loading

Category: Uncategorized

  • Home
  • Category: Uncategorized

သင့်ပိုက်ဆံအိတ်-မှာ ဘာတွေ ထည့်ထားသလဲ.. ========================

စွမ်းအင်တွေ အကြောင်းကို လေ့လာတဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်- ဝါစတု သျှတ္တရ ပညာရပ် အရ..
မထည့်ထားသင့်တဲ့ အရာတွေ သင့်ပိုက်ဆံအိတ် ထဲမှာ ထည့်ထား လျှင်- မကောင်းတဲ့ စွမ်းအင်တွေ သင့်ဆီမှာ ရှိနေတတ်ပြီး-
– ငွေကုန်ကြေးကျ၊ ငွေယိုပေါက်တွေ။
– ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုတွေ။
– လာဘ်ပိတ် တာတွေ။
– ငွေကြေး အလိမ်ခံရတာတွေ ဖြစ်တတ်ပြီး-
ထည့်ထား သင့်တဲ့- အရာတွေ- သင့်ပိုက်ဆံအိတ်ထဲမှာ ရှိနေလျှင်-
– ငွေကြေး- အဆက်မပြတ်ဝင်ပြီး-
– ကျန်းမာ ချမ်းသာ ကာ-
– ငွေကုန် ရတဲ့ ငွေထွက်ပေါက်တွေ ပိတ်ပစ်လိုက် နိုင်ပါလိမ့်မယ်
ပထမ ဦးစြာ အေရးႀကီးတာ ကေတာ့-
=======================
– ဟောင်းနွမ်း စုတ်ပြတ် နေတဲ့- ပိုက်ဆံအိတ် ကို ရှောင်ပါ။ ပိုက်ဆံအိတ် အစုတ် မှာ ကောင်းမြတ် တဲ့ စွမ်းအားများ မရှိတော့ပါ။
– သူများ ရဲ့ ပိုက်ဆံအိတ် အဟောင်း ကို လည်း လုံးဝ မသုံးပါနဲ့။
– ပိုက်ဆံ အိတ်မှာ ပိုက်ဆံ ပေါပေါများများ ထည့်ထားပါ။ ဘာ ပိုက်ဆံ မှ မရှိပဲ ဟောင်းလောင်း ဖြစ်နေတာမျိုး မဖြစ်ပါစေနဲ့။
ပိုက်ဆံအိတ်ထဲမှာ မထည့်ထားပဲ- လိုအပ်ယင် သီးသန့် ခွဲထားသင့်တဲ့ အရာများကတော့-
+++++++++++++++++++++++++
– ဘေလ်၊ ပြေစာ၊ ဟောင်းများ၊ receipt ဟောင်းများ
– ညစ်ညမ်းပုံများ၊ သေဆုံးပြီးသူူများပုံ၊ ကြမ်းတမ်း ရက်စက်သော ပုံများ။ (မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်။)
– တိုလီ မိုလီ မှတ်စု များ၊ လိပ်စာ ကဒ် အဟောင်းများ၊
– သက်တမ်း ကုန်နေတဲ့- membership card များ
– သုံးမရအောင် စုတ်ပြတ် နေတဲ့ ငွေစက္ကူများ
– ခေါက်တွန့် နေတဲ့- ငွေစက္ကူများ (ခေါက်နေတဲ့ ပိုက်ဆံ ကို ဖြန့်ထည့်ပါ။)
– သွားရည်စာ မုန့်တွေ နဲ့ ဆေးများ။ (ဆေးများ ဟာ- ကျန်းမာရေး ပြသနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ။)
– လက်သည်းညှပ် နဲ့ ကပ်ကြေး အပါအဝင်- ချွန်ထက်တဲ့ အရာများ။
– ကျွမ်းကျင်သော နက္ခတ်ပညာရှင် အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော- အဆောင်များ၊
– ပရိတ်ချည်၊ လက်ဖွဲ့ စသည်များ (သီးသန့် ထားပါ။)
ပိုက်ဆံအိတ်ထဲ. မှာ ထည့်ထား သင့်တဲ့ အရာများကတော့
++++++++++++++++++
– ငွေ၊ ကြေး ဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်း အရာများ။
– အထူးသဖြင့်- ငွေဒင်္ဂါး။
– လက်ချမီး မယ်တော်ပုံ- ရုပ်ပုံတော် ဖြစ်စေ- ကြေး ဒင်္ဂါး ဖြစ်စေ.
– ဗောဓိညောင်ရွက် (အထူးသဖြင့်- နှလုံး ရောဂါ ရှိသူများ အတွက်)
– ပင်လယ်ခရုခွံများ (စကြာဝဠာ စွမ်းအင်ကြောင့် ဖြစ်ပါသည်။)
– ဆန်စေ့ ၂၁- စေ့ (အင်မတန် အကျိုးများပါတယ်။ နောက်ပိုင်း ရှင်းပြပေးပါ့မယ်။)
(အခြား ရှားပါးသော အရာများကို ချန်လှပ်ထားခဲ့ပါသည်။)
အားလုံး အောင်မြင် ချမ်းသာကြပါစေ။
လွတ်လပ်စွာ လက်ဆင့်ကမ်း နိုင်ကြပါတယ်။

ငယ်သူတို့ချစ်ခြင်း အပြစ်ကင်းကြပါစေ

အစိုးရ ရုံးပိတ်ရက်တစ်ရက်။ ရွှေမောဓောဘုရားရင်ပြင်မှာ ဘုရားဖူးတွေလွန်စွာ စည်ကားနေ၏။ အခုလိုရုံးပိတ်ရက်တွေမှာရန်ကုန်က ဘုရားဖူးကားတွေအလွန်လာလေ့ရှိလေသည်။ဒါကြောင့်ပဲ

သနပ္ပင်လမ်း၊ရွှေသာလျောင်းဘုရားလမ်းတွေမှာ
လမ်းတွေပိတ်သည်အထိ ကားတွေပြည့်နှက်နေ
တတ်သည်။
အခုလဲရွှေမောဓောဘုရားရင်ပြင်မှာ ဘုရားဖူးတွေကြက်ပျံမကျ စည်ကားနေပြန်သည်။ကျွန်ုပ်လဲစနေထောင့်က ကျောက်တော်ကြီးဘုရားမှာအဓိဋ္ဌာန်ပုတီးစိပ်ပြီး ခိုစာကျွေးဖို့ထွက်လာခဲ့လေသည်။ တစ်ညလုံးရေစိမ်ထားသော ကုလားပဲခြမ်းလေးတွေကိုခိုလေးတွေ အားပါးတရစားကြလေသည်။
“တူ…တူ”
ခိုစာကျွေးနေတုန်း ဖုန်းကနေ vibrator မြည်လာလေသည်။ silent လုပ်ထားတဲ့အတွက်vibrator အသံသာကြားရလေသည်။
” ဟဲလိုမင်္ဂလာပါဗျ”
“ဟုတ် မင်္ဂလာပါ….ဆရာငြိမ်းအေးလူလား ရှင့်”
“ဟုတ္ပါတယ္ဗ်”
“ဆရာ သမီးရန်ကုန်ကပါ…ပဲခူးဘုရားဖူးလာလို့ ဆရာဆီ ဗေဒင်ဝင်မေးချင်လို့ပါ ”
“သြော် ဟုတ်ပါပြီ အခုက ပဲခူးဘယ်နားရောက်ပြီလဲ”
“ပဲခူးမြစ်ကူးတံတားနားရောက်တော့မယ် ..ဆရာ ”
“အဲဒါဆိုရင် ရွှေမောဓောဘုရားကိုအရင် ဝင်ဖူးလိုက်ပါဗျာ ဆရာလဲ ဘုရားရင်ပြင်မှာရှိပါတယ်။ ဘုရားရောက်ရင် အင်္ဂါထောင့်က ခရေပင်ကြီးအောက်မှာ ဆရာရှိမယ် ”
“ဟုတ်င်္ကဲ့ဆရာ သမီးတို့လာခဲ့ပါမယ်”
ခိုစာကျွေးပြီးတိုင်း ခရေပင်အောက်မှာတံမြက်စည်းလှည်းလေ့ရှိသည်။ ဘာရယ်မဟုတ် တံမြက်စည်းလှည်းပြီး ဂုဏ်တော်ပွားရသည့်အရသာကိုနှစ်ခြိုက်မိသည်။
သိပ်မကြာလိုက်
“ဆရာငြိမ်းအေးလူလား…မသိဘူး
အရပ်မြင့်မြင့်၊ အသားဖြူဖြူနှင့် အသက် ၂၀ကျော်ကျော်လောက်ရှိသော မိန်းကလေးတစ်ဦး …”
“ဟုတ်ပါတယ်ဗျ…..ကျွန်တော်ငြိမ်းအေးလူပါ လာဗျာ ဒီခရေပင်အောက်က ခုံဝိုင်းလေးမှာပဲထိုင်ရအောင် “
“ဟုတ်ဆရာ သမီးကဆရာရောဟုတ်ရဲ့လားလို့အရဲစွန့်ခေါ်ကြည့်တာ”
ကျွန်ုပ်ပြုံးနေမိသည်။ ဗေဒင်ဆရာဆိုရင် မုတ်ဆိတ်ရှည်၊ ဆံပင်ရှည်နဲ့ အကျီင်္ကြောင်ကျား ဝတ်ဆင်တားသူလို့ ထင်နေပုံရသည်။ အခုလို ဆံပင်တိုတို ၊ အကျင်္ီဖြူ ၊ကချင်လုံချည် ဝတ်ဆင်
ထားသော သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို ဗေဒင်ဆရာလို့ထင်ပုံမရပေ။
ခရေပင်ကြီးကို ဝိုင်းပတ်ပြီးဆောက်လုပ်ထားသော အုတ်ခုံဝိုင်းလေးပေါ်မှာထိုင်မိကြသည်။
ကောင်မလေးတစ်ဦးအပြင်ဘေးနားမှာ ကောင်လေးတစ်ဦးလဲပါလေသည်။ ကောင်လေးကတော့ ကောင်မလေးထက်အသက်အနည်းငယ်ကြီးပုံရလေသည်။ လူငယ်တွေဖြစ်တာကြောင့် အဝတ်အစားတွေလဲ ခေတ်ဆန်ဆန် ဝတ်ဆင်ထားလေသည်။ အခါတိုင်ကို ကြည့်လိုက်တော့ အင်္ဂါအခါ အခိုက်မှာတနင်္လာ လာတာကလဲ လူနှစ်ယောက်နိမိတ်ဆိုတော့
“သမီးအနေနဲ့ အခုဆရာ့ဆီမှာမေးတာ အချစ်ရေးနဲ့ပက်သက်တဲ့ကိစ္စဖြစ်မယ်ထင်တယ်။
အထူးသဖြင့် ချစ်သူနဲ့အတူလက်တွဲနေထိုင်ဖို့အတွက် သောကရောက်နေရတယ်နဲ့တူတယ်”
“ဟုတ်တယ် ဆရာ ….ဆရာအခုပြောတဲ့အတိုင်းပါပဲ “
“ဒါနဲ့စကားမစပ် ဒီညီလေးက သမီးနဲ့ ဘယ်လိုပက်သက်လဲ “
“သမီးခ်စ္သူပါ ဆရာ”
ကောင်လေးက အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးပြသည်။
“သမီးတို့ သောကရောက်နေတာ လူကြီးမိဘအကြီးအကဲတွေနဲ့များပက်သက်နေသလား “
“ဟုတ်တာပေါ့ ဆရာရယ် ဆရာဆီအကြံဉာဏ်တောင်းချင်တာ အဲဒီကိစ္စပဲ …သမီးတို့နှစ်ယောက်က
ဒီဝါကျွတ်ရင် လက်ထပ်ဖို့ စီစဉ်ထားကြတာ…သမီးမိဘတွေကလဲသဘောတူတယ်…ဒါပေမဲ့သူ့
မိဘတွေက သဘောမတူချင်ဘူး …အထူးသဖြင့်သူ့အမေ”
” ဟုတ်တယ်ဆရာ…အမေကနားချလို့ကိုမရဘူး .. ငယ်သေးတယ်နဲ့ …..အိမ်ထောင်တစ်ခုကို မတည်ထောင်နိုင်သေးဘူးနဲ့….ကျွန်တော်တို့လဲကျောင်းပြီးတာကြာလို့ လုပ်ငန်းခွင်မှာတောင်ရာထူး အတော်အသင့်ရနေပြီ ..အဲဒါကိုစိတ်ပူနေသေးသည် “
ကောင်လေး၏ဝင်ရောက်ပြောဆိုတဲ့စကား…မိခင်အပေါ်စိတ်ခုနေတဲ့အရိပ်အရောင်တွေ မြင်နေရသည်။
” ဒီလိုတော့ မပြောကြနဲ့ ငါ့ညီတို့ရေ…မိဘတိုင်းသားသမီးကိုအရွယ်ဘယ်လောက်ပဲရောက်ရောက် ကလေးလို့ပဲမြင်ကြတာလေ…အထူးသဖြင့် မိခင်တွေက သားတွေကို သူတို့ရဲ့ရင်ခွင်ထဲမှာရင်အုပ်မကွာ စောင့်ရှောက်ချင်ကြသလို ဖခင်တွေကလဲ သမီးတွေအပေါ်မှာ ဒီအတိုင်းပဲကွ။ ဒါကလဲ ငါ့ညီတို့ မိဘနေရာရောက်မှ သိလိမ့်မယ်
ငါ့ညီတို့ နှစ်ယောက်မွေးသက္ကရာဇ် တွေပြောပါအုံး “
စာအုပ်၊ဘောပင်မပါတော့၍ ဖုန်းထဲကဗေဒင် apkကနေ တွက်ကြည့်လိုက်သည်။ ဇာတာနှစ်ခုက
ရေရှည်လက်တွဲလို့ သင့်တော်တဲ့ ဇာတာတွေဖြစ်သလို များမကြာမီလဲ လက်ထပ်ရတော့မဲ့ ကံအနေအထားတွေလဲတွေ့ရလေသည်။
“ဘာမှမပူနဲ့… မကြာမီ ငါ့ညီတို့ နှစ်ယောက်လက်ထပ်ဖြစ်လိမ့်မယ်။ မင်္ဂလာခမ်းခမ်းနားနားကျင်းပပြီး လက်ထပ်တာမျိုးနော် ။ ခိုးပြေးပြီး လူမသိလူမသိ ရုံးတတ်လက်မှတ်ထိုးတာမျိုးမဟုတ်ဘူး… ဆရာပြောတဲ့ ယတြာတွေတော့ လုပ်ရလိမ့်မယ်”
“ဟုတ်ဆရာလုပ်ပါ့မယ် ”
“ကဲလိုက်မှတ်ထားလိုက် မှတ်စရာမရှိရင် ဖုန်းနဲ့ recording ဖမ်းထားလိုက်…”
“ဟုတ္ဆရာ”
.ကောင်လေးကဖုန်းဖွင့်ပြီး recordလုပ်ထားလေ၏
“ပထမဦးစွာ ငါ့ညီက မိခင်ရဲ့ ခြေသည်းလက်သည်းတွေကိုယူရမယ်… မိခင်ခြေသည်းလက်သည်း လှီးပြီးအခါ မလွှတ်ပစ်နဲ့… ယူထားလိုက် … ပြီးရင် ရေစင်အောင်ဆေးပြီး မိမိလိမ်းမဲ့ အုန်းဆီဗူးထဲထည့်ထားလိုက်… ထိုအုန်းဆီကို နေ့တိုင်းလိမ်းပေး
………နောက်တစ်ခုက မနက်ဘုရားရှစ်ခိုးတဲ့ အချိန်တွေ ၊ညဘက် ဘုရားရှစ်ခိုးတဲ့ အချိန်တွေမှာ မိခင်အကျႌကို မိမိပုခုံးမှာတင်ပြီးရှစ်ခိုးပါ.. အရင်တုန်းက ဦးသုံးကြိမ်ကို ပုဆိန်ပေါက် ရှစ်ခိုးခဲ့တယ်ဆိုလဲ
အခုအခါတွေမှာတော့ အချိန်ကြာကြာလေးရှစ်ခိုးပါ ပရိတ်ပဌာန်းတွေကိုလဲ အချိန်ယူပြီး ရွတ်ဆိုပါ …
မိခင်ရဲ့ အကျႌကတော့ နေ့စဉ် တစ်နေ့တစ်ထည်ပခုံးပေါ်မှာ တင်ထားပါ
နောက်ပြီး ရေနဲ့ ပက်သက်တဲ့ ကုသိုလ်တွေ လုပ်ပေးပါ။ အိပ်ရာကနိုးတာနဲ့ ဘုရားရှင်ကို မျက်နှာသစ်တော်ရေကပ်ပါ/သောက်တော်ရေကပ်ပါ… နံနက်စာအတွက် အမိအဘတွေကို ကော်ဖီ အချိုရည်နွားနို့ စတဲ့ မိဘတွေ ကြိုက်ရာဖျော်ရည်တစ်မျိုးမျိုး စီစဉ်ပြီး လုပ်ကျွေးပါ
ငါ့ညီက စနေသား ၊သမီးက အင်္ဂါသမီးဆိုတော့
နှင်းဆီပန်း ၇ပွင့်ကို ဘုရားမှာ ခဏခဏကပ်လှူပေးပါ … နှစ်ယောက်စလုံး အတူတကွကပ်လှူတာမျိုးဆို ပိုကောင်းပါတယ်
နောက်ဆုံး တစ်ခုအနေနဲ့ ရေနေသတ္တဝါလေးတွေကို အစာခဏခဏကျွေးကြပါ၊ တတ်နိုင်ရင် ရေနေသတ္တဝါလေးတွေကိုဝယ်လွှတ်ပေးပါ ..ငါးစာတို့ လိပ်စာတို့ အတူတူကျွေးပေါ့ကွာ..
အထက်ပါယတြာတွေလုပ်ပေးမယ်ဆို ငါ့ညီတို့ရဲ့ အချစ်ခရီးလမ်းက သာယာတဲ့ခရီးလမ်းဖြစ်မှာပါ “
“ဟုတ်ကဲ့ပါ ဆရာ … ကျေးဇူးအများကြီးတင်ပါတယ်”
ကလေးမက ဉာဏ်ပူဇော်ခ တစ်သောင်း သူ့လက်ပွေ့အိတ်ထဲမှ ယူပြီး ကန်တော့လေ၏။
” ချစ်သူနှစ်ဦး ထာဝရလက်တွဲနိုင်ပြီး သာာယာအောင်မြင်တဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်နိုင်ပါစေဗျာ “
” ပေးတဲ့ဆုနဲ့ပြည့်ပါစေဆရာ”
ဒီတစ်သောင်းက ဆရာကိုကန်တော့တာဆိုတော့ ဆရာပိုင်သွားပြီနော်
“ဟုတ်တယ်လေ ဆရာ “
အဲဒါဆို ဒီတစ်သောင်းကို ရွှေသင်္ကန်းအလှူ ခံဌာနမှာ သွားလှူပေးပါ
ဆရာ့နာမည်နဲ့မဟုတ်ဘူးနော်
သမီးတို့နှစ်ယောက်နာမည်နဲ့”
“ဟာဆရာကလဲ အားနာစရာႀကီး”
“အားမနာပါနဲ့ ဆရာကုသိုလ်ဆက်ပေးတယ်လို့သဘောထားပါ”
မကြာမီ အလှူဌာနက ဆုပေးသံပျံ့လွင့်လာလေသည်။ ဘယ်
နေရာကြည့်ကြည့် အရာရာတိုင်းကလှပနေတော့လေသည်တကား..။ …။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695 )

လပြည့်ချိန်ခါ စီရင်စရာ

“ဆရာငြိမ်း”
ဘာတွေလုပ်နေတာတုံး…”
အိမ်နားက မိတ်ဆွေတစ်ဦး အိမ်လာလည်ရင်း မေးခြင်းဖြစ်လေသည်။
“အဝတ်အစားတွေထည့်နေတာ…ခရီးထွက်မလို့”
” သြော်.. ခရီးခဏခဏထွက်တယ်နော်… “
“ဟုတ်တယ်ဗျ … Personal ကိစ္စလေးတွေကြောင့်ပါ”
“ဒါနဲ့ စကားမစပ် ဆရာငြိမ်းကို မေးစရာရှိလို့…”
ဗေဒင်နဲ့ပက်သက်သော ကိစ္စတွေတိုင်း မရှင်းတာရှိရင် လာမေးနေကြပင်… အခုလဲ ဘာမေးအုန်းမလဲမသိ..။
“မေးလေဗျာ”
“ဒီလိုဆရာငြိမ်းရဲ့ အခုဆို သီတင်းကျွတ်လပြည့်နေ့ ရောက်တော့မယ်ဗျာ ..ဆရာတို့ပညာမှာ လပြည့် နေ့ စီရင်လို့ ရမဲ့ အစီအရင်လေးတွေမရှိဘူးလား..လူတိုင်းလဲ လုပ်လို့ရမယ် လွယ်လဲလွယ်မဲ့ အစီအရင်မျိုးပေါ့ဗျာ … ဆရာလုပ်သလို အဆောင်ရုပ်တွေ အင်းတွေ စီရင်တာမျိုးကို ပြောတာမဟုတ်ဘူးနော်…”
“ရှိပါတယ်ဗျ …လပြည့်နေစီရင်လို့ ရတဲ့ အစီအရင်တွေကတော့ အများကြီးပဲ …ခင်ဗျာ…ပြောသလို
လွယ်တာဆိုရင်တော့ ရှိပါတယ်…
လိုက္မွတ္ထားလိုက္…
ပထမဦးစွာလင်ဗန်းတစ်ချပ်ရှာပါ…
လင်ဗန်းထဲကို လက်ဖက် ၉ပုံ ပုံလိုက်ပါ..
လက်ဖက် ၉ပုံကို စက်ဝိုင်းသဏ္ဍာန်ပုံနော် …
ပုံပြီးရင် လက်ဖက်ကိုးပုံကြားထဲမှာ လိမ္မော်သီး ကိုးမွှာထည့်ထားလိုက် ….အဲဒီနောက်အလယ်မှာ လစ်ပိုပုလင်းတစ်လုံးထားလိုက်ပါ… လစ်ပို ပုလင်းပေါ် ဖယောင်းတိုင်အစိမ်းတစ်တိုင်းထွန်းညှိပြီး အိမ်ကဘုရားမှာ ပူဇော်လိုက်ပါ။ လပြည့်နေ့နံနက်ခင်းမှာ စီရင်ရမှာနော်…မည်သည့် လပြည့်မဆို စီရင်လို့ရတယ်…အဲလိုမျိုး လပြည့်နေ့နံနက်မှာ
ပူဇော်ပြီးရင် မွန်းလွဲချိန်ရောက်ရင်တော့ ကျန်တာတွေစွန့်လိုက်….လစ်ပိုပုလင်းကိုတော့ဖွင့်…
ဖန်ခွက်ထဲ ငှဲ့ထည့်ပြီး ဘုရားကိုကပ်လှူလိုက်ပေါ့ဗျ
ဒါလေးပဲ ဘာခက်တာမှတ်လို့ “
” နည်းကတော့ လွယ်သားပဲနော်…အကျိုးပေးကရောဆရာ … “
“အကျိုးပေးကတော့ ကံတွေပွင့်တယ်ကွာ …
ရောင်းပန်းဝယ်ပန်းတွေကောင်းတယ်…
ငွေကြေးလာဘ်လာဘပေါတယ်..”
“ကျေးဇူးပဲ ဆရာ ဒီအစီအရင်ကိုလုပ်ကြည့်မယ်…”
“ကောင်းပါတယ်ဗျ လပြည့်နေ့တိုင်းလုပ်နိုင်ရင်ပိုကောင်းတယ်…အပန်းမှမကြီးတာဗျာ…”
” ကျေးဇူးပါပဲ..ဆရာရေ..”
ကျေးဇူးပါပဲ ….ပြော၍ ကျွန်ုပ်၏ ရေခဲသေတ္တာထဲမှ လစ်ပို ပုလင်းကိုဖောက်သောက်ပြီး ပြန်သွားလေတော့သည်။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695 )

ဘာပဲရောင်းရောင်း အရောင်းသွက်စေဖို့

ဝါကျွတ်ပြီဆိုပေမဲ့ မိုးကကောင်းနေဆဲ။ ကောင်းကင်မှာ တိမ်သားညိုညိုတွေ စုဝေးနေပြန်ပြီ။ ဘယ်အချိန်ရွာချအုန်းမလဲ မသိ။ မိုးကြောင့် လမ်းပေါ်မှာ လုှပ်ရှားရုန်းကန်နေရသူတွေ ဒုက္ခများရသလို တောင်သူလယ်သမားတွေအတွက်လဲ စပါးရိတ်သိမ်းချိန်ဖြစ်တာကြောင့် သောကများရသည်မဟုတ်လား။ လိုအပ်ချိန်မှာ ရောက်ရှိလာတာဟာအဆင်ပြေပေမဲ့ မလိုအပ်ချိန်မှာ ရောက်လာတာဟာ ဒုက္ခပိုစေတယ်လို့ တွေးနေမိသည်။
မိုးစိုမှာ စိုးတာကြောင့်အပြင်မထွက်ဘဲ စာအုပ်ဖတ်နေမိသည်။ အခုလဲ… စာလဲဖတ်တာ တစ်အုပ်ပြီးသွားပြန်ပြီ..စာရေးရင်ကောင်းမလား ….ဘယ်အကြောင်းအရာရေးရမလဲ…? တိုက်တိုက်ဆိုင်ဆိုင်ပဲဒီနေ့မနက်ဗေဒင်လာမေးသူနှစ်ယောက်စလုံး ဈေးရောင်းမကောင်း၍လာမေးကြသူတွေပင်… ဒီအကြောင်းပဲပြောကြရအောင်…
ဘာလို့စျေးရောင်းမကောင်းတာလဲလို့ မေးလိုက်ရင် “ကံညံ့နေလို့နဲ့တူတယ်..ဆရာ”လို့ဖြေကြတာအများအပြားတွေ့ရပါတယ်။
အဲဒီကံဆိုတာႀကီးကို ခဏထားပါအံုး
မိမိရဲ့ဆက်ဆံရေး
မိမိရောင်းတဲ့ပစ္စည်းစျေးနှုန်း
မိမိရဲ့စေတနာထားမှု ….စတဲ့ မရေတွက်နိုင်တဲ့ အကြောင်းတရားတွေကိုအရင်စဉ်းစားပါအုံး …
ငါဘာလိုအပ်နေလဲ …
ငါဘာပြုပြင်ရမလဲ ….စတာတွေကို ပြုပြင်ဖာထေးပြီးမှ ကံညံ့နေတယ်ဆိုတဲ့ ခေါင်းစဉ်ကို စဉ်းစားပါ။
ဗေဒင်ဆရာကတော့ ဇာတာရှင်ရဲ့ကံဇာတာကို ကြည့်ပြီး လိုအပ်တဲ့ယတြာတော့ ပေးမှာပါပဲ ။ မိမိကိုယ်တိုင်က စိတ်ကောင်းစေတနာကောင်းလေးနဲ့
မလှူတတ်ရင်စျေးရောင်းဆိုတဲ့ စကားနဲ့အညီကျင့်သုံးသင့်သည်မဟုတ်လား
ဗေဒင်အခန်းကဏ္ဍကို သွားလိုက်ရအောင်….။
စျေးရောင်းမကောင်းလို့ ရောင်းပန်းဝယ်ပန်းတွေပွင့်အောင် စီရင်တဲ့ အစီအရင်တွေ ယတြာတွေကလဲ
အများကြီးပါပဲ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပါပဲ။ အခုပြောပြမဲ့ အစီအရင်ကတော့ မိမိဆိုင်ရဲ့ ကောင်တာစားပွဲမှာ တင်ထားရမဲ့ အစီအရင်ပါ။
ဘာပဲရောင်းရောင်း စျေးရောင်းကောင်းချင်ရင်စီရင်လို့ရတဲ့ အစီအရင်ပါ။
တနဂၤေႏြ သားသမီး
ဆိုင်ရဲ့ကောင်တာမှာ အိုးစည်ရုပ်လေးကို တနင်္ဂနွေနေ့ မနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
တနလၤာ သားသမီး
ဆိုင်ရဲ့ကောင်တာမှာ ကလပ်ပေါ် ခေါင်းလောင်းတင်ပြီး တနင်္လာနေ့နံနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
အဂၤါ သားသမီး
ဆိုင်ရဲ့ကောင်တာမှာ ဆင်ဖြူ ရုပ်လေးကို အင်္ဂါနေ့နံနက်၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
ဗုဒၶဟူး သားသမီး
ဆိုင်ရဲ့ကောင်တာမှာ ရွှေဟင်္သာရုပ်လေးကို ဗုဒ္ဓဟူးနေ့ နံနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
ၾကာသပေတး သားသမီး
ဆိုင်ရဲ့ကောင်တာမှာ ပစ်တိုင်းထောင်ရုပ်လေးကို ကြာသပတေးနေ့ နံနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
ေသာၾကာ သားသမီး
ဆိုင်ရဲ့ကောင်တာမှာ သဲအိုးလေးတစ်အိုးကို သောကြာနေ့ နံနက်၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီးတင်ထားလိုက်ပါ။
စေန သားသမီး
ဆိုင်ရဲ့ကောင်တာမှာ တံခွန် ၉ လက်တိတိကိုစနေနေ့ နံနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့
ဆုတောင်းပြီး တင်ထားလိုက်ပါ။
ဒါလောက်ဆို သဘောပေါက်လောက်မယ်လို့တော့ ထင်ပါတယ်။ ဒီအစီအရင်ကို စီရင်တော့မယ်ဆိုရင်တော့ ဒီအစီအရင်နဲ့ တွဲလုပ်သင့်တာက မေတ္တာပို့တာပါ။ နေ့တိုင်း မိမိရဲ့ customersတွေကို မေတ္တာပို့ပါ။ မိမိရဲ့ ထမင်းရှင်တွေလို့သဘောထားပြီး လေးလေးနက်နက် မေတ္တာပို့ပေးပါ။ မေတ္တာမပွားနိုင်ဘူးဆိုရင်တော့ ဒီအစီအရင်ကို စီရင်ဖို့မသင့်ပါဘူး။
မေတ္တသုတ်ရတဲ့ သူတွေကလဲ အချိန်ရတိုင်း မေတ္တသုတ်ကို ရွတ်ဖတ်နေသင့်ပါတယ်။ မိမိသိသလောက်တော့ ပညာဒါနပြုလိုက်ပါပြီ…၇ရက်သားသမီးအပေါင်း ရောင်းပန်းဝယ်ပန်းတွေ ပွင့်လန်းကြပါစေ ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695 )

သင့် ဘဝ အဖော်မွန် အကြောင်း 💑 ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

💝 အကယ်၍သင်၏ဘဝအဖော်မွန်သည် 💝
❝ ၁၂၈၂ ၊ ၁၂၈၉ ၊ ၁၂၉၆ ၊ ၁၃၀၃ ။ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ၊ ၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊ ၁၃၅၂ ၊ ၁၃၅၉ ❞
စသော မြန်မာမွေးသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက….
💓 သူ၏ စိတ်ပိုင်းဆိုင်ရာ💓
သူသည် လူဖြောင့်စိတ်တိုဖြစ်၏။ နေရာတကာတွင် ဦးဆောင်လိုသောသူဖြစ်၏။ စိတ်လည်း အလွန်မြန်သူ ဖြစ်၏။ သည်းခံလိုသော စိတ်လည်း မရှိ။ မည်သည့်အရာကိုမျှ အားမနာတတ်ပေ။ သူသည် ခက်ထန်၏။ မခံချင် စိတ်လည်း အလွန်ကြီးမားသူဖြစ်လေသည်။
💖 သူ၏ ရုပ်ပိုင်းဆိုင်ရာ 💖
သူ့ကိုကြည့်လျှင် အစဉ်အမြဲ ဖြတ်လတ်နေ၏။ ဘာကိုပဲလုပ်လုပ် လျင်လျင်မြန်မြန် ဆောင်ရွက်လေ့ရှိ၏။ သူ၏ ကိုယ်ခန္ဓာသည် မာကျော၍ ကျစ်လစ်နေ၏။ အရပ်အနည်းငယ် ပုဟန်ရှိ၏။ ဟန်ဆောင်ကောင်း၏။ ရဲရင့်၏။ သူ၏အသံသည် အစဉ်ကျယ်၏။ သူသည် ပိန်ပါက ရောဂါမကင်းချေ။
💞 သူ၏ စီပွားရေး ၊ လူမှု့ရေးဆိုင်ရာ 💞
စျေးသည်၊ ကုန်သည်လုပ်ငန်း အကျိုးမပြုခြင်း ။ လူအများနှင့် ပူးတွဲပေါင်းစပ် အကျိုးမခံစားရခြင်း ၊ သူတစ်ပါး ကို အားကိုးယုံကြည်လျှင် ဒုက္ခဖြစ်လွယ်ခြင်း ၊ ကိုယ်ဒူး ကိုယ်ချွန်မှ အကျိုးခံစားရခြင်း ၊ မိဘ ၊ ဆွေမျိုး ၊အိမ်ထောင်ဖက် ၊ ဆရာတပည့်များ၏ အကျိုး မခံစားရခြင်း။
💗 ကျန်မာရေးဆိုင်ရာ 💗
သူသည် လေရောဂါ ၊ လိပ်ခေါင်းရောဂါ ၊ ဒူလာရောဂါ ၊ မီးယပ်ရောဂါ ၊ ဝမ်းကိုက်ရောဂါ ၊ ရင်ခေါင်းစသည် တို့တွင် ဖြစ်တတ်တဲ့ ရောဂါများ။ အစာအိမ်ရောဂါ။ သည်းခြေရောဂါ။ ရေချိုးမှားခြင်း။ အဆုတ်ရေဝင်ခြင်း စသောရောဂါများ ဖြစ်တတ်ပါတယ်။
💟 လိုက်နာကျင့်ဆောင်ဖွယ် 💟
လူအောက်ကြို့ပေါင်းရမယ်တဲ့။ သူတစ်ပါးတွေကို လုံးဝ အားမကိုးရဘူး။ ကိုယ်ပေါင်း စိတ်ခွါပေါင်းသင်း ဆက်ဆံ ရမယ်။ လူတွေနဲ့ စိတ်ရှည် သီခံတတ်မယ်ဆိုရင် သင်၏ ဘဝကြင်ဖော်သည် မုချ အောင်မြင်သော ပုဂ္ဂိုလ် ဖြစ်လာ ပါလိမ့်မည်။
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
💝 အကယ်၍သင်၏ ဘဝအဖော်မွန်သည် 💝
❝ ၁၂၆၉ ၊ ၁၂၇၆ ၊ ၁၂၈၃ ၊ ၁၂၉၀ ၊ ၁၂၉၇ ၊ ၁၃၀၄ ၊ ၁၃၁၁ ၊ ၁၃၁၈ ၊ ၁၃၂၅ ၊ ၁၃၃၂ ၊ ၁၃၃၉ ၊ ၁၃၄၆ ၊၁၃၅၃ ၊ ၁၃၆၀ ❞
စသော မြန်မာသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက
💓 စိတ်ပိုင်းဆိုင်ရာ 💓
သူဟာ တစ်ဖက်သတ်တစ်ယူသန်ဆန်တယ်။ တရားတစ်ဖက် ဓားတစ်ဖက် ပြုကျင့်လွယ်တယ်။ သူ့ကို အုပ်ချုပ် မှု ကို အလွန်ဆန့်ကျင်တတ်တယ်။ အယူအဆအစွဲအလမ်း ကြီးမားတတ်တယ်။ ဘာသာတရားနဲ့ နတ်ကို ယုံကြည် တတ်တယ်။
💖 ရုပ်ပိုင်းဆိုင်ရာ 💖
အကြောများသန်စွမ်းမာကြောခြင်း၊ အနေအထိုင် သတ်ရပ်သိမ်မွေ့ဟန်ရှိခြင်း၊ အပေါင်းအသင်းနှင့် ပူးတွဲနေထိုင် ပျော်ပါးခြင်း။ ဟန်ဆောင်ကောင်းတယ်။ လက်တွေ့ဆန်လွန်းတယ်။
💞 စီးပွားရေး၊လူမှု့ရေးဆိုင်ရာ 💞
မိမိသဘောအတိုင်း စွန့်စားလုပ်ကိုင်မယ်ဆိုရင် အမှားများမယ်။ ပျက်စီးမယ်။ ပူးတွဲပေါင်းစပ် အုပ်ချုပ်မှု့ အောက်မှာ လုပ်ကိုင်မယ်ဆိုရင် ကြီးပွားလွယ်တယ်။ အပေါင်းအသင်းကြောင့် ပျက်စီးလွယ်ခြင်း။ အုပ်ချုပ်မှု့ကို သည်းမခံနိုင်တဲ့ အတွက် သူ့မှာ အတိုက်အခံတွေ များမယ်။ စိတ်ဆင်းရဲရမယ်။
💗 ကျန်းမာရေးဆိုင်ရာ 💗
ဦးနှောက်အာရုံကြောတွေ ပျက်စီးလွယ်တယ်။ နှလုံးရောဂါလည်း ဖြစ်ပွားလွယ်တယ်။ မျက်စေ့၊နား။ အာရုံခံစားမှုများ ပျက်စီးလွယ်တယ်။ သည်းခြေပျက် မှတ်ညာဏ်ပျက်ခြင်းများ ဖြစ်တတ်တယ်။
💟 လိုက်နာကျင့်ဆောင်ရန် 💟
မိမိသဘောနဲ့ စိတ်ထင်ရာ မလုပ်နဲ့။ မိဘ ဆရာ အုပ်ထိမ်းသူတို့၏ သဘောကို လိုက်နာရမယ်။ အရမ်းကြီး လွတ်လွတ်လတ်လတ် မနေရဘူး။ ရုတ်တရက် စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ ဒါဆိုသေချာပေါက် အောင်မြင်မယ်။
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
💝 အကယ်၍ သင်၏ ဘဝအဖော်မွန်သည် 💝
❝ ၁၂၇၀ ၊ ၁၂၇၇ ၊၁၂၈၄ ၊၁၂၉၁ ၊၁၂၉၈ ၊၁၃၀၅ ၊၁၃၁၂ ၊၁၃၁၉ ၊ ၁၃၁၉ ၊ ၁၃၂၆ ၊ ၁၃၃၃ ၁၃၄၀ ၊
၁၃၄၇ ၊ ၁၃၅၄ ၊ ၁၃၆၁ ❞
စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက…………….
💓 စိတ်ပိုင်းဆိုင်ရာ 💓
စိတ်တိုခြင်း ၊ စိတ်မြန်ခြင်း ၊ နှုတ်ထွက်စကားဆိုးခြင်း ၊ ကြမ်းခြင်း ၊ ဘုဘောက်ဆက်ဆံခြင်း ၊ အတိုက်အခံ စိတ် ကြီးမားခြင်း ၊မျိုသိပ်မထားနိုင်ခြင်း ။
💖 ရုပ်ပိုင်းဆိုင်ရာ 💖
လှုပ်ရှားပြောင်းလဲမှုများခြင်း ၊သွေးသားအုပ်စုနှင့်မတည့်ခြင်း ၊မွေးရပ်မြေမှ လွင့်ပါးနေရခြင်း ၊ အိမ်ထောင်ရေး ရုတ်တရက်ကျခြင်း ၊ပျက်စီးလွယ်ခြင်း ၊မွေးချင်းမိဘနှင့် ခွဲခွါရတတ်ခြင်း ။
💞 စီးပွားရေး ၊ လူမှူ့ရေးဆိုင်ရာ 💞
မခံချင်စိတ်ကြောင့် ပျက်စီးလွယ်ခြင်း ၊ စကားများများပြောက အတိုက်အခံကြုံရခြင်း ၊ ခရီးများများသွားပါက ရန် များခြင်း ၊ ကျန်းမားရေးညံ့ခြင်း ၊ သွားလေရာ အိမ်ထောင်ကျလွယ်ခြင်း ၊ အိမ်ထောင်ဆက်များခြင်း ။
💗 ကျန်းမားရေးဆိုင်ရာ 💗
ခံတွင်းနှင့်သွား ပျက်စီးလွယ်ခြင်း ၊ လေအောင့် ရင်အောင့် ရောဂါရလွယ်ခြင်း ၊ ခြေထောက် ထိခိုက်ပျက်စီးခြင်း ၊ ခွဲစိပ်ရောဂါများ ဖြစ်ပွါးလွယ်ခြင်း ၊လေဖြတ်တတ်ခြင်း ။
💟 လိုက်နာကျင့်ဆောင်ရန် 💟
စကားပြောသိမ်မွေ့ပါ ၊ အတိုက်အခံသဘောရှောင် ၊ ခရီးသွားလာမှူ့ များခြင်းကိုရှောင်ကျဉ်ခြင်း ၊ စိတ်ပိုင်း ရုပ်ပိုင်း တည်ငြိမ်စွာနေခြင်း ၊ရုတ်တရက် တဇွတ်ထိုးစကားမပြောရ ။
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
💝 အကယ်၍ သင်၏ ဘဝအဖော်မွန်သည် 💝
❝ ၁၂၇၁ ၊ ၁၂၇၈ ၊၁၂၈၅ ၊၁၂၉၂ ၊၁၂၉၉ ၊၁၃၀၆ ၊၁၃၁၃ ၊၁၃၂၀ ၊ ၁၃၂၇ ၊ ၁၃၃၄ ၊ ၁၃၄၁ ၊ ၁၃၄၈ ၊ ၁၃၅၅ ၊ ၁၃၆၂ ❞
စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက…..
💓 စိတ်ပိုင်းဆိုင်ရာ 💓
မခံချင်စိတ်ကြောင့် လောဘကြီးဟန်ဖြစ်ခြင်း ၊ ဖြတ်လမ်းသဘောလုပ်ငန်းလုပ်လိုခြင်း ၊ မခံချင်စိတ်ဖြစ်လွယ် ခြင်း ၊ စိတ်ကျေနပ်ရောင့်ရဲမှူ့နည်း၍ အပြောင်းအလဲမြန်ခြင်း ၊အယုံလွယ်ခြင်း ။
💖 ရုပ်ပိုင်းဆိုင်းရာ 💖
ဟန်- မာန်-အကြွား သဘောဆောင်ခြင်း ၊ လုပ်ငန်းများလုပ်ရာတွင် မသေသပ်ခြင်း ၊ ဂဏာမငြိမ်သော အမူအ ရာ ဖြစ်ခြင်း ၊ ဘုမသိဘမသိ သဘောနှင့် အိမ်ထောင်ပြုရတတ်ခြင်း ။
💞 စီးပွားရေး ၊ လူမှှုရေးဆိုင်ရာ 💞
အတိုက်အခံ ရန်ပေါများခြင်း ၊ လုပ်ငန်းများ အမျိုးမျိုးပြောင်းလဲခြင်း ၊ လက်တွေ့ဆန်ခြင်း ၊ စီးပွားရေးလောဘကြီး သောကြောင့် ရုတ်တရက် ပျက်စီးတတ်ခြင်း ၊ ဧည့်ဝတ် မကျေပွန်တတ်ခြင်း ။
💗 ကျန်းမာရေးဆိုင်ရာ 💗
သွေးနှင့်ပတ်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း ၊ ခွဲစိတ်ဖြတ်တောက် ရောဂါများ ကြုံလွယ်ခြင်း ၊ ရုတ်တရက် ဘေး ဥပါဒ်ကြံုခြင်း ၊ သွေးတိုး ၊ အကြောပြတ် ၊ သွေးသွန် ၊ သားပျက်ဖြစ်လွယ်ခြင်း ။
💟 လိုက်နာကျင့်ဆောင်ရန် 💟
ဖြတ်လမ်းသဘောပါသော စီးပွားရေးများမလုပ်ခြင်း ၊မခံချင်စိတ် လောဘစိတ် ၊ထိန်းသိမ်းနိုင်ခြင်း ၊ လုပ်ငန်း အမျိုးမျိုး မပြောင်းလဲခြင်း ၊ တစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းပြုပါ
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
💝 အကယ်၍ သင်၏ ဘဝအဖော်မွန်သည် 💝
❝ ၁၂၇၂ ၊ ၁၂၇၉ ၊၁၂၈၆ ၊၁၂၉၃ ၊၁၃၀၀ ၊၁၃၀၇ ၊
၁၃၁၄ ၊၁၃၂၁ ၊ ၁၃၂၈ ၊ ၁၃၃၅ ၊ ၁၃၄၂ ၊ ၁၃၄၉ ၊ ၁၃၅၆ ၊ ၁၃၆၃ ❞
စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက…..
💓 စိတ်ပိုင်းဆိုင်ရာ 💓
တစ်သီးတစ်သန့် နေလိုစိတ်ကြီးမားတယ်။ သွေးသားဆွေမျိုးသားချင်းတွေနဲ့ မပျော်မွေ့ခြင်း။ အိမ်ထောင်ရေးကို စိတ်ကုန်မြန်ခြင်း။ အတွေးအခေါ်နှင့် ပေါင်းသင်းဆက်ဆံရေးတွင် တည်ငြိမ်ခန့်ငြားတယ်။
💖 ရုပ်ပိုင်းဆိုင်ရာ 💖
အနေအထိုင်သန့်ပြန်တယ်။ လူနေဟန်ထား ခန့်ခြားတယ်။ အိမ်ထောင်ဖက်၏ ကောင်းကျိုးကို မခံစားရခြင်း။ အပြင် လူများ၏ လေးစားခံရလွယ်ခြင်း အထင်ကြီးခံရခြင်း။
💞 စီးပွားရေးနှင့် လူမှု့ရေးဆိုင်ရာ 💞
အိမ်တွင်းစီးပွားရေး မထွန်းကားဘူး။ ဆွေမျိုးသားချင်းတွေနဲ့ ပေါင်းစပ်ပြီး စပ်တူစီးပွားရေး လုပ်ကိုင်မရဘူး။ အိမ် အပြင်မှာဆိုရင်တော့ အောင်မြင်လွယ်တယ်။ ကျော်ကြားလွယ်တယ်။ ဆွေမျိုးသားချင်းတွေပေးတဲ့ ဒုက္ခကို ခါးစည်း ခံရမယ်။
💗 ကျန်းမာရေးဆိုင်ရာ 💗
ဦးခါင်း၊ဦးနှောက်ရောဂါဖြစ်ပွားလွယ်တယ်။ ခေါင်းမူးမယ်။ သွေးတက်တယ်။ ဆီးရောဂါဖြစ်ပွားလွယ်တယ်။ ဒူလာမုတ် ကျရောဂါ ဖြစ်လွယ်တယ်။ ဒူးခေါင်းကိုက်ခြင်း၊ ဦးခေါင်းကိုက်ခြင်း၊ ရောင်ခြင်းများနှင့် အမျိုးသမီးဆိုပါက သားအိမ် တွင်ရောဂါ ဖြစ်တတ်ပါတယ်။
💟 လိုက်နာကျင်ဆောင်ရန် 💟
တစ်ကိုယ်ကောင်းမဆန်သင့်ပါဘူး။ တစ်ယောက်တည်း အထီးကျန်ဆန်စွာ မနေသင့်ပါဘူး။ ဆွေမျိုးတွေနှင့် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နေထိုင်သင့်ပါတယ်။ အိမ်ထောင်ရေးကို ပျော်ရွှင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တစ်ဖက်သတ် အနိုင်မယူသင့်ပါဘူး။
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
💝 အကယ်၍ သင်၏ ဘဝအဖော်မွန်သည် 💝
❝ ၁၂၇၃ ၊ ၁၂၈၀ ၊၁၂၈၇ ၊၁၂၉၄ ၊၁၃၀၁ ၊၁၃၀၈ ၊
၁၃၁၅ ၊၁၃၂၂ ၊ ၁၃၂၉ ၊ ၁၃၃၆ ၊ ၁၃၄၃ ၊ ၁၃၅၀ ၊ ၁၃၅၇ ၊ ၁၃၆၄ ❞
စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက…..
💓 စိတ်ပိုင်းဆိုင်ရာ 💓
သူဟာ စိတ်ကူးအရမ်း ယဉ်တတ်တယ်။ လူတစ်ဖက်သားကို ခွင့်လွှတ်တတ်တယ်။ ဟန်ဆောင် အရမ်းကောင်း တယ်။ အားနာတတ်တယ်။ ပရိယာယ် ကြွယ်ဝတယ်။ လိမ်တတ်တယ် ၊ လှည့်စားတတ်တယ်။ စိတ်အပြောင်း အလဲ မြန်တယ်။
💖 ရုပ်ပိုင်းဆိုင်ရာ 💖
ဟန်ကောင်းကောင်းနဲ့ ပျော်ပျော်နေတတ်တယ်။ စကားကို လွယ်လွယ်ပြောတတ်တယ်။ ဂတိပေး အရမ်းမြန် တယ်။ အာမခံ ရဲတယ်။ လူတွေကို အပေါ်ယံ သကာလောင်း ဆက်ဆံတတ်တယ်။
💞 စီးပွားရေး-လူမှုရေးဆိုင်ရာ 💞
ပေါင်းသင်းဆက်ဆံရေး ကောင်းပေမယ့် သူရဲ့ ဟန်ဆောင်တတ်တာရယ်၊ ကြွားတတ်တာရယ်ကြောင့် အောင်မြင်မှု့ မရတတ်ဘူး။ အားနာတတ်လို့လည်း မကြာခဏ အခက်တွေ့ရတတ်တယ်။ သူတို့ဘဝမှာ အချစ်ရေး အိမ်ထောင်ရေး အရှုပ်အထွေးတွေများတယ်။ နောက်ပြီး ဂတိပေးပြီး ဂတိပျက်တတ်သောကြောင့် လူတွေက သူ့ကို မယုံမကြည် ဖြစ်တတ်တယ်။
💗 ကျန်းမာရေးဆိုင်ရာ 💗
အကြောနှင့်ပါတ်သက်သောရောဂါများ ဖြစ်တတ်တယ်။ အစာအိမ်ရောဂါ နှင့် လေထိုးလေအောင့်ရောဂါတွေ ဖြစ်တတ်တယ်။ နောက်ပြီး ခြေလက်ကပ်ခြင်း အကြောသေခြင်းတွေကိုလည်း သတိထားသင့်တယ်။
💟 လိုက်နာကျင့်ဆောင်ရန် 💟
လူတွေကို ဟန်ဆောင်မှု့ မရှိဘဲ ဆက်ဆံပါ။ ပေးထားသော ဂတိတစ်ခုကို တန်ဖိုးထားပါ။ အားမနာတတ်အောင် ကြိုးစားပါ။ အချစ်ရေးနျင့် အိမ်ထောင်ရေးကိစ္စများတွင် သစ္စာရှိပါ။
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
💝 အကယ်၍ သင်၏ ဘဝအဖော်မွန်သည် 💝
❝ ၁၂၇၄ ၊ ၁၂၈၁ ၊၁၂၈၈ ၊၁၂၉၅ ၊၁၃၀၂ ၊၁၃၀၉ ၊
၁၃၁၆ ၊၁၃၂၃ ၊ ၁၃၃၀ ၊ ၁၃၃၇ ၊ ၁၃၄၄ ၊ ၁၃၅၁ ၊ ၁၃၅၈ ၊ ၁၃၆၅ ❞
စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက…..
💓 စိတ်ပိုင်းဆိုင်ရာ 💓
လျင်မြန်စွာ ဆုံးဖြတ်ချက်ချတတ်တယ်။ မခံချင်စိတ် အရမ်းကြီးမားတယ်။ ဒေါသလည်းကြီးတယ်။ မျိုသိပ်မထား တတ်ဘူး။ နောက် ပေါက်ကွဲလွယ်တယ်။
💖 ရုပ်ပိုင်းဆိုင်ရာ 💖
သူက- အလှအပမက်မောတယ်။ နောက်ပြီး အရမ်းလည်း မွမ်းမံပြင်ဆင်တတ်တယ်တဲ့။ ခေတ်ဆန်တယ်။ မာန်မာန ကတော့ ကြီးသလားမမေးနဲ့။ ကြည့်လိုက်ရင် သွက်သွက်လက်လက်ကလေးပဲ။
သိပ်တော့ တည်ငြိမ်မှု့ မရှိဘူး။
💞 စီးပွားရေးနှင့်-လူမှု့ရေး 💞
လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့ ပရိယာယ်ကြွယ်တယ်။ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဟန်ဆောင်သိပ်ကောင်း တယ်။ အနုပညာတွေ ဘာတွေလုပ်ရင် ထွန်းပေါက် အောင်မြင်လွယ်တယ်။ အိမ်ထောင်ရေးကတော့ သူ့စိတ် ကြီး ပဲဆိုတော့ သိပ်အဆင်မပြေလှဘူး။ အလျိုတွေ လူပျိုတွေဆိုရင်တော့ အချစ်ဇာတ်လမ်းလေးတွေ များတတ် တယ်ပေါ့။
💗 ကျန်းမာရေးဆိုင်ရာ 💗
နှလုံးရောဂါ ၊ သွေးအားနည်းတဲ့ရောဂါ ၊ ရင်တုန်ခြင်း ၊ သည်းခြေပျက်တဲ့ရောဂါ ၊ မူးဝေမောပန်းခြင်းများ ဖြစ်တတ် တယ်။
💟 လိုက်နာကျင်ဆောင်ရန် 💟
စိတ်ရှည်ရှည်ထားပါ။ သည်းခံစိတ်ကို အကျအန မွေးမြူပါ။ စိတ်လိုက်မာန်ပါ မလုပ်နဲ။
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
❉ မြန်မာသက္ကရာဇ်မသိတဲ့ မိတ်ဆွေတွေအတွက်
တွတ်နည်းတခုသင်ပေးလိုက်မယ်။
❉ အဂၤလိပ္သကၠရာဇ္ထဲ က 638 ကိုႏုတ္လိုက္ပါ။
❉ ဥပမာ – 1982 မွေးတဲ့သူဆို 638 နုတ်လိုက်ရင် ၁၃၄၄ မြန်မာသက္ကရာဇ်ရပါတယ်။
✦ တခုမွတ္ထားရမွာက ✦
❉ မြန်မာသက္ကရာဇ်ကို တန်ခူးလကစတာမို့လို့ ၁လ၊ ၂လ၊ ၃လပိုင်းနဲ့၄လပိုင်း သင်္ကြန် မတိုင်ခင်
မွေးတဲ့သူများကတော့ ရတဲ့ အဖြေကို ( ၁ ) တိုးယူပါ။ ၁၃၄၄ တို ၁၃၄၃ ပေါ့။ နားလည်မယ်ထင်ပါတယ်။
Credit -ေဝဒဂၤ
မှတ်ချက်
ဝေဒင်္ဂ pageမှကူးယူးဖော်ပြပေးခြင်းဖြစ်ပါတယ်။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ပျော်ရွှင်တဲ့တဲ့ဘဝ ….အောင်မြင်တဲ့ မိသားစု

    ဝါကျွတ်ပြီးကတည်းက လက်ထပ်ဖို့ ရက်ရွေးကြတဲ့ သူတွေ ၊ ဇာတာတိုက်စစ်ကြသူတွေ မကြာခဏရောက်လာတတ်ပါတယ်။ မင်္ဂလာရက် မင်္ဂလာအချိန် ရွေးချယ်ရုံမျှမက ဒီဘက်ခေတ်မှာ တရားရုံးလက်မှတ်ထိုးမဲ့နေ့၊ အသုံးပြုရမဲ့ မင်္ဂလာပန်း၊ မင်္ဂလာဝတ်စုံအရောင် ၊ အဆင်ပြေမဲ့ မင်္ဂလာခန်းမ စသည်ဖြင့် အသေးစိပ်ရွေးချယ်ပေးရလေ့ရှိပါတယ်။ 

  ဒါ့အပြင် လက်ထပ်ပြီးရင် အိမ်ထောင်ရေးသာယာချမ်းမြေ့ဖို့ ၊ရေရှည်မြဲဖို့၊ စီးပွားတတ်ဖို့ ၊သားကောင်းရတနာ ထွန်းကားဖို့ဆိုတာကလဲ ထပ်မံအကူအညီတောင်းကြပြန်ပါသေးတယ်။ 

 ဒါကလဲ မိမိတတ်နိုင်သ၍တော့ အကောင်းဆုံးအကူအညီပေးလိုက်တာပါပဲ။  အိမ်ထောင်ကျပြီး အိမ်ထောင်ရေးကံမကောင်းကြတာ ၊ စီးပွားရေးအဆင်မပြေကြတာ ၊ အလုပ်အကိုင်မကောင်းကြတာတွေလဲ ခဏခဏမြင်ရတွေ့ရနေဆဲပါ။ 

   အိမ်ထောင်ရေးတော့ အဆင်ပြေပါရဲ့ အလုပ်က 

မကောင်းဆိုတာတွေ …

စီးပွားဖြစ်ပေမဲ့ အိမ်ထောင်ရေးကတော့  

တကျက်ကျက်ဆိုတာတွေ…..

အိမ်ထောင်ရေး စီးပွားရေးကောင်းပေမဲ့ ယောက္ခမနဲ့ အဆင်မပြေတာ/ယောက်ဖနဲ့ အဆင်မပြေတာ/ 

ယောင်းမတွေနဲ့ အဆင်မပြေတာတွေ ….

စသည်ဖြင့် တစ်မျိုးပြီး တစ်မျိုး ဖြစ်နေကြပါတယ်။ 

ကျွန်တော်ဘက်ကတော့ လာမေးသမျှလူအားလုံးကို မိမိတတ်သည့် ပညာဖြင့် ကူညီပေးနေကြပါပဲ။ 

   အိမ်ထောင်ရေးသာယာဖို့ အဆင်ပြေဖို့ စီရင်ပေးခဲ့ပေါင်းများပါပြီ။ အချိုယတြာတွေက အိမ်ထောင်ရေးတော့ အဆင်ပြေပါရဲ့ …စီးပွားရေးကိုတော့ အထောက်အပံ့မဖြစ်စေပါဘူး။ အချို့အစီအရင်တွေဆိုလဲ စီးပွားရေးတော့ ကောင်းပါရဲ့ …အိမ်ထောင်ရေးသာယာမှုကိုတော့ မပေးစွမ်းပါဘူး။ အခု ကျွန်တော်

ပေးမဲ့ ယတြာလေးက အိမ်ထောင်ရေးသာယာစေမည့်အပြင် စီးပွားရေး၊အလုပ်အကိုင်၊ လူမှုရေးစတဲ့ အဘက်ဘက်က အဆင်ပြေလာမဲ့ နည်းလေးပါ။ တစ်သက်တာ စီရင်လို့ ရတဲ့ ယတြာလေးပါ။ ကဲလိုက်မှတ်ထားလိုက်ရအောင်ဗျာ..

တနဂၤေႏြသားသမီး 

  တနင်္ဂနွေနေ့ မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ အုန်း ၆ညွှန့်၊ ရွက်လှ ၁၇ညွှန့် ၊ မေမြို့ပန်း ၁၉ပွင့် လှူဒါန်းဆုတောင်းရမည်

တနလၤာသားသမီး 

     တနင်္လာနေ့ မနက်၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ ကံ့ကော် ၁၅ညွှန့် ၊ သပြေ ၂၁ညွှန့်၊ မေမြို့ပန်း ၁၉ပွင့် လှူဒါန်းဆုတောင်းရမည်။

အင်္ဂါသားသမီးများ

      အင်္ဂါနေ့မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ  

ဇော်စိမ်း ၈ညွှန့်၊ နှင်းဆီ ၁၀ပွင့် ၊သပြေ ၂၁ညွှန့်

လှူဒါန်း ဆုတောင်းရမည်။ 

ဗုဒ္ဓဟူးသားသမီးများ 

      ဗုဒ္ဓဟူးနေ့မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ ရွက်လှ ၁၇ညွှန့် ၊ အုန်းညွှန့် ၆ညွှန့်၊ နှင်းဆီ ၁၀ပွင့် လှူဒါန်း ဆုတောင်းရမည်။ 

ကြာသပတေးသားသမီးများ 

    ကြာသပတေးနေ့ မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ မေမြို့ ၁၉ပွင့် ၊ကံ့ကော် ၁၅ညွှန့်၊ အုန်း ၆ညွှန့် လှူဒါန်း ဆုတောင်းရမည်။ 

သောကြာသားသမီးများ 

    သောကြာနေ့ မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ သီဟို ၂၁ညွှန့်၊ ဇီး ၈ညွှန့် ၊ ကံ့ကော် ၁၅ညွှန့် လှူဒါန်း ဆုတောင်းရမည်။ 

စနေသားသမီးများ 

     စနေနေ့ မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ

ဒန်းပန်း/ဓနိ/ဒေါန/ထန်း — ၇ပွင့်/ညွှန့် ၊ ရွက်လှ ၁၇ညွှန့်၊ ဇီး ၈ညွှန့်  လှူဒါန်း ဆုတောင်းရမည်။  

   ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။ ခက်ခဲတဲ့ အစီအရင်လဲ မဟုတ်ဘူးလေ…၊ 

မွေးနေ့တိုင်းပြုလုပ်ပေးရုံပါပဲ။ ၇ကြိမ်လောက်စီရင်လိုက်ပြီဆိုရင်တော့ ထူးထူးခြားခြားသိသာစွာ အဆင်ပြေလာပါလိမ့်မယ်။ သာယာတဲ့ အိမ်ထောင်ရေးကိုပျော်ရွှင်ချမ်းမြေ့စွာ တည်ဆောက်အောင်မြင်နိုင်ကြပါစေ။ 

       ၇ရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

               ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

              Viber Only( 09775555695)

” ချစ်ခရီးလမ်း သာယာ ချမ်းမြေ့စေချင်”

တပို့တွဲလပြည့်ပြီးလေ အချမ်းပိုလာလေလို့ ပြောရမလိုပါဘဲ။ ဒီနှစ်ဆောင်းကတော့ အေးလွန်းသည်ဟုထင်မိသည်။ မနေ့ညက ချည်ထည်ပါးပါးလေးဝတ်ရင်း အိပ်ပျော်သွားတာကြောင့် ယနေ့အအေးပတ်ပြီးလူကဖျားချင်သလို ဖြစ်နေသည်။ နှာစေးနှာမွှန်ရာကစလို့ လူကခေါင်းပါကိုက်လာလေသည်။ ဒါကြောင့်ပဲ အိပ်ရာထဲမှာ ဆေးသောက်ပြီး မှိန်းနေမိသည်။ ဖုန်းတွေလဲ Silent လုပ်ပြီး ဝေးဝေးမှာထားလိုက်သည်။
အိပ်ရာဘေးမှာရှိတဲ့ နံရံကပ်စာအုပ်စင် ကနေစာအုပ်တစ်အုပ်ယူပြီး ဖတ်နေမိသည်။ ရသစာပေလေးတွေ ကျွန်တော်မြတ်မြတ်နိုးနိုး ဖတ်လေ့ရှိသည်။ ဦးဝင်းငြိမ်းရဲ့ ရွှေစုစည်းမှုတွေ၊ လင်းလွန်းခင်စိတ်ကြိုက် ၀တ္ထုတို စုစည်းမှုတွေကိုတခုတ်တရ ဖတ်မိနေသည်။
စာဖတ်ကောင်းတုန်း ကျွန်တော့မိတ်ဆွေ ဆရာလေးရောက်လာလေသည်။ ကျွန်တော်ထက်ငယ်ပေမဲ့ ဗေဒင်ဆရာပဲဖြစ်တာကြောင့် နာမည်တပ်ပြိးမခေါ်ဘဲ ဆရာလေးလို့သာခေါ်လေသည်။ သူကလဲကျွန်တော်ကို အဖျားဆွတ်ပြီး
ဆရာငြိမ်း ဟုခေါ်လေသည်။
“လာလေ ဆရာလေး လမ်းကြုံဝင်လာတာလား”
“လမ်းကြုံမဟုတ်ပါဘူးဗျာ ဒီကိုပဲသပ်သပ်လာတာ ဖုန်းဆက်တာမကိုင်လို့လေ နေများမကောင်းလို့လားလို့…..အခုတော့ထင်တဲ့အတိုူင်းပဲ “
ဆရာလေးကစိုးရိမ်တဲ့ အသံနှင့်ပြောလေသည်။
“နေမကောင်းတာရယ်လို့တော့ မဟုတ်ပါဘူး အအေးပတ်ပြိးဖျားချင်သလိုဖြစ်တာပါ”
“ဂရုစိုက်ဗျ …ဒီနှစ်က ဆရာငြိမ်းက ဘုမ္မိနှစ်ထပ်အပြင် မရဏသက်ရောက်ထဲရောက်နေတာဆိုတော့သတိထားနိုင်မှ တော်ကာကျမှာလေ”
မိတ်ရင်းဆွေရင်းတွေဖြစ်တာကြောင့် တစ်ယောက်မွေးသက္ကရာဇ်တစ်ယောက်သိနေသည်။
“အခုလိုစိတ်ပူပြီးတကူးတကလာမေးတာ ကျေးဇူးပါဆရာလေးရယ်”
“ဒါနဲ့ဆရာလေးရော ဗေဒင်ဟောရတာ အဆင်ပြေရဲ့လား”
သူက သိပ်မကြာသေးခင်ကမှ ဟောခန်းဖွင့်ထားတာဆိုတော့ တွေ့တိုင်း အဆင်ပြေလားမေးမိသည်။
“ပြေပါတယ် ဆရာငြိမ်းရယ်လူငယ်ဗေဒင်ဆရာမို့လားမသိဘူး အချစ်ရေးအိမ်ထောင်ရေးကိစ္စတွေအများဆုံးလာမေးကြတယ်”
လူငယ်ဗေဒင်ဆရာလေးဆီ လူငယ်တွေရဲ့ အခက်အခဲတွေလာမေးလေ့ရှိတာခဏခဏကြုံရစမြဲပင်။
“အချစ်ရေးကိစ္စတွေ ဟောမယ်ဆိုဆရာလေးသတိတော့ထားဗျ ..စကားမကျွံစေနဲ့ဗျ ..လူစိတ်ဆိုတာချစ်သူနဲ့ အဆင်မပြေရင် တစ်မျိုး…ပြေရင်တစ်မျိုးလေဗျာ…ကိုယ်က ကြားကငါပွကြီးဖြစ်တတ်တယ်နော်”
“သတိထားမယ်ဆရာငြိမ်းရေ “
ကျွန်တော်ပြောစကားတိုင်း သူကအလေးအနက် ခံယူတတ်သူပါ။
“ဒီဘက်ခေတ်က သစ္စာတရားကိုပြတိုက်မှာသွားရှာရမဲ့ခေတ်ဖြစ်နေတာလေ
အခုမြင်အခုကြိုက်ကတော်သေးတယ်…လိုင်းပေါ်မှာမြင်ပြီးလိုင်းပေါ်မှာကြိုက်ပြီး လိုင်းပေါ်မှာပဲအသည်းကွဲသွားကြသူတွေက ယတြာလာတောင်းတာတွေရှိသေးတယ်… လူလဲအပြင်မှာမတွေ့ဘူး၊ ဘယ်မှာနေလဲ မသိ ၊မွေသက္ကရာဇ်ဆိုဝေးရောပေါ့ “
ဆရာလေးက ကျွန်တော့်စကားကြားတော့အားရပါးရ ရယ်လေသည်။
“ဟုတ်တယ် ဆရာငြိမ်းရေ …အဆင်ပြေတုန်းဆို ဗေဒင်မေးဖို့ဇာတာတိုက်စစ်ဖို့ သတိမရဘူး..မရှူနိုူင်မကယ်နိုင်ဖြစ်ပြီး ချစ်သူက သစ်စိမ်းချိုးချိုးပြီဆိုမှပဲ ဗေဒင်ဆရာဆီပြေးလာကြတာလေ “
စကားပြောကောင်းနေတုန်း ကျွန်တော့်ဇနီးက ကော်ဖီနှင့်မုန့်လာချပေးလေသည်။
“သောက်အုံး ဆရာလေး”
“ဟုတ်ကဲ့ဆရာငြိမ်း”
“ဒါနဲ့စကားမစပ် ဆရာငြိမ်း က အချစ်ရေးသောကကြုံသူတွေကို ဘယ်လိုယတြာတွေ ပေးလဲ “
“ဒီလိုမေးတော့ ဖြေဖို့တော့ခက်တယ်ဗျ ၊ ရောက်ဆဲအသက်ရဲ့ ကံအနေအထားကိုချိန်ဆရသေးတယ်…အကြမ်းဖျင်း ပြောရရင်တော့
ပထမဦးစွာ ယတြာမပြောခင် သူတို့နှစ်ဦးရဲ့စရိုက်သဘာဝကိုပြောပြတယ်
စရိုက်နှစ်ခုဆန့်ကျင်ဘက်ဖြစ်တဲ့ အချက်လေးတွေထောက်ပြတယ် ဆောင်ရန်ရှောင်ရန်
သဘောမျိုးပေါ့ဗျာ ….အဲလိုပြောပြီးမှပဲ ယတြာကဏ္ဍကိုထပ်ပြောတာပေါ့ “
“ဆရာငြိမ်းပြောတာလဲဟုတ်နေတာပဲ သူ့စရိုက် ကိုယ့်စရိုက်သိမှပဲ သူမကြိုက်တာရှောင်နိုင်မှာပေါ့လေ”
ဆရာလေးက ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားခန်းဝင်နေလေသည်။
“ယတြာကတော့ ဆရာလေးလဲသိမှာပါ ချစ်သူနှစ်ဦးရဲ့ နေ့နံပန်းတွေကို နှစ်မျိုးပေါင်းပြီး
မွေးနံထောင့်မှာလှူ ခိုင်းတာပါပဲ “
“ဒါဆို ဗုဒ္ဓဟူးသားနဲ့ ကြာသပတေးသမီးဆို ရွက်လှပန်းနဲ့မေမြို့ပန်းတွဲပြီး ဘုရားလှူရမှာ
ပေါ့နော်…အရေအတွက်က ဂြိုဟ်သက်အတိုင်းပဲလား…..”
“ဂြိုဟ်သက်အတိုင်းဆိုလဲရတယ် …ဒါမှမဟုတ် ပန်းနှစ်မျိုးပေါင်းပြီးမိမိလက်နဲ့ ကိုင်ကြည်လို့ လက်တစ်ဆုပ်စာရှိတယ်ဆိုရင်လဲ ရတယ်ဗျ
နောက်တစ်မျိုးကတော့ ဗုဒ္ဓဟူးဂြိုဟ်ကို ကောင်းအောင်လုပ်ပေးတာပါပဲ။
ဘုရားရှင်ကို ရွှေဆိုင်း ရွှေသင်္ကန်းကပ်လှူတာ၊ ရေသပ္ပာယ်တာ ရေလှူတာ၊အအေး၊ကော်ဖီကပ်လှူတာမျိုးတွေ ခဏခဏလုပ်ပေးသင့်တယ်”
” နောက်ပြီး လသာတဲ့ရက်တွေဆိုရင် ဖန်ခွက်လှလှလေးတစ်လုံးထဲရေထည့် လရောင်ကျတဲ့နေရာမှာထား အဲဒီလရောင်ဆမ်းထားတဲ့ ရေကိုသောက်ပေးရင်လဲ စန်းကောင်းစေပြီး အချစ်ရေးကိုအထောက်အပံ့ဖြစ်စေတယ်ဗျာ”
ဆရာလေးက ကျွန်တော့်စကားကြားတော့ သောက်လက်စ ကော်ျှင်္ကို ချပြီး အားပါးတရ စကားဝင်ပြေသည်။
“ဟုတ်တယ်ဆရာငြိမ်း ..အဲဒီအစီအရင်ကတော့ ကျွန်တော်လဲကြားဖူးတယ် …သူများတော့ မပေးဖြစ်သေးဘူး”
“ဒါနဲ့ ဆရာငြိမ်း .. ချစ်သူနှစ်ဦး ချစ်ခရီးလမ်းသာယာဖို့ ဘယ်အချက်တွေအဓိကကျမယ်ထင်လဲ.. “
“အဲဒါကတော့ နှစ်ယောက်စလုံးပေါ်မှာပဲမူတည်တယ်ဗျ …ကျွန်တော့်စိတ်ထင်ပြောရရင်တော့ မေတ္တာနဲ့ သစ္စာပဲ…
အချစ်တစ်ခုတည်ဆောက်ရာမှ အဲဒီနှစ်ချက်က အဓိကမဏ္ဍိုင်ပဲဗျ”
ကျွန်တော်ပြောတဲ့စကား သိပ်နားလည်ပုံမရပေ။
ခေါင်းကုပ်ပြီး စဉ်းစားနေလေသည်။
“ဒီလိုဗ်
ချစ်သူအပေါ်မေတ္တာနဲ့ယှဉ်တဲ့ စိတ်ထားမျိုးထားနိုင်ရမယ်…ချစ်သူနှစ်ဦးလုံး အဲဒီစိတ်ရှိရမယ်ဗျာ။ ရှင်းအောင်ပြောရရင် မေတ္တာဆိုတာ..သူတစ်ပါးရဲ့အကျိုးကို လိုလားတဲ့စိတ်ကို မေတ္တာလို့ခေါ်တာဗျ …အဲလိုစိတ်မျိုးချစ်သူနှစ်ဦးစလုံးမှာရှိသင့်တယ်…”
“သစ္စာကတော့ အထူးပြောစရာမလိုဘူးထင်ပါတယ်..
ချစ်သူဘဝ သစ္စာတရားတစ်ယောက်အပေါ်တစ်ယောက်ရှိရမယ်… လက်ထပ်ဖို့ ရည်ရွယ်ပြီးမှ ချစ်ခွင့်ပန်သင့်တာပေါ့ဗျာ … ချစ်သူဘဝနှစ်ဦးသဘောတူ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲတာကတော့ ဘာမှပြောစရာမလိုဘူးပေါ့ဗျာ…လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ချစ်သူအပေါ် ကိုတော့ သစ္စာစောင့်သိရမယ်ဗျ၊ ကြောရုံမကြံရဘူး
ဒီလောက်ဆို ဆရာလေး နားလည်မှာပါ..”
“နားလည်ရုံတင်မကဘူး …ခေါင်းထဲမှပါရှင်းသွားပါပြီ…ဆရာငြိမ်းလဲ နားလိုက်အုံး…နေကောင်းမှ ဆိုင်
တစ်ဆိုင်မှာ တစ်ခုခုလိုက်ကျွေးမယ်
ဟုတ်ပါပြီဗျာ….
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေကြမဲ့ ကျောင်းသားကျောင်းသူများအတွက်

  စာမေးပွဲကြီးနီးလေပြီ။ဒီကာလအတွင်း နှစ်စကတည်းက ပုံမှန်ကြိုးစားလာကြသူတွေဆို စာတွေပြန်နွေးပြီး အိမ်ချိန်မှန် စားချိန်မှန်စွာနေထိုင်ရမဲ့ကာလပါပဲ။ စာမေးပွဲနီးလေ ဦးနှောက်ကြည်ပြီး ကျန်းမာလန်းဆန်းနေဖို့လိုပါတယ်။ 

 မိသားစုဝင်တွေကလဲ အိမ်တွင်းရေးပြဿ     နာတွေရှိရင်တောင် ကလေးရှေ့မှာ ပြောဆိုတာ ပြုမူတာမျိုးမလုပ်မိပါစေနဲ့ ။ ကလေးကိုစိတ်ညစ်စေမဲ့ အကြောင်းတရားတွေကို ရှောင်နိုင်ရင်အကောင်းဆုံးပါ။ မိဘတွေကလဲ သားသမီးတွေအပေါ်အရမ်း pressure ပေးတာမျိုး မလုပ်ပါနဲ့ ။ သူဘာသာကြိုးစားပါစေ ။ ကြောက်စိတ် စိုးရိမ်စိတ်နဲ့ ဆိုစာမေးပွဲခန်းထဲရောက်မှ ကျက်ထားတဲ့စာတွေ မေ့သွားတတ်တာကိုလဲနားလည်းထားဖို့ လိုပါတယ်။ 

 ကျောင်းသားတွေအနေနဲ့လဲ ဘာသာရပ်တစ်ခုမဖြေနိုင်ရင် စိတ်လျော့လိုက်ပြီး နောက်ဘာသာမှာ

အားလျော့လိုက်တာမျိုးလဲ မဖြစ်ပါစေနဲ့။ ကြိုးစားပါ။ မဖြေနိုင်ကို ခေါင်းထဲမထည့်ပါနဲ့ ။နောက်ဖြေမဲ့ဘာသာကို စိတ်သစ်လူသစ်နဲ့ကြိုးစားစေချင်ပါတယ်။  

     ယတြာကဏ္ဍမပြောခင် ဒီယတြာတွေက စာမေးပွဲ အောင်မဲ့ ယတြာတွေမဟုတ်ဘူးဆိုတာသိထားပါ။ စာမေးပွဲအောင်ဖို့ အထောက်အပံ့ဖြစ်စေမဲ့ ယတြာတွေပါ။ နားလည်အောင်ပြောရရင် စာမေးပွဲ ဖြေခါနီးနဲ့ ဖြေနေစဉ်အတွင်း ကျန်းမာရေးကောင်းစေဖို့၊ မတော်တဆ ထိခိုက်မှုတွေ လျော့ပါးစေဖို့၊ စိတ်ကြည်ပြီး စာကျက်ရလွယ်စေဖို့ ၊ မည်သည့်ပယောဂအနှောက်အယှက်တွေကိုမှ မဝင်နိုင်ဖို့ ၊ ကျက်ထားတဲ့ စာနဲ့ မေးတဲ့ဟာနဲ့ တိုက်ဆိုင်စေဖို့ စတဲ့ စတဲ့ အချက်တွေကို အထောက်အပံ့ဖြစ်စေမှာပါ။ 

    ယတြာ ကဏ္ဍပြောကြရအောင် …..

 ပထမဦးစွာ ပညာအရာမှာဧဂဒဂ်ရတော်မူတဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို ရည်မှန်းပြီး ဆွမ်းကပ်လှူပေးပါ။ ဆွမ်းခဲဖွယ် ချိုချဉ် စုံစုံလင်လင်

နဲ့ စားပွဲဝိုင်းခင်ပြီးကပ်လှူပါ။ ကလေးငယ်ရဲ့ မွေးနေ့မှာလုပ်ပေးနိုင်ရင်အကောင်းဆုံးပါပဲ။ 

 စာမေးပွဲခန်းထဲမှာ အသုံးပြုမဲ့ စာရေးကိရိယာတွေကိုအိမ်ကဘုရားဆောင်မှာ ပန်းကန်တစ်ချပ်ထဲထည့်ပြီး ဘုရားရှင်ကိုပူဇော်ထားလိုက်ပါ။ 

 မိဘတွေအနေနဲ့ ပြုလုပ်ပေးရမှာက မနက်တကြိမ်

ညတစ်ကြိမ် ဘုရားရှစ်ခိုးပရိတ်ရွတ် မေတ္တာပို့တဲ့အခါတိုင်းမှာ ကလေးငယ်ရဲ့ (စာမေးပွဲဖြေမဲ့ ရက်များတွင် ဝတ်ဆင်မဲ့ )အဝတ်အစားလေးတွေကို ရင်ခွင်ထဲမှာထားပေးပါ။ 

 နောက်တစ်ခု သူရဿ     တီပုံတော်ကို မိမိတို့ စာကျက်ခန်းရဲ့ မြင့်မြတ်တဲ့နေရာမှာ ထားပါ။ ပန်းဆီမီး၊အမွှေးတိုင်ကပ်လှူပြီး အောက်ပါသူရဿ     တီဂါထာတော်ကို စာကျက်ခါနီးတိုင်း ၉ခေါက်ရွတ်ဆိုပေးပါ။

ပိဋကတၱယ သမၸဳဏၰံ၊ သဗၺ သိဒၶိ သုခါ ဝဟံ။ 

ဇိဝှဂ္ဂေ မေ နိသီဒိတွာ၊ မံ ဓာရေတု သူရဿ     တီ။

 တကြိမ်လောက်ပဲ ဖြစ်ဖြစ် နီးစပ်ရာစေတီပုထိုးမှာ 

ညလုံးပေါက်လျှပ်စစ်မီးပူဇော်တာမျိုး မိမိမွေးနေ့မှာပြုလုပ်ပေးပါ။  

 စာမေးပွဲဖြေဆိုတဲ့ နေ့တိုင်းမနက်စောစော အိမ်က

ဘုရားမှာ ဆီမီးသက်စေ့ပူဇော်ပေးပါ။ 

ဒီလောက်ဆို လုံလောက်ပါပြီ။ 

ကျောင်းသားကျောင်းသူများ ကျန်းမာချမ်းသာဘေးကင်းကွာပြီး ကောင်းစွာဖြေဆိုနိင်ကြပါစေဗျာ၊

၇ရက်သားသမီးအပေါင်း 

      ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

                       ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

                Viber Only( 09775555695)

ငွေကြေးအကြပ်အတည်း ကြုံနေသူများအတွက် ယတြာလက်ဆောင်

တပေါင်းလ…။ ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေပြီ။ ခြံရှေ့ ကြွေလွင့်နေတဲ့ ရွက်ခြောက်တွေကိုတံမြက်စည်းနဲ့ ညင်ညင်သာသာ လှည်းကျင်းနေမိသည်။ နံနက်စောစောဖြစ်တာကြောင့် လမ်းတစ်လျှောက်လူရှင်းနေသည်။ နံနက်ခင်းလေနုအေးနဲ့အတူ ကံ့ကော်ပန်းရနံ့တွေရမိသည်။
“သြော် နွေဦးကံ့ကော်တွေတောင် ပွင့်နေပါလား”
ဟုစိတ်ထဲပြောနေမိသည်။
“ဆရာလေး …ဘာတွေစဉ်းစားနေတာတုန်း “
တစ်လမ်းထဲနေတဲ့ ကိုကျော်ဆန်းရဲ့အမေးစကား..။
“စဉ်းစားနေတာမဟုတ်ပါဘူးဗျာ…ကံ့ကော်ပန်းရနံ့လေးရလို့ ရှူရှိုက်နေတာပါ”
“ဟုတ်တယ်ဆရာလေး …ရှေ့လမ်းဆုံက ကံ့ကော်ပင်ကြီး ပွင့်နေတာလေ…ဆရာလေး တံမြက်စည်းလှည်းလို့ ပြီးပြီမဟုတ်လား …ကော်ဖီဆိုင်သွားရအောင်လေ..”
“ဟုတ်ပါပြီဗျ..ခဏလေးစောင့်”
တံမြက်စည်းကို ခြံထဲထည့်လက်ဆေးပြီး ထွက်လာခဲ့သည်။
“ဆရာလေးရဲ့ကျေးဇူးတွေကတော့ ကျွန်တော့်အပေါ်များနေပြီဗျ..ဟိုနေကတောင် ဦးဂျမ်းတစ်ထည်လာကန်တော့ သေးတယ်..ဆရာလေးရန်ကုန်သွားတယ်ဆိုလို့ ပေးထားခဲ့တာ”
“ရတယ်ဗျ အဲဒီပုဆိုးလေး …အကွက်လေးလဲလှတယ်”
စကားတပြောပြောနဲ့လမ်းလျှောက်လာလိုက်တာ
ကော်ဖီဆိုင်ကိုတောင်ရောက်လာခဲ့လေပြီ…။သောက်နေကျ အတိုင်း ပေါ့ဆိမ့်တစ်ခွက်နှင့် တိုရှည်တစ်ပွဲမှာလိုက်သည်။ ကိုကျော်ဆန်းက နန်းကြီးသုပ်မှာစားသည်။
“ဘယ်လိုလဲ ကိုကျော်ဆန်း..အစစအရာရာအဆင်ပြေရဲ့လား…”
“အဲဒါပဲပြောမလို့ ဆရာရေ…ဆရာလေးခိုင်းတာလုပ်ပြီးကတည်းက အလုပ်တွေကောင်း၊ငွေရွှင်ပြီး ၊
ရစရာရှိတဲ့ အကြွေးတွေလဲ ရတယ်ဗျ”
အားရဝမ်းသာဖြင့် ကိုကျော်ဆန်းပြောရှာသည်။
“အစကတော့ သိပ်မယုံဘူးဆရာလေးရေ …ရက်နှစ်ဆယ်ကျော်လောက်ရောက်တော့ စပြီးထူးခြားတာပါပဲ…အခုကတော့ အမြဲတမ်းလုပ်ဖြစ်တယ်”
ကိုကျော်ဆန်း လာတဲ့ နေ့ကို ပြန်အမှတ်ရမိသည်။
အုတ် သဲ ကျောက် ရောင်းဝယ်ရေးလုပ်ပြီး စီးပွားရှာသူတစ်ယောက်။ ရောင်းထားတဲ့ အုတ်သဲကျောက်ဖိုး ငွေတွေကမရ …သားအကြီးက accidentဖြစ်ပြီး လျှောကြေးပေးရ၊ အိမ်မှာရှိတဲ့ စက်ကားတွေကပျက်နဲ့ အတော်လေး ဒုက္ခတွေများပြီး ရောက်လာခဲ့သူ။
” ကဲ …ကိုကျော်ဆန်းရေ …ခင်ဗျားရဲ့ ဒုက္ခတွေကလဲများတယ်ဗျ….ဒီလိုလုပ်ဗျ…
ခင်ဗျားပုတီးတော့ စိပ်ရလိမ့်မယ်…”
“စိပ်ပါ့မယ်ဆရာလေး …နေ့တိုင်းမစိပ်ဖြစ်ပေမဲ့ တစ်ခါတစ်လေတော့ စိပ်ဖြစ်ပါတယ်..”
အဲဒါဆို “အရဟံ သိဒ္ဓိ ဘဂဝါ “လို့ ရွတ်ဆိုပြီး ပုတီးတစ်လုံးချ ဗျ။ ၁၀၈လုံးပုတီးနဲ့ တစ်နေ့ကို ကိုးပတ်စိပ်ဗျ။ စိပ်မယ်ဆိုရင်တော့ တစ်ထိုင်ထဲကိုးပတ်ရအောင်စိပ်ဗျ။ မနက် လေးပတ် စိပ်ပြီး ညငါးပတ်စိပ်မယ်ဆိုတာမျိုးတော့ မလုပ်နဲ့ပေါ့ဗျ.. စိပ်နေစဉ် အရဟံဂုဏ်တော်ရဲ့ အနက်အဓိပါ္ပယ်တွေ ဘဂဝါဂုဏ်တော်ရဲ့ အနက်အဓိပါ္ပယ်တွေကိုတော့ နှလုံးသွင်းဆင်ခြင်ပေါ့ဗျာ “
” သဘောပေါက်ပြီ…ဆရာလေး နေ့တိုင်းစိပ်မယ်ဗျ …ဒါနဲ့ ဘာထပ်လုပ်ဖို့ လိုသေးလဲ…”
” ဒါဆိုရပြီဗျ…မြန်မြန်အကျိုးထူးစေချင်ရင်တော့ အင်္ဂါနေ့၊ သောကြာနေ့၊စနေနေ့တွေမှာ …လမ်းဘေးခွေးတွေကို အာဟာရဒါန တစ်ခုခုကျွေးဗျ…အဆင်ပြေရာ လက်လှမ်းမီတဲ့ အစားအစာပေါ့လေ..မနက်ပိုင်းတော့ မကျွေးနဲ့ဗျ..ညနေပိုင်းပဲကျွေး ..ဒီလောက်တော့ လုပ်နိုင်မယ် ..မဟုတ်လား”
“လုပ်နိုင်ပါတယ်..ဆရာလေးရာ ဘာအပန်းကြီးတာမဟုတ်ဘူးလေ…”
“ဟုတ်ပါပြီဗျ…အခက်အခဲတွေ အဆင်ပြေပြီလို့သာ မှတ်လိုက်တော့ ကိုကျော်ဆန်းရေ….”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ဆရာလေး..ဘာတွေစဉ်းစားနေတာတုန်းဗျ..ကော်ဖီတွေအေးကုန်မယ်..သောက်ဦးလေ…”
“အေးဗျ…အတွေးလွန်သွားလို့…ကိုကျော်ဆန်းလာမေးတုန်းကအကြောင်းကို ပြန်တွေးမိနေတာ…
ထားပါတော့ …နေပူလာအုံးမယ်..သွားကြရအောင်
…”
နွေနေ့ရဲ့ အပူကို ထီးကိုယ်စီနဲ့ ငြိမ်းအေးစေနိုင်သလို..လူတွေရဲ့ ရင်ထဲအပူကို တတ်နိုင်သ၍ငြိမ်းအေးစေနိုင်မယ်ဆိုရင်ဖြင့်…
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Viber Only( 09775555695) 

ဘုန်းကံ ကြီးမားကြစေဖို့

နှစ်အတန်ကြာခဲ့လေပြီ။
ပဲခူးမြို့….ရွှေမောဓောဘုရားရင်ပြင်တော်။ အချိန်ကညနေစောင်း ညီအကို မသိတသိအချိန်…။
အင်္ဂါထောင့်မှာ အသက် ၂၅နှစ်အရွယ်လောက်ရှိမဲ့ လူငယ်လေးတစ်ဦး ပုတီးစိပ်နေလေသည်။ ထိုသူငယ်က ပုတီးမစိပ်ခင် အင်္ဂါထောင့်မှာ ရေသပ္ပာယ် ပန်းဟောင်းစွန့် သန့်ရှင်းရေးတွေလုပ်ပြီးမှ
ဘုရားရှစ်ခိုးပုတီးစိပ်လေ့ရှိသည်။ ဒါဟာလူငယ်လေးရဲ့ နိစ္စဓူဝ ကုသိုလ်အလုပ်။
ထိုအချင်းအရာကို အမြဲသတိထားမိတာက အသက်၆၅နှစ်ဝန်းကျင်လောက် ရှိမည်ထင်ရတဲ့ အဘိုးအိုတစ်ဦး။ ဒီနေ့ အဘိုးအိုက ဘာစိတ်ကူးပေါက်သည်မသိ။ လူငယ်လေးပုတီးစိပ်နေတဲ့ အနားမှာထိုင်ပြီး ပုတီးစိပ်အပြီးကို ထိုင်စောင့်နေလေသည်။ နာရီဝက်ခန့်ကြာပြီးနောက် … ။
လူငယ်လေးပုတီးစိပ်ပြီး မေတ္တာပို့နေလေသည်။
မေတ္တာပို့ပြီးအမျှဝေနေချိန်မှာ ထိုလူငယ်လေးနဲ့အတူ အဘိုးအိုပါ သာဓု သုံးကြိမ်ခေါ်လေသည်။
” သာဓု² ..သာဓု²…သာဓု²”
လူငယ်လေးက အဘိုးအိုဘက်ကို လှည့်ပြီး
“အဘ..ဘာလို့ သာဓု လိုက်ခေါ်တာလဲ…”
“ရှင်းရှင်းလေးပါ…ငါ့တူရယ် ဒီအသက်အရွယ်နဲ့ သမထဘာဝနာပွားများတဲ့သူက အတော့်ကိုရှားသွားပြီလေ..လေးစားလို့ သာဓုအတူတူလိုက်ခေါ်တာပေါ့ကွာ…
“အခုလိုချီးကျူ းတာကျေးဇူးပါ …အဘ”
အဘိုးအိုက စကားမဆိုသေးဘဲ လွယ်အိတ်ထဲက ကွမ်းရွက်ကို ဖြန့်ခင်း ထုံး ကွမ်းသီး နဲ့ ဆေးရွက်ကြီးထည့်ပြီး ဝါးနေလေသည်။
“ငါတူရေ …မင်းကိုသတိထားမိတာကြာပြီကွာ …နေ့တိုင်းနီးပါး ..ဒီအင်္ဂါထောင့်မှာ ပရိတ်ရွတ် ပုတီးစိပ်နေတာတွေ့ရတယ်.. ဒီနေတော့ စကားစမြည်လေးပြောချင်တာနဲ့ မင်းနားမှာ ထိုင်စောင့်နေတာပဲ…”
“ပြောလို့ရပါတယ်…အဘကျွန်တော်လဲ အချိန်ရပါတယ်”
လူငယ်လေးကတော့ အဘိုးအို အသက်ကြီးလို့ စကားပြောဖော်မရှိလို့ မိမိအားစကားလာပြောသည်ဟုထင်မိလေသည်။
“ငါ့တူက အင်္ဂါထောင့်မှာပဲ ပုတီးစိပ်တာဆိုတော့ အင်္ဂါသားလား”
“ဟုတ္ပါတယ္အဘ…အဂၤါသားပါ”
အဘိုးအိုက လူငယ်လေးကို စူးစိုက်ကြည့်ပြီး
“ဒါဆိုငါ့တူက လျှို့ဝှက်နက်နဲတဲ့ ပညာတွေကို သင်ကြားနေတာပဲ..ကြိုးစားကွ…အောင်မြင်လိမ့်မည်…
ဒါပေမဲ့ ငါ့တူက ဆရာတွေ အနီးကပ်ပညာယူရမဲ့ကံကတော့ နည်းရှာသားပဲ…”
“ဟုတ်ပါတယ်..အဘ ၊ ကျွန်တော်ဗေဒင်ပညာလေ့လာသင်ယူနေပါတယ်…အလုပ်တစ်ဖက်နဲ့ဆိုတော့
ဆရာတွေနဲ့ အနီးကပ်သင်ကြားခွင့်တော့မရပါဘူး.”
အဘိုးအို ခေါင်းတညိတ်ညိတ်လုပ်ပြီး …
” ငါ့တူရဲ့ ကံကအောင်မြင်မှုရဖို့ အချိန်ပေးရတတ်သလို အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ပြီဆိုရင်လဲ ဘဝနေဝင်ချိန်ထိ အောင်မြင်မှုတွေရှည်ကြာလိမ့်မယ်၊ “
(သောကြာနေ ညနေ ၆နာရီဝန်းကျင်ဆိုတော့ အင်္ဂဝိဇ္ဇာအရ သောကြာအခါပါပဲ…သောကြာအခါကိုတိုင်ထူပြီး ပြောပြသွားခြင်း…အင်္ဂဝိဇ္ဇာကို မဟာဘုတ်ပြောင်းထူပြီး ပြောခြင်းဖြစ်ကြောင်း အဘနောက်မှရှင်းပြသည် …ဤကား စကားချပ်)
“အခုလိုပြောပြပေးတာ ကျေးဇူးပါ..အဘရယ်”
“ဗေဒင်ပညာနဲ့ အသက်မွေးပြီး ၇ရက်သားသမီးကို
ကယ်တင်မဲ့သူဟာ ..ဘုန်းကံကြီးမားဖို့ လိုတယ်…ငါ့တူ ၊ ကံမြင့်နေဖို့လဲ လိုတယ်လေ…အဘပြောတာ …နားလည်ရဲ့လား..”
“နားလည္ပါတယ္…အဘ “
” အချို့ ဗေဒင်ဆရာတွေဆို မိမိခိုက်နေတဲ့နေမျိုးကို ပိတ်ရက်အဖြစ်သတ်မှတ်ပြီး ဗေဒင်မဟောကြဘူး..
ကံညံ့တဲ့နေ့ ဆိုပြီးတော့လေ..အဲဒီအယူအဆကိုရော ငါတူကြားဖူးလား..”
“ၾကားဖူးပါတယ္…အဘ”
“အေးအေး… ဗေဒင်ဆရာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းလုပ်ကြသူတွေပဲဖြစ်ဖြစ် ၊ လခစားဝန်ထမ်းပဲဖြစ်ဖြစ် .. အနုပညာရှင် အတတ်ပညာရှင်ပဲဖြစ်ဖြစ်
နယ်ပယ်အသီးသီးမှာ အောင်မြင်ချင်တဲ့သူတွေဟာ ဘုန်းကံမြင့်မားဖို့လိုတယ် ငါ့တူ…ငါ့တူရော ဘုန်းမကြီးချင်ဘူးလား…”
“ဘုန်းကြီးချင်တာပေါ့ အဘရယ်…”
” အဘအခုပြောတာကို လေးလေးနက်နက်လိုက်နာဖို့တော့လိုလိမ့်မယ်။ လိုက်နာနိုင်မယ်ဆိုရင်တော့ ဘုန်းကံကြီးမားခြင်းအကျိုးကိုခံစားရလိမ့်မယ်..
ငါ့တူ ဗေဒင်လေ့လာနေသူဆိုတော့ ငါ့တူရဲ့ တေဇအရပ်ကို သိတယ်မဟုတ်လား….”
“သိပါတယ်..အဘ ..အင်္ဂါရဲ့တေဇအရပ်က
သောကြာထောင့် မြောက်အရပ်ပါအဘ…..”
အဘိုးအိုက ပြုံးပြီးခေါင်းညိတ်သည်။
” ဟုတ်တယ်…ငါ့တူရေ … အင်္ဂါသားတစ်ယောက်က ဘုန်းကံကြီးမားချင်တယ်ဆိုရင်တော့ နီးစပ်ရာစေတီရဲ့ သောကြာထောင့်မှာ တံမြက်စည်းလှဲမယ်၊ ပန်းဟောင်းတွေ အမှိုက်တွေစွန့်မယ်၊ ပန်းဆီမီးရေချမ်းတွေ ကပ်လှူမယ်၊ ဘုရားရှစ်ခိုး ပရိတ်ပဌာန်းတွေရွတ် ပုတီးစိပ်တာမျိုးလုပ်ပေးမယ် ဆိုရင် ထူးထူးခြားခြား ဘုန်းကံတွေမြင့်မားလာလိမ့်မယ်…. “
“ဟုတ္နားလည္ပါၿပီ…အဘ “
” အေး ကျန်တဲ့ နေ့သားတွေရဲ့ တေဇအရပ်တွေကိုတော့ ငါ့တူလဲ သိပြီးသားပဲလေ… တေဇအရပ်မျက်နှာထောင့်တွေမှာ အခုလို ကုသိုလ်တရားတွေလုပ်ပေးခြင်းဖြင့် ကံတွေမြင့်လာပြီး ဘုန်းကြီးလိမ့်မယ်…”
“ဟုတ်ကဲ့ပါအဘ …ကျွန်တော် ကြိုးစားပြီး လိုက်နာကျင့်သုံးပါ့မယ်…”
လူငယ်လေးက အဘိုးအိုအား ဦးသုံးကြိမ်ချကန်တော့လိုက်လေသည်။
“အေး…အေး ..သာဓု ..သာဓု…သာဓု…ဆင်းရဲနဲ့ ငရဲကင်းပါစေကွယ်..”
“အဘလဲ မှောင်ပြီဆိုတော့ ပြန်တော့မယ်ငါ့တူရေ..”
” လိုက်ပို့ပေးမယ်လေ…အဘ ..အဘကိုလဲ တစ်ခု
ခုကျွေးချင်လို့ပါ..”
“လိုက်မပို့နဲ့ ငါ့တူရေ… အဘအိမ်က ဒီနားလေးတင်ပါပဲ…အဘရှစ်ပါးသီလယူထားတာကြာပြီဆိုတော့ ..ဘာမှမစားတော့ပါဘူး…အဘနဲ့ငါတူနဲ့ ရေစက်မကုန်သေးပါဘူး…ဆုံကြအုံးမှာပါ”
“ဟုတ်ပါပြီ…အဘ…အဘရဲ့နာမည်လေးပြောခဲ့ပါအုံး…အဘ”
“အဘနာမည် အဘမင်းသိုက်လို့ပဲ ငါ့တူမှတ်သားထားပေါ့”
အဘိုးအိုက လူငယ်လေးရှေ့ကနေတစ်ရွေ့ရွေ့ထွက်ခွာသွားလေပြီ..
လူငယ်လေးလဲ အဘပြောထားတဲ့ အတိုင်းမွေးနံဂြိုဟ်ထောင့်အပြင်… တေဇအရပ်ဖြစ်တဲ့ သောကြာထောင့်မှာလဲ ပုတီးစိပ် အဓိဋ္ဌာန်ဝင်လေသည်။ ဘုန်းကံကြီးမားခြင်း နာမည်ကျော်ဇောခြင်း လူတွေယုံကြည်လာခြင်း စတဲ့ အကျိုးတွေခံစားရပြီး ၇ရက်သားသမီးကို ဝေဒပညာဖြင့် တတ်အားသ၍ကူညီနိုင်တဲ့ သူတစ်ဦးဖြစ်လာလေတော့သည်။
*************************************
ဘုန်းကံကြီးမားချင်ကြတဲ့ ၇ရက်သားသမီးအပေါင်းလဲ မိမိတို့ရဲ့ တေဇအရပ်မှာ ကုသိုလ်တွေပြုပြီး ဘုန်းကံကြီးမား အောင်မြင်သူတွေ ဖြစ်နိုင်ကြပါစေ..
နေ့သားသမီး တေဇအရပ်
တနင်္ဂနွေ ကြာသပတေးထောင့်
တနင်္လာ ရာဟုထောင့်
အင်္ဂါ သောကြာထောင့်
ရာဟု ဗုဒ္ဓဟူးထောင့်
ဗုဒ္ဓဟူး တနင်္ဂနွေထောင့်
ကြာသပတေး အင်္ဂါထောင့်
သောကြာ စနေထောင့်
စနေ. တနင်္လာထောင့်
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)