loading

Category: Uncategorized

  • Home
  • Category: Uncategorized

တန်ဖိုး

 တစ်စုံတစ်ခုကိုတော့ သင်ကျွမ်းကျင်အောင်လုပ်ပါ။ သင်ကျွမ်းကျင်တဲ့အရာကိုတော့ ဘယ်တော့မှ အလကားလုပ်မပေးပါနဲ့။ တစ်ခါတစ်ရံမှ ကိုယ်ကျွမ်းကျင်ပြီး ကိုယ့်အတွက် မခက်ခဲ့တဲ့ကိစ္စကို တစ်ခုကို ကူညီလုပ်ပေးတဲ့အတွက် တန်ဖိုး မထားတက်သူများနဲ့ တွေ့ရတက်ပါတယ်။

ထိုအချိန်မှာ joker ပြောတဲ့ စကားလေးကို သတိရဖို့
ရှဲပေးလိုက်ပါတယ်။ “ကိုယ့်ပညာတန်ဖိုး ထားတဲ့သူများနဲ့ တွေ့ပါစေ”

နှုတ်ခမ်းကပြောသော သင့်အကြောင်း

အင်္ဂါရုပ်ဖတ်တဲ့ ပညာရပ်တွေထဲမှာ
နှုတ်ခမ်းကိုကြည့်ပြီး ထိုသူ၏စရိုက်သဘာဝ၊ ကံကြမ္မာကို ခန့်မှန်းရသော ပညာရပ်တွေရှိသည်။
နှုတ်ခမ်းက ထွက်လာတဲ့စကားလုံးတွေရဲ့ အတိမ်အနက်၊တည်ကြည်မှုကို သိရှိဖို့ နှုတ်ခမ်းအဟောတွေကိုသိထားသင့်သည်။
မိမိနှုတ်ခမ်းကိုကြည့်ပြီး ဆင်ခြင်နိုင်သလို၊ မိမိနဲ့ နီးစပ်သူတွေရဲ့နှုတ်ခမ်းကိုလေ့လာပြီး ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာ ချင့်ချိန်နိုင်ရန်တင်ပြလိုက်ပါသည်။
နှုတ်ခမ်းထူ၍ ညီနေက-
စကားပြောနည်းတတ်သည်။ ရိုးသားဖြောင့် မတ်၍
သြဇာအာဏာ ကြီးမားတတ်သည်။ ကျော် ဇောထင်ရှားသူ၊ စီးပွားဥစ္စာ ငွေကြေးကြွယ်ဝသူ ဖြစ် တတ်ပါသည်။
နှုတ်ခမ်းထူ၍ အထက်သို့လန်က –
အပျော်အပါးဝါသနာပါပြီး စကားပြောမတည်သူ ဖြစ်တတ်သည်။ ဒေါသ၊ မောဟ ကြီးသူဖြစ်တတ် ပြီး သြဇာအာဏာမရှိသူ ဖြစ်တတ်သည်။
နှုတ်ခမ်းထူ၍ အောက်သို့တွဲကျနေက-
အစားအသောက်ကို လွန်စွာမက်မောတတ် သည်။
ရက်စက်ကြမ်းတမ်းစွာ ဆောင်ရွက်လုပ်ကိုင် ပြောဆိုတတ်ပြီး သြဇာအာဏာ မရှိသူဖြစ်တတ်သည်။ ခန္ဓာ ကိုယ် အပင်ပန်းခံနိုင်ပြီး တစ်ဇွတ်ထိုးလုပ်ကိုင်ဆောင် ရွက်တတ်သူ ဖြစ်တတ်သည်။
နှုတ်ခမ်းပါး၍ ညီနေက –
ဉာဏ်ရည် ဉာဏ်သွေးကောင်းပြီး ထူးချွန် ထက်မြက်သူ ဖြစ်တတ်သည်။ လူချစ်လူခင်ပေါများ ပြီး ပညာတတ်လူတန်းစား ဖြစ်တတ်သည်။ ဘုန်း တန်ခိုးကြီး၍ သြဇာအာဏာကြီးမားသူ၊ ကျော်ဇော ထင်ရှားသူ ဖြစ်တတ်ပါသည်။ချစ်ဖွယ်သောစကားကိုဆိုတတ်သည်။
နှုတ်ခမ်းပါး၍ အထက်သို့လန်နေက-
စကားအလွန်များတတ်ပြီး ကြွားဝါပြောဆို တတ်သူ ဖြစ်တတ်သည်။ ရန်လိုတတ်သည်။ ဝီရိယ နည်းပါးတတ်ပြီး ထိတ်လန့်ကြောက်ရွံ့နေတတ်သူ ဖြစ်တတ်သည်။
နှုတ်ခမ်းပါး၍ အောက်သို့တွဲကျနေပါက –
စကားအမှန်မပြောတတ်ဘဲ ကုန်းချောစကား ပြောတတ်သည်။ အစားအသောက် လွန်စွာမက်မော တတ်သည်။ ရန်လို၊ ရန်ပြုတတ်ပြီး၊ ငွေကြေးဥစ္စာ မမြဲတတ်ပါ။
အပေါ်နှုတ်ခမ်းထူပြီး အောက်နှုတ်ခမ်းပါးနေပါက-
လောကီစိတ်ကုန်နေတတ်သည်။ နောင်တရစရာတွေလုပ်မိတတ်သည်။ ပရဟိတဝါသနာပါသည်။ အလှူ အတန်းရက်ရောသည်။ တစ်ပါးသူအပေါ် ကူညီ
ီချင်စိတ်အပြည့်ရှိသည်။လိုအပ်မှစကားပြောသည်။
အပေါ်နှုတ်ခမ်းပါးပြီး အောက်နှုတ်ခမ်းထူနေပါက-
မနာလိုစိတ်များသည်။ သူများကိုယ့်ထက်သာသွားမည်ကိုမလိုလားသူဖြစ်မည်။တစ်ခုခုစွဲလမ်းပါက ဖြတ်ရခက်သည်။ စိတ်မြန်လက်မြန်လုပ်တတ်သည်။
အရှုံးကိုရင်ဆိုင်နိုင်သည်။ စကားပြောရာတွင် မိမိအတွက်တစ်ကွက်ချန်ပြီးပြောတတ်သည်။
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

သင့်နဖူးက ပြောတဲ့ သင့်အကြောင်း =================== ===================

၁။ နဖူး ကျဉ်းမြောင်းသူတွေဟာ စိတ်ထိခိုက်ခံစားလွယ်ပြီး တသီးတခြား နေတတ်သူတွေ ဖြစ်ပါတယ်။ သူတို့က ဆုံးဖြတ်ချက်တွေကို နှလုံးသားနဲ့ ချမှတ်တတ်ပါတယ်။
၂။ အခုလို ပုံစံ နဖူးရှိသူတွေက စိတ်ကူးဉာဏ်ကောင်းမွန်ပြီး တီထွင်ဖန်တီးမှု အားကောင်းကာ လူတွေကို ဆွဲဆောင်နိုင်သူပါ။
၃။ ဒီလို နဖူးပုံစံ ရှိသူတွေဟာ ခေါင်းမာတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပြောဆိုလုပ်ကိုင်မှုတွက သူတို့ကိုယ်တိုင် သတိမပြုမိဘဲ တခါတရံမှာ လူတွေကို ထိခိုက်နာကျင်စေပါတယ်။
၄။ ကျယ်ဝန်းတဲ့ နဖူး ပိုင်ဆိုင်သူတွေက နှစ်လိုဖွယ်ရာကောင်းပါတယ်။ သူတို့ဟာ စွမ်းရည်မြင့်မားပြီး လျင်မြန်စွာ သင်ယူတတ်မြောက်နိုင်စွမ်း ရှိပါတယ်။
၅။ လေးထောင့်ဆန်ဆန် ဖြောင့်တန်းနေတဲ့ နဖူး ရှိသူတွေက ပွင့်လင်းပြီး ဘဝခရီးမှာ ရှေ့ကိုသာ လျှောက်လှမ်းလိုသူတွေပါ။ သူတို့ဟာ လုံ့လဝီရိယရှိပြီး အလုပ်ကိစ္စနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ အပေးအယူ လုပ်လေ့မရှိသူမျိုး ဖြစ်ပါတယ်။
၆။ အခုလို နဖူး ပုံစံရှိသူတွေက ပျော်ပျော်နေတတ်ပြီး အားလုံးရဲ့ အာရုံစိုက်မှု ခံချင်သူတွေပါ။
၇။ တောင်ပုံသဏ္ဍန် နဖူးကို ပိုင်ဆိုင်သူတွေက နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူတွေပါ။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆံ့လိုသူတွေ ဖြစ်ပါတယ်။
============

အရဟံ ဦးဆင် =========

စစ်ကြီး ပြီးခါစလောက်က မန္တလေးမြောက်ဘက် မတ္တရာနယ် တစ်ဝိုက်မှာတော့ အရဟံ ဦးဆင် ဆိုတာ မသိသူ မရှိသလောက်လို့ ဆိုရလောက်အောင် လူသိများခဲ့ပါတယ်။
သူ့ကို လူတွေ အသိများတာဟာ ဆန်စက်ပိုင်ရှင် သူဌေးကြီး တစ်ဦးဖြစ်လို့ ဆိုတာထက် အင်္ကျီဗလာ၊ လုံချည်ဖာ တစ်ရာနဲ့ နွားကျောင်းသား ဘဝက ဗြုန်းစားကြီး ဆန်စက်ပိုင်ရှင်အဖြစ် ပြောင်းလဲသွားတာရယ်၊ သေသည်အထိ ပုတီးတစ်ကုံးနဲ့ ပုတီးမပြတ် စိပ်နေလေ့ ရှိတာရယ်၊ သူ့အိမ်ဝမှာ အရဟံ ဆိုတဲ့စာလုံး ဆိုင်းဘုတ် အကြီးကြီး ရေးထားတာရယ် တို့ကြောင့် ပါပဲ။
ဒီ အရဟံ ဆိုတဲ့ စာလုံး ဆိုင်းဘုတ်ကြီးကြောင့်ပဲ သူ့ကို အရဟံ ဦးဆင် လို့ လူတွေက သိကြခေါ်ကြ တာပါ။
ဦးဆင်ဆိုတာ ငယ်ငယ်က သာမဏေဘဝနဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ သူရိယာဘိဝံသ ( နောင် အဘိဓဇမဟာရဋ္ဌဂုရု ) ထံမှာ နေသွားခဲ့ဖူးတယ်။ ရဟန်း မဖြစ်ခင်မှာဘဲ သူ့ ဒကာကြီး ဆုံးပါးသွားလို့ မိခင်နဲ့ လူမမယ် ( မည် ) ညီ၊ ညီမငယ်တွေကို လုပ်ကိုင်ကျွေးဖို့ လူထွက်လိုက်ရတယ်။ လယ်ယာ မြေပိုင် မရှိတဲ့အတွက် သူများအိမ်မှာ ထွန်ယက်နွားကျောင်း သူရင်းငှားဘဝနဲ့ လုပ်ကိုင် စားရတဲ့ဘဝမှာ မိသားစုက စားအိုးကြီးတဲ့အတွက် အသက်ထိန်းရုံ အရှက်လုံရုံ အနိုင်နိုင်ဖြစ်လို့ လုံချည်ခါးနွမ်း ကျောနေလှမ်း ဘဝမှာ အိမ်က ခနော်ခနဲ့ ခေတ်သစ် ကာကဝလိယလို့တောင် ဆိုနိုင်လောက်ပါသတဲ့။
ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကို အမြဲ ဦးထိပ်ထားတတ်တဲ့ မောင်ဆင်ဟာ မစိုးရိမ်ဆရာတော်ဘုရားကြီး မွေးနေ့နီးပြီဆိုရင်တော့ မစိုးရိမ်ကျောင်းတိုက်ကို အမြဲရောက်အောင် လာတယ်။ လှူဖွယ်ဝတ္တုရယ်လို့ မပါပေမယ့် ဆရာသမားကို ဝတ်ကြီးဝတ်ငယ် ပြုပေးရင်း ထင်းခွဲ၊ ရေခပ်၊ တံမြက်လှည်း စတဲ့ အလုပ်ကြမ်း မှန်သမျှ အားလုံး ဒိုင်ခံပြီး လုပ်လေ့ရှိပါသတဲ့။
မွေးနေ့ပြီးလို့ အပြန်မှာတော့ အင်္ကျီဗလာနဲ့ တပည့်ကို မကြည့်ရက်တဲ့အတွက် ဆရာတော်ကြီးက ငါ့တပည့်လို သံဃာ့ဝေယျာဝစ္စ ္စလုပ်သူအတွက် ပေးကောင်းတယ်ကွဲ့။ အပ်စပ်ပါတယ်။ အင်္ကျီချုပ်ဝတ် လို့ ပြောပြီး အဲဒီခေတ်က နာရေးကန်တော့ပွဲတွေမှာ ပါလာလေ့ရှိတဲ့ ပိတ်စကလေးတွေကို ချီးမြှင့်တတ်ပါတယ်။
ဆရာတော်ကြီးက မိမိအတွက် အင်္ကျီချုပ်ဖို့ဆိုပြီး ပေးစွန့်ပေမယ့် အိမ်မှာ အရွယ်ရောက်စပြုနေပြီဖြစ်တဲ့ နှမတွေ ညီငယ်တွေ အတွက်ပဲ သင့်သလိုချုပ်ပေးပြီး မောင်ဆင်ကတော့ ထုံးစံအတိုင်း လုံချည် ဖာတစ်ရာ ကျောဗလာပဲ နေရတာပါ။
မွေးနေ့နီးတိုင်း နှစ်စဉ် မှန်မှန် ရောက်လာပြီး ကျောပြောင်ကြီး ပိုပြီး မွဲခြောက် လာတာက လွဲလို့ဘာမှ တိုးတက်ပြောင်းလဲ မလာတဲ့ တပည့်ကို ကြည့်ပြီး ဆရာတော်ကြီးက ငဆင် နင် မချမ်းသာချင်ဘူးလား လို့မေးတော့ဘယ့်နှယ် မိန့်လိုက်ပါလိမ့်ဘုရား။ တပည့်တော် သူများတွေလို သူဌေးဖြစ်အောင် မချမ်းသာချင်နေပါစေ။ အစားအဝတ် ပြည့်ပြည့်စုံစုံနဲ့ မိုးလုံလေလုံလောက် နေရရင် ကို ကျေနပ်လှပါပြီ။
ဆရာတော် မစ နိုင်ရင် မစ ပေးတော်မူပါဘုရား လို့ လျှောက်ထားပါသတဲ့။
ဆရာတော်ကြီးက” ဟဲ့……. ငဆင်ရဲ့၊ ကံကံ၏ အကျိုးဆိုတာ နင်လည်း သိသားပဲဟာ။ နင့်ကို ငါက မစလို့ ဘယ်ရမလဲဟဲ့။ နင်ကိုယ်တိုင် ရုန်းပြီး ရပ်မှ မတ်လာမှာပေါ့ “ဆိုတော့……
“မှန်ပါ၊ တတ်နိုင် သမျှတော့ ကြိုးစားတာပါပဲ ဘုရား။ မိသားစုကလည်းများ၊ ညီတွေ ညီမတွေကလည်း လက်လုပ် လက်ကိုင်လေးမှ အကူအညီက မရသေး။ ဒီကြားထဲ လောက အလျောက် အိမ်ထောင် ကလည်း ကျပြီဆိုတော့ အလုပ်နဲ့ဝင်ငွေက မတိုးဘဲ ပါး စပ်ပေါက်တွေ သာ တိုးနေတဲ့အတွက် ဒီလိုပဲ လုံးချာလိုက် နေတာပဲဘုရား “လို့ ပြန်လျှောက်ပါတယ်။
ဆရာတော်ကြီးက
” အေး…….နင့်ကို ငါက မထူပေးလို့တော့ မရဘူး။ နင့်ကိုယ်နင် ရုန်းထနိုင်အောင် အထောက် အကူတော့ ပေးလိုက်မယ်။ ရော့ဟောဒီ ပုတီးကို ယူသွား။ ဘာမှ နည်းတွေများမနေနဲ့ အရဟံ တစ်လုံးကို အဓိပ္ပာယ်ပါ အာရုံပြုပြီး မပြတ်ပွားပေရော့ “
ဆိုပြီး အနားမှာရှိတဲ့ ပရိက္ခရာပုံထဲက ပုတီးတစ်ကုံးကို ပေးလိုက် ပါတယ်။
ဆရာတော်ကြီးက မတာ မဟုတ်ဘူးဆိုပေမယ့် မောင်ဆင်ကတော့ ဒါဟာ ဆရာတော်ကြီးက သူ့ကို မစလိုက်တာပဲ ဆိုပြီး ဆရာတော် မိန့်ကြားတဲ့ အတိုင်း မပြတ်ပွားပြီး စိပ်တော့တာပဲ။
ခါတိုင်း ကိုယ်အထက်ပိုင်းမှာ ဗလာကျင်းနေတဲ့ မောင်ဆင်မှာ ခုတော့ အလုပ်လုပ်နေချိန် ဆိုရင်လည်း လည်ပင်းမှာ ပုတီးတစ်ကုံး ဆွဲထားတာတွေ့ရပြီး အလုပ်နားတာနဲ့ ပုတီးနဲ့လက်မပြတ်အောင် စိပ်တော့တာပဲ။ နွားကျောင်း ရင်လည်း ပုတီးစိပ်က မပြတ်တော့ ဒုစရိုက်ရယ်လို့ ကျူးလွန်ချိန်ကို မရှိတော့ဘူး။
နောက်တစ်နှစ် ဆရာတော်ကြီးမွေးနေ့မှာ မောင်ဆင်ရောက်လာတော့လည်း ဘာမှ ထူးခြားပြောင်းလဲမှု မရှိသေးဘူး။ ဆရာတော်ကြီးထံပါးမှာ
၀တ္ခ်ေတာ့…….
“ငဆင် ဘာတွေများ ထူးခြားလာသလဲဟဲ့”
“ဘာမှ မထူးသေးပါဘုရား”
“အေး လာစမ်း ဒီနား “
ဆိုပြီး ဖြန်း ခနဲရိုက်လိုက်တော့…..
“အမေလးဘုရား “
လို့ လန့်အော်တယ်။ ဆရာတော်ကြီးက….
“နင် လိုသေးတယ်၊ ဆက်ကြိုးစားဦး”
လို့ မိန့်ပါတယ်။
နောက်နှစ်နှစ် သုံးနှစ် ဒီအတိုင်းပဲ၊ မထူးဘူး။ အဲ….လေးနှစ်မြောက်အရောက်မှာတော့ ဆရာတော်ကြီးက “ငဆင် လာစမ်း ဒီနား ဖြန်း “
ဆိုတော့
“အရဟံ အရဟံ အရဟံ”
“အေး နင့်ခန္ဓာကိုယ်ထဲခုမှ အရဟံဂုဏ်တော် ကိန်းတယ်ဟ။
သုံးလေးနှစ်အတွင်း ခန္ဓာကိုယ်ထဲ အရဟံဘုရား အမြဲကိန်းအောင် တည်နိုင်တာ နင် မဆိုးဘူး၊ နင် ထူးတော့မယ်။ ဆက်ကြိုးစား ကြားလား”
“မွန္ပါ ဘုရား”
အချိန်က ဂျပန်တွေ မြန်မာပြည်ဝင်လာခါစ၊ မြန်မာပြည်ကို စစ်ငွေ့စစ်ရိပ်များ သန်းလာပြီ။ မတ္တရာနယ်မှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယအမျိုသား မိသားစုတို့က စစ်ဘေးဒဏ်ကို တိမ်းရှောင်ရင်း သူတို့ဆွေမျိုးများ ရှိရာ အိန္ဒိယကို ပြန်လိုတဲ့အတွက် သူတို့မရှိတုန်းမှာ သူတို့ပိုင်တဲ့ ဆန်စက်ကို အစောင့်အရှောက်အဖြစ် လွှဲအပ်ခဲ့ဖို့ နယ်မှာရှိတဲ့ အကြီးအကဲများ၊ မိတ်ဆွေ သင်္ဂဟများနဲ့ တိုင်ပင်တဲ့အခါ အဲဒီနယ်သူကြီးက..
သူရင်းငှားလုပ်နေတဲ့ မောင်ဆင်ဟာ ဆင်းရဲပေမယ့် ရိုးသားပြီး သစ္စာရှိတယ်။ မစိုးရိမ်ဆရာတော်ကြီးရဲ့ တပည့်ဖြစ်လို့ ဆရာကောင်းတပည့်ပီပီ ရိုးသားတည်ကြည်တယ်၊ သူများပစ္စည်းကို အလွဲသုံးစားလုပ်မယ့် သူငယ်မဟုတ်ဘူး။ ဆရာသမားများရဲ့ အရှိန်အဝါကြောင့်လည်း ဆရာကောင်းတပည့် မပီသတဲ့ အလုပ်မျိုး လုပ်မှာ မဟုတ်တာ သေချာတယ်။ သူ့ကိုပဲ လွှဲအပ်ပြီး စောင့် ပြီး ရှောက် ခိုင်းတာ အကောင်းဆုံးပဲလို့ အကြံပေးကြတယ်။
ဆန်စက်ပိုင်ရှင် များကလည်း ဟိန္ဒူအမျိုးသားများဖြစ်တဲ့အတိုင်း မစိုးရိမ်တိုက် ဆိုတာကို ကြားဖူးပြီး အထင်ကြီး လေးစားကြတဲ့ အတွက် သဘောကျပြီး မောင်ဆင်နဲ့သွားတွေ့ အကျိုးအကြောင်း ပြောဆို ညှိနိူင်းကြပြီး နှစ်ဦးနှစ်ဖက် သဘောတူကြလို့ မောင်ဆင် လက်ထဲ ဆန်စက်ကို လွှဲအပ်ပြီး အိန္ဒိယ ပြန်သွားကြတယ်။
မောင်ဆင်လည်း မမျှော်လင့်ဘဲ ဆန်စက်နဲ့ လုပ်ကိုင်စားသောက်ခွင့် ရရှိသွားလို့ ဆန်စက်ပိုင် မဟုတ်ပေမယ့် ဆန်စက်ကိုင် သူဌေးလေးဘဝ ရောက်သွားတော့တယ်။ အဲဒီနှစ် မစိုးရိမ်ဆရာတော်ကြီးရဲ့ မွေးနေ့ကို သွားတဲ့ အခါမှာတော့ မောင်ဆင်ဟာ နှစ်တိုင်းနဲ့ မတူတော့ဘူး။ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ လှူစရာ ဆန်အိတ်တွေ ဘာတွေ သယ်လာပြီး မိသားစုနဲ့အတူ ရောက်လာကြတယ်။ ဆရာတော်ကြီးက-
“ငဆင် ဒီနှစ် ထူးလာပြီလားဟ”
ဆိုတော့…….
“မှန်ပါ၊ ထူးဆို တပည့်တော် စိတ်ကူးနဲ့တောင် မမှန်းဆရဲခဲ့ဖူးတဲ့ အထိကို ထူးတာဘုရာ့။ အခု တပည့်တော် ဆန်စက်တစ်လုံး ကို စောင့်ရှောက် ရင်း လုပ်ကိုင် စားသောက်ခွင့်ရလို့ တပည့်တော် တောင့်တခဲ့တဲ့ စားဝတ် နေရေး ပြည့်စုံပြီး မိုးလုံလေလုံနေနိုင်ဖို့ ဆိုတဲ့ အဆင့်ထက်တောင် လွန်နေပြီ ဘုရာ့။ ဒါတွေဟာ ဆရာတော် မလိုက်တဲ့ ဆရာတော့် ကျေးဇူးတွေပါပဲ ဘုရား ”
ဆိုပြီး ဝမ်းသာ မျက်ရည်နဲ့ လျှောက်ထားရှာတယ်။
“ဟဲ့……..ငဆင်ရဲ့၊ နင့်ကို ငါ မလို့ မရဘူး။ နင့်ကိုယ်နင် ရုန်းကန်ထရမှာ လို့ အစကတည်းကပြောထားသားနဲ့၊ ဘယ်ကလာ ငါက မရမှာလဲ၊ အဲဒါ ငါ မတာလည်း မဟုတ်ဘူး၊ နံဘေးမှာရှိတဲ့ ဘုရားတွေက မတာလည်း မဟုတ်ဘူးဟဲ့။ နင့်ခန္ဓာကိုယ်ထဲမှာ နင် ကိုယ်တိုင် မပြတ်ပွားထုံပြီး တည်ထားတဲ့ အရဟံ ဘုရားက မတာ။ မတယ်ဆိုလို့ ဘုရားတန်ခိုးသက်သက်နဲ့ ချမ်းသာလာတယ် မထင်လိုက်နဲ့၊ ကံမျိုးစေ့ အောင်မြင်လာတော့ အနုတ္တရံ ပုညခေတ္တံ လောကဿ” ဆိုတဲ့ သာသနာခေတ်ကြီးမှာ ဉာဏ်နဲ့ လုံ့လစိုက်ထုတ်နိုင်သလောက် အကျိုးဖြစ်ထွန်းတာပေါ့။ ကမ္မသကတ သမ္မာဒိဋ္ဌိ အမြင်မှန် လက်မလွတ်စေနဲ့၊ မမေ့မလျော့ ဆက်ကြိုးစား ကြားလား”
လို့ မိန့်ကြားပါတယ်။
မောင်ဆင်ရဲ့ဘဝ ဘယ်လိုပြောင်းလဲသွားပေမယ့် မစိုးရိမ်ဆရာတော်ကြီး မွေးနေ့ ရောက်တဲ့ အခါမှာတော့ အရင်က လုပ်နေကျအတိုင်း ထင်းခွဲ၊ အမှိုက်ရှင်း၊ ရေခပ် စတဲ့ အလုပ်ကြမ်းမှန်သမျှ မိသားစုပါ ဝိုင်းဝန်းပြီး ဆောင်ရွက်မြဲ ဆောင်ရွက်ပါတယ်။
စစ်ကြီးပြီးစလောက်မှာတော့ အိန္ဒိယ ပြန်သွားတဲ့ ဆန်စက်ပိုင်ရှင်များက သူတို့မိသားစု ဟိုမှာလည်း အလုပ်အကိုင် အဆင်ပြေနေ တဲ့ အတွက် ဟိုမှာပဲ အခြေချတော့မယ်။ ဆန်စက်များကိုလည်း ရိုးသားပြီး သစ္စာရှိတဲ့ မောင်ဆင်ကိုပဲ အပြီးအပိုင်ပေးပါတယ် လို့ စာနဲ့လွှဲအပ်ပါတယ်။ စစ်ပြီးစလောက်တုန်းက မတ္တရာနယ်တစ်ဝိုက်မှာတော့ ဆင်းရဲးသား ကျောမွဲစစ်စစ် ဘဝက ဆန်စက်ပိုင်ရှင် သူဌေးကြီးဖြစ်သွားတဲ့ အရဟံ ဦးဆင်အကြောင်း လူတိုင်းလိုလိုက တအံ့အသြ ပြောမဆုံးအောင် တစ်နယ်လုံးကို ဟိုးလေး တကျော် ဖြစ်ရပ်ပါပဲတဲ့။
ဒီနေရာမှာ အထူးသတိထားရမှာကတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ နှုတ်ကပါဌ်တွေမှာ ဘယ်ဂုဏ်က ဘယ်ဂုဏ်ထက် ပိုသာတယ်၊ ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုသာတယ်၊ ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုပြီး အစွမ်းထက်တယ်လို့ ကွဲပြားခြားနားမှုမရှိပါဘူး။ ရတနာသုံးပါးနဲ့ ပတ်သက်ရင် နည်းကောင်းနည်းညံ့ ခွဲဖို့ မလိုဘူး။ နည်းမြဲဖို့ပဲ လို့တယ် ဆိုတဲ့ အချက်ပါ။
ပဋ္ဌာန်းဒေသနာတော် အလိုအရတော့ အာသေဝနပစ္စည်းတပ်တယ်လို့ ခေါ်ပါတယ်။ ကံအနေနဲ့ ပြောရရင်တော့ မပြတ်လေ့ ကျက်နေ တဲ့ အာစိဏ္ဏကံ ပါပဲ။ အာစိဏ္ဏကံ ထက်သန်မြဲမြံလာရင် ပစ္စုပ္ပန်မှာ မျက်မြင်ဒိဋ္ဌ ခံစားရတဲ့ ဒိဋ္ဌဓမ္မ ဝေဒနိယ
အကျိုးကော နောင်အဆက်ဆက် သမ္ပရာယိက အကျိုးကိုပါ ထင်ထင်ရှားရှား ကြီးကြီးမားမား ပေးတတ်စမြဲ ဖြစ်ပါတယ်။
မစိုးရိမ်ဆရာတော်ကြီးထံမှ ကြားနာမှတ်သားခဲ့ရသည့်အတိုင်း အမရပူရမြို့၊ တူမောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓိယ ( အဂ္ဂမဟာ ပဏ္ဍိတ ) ထပ်ဆင့် မိန့်ကြားဆုံးမချက်ကို မျှဝေတင်ပြလိုက်ပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

လက်ဝါးပြင်နှင့် လက်ချောင်းများရဲ့ ဆက်စပ်မှုများ

၁။
လက်ဖဝါးတို + လက်ချောင်းတို ကို
ပထဝီလက်လို့ခေါ်ပါတယ်။
စိတ်ကူးယဉ်တာ ၊စဉ်းစားတာအားနည်းတဲ့သူမျိုးပါပဲ။အရာရာတိုင်းကိုလက်တွေ့ လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်။ လုပ်လိုက်တာကအရင် စဉ်းစားတာကနောက်မှဆိုတဲ့ သူမျိုးတွေပါ။
အနုစိပ် အသေးစိပ်လုပ်ရတာမျိုးကိုစိတ်မဝင်စားပါဘူး။ သူတစ်ပါးလုပ်တာစိတ်တိုင်းမကျခြင်း၊ မိမိကိုယ်တိုင်လုပ်ရမှကျေနပ်ခြင်းတွေက
အရွယ်လွန်သည်အထိ အလုပ်နဲ့မပြတ်လုပ်ရတတ်ပါတယ်။နေရာတကာစဉ်းစားမှု အားနည်းခြင်း၊ တွေးခေါ်အမြော်အမြင်နည်းပါးခြင်းတွေက ဘဝမှာ အခက်အခဲများတာ အမှားများတာမျိုးဖြစ်စေပါလိမ့်မယ်။
ချင့်ချိန်နိုင်၊ ဆင်ခြင်နိုင်ကာမှ ဘဝမှာ အောင်မြင်ပါလိမ့်မယ်။
၂ ။
လက်ဖဝါးရှည် +လက်ချောင်းတို ကို
တေဇောလက်လို့ခေါ်ပါတယ်။
စိတ်မြန်လက်မြန်တဲ့သူပါပဲ။ အမြဲတမ်းသွက်လက် ထက်မြက်သူတွေပါ။
အလုပ်တစ်ခုကိုလုပ်တဲ့အခါ နှေးတာမကြိုက်
အလွန်မြန်ဆန် ချင်သူများ ဖြစ်ပါတယ်။ထိုသူတွေအောက်မှာ တာဝန်ထမ်းဆောင်ရတဲ့ သူတွေကတော့မချောင်ပါဘူး။ သူတို့ကိုယ်တိုင်လဲ အချောင်မခိုတတ်သလို အောက်လက်ငယ်သားကိုလဲ နားနေတာ ၊
နှေးကွေးစွာလုပ်နေတာမြင်ရင်မကြိုက်တဲ့သူမျိုးတွေပါ။ဖြစ်သင့်တာကိုမကြည့် ဖြစ်ချင်တာကိုဦးစားပေး
တတ်သောကြောင့် တယူသန်သမားတွေလို့ ခေါ်လဲမမှားပါဘူး။ လဲရင်ပြန်ထမယ်၊ ဇွဲရှိမယ်ဆိုရင်
အောင်မြင်မှုကိုလှမ်းကိုင်နိုင်ပါလိမ့်မယ်။
၃။
လက်ဖဝါးရှည် + လက်ချောင်းရှည်ကို
အာပေါလက်လို့ခေါ်ပါတယ်။
စိတ်ကူးယဉ်တတ်သူတွေပါ။
မိသားစုအပေါ် သံယောဇဉ်ကြီးတတ်သူများလဲ ဖြစ်
နေကြပြန်တယ်။
အလုပ်တစ်ခု လုပ်တဲ့အခါ အသေးစိပ် လိုက်ပြီး
စဉ်းစား လုပ်တတ်သူ ဖြစ်ပါတယ်။ အနုစိပ်အသေးစိပ်လုပ်ရမဲ့အလုပ်၊ လက်ဝင်တဲ့အလုပ်မျိုးတွေကို စိတ်ရှည်စွာ လုပ်နိုင်သူပါ။ ဒေါသနည်းတယ်။ ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးတတ်သူပါ။
လေထဲတိုက်အိမ်ဆောက်ပြီး လက်တွေ့ပိုင်းအားနည်းသာကြောင့် တခါတရံ ကြီးမား
တဲ့ အခက်အခဲနဲ့တွေ့ရတတ်တယ်။
စိတ်ကူးကောင်းတွေကို လက်တွေ့အကောင်အထည်ဖော်ရင်ဖြင့် အောင်မြင်မှုကိုလှမ်းကိုင်နိုင်ပါလိမ့်မယ်။
၄ ။
လက်ဖဝါးတို + လက်ချောင်းရှည် က ဝါယော
လက်လို့ခေါ်ပါတယ်။
စည်းကမ်းကြီး ၊ရည်ရွယ်ချက်ကြီးကြပါတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူတွေပါ။
အလုပ်တစ်ခုကို စနစ်တကျ လုပ်တတ်သော
ကြောင့် အတတ်ပညာရှင် အသိပညာရှင်များ
အဖြစ် ထင်ပေါ်လာတတ်တယ်။ ဘယ်နေရာရောက်ရောက် ခေါင်းဆောင်ရသူ၊ဦးဆောင်ဦးရွက်ပြုရသူ
ူဖြစ်လွယ်ပါတယ်။ သူတစ်ပါးစိတ်ကိုနားလည်
ပေးနိုင်ကြပါတယ်။ အတ္တဟိတထက် ပရဟိတကို ဦးစားပေးတတ်သောကြောင့်မိသားစုတာဝန်လစ်ဟင်းရတတ်ပါတယ်။ ချမ်းသာမှုထက် ဂုဏ်သိက္ခာကိုအလေးပေးတဲ့သူပါ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

မှတ်မှတ်ရရ ကဆုန်လ

ကဆုန္လ…….
ကစ္ဆိန္န = ကင်းပြတ်ခြင်း။ မမြဲ်ခြင်း အဓိပါ္ပယ်။
ဒါကြောင့်ပင် ဒီလကို ကဆုန်လ လို့ခေါ်တယ်။
မြေဓာတ်မှာ ရေးခန်းပြီး ရေပြတ်တဲ့လ၊
ရွက်ဟောင်းတွေဟာရိုးတံကနေ ကင်းပြတ်ကြပြီးရွက်နုတွေဝေတဲ့လ၊
အအေးဓာတ်တွေခမ်းခြောက် တဲ့လ။
” အနိစ္စာ ဝတ သင်္ခါရာ ၊ဆိုတဲ့မြတ်ဗုဒ္ဓဟောကြားတဲ့ အနိစ္စတရားတွေကို
ထင်ထင်ရှားရှားမြင်တွေရတဲ့လ။ “
” ဥပ္ပါဒ ဝယ ဓမ္မိနော၊ဆိုတဲ့ မြတ်ဘုရားဟောတဲ့ ဖြစ်ခြင်း နဲ့ ပျက်ခြင်း
ပက်ပင်းတွေ့နိုင်တဲ့လ။ “
အနိစ္စဆိုတဲ့ မမြဲတဲ့တရား။ ဥပ္ပါဒဆိုတဲ့ ဖြစ်တတ်တဲ့တရား။ဝယဆိုတဲ့ ပျက်တတ်တဲ့တရား။
ဒီလိုအမှန်တရားတွေကို မျက်ဝါးထင်ထင်သိမြင်နိုင်ဖို့
ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းဟာ
” ကဆုန်လရဲ့ အလယ်ရှိ လပြည့်ဆိုတဲ့နေ့မှာပဲ၊
၁။ နိယတဗျာဒိတ်ခံယူတော်မူကြ၊
၂။ ဖွားမြင်တော်မူကြ၊
၃။ဘုရားဖြစ်တော်မူကြ၊
၄။ ပရိနိဗ္ဗာန်ဝင်စံတော်မူကြသတဲ့။
မြတ်ဗုဒ္ဓရဲ့ ဗောဓိပင်ကို ညောင်ရေလောင်း စုပေါင်းကုသိုလ်ယူကြတာလည်း ဒီလနဲ့ ဒီရက်ပါပဲ။
” ဗျာဒိတ်တော်ကြား၊ လောင်းတော်ဖွား၍၊
ဘုရားဖြစ်တုံ ၊ နိဗ္ဗာန်လှုံ၊
ကဆုန်ညောင်ရေသွင်း ။ ” ဆိုတဲ့ ကဆုန်လပြည့်နေ့ဟာ
လွတ်မြောက်ခြင်းကိုရှာဖွေသူတို့ရဲ့အမှတ် သင်္ကေတ ထူးမြတ်တဲ့ သမယမို့ ဒီနေ့ဒီရက်ကို တရားဓမ္မတွေနှလုံးသွင်းပြီး အကျိုးရှိအောင်အသုံးချစေချင်သည်။
ကဆုန်လပြည့်နေနှင့်တိုက်ဆိုင်စွာပင် ဒီPageလေးက တစ်နှစ်တင်းတင်းပြည့်လေပြီ။
တစ်နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ ရော ကဆုန်လပြည့်နေ့အထိမ်းအမှတ်နဲ့ရော ဗုဒ္ဓယတြာလေးတစ်ခုပေးချင်ပါသည်။
ငယ်ရွယ်စဉ် ဗေဒင်ပညာသင်ယူစဉ်ကာလတုန်း
က ဆရာအရှင်ကကဆုန်လပြည့်နေ့မှာ မှတ်မှတ်ရရယတြာလေးတစ်ခုပြောပြဖူးသည်။ ဒီယတြာကို မိမိကိုယ်တိုင်အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုးလောကဓံရိုက်ခတ်မှုတွေကို လျော့ပါးသက်သာစေခဲ့တာအမှန်တကယ်မြင်တွေ့ရသည်။ထိုယတြာကိုပဲ
ဗေဒင်ပရိတ်သတ်တွေကို ခဏခဏပေးခဲ့ဖူးသည်။
အောင်မြင်သွားကြတာ လက်တွေ့ပင်။ နှစ်ပေါင်းများစွာယတြာရဲ့အစွမ်းကို လက်တွေ့ ကြုံ ရ၊
တဆင့်အဆင်ပြေတယ်ကြားရတော့ ဒီ Pageက ဗေဒင်ချစ်မြတ်နိုးသူတွေကိုလဲ လက်ဆင့်ကမ်းမျှဝေချင်ပါသည်။ ဒီအကြောင်းရေးနေရင်းအတိတ်က ဆရာသခင်ပြောပြခဲ့တာကို မနေ့တစ်နေ့ကလိုပြန်မြင်လာသည်။
—————————————————————————–
ကဆုန်လပြည့်နေ့…..
မိုးကအုပ်ဆိုင်းလျက်…ဆရာသခင်ဆီ သွားကန်တော့ရန် မုန့်ထုပ်လေးဆွဲ ပြီး ဆရာအိမ်ကိုစောစောထွက်လာခဲ့သည်။
ဆရာခြံရှေ့ရောက်တော့ ဆရာဘုရားရှစ်ခိုးသံကို အတိုင်းသားကြားရသည်။
ဆရာကဘုရားတိုးတိုးရှိခိုးရင်မကြိုက်တတ်။ ခပ်ကျယ်ကျယ်ရှိခိုးခိုင်းသည်။
” ဒီလိုကွ ဘုရာ်းရှိခိုး ၊ပြီးတော့မေတ္တာပို့ အမျှဝေတယ်မဟုတ်လား အဲလိုအမျှဝေတဲ့အခါ မင်းအသံကတိုးနေရင် အမျှယူ သာဓုခေါ်ကြတဲ့သူတွေကြားမယ်ထင်လို့လား …အချို့အစွမ်းရှိတဲ့ပြိတ္တာတွေက
ကြားနိုင်ပေမဲ့ မကြားတဲ့သူကအများကြီးကွ။ အသံမထွက်ဘဲ အမျှဝေလို့အမျှမရကြတဲ့ပြိတ္တာတွေ မနည်းဘူးကွ”
ဆရာသခင်ကထိုသို့ဆုံးမခဲ့သည်။
အခုလဲဆရာ ဘုရားရှစ်ခိုးနေတာကိုခဏထိုင်စောင့်နေသည်။ ဆရာကတော်က မုန့်လုံးရေပေါ်လာချပေးသည်။ မြန်မာမုန့်ထဲတွင်အကြိုက်ဆုံးမုန့်ပါပဲ။ အားပါးတရစားဖြစ်သည်။
ဘုရားဆောင်တွင်လဲ ကြွေပန်းကန်အပြည့်မုန့်လုံးရေပေါ်အပြည့်ထည့်ပြီး အုန်းခြစ်စာလေးတွေဖွေးနေအောင်ဖြူးထား၏။ ဘုရားညောင်ရေအိုးသုံးအိုးလုံးတွင်လဲ ရွက်လှပန်းတွေကြီးပဲဝေနေအောင် ထိုးထား၏။
ဆရာအရှင်ဘုရားရှိခိုးပြီးတော့ ….ကျွန်တော်ပါလာသောမုန့်လေး ပန်းကန်ထဲထည့်ပြီး ကန်တော့ဖြစ်သည်။
ဆရာဆုပေးနေကြအတိုင်း
“ကောင်းသောလိုအင်ဆန္ဒတွေပြည့်ပါစေကွ “ဟုတိုတိုတုတ်တုတ်ပဲဆုပေးလေ့ရှိသည်။
“ဒီနေ့မင်းလာကန်တော့အတွက်မင်းကိုထူးထူးခြားခြားယတြာတစ်ခုပေးလိုက်မယ်။
မင်းကံမှာက ဆရာသခင်နဲ့လက်ထပ်သင်ရမဲ့ကံ
ံအရမ်းနည်းတယ်။ ဒါကြောင့်ပဲ မင်းကို
အခြားတပည့်တွေနဲ့မတူဘဲ ဖြတ်လမ်းနည်းတွေသင်ပေးခဲ့တယ်။
မကြာခင်ပဲမင်းအလုပ်ကိစ္စတွေနဲ့ ငါ့ဆီလာနိုင်အုန်းမှာမဟုတ်ဘူး။
ရောက်တဲ့နေရာမှာ ပညာယူပါ။ လူပေါင်းစုံရဲ့ကံတွေလေ့လာပါ။
အမှတ်မဲ့မနေပါနဲ့။ မိမိကိုယ်တိုင်ပဲ self
study လုပ်ပါ။ သုတေသနလုပ်ပါ”
“ဟုတ္ကဲ့ဆရာ ….ေလ့လာပါ့မယ္”
” ဒီနေ့ဘာနေ့လဲ .”
“ကဆုန်လပြည့်နေပါ့ဆရာ”
“ကဆုန်လပြည့်ကတော့ဟုတ်ပါပြီ နေ့ကရော”
“စေနေန႔ပါဆရာ”
“စနေရဲ့အထက်ဆောင်ပန်းကဘာတွေလဲ”
၄*
၁*
၅*
-၀-
” ၾကာသပေတး ၊တနဂၤေႏြ ၊ဗုဒၶဟူးပါဆရာ “
“အေး နှစ်တစ်နှစ်ရဲ့ ကဆုန်လပြည့်နေ့၊
ဘုရားရှင်ရဲ့မွေးနေ့တွေတိုင်း ကျရောက်နေတဲ့နေ့ရဲ့အထက်ဆောင်ပန်းတွေကို ဉာဏ်သင့်သလိုလှူ ဒါန်းရတယ်
ဒီနေ့ဟာ စနေနေ့ဖြစ်တဲ့အတွက် စနေနေ့ဖွားဘုရားတွေကိုရည်မှန်းလှူ ဒါန်းရတယ်ကွ
အခုပဲမင်းကြည့် ငါမုန့်လုံးရေပေါ်ကပ်တယ်။ အပေါ်ကနေအုန်းသီးခြစ်စာလေးတွေဖွေးနေအောင်ဖြူ းထားတယ်။ ဘုရားပန်းအိုးတွေကိုရွက်လှပန်းတွေကပ်လှူထားတယ်။ပြီးတော့ ပွင့်တော်မူပြီးသောစနေနေ့ဖွားဘုရားရှင်တွေရည်မှန်းပြီးကပ်လှူတယ်
အခုကဆုန်လပြည့်ကစလို့ နောက်နှစ်ကဆုန်လပြည့်မတိုင်ခင်ထိ စနေနေ့တွေမှာ လှူ ဒါန်းရမယ်ကွ
မုန့်လုံးရေပေါ် .၅
အုန်းသီး .၁
႐ြက္လွ .၄
လှူ ဖွယ်ပစ္စည်းကတော့ ဉာဏ်သင့်သလို စဉ်းစားပြီးလှူ လို့ရတယ်ကွ၊
လိမ္မော်သီး.၄+၅၊
အုန်းရည်.၁ ကပ်လှူမလား
လက္ဖက္.၄+၅၊
အုန်းသီးစိပ်.၁ ကပ်လှူမလား
ရွက်လှပန်း .၄၊
မေမြို့ပန်း .၅၊
အုန်းပန်း.၁ ကပ်လှူမလား
ကြိုက်ရာကပ်လှူလို့ရတယ် ။ ကပ်လှူ ရမဲ့နေကတော့ စနေနေ့တွေပဲ။ မနက်စောစောကပ်လှူပေါ့ကွာ
” စနေနေ့တိုင်းလုပ်ပေးရမှာလားဆရာ”
“စနေနေ့တိုင်း မဆိုလိုပါဘူး။ မိမိတို့လဲ အားမယ်။ အချိန်လဲရမဲ့ စနေနေ့မျိုးလုပ်ပေါ့။ အပတ်စဉ်စနေနေ့တိုင်း လုပ်နိုင်ရင်တော့
ကောင်းတာပေါ့
“ဆ၊ုဖွား၊ပွင့်၊စံ ဤလေးတန်မှတ်ရန်ကဆုန်လ” ဆိုတဲ့အတိုင်း ကဆုန်လပြည့်ဟာထူးခြားတဲ့နေ့တစ်နေ့ပဲ။
ဒီယတြာကို နောက်ကဆုန်လပြည့်မတိုင်ခင်ထိ စနေနေ့တွေမှာ ပြုလုပ်ပေးရမယ်။
ဆရာစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ ယတြာပဲ ။
အရမ်းလဲစွမ်းတယ်။ ဆုတောင်းစရာတောင်မလိုဘူး။
ကောင်းတဲ့ ဆန္ဒတွေ တဖြည်းဖြည်းပြည့်လာလိမ့်မယ်
” နောက်နှစ်ကဆုန်လပြည့်ကစနေမဟုတ်ဘဲ ဗုဒ္ဓဟူးဆိုရင်ရောဆရာ “
“ဗုဒ္ဓဟူးနေ့ဖွား ဘုရားရှင်တွေကိုရည်မှန်းပြီး ဗုဒ္ဓဟူးရဲ့အထက်ဆောင်ပန်းတွေကို ဉာဏ်သင့်သလိုလှူပေါ့ကွ”
” နားလည္ပါၿပီ ဆရာ “
“ဒီနေ့ကဆုန်လပြည့်နေ့ကိုမအားလို့ ဆရာလို မလှူ
ဖြစ်ရင်ရောရလား “
“ရတာလေ ၊အားတဲ့စနေနေ့ဆိုရပြီလေ တစ်နှစ်မှာစနေနေ့တွေကြီးပဲ အနည်းဆုံးရက်ပေါင်း၅၀တော့ရှိတယ် ။မိမိအဆင်ပြေမဲ့စနေနေ့မျိုး
လုပ်ပေးပေါ့ကွာ…”
” ဟုတ္ကဲ့ပါဆရာ …. “
ဆရာကိုထပ်မံ ဦးချကန်တော့လိုက်သည်။
“ငါ့တပည့် ဝေဒပညာအစွမ်းနဲ့ ၇ရက်သားသမီးကို ကယ်တင်နိုင်သူဖြစ်ပါစေကွာ”
“ပေးတဲ့ဆုနဲ့ပြည့်ပါစေ”
************************************
ဒီနှစ်ကဆုန်လပြည့်လဲ စနေနေ့ပင်။ မည်သည့်နေ့သားမဆို ဘယ်အသက်အရွယ်မဆို လုပ်လို့ရသည့်ဗုဒ္ဓယတြာပင်။ ဗေဒင်ပညာနားလည်သူတွေအနေနှင့် ဒီယတြာက
“တနင်္လာသားအတွက်တော့ အောက်နင်းကြမ်းပဲ၊ တနင်္ဂနွေသက္ခတ်၊ တနင်္လာ သက္ခတ်ရောက်နေသူတွေအတွက် နိစ်ပြပဲဆိုတဲ့အတွေးမဝင်ပါနဲ့။
ကျွန်တော့်အနေနဲ့ နှစ်ပေါင်းများစွာ မိမိကိုယ်တိုင်လဲစီရင် ၊သူများတွေကိုလဲ ပေးခဲ့တဲ့ဗုဒ္ဓယတြာပါ။
မည်သည့် side-effectsမှ မရှိပါ။
ဘယ်လောက်ထိအဆင်ပြေအောင်မြင်သည်ကို စာနဲ့ရေးပြရရင် ဒီနေ့ဒီစာဆုံးမည်မဟုတ်ပါ။ လက်တွေ့ပြုလုပ်ကြည့်ပြီး ကောင်ကျိုးတွေများစွာ ရရှိနိုင်ပါလိမ့်မည်ဟုပြောကြားရင်း……..
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

နိမိတ်ဆိုတာ လောကရဲ့အရိပ်ကလေးတွေပါ

အတိတ်နိမိတ်တဘောင်စနည်း စသဖြင့်တွေဟာ မြန်မာရိုးရာမှာ တင်ရှိတာမဟုတ်ပဲ အရှေ့တောင်အာရှ တိုက်မှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြတာလဲတွေ့ရပါ တယ်။ အခု တဖြည်းတဖြည်းနဲ့ အနောက်တိုင်းကိုပါ ကူးစက်လာနေတာလဲ မြင်သာပါတယ်။
နိမိတ်ကို မယုံကြည်သူတွေက အယူသည်းမှု တစ်ခုလို့ မှတ်ယူထားကြပေမယ့် ယုံကြည်သူတွေကတော့ တလေးတစားယုံကြည်ကြတာကိုလဲ တွေ့ရပါတယ်။ ဘာပဲ ပြောပြောနိမိတ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်း အရာတစ်ခုဆိုတာ ကိုတော့ ငြင်းလို့မရပါဘူး။ နိမိတ်က ဖော်ပေးတဲ့ ဖြစ်ရပ်တွေဟာ အမြဲတန်းဖြစ်လေ့တော့ မရှိပါ။ ဒါပေမယ့် ဖြစ်ပြီဆိုရင် အဲဒီနိမိတ်တွေဟာ သူဟာသူ အကြောင်းတစ်ခုခုကို ခံပြီး ဖြစ်လာတာကို တွေ့ရပါတယ်။
ဘယ်လိုဟောကိန်းတွေပဲရှိနေပါစေ။ တကယ်လို့ နိမိတ် ခံပြီ ဆိုရင် အဟောနဲ့အယူအဆတွေဟာ ပြောင်းပြန်ဖြစ်သွား တတ်ပါတယ်။ ဆန့်ကျင်သွားတာတွေ့ရပါတယ်။နိမိတ်ဆိုတာ မျက်စိဖွင့်နားစွင့်မှာသာလျှင် အမှန် ကို တွေ့ရမှဖြစ်ပါတယ်။ နိမိတ်ပါ ဖြစ်ရပ်တစ်ခုဟာ တစ်ကြိမ်ထဲတွေ့ရုံနဲ့ နိမိတ်မဟုတ်သလို ကြိမ်ဖန်များစွာ ခဏခဏတွေ့နေရင်လဲ နိမိတ်မဟုတ်ပါဘူး။ မထင်ထားပဲ ဖြစ်လာတဲ့ဖြစ်ရပ်တွေသာလျှင် နိမိတ်ဖြစ်ပါတယ်။
ဥပမာ – အသုဘမြင်ရင် မကောင်းဘူး။ ကိုယ့်အိမ်ရှေ့မှာ လူတစ်ယောက်သေမယ်။ သုံးရက်ထားမယ်။ သုံးရက်စလုံး ကိုယ်က မြင်ရတော့မှာ အဲဒါဆိုရင် နိမိတ်မဟုတ်တော့ပါ ဘူး။ ဖြစ်ရပ်ကြုံတာပဲဖြစ်ပါတယ်။
နိမိတ်ကို အဓိပ်္ပါယ်ဖော်ရတာ အရမ်းခက်ခဲပါ တယ်။ သိပ်စဉ်းစားရပါတယ်။ အတွေးမှန်မှ အယူအဆ မှန်မှာဖြစ်ပါတယ်။ အခု ဖော်ပြပါ နိမိတ်တွေကို လေ့လာ မှတ်သားပြီး စဉ်းစားဖတ်ပါ။ ကိုယ်နဲ့ကိုက်တဲ့နိမိတ် မှန်တာ တွေကို မှတ်သားထားပါ။ ကိုယ်သုံးလိုတာနဲ့ကိုက်မှ ကိုယ့် အတွက်ပါ။ နို့မဟုတ်ရင် ဘာမှသုံးလို့ မရပါ။
ဇမ်္ဗူဒီပ လကျ်ာတောင်ကျွန်း နိမိတ်ထွန်းဆိုပြီး နိမိတ်၊ တဘောင်၊ စနည်းကို ယုံကြည်ကြပါတယ်။ အာရုံ (၆)ပါး နိမိတ်ကောင်း၊ နိမိတ်ဆိုးကို ပြောပြပါမယ်။ ဒါမှ ကိုယ်မြင်တွေ့လိုက်သလိုက်တဲ့ နိမိတ်ဟာ ဘာနိမိတ်လည်း ဆိုတာ ခွဲခြားသိပါမယ်။
(က) ရူပါရုံနိမိတ်
ဣဋ္ဌနိမိတ်များ
(၁) ဘုရားပင့်တာ၊ နတ်ရုပ်ပင့်တာကိုမြင်ရင်
(၂) ထီးဖြူ၊ တံခွန်၊ မျက်နှာကျက်၊ တန်ဆောင်းကိုမြင်ရင်
(၃) နွားလားဥဿဘလှည်းယာဉ်ကိုမြင်ရင်
(၄) ပဒေသာပင်ကြီး သီးနေတာကိုမြင်ရင်
(၅) ရွှေလှေ၊ ရွှေလှောင်းကို လှော်ခတ်နေတယ်လို့မြင်ရင်
(၆) စည်ကားနေတဲ့ ရေဆိပ်ကိုမြင်ရင်
(၇) ရွှေ၊ ငွေ၊ စိန်ကျောက်မျက်ရတနာကိုမြင်ရင်
(၈) ပျော်ပွဲစား သွားတာကိုမြင်ရင်
(၉) ကြက်ဥ၊ ဘဲဥ၊ နို့သောက်ရတယ်လို့မြင်ရင်
(၁၀) အစာချီလာတဲ့ ငှက်ကိုမြင်ရင်
(၁၁) သန့်တဲ့နေရာမှာ ပိုးလောက်တွယ်နေတာမြင်ရင်
(၁၂) အရွယ်လွန်တဲ့ခွေး နို့စို့တာကိုမြင်ရင်
(၁၃) ကိုယ်ဝန်ရင့်တာမြင်ရင်
(၁၄) အသီးသီးနေတဲ့ သစ်ပင်ကိုမြင်ရင်
(၁၅) သားပေါက်တာကို မြင်ရရင်
(၁၆) ကြာငါးမျိုးကို မြင်ရရင်
(၁၇) ကြည်လင်တဲ့ရေထဲမှာ ငါးတွေရေကူးနေတာကို မြင်ရင်
(၁၈) လတ်ဆတ်တဲ့ မစင်ကိုမြင်ရင်
(၁၉) အရွယ်ရောက်တဲ့ ယောကျ်ား၊ မိန်းမတို့ရဲ့အင်္ဂါကို မြင်ရင်
(၂၀) လတ်ဆတ်တဲ့အသီး အနှံကိုမြင်ရင်
(၂၁) လူငယ်တွေ ပျော်ပျော်ပါးပါးကစားနေတာကိုမြင်ရင်
(၂၂) ညောင်ရေအိုး ပန်းအိုးမြင်ရင်
(၂၃) ရေပြည့်တဲ့အိုး၊ ခရုသင်း၊ ဆံထိုး၊ ဆံကျင်ကိုမြင်ရင်
(၂၄) အဝတ်ဖြူ ဝတ်စားရတယ်လို့မြင်ရင်
အဲဒါ အားလုံးဟာ ကောင်းတဲ့နိမိတ်တွေဖြစ်ပါတယ်။
အနိဋ္ဌနိမိတ်များ
(၁) ဘုရားပုထိုးပြိုကျတာကိုမြင်ရင်
(၂) ဘုရားရုပ်ထု၊ နတ်ရုပ်ထု ကျိုးပဲ့တာကိုမြင်ရင်
(၃) တောင်ကမ်းပါးပြတ်ကိုမြင်ရင်
(၄) ရေနောက်တာကိုမြင်ရင်
(၅) ဠင်းတ စတဲ့ ငှက်ဆိုးကိုမြင်ရင်
(၆) ရေမရှိတဲ့ ရေအိုးကိုမြင်ရင်
(၇) အိုးခေါင်းပြတ်နေတာကိုမြင်ရင်
(၈) နားနှစ်ဖက်မှာ ပန်းပန်တာကိုမြင်ရင်
(၉) ပိုကျတဲ့သစ်ပင်ကို မြင်ရင်
(၁၀) ကန်တော့ပွဲထဲက ပျော့နေတဲ့ငှက်ပျောသီးကိုမြင်ရင်
(၁၁) အနီရောင်အဝတ်စ၊ အရောင်တွေကိုမြင်ရင်
(၁၂) ဆေးနီ၊ ဆေးနက်ကိုမြင်ရင်
(၁၃) ကြက်ခွပ်တာ၊ ခွေးအချင်းချင်းကိုက်တာကိုမြင်ရင်
(၁၄) လူနှစ်ယောက် အားရပါးရ ရန်ဖြစ်တာကိုမြင်ရင်
(၁၅) ငန်းမြွေ၊ မြွေဟောက်တို့ကိုမြင်ရင်
(၁၆) ပချုပ်ထဲ မီးတောက်နေတာကိုမြင်ရင်
(၁၇) ထမ်းစင်ပေါ် ကျီးနားတာကိုမြင်ရင်
(၁၈) လက်ပြတ်၊ ခြေပြတ်၊ ခေါင်းပြတ်အရုပ်ကိုမြင်ရင်
(၁၉) စပ်ယှက်နေတာကိုမြင်ရင်
(၂၀) ပုလင်းကွဲနေတာကိုမြင်ရင်
(၂၁) မှိုင်တွေပြီး ငိုယိုနေတာကိုမြင်ရင်
အဲဒီနိမိတ်တွေဟာ မကောင်းပါ။ သတိပြုရပါမယ်။
(ခ) သဒ်္ဒါရုံ နိမိတ်များ
ဣ႒နိမိတ္မ်း
(၁) ခေါင်းလောင်းသံ၊ ကြေးစည်သံကိုကြားရင်
(၂) တူရိယာတီးမှုတ်သံကြားရင်
(၃) ပရိတ်ရွတ်သံကြားရင်
(၄) ဒေါင်း၊ ကြိုးကြာ၊ ရွှေပြည်စိုးငှက်သံတွေကြားရင်
(၅) သာဓုခေါ်သံကြားရင်
(၆) ဗျောက်အိုး၊ အမြောက်သံကြားရင်
(၇) ဇီးကွက်မြည်သံကြားရင်
အဲဒါတွေ အားလုံးကောင်းတဲ့နိမိတ်တွေဖြစ်ပါတယ်။
အနိဋ္ဌနိမိတ်များ
(၁) ချွဲချွဲပျစ်ပျစ် ငိုသံကြားရရင်
(၂) ညည်းညူသံ ကြားရရင်
(၃) ရှိုက်ကြီးတငင် ငိုသံကြားရရင်
(၄) နာကျင်လို့ အော်ဟစ်သံကြားရရင်
(၅) တိုင်းဆဲသံတွေ ကြားရရင်
(၆) တစ်တီတူး စတဲ့ ငှက်ဆိုးသံ ကြားရရင်
အဲဒီနိမိတ်တွေဟာ မကောင်းပါ။ သတိပြုပါ။
(ဂ) ဂန်္ဓာရုံနိမိတ်များ ဣဋ္ဌနိမိတ်များ
(၁) နံ့သာတုံး၊ နံ့သာဆီ၊ ရေမွှေးအနံ့ ကို ခံရရင်
(၂) မွှေးတဲ့ပန်း နံ့သာနံ့ ခံရရင်
အဲဒီနိမိတ်တွေဟာ ကောင်းပါတယ်။
အနိဋ္ဌနိမိတ်
(၁) ပုပ်တဲ့အနံ့ ကို ရခဲ့ရင်
(၂) ပုပ်ညှီစော်နေတဲ့ အနံ့ရခဲ့ရင်
(၃) မီးနေသည် အနံ့ခံရရင်
(၄) နှလုံးနာစရာ အနံ့မျိုး နံ့စော်ရင်
အဲဒီနိမိတ်ဟာ မကောင်းပါ။ သတိပြုပါ။
(ဃ) ရသာရုံနိမိတ်များ
(၁) ထောပတ်ထမင်း၊ အုန်းထမင်းစားရရင်
(၂) ယိုမျိုးစုံ၊ မုန့်မျိုးစုံ၊ သစ်သီးကြီးငယ်စားရရင်
(၃) သကြားဖျော်ရည်၊ ထန်းလျှက် စားရရင်
(၄) ဖျော်ရည်မျိုးစုံ စားရရင်
(၅) အထက်ပါ ပစ်္စည်းများ လက်ဆောင်ရရင် ကောင်းတဲ့ နိမိတ်ဖြစ်ပါတယ်။
အနိဋ္ဌနိမိတ်များ
(၁) မကောင်းတဲ့အစားအစာကို စားရရင်
(၂) ညံ့တဲ့အစားအစာ အရည်ကို သောက်ရရင်
မကောင်းတဲ့နိမိတ် ဖြစ်ပါတယ်။
(င) ဖောဌဗ်္ဗာရုံနိမိတ်များ ဣဋ္ဌနိမိတ်များ
(၁) ကော်ဇော၊ မွေ့ရာ၊ ဖျာကောင်းတွေရရှိရင်
(၂) လုံချည်၊ ပုဆိုး၊ အကျႌအသစ် ရခဲ့ရင်
(၃) ထီး၊ ဦးထုပ်၊ ခေါင်းပေါင်း ရခဲ့ရင်
(၄) သင်္ကန်းလက်ဆောင်ရခဲ့ရင်
ကောင်းတဲ့နိမိတ်တွေဖြစ်ပါတယ်။
အနိဋ္ဌနိမိတ်များ
(၁) ကြွက်ကိုက်တဲ့ အိပ်ရာ၊ အဝတ်အစား
(၂) မီးလောင်တဲ့ အိပ်ရာ၊ အဝတ်အစား
(၃) စုတ်ပဲ့တဲ့ အိပ်ရာ၊ အဝတ်အစားတွေရခဲ့ရင်
မကောင်းတဲ့နိမိတ်တွေ ဖြစ်ပါတယ်။
(စ) ဓမ်္မရံ နိမိတ်များ ဣဋ္ဌနိမိတ်များ
(၁) စိတ်ကြည်လင်မယ်
(၂) ပျော်ရွှင်မယ်
(၃) ကခုန်မြူးတူးမယ်
(၄) ဝမ်းသာဝမ်းမြောက်ရှိမယ်ဆိုရင် အဲဒါဟာ ကောင်းတဲ့ နိမိတ်တွေပါ။
အနိဋ္ဌနိမိတ်များ
(၁) အလကားနေရင် ငိုချင်နေယ်
(၂) စိတ်လေးနေမယ်
(၃) ဝမ်းနည်းနေမယ်
(၄) စိတ်မချမ်းမသာဖြစ်နေရင် မကောင်းတဲ့နိမိတ် ဖြစ်ပါတယ်။ ကောင်းတဲ့နိမိတ်ကို တွေ့ရင် စိတ်ချမ်းသာမှု တွေဖြစ်ပြီး၊ မကောင်းတဲ့နိမိတ်တွေဖြစ်ရင် စိတ်ညစ်ရလိမ့် မယ်။
ဗေဒင်လာမေးတာနဲ့ ဘာဖြစ်နေတယ်လို့ ပြောရရင် ဗေဒင်မေးသူတွေက သိပ်သဘောကျတာ။ အခုပြောပြမယ့် နိမိတ်အဟောတွေကို ကရိုဏ်းအဟောတွေလို့လဲ ခေါ်ပါ တယ်။ အိတ်ဆောင်ဗေဒင်ဆရာအတွဲတချို့မှာလဲ ပါပြီး ဖြစ်ပါတယ်။ ထပ်ခါတလဲလဲတွေ့ရှိနေရတဲ့အတွက် ဆက်လက် တင်ပြရတာဖြစ်ပါတယ်။ အကြောင်းအရာ တစ်ချို့ ထပ်ခဲ့ရင် ထပ်မံဖတ်ခွင့်ရတာပဲလို့ မှတ်ယူပြီး ဖတ်စေချင်ပါတယ်။
၁။ ဆေးလိပ်သောက်လက်စနဲ့ မေးရင် သောကြာသား တစ်ယောက် ခရီးဝေးက လာတော့မယ်လို့ ဟောပါ။
၂။ ထန်းလျက်လက်ဆောင်ပေးပြီး မေးရင် အဲဒီလူဟာ စနေသားဖြစ်မယ်။ အိမ်မှာ ပျားစွဲလိမ့်မယ်။ စွဲခဲ့ရင် တစ်ခြား အိမ်မှာ သုံးရက်လောက်ပြောင်းနေပါ။
၃။ ရယ်မောပြီးမေးရင် ခရီးသွားရမယ်။ ရေကြောင်းခရီး မသွားနဲ့ အဆိပ်ရှိသတ်္တဝါကိုက်လိမ့်မယ်လို့ ဟောပါ။
၄။ ကွမ်းလက်ဆောင်ပေးပြီးမေးလို့ရှိရင် ခြေလေးချောင်း သတ်္တဝါဝင်လိမ့်မယ်။ သိပ်မကြာတော့ဘူးလို့ ဟောပါ။
၅။ ငှက်ပျောသီးလက်ဆောင်ပေးပြီး မေးရင် ပစ်္စည်း ပျောက်မယ်။ ၅တေးသားက သိမ်းထားမယ်။ သုံးရက်ကြာ ရင် ပြန်ရမယ်။ လာမေးတဲ့သူက ဗုဒ်္ဓဟူးသားလို့ ပြောပါ။
၆။ ဒူးပေါ်လက်တင်ပြီးမေးရင် စနေသားနဲ့ စကားများ လိမ့်မယ်။ ၂လာနဲ့ စနေသမီးကြောင့် အရှက်ကွဲရတော့ မယ်လို့ပြောပါ။
၇။ ဆံထုံးမှာ ပန်းပန်ပြီးလာရင် ခင်ပွန်းကြောင့် စိတ်ဆင်း ရဲရမယ်(သို့) မုဆိုးမ ဖြစ်တယ်လို့ဟောပါ။
၈။ ဆံထုံးမှာ ဘီးစိုက်ပြီးလာရင် ယောကျ်ားကြောင့် စိတ်ညစ်နေရမယ် (သို့) တစ်ခုလပ်ဖြစ်တယ်လို့ဟောပါ။
၉။ နားရွက်ကို ကိုင်ပြီးမေးရင် စနေနဲ့ပတ်သက်လို့ အနှောင့်အယှက်တွေ့မယ်။ အစွပ်စွဲခံရမယ်။
၁၀။ နဖူးကို စမ်းပြီးမေးရင် ရိုးရာကိုပြန်ကြည့်ပါ။ အစွဲ ရှိနေတယ်။
၁၁။ မေးကို ထောက်ပြီးမေးရင် ကိုယ့်အိမ်မှာ ခရီးသွား နေတဲ့သူရှိမယ်။ သူက ခရီးမှာ အမြင့်ပေါ်ကပြုတ်ကျမယ် လို့ ဟောပါ။
၁၂။ နှာခေါင်းကို ကိုင်ပြီးမေးရင် ခရီးသွားနေတဲ့သူရှိမယ်။ သူက ခရီးမှာ အမြင့်ပေါ်က ပြုတ်ကျမယ်လို့ ဟောပါ။
၁၃။ ပန်းကို နမ်းပြီးလာမေးရင် စနေသားသမီးကို ချစ်ခင် မြတ်နိုးနေတယ်။ ဒါပေမယ့် သူနဲ့ကွဲမှာပဲလို့ ဟောပါ။
၁၄။ နှာခေါင်းကို ပိတ်ပြီး လာမေးရင် အိမ်မှာလူမမာ တစ်ယောက်ရှိနေတယ်လို့ဟောပါ။
၁၅။ ပါးစပ်ကို တစ်ခုခုနဲ့သုတ်ပြီး လာမေးရင် တစ်ယောက် ယောက်နဲ့အမှုအခင်းဖြစ်မယ်။ စကားများလိမ့်မယ်လို့ ဟောပါ။
၁၆။ နှုတ်ခမ်းကို ပိတ်ပြီး လာမေးရင် သူများနဲ့စိတ်ဆိုး နေရမယ်။ ငွေကုန်ကြေးကျများလိမ့်မယ်လို့ဟောပါ။
၁၇။ သွားကြားထိုးပြီးမေးရင် ယူထားတဲ့ပစ်္စည်းဟာ အစစ် မဟုတ်ဘူး။ ရောင်းမှားဝယ်မှားဖြစ်လိမ့်မယ်လို့ဟောပါ။
၁၈။ ပန်းပန်ပြီးလာမေးရင် ရည်းစားနဲ့ကွဲနေရမယ်။ မိဘ နှစ်ပါးက သဘောမတူပါ။ ရည်းစားဟာ စနေသားဖြစ်မယ် လို့ ဟောပါ။
၁၉။ မျက်စိပွတ်၊ နှပ်ညှစ်ပြီးမေးလာရင် ဆယ်ရက်အတွင်း အိမ်ကလူတစ်ယောက် စိတ်ဆိုးပြီး အိမ်ကဆင်းလိမ့်မယ် လို့ ဟောပါ။
၂၀။ ခေါင်းငဲ့စောင်းပြီး လက်ထောက်မေးရင် လက်ရှိရာထူး တစ်ဆင့် နိမ့်ကျတော့မယ်လို့ဟောပါ။
၂၁။ ဆံမြိတ်ထုံးပြီး လှပစွာပြင်ဆင်ထားပြီး လာမေးရင် အိမ်ထောင်ဘက်များတယ်လို့ ဟောပါ။
၂၂။ လှလှပပ ဆံမြိတ်တွဲနဲ့ လာမေးရင် ယောကျ်ားနဲ့လဲ ကွဲမယ်။ မိခင်နဲ့လဲ ကွဲပြီး နေရမယ်လို့ဟောပါ။
၂၃။ ဆံပင်ကို ဖားလျားချပြီးလာမေးရင် စိတ်လောနေ တယ်။ ဟိုဒီ သွားချင်လာချင်စိတ် ပေါက်နေမယ်လို့ ဟောပါ။
၂၄။ ဆံပင်ကို ခွဲပြီးလာမေးရင် လူကြီးရဲ့နှိပ်စက်မှုကို ခံရ မယ်။ အမှုအခင်းလည်း ကြုံနိုင်တယ်။ သတိထားလို့ ဟောပါ။
၂၅။ အိပ်ပြီးမေးရင် ၁နွေ၊ စနေသား ဖြစ်မယ်။ အိမ်ထောင် ပြုရတော့မယ်။ ခရီးသွားချင်နေမယ်။ သွားပါလို့ ဟောပါ။
၂၆။ လက်ဝါး (သို့) မျက်နှာကို လက်ကိုင်ပုဝါ (သို့) အဝတ် နဲ့ သုတ်ပြီးမေးရင် မင်္ဂလာကိစ်္စတစ်ခုလုပ်ရမယ်။ ခြေနှစ် ချောင်းဝင်လာတော့မယ်လို့ဟောပါ။
၂၇။ လည်ပင်းကို စမ်းပြီးမေးရင် အိမ်ထောင်ပျက်လိမ့် မယ်။ ရည်းစားများမယ်။ ခရီးသွားတဲ့သူအိမ်မှာရှိနေတယ် လို့ ဟောပါ။
၂၈။ ဆောင့်ကြောင့်ထိုင်ပြီး ပါးကိုင်မေးရင်ခရီးသွားရ တတ်တယ်လို့ ဟောပါ။
၂၉။ ကျုံ့ကျံု့ထိုင်ပြီး ခြေထောက်ကို ကိုင်ကာမေးရင် ခရီးသွားရာက ပြန်လာတာလို့ ဟောပါ။
၃၀။ ဆောင့်ကြောင့်ထိုင်ပြီးမေးရင် ၅တေးသားလို့ဟောပါ။ မိန်းမဖြစ်ရင် သူများယောကျ်ားနဲ့ ရှုပ်မယ်။ ၄ဟူးသားကို
ရှောင်ပါ။ မရှောင်ရင် အဆိပ်ရှိသတ်္တဝါ ကိုက်လိမ့်မယ်လို့ ဟောပါ။
၃၁။ လက်ကို ဆွဲပြီးမေးရင် သူများစွပ်စွဲတာ ခံရမယ်လို့ ဟောပါ။
၃၂။ လက်နှစ်ဖက်ယှက်ပြီးမေးရင် ကိုယ့်ကြောင့်ဖြစ်စေ၊ သားသမီးကြောင့်ဖြစ်စေ အရှက်ကွဲလိမ့်မယ်လို့ ဟောပါ။
၃၃။ လက်ထိပ်ကို ဆိပ်ပြီး မေးရင် အဆိပ်ရှိသတ်္တဝါရဲ့ အကိုက်ခံရမယ်လို့ ဟောပါ။
၃၄။ ဆံပင်ကို ဖြန့်ပြီး လာမေးရင် အမှုအခင်းကြုံရမယ်။ သတိထားလို့ဟောပါ။
၃၅။ တုတ်၊ ဓား၊ လက်နက်တစ်ခုခုကို ကိုင်ပြီးလာမေးရင် အိမ်မှာ လူမမာရှိနေတယ်။ အိမ်ခဏခဏ ပြောင်းရမယ်။ အိမ်အောက်မှာ ခြတောင်ပို့ရှိတယ်။ ရှာမတွေ့ရင် ကြေးအိုး ကွဲ၊ ဖဝါးကွဲ တစ်ခုခုရှိရမယ်။ ဥရုတိုင်မှာ အခက်ရှိနေတယ်။ ကောင်းကင်နတ်ကို ပူဇော်ပါ။ အားလုံး ကောင်းသွားပါ လိမ့်မယ်လို့ ဟောပါ။
၃၆။ တင်ပလ်္လင်ခွေပြီးမေးရင် ခရီးသွားလို့ မရသေးပါ။ မေးချင်တဲ့အခါ မလုပ်ဖြစ်သေးလို့ ဟောပါ။
၃၇။ ဗေဒင်မေးနေရင်းက ဟိုရွှေ့ဒီရွှေ့လုပ်နေရင် စိတ်ပြောင်းချင်နေတယ်။ ဒီအိမ်မှာ မပျော်ပါလို့ဟောပါ။
၃၈။ ထိုင်နေရာက နောက်ဆုတ်ပြီးထိုင်လိုက်ရင် လူကြီး သူမအတွက် စိတ်ဆင်းရဲနေတယ်လို့ဟောပါ။ အိမ်က နှင်ချ လိမ့်မယ်လို့ဟောပါ။
၃၉။ ညာဘက်တင်ပါးကို စမ်းပြီးမေးရင် ယောကျ်ားဖြစ်ရင် ပစ်္စည်းပျောက်လိမ့်မယ်။ မိန်းမဖြစ်ရင် အိမ်ထောင်ကျ တော့မယ်လို့ဟောပါ။
၄၀။ ညာဘက်တင်ပါးကို စမ်းပြီးမေးရင်ယခု အရမ်းစန်းပွင့် နေတယ်။ အိမ်ထောင်ကျတော့မယ်လို့ ဟောပါ။
၄၁။ ညာဘက်ပေါင်ကို စမ်းပြီးမေးရင် အိမ်မှာ သူစိမ်း တစ်ယောက်ရောက်လာလိမ့်မယ်လို့ ဟောပါ။
၄၂။ ဘယ်ဘက်ပေါင်ကို စမ်းပြီးမေးရင် သူစိမ်းမိန်းမတစ် ယောက် ရောက်လာလိမ့်မယ်လို့ ဟောပါ။
၄၃။ လက်မကို လက်ညှိုးဆုတ်ပြီးမေးရင် အိမ်မှာ ကလေး ငယ်ရှိရင် အဲဒီကလေးဟာ သူငယ်နာပါတယ်။ ဂရုစိုက်လို့ ဟောပါ။
၄၄။ ရှိခိုးပြီးမေးရင် အိမ်မှာသားချင်း တစ်ကျိတ်ကျော် တယ်လို့ ဟောပါ။ အိမ်ရှေ့မှာ သစ်ပင်(သို့)ဘုရားစေတီ ပုထိုးရှိနေတယ်လို့ဟောပါ။ ကျန်းမာရေးအကြောင်း မေးရင် အရမ်းည့ံ့နေတယ်လို့ပြောပါ။ ကိုယ့်ကို သူများက မကောင်း ပြောလိမ့်မယ်လို့ဟောပါ။
၄၅။ ညာဘက်ဒူးကိုထောင်ပြီး ဘယ်ဘက်ဒူးကို အောက်ချ ကာ ဒူးပေါ်လက်တင်ပြီး မေးရင် ကံကောင်းလာပြီး ဘာမှ မပူပါနဲ့တော့လို့ ဟောပါ။
၄၆။ လက်နောက်ပစ်ပြီး ဖြစ်စေ၊ နောက်သို့ လှည့်ပြီးဖြစ်စေ မေးခဲ့ရင် ကောင်းစားနေရာက တဖြည်းဖြည်းကျဆင်း လာတယ်လို့ဟောပါ။
၄၇။ ခြေထောက်ကို ဆိပ်ပြီး မေးရင် အဆိပ်ရှိသတ်္တဝါ အကိုက်ခံရမယ်လို့ဟောပါ။
၄၈။ တထောင်ဆစ်ကို စမ်းပြီးမေးရင် ရန်ဖြစ်မှုနဲ့ အမှုအခင်းကြုံလိမ့်မယ်လို့ဟောပါ။
၄၉။ လက်နှစ်ဘက်ကို ထပ်ပြီးမေးရင် မင်္ဂလာဆောင်ရ တော့မယ်လို့ဟောပါ။
၅၀။ ခါးကို နှိုက်ပြီးမေးရင် ရှိတဲ့ပစ်္စည်းတွေ ကုန်တော့မယ် လို့ဟောပါ။
၅၁။ ချိုင်းကို မပြီးမေးရင် အန်္တရာယ်ကြီးလာတော့မယ် လို့ ဟောပါ။
၅၂။ အလျားမှောက်ပြီးမေးခဲ့ရင် လုပ်သမျှအကြံအစည် တွေ ပျက်ရတယ်။ ဆုံးရှုံးမှုတွေ များနေတယ်လို့ ဟောပါ။
၅၃။ လျောင်းစက်ပြီးမေးရင်း ကံကောင်းစပြုလာပြီး ကြိုးစားပါလို့ ဟောပါ။
၅၄။ ခြေထောက်ဆင်းပြီးမေးရင် အသက်ဘေးဥပဒ်ရှိ နေတယ်လို့ဟောပါ။
၅၅။ ခြေထောက်ကိုလိမ်ပြီးမေးရင် အချုပ်ခံရတော့မယ်လို့ ဟောပါ။
၅၆။ ခြေဆင်းပြီးမေးရင် အရောင်းအဝယ်မှာ ဆုံးရှုံးခဲ့တယ် လို့ဟောပါ။
၅၇။ တိုင်ကိုမှီပြီး (သို့) တုံးပေါ်ထိုင်ပြီးမေးရင် ကိုယ့်ထက် ကြီးတဲ့ စနေသမီးကို အားကိုးနေရမယ်လို့ဟောပါ။
၅၈။ လက်မကို ဆွဲပြီးမေးရင် အမှုအခင်းကြုံနိုင်တယ်။ မုဆိုးမနဲ့ စကားပြောရမယ်လို့ဟောပါ။
၅၉။ လက်ညှိုးကိုဆွဲပြီးမေးရင် ပြဿနာတက်တော့မယ် လို့ ဟောပါ။
၆၀။ လက်ခလယ်ကို ဆွဲပြီးမေးရင် အကြံအစည်တွေ အားလုံးပျက်စီးလိမ့်မယ်။ ဒါပေမယ့် ပြန်ကောင်းလာပါ လိမ့်မယ်လို့ ဟောပါ။
၆၁။ လက်သူကြွယ်ကို ဆွဲပြီးမေးရင် ခြေနှစ်ချောင်း ဝင်လိမ့် မယ်။ ငွေဝင်မယ်။ လူပျိုအပျိုဖြစ်ရင် အိမ်ထောင်ကျတော့ မယ်လို့ဟောပါ။
၆၂။ လက်သန်းကို ဆွဲပြီးမေးရင် ကိုယ့်ထက်ငယ်တဲ့သူနဲ့ စကားများတော့မယ်လို့ဟောပါ။
၆၃။ ကြိုးတွေကို ကိုင်ပြီးမေးရင် အချုပ်အနှောင်ခံရတော့ မယ်။ အမှုအခင်းကြုံလိမ့်မယ်လို့ဟောပါ။
၆၄။ အထုတ်တစ်ခုခုကို ကိုင်ပြီးမေးရင် ကလေးတွေ ကျန်းမာရေးချို့တဲ့မယ်လို့ဟောပါ။
၆၅။ စကားတစ်ခုကို ထပ်ခါထပ်ခါမေးနေရင် အင်္ဂါသား ဖြစ်တယ်လို့ ဟောပါ။
၆၆။ ပုဝါခြုံပြီးလာမေးရင် အကြွေးဟောင်းတွေ ပြန်ရတော့ မယ်လို့ဟောပါ။
၆၇။ ဆံပင်ဖားလျားချပြီး ခင်ပွန်းအကြောင်းမေးရင် သောကြာသားဖြစ်တယ်လို့ ဟောပါ။ အကြံအစည်တွေ အောင်မြင်မယ်။ ယောကျ်ားအတည်တကျ အလုပ် မလုပ် ဘူးလို့ဟောပါ။
၆၈။ ဆံပင်မှာ အပ်စိုက်ပြီး မေးခဲ့ရင် ၁နွေ၊ စနေသမီး ဖြစ်မယ်။ သူ့ချစ်သူကို မယုံရ။ သူ့ချစ်သူဟာ ခရီးသွားနေရင်း က အမှုအခင်းကြုံလိမ့်မယ်လို့ဟောပါ။
၆၉။ အပ်ချုပ်ရင်းမေးခဲ့ရင် ကိုယ့်ချစ်သူက ၁နွေ (သို့) ၂လာ သားဖြစ်မယ်၊ သူအမှုအခင်း ကြုံလိမ့်မယ်လို့ ဟောပါ။
၇၀။ လက်ပိုက်ပြီးမေးရင် အရေးကြီးတဲ့ ပုဂ်္ဂိုလ်တစ်ယောက် ရောက်လာလိမ့်မယ်လို့ ဟောပါ။
၇၁။ ပစ်္စည်းတစ်ခုကို ထမ်းပြီးမေးရင် အရင်က သူများရဲ့ အခိုင်းအစေလုပ်ခဲ့ရတယ်လို့ ဟောပါ။
၇၂။ မေးနေတုန်း အိမ်မြှောင်စုတ်ထိုးသံကြားရင် ခရီးသွား တဲ့သူပြန်လာတော့မယ်၊ မလာသေးရင် သတင်းကြားလိမ့် မယ်လို့ ဟောပါ။
၇၃။ မေးနေတုန်းကျီးသာတဲ့အသံကြားရင် ငွေဝင်မယ်၊ လူကြီးတွေရဲ့ စောင့်ရှောက်မှု ခံရမယ်လို့ ဟောပါ။
၇၄။ ရင်ဘတ်ကိုစမ်းပြီးမေးရင် ကိုယ့်ထက်ကြီးတဲ့ သူနဲ့ လွန်ကျူးမယ်လို့ ဟောပါ။
၇၅။ ခေါင်းပြီးခြုံပြီးမေးရင် သူများအငယ်အနှောင်းဖြစ်မယ်၊ သူများယောကျ်ားနဲ့မှားယွင်းမယ်၊ ကြီးတဲ့သူကြောင့် စိတ်ဒုက်္ခ ရောက်ပြီး မျက်ရည်ကျလိမ့်မယ်လို့ ဟောပါ။
၇၆။ တစ်ယောက်ယောက်ကိုဖိပြီး မှီပြီးမေးရင် အဖိခံရတဲ့ သူရဲ့မယားနဲ့ တခြားသူနဲ့ ရှုပ်နေတယ်လို့ ဟောပါ။
၇၇။ ချက်ကိုစမ်းပြီးမေးရင် သူမယားအငယ်အနှောင်းဖြစ် မယ်၊ အိမ်နီးချင်းနဲ့ ရှုပ်မယ်၊ အရှက်ကွဲမယ်လို့ ဟောပါ။
(လျှပ်တပြက် လှုပ်ရှားတဲ့ ကိုယ်လက်အမူအရာကို အခြေခံ ပြီး ဟောရတာဖြစ်တယ်။ တမင်သက်သက်လုပ်တဲ့ အမူ အရာကို မဟောရပါ။)
၁။ ခြေမကိုင်ရင်၊ ခြေမလှုပ်ရင်၊ မျက်စိကို ဒုက်္ခပေးမယ်လို့ ဟော။
၂။ ခြေမလွဲပြီး အခြားခြေချောင်းတွေကို ကိုင်ကာလှုပ်နေ တယ်ဆိုရင် သမီးရှိရင် သမီးအတွက် စိတ်ညစ်လို့ ဗေဒင်လာ မေးတာလို့ ဟော။
၃။ ခေါင်းပုတ်ရင်၊ ခေါင်းနဲ့တိုက်မိရင် မင်းဘေး အမှု အခင်း၊ အရှုပ်အရှင်း ဖြေရှင်းရမယ်လို့ ဟော။
၄။ ရင်ဘတ်ကို ပုတ်မိရင်၊ ရင်ဘတ်ကို ကိုင်ပြီးမေးရင် မိန်းမကိုမယုံလို့ မိန်းမကြောင့် စိတ်ညစ်လို့ လာမေးတယ် ဟော။
၅။ ခြေထောက်ယားပြီးကုတ်ရင် အိမ်မှာခိုင်းထားတဲ့သူ အတွက် စိတ်ညစ်လို့ လာမေးတာဟော။
၆။ ခြေမနဲ့ မြေကြီးကို ရေးခြစ်နေရင် မြေ၊ လယ်ယာ၊ ခြံ အတွက် စိတ်ညစ်လို့ မေးတယ်ဟော။
၇။ ဟောရင်းက ထန်းပင်၊ ထန်းသီး၊ ပိုးထည်၊ ဖွဲကြမ်း၊ အရိုး၊ ဆံပင်ကို ကြည့်မိရင် မျက်စိဒုက်္ခပေးမယ်လို့ဟော။
၈။ ပိုက်ကွန်၊ ရှုပ်နေတဲ့ကြိုး၊ ကြောင်အိမ်ကိုမြင်ကြည့်မိရင် ကျန်းမာရေးအတွက်ဟော။
၉။ သစ်ပင်၊ အမြစ်၊ အခွံ၊ အဖတ်တွေကိုမြင်ရင် ဆွေမျိုး ကိစ်္စ (သို့) အမှုအခင်းကိစ်္စကို ဟောပါ။
၁၀။ အသက်ကြီးတဲ့သူကို ကြည့်ပြီးမြင်မိရင် မိတ်ဆွေရဲ့ ကိစ်္စကိုဟောပါ။
၁၁။ ချမ်းသာသူ၊ ဂုဏ်ရှိသူကို ကြည့်မိမြင်မိရင် ပြီးသွားတဲ့ မိန်းမနဲ့ ပတ်သက်တာဟော။
၁၂။ အရူးကိုမြင်မိကြည့်မိရင် အပေါင်းအသင်းကိစ်္စကို ဟော။
၁၃။ ထိတ်လန့်ကြောက်စရာကို ကြည့်ပြီးမြင်မိရင် အဖွဲ့အစည်းမှာ ပြဿနာဖြစ်မယ်လို့ဟော။
၁၄။ တရားဟောသူ၊ ရဟန်းကို ကြည့်ပြီးမြင်မိရင် အိမ်မှာ သူခိုးခိုးခံရမယ်လို့ဟော။
၁၅။ ဒဏ်ရာရတာကို ကြည့်ပြီးမြင်မိရင် အရောင်းအဝယ် ကိစ်္စကိုဟော။
၁၆။ အရိုက်ခံရတယ်၊ လက်ထိပ်ခတ်ခံရတာကို မြင်မိရင် အိမ်စေ၊ မိန်းမနဲ့ပတ်သက်တယ်လို့ဟော။
၁၇။ လှောင်ပြောင်နေတာကို ကြည့်ပြီး မြင်မိရင် ဖြစ်နေ တာကို နိုင်ချင်တာလို့ဟော။
၁၈။ သစ်္စာပြုနေတာကို ကြည့်ပြီး မြင်မိရင် ပစ်္စည်း ရောင်းစရာရှိတာကိုဟော။
၁၉။ တံငါသည်၊ ငါးစိမ်းသည်ကြည့်ပြီး မြင်မိရင် ရန်သူ (သို့) ဘေးကြုံနေတာနဲ့ ပတ်သက်လို့ဟော။
၂၀။ နွားမကိုမြင်ပြီးကြည့်မိရင် ရောဂါဖြစ်မယ်၊ ဆေးကောင်း မှီဝဲရမယ်လို့ဟော။
၂၁။ ကျွဲကို မြင်မိကြည့်မိရင် အမွှေးအကြိုင် နံ့သာဖြူကို ရမယ်လို့ဟော။
၂၂။ ငွေကိုကြည့်မိ မြင်မိရင် အဖိုးတန်ပိုးထည် အဝတ် အစားကိုရမယ်လို့ဟော။
၂၃။ ကျားပုံကို ကြည့်မိမြင်မိရင် လက်ဝတ်လက်စားရမယ် လို့ဟော။
၂၄။ စပါး၊ ပြည့်နေတဲ့ရေအိုး ပစ်္စည်းပြည့်နေတဲ့ ခြင်းကို မြင်မိရင် ခြွေရံတိုးမယ်လို့ဟော။
၂၅။ ဆင်ရဲ့ မစင်တုံးကို တွေ့မိမြင်မိရင် အရမ်းငွေကုန်မယ် လို့ဟော။
၂၆။ နောက်ချေးကိုမြင်မိရင် အိမ်ကအပျိုမ အပျိုရည် ပျက်တော့မယ်လို့ဟော။
၂၇။ ခွေးကျင်ကြီးကျင်ငယ်စွန့်တာမြင်ရင် ကိုယ့်ကို ကူညီနေတဲ့ သူနဲ့ ကိုယ်ကွဲမယ်လို့ဟော။
၂၈။ ယောဂီ၊ သီလရှင်ကိုမြင်ရင် အဝေးကိုရောက်နေတဲ့သူ နဲ့ ပတ်သက်ပြီးဟော။
၂၉။ လူမျိုးခြား၊ ဘာသာခြားကို ကြည့်ပြီးမြင်မိရင် အိမ်မှာ မွေးတဲ့ တိရစ်္ဆာန်နဲ့ ပတ်သက်ပြီးဟော။
၃၀။ ခက်ခဲတဲ့ အသက်မွေးဝမ်းကျောင်းရတဲ့သူကို မြင်မိရင် အချုပ်အနှောင် (သို့) ဘေးအန်္တရာယ်ကိုဟော။
၃၁။ ပိတ်ချင်းကိုကြည့်မိပြီဆိုရင် မိန်းမနဲ့ပတ်သက်ပြီးဟော။
၃၂။ ငရုပ်သီးကို ကြည့်မိမြင်မိရင် ယောကျ်ားနဲ့ ပတ်သက် ပြီးဟော။
၃၃။ ဂျင်းခြောက်ကို ကြည့်မိမြင်မိရင် အကျင့်ပျက်နေတဲ့ မိန်းမနဲ့ ပတ်သက်ပြီးဟော။
၃၄။ ပန်းအဖြူကိုမြင်မိရင် ခရီးလမ်းနဲ့ ပတ်သက်ပြီးဟော။
၃၅။ ကျောက်ပျဉ်၊ ကျောက်တုံးကို ကြည့်မိမြင်မိရင် သားနဲ့ ပတ်သက်ပြီးဟော။
၃၆။ အထည်အလိပ်၊ အဝတ်အစားကို ကြည့်မိမြင်မိရင် ရွှေငွေရတနာနဲ့ ပတ်သက်ပြီးဟော။
၃၇။ ရေကိုမြင်မိကြည့်မိရင် ဆန်စပါးနဲ့ ပတ်သက်ပြီးဟော။
၃၈။ ဇီယာကို ကြည့်မိမြင်မိရင် သမီးနဲ့ ပတ်သက်ပြီးဟော။
၃၉။ ပုတ်နေတဲ့ငါးကို မြင်မိကြည့်မိရင် ခြေနှစ်ချောင်း သတ်္တဝါနဲ့ ပတ်သက်ပြီးဟော။
၄၀။ ကဗျာဆရာ၊ ကျမ်းပြုဆရာကို မြင်မိကြည့်မိရင် ခြေလေးချောင်းသတ်္တဝါနဲ့ ပတ်သက်ပြီးဟော။
၄၁။ မွေးတဲ့သားကို မြင်မိကြည့်မိရင် မြေကြီးနဲ့ပတ်သက်ပြီး ဟော။
၄၂။ မိန်းကလေးကို ကြည့်မိမြင်မိရင် ဝေဒနာခံစားရတဲ့ ရောဂါသည်နဲ့ ပတ်သက်ပြီးဟော။
၄၃။ အရက်မူးပြီး ရမ်းကားနေတာကိုမြင်ရင် လူမမာရှိရင် သေလိမ့်မယ်လို့ဟော။
၄၄။ အရိုးစုကိုမြင်ရင် လူမမာရှိရင် သေလိမ့်မယ်လို့ဟော။
၄၅။ အဆိပ်ပုလင်းကိုမြင်ရင် လူမမာရှိရင် သေမယ်လို့ ဟော။
၄၆။ နီနေတာကိုမြင်ရင် လူမမာရှိရင် သေမယ်လို့ဟော။
၄၇။ နှာစေး၊ ချောင်းဆိုးတာကိုမြင်ရင် လူမမာရှိရင် သေမယ်လို့ဟော။
၄၈။ ဗြုန်းကနဲလေပြင်းမုန်တိုင်း တိုက်ခိုက်လာတာကို မြင်ရင် အိမ်ရှိလူတစ်ယောက် သေလုမြောပါးခံရမယ်လို့ ဟော။
၄၉။ ညောင်ပိန်္နဲရွက်ကို ကိုင်ပြီးမေးရင် စီးပွားဖြစ်တော့မယ် လို့ဟော။
၅၀။ အချိုသီး (သို့) ချိုတဲ့သစ်သီးတွေ ကိုင်ပြီးလာမေးရင် ရွှေဝင်လိမ့်မယ်လို့ဟော။
၅၁။ ရှောက်သီးကိုင်ပြီးမေးရင် အိမ်မှာလူဝင်မယ်လို့ဟော။
၅၂။ သံပုရာသီးကိုင်ပြီးတော့ မေးရင် ကျောက်မျက်ရတနာ ဝင်လိမ့်မယ်လို့ဟော။
၅၃။ ညောင်ရွက်၊ ညောင်သားကိုင်ပြီးတော့မေးရင် အဝတ် အစား အထည်အလိပ် ဝင်လိမ့်မယ်လို့ဟော။
၅၄။ ဆီးသီးကိုင်ပြီး မေးရင် ကြေးနီ၊ မိုးကြိုးနဲ့ ပတ်သက်ပြီး ဝင်လိမ့်မယ်လို့ဟော။
၅၅။ သရက်သီးကိုင်ပြီး မေးရင် ငွေထည်ပစ်္စည်း ဝင်လိမ့် မယ်လို့ဟော။
၅၆။ ခြေချောင်းတွေ လှုပ်နေတာတွေ့ရင် လက်အောက် ငယ်သား တပည့်တွေအကြောင်းဟော။
၅၇။ ပေါင်ကိုလှုပ်ပြီးမေးခဲ့ရင် မေးသူရဲ့ ညီမအငယ်နဲ့ ပတ်သက်ပြီးဟော။
၅၈။ ချက်ကိုလှုပ်ပြီးမေးရင် အပြင်ကိုရောက်နေတဲ့သူနဲ့ ပတ်သက်ပြီးဟော။
၅၉။ ရင်ဘတ်ကိုလှုပ်ပြီးမေးခဲ့ရင် သမီးအတွက်ကိုဟော။
၆၀။ လက်မကို ကိုင်ပြီးမေးခဲ့ရင် သားအတွက်ဟော။
၆၁။ လက်ချောင်းတွေကို ကိုင်ပြီးမေးခဲ့ရင် သမီးအတွက်ကို ဟော။
၆၂။ ဝမ်းဗိုက်ကို ကိုင်ပြီးမေးခဲ့ရင် မိခင်အတွက်ဟော။
၆၃။ ခေါင်းကိုကိုင်ပြီးမေးရင် လူကြိးအတွက်ဟော။
၆၄။ ညာလက်မောင်းကို ကိုင်ပြီးမေးရင် ညီအတွက်ဟော။
၆၅။ ဘယ်ဘက်လက်မောင်းကို ကိုင်ပြီးမေးရင် ခယ်မ အတွက် ဟော။
၆၆။ မေးတုန်းသလိပ်ကပ်ရင် အလိမ့်ခံရမယ်၊ သူခိုးခိုးခံရ မယ်လို့ဟော။
၆၇။ မေးနေတုန်းတံတွေးထွေးရင် အလိမ်ခံရမယ်၊ သူခိုး ခိုးခံရမယ်လို့ဟော။
၆၈။ မေးနေတုန်းချောင်းဆိုးရင် အလိမ်ခံရမယ်၊ သူခိုးခိုးခံရ မယ်လို့ဟော။
၆၉။ မေးနေတုန်း ကျင်ကြီး၊ ကျင်ငယ်စွန့်ရင် အလိမ်ခံရ မယ်၊ သူခိုးခိုးခံရမယ်လို့ဟော။
၇၀။ မေးနေတုန်း လက်ထဲကပစ်္စည်း အောက်ပြုတ်ကျရင် အလိမ်ခံရမယ်၊ သူခိုးခိုးခံရမယ်လို့ဟော။
၇၁။ မေးနေတုန်း ခေါင်းရှေ့ကိုငုံရင် အလိမ်ခံရမယ်၊ သူခိုးခိုးခံရမယ်လို့ဟော။
၇၂။ မေးနေတုန်း ရေမရှိတဲ့အိုးရွက်သွားတာမြင်ရင် အလိမ် ခံရမယ်၊ သူခိုးခိုးခံရမယ်လို့ဟော။
၇၃။ ပျောက်ပြီ၊ ပျက်ပြီ၊ လဲပြီ၊ ကုန်ပြီ၊ ပျက်စီးပြီ၊ ပြီးပြီ၊ သွားပြီ၊ သေချင်းဆိုး၊ မသာကောင် စသည်ဖြင့် အသံတွေ ကြားရရင် သူခိုးခိုးခံရမယ်၊ စိတ်ဆင်းရဲမယ်၊ ပျောက်တဲ့ ပစ်္စည်းပြန်မရတတ်၊ လုပ်နေတဲ့ အကြံအစည်ပျက်ပြီလို့ ဟော။
၇၄။ စပါးနှံ (သို့) နဖူး၊ ရင်၊ စပါးတွေကို စမ်းမိ၊ ကိုင်မိတာ တွေ့ရင် အလုပ်အတွက် ပူပင်နေရတတ်တယ်လို့ဟော။
၇၅။ အဆိပ်ရှိတဲ့ သတ်္တဝါကိုမြင်ရင် ခြောက်သွေ့တဲ့ပစ်္စည်း နဲ့ ပတ်သက်ပြီးဟောပါ။
၇၆။ မျက်ခုံး၊ လည်ပင်း၊ နှုတ်ခမ်းတွေကို ကိုင်မိရင် အစား ကောင်းစားရမယ်လို့ဟော။
၇၇။ ထောပတ်၊ ပျားရည်၊ ရွှေ၊ ကျောက်မျက်ရတနာကို မြင်မိရင် ကိုယ်ဝန်ဆောင်အကြောင်းဟော။
၇၈။ ဝမ်းကိုကိုင်နေတာတွေ့ရင် ကိုယ်ဝန်ရှိနေတယ်လို့ ဟော။
၇၉။ ရင်ကိုကော့ကာ၊ ညောင်းဆန့်ကာ၊ လက်ပေါ် လက်ထပ်တင်မယ်၊ အနေအထိုင်ပြင်ရင်းနဲ့မေးရင် ကိုယ်ဝန် မရှိသေးပါ။ ကိုယ်ဝန်ရှိရင်လည်း မြဲဖို့မသေချာလို့ဟော။
၈၀။ ေမးသူက
(က) ညာဘက်နှာခေါင်းကိုင်ရင် တစ်လကျော်ရင် ကလေး မွေးမယ်။
(ခ) ဘယ်ဘက်နှာခေါင်းကိုင်ရင် နှစ်လကျော်ရင် ကလေး မွေးမယ်။
(ဂ) သားမြတ်ကိုင်ရင် လေးလကျော်ရင် ကလေးမွေးမယ်။
(ဃ) နားကိုကိုင်ရင် နှစ်လကျော်ရင် ကလေးမွေးမယ်။
(င) ဆံပင်နောက်ပိုင်းကိုကိုင်ရင် သားသမီး ငါးယောက် ရမယ်။
(စ) နားကိုကိုင်ရင် သားငါးယောက်ရမယ်။
(ဆ) လက်လက်ချင်းထိမိရင် သားသုံးယောက်ရမယ်။
(ဇ) လက်မချင်းထိမိရင် သားမရ၊ သမီးပဲရမယ်
(စျ) ဘယ်ဘက်နားကိုကိုင်ရင် သမီးနှစ်ယောက်ရမယ်။
(ည) ညာဒူးကိုကိုင်ရင် သားနှစ်ယောက်ရမယ်။
အောက်ပါနိမိတ်အဟောတွေဟာ လူရဲ့ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုပုံ၊ ကိုယ်လက်အမူအရာကို အခြေခံပြီး ဟောပြောရ မှာ ဖြစ်ပါတယ်။
၁။ ဆံထုံးမှာ ပန်းပန်လာရင် ရည်းစားများမယ်၊ ကိုယ့်ကို ချစ်တဲ့သူများမယ်လို့ ဟောပါ။ ယောကျ်ားရှိရင် ၁နွေသား ဖြစ်မယ်။ မကြာခဏခရီးထွက်တတ်တယ်လို့ ဟောပါ။ ယောကျ်ားလေး မိတ်ဆွေအပေါင်းအသင်းများတယ်လို့ ဟောပါ။
၂။ သစ်သီး၊ ငှက်ပျောသီးယူလာပြီးမေးရင် ဗုဒ်္ဓဟူးသားလို့ ဟောပါ။ ပစ်္စည်းပျောက်မယ်၊ အလိမ်ခံရမယ်။ လက်လွတ် ရလိမ့်မယ်လို့ဟောပါ။ ပျောက်ခဲ့ရင် အချင်းချင်းယူထား တာ။ ကြားသပတေးသမီးကို စုံစမ်းပါလို့ ပြောပါ။
၃။ ပုဝါခြုံပြီးမေးလာရင် ဒီလထဲငွေဝင်မယ်၊ တနင်္လာသား ဖြစ်မယ်လို့ဟောပါ။
၄။ ဆေးလိပ်သောက်ပြီးမေးရင် အခုလမေးတာ စနေ သား လို့ဟောပါ။
၅။ တုတ်ကာပြီးလာမေးရင် ကြာသပတေးသားလို့ ဟောပါ၊ အိမ်မှာ ရွာသူနှောက်ယှက်နေတယ်၊ ကျန်းမာရေး ချိုတဲ့မယ်၊ ရွာသူကို နှိမ်နင်းပါလို့ ဟောပါ။
၆။ အနက်ရောင်၊ အစိမ်းရောင်အဝတ်အစားတွေ ဝတ်ပြီး လာမေးရင်၊ စွပ်ကျယ်၊ စပို့ရှပ်၊ တီရှပ်နဲ့လာမေးရင် အင်္ဂါသား လို့ဟောပါ၊ ကံကောင်းချင်ရင် နားကနားကပ်ဖယ်လိုက်ပါ လို့ဟောပါ။
၇။ ဖိနပ်စီးပြီး လာမေးရင် တနင်းလာသားသမီးလို့ ဟော ပါ။ သင်္ကန်းပရိက်္ခရာလှူရမယ်။ လှူရင်ကောင်းတယ်လို့ ပြောပါ။
၈။ ကွမ်း၊ လက်ဖက်လာပြီး လက်ဆောင်ပေးရင် ရတနာ ဝင်မယ်၊ ခြေလေးချောင်းသတ်္တဝါတွေ ဝင်မယ်၊ ယာဉ်ရထား ဝင်တော့မယ်။ စီးပွားရေး ကံကောင်းနေတယ်လို့ ပြောပါ။
၉။ လက်ဆောင်လာပေးပြီး စုံတွဲလာမေးရင် စနေ (သို့) သောကြာဖြစ်မယ်လို့ ဟောပါ။ အိမ်မှာပျားစွဲမယ်။ အိမ်ပြောင်းချင်ရင် အိမ်ပြင်ရင်ကောင်းတယ်။ အန်္တရာယ် ကင်းမယ်လို့ ဟောပါ။
၁၀။ ဆောင့်ကြောင့်ထိုင်ပြီး လာမေးရင် တနင်္လာသားဖြစ် တယ်လို့ဟောပါ။ မိန်းမဖြစ်ရင် သူများလင်ကိုယူမယ်လို့ ဟောပါ။ ယောကျ်ားဖြစ်ရင် မိန်းမရတော့မယ်လို့ ပြောပါ။ မကြာခင်အဆိပ်ရှိ သတ်္တဝါအကိုက်ခံရမယ်။ ခရီးသွားရင် အန်္တရာယ်ကြုံမယ်လို့ ပြောပါ။
၁၁။ ခေါင်းပေါင်းမပါပဲ ဆံပင်ကိုထုံးထားရင် စနေ (သို့) သောကြာဖြစ်မယ်လို့ ဟောပါ။ ဒီလအတွင်းမှာပဲ အမြင့်ပေါ် မှ လိမ့်ကျပြီး သေနိုင်တယ်။ ဒဏ်ရာရနိုင်တယ်လို့ ဟောပါ။
၁၂။ ခေါင်းပေါင်းတစောင်းပေါင်းလာရင် တနင်္ဂနွေ (သို့) ဗုဒ်္ဓဟူးသားဖြစ်ခဲ့ရင် သောကြာသမီးအိမ်က ခြေလေးချောင်း သတ်္တဝါပျောက်တယ်လို့ ကြားခဲ့ရတယ်လို့ပြောပါ။ အိမ်ပြောင်းလို့ မရသေးဘူးလို့ ဟောပါ။
၁၃။ ဒူးပေါ်လက်တင်မေးရင် စနေသားဖြစ်တယ်။ အမှုအခင်း မြင်တယ်။ စနေနဲ့ တနင်းလာတို့ ရန်ပွဲစကားများ တာလို့ ဖြစ်နေမယ်လို့ ဟောပါ။
၁၄။ အထုပ်ပိုက်ပြီးလာမေးရင် အိမ်မှာလူတစ်ယောက် ချူချာမယ်။ ကျန်းမာရေးချို့တဲ့နေတယ်လို့ ဟောပါ။
၁၅။ အရှေ့အရပ် (သို့) အနောက်အရပ်ကို မျက်နှာပြုပြီး လာမေးရင် ကြာသပတေးဖြစ်မယ်။ အိမ်မှာလူမမာရှိနေ မယ်။ ကျန်းမာရေးချို့တဲ့နေတယ်၊ သေနိုင်တယ်၊ ယတြာချေ ပါလို့ ပြောပါ။
၁၆။ တောင်ဘက်နဲ့မြောက်ဘက် မျက်နှာပြုပြီး လာမေးရင် ကြာသပတေးသမီးလို့ ဟောပါ။ အိမ်မှာရှိတဲ့ စနေသားကို မြေဖုတ်ဘီလူး ဖမ်းစားထားတယ်ပြော၊ သူများဆေးလုပ် ထားတယ်ပြောပါ။
၁၇။ အရှေ့တောင်နဲ့ အနောက်မြောက်အရပ်ကို မျက်နှာပြု ပြီးလာမေးရင် ကြာသပတေး (သို့) သောကြာသားသမီးလို့ ဟောပါ။ အိမ်မှာ တနင်းလာသားနဲ့ တနင်္ဂနွေသားရှိရင် ပစ်္စည်းခိုးခံရမယ်လို့ ပြောပါ။ ပစ်္စည်းပျောက်မယ်လို့ပြောပါ။
၁၈။ အရှေ့မြောက်နဲ့ အနောက်တောင်အရပ်ကို မျက်နှာပြု ပြီး လာမေးရင် ဗုဒ်္ဓဟူးသားလို့ ဟောပါ။ အကြံနှစ်ခုရှိမယ်။ ဥယျာဉ်ခြံမြေ လယ်ယာမလုပ်နဲ့ ဆုံးရှုံးမယ်လို့ ပြောပါ။
၁၉။ ခေါင်းကို?

ဂဏန်းသချင်္ာ ဗေဒင်

ဂဏန်းသင်္ချာဗေဒင်သည် အနောက်တိုင်းနည်းစနည်းဖြင့်တွက်ထား၍ မိမိတို့၏ အင်္ဂလိပ်မွေးရက်ကို တစ်ခုထဲရအောင်ပေါင်းပါ။
ဆိုကြပါစို့ ။ 15ရက်နေ့မွေးပါက 1+5=6ဂဏန်းပေါ့။ 27ရက်နေ့မွေးပါက 2+7=9 ဂဏန်းပေါ့။
ဂဏန်းအားဖြင့် 1 မှ 9အထိ ဂဏန်းတစ်လုံးချင်း၏ရာထူးဂုဏ် ၊ ဝိသေသနနှင့် အမူအကျင့် များသည် မတူညီကြပါ။ ကိန်းဂဏန်းတို့သည် ဂြိုဟ်တို့ကို ကိုယ်စားပြုကြသည် ဖြစ်သည်။ ဂြိုဟ်ပရိယာယ်ကိုနားလည်ရင်နားလည်သလို အကျယ်ချဲ့နိုင်ပါလိမ့်မယ်။
၁ ဂဏန်း
ဂဏန်းအားလုံးတို့တွင် နေမင်းကို ကိုယ်စားပြုသော တနင်္ဂနွေ (၁) ဂဏန်းသည်
မူလ အရင်းအချုပ်ပင်ဖြစ်လေသည်။ သို့ဖြင့် တနင်္ဂနွေဂြိုဟ် ၁ ဂဏန်းသည် ပြည့်ရှင်မင်းဖြစ်၏။
ဖန်တီးခြင်း၊ တည်ထောင်ခြင်း၊ အသစ်အသစ်ထွင်ခြင်း၊ ထင်ရှားကျော်ဇောခြင်း၊
ပြတ်သားခြင်း၊ ရဲရင့်ခြင်း၊ နောက်မဆုပ်တမ်းလုပ် ခြင်း ဟုဆိုသော ဂုဏ်ထူးဝိသေသတို့ရှိလေသည်။
၁ ဂဏန်းသမားတို့တွင် နောက်ဆုံး၌ ၁ ကျန်အောင် ပေါင်းနိုင်သော
(ဥပမာ ၁။ ၁၀ ။ ၁၉ ။၂၈ ။ ဂဏန်းတို့သည် ၁ ဂဏန်းများပင်ဖြစ်လေသည်။ မည်သည့်လတွင်မဆို
ထိုရက်များ၌ မွေးဖွားသူတို့သည် ၁ ဂဏန်းပိုင်ရှင်များဖြစ်လေရာ)
၎င်းတို့သည် ကြီးမြင့်လိုသောစိတ်အား မာန်ကြီး၏။ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ခြင်း၊ အလုပ်၌
အကြီးအမှူးဖြစ်လိုခြင်း စိတ်တို့ပြင်းထန်၏။ ချုပ်ခြယ်ခြင်းကို မုန်းတီးကြ၏။ လက်အောက်ငယ်သားများကို
အမိန့်နာခံမှ ကြိုက်၏။
၂ ဂဏန်း
၂ ဂဏန်းသည် တနင်္လာ စန်းဂြိုဟ် (လမင်း) က အုပ်စိုးလေသည်။
တနင်္လာဂြိုဟ်မှာ အမ ဖြစ်သဖြင့် သိမ်မွေ့၏။ စိတ်ကူးဉာဏ်ကောင်း၏။
ပန်းချီ၊ ပန်းပု စသော အနုပညာများနှင့် သက်ဆိုင်၏။ စိတ်ကူးယဉ်၏။
စိတ်ကူးယဉ်မှုများသောကြောင့် ထိရောက်အောင် လုပ်နိုင်သည်ကားနည်းပါးသည်။
အလုပ်ထက် စိတ်ကူးကပို၏။ ၂ – ဂဏန်းသမား၏ အပြစ်များမှာ
မငြိမ်မသက် ပြောင်းလဲလုပ်ကိုင်တတ်ခြင်း၊ မတည်ငြိမ်ခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုအားနည်းခြင်း
စိတ်ပျော့အားလျှော့ခြင်းတို့ ဖြစ်လေသည်။ အကြောင်းကိစ တစ်ခုခုတိုင်းတွင်
ရှက်လွယ်၊ကြောက်လွယ်ခြင်း၊ မခံတတ်ခြင်း၊ စိတ်ပျက်လွယ်ခြင်းများဖြစ်လေရာ
ထိုစိတ်များကို နိုင်စေရပေမည်။
၃ ဂဏန်း
၎င်းဂဏန်းကို ကြာသပတေး ဂြိုဟ်က အုပ်စိုးလေသည်။ ကြီးမြင့်လိုသော စိတ်အားထက်သန်၏။
လက်အောက်အဖြစ်မနေလို၊ ၃ ဂဏန်းပိုင်ရှင်များကို မိသားစု ပတ်ဝန်းကျင်တို့က အလုပ်မစွဲမြဲဟု
မြင်တတ်ကြလေသည်။ တကယ်တမ်းတွင် လက်အောက်ငယ်သား၊ အစေခံ ဘဝများနှင့်
မရောင့်ရဲမပျော်ပိုက်နိုင်သောကြောင့် အလုပ်မမြဲခြင်းများသာဖြစ်ကြလေသည်။
အမိန့်ကိုနာခံတတ်၏။ စည်းစနစ်၊ နည်းစနစ်ကြီး၏။ တာဝန်ယူလိုစိတ်ရှိ၏။
တာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်တတ်ကြလေသည်။
၄ ဂဏန်း
၎င်းဂဏန်း ကိတ်ဂြိုဟ်(ယူနေရးနာ့စ်) အုပ်စိုးလေသည်။ ၎င်းဂဏန်းပိုင်ရှင်တို့သည်
ရန်မထောင်လိုသော်လည်း အများနှင့် ဆန့်ကျင်၏။ အကောက်ကြံသော
ရန်သူများ ဝိုင်ရံနေတတ်၏။ အစဉ်အလာ နည်းဥပဒေကို မုန်း၏။ ပြောင်းလဲကာ ပြုပြင်တတ်၏။
တိုင်းရေးပြည်ရာကိစများကို ဝါသနာထုံ၏။ မဖြစ်မနေဟူသော စိတ်ဓါတ်ရှိ၏။
အပြစ်များ မခံတတ်သောစိတ်၊ တစ်ကိုယ်တည်းနေရသူလို မချမ်းမသာသောစိတ်
ရှိတတ်သည်။ စိတ်ညှိုးနွမ်းရတတ်သည်။
၅ ဂဏန်း
၅ ဂဏန်းသည် ဗုဒ္ဓဟူးဂြိုဟ်က အုပ်စိုးလေသည်။ သွက်လက်၏။ ဉာဏ်ကောင်း၏။
အရာရာကို တတ်သိနားလည်နိုင်စွမ်းရှိ၏။ လှုပ်လှုပ်ရှားရှား အဖြစ်အပျက်များကို
ကြိုက်နှစ်သက်၏။ စိတ်မြန်လျှက်နေ၏။ အမြဲလိုလို တက်တက်ကြွကြွဖြစ်နေတတ်၏။
တစ်စုံတစ်ရာကို စိတ်ပါခိုက် ရူးရူးဒိုင်းဒိုင်း ကောက်လုပ်တတ်သည်။ တရူးထိုးစိတ်၊
လေမုန်တိုင်းစိတ် တို့ကြောင့် ဥစ္စာကို တဖြည်းဖြည်း ရှာဖွေစုဆောင်းလေ့မရှိ။
ကြွေတစ်လက်၊ ကြက်တစ်ခုန် တစ်ချက်ကောင်း အကော်ကြံတတ်၏။
လောင်းကစားလို အလုပ်မျိုးကို နှစ်သက်၏။ ချစ်သူခင်သူတစ်ယောက်ဆုံးရှုံးလျှင်
လျှင်မြန်စွာမေ့လျှက် တစ်ယောက်အသစ်ထပ်တွေ့တတ်၏။ ချက်ချင်း ပြန်လည်တုန့်ပြန်သော
စိတ်မျိုးထားရှိ၏။ ကြာလျှင်မေ့၏။ စွဲမြဲပူပန်သောကစိတ် မရှိတတ်။ မိတ်ဆွေအပေါင်းအသင်းများ၏။
၆ ဂဏန်း
၆ ဂဏန်းသည် သောကြာဂြိုဟ်စိုးမိုးလေသည်။
လူကြည်ညိုကိုးကွယ်ခြင်းခံရ၏။ အလုပ်၌ပိုင်နိုင်စွာ စိတ်ကိုဆုံးဖြတ်လျှက်ပေါက်ရောက်အောင်လုပ်၏
ခေါင်းမာသူနှင့်တူ၏။ မိမိတို့ကိုယ်တိုင် လိုက်လျော့ချစ်ခင်ကြင်နာလိုသည့်အခါမှတပါး
လျော့ပေးခြင်းမရှိတတ်သောကြောင့်ဖြစ်၏။ လိုက်လျောလျင်ကား သခင်ကို ငယ်ကျွန်ချစ်ခင်သလို
သည်းသည်းခံ၏။ မိခင်နှင့်တူသောအချစ်သည် ၎င်းတို့မှာ ပိုမို၏။ အလှ၊ အနုပညာ၊ ဂီတ၊ ပန်းချီ
စသည်တို့ကို ဝါသနာပါ၏ တောက်လွင် စိုပြည်ရွှန်းဝေသော အရောင်များကိုနှစ်သက်၏။ အပေါင်းအသင်းများကိုစိတ်ချမ်းမြေ့ပျော်ရွှင်အောင် လုပ်ပေးတတ်၏။ မုန်းထားမနာလို၊ ရန်လိုမသင့်မတင့်ခြင်းကို မလိုလားတတ်ခြင်းရှိ၏။ စိတ်ထလျှင် အသက်ကိုစွန့်၍ တိုက်ခိုက်တတ်၏။ မိမိတို့စွဲလမ်းသော အယူဝါဒ၊ လိုလားသောအရာများအတွက် အသက်ကိုစွန့်၍ ကြိုးစား၏။
၇ ဂဏန်း
၇- ကဏန်းသည် နက်ပကျွန်းဂြိုဟ် အုပ်စိုး။လွတ်လပ်သောစိတ် ကိုယ်ပိုင်ဉာဏ်ရှိ၏။ ထူးချွန်စွာတွေးခေါ် လုပ်ကိုင်နိုင်၏။ မငြိမ်မသက်သွားလာရွေ့ပြောင်းတတ်၏။ဒေသန္တရဗဟုသုတကို နှစ်သက်၏။ စာနှင့် ပန်းချီရေးခြင်းတို့ကို ကြိုက်၏။ အဘိဓမ္မာဉာဏ်ကြီး၏။ ငွေကြေးအရာ၌ ကံမကောင်းရှိတတ်၏။ ဘာသာအယူမှာ သူတပါးနှင့်မတူရှိ၏။ လျှို့ ၀ှက်နက်နဲသောအကြောင်းအရာများနှင့်
သက်ဆိုင်တတ်၏။ လူအများကို မိမိဘက်သို့ ကိန်းညွတ်စေတတ်၏။
၈ ဂဏန်း
၈ ဂဏန်းသည် စနေဂြိုဟ်အုပ်စိုး၏။ တစ်ကိုယ်တည်းနေရတတ်၏။ အထီးကျန်သမားစိတ်အားထက်
ပိုမိုပြင်းပြ၏။ ထူးချွန်စွာလုပ်ပြတတ်ကြ၏။ ထင်ရှားကြီးကျယ်သော ဌာနတို့ကို ရတတ်၏။ သို့သော်လည်း
ကြီးစွာ ပျက်စီးတတ်၏။ သူတစ်ပါးကိုလည်း ပျက်စီးအောင် အကြောင်းပြုတတ်၏။ ဘာသာအယူသီး၏။
အများထင်မြင်ချက်ကို အတင်းခုခံဆန့်ကျင်တတ်၏။ ဂရုမစိုက်တတ်ဟန်ရှိသော်လည်း ဖိစီးနှိပ်စက်
ခံရသူများကို သနားတတ်၏။ မည်သူ မည်သို့ပင်ထင်စေကာမူ ဂရုမစိုက်ဘဲ မိမိတို့၏ စိတ်နေသဘောထားပုံကိုမပေါ်ပေါက်စေအောင် လျှို့ဝှက်တတ်၏။အကြီးအကျယ်သော် လည်း အောင်မြင်စေတတ်၏၊ အကြီးအကျယ်သော်လည်း ပျက်စီးတတ်၏။ ၎င်းတို့ အလယ်အလတ် သဘောကား မရှိတတ်။
၉ ဂဏန်း
၉ ဂဏန်းသည် အင်္ဂါအုပ်စိုးလေသည်။ ငယ်စဉ်ကပင် အခက်အခဲမျိုးစုံနှင့်ကြုံတွေ့ရတတ်၏။
နောက်ဆုံး၌ ဇွဲကောင်းကောင်းနှင့်အောင်မြင်တတ်၏။ စိတ်မြန်၏။ လောကြီးသောစိတ်၊ လွတ်လပ်သောစိတ်၊လက်အောက်ခံမလုပ်ချင်သောစိတ်၊ သခင်စိတ်တို့ဖြင့် ပြည့်လျှံနေ၏ တစ်သက်တာ အရေးကြီးသောအဖြစ်အပျက်တို့တွင် ရန်သူပေါများတတ်၏။ အတိုက်အခံများ၏ ။ မိမိကိုယ်ကို အားကိုးယုံကြည်စိတ်အားကြီး၏။ အရိုအသေအပြုခံချင်၏။ အိမ်၌ သြဇာအာဏာရှိချင်၏။ ရုတ်တရက်ဉာဏ်ကောင်း၍ အရေးရှိက အကြံကောင်းထုတ်တတ်၏။ ဖွဲ့စည်းစီမံခြင်းအရာ၌ လိမ္မာ၏။ မစီမံရလျှင် ပျက်ပျက်စီးစီး သဘောထားက လျစ်လျူရှုတတ်၏။ လိမ္မာပါးနပ်လွန်းသူ တစ်ယောက်ယောက်၏ ပြောတိုင်းယုံ၊လုပ်တိုင်းခံ၊ အရူးအမိုက်ပီပီကဲ့သို့ ကျင့်တတ်၏။ မိမိတို့၏စိတ်ကို ထိန်းနိုင်လျှင် ကြီးပွားချမ်းသာတတ်၏။

လာဘ အရပ်မှာ လာဘ်ပန်းဆင် ………………………………………

၇ ရက်သားသမီးများ
လာဘ်လာဘတွေပွင့်လန်းလာစေဖို့……
အဆိုးလောကဓံတွေရဲ့ရိုက်ခတ်မှု နည်းစေဖို့…….
စိတ်ချမ်းသာပြီး မကြောင်းမကျနေရဖို့……
အဂၤဝိဇၨာပညာလာ
လာဘအရပ်မှာလာဘ်ပန်းဆင်တဲ့၊ပညာခန်း
အကြောင်းဖော်ပြလိုက်ပါသည်။
ဧည့်ခန်းတွေ၊အလုပ်စားပွဲတွေ ၊Receptionတွေ အိပ်ခန်းတွေမှာ အလှပန်းအိုးထိုးသလိုမျိုးပေါ့။ လာဘ်ပန်းဆင်တာဖြစ်တဲ့အတွက်နေ့သားအလိုက် အရပ်မျက်နှာတွေ၊ထိုးရမဲ့ပန်းတွေ၊ပန်းအရေအတွက်တွေတော့ ကွဲပြားသွားမှာပါ။
၇ရက်သားသမီးအကုန်လုံး လုပ်ဆောင်နိုင်ပြီးလာဘ်လာဘတွေ
ပွင့်လန်းလာပါလိမ့်မယ်။
၇ရက်သားသမီးအကုန်လုံးလုပ်နိုင်ပေမဲ့ မွေးနေ့နဲ့ နာမည်နဲ့ မကိုက်သူတွေကတော့ နာမည်ရဲ့အရင်းစာလုံးနေ့နံကိုပဲ အတည်ပြုဓာတ်ဆင်ရမှာပါ။
ဥပမာ နာမည်က “အောင်ကျော်” ပေးထားပြီး မွေးနေ့က သောကြာဖြစ်နေရင် သောကြာသားသမီးလို့ မယူရဘဲ “အ”နဲ့စတင်မှည့်ခေါ်ထားတဲ့အတွက် တနင်္ဂနွေသားသမီးအဖြစ်ဓာတ်ဆင်ရပါမည်။
နာမည်က “ဖူးပွင့်ခိုင်” ပေးထားပြီး မွေးနေ့က
စနေဖြစ်နေရင် စနေသားသမီးလို့မယူဘဲ
“ဖ”နဲ့စတင်မှည့်ခေါ်ထားတဲ့အတွက် ကြာသပတေးသားသမီးအဖြစ်ဓာတ်ဆင်ရပါမည်။
နာမည်က “လင်းလင်း” ၊မွေးနေ့ကလဲ ဗုဒ္ဓဟူးဆိုရင်တော့ ဗုဒ္ဓဟူးသားသမီးအဖြစ်ဓာတ်ဆင်ပေါ့ဗျ…..
အကျယ်တော့မပြောတော့ပါဘူး။ ဘယ်အက္ခရာက ဘာနံဆိုတာလောက်တော့ ကောက်ယူတတ်မည်ထင်ပါသည်။
ယခုပညာခန်းကိုစတင် ပြုလုပ်တော့မည်ဆိုရင်
မိမိကအိမ်ထောင်ဦးစီးဆိုပါက
ဧည့်ခန်းတွင် ဓာတ်ပန်းဆင်အသုံးပြုရမည်ဖြစ်ပြီး၊
အိမ်ထောင်ဦးစီးမဟုတ်သူများအတွက်
မိမိ၏အလုပ်စားပွဲ(သို့)မိမိ၏တစ်ကိုယ်တည်း
အိပ်သောအိပ်ခန်းတွင်ပြုလုပ်ရပါမည်။
ထိုလာဘ်ပန်းအစီအရင်အား၊မိမိတို့၏တစ်သက်တာကာလပတ်လုံးထိုးထားနိုင်ပါသည်။ ဘဝတစ်သက်စာ ပြုလုပ်နိုင်ပါတယ်။
ကဲစပါပြီဗျာ…..
တနင်္ဂနွေသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊..မြောက်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊သပြေညွန့်၂၁ညွန့်အား၊ဝေဝေဆာဆာဖြစ်စေရန် ၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊
တင်ရမည့်အချိန်မှာ(အင်္ဂါနေ့ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
တနင်္လာသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏
အနောက်တောင်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊နှင်းဆီအနီရ ပွင့်ကို၊ဝေဝေဆာဆာဖြစ်စေရန်၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(ဗုဒ္ဓဟူးနေ့ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
အင်္ဂါသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊.အရှေ့မြောက်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊အုန်း ၆ညွန့်ကို၊ဝေဝေဆာဆာဖြစ်စေရန်
၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(ကြာသပတေးနေ့ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
ဗုဒ္ဓဟူးသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊.အရှေ့အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊ကံ့ကော် ၁၅ညွန့်ကို၊ဝေဝေဆာဆာဖြစ်စေရန်
၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(သောကြာ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
ရာဟုသားသမီးများအနေဖြင့်ဤဗုဒ္ဓဟူးသားသမီးများကဲ့သို့ပြုလုပ်နိုင်ပါသည်။
ကြာသပတေးသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏ အရှေ့
တောင်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊ဇော်စိမ်း ၈ညွန့်ကို၊ဝေဝေဆာဆာဖြစ်စေရန်၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ(စနေနေ့ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
သောကြာသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊.တောင်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊ရွက်လှ ၁၇ ညွန့်ကို၊ဝေဝေဆာဆာဖြစ်စေရန်
၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(တနင်္ဂနွေနေ့နံံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
စနေသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊.အနောက်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊မေမြို့ပန်း ၅ပွင့်ကို၊ဝေဝေဆာဆာဖြစ်စေရန်
၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(တနင်္လာနေ့နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
မှတ်ချက်
ပန်းများ၊အညွန့်များညှိုးခြောက်သွားပါက၊ပန်းထိုးသောနေ့အတိုင်းပြန်လည်ပြုလုပ်ပါ၊ရွက်လှပန်းလို ဇော်စိမ်းပန်းလို ကြာရှည်ခံတဲ့ပန်းတွေကတော့ ရေလဲပေးပေါ့ဗျ။
ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား)အားရိုသေစွာဦးခိုက်ရှစ်ခိုးလျက်
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

လှိမ့်ဝင် တည်သုံးအဆောင်အကြောင်း

လှိမ့်ဝင်တည်သုံးစဉ့်အိုးအဆောင်နဲ့
ပက်သက်ပြီးCBကနေ ဓာတ်ပုံလေးရိုက်ပို့ပြီး
မေးကြတာတွေရှိပါတယ်။ ကျွန်တော်အနေနဲ့ လှိမ့်ဝင်တည်သုံးအကြောင်း ရေးမတင်ခဲ့ပါ။
ဒါပေမဲ့ လှိမ့်ဝင်တည်သုံးအကြောင်း မေးကြတာများလာသည်။ ကျွန်တော်လဲ သိသလောက်တော့ ပြန်ဖြေပေးလိုက်တာပါပဲ။ Post တင်ပြီး မရေးတင်တာကလဲ အိုးရောင်းရအောင်လုပ်တာပါလို့
အပြောမခံချင်တာရယ်..
ပညာရပ်တစ်ခုကိုထဲထဲဝင်ဝင်နားမလည်ဘဲ “ကိုယ်လုပ်မှကိုယ်ရတာပါ” လို့ဘေးထိုင်ဘုပြောမဲ့သူတွေ ကြောင့်ပါ။
လှိမ့်ဝင်တည်သုံးအကြောင်းမေးကြသူတွေအနေနဲ့ ဘာတွေအဓိကမေးကြလဲဆိုရင်…..
၁။ဘယ်လိုအကျိုးတွေထူးလဲ….?
၂။အိမ်မှာပဲ ဆောင်ရတာလား ဆိုင်ခန်း အလုပ်ရုံမှာရော ဆောင်လို့ရလား…..?
၃။လှိမ့်ဝင်တည်သုံးအဆောင်ကို ဘယ်သူစအသုံးပြုခဲ့လဲ…? (အဆောင်ရဲ့သမိုင်းကြောင်း)
၄။ ဆောင်ခါစတော့ လာဘ်ဝင်ပြီး
နောက်ပုံမှန်ပြန်ဖြစ်သွားတာဘာဖြစ်လို့လဲ..?
၅။ဘယ်လိုဆောင်ရလဲ….?
အထက်ပါအချက်တွေမေးတာအများဆုံးပါ။ ကျွန်တော်အနေနဲ့ ဒီလှိမ့်ဝင်တည်သုံးအဆောင်ကို လွန်ခဲ့သော သုံးနှစ်ကတည်းကစတင်သိမိကြားမိခဲ့သည်။
ဂဃဏနတော့သိခဲ့သည်မဟုတ် ။ တဆင့်စကားတဆင့်နားဖြင့်သာသိခဲ့သည်။ ပထမတော့ မိမိကိုယ်တိုင်စလုပ်ကြည့်သည်။
ငွေအထူးဝင်တာသတိထားမိတယ်။ အဲဒီကနေတဆင့် အခြားလူတွေစတင်ပေးမိသည်။ အဆောင်လေးစွမ်းကြောင်းသတိထားမိသည်။ နည်းမှန် စနစ်မှန်လုပ်တတ်ရင်ပိုစွမ်းလေဖြစ်သည်။ မိမိအနေနဲ့ အသိမိတ်ဆွေတွေတွေ၊ ရင်နှီးသူတွေကိုတော့
ထိုလှိမ့်ဝင်တည်သုံးအဆောင်လေး ပေးဖြစ်တယ်။
online ကနေတော့ မပေးဖြစ်ခဲ့ပါ။
အခုတော့ Online ကဗေဒင်ပရိတ်သတ်တွေအတွက် သေချာစွာပြန်ဖြေထားပါတယ်ဗျ။စတင်ဆောင်မဲ့သူတွေလဲအဆင်ပြေအောင်ပေါ့
*************************************
၁။ဘယ်လိုအကျိုးတွေထူးလဲ….?
ထိုမေးခွန်းကိုဖြေရမယ်ဆိုရင်တော့ မိမိအတွေ့အကြုံကတော့ ငွေအရမ်းဝင်တာပါပဲ။ ဆိုင်တွေဆိုလူအရမ်းဝင်သည်။
အလုပ်တွေအောင်မြင်တယ်။
လက်ဖက်ရည်ဆိုင် ၊ ထမင်းဆိုင် ၊ဆေးဆိုင် ၊အလှပြင်ဆိုင် ကျူ ရှင ်အကုန်လုံးဆောင်ထားပါ။ လူဝင်လိမ့်မယ်။ ဝန်ထမ်းဆို လစာအပြင်အခြားပိုဝင်ငွေရတဲ့အလုပ်တွေရလာတတ်တယ်။ အကြွေးလည်ပင်းမြုပ်နေသူတွေအကြွေးတစ်ပြားမကျန်ဆပ်နိုင်သွားတယ်။
ပုံမှန်ထက်ငွေပိုဝင်တယ်။ အတိတ်ကံအားကောင်းသူဆို ငွေအစုလိုက်ဝင်တယ်။
ကိုယ်ပိုင်လုပ်ငန်းသမားတွေကတော့ လုပ်ငန်းတိုးတတ်မယ်။ အရောင်းအဝယ်ကောင်းမယ်ပေါ့။စီးပွားတွေချဲ့နိုင်လာမယ်ပေါ့။
( နီးစပ်ရာအိုးဆိုင်တွေထိသွားပြီး ဒီလှိမ့်ဝင်တည်သုံးနဲ့ပက်သက်တဲ့အကြောင်းအရာတွေ၊ဝယ်သွားသူတွေရဲ့ ပြန်ပြောပြတဲ့အကျိုးထူးပုံတွေလက်တွေ့သာဓကတွေအများကြီးပါ။ )
———————————————————-
၂။အိမ်မှာပဲ ဆောင်ရတာလား ဆိုင်ခန်း အလုပ်ရုံမှာ ရော ဆောင်လို့ရလား…..?
မိမိက လခစားဝန်ထမ်း၊ကုမ္ပဏီဝန်ထမ်း ၊အစိုးရဝန်းထမ်းဆို မိမိနေထိုင်ရာ အိမ်၊လိုင်းခန်း၊ဝန်ထမ်းအိမ်ရာတွေမှာ ဆောင်ထားလို့ရတယ်။
မိမိကကိုယ်ပိုင်လုပ်ငန်းလုပ်သူဆို မိမိဆိုင် မိမိအလုပ်ရုံမှာ ဆောင်ထားတာပိုသင့်တော်ပါတယ်ဗျ။
———————————————————
၃။လှိမ့်ဝင်တည်သုံးအဆောင်ကို ဘယ်သူစအသုံးပြုခဲ့လဲ…? (အဆောင်ရဲ့သမိုင်းကြောင်း)
အမှန်အတိုင်းပြောရရင်တော့ လှိမ့်ဝင်တည်သုံးရဲ့သမိုင်းကိုအရင်ကမသိပါ။ ဘယ်သူစတင်စီရင်ခဲ့တယ်ဆိုတာလဲမသိပါ။သေသေချာရှင်းပြနိုင်သူလဲ မတွေ့ခဲ့ဘူးပေါ့။မိမိအနေနဲ့ ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ပြီးအောင်မြင်မှုတွေရှိလို့သာဆောင်ဖို့အကြံပေးခဲ့တာပါ။
လက်ဆန်းဗေဒင်နဲ့တွက်ချက်ကြည့်ပြီး နဝင်းအား ဆပွတ်အားတွေသုံးထားတယ်ဆိုတာ ဗေဒင်တီးခေါက်မိတဲ့သူတွေဆိုသိပါလိမ့်မယ်။
ဒါကြောင့်လဲသုံးခဲ့တာပါ။
ဒီသမိုင်းကြောင်းကို စသိတာကတော့ ဆရာဝင်မင်းအောင် (ပဲခူး) ဆီကနေစသိတာပါ။ ဆရာကအခုမှထွက်ထားပြီး သူရောင်းပေးနေတဲ့ “ဆရာစိုးရဲထက်(အောင်ပန်း)ရဲ့ ဟိတ်ယတြာစာအုပ်လေးပေးပါတယ်။ ထိုစာအုပ်လေးထဲမှာ လှိမ့်ဝင်တည်သုံးရဲ့ သမိုင်းကြောင်းလေးပါပါတယ်။ ဒီလှိမ့်ဝင်တည်သုံးနဲ့ပက်သက်ပြီး ဆရာစိုးရဲထက်နဲ့လဲ စကားတွေအများကြီးပြောဖြစ်ပါသေးတယ်။ကြာပါပြီ… ထားပါတော့…
ဒီလှိမ့်ဝင်တည်သုံး အစီအရင်ကိုစတင်အသုံးပြုခဲ့တာက ဘိုးတော်အောင်မင်းခေါင်ပါ။ အချိန်ကာလအနေနဲ့ အဘအောင်မင်းခေါင် ကချင်ပြည်နယ်သစ်တောထဲ တရားကျင့်နေချိန်မှာပါ။ ၁၉၂၀-၁၉၄၁ ဝန်ကျင်းကာလအတွင်းလို့သိရပါတယ်။ နှစ်အတိအကျမသိပါ။ အဘ ကောလင်းမြို့ရောက်တဲ့အချိန်မှာအရမ်းချို့တဲ့ပြီး ဆင်းရဲရှာတဲ့သူတစ်ယောက်ကို သူကိုယ်တိုင်စျေးကစဉ့်အိုးနှစ်လုံး စျေးကဝယ်လာပြီးစီရင်ပေးခဲ့တာပါ။ စဉ့်အိုးတစ်လုံးကို ဆီထည ့်ပြီးအိမ်အောက်ထပ်ကွပ်ပျစ်နားမှာထားခိုင်းထားပါတယ်။
နောက်စဉ့်အိုးတစ်လုံးကို ငွေအကြွေစေ့တွေထဲထည့်ခိုင်းပြီးအိမ်အပေါ်ထပ်ဘုရားခန်းမှာတည်ထားခိုင်း ပါတယ်။
အဲလိုငွေအိုးတစ်လုံး ၊ဆီအိုးတစ်လုံးလှိမ့်ဝင်လာ
ပြီးကတည်းကထိုလူဟာ အလုပ်အကိုင်စီးပွားရေးအဆင်ပြေပြီးလူလတ်တန်းစားတစ်ယောက်အထိ နေထိုင်နိုင်ခဲ့တယ်။
ထိုသူအားအဘအောင်မင်းခေါင်က “မောင်ချမ်းသာရေ မင်းကိုကြီးပွားတိုးတတ်အောင်လိမ့်ဝင်ပေးခဲ့ပြီးပြီ…မင်းအလေအလွင့်မရှိအောင်တည်သုံးပေတော”့ဟုပြောခဲ့လေသည်။
ခေတ်ရေစီးကြောင်းအရအခုကတော့ အကြွေစေ့အစားရော၊ဆီအစားပါ ငွေစက္ကူ တွေပဲစဉ့်အိုးထဲ
ထည့်ကြတော့သည်။
၄။ ဆောင်ခါစတော့ လာဘ်ဝင်ပြီး နောက်ပုံမှန်ပြန်ဖြစ်သွားတာဘာဖြစ်လို့လဲ….?
အမှန်အတိုင်းပြောရရင်တော့အဆောင်တွေကိုအသက်ဝင်အောင်လုပ်ဖို့လိုတာပါ။ ဘယ်အဆောင်ပဲဖြစ်ဖြစ်အသက်မဝင်ရင်မစွမ်းပါ။
ဥပမာပေးရရင်
ဆောင်းတွင်းမီးလှုံဖူးကြမှာပါ။ ထည့်ထားတဲ့ထင်းကုန်သွားရင် မီးညွှန့်နည်းသွားမယ်။ အပူလျော့လာသလိုပေါ့။ ထင်းထပ်ထည့်မှ မီးအားကောင်းလာမယ်။ပြန်ပူနွေးလာမှာပါ။ ဒါကြောင့်အဆောင်တွေကိုအမြဲ
အသက်ဝင်နေအောင် ပူနွေးနေအောင်အမြဲလုပ်ရပါတယ်။ အသက်ဝင်အောင်လုပ်နည်းလေးကို ဘယ်လိုဆောင်ရမလဲဆိုတဲ့အပိုင်းမှာ တစ်ခါထဲပြောပေးမှာပါ။
၅။ဘယ်လိုဆောင်ရလဲ….?
* ပထမဦးစွာ လှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတစ်စုံဝယ်လိုက်ပါ။ ပြီးရင်နွားနို့(သို့)ဆားကိုအရည်ဖော်ပြီးဆေးကြောသန့်စင်လိုက်ပါ။
*မိမိမွေးနေ့နံနက် ၉း၄၅မိနစ်တိတိမှာ လှိမ့်ဝင်စဉ့်အိုးလေးအား အိမ်ဘက် ဆိုင်ဘက်ကိုလိမ့်ဝင်နေတဲ့အနေအထားလေးထားပြီးစဉ့်အိုးလေးထဲ ငွေစက္ကူ လေးကတော့ထိုးပြီးထည့်ပါ။ ထိုလှိမ့်ဝင်စဉ့်အိုးလေးအား အိမ်ရှေ့ ဆိုင်ရှေ့အဝင်အဝမျက်နှာသာနေရာမှာထားပေးပါ။
*တဆက်တည်းမှာပဲ တည်သုံးစဉ့်အိုးလေးအား အိမ်ထဲကအမြင့်တစ်နေရာ/ ဆိုင်ထဲကအမြင့်တစ်နေရာမှာထားပေးပါ။ တည်သုံးစဉ့်အိုးလေးထဲ ငွေစက္ကူလေးတစ်ရွက်ကတော့ထိုးပြီးထည့်ပါ။ငွေစက္ကူကဘယ်လောက်တန်ဖြစ်ဖြစ်ရပါတယ်။ထိုနောက်လှိမ့်ဝင်တည်သုံးနှစ်ခုစလုံးကို နံ့သာဖြူ အရည်၊ကရမက်အရည်ဆွတ်ပေးပါ။ထိုသို့စီရင်နေစဉ်ငွေရဂါထာတစ်ခုခုရွတ်နေရင်ပိုကောင်းပါတယ်။
(အချို့က တည်သုံးစဉ့်အိုးလေးအား ဂဟပတိအရပ်မျက်နှာဘက်လှည့်ခိုင်းကြသည်။ကျွန်တော်ကတော့
စဉ့်အိုးလေးကို အိမ်အဝင်ဘက် ၊ဆိုင်အဝင်ဘက်မျက်နှာလှည့်ထားရင် ရပါပြီလို့ပြောချင်ပါတယ်)
“အဆောင်လေးအသက်ဝင်ပြီး
လာဘ်အမြဲဝင်အောင်”
*ပထမဦးစွာ လှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတွေကို တစ်ပတ်တခါ
ရေသဘတ်လေးတိုက်ပေးပါ။
*နံ့သာဖြူ အရည်၊ကရမက်အရည်တို့ဖြင့် အနည်းဆုံးတစ်ပတ်တစ်ခါ
ဖြန်းပေးပါ။
*ပထမဦးစွာ မနက်စောစော
စျေးဦးပေါက်ရတဲ့ငွေပဲဖြစ်ဖြစ်၊အခြားဝန်ထမ်းတွေဆို
မိမိတစ်နေ့တာသုံးမဲ့ကိုယ်ပိုင်ငွေထဲကပဲဖြစ်ဖြစ်၊တစ်ရာတန်သည် နှစ်ရာတန်သည် (တတ်နိုင်သ၍)
လှိမ့်ဝင်အိုးလေးထဲထည့်ပါ။ ပြီးရင်နေ့တိုင်းထိုငွေလေးနဲ့ဒါနတစ်ခုနေ့စဉ်ပြုပါ။ အလှူ ခံလာရင်အလှူ ငွေထည့်ဝင်တာမျိုးပဲဖြစ်ဖြစ်၊ မုန့်ဝယ်ပြီး ခွေးလေးတွေ ငှက်လေးတွေကျွေးတာပဲဖြစ်ဖြစ်ပေါ့။ စတင်ဆောင်စဉ်ကထည့်ထားသော ငွေကိုတော့မသုံးပါနှင့်။
*နေစဉ်လှူ ဖို့အဆင်မပြေတဲ့သူတွေကတော့ အိမ်ထဲက တည်သုံးအိုးလေးအောက်မှာ တစ်နေ့တတ်နိုင်သလောက်လှူ ဖို့ရည်ရွယ်ပြီးစုပါ။တစ်လလောက်နေရင်စုထားတဲ့ငွေလေးကိုအလှူ တစ်ခုလုပ်ပါ။ထိုအတိုင်းသာလုပ်ပေးပါ။ အမြဲတမ်းလှိမ့်ဝင်တည်သုံးလေးကအစွမ်းထက်နေမှာပါ။
ဒီလောက်ဆိုလှိမ့်ဝင်တည်သုံးအဆောင်နဲ့ပက်သက်ပြီး စီရင်
တတ်ပြီးလို့ထင်ပါတယ်။ မရှင်းတာရှိက cbကနေမေးပါ။
ငြိမ်းအေးလူ (ဗေဒ်သုတေသီ)