loading

Category: Uncategorized

  • Home
  • Category: Uncategorized

ဣစ္ဆာသယ အနန္တသိဒ္ဓိဂါထာ သို့မဟုတ် အတားအဆီး အပိတ်အဆို့မှန်သမျှ ပွင့်စေသောဂါထာ

ကျွန်တော့်အနေနှင့် ဂါထာတွေ မန္တန်တွေနဲ့ပက်သက်တဲ့ Post တွေ ရေးတင်လေ့မရှိပါဘူး။ မိမိကိုယ်တိုင်ရွတ်ဆိုကြည့်ပြီးမှပဲ တကယ်အကျိုးဖြစ်ထွန်းမှုရှိမှလဲ ပေးလေ့ရှိပါတယ်။ ဘုရားရှင် ရဲ့ နှုတ်တော်ကမိန့်မြွက်တဲ့ တရားဓမ္မကလွဲလို့ပေါ့။
လွန်ခဲ့သောရက်က စာပေဟောပြောပွဲတစ်ခုမှာ ဆရာကျော်ဘိုဘိုဟိန်း(ပဲခူးရွှေမောဓောဘုရား အနောက်ရင်ပြင်)နှင့် တွေ့တော့ ဒီဂါထာတစ်ပုဒ်နဲ့ပက်သက်ပြီး စကားစမိကြသည်။ ဤဂါထာသည် နမက္ကရဘုရားရှိခိုး အမှတ်စဉ် ၁၀ လာဂါထာဖြစ်သည်။ ပုဂံခေတ် သက္ကရာဇ် ၅၅၈ ခုနှစ်တွင်ရေးထိုးထားသော ဖွားစောရွာ ဓမ္မရာဇိကဘုရားကျေက်စာတွင် ရေးထိုးထားသည်ကိုတွေ့ရသည်။
မည်သည့်အခက်အခဲမဆို မည်သည့်အပိတ်အဆို့အတားအဆီးကိုမဆို ပွင့်သွားစေနိုင်တဲ့သည့်အကြောင်းပြောဖြစ်သည်။ ကုသိုလ်ကံတွေပိတ်ဆို့နေခြင်း ၊ အလုပ်ကံတွေပိတ်နေခြင်း ၊စီးပွားရေးအတိုက်အခိုက်များပြီးပိတ်ဆို့နေခြင်း၊နိုင်ငံခြားသွားဖို့ပိတ်ဆို့နေခြင်း စတဲ့ပိတ်ဆို့နေတဲ့အရာတော်တော်များများကိုပွင့်စေနိုင်သည်။
ဆရာကျော်ဘိုဘိုဟိန်းက “တကယ်စွမ်းတယ်ငါ့ညီ လက်ထိတ်ကြိုးချည်ဆိုတာမျိုးတွေတောင် ထိုဂါထာအစွမ်းနဲ့ဖြေလို့ရတယ်” ဟု တဖွဖွပြောသည်။
မှန်သည်။ ကျွန်တော်ဆီမှာအိမ်ထောင်ဦးစီးထောင်ကျနေ၍ သောကမျက်ရည်ဝေနေရတဲ့အိမ်ထောင်ရှင်မတွေ၊ သားသမီး ထောင်ကျနေ၍သောကပင်လယ်ဝေရတဲ့ မိခင်တွေ ခဏခဏလာကြသည်။ အိမ်ထောင်ဦးစီး မတော်တဆကိစ္စရပ်တွေကြောင့်ထောင်တန်းကျနေပြီဆိုရင် ကျန်ခဲ့တဲ့မိသားစု စားဝတ်နေရေးဒုက္ခများရတာ အားလုံးအသိပင်။ အကျဉ်းကျနေသူတွေကို
ဒီဂါထာလေးရွတ်ဆိုဖို့ သူတို့ရဲ့သက်ဆိုင်သူတွေကနေတဆင့် ပေးလေ့ရှိသည်။ ခိုးဆိုးလုယက် လူသတ်ပြီးထောင်ကျနေသူတွေအတွက်ရည်ရွယ်ခြင်းမဟုတ်။
ဒီဂါထာက
ဓားခုတ်ရာလက်လျှိုသလိုဖြစ်ပြီးအကျဉ်းကျနေသူတွေ။ အချိုယာဉ်ချို့ယွင်းမှုကြောင့်ကားaccident ဖြစ်ပြီးထောင်ကျနေသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ အပြစ်မရှိဘဲထောင်ကျနေတဲ့ ကျောင်းသားတွေ။အဖိနှိပ်ခံအလုပ်သမားပြည်သူတွေဘက်က ရပ်တည်၍ အကျဉ်းကျနေသူတွေ စသည့်စသည့် အကြောင်းတရားတွေကြောင့်အကျဉ်းကျနေတဲ့လူပေါင်းများစွာ ဒီဂါထာလေးကိုရွတ်ဆိုပွားများသင့်သည်။ အမှန်တကယ်အစွမ်းထက်မြက်သည်။ ကုသိုလ်ကံတွေပွင့်လာပြီး မိမိရဲ့ပိတ်လှောင်တားဆီးခံရသည့်ဘဝမှအမြန်လွတ်မြောက်နိုင်သည်။
ဒါတင်ပဲလား။ မဟုတ်သေးပေ။
စာသင်သား၊ကျောင်းသားကျောင်းသူများ
ဉာဏ်မပွင့်လို့ စာတွေကျက်ရမှတ်ရခက်နေရင်ဒီဂါထာလေး သက်စေ့ရွတ်ပြီးမှစာကျက်ပါ။ ကံလမ်းပဲဖြစ်စေ၊ ဉာဏ်လမ်းပဲဖြစ်စေ
ဘဝတက်လမ်းမှာပဲဖြစ်စေ တားဆီးပိတ်ဆို့ခံရတာတွေ ပွင့်စေတဲ့ဂါထာတော်မြတ်ပါ။ ရှေးကဆရာကြီး
တွေဒီဂါထာတော်လေးကိုလက်သုံးပူဇော်ခဲ့ကြပြီး ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။
ရှေးခေတ် ဘ.က ကျောင်း နေဖူးသူတွေ ဒီဂါထာကိုသိကြမှာပါ။မဟာနမက္ကာရ
ဘုရားရှိခိုးလို့ လူသိများပါတယ်။
နမကၠာရ ဘုရားရွိခိုးဆိုတာ
အဋ္ဌကထာကျမ်းပြုအကျော် ရှင်မဟာဗုဒ္ဓဃောသ
ဆရာတော်ကြီး သီဟိုကျွန်း စွယ်တော်တိုက်ရှေ့မှာ
ထိုင်တော်မူပြီး လက်တန်း စပ်ဆိုရှိခိုးတော်မူတဲ့
အပိုဒ်ပေါင်း၃၃ ပိုဒ်ရှိတဲ့ ဘုရားရှိခိုးကြီးပါ။
အဲဒီ ဘုရားရှိခိုး အပိုဒ် ၉ အရောက်မှာစွယ်တော်တိုက်
တံခါးကြီး တဂျုံးဂျုံးမြည်ဟည်းပြီးပွင့်သွားတယ်လို့ဆိုပါတယ်။
ရှေးသုူတော်ကောင်းတွေကတော့အပွင့်ဓာတ်ဖြစ်စေတဲ့
ဘုရားရှိခိုးလို့ သတ်မှတ်ကြပါတယ်။
“ဆရာရေ ….
လာဘ်တွေအရမ်းပိတ်နေလားမသိဘူး
ဘာလုပ်လုပ်အဆင်မပြေဘူး”ဆိုတာတွေ
နိုင်ငံခြားသွားဖို့လုပ်ထားတာကြာပြီဆရာ
နှစ်ပေါက်နေပြီ၊မသွားရသေးဘူး ..
နိုင်ငံခြားကံများပိတ်နေလားမသိဘူး” ဆိုတာတွေ
” လုပ်သက်လဲကြာနေပြီ ဆရာ အခုထိရာထူးမတိုးသေးဘူး။ ကျွန်တော်နောက်မှ အလုပ်ဝင်တဲ့သူတွေ ကျွန်တော့်ထက် ရာထူးမြင့်ကုန်ပြီ… ရာထူးတိုးမဲ့ကံတွေ
ပိတ်နေလားမသိဘူး….ဆရာရယ်” ဆိုတာတွေ
“အိမ်မှာကျက်ထားတာအကုန်ရတယ်ဆရာ
စာမေးပွဲခန်းထဲရောက်ရော ကျက်ထားတာတွေ အစဖော်လို့မရဘူး” ဆိုတာတွေ
“ငွေကံများပိတ်နေလားမသိဘူးဆရာ ငွေကမဝင်တဲ့အပြင် လက်ထဲရှိတဲ့ငွေလေးတောင် ဆီလိုအပေါက်ရှာပြီးထွက်နေတော့တာပဲ” ဆိုသူတွေ အတွက် ဒီဂါထာလေးက ရင်အေးစေမဲ့ အဆင်ပြေစေမဲ့ဂါထာလေးပါပဲ။
ဆိုတော့ကာ ဂါထာရဲ့ ပါဠိ ၊ အနက် နှင့် ဂါထာရဲ့ဖြစ်စဉ်သမိုင်းကြောင်းကိုသွားလိုက်ကြရအောင်……
နမက္ကာရ ဘုရားရှိခိုး အပိုဒ် ၉….ဖြစ်တဲ့
ဣစ္ဆာသယ အနန္တသိဒ္ဓိဂါထာပါဠိ
တဟႎ တဟႎ ပါရမိ သဥၥယံ စယံ
ဂတံ ဂတံ သဗ႓ိ သုခပ္ပဒံ ပဒံ။
နရာ နရာနံ သုခ သမ႓ဝံ ဘဝံ
နမာ နမာနံ ဇိန ပုဂၤဝံ ဂဝံ။
အနက် မြန်မာပြန်။
တဟိံ တဟိံ ဘဝေ= ထို ထို ဘဝကိုယ်တော်၏ဖြစ်ဖြစ်သမျှ၌။
ပါရမိ သဥ္စယံ စယံ =ပါရမီ အပေါင်းကို။
စယံ= ဆည်းပူးတော်မူတတ်ထသော။
သဗ႓ိ=သူတော်ကောင်းတို့သည်။
ဂတံ=ဆည်းကပ်အပ်ထသော။
သုခပ္ပဒံ=ချမ်းသာခြင်း၏ အဖို့ကို ဖြစ်စေတတ်ထသော
ပဒံ=နိဗၺာန္သို႕။
ဂတံ=ရောက်တော်မူပြီးထသော။
နရာ နရာနံ =လူနတ္တို႕၏။
သုခသမ႓ဝံ=ချမ်းသာခြင်း၏အကြောင်းကို။
ဘဝံ=ဖြစ်စေတော်မူတတ်ထသော။
ဂဝံ=နွားနှင့်တူသော သူမိုက်ကို။
ဇိနပုင်္ဂဝံ=(ဇိန ပုန်ဂဝံ) အောင်တော်မူတတ်သော
ယောင်္ကျားမြတ်ဖြစ်တော်မူသော
ျမတ္စြာဘုရားကို ။
အဟံ=အကျွန်ုပ်သည်။
နမေ နမာမိ=ရှိခိုးပါ၏။ ဟုအဓိပ္ပါယ်ရပါသည်။
အပွင့်ဓာတ်ရရှိလိုသူတိုင်း ရွတ်ပွားလေ့ရှိသောဂါထာဖြစ်သည်။သက်စေ့ သို့မဟုတ် ၄၉ခေါက်၊ပုတီး၁ပတ်အနေ ၁၀၈ခေါက် ရွတ်ဆိုနိုင်သည်။ အလိုရှိတိုင်း အောင်မြင်ပြီးမြှောက်နိုင်သည်။ပိတ်ပင်တားစီးခြင်းမှန်သမျှတို့အား ပွင့်စေ၊အောင်စေ၊နိုင်စေသည်။
ဉာဏ်ရှိသလို ပူဇော်နိုင်ကြပါစေ။
————————————————————-
နမက္ကာရဘုရားရှိခိုးသမိုင်း
သီလ ဂုဏ,် သမာဓိဂုဏ,် ပညာဂုဏ,် ဝိမုတ္တိဂုဏ,်ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့်တကွ ရူပဝိလာသ လက္ခဏာတော,် ဣဒ္ဓိဝိသယ တန်ခိုးတော် စသည်တို့ဖြင့် မွှန်း ထုံအပ်သော ကရုဏာတော်အရှင်မြတ်စွာဘုရား သခင်အား သဒ္ဓါညွှတ်ကျိုး ရှိခိုးပူဇော်ခြင်း “ဗုဒ္ဓဝန္ဒနာ”ကို ကာယပဏာမ, ဝစီပဏာမ, မနောပဏာမ မြောက် အောင် ကိုယ်တော်တိုင်ရှိခိုး ၍ အဆီး အတား ဘေးအန္တရာယ်များမှ ကင်းစေခြင်း, ရှင်လူအများ သူတစ်ပါးတို့အားလည်း ကိုယ်တော်မြတ်သိ့ုအဆီးအတားဘေးအန္တရာယ်မှကင်းစေလိုခြင်းအကြောင်းကြောင့်ဤနမက္ကာရ ဘုရားရှိခိုး ဂါထာတော်ကြီးများကိုဗုဒ္ဓမတညု အဋ္ဌကထာကျမ်းပြုအရှင် မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည်ပင်ပြုစီရင်တော်မူအပ်လေသည်။ ထိုအရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်၏ အဋ္ဌုပ္ပတ်အကျဉ်းကား …
အရှင်မဟာဗုဒ္ဓဃောသပဋိသန္ဓေယူခြင်း
သာသနာတော်နှစ် ၉၀၀-ခန့်ရောက်ရှိသော အချိန်တွင် သီဟိုဠ်ကျွန်း၌ သာသနာတော် အလွန်ထွန်းလင်းတောက်ပ စည်ပင် လျက်ရှိသည် ဖြစ်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများသည် မပျက်မစီး အပြည့်အစုံ သီဟိုဠ်ဘာသာအက္ခရာဖြင့် တည်ရှိလေ၏။ ဇမ္ဗူဒိပ်ကျွန်း၌မူကား အပြည့်အစုံတည်ရှိခြင်း မရှိသည်ဖြစ်၍ “ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများကို သီဟိုဠ်ဘာသာအက္ခရာ အရေးအသားမှ မာဂဓဘာသာ အက္ခရာအရေးအသားသို့ အဘယ်သူပြန်ဆို ကူယူနိုင်စွမ်းရှိပါလတံ့နည်း”ဟု ဇမ္ဗူဒိပ်ကျွန်းနေ မဟာထေရ်အများ စည်းဝေး တိုင်ပင်ကြပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူကြကာ ဃောသကအမည်ရှိသော နတ်သားကို
တွေ့မြင်သဖြင့် ဤနတ်သားကား ပိဋကတ်တော်ကို ပြန်ဆိုကူးယူနိုင်စွမ်းရှိရုံသာမက ဗုဒ္ဓမြတ်စွာသာသနာတော်ကိုလည်း အဓွန့်ရှည်စွာတည်စေနိုင်မည့်သူဟု အနာဂတံသဉာဏ်တော်ဖြင့် သိတော်မူသောကြောင့် ဃောသကအမည်ရှိသော နတ်သားအားအထက်နတ်ပြည်သို့ မတက်မူ၍ လူပြည်သို့ သက်ပြီးလျှင် သာသနာပြုရန်အလို့ငှာ သိကြားမင်းနှင့်တကွ မထေရ်တို့က တောင်းပန်ကြသဖြင့် ဃောသကနတ်သားသည် ပဋိညာဉ်မှုဝန်ခံခြင်းပြုပြီးနောက် မဟာဗောဓိပင်အနီး ဃောသကအမည်ရှိသော ပုဏ္ဏားကြီး၏ မယားကေသီမည်သော ပုဏ္ဏေးမ၏ ဝမ်းကြာတိုက်တွင် ပဋသန္ဓေ စွဲမှီတည်လေ၏။။
ဗေဒင်သုံးပုံနှင့် ပိဋကတ်သုံးပုံဆောင်နိုင်ခြင်း
တစ်နေ့သ၌ ဃောသကရွာတွင် မင်္ဂလာအလို့ငှာ“ လာကြပါ ထိုင်ကြပါ စားကြပါ သောက်ကြပါ “စသည်ဖြင့် ဆူညံသောအသံကိုပြု လျက် ကျွေးမွေးလှူဒါန်း ပေးကမ်းလျက်ရှိစဉ်အတွင်း ကေသီပုဏ္ဏေးမကြီးသည် ပဋိသန္ဓေကိုးလလွန်မြောက် ဆယ်လရောက်ခဲ့ သဖြင့် သားရတနာကို မီးရှူးသန့်စင်ဖွားမြင်ေလေ၏။ ထိုသတိုးသားငယ်ကို မင်္ဂလာကြွေးကြော်သံ ဆူညံနေစဉ်အတွင်း မွေးဖွားလာ ခြင်းကြောင့်၎င်း ဃောသကရွာကြီး၏ သားထူးသားမြတ်ဖြစ်သောကြောင့်၎င်း မင်္ဂလာသံနှင့် ရွာနာမံ ၂-ပါးကိုစွဲယူကာ “ဃောသက”ဟူသော အမည်ကို မှည့်ခေါ်ကြလေတော့သည်။
ထိုဃောသကသူငယ်သည် ပုဏ္ဏားဖြစ်သည့်အားလျော်စွာ ဗေဒင်အတတ်ကို သင်ကြားရာ ၇-နှစ်သားအရွယ်ကပင် တဖက်ကမ်းခပ် တတ်မြောက်လေ၏။ ဃောသကသူငယ်သည် ဗေဒင်အတတ်ကို တဖက်ကမ်းခပ် တတ်မြောက်သောကြောင့် ဗေဒင်မာန် တတ်ကြွကာ အရပ်ရပ်အရွာရွာသို့ လှည့်လည်သွားရောက်လျက် အချေအတင် ဗေဒင်စကားပြောကြားဆွေနွေးလေရာ “ရေဝတ”အမည်ရှိသော ရဟန္တာမထေရ်တပါးနှင့် တွေ့၍ အချေအတင်ဗေဒင်စကားကို ဆွေးနွေးပြောကြားအပြီး မထေရ်မြတ်က “ကုသလာဓမ္မာ- ကုသိုလ်တရားတို့ကား အဘယ်သည်တို့နည်း၊ အကုသလာဓမ္မာ- အကုသိုလ်တရားတို့ကား အဘယ်သည်တို့နည်း၊ အဗျာကတာဓမ္မာ- အဗျာကတ တရားတို့ကား အဘယ်သည်တို့နည်း”ဟု ပရမတ္တဝေဒ-မည်သော ဗုဒ္ဓမန္တာန်ကို မေးမြန်းလေ၏။
ထိုအခါသူငယ်သည် ပရမတ္တဝေဒ ဗုဒ္ဓမန္တာန်ကို သင်ကြားလို၍ ထိုရဟန္တာမထေရ်မြတ်၏ ထံတော်ပါး၌ ရှင်ရဟန်းပြုပြီးလျှင် နေ့စဉ်သင်ကြားရာ တစ်နေ့တစ်နေ့တွင် ပုဒ်ပေါင်း ခြောက်သောင်း နှုတ်တက်အာဂုံဆောင်နိုင် သရဇ္စျာယ်နိုင်သည်ဖြစ်၍ တစ်လတည်းဖြင့်ပင် ပိဋကတ်သုံးပုံ နှုတ်တက်အာဂုံဆောင်နိုင်သဖြင့် ပါရဂူရောက် တတ်မြောက်လေ၏။
သီဟိုဠ်ကျွန်းသို့ ပိဋကတ်ကူးစေလွှတ်ခြင်း
“တစ်နေ့သ၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံ၌ ငါ၏အသိဉာဏ်က လွန်ကဲလေသလော ငါ့ဥပဇ္စျာယ်ဆရာ၏ အသိဉာဏ်ပညာက လွန်ကဲလေသလော”ဟု အရှင်ဗုဒ္ဓဃောသ တွေးတောကြံစည်သည်ကို ဥပဇ္စျာယ်ဆရာဖြစ်တော်မူသော အရှင်ရေဝတ မထေရ်မြတ်သည် စေတောပရိယအဘိညာဉ်ဖြင့် သိရှိတော်မူရကား “ငါ့ရှင် ဗုဒ္ဓဃောသ ပိဋကတ်စာပေမာန်တက်ကာ မသင့်တော်သည်များကို မကြံစည်လင့် ဝန်လေးလှဘိသည်” စသည်ဖြင့် နှိပ်ကွပ်ဆုံးမတော်မူ၏။ ထိုအခါ အရှင်ဗုဒ္ဓဃောသသည် ထိတ်လန့်ခြင်းသံဝေဂဖြစ်ပေါ်လာ၍ ဥပဇ္စျာယ်ဆရာအား ကန်တော့ဝန်ချတောင်းပန်လေ၏။
ဥပဇ္စျာယ်ဆရာလည်း “ငါ့ရှင် ဗုဒ္ဓဃောသ သင်သည် ဝန်လေးသောအကြံအစည်ကို ကြံစည်မိလေပြီ၊ သီဟိုဠ်ကျွန်းသို့သွား၍ သီဟိုဠ်ဘာသာ အက္ခရာဖြင့် ရေးသားတင်ထားအပ်သော ပိဋကတ် သုံးပုံကို မဂဓဘာသာ အရေးအသားဖြင့် ပြန်ဆိုရေးသား လေတော့၊ ယင်းသို့ ရေးသားသော် ငါသည်းခံအံ့”ဟု မိန့်တော်မူသောကြောင့် အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ပိဋကတ်တော် သွားရောက်ကူးယူရန် ဝန်ခံကတိပြုလေ၏။
သမုဒ္ဒရာအလယ် မထေရ်-၂ပါး ဆုံမိခြင်း
အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ မကြွမီ ခမည်းတော်အား မိစ္ဆာဒိဋ္ဌိအယူမှလွတ်စေပြီးလျှင် ဥပဇ္စျာယ်ဆရာရှင်၏ စကားကို ဦးဖြင့်ခံယူကာ ပိဋကတ်တော်ရေးကူးရန် အလို့ငှာ ရွက်သင်္ဘောဖြင့် သီဟိုဠ်ကျွန်းသို့ ကူးတော်မူခဲ့၏။ သုံးရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်သို့ ရောက်လတ်သော် သီဟိုဠ်မှ ပိဋကတ်တော် ကူးယူခွင့်မရ၍ ပြန်ကြွလာသော “အရှင်ဗုဒ္ဓဒတ္တ”မထေရ်က
“ ငါ့ရှင် ဗုဒ္ဓဃောသ ငါသည် သီဟိုဠ်ကျွန်းတွင် ပိဋကတ်တော်ကို ကူးယူခွင့်ရရန်အလို့ငှာ ဇိနာလင်္ကာရ”ကျမ်းကို ရေးသားပြုစုပြသ၏။ သီဟိုဠ်ကျွန်းသား မထေရ်များက ငါရေးသားသော ကျမ်းကို «အနှစ်မဲ့ကျမ်း»ဟု မှတ်ထင်၍ ငါ့အား ပိဋကတ်တော် ကူးယူခွင့် မပြုကြပါ။ သင်မူကား ပိဋကတ်တော်အဖွင့် သံဝဏ္ဏနာကျမ်းတခု ပြုစုပြသ၍ ကူးယူခွင့်တောင်းပါ”ဟု မှာထားပြောဆိုပြီးလျှင် သိကြားမင်းဆပ်ကပ်အပ်သော သျှိသျှားသီးကို၎င်း သံကညစ်တံကို၎င်း ကညစ်သွေးရန်ကျောက်ကို၎င်း အရှင်ဗုဒ္ဓဃောသ မထေရ်အား ပေးအပ်လေ၏။
ပိဋကတ်တော် ကူးယူခွင့်ပေးခြင်း
အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ မဟာနာမမင်းလက်ထက် သာသနာ (၉၃၀)နှစ်တွင် ရောက်တော်မူသော အခါ ဦးစွာပထမ သံဃပါလ”မထေရ်ကို ဖူးမြင်၍ ပိဋကတ်တော် ကူးယူရန် လာရောက်ကြောင်း လျှောက်ထားသဖြင့် သီဟိုဠ် မထေရ်များနှင့် သံဃပါလမထေရ်မြတ်က“ သီလေ ပတိဋ္ဌာယ နရော” စသော ဂါထာတစ်ပုဒ်ကို ပေးအပ်ကာ “ဤဂါထာအနက်ကို ပိဋကတ်သုံးပုံ ချောက်ခြားစေ၍ ဖွင့်ဆိုပါဦးလော”ဟု တိုက်တွန်းလေ၏။ အရှင်မဟာဗုဒ္ဓဃောသမထေရ်လည်း ထိုနေ့ည နေ့ချမ်းအချိန်မှစ၍ အဆိုပါဂါထာကို အစအဦးအမှူးထားပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ပြုစုရေးသားအပြီး ကျိန်းစက်တော်မူ၏။
သိကြားမင်းသည် မထေရ်မြတ်၏ ဉာဏ်ပဋိဘာန် သိလို၍ ရေးပြီးကျမ်းတစ်ဆူကို ကွယ်ထားလိုက်၏။ မထေရ်လည်းနိုးလာ၍ ကျမ်းကို မတွေ့သဖြင့် ဒုတိယအကြိမ်ပြုစု ရေးသားပြီး ကျိန်းစက်တော်မူ၏။ သိကြားမင်းလည်း ရှေးနည်းအတူ ကွယ်ထား လိုက်ပြန်၏။ မထေရ်လည်း နိုးလာ၍ ကျမ်းကိုမတွေ့သဖြင့် တတိယအကြိမ် ပြုစုရေးသားအပြီးတွင် သိကြားမင်း ရှေးကွယ်ထား သောကျမ်း ၂-ဆူကိုပြလေ၏။ နံနက်လင်းသောအခါ တစ်ညဉ့်တည်းပြုစုရေးသားသော ဝိသုဒ္ဓိမဂ်ကျမ်းသုံးဆူကို သီဟိုဠ်မထေရ် တို့အား ဆက်ကပ်ပြသ သဖြင့် တိုက်ဆိုင်ကြည့်ကြရာ တစ်လုံးတစ်ပါဒမျှ လွဲမှားခြင်းမရှိ တညီတညွတ်တည်းရှိသည်ကို တွေ့ကြရ၍ အလွန်နှစ်သက် သဘောကျသဖြင့် ပိဋကတ်တော် ပြန်ဆိုကူးယူခွင့်ပေးသော်လည်း ပိဋကတ်တိုက်ကြီးကိုကား ဖွင့်မပေးမူ၍ “သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေတော့”ဟု မိန့်ဆိုကြပြန်၏။
နမက္ကာရဘုရားရှိခိုးဖြင့် ပိဋကတ်တိုက် ဖွင့်ခြင်း
ထိုအခါ အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ပိဋကတ်တိုက် တံခါးဖွင့်ရန် မြတ်စွာဘုရားသခင်၏ ဂုဏ်တော် ကျေးဇူးတော် လက္ခဏာတော် တန်ခိုးတော်များနှင့်တကွ စရိယသုံးပါး စွန့်ခြင်းကြီး ငါးပါး ပါရမီတော် ဆယ်ပါး စသည်တို့ကို “သုဂတံ သုဂတံ သေဋ္ဌံ “စသော နမက္ကာရဘုရားရှိခိုး ဂါထာတို့ဖြင့် ဖွဲ့နွဲ့ရေးသား စီရင်ပြီးလျှင် ပိဋကတ်တိုက် တံခါးဝတွင် ထိုင်တော်မူလျက် နမက္ကာရ ဂါထာပါ အနက်အဓိပ္ပါယ်လာတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား အာရုံပြု၍ နမက္ကာရဘုရားရှိခိုးဂါထာပါဌ်ကို ရွက်ဆိုလျက် ရှိခိုးရာ မဟာဗောဓိပလ္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ခွေ နေတော်မူသော မြတ်စွာဘုရားအား မာရ်နတ်လာ၍ စစ်ထိုးသော အခါ ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးခဲ့သောကြောင့် ဤဗောဓိပင်နှင့် ပလ္လင်တော်ကို ရရှိပေသည် ဟု ပါရမီတော်ကို ညွှန်ကြားမှ မာရ်နတ်ရန် ပျက်ပြားသွားသကဲ့သို့ “တဟိံ တဟိံ ပါရမိ သဥ္စယံ စယံ”ဟူသော ပါရမီဂုဏ်တော်ညွှန်းသော ဂါထာတစ်ပုဒ်ကို ရွက်ဆိုမိသည်နှင့် ပိဋကတ်တော် တံခါးသည် အလိုအလျှောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်းပွင့် သွားပြီး ပိဋကတ်တော်ကို ကူးယူပြန်ဆိုရလေသတည်း။..
ဆရာငြိမ်းအေးလူ ဗေဒင်သုတေသီ
ကျမ်းကိုး
-မင်းလပြည့် (ဗုဒ္ဓ ပရိတ် ဂါထာ
မန္တန်ပေါင်းချုပ်သစ် )
-အရှင်ခေမိန္ဒ တိပိဋကနိကာယ
ကျောင်းတိုက်
( အရွင္မဟာဗုဒၶေဃာသေထရုပၸတၱိ)

တံမြက်စည်းလှည်းခြင်းအကျိုးများ

ဆောင်းနံနက်ခင်း ။ အေးမြခြင်းတွေက လောကဓာတ်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။မြောက်ပြန်လေ တအေးအေးနှင့်။ အရုဏ်တတ်ချိန်မို့ အအေးဓာတ်က တိုးလို့သာနေသည်။ အခုလိုမနက်စောစော မိမိအိမ်နဲ့လဲနီးသည့် ရွှေမောဓော ဘုရားသို့ ဘုရားဖူးရောက်ဖြစ်သည်။ ရောက်ဖြစ်တိုင်းလဲ ရင်ပြင်က်ပေါ်ရှိ ၊အာရုံခံတန်ဆောင်းတွေ ၊ ဓမ္မာရုံတွေ ၊ ဂန္ဓာကုဋီတိုက်တွေကို လှည့်လည်၍ တံမြက်စည်းလှဲကျင်းလေ့ရှိသည်။
သုဒဿနကုန်းတော်က မြင့်လဲမြင့်သည်။ ဆောင်းနံနက်ခင်းဆိုရင် ရင်ပြင်တွင်လေကတဟူးဟူး။
ရာသီကအေးပေမဲ့ ကျွန်တော်ကတော့ ချွေးပင်စို့စပြုလာသည်။ အခုလှည်းကျင်းနေသည့် မြင်းကျား ဓမ္မာရုံနဲ့ဆို ဓမ္မာရုံလေးခုလောက်လှဲခဲ့ပြီးပြီ။
“ဆရာလေး..အစောကြီးဘုရားဖူးလာတာလား”
အသံလာရာလှည့်ကြည့်လိုက်တော့
ကျွန်တော်ဆီမှာ ဗေဒင်မေးရင်းမိတ်ဆွေဖြစ်သွားသည့် ကိုလူမောင်။ လက်ထဲမှာလဲ
ပန်းတွေတစ်ပွေ့တစ်ပိုက်နှင့်။
“အေးဗျ..နေ့တိုင်းမလာနိုင်တော့ အခုလိုအားတဲ့ရက်လေးစောစောလာခဲ့တာ..
ဝေယျဝစ္စကုသိုလ်လဲရ၊ကျန်းမာရေးလဲကောင်းတာပေါ့ဗျ “
“ဒါကြောင့်မို့ဆရာချွေးတောင်
ထွက်နေတာကို ၊
ကျွန်တော်ပါကူလှည်းပေးမယ်လေ”
” ကောင်းတာပေါ့ဗျ
ဒါနဲ့ ကိုလူမောင်ကရော
ပန်းတွေအများကြီးနဲ့
ရင်ပြင်တော်မှာပန်းတွေလှည့်ရောင်းနေတာလား”
“မနောက်ပါနဲ့ ဆရာရယ် ….. ဒီနေ့က အမေ့မွေးနေ့လေ
ဒါကြောင့်ပန်းတွေ ဘုရားမှာကပ်နေတာ ..”
“ကောင်းတယ်ဗျ ကိုလူမောင်လိုသားသမီးကရှားတယ်
မိဘကို အိမ်ဦးခန်းမှာ ထားပြီးတော့လုပ်ကျွေးတဲ့သူမျိုး ဒီဘက်ခေတ်မှာတော်တော်နည်းတယ် …ကိုယ်လူမောင်လိုသားသမီးမျိုးက မိဘတွေမွေးရကျိုးနပ်ပါတယ်ဗျ”
ကိုလူမောင်က ဂြိုဟ်တိုင်တွေအသီးသီးမှာ ပန်းတွေလိုက်ကပ်ပြီး တံမြက်စည်း တစ်ချောင်းယူလာသည်။ မိမိဘေးမှာ အတူတူယှဉ် လှည်းသည်။
“ဆရာ ဗေဒင်လာမေးတဲ့သူတွေကိုတံမြက်စည်းလှည်းဖို့အမြဲတိုက်တွန်းတာကြားရတယ်။ တံမြက်စည်းလှည်းတာ ဘယ်လိုအကျိုးကျေးဇူးတွေများလဲဆရာ”
” အကျိုးရတာကတော့ ပြောလို့တောင်ဆုံးမယ်မထင်ဘူး
ဒီလိုဗျ ယတြာအနေနဲ့ ကိုအသာထားဦး
တံမြက်စည်းလှည်းတဲ့အကျိုး (၅)မျိုးရတယ်
လို့မှတ်သားဖူးတယ်
” တံမြက်စည်းလှည်းခြင်း အကျိုး (၅) ပါး “
(၁) မိမိစိတ်ကြည်လင်၏။
(၂) သူတစ်ပါးစိတ်ကို ကြည်လင်စေ၏။
(၃) နတ်တို့နှစ်သက်ဝမ်းမြောက်၏။
(၄) ကြည်လင်ဖွယ်ဖြစ်စေသောကြောင့် ကောင်းမှုကုသိုလ် ဆည်းပူးသည် ဖြစ်၏။
(၅) သေသည်၏ အခြားမဲ့၌ သုဂတိနတ်ရွာလားစေတတ်၏ လို့ဆိုထားတယ်ဗျ
နောက်ပြီး ပုညကြိယာဝတ္ထုဆယ်ပါးမှာ ဝေယျာဝစ္စကုသိုလ်တစ်ပါး ပါဝင်တယ်ဗျ ဝေယျာဝစ္စကုသိုလ်ဆိုတာ “ရတနာမြတ်သုံးပါး၊ မိဘဆရာတို့၏ ထိုထိုအမှုကိစ္စတို့၌ ရွက်ဆောင်ပြုတတ်သော မဟာကုသိုလ်စိတ္တုပ္ပါဒ် စေတနာ ”
ကိုခေါ်တာဗျ…
ကိုလူမောင်လဲကြားဖူးမယ်ထင်ပါတယ်
မိလိန္ဒမင်းကြီး နဲ့ ရှင်နာဂသေနအကြောင်းလေ”
“ဖတ်ဖူးတယ်ဆရာ မိလိန္ဒမင်းကြီးရဲ့အမေးပုစ္ဆာတွေကို ရှင်နာဂသေနပြန်ဖြေတာတွေလေ”
” ဟုတ်တယ် ကိုလူမောင်…သူတို့ရဲ့အတိတ်သမိုင်းတွေကလဲ တံမြက်စည်းလှဲခြင်းနဲ့ဆက်စပ်နေတယ်ဗျ”
“ပြောပြပါဦး ဆရာ”
” ခပ်တိုတိုပြောရရင်တော့…..
ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဂင်္ဂါမြစ်အနီးမှာ ကျောင်းတိုက် တစ်တိုက်ရှိတယ်။ အဲဒီကျောင်းတိုက်က ကိုယ်တော်တွေ ၊ ကိုရင်တွေဟာ နံနက်စောစောထပြီး တံမြက်စည်း လှည်း၊ အမှိုက်ကျုံး လုပ်ကြတာပေါ့
” အဲဒီမှာ ကိုရင်တစ်ပါး အမှိုက်မကျုံးဘဲနေတာနဲ့ ကိုယ်တော်တစ်ပါးက ရိုက်ပြီးခိုင်းတယ်ကွ။ အရိုက် ခံရတဲ့ ကိုရင်လဲ ငိုယိုပြီး အမှိုက်ကျံုး၊ အမှိုက်ပစ်ရင်း ဆုတစ်ခုတောင်းတယ်။ ဘာဆုလည်းဆိုတော့ ” ဤအမှိုက် ကျံုးရတဲ့ ကုသိုလ်ကံကြောင့် နိဗ္ဗာန်မရောက်မချင်း ဖြစ်လေရာဘဝ၌ မွန်းတည့်နေမင်းကြီးကဲ့သို့ ဘုန်းတန်ခိုး ကြီးရပါလို၏ ” တဲ့။
” ကိုရင် အမှိုက်ကျုံးပြီး ဂင်္ဂါမြစ်မှာ ရေသွားချိုးတော့ ဆုတစ်ခုထပ်တောင်းတယ်။ ” ကျွန်ုပ်သည် နိဗ္ဗာန်မ ရောက်မချင်း ဖြစ်လေရာဘဝ၌ ဂင်္ဂါလှိုင်းအဟုတ်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော မကုန်နိုင်သော ဉာဏ်ရှိသူ ဖြစ်ရပါလို၏ ” လို့ တောင်းပြန်ရော။
” ကိုရင်ကိုရိုက်တဲ့ ကိုယ်တော်လဲ ရေချိုးဖို့လာတော့ ကိုရင်ဆုတောင်းသံကို ကြားသွားတဲ့အခါ အားကျ မခံ ဆုတောင်းတာပေါ့ ။ ” ငါသည် နိဗ္ဗာန်မရမချင်း ဖြစ်လေရာဘဝ၌ ဂင်္ဂါမြစ်ရေအဟုတ်ကဲ့သို့ မကုန်နိုင်မ ခန်းနိုင်သောဉာဏ်ရှိသူ ဖြစ်ရပါလို၏။ ဤကိုရင် မေးတိုင်းမေးတိုင်း ပြဿနာအလုံးစုံကို ဖြေရှင်းနိုင်တဲ့သူ ဖြစ်ရ ပါလို၏ ” တဲ့။
” သူတို့နှစ်ပါးလဲ တံမြက်စည်းလှည်း၊ အမှိုက်ကျုံးတဲ့ ကုသိုလ်ကြောင့် ပျံတော်မူတဲ့အခါ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်နဲ့ အကြိမ်ကြိမ်ဖြစ်ပြီး ငါတို့ဂေါတမမြတ်စွာဘုရား သာသနာတော်မှာ အမှိုက်ကျံုးတဲ့ကိုရင်က မိလိန္ဒဆိုတဲ့ ဘုန်းတန်ခိုးကြီးတဲ့ဘုရင် ဖြစ်လာတယ်။ တံမြက်လှည်းတဲ့ကိုယ်တော်က နာဂသေနဆိုတဲ့ ရဟန္တာ ဖြစ်လာတယ်။
” မိလိန္ဒမင်းကြီးက ပုစ္ဆာတွေအမျိုးမျိုးမေး၊ မေးသမျှကို အရှင်နာဂသေနဆိုကလဲ အကုန်ဖြေနိုင်တာနဲ့ မိလိန္ဒမင်းကြီးလဲ အရှင်နာဂသေနဆီမှာ တပည့်ခံပြီး ရဟန်းဝတ် တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်ရော ဆိုပါတော့ဗျ”
“တံမြက်စည်းလှည်းတဲ့အကျိုးက
မနည်းပါလားဆရာ”
“ဟုတ်တယ် ကိုလူမောင်
ရှေးရှေးဆရာတော်ကြီးတွေတောင် ဝေယျဝစ္စအလုပ်တွေမညည်းမညူ လုပ်ခဲ့ကြတာဗျ”
“ပြောပါဦးဆရာ ကုသိုလ်ယူရအောင်လို့”
“ဘုရာရွင္လက္ထပ္က
လက်ယာရံရှင်သာရိပုတ္တာရာ ကိုယ်တော်မြတ်ကြီးက ကျောင်းတိုက်ထဲ နေစဉ် တံမြက်စည်းလှည်းနေ ကျပေါ့။ တစ်ခါကျတော့ နိရာဓသမာပတ်ဝင်စားဖို့ အရှင်မြတ်က လူမနီးသည့် ဟိမဝန္တာတောင်ကြိုချောက်ကြားသို့ ချည်းကပ် လာခဲ့တယ်။ အရေးမကြီးဟု ယူဆပြီး တံမြက်စည်းမလှည်းဘဲ နိရောဓသမာပတ် ဝင်စားနေလိုက်တယ်တဲ့။ နိရောဓ သမာပတ် ဝင်စားနေစဉ် စိတ်၊ စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော အချို့ရုပ်များ ချုပ်ငြိမ်းနေ၍ ပတ်ဝန်းကျင် ကို ဘာမျှမသိတော့ဘူး။
နိရောဓ သမာပတ်မှထသောအခါ ပြန့်ကျဲနေသော အမှိုက်များကြားတွင် ဘုရားရှင်၏ ခြေတော်ရာကို တွေ့လိုက်ရသဖြင့် အံ့သြသွားတာပေါ့ “အလို…နိရောဓသမာပတ်ဝင်စားနေစဉ် ဘုရားကိုယ်တော်မြတ်ကြီး ရောက်နေတာပါတကား။ ငါတံမြက်စည်းမလှည်းတာ သိသွားချေပေါ့ ” ဟု ဆင်ခြင်နှလုံးသွင်းကာ သံဝေဂ ဖြစ်တော်မူတယ်တဲ့
အဲဒီကစလို့ ရှင်သာရိပုတ္တရာကိုယ်တော်က ပရိနိဗ္ဗာန်စံသည်အထိ နေ့စဉ်တံမြက်စည်းလှည်းသည့် ကျင့်ဝတ်ကို အပျက်မခံတော့ဘူးတဲ့
( ပရိဝါ အ႒ကထာ )
” ကြည်ညိုစရာကောင်းလိုက်တာနော်”
“ဟုတ္တယ္ဗ်
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားဆိုရင် ” ငါ သံသရာအဆက်ဆက် သားကျွန်၊မယားကျွန်ဖြစ်ခဲ့တာများခဲ့ပြီ ..ဒီဘဝတော့ သံဃာ့ကျွန်လုပ်ပါရစေဆိုပြီး တံမြက်စည်း လှည်း၊ သံဃာတွေအတွက်သုံးရေ သောက်ရေဖြည့်တာမျိုး နိစ္စဓူဝ ဆောင်ရွက်တယ်လို့မှတ်သားရဖူးတယ်”
“ဒါဆိုဝေယျဝစ္စကုသိုလ်တွေက အမြဲလုပ်သင့်တာပေါ့နော်ဆရာ “
” လုပ်သင့်တာပေါ့ဗျ ဒါကြောင့်လဲ တံမြက်စည်းလှည်းဖို့ ဝေယျဝစ္စလုပ်ဖို့ကျွန်တော်အမြဲတိုက်တွန်းတာပေါ့ …ဗုဒ္ဓယတြာအနေနဲ့လေ။
ဒီဘက်ခေတ်မှာ အလုပ်အကိုင်တွေက အပြိုင်အဆိုင်အရမ်းပေါတယ်။ လုပ်ငန်းတူတစ်ဆိုင်နဲ့တစ်ဆိုင် အပုပ်ချ ပြဿနာရှာ သပုပ်လေလွင့်ပြောတာမျိုးခံစားနေရတယ်ဆိုရင် အခုလို တံမြက်စည်းလှည်းခိုင်းလေ့ရှိတယ်ဗျ ..အဆင်ပြေကြတာပါပဲ….
ဆိုင်အချင်းချင်းသင့်မြတ်သွားကြတယ်။
အထက်လူကြီးငြိုငြင်တာမျိုး မိမိအပေါ်အမြင်မကြည်တာမျိုးတွေ
မိဘနဲ့သားသမီးအချင်းချင်းနားလည်မှုလွဲတာမျိုးတွေ၊မိသားစုအတွင်းစိတ်ဝမ်းကွဲတာမျိုးတွေ ဆို အခုလိုအမှိုက်ကောက်တံမြက်စည်းလှဲတာနဲ့တင် ပြေပျောက်သွားတတ်တယ်
နောက်ပြီး စီးပွားရေးမှာပဲဖြစ်ဖြစ် လူမှုရေးမှာပဲဖြစ်ဖြစ် ရှင်းရှင်းပြောရရင် စားဝတ်နေရေး အတွက်အရမ်းဒုက္ခများနေပြီဆို အခုလိုပဲ ဘုရား၊ဘုန်းကြီးကျောင်း၊သိမ် တွေမှာ ချွေးပြိုက်ပြိုက်ကျသည်ထိ တံမြက်စည်းလှည်းသင့်တယ်
တစ် ရက်နှစ်ရက်တော့ မရဘူးပေါ့ဗျ၊ တစ်လကိုးသတင်းတော့ လှည်းရမှာပေါ့
ပိတ်နေတဲ့ ကုသိုလ်ကံတွေပွင့်သွားတာပါပဲ ….အခက်အခဲကြီးကြီးမားမားတွေကို တံမြက်စည်းလှည်း အမှိုက်ကောက်တာနဲ့တင် အဆင်ပြေခဲ့ပေါင်းများခဲ့ပြီ ကိုလူမောင် …”
“ဒါကြောင့် ဆရာတံမြက်စည်းလှည်းဖို့ ဆရာက ခဏခဏတိုက်တွန်းတာကို”
“ဟုတ်တာပေါ့ဗျ အခုတလောလဲ နောင်တတ်မဲ့အစိုးရက အမှိုက်ကောက်နေတာ တံမြက်စည်းလှည်းနေတာတွေမြင်ရတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်က လှပလာအုံးမယ့် အပြုအမူ နိမိတ်တစ်ခုလို့မြင်မိတယ်ဗျ”
“မှန်တာပေါ့ ဆရာရယ် ဆရာမြင်တဲ့အတိုင်း
ျဖစ္လာမွာပါ”
” စကားပြောလို့တော့ကောင်းတယ် ကိုလူမောင် ..နေလဲနဲနဲမြင့်လာပြီဆိုတော့ ကျွန်တော်တို့ ဆိုင်တစ်ဆိုင်မှာနံနက်စာသွားစားပြီး လမ်းခွဲကြရအောင်”
ကျွန်တော်တို့နှစ်ယောက်
ရွှေမောဓောဘုရားအနောက်ဘက်မုခ်ကနေ
ဆင်းလာခဲ့ကြသည်။ ဘုရားရင်ပြင်မှာတော့ အလှည့်ကျဝတ်အသင်းသားတွေ
ရင်ပြင်တစ်ပတ် ညီညီညာညာ တံမြက်စည်းလှည်းနေလေရဲ့ ……။ ။
သင်ဆရာ ၊မြင်ဆရာ ၊ကြားဆရာများ
အားလုံးကို ဦးခိုက်လျက်
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ဗုဒ္ဓ ဂုဏ်တော်တန်ခိုး

အနှစ် (၃၀)ကြာခဲ့ပါပြီ ။ အခု ကျွန်တော့်အသက်က (၄၈)နှစ် ဆိုတော့ လွန်ခဲ့တဲ့ အနှစ် (၃၀) ၊ အသက် (၁၈)နှစ်သား က,ပေါ့။ အဲဒီနှစ်မှာ ကျွန်တော် (၁၀)တန်းအောင်ပါတယ်။ အဲဒီတုန်းက (၁၀)တန်းအောင်ပြီးရင် တက္ကသိုလ်တွေကို တိုက်ရိုက် မတက်ရ သေးဘဲ “ဒေသကောလိပ်” လို့ ခေါ်တဲ့ ကောလိပ်မှာ (၂)နှစ် ဆက်ပြီး တက်ရပါတယ်။ ပြီးမှ (၁၀)တန်းအမှတ်ရယ် ၊ ဒေသကောလိပ် ပထမ၊ ဒုတိယနှစ်ရယ်က အမှတ်တွေ ပေါင်းပြီးမှ “လိုင်းတွေ” ပြန်ခွဲပါတယ်။ ကျွန်တော်က ဆင်ဖြူကျွန်း ကနေ အောင်တော့ “ရေနံချောင်းဒေသကောလိပ်” မှာ တက်ရပါတယ်။ မကွေးတိုင်းအတွက် ရေနံချောင်းဒေသကောလိပ် ကို သတ်မှတ် ထားပါတယ်။
ဒီလိုနဲ့ ဇွန်လ (၁၀)တန်း အောင်စာရင်းထွက်ပြီး စက်တင်ဘာလထဲမှာ ကောလိပ်တက်ဖို့အတွက် Form ဖြည့်ဖို့ ရေနံချောင်းမြို့ ကို သူငယ်ချင်းတွေနဲ့ ရောက်လာခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက် နေ့ပါ။
မနက်ပိုင်းမှာ ကောလိပ်ဝန်းထဲသွားပြီး လိုအပ်တဲ့ ဖောင်ဖြည့်တာ ၊ ငွေသွင်းတာတွေ လုပ်ပြီး ညနေ (၅)နာရီလောက်မှာ ရေနံချောင်းက တည်းခိုတဲ့ အိမ်မှာ သူငယ်ချင်းတစ်သိုက် စကားဝိုင်းဖွဲ့ပြီး ပြောနေကြပါတယ်။ အဲဒီ အချိန်မှာ (ဖြစ်ချင်လို့လား မသိပါဘူး) ကျွန်တော်ကဘဲ စ,ပြီး “ဟေ့၊ မြစ်ထဲ ရေသွားကူးကြရအောင်” ဆိုပြီး မဲဆွယ်ပါတော့တယ်။ ကျန်တဲ့သူတွေက သိပ်မလိုက်ချင်ဘူးဗျ။ ကျွန်တော်ကဘဲ အရမ်းတက်ကြွနေတာ။
အဲဒီအချိန်က မြစ်ရေတွေ “ကြီး” နေတဲ့ အချိန်ပေါ့။ ကျန်တဲ့သူတွေက “အင်တင်တင်” ဖြစ်နေတာကို ကျွန်တော်က အရမ်း လှုံ့ဆော်လိုက်တော့ နောက်ဆုံး သူငယ်ချင်း (၅)ယောက်ဟာ မြစ်ဆိပ်ကို ဆင်းလာကြတော့တာပေါ့ဗျာ။ ကျွန်တော်တို့ တည်းတဲ့ အိမ်က မြစ်ဆိပ်နဲ့ တစ်ဖာလုံလောက်ဘဲ ဝေးတာ ဆိုတော့ မကြာခင်ဘဲ မြစ်ဆိပ်ကို ရောက်လာပါတယ်။
ရေက အရမ်းတက် နေတဲ့ အချိန်ဖြစ်တော့ မြစ်ရေကလည်း ဒလဟော “ဝါးလုံးထိုး” စီးဆင်းနေပါတယ်။
မြစ်ဆိပ်လည်းရောက်ရော ကျွန်တော်တို့လည်း အဝတ်အစားတွေချွတ်၊ ဘောင်းဘီတိုလေးတွေနဲ့ ရေကူးကြတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ရေနံချောင်းသား တစ်ယောက်ပါတယ်ဗျ။ သူက ကျွန်တော်တို့ကို မြစ်ဆိပ်ကနေကြည့်ရင် ပေ(၇၀)လောက်မှာ ရှိတဲ့နေရာကို လက်ညှိုးညွှန်ပြပြီး “အဲဒီနေရာမှာ သစ်ငုတ်တိုကြီး ရှိတယ်။ အဲဒီနေရာကို ရေပြိုင်ပြီး ကူးကြရအောင်” ဆိုပြီး ပြောတော့ လူငယ်တွေဘဲဗျာ၊ တုန့်ဆိုင်းမနေဘဲ ဝုန်းကနဲ ဒိုင်ပင်ပစ်ပြီး အဲဒီ သစ်ငုတ်ကြီးရှိရာကို အပြိုင်အဆိုင် ကူးကြတော့တာပေါ့။ တကယ်တော့ အဲဒီ သစ်ငုတ်ကြီးက မြစ်ရေမကြီးရင် ကုန်းပေါ်မှာ ရှိနေတာပါ။ မြစ်ရေတက်လာတော့ ဒီငုတ် ကြီးလည်း မြုတ်သွားတော့တာပေါ့။
အမှန်အတိုင်းပြောရရင် အဲဒီအချိန်က ကျွန်တော်က ရေကူးတတ်ခါစဘဲ ရှိသေးပြီး သိပ်မကျွမ်းကျင်လှပါဘူး။ ဆင်ဖြူကျွန်းမြို့ မှာ ကျွန်တော်တို့အဖေပိုင်တဲ့ (၅)ဧကလောက်ကျယ်တဲ့ ဥယာဉ်ခြံကြီး တစ်ခု ရှိပါတယ်။ အဲဒီထဲမှာရေကန် (၃)ကန် ရှိပါတယ်။ အဲဒီ ရေကန်ထဲမှာ အဖေ့အလစ်မှာ ရေဆင်းကူးရင်းနဲ့ ကူးတတ်သွားတာပါ။ ဒါပေမယ့် အဲဒီတုန်းက “ကန်ရေဆိုတာ – ရေသေ ၊ မြစ်ရေချောင်းရေဆိုတာ – ရေရှင်” ဆိုတဲ့ သဘောတရားကို နားမလည်သေးဘူး။ ရေသေမှာ ကူးတတ်ပေမယ့် ရေရှင်မှာ ကူးတတ်ပါမယ်လို့ မဆိုနိုင်သေးဘူး။ ကျွန်တော်က အဲဒီတုန်းက “ရေသေ” မှာ ကူးတတ်တာလေးနဲ့ “ရွပိုးထိုးပြီး” ရေရှင်မှာ ကူးဖို့ ကျွန်တော်က စ,ခေါ်လိုက်ပေမယ့် ဒီလို မြစ်ထဲ၊ ချောင်းထဲမှာ ရေကူးတဲ့ အတွေ့အကြုံတော့ မရှိသေးဘူး ခင်ဗျ။
ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်း (၅)ယောက် အားသွန်ခွန်စိုက် ကူးလိုက်ကြတာ မကြာခင်ဘဲ သစ်ငုတ်ကြီးပေါ် ရောက်သွား ကြပါတယ်။ သစ်ငုတ်ကလည်း ဘယ်လောက်ကြီးလဲဆိုရင် လူငါးယောက်လုံး ရပ်နေလို့ပါတယ်။ သစ်ငုတ်ပေါ် ရပ်နေတော့ မြစ်ရေက ကျွန်တော်တို့ “ခါး” လောက်ရှိတာပေါ့။ ရေကလည်း ရေတက်ချိန်ဆိုတော့ဝါးလုံးထိုး စီးနေတာမို့ သစ်ငုတ်ပေါ်မှာ ဟန်ချက်မပျက်အောင် ထိန်းပြီးရပ်နေရပါတယ်။ မြစ်ရေကလည်း “အေးစက်” နေပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်မှာ ရှိတဲ့ ရောဂါဟောင်းလေးက “ထ” လာပါတော့တယ်။ အဲဒါကတော့ ရာသီဥတုအေးလာရင် “ကြွက်တက်” တဲ့ ရောဂါခင်ဗျ။ ယနေ့ ထိအောင် ဒီရောဂါက ရှိနေပြီး ဆောင်းတွင်း သိပ်အေးလာရင် ညအိပ်နေရင်း ကြွက်မကြာခဏ တက်တတ်ပါတယ်။
အဲသည်လို သစ်ငုတ်ကြီးပေါ်မှာ ရပ်နေရင်း “ကြွက်တက်” လာတော့ ကျွန်တော် ခြေသလုံးကို ကုန်းပြီးနှိပ်ရတော့တာပေါ့။ အဲဒီတော့ သူငယ်ချင်းတွေက ဘာဖြစ်တာလဲ မေးတော့ ကျွန်တော်က ကြွက်တတ်နေတဲ့အကြောင်း ပြန်ပြောတော့ သူငယ်ချင်း တွေက “ကမ်းနားက လှေတစ်စင်း” ကို လှမ်းခေါ်ဖို့ လုပ်ကြပါတယ်။ အဲဒီနေရာမှာ ကျွန်တော့်စိတ်ထဲမှာ တွေးလိုက်မိတာက “အင်း-လာတုန်းကတော့ အားလုံးအတူ ကူးလာနိုင်ပြီး၊ ပြန်တဲ့အခါကျမှ ငါကလှေစီးပြန်၊ သူတို့က ရေကူးပြန် ဆိုတော့ ရှက်စရာကြီး” ဆိုပြီး မရှက်သင့်တဲ့နေရာမှာ ရှက်လိုက်မိပါတယ်။
ဒါကြောင့် “ရပါတယ်ကွာ- ဘာမှ မဖြစ်ပါဘူး၊ ခဏနေ သက်သာသွားမှာပါ” ဆိုပြီး ငြင်းလိုက်မိတယ်ဗျ။ ခဏနေတော့ သက်သာသွားတာမို့ အားလုံး ကမ်းဆီကို ပြန်ကူး ကြမယ်ဆိုပြီး စ,ကူးကြတာပေါ့ဗျာ။ ကျွန်တော်က ရေကူးလည်း သိပ်မကျွမ်းကျင်သေးတာကတစ်ကြောင်း၊ ကြွက်ကလည်း တက်နေတာကြောင့် တစ်ကြောင်း သစ်ငုတ် နဲ့ ကမ်းစပ် အလယ် လောက်လည်း ရောက်ရော ကျွန်တော်က နောက်ဆုံးမှာ ကျန်ခဲ့ပြီး သူငယ်ချင်းတွေက ရှေ့ကို ရောက်သွားကြပါတယ်။ အဲဒီ အချိန်မှာဘဲ စောစောက သက်သာသလို ရှိနေတဲ့ ကြွက်တက် ဝေဒနာက ပြန်ပေါ်လာတော့တာဘဲဗျို့။
ရေကူးတယ်ဆိုတာ လက်ချည်း ကူးရတာမဟုတ်ဘဲ ခြေလက်အားလုံး လှုပ်ရှားမှ ကူးလို့ရတာဆိုတာတော့ ရေကူးတတ်သူ တွေဆိုရင် သိပါလိမ့်မယ်။ ခြေတစ်ဖက်က ကြွက်တက်ပြီဆိုတော့ ဘယ်လိုမှ ဆက်ကူးမရတော့လို့ “ငါတော့ ကြွက်တတ် နေပြီ” လို့ ရှေ့ရောက်နေတဲ့ သူငယ်ချင်းတွေကို လှမ်းအော်ပြောလိုက်တော့ သူငယ်ချင်း (၄)ယောက်ထဲမှာ (၃)ယောက်က တော့ ကျွန်တော့်ဆီ ကူညီဖို့ ပြန်ကူးလာကြပေမယ့် တစ်ယောက်ကတော့ ကမ်းဆီကို အမြန်ကူးပြေးတော့တာဘဲဗျို့။ ရေနစ်တဲ့သူကို ကူရင် ကိုယ်ပါ ရေနစ်သေတတ်တယ်လို့ တွေးမိလို့ နေမှာပေါ့လေ။
အဲဒီအချိန်မှာ ကံဆိုးချင်တော့ ပထမ ခြေသလုံးတစ်ဖက်ဘဲ တက်နေရာက နောက်ထပ် ခြေသလုံးတစ်ဖက်ပါ ကြွက်က တက်လာပြန်ရောဗျ။ ခြေနှစ်ဖက်လုံး ကြွက်တက်ပြီ ဆိုတော့ ဘယ်လိုမှ ကိုယ်ကို “မဖော့” နိုင်တော့ဘဲ လူက ဒေါင်လိုက် ရေထဲကို နစ်သွားတော့တာပေါ့။ သူငယ်ချင်း (၃)ယောက်လဲ တတ်နိုင်သလောက် လိုက်ဆယ်ကြပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လူတွေက လူငယ်တွေ . . ဒါမျိုးလည်း အတွေ့အကြုံမရှိကြတော့ ရေနစ်နေတဲ့ လူတစ်ယောက်ကို ဘယ်လို နည်းစနစ်ကျကျ ကယ်ရမယ်ဆိုတဲ့ နည်းမျိုးလည်း မသိကြဘူးလေ။
ဒါကြောင့် ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်ဘဲ ကျွန်တော်သာ ရေထဲမှာ မြုတ်ချည်ပေါ်ချည်နဲ့ မြစ်လယ်ကို တဖြည်းဖြည်း မျောသွားတော့တာပေါ့။ သူငယ်ချင်းတွေလည်း နောက်ဆုံး လက်လျော့သွားကြဟန်တူပါတယ်။
ကျွန်တော်မှာတော့ အဲဒီအချိန်မှာ တစ်ကိုယ်တည်း “သေမင်းနဲ့စစ်ခင်း” နေရတာပေါ့။ ရေထဲမြုတ်သွား လိုက်၊ မြစ်, ကြမ်းပြင်နဲ့ ခြေထောက်နဲ့ ထိရင် “ ဒူးကွေးပြီး ပြန်ကန်တင်” လိုက်တော့ ပြန်ပေါ်လာပြီး ရေပေါ်ပြန်ရောက်လာလိုက်၊ ပြီးတော့ ခြေထောက်က လှုပ်မရတော့ ပြန်မြုတ်သွားလိုက်နဲ့ အကြိမ်ပေါင်း ဘယ်လောက် ရှိမလဲဆိုတာတောင် မပြောတတ် တော့ပါဘူး။
ရေကလည်း “ဝါးလုံးထိုး” စီးနေတော့ ဒီနေရာမှာ မြုတ်သွားလိုက် နောက် ပေ (၃၀)လောက်အကွာမှာ ပြန်ပေါ် လိုက်နဲ့ပေါ့ဗျာ။ မှတ်မိသေးတယ်ဗျ။ မြစ်ကြမ်းပြင်နဲ့ ခြေထောက်နဲ့ ထိလိုက်တဲ့အချိန်မှာ မြစ်ကြမ်းပြင်ပေါ်မှာ ရေစီးအား ကြောင့် ကျောက်ခဲလေးတွေ လိမ့်နေတာကို သိဖြစ်အောင် သိလိုက်သေးတယ်။
မြစ်လယ်ဖက်ကို ရောက်လာတာနဲ့အမျှ ရေကလည်း နက်သည်ထက် နက်လာတယ်။ တစ်ခါမြုတ်သွားပြီး ပြန်ပေါ်လာတဲ့အချိန်ဟာ (၂)မိနစ် (၃)မိနစ်လောက်တောင် ကြာလာတယ်။ ရေကို ရှုသွင်းလိုက်တာနဲ့ အသက်ပျောက်ရမယ်ဆိုတာ သိထားတော့ အသက်ကို ကြိုးစားပြီး အောင့်ထား ရတာပေါ့။
နောက်ဆုံး “ငါသေရတော့မှာဘဲ” ဆိုတဲ့အသိဝင်လာတဲ့ အချိန်များ ကြောက်လိုက်တာဆိုဗျာ- မပြောပါနဲ့တော့။ “ငါ မသေချင် သေးဘူး။ အခုမှ ငါ့အသက် အငယ်လေး ရှိသေးတာ” ဆိုတဲ့အတွေးတွေကလည်း ဒီလောက် အပြင်းအထန် ရုန်းကန်နေတဲ့ ကြားထဲမှာကို တွေးမိသေးတယ်။
နောက်ဆုံးအကြိမ်ရေထဲက ပေါ်လာတဲ့အချိန်မှာ ကမ်းခြေဆီကို သတိ “မလစ်တစ်ချက်၊ လစ်တချက်နဲ့” လှမ်းကြည့်လိုက်တော့ ကမ်းခြေနဲ့က အတော်ကြီး ဝေးသွားပြီဗျ။ ကိုယ့်အနားမှာလည်း ကယ်မယ့်ယူမယ့်သူ ဆိုလို့ တစ်ယောက်မှ မရှိတော့ဘူး။ အဲဒီအချိန်မှာ ငါတော့ အမှန်တကယ် သေရတော့မှာဘဲလို့ နားလည်လိုက်ပါတော့တယ်။ ဒီလို သေခြင်းတရားကို လက်ခံလိုက်တဲ့အချိန်ရောက်မှ သေရင်ဘဝကူးကောင်းအောင် ဆိုပြီး ဘုရားစာရွတ်ဖို့ သတိရတော့ တယ်။
အဲဒီတုန်းက ကျွန်တော်ရတာဆိုလို့ “ဂုဏ်တော်(၉)ပါး” တစ်ခုလောက်ဘဲ ရှိသေးတာ။ ဒါနဲ့ “ဣတိပိသော ဘဂဝါ . . အစ, ချီတဲ့” ဂုဏ်တော်ကိုးပါး ကို စ, ပြီး ရွတ်တော့တာဘဲဗျို့။
အခုအချိန်မှာ ပြောနေတာတွေကမှ ကြာပါသေးတယ်။ အဲဒီ အချိန်မှာ ဖြစ်နေတဲ့ စိတ်တွေက သိပ်မြန်တာကလားဗျ။ “ငါတော့ သေရတော့မှာဘဲ . . . ငါမသေချင်သေးဘူး . . . မရတော့ဘူး ငါသေ ရတော့မယ် . . . ဘုရားစာတော့ ရွတ်ဦးမှ ဖြစ်မယ်” ဆိုတာတွေက စိတ်ထဲမှာ ဖျတ်ကနဲ ဖျတ်ကနဲ ဖြစ်နေတာ အခု ခင်ဗျား စာဖတ် နေတာထက် အများကြီး မြန်ပါတယ်။ ဒါနဲ့ ရေထဲကို နောက်ဆုံးနစ်သွားချိန်မှာ စပြီး ရွတ်လိုက်တဲ့ “ဣတိပိသော ဂုဏ်တော်ဟာ “. . . ဗုဒ္ဓေါ၊ ဘဂဝါ” ဆိုတဲ့ ဂါထာအဆုံးမှာတော့ မြစ်ကြမ်းပြင်နဲ့ ခြေထောက်နှစ်ဘက်နဲ့ ထိသွားပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားတယ်။ ဖျတ်ကနဲဘဲနော်။ အခုပြောနေတာကမှ ကြာပါသေးတယ်။ “ငါအခု ခြေထောက် နဲ့ ပြန်ကန်တက်ရဦးမလား၊ ဒါမှမဟုတ် ဒီအတိုင်း အသက်ရှုသွင်းလိုက်ပြီး အသေခံတော့မလား” ပေါ့။ အမှန်ကတော့ လူက သိပ်ပင်ပန်းနေတော့ လက်လျော့ချင်နေပြီ။ သေမှာလို့လည်း အမှန်ယုံကြည်နေပြီ။
ဒါပေမယ့် လူဆိုတာ နောက်ဆုံးအချိန် အထိတော့ မျှော်လင့်ချက်ရှိသေးတယ်ဆိုတဲ့စကားဟာ မှန်တယ်ပြောရမှာဘဲ။ ဒါနဲ့ နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ ခြေထောက်ကို မြစ်ကြမ်းပြင်နဲ့ ကန်တင်လိုက်လို့ ရေပေါ်ကို ခေါင်းပေါ်လာချိန်မှာဘဲ . . . . . . . . . . လား . . . လား ကိုယ့်ခေါင်းဘေးမှာ မဲမဲကြီးတစ်ခု တွေ့လိုက်လို့ လက်နဲ့ လှမ်းဖက်လိုက်တော့ “ဘောကွင်းကြီး” ဗျ။ ဘယ်ကနေ ဘယ်လို ရောက်လာလဲ မသိပါဘူး။
အဲဒီအချိန်မှာ ကျွန်တော်လည်း သတိလစ်တစ်ချက် ၊ မလစ်တစ်ချက်ဖြစ်နေပြီ။ ဒီတော့ ကျွန်တော်လည်း နောက်ဆုံးရှိတဲ့ ခွန်အားနဲ့ ဘောကွင်းကြီးကို အတင်းဖက်ထားတော့တာပေါ့ဗျာ။ ဒီတော့မှ ကမ်းခြေက လှမ်းကြည့်နေကြတဲ့ လူတွေ လှေတွေနဲ့ လိုက်လာပြီး ကျွန်တော့ကို ဆယ်ကြတော့တာပေါ့ဗျာ။
ဖြစ်ပုံကတော့ ကျွန်တော်ဒီလို မြုတ်လိုက်၊ ပေါ်လိုက် ဖြစ်နေချိန်မှာ ဆိပ်ကမ်းအောက်ဖက် ကမ်းခြေတစ်နေရာမှာ ကပ်ထားတဲ့ မော်တော်တစ်စင်းပေါ်ကနေ လူတစ်ယောက်က ဘောကွင်းကို ကျွန်တော်ပေါ်လောက်မယ့်နေရာဆီ မှန်းပြီး ပစ်လိုက်တာ ကံကောင်းချင်တော့ သေကံမရောက်၊ သက်မပျောက်ဆိုတာလို ကျွန်တော်ပြန်ပေါ်လာတဲ့ ခေါင်းပေါ်တဲ့တဲ့ဆီကို ရောက်လာ တော့တာဘဲ။
အဲဒီအချိန်မှာ ဒီဘောကွင်းဟာ ကျွန်တော်နဲ့ ငါးပေအကွာလောက်မှာ ရှိတယ်ဆိုရင်တောင်မှ ကျွန်တော် လက်မလှမ်းနိုင်တော့ပါဘူး။ အင်အားက ကုန်ခမ်းနေပါပြီ။ လူကလည်း သတိလစ်စ ပြုနေပါပြီ။ ကျွန်တော် မြုတ်လိုက် ပေါ်လိုက် ဖြစ်နေတဲ့နေရာနဲ့ အဲဒီ မော်တော်နဲ့က ပေ (၅၀)လောက် ဝေးပါတယ်။ ကျွန်တော် ရေအောက်ကို ရောက်နေချိန်မှာ ပေ(၅၀)လောက်ဝေးတဲ့နေရာကနေ ရမ်းသမ်း ပစ်လိုက်တဲ့ ဘောကွင်းကြီးဟာ ကျွန်တော်ပြန်ပေါ်မယ့် နေရာအတည့်ကို ကျလာတယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုလို့ ပြောဖို့ ခက်လှပါတယ်။
မြစ်ရေက တလဟော စီးဆင်းနေတော့ မြုတ်သွားတဲ့ နေရာတဲ့ ပြန်ပေါ်တဲ့ နေရာက ပေ(၃၀-၄၀)လောက် ကွာတယ်လေ။ ဒါကို ဘောကွင်းပစ်တဲ့လူကလည်း မှန်းပြီးပစ်ရတာပေါ့။ ဘောကွင်းနဲ့ကျွန်တော် (၅)ပေလောက်ကွာရင်တောင်မှ ကျွန်တော် လှမ်းမဖမ်းနိုင်လောက်အောင် အင်အားကုန်ခမ်းနေချိန်မှာ ခေါင်းပေါ်ကို အတည့်ကျလာတာ အတော်ဆန်းကျယ်လှပါတယ်။
ဒါကြောင့် ဒီလို အသက်ဘေးကလွတ်မြောက်လာတာဟာ နောက်ဆုံးအချိန်မှာ ရွတ်ဆိုလိုက်တဲ့ “ဂုဏ်တော်(၉)ပါး” တန်ခိုးတော်ကြောင့် လို့သာ ကျွန်တော်တော့ ယနေ့အချိန်အထိ အခိုင်အမာ ယုံကြည်ထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြောစရာ တစ်ခု ရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀)လောက်က “တန်ခိုးထက်မြက်သော ဗုဒ္ဓဂုဏ်တော်များ နှင့် ကိုယ်တွေ့ဖြစ်ရပ်များ” ဆိုတဲ့စာအုပ် ဟာ Best Seller ဖြစ်ခဲ့ဘူးပါတယ်။ စာအုပ်ပြုစုသူကတော့ “မင်းသူရိန်” လို့ ထင်ပါတယ်။
ဒီစာအုပ်ထဲမှာ “ဗုဒ္ဓ၏ ဂုဏ်တော်” တွေကြောင့် အသက်ဘေးကလွတ်မြောက်သူတွေ၊ အခက်အခဲ အကြပ်အတည်းမျိုးစုံက လွတ်မြောက်သူတွေ အကြောင်းကို စာရေးသူက ကိုယ်တွေ့ အင်တာဗျူးပြီး ရေးထားတဲ့စာအုပ်ပါ။ အလွန်နာမည်ကြီးပြီး အလွန်ရောင်းကောင်းခဲ့တဲ့စာအုပ်ပါ။ အသက် (၄၀)(၅၀)ဝန်းကျင် တွေ မှတ်မိကြပါလိမ့်မယ်။
လူ့လောကမှာ ဖြစ်ရပ်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရင် “ထောက်ခံပြောဆိုသူ” နဲ့ “ကန့်ကွက်ပြောဆိုသူ” ဆိုတာ အစဉ်ရှိကြ စမြဲပါ။ ဒီစာအုပ် ဒီလို နာမည်ကြီးလာတော့လည်း ဗုဒ္ဓဂုဏ်တော်တွေကို အကြွင်းမဲ့ ယုံကြည်သူတွေ ရှိသလို၊ မယုံကြည်လို့ ကန့်ကွက်ပြောဆိုသူ တွေလည်း ရှိပါတယ်။(ဗုဒ္ဓဘာသာတွေနော်)
သူတို့ပြောပုံက “ဂုဏ်တော်တွေရွတ်ပြီး မသေတဲ့သူတွေကသာ သူတို့ မသေရတာ ဂုဏ်တော်ကြောင့်လို့ပြောတာပေါ့၊ ဂုဏ်တော်ရွတ်ရင်း သေသွားသူတွေက (သေ,သွားမှတော့) ဘယ်လိုလုပ်ပြီး ပြန်ပြောနိုင်တော့မှာလဲ” တဲ့။ အင်း- သူတို့ ပြောတာကလည်း ဟုတ်သလိုလိုဘဲ။ တော်တော်စဉ်းစားစရာ ကောင်းတဲ့ စကားပါဘဲ။ ဒီလိုမျိုးလည်း ရှိချင် ရှိနိုင်တာဘဲလေ။ ဖြစ်နိုင်တာဘဲ။ မဖြစ်နိုင်ဘူးလို့မငြင်းချင်ပါဘူး။
သို့သော်ငြားလည်း လွန်ခဲ့သော နှစ်ပေါင်း (၃၀)ခန့်က ယခုဆောင်းပါးကို ရေးနေသော ကျွန်ုပ်တည်းဟူသော သကောင့်သား တစ်ယောက်ကမူ “ဗုဒ္ဓ၏ဂုဏ်တော်” ကို ရွတ်ဖတ်အပြီးမှာ အသက်ဘေးကနေ မယုံကြည်နိုင်စွာ လွတ်မြောက်ခဲ့ရကြောင်းပါ ခင်ဗျား။
ထို့နောက် ဆက်လက်ဖော်ပြချင်သည်မှာ ထို , အကျွန်ုပ်သည် ဗုဒ္ဓဟူးသားဖြစ်သောကြောင့် အသက် (၁၈)နှစ်သည် (9)ဂဏန်းဖြစ်၍ သက္ခတ်ဗေဒင်အရ “စနေသက္ခတ်” အတွင်း ကျရောက်နေပြီး ထိုမြစ်ဆိပ်ကမ်းသည်လည်း “စနေနံဘုရား” ဟု အမည်နာမရှိသော ဘုရားစေတီ၏ ခြေရင်းတွင် ရှိသော ဆိပ်ကမ်းဖြစ်ကြောင်း ဗေဒင်ရှုထောင့်မှ ဆက်လက်တင်ပြ လိုက်ရပါသည်ခင်ဗျား။ 9 ဂဏန်း(အင်္ဂါ)+စနေ= Accident .
.(၇)ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးနှင့် သဘာဝဘေးဥပဒ်များမှ လွတ်ကင်းနိုင်ကြပါစေကုန်သော်။
ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
ဗုဒ္ဓ၏ ဂုဏ်တော်တွေရဲ့စွမ်းပကားကြီးမားပုံကိုသိစေလို၍ ကျွန်တော်လေးစားတန်ဖိုးထားရသော
ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ) ၏ဆောင်းပါးအား ပြန်လည်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

သောကကင်းစေ…..ချမ်းသာစေ

ဒီတခါ ဝေမျှချင်တဲ့ အကြောင်းအရာလေးတခုရှိပါတယ်။
ဗေဒင်ဆရာဘဝ … တွေ့ရကြုံရတဲ့ အပူသည်တွေကို မိမိတတ်နိုင်သည့် ပညာဖြင့် ကူညီပေးခဲ့ပေါင်းမနည်းတော့။ အခုအခါလဲ လက်တွေ့အကျိုးပေးပြီး လူအများရဲ့ သောကတွေကို ငြိမ်းအေးစေ၍ ချမ်းသာမှုတွေပွားစည်စေတဲ့ဂါထာတစ်ပုဒ်အကြောင်းပါ။
ကဲ …ဘယ်လိုသောကအပူတွေငြိမ်းစေသလဲဆိုရင်…
******************************************
“ဆရာ ယောကျ်ားက အခုတလောအိမ်သိပ်မကပ်ဘူးဆရာ … ရုံးမှာ O.T ရှိတယ်ဆိုပြီး မိုးချုပ်မှအိမ်ပြန်လာတတ်တယ် ၊ သူ့ရုံးမှာအလုပ်လုပ်နေတဲ့ သမီးသူငယ်ချင်းရဲ့ညီမကို စုံးစမ်းကြည့်တော့ ညနေ၅ နာရီဆို
ရုံးက စာရေးမတစ်ယောက်နဲ့ထွက်သွားတာတဲ့။
O.Tက မရှိဘူးတဲ့ဆရာ …သမီးကိုယ်တိုင်လိုက်စုံစမ်းကြည့်တော့ သူ့လက်အောက်က စာရေးမတစ်ယောက်နဲ့ ဘာလိုလိုဖြစ်နေကြတယ်တဲ့ ….ကူညီပါဦးဆရာ”
” ဆရာသမီးမှားတာပါ… ဟိုးနေက လင်မယားချင်းစကားများတာ သမီးပြောတာနည်းနည်းလွန်သွားတယ်
ဆရာ ..သူစိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားတယ် ..ဖုန်းဆက်တော့လဲဖုန်းပိတ်ထားတယ် ဆရာ
ပြန်မလာတာဆယ်ရက်ကျော်ပြီ…..”
“ဆရာ..သားႀကီးက သေဘၤာသားပါဆရာ။
အခုသားကြီးက ပြန်လာရမဲ့ contractဆိုလား ဘာဆိုလားပြည့်နေပြီတဲ့။လာလဲမဲ့သူကလည်း မလာသေးလို့တဲ့ဆရာ … သင်္ဘောပေါ်ကနေသူ့ကပြန်လာချင်ပြီ။ သူအမြန်ပြန်လာဖြစ်အောင် ဒီကနေဘာယတြာလုပ်ရမလဲဆရာ”
“ဆရာ အမျိုးသားကဗိုလ်ကြီးပါဆရာ
သူရှေ့တန်းထွက်ပြီဆိုရင် သမီးမှာ ရသမျှဂုဏ်တော်တွေ
ဂါထာတွေမပြတ်ရွတ်ပါတယ်ဆရာ
သူရှေ့တန်းကနေ အန္တရာယ်ကင်းကင်းပြန်လာဖို့…ဘာလုပ်ရမလဲဆရာ”
” ဆရာရေ ဒီနှစ်ဘာဖြစ်လဲမသိဘူး
ဘာလုပ်လုပ်အဆင်မပြေဘူး
အောက်လမ်းနဲ့တိုက်ထားလားကိုမသိဘူး”
” ဆရာ ကလေးက ဘာဖြစ်လဲမသိဘူး
ညညလန့်လန့်ပြီးထထငို နေတော့တာပဲ
ဆရာဝန်နဲ့လဲပြတယ်ဆရာ
ဘာရောဂါမှအထွေအထူးမရှိဘူး”
အထက်ပါအတိုင်းပြောခဲ့ကြသည့်အခက်အခဲတွေကို
အံသြစရာကောင်းစွာ ထိုဂါထာလေးရွတ်ဆိုခိုင်း၍
ကျော်လွှားနိုင်ခဲ့တာ လက်တွေ့ပင်။ အထူးသဖြင့်
*ခြေရှုပ်တဲ့အမျိုးသားအတွက်စိတ်ညစ်ရတဲ့အိမ်ရှင်မတွေ
*နိုင်ငံရပ်ခြားပဲဖြစ်ဖြစ်
မွေးရပ်နဲ့အဝေးကြီးမှာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲဒုက္ခရောက်ပြီး မွေးရပ်အမြန်ပြန်ချင်သူတွေ
* အိမ်ကနေထွက်သွားပြီး အဆက်အသွယ်မရတဲ့ မိသားစုဝင်တစ်ဦး တစ်ယောက်ဆီက အဆက်အသွယ် ရချင်တဲ့သူတွေ အတွက် အထူးပဲကောင်းတာတွေ့ရပါတယ်။
ဒါအပြင် အခုကာလမီးဘေး ၊ရေဘေးတွေကြုံတွေနေကြရပါတယ်။ ထို ဂါထာလေးကိုရွတ်ဆိုရင်
ရန်သူမျိုးငါးပါးဘေးမှလဲ ထူးခြားစွာ လွတ်ကင်းနိုင်ပါတယ်
ဒီလောက်ထိ ပြောလာပြီဆိုတော့ ဘာဂါထာလဲ သိချင်ကြပေလိမ့်မည်။
ဇလွန် ပြည်တော်ပြန် စမ္မခဏ် ဂါထာပါ။
အနက်မြန်မာပြန်ရော …ပုတီးစိပ်တာ ဝါသနာပါသူတွေအတွက် ပုတီးစိပ်နည်းရောပါ
တင်ပြပေးလိုက်ပါတယ်။
ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး
စမ္မခဏ် ဂါထာတော်
– ဣတိပိ ပိဋကတၱ ယံ အနိစၥံ ဒုကၡံ အနတၱ ံ ။
– သတ္တ ဗောဇ္ဈင် င်္ဂေါ အဋ္ဌင်္ဂိ ကော မဂ္ဂေ ါ စတု သတိ ပဋ္ဌာနံ ၊
– သဗ္ဗ ဿ ဣန္ဒေ ာ သဟဿ သူ ရိ ယော ။
– ေဩာင် း နမော ဗု ဒ္ဓ ါနံ ၊ ရာဇဘယံ ၊ စောရဘယံ ၊ ဥဒက ဘယံ ၊
အဂၢိဘယံ ၊ သတၳဘယံ ၊ သဗၺဘယံ ၊ ဇေယာ ဇယတု မဂၤလံ ။
– အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမုပ္ပန္နံ ၊ ခယဓမ္မံ ၊ ၀ယဓမ္မံ ၊ ဝိရာဂဓမ္မံ ၊
နိ ရောဓ ဓမ္မံ ၊ ပဏ္ဍိ တာ ခမန္တိ ။
အနက်ဖွင့်ဆိုချက်
ဣတိပိ ပိဋကတၱ ယံ အနိစၥံ ဒုကၡံ အနတၱ ံ –
ဤသို့ဖြစ်ခြင်းပျက်ခြင်း သဘောရှိသောကြောင့် အနိ စ္စ ၊ ဤသို့မပြတ် နှိပ်စက် ခြင် း သဘောရှိ သောကြောင့် ဒု က္ခ ၊ ဤသို့
မိမိ အလိုသို့ မလိုက်ခြင်း သဘော ရှိသောကြောင့် အနတ္တ မည်၏။
သတ္တ ဗောဇ္ဈင် င်္ဂေါ – ၇ ပါးသော ဗောဇ္ဈင် တို့သည် လည် းကောင် း ၊
အဋ္ဌင်္ဂိ ကော မဂ္ဂေ ါ – အင်္ဂါ ရှ စ် ပါး ရှိသော ၊
စတုပဋ္ဌာနံ – ဟေတု အာရမ္မဏ စသည့် ၂၄ ပစ္စည်း ဟူသော ပဋ္ဌာန်းသည် လည်းကောင်း ၊
သဗ္ဗဿ ဣန္ဒော – တရားအလုံးစုံကို အစိုးရသော မြတ်စွာ ဘု ရားသည် လည် းကောင် း ၊
သဟဿ သူ ရိ ယော – ရောင် ခြည် တစ် ထောင် ဆောင် သော နေမင် းသည် လည် းကောင် း ၊
ဣတိပိ အနိစ္စံ ဒုက္ခံ အနတ္တံ – ဤသို့ ဖြစ်ခြင်း ပျက်ခြင်း စသည့် သဘော ရှိ ိသောကြောင့် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ မည်၏ ။
ေဩာင် း ( ဗု ဒ္ဓ ါနံ ) – အထူ းသဖြင့ ် မြတ် တော် မူ ကု န် သော ၊
နေမာ ဗုဒၶါနံ – ဘုရားရွ င္တုိ႔အား ရွ ိခိုးပါ၏ ။
တေသံ အာနု ဘာဝေန – ထို ဘု ရားရှ င်တု ိ့၏ တန်ခို းတေဇော် အာနု ဘော်ကြောင့် ၊
ရာဇဘယံ – မင်းဘေးကို လည်းကောင်း ၊
စောရဘယံ – ခို းသူ ဘေးကို လည်းကောင်း ၊
ဥဒကဘယံ – ရေဘေးကို လည်းကောင်း ၊
အဂ္ဂိဘယံ – မီးဘေးကို လည်းကောင်း ၊
သတ္ထဘယံ – လက်နက်ဘေးကို လည်းကောင်း ၊
သဗ္ဗဘယံ – ဘေးအားလံ ု းကို လည်းကောင်း ၊
ဇယော – အောင် မြင် နိ ု င် ပါစေသတည် း ။
ဇယတု မင်္ဂလံ – ကောင်းသော မင်္ဂလာ ဟူသမှ ျ အောင်မြင်ပါစေသတည်း ။
အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမု ပ္ပန္နံ – အကြောင်းကို စွဲ၍ ဖြစ်သော အကျိုး တရားသည် ကံ -စိတ် – ဥတု – အာဟာရ
အကြောင် းတရား ( ၄ )ပါးတိ ု့ ပြုပြင် အပ် သည် ဖြစ် ၍ အမြဲ မရှ ိ ပေ။
ခယဓမ္မံ – ကုန်ခြင်း သဘောရှိ၏ ။
၀ယဓမ္မံ – ပျက်ခြင်း သဘောရှိ၏ ။
၀ိရာဂဓမ္မံ – ရာဂ ကင်းခြင်း သဘောရှိသော နိဗ္ဗာန်ကို ၊
ပဏ္ဍိ တာ – ပညာရှ ိ တိ ု့သည်
ခမန္တိ – နှ စ်သက်တော် မူကြသည် ။
စမ္မခဏ် ဂါထာတော် ပု တီးစိပ်နည်း
(၁) ဣတိ ပိ ပိ ဋကတ္တ ယံ ၊ (၂) အနိ စ္စ ံ ၊ (၃) ဒု က္ခ ံ ၊ (၄) အနတ္တ ံ ၊ (၅) သတ္တ ဗောဇ္ဈင် င်္ဂေါ ၊
(၆) အရိ ယော ၊ (၇) အဋ္ဌင်္ဂိ ကော မဂ္ဂေ ါ ၊ (၈) စတု ဝိ သတိ ပဋ္ဌာနံ ၊ (၉) သဗ္ဗ ဿ ဣန္ဒေ ာ ၊ (၁၀) သဟဿ သူ ရိ ယော ၊
(၁၁) ေဩာင် း နမော ဗု ဒ္ဓ ါနံ ၊ (၁၂) ရာဇဘယံ ၊ (၁၃) စောရဘယံ ၊ (၁၄) ဥဒက ဘယံ ၊ (၁၅) အဂ္ဂ ိ ဘယံ ၊
(၁၆) သတၳ ဘယံ ၊ (၁၇) သဗၺ ဘယံ ၊ (၁၈) ဇေယာ ၊ (၁၉) ဇယတု မဂၤလံ ၊ (၂၀) အနိ စၥ ံ ၊
(၂၁) သင်္ခတံ ၊ (၂၂) ပဋိစ္စ သမုပ္ပန္နံ ၊ (၂၃) ခယဓမ္မံ ၊ (၂၄) ၀ယဓမ္မံ ၊ (၂၅) ဝိရာဂဓမ္မံ ၊
(၂၆) နိ ရောဓ ဓမ္မ ံ ၊ (၂၇) ပဏ္ဍိ တာ ခမန္တိ ။
အထက် ဖော် ပြပါအတိုင် း တစ်ပုဒ်လျှင် ပုတီးတစ်လုံးစီ ချပါ ။ ၂၇ လံ ု း တစ် ကြိ မ် ပြည့ ် ပါက (ဝါ) ဂါထာဆံ ု းပါက အစမှ ပြန် ၍စိ ပ် ပါ။
၂၇ လံ ု း ၄ ကြိ မ် ပြည့် ပါက ပု တီ း (၁၀၈) လံ ု း တစ် ပတ် ရ၏ ။
၎င်း နည် းအတု ိ င် း တစ် နေ့ ပု တီ း (၉) ပတ် အဓိ ဋ္ဌာန် ဖြင့် မှ န် မှ န် စိပ် ပါက ဘေးရန် ခပ် သိ မ် း ငြိ မ် းလျက် စီ းပွားချမ် းသာ
တို းတက် လာနို င်ပါသည်။ ယံ ု ကြည်စွာဖြင့် အဓိဋ္ဌာန်မပျက် မှ န်မှ န် အားထု တ်နိုင် ကြပါစေ။
စမ္မ ခဏ် ဂါထာကိ ု နေ့စဉ် မပြတ် အမြဲရွတ် ဖတ် ပါက အတွင် းရန် ၊ အပြင် ရန် များ ကင် းစင် ပပျောက် ခြင် း ၊ သူ တစ် ပါး
မကောင် း မကြံ စည် နိ ု င် ခြင် း ၊ မိ မိ တောင့် တနေသော ဆု ကိ ု ရရှ ိ နိ ု င် ခြင် း ၊ မိ သားစု နှ င့် မကွဲမကွာ နေရခြင် း ၊ မိ မိ နေလိ ု သော
အရပ် ဒေသများ၌သာ နေထိ ု င် ရခြင် း ၊ ဘု န် းတန် ခိ ု းကြီ းခြင် း ၊ လာဘ် လာဘ ပေါများခြင် း ၊ ရန် အောင် မြင် ခြင် း စသော အကျိ ုးများကိ ု
လက် တွေ့ ခံ စားရမည် ။
ယုံကြည် မှုလည် း ရှ ိ ၊ ဂါထာ၏ ဆိုလိုရင်း
အဓိ ပ္ပ ါယ် ကိ ု လည် း ထိ ထိ မိ မိ သိ ရှ ိ ကာ နှ လံ ု းသွင် း၍ ရွတ် ဆိ ု ပါမူ အထူ းပင်အကျိ ုးများမည် ။
ထို့ကြောင့် ဂါထာကို ရွတ်ဆို၍ ဖြစ်စေ ၊ စမ္မခဏ် ပုတီး စိပ်နည်းကို ဖြစ်စေ ၊ အဓိဋ္ဌာန်မပျက် ယုံကြည်မှု ရှ ိရှ ိနှ င့် ကျင့် ကြံရွတ် ဆိ ုကြပါက ကောင် းကျိ ုးသု ခများ ခံ စားရမည် မှ ာ သေချာပါသည် ။
မည် သည့် နေ့ ၊ နေရာဌာနတွင် မဆိ ု စတင် အဓိ ဋ္ဌာန် ဝင် နိ ု င် ပါသည် ။ အဓိ ဋ္ဌာန် မဝင် မီ ဘု ရားရှစ်ခိ ု း ၊ ငါးပါးသီ လ ခံ ယူ
တတ် နိ ု င် သမှ ျ ဆွမ် း ၊ ဆီ မီ း ၊ ရေတော် တိ ု့ကိ ု ကပ် လှ ူ၍ ပု တီ း စိ ပ၊် ပြီ းပါက လိ ု ရာဆန္ဒ ဆု တောင် း ၊ မေတ္တ ာပိ ု့ စသည် တို့ကို အစီ အစဉ် တကျ ဆောင် ရွက် နိ ု င် ကြပြီး လိုအင်ဆန္ဒပြည့်ဝကြစေကု န် သတည် း။ ။
သင်ဆရာ ၊မြင်ဆရာ ၊ ကြားဆရာအားလုံးကို
ရှစ်ခိုးဦးခိုက်လျက်…..

ငြိမ်းအေးလူ(ဗေဒင်သုတေသီ) 

ဗေဒင် Pageနဲ့ သင့်တော်တဲ့ ဆောင်းပါးလေးတစ်ပုဒ် shareလိုက်ပါတယ်ဗျ ဗေဒင်ပညာ ဘာလဲ?

 

ယနေ့အဖို့ ဗေဒင်ပညာအပေါ်တွင် လူအများစု အမြင်လွဲမှားနေမှုကို ရှင်းပြလိုပါသည်။ ဗေဒင်ပညာသည် လူ့ယဉ်ကျေးမှု မပေါ်ပေါက်ခင်ကတည်းက (ပုံစံအမျိုးမျိုးဖြင့်) ရှိနေခဲ့သည် ပညာတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်နေကြသည့် ဘာသာတရားအားလုံးထက် စော၍ ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့ ကွန်ပျူတာ သိပ္ပံခေတ်၊ နည်းပညာခေတ်သို့ ရောက်သည့်တိုင်အောင် ဗေဒင်ပညာကို ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာက ယုံကြည်လျှက် ရှိနေသေး ပေသည်။
.
မိမိသည် ဗေဒင်ပညာကို ယုံကြည်ပါသည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံသူ ရှိသလို ဗေဒင်ကိုယုံလျှင် ရှက်စရာတစ်ခုဟု ယူဆပြီး ပွင့်ပွင့်လင်းလင်း ဝန်မခံသော ယုံကြည်သူများလည်း ရှိပေသည်။ သုတေသန စစ်တမ်းများအရ ပွင့်ပွင့်လင်းလင်း ဝန်မခံသော ယုံကြည်သူဦးရေက ပို၍ များပြားသည် ဟု သိရသည်။
.
ဗေဒင်ပညာကို မယုံကြည်သော သူများကိုပင် လေ့လာကြည့်လျှင် (၂)မျိုး(၂)စား တွေ့ရတတ်သည်။ ပထမ တစ်မျိုးမှာ မွေးဖွားလာသည်မှ သေဆုံးချိန်အထိ လုံးဝ ယုံကြည်မှု မရှိသူများဖြစ်သည်။ ဗေဒင်ပညာနှင့် လားလားမှ မသက်ဆိုင်သူများ ဖြစ်ကြသည်။ မည်သည့် ဘဝလောကဓံမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ဗေဒင်ပညာကို အားကိုးမရှာတတ်သော လူမျိုး ဖြစ်သည်။ (အရေအတွက် အလွန်နည်းလွန်းလှသည်)
ဒုတိယ တစ်မျိုးမှာ ဗေဒင် “အခြေအနေ ၊ အချိန်အခါ အလျှောက်” ယုံကြည်ကြ သူများဖြစ်သည်။ မိမိတွင် အစစ အရာရာ အဆင်ပြေနေပြီး ပန်းခင်းသော လမ်းကို လျှောက်လမ်းနေရသော အချိန်မျိုးတွင် ဗေဒင်ပညာကို မယုံကြည်ချေ။ မိမိ မယုံကြည်ကြောင်းကိုလည်း လူသိရှင်ကြား ထုတ်ဖော် ပြောဆို တတ်ကြသည်။ အချို့သော ယုံကြည်သူများကိုပင် ကဲ့ရဲ့ လှောင်ပြောင် တတ်ကြသေးသည်။ သို့သော် ထိုသူသည် ရုတ်တရက် ထင်မှတ်မထားသော ဘဝလောကဓံကြီးတစ်ခု ကျရောက်လာပြီး စီးပွားပျက်သွားခြင်း ၊ အိမ်ထောင်ပျက်သွားခြင်း (သို့) သေလောက်သော ရောဂါကြီးတစ်ခု စွဲကပ် ခံရခြင်းမျိုးနှင့် ကြုံတွေ့လာရချိန်တွင်မူ ဗေဒင်ပညာကို (ဒုတိယ ဘုရားသခင်သဖွယ်) ယုံကြည်ကိုးစား လာတတ်ကြသော လူစားမျိုးလည်း ရှိပေသေးသည်။ (အရေအတွက် ပိုများသည်)
.
ဗေဒင်ပညာကို ဘာကြောင့် ယုံကြည်ကြသလဲ?
.လူတွေ ဘာကြောင့် ဗေဒင်ပညာကို ယုံကြည်ကြသလဲ? ။ ဘာကြောင့် ဗေဒင်ပညာကို အားကိုးကြသလဲ ဟူသည့် အချက်ကို ဆန်းစစ်ကြည့်ကြ ပါစို့။ လူတွေ ဘာကြောင့် ဗေဒင်ကို ယုံကြည်ကြပါသလဲ?။
.
လွန်ခဲ့သော နှစ် (၂)သန်းကျော် “ကျောက်ခေတ်” ကာလမှသည် ယနေ့ခေတ် (ကွန်ပျူတာ သိပ္ပံခေတ်) တိုင်အောင် လူသားများ၏ မြင့်မားသော အသိဉာဏ်ပညာဖြင့် မဖြေရှင်းနိုင်သော ပြဿနာကြီး တစ်ခု တည်ရှိနေပေသည်။ ထိုပြဿနာ မှာ “အနာဂါတ်” ပြဿနာပင် ဖြစ်လေသည်။ လူသားသည် ထက်မြက်သော သိပ္ပံပညာဖြင့် – ကမ္ဘာလောကကြီး တစ်ခုလုံး၏ လျှို့ဝှက်ချက်များကို တစ်ခုပြီးတစ်ခု ရှာဖွေဖေါ်ထုတ် နိုင်ခဲ့သော်လည်း “လူတစ်ယောက်၏ အနာဂါတ်” ကို သိပ္ပံပညာဖြင့် ဖော်ထုတ်နိုင်စွမ်းမှာမူ ယနေ့တိုင် ချို့တဲ့အားနည်းလျှက် ရှိပေသေးသည်။
.
ယနေ့ခေတ် အစွမ်းထက်လှသော သိပ္ပံပညာဖြင့် သဘာဝဘေးအန္တရာယ် အချို့ကို ကြိုတင်ခန့်မှန်းလာနိုင်ကြပြီ။ လူတစ်ယောက်တွင် မည်သည့် ရောဂါများ ဖြစ်ပွားလာနိုင်ချေ ရှိသည် ခန့်မှန်းလာနိုင်ကြပြီ။ သို့သော် သိပ္ပံပညာသည် လူတစ်ယောက် မနက်ဖြန် ဘာဖြစ်မည် ဆိုသည်ကိုမူ မပြောနိုင်ကြသေးချေ။ မနက်ဖြန်သည် မနေ့ကကဲ့သို့ ပုံမှန်အတိုင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် အပြောင်းအလဲကြီး တစ်ခုလည်း ဖြစ်သွားနိုင်သည်။ ကျန်းမာရေး၊ စီးပွားရေး ၊ လူမှုရေး အိမ်ထောင်ရေးများ အကြီးအကျယ် ပြောင်းလဲမှု ဖြစ်နိုင်သည်။ နောက်ဆုံး မနက်ဖြန်တွင် သင် (အကောင်းပကတိမှ) ကွယ်လွန်သွားနိုင်သည်။ သို့သော် သင်လည်း မသိ။ မည်သည့် သိပ္ပံပညာ ကမှလည်း မသိ။
.
ခက်သည်က လူသား အားလုံးနီးပါးလောက် ကိုယ့်အနာဂါတ်ကို ကိုယ်သိလိုကြသည်။ ကိုယ့်ဘဝမှာ ဘယ်အဆင့် အတန်းနဲ့ နေရမလဲ။ ချမ်းသာမှာလား၊ ဆင်းရဲမှာလား။ တန်ခိုးသြဇာကြီးသူ ဖြစ်မလား ၊ သာမန်လူဘဲ ဖြစ်မလား။ ဘာအလုပ် လုပ်ရမလဲ။ နာမည်ကျော်ကြား မှာလား။ ကိုယ်နဲ့ အိမ်ထောင်ကျမယ့် ဖူးစာရှင်က ဘယ်သူလဲ။ အိမ်ထောင်ရေး ကံကောင်း မှာလား။ အိမ်ထောင် ဘယ်နှစ်ဆက် ကျမလဲ။ ကိုယ့်မှာ ဘာရောဂါတွေဖြစ်နိုင်လဲ။ အသက်ရှည်မှာလား ။ နောက်နှစ်မှာ ကံကောင်းမလား . . . စသည့် စသည့် အနာဂါတ်မေးခွန်း တစ်သောင်းခြောက်ထောင်သည် လူသားတိုင်း၏ ရင်ထဲတွင် အမြဲလို ရှိနေတတ် ကြပေသည်။
.
ထိုမေးခွန်းများကို (အနီးစပ်ဆုံး) ဖြေရှင်းပေးနိုင်သည့် ပညာရပ်ကား ဗေဒင်ပညာပင် ဖြစ်လေသည်။ သို့သော် ဗေဒင်ပညာ သည် ခြောက်ပစ်ကင်း သဲလဲစင် ကား မဟုတ်ချေ။ လူတိုင်း၏ အနာဂါတ်ကို အမြဲတစေ ဖြေရှင်းပေးနိုင်သည်ကား မဟုတ်။ ဆရာဝန်တစ်ယောက်သည် လူနာတစ်ယောက်ကို ရောဂါနာမည် အတပ်မှားပြီး ဆေးကုမိသကဲ့သို့ ဗေဒင်ပညာ၏ အနာဂါတ် ဆိုင်ရာ ဟောကြားချက်များသည်လည်း လွဲမှားသည့်အခါ လွဲမှားပေမည်။ အချို့ကိစ္စများတွင် တက်တက်စင် အောင် လွဲမှားသည်လည်း ရှိပေသည်။
.
သို့သော် “အနူတော၊ လူချော” ဆိုသည့် စကားလိုပင် လူသားတို့၏ “အနာဂါတ်” ကို တိတိကျကျ ခန့်မှန်းနိုင်သည့် “သိပ္ပံပညာ” ဟူ၍ မပေါ်ပေါက်သေးသမျှ ကာလပတ်လုံး “ဗေဒင်ပညာ” သည် လူသားအားလုံး၏ ယုံကြည်ရာ/ အားကိုးရာတစ်ခု ဖြစ်မြဲ ဖြစ်နေဦးမည်သာတည်း။
ထိုသို့ ဗေဒင်ပညာသည် လူသားတို့၏ အနာဂါတ်ကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်သည်မှာ မှန်သော်လည်း “လုံးဝ ဥဿုံ” ဆိုသည့် အဆင့်ရှိသည့် ပညာရပ် တစ်ခုမဟုတ်သည်ကို ဗေဒင်ယုံကြည်သူများ နားလည် သဘောပေါက် သင့်ပေသည်။ ဗေဒင်ပညာရှင်များဘက်ကမှလည်း လူတိုင်း၏ အနာဂါတ်ကို “ဗွီဒီယို” ကြည့်နေရသည့်အလား ကွင်းကွင်း ကွက်ကွက် ဖော်ပြပေးနိုင်သည် ဟူသော လှိမ့်လုံးကြွားလုံးများဖြင့် လိမ်ညာလှည့်ဖျားနေမှု များကို မလုပ်သင့် မလုပ်အပ်ပါချေ။ အခြားသူများအား ဗွီဒီယိုမပြမှီ မိမိအနာဂါတ်ကို အရင် ဗီဒိယို ပြကြည့်ပါဦးဟု ပြောလိုက်ချင်ပါသည်။
.
အကြင် ဆရာတစ်ဦးသည် – မနက်ဖြန်(သို့) နောက်နှစ်တွင် မိမိကိုယ်တိုင် ဘာဖြစ်မည်ကို (တပ်အပ်)မသိဘဲနှင့် အခြားသူများ၏ အနာဂါတ်ကို “အပိုင်သိသည်” ဆိုသည်မှာ ဖြစ်နိုင်/မဖြစ်နိုင် မိမိအသိဉာဏ်ဖြင့်သာ စဉ်းစားကြည့် ကြပါကုန်။ အကြမ်းဖျဉ်း/ခပ်ရေးရေးတော့ သိပါသည်ဆိုလျှင် ရိုးသားဖြောင့်မတ်ရာ ရောက်ပေမည်။
.
ဘုရားမႀကိဳက္တဲ့ ထိုပညာ
.
ဗေဒင်ပညာကို ဗုဒ္ဓဘုရားရှင် အပါအဝင် ၊ ကမ္ဘာ့ ဘာသာတရားကြီးများကို တည်ထောင်ခဲ့သူ အားလုံးက မကြိုက်ပါ။ ဘာသာတရားအားလုံးလိုလိုပင် ဗေဒင်ပညာကို ဆန့်ကျင်ကြသည်။ တားမြစ်ကြသည်။ သို့သော် မည်သည့် အကြောင်းကြောင့် တားမြစ်သည်ကို မစူးစမ်းဘဲ “ဘုရားမကြိုက်၊ ငါမကြိုက်” ဟူသည့်ထုံးကို နှလုံးမူပြီး ဗေဒင်ပညာကို ဆန့်ကျင် နေကြသူအား စကားအနည်းငယ် ပြောလိုပါသည်။
.
ဗုဒ္ဓဘာသာကိုပင် မူတည်ပြီး ပြောပြပါမည်။ “ဂင်္ဂါဝါဠု သဲစုမက” ပွင့်ခဲ့ပြီးသော ဘုရားအဆူဆူမှန်သမျှသည် “အနာဂတံသ” တည်းဟူသော ဉာဏ်တော်ကြီးကို အပြီးတိုင် ရရှိပြီးသည့် ပုဂ္ဂိုလ်ထူးကြီးများသာ ဖြစ်ကြပေသည်။ ဘုရားရှင်တို့ မည်သည် သတ္တဝါအားလုံး၏ အနာဂါတ်ကိုသော်၎င်း ၊ မိမိကိုယ်တော်တိုင်၏ အနာဂါတ်ကိုသော်၎င်း အကြွင်းမဲ့ သိမြင်ထား ခဲ့ကြပြီးလေပြီ။ သိသည်မှ တစ်ဘဝ နှစ်ဘဝမျှသာ မဟုတ်။ ဘဝပေါင်း အသချေင်္ ၊ အသချင်္ာ ထိအောင် သိတော် မူကြပေသည်။
.
ထို့ကြောင့်ပင် “ဒီပင်္ကရာဘုရားရှင်”သည် “သုမေဓာ” ရှင်ရသေ့အား ယခုကာလမှ နောင် “လေးသချေင်္နှင့် ကမ္ဘာတစ်သိန်း” မြောက်လျှင် “ဘဒ္ဒကမ္ဘာ”၌ “ဂေါတမ” အမည်ဖြင့် ဘုရားဖြစ်လတ္တံဟု ဗျာဒိတ်ပေးခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ထို “ဂေါတမ” ဘုရားရှင်သည်ပင် သာသနာတော်သို့ ဝင်ရောက်လာသော “ဒေဝဒတ်” အား “တစ်ချိန်တွင် ငါဘုရား၏ အသက်ကို လုပ်ကြံမည့်သူ” ဟု ကြိုတင်ပြောဆို ခဲ့သည် မဟုတ်လော။ ပရိနိဗ္ဗာန် ပြုရမည့် အချိန်ကိုလည်း ကြိုတင်မိန့်ကြားခဲ့သည် မဟုတ်လော။ စုန္ဒ၏ ဝက်ပျိုသားကို မစားမီကပင် ဤဝက်ပျိုသားကို စားပြီးလျှင် ငါ,ဘုရားရှင်သည် ဝမ်းတော်လား၍ ပရိနိဗ္ဗာန်ပြုရမည့်အကြောင်းကို ညီတော်အာနန္ဒာအား ကြိုတင် မိန့်ကြားခဲ့သည် မဟုတ်လော။
.
မဟာဗုဒ္ဓဝင်ကို လေ့လာကြည့်လျှင် ထိုသို့ မြတ်ဗုဒ္ဓသည် အခါအားလျှော်စွာ “အနာဂတံသ” ဉာဏ်တော်ကြီးဖြင့် ကြိုတင် ဟောပြောခဲ့မှုကို အများအပြား တွေ့ရမည် ဖြစ်ပေသည်။ ထိုသို့ အနာဂါတ်ကို ကိုယ်တော်တိုင်လည်း သိမြင် ၊ အခြားသူများအားလည်း အခါအားလျှော်စွာ ပြောကြားခဲ့ပါလျှက်နှင့် “ဗေဒင်ပညာ” အပါအဝင် “အနာဂါတ်ကို ဟောပြော သည့် ပညာရပ်များ” ကို ဘုရား မကြိုက်ခဲ့သည်မှာ ဘာကြောင့်ပါလဲ?
.
“ပုထုဇဉ်များအတွက် အကျိုးမရှိခြင်း/မသင့်မြတ်ခြင်းကြောင့် ဖြစ်ပါသည်”
ဘုရားရှင် အဆူဆူတို့သည် အနာဂါတ်ကို သိမြင်ကြသူများ ဖြစ်ကြသော်လည်း အနာဂါတ် ဟောကိန်းထုတ်ခြင်းကို အားမပေးခဲ့ခြင်းမှာ ပုထုဇဉ်များ၏ အကြောင်းကို ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပါသည်။ ပုထုဇဉ်တို့မည်သည် လောကဓံ အဆိုးတရားများအား “လုံးဝ ခံနိုင်ရည်မရှိကြောင်း” ကို ဘုရားရှင်တို့ သိမြင်ကြခြင်းကြောင့် ဖြစ်ပါသည်။ ပုထုဇဉ်လူသားများသည် အရိယာများနှင့် လုံးဝ မနှိုင်းယှဉ်နိုင်ပါ။ လောကဓံကို ခံနိုင်ရည် မရှိကြပါ။ အကောင်း လောကဓံကိုသာ ကြုံချင်ပါသည်။ အဆိုး လောကဓံကို လားလားမျှ မကြံုဆုံလိုပါ။ အဆိုးကို အိပ်မက်ပင် မမက်လိုပါ။ အဆိုးကို ရှောင်၍ အကောင်းကိုသာ ကွက်ပြီး ရယူပိုင်ဆိုင်လိုသည်။
.
ဗေဒင်ဆရာထံတွင် ဗေဒင်မေးကြသည်မှာလည်း ကံကြမ္မာအကောင်းကို ဟောကြား စေလိုခြင်းကြောင့် မေးမြန်းကြ ခြင်းသာ ဖြစ်ပေသည်။ နာမည်ကျော် ဗေဒင်ဆရာကြီး တစ်ဦး ပြောကြားခဲ့သလို “ဗေဒင်ဆရာဆီမှာ ဗေဒင်မေးကြ သူများဟာ – ကျွန်တော်/ကျွန်မ ဘယ်တော့ ချမ်းသာမလဲ၊ ထီပေါက်မလဲ ၊ ရာထူး တက်မလဲ ၊ အိမ်ခြံကား ဝယ်နိုင်မလဲ ၊ အိမ်ထောင်ကျ မလဲ” စသည်ဖြင့်သာ မေးမြန်းကြလေ့ရှိပြီး . . . . ကျွန်တော်/ကျွန်မ ဘယ်တော့ မွဲမလဲ ၊ ဘယ်တော့ အလုပ်ပြုတ်မလဲ ၊ ဘယ်တော့ အိမ်ထောင်ကွဲမလဲ ၊ ဘယ်တော့ ထောင်ကျမလဲ ၊ ဘယ်တော့ ဆေးရုံတက်ရမလဲ ၊ ဘယ်တော့ သေမလဲ” ဟု လုံးဝမေးမြန်းလေ့ မရှိကြောင်း “ရယ်စရာ တစ်ခုအနေဖြင့်” ပြောခဲ့ဘူးသည်။ ပုထုဇဉ်တို့၏ စရိုက်ဖြစ်ပေသတည်း။
.
အရိယာတို့မှာမူ အနာဂါတ်သည် ကောင်းလည်း မထူးခြား/ဆိုးလည်း မထူးခြား တော့ပြီ။ ကောင်းစရာ ရှိလျှင်လည်း စံစားလိုစိတ် မရှိကြတော့ပြီ။ ဆိုးစရာ ရှှိလျှင်လည်း မတုန်လှုပ်တော့ပြီ။ “မိမိစိုက်ပျိုးခဲ့သမျှကို မိမိပြန်လည် ရိတ်သိမ်းရသည့်” “ဓမ္မဥပဒေ” ကို အကြွင်းမဲ့ ခံယူပြီးကြသူများဖြစ်၍ အရိယာတို့အတွက် အနာဂါတ် ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်တော့ပြီ။
.
ပုထုဇဉ်လူသားများမှာမူ ထိုသို့သော ခံယူချက်မျိုး မထားနိုင်သေးပါ။ အဆိုးလောကဓံအကြောင်းကို ကြားလိုက်ရသည် နှင့်ပင် တုန်လှုပ်ကြချေပြီ။ ထိတ်လန့်ကြချေပြီ။ ထိုကဲ့သို့သော ပုထုဇဉ်တို့၏ စိတ်ထားမျိုးဖြင့် အနာဂါတ်ကို ကြိုသိခြင်းမှာ အကျိုးထက် အပြစ်ဖြစ်ဖို့သာ ရှိသောကြောင့် ဘုရားရှင် တို့သည် အမျှော်အမြင်ကြီးစွာဖြင့် တားမြစ်ကြခြင်းသာ ဖြစ်ကြပေသည်။ ပညာရပ်သည် နိမ့်ကျသောကြောင့်၎င်း ၊ ညံ့ဖျင်းသောကြောင့်၎င်း ၊ အောက်တန်းကျ သောကြောင့်၎င်း အလျှဉ်း မဟုတ်ချေ။ ဘုရားရှင်တို့သည်ပင်လျှင် သတ္တဝါတို့ ကျွတ်တမ်းဝင်ရေးနှင့် ပက်သတ်လာလျှင် “အနာဂါတ်ကိုသော်၎င်း ၊ အတိတ်ကိုသော်၎င်း” အခါအားလျှော်စွာ ဟောပြောညွှန်ပြရသည် မဟုတ်တုံလော။
.
အသုံးချပညာရပ်တစ်ခု ဖြစ်နိုင်သလော?
.
ကျွန်ုပ်၏ ယုံကြည်ချက်အရ ဆိုရလျှင် – ဘုရားအဆူဆူတို့၏ “ဆုံးမသြဝါဒ” စကားတို့သည် လုံးဝ မှန်ကန် သင့်မြတ်ပါ၏။ မိမိတို့၏ အနာဂါတ်ကို သိအောင် မကြိုးပမ်းတော့ခြင်း သည်သာ အကောင်းဆုံးဖြစ်သည်ဟု အမှန်ပင် ယုံကြည်ပါ၏။ သို့သော် ပုထုဇဉ် ဆိုသည်မှာကား ပုထုဇဉ်သာလျှင် ဖြစ်ပေသည်။ “မရတာကိုမှ လိုချင်သည်” “မဖြစ်နိုင်တာကိုမှ တမ်းတသည်” “ဖုံးကွယ်ထားသည့်အရာကိုမှ မြင်ချင်သည်” “ပိတ်ပင်ထားသည့်အရာကိုမှ ကျူးလွန်လိုသည်” “မကောင်းပါဘူး ဆိုသည်ကိုမှ မြီးစမ်းကြည့်ချင်သည်” “မသိချင်ပါနှင့်ဟု တားဆီးထားသည့် အရာကိုမှ သိလိုသည်” ၊ ပုထုဇဉ် အမိုက်အမဲတို့၏ သဘာဝ ဖြစ်ပေသတည်း။
ထို့ကြောင့် (ကျွန်ုပ်အပါအဝင်) လူများစုသည် မည်သည့်ဘုရား မကြိုက်သည်ဖြစ်စေ “မိမိ၏ အနာဂါတ်” ကို သိလိုစိတ် ပြင်းပြမြဲ ပြင်းပြနေကြမည်သာပင်။
.
တကယ်တော့ ဗေဒင်ပညာကို လက်တွေ့ အသုံးချပညာအဖြစ် အသုံးချတတ်လျှင် ချလို့ရပါသည်။ ဗေဒင်ပညာ ဟူသည်မှာ “မိုးလေဝဿ နှင့် ဇလဗေဒ” ပညာရပ်နှင့် အလားသဏ္ဍန် တူပါသည်။ မနက်ဖြန် မိုးရွာရန် ရာနှုန်း (၈၀)% ရှိသည်ဟု ဆိုလျှင် သင် ဘာလုပ်မည်နည်း။ မိုးမရွာအောင် ဂါထာ မန္တယားများ ရွတ်ဖတ်မည်လော။ သို့မဟုတ် “မိုးနတ်မင်း” ကြီးထံ မိုးမရွာပါစေနှင့်ဟု ဒူးထောက် ဆုတောင်းမည်လော။
အကောင်းဆုံး/လက်တွေ့အကျဆုံးမှာ ထီး/မိုးကာ များ ဆောင်ယူသွားခြင်းဖြစ်သည်။ ထီးပါလျှင် မိုးစို သက်သာမည်။ ထီးမယူလျှင် မိုးမိမည်။ သို့သော် ရာနှုန်း(၈၀)% ဆိုပြီး မရွာသည့် အခါလည်း ရှိသည်။ နေရာကွက်ပြီး ရွာသည်လည်း ရှိသည်။ သို့သော် ထီးယူသွားခြင်းက မမှားနိုင်ပါ။
.
ထို့အတူ ဗေဒင်ပညာအရ ရှေ့နှစ်တွင် သင့် ကျန်းမာရေး အခြေအနေကို ဆိုးရွားဖွယ် ရှိသည်ကို ကြိုတင်သိရလျှင် – သင်သည် အစားအသောက်၊ အနေအထိုင် များကို ဆင်ခြင်နိုင်လိမ့်မည်။ ကျန်းမာရေးကို ပိုမိုဂရုစိုက်လာနိုင်သည်။ ကျန်းမာရေး စစ်ဆေးမှုများကို ကြိုကြိုတင်တင် ပြုလုပ်နိုင်သည်။ ကိုယ်နှင့် မတည့်သည့် အစားအစာများကို ရှောင်ဖို့ အခွင့်အလမ်းပိုရလာမည်။ ဘာသာတရားကို ပိုလုပ်ဖြစ်လာနိုင်သည်။ ကုသိုလ် ပွားများပြီး အကုသိုလ် များမည့် ကိစ္စများကို ရှောင်ကျဉ်လာနိုင်ပေသည်။
.
ကံကောင်းလျှင် ကံကြမ္မာ ကွက်ကျားမိုး ဖြစ်သွားသောကြောင့် သင်လွတ်သွားနိုင်သည်။ သို့မဟုတ် ကျန်းမာရေး အကာအကွယ် (ထီး/မိုးကာများ) ကြိုတင် ဆောင်ထားသောကြောင့် ကံကြမ္မာမိုး ရွှဲနစ်နေမည့် ရန်မှ လျော့ပါး သွားနိုင်သည်။
ထို့ကြောင့် “အသုံးချဗေဒင်ပညာ” ဆိုသည်မှာ ကံကြမ္မာမိုးကို မရွာအောင် တားဆီးသော ပညာမဟုတ်။ တကယ် ရွာမည့်မိုးကို မည်သူမျှ မတားဆီးနိုင်ပါ။ ဖြစ်ရမည်မှာ ဗေဒင်ပညာဖြင့် ကံကြမ္မာမိုးရွာမည့် အချိန်ကို (အကြမ်းဖျဉ်း) သိအောင်အားထုတ်ပြီး ထီး/မိုးကာ တို့ဖြင့် အကာအကွယ်ပြုရန် အားထုတ်သည့် ပညာသာ ဖြစ်သင့်ပေသည်။
.
ထိုသို့ အကာအကွယ် ယူထားပါလျှက်နှင့် နေရာကွက်ပြီး မိုးသက်မုန်တိုင်း ကြီးခြင်းမျိုးနှင့် ရုတ်တရက်ကြုံဆုံရခြင်းလည်း ရှိနိုင်သည်။ ထီး/မိုးကာ ယူဆောင်သွားပြီး အကာအကွယ် ပြုပါလျှက် မိုးအကြီးအကျယ် ရွှဲရွှဲစိုသွားခြင်းမျိုးလည်း ရှိလိမ့်မည်။
ထိုနည်းတူ ဗေဒင်ပညာဖြင့် အနာဂါတ်ကို ခန့်မှန်းထားပြီး အဆိုးကို ကာကွယ်ရန် ကြိုးစားအားထုတ်သည့်ကြားမှ ကံကြမ္မာဆိုးကို ရှောင်မလွတ်နိုင်သည်လည်း ရှိနိုင်သည်။ ဤသည်မှာ သင်၏ ရှောင်လွှဲ၍ မရသော အတိတ်ကံ ကြောင့် ဖြစ်ပေသည်။ ထိုသို့ ကြုံလာလျှင်မူ ထိုကံကြမ္မာအတိုင်း လက်သင့်ခံ လိုက်ရုံမှတစ်ပါး အခြားမရှိပြီ။
.
ဤသည်မှာ ဗေဒင်ပညာကို မစွန့်လွှတ်နိုင်သော လူသားတစ်ဦးဖြစ်သည့် (ကျွန်ုပ်၏) ခံယူချက် ၊ သဘောတရားမျှသာ ဖြစ်လေသည်။ သင်နှစ်သက်ပါက လိုက်နာနိုင်သည်။ မနှစ်သက်ပါက ဘုရားစကားအတိုင်း ဤပညာရပ်များကို မျက်ကွယ် ပြုလိုက်ရုံသာ ရှိသည်။ မည်သည့် ရွေးချယ်မှုကိုမှ တိုက်တွန်းမည် မဟုတ်ပါ။ သို့ရာတွင် သင့်အနေဖြင့် အနာဂါတ်ကို ကြိုတင်သိရှိလိုလျှင် အနာဂါတ်တွင် အရာအားလုံးသည် “အကောင်းချည်းသာ” ဖြစ်လိမ့်မည်ဟု မျှော်လင့်ချက်မျိုး မထားစေလိုပါ။ ထို့ပြင် – လုံးဝ ပြုပြင်၍ မရနိုင်သည့် ကံကြမ္မာ(အဆိုး)များနှင့် ကြုံလာလျှင် “ယောနိသော မနသီကာရ” တရားဖြင့် နှလုံးသွင်းတတ်အောင် ပြင်ဆင်ထားနိုင်သူ တစ်ဦးဖြစ်အောင် ကျင့်ရပေဦးမည်။
နောက်ဆုံး ပြောကြားလိုသည့်အချက်မှာ “ဗေဒင်ပညာသည် လူတို့၏ အနာဂါတ်ကို ခန့်မှန်းပြောကြားနိုင်သည့် ပညာဖြစ်သော်လည်း အနာဂါတ်လမ်းကြောင်း ကို ဖန်တီးပြုပြင်ပေးနိုင်သည့် ပညာရပ်ကား” (လုံးဝ, လုံးဝ) မဟုတ်ပါချေ။ ကံကို ခန့်မှန်းသည့် ပညာသာလျှင် ဖြစ်ပြီး ကံကို ပြုပြင်ပေးနိုင်သည့်ပညာ မဟုတ်ကြောင်း ပါခင်ဗျား။ သင့်အနေဖြင့် ဗေဒင်ပညာကို – ကံကြမ္မာကို ပြင်ဆင်ပေးနိုင်သည့် ပညာရပ်ကြီးတစ်ခုဟု ယုံကြည်မှု လွဲမှားနေပါက ဗေဒင်ပညာကို ခုတုံးလုပ်၍ ငွေရှာနေကြသော (ရိုက်စားခွင်ဖန်) ဆရာများ၏ ညွှတ်ကွင်းသို့ အနှေးနှင့်အမြန် သက်ဆင်းရမည် ဖြစ်ကြောင်းပါ ခင်ဗျား။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

အီဂျစ်ခေတ်မှလောကီအဆောင်များ

လွန်ခဲ့တဲ့ ၂ရက်လောက်က Gods of Egyptဆိုတဲ့ရုပ်ရှင်ကားကိုကြည့်လိုက်ရတော့ အဲဒီခေတ်က စပီး ယနေ.ကာလတိုင် အသုံးပြုနေကြတဲ့ လောကီအဆောင်လက်ဖွဲ.တွေအကြောင်းရေးချင်စိတ်
ပေါ်လာမိခဲ့တယ်။ အဆောင်တွေ အကြောင်းမရေးခင်မှာ ရုပ်ရှင်ဇာတ်လမ်းအကျဉ်းကိုပြောပြမှ အားလုံးနားလည်မှာပါ။ ကိုယ်တိုင်လဲအခွေဝယ်ကြည့်ကြပါ။ကျွန်တော်ကတော့လိုရင်းကိုပဲနားလည်အောင်ရေးမှာပါ။
ဇာတ်လမ်းအကျဉ်းက အီဂျစ်ပြည်စတင်တည်ထောင်ချိန်ကအီဂျစ်နတ်ဘုရားများက ဘုရင်အဖြစ်နဲ့လူသားများ ကိုအုပ်ချုပ်ခဲ့ပါတယ်။(RA)ရားလ်လို.ခေါ်တဲ့
နေနတ်ဘုရားရဲ.သားတော်၂ပါးဖြစ်တဲ့ (Osiris)အိုဆီးရစ်စ်နဲ.(Seth) ဆက်သ်ဆိုတဲ့ညီနောင်နတ်ဘုရား ၂ဦးဟာ အကိုဖြစ်သူအိုဆီးရစ်စ်ကဘုရင်အဖြစ်နဲ.
(သမ္မတဆိုပါတော့ဗျာ) တိုင်းပြည် ရဲ.စည်ပင်ရေး၊အုပ်ချုပ်ရေးအပိုင်းကိုတာဝန်ယူပြီးတော့။ညီဖြစ်တဲ့ဆက်သ်က စစ်သေနာပတိချုပ်(စစ်ဦးစီးချုပ်ပေါ့ဗျာ) အဖြစ်တိုင်းပြည်လုံခြုံရေးကာကွယ်ရေးအပိုင်းကိုတာဝန်ယူပါတယ်။
ဘုရင်အိုဆီးရစ်စ်က သူ.ရဲ.သားတော်(Horus)ဟောရပ်စ်ကို ဘုရင့်နေရာဆက်ခံမယ့်အိမ်ရှေ.မင်းအဖြစ်တင် မြှောက်တဲ့ပွဲကို ညီတော်ဆက်သ်ကရောက်လာပြီးအကို ကိုသတ်ခါ၊တူဖြစ်သူဟောရပ်စ်နဲ.တိုက်ခိုက်ပြီး
အနိုင်ယူကာ အီဂျစ် ထီးနန်းကိုသိမ်းပိုက်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာ ဟောရပ်စ်ဟာဦးရီးတော်ဆက်သ်ကိုရှုံးနိမ်.ပြီးမျက်စိ၂လုံးဖောက်ထုတ်ခံရပြီး အကျဉ်းချခံခဲ့ရပါတယ်။သူတို့၂ဦးရဲ.တိုက်ပွဲဟာ အီဂျစ်ခေတ်ရဲ.အပြင်းထန်ဆုံးတိုက်ပွဲလို.သမိုင်းကဆိုပါတယ်။နောက်ပိုင်း မှာတော့ဟောရပ်စ်ကသူ.မျက်လုံးတွေပြန်ရ၊
နန်းကိုပြန်သိမ်း ဘာညာဘာညာပေါ့ဗျာ။ကျွန်တော်အဓိကရေးချင်တာက အဲဒီ နတ်ဘုရားဟောရပ်စ်ရဲ.မျက်လုံးတွေအကြောင်းပါပဲ။
(Eyes of Horus)ဟောရပ်စ်မျက်လုံးကို အဆောင်လက်ဖွဲ.အဖြစ်နဲ. လောကီပညာရှင်များဟာအီဂျစ်ခေတ်မှ ယခုကာလတိုင်အသုံးပြုခဲ့ကြပါတယ်။ကံကောင်းစေရန်၊လာဘ်လာဘပွင့်စေရန်၊အကာအကွယ်အဖြစ်လည်း
အသုံးပြုပါ တယ်။
ဟောရပ်စ်မျက်လုံးတို.၏အစွမ်း
ဟောရပ်စ်မျက်လုံးပုံများကို အဆောင်အဖြစ်ဆောင်ယူခြင်းဖြင့် ရှင်သန်မှုအသစ်၊သွေးသစ်လောင်းခြင်း၊အင်အား ပြည့်စုံခြင်း အခက်အခဲအားလုံးကိုကျော်လွှားနိုင်ခြင်း ကံမြင့်မားခြင်း အလိုပြည့်စုံခြင်းများဖြစ်ပေါ်စေတယ်လို.ဆိုပါတယ်။
ညာဘက်မျက်လုံးပုံကိုဆောင်ယူခြင်းဖြင့် ဖြစ်လာမည့်ကိစ္စရပ်များကိုကြိုတင်ခန်.မှန်းနိုင်ခြင်း၊မိမိ၏ ဆုံးဖြတ်မှုများ မှန်ကန်ခြင်း စသည်တို.ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဘယ်ဘက်မျက်လုံးပုံကို ဆောင်ခြင်းဖြင့် မမြင်မတွေ.နိုင်သောဘေးရန်အန္တရာယ်များကို ကာကွယ်နိုင်စွမ်းရှိ သည်။ဆိုးသောဖြစ်ရပ်များကိုရှောင်ရှားနိုင်စွမ်းရှိသည်။
နေ.သားအလိုက်ဆောင်ယူရမည့်အချိန်များကိုဖော်ပြလိုက်ပါတယ် လူသားအားလုံးအောင်မြင်ပျော်ရွှင်သောဘဝကိုပိုင်ဆိုင် နိုင်ပါစေလို.ဆုတောင်းမေတ္တာပို.သလိုက်ပါတယ်ခင်ဗျာ။
ညာဘက်မျက်လုံးအတွက်
နေ.သား စတင်ဆောင်ယူရမည့်ကာလ
တနင်္ဂနွေ မွေးနေ.မနက်(၈း၂၄ မှ ၁ဝး၄၈)ကြား
တနင်္လာ မွေးနေ.မနက်(၆းဝဝ မှ ၈း၂၄)ကြား
အင်္ဂါ မွေးနေ.မနက်(၈း၂၄ မှ ၁ဝး၄၈)ကြား
ဗုဒ္ဓဟူး မွေးနေ.မနက်(၁ဝး၄၈ မှ ၁း၁၂)ကြား
ရာဟု မွေးနေ.မနက်(၁ဝး၄၈ မှ ၁း၁၂)ကြား
ကြာသပတေး မွေးနေ.မနက်(၆းဝဝ မှ ၈း၂၄)ကြား
သောကြာ မွေးနေ.နေ.လည်(၁း၁၂ မှ ၃း၃၆)ကြား
စနေ မွေးနေ.နေ.လည်(၃း၃၆ မှညနေ ၆းဝဝ)ကြား
ညာဘက်မျက်လုံးကိုထိုကာလအချိန်မှာစတင်ဆောင်ယူခြင်းဖြင့် လာဘ်လာဘပွင့်လန်းခြင်း၊ဝင်ငွေတိုးပွားခြင်းများဖြစ်ပေါ် နိုင်ပါတယ်။စျေးဆိုင်ပိုင်ရှင်များ ငွေသိမ်းအံဆွဲ ထဲထည့်ဆောင်ပါရောင်းအားတက်လာပါလိမ့်မယ်။ကုန်သည် ဝန်ထမ်းများက ပိုက်ဆံအိတ်တွင်းထည့်၍ဆောင်ထားနိုင်ပါတယ်။
ဘယ်ဘက်မျက်လုံးပုံကို
နေ.သား စတင်ဆောင်ယူရမည့်ကာလ
တနင်္ဂနွေ မွေးနေ.မနက်( ၆းဝဝ မှ ၈း၂၄)ကြား
တနင်္လာ မွေးနေ.ည(၁၀း၄၈ မှ ၁း၁၂)ကြား
အင်္ဂါ မွေးနေ.မနက်(၈း၂၄ မှ ၁ဝး၄၈)ကြား
ဗုဒ္ဓဟူး မွေးနေ.မနက်(၆းဝဝ မှ ၈း၂၄)ကြား
ရာဟု မွေးနေ.နေ.လည်(၁း၁၂ မှ ၃း၃၆)ကြား
ကြာသပတေး မွေးနေ.မနက်(၆းဝဝ မှ ၈း၂၄)ကြား
သောကြာ မွေးနေ.ည(၈း၂၄ မှ ၁ဝး၄၈)ကြား
စနေ မွေးနေ.မနက်(၆းဝဝ မှ ၈း၂၄)ကြား
ဘယ်ဘက်မျက်လုံးပုံကိုဆောင်ခြင်းဖြင့် အိမ်တွင်းရေး လူမှုရေး စီးပွားရေး များတွင်အညံ့အဆိုးများကင်းစင်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်းများဖြစ်ပေါ်စေပါတယ်။မျက်စိ၂လုံးစလုံးကိုဆောင်လို.ရသလို ၁လုံးခြင်းစီလည်းဆောင် လို.ရပါတယ်လို. တင်ပြလိုက်ပါတယ်။
မှတ်ချက်။ ။ဆရာစံဇာဏီဘို၏ လောကီအမှတ်သင်္ကေတများ ကိုမှီငြမ်းရေးသားပါသည်။
ပံု(၁)ကညာဘက္မ်က္လံုးပံု
ပုံ(၂)ကဘယ်ဘက်မျက်လုံးပုံ ဖြစ်ပါတယ်။
Credit.H2H

(၁၂)ရာသီခွင် ဟာသ

ရာသီခွင်ဟာသဆိုပေမဲ့ ရာသီတစ်ခုချင်းစီရဲ့စရိုက်ကို
ဖော်ကျူးရာမှာ အရမ်းမှန်ကန်ပါတယ်ဗျ
(၁)
Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)
မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။
ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်”
Aries “ဟုတ္ကဲ့ပါ ေမေမ”
ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့
အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်”
မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?”
Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင်
ချွတ်ထားပြီးမှ ဒါန်းစီးတာပါ”
(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)
(၂)
Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)
ဖရဲသီးရောင်းသူ “လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”
ရေဆာနေတဲ့ Taurus ” အတော်ပဲ… ကျွန်တော့်ကို မချိုတာပေးပါ”
(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)
(၃)
Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)
မေမေ “Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ”
Gemini “အာ….. မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ”
(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)
(၄)
Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)
Cancer “ဒီည သားမေမေနဲ့အိပ်မယ်”
မေမေ “သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?”
Cancer “အင်း”
မေမေ “ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?”
Cancer “ဖေဖေနဲ့ ပေးအိပ်လိုက်မယ်”
(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)
(၅)
Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)
Leo “ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?”
ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။
Leo “မေမေ.. မေမေ… တင်ပါးထဲမှာ အီးတွေနဲ့….”
ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။
(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို
သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)
(၆)
virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)
virgoက ကိုယ့်ချက်ကိုကြည့်ပြီး “ဒါဘာလဲ”လို့ ဖေဖေကို တအံ့တသြမေးတယ်။
ဖေဖေက “ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက
ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့
ချက်ဖြစ်လာခဲ့တယ်” လို့ အတိုချုံးရှင်းပြလိုက်တယ်။
virgo “ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်”
(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)
(၇)
Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)
ဖေဖေ “Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေကအမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်”
Libra “ဟုတ်ကဲ့ဖေဖေ… ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။
ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်”
(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)
(၈)
Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့
Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကေနေခြင်ထွက်မသွားဘူး။
“ကောင်းပြီ…. မင်းမထွက်ရင် ငါထွက်တယ်ကွာ!”
ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး
တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့—
“ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်”
( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဉာဏ် နည်းသူဖြစ်တယ်)
(၉)
Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
Sagittarius “ဖေဖေ… ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?”
ဖေဖေ “သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့”
Sagittarius တအောင့်လောက် စဉ်းစားပြီး…..
“ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?”
ေဖေဖ “…………”
(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)
(၁ဝ)
Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)
တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့
ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး “မိုးရွာပြီ…
ပြေးပြေး.. ရှေ့ကိုပြေး!” လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့
“ရှေ့မှာ မိုးမရွာလို့လား?” တဲ့။
(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)
(၁၁)
Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)
Aquarius “ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?”
မေမေ “ကြက်မက ထွက်လာတာပေါ့”
Aquarius “‘ၾကက္မက ဘယ္ကထြက္လာတာလဲ ေမေမ?”
မေမေ “ကြက်ဥက ပေါက်လာတာပေါ့”
Aquarius “ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?”
(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)
(၁၂)
Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)
ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။
ဖေဖေ “ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်”
Pisces “သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို
ရောက်လာခဲ့တာပေါ့နော်”
(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)
Credit: ဗေဒင်စာအုပ်

သုတဇုံမှ တဆင့်တင်ပြပါသည် 

နှစ်သစ်ကူးအတွေး

သင်္ကြန်ကာလ…အများဆုံးကြားရတဲ့စကားက “စိတ်သစ်လူသစ်” ဆိုတဲ့စကားပါ။
အင်တာဗျူးတွေမှာလဲကြားရ၊
စာတွေမှာလဲဖတ်ရတာပေါ့
“စိတ်သစ် လူသစ်နဲ့နှစ်သစ်ကို
ကြိုဆိုရအောင် “
ဆိုတာတွေ
“စိတ်သစ်လူသစ်နဲံ့ နှစ်သစ်ကစပြီးဖြတ်သန်းမယ်”
ဆိုတာတွေ
“အဟောင်းတွေကိုစွန့်ပြီး စိတ်သစ်လူသစ်နဲ့ နှစ်သစ်မှာနေမယ်”စသည်ဖြင့်ပေါ့လေ……။
စိတ္သစ္လူသစ္…..တဲ့။
စဉ်းစားကြည့်တယ်…စိတ်သစ်လူသစ်ဆိုတဲ့စကားကို။
စိတ်အသစ်ဆိုတော့ စိတ်အဟောင်းတွေ ပစ်ပယ်ရမယ်ပေါ့။ စိတ်အဟောင်းဆိုတာအတိတ်ဟောင်းပဲ။အတိတ်ကလုပ်ခဲ့တာတွေမေ့ရမှာလားမသိဘူး …အတိတ်ဆိုတာကြာရင်သမိုင်းဖြစ်တော့တာပဲ
သမိုင်းတွေမမေ့ချင်ဘူး။အတိတ်ကိုပြန်ငဲ့ကြည့်ရင်နောင်တရစရာတစ်ခုမှတွေ့ရဘူး။အတိတ်ကိုမေ့ဖျောက်ရလောက်အောင်လဲ မယုတ်မာခဲ့ဘူးလေ။
အဲဒါကြောင့် စိတ်အသစ်နဲ့မနေချင်ဘူး
စိတ်အဟောင်းလေးနဲ့ပဲနေပါရစေ….
လူအသစ္ဆိုတာကေရာ…..
ခန္ဓာကိုယ်မှာ ဟောင်းနေတာတွေကိုအသစ်လဲရမှာကိုဆိုလိုတာလားမသိဘူး။
ကိုယ်ကပိန်းတော့ သိပ်လဲမတွေးတတ်ဘူးလေ…
ကားတစ်စီးးဆို အင်ဂျင်အလုံးလိုက်လဲ ၊ဂီယာဘောက်အလုံးလိုက်လဲလို့ ရမယ်လေ ။
လူကတော့ SPARE PARTS ကလဲမရှိဘူးလေ၊
လက်ဟောင်းနေလို့ လဲမရ ။
ခြေထောက်ဟောင်းနေလို့ လဲမရ။
လူကတော့ အသစ်လဲလို့မရတာသေချာတယ်လေ
နှစ်သစ်ကလဲမကြာခင်ဟောင်းသွားပြန်ရော…
*****************************************
စိတ်အဟောင်းလေးနဲ့ပဲ အကုသိုလ်တွေလျော့အောင်ကုသိုလ်တွေတိုးပွားအောင်လုပ်ရတော့မှာပဲလေ
ကိုယ်ကလဲငယ်ငယ်ကတည်းက အကုသိုလ်စိတ်သိပ်အားကြီးတဲ့သူလေ ။အထူးသဖြင့် ဣဿ မစ္ဆိရိယ အရမ်းများတာ။ ငယ်ငယ်ကတည်းက သူများ ကိုယ့်ထက်အမှတ်များရင် အဆင့်သာရင် လုံးဝမနာလိုဘူး။အဲဒီလူကိုကြည့်လို့ကိုမရဘူး။
သူများချမ်းသာရင်လဲ အိမ်ထဲပဲမီးတုတ်ပစ်ထည့်ချင်သလို ၊ စပါးကျီကိုပဲမီးသွားရှို့ချင်သလိုကိုဖြစ်နေတာ။
ကံကောင်းတာက စာဖတ်ဝါသနာပါတော့ တွေ့တဲ့စာအုပ်ဖတ်တာလေ….အဲဒါ ဘုရားရှင်ကို သိကြားမင်းလျှောက်တဲ့စကားလေး သွားတွေ့တယ်…
“ဘယ်အရာတွေက ကမ႓ာကြီးမငြိမ်းချမ်းစေတာလဲ” လို့သိကြားမင်းကမေးတော့
ဘုရားရှင်က ဣဿ ၊မစ္ဆိရိယဆိုတဲ့ မနာလိုခြင်း ဝန်တိုခြင်းနှစ်ပါးကကြောင့် ကမ႓ာကြီးမငြိမ်းချမ်းတာ ၊စစ်တွေဖြစ်နေရတာ” လို့ ဘုရားရှင်က ပြန်ဖြေပါတယ်။
ဣဿ၊မစ္ဆိရိယကြောင့် ဘဝများစွာ ငရဲကျပြီး အန္တိမ ဘဝ ရဟန္တာဖြစ်နေတာတောင်မှ နိဗ္ဗာန်စံဝင်ခါနီးမှ ဆွမ်းတစ်နပ်သာ ဝလင်အောင်စားသွားရတဲ့ ရဟန်းတစ်ပါးအကြောင်းတွေဖတ်ရတော့
ဣဿ ၊မစ္ဆိရိယနှစ်ပါးကို တတ်နိုင်သလောက် အသိတရား လက်ကိုင်ထားပြီးလျော့ချခဲ့ရတယ်။ ဆရာသမားတွေက မုဒိတာတရားလက်ကိုင်ထားဖို့ ဆုံးမတော့ သူများအဆင်ပြေချမ်းသာတာကို ဝမ်းသာဖို့ဆိုတဲ့မုဒိတာတရားဟာ တော်တော်မလွယ်ဘူးဆိုတာသိရတော့တယ်။
အဲဒီကစပြီးအမြဲတမ်းအကုသိုလ်စေသသိတ်တွေဖြစ်ရင်
ချရေးပြီး ဆင်ခြင်၊ အကုသိုလ် တွေရင်ထဲမမွေးတော့ဘူးလို့ သစ္စာပြုမိတယ်။ အခုလိုနှစ်သစ်ရောက်တိုင်းလဲမိမိ လုပ်ခဲ့အကုသိုလ်စိတ်အဟောင်းတွေဆေးကြောပြီး စိတ်အသစ်နဲ့ ကုသိုလ်အသစ်တွေတိုးပွားအောင်
ကုသိုလ်တရား ကိန်းပြီး အကုသိုလ်တရား လျော့ပါးအောင်လုပ်ရတာပဲလေ၊၊ ကိုယ်လုပ်မိတာတွေပြောတာနော် ။
အခုလဲနှစ်သစ်မှာ စိတ်သစ်နဲ့နေမယ်ဆိုတဲ့သူတွေ ကုသိုလ်စိတ်အသစ်တွေက အကုသိုလ်စိတ်အဟောင်းတွေနေရာမှာ အစားထိုးကြပါ။
အဲလိုလေးဆင်ခြင်ပြီးနှစ်သစ်ကိုကြိုကြပါ။ ကြာလာရင် ဝိတိက္ကမ ကိလေသာတွေပယ်သတ်နိုင်ပါလိမ့်မယ်။
ပရိယုဋ္ဌာန ကိလေသာတွေကိုတော်ရုံ အာရုံတွေနဲ့တွေ့ရင်
မဖြစ်ပေါ်တော့ဘူးပေါ့။
အနုသယ ကိလေသာကတော့ မဖြုတ်နိုင်သေးဘူးပေါ့ဗျ။
******************************************
လူသစ်ဆိုတာကို စဉ်းစားရအောင်…..
လူဆိုတာက ေမြးရာကႀကီးလာ ႀကီးရာကအို အိုရာကနာ
နာရာကသေ ဆိုတာမျိုးက ဓမ္မတာပဲလေ
လူသစ်ဆိုတာ မွေးကင်းစကလေးကိုခေါ်မှပဲ ရမယ်ထင်တယ်။
တစ်ခုစဉ်းစားရမှာက ကိုယ့်ပယောဂကြောင့် ခန္ဓာကိုယ်ကြီး မြန်မြန်မပျက်စီးဖို့ကြိုးရမှာလေ။
ခန္ဓာကိုယ်ကြီးကိုတတ်နိုင်သလောက်သစ်နေအောင်ထားရမယ်ပေါ့
နားရႈပ္သြားလားမသိဘူး၊၊
ဥပမာ
ဆိုင်ကယ်စီးရင် Halmetဆောင်းမယ်
ကားစီးရင် ခါးပတ်ပတ်ရမယ်ပေါ့။
အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေဆို P.P.E ဝတ်ဆင်ပေါ့ဗျ။
ခန္ဓာကိုယ်ကို ဒုက္ခပေးမဲ့ ကွမ်း၊ဆေးလိပ် ၊အရက်၊
မူးယစ်ဆေးဝါး မသုံးဘူးပေါ့ဗျ။ မိန်းမလိုက်စားဘူးဗျ
အဲဒါဆိုရင် ခန္ဓာကိုယ်ကြီးကအတိုင်းအတာတစ်ခုထိ သစ်နေတာပဲလေ ။ ခန္ဓာကိုယ်ကြီးကို သက်ညှာရာမရောက်ဘူးလား။ အဲဒါမှခန္ဓာကိုယ်ကြီးက တတ်နိုင်သလောက်သစ်နေမှာပါ။ ရိုရိုသေသေကိုင်တွယ်တဲ့ပစ္စည်း ရေရှည်ခံသလိုပေါ့ဗျ။
စိတ်သစ်လူသစ်ကို ကျွန်တော်ကတော့ အဲလိုတွေးတာပဲ
အကုသိုလ်စိတ်ဖြစ်နေတဲ့ စိတ်အဟောင်းကို ကုသိုလ်စိတ်အသစ်နဲ့လဲမယ်ဗျ
မိမိကြောင့်ပျက်စီးနေတဲ့ခန္ဓာကိုယ်ကိုမိမိအသိတရားနဲ့ထိန်းမယ်ဗျ
ခန္ဓာကိုယ်ဆိုတာ တစ်ခါပဲအသုံးပြုပြီးလွှတ်ပစ်တဲ့ တစ်ခါသုံးဘောပင်မှမဟုတ်တာ။ မသေခင်အချိန်ထိ တစ်သက်လုံးရိုရိုသေသေ ခိုင်းရမဲ့ခန္ဓာကြီးလေ….
အဲဒီတော့ ….စဉ်းစားပေါ့ဗျ
ဘယ်လိုစိတ်သစ်လူသစ်နဲ့ နှစ်သစ်ကိုဖြတ်သန်းမလဲဆိုတာ …….။ ။
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

” အကုသိုလ်အလုပ် မလုပ်စေချင် “

ဗေဒင်ပညာရပ်ကို လေ့လာလိုက်စားနေသူတစ်ယောက်
ဗေဒင်ပညာနဲ့ရပ်တည်နေသူတစ်ယောက်အနေနဲ့ ယတြာစီရင်ပေးရတဲ့အပိုင်းနဲ့က မလွတ်ကင်းတာမျိုးရှိပါသည်။ ဗေဒင်နဲ့ယတြာဆိုတာကလဲခွဲခြားလို့မရ၊အမြဲပူးတွဲပါနေသည်သာ…
အဲဒီမှာပြောစရာတွေရှိလာပါပြီ။ကျွန်တော်အနေနဲ့ယတြာနဲ့ပက်သက်ပြီးအကုသိုလ်ကင်းအောင်ပေးလေ့ရှိပါသည်။
*မွေးမြူရေးအတွက် အခါမပေးပါ။ ယတြာမပေးပါ။
*အရက်ဆိုင် စားသောက်ဆိုင်တွေအား လူဝင်အောင် ဓာတ်ဆင်မပေးပါ
*ပစ္စည်းပျောက် မဟောပါ
*ကာမပိုင် မယားကြီးရှိရဲ့နဲ့ အငယ်အနှောင်းကိစ္စအတွက် ဓာတ်မဆင်ပါ
*လင်ကြီးရှိရဲ့သားနဲ့လင်ငယ်နဲ့ပျော်ချင်သူတွေကို ယတြာမပေးပါ
*အိမ်ထောင်သည်ကိုမြူဆွယ်လို့ရအောင် ဓာတ်မဆင်ပါ
*KTV ၊မာဆတ်၊စင်တင်စားသောက်ဆိုင်တွေ လူဝင်အောင်လုပ်မပေးပါ။
*၁လုံး ၊၂လုံး၊၃လုံးအပြင် လောင်းကစားအလုပ်များ ဒိုင်များ ရောင်းအားတတ်အောင်ယတြာမပေးပါ။
* မယားငယ်က မယားကြီး ဒုက္ခရောက်အောင်မျိုး ၊
မယားကြီးက မယားငယ်ဒုက္ခရောက်အောင်ဆိုတာမျိုး
လုပ်ပေးမည်မဟုတ်ပါ။
အထက်များ အကြောင်းကိစ္စများအပြင် မည်သည့်အကုသိုလ်အလုပ်ကိုမှ ယတြာမပေးပါဘူး။
ခေတ်က ပျက်လာလေလေ အကုသိုလ်အလုပ်တွေကို လူတွေက နှစ်သက်ကြလေပဲလားမသိ ။
ကျွန်တော့်သူငယ်ချင်း ၊မိတ်ဆွေတွေထဲမှာပင် အကုသိုလ်အလုပ်တွေအများကြီးလုပ်နေသူတွေရှိနေကြသည်။
သူငယ်ချင်းတစ်ယောက်ဆို သူလုပ်ခဲ့တဲ့ ကုမ္ပဏီကနေ
အောက်ဆိုက်တွေအများကြီးရသည်။နှစ်နဲ့ချီပြီးလုပ်ခဲ့သည်
အလုပ်က နဲနဲကြပ်လာတော့ ထွက်လိုက်သည်။
လက်ထဲမှာတော့ သိန်းပေါင်းရာချီပိုက်လျက်ပေါ့။
ရထားတဲ့အရင်းအနှီးငွေလေးကို အကုသိုလ်အလုပ်မှာပဲထပ်လုပ်သည်။ liquid store ဆိုင်ဖွင့်သည်။
စိတ်မကောင်း။ ပညာတတ်ဘွဲ့ရတတ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အကောင်းအဆိုးတော့ ခွဲခြားတတ်မည်သာ။ ဒါပေမဲ့ ငွေရလွယ်သောအလုပ်ဆိုပြီးလုပ်သည်။
ဘုရားရှင် ဟောထားတဲ့ အကုသိုလ်အလုပ် ၊ဥပသကာမမည်တဲ့အလုပ်တွေလုပ်နေကြသည်။ကုသိုလ်အရှိန်ကုန်သွားရင်အကျနာမယ်ဆိုတာကို သိစေချင်သည်။
ရောင်းအားကောင်းဖို့ သူငယ်ချင်းဆိုတဲ့စိတ်နဲ့လုပ်ပေးချင်ပေမဲ့ လျစ်လျူရှုခဲ့ရသည်။
အမြင်မှန်ရပြီးအကုသိုလ်အလုပ်တွေဆက်မလုပ်ဖို့ပဲဆုတောင်းရမည်သာ။
******************************************
နောက်ပြီးမာဆတ်ထောင်ထားတဲ့သူငယ်ချင်းတစ်ယောက်နှင့်စကားအခြေအတင်ဖြစ်ဖူးသည်။ သူကပြောသည်။
“နှိပ်ပေးတဲ့ကောင်မလေးတွေကို လစာပေးထားတယ်။ နေစရာစီစဉ်ပေးတယ်။Section ဝင်ရင် ရာခိုင်နှုန်းလိုက်ပေးထားတယ်။ သူတို့လဲအဆင်ပြေ ငါလဲဆင်ပြေနေတာပဲလေ”
ူ့သူ့ဘက်က နေ သူလုပ်တာမှန်သည်ထင်နေသည်။
“အဲဒါဆိုငါပြောမယ်သူငယ်ချင်း ၊မင်းအလုပ်က တရားဝင်အနှိပ်ခန်းမဟုတ်ဘူးလေ၊ညဉ့်နက်ရင် နှိပ်တာအပြင် အဆင့်ကျော်တာမျိုးရှိနေတာ မင်းရောငါရောအသိပဲလေ
တစ်ခုပဲပြောမယ်ကွာ မင်းအခု သမီးလေးတစ်ယောက်မွေးထားတယ်။ နောက်ထပ်မင်းမိန်းမကို သမီးလေးကိုးယောက်ထပ်မွေးခိုင်းကွာ ၊အရွယ်ရောက်ရင် အနှိပ်ပညာသင်ခိုင်းပြီး မင်းမာဆတ်မှာပဲပြန်ခိုင်းလိုက်လေ
မင်းအတွက်ပိုကျန်တာပေါ့”
“ဘာကွ”ဆိုပြီး ကျွန်တော့်ကို ထထိုးမလိုပြင်သည်။ ဘေးကသူငယ်ချင်းတွေဝိုင်းဆွဲကြလို့သာ။
“အဲဒါပဲသူငယ်ချင်း ငါပြောတာ စကားလုံးလေးတွေပဲရှိသေးတာ ၊တကယ်လက်တွေ့မဟုတ်သေးဘူး။
အခုမင်းဆီမှာလုပ်နေတဲ့မိန်းကလေးတွေကို မင်းရဲ့သမီးတွေလိုသဘောထားပြီးကြည့်ပါ။
ကိုယ်ချင်းစာတရားသာ လက်ကိုင်ထားသူငယ်ချင်း ။
မင်းအမြင်မှန်တွေ့လိမ့်မယ်”
ထိုသူငယ်ချင်းကို အမုန်းခံပြောရကျိုးနပ်သွားသည်။ ထိုအလုပ်ကို ဆက်မလုပ်ဖြစ်တော့။
မိမိသားသမီးကိုတော့ အရက်သမားမဖြစ်စေချင်၊
ကိုယ်ကျတော့ အရက်ရောင်းသည်။
ကိုယ့်သားသမီးကိုတော့ ဆေးသမားမဖြစ်စေချင် ၊
ကိုယ်ကျတော့ မူးယစ်ဆေးဝါးရောင်းသည်။
ကိုယ့်သမီးကျတော့ ရည်းစားပွေမှာကြောင့်သည်။
ကိုယ်ကျတော့ မယားငယ်နှင့် ဆိုတာမျိုး အမြဲတွေ့နေရသည်။
မိမိလုပ်နေတဲ့အလုပ်တွေကို
ရေရှည်စဉ်းစားပါ။ဘုရားကြိုက်ရဲ့လား၊
တရားမ်ွတမႈေရာ ရွိရဲ႕လား
မိမိ ၊မိသားစု၊ပတ်ဝန်းကျင်မှာ နှားခေါင်းရှုပ်စရာ ဖြစ်နေလား……
သီလရဲ့ အခြေခံက ကိုယ်ချင်းစာတရားပါပဲ။ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး နေကြဖို့တော့လိုအပ်နေတာ
အမှန်ပင်။ ။

” ချမ်းသာ၊ကျန်းမာ ဘေးကင်းကွာ”

Like တစ်သိန်းပြည့်တုန်းက ဗေဒင်ပရိတ်သတ်တွေအတွက်မှတ်မှတ်ရရ ယတြာလေးတစ်ခု
ရေးမယ်ဆိုပြီး noteစာအုပ်ထဲမှာအကြမ်းလေးရေးထားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးဆုံးအောင်မရေးနိုင်ခဲ့ပါဘူး။ ကျွန်တော်ဟာစာရေးပျင်းသူ တစ်ယောက်မဟုတ်ပါ။ စာပေဝါသနာအလွန်ပါတဲ့သူပါ။ စာရေးနေရရင်ပျော်နေတဲ့သူပါ။
ရတဲ့အချိန် တစ်ရက်၂၄နာရီမှာ အိပ်ချိန်ကလွဲလို့ ကျန်တာ အချိန်ပြည့်မအားလပ်ပါဘူး။ မိမိစာဖတ်ဖို့ ၊
အဓိဌာန်ဝင်ဖို့အချိန်တွေတောင်ဖဲ့ပြီး ဗေဒင်ဟောပေးနေတာပါ။ ဉာဏ်ပူဇော်ခပေးပြီး မေးတဲ့သူတွေကိုတောင်
မနည်းအချိန်လုပြီးပြောနေ ဟောနေရတာပါ။
Online ကနေ ငွေဖြည့်ကဒ်လွှဲပီးမေးကြသူတွေကို
လိုရင်းတိုရှင်းပဲပြန်ဖြေနိုင်တာပါ။
အားနာရပါသည်။ အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ဟောပေးချင်ပေမဲ့အချိန်မလောက်ပါ။ နေ့တိုင်းဗေဒင်Post တစ်ခုတင်ချင်ပေမဲ့ တစ်ပတ်တစ်ခါတင်ဖို့တောင် မနည်းအချိန် ဆွဲထုတ်နေရပါသည်။
အဲဒီကြားထဲ Onlineကနေ freeမေးတာကိုပြန်မဖြေလို့ပြဿ နာရှာသူကရှာသေးသည်။ အလကားဗေဒင်မေးချင်ရင် Onlineကနေ ပညာယူ ၊အတွေ့အကြုံရှာ ဟောပြောပေးနေတဲ့ တတ်သစ်စ ဗေဒင်ဆရာလေးတွေဆီ မေးစေချင်ပါသည်။
သင်္ကြန်ကာလတုန်းက အနားယူနေပေမဲ့ မိမိဆွေမျိုးနီးစပ်တွေကို ဗေဒင်ဟောပေးရပါသည်။ ဆွေမျိုးတွေကိုတောင်
အခကြေးငွေနဲ့ပဲဟောတာပါ။
အလကားမေဟာပါဘူး။
ကဲအဲလောက်ဆိုရင် Message boxကနေအလကားမေးကြသူတွေ နားလည်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။
Like 100000 ပြည့်တုန်းကအဆုံးသတ်
မရေးဖြစ်ခဲ့သောယတြာဆောင်းပါးလေးကို အဆုံးသတ်ပြီးရေးလိုက်ပါတယ်ဗျ။
အခုယတြာလေးက သူများတွေကိုပေးလို့အကျိုးများခဲ့တာတွေ ရေးပြရမယ်ဆိုရင် ၂လက်မအထူရှိတဲ့ စာအုပ်တစ်အုပ်စာလောက်ရမည်ထင်သည်။
လူတစ်ဦး တစ်ယောက်ဟာ နှစ်စဉ်အသက်တစ်နှစ်ကြီးလာတိုင်း ထိုနှစ်မှာ ကံဆိုးခြင်း ကံကောင်းခြင်း ဒွန်တွဲဖြစ်လာစမြဲပါ။ အရမ်းဆိုးနေတဲ့ကံကို ဒီယတြာလုပ်ပေးခြင်းဖြင့် လျော့ပါးသက်သာစေသလို ကံကောင်းနေတဲ့သူတွေကလဲ ကံတွေတဆင့်ဆင့်မြင့်တတ်ပြီးအဘက်ဘက်ကအဆင်ပြေပါတယ်ဗျ
ငယ်စဉ်ကာလထဲက ဒီဗုဒ္ဓယတြာကို
ဆရာဆီကရခဲ့သည်။ ဒီယတြာဖြင့် လူအများရဲ့ ရင်ကိုအေးစေခဲ့သည်။ အင်္ဂါ ၊ဗုဒ္ဓဟူး၊ စနေ သက်ရောက်လို့ဆိုတဲ့ အဆိုးလောကဓံတွေကြုံတိုင်း ဒီယတြာအမြဲမပြတ်လုပ်တဲ့သူတွေ အညံအဆိုးတွေမခံစားရတာမျက်မြင်ပင်။
လူသားအားလုံးချမ်းမြေ့ကြစေဖို့ ရည်ရွယ်ပြီးရေးလိုက်ပါသည်။
*************************************
“ဆရာ…”
” ေဟ..ဘာလဲကြ”
” ဆရာသင်ပေးတဲ့ ဆန်းယတြာတွေရှုပ်နေတာပဲဆရာ
သက်ရောက်တစ်ခုမှာ လုပ်ရတဲ့ယတြာတွေက တိုင်ထိပ် ၊တန်းစီးယတြာ တွေရော ၊
နိစ်ပြစွန့်ရတာတွေရော
ကာရကသဘောကြည့်ပြီးလုပ်ရတဲ့ယတြာတွေရော
နောက်ပြီးရှိသေးတယ် …..ဆန်းကျင်ဂြိုဟ်ကိုကြည့်ပြီး
ခြေရတဲ့ယတြာတွေရော အများကြီးပဲ”
“အေးလေ သက်ရောက်တစ်ခုမှအဲလောက်တော့
ယတြာလုပ်ရမှာပဲလေ”
” လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ ယတြာမရှိဘူးလားဆရာ”
ဆရာက ဘုကြည့်ကြည့်ပြီး
“မင်းတော်တော်အပျင်းတတ်တဲ့ကောင်ပဲကွ…..
မင်းအလွယ်လမ်းတွေလိုက် …..ဗေဒင်ပညာတတ်
်မြောက်ဖို့ကြာနေလိမ့်မယ်”
“အလြယ္လိုက္တာမဟုတ္ပါဘူး ဆရာ
ကျွန်တော် ပြောချင်တာက တစ်နှစ်ပတ်လုံး ယတြာတစ်မျိုးတည်းကို ခဏခဏလုပ်ပြီး ဒီနှစ်ထဲမှာ ကျရောက်မယ့်အဆိုးအညံ့တွေလျော့ပါးသက်သာစေတဲ့ယတြာမျိုးကို ဆိုလိုတာပါ ဆရာ ၊ဗေဒင်မတတ်တဲ့သူတွေတောင်မိမိဘာသာ
တွက်ချက်ပြီးလုပ်လို့ရမဲ့
ယတြာမျိုး ကိုဆိုချင်တာပါဆရာ “
ဆရာကခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်ပြီး
“မင်းပြောတဲ့စိတ်ကူးကတော့ မဆိုးပါဘူး..
သက်ရောက်ယတြာတွေက နတ်ကြီးတယ်လေ…အမှားလဲမခံဘူး။ဣဋ္ဌ၊အနိဋ္ဌတွေကိုလဲနားလည်ရသေးတယ်”
ဆရာကပြောနေရင်းခဏနားပြီးရေနွေးတစ်ဖလားက
ိုငှဲ့သောက်နေလေသည်
” ငါပြောပြမယ်ကွ…. မိမိရဲ့ရောက်ဆဲအသက်မှာ
ကြုံတွေရမဲ့ အခက်ခဲတွေပြေပျောက်စေမဲ့
ယတြာတစ်ခုပေါ့
ယတြာကစွမ်းတယ်ကွ စနေဂြိုဟ်ထဲရောက်နေပါစေ
ထိုယတြာကို မှန်မှန်လုပ်နေသူက စနေဂြိဟ်ရဲ့
ဆိုးကျိုးတွေတောင်မခံစားရဘူး”
“ဟုတ္ကဲ့ဆရာ”
“မင်းအခု အသက်ဘယ်လောက်လဲ”
“၂၀ပါ ဆရာ”
“အေး ရောက်ဆဲအသက်ကို ၇နဲ့စားကွ
အကြွင်းကိုအင်္ဂဝိဇ္ဇာတိုင်ထူလိုက်”
“၂၀ကိုရနဲ့စားတော့ ၆ကြွင်းတယ်ဆရာ
တိုင္ထူၿပီးၿပီ။”
၃ နဝင်း
*၆*
” နဝင်းမှာ ဘာရှိလဲကြည့်”
” အဂၤါပါဆရာ”
“အဲဒါဆိုရင် နဝင်းကရှိတဲ့နံကို ဘုရားကိုလှူရမှာကွ
အင်္ဂါနံနဲ့ပက်သက်တဲ့လှူဖွယ်ပစ္စည်းတွေက ဘာတွေရှိမလဲ”
“ဇီးယို၊ဇီးထန်းလျက်၊ဇီးသီး ၊ဇီးဖျော်ရည်၊ဆေးအလှူ
စိန်ခြယ်ပန်း ၊ဇော်စိမ်းပန်း စတာတွေပါ ဆရာ”
“အေးဟုတ်ပြီ …ခုန မင်းဘာကြွင်းတာ….”
“၆ကြွင်းတာပါ ဆရာ “
“၆ဆိုတာသောကြာပဲလေ
အဲဒါကြောင့်သောကြာနေ့ဖွား ဘုရားရှင်တွေကို ခုနက အင်္ဂါနံလှူဖွယ်ပစ္စည်းတွေကပ်လှူပေါ့ကွ
နီးစပ်ရာ ဘုရားသွား မိမိမွေးနံဂြိုဟ်ထောင့်မှာ
ပွင့်တော်မူပြီးသော သောကြာနေ့ဖွားဘုရားရှင်တွေကို
ဇော်စိမ်းပန်း စိန်ခြယ်ပန်းကပ်ပေါ့၊ ဇီးဖျော်ရည်၊ ဇီးထန်းလျက် ၊
စတုမဓု ၊ဇီးသီး စတာတွေကပ်ရမယ်ကွာ ။
မိမိနေတဲ့မြို့မှာ သောကြာနံဘွဲတော်ရှိတဲ့
သီဟိုရှင်ဘုရား၊သိဒ္ဓိရှင်ဘုရားတွေရှိရင်တော့ ထိုဘုရားတွေမှာသွားလှူပေါ့ကွာ။ မရှိရင်လဲ
နီးစပ်ရာစေတီမှာ ရည်မှန်းပြီးလှူပေါ့။
ကိုယ်နေတဲ့ ဒေသအရ အဆင်ပြေမဲ့ အင်္ဂါနံလှူဖွယ်
ပစ္စည်းဆိုရတယ်ကွ။ ပြီးရင် သောကြာဂြိုဟ်မင်းနှင့်တကွ သောကြာသားသမီးအပေါင်းကို မေတ္တာပို့ အမျှဝေပေး ။
ကိုးရက်ဆက်တိုက်လုပ်ရမယ်။စလုပ်တဲ့ နေ့က မိမိမွေးနေ့ဆိုရပြီ”
“အချိန်ကရော ဆရာ
ဘယ်အချိန်လုပ်ရမလဲ”
“အချိန်ရွေးမနေနဲ့တော့ ဒီခေတ်ကြီးက လူတွေက အားကြတာမဟုတ်ဘူး။ အကောင်းဆုံးကတော့
အစောကြီးထပြီးလုပ်တာအကောင်းဆုံးပဲ
ဘုရားမသွားနိုင်တဲ့သူ ၊ဘုရားနဲ့မနီးတဲ့သူကတော့
အိမ်ကဘုရားမှာပူဇော်ကပ်လှူ ပေါ့”
“အဲဒါဆိုဘယ်နေ့သားဖြစ်ဖြစ် မိမိရောက်နေတဲ့အသက်ကို ၇နဲ့စားပြီးယတြာစီရင်လို့ရတာပေါ့နော်ဆရာ “
“ေအးဟုတ္တယ္ကြ
လေးလတစ်ကြိမ် အဲလို ကိုးရက်ဆက်တိုက်စီရင်ပေး။
တစ်နှစ်မှ အနည်းဆုံးသုံးကြိမ်လုပ်ပေးရတာပါ။
ကောင်းကျိုးကတော့ အနန္တပဲကွ။ ဘေးဆိုးကပ်ဆိုးမကျဘူး။ စီးပွားရေးအလုပ်အကိုင်အထူးကောင်းတယ်။ စီးပွားပျက် ၊ဘဝပျက်မဲ့ကံဇာတာရှင်တွေတောင် ထိုယတြာမျိုး လုပ်နေသူဟာ ကံအညံ့အဆိုးတွေပြေပျောက်ကုန်တာပဲကွ”
“အသက်တစ်နှစ်ကြီးတိုင်းအကြွင်းပြောင်းသွားတော့ လှူဖွယ်ပစ္စည်းတွေ ၊ လှူရမဲ့ ဘုရားနေ့နံတွေပြောင်းသွားမှာပေါ့”
“ဟုတ်တယ်လေ နှစ်တိုင်းသာလုပ်ပေး။ သေတဲ့အထိလုပ်လို့ရတဲ့ယတြာတွေပဲလေ၊ဘယ်လောက်ထိအကျိုးများတယ်ဆိုတာ မင်းဗေဒင်ဆရာဖြစ်တဲ့အခါ
ထိုယတြာသုံးကြည့်ရင်သိပါလိမ့်မယ်”
ပညာသင်ကာလတုန်းက ဆရာဆီကရခဲ့သောပညာအမွေယတြာတစ်ခုပါ။ လက်တွေ့နယ်ပယ်မှာအသုံးတည့်လွန်းတဲ့အတွက်လက်ဆင့်ကမ်းမျှဝေ လိုက်ပါတယ်။
******************************************
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၁ကြွင်းပါက
တနင်္ဂနွေနေ့နံ ဘုရားရှင်အား မေမြို့ပန်း ၊မြေပဲကြော် ၊ဖာလူဒါ၊ပဲအမျိုးမျိုး၊ မက်မန်းသီး ၊ပန်းသီးစတဲ့ လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး တနင်္ဂနွေဂြိုဟ်မင်းနှင့် တနင်္ဂနွေသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၂ကြွင်းပါက
တနလ်ာနေ့နံဘုရားရှင်အား သစ္စာပန်း၊သင်္ဘောသီး၊ သရက်သီးစတဲ့ လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး တနလ်ာဂြိုဟ်မင်းနှင့် တနလ်ာသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၃ကြွင်းပါက
အင်္ဂါနေ့နံဘုရားရှင်အား ဒေါနပန်း၊နှင်းဆီပန်း၊ဒံပေါက်၊
ထောပတ်သီး ၊ထန်းလျက်ခဲ စတဲ့ လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး အင်္ဂါဂြိုဟ်မင်းနှင့် အင်္ဂါသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၄ကြွင်းပါက
ဗုဒ္ဓဟူးနေ့နံဘုရားရှင်အား အုန်းပန်း၊အုန်းသီးစိပ်၊အုန်းထမင်း စတဲ့ လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး
ဗုဒ္ဓဟူးဂြိုဟ်မင်းနှင့် ဗုဒ္ဓဟူးသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၅ကြွင်းပါက
ကြာသပတေးနေ့နံဘုရားရှင်အား ကံ့ကော်ပန်း၊ခရေပန်း၊ခတ္တာပန်း၊ကရေကရာမုန့် ၊ကြံရည်၊ဌက်ပျောသီးစတဲ့လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး ကြာသပတေးဂြိုဟ်မင်းနှင့် ကြာသပတေးသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၆ကြွင်းပါက
သောကြာနေ့နံဘုရားရှင်အား ဇီးယို၊ဇီးထန်းလျက်၊ဇီးသီး ၊ဇီးဖျော်ရည်၊စိန်ခြယ်ပန်း ၊ဇော်စိမ်းပန်း စတဲ့
လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး သောကြာဂြိုဟ်မင်းနှင့်
သောကြာသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၀ကြွင်းပါက
စနေနေ့နံဘုရားရှင်အား ရွက်လှပန်း၊ လိမ္မော်သီး၊ရွှေရင်အေး၊လက်ဖက်ရည်၊လက်ဖက်သုပ် စတဲ့
လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး စနေဂြိုဟ်မင်းနှင့် စနေသားသမီးတွေကိုမေတ္တာပို့ရမည်။

ငြိမ်းအေးလူ(ဗေဒင်သုတေသီ)