နာမံကိုခံတော်မူလေသည်။ နောင်တော်ကြီးမင်းသည်မဟာဇေယျပူရစစ်ကိုင်းမြို့ကြီးကိုထပ်ဆင့်တစ်ဖန်တည် ထောင်ပြန်သောကြောင့် “ဒုတိယစစ်ကိုင်းမြို့တည်မင်း”ဟုလည်းတွင်၏။ ထိုမင်းသည်တောင်တွင်းဆရာတော်ခင်ကြီးဖျော်၏ ဂုဏ်သတင်း ကိုကြားသိတော်မူသောကြောင့် အလွန်လျှင် သဒ္ဒါကြည်ညိုခြင်းဖြစ်ဘိရကား အင်းဝသို့အကြိမ်ကြိမ်လူလွှတ်ကာ ခင်ကြီးဖျော်ကိုပင့်စေ၏။ နောက်ဆုံးရဟန်းတက်ပြီး၍တစ်နှစ်အကြာတွင် သက္ကရာဇ်(၁၁၂၃)သို့ရောက်သောအခါကျ ခင်ကြီးဖျော်လည်းမင်း၏အလိုကိုပြည့်စေအံ့ဟု ကြံ၍ ရတနာသိင်္ဃသို့ကြွတော်မူလေသည်။ ထိုအခါနောင်တော်ကြီးမင်းကလည်း ကြီးကျယ်ခမ်းနားစွာကြိုဆို၍ “မဟာဘုံသာ”မည်သော ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းတော်မူ၏။
ဤသည်နှင့်ပတ်သက်၍ တောင်တွင်းဆရာတော်ခင်ကြီးဖျော်၏ အရိုးအိုးတည်ထားရာ စစ်ကိုင်းမြို့၊ လောကမဥ္ဇူဘုရားကျောက်စာတွင်-
“ဧဝံ၊ ဤသို့ဝ်၊ သဘော်တော်ဟိသော၊ ဂုဏံ၊ ကျေးဇူးတော်ကိုဝ်။ ပသီဒိတွာ၊ ကြည်ညိုတော်မူရုယ့်။ ယောဇနသတပ္ပမာဏံ၊ ယုဇနာတစ်ရာ အတိုင်းအရှည်ဟိသောအရပ်သို့ဝ်။ အနေကက္ခုတ္တုံ၊ အကြိမ်များစွာ။ ဂန္တာန၊ သွားဦးရုယ့်။ သဂါရဝံ၊ အရိုဝ်အသေ။ နိမန္တေသိ၊ ပင့်ဖိတ်စေ၏။ ယေဓမ္မရာဇာ အကြင်သီရိပဝရ မဟာဓမ္မရာဇာ အမည်ဟိသောမင်းတရားသည်၊ သုတံ၊ တင့်တယ်စွာထသော။ အနေကဓဇလင်္ကာရံ၊ များ စွာသောမှန်ကင်းတို့ဝ်ဖြင့် တန်ဆာဆင်အပထသော။ သဗ္ဗရာမ-မယံ၊ အလုံမ်းစုံမ်ရွှေဖြင့်ပြီးထသော။ မဟာဘုံသာ တိဥိ္ဆတံ၊ မဟာဘုံသာဟူ သောနာမံတံဆိပ်တော်လည်း ဟိထသောသေယျံ၊ မြတ်သောကျောင်းကြီးကိုင်။ တဿဂုရုနော၊ ထိုင်ဆရာတော်အား။ အဒါသိလှူတော်မူ ၏”ဟုခင်ကြီးဖျော် ၏တပည့် ပုညာရာမ မထေရ်က ကမ္ပည်းထိုးတော်မူခဲ့သည်။
ထို့နောက်` တောင်တွင်းဆရာတော်ခင်ကြီးအား နောင်တော်ကြီးမင်းတရားက “ဉာဏဘိဓမ္မလင်္ကာရမဟာဓမ္မရာဇဂုရု တံဆိပ်နာမတော်ကပ် လှူပြီး သာသနာပိုင ်တင်မြှောက်ခဲ့လေသည်။
ပင့်ဖိတ်သည့်သက္ကရာဇ် ဆက်ကပ်သည့်နှစ်နှင့်ပတ်သက်၍ “ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး”စာမျက်နှာ (၂၅ဝ-၂၅၁)တွင်-
“ထို့နှစ်(သက္ကရာဇ် ၁၁၂၃ခုနှစ်) ရတနာသိင်္ဃနေပြည်တော်၏ အရှေ့မြောက်ယွန်းတွင် ကျောင်းဦးပြာဿဒ်နှင့်တကွ သုံးထပ်ဇေတဝန် ကျောင်းဆောက်တော်မူ၍ “မဟာဘုံသာ”သမုတ်တော်မူပြီးလျှင် တောင်တွင်းဆရာတော်“ဉာဏဘိဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဆရာတော်အားတင်လှူတော်မူ၍ “အရညဝါသီပုဂ္ဂိုလ်”ဂါမဝါသီပုဂ္ဂိုလ် အရာယာသံဃာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွများစွာသော ရဟန်းတို့ အသုံးအဆောင်တို့ကိုလှူတော်မူသည်။ ပွဲသဘင်ကြီးစွာလည်းခံတော်မူသည်”ဟူ၍မှတ်တမ်းတင်ထားသည်။
မြန်မာနိုင်ငံသာသနာ့သမိုင်း၌ ညောင်ရမ်း(၁ဝ)ဆက်မြောက် သက္ကရာဇ်(၁ဝ၆ဝ)ပြည့်နှစ်တွင် နန်းတက်သောစနေမင်းလက်ထက်တွင် အ တင်ဂိုဏ်း၊ အရုံဂိုဏ်းဟူ၍ သာသနာတွင်ဂိုဏ်းနှစ်ဂိုဏ်းကွဲပြားသွားသည်။ အတင်ဂိုဏ်းမှာရှင်သာမဏေများ ရပ်ထဲရွာအထဲသွားသည့်အခါ ၌ သင်္ကန်ကိုလက်ကန်တော့တင်ရုံသာ တင်သွားသည့်ဂိုဏ်းဖြစ်ပြီး၊ အရုံဂိုဏ်းမှာ ရှင်သာမဏေများရပ်ထဲရွာထဲသွားသည့်အခါ၌ ဝိနည်း တော်အရသင်္ကန်းများကို ရုံပြီးသွားသည့်ဂိုဏ်းဖြစ်လေသည်။ ယင်းဂိုဏ်းနှစ်ဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်းအငြင်းအခုန်ဖြစ်လာခဲ့ကြ လေသည်။ ယင်းဂိုဏ်းနှစ်ဂိုဏ်း၏ပဋိပက္ခမှာ နောင်တော်မင်းကြီးလက်ထက်တွင်လည်း ပြေငြိမ်းမသွားပေ။ တောင်တွင်းဆရာတော်ကား အရုံဂိုဏ်းဝင်ဖြစ်သည်။ အရုံဂိုဏ်းဝင်တောင်တွင်းဆရာတော် သာသနာပိုင်ဖြစ်လာသည့်အခါ အရုံဂိုဏ်းဝင်ဆရာတော်များက တောင်တွင်း ဆရာတော်အား သာသနာပိုင်အနေဖြင့် အရုံဂိုဏ်းဘက်ကလိုက်ပြီးအဆုံးအဖြတ်ပေးရန် တောင်းပန်လျှောက်ထားကြသည်။ သို့ရာတွင် တောင်တွင်းဆရာတော်သည် အခြေအနေအရပ်ရပ်ကိုထောက်ထား၍ သာသနာပိုင်၏တန်ခိုးအာဏာကိုအသုံးပြုပြီး တစ်ဖက်သတ်အဆုံး ဖြတ်ပေးရန်မသင့်ဟု ချင့်ချိန်စဉ်းစားလျက် ထိုအရေးကိစ္စကို ပျံလွန်တော်မူသည်တိုင် ဆိုင်းငံ့ထားခဲ့လေသည်။
တောင်တွင်းဆရာတော်သည် ပိဋကတ်ကျမ်းဂန်၌သာကျွမ်းကျင်သည်မဟုတ်၊ လောကီပညာရပ်တို့၌လည်း နှံ့စပ်တော်မူသည်ဟူသော သ တင်းသည် ပျံ့နှံ့ကျော်ကြားနေသည်။ တစ်ခါသော်ဒကာဖြစ်သူနောင်တော်ကြီးမင်းသည် ဆရာဖြစ်သူတောင်တွင်းဆရာတော်အား တ ကယ်မ,တစ်လုံးကျေ,မကျေ စမ်းသပ်ကြည့်လိုသည့်စိတ်ဖြစ်ပေါ်လာလေသည်။ သို့ဖြစ်၍ဆိုင်းသမားများကိုကျောင်းသို့စေလွှတ်ပြီး တီး မှုတ်ခိုင်းကြည့်လေသည်။ ထိုအခါဆရာတော်ကဆိုင်းသမားများ တီးမှုတ်နည်းကိုညွှန်ကြားပြသပေး၏။ ဆရာတော်ညွှန်ကြားသည့်အတိုင်း တီးမှုတ်ကြရာ ရှေးကမကြားဘူးသောသာယာနာပျော်ဖွယ်ကောင်းသည့် တီးလုံးသံများပေါ်ထွက်လာသည်ဟု အဆိုရှိလေသည်။
တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် ခဲရာခဲဆစ် လောကီ လောကုတ္တရာရေးရာ စာပေကျမ်းဂန်များစွာကို ပြုစုတော်မူခဲ့သည်။
ဆရာတော်ပြုစုရေးသားခဲ့သောစာပေများအနက် အဘိဓမ္မာနှင့်ပတ်သက်၍ ပဋ္ဌာန်းအရကောက်ကျမ်း၊ ယမိုက်ကဂဏ္ဍိ၊ ဓါတုကထာဂဏ္ဍိ၊ ဝီ ထိလက်ရိုးလက္ခဏသဂြိုင်္ဟ်ကျမ်းစသောကျမ်းများကိုလည်းကောင်း၊ သဒ္ဒါနှင့်ပတ်သက်၍ ပုဒ်ဆစ် သဒ္ဒါဆစ်၊ သဒ္ဒါကြီးဂဏ္ဍိပဗ္ဗ၊ သံဝဏ္ဏနာ ကျမ်း၊ နည်းလေးဆယ်၊ သဒ္ဒါငယ်ကစ္စယနသာရအကောက်၊ ဉာဉ်ကောက် စသောကျမ်းများကိုလည်းကောင်း၊ ဓါတုဗေဒနှင့်ပတ်သက်၍ဓါ တုဗေဒကျမ်း၊ ဓါတုဝိဘာဂကျမ်း၊ ဓါတုဒီပနီကျမ်းစသော ဆေးကျမ်းများကိုလည်းကောင်း၊ ဆေးပညာနှင့်ပတ်သက်၍ မြန်မာ့ဆေးပညာ လောက၌ထင်ရှားကျော်ကြားသည့်နရသုခိ၊ ဆနဝုတိ၊ နရမာလာစသောဆေးကျမ်းများကိုလည်းကောင်း၊ ဗေဒင်နက္ထတ္တဗေဒနှင့်ပတ်သက် ၍ ဒွါဒသရာသီကျမ်း၊ နေတ္တိဟာအရကောက်၊ ဇော်ကဝိဇ္ဇာကျမ်း(ဒွါဒရာသီအဖွင့်)၊ ဒွါဒသစိန္တာနက္ခတ်၊ မဏိဇောတရာသီကျမ်း၊ ဗေဒင် လက်ရိုးဋီကာစသောကျမ်းများကိုလည်းကောင်း၊ အင်္ဂဝိဇ္ဇာနှင့်ပတ်သက်၍ အင်္ဂဝိဇ္ဇာမဟာဋီကာကျမ်း၊ အင်္ဂဝိဇ္ဇာကျမ်း(၉)တွဲစသောကျမ်း များကိုလည်းကောင်းပြုစုခဲ့လေသည်။ ဆရာတော်ပြုစုခဲ့သည့်အင်္ဂဝိဇ္ဇာဋီကာကြီး သုံးတွဲပေါင်းချုပ်ကိုစိတ်ကူးချိုချိုစာပေမှ ၂ဝ၁၃ တွင်ပြန်ထုတ်ဝေထားသည်။
ထို့ပြင်အာဒိကပ္ပကျမ်း၊ ကပ္ပါလင်္ကာရကျမ်း၊ ဒွါဒသိန်ကျမ်း၊ ကပ္ပဝဏ္ဏနာကျမ်း၊ အာချတ်သာမိနိယံကျမ်း၊ သမ္ဗန္ဓဆက္ကဝဏ္ဏာကျမ်း၊ သုတ္တမာ လာ၊ ဝုတ္တိမာလာကျမ်း၊ ဗြဟ္မဝစ္စဝါစကျမ်း၊ လက်ဝဲအနော်ရထာလျှောက်ထုံးကျမ်း၊ ကလျာဏီရွှေကျောင်းမော်ကွန်းဂါထာစသည်တို့ဖြစ် သည်။
လက်ဝဲနော်ရထာလျှောက်ထုံးကျမ်းမှာ လက်ဝဲနောက်ရထာအမတ်က အရပ်ရပ်သောလောကီ၊ လေကုတ္တရာကျမ်းတို့မှခဲရာခဲဆစ်တို့ကိုစိ စစ်ရှာဖွေ၍ အမေးပုစ္ဆာပြုလုပ်လျှောက်ထားသည်။ တောင်တွင်းဆရာတော်ခင်ကြီးဖျော်က ဖြေဆိုရာဟူသမျှကို ရေးမှတ်ထားသောကျမ်း ပင်ဖြစ်သည်။
တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် သက္ကရာဇ်(၁၁၂၄)ခုနှစ်၊ သက်တော်(၃၉)နှစ်၊ ဝါတော်(၁၉)အရွယ်ကောင်းစဉ်၌ပင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့လေသည်။ မည်သည့်လတွင်ပျံလွန်တော်မူရှာသည်ကိုလား အတိအကျမသိရသော်လည်း စစ်ကိုင်းမြို့ရှိဆရာတော်အရိုး အိုးစေတီကို သက္ကရာဇ်(၁၁၂၄)ခု၊ ပြာသိုလဆုတ်(၉)ရက်၊ (ခရစ်နှစ် ၁၇၆၃ခု ဇန်နဝါရီလ ၇ရက်) သောကြာနေ့တွင်တည်တော်မူသည်ဟု အရိုးကျောက်စာအရနတ်တော်လ(သို့မဟုတ်) ပြာသိုလဆန်းလောက်တွင်ဖြစ်မည်ဟုခန့်မှန်းရပေသည်။
ဆရာတော်၏ကြွင်းကျန်သောအလောင်းတော်ကို ဘုရင်မင်းတရားကြီးကိုယ်တိုင် ထီးဖြူလေးစင်းအုပ်မိုးတော်မူ၍ ရွှေသံလျင်းဖြင့်ဆောင် တော်မူပြီးလျှင် မီးသဂြိင်္ုဟ်တော်မူခဲ့လေသည်။ ထိုနှစ်ပြာသိုလသို့ရောက်သောအခါ၌လည်း ဆရာတော်၏အသုံးအဆောင်ပရိဘောဂတို့ ဖြင့်လည်ကောင်း၊ ဓါတ်တော်တို့ဖြင့်လည်းကောင်း “စစ်ကိုင်းမြို့မြောက်မုဋ္ဌောနောက်၌ ရွှေမှောက်ဘုန်းထင်ဆင်များရှင်ဘုရား၏ ရှေ့တွင်မဝေး၊ လမ်းထိပ်မှေး၌၊ ညွှတ်ရှေးစိတ်ကြည် စေတီတည်တော်မူသည်”ဟုအရိုးအိုးစေတီကျောက်၌ဖော်ပြထားလေသည်။
Post by ဆရာသန်းဝင်းလှိုင်
စာညွှန်း
၁။ (က) မြန်မာစာညွှန့်ပေါင်းကျမ်း(ဒုတိယတွဲ) စာ-၄၀၀
(ခ) လက်ဝဲနော်ရထာလျှောက်ထုံး စာ- ၁၅၈
(ဂ) ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များအတ္ထုပ္ပတ္တိ ရန်ကုန်ရာပြည့်စာအုပ်တိုက်၊ ပဥ္စမအကြိမ် ၂၀၀၂ စာ- ၁၅၁၊ ၂၅၁
(ဃ) ပါရဂူ “ခင်ကြီးဖျော်နှင့်ဘာသာဗေဒ” ငွေတာရီမဂ္ဂဇင်း အမှတ် ၁၃၆(၁၉၇၁ ခု အောက်တိုဘာ) စာ ၃၆၊ ၃၈
(င) လှသမိန်၊ ဂန္တဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် ရန်ကုန်ဟံသာဝတီ ပကြိမ် ၁၉၆၁ စာ ၂၈၊ ၃၀
(စ) သန်းဝင်းလှိုင်“ခင်ကြီးဖျော်”(တောင်တွင်းဆရာတော်)ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၂၀၀၈၊ ဖေဖော်ဝါရီ စာ ၁၁၆- ၁၁၈။

ကြည့်မှန် ————————————-

ကြည့်မှန် ……
ကြည့်မှန်လေးတစ်ချပ် ချိတ်ဆွဲထားရုံဖြင့်
ဘယ်လိုကိစ္စတွေမှာ အဆင်ပြေချောမွေ့စေသလဲ ?
ကြည့်မှန်ကို ယတြာအနေနဲ့ဘယ်လိုဓာတ်ဆင်ကြမလဲ?
အိမ်တွေဆိုင်တွေမှာ ဘယ်လိုနေရာတွေမှာ ချိတ်ဆွဲထားသင့်လဲ?
စတဲ့ မှန်တစ်ချပ်ရဲ့အသုံးဝင်ပုံတွေ ဒီနေရာမှာပြောပြမှာပါ။
ကြည့်မှန်ကြောင့် အဆင်ပြေသွားတဲ့ကိစ္စတော်တော်များများရှိနေကြပါတယ်။
ဆန်းဗေဒင်မှာ မိမိအိမ်ထက်ခြေရင်းအိမ်က အရမ်းမြင့်နေရင် ခြေရင်းအိမ်က မိန်းမဦးစီးတဲ့ အိမ်ပဲ လို့ပြောနိုင်သလို မိမိအိမ်ကအရမ်းသေးနေပြီး ခေါင်းရင်းအိမ် ခြေရင်းအိမ်က အရမ်မြင့်နေရင်း မိမိအိမ်လဲ အညံ့ထဲမှာရှိပါတယ်။ အောက်လက်ငယ်သားတွေ ကျန်းမာရေး စီးပွားရေးညံ့တတ်တာမျိုးကြုံရတတ်ပါတယ်။ နောက်ပြီးမျက်နှာချင်ဆိုင်အိမ်က အရမ်းမြင့်ပြီး ခေါင်းမိုးဒိုင်းအချွန်က မိမိအိမ်နဲ့တည့်တည့်ကျရင်မိမိအိမ် ကံညံ့တတ်ပါတယ်။ ဒါတွေက မြန်မာဆန်းဗေဒင်မှာရော တရုတ်ဖုန်းရွှေပညာမှာပါရှိတဲ့အကြောင်းအရာတွေပါ။
အဲဒီလိုနေအိမ်၏မျက်နှာချင်းဆိုင်မှာသော်လည်းကောင်း ၊ခြေရင်း ခေါင်းရင်းတွင်လည်းကောင်း စက်ရုံ အလုပ်ရုံ နေအိမ်ထက်ပိုမြင့်သော တိုက်၊အိမ်တစ်ခုခုရှိနေပါက သင့်အိမ်၏ ပြတင်းပေါက်တွင် ကြည့်မှန်တစ်ချပ်ကို တပ်ထားလိုက်ခြင်းအားဖြင့် ကံအညံ့တွေပြယ်ပြီး မိမိတို့လုပ်ကိုင်သမျှ အကြံအစည်များ အားလုံးအောင်မြင်စေနိုင်ပါသည်။ထိုမှန်ကို မကွဲစေရန် ဂရုစိုက်သင့်ပါတယ်။မတော်တဆကွဲသွားပါက ချက်ခြင်း အသစ်လဲလိုက်ပေါ့ဗျ။ မှန်ကို ခြေရင်းအိမ် ၊ခေါင်းရင်းအိမ်၊ မျက်နှာချင်းဆိုင်အိမ်တွေဘက်လှည့်ရမှာနော်။ ပြောင်းပြန်လဲဖြစ်နေအုံးမယ်။
နောက်ပြီးမိမိရဲ့ အိပ်ယာ၊ ခုတင် ရဲ့ အပေါ်တည့်တည့်မှာ ထုတ်တန်းတွေ ရှိရင်သရဲစီးသလို ဘီလူးစီးသလိုခံစားရတတ်ပါတယ်။ကျန်းမာရေးရှုထောင့်ကနေကြည့်ရင်တော့ ကျန်းမာရေးအားနည်းမှုကြောင့်သော်လည်ကောင်း အိပ်တာနည်းစနစ်မမှန်တာလဲဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲလိုမျိုးကြုံလာပြီဆိုရင် ထိုထုပ်တန်းတွင် မှန်တစ်ချပ်ချိတ်ဆွဲထားလိုက်ပါ။
********************************
ကိုယ့်အလုပ်မှာရှိတဲ့ မိမိရဲ့ အလုပ်စားပွဲအပေါ်တည့်တည့်မျက်နှာကြက်တွင် ထုပ်တန်းတစ်ခုရှိပါက အလုပ်ဝန်ပိခြင်း ၊မနိုင်ဝန်ထမ်းရခြင်း ၊စိတ်ပန်းလူပန်းဖြစ်ရခြင်း စသော ဝန်ပိခြင်းအမျိုးမျိုးကြံရတတ်ပါတယ်။
အဲလိုမျိုးကြုံရပြီဆိုရင် မိမိအလုပ်စားပွဲလေးကို အနည်းငယ်ရွေ့ထားလိုက်စေချင်ပါတယ်။
*********************************
အချို့အိမ်တွေမှာ ရှေ့ကနေလင်မယားနှစ်ယောက်စလုံးစီးပွားရှာနေကြတဲ့အတွက် မီးဖိုချောင်ကိစ္စတွေ အိမ်မှုကိစ္စတွေအတွက် အိမ်အကူဆိုတာမျိုးခေါ်ထားရတာတွေရှိပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲဆိုရင် အိမ်အကူမမြဲတာ လူလိမ်တွေနဲ့တွေ့တာ မိသားစုလိုသဘောထားပြီးလုပ်ပေးတဲ့ အိမ်အကူတွေအကြောင်းအမျိုးမျိုးကြောင့်အလုပ်ကထွက်တာမျိုး ကြုံရမျိုးတွေရှိပါတယ်။ အဲဒါဆိုရင်တော့ မီးဖိုဆောင်တွေ ထမင်းစားစားပွဲဘေးတွေမှာ ကြည့်မှန်ချပ်ကြီးကြီး တပ်ဆင်ထားခြင်းဖြင့် အိမ်အကူမြဲခြင်း အစားအသောက်ပေါများခြင်းများဖြစ်ပေါ်လာပါလိမ့်မယ်။
*********************************
စျေးဆိုင် ထမင်းဆိုင် ကုန်စုံဆိုင် လက်ဖက်ရည်ဆိုင် ဘယ်ဆိုင်တွေမှာမဆို ထိုဆိုင်ရဲ့ ငွေသိမ်းကောင်တာတွင် ကြည့်မှန် ကြီးတစ်ချပ်ချိတ်ထားခြင်းဖြင့် စီးပွားတတ်ခြင်း ဝင်ငွေနှစ်ဆတိုးပွားခြင်းတွေဖြစ်ပေါ်လာတော့တာပါပဲ။
*********************************
ဘော်ဒါဆောင်တွေ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ၊ကျူရှင်တွေ မူကြိုကျောင်းတွေ မှာ ကျောင်းသားနည်းနေတယ်ဆိုရင်တော့ Canteenလိုနေရာမျိုးမှာ ကြည့်မှန်ကြီးကြီးတစ်ချပ်ချိတ်ဆွဲထားခြင်းဖြင့် ကျောင်းသားဦးရေတိုးပွားလာပါလိမ့်မယ်။
ဝန်ထမ်းများများရှိတဲ့ ကုမ္ပဏီတွေ အလုပ်ရုံတွေ ဝပ်ရှော့တွေ စက်ရုံတွေ
ဝန်ထမ်းမမြဲတာမျိုးကြုံရပြီဆိုရင်တော့ dinning room လိုနေရာမျိုးမှာ မှန်တစ်ချပ် ချိတ်ဆွဲထားလိုက်ပါဗျ။ ဝန်ထမ်းမြဲလာပါလိမ့်မယ်။
*********************************
မိမိတို့နေသောအိမ်ဟာ လှေဦးတိုက် လှည်းဦးတိုက် ဟုခေါ်သော T ပုံစံ လမ်းထိပ်တည့်တည့်တွင် ရှိနေခဲ့ပါက ကြည့်မှန်တစ်ချပ်ကို ဝင်ပေါက်ထိပ်တွင် တပ်ဆင်ထားခြင်း ဒါမှမဟုတ်လမ်းဆုံထိပ်မှာရေချမ်းစင်လေးတည်ပေးထားခြင်းဖြင့် ကံကြမ္မာ အညံ့အဆိုးတွေမှ လွတ်ကင်းစေပါလိမ့်မယ်ဗျ။
ဒီလောက်ဆိုရင်တော့ မှန်တစ်ချပ်နဲ့
ဓာတ်ဆင်ပုံ ဆင်နည်းတွေကို သိလောက်ပြီထင်ပါတယ်ဗျ။ ။
အားလုံးသာယာချမ်းမြေ့တဲ့ဘဝကို
ပိုင်ဆိုင်နိုင်ကြပါစေ……..
ငြိမ်းအေးလူ ဗေဒင်သုတေသီ

ငွေကြေးနာမည်ရှင်များ သို့မဟုတ် သောင်း၊သိန်း၊သန်း၊ကုဋေနှင့်စတင်မှည့် ခေါ်ထားသော နာမည်ရှင်များ

နာမည်တွေနဲ့ ပက်သက်ပြီး လေ့လာသိရှိထားတာလေးတွေရေးမယ်လို့ စိတ်ကူးထားပြီး အကောင်အထည်မဖော်ဖြစ်တာကြာခဲ့ပြီ။ အခုတော့ နာမည်နဲ့ ပက်သက်ပြီးသိသင့်တာလေးတွေနည်းနည်းချင်း တင်ပြသွားမည်။ လူတစ်ယောက်ရဲ့ ဘဝမှာ ဘာမှမပိုင်ဆိုင်ရင်တောင်နာမည်တစ်လုံးတော့ပိုင်ဆိုင်ကြတာပါပဲ။
နာမည်ကို ကြည့်ပြီး သူ့ဘဝရဲ့ဖြတ်သန်းရမဲ့ အနေအထားအကောင်းအဆိုးတွေကို ခန့်မှန်းလို့ရသည်။ အက္ခရာတွေမှာ အစွမ်းသတ္တိတွေရှိကြတယ်ဆိုတာ လေ့လာဖူးတဲ့သူမှ ယုံမည်ထင်သည်။
နာမည်ကြားရုံနဲ့ ဟောနိုင်ပြောနိုင်တဲ့ ဆရာတွေ အများကြီးပင်။ ကိုယ့်မွေးသက္ကရာဇ် ကိုယ်တိုင်မသိဘဲဗေဒင်လာမေးကြသူတွေအများအပြားရှိနေသေးသည်။ မွေးသက္ကရာဇ်သိမှ ဗေဒင်ဟောလို့ရသည်မဟုတ်နာမည်နှင့်ပင် အကောင်းအဆိုးတွေပြောနိုင်စွမ်းရှိကြတဲ့ ပညာရှင်တွေရှိနေသေးသည်။
ဒါတွေထားတော့………
ဒီနေရာမှာပြောချင်တာက
ငွေကြေးနဲ့ပက်သက် သက်ဆိုင်တဲ့နာမည်တွေအကြောင်းပါ။ ငွေကြေးနဲ့ သက်ဆိုင်သော နာမည်ဆိုတာက
ကျွန်တော်တို့အနေနဲ့ ငွေကြေး ပိုက်ဆံတွေကိုရေတွက်တဲ့အခါမှာ တစ်ရာ တစ်ထောင် တစ်သောင်း တစ်သိန်း တစ်သန်း တစ်ကုဋေ စသည်ဖြင့်ရေတွက်ကြပါတယ်။
………………………………………..
အဲလိုငွေကြေးရေတွက်ပုံတွေကို နာမည်တွေမှာ ပြန်အသုံးပြုတာ သတိထားမိကြမယ်ထင်ပါတယ်။
ဥပမာ ” သိန်း”ထွန်း၊ “သန်း “အောင် ၊” သောင်း”နိုင် ၊ “ကုဋေ”ကြွယ် ၊
“ရာ”ကျော် ၊သိန်းသန်းဝင်း၊သောင်းသိန်းသန်း
“သန်းသန်း”အေး၊သန်းမြင့်အောင်
စတဲ့ ငွေကြေးရေတွက်ပုံတွေကို နာမည်မှာ အစားထိုးသုံးတာမျိုးပါ။
အခုပြောချင်တာကတော့ ထိုနာမည်ရှင်တွေရဲ့ အနေအထိုင်အပြုအမူနှင့် ထိုနာမည်ရှင်တွေအတွက်ထာဝရယတြာမျိုးပေးချင်တာပါ။ ယတြာပိုင်းကတော့လက်တွေ့နယ်ပယ်မှာ တော်တော်လေးအဆင်ပြေတဲ့အတွက် ကျွန်တော့်အနေနဲ့ချပြခြင်းပါ။
ထိုနာမည်ရှင်တွေနဲ့ ပက်သက်ပြီး နှစ်ပေါင်းများစွာ အချိန်ယူလေ့လာခဲ့သည်။ ထိုနာမည်ရှင်တွေရဲ့ စရိုက် လက္ခဏာ၊ ဘဝအောင်မြင်မှု
၊အိမ်ထောင်ရေးသာယာချမ်းမြေ့မှု ဘဝနေဝင်ချိန် စတဲ့အချက်တွေကိုလေ့လာကြည့်ခဲ့ပါတယ်။
ဟုတ်ပြီ သောင်းတွေ သိန်းတွေ သန်းတွေ……
ပထမဆုံးစတင်စဉ်းစားကြည့်ကြရအောင်
ငွေကြေးနဲ့သက်ဆိုင်တဲ့နာမည်တွေဖြစ်တဲ့အတွက် ကောင်းမွန်မြင့်မြတ်ခြင်းဆိုတဲ့
ဣဋ္ဌသဘောမျိုး ကျွန်တော့်အနေနဲ့ယူပါတယ်။
ဒါကြောင့် သောင်း ၊သိန်း၊ သန်းတွေနဲ့ စတင်မှည့်ခေါ်ထားတဲ့နာမည်ရှင်တွေဟာ အသားဖြူဖို့လိုပါတယ်။ အရပ်မြင့်ဖို့ အသံသြဇာရှိဖို့ ခန္ဓာကိုယ်ပြည့်ဖြိုးဖို့လိုပါတယ်။ စကားပြော ယဉ်ကျေးချိုသာဖို့ လိုပါတယ်။
ဒါမှလဲ ဣဋ္ဌသဘောဆောင်ပြီး ဆန်းဝင်ပါလိမ့်မယ်။ နာမည်နဲ့လူနဲ့ လိုက်ဖက်သွားတဲ့သဘောပေါ့။ အဲဒီလို ဆန်းဝင်သွားပြီး နာမည်နဲ့လူနဲ့လိုက်ဖက်သွားရင် ဘဝရဲ့ ကြမ်းတမ်းမှုတွေအနည်းငယ်လျော့သွားကြပါတယ်။အဘက်ဘက်က ကူညီထောက်ပံမှုတွေရတတ်တယ်။ မိမိအောင်မြင်မှုအတွက်အချိန်အကြာကြီးမကြိုးစာရပါဘူး။ ရေကန်အသင့် ကြာအသင့်ဖြစ်တတ်ပါတယ်။ ဘယ်လောက်ပဲကံအထောက်အပံ့တွေရရ မိမိမကြိုးစားရင် ဘာမှမဖြစ်လာနိုင်ပါဘူး။
ကုသိုလ်ကောင်းမှုလေးတွေသာနိစ္စပတ်လုပ်နေသူဆို အောင်မြင်ချမ်းသာပြီး နာမည်ကောင်းနဲ့ကျော်ကြားတတ်ပါတယ်။
သောင်းတွေ၊ သိန်းတွေ ၊သန်းတွေနဲ့စတင်ပေးထားပြီး အရပ်ကလဲ ပုနေမယ်။ အသားကလဲ မဲနေမယ်။ စကားပြောကလဲကြမ်းတမ်းမယ်။ အဆဲလေးပါမှပြောတတ်သူဆိုရင်တော့ ပိုဆိုးတာပေါ့။
အနိဋ္ဌ သဘောဆောင်ပြီး ငယ်ဘဝတွေခက်ခဲပင်ပန်းတတ်တယ်။ သူများအထောက်အပံ့မရဘဲ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားရတတ်တယ်။ သူများလုပ်လို့တစ်နှစ် ၊၂နှစ်နဲ့ အောင်မြင်တဲ့အလုပ်တစ်ခုကို မိမိလုပ်ရင် လေးငါးနှစ်လောက်မှအောင်မြင်တတ်တယ်။ ဝီရိယအားနည်းလို့မရ ၊၊ အမြဲကြိုးစားနေမှတော်ကာကြမဲ့အနေအထားပါ။
ကုသိုလ်တရားနည်းပါးသူဆိုရင် အတိတ်ကံအရ နာမည်ကျော်ကြားရင်တောင်နာမည်ဆိုးနဲ့ကျော်ကြားတတ်ပါတယ်။
ကဲ…..
အသားဖြူတာ မဲတာတွေအသာထား
အရပ်ပုတာ မြင့်တာတွေအသာထား
ဒါတွေက ပြုပြင်ဖို့မလွယ်ဘူး။ စကားအပြောအဆိုကတော့ ပြုပြင်လို့ရမယ်ထင်ပါတယ်။
သောင်း ၊ သိန်း ၊ သန်း နဲ့ စတင်မှည့်ထားတဲ့ နာမည်တွေက ဝစီဒုစရိုက်လေးပါးကို အထူးရှောင်သင့်ပါတယ်။
လိမ်ညာတဲ့စကားတွေ ….
ကုန်းတိုက်တဲ့စကားတွေ….
ဆဲရေးတဲ့စကားတွေ
အနှစ်မရှိတဲ့ စကားတွေ မပြောသင့်ပါဘူး။
နှုတ်ကနေ ဘုရားဂုဏ်တော်တွေ ၊ဂါထာတွေ မပြတ်ရွတ်နေသင့် ပါတယ်။ ပရိတ်တွေ၊ပဋ္ဌာန်းတွေ အမြဲရွတ်ဆိုပွားများသင့်ပါတယ်။
စကားပြောချိုသာယဉ်ကျေးလာပြီဆိုတာနဲ့ အောင်မြင်မှု ၊အဘက်ဘက်က အဆင်ပြေမှုတွေစတင်ပြီလို့မှတ်လိုက်ပါ။
နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုရင်တော့ ကထိန်သင်္ကန်းကပ်တဲ့အခါ
ပဒေသာပင်လှည့်ကြတာမြင်ဖူးကြပါလိမ့်မယ်
ထင်ပါတယ်။
အဲဒီမှာ ပိုက်ဆံတွေနဲ့ကြာပန်းခိုင်တွေလုပ်ထားတာ၊ပန်းပွင့်ပုံဖော်ထားတာ မျိုးတွေ့ဖူးကြပါလိမ့်မယ်။ အဲလိုပိုက်ဆံနဲ့လုပ်တဲ့ကြာပန်းမျိုးကို လုပ်တတ်တဲ့ သူကို ရှာပြီး လုပ်ခိုင်းပါ။ ပြီးရင်မိမိအိမ်ရဲ့ ဘုရားဆောင်မှာ ပိုက်ဆံနဲ့ လုပ်ထားတဲ့ ထိုကြာပန်းကိုပန်းအိုးလေးတစ်လုံးထဲ သပ်သပ်ထည့်ပြီးပူဇော်ထားပါ။ မိမိတို့တစ်နေ့တာရတဲ့လုပ်အားခပိုက်ဆံထဲက တစ်ရာနိုင်နိုင် ၊နှစ်ရာနိုင်နိုင်
အနည်းငယ်လေးကို ထိုကြာပန်းအောက်မှာထားပြီးစုထားပါ။ နေ့စဉ် နိစ္စဓူဝစုပါ။ တစ်လပြည့်ရင် စုထားငွေကြေးလေးတွေကို မိမိဝါသနာပါရာ စိတ်ပါရာ ကုသိုလ်တစ်ခုအမြဲလုပ်ပါ ။ ကုသိုလ်ပြုပြီးရင် ပြန်စုပါ။ တစ်လပြည့်ရင်ပြန်လှူပါ။
ထိုသို့ကုသိုလ်လေးတွေ ဆက်ပေးခြင်းဖြင့်အတိတ်ကံတွေပွင့်လာပြီး ကံတွေတဖြည်းဖြည်းမြင့်မားလာပါလိမ့်မယ်ဗျ။
သတိထားကြည့်ပါ။ မိမိတို့ပတ်ဝန်းကျင်မှာ ငွေကြေးနာမည်ရှင်တွေ ရိုင်းနေရင် ၊စကားပြောကြမ်းနေရင် ၊ဝစီဒုစရိုက်တွေအမြဲလုပ်နေရင်ဘာတွေဖြစ်နေလဲ …သုံးသပ်ကြည့်ပါ။ သုတေသနလုပ်ကြည့်ပါ။
စကားပြောယဉ်ကျေးချိုသာပြီး ပရိတ်ပဋ္ဌာန်း အမြဲရွတ်ဆိုနေတဲ့ငွေကြေးနာမည်ရှင်တွေ ဘယ်လိုဖြစ်လဲ …ကံဆိုးလား ကံကောင်းလား သုံးသပ်သုတေသနလုပ်ကြည့်ပါ။
ဖြစ်နိုင်သည်…..လက်တွေ့လုပ်ရင်အဆင်ပြေနိုင်မည့်ယတြာ အစီအရင်ကိုသာပေးနေတာပါ။ ငွေကြေးနာမည်ရှင်တွေ စကားပြောချိုသာမယ် …အထက်ပါအစီအရင်တွေလဲလုပ်နေမယ်ဆိုရင် …အောင်မြင်မှုတွေဆင့်ကဲဆင့်ကဲရနေမယ်ဆိုတာ ပြောကြားရင်း ………..
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

အ‌ရောင်း ‘အ’နေ‌သောဆိုင်‌များ၊ လူအဝင်‌နည်းပါး‌သောလုပ်‌ငန်းများအတွက်‌ ယတြာလက်‌‌ဆောင်‌

မိမိရဲ့ ဆိုင်‌အ‌ရောင်းအဝယ်‌ထိုင်းနေပြီ ၊ လူဝင်‌နည်းနေပြီ ၊အ‌ရောင်းပါး‌နေပြီဆိုရင်‌

ပထမဆုံးစဉ်းစားရမှာက မိမိကိုယ်‌ကိုပြန်‌ဆန်းစစ်‌ဖို့ပါပဲ။
မိမိဟာ…………….
*ဘုရားတရား‌မေ့ပြီး ညတိုင်‌းဦးသုံးကြိမ်‌‌တောင်‌မချတဲ့သူလား
*ဘုရားရှင်‌ရဲ့ ပရိတ်‌၊ပဌာန်‌း ၊ဂါထာ‌တွေကို ရွတ်‌ဖတ်‌ဖို့ ပျင်‌း‌နေသူလား
*မိဘ‌တွေသက်‌ရှိထင်‌ရှား‌ရှိ‌နေပါလျက်‌နဲ့ လုပ်‌‌ကျွေးပြုစုတာမျိုးမလုပ်‌တဲ့သူလား
*မိမိအိမ်‌၊ဆိုင်‌‌တွေမှာ လာဘ်‌တိတ်‌‌စေတဲ့ အ‌ဆဲအဆို ၊‌ လောင်းကစား‌တွေလုပ်‌မိ‌နေလား
* မိမိဆိုင်‌ဝန်‌းထမ်‌း‌တွေကို အမြဲတမ်‌းဆူပူကြိမ်‌း‌မောင်‌း‌နေပြီး ဝန်‌ထမ်‌း‌တွေအလုပ်‌အ‌ပေါ် စိတ်‌မပါဖြစ်‌‌နေလား
*မိမိဆိုင်‌ဟာ သူများဆိုင်‌ထက်‌ ‌စျေးကြီး‌နေလား
*မိမိဆိုင်‌က ‌ခေတ်‌နှင်‌့အညီ အပြင်‌အဆင်‌ပိုင်‌း ၊အခင်‌းအကျင်‌းပိုင်‌းမှာ အားနည်‌း‌နေသလား *မိမိဝန်‌ထမ်‌း‌တွေက Customer အ‌ပေါ် ဝန်‌‌ဆောင်‌မှုအားနည်‌း‌နေလား * ‌အရက်‌‌သောက်‌ ‌ဘောလုံးပွဲ‌လောင်‌းပြီး မိမိလုပ်‌ငန်‌းကိုပစ်‌ထားတဲ့သူလား
*မိမိက ‌ငွေရှိတယ်‌ဆိုပြီး “သူ‌ဌေး‌စျေး‌ရောင်း” ဆိုတာမျိုးလုပ်‌‌နေတဲ့သူလား
စတဲ့ အချက်‌‌တွေအရင်‌ဆုံး‌လေ့လာပါ။ ပြုပြင်‌သင်‌့တာပြုပြင်‌ပါ။ ဖြည်‌့ဆည်‌းသင်‌့တာ‌တွေဖြည်‌့ဆည်‌းပါ။
အဲလို‌တွေလုပ်‌‌ပေးပြီးပြီဆိုရင်‌‌တော့
ယတြာပိုင်း အစီအရင်‌ပိုင်း စတင်‌‌ပြောလို့ရပါပြီ။
မ‌ပြောခင်‌ “ဆိုင်‌ “ဆိုတဲ့‌နေရာမှာ ဘယ်‌ဆိုင်‌‌တွေအကျုံးဝင်‌သလဲဆိုရင်‌‌တော့ ရှင်‌းရှင်‌း‌ပြောရရင်‌ တိုလီမိုလီ‌ရောင်းတဲ့ ကုန်‌စုံဆိုင်‌အ‌သေးအဖွဲကစလို့ လက်‌ဖက်‌ရည်‌ဆိုင်‌၊ ‌ဆေးဆိုင်‌ ၊ဖုန်‌းဆိုင်‌ ၊အလှပြင်‌ဆိုင်‌ အလယ်‌ ကား‌တွေယန္တရား‌တွေ တင်‌သွင်‌း‌ရောင်‌းချတဲ့ကုမ္ပဏီ‌တွေထိအကျံုးဝင်‌ပါတယ်‌။
*********************************
အရင်‌ဦးဆုံးလုပ်‌ရမှာက‌တော့ မိမိဆိုင်‌ရဲ့ မြင်‌့‌သော‌နေရာ၊မြတ်‌‌သော‌နေရာမှာ
ကန်‌စွန်‌းညွှန်‌့‌လေး ၂၃ ညွန်‌့ကို ပန်‌းအိုး‌လေးတစ်‌အိုး နဲ့ ဗုဒ္ဓဟူး‌နေ့ နံနက်‌ ဆိုင်‌စဖွင်‌့ချိန်‌မှာ စတင်‌ထိုးထားလိုက်‌ပါ။ အိုး‌လေးထဲ‌ရေထည်‌့‌ပေးပါ။ ကန်‌စွန်‌းက ‌ရေကြိုက်‌တဲ့အတွက်‌‌တော်‌‌တော်‌နဲ့ညိုှးမည်‌မဟုတ်‌ပါ။ တကယ်‌လို့ ညိုှးသွားရင်‌လဲ ကန်‌စွန်‌းညွှန်‌့‌လေး‌တွေလဲ‌ပေး‌ပေါ့ဗျ။
ကန်‌စွန်‌းညွှန်‌့ နဲ့ ပင်‌ ဆိုင်‌‌တော်‌‌တော်‌များများလာဘ်‌ပွင်‌့သွားတာ
လူစည်‌သွားတာ အမြဲလိုလိုကြုံ‌တွေ့‌နေရပါတယ်‌။ ကန်‌စွန်းညွှန့်‌တစ်‌စည်းမှ ‌ဈေးမှာဝယ်‌ရင်‌ ၂၀၀ ကျပ်‌‌လောက်‌သာ ကုန်‌ကျမည်‌ထင်‌ပါသည်‌။
အဖိုးနည်းပြီး‌အောင်‌မြင်‌တဲ့ယတြာပါ။
*********************************
‌ဆိုင်‌မှာကန်‌စွန်‌းညွှန့်လေး ‌ဝေ‌နေ‌အောင်‌ထိုးထားပြီးပြီဆိုရင်‌ မိမိရဲ့အိမ်‌မှာလုပ်‌ရမဲ့အစီအရင်‌‌လေး ‌ပြောပါ့မယ်‌။ ဘာလုပ်‌ရမလဲ ဆိုရင်‌ ‌နေ့သားတစ်‌ဦးချင်‌းဆီမှာ မိမိတို့ရဲ့လာဘ်‌လာဘ အရပ်‌မျက်‌နှာ ဆိုတာရှိပါတယ်‌။ အချို့က‌တော့ သီရိအရပ်‌ ကျက်‌သ‌ရေမဂ်‌လာအရပ်‌မျက်‌နှာလို့လဲ ဆိုကြပါ‌သေးတယ်‌။
ကဲထား‌ေတာ့ဗ်…
ထိုအရပ်‌မျက်‌နှာမှာစီရင်‌ရမဲ့အပိုင်‌းကို အ‌သေးစိပ်‌‌ပြောပါ့မယ်‌။
အိမ်‌မှာ စီရင်‌ရမှာ‌နော်‌……..
တနင်္ဂ‌နွေသားသမီး
မိမိအိမ်‌ရဲ့‌မြောက်‌အရပ်‌ မြင့်သော‌နေရာ ၊မြတ်‌‌သော‌နေရာမှာပန်‌းအိုး‌လေးတစ်‌လုံးထဲ သ‌ပြေပန်‌း(သို့)သစ္စာပန်‌း၂၁ညွှန်‌့ကို ထိုးထားရပါမည်‌။ ဘုရားပူ‌ဇော်‌တာမဟုတ်‌ဘူး‌နော်‌ ၊၊ သပ်‌သပ်‌ထိုးခိုင်‌းတာပါ။
ဧည်‌့ခန်‌းမှာပန်‌းအိုးအလှထိုးထားသလိုမျိုး‌ပေါ့။
တနင်္လာသားသမီး
မိမိအိမ်‌ရဲ့ အ‌ရှေ့‌‌မြောက်‌ထောင်‌အရပ်‌မြင်‌့သော‌နေရာ၊မြတ်‌‌သော‌နေရာမှာ ပန်းအိုး‌လေးတစ်‌လုံးထဲ အုန်းပန်း(သို့)အုန်းညွှန့် ၆ညွှန့်ထိုးရမည်‌။
အင်္ဂါသားသမီး
မိမိအိမ်‌ရဲ့ အ‌ရှေ့အရပ်‌ မြင့်သော‌နေရာ၊မြတ်‌‌သော‌နေရာမှာ ကြယ်‌ပန်း(သို့)ကံ‌ကော်‌ညွှန့် ၁၅ ညွှန့်ကို ပန်းအိုးလှလှ‌လေးတစ်‌လုံးထဲ ထိုးထားရပါမည်‌။
ဗုဒ္ဓဟူးသားသမီး
မိမိအိမ်‌ရဲ့ အ‌ရှေ့‌တောင်‌‌ထောင့် မြင့်သော‌နေရာ မြတ်‌‌သော‌နေရာမှာ ပန်းအိုး‌လေးတစ်‌လုံးထဲ စိန်‌ခြယ်‌ပန်း(သို့)ဇီးညွှန့် ၈ ညွန့်ကိုထိုးထားရပါမယ်‌။
စနေသားသမီး
မ်‌ရဲ့ ‌တောင်‌အရပ်‌ မြင်‌့‌သော‌နေရာ မြတ်‌‌သော‌နေရာမှာ ရွက်‌လှညွန်‌့ ၁၇ ညွှန်‌့ကို ပန်‌းအိုးတစ်‌လုံးထဲထည်‌့ထိုးရပါမယ်‌။ ကြာသပ‌တေး သားသမီးမိမိအိ
မိမိအိမ်‌ရဲ့အ‌နောက်‌‌တောင်‌‌ထောင့် မြင့်သော‌နေရာမြတ်‌‌သော‌နေရာမှာ နှင်းဆီပန်း ၁၀ ပွင့်ကို ပန်းအိုးလှလှ‌လေး တစ်‌လုံးထဲထိုးထားရပါမည်‌။
ရာဟုသားသမီး
မိမိအိမ်‌ရဲ့ အ‌နောက်‌‌အရပ်‌ မြင်‌့‌သော‌နေရာမြတ်‌‌သော‌နေရာမှာ ‌မေမြို့ပန်‌း
‌၁၉ ပွင်‌့ကို ပန်‌းအိုး‌လေးတစ်‌လုံးထဲ ထိုးထားရပါမယ်‌။ ‌သောကြာသားသမီး
မိမိအိမ်‌ရဲ့ အ‌နောက်‌‌မြောက်‌‌ထောင့်အရပ်‌ မြင်‌့သော‌နေရာမြတ်‌‌သော‌နေရာမှာ ‌ရွှေပန်း ၁၂ ပွင်‌့ကို ပန်းအိုးတစ်‌လုံးထိုးထားရပါမည်‌။
‌ဒီ‌နေရာမှာ ‌ပြောချင်‌တာကဘယ်‌‌‌နေ့သားမဆိုပန်‌းအိုးစထိုးရမဲ့အချိန်‌က မိမိ‌မွေး‌နေ့နံနက်‌ ၉နာရီမှာစတင်‌
ထိုးရမှာပါ။ ပန်‌း‌တွေညုှိးသွားရင်‌‌တော့ ဘယ်‌အချိန်‌ဖြစ်‌ဖြစ်‌ လဲ‌ပေးပါ။ ရပါတယ်‌။ ပန်‌းအိုးစတင်‌ထိုးမဲ့ အချိန်‌သာ အဓိကကျပါတယ်‌။
‌ အထက်‌ပါအတိုင်း ဆိုင်‌မှာကန်‌စွန်‌းညွှန်‌့‌လေးထိုးထားမယ်‌။
အိမ်‌မှာလဲ အရပ်‌မျက်‌နှာအလိုက်‌ပန်‌းအိုး‌လေးထဲဆိုင်‌ရာဆိုင်‌ရာ လာဘ်‌ပန်‌း‌တွေ ထိုးထားပြီးပြီဆိုရင်‌‌တော့ ဘာထပ်‌လုပ်‌ရမလဲဆိုရင်‌‌တော့ မိမိဆိုင်‌မှာ ‌ရောင်‌းတဲ့ပစ္စည်‌း‌တွေကို ဘုရားကို‌နေ့စဉ်‌ကပ်‌လှူရပါမယ်‌။ ဥပမာ မိမိက လက်‌ဖက်‌ရည်‌ဆိုင်‌ဆို ဘုရားရှင်‌အား လက်‌ဖက်‌ရည်‌နဲ့မုန်‌့ကပ်‌လှူ‌ပေါ့။ ထမင်‌းဆိုင်‌ဆိုဆွမ်‌းကပ်‌‌ပေါ့။ကုန်‌စုံဆိုင်‌ဆို ‌ဆိုင်‌မှာ‌ရောင်‌းတဲ့ ဖ‌ယောင်‌းတိုင်‌ အ‌မွှေးတိုင်‌‌တွေနဲ့ ဘုရားကိုပူ‌ဇော်‌‌ပေါ့။
မုန်‌့ဆိုင်‌ဆို ဘုရားရှင်‌အား အချိုပွဲအ‌နေနဲ့ကပ်‌‌ပေါ့ဗျ။
ကဲအဲဒီ‌နေရာမှာ မိမိတို့ဆိုင်‌က ဘုရားရှင်‌အားကပ်‌လှူလို့မရတဲ့ ဖုန်‌းဆိုင်‌ဆိုတာမျိုး ၊စာ‌ရေးကိရိယာဆိုတာမျိုး
ကားပစ္စည်‌းဆိုင်‌ဆိုတာမျိုး၊အလှပြင်‌ဆိုင်‌၊ဝပ်‌‌ရှော့ဆိုတာမျိုး၊ရတနာဆိုင်‌ဆိုတာမျိုးဆိုရင်‌‌တော့ မိမိ‌ရောင်‌းတ‌ဲ့ပစ္စည်‌း‌တွေ မိမိလုပ်‌ငန်‌းသုံးတဲ့ပစ္စည်‌း‌တွေကို ဘုရား‌ဆောင်‌‌ရှေ့မှာ ခုံသန်‌့သန်‌့‌လေးတစ်‌လုံးခင်‌းပါ။ ထိုခုံ‌လေး‌ပေါ်တွင်‌စားပွဲခင်‌းအသစ်‌တစ်‌ခုခင်‌းရပါမည်‌။ ပြီးရင်‌မိမိ‌ရောင်‌းချ‌သောပစ္စည်‌းထဲက အနည်‌းငယ်‌ကို ထိုခုံ‌လေး‌ပေါ်တင်‌ပါ။ ဘုရားရှိခိုးပြီး ထိုခုံ‌လေး‌ရှေ့မှာပင်‌ “ဒိဝါတပတိ”ဂါ‌ထာ‌တော်‌ကို ၁၀၈လုံးပုတီးဖြင်‌့
တစ်‌ပတ်‌စိပ်‌ပါ။ ပုတီးစိပ်‌ပြီးတာနဲ့ထိုဘုရားရှင်‌‌ရှေ့ပူ‌ဇော်‌ထား‌သောပစ္စည်‌းအားဆိုင်‌သို့ယူသွားပြီး ဆိုင်‌ကပစ္စည်‌း‌တွေထဲ‌ရောထားလိုက်‌ပါ။ ‌နောက်‌‌နေ့လဲထိုအတိုင်‌းပဲ ဆိုင်‌ကပစ္စည်‌းအချို့ကိုယူလာပြီးအထက်‌ပါအတိုင်‌းလုပ်‌‌ပေးပါ။
*********************************
တကယ်‌‌အ‌ရောင်‌းအဝယ်‌အဆင်‌‌ပြေချင်‌ရင်‌
တကယ်‌လုပ်‌ကြည်‌့ပါ။ လက်‌‌တွေ့လုပ်‌ကြည်‌့ပြီး အဆင်‌‌ပြေ‌အောင်‌မြင်‌တဲ့ယတြာ‌တွေကို‌ပေးတာပါ။ ဟုတ်‌မှဟုတ်‌ပါ့မလားလို့ သံသယဝင်‌ရင်‌မလုပ်‌ပါနဲ့။ ယတြာကခက်‌တယ်‌ထင်‌ရင်‌လဲမလုပ်‌ပါနဲ့။
သူ‌ဌေး‌ဈေး‌ရောင်းလုပ်‌‌နေကြတဲ့
သူ‌တွေအတွက်‌ရည်‌ရွယ်‌ခြင်‌းမဟုတ်‌ပါ။ တကယ်‌ကို မိမိလုပ်‌ငန်‌း ၊မိမိဆိုင်‌ အ‌ရောင်‌းအဝယ်‌‌ကောင်‌း လူဝင်‌‌စေချင်‌တဲ့သူ‌တွေအတွက်‌ ရည်‌ရွယ်‌ခြင်‌းဖြစ်‌ပါတယ်‌။
ခုနှစ်‌ရက်‌သားသမီးအ‌ပေါင်‌း‌ ရောင်းပန်းဝယ်‌ပန်း‌တွေပွင့်လန်းပြီး ကြီးပွားတိုးတတ်‌ကြပါ‌စေ။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ဣစ္ဆာသယ အနန္တသိဒ္ဓိဂါထာ သို့မဟုတ် အတားအဆီး အပိတ်အဆို့မှန်သမျှ ပွင့်စေသောဂါထာ

ကျွန်တော့်အနေနှင့် ဂါထာတွေ မန္တန်တွေနဲ့ပက်သက်တဲ့ Post တွေ ရေးတင်လေ့မရှိပါဘူး။ မိမိကိုယ်တိုင်ရွတ်ဆိုကြည့်ပြီးမှပဲ တကယ်အကျိုးဖြစ်ထွန်းမှုရှိမှလဲ ပေးလေ့ရှိပါတယ်။ ဘုရားရှင် ရဲ့ နှုတ်တော်ကမိန့်မြွက်တဲ့ တရားဓမ္မကလွဲလို့ပေါ့။
လွန်ခဲ့သောရက်က စာပေဟောပြောပွဲတစ်ခုမှာ ဆရာကျော်ဘိုဘိုဟိန်း(ပဲခူးရွှေမောဓောဘုရား အနောက်ရင်ပြင်)နှင့် တွေ့တော့ ဒီဂါထာတစ်ပုဒ်နဲ့ပက်သက်ပြီး စကားစမိကြသည်။ ဤဂါထာသည် နမက္ကရဘုရားရှိခိုး အမှတ်စဉ် ၁၀ လာဂါထာဖြစ်သည်။ ပုဂံခေတ် သက္ကရာဇ် ၅၅၈ ခုနှစ်တွင်ရေးထိုးထားသော ဖွားစောရွာ ဓမ္မရာဇိကဘုရားကျေက်စာတွင် ရေးထိုးထားသည်ကိုတွေ့ရသည်။
မည်သည့်အခက်အခဲမဆို မည်သည့်အပိတ်အဆို့အတားအဆီးကိုမဆို ပွင့်သွားစေနိုင်တဲ့သည့်အကြောင်းပြောဖြစ်သည်။ ကုသိုလ်ကံတွေပိတ်ဆို့နေခြင်း ၊ အလုပ်ကံတွေပိတ်နေခြင်း ၊စီးပွားရေးအတိုက်အခိုက်များပြီးပိတ်ဆို့နေခြင်း၊နိုင်ငံခြားသွားဖို့ပိတ်ဆို့နေခြင်း စတဲ့ပိတ်ဆို့နေတဲ့အရာတော်တော်များများကိုပွင့်စေနိုင်သည်။
ဆရာကျော်ဘိုဘိုဟိန်းက “တကယ်စွမ်းတယ်ငါ့ညီ လက်ထိတ်ကြိုးချည်ဆိုတာမျိုးတွေတောင် ထိုဂါထာအစွမ်းနဲ့ဖြေလို့ရတယ်” ဟု တဖွဖွပြောသည်။
မှန်သည်။ ကျွန်တော်ဆီမှာအိမ်ထောင်ဦးစီးထောင်ကျနေ၍ သောကမျက်ရည်ဝေနေရတဲ့အိမ်ထောင်ရှင်မတွေ၊ သားသမီး ထောင်ကျနေ၍သောကပင်လယ်ဝေရတဲ့ မိခင်တွေ ခဏခဏလာကြသည်။ အိမ်ထောင်ဦးစီး မတော်တဆကိစ္စရပ်တွေကြောင့်ထောင်တန်းကျနေပြီဆိုရင် ကျန်ခဲ့တဲ့မိသားစု စားဝတ်နေရေးဒုက္ခများရတာ အားလုံးအသိပင်။ အကျဉ်းကျနေသူတွေကို
ဒီဂါထာလေးရွတ်ဆိုဖို့ သူတို့ရဲ့သက်ဆိုင်သူတွေကနေတဆင့် ပေးလေ့ရှိသည်။ ခိုးဆိုးလုယက် လူသတ်ပြီးထောင်ကျနေသူတွေအတွက်ရည်ရွယ်ခြင်းမဟုတ်။
ဒီဂါထာက
ဓားခုတ်ရာလက်လျှိုသလိုဖြစ်ပြီးအကျဉ်းကျနေသူတွေ။ အချိုယာဉ်ချို့ယွင်းမှုကြောင့်ကားaccident ဖြစ်ပြီးထောင်ကျနေသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ အပြစ်မရှိဘဲထောင်ကျနေတဲ့ ကျောင်းသားတွေ။အဖိနှိပ်ခံအလုပ်သမားပြည်သူတွေဘက်က ရပ်တည်၍ အကျဉ်းကျနေသူတွေ စသည့်စသည့် အကြောင်းတရားတွေကြောင့်အကျဉ်းကျနေတဲ့လူပေါင်းများစွာ ဒီဂါထာလေးကိုရွတ်ဆိုပွားများသင့်သည်။ အမှန်တကယ်အစွမ်းထက်မြက်သည်။ ကုသိုလ်ကံတွေပွင့်လာပြီး မိမိရဲ့ပိတ်လှောင်တားဆီးခံရသည့်ဘဝမှအမြန်လွတ်မြောက်နိုင်သည်။
ဒါတင်ပဲလား။ မဟုတ်သေးပေ။
စာသင်သား၊ကျောင်းသားကျောင်းသူများ
ဉာဏ်မပွင့်လို့ စာတွေကျက်ရမှတ်ရခက်နေရင်ဒီဂါထာလေး သက်စေ့ရွတ်ပြီးမှစာကျက်ပါ။ ကံလမ်းပဲဖြစ်စေ၊ ဉာဏ်လမ်းပဲဖြစ်စေ
ဘဝတက်လမ်းမှာပဲဖြစ်စေ တားဆီးပိတ်ဆို့ခံရတာတွေ ပွင့်စေတဲ့ဂါထာတော်မြတ်ပါ။ ရှေးကဆရာကြီး
တွေဒီဂါထာတော်လေးကိုလက်သုံးပူဇော်ခဲ့ကြပြီး ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။
ရှေးခေတ် ဘ.က ကျောင်း နေဖူးသူတွေ ဒီဂါထာကိုသိကြမှာပါ။မဟာနမက္ကာရ
ဘုရားရှိခိုးလို့ လူသိများပါတယ်။
နမကၠာရ ဘုရားရွိခိုးဆိုတာ
အဋ္ဌကထာကျမ်းပြုအကျော် ရှင်မဟာဗုဒ္ဓဃောသ
ဆရာတော်ကြီး သီဟိုကျွန်း စွယ်တော်တိုက်ရှေ့မှာ
ထိုင်တော်မူပြီး လက်တန်း စပ်ဆိုရှိခိုးတော်မူတဲ့
အပိုဒ်ပေါင်း၃၃ ပိုဒ်ရှိတဲ့ ဘုရားရှိခိုးကြီးပါ။
အဲဒီ ဘုရားရှိခိုး အပိုဒ် ၉ အရောက်မှာစွယ်တော်တိုက်
တံခါးကြီး တဂျုံးဂျုံးမြည်ဟည်းပြီးပွင့်သွားတယ်လို့ဆိုပါတယ်။
ရှေးသုူတော်ကောင်းတွေကတော့အပွင့်ဓာတ်ဖြစ်စေတဲ့
ဘုရားရှိခိုးလို့ သတ်မှတ်ကြပါတယ်။
“ဆရာရေ ….
လာဘ်တွေအရမ်းပိတ်နေလားမသိဘူး
ဘာလုပ်လုပ်အဆင်မပြေဘူး”ဆိုတာတွေ
နိုင်ငံခြားသွားဖို့လုပ်ထားတာကြာပြီဆရာ
နှစ်ပေါက်နေပြီ၊မသွားရသေးဘူး ..
နိုင်ငံခြားကံများပိတ်နေလားမသိဘူး” ဆိုတာတွေ
” လုပ်သက်လဲကြာနေပြီ ဆရာ အခုထိရာထူးမတိုးသေးဘူး။ ကျွန်တော်နောက်မှ အလုပ်ဝင်တဲ့သူတွေ ကျွန်တော့်ထက် ရာထူးမြင့်ကုန်ပြီ… ရာထူးတိုးမဲ့ကံတွေ
ပိတ်နေလားမသိဘူး….ဆရာရယ်” ဆိုတာတွေ
“အိမ်မှာကျက်ထားတာအကုန်ရတယ်ဆရာ
စာမေးပွဲခန်းထဲရောက်ရော ကျက်ထားတာတွေ အစဖော်လို့မရဘူး” ဆိုတာတွေ
“ငွေကံများပိတ်နေလားမသိဘူးဆရာ ငွေကမဝင်တဲ့အပြင် လက်ထဲရှိတဲ့ငွေလေးတောင် ဆီလိုအပေါက်ရှာပြီးထွက်နေတော့တာပဲ” ဆိုသူတွေ အတွက် ဒီဂါထာလေးက ရင်အေးစေမဲ့ အဆင်ပြေစေမဲ့ဂါထာလေးပါပဲ။
ဆိုတော့ကာ ဂါထာရဲ့ ပါဠိ ၊ အနက် နှင့် ဂါထာရဲ့ဖြစ်စဉ်သမိုင်းကြောင်းကိုသွားလိုက်ကြရအောင်……
နမက္ကာရ ဘုရားရှိခိုး အပိုဒ် ၉….ဖြစ်တဲ့
ဣစ္ဆာသယ အနန္တသိဒ္ဓိဂါထာပါဠိ
တဟႎ တဟႎ ပါရမိ သဥၥယံ စယံ
ဂတံ ဂတံ သဗ႓ိ သုခပ္ပဒံ ပဒံ။
နရာ နရာနံ သုခ သမ႓ဝံ ဘဝံ
နမာ နမာနံ ဇိန ပုဂၤဝံ ဂဝံ။
အနက် မြန်မာပြန်။
တဟိံ တဟိံ ဘဝေ= ထို ထို ဘဝကိုယ်တော်၏ဖြစ်ဖြစ်သမျှ၌။
ပါရမိ သဥ္စယံ စယံ =ပါရမီ အပေါင်းကို။
စယံ= ဆည်းပူးတော်မူတတ်ထသော။
သဗ႓ိ=သူတော်ကောင်းတို့သည်။
ဂတံ=ဆည်းကပ်အပ်ထသော။
သုခပ္ပဒံ=ချမ်းသာခြင်း၏ အဖို့ကို ဖြစ်စေတတ်ထသော
ပဒံ=နိဗၺာန္သို႕။
ဂတံ=ရောက်တော်မူပြီးထသော။
နရာ နရာနံ =လူနတ္တို႕၏။
သုခသမ႓ဝံ=ချမ်းသာခြင်း၏အကြောင်းကို။
ဘဝံ=ဖြစ်စေတော်မူတတ်ထသော။
ဂဝံ=နွားနှင့်တူသော သူမိုက်ကို။
ဇိနပုင်္ဂဝံ=(ဇိန ပုန်ဂဝံ) အောင်တော်မူတတ်သော
ယောင်္ကျားမြတ်ဖြစ်တော်မူသော
ျမတ္စြာဘုရားကို ။
အဟံ=အကျွန်ုပ်သည်။
နမေ နမာမိ=ရှိခိုးပါ၏။ ဟုအဓိပ္ပါယ်ရပါသည်။
အပွင့်ဓာတ်ရရှိလိုသူတိုင်း ရွတ်ပွားလေ့ရှိသောဂါထာဖြစ်သည်။သက်စေ့ သို့မဟုတ် ၄၉ခေါက်၊ပုတီး၁ပတ်အနေ ၁၀၈ခေါက် ရွတ်ဆိုနိုင်သည်။ အလိုရှိတိုင်း အောင်မြင်ပြီးမြှောက်နိုင်သည်။ပိတ်ပင်တားစီးခြင်းမှန်သမျှတို့အား ပွင့်စေ၊အောင်စေ၊နိုင်စေသည်။
ဉာဏ်ရှိသလို ပူဇော်နိုင်ကြပါစေ။
————————————————————-
နမက္ကာရဘုရားရှိခိုးသမိုင်း
သီလ ဂုဏ,် သမာဓိဂုဏ,် ပညာဂုဏ,် ဝိမုတ္တိဂုဏ,်ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့်တကွ ရူပဝိလာသ လက္ခဏာတော,် ဣဒ္ဓိဝိသယ တန်ခိုးတော် စသည်တို့ဖြင့် မွှန်း ထုံအပ်သော ကရုဏာတော်အရှင်မြတ်စွာဘုရား သခင်အား သဒ္ဓါညွှတ်ကျိုး ရှိခိုးပူဇော်ခြင်း “ဗုဒ္ဓဝန္ဒနာ”ကို ကာယပဏာမ, ဝစီပဏာမ, မနောပဏာမ မြောက် အောင် ကိုယ်တော်တိုင်ရှိခိုး ၍ အဆီး အတား ဘေးအန္တရာယ်များမှ ကင်းစေခြင်း, ရှင်လူအများ သူတစ်ပါးတို့အားလည်း ကိုယ်တော်မြတ်သိ့ုအဆီးအတားဘေးအန္တရာယ်မှကင်းစေလိုခြင်းအကြောင်းကြောင့်ဤနမက္ကာရ ဘုရားရှိခိုး ဂါထာတော်ကြီးများကိုဗုဒ္ဓမတညု အဋ္ဌကထာကျမ်းပြုအရှင် မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည်ပင်ပြုစီရင်တော်မူအပ်လေသည်။ ထိုအရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်၏ အဋ္ဌုပ္ပတ်အကျဉ်းကား …
အရှင်မဟာဗုဒ္ဓဃောသပဋိသန္ဓေယူခြင်း
သာသနာတော်နှစ် ၉၀၀-ခန့်ရောက်ရှိသော အချိန်တွင် သီဟိုဠ်ကျွန်း၌ သာသနာတော် အလွန်ထွန်းလင်းတောက်ပ စည်ပင် လျက်ရှိသည် ဖြစ်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများသည် မပျက်မစီး အပြည့်အစုံ သီဟိုဠ်ဘာသာအက္ခရာဖြင့် တည်ရှိလေ၏။ ဇမ္ဗူဒိပ်ကျွန်း၌မူကား အပြည့်အစုံတည်ရှိခြင်း မရှိသည်ဖြစ်၍ “ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများကို သီဟိုဠ်ဘာသာအက္ခရာ အရေးအသားမှ မာဂဓဘာသာ အက္ခရာအရေးအသားသို့ အဘယ်သူပြန်ဆို ကူယူနိုင်စွမ်းရှိပါလတံ့နည်း”ဟု ဇမ္ဗူဒိပ်ကျွန်းနေ မဟာထေရ်အများ စည်းဝေး တိုင်ပင်ကြပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူကြကာ ဃောသကအမည်ရှိသော နတ်သားကို
တွေ့မြင်သဖြင့် ဤနတ်သားကား ပိဋကတ်တော်ကို ပြန်ဆိုကူးယူနိုင်စွမ်းရှိရုံသာမက ဗုဒ္ဓမြတ်စွာသာသနာတော်ကိုလည်း အဓွန့်ရှည်စွာတည်စေနိုင်မည့်သူဟု အနာဂတံသဉာဏ်တော်ဖြင့် သိတော်မူသောကြောင့် ဃောသကအမည်ရှိသော နတ်သားအားအထက်နတ်ပြည်သို့ မတက်မူ၍ လူပြည်သို့ သက်ပြီးလျှင် သာသနာပြုရန်အလို့ငှာ သိကြားမင်းနှင့်တကွ မထေရ်တို့က တောင်းပန်ကြသဖြင့် ဃောသကနတ်သားသည် ပဋိညာဉ်မှုဝန်ခံခြင်းပြုပြီးနောက် မဟာဗောဓိပင်အနီး ဃောသကအမည်ရှိသော ပုဏ္ဏားကြီး၏ မယားကေသီမည်သော ပုဏ္ဏေးမ၏ ဝမ်းကြာတိုက်တွင် ပဋသန္ဓေ စွဲမှီတည်လေ၏။။
ဗေဒင်သုံးပုံနှင့် ပိဋကတ်သုံးပုံဆောင်နိုင်ခြင်း
တစ်နေ့သ၌ ဃောသကရွာတွင် မင်္ဂလာအလို့ငှာ“ လာကြပါ ထိုင်ကြပါ စားကြပါ သောက်ကြပါ “စသည်ဖြင့် ဆူညံသောအသံကိုပြု လျက် ကျွေးမွေးလှူဒါန်း ပေးကမ်းလျက်ရှိစဉ်အတွင်း ကေသီပုဏ္ဏေးမကြီးသည် ပဋိသန္ဓေကိုးလလွန်မြောက် ဆယ်လရောက်ခဲ့ သဖြင့် သားရတနာကို မီးရှူးသန့်စင်ဖွားမြင်ေလေ၏။ ထိုသတိုးသားငယ်ကို မင်္ဂလာကြွေးကြော်သံ ဆူညံနေစဉ်အတွင်း မွေးဖွားလာ ခြင်းကြောင့်၎င်း ဃောသကရွာကြီး၏ သားထူးသားမြတ်ဖြစ်သောကြောင့်၎င်း မင်္ဂလာသံနှင့် ရွာနာမံ ၂-ပါးကိုစွဲယူကာ “ဃောသက”ဟူသော အမည်ကို မှည့်ခေါ်ကြလေတော့သည်။
ထိုဃောသကသူငယ်သည် ပုဏ္ဏားဖြစ်သည့်အားလျော်စွာ ဗေဒင်အတတ်ကို သင်ကြားရာ ၇-နှစ်သားအရွယ်ကပင် တဖက်ကမ်းခပ် တတ်မြောက်လေ၏။ ဃောသကသူငယ်သည် ဗေဒင်အတတ်ကို တဖက်ကမ်းခပ် တတ်မြောက်သောကြောင့် ဗေဒင်မာန် တတ်ကြွကာ အရပ်ရပ်အရွာရွာသို့ လှည့်လည်သွားရောက်လျက် အချေအတင် ဗေဒင်စကားပြောကြားဆွေနွေးလေရာ “ရေဝတ”အမည်ရှိသော ရဟန္တာမထေရ်တပါးနှင့် တွေ့၍ အချေအတင်ဗေဒင်စကားကို ဆွေးနွေးပြောကြားအပြီး မထေရ်မြတ်က “ကုသလာဓမ္မာ- ကုသိုလ်တရားတို့ကား အဘယ်သည်တို့နည်း၊ အကုသလာဓမ္မာ- အကုသိုလ်တရားတို့ကား အဘယ်သည်တို့နည်း၊ အဗျာကတာဓမ္မာ- အဗျာကတ တရားတို့ကား အဘယ်သည်တို့နည်း”ဟု ပရမတ္တဝေဒ-မည်သော ဗုဒ္ဓမန္တာန်ကို မေးမြန်းလေ၏။
ထိုအခါသူငယ်သည် ပရမတ္တဝေဒ ဗုဒ္ဓမန္တာန်ကို သင်ကြားလို၍ ထိုရဟန္တာမထေရ်မြတ်၏ ထံတော်ပါး၌ ရှင်ရဟန်းပြုပြီးလျှင် နေ့စဉ်သင်ကြားရာ တစ်နေ့တစ်နေ့တွင် ပုဒ်ပေါင်း ခြောက်သောင်း နှုတ်တက်အာဂုံဆောင်နိုင် သရဇ္စျာယ်နိုင်သည်ဖြစ်၍ တစ်လတည်းဖြင့်ပင် ပိဋကတ်သုံးပုံ နှုတ်တက်အာဂုံဆောင်နိုင်သဖြင့် ပါရဂူရောက် တတ်မြောက်လေ၏။
သီဟိုဠ်ကျွန်းသို့ ပိဋကတ်ကူးစေလွှတ်ခြင်း
“တစ်နေ့သ၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံ၌ ငါ၏အသိဉာဏ်က လွန်ကဲလေသလော ငါ့ဥပဇ္စျာယ်ဆရာ၏ အသိဉာဏ်ပညာက လွန်ကဲလေသလော”ဟု အရှင်ဗုဒ္ဓဃောသ တွေးတောကြံစည်သည်ကို ဥပဇ္စျာယ်ဆရာဖြစ်တော်မူသော အရှင်ရေဝတ မထေရ်မြတ်သည် စေတောပရိယအဘိညာဉ်ဖြင့် သိရှိတော်မူရကား “ငါ့ရှင် ဗုဒ္ဓဃောသ ပိဋကတ်စာပေမာန်တက်ကာ မသင့်တော်သည်များကို မကြံစည်လင့် ဝန်လေးလှဘိသည်” စသည်ဖြင့် နှိပ်ကွပ်ဆုံးမတော်မူ၏။ ထိုအခါ အရှင်ဗုဒ္ဓဃောသသည် ထိတ်လန့်ခြင်းသံဝေဂဖြစ်ပေါ်လာ၍ ဥပဇ္စျာယ်ဆရာအား ကန်တော့ဝန်ချတောင်းပန်လေ၏။
ဥပဇ္စျာယ်ဆရာလည်း “ငါ့ရှင် ဗုဒ္ဓဃောသ သင်သည် ဝန်လေးသောအကြံအစည်ကို ကြံစည်မိလေပြီ၊ သီဟိုဠ်ကျွန်းသို့သွား၍ သီဟိုဠ်ဘာသာ အက္ခရာဖြင့် ရေးသားတင်ထားအပ်သော ပိဋကတ် သုံးပုံကို မဂဓဘာသာ အရေးအသားဖြင့် ပြန်ဆိုရေးသား လေတော့၊ ယင်းသို့ ရေးသားသော် ငါသည်းခံအံ့”ဟု မိန့်တော်မူသောကြောင့် အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ပိဋကတ်တော် သွားရောက်ကူးယူရန် ဝန်ခံကတိပြုလေ၏။
သမုဒ္ဒရာအလယ် မထေရ်-၂ပါး ဆုံမိခြင်း
အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ မကြွမီ ခမည်းတော်အား မိစ္ဆာဒိဋ္ဌိအယူမှလွတ်စေပြီးလျှင် ဥပဇ္စျာယ်ဆရာရှင်၏ စကားကို ဦးဖြင့်ခံယူကာ ပိဋကတ်တော်ရေးကူးရန် အလို့ငှာ ရွက်သင်္ဘောဖြင့် သီဟိုဠ်ကျွန်းသို့ ကူးတော်မူခဲ့၏။ သုံးရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်သို့ ရောက်လတ်သော် သီဟိုဠ်မှ ပိဋကတ်တော် ကူးယူခွင့်မရ၍ ပြန်ကြွလာသော “အရှင်ဗုဒ္ဓဒတ္တ”မထေရ်က
“ ငါ့ရှင် ဗုဒ္ဓဃောသ ငါသည် သီဟိုဠ်ကျွန်းတွင် ပိဋကတ်တော်ကို ကူးယူခွင့်ရရန်အလို့ငှာ ဇိနာလင်္ကာရ”ကျမ်းကို ရေးသားပြုစုပြသ၏။ သီဟိုဠ်ကျွန်းသား မထေရ်များက ငါရေးသားသော ကျမ်းကို «အနှစ်မဲ့ကျမ်း»ဟု မှတ်ထင်၍ ငါ့အား ပိဋကတ်တော် ကူးယူခွင့် မပြုကြပါ။ သင်မူကား ပိဋကတ်တော်အဖွင့် သံဝဏ္ဏနာကျမ်းတခု ပြုစုပြသ၍ ကူးယူခွင့်တောင်းပါ”ဟု မှာထားပြောဆိုပြီးလျှင် သိကြားမင်းဆပ်ကပ်အပ်သော သျှိသျှားသီးကို၎င်း သံကညစ်တံကို၎င်း ကညစ်သွေးရန်ကျောက်ကို၎င်း အရှင်ဗုဒ္ဓဃောသ မထေရ်အား ပေးအပ်လေ၏။
ပိဋကတ်တော် ကူးယူခွင့်ပေးခြင်း
အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ မဟာနာမမင်းလက်ထက် သာသနာ (၉၃၀)နှစ်တွင် ရောက်တော်မူသော အခါ ဦးစွာပထမ သံဃပါလ”မထေရ်ကို ဖူးမြင်၍ ပိဋကတ်တော် ကူးယူရန် လာရောက်ကြောင်း လျှောက်ထားသဖြင့် သီဟိုဠ် မထေရ်များနှင့် သံဃပါလမထေရ်မြတ်က“ သီလေ ပတိဋ္ဌာယ နရော” စသော ဂါထာတစ်ပုဒ်ကို ပေးအပ်ကာ “ဤဂါထာအနက်ကို ပိဋကတ်သုံးပုံ ချောက်ခြားစေ၍ ဖွင့်ဆိုပါဦးလော”ဟု တိုက်တွန်းလေ၏။ အရှင်မဟာဗုဒ္ဓဃောသမထေရ်လည်း ထိုနေ့ည နေ့ချမ်းအချိန်မှစ၍ အဆိုပါဂါထာကို အစအဦးအမှူးထားပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ပြုစုရေးသားအပြီး ကျိန်းစက်တော်မူ၏။
သိကြားမင်းသည် မထေရ်မြတ်၏ ဉာဏ်ပဋိဘာန် သိလို၍ ရေးပြီးကျမ်းတစ်ဆူကို ကွယ်ထားလိုက်၏။ မထေရ်လည်းနိုးလာ၍ ကျမ်းကို မတွေ့သဖြင့် ဒုတိယအကြိမ်ပြုစု ရေးသားပြီး ကျိန်းစက်တော်မူ၏။ သိကြားမင်းလည်း ရှေးနည်းအတူ ကွယ်ထား လိုက်ပြန်၏။ မထေရ်လည်း နိုးလာ၍ ကျမ်းကိုမတွေ့သဖြင့် တတိယအကြိမ် ပြုစုရေးသားအပြီးတွင် သိကြားမင်း ရှေးကွယ်ထား သောကျမ်း ၂-ဆူကိုပြလေ၏။ နံနက်လင်းသောအခါ တစ်ညဉ့်တည်းပြုစုရေးသားသော ဝိသုဒ္ဓိမဂ်ကျမ်းသုံးဆူကို သီဟိုဠ်မထေရ် တို့အား ဆက်ကပ်ပြသ သဖြင့် တိုက်ဆိုင်ကြည့်ကြရာ တစ်လုံးတစ်ပါဒမျှ လွဲမှားခြင်းမရှိ တညီတညွတ်တည်းရှိသည်ကို တွေ့ကြရ၍ အလွန်နှစ်သက် သဘောကျသဖြင့် ပိဋကတ်တော် ပြန်ဆိုကူးယူခွင့်ပေးသော်လည်း ပိဋကတ်တိုက်ကြီးကိုကား ဖွင့်မပေးမူ၍ “သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေတော့”ဟု မိန့်ဆိုကြပြန်၏။
နမက္ကာရဘုရားရှိခိုးဖြင့် ပိဋကတ်တိုက် ဖွင့်ခြင်း
ထိုအခါ အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ပိဋကတ်တိုက် တံခါးဖွင့်ရန် မြတ်စွာဘုရားသခင်၏ ဂုဏ်တော် ကျေးဇူးတော် လက္ခဏာတော် တန်ခိုးတော်များနှင့်တကွ စရိယသုံးပါး စွန့်ခြင်းကြီး ငါးပါး ပါရမီတော် ဆယ်ပါး စသည်တို့ကို “သုဂတံ သုဂတံ သေဋ္ဌံ “စသော နမက္ကာရဘုရားရှိခိုး ဂါထာတို့ဖြင့် ဖွဲ့နွဲ့ရေးသား စီရင်ပြီးလျှင် ပိဋကတ်တိုက် တံခါးဝတွင် ထိုင်တော်မူလျက် နမက္ကာရ ဂါထာပါ အနက်အဓိပ္ပါယ်လာတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား အာရုံပြု၍ နမက္ကာရဘုရားရှိခိုးဂါထာပါဌ်ကို ရွက်ဆိုလျက် ရှိခိုးရာ မဟာဗောဓိပလ္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ခွေ နေတော်မူသော မြတ်စွာဘုရားအား မာရ်နတ်လာ၍ စစ်ထိုးသော အခါ ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးခဲ့သောကြောင့် ဤဗောဓိပင်နှင့် ပလ္လင်တော်ကို ရရှိပေသည် ဟု ပါရမီတော်ကို ညွှန်ကြားမှ မာရ်နတ်ရန် ပျက်ပြားသွားသကဲ့သို့ “တဟိံ တဟိံ ပါရမိ သဥ္စယံ စယံ”ဟူသော ပါရမီဂုဏ်တော်ညွှန်းသော ဂါထာတစ်ပုဒ်ကို ရွက်ဆိုမိသည်နှင့် ပိဋကတ်တော် တံခါးသည် အလိုအလျှောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်းပွင့် သွားပြီး ပိဋကတ်တော်ကို ကူးယူပြန်ဆိုရလေသတည်း။..
ဆရာငြိမ်းအေးလူ ဗေဒင်သုတေသီ
ကျမ်းကိုး
-မင်းလပြည့် (ဗုဒ္ဓ ပရိတ် ဂါထာ
မန္တန်ပေါင်းချုပ်သစ် )
-အရှင်ခေမိန္ဒ တိပိဋကနိကာယ
ကျောင်းတိုက်
( အရွင္မဟာဗုဒၶေဃာသေထရုပၸတၱိ)

တံမြက်စည်းလှည်းခြင်းအကျိုးများ

ဆောင်းနံနက်ခင်း ။ အေးမြခြင်းတွေက လောကဓာတ်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။မြောက်ပြန်လေ တအေးအေးနှင့်။ အရုဏ်တတ်ချိန်မို့ အအေးဓာတ်က တိုးလို့သာနေသည်။ အခုလိုမနက်စောစော မိမိအိမ်နဲ့လဲနီးသည့် ရွှေမောဓော ဘုရားသို့ ဘုရားဖူးရောက်ဖြစ်သည်။ ရောက်ဖြစ်တိုင်းလဲ ရင်ပြင်က်ပေါ်ရှိ ၊အာရုံခံတန်ဆောင်းတွေ ၊ ဓမ္မာရုံတွေ ၊ ဂန္ဓာကုဋီတိုက်တွေကို လှည့်လည်၍ တံမြက်စည်းလှဲကျင်းလေ့ရှိသည်။
သုဒဿနကုန်းတော်က မြင့်လဲမြင့်သည်။ ဆောင်းနံနက်ခင်းဆိုရင် ရင်ပြင်တွင်လေကတဟူးဟူး။
ရာသီကအေးပေမဲ့ ကျွန်တော်ကတော့ ချွေးပင်စို့စပြုလာသည်။ အခုလှည်းကျင်းနေသည့် မြင်းကျား ဓမ္မာရုံနဲ့ဆို ဓမ္မာရုံလေးခုလောက်လှဲခဲ့ပြီးပြီ။
“ဆရာလေး..အစောကြီးဘုရားဖူးလာတာလား”
အသံလာရာလှည့်ကြည့်လိုက်တော့
ကျွန်တော်ဆီမှာ ဗေဒင်မေးရင်းမိတ်ဆွေဖြစ်သွားသည့် ကိုလူမောင်။ လက်ထဲမှာလဲ
ပန်းတွေတစ်ပွေ့တစ်ပိုက်နှင့်။
“အေးဗျ..နေ့တိုင်းမလာနိုင်တော့ အခုလိုအားတဲ့ရက်လေးစောစောလာခဲ့တာ..
ဝေယျဝစ္စကုသိုလ်လဲရ၊ကျန်းမာရေးလဲကောင်းတာပေါ့ဗျ “
“ဒါကြောင့်မို့ဆရာချွေးတောင်
ထွက်နေတာကို ၊
ကျွန်တော်ပါကူလှည်းပေးမယ်လေ”
” ကောင်းတာပေါ့ဗျ
ဒါနဲ့ ကိုလူမောင်ကရော
ပန်းတွေအများကြီးနဲ့
ရင်ပြင်တော်မှာပန်းတွေလှည့်ရောင်းနေတာလား”
“မနောက်ပါနဲ့ ဆရာရယ် ….. ဒီနေ့က အမေ့မွေးနေ့လေ
ဒါကြောင့်ပန်းတွေ ဘုရားမှာကပ်နေတာ ..”
“ကောင်းတယ်ဗျ ကိုလူမောင်လိုသားသမီးကရှားတယ်
မိဘကို အိမ်ဦးခန်းမှာ ထားပြီးတော့လုပ်ကျွေးတဲ့သူမျိုး ဒီဘက်ခေတ်မှာတော်တော်နည်းတယ် …ကိုယ်လူမောင်လိုသားသမီးမျိုးက မိဘတွေမွေးရကျိုးနပ်ပါတယ်ဗျ”
ကိုလူမောင်က ဂြိုဟ်တိုင်တွေအသီးသီးမှာ ပန်းတွေလိုက်ကပ်ပြီး တံမြက်စည်း တစ်ချောင်းယူလာသည်။ မိမိဘေးမှာ အတူတူယှဉ် လှည်းသည်။
“ဆရာ ဗေဒင်လာမေးတဲ့သူတွေကိုတံမြက်စည်းလှည်းဖို့အမြဲတိုက်တွန်းတာကြားရတယ်။ တံမြက်စည်းလှည်းတာ ဘယ်လိုအကျိုးကျေးဇူးတွေများလဲဆရာ”
” အကျိုးရတာကတော့ ပြောလို့တောင်ဆုံးမယ်မထင်ဘူး
ဒီလိုဗျ ယတြာအနေနဲ့ ကိုအသာထားဦး
တံမြက်စည်းလှည်းတဲ့အကျိုး (၅)မျိုးရတယ်
လို့မှတ်သားဖူးတယ်
” တံမြက်စည်းလှည်းခြင်း အကျိုး (၅) ပါး “
(၁) မိမိစိတ်ကြည်လင်၏။
(၂) သူတစ်ပါးစိတ်ကို ကြည်လင်စေ၏။
(၃) နတ်တို့နှစ်သက်ဝမ်းမြောက်၏။
(၄) ကြည်လင်ဖွယ်ဖြစ်စေသောကြောင့် ကောင်းမှုကုသိုလ် ဆည်းပူးသည် ဖြစ်၏။
(၅) သေသည်၏ အခြားမဲ့၌ သုဂတိနတ်ရွာလားစေတတ်၏ လို့ဆိုထားတယ်ဗျ
နောက်ပြီး ပုညကြိယာဝတ္ထုဆယ်ပါးမှာ ဝေယျာဝစ္စကုသိုလ်တစ်ပါး ပါဝင်တယ်ဗျ ဝေယျာဝစ္စကုသိုလ်ဆိုတာ “ရတနာမြတ်သုံးပါး၊ မိဘဆရာတို့၏ ထိုထိုအမှုကိစ္စတို့၌ ရွက်ဆောင်ပြုတတ်သော မဟာကုသိုလ်စိတ္တုပ္ပါဒ် စေတနာ ”
ကိုခေါ်တာဗျ…
ကိုလူမောင်လဲကြားဖူးမယ်ထင်ပါတယ်
မိလိန္ဒမင်းကြီး နဲ့ ရှင်နာဂသေနအကြောင်းလေ”
“ဖတ်ဖူးတယ်ဆရာ မိလိန္ဒမင်းကြီးရဲ့အမေးပုစ္ဆာတွေကို ရှင်နာဂသေနပြန်ဖြေတာတွေလေ”
” ဟုတ်တယ် ကိုလူမောင်…သူတို့ရဲ့အတိတ်သမိုင်းတွေကလဲ တံမြက်စည်းလှဲခြင်းနဲ့ဆက်စပ်နေတယ်ဗျ”
“ပြောပြပါဦး ဆရာ”
” ခပ်တိုတိုပြောရရင်တော့…..
ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဂင်္ဂါမြစ်အနီးမှာ ကျောင်းတိုက် တစ်တိုက်ရှိတယ်။ အဲဒီကျောင်းတိုက်က ကိုယ်တော်တွေ ၊ ကိုရင်တွေဟာ နံနက်စောစောထပြီး တံမြက်စည်း လှည်း၊ အမှိုက်ကျုံး လုပ်ကြတာပေါ့
” အဲဒီမှာ ကိုရင်တစ်ပါး အမှိုက်မကျုံးဘဲနေတာနဲ့ ကိုယ်တော်တစ်ပါးက ရိုက်ပြီးခိုင်းတယ်ကွ။ အရိုက် ခံရတဲ့ ကိုရင်လဲ ငိုယိုပြီး အမှိုက်ကျံုး၊ အမှိုက်ပစ်ရင်း ဆုတစ်ခုတောင်းတယ်။ ဘာဆုလည်းဆိုတော့ ” ဤအမှိုက် ကျံုးရတဲ့ ကုသိုလ်ကံကြောင့် နိဗ္ဗာန်မရောက်မချင်း ဖြစ်လေရာဘဝ၌ မွန်းတည့်နေမင်းကြီးကဲ့သို့ ဘုန်းတန်ခိုး ကြီးရပါလို၏ ” တဲ့။
” ကိုရင် အမှိုက်ကျုံးပြီး ဂင်္ဂါမြစ်မှာ ရေသွားချိုးတော့ ဆုတစ်ခုထပ်တောင်းတယ်။ ” ကျွန်ုပ်သည် နိဗ္ဗာန်မ ရောက်မချင်း ဖြစ်လေရာဘဝ၌ ဂင်္ဂါလှိုင်းအဟုတ်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော မကုန်နိုင်သော ဉာဏ်ရှိသူ ဖြစ်ရပါလို၏ ” လို့ တောင်းပြန်ရော။
” ကိုရင်ကိုရိုက်တဲ့ ကိုယ်တော်လဲ ရေချိုးဖို့လာတော့ ကိုရင်ဆုတောင်းသံကို ကြားသွားတဲ့အခါ အားကျ မခံ ဆုတောင်းတာပေါ့ ။ ” ငါသည် နိဗ္ဗာန်မရမချင်း ဖြစ်လေရာဘဝ၌ ဂင်္ဂါမြစ်ရေအဟုတ်ကဲ့သို့ မကုန်နိုင်မ ခန်းနိုင်သောဉာဏ်ရှိသူ ဖြစ်ရပါလို၏။ ဤကိုရင် မေးတိုင်းမေးတိုင်း ပြဿနာအလုံးစုံကို ဖြေရှင်းနိုင်တဲ့သူ ဖြစ်ရ ပါလို၏ ” တဲ့။
” သူတို့နှစ်ပါးလဲ တံမြက်စည်းလှည်း၊ အမှိုက်ကျုံးတဲ့ ကုသိုလ်ကြောင့် ပျံတော်မူတဲ့အခါ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်နဲ့ အကြိမ်ကြိမ်ဖြစ်ပြီး ငါတို့ဂေါတမမြတ်စွာဘုရား သာသနာတော်မှာ အမှိုက်ကျံုးတဲ့ကိုရင်က မိလိန္ဒဆိုတဲ့ ဘုန်းတန်ခိုးကြီးတဲ့ဘုရင် ဖြစ်လာတယ်။ တံမြက်လှည်းတဲ့ကိုယ်တော်က နာဂသေနဆိုတဲ့ ရဟန္တာ ဖြစ်လာတယ်။
” မိလိန္ဒမင်းကြီးက ပုစ္ဆာတွေအမျိုးမျိုးမေး၊ မေးသမျှကို အရှင်နာဂသေနဆိုကလဲ အကုန်ဖြေနိုင်တာနဲ့ မိလိန္ဒမင်းကြီးလဲ အရှင်နာဂသေနဆီမှာ တပည့်ခံပြီး ရဟန်းဝတ် တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်ရော ဆိုပါတော့ဗျ”
“တံမြက်စည်းလှည်းတဲ့အကျိုးက
မနည်းပါလားဆရာ”
“ဟုတ်တယ် ကိုလူမောင်
ရှေးရှေးဆရာတော်ကြီးတွေတောင် ဝေယျဝစ္စအလုပ်တွေမညည်းမညူ လုပ်ခဲ့ကြတာဗျ”
“ပြောပါဦးဆရာ ကုသိုလ်ယူရအောင်လို့”
“ဘုရာရွင္လက္ထပ္က
လက်ယာရံရှင်သာရိပုတ္တာရာ ကိုယ်တော်မြတ်ကြီးက ကျောင်းတိုက်ထဲ နေစဉ် တံမြက်စည်းလှည်းနေ ကျပေါ့။ တစ်ခါကျတော့ နိရာဓသမာပတ်ဝင်စားဖို့ အရှင်မြတ်က လူမနီးသည့် ဟိမဝန္တာတောင်ကြိုချောက်ကြားသို့ ချည်းကပ် လာခဲ့တယ်။ အရေးမကြီးဟု ယူဆပြီး တံမြက်စည်းမလှည်းဘဲ နိရောဓသမာပတ် ဝင်စားနေလိုက်တယ်တဲ့။ နိရောဓ သမာပတ် ဝင်စားနေစဉ် စိတ်၊ စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော အချို့ရုပ်များ ချုပ်ငြိမ်းနေ၍ ပတ်ဝန်းကျင် ကို ဘာမျှမသိတော့ဘူး။
နိရောဓ သမာပတ်မှထသောအခါ ပြန့်ကျဲနေသော အမှိုက်များကြားတွင် ဘုရားရှင်၏ ခြေတော်ရာကို တွေ့လိုက်ရသဖြင့် အံ့သြသွားတာပေါ့ “အလို…နိရောဓသမာပတ်ဝင်စားနေစဉ် ဘုရားကိုယ်တော်မြတ်ကြီး ရောက်နေတာပါတကား။ ငါတံမြက်စည်းမလှည်းတာ သိသွားချေပေါ့ ” ဟု ဆင်ခြင်နှလုံးသွင်းကာ သံဝေဂ ဖြစ်တော်မူတယ်တဲ့
အဲဒီကစလို့ ရှင်သာရိပုတ္တရာကိုယ်တော်က ပရိနိဗ္ဗာန်စံသည်အထိ နေ့စဉ်တံမြက်စည်းလှည်းသည့် ကျင့်ဝတ်ကို အပျက်မခံတော့ဘူးတဲ့
( ပရိဝါ အ႒ကထာ )
” ကြည်ညိုစရာကောင်းလိုက်တာနော်”
“ဟုတ္တယ္ဗ်
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားဆိုရင် ” ငါ သံသရာအဆက်ဆက် သားကျွန်၊မယားကျွန်ဖြစ်ခဲ့တာများခဲ့ပြီ ..ဒီဘဝတော့ သံဃာ့ကျွန်လုပ်ပါရစေဆိုပြီး တံမြက်စည်း လှည်း၊ သံဃာတွေအတွက်သုံးရေ သောက်ရေဖြည့်တာမျိုး နိစ္စဓူဝ ဆောင်ရွက်တယ်လို့မှတ်သားရဖူးတယ်”
“ဒါဆိုဝေယျဝစ္စကုသိုလ်တွေက အမြဲလုပ်သင့်တာပေါ့နော်ဆရာ “
” လုပ်သင့်တာပေါ့ဗျ ဒါကြောင့်လဲ တံမြက်စည်းလှည်းဖို့ ဝေယျဝစ္စလုပ်ဖို့ကျွန်တော်အမြဲတိုက်တွန်းတာပေါ့ …ဗုဒ္ဓယတြာအနေနဲ့လေ။
ဒီဘက်ခေတ်မှာ အလုပ်အကိုင်တွေက အပြိုင်အဆိုင်အရမ်းပေါတယ်။ လုပ်ငန်းတူတစ်ဆိုင်နဲ့တစ်ဆိုင် အပုပ်ချ ပြဿနာရှာ သပုပ်လေလွင့်ပြောတာမျိုးခံစားနေရတယ်ဆိုရင် အခုလို တံမြက်စည်းလှည်းခိုင်းလေ့ရှိတယ်ဗျ ..အဆင်ပြေကြတာပါပဲ….
ဆိုင်အချင်းချင်းသင့်မြတ်သွားကြတယ်။
အထက်လူကြီးငြိုငြင်တာမျိုး မိမိအပေါ်အမြင်မကြည်တာမျိုးတွေ
မိဘနဲ့သားသမီးအချင်းချင်းနားလည်မှုလွဲတာမျိုးတွေ၊မိသားစုအတွင်းစိတ်ဝမ်းကွဲတာမျိုးတွေ ဆို အခုလိုအမှိုက်ကောက်တံမြက်စည်းလှဲတာနဲ့တင် ပြေပျောက်သွားတတ်တယ်
နောက်ပြီး စီးပွားရေးမှာပဲဖြစ်ဖြစ် လူမှုရေးမှာပဲဖြစ်ဖြစ် ရှင်းရှင်းပြောရရင် စားဝတ်နေရေး အတွက်အရမ်းဒုက္ခများနေပြီဆို အခုလိုပဲ ဘုရား၊ဘုန်းကြီးကျောင်း၊သိမ် တွေမှာ ချွေးပြိုက်ပြိုက်ကျသည်ထိ တံမြက်စည်းလှည်းသင့်တယ်
တစ် ရက်နှစ်ရက်တော့ မရဘူးပေါ့ဗျ၊ တစ်လကိုးသတင်းတော့ လှည်းရမှာပေါ့
ပိတ်နေတဲ့ ကုသိုလ်ကံတွေပွင့်သွားတာပါပဲ ….အခက်အခဲကြီးကြီးမားမားတွေကို တံမြက်စည်းလှည်း အမှိုက်ကောက်တာနဲ့တင် အဆင်ပြေခဲ့ပေါင်းများခဲ့ပြီ ကိုလူမောင် …”
“ဒါကြောင့် ဆရာတံမြက်စည်းလှည်းဖို့ ဆရာက ခဏခဏတိုက်တွန်းတာကို”
“ဟုတ်တာပေါ့ဗျ အခုတလောလဲ နောင်တတ်မဲ့အစိုးရက အမှိုက်ကောက်နေတာ တံမြက်စည်းလှည်းနေတာတွေမြင်ရတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်က လှပလာအုံးမယ့် အပြုအမူ နိမိတ်တစ်ခုလို့မြင်မိတယ်ဗျ”
“မှန်တာပေါ့ ဆရာရယ် ဆရာမြင်တဲ့အတိုင်း
ျဖစ္လာမွာပါ”
” စကားပြောလို့တော့ကောင်းတယ် ကိုလူမောင် ..နေလဲနဲနဲမြင့်လာပြီဆိုတော့ ကျွန်တော်တို့ ဆိုင်တစ်ဆိုင်မှာနံနက်စာသွားစားပြီး လမ်းခွဲကြရအောင်”
ကျွန်တော်တို့နှစ်ယောက်
ရွှေမောဓောဘုရားအနောက်ဘက်မုခ်ကနေ
ဆင်းလာခဲ့ကြသည်။ ဘုရားရင်ပြင်မှာတော့ အလှည့်ကျဝတ်အသင်းသားတွေ
ရင်ပြင်တစ်ပတ် ညီညီညာညာ တံမြက်စည်းလှည်းနေလေရဲ့ ……။ ။
သင်ဆရာ ၊မြင်ဆရာ ၊ကြားဆရာများ
အားလုံးကို ဦးခိုက်လျက်
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ဗုဒ္ဓ ဂုဏ်တော်တန်ခိုး

အနှစ် (၃၀)ကြာခဲ့ပါပြီ ။ အခု ကျွန်တော့်အသက်က (၄၈)နှစ် ဆိုတော့ လွန်ခဲ့တဲ့ အနှစ် (၃၀) ၊ အသက် (၁၈)နှစ်သား က,ပေါ့။ အဲဒီနှစ်မှာ ကျွန်တော် (၁၀)တန်းအောင်ပါတယ်။ အဲဒီတုန်းက (၁၀)တန်းအောင်ပြီးရင် တက္ကသိုလ်တွေကို တိုက်ရိုက် မတက်ရ သေးဘဲ “ဒေသကောလိပ်” လို့ ခေါ်တဲ့ ကောလိပ်မှာ (၂)နှစ် ဆက်ပြီး တက်ရပါတယ်။ ပြီးမှ (၁၀)တန်းအမှတ်ရယ် ၊ ဒေသကောလိပ် ပထမ၊ ဒုတိယနှစ်ရယ်က အမှတ်တွေ ပေါင်းပြီးမှ “လိုင်းတွေ” ပြန်ခွဲပါတယ်။ ကျွန်တော်က ဆင်ဖြူကျွန်း ကနေ အောင်တော့ “ရေနံချောင်းဒေသကောလိပ်” မှာ တက်ရပါတယ်။ မကွေးတိုင်းအတွက် ရေနံချောင်းဒေသကောလိပ် ကို သတ်မှတ် ထားပါတယ်။
ဒီလိုနဲ့ ဇွန်လ (၁၀)တန်း အောင်စာရင်းထွက်ပြီး စက်တင်ဘာလထဲမှာ ကောလိပ်တက်ဖို့အတွက် Form ဖြည့်ဖို့ ရေနံချောင်းမြို့ ကို သူငယ်ချင်းတွေနဲ့ ရောက်လာခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက် နေ့ပါ။
မနက်ပိုင်းမှာ ကောလိပ်ဝန်းထဲသွားပြီး လိုအပ်တဲ့ ဖောင်ဖြည့်တာ ၊ ငွေသွင်းတာတွေ လုပ်ပြီး ညနေ (၅)နာရီလောက်မှာ ရေနံချောင်းက တည်းခိုတဲ့ အိမ်မှာ သူငယ်ချင်းတစ်သိုက် စကားဝိုင်းဖွဲ့ပြီး ပြောနေကြပါတယ်။ အဲဒီ အချိန်မှာ (ဖြစ်ချင်လို့လား မသိပါဘူး) ကျွန်တော်ကဘဲ စ,ပြီး “ဟေ့၊ မြစ်ထဲ ရေသွားကူးကြရအောင်” ဆိုပြီး မဲဆွယ်ပါတော့တယ်။ ကျန်တဲ့သူတွေက သိပ်မလိုက်ချင်ဘူးဗျ။ ကျွန်တော်ကဘဲ အရမ်းတက်ကြွနေတာ။
အဲဒီအချိန်က မြစ်ရေတွေ “ကြီး” နေတဲ့ အချိန်ပေါ့။ ကျန်တဲ့သူတွေက “အင်တင်တင်” ဖြစ်နေတာကို ကျွန်တော်က အရမ်း လှုံ့ဆော်လိုက်တော့ နောက်ဆုံး သူငယ်ချင်း (၅)ယောက်ဟာ မြစ်ဆိပ်ကို ဆင်းလာကြတော့တာပေါ့ဗျာ။ ကျွန်တော်တို့ တည်းတဲ့ အိမ်က မြစ်ဆိပ်နဲ့ တစ်ဖာလုံလောက်ဘဲ ဝေးတာ ဆိုတော့ မကြာခင်ဘဲ မြစ်ဆိပ်ကို ရောက်လာပါတယ်။
ရေက အရမ်းတက် နေတဲ့ အချိန်ဖြစ်တော့ မြစ်ရေကလည်း ဒလဟော “ဝါးလုံးထိုး” စီးဆင်းနေပါတယ်။
မြစ်ဆိပ်လည်းရောက်ရော ကျွန်တော်တို့လည်း အဝတ်အစားတွေချွတ်၊ ဘောင်းဘီတိုလေးတွေနဲ့ ရေကူးကြတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ရေနံချောင်းသား တစ်ယောက်ပါတယ်ဗျ။ သူက ကျွန်တော်တို့ကို မြစ်ဆိပ်ကနေကြည့်ရင် ပေ(၇၀)လောက်မှာ ရှိတဲ့နေရာကို လက်ညှိုးညွှန်ပြပြီး “အဲဒီနေရာမှာ သစ်ငုတ်တိုကြီး ရှိတယ်။ အဲဒီနေရာကို ရေပြိုင်ပြီး ကူးကြရအောင်” ဆိုပြီး ပြောတော့ လူငယ်တွေဘဲဗျာ၊ တုန့်ဆိုင်းမနေဘဲ ဝုန်းကနဲ ဒိုင်ပင်ပစ်ပြီး အဲဒီ သစ်ငုတ်ကြီးရှိရာကို အပြိုင်အဆိုင် ကူးကြတော့တာပေါ့။ တကယ်တော့ အဲဒီ သစ်ငုတ်ကြီးက မြစ်ရေမကြီးရင် ကုန်းပေါ်မှာ ရှိနေတာပါ။ မြစ်ရေတက်လာတော့ ဒီငုတ် ကြီးလည်း မြုတ်သွားတော့တာပေါ့။
အမှန်အတိုင်းပြောရရင် အဲဒီအချိန်က ကျွန်တော်က ရေကူးတတ်ခါစဘဲ ရှိသေးပြီး သိပ်မကျွမ်းကျင်လှပါဘူး။ ဆင်ဖြူကျွန်းမြို့ မှာ ကျွန်တော်တို့အဖေပိုင်တဲ့ (၅)ဧကလောက်ကျယ်တဲ့ ဥယာဉ်ခြံကြီး တစ်ခု ရှိပါတယ်။ အဲဒီထဲမှာရေကန် (၃)ကန် ရှိပါတယ်။ အဲဒီ ရေကန်ထဲမှာ အဖေ့အလစ်မှာ ရေဆင်းကူးရင်းနဲ့ ကူးတတ်သွားတာပါ။ ဒါပေမယ့် အဲဒီတုန်းက “ကန်ရေဆိုတာ – ရေသေ ၊ မြစ်ရေချောင်းရေဆိုတာ – ရေရှင်” ဆိုတဲ့ သဘောတရားကို နားမလည်သေးဘူး။ ရေသေမှာ ကူးတတ်ပေမယ့် ရေရှင်မှာ ကူးတတ်ပါမယ်လို့ မဆိုနိုင်သေးဘူး။ ကျွန်တော်က အဲဒီတုန်းက “ရေသေ” မှာ ကူးတတ်တာလေးနဲ့ “ရွပိုးထိုးပြီး” ရေရှင်မှာ ကူးဖို့ ကျွန်တော်က စ,ခေါ်လိုက်ပေမယ့် ဒီလို မြစ်ထဲ၊ ချောင်းထဲမှာ ရေကူးတဲ့ အတွေ့အကြုံတော့ မရှိသေးဘူး ခင်ဗျ။
ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်း (၅)ယောက် အားသွန်ခွန်စိုက် ကူးလိုက်ကြတာ မကြာခင်ဘဲ သစ်ငုတ်ကြီးပေါ် ရောက်သွား ကြပါတယ်။ သစ်ငုတ်ကလည်း ဘယ်လောက်ကြီးလဲဆိုရင် လူငါးယောက်လုံး ရပ်နေလို့ပါတယ်။ သစ်ငုတ်ပေါ် ရပ်နေတော့ မြစ်ရေက ကျွန်တော်တို့ “ခါး” လောက်ရှိတာပေါ့။ ရေကလည်း ရေတက်ချိန်ဆိုတော့ဝါးလုံးထိုး စီးနေတာမို့ သစ်ငုတ်ပေါ်မှာ ဟန်ချက်မပျက်အောင် ထိန်းပြီးရပ်နေရပါတယ်။ မြစ်ရေကလည်း “အေးစက်” နေပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်မှာ ရှိတဲ့ ရောဂါဟောင်းလေးက “ထ” လာပါတော့တယ်။ အဲဒါကတော့ ရာသီဥတုအေးလာရင် “ကြွက်တက်” တဲ့ ရောဂါခင်ဗျ။ ယနေ့ ထိအောင် ဒီရောဂါက ရှိနေပြီး ဆောင်းတွင်း သိပ်အေးလာရင် ညအိပ်နေရင်း ကြွက်မကြာခဏ တက်တတ်ပါတယ်။
အဲသည်လို သစ်ငုတ်ကြီးပေါ်မှာ ရပ်နေရင်း “ကြွက်တက်” လာတော့ ကျွန်တော် ခြေသလုံးကို ကုန်းပြီးနှိပ်ရတော့တာပေါ့။ အဲဒီတော့ သူငယ်ချင်းတွေက ဘာဖြစ်တာလဲ မေးတော့ ကျွန်တော်က ကြွက်တတ်နေတဲ့အကြောင်း ပြန်ပြောတော့ သူငယ်ချင်း တွေက “ကမ်းနားက လှေတစ်စင်း” ကို လှမ်းခေါ်ဖို့ လုပ်ကြပါတယ်။ အဲဒီနေရာမှာ ကျွန်တော့်စိတ်ထဲမှာ တွေးလိုက်မိတာက “အင်း-လာတုန်းကတော့ အားလုံးအတူ ကူးလာနိုင်ပြီး၊ ပြန်တဲ့အခါကျမှ ငါကလှေစီးပြန်၊ သူတို့က ရေကူးပြန် ဆိုတော့ ရှက်စရာကြီး” ဆိုပြီး မရှက်သင့်တဲ့နေရာမှာ ရှက်လိုက်မိပါတယ်။
ဒါကြောင့် “ရပါတယ်ကွာ- ဘာမှ မဖြစ်ပါဘူး၊ ခဏနေ သက်သာသွားမှာပါ” ဆိုပြီး ငြင်းလိုက်မိတယ်ဗျ။ ခဏနေတော့ သက်သာသွားတာမို့ အားလုံး ကမ်းဆီကို ပြန်ကူး ကြမယ်ဆိုပြီး စ,ကူးကြတာပေါ့ဗျာ။ ကျွန်တော်က ရေကူးလည်း သိပ်မကျွမ်းကျင်သေးတာကတစ်ကြောင်း၊ ကြွက်ကလည်း တက်နေတာကြောင့် တစ်ကြောင်း သစ်ငုတ် နဲ့ ကမ်းစပ် အလယ် လောက်လည်း ရောက်ရော ကျွန်တော်က နောက်ဆုံးမှာ ကျန်ခဲ့ပြီး သူငယ်ချင်းတွေက ရှေ့ကို ရောက်သွားကြပါတယ်။ အဲဒီ အချိန်မှာဘဲ စောစောက သက်သာသလို ရှိနေတဲ့ ကြွက်တက် ဝေဒနာက ပြန်ပေါ်လာတော့တာဘဲဗျို့။
ရေကူးတယ်ဆိုတာ လက်ချည်း ကူးရတာမဟုတ်ဘဲ ခြေလက်အားလုံး လှုပ်ရှားမှ ကူးလို့ရတာဆိုတာတော့ ရေကူးတတ်သူ တွေဆိုရင် သိပါလိမ့်မယ်။ ခြေတစ်ဖက်က ကြွက်တက်ပြီဆိုတော့ ဘယ်လိုမှ ဆက်ကူးမရတော့လို့ “ငါတော့ ကြွက်တတ် နေပြီ” လို့ ရှေ့ရောက်နေတဲ့ သူငယ်ချင်းတွေကို လှမ်းအော်ပြောလိုက်တော့ သူငယ်ချင်း (၄)ယောက်ထဲမှာ (၃)ယောက်က တော့ ကျွန်တော့်ဆီ ကူညီဖို့ ပြန်ကူးလာကြပေမယ့် တစ်ယောက်ကတော့ ကမ်းဆီကို အမြန်ကူးပြေးတော့တာဘဲဗျို့။ ရေနစ်တဲ့သူကို ကူရင် ကိုယ်ပါ ရေနစ်သေတတ်တယ်လို့ တွေးမိလို့ နေမှာပေါ့လေ။
အဲဒီအချိန်မှာ ကံဆိုးချင်တော့ ပထမ ခြေသလုံးတစ်ဖက်ဘဲ တက်နေရာက နောက်ထပ် ခြေသလုံးတစ်ဖက်ပါ ကြွက်က တက်လာပြန်ရောဗျ။ ခြေနှစ်ဖက်လုံး ကြွက်တက်ပြီ ဆိုတော့ ဘယ်လိုမှ ကိုယ်ကို “မဖော့” နိုင်တော့ဘဲ လူက ဒေါင်လိုက် ရေထဲကို နစ်သွားတော့တာပေါ့။ သူငယ်ချင်း (၃)ယောက်လဲ တတ်နိုင်သလောက် လိုက်ဆယ်ကြပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လူတွေက လူငယ်တွေ . . ဒါမျိုးလည်း အတွေ့အကြုံမရှိကြတော့ ရေနစ်နေတဲ့ လူတစ်ယောက်ကို ဘယ်လို နည်းစနစ်ကျကျ ကယ်ရမယ်ဆိုတဲ့ နည်းမျိုးလည်း မသိကြဘူးလေ။
ဒါကြောင့် ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်ဘဲ ကျွန်တော်သာ ရေထဲမှာ မြုတ်ချည်ပေါ်ချည်နဲ့ မြစ်လယ်ကို တဖြည်းဖြည်း မျောသွားတော့တာပေါ့။ သူငယ်ချင်းတွေလည်း နောက်ဆုံး လက်လျော့သွားကြဟန်တူပါတယ်။
ကျွန်တော်မှာတော့ အဲဒီအချိန်မှာ တစ်ကိုယ်တည်း “သေမင်းနဲ့စစ်ခင်း” နေရတာပေါ့။ ရေထဲမြုတ်သွား လိုက်၊ မြစ်, ကြမ်းပြင်နဲ့ ခြေထောက်နဲ့ ထိရင် “ ဒူးကွေးပြီး ပြန်ကန်တင်” လိုက်တော့ ပြန်ပေါ်လာပြီး ရေပေါ်ပြန်ရောက်လာလိုက်၊ ပြီးတော့ ခြေထောက်က လှုပ်မရတော့ ပြန်မြုတ်သွားလိုက်နဲ့ အကြိမ်ပေါင်း ဘယ်လောက် ရှိမလဲဆိုတာတောင် မပြောတတ် တော့ပါဘူး။
ရေကလည်း “ဝါးလုံးထိုး” စီးနေတော့ ဒီနေရာမှာ မြုတ်သွားလိုက် နောက် ပေ (၃၀)လောက်အကွာမှာ ပြန်ပေါ် လိုက်နဲ့ပေါ့ဗျာ။ မှတ်မိသေးတယ်ဗျ။ မြစ်ကြမ်းပြင်နဲ့ ခြေထောက်နဲ့ ထိလိုက်တဲ့အချိန်မှာ မြစ်ကြမ်းပြင်ပေါ်မှာ ရေစီးအား ကြောင့် ကျောက်ခဲလေးတွေ လိမ့်နေတာကို သိဖြစ်အောင် သိလိုက်သေးတယ်။
မြစ်လယ်ဖက်ကို ရောက်လာတာနဲ့အမျှ ရေကလည်း နက်သည်ထက် နက်လာတယ်။ တစ်ခါမြုတ်သွားပြီး ပြန်ပေါ်လာတဲ့အချိန်ဟာ (၂)မိနစ် (၃)မိနစ်လောက်တောင် ကြာလာတယ်။ ရေကို ရှုသွင်းလိုက်တာနဲ့ အသက်ပျောက်ရမယ်ဆိုတာ သိထားတော့ အသက်ကို ကြိုးစားပြီး အောင့်ထား ရတာပေါ့။
နောက်ဆုံး “ငါသေရတော့မှာဘဲ” ဆိုတဲ့အသိဝင်လာတဲ့ အချိန်များ ကြောက်လိုက်တာဆိုဗျာ- မပြောပါနဲ့တော့။ “ငါ မသေချင် သေးဘူး။ အခုမှ ငါ့အသက် အငယ်လေး ရှိသေးတာ” ဆိုတဲ့အတွေးတွေကလည်း ဒီလောက် အပြင်းအထန် ရုန်းကန်နေတဲ့ ကြားထဲမှာကို တွေးမိသေးတယ်။
နောက်ဆုံးအကြိမ်ရေထဲက ပေါ်လာတဲ့အချိန်မှာ ကမ်းခြေဆီကို သတိ “မလစ်တစ်ချက်၊ လစ်တချက်နဲ့” လှမ်းကြည့်လိုက်တော့ ကမ်းခြေနဲ့က အတော်ကြီး ဝေးသွားပြီဗျ။ ကိုယ့်အနားမှာလည်း ကယ်မယ့်ယူမယ့်သူ ဆိုလို့ တစ်ယောက်မှ မရှိတော့ဘူး။ အဲဒီအချိန်မှာ ငါတော့ အမှန်တကယ် သေရတော့မှာဘဲလို့ နားလည်လိုက်ပါတော့တယ်။ ဒီလို သေခြင်းတရားကို လက်ခံလိုက်တဲ့အချိန်ရောက်မှ သေရင်ဘဝကူးကောင်းအောင် ဆိုပြီး ဘုရားစာရွတ်ဖို့ သတိရတော့ တယ်။
အဲဒီတုန်းက ကျွန်တော်ရတာဆိုလို့ “ဂုဏ်တော်(၉)ပါး” တစ်ခုလောက်ဘဲ ရှိသေးတာ။ ဒါနဲ့ “ဣတိပိသော ဘဂဝါ . . အစ, ချီတဲ့” ဂုဏ်တော်ကိုးပါး ကို စ, ပြီး ရွတ်တော့တာဘဲဗျို့။
အခုအချိန်မှာ ပြောနေတာတွေကမှ ကြာပါသေးတယ်။ အဲဒီ အချိန်မှာ ဖြစ်နေတဲ့ စိတ်တွေက သိပ်မြန်တာကလားဗျ။ “ငါတော့ သေရတော့မှာဘဲ . . . ငါမသေချင်သေးဘူး . . . မရတော့ဘူး ငါသေ ရတော့မယ် . . . ဘုရားစာတော့ ရွတ်ဦးမှ ဖြစ်မယ်” ဆိုတာတွေက စိတ်ထဲမှာ ဖျတ်ကနဲ ဖျတ်ကနဲ ဖြစ်နေတာ အခု ခင်ဗျား စာဖတ် နေတာထက် အများကြီး မြန်ပါတယ်။ ဒါနဲ့ ရေထဲကို နောက်ဆုံးနစ်သွားချိန်မှာ စပြီး ရွတ်လိုက်တဲ့ “ဣတိပိသော ဂုဏ်တော်ဟာ “. . . ဗုဒ္ဓေါ၊ ဘဂဝါ” ဆိုတဲ့ ဂါထာအဆုံးမှာတော့ မြစ်ကြမ်းပြင်နဲ့ ခြေထောက်နှစ်ဘက်နဲ့ ထိသွားပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားတယ်။ ဖျတ်ကနဲဘဲနော်။ အခုပြောနေတာကမှ ကြာပါသေးတယ်။ “ငါအခု ခြေထောက် နဲ့ ပြန်ကန်တက်ရဦးမလား၊ ဒါမှမဟုတ် ဒီအတိုင်း အသက်ရှုသွင်းလိုက်ပြီး အသေခံတော့မလား” ပေါ့။ အမှန်ကတော့ လူက သိပ်ပင်ပန်းနေတော့ လက်လျော့ချင်နေပြီ။ သေမှာလို့လည်း အမှန်ယုံကြည်နေပြီ။
ဒါပေမယ့် လူဆိုတာ နောက်ဆုံးအချိန် အထိတော့ မျှော်လင့်ချက်ရှိသေးတယ်ဆိုတဲ့စကားဟာ မှန်တယ်ပြောရမှာဘဲ။ ဒါနဲ့ နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ ခြေထောက်ကို မြစ်ကြမ်းပြင်နဲ့ ကန်တင်လိုက်လို့ ရေပေါ်ကို ခေါင်းပေါ်လာချိန်မှာဘဲ . . . . . . . . . . လား . . . လား ကိုယ့်ခေါင်းဘေးမှာ မဲမဲကြီးတစ်ခု တွေ့လိုက်လို့ လက်နဲ့ လှမ်းဖက်လိုက်တော့ “ဘောကွင်းကြီး” ဗျ။ ဘယ်ကနေ ဘယ်လို ရောက်လာလဲ မသိပါဘူး။
အဲဒီအချိန်မှာ ကျွန်တော်လည်း သတိလစ်တစ်ချက် ၊ မလစ်တစ်ချက်ဖြစ်နေပြီ။ ဒီတော့ ကျွန်တော်လည်း နောက်ဆုံးရှိတဲ့ ခွန်အားနဲ့ ဘောကွင်းကြီးကို အတင်းဖက်ထားတော့တာပေါ့ဗျာ။ ဒီတော့မှ ကမ်းခြေက လှမ်းကြည့်နေကြတဲ့ လူတွေ လှေတွေနဲ့ လိုက်လာပြီး ကျွန်တော့ကို ဆယ်ကြတော့တာပေါ့ဗျာ။
ဖြစ်ပုံကတော့ ကျွန်တော်ဒီလို မြုတ်လိုက်၊ ပေါ်လိုက် ဖြစ်နေချိန်မှာ ဆိပ်ကမ်းအောက်ဖက် ကမ်းခြေတစ်နေရာမှာ ကပ်ထားတဲ့ မော်တော်တစ်စင်းပေါ်ကနေ လူတစ်ယောက်က ဘောကွင်းကို ကျွန်တော်ပေါ်လောက်မယ့်နေရာဆီ မှန်းပြီး ပစ်လိုက်တာ ကံကောင်းချင်တော့ သေကံမရောက်၊ သက်မပျောက်ဆိုတာလို ကျွန်တော်ပြန်ပေါ်လာတဲ့ ခေါင်းပေါ်တဲ့တဲ့ဆီကို ရောက်လာ တော့တာဘဲ။
အဲဒီအချိန်မှာ ဒီဘောကွင်းဟာ ကျွန်တော်နဲ့ ငါးပေအကွာလောက်မှာ ရှိတယ်ဆိုရင်တောင်မှ ကျွန်တော် လက်မလှမ်းနိုင်တော့ပါဘူး။ အင်အားက ကုန်ခမ်းနေပါပြီ။ လူကလည်း သတိလစ်စ ပြုနေပါပြီ။ ကျွန်တော် မြုတ်လိုက် ပေါ်လိုက် ဖြစ်နေတဲ့နေရာနဲ့ အဲဒီ မော်တော်နဲ့က ပေ (၅၀)လောက် ဝေးပါတယ်။ ကျွန်တော် ရေအောက်ကို ရောက်နေချိန်မှာ ပေ(၅၀)လောက်ဝေးတဲ့နေရာကနေ ရမ်းသမ်း ပစ်လိုက်တဲ့ ဘောကွင်းကြီးဟာ ကျွန်တော်ပြန်ပေါ်မယ့် နေရာအတည့်ကို ကျလာတယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုလို့ ပြောဖို့ ခက်လှပါတယ်။
မြစ်ရေက တလဟော စီးဆင်းနေတော့ မြုတ်သွားတဲ့ နေရာတဲ့ ပြန်ပေါ်တဲ့ နေရာက ပေ(၃၀-၄၀)လောက် ကွာတယ်လေ။ ဒါကို ဘောကွင်းပစ်တဲ့လူကလည်း မှန်းပြီးပစ်ရတာပေါ့။ ဘောကွင်းနဲ့ကျွန်တော် (၅)ပေလောက်ကွာရင်တောင်မှ ကျွန်တော် လှမ်းမဖမ်းနိုင်လောက်အောင် အင်အားကုန်ခမ်းနေချိန်မှာ ခေါင်းပေါ်ကို အတည့်ကျလာတာ အတော်ဆန်းကျယ်လှပါတယ်။
ဒါကြောင့် ဒီလို အသက်ဘေးကလွတ်မြောက်လာတာဟာ နောက်ဆုံးအချိန်မှာ ရွတ်ဆိုလိုက်တဲ့ “ဂုဏ်တော်(၉)ပါး” တန်ခိုးတော်ကြောင့် လို့သာ ကျွန်တော်တော့ ယနေ့အချိန်အထိ အခိုင်အမာ ယုံကြည်ထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြောစရာ တစ်ခု ရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀)လောက်က “တန်ခိုးထက်မြက်သော ဗုဒ္ဓဂုဏ်တော်များ နှင့် ကိုယ်တွေ့ဖြစ်ရပ်များ” ဆိုတဲ့စာအုပ် ဟာ Best Seller ဖြစ်ခဲ့ဘူးပါတယ်။ စာအုပ်ပြုစုသူကတော့ “မင်းသူရိန်” လို့ ထင်ပါတယ်။
ဒီစာအုပ်ထဲမှာ “ဗုဒ္ဓ၏ ဂုဏ်တော်” တွေကြောင့် အသက်ဘေးကလွတ်မြောက်သူတွေ၊ အခက်အခဲ အကြပ်အတည်းမျိုးစုံက လွတ်မြောက်သူတွေ အကြောင်းကို စာရေးသူက ကိုယ်တွေ့ အင်တာဗျူးပြီး ရေးထားတဲ့စာအုပ်ပါ။ အလွန်နာမည်ကြီးပြီး အလွန်ရောင်းကောင်းခဲ့တဲ့စာအုပ်ပါ။ အသက် (၄၀)(၅၀)ဝန်းကျင် တွေ မှတ်မိကြပါလိမ့်မယ်။
လူ့လောကမှာ ဖြစ်ရပ်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရင် “ထောက်ခံပြောဆိုသူ” နဲ့ “ကန့်ကွက်ပြောဆိုသူ” ဆိုတာ အစဉ်ရှိကြ စမြဲပါ။ ဒီစာအုပ် ဒီလို နာမည်ကြီးလာတော့လည်း ဗုဒ္ဓဂုဏ်တော်တွေကို အကြွင်းမဲ့ ယုံကြည်သူတွေ ရှိသလို၊ မယုံကြည်လို့ ကန့်ကွက်ပြောဆိုသူ တွေလည်း ရှိပါတယ်။(ဗုဒ္ဓဘာသာတွေနော်)
သူတို့ပြောပုံက “ဂုဏ်တော်တွေရွတ်ပြီး မသေတဲ့သူတွေကသာ သူတို့ မသေရတာ ဂုဏ်တော်ကြောင့်လို့ပြောတာပေါ့၊ ဂုဏ်တော်ရွတ်ရင်း သေသွားသူတွေက (သေ,သွားမှတော့) ဘယ်လိုလုပ်ပြီး ပြန်ပြောနိုင်တော့မှာလဲ” တဲ့။ အင်း- သူတို့ ပြောတာကလည်း ဟုတ်သလိုလိုဘဲ။ တော်တော်စဉ်းစားစရာ ကောင်းတဲ့ စကားပါဘဲ။ ဒီလိုမျိုးလည်း ရှိချင် ရှိနိုင်တာဘဲလေ။ ဖြစ်နိုင်တာဘဲ။ မဖြစ်နိုင်ဘူးလို့မငြင်းချင်ပါဘူး။
သို့သော်ငြားလည်း လွန်ခဲ့သော နှစ်ပေါင်း (၃၀)ခန့်က ယခုဆောင်းပါးကို ရေးနေသော ကျွန်ုပ်တည်းဟူသော သကောင့်သား တစ်ယောက်ကမူ “ဗုဒ္ဓ၏ဂုဏ်တော်” ကို ရွတ်ဖတ်အပြီးမှာ အသက်ဘေးကနေ မယုံကြည်နိုင်စွာ လွတ်မြောက်ခဲ့ရကြောင်းပါ ခင်ဗျား။
ထို့နောက် ဆက်လက်ဖော်ပြချင်သည်မှာ ထို , အကျွန်ုပ်သည် ဗုဒ္ဓဟူးသားဖြစ်သောကြောင့် အသက် (၁၈)နှစ်သည် (9)ဂဏန်းဖြစ်၍ သက္ခတ်ဗေဒင်အရ “စနေသက္ခတ်” အတွင်း ကျရောက်နေပြီး ထိုမြစ်ဆိပ်ကမ်းသည်လည်း “စနေနံဘုရား” ဟု အမည်နာမရှိသော ဘုရားစေတီ၏ ခြေရင်းတွင် ရှိသော ဆိပ်ကမ်းဖြစ်ကြောင်း ဗေဒင်ရှုထောင့်မှ ဆက်လက်တင်ပြ လိုက်ရပါသည်ခင်ဗျား။ 9 ဂဏန်း(အင်္ဂါ)+စနေ= Accident .
.(၇)ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးနှင့် သဘာဝဘေးဥပဒ်များမှ လွတ်ကင်းနိုင်ကြပါစေကုန်သော်။
ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
ဗုဒ္ဓ၏ ဂုဏ်တော်တွေရဲ့စွမ်းပကားကြီးမားပုံကိုသိစေလို၍ ကျွန်တော်လေးစားတန်ဖိုးထားရသော
ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ) ၏ဆောင်းပါးအား ပြန်လည်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

သောကကင်းစေ…..ချမ်းသာစေ

ဒီတခါ ဝေမျှချင်တဲ့ အကြောင်းအရာလေးတခုရှိပါတယ်။
ဗေဒင်ဆရာဘဝ … တွေ့ရကြုံရတဲ့ အပူသည်တွေကို မိမိတတ်နိုင်သည့် ပညာဖြင့် ကူညီပေးခဲ့ပေါင်းမနည်းတော့။ အခုအခါလဲ လက်တွေ့အကျိုးပေးပြီး လူအများရဲ့ သောကတွေကို ငြိမ်းအေးစေ၍ ချမ်းသာမှုတွေပွားစည်စေတဲ့ဂါထာတစ်ပုဒ်အကြောင်းပါ။
ကဲ …ဘယ်လိုသောကအပူတွေငြိမ်းစေသလဲဆိုရင်…
******************************************
“ဆရာ ယောကျ်ားက အခုတလောအိမ်သိပ်မကပ်ဘူးဆရာ … ရုံးမှာ O.T ရှိတယ်ဆိုပြီး မိုးချုပ်မှအိမ်ပြန်လာတတ်တယ် ၊ သူ့ရုံးမှာအလုပ်လုပ်နေတဲ့ သမီးသူငယ်ချင်းရဲ့ညီမကို စုံးစမ်းကြည့်တော့ ညနေ၅ နာရီဆို
ရုံးက စာရေးမတစ်ယောက်နဲ့ထွက်သွားတာတဲ့။
O.Tက မရှိဘူးတဲ့ဆရာ …သမီးကိုယ်တိုင်လိုက်စုံစမ်းကြည့်တော့ သူ့လက်အောက်က စာရေးမတစ်ယောက်နဲ့ ဘာလိုလိုဖြစ်နေကြတယ်တဲ့ ….ကူညီပါဦးဆရာ”
” ဆရာသမီးမှားတာပါ… ဟိုးနေက လင်မယားချင်းစကားများတာ သမီးပြောတာနည်းနည်းလွန်သွားတယ်
ဆရာ ..သူစိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားတယ် ..ဖုန်းဆက်တော့လဲဖုန်းပိတ်ထားတယ် ဆရာ
ပြန်မလာတာဆယ်ရက်ကျော်ပြီ…..”
“ဆရာ..သားႀကီးက သေဘၤာသားပါဆရာ။
အခုသားကြီးက ပြန်လာရမဲ့ contractဆိုလား ဘာဆိုလားပြည့်နေပြီတဲ့။လာလဲမဲ့သူကလည်း မလာသေးလို့တဲ့ဆရာ … သင်္ဘောပေါ်ကနေသူ့ကပြန်လာချင်ပြီ။ သူအမြန်ပြန်လာဖြစ်အောင် ဒီကနေဘာယတြာလုပ်ရမလဲဆရာ”
“ဆရာ အမျိုးသားကဗိုလ်ကြီးပါဆရာ
သူရှေ့တန်းထွက်ပြီဆိုရင် သမီးမှာ ရသမျှဂုဏ်တော်တွေ
ဂါထာတွေမပြတ်ရွတ်ပါတယ်ဆရာ
သူရှေ့တန်းကနေ အန္တရာယ်ကင်းကင်းပြန်လာဖို့…ဘာလုပ်ရမလဲဆရာ”
” ဆရာရေ ဒီနှစ်ဘာဖြစ်လဲမသိဘူး
ဘာလုပ်လုပ်အဆင်မပြေဘူး
အောက်လမ်းနဲ့တိုက်ထားလားကိုမသိဘူး”
” ဆရာ ကလေးက ဘာဖြစ်လဲမသိဘူး
ညညလန့်လန့်ပြီးထထငို နေတော့တာပဲ
ဆရာဝန်နဲ့လဲပြတယ်ဆရာ
ဘာရောဂါမှအထွေအထူးမရှိဘူး”
အထက်ပါအတိုင်းပြောခဲ့ကြသည့်အခက်အခဲတွေကို
အံသြစရာကောင်းစွာ ထိုဂါထာလေးရွတ်ဆိုခိုင်း၍
ကျော်လွှားနိုင်ခဲ့တာ လက်တွေ့ပင်။ အထူးသဖြင့်
*ခြေရှုပ်တဲ့အမျိုးသားအတွက်စိတ်ညစ်ရတဲ့အိမ်ရှင်မတွေ
*နိုင်ငံရပ်ခြားပဲဖြစ်ဖြစ်
မွေးရပ်နဲ့အဝေးကြီးမှာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲဒုက္ခရောက်ပြီး မွေးရပ်အမြန်ပြန်ချင်သူတွေ
* အိမ်ကနေထွက်သွားပြီး အဆက်အသွယ်မရတဲ့ မိသားစုဝင်တစ်ဦး တစ်ယောက်ဆီက အဆက်အသွယ် ရချင်တဲ့သူတွေ အတွက် အထူးပဲကောင်းတာတွေ့ရပါတယ်။
ဒါအပြင် အခုကာလမီးဘေး ၊ရေဘေးတွေကြုံတွေနေကြရပါတယ်။ ထို ဂါထာလေးကိုရွတ်ဆိုရင်
ရန်သူမျိုးငါးပါးဘေးမှလဲ ထူးခြားစွာ လွတ်ကင်းနိုင်ပါတယ်
ဒီလောက်ထိ ပြောလာပြီဆိုတော့ ဘာဂါထာလဲ သိချင်ကြပေလိမ့်မည်။
ဇလွန် ပြည်တော်ပြန် စမ္မခဏ် ဂါထာပါ။
အနက်မြန်မာပြန်ရော …ပုတီးစိပ်တာ ဝါသနာပါသူတွေအတွက် ပုတီးစိပ်နည်းရောပါ
တင်ပြပေးလိုက်ပါတယ်။
ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး
စမ္မခဏ် ဂါထာတော်
– ဣတိပိ ပိဋကတၱ ယံ အနိစၥံ ဒုကၡံ အနတၱ ံ ။
– သတ္တ ဗောဇ္ဈင် င်္ဂေါ အဋ္ဌင်္ဂိ ကော မဂ္ဂေ ါ စတု သတိ ပဋ္ဌာနံ ၊
– သဗ္ဗ ဿ ဣန္ဒေ ာ သဟဿ သူ ရိ ယော ။
– ေဩာင် း နမော ဗု ဒ္ဓ ါနံ ၊ ရာဇဘယံ ၊ စောရဘယံ ၊ ဥဒက ဘယံ ၊
အဂၢိဘယံ ၊ သတၳဘယံ ၊ သဗၺဘယံ ၊ ဇေယာ ဇယတု မဂၤလံ ။
– အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမုပ္ပန္နံ ၊ ခယဓမ္မံ ၊ ၀ယဓမ္မံ ၊ ဝိရာဂဓမ္မံ ၊
နိ ရောဓ ဓမ္မံ ၊ ပဏ္ဍိ တာ ခမန္တိ ။
အနက်ဖွင့်ဆိုချက်
ဣတိပိ ပိဋကတၱ ယံ အနိစၥံ ဒုကၡံ အနတၱ ံ –
ဤသို့ဖြစ်ခြင်းပျက်ခြင်း သဘောရှိသောကြောင့် အနိ စ္စ ၊ ဤသို့မပြတ် နှိပ်စက် ခြင် း သဘောရှိ သောကြောင့် ဒု က္ခ ၊ ဤသို့
မိမိ အလိုသို့ မလိုက်ခြင်း သဘော ရှိသောကြောင့် အနတ္တ မည်၏။
သတ္တ ဗောဇ္ဈင် င်္ဂေါ – ၇ ပါးသော ဗောဇ္ဈင် တို့သည် လည် းကောင် း ၊
အဋ္ဌင်္ဂိ ကော မဂ္ဂေ ါ – အင်္ဂါ ရှ စ် ပါး ရှိသော ၊
စတုပဋ္ဌာနံ – ဟေတု အာရမ္မဏ စသည့် ၂၄ ပစ္စည်း ဟူသော ပဋ္ဌာန်းသည် လည်းကောင်း ၊
သဗ္ဗဿ ဣန္ဒော – တရားအလုံးစုံကို အစိုးရသော မြတ်စွာ ဘု ရားသည် လည် းကောင် း ၊
သဟဿ သူ ရိ ယော – ရောင် ခြည် တစ် ထောင် ဆောင် သော နေမင် းသည် လည် းကောင် း ၊
ဣတိပိ အနိစ္စံ ဒုက္ခံ အနတ္တံ – ဤသို့ ဖြစ်ခြင်း ပျက်ခြင်း စသည့် သဘော ရှိ ိသောကြောင့် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ မည်၏ ။
ေဩာင် း ( ဗု ဒ္ဓ ါနံ ) – အထူ းသဖြင့ ် မြတ် တော် မူ ကု န် သော ၊
နေမာ ဗုဒၶါနံ – ဘုရားရွ င္တုိ႔အား ရွ ိခိုးပါ၏ ။
တေသံ အာနု ဘာဝေန – ထို ဘု ရားရှ င်တု ိ့၏ တန်ခို းတေဇော် အာနု ဘော်ကြောင့် ၊
ရာဇဘယံ – မင်းဘေးကို လည်းကောင်း ၊
စောရဘယံ – ခို းသူ ဘေးကို လည်းကောင်း ၊
ဥဒကဘယံ – ရေဘေးကို လည်းကောင်း ၊
အဂ္ဂိဘယံ – မီးဘေးကို လည်းကောင်း ၊
သတ္ထဘယံ – လက်နက်ဘေးကို လည်းကောင်း ၊
သဗ္ဗဘယံ – ဘေးအားလံ ု းကို လည်းကောင်း ၊
ဇယော – အောင် မြင် နိ ု င် ပါစေသတည် း ။
ဇယတု မင်္ဂလံ – ကောင်းသော မင်္ဂလာ ဟူသမှ ျ အောင်မြင်ပါစေသတည်း ။
အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမု ပ္ပန္နံ – အကြောင်းကို စွဲ၍ ဖြစ်သော အကျိုး တရားသည် ကံ -စိတ် – ဥတု – အာဟာရ
အကြောင် းတရား ( ၄ )ပါးတိ ု့ ပြုပြင် အပ် သည် ဖြစ် ၍ အမြဲ မရှ ိ ပေ။
ခယဓမ္မံ – ကုန်ခြင်း သဘောရှိ၏ ။
၀ယဓမ္မံ – ပျက်ခြင်း သဘောရှိ၏ ။
၀ိရာဂဓမ္မံ – ရာဂ ကင်းခြင်း သဘောရှိသော နိဗ္ဗာန်ကို ၊
ပဏ္ဍိ တာ – ပညာရှ ိ တိ ု့သည်
ခမန္တိ – နှ စ်သက်တော် မူကြသည် ။
စမ္မခဏ် ဂါထာတော် ပု တီးစိပ်နည်း
(၁) ဣတိ ပိ ပိ ဋကတ္တ ယံ ၊ (၂) အနိ စ္စ ံ ၊ (၃) ဒု က္ခ ံ ၊ (၄) အနတ္တ ံ ၊ (၅) သတ္တ ဗောဇ္ဈင် င်္ဂေါ ၊
(၆) အရိ ယော ၊ (၇) အဋ္ဌင်္ဂိ ကော မဂ္ဂေ ါ ၊ (၈) စတု ဝိ သတိ ပဋ္ဌာနံ ၊ (၉) သဗ္ဗ ဿ ဣန္ဒေ ာ ၊ (၁၀) သဟဿ သူ ရိ ယော ၊
(၁၁) ေဩာင် း နမော ဗု ဒ္ဓ ါနံ ၊ (၁၂) ရာဇဘယံ ၊ (၁၃) စောရဘယံ ၊ (၁၄) ဥဒက ဘယံ ၊ (၁၅) အဂ္ဂ ိ ဘယံ ၊
(၁၆) သတၳ ဘယံ ၊ (၁၇) သဗၺ ဘယံ ၊ (၁၈) ဇေယာ ၊ (၁၉) ဇယတု မဂၤလံ ၊ (၂၀) အနိ စၥ ံ ၊
(၂၁) သင်္ခတံ ၊ (၂၂) ပဋိစ္စ သမုပ္ပန္နံ ၊ (၂၃) ခယဓမ္မံ ၊ (၂၄) ၀ယဓမ္မံ ၊ (၂၅) ဝိရာဂဓမ္မံ ၊
(၂၆) နိ ရောဓ ဓမ္မ ံ ၊ (၂၇) ပဏ္ဍိ တာ ခမန္တိ ။
အထက် ဖော် ပြပါအတိုင် း တစ်ပုဒ်လျှင် ပုတီးတစ်လုံးစီ ချပါ ။ ၂၇ လံ ု း တစ် ကြိ မ် ပြည့ ် ပါက (ဝါ) ဂါထာဆံ ု းပါက အစမှ ပြန် ၍စိ ပ် ပါ။
၂၇ လံ ု း ၄ ကြိ မ် ပြည့် ပါက ပု တီ း (၁၀၈) လံ ု း တစ် ပတ် ရ၏ ။
၎င်း နည် းအတု ိ င် း တစ် နေ့ ပု တီ း (၉) ပတ် အဓိ ဋ္ဌာန် ဖြင့် မှ န် မှ န် စိပ် ပါက ဘေးရန် ခပ် သိ မ် း ငြိ မ် းလျက် စီ းပွားချမ် းသာ
တို းတက် လာနို င်ပါသည်။ ယံ ု ကြည်စွာဖြင့် အဓိဋ္ဌာန်မပျက် မှ န်မှ န် အားထု တ်နိုင် ကြပါစေ။
စမ္မ ခဏ် ဂါထာကိ ု နေ့စဉ် မပြတ် အမြဲရွတ် ဖတ် ပါက အတွင် းရန် ၊ အပြင် ရန် များ ကင် းစင် ပပျောက် ခြင် း ၊ သူ တစ် ပါး
မကောင် း မကြံ စည် နိ ု င် ခြင် း ၊ မိ မိ တောင့် တနေသော ဆု ကိ ု ရရှ ိ နိ ု င် ခြင် း ၊ မိ သားစု နှ င့် မကွဲမကွာ နေရခြင် း ၊ မိ မိ နေလိ ု သော
အရပ် ဒေသများ၌သာ နေထိ ု င် ရခြင် း ၊ ဘု န် းတန် ခိ ု းကြီ းခြင် း ၊ လာဘ် လာဘ ပေါများခြင် း ၊ ရန် အောင် မြင် ခြင် း စသော အကျိ ုးများကိ ု
လက် တွေ့ ခံ စားရမည် ။
ယုံကြည် မှုလည် း ရှ ိ ၊ ဂါထာ၏ ဆိုလိုရင်း
အဓိ ပ္ပ ါယ် ကိ ု လည် း ထိ ထိ မိ မိ သိ ရှ ိ ကာ နှ လံ ု းသွင် း၍ ရွတ် ဆိ ု ပါမူ အထူ းပင်အကျိ ုးများမည် ။
ထို့ကြောင့် ဂါထာကို ရွတ်ဆို၍ ဖြစ်စေ ၊ စမ္မခဏ် ပုတီး စိပ်နည်းကို ဖြစ်စေ ၊ အဓိဋ္ဌာန်မပျက် ယုံကြည်မှု ရှ ိရှ ိနှ င့် ကျင့် ကြံရွတ် ဆိ ုကြပါက ကောင် းကျိ ုးသု ခများ ခံ စားရမည် မှ ာ သေချာပါသည် ။
မည် သည့် နေ့ ၊ နေရာဌာနတွင် မဆိ ု စတင် အဓိ ဋ္ဌာန် ဝင် နိ ု င် ပါသည် ။ အဓိ ဋ္ဌာန် မဝင် မီ ဘု ရားရှစ်ခိ ု း ၊ ငါးပါးသီ လ ခံ ယူ
တတ် နိ ု င် သမှ ျ ဆွမ် း ၊ ဆီ မီ း ၊ ရေတော် တိ ု့ကိ ု ကပ် လှ ူ၍ ပု တီ း စိ ပ၊် ပြီ းပါက လိ ု ရာဆန္ဒ ဆု တောင် း ၊ မေတ္တ ာပိ ု့ စသည် တို့ကို အစီ အစဉ် တကျ ဆောင် ရွက် နိ ု င် ကြပြီး လိုအင်ဆန္ဒပြည့်ဝကြစေကု န် သတည် း။ ။
သင်ဆရာ ၊မြင်ဆရာ ၊ ကြားဆရာအားလုံးကို
ရှစ်ခိုးဦးခိုက်လျက်…..

ငြိမ်းအေးလူ(ဗေဒင်သုတေသီ) 

ဗေဒင် Pageနဲ့ သင့်တော်တဲ့ ဆောင်းပါးလေးတစ်ပုဒ် shareလိုက်ပါတယ်ဗျ ဗေဒင်ပညာ ဘာလဲ?

 

ယနေ့အဖို့ ဗေဒင်ပညာအပေါ်တွင် လူအများစု အမြင်လွဲမှားနေမှုကို ရှင်းပြလိုပါသည်။ ဗေဒင်ပညာသည် လူ့ယဉ်ကျေးမှု မပေါ်ပေါက်ခင်ကတည်းက (ပုံစံအမျိုးမျိုးဖြင့်) ရှိနေခဲ့သည် ပညာတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်နေကြသည့် ဘာသာတရားအားလုံးထက် စော၍ ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့ ကွန်ပျူတာ သိပ္ပံခေတ်၊ နည်းပညာခေတ်သို့ ရောက်သည့်တိုင်အောင် ဗေဒင်ပညာကို ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာက ယုံကြည်လျှက် ရှိနေသေး ပေသည်။
.
မိမိသည် ဗေဒင်ပညာကို ယုံကြည်ပါသည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံသူ ရှိသလို ဗေဒင်ကိုယုံလျှင် ရှက်စရာတစ်ခုဟု ယူဆပြီး ပွင့်ပွင့်လင်းလင်း ဝန်မခံသော ယုံကြည်သူများလည်း ရှိပေသည်။ သုတေသန စစ်တမ်းများအရ ပွင့်ပွင့်လင်းလင်း ဝန်မခံသော ယုံကြည်သူဦးရေက ပို၍ များပြားသည် ဟု သိရသည်။
.
ဗေဒင်ပညာကို မယုံကြည်သော သူများကိုပင် လေ့လာကြည့်လျှင် (၂)မျိုး(၂)စား တွေ့ရတတ်သည်။ ပထမ တစ်မျိုးမှာ မွေးဖွားလာသည်မှ သေဆုံးချိန်အထိ လုံးဝ ယုံကြည်မှု မရှိသူများဖြစ်သည်။ ဗေဒင်ပညာနှင့် လားလားမှ မသက်ဆိုင်သူများ ဖြစ်ကြသည်။ မည်သည့် ဘဝလောကဓံမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ဗေဒင်ပညာကို အားကိုးမရှာတတ်သော လူမျိုး ဖြစ်သည်။ (အရေအတွက် အလွန်နည်းလွန်းလှသည်)
ဒုတိယ တစ်မျိုးမှာ ဗေဒင် “အခြေအနေ ၊ အချိန်အခါ အလျှောက်” ယုံကြည်ကြ သူများဖြစ်သည်။ မိမိတွင် အစစ အရာရာ အဆင်ပြေနေပြီး ပန်းခင်းသော လမ်းကို လျှောက်လမ်းနေရသော အချိန်မျိုးတွင် ဗေဒင်ပညာကို မယုံကြည်ချေ။ မိမိ မယုံကြည်ကြောင်းကိုလည်း လူသိရှင်ကြား ထုတ်ဖော် ပြောဆို တတ်ကြသည်။ အချို့သော ယုံကြည်သူများကိုပင် ကဲ့ရဲ့ လှောင်ပြောင် တတ်ကြသေးသည်။ သို့သော် ထိုသူသည် ရုတ်တရက် ထင်မှတ်မထားသော ဘဝလောကဓံကြီးတစ်ခု ကျရောက်လာပြီး စီးပွားပျက်သွားခြင်း ၊ အိမ်ထောင်ပျက်သွားခြင်း (သို့) သေလောက်သော ရောဂါကြီးတစ်ခု စွဲကပ် ခံရခြင်းမျိုးနှင့် ကြုံတွေ့လာရချိန်တွင်မူ ဗေဒင်ပညာကို (ဒုတိယ ဘုရားသခင်သဖွယ်) ယုံကြည်ကိုးစား လာတတ်ကြသော လူစားမျိုးလည်း ရှိပေသေးသည်။ (အရေအတွက် ပိုများသည်)
.
ဗေဒင်ပညာကို ဘာကြောင့် ယုံကြည်ကြသလဲ?
.လူတွေ ဘာကြောင့် ဗေဒင်ပညာကို ယုံကြည်ကြသလဲ? ။ ဘာကြောင့် ဗေဒင်ပညာကို အားကိုးကြသလဲ ဟူသည့် အချက်ကို ဆန်းစစ်ကြည့်ကြ ပါစို့။ လူတွေ ဘာကြောင့် ဗေဒင်ကို ယုံကြည်ကြပါသလဲ?။
.
လွန်ခဲ့သော နှစ် (၂)သန်းကျော် “ကျောက်ခေတ်” ကာလမှသည် ယနေ့ခေတ် (ကွန်ပျူတာ သိပ္ပံခေတ်) တိုင်အောင် လူသားများ၏ မြင့်မားသော အသိဉာဏ်ပညာဖြင့် မဖြေရှင်းနိုင်သော ပြဿနာကြီး တစ်ခု တည်ရှိနေပေသည်။ ထိုပြဿနာ မှာ “အနာဂါတ်” ပြဿနာပင် ဖြစ်လေသည်။ လူသားသည် ထက်မြက်သော သိပ္ပံပညာဖြင့် – ကမ္ဘာလောကကြီး တစ်ခုလုံး၏ လျှို့ဝှက်ချက်များကို တစ်ခုပြီးတစ်ခု ရှာဖွေဖေါ်ထုတ် နိုင်ခဲ့သော်လည်း “လူတစ်ယောက်၏ အနာဂါတ်” ကို သိပ္ပံပညာဖြင့် ဖော်ထုတ်နိုင်စွမ်းမှာမူ ယနေ့တိုင် ချို့တဲ့အားနည်းလျှက် ရှိပေသေးသည်။
.
ယနေ့ခေတ် အစွမ်းထက်လှသော သိပ္ပံပညာဖြင့် သဘာဝဘေးအန္တရာယ် အချို့ကို ကြိုတင်ခန့်မှန်းလာနိုင်ကြပြီ။ လူတစ်ယောက်တွင် မည်သည့် ရောဂါများ ဖြစ်ပွားလာနိုင်ချေ ရှိသည် ခန့်မှန်းလာနိုင်ကြပြီ။ သို့သော် သိပ္ပံပညာသည် လူတစ်ယောက် မနက်ဖြန် ဘာဖြစ်မည် ဆိုသည်ကိုမူ မပြောနိုင်ကြသေးချေ။ မနက်ဖြန်သည် မနေ့ကကဲ့သို့ ပုံမှန်အတိုင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် အပြောင်းအလဲကြီး တစ်ခုလည်း ဖြစ်သွားနိုင်သည်။ ကျန်းမာရေး၊ စီးပွားရေး ၊ လူမှုရေး အိမ်ထောင်ရေးများ အကြီးအကျယ် ပြောင်းလဲမှု ဖြစ်နိုင်သည်။ နောက်ဆုံး မနက်ဖြန်တွင် သင် (အကောင်းပကတိမှ) ကွယ်လွန်သွားနိုင်သည်။ သို့သော် သင်လည်း မသိ။ မည်သည့် သိပ္ပံပညာ ကမှလည်း မသိ။
.
ခက်သည်က လူသား အားလုံးနီးပါးလောက် ကိုယ့်အနာဂါတ်ကို ကိုယ်သိလိုကြသည်။ ကိုယ့်ဘဝမှာ ဘယ်အဆင့် အတန်းနဲ့ နေရမလဲ။ ချမ်းသာမှာလား၊ ဆင်းရဲမှာလား။ တန်ခိုးသြဇာကြီးသူ ဖြစ်မလား ၊ သာမန်လူဘဲ ဖြစ်မလား။ ဘာအလုပ် လုပ်ရမလဲ။ နာမည်ကျော်ကြား မှာလား။ ကိုယ်နဲ့ အိမ်ထောင်ကျမယ့် ဖူးစာရှင်က ဘယ်သူလဲ။ အိမ်ထောင်ရေး ကံကောင်း မှာလား။ အိမ်ထောင် ဘယ်နှစ်ဆက် ကျမလဲ။ ကိုယ့်မှာ ဘာရောဂါတွေဖြစ်နိုင်လဲ။ အသက်ရှည်မှာလား ။ နောက်နှစ်မှာ ကံကောင်းမလား . . . စသည့် စသည့် အနာဂါတ်မေးခွန်း တစ်သောင်းခြောက်ထောင်သည် လူသားတိုင်း၏ ရင်ထဲတွင် အမြဲလို ရှိနေတတ် ကြပေသည်။
.
ထိုမေးခွန်းများကို (အနီးစပ်ဆုံး) ဖြေရှင်းပေးနိုင်သည့် ပညာရပ်ကား ဗေဒင်ပညာပင် ဖြစ်လေသည်။ သို့သော် ဗေဒင်ပညာ သည် ခြောက်ပစ်ကင်း သဲလဲစင် ကား မဟုတ်ချေ။ လူတိုင်း၏ အနာဂါတ်ကို အမြဲတစေ ဖြေရှင်းပေးနိုင်သည်ကား မဟုတ်။ ဆရာဝန်တစ်ယောက်သည် လူနာတစ်ယောက်ကို ရောဂါနာမည် အတပ်မှားပြီး ဆေးကုမိသကဲ့သို့ ဗေဒင်ပညာ၏ အနာဂါတ် ဆိုင်ရာ ဟောကြားချက်များသည်လည်း လွဲမှားသည့်အခါ လွဲမှားပေမည်။ အချို့ကိစ္စများတွင် တက်တက်စင် အောင် လွဲမှားသည်လည်း ရှိပေသည်။
.
သို့သော် “အနူတော၊ လူချော” ဆိုသည့် စကားလိုပင် လူသားတို့၏ “အနာဂါတ်” ကို တိတိကျကျ ခန့်မှန်းနိုင်သည့် “သိပ္ပံပညာ” ဟူ၍ မပေါ်ပေါက်သေးသမျှ ကာလပတ်လုံး “ဗေဒင်ပညာ” သည် လူသားအားလုံး၏ ယုံကြည်ရာ/ အားကိုးရာတစ်ခု ဖြစ်မြဲ ဖြစ်နေဦးမည်သာတည်း။
ထိုသို့ ဗေဒင်ပညာသည် လူသားတို့၏ အနာဂါတ်ကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်သည်မှာ မှန်သော်လည်း “လုံးဝ ဥဿုံ” ဆိုသည့် အဆင့်ရှိသည့် ပညာရပ် တစ်ခုမဟုတ်သည်ကို ဗေဒင်ယုံကြည်သူများ နားလည် သဘောပေါက် သင့်ပေသည်။ ဗေဒင်ပညာရှင်များဘက်ကမှလည်း လူတိုင်း၏ အနာဂါတ်ကို “ဗွီဒီယို” ကြည့်နေရသည့်အလား ကွင်းကွင်း ကွက်ကွက် ဖော်ပြပေးနိုင်သည် ဟူသော လှိမ့်လုံးကြွားလုံးများဖြင့် လိမ်ညာလှည့်ဖျားနေမှု များကို မလုပ်သင့် မလုပ်အပ်ပါချေ။ အခြားသူများအား ဗွီဒီယိုမပြမှီ မိမိအနာဂါတ်ကို အရင် ဗီဒိယို ပြကြည့်ပါဦးဟု ပြောလိုက်ချင်ပါသည်။
.
အကြင် ဆရာတစ်ဦးသည် – မနက်ဖြန်(သို့) နောက်နှစ်တွင် မိမိကိုယ်တိုင် ဘာဖြစ်မည်ကို (တပ်အပ်)မသိဘဲနှင့် အခြားသူများ၏ အနာဂါတ်ကို “အပိုင်သိသည်” ဆိုသည်မှာ ဖြစ်နိုင်/မဖြစ်နိုင် မိမိအသိဉာဏ်ဖြင့်သာ စဉ်းစားကြည့် ကြပါကုန်။ အကြမ်းဖျဉ်း/ခပ်ရေးရေးတော့ သိပါသည်ဆိုလျှင် ရိုးသားဖြောင့်မတ်ရာ ရောက်ပေမည်။
.
ဘုရားမႀကိဳက္တဲ့ ထိုပညာ
.
ဗေဒင်ပညာကို ဗုဒ္ဓဘုရားရှင် အပါအဝင် ၊ ကမ္ဘာ့ ဘာသာတရားကြီးများကို တည်ထောင်ခဲ့သူ အားလုံးက မကြိုက်ပါ။ ဘာသာတရားအားလုံးလိုလိုပင် ဗေဒင်ပညာကို ဆန့်ကျင်ကြသည်။ တားမြစ်ကြသည်။ သို့သော် မည်သည့် အကြောင်းကြောင့် တားမြစ်သည်ကို မစူးစမ်းဘဲ “ဘုရားမကြိုက်၊ ငါမကြိုက်” ဟူသည့်ထုံးကို နှလုံးမူပြီး ဗေဒင်ပညာကို ဆန့်ကျင် နေကြသူအား စကားအနည်းငယ် ပြောလိုပါသည်။
.
ဗုဒ္ဓဘာသာကိုပင် မူတည်ပြီး ပြောပြပါမည်။ “ဂင်္ဂါဝါဠု သဲစုမက” ပွင့်ခဲ့ပြီးသော ဘုရားအဆူဆူမှန်သမျှသည် “အနာဂတံသ” တည်းဟူသော ဉာဏ်တော်ကြီးကို အပြီးတိုင် ရရှိပြီးသည့် ပုဂ္ဂိုလ်ထူးကြီးများသာ ဖြစ်ကြပေသည်။ ဘုရားရှင်တို့ မည်သည် သတ္တဝါအားလုံး၏ အနာဂါတ်ကိုသော်၎င်း ၊ မိမိကိုယ်တော်တိုင်၏ အနာဂါတ်ကိုသော်၎င်း အကြွင်းမဲ့ သိမြင်ထား ခဲ့ကြပြီးလေပြီ။ သိသည်မှ တစ်ဘဝ နှစ်ဘဝမျှသာ မဟုတ်။ ဘဝပေါင်း အသချေင်္ ၊ အသချင်္ာ ထိအောင် သိတော် မူကြပေသည်။
.
ထို့ကြောင့်ပင် “ဒီပင်္ကရာဘုရားရှင်”သည် “သုမေဓာ” ရှင်ရသေ့အား ယခုကာလမှ နောင် “လေးသချေင်္နှင့် ကမ္ဘာတစ်သိန်း” မြောက်လျှင် “ဘဒ္ဒကမ္ဘာ”၌ “ဂေါတမ” အမည်ဖြင့် ဘုရားဖြစ်လတ္တံဟု ဗျာဒိတ်ပေးခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ထို “ဂေါတမ” ဘုရားရှင်သည်ပင် သာသနာတော်သို့ ဝင်ရောက်လာသော “ဒေဝဒတ်” အား “တစ်ချိန်တွင် ငါဘုရား၏ အသက်ကို လုပ်ကြံမည့်သူ” ဟု ကြိုတင်ပြောဆို ခဲ့သည် မဟုတ်လော။ ပရိနိဗ္ဗာန် ပြုရမည့် အချိန်ကိုလည်း ကြိုတင်မိန့်ကြားခဲ့သည် မဟုတ်လော။ စုန္ဒ၏ ဝက်ပျိုသားကို မစားမီကပင် ဤဝက်ပျိုသားကို စားပြီးလျှင် ငါ,ဘုရားရှင်သည် ဝမ်းတော်လား၍ ပရိနိဗ္ဗာန်ပြုရမည့်အကြောင်းကို ညီတော်အာနန္ဒာအား ကြိုတင် မိန့်ကြားခဲ့သည် မဟုတ်လော။
.
မဟာဗုဒ္ဓဝင်ကို လေ့လာကြည့်လျှင် ထိုသို့ မြတ်ဗုဒ္ဓသည် အခါအားလျှော်စွာ “အနာဂတံသ” ဉာဏ်တော်ကြီးဖြင့် ကြိုတင် ဟောပြောခဲ့မှုကို အများအပြား တွေ့ရမည် ဖြစ်ပေသည်။ ထိုသို့ အနာဂါတ်ကို ကိုယ်တော်တိုင်လည်း သိမြင် ၊ အခြားသူများအားလည်း အခါအားလျှော်စွာ ပြောကြားခဲ့ပါလျှက်နှင့် “ဗေဒင်ပညာ” အပါအဝင် “အနာဂါတ်ကို ဟောပြော သည့် ပညာရပ်များ” ကို ဘုရား မကြိုက်ခဲ့သည်မှာ ဘာကြောင့်ပါလဲ?
.
“ပုထုဇဉ်များအတွက် အကျိုးမရှိခြင်း/မသင့်မြတ်ခြင်းကြောင့် ဖြစ်ပါသည်”
ဘုရားရှင် အဆူဆူတို့သည် အနာဂါတ်ကို သိမြင်ကြသူများ ဖြစ်ကြသော်လည်း အနာဂါတ် ဟောကိန်းထုတ်ခြင်းကို အားမပေးခဲ့ခြင်းမှာ ပုထုဇဉ်များ၏ အကြောင်းကို ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပါသည်။ ပုထုဇဉ်တို့မည်သည် လောကဓံ အဆိုးတရားများအား “လုံးဝ ခံနိုင်ရည်မရှိကြောင်း” ကို ဘုရားရှင်တို့ သိမြင်ကြခြင်းကြောင့် ဖြစ်ပါသည်။ ပုထုဇဉ်လူသားများသည် အရိယာများနှင့် လုံးဝ မနှိုင်းယှဉ်နိုင်ပါ။ လောကဓံကို ခံနိုင်ရည် မရှိကြပါ။ အကောင်း လောကဓံကိုသာ ကြုံချင်ပါသည်။ အဆိုး လောကဓံကို လားလားမျှ မကြံုဆုံလိုပါ။ အဆိုးကို အိပ်မက်ပင် မမက်လိုပါ။ အဆိုးကို ရှောင်၍ အကောင်းကိုသာ ကွက်ပြီး ရယူပိုင်ဆိုင်လိုသည်။
.
ဗေဒင်ဆရာထံတွင် ဗေဒင်မေးကြသည်မှာလည်း ကံကြမ္မာအကောင်းကို ဟောကြား စေလိုခြင်းကြောင့် မေးမြန်းကြ ခြင်းသာ ဖြစ်ပေသည်။ နာမည်ကျော် ဗေဒင်ဆရာကြီး တစ်ဦး ပြောကြားခဲ့သလို “ဗေဒင်ဆရာဆီမှာ ဗေဒင်မေးကြ သူများဟာ – ကျွန်တော်/ကျွန်မ ဘယ်တော့ ချမ်းသာမလဲ၊ ထီပေါက်မလဲ ၊ ရာထူး တက်မလဲ ၊ အိမ်ခြံကား ဝယ်နိုင်မလဲ ၊ အိမ်ထောင်ကျ မလဲ” စသည်ဖြင့်သာ မေးမြန်းကြလေ့ရှိပြီး . . . . ကျွန်တော်/ကျွန်မ ဘယ်တော့ မွဲမလဲ ၊ ဘယ်တော့ အလုပ်ပြုတ်မလဲ ၊ ဘယ်တော့ အိမ်ထောင်ကွဲမလဲ ၊ ဘယ်တော့ ထောင်ကျမလဲ ၊ ဘယ်တော့ ဆေးရုံတက်ရမလဲ ၊ ဘယ်တော့ သေမလဲ” ဟု လုံးဝမေးမြန်းလေ့ မရှိကြောင်း “ရယ်စရာ တစ်ခုအနေဖြင့်” ပြောခဲ့ဘူးသည်။ ပုထုဇဉ်တို့၏ စရိုက်ဖြစ်ပေသတည်း။
.
အရိယာတို့မှာမူ အနာဂါတ်သည် ကောင်းလည်း မထူးခြား/ဆိုးလည်း မထူးခြား တော့ပြီ။ ကောင်းစရာ ရှိလျှင်လည်း စံစားလိုစိတ် မရှိကြတော့ပြီ။ ဆိုးစရာ ရှှိလျှင်လည်း မတုန်လှုပ်တော့ပြီ။ “မိမိစိုက်ပျိုးခဲ့သမျှကို မိမိပြန်လည် ရိတ်သိမ်းရသည့်” “ဓမ္မဥပဒေ” ကို အကြွင်းမဲ့ ခံယူပြီးကြသူများဖြစ်၍ အရိယာတို့အတွက် အနာဂါတ် ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်တော့ပြီ။
.
ပုထုဇဉ်လူသားများမှာမူ ထိုသို့သော ခံယူချက်မျိုး မထားနိုင်သေးပါ။ အဆိုးလောကဓံအကြောင်းကို ကြားလိုက်ရသည် နှင့်ပင် တုန်လှုပ်ကြချေပြီ။ ထိတ်လန့်ကြချေပြီ။ ထိုကဲ့သို့သော ပုထုဇဉ်တို့၏ စိတ်ထားမျိုးဖြင့် အနာဂါတ်ကို ကြိုသိခြင်းမှာ အကျိုးထက် အပြစ်ဖြစ်ဖို့သာ ရှိသောကြောင့် ဘုရားရှင် တို့သည် အမျှော်အမြင်ကြီးစွာဖြင့် တားမြစ်ကြခြင်းသာ ဖြစ်ကြပေသည်။ ပညာရပ်သည် နိမ့်ကျသောကြောင့်၎င်း ၊ ညံ့ဖျင်းသောကြောင့်၎င်း ၊ အောက်တန်းကျ သောကြောင့်၎င်း အလျှဉ်း မဟုတ်ချေ။ ဘုရားရှင်တို့သည်ပင်လျှင် သတ္တဝါတို့ ကျွတ်တမ်းဝင်ရေးနှင့် ပက်သတ်လာလျှင် “အနာဂါတ်ကိုသော်၎င်း ၊ အတိတ်ကိုသော်၎င်း” အခါအားလျှော်စွာ ဟောပြောညွှန်ပြရသည် မဟုတ်တုံလော။
.
အသုံးချပညာရပ်တစ်ခု ဖြစ်နိုင်သလော?
.
ကျွန်ုပ်၏ ယုံကြည်ချက်အရ ဆိုရလျှင် – ဘုရားအဆူဆူတို့၏ “ဆုံးမသြဝါဒ” စကားတို့သည် လုံးဝ မှန်ကန် သင့်မြတ်ပါ၏။ မိမိတို့၏ အနာဂါတ်ကို သိအောင် မကြိုးပမ်းတော့ခြင်း သည်သာ အကောင်းဆုံးဖြစ်သည်ဟု အမှန်ပင် ယုံကြည်ပါ၏။ သို့သော် ပုထုဇဉ် ဆိုသည်မှာကား ပုထုဇဉ်သာလျှင် ဖြစ်ပေသည်။ “မရတာကိုမှ လိုချင်သည်” “မဖြစ်နိုင်တာကိုမှ တမ်းတသည်” “ဖုံးကွယ်ထားသည့်အရာကိုမှ မြင်ချင်သည်” “ပိတ်ပင်ထားသည့်အရာကိုမှ ကျူးလွန်လိုသည်” “မကောင်းပါဘူး ဆိုသည်ကိုမှ မြီးစမ်းကြည့်ချင်သည်” “မသိချင်ပါနှင့်ဟု တားဆီးထားသည့် အရာကိုမှ သိလိုသည်” ၊ ပုထုဇဉ် အမိုက်အမဲတို့၏ သဘာဝ ဖြစ်ပေသတည်း။
ထို့ကြောင့် (ကျွန်ုပ်အပါအဝင်) လူများစုသည် မည်သည့်ဘုရား မကြိုက်သည်ဖြစ်စေ “မိမိ၏ အနာဂါတ်” ကို သိလိုစိတ် ပြင်းပြမြဲ ပြင်းပြနေကြမည်သာပင်။
.
တကယ်တော့ ဗေဒင်ပညာကို လက်တွေ့ အသုံးချပညာအဖြစ် အသုံးချတတ်လျှင် ချလို့ရပါသည်။ ဗေဒင်ပညာ ဟူသည်မှာ “မိုးလေဝဿ နှင့် ဇလဗေဒ” ပညာရပ်နှင့် အလားသဏ္ဍန် တူပါသည်။ မနက်ဖြန် မိုးရွာရန် ရာနှုန်း (၈၀)% ရှိသည်ဟု ဆိုလျှင် သင် ဘာလုပ်မည်နည်း။ မိုးမရွာအောင် ဂါထာ မန္တယားများ ရွတ်ဖတ်မည်လော။ သို့မဟုတ် “မိုးနတ်မင်း” ကြီးထံ မိုးမရွာပါစေနှင့်ဟု ဒူးထောက် ဆုတောင်းမည်လော။
အကောင်းဆုံး/လက်တွေ့အကျဆုံးမှာ ထီး/မိုးကာ များ ဆောင်ယူသွားခြင်းဖြစ်သည်။ ထီးပါလျှင် မိုးစို သက်သာမည်။ ထီးမယူလျှင် မိုးမိမည်။ သို့သော် ရာနှုန်း(၈၀)% ဆိုပြီး မရွာသည့် အခါလည်း ရှိသည်။ နေရာကွက်ပြီး ရွာသည်လည်း ရှိသည်။ သို့သော် ထီးယူသွားခြင်းက မမှားနိုင်ပါ။
.
ထို့အတူ ဗေဒင်ပညာအရ ရှေ့နှစ်တွင် သင့် ကျန်းမာရေး အခြေအနေကို ဆိုးရွားဖွယ် ရှိသည်ကို ကြိုတင်သိရလျှင် – သင်သည် အစားအသောက်၊ အနေအထိုင် များကို ဆင်ခြင်နိုင်လိမ့်မည်။ ကျန်းမာရေးကို ပိုမိုဂရုစိုက်လာနိုင်သည်။ ကျန်းမာရေး စစ်ဆေးမှုများကို ကြိုကြိုတင်တင် ပြုလုပ်နိုင်သည်။ ကိုယ်နှင့် မတည့်သည့် အစားအစာများကို ရှောင်ဖို့ အခွင့်အလမ်းပိုရလာမည်။ ဘာသာတရားကို ပိုလုပ်ဖြစ်လာနိုင်သည်။ ကုသိုလ် ပွားများပြီး အကုသိုလ် များမည့် ကိစ္စများကို ရှောင်ကျဉ်လာနိုင်ပေသည်။
.
ကံကောင်းလျှင် ကံကြမ္မာ ကွက်ကျားမိုး ဖြစ်သွားသောကြောင့် သင်လွတ်သွားနိုင်သည်။ သို့မဟုတ် ကျန်းမာရေး အကာအကွယ် (ထီး/မိုးကာများ) ကြိုတင် ဆောင်ထားသောကြောင့် ကံကြမ္မာမိုး ရွှဲနစ်နေမည့် ရန်မှ လျော့ပါး သွားနိုင်သည်။
ထို့ကြောင့် “အသုံးချဗေဒင်ပညာ” ဆိုသည်မှာ ကံကြမ္မာမိုးကို မရွာအောင် တားဆီးသော ပညာမဟုတ်။ တကယ် ရွာမည့်မိုးကို မည်သူမျှ မတားဆီးနိုင်ပါ။ ဖြစ်ရမည်မှာ ဗေဒင်ပညာဖြင့် ကံကြမ္မာမိုးရွာမည့် အချိန်ကို (အကြမ်းဖျဉ်း) သိအောင်အားထုတ်ပြီး ထီး/မိုးကာ တို့ဖြင့် အကာအကွယ်ပြုရန် အားထုတ်သည့် ပညာသာ ဖြစ်သင့်ပေသည်။
.
ထိုသို့ အကာအကွယ် ယူထားပါလျှက်နှင့် နေရာကွက်ပြီး မိုးသက်မုန်တိုင်း ကြီးခြင်းမျိုးနှင့် ရုတ်တရက်ကြုံဆုံရခြင်းလည်း ရှိနိုင်သည်။ ထီး/မိုးကာ ယူဆောင်သွားပြီး အကာအကွယ် ပြုပါလျှက် မိုးအကြီးအကျယ် ရွှဲရွှဲစိုသွားခြင်းမျိုးလည်း ရှိလိမ့်မည်။
ထိုနည်းတူ ဗေဒင်ပညာဖြင့် အနာဂါတ်ကို ခန့်မှန်းထားပြီး အဆိုးကို ကာကွယ်ရန် ကြိုးစားအားထုတ်သည့်ကြားမှ ကံကြမ္မာဆိုးကို ရှောင်မလွတ်နိုင်သည်လည်း ရှိနိုင်သည်။ ဤသည်မှာ သင်၏ ရှောင်လွှဲ၍ မရသော အတိတ်ကံ ကြောင့် ဖြစ်ပေသည်။ ထိုသို့ ကြုံလာလျှင်မူ ထိုကံကြမ္မာအတိုင်း လက်သင့်ခံ လိုက်ရုံမှတစ်ပါး အခြားမရှိပြီ။
.
ဤသည်မှာ ဗေဒင်ပညာကို မစွန့်လွှတ်နိုင်သော လူသားတစ်ဦးဖြစ်သည့် (ကျွန်ုပ်၏) ခံယူချက် ၊ သဘောတရားမျှသာ ဖြစ်လေသည်။ သင်နှစ်သက်ပါက လိုက်နာနိုင်သည်။ မနှစ်သက်ပါက ဘုရားစကားအတိုင်း ဤပညာရပ်များကို မျက်ကွယ် ပြုလိုက်ရုံသာ ရှိသည်။ မည်သည့် ရွေးချယ်မှုကိုမှ တိုက်တွန်းမည် မဟုတ်ပါ။ သို့ရာတွင် သင့်အနေဖြင့် အနာဂါတ်ကို ကြိုတင်သိရှိလိုလျှင် အနာဂါတ်တွင် အရာအားလုံးသည် “အကောင်းချည်းသာ” ဖြစ်လိမ့်မည်ဟု မျှော်လင့်ချက်မျိုး မထားစေလိုပါ။ ထို့ပြင် – လုံးဝ ပြုပြင်၍ မရနိုင်သည့် ကံကြမ္မာ(အဆိုး)များနှင့် ကြုံလာလျှင် “ယောနိသော မနသီကာရ” တရားဖြင့် နှလုံးသွင်းတတ်အောင် ပြင်ဆင်ထားနိုင်သူ တစ်ဦးဖြစ်အောင် ကျင့်ရပေဦးမည်။
နောက်ဆုံး ပြောကြားလိုသည့်အချက်မှာ “ဗေဒင်ပညာသည် လူတို့၏ အနာဂါတ်ကို ခန့်မှန်းပြောကြားနိုင်သည့် ပညာဖြစ်သော်လည်း အနာဂါတ်လမ်းကြောင်း ကို ဖန်တီးပြုပြင်ပေးနိုင်သည့် ပညာရပ်ကား” (လုံးဝ, လုံးဝ) မဟုတ်ပါချေ။ ကံကို ခန့်မှန်းသည့် ပညာသာလျှင် ဖြစ်ပြီး ကံကို ပြုပြင်ပေးနိုင်သည့်ပညာ မဟုတ်ကြောင်း ပါခင်ဗျား။ သင့်အနေဖြင့် ဗေဒင်ပညာကို – ကံကြမ္မာကို ပြင်ဆင်ပေးနိုင်သည့် ပညာရပ်ကြီးတစ်ခုဟု ယုံကြည်မှု လွဲမှားနေပါက ဗေဒင်ပညာကို ခုတုံးလုပ်၍ ငွေရှာနေကြသော (ရိုက်စားခွင်ဖန်) ဆရာများ၏ ညွှတ်ကွင်းသို့ အနှေးနှင့်အမြန် သက်ဆင်းရမည် ဖြစ်ကြောင်းပါ ခင်ဗျား။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)