loading

Category: Uncategorized

  • Home
  • Category: Uncategorized

နိုင်ငံရပ်ခြား အမြန်သွားလိုသူများအတွက် ယတြာလက်ဆောင်

     ကျွန်တော်ငယ်စဉ်ကာလ နိုင်ငံခြားသွားပြီးအလုပ်လုပ်တာဆိုလို့ နိုင်ငံခြားသင်္ဘောလိုက်တာ လောက်ပဲကြား ဖူး ခဲ့သည်။ နိုင်ငံခြားသွားတဲ့ ဦးလေးတစ်ယောက်ကို လေဆိပ်လိုက်ပို့တုန်းက ကိုယ်က ကလေးသာသာ။ အင်ဂျင်သံအကျယ်ကြီးကြားရတာကိုလန့်မိပေမဲ့ လေယာဉ်ပျံကြီးစီးပြီး နိုင်ငံခြားသွားချင်တာတော့ အမှန်ပင်။ နိုင်ငံခြားအတွေ့အကြုံကို အာပေါင်အာရင်းနဲ့ ပြောနေတဲ့ စကားဝိုင်းတွေကြား  ငေးမောနားထောင်ခဲ့ရဖူးသည်။ 

“အဆောက်အဦးတွေက မိုးမြင့်အဆောက်အဦးတွေကွ။  အထပ်တွေက မရေတွက်နိုင်ဘူး။ မော့ကြည့်လိုက်မယ်ဆို ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်တောင်ကျွတ်ကျတယ်” 

 လူကြီးတွေရဲ့ပြောစကား….ကိုယ်အတွက်တော့ညဘက်ထည့်မက်ရတဲ့ အိပ်မက်တစ်ခုလို။ 

   ဒီလိုနဲ့ အရွယ်ရောက်လာ….ဘွဲ့ရ… ….လုပ်ငန်းခွင်ဝင်နေချိန်မှ နိုင်ငံခြားလုပ်ငန်းတွေ အခွင့်အလမ်းပေါ်လာကြသည်။  ထိုင်း၊ မလေးရှား ၊ စင်ကာပူကစလို့ အာရှဥရောပ တခွင် မြန်မာတွေ လှည့်လည် လုပ်ကိုင်လာကြသည်။ တောရော မြို့ပါမကျန် နိုင်ငံခြားသွားပြီး အလုပ်လုပ်လာကြသည်။ 

ကိုယ်ကတော့ ပြည်တွင်းအလုပ်တွေပဲ တခုတ်တရလုပ်နေမိသည်။  

    အလုပ်တစ်ဖက်နဲ့ ဗေဒင်ပညာသင်ယူ တတ်မြောက်ထားမှန်း  သိကြသူအချို့နိုင်ငံခြားသွားဖို့ အကူအညီလာတောင်းတဲ့အခါ မိမိအတွက် ကြီးလေးတဲ့ကိစ္စကြီးလိုသဘောထားပြီးတွက်ရချက်ရသည်။ 

 ယတြာစီရင်ရသည်။ 

  အမြန်အဆင်ပြေသွားသူတွေရှိသလို ကြန့်ကြာနေသူတွေလဲရှိခဲ့ဖူးသည်။ 

    ဒီလိုနဲ့ ဗေဒင်ဟောသက်ကြာလာတဲ့အခါ ဘယ်ဇာတာတွေက နိုင်ငံခြားကံအကျိုးပေးတယ် ။ ဘယ်ဇာတာတွေကတော့ နိုင်ငံ ခြားကံအားနည်းတယ် ဆိုတာတွေက အစ ရိပ်မိလာခဲ့ သည်။ ဘယ်ယတြာက နိုင်ငံသွားဖို့အထိရောက်ဆုံးလဲဆိုတာကိုလဲ သုံးသပ်မိခဲ့ သည်။     

နေ့သားတစ်ဦးချင်းဆီရဲ့အသက်အပိုင်းအခြားအလိုက်လဲ နိုင်ငံခြားကံ အားနည်းမှုတွေရှိနေကြပါသေးသည်။ 

   ဒီနေရာကနေ ယေဘုယျသဘောလေးပြောပြပါ့မယ်။ အားလုံးနားလည်လွယ်ဖို့ဆိုတာက ယေဘုယျပြောမှပဲ အဆင်ပြေမှာမို့ပါ။ 

  မိမိမြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလိုက်လို့ ရလာတဲ့အကြွင်းက.  ၃ကြွင်း/၆ကြွင်း ဖြစ်ခဲ့မယ် ဆိုရင်တော့ 

 *နိုင်ငံခြားကံကောင်းခြင်း 

 *နိုင်ငံခြားမှ နှစ်ရှည်လများနေဖြစ်ခြင်း 

* နိုင်ငံခြားမှာ နိုင်ငံသားခံယူ၍ ဘဝဆုံးပါးသည်အထိနေထိုင်ဖြစ်ခြင်း

*လူမျိုးမတူ ၊ ဘာသာမတူ ၊ ဇာတိမတူ ၊ နိုင်ငံခြားသားနဲ့လက်ထပ်ဖြစ်ခြင်း 

*နိုင်ငံခြားဘာသာစကားကိုသင်ယူတတ်မြောက်လွယ်ကူခြင်း 

 စတဲ့ကံအကျိုးပေးလေးတွေ အနည်းနဲ့အများဆိုသလို ပါလာတတ်ပါတယ်။ 

     နောက်တစ်ခုက မရဏဖွားဇာတာရှင်တွေဟာ နိုင်ငံခြားကံအခွင့်အရေးများသလို မရဏဖွားမဟုတ်ပေမဲ့ နာမည်အရင်းစာလုံးဟာ မရဏအိမ်မှာ စတင်မှည့်ခေါ်ထားကြတဲ့နာမည်ရှင်တွေကလဲ ထို့အတူပါပဲ။  

    “ငြိမ်းအေးလူရေ .. ငါကမရဏဖွားကွ… ၃ကြွင်း အခုထိ နိုင်ငံခြားနဲ့အဆက်အစပ်မရှိဘူးလို့ ပြောရင်လဲ ကျွန်တော်ခေါင်းညိတ်မှာပါပဲ…. ” နိုင်ငံခြားနဲ့ပက်သက်ဆက်ဆံလာသူတွေမှသာ ကြုံလာရမဲ့ ကံသဘောလေးတွေပါ။ ယေဘုယျအနေအထားလို့လဲ ကျွန်တော်စကား ခံထားပါတယ်။ 

ကဲ ဆက်ရအောင် နေ့သားတဦးချင်းစီရဲ့ နိုင်ငံခြားကံအားနည်းတဲ့  

အသက်အပိုင်းအခြားတွေကို ပြောပြရရင် 

တနင်္ဂနွေ သားသမီး

    အသကျ ၂၀/၂၁/၂၈/၂၉/၃၆/၃၇ 

တနင်္လာ  သားသမီး

     အသကျ ၁၉/၂၀/၂၇/၂၈/၃၅/၃၆

အင်္ဂါ သားသမီး 

     အသကျ ၁၈/၁၉/၂၆/၂၇/၃၄/၃၅

ဗုဒ္ဓဟူး သားသမီး 

      အသကျ ၂၅/၂၆/၃၃/၃၄

ကြာသပတေး သားသမီး

      အသကျ ၂၃/၂၄/၃၁/၃၂

သောကြာ သားသမီး

     အသကျ ၂၁/၂၂/၂၉/၃၀/၃၇/၃၈

စနေ သားသမီး

    အသကျ ၂၄/၂၅/၃၂/၃၃

ရာဟု သားသမီး

   အသကျ ၂၂/၂၃/၃၀/၃၁/၃၈/၃၉ 

စတဲ့အသက်အပိုင်းအခြားတွေရောက်တဲ့အခါ 

နိုင်ငံခြားသွားဖို့ကြန့်ကြာခြင်း 

ငွေလိမ်ခံရခြင်း 

နိုင်ငံခြားသွားရပြီး တိုင်းတပါးမှာ အဆင်မပြေဖြစ်ပြီးပြန်လာရခြင်း

ကျန်းမာရေး ဆေးစစ်ရာတွင် မအောင်ခြင်း

စတဲ့အချက်တွေကြုံရတတ်တဲ့ကာလပါ။ ဒါပေမဲ့ အသေးစိပ်သိချင်ရင်တော့ နီးစပ်ရာဆရာဆီမှာ ဇာတာစစ်ဆေးတာအကောင်းဆုံးပါပဲ။ 

   ကျွန်တော်အနေနဲ့ ဗေဒင်တတ်တဲ့သူရော မတတ်တဲ့သူရော ဖတ်နိုင်ဖို့ ယေဘုယျသဘောတွေပဲ ရေးရတာကိုနားလည်ပေးစေချင်ပါတယ်။ 

   ကဲယတြာကဏ္ဍလေးဆက်ကြရအောင် …ရေးတာလဲများနေပြီးဆိုတော့  ခပ်မြန်မြန်ပဲသွားလိုက်ရအောင်ဗျာ …

   နိုင်ငံခြားအမြန်သွားရဖို့ဆိုတာသောကြာဂြိုဟ်၊ စနေဂြိုဟ်အားကောင်းဖို့လိုတယ်။ အပါဒါနကာရကအားကောင်းဖို့လိုပါတယ် (ဗေဒင်အခြေခံရှိသူတွေ အတွက် ရည်ရွယ်ပြီးပြောတာပါ)

ပထမဦးစွာ ၇ရက်သားသမီးတွေ  နိုင်ငံခြားအမြန်သွားရဖို့ ခရီးကံကောင်းဖို့ တညီတညွှတ်ထဲလုပ်ရမဲ့ယတြာတွေက.

*ဆွံအနေသူ/ခန္ဓာကိုယ်အောက်ပိုင်းမကောင်းသူကို အာဟာရဒါနပြုပါ

*သမင်/သိုး တွေကို အစာကျွေးပါ 

  (အဆင်ပြေလွယ်ကူမှလုပ်ရန်)

*နီးစပ်ရာအဝေးပြေးကားဂိတ်ကိုသွားပြီး ခရီးသွားမဲ့ ရဟန်းသံဃာကို ခရီးစရိတ်တတ်နိုင်သလောက်လှူဒါန်းပါ။

*ဘုရားခြေတော်ရာ ကို ရွှေချပါ။

ဒါတွေက ၇ရက်သားသမီးတိုင်းပြုလုပ်ရမဲ့ယတြာတွေပါ။ 

 နေ့သားတစ်ဦးချင်းစီရဲ့ ပြုလုပ်ရမဲ့ယတြာတွေကတော့ 

တနဂၤေႏြ 

    ကြာသာပတေးနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ ပန်းပေါင်းစုံ ၅မျိုးကပ်လှူပါ။ ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

ကြာသပတေးနံဘွဲ့အမည်ဘုရားများ- ဗိုလ်တစ်ထောင်၊ မယ်လမုဘုရား၊မိုးကောင်းဘုရား၊မဟာဝိဇယဘုရား

တနလၤာ  

    ရာဟုနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ 

ရေသပ္ပယ်ခြင်း ၊ သောက်တော်ရေကပ်လှူခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း စတဲ့ကုသိုလ်တွေပြုပါ။

 ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

ရာဟုနံဘွဲ့အမည်ဘုရား -ရွှေတိဂုံ ဘုရား၊ရွှေဘုန်းပွင့် ဘုရား

အဂၤါ  

       သောကြာနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ သစ်သီးခြောက်မျိုးကပ်လှူပူဇော်ပါ။ ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

သောကြာနံဘွဲအမည်ဘုရား –  သိဒ္ဓိအောင်ဘုရား ၊ သီဟိုရှင်ဘုရား 

ဗုဒၶဟူး 

       တနင်္ဂနွေနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ အုန်းပန်း ၊ အုန်းညွှန့် ၊အုန်းထမင်း လှူဒါန်းပေးပါ။ 

   ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

တနင်္ဂနွေနံဘွဲ့အမည်ဘုရား- အောင်တော်မူဘုရား၊ အေးစေတီဘုရား ၊ဥက္ကလာပဘုရား

ၾကာသပေတး 

     အင်္ဂါနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ ညလုံးပေါက်လျှပ်စစ်မီး လှူဒါန်းခြင်း၊  မီးလုံး၊မီးချောင်း ၊မီးကြိုးလှူဒါန်းခြင်းများပြုလုပ်ပေးပါ။ 

ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

အဂါင်္နံဘွဲ့အမည်ဘုရား- ဆူးလေဘုရား၊ဇေယျာမုနိဘုရား  ၊ဇိနမာန်အောင်ဘုရား ၊ စွယ်တော်ဘုရား

ေသာၾကာ

   စနေနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ ထီးဖြူလှူဒါန်းပါ။ ဂြိုဟ်တိုင်အသီးသီးမှာလှူဒါန်းပေးနိုင်ရင်

ပိုကောင်းပါတယ်။ 

ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

စနေနံဘွဲ့အမည်ဘုရား -တဝဂူဘုရား၊ နှီးဘုရား ၊နဂါးရုံဘုရား

စနေ

   တနင်္လာနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ ခေါင်းလောင်းလေးတွေဝယ်လှူပါ။  ကျောက်ကျောကပ်လှူပါ။ကြံရည်ကပ်လှူပါ။ 

ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

တနင်္လာနံဘွဲ့အမည်ဘုရား-ကျိုက္ကဆံဘုရား၊  

ကမ္ဘာအေး ဘုရား၊ကျိုက်ခေါက် ဘုရား

ရာဟု 

     ဗုဒ္ဓဟူးနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ 

ရွှေသင်္ကန်းကပ်လှူခြင်း ၊ လက်ဖက်ရည်ကပ်လှူခြင်း၊ လိမ္မော်ရည် ကပ်လှူခြင်း များပြုလုပ်ပါ။

ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

ဗုဒ္ဓဟူးနံဘွဲ့အမည်ဘုရား -ဝဋ်ကြွေးတော်ပြေဘုရား၊ လောကမာန်အောင်ဘုရား

   ကဲ ဒီလောက်ဆို အားလုံးနားလည်ကြမယ်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးဆိုတဲ့ယတြာတွေကိုပဲရွေးထုတ်ပေးလေ့ရှိသလို လက်တွေ့အောင်မြင်တဲ့ယတြာကိုပဲ ဦးစားပေးရေးလေ့ ရှိတာကြောင့် နိုင်ငံရပ်ခြားအမြန်သွားချင်သူ

အဆင်ပြေကြမယ်လို့ယုံကြည်ပါတယ်။ 

    မိမိနေထိုင်ရာဒေသမှာ အထက်ကပေးထားတဲ့ ဘုရားဘွဲ့တွေထဲ အချို့ဘုရားတွေမရှိတာမျိုးလဲ ပါကောင်းပါလိမ့်မယ်လို့ထင်ပါတယ်။ ဆိုကြပါစို့  ..”သောကြာနံဘွဲအမည်ရှိတဲ့  ဘုရားကတော့ ကျွန်တော်တို့ မြို့မှာမရှိဘူးဆိုခဲ့ရင် နီးစပ်ရာ တန်ခိုးကြီးဘုရားတစ်ဆူဆူရဲ့ သောကြာထောင့်မှာ ကုသိုလ်ပြု စီရင်လို့ရနိုင်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

   ၇ရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

                       ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

                Viber Only( 09775555695)

အိမ်ထောင်တစ်ခုတည်ဆောက်ခြင်းနှင့် ဘဝလက်တွဲဖော် ရွေးချယ်ခြင်း

 

အိမ်ထောင်တစ်ခုစတင်တည်ဆောက်ရာတွင် မိမိဘဝတစ်လျှောက်လုံးဆိုးတူကောင်းဘက် လက်တွဲသွားမဲ့ ဘဝလက်တွဲဖော်ရရှိဖို့ လွန်စွာမှအရေးကြီးလေသည်။ အခုပြောမဲ့ကဏ္ဍမှာ အိမ်ထောင်ရေးကိုအပျော်အပျက်သဘောထားသူတွေအတွက်တော့ အသုံးဝင်မည်မဟုတ်ပါ။
အိမ်ထောင်ရေးအပေါ်သစ္စာကြီးမားသူတွေ၊ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်ကြသူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။
အိမ်ထောင်ရေးငြိမ်းချမ်းပြီး သားတွေ သမီးတွေနဲ့ ပျော်ရွှင်စွာနေထိုင်သွားချင်တဲ့စိတ်ကတော့ လူတိုင်းနီးပါးရင်မှာ ရှိမည်ထင်ပါတယ်။ အိမ်ထောင်ပြုတာ၊ ဘုရားတည်တာ၊ ဆေးမင်ကြောင်ထိုးတာတွေဟာ ပြန်လည်ပြင်ဆင်ဖို့ခက်ခဲတယ်လို့ ရှေးလူကြီးတွေဆုံးမခဲ့ကြသည်။ အထူးဂရုစိုက်သင့်တာကတော့ မိန်းကလေးတွေပေါ့။ လင်ဆိုးမယား တဖားဖား မဖြစ်လို့လိုသည်။
အချို့ရှိကြသည်။ စရိုက်မကောင်းမှန်းသိလျက်နဲ့ လက်ထပ်ပြီးရင်ရအောင်ပြုပြင်မယ်ဆိုတဲ့စိတ်နဲ့ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လိုက်ကြသည်။ လက်မထပ်ခင် ခြေရှုပ်သည်။ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်၊၊အရက်သောက်သည်။ ဖဲ လောင်းကစား၊၊ ၁လုံး ၊၂လုံး၊၃လုံး ကလဲဝါသနာထုံသေးသည်။
“သူက ယူပြီးရင်အကုန် စွန့်လွှတ်မယ်ပြောတယ်ဆရာသူက သမီးကိုအရမ်းချစ်တာ သမီးစကားနားထောင်မှာပါ”
စတဲ့အပြောလေးတွေနဲ့ ကျွန်ုပ်ထံပြောလာကြသူတွေ မကြာခဏတွေ့ရသည်။ နောက်တော့လဲ ဒူးနဲ့မျက်ရည်သုတ်ရသည်သာ။ ခွေးအမြီးကို ကျဉ်တောက်စွပ်လဲ ချွတ်ရင်ကောက်သွားတာပဲမဟုတ်
လား။ မသေမချင်းမှတ်ထားပါ။ ပင်ကိုယ်စရိုက်မကောင်းသူတွေလက်ထပ်ပြီးရင်လိမ္မာသွားတယ်ဆိုတာ ၁၀၀၀မှာ တစ်ယောက်လောက်ပဲရှိတာပါ။ မယုံရင်စမ်းကြည့်ပါ။ ဗီဇဆိုတာဖျောက်ရခက်ပါတယ်။
ဘဝတစ်သက်စာ သေတပန်သက်တဆုံးလက်တွဲသွားမဲ့အိမ်ထောင်ဖက်ကို အထူးသတိထားရွေးချယ်ဖို့လိုသည်။ ငယ်ရွယ်စဉ်တုန်းက လူကြီးသူမတွေအိမ်ထောင်ဘက်ရွေးချယ်ရမဲ့ စံတွေကိုပြောပြခဲ့တာမှတ်မိသေးသည်။ ကျွန်တော် မိတ်ဆွေများအတွက်တင်ပြလိုက်ပါအုံးမည်။
ရှေးလူကြီးတွေ အိမ်ထောင်ဘက်ရွေးနည်းပေါ့။
မိန်းကလေးဘက်က ယောကျ်ားလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို အဓါကထားစဉ်းစားပြီး ရွေးချယ်လေ့ ရှိကြပါသည် ။
– အရက်မသောက် ၊ ဖဲမရိုက် ၊ အပျော်အပါးမလိုက်စားတတ်သူ
– အမြော်အမြင်ကြီးမားပြီး အဆင်အခြင်တရားနှင့်ပြည့်စုံသူ
– မျိုးရိုးဇာတိ မြင့်မား၍ ရုပ်ရည်ရူပကာယ တင့်တယ်ခံ့ညားသူ
– ပစ္စည်းဥစ္စာမကြွယ်ဝသော်လည်း သားမယားကို ရှာဖွေကျွေးမွေးနိုင်သော အရည်အချင်းရှိသူ
– စကားအရာ ချိုသာနူးညံ့သိမ်မွေ့ပြီး ကိုယ်ချင်းစာတရား ထားတတ်သူ
– အနာရောဂါကင်းစင်သူ
– သက်မွေးဝမ်းကျောင်းအတတ်ပညာ တစ်ခုခုတတ်သူ
– သားမယားအပေါ်၌ လင်ဝတ္တရားနှင့် ညီနိုင်သူ
– မိမိထက်အသက်အရွယ် ( ၅ ) နှစ်ထက်မကြီး ( ၃ ) နှစ်ထက်မငယ်သူ
– အမျိုးဘာသာတူ၍ အချစ်စစ်အချစ်မှန်ရှိကာ သာယာသောအိမ်ထောင်ရေးကို ဖန်တီးတတ်သူ
ထိုနည်းတူ ယောကျ်ားလေးကလည်း မိန်းကလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို
အဓိကထားပြီး ရွေးချယ်လေ့ရှိကြပါသည် ။
– အနာရောဂါကင်းစင်သူ
– မျိုးရိုးဇာတိကောင်းပြီး ရုပ်ရည်ရူပကာယ တင့်တယ်လှပသူ
– သိမ်မွေ့နူးညံ့သော ဣန္ဒြေသိက္ခာရှိသူ
– စကားအရာချိုသော သာယာသူ
– မယားဝတ္တရားနှင့်အညီ လင်ပေါ်၌ ပြုစုလုပ်ကျွေးနိုင်သူ
– အိမ်တွင်းမှုအတတ်ပညာကို ပြည့်စုံစွာတတ်မြောက်သူ
– ပညာအမြော်အမြင်ရှိပြီး အကြင်နာတရားထားတတ်သူ
– အမျိုးဘာသာတူကာ အချစ်စစ်အချစ်မှန်ရှိပြီး သာယာသောအိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်နိုင်သူ
– အပျော်အပါးကင်း၍ စီးသောရေဆည်သောကန်ဇင်းဖြစ်ပြီး အိမ်ထောင်ရေးကိုလုံခြုံစွာ ထိန်းသိမ်းတတ်သူ
– လော်လီမှု လျှပ်ပေါ်မှု ကင်းသူ
– လင်နှင့်သားသမီးတို့ကို မိခင်ပမာ ပြုစုလုပ်ကျွေးနိုင်သူ
စသော အင်္ဂါအရည်အချင်းများကို ကြည့်၍ ရွေးချယ်ကြလေ့ရှိသည် ။
ဒါတွေကရှေးလူကြီးတွေဆုံးမခဲ့ကြသော စကားတွေပင်။လိုက်နာကျင့်သုံးလို့ အလွန်ကောင်းတဲ့ဆုံးမစကားတွေပါ။
ကျွန်တော် ဗေဒင်ပညာစတင်လေ့လာခဲ့တာ ကျောင်းသားဘဝအရွယ်ကတည်းကပင်။ လူငယ်ဆိုတော့ အချစ်ရေး အိမ်ထောင်ရေးနဲ့ပက်သက်ပြီး မိတ်ဆွေအပေါင်းအသင်းတွေက မေးကြမြန်းကြသည်။
ဒါကြောင့်ပဲ အချစ်ရေးအိမ်ထောင်ရေးအဟောတွေက ငယ်စဉ်ကတည်းက မိမိနှင့်လက်ပွန်းတသီးရှိနေသည်။ တက္ကသိုလ်ကျောင်းသားဘဝ သူငယ်ချင်းတွေရဲ့ အချစ်ရေးကမိမိအတွက်တော့ လေ့လာစရာပညာရပ်တွေဖြစ်နေခဲ့တယ်။ အဲဒီကနေ အရွယ်ရောက်လာတော့ အချစ်ရေး အိမ်ထောင်ရေးသောကအပူတွေက ဗေဒင်ဆရာဆီကူးစက်လာတော့တာပါပဲ။
မီးဆိုတာ မလောင်ခင်တားသင့်သလို အိမ်ထောင်ရေးသောက အပူတွေကလဲ လက်မထပ်ခင်ကတည်းကစဉ်းစားသင့်သည် မဟုတ်လား။ ကွဲကွာကြ ၊လမ်းခွဲကြ၊ ပြတ်ဆဲကြ၊ ဖောက်ပြန်ကြပြီဆိုတော့မှ ဗေဒင်ဆရာဆီ ငိုကြီးချက်မနှင့် ပြေးလာကြသည်။ ဗေဒင်ဆရာတွေကလဲ ဥုံဖွ ဆရာတွေမဟုတ်…။ ဗေဒင်ပညာနှင့် ကူညီလို့ရတာရှိသလို ၊မရတော့တာလဲရှိသည်။
ရောဂါကျွမ်းမှ လာပြတဲ့ လူနာကို
ဆရာဝန်က ခေါင်းခါပြီး လူနာကို စားချင်တာကျွေး ၊ စိတ်ချမ်းသာအောင်ထားပါလို့ ပြောပြီး ပြန်လွှတ်လိုက်ကြသလိုပေါ့။ ကျွန်တော်ကလဲ ကူညီပေးလို့ မရတဲ့ ဇာတာတွေကို “ဝဋ်ကြွေးရှိတယ်လို့ သဘောထားပါဗျ… ရေစက်ကဒီလောက်ပဲပါလို့နေမှာပါ”
လို့နှစ်သိမ့်ပေးလိုက်ရတာတွေလဲရှိသည်။
မယူခင်တွေဇာတာတွေတိုက်စစ်၊ မတိုက်ဆိုင်လို့ရှိရင် အိမ်ထောင်ရေးအေးချမ်းစေမဲ့ ယတြာတွေစီရင်ရသည်။ ဒါမှလဲခံသာမည်။
ဇာတာတိုက်စစ်ရာတွင်လဲ ဇာတာနှစ်ခုရဲ့ မူလမဟာဘုတ် အဖွားတွေရဲ့အနေအထား၊ ပက္ခသဘော၊အင်္ဂဝိဇ္ဇာ အနေအထား၊ ကာရကသဘော၊နာမည်အရ နာမက္ခရဆန်းအနေအထားတွေချိန်ဆ ရသည်။ လက်ရိုးအရ ပတနီဘာဝ (၇တန့်)မှာ ရပ်တည်နေတဲ့ ဂြိုဟ်တွေ ကိုလေ့လာရပြန်သည်။ သေချာစွာအကြံပေးနိုင်ဖို့အချိန်ယူရသည်။လိုအပ်တာတွေ ပြောပေးလမ်းညွှန်ပေးရသည်။
ဒါကြောင့်ကိုယ်ယူမဲ့အိမ်ထောင်ဘက်ဟာသင့်တော်ရဲ့လား၊ ဘဝကြင်ဖော်ကောင်းဟုတ်ရဲ့လားဆိုတာကို သိသင့်သည်။ ကျွန်တော်စဉ်းစားမိတာက ဗေဒင်နားမလည်သူတွေ မိမိအိမ်ထောင်ဘက်ကမိမိနဲ့သင့်မသင့်ကို အကြမ်းဖျင်းလေးသိရဖို့ ပြောပြပေးချင်သည်။
ဒီနေရာကနေ ကျွန်တော့်မိတ်ဆွေတွေကို မိမိတို့ဘာသာအိမ်ထောင်ဘက်ကိုရွေးချယ်နိုင်မဲ့ ယေဘုယျသဘောလေးတစ်ခုကို တင်ပြပေးပါ့
မယ်။ အနီးစပ်ဆုံး မိမိလက်မတွဲသင့်တဲ နေ့နံတွေကဘာနေ့ဆိုတာသိရတာပေါ့။ လေ့လာကြည့်ပါ။ နှစ်ပေါင်းများစွာ ဟောခဲ့ ပြောခဲ့ သုတေသနလုပ်ခဲ့တဲ့ အတွေ့အကြုံအရ Noteထုတ်ပေးထားတာပါ။ ဗေဒင်နားမလည်သူတွေအတွက် အဆင်ပြေစေဖို့ မဟာဘုတ်နည်းအရ
အိမ်ထောင်ဘက်ရွေးနည်းလေးပါပဲ။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၁ကြွင်းပါက
တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၂ ကြွင်းပါက
တနင်္လာ၊အင်္ဂါ၊သောကြာ သားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၃ ကြွင်းပါက
အင်္ဂါ၊ ဗုဒ္ဓဟူး၊စနေသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီးရနဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၄ ကြွင်းပါက
ဗုဒ္ဓဟူး၊ကြာသပတေးနှင့် တနင်္ဂနွေသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီးရနဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၅ ကြွင်းပါက
ကြာသပတေး ၊သောကြာနှင့် တနင်္လာသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၆ ကြွင်းပါက
သောကြာ၊စနေနှင့် အင်္ဂါသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၀ ကြွင်းပါက
စနေ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူးသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး၊
ဒီလောက်ဆိုရင်တော့ အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်တဲ့နေ့သားတွေကို သိလောက်ပြီထင်ပါတယ်။ ဒီနေ့သားတွေကို ယတိပြတ်မယူရဘူးလို့ မဆိုလိုပါဘူး။ ဘဝလက်တွဲဖော်အဖြစ်လက်တွဲမယ်ဆိုရင်တော့ သတိထားရမဲ့ နေ့နံတွေပါ။ အခက်အခဲပြဿ နာများနိုင်တယ်။
ဒါကြောင့် ကိုယ်ချစ်တဲ့သူ၊ ဘဝကြင်ဖော်အဖြစ်ရွေးချယ်မဲ့ သူတွေဟာရှောင်ရမဲ့နေနံတွေထဲပါနေတယ်ဆိုရင်တော့ နီးစပ်ရာဆရာဆီမှာအကြံဉာဏ်ယူပါ။ ရှောင်ရန်ဆောင်ရန်တွေမေးပါ။ လိုအပ်သော အိမ်ထောင်ရေးငြိမ်းချမ်းစေမဲ့ ယတြာတွေစီရင်ပါလို့ အမှာစကားပါးလိုက်ရပါတယ်ဗျာ။
ချစ်သူတိုင်းညားပြီး ညားသူတိုင်းအဆင်ပြေကြပါစေဗျ….။ ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

သိသင့် သိထိုက်သော အဆောင်ရတနာများအကြောင်း

    

     တစ်နေ့တွင် အားလပ်ရက်ဖြစ်တာကြောင့် စာအုပ်ဆိုင်တွေဘက်ကို ခြေဦးလှည့်ဖြစ်သည်။ ဆိုင်ထဲကောင်းရာနိုးနိုး စာအုပ်လေးတွေရွေးနေတုန်းမှာပဲ ဖုန်းဝင်လာသည်။
” ဟဲလို မဂၤလာပါ
ကျွန်တော်ငြိမ်းအေးလူပါ”
” အေး ..ညီလေး …အကိုအောင်သန်းပါ “
“ေျပာ….အကို”
” အကိုအခုရွှေဆိုင်တန်းဘက်ရောက်နေတယ်၊ အကိုလက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်လို့။ ရှင်းရှင်းပြောရရင် စိန်လက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်တာ…. ဒာဲဒါအကိုနဲ့သင့်တော်ရဲ့လာလို့……”
” သင့်တော်တယ်အကို…. ဟိုတစ်ခါအကိုဗေဒင်လာမေးကတည်းက စိန်ကိုအဆောင်အဖြစ်ဝတ်ဆင်သင့်တယ်လို့ ကျွန်တော်ပြောဖူးပါတယ်။ ရွှေနဲ့ပဲဖြစ်ဖြစ် ၊ ပလက်တီနမ်နဲ့ပဲဖြစ်ဖြစ်ကွင်းဝတ်လို့ရတယ်။ ညာဖက် လက်ခလယ်မှာ ဆင်မြန်း
ရမယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်….”
” ငါ့ညီပြောတာအကို မှတ်မိပါတယ်၊ အချို့ကပြောကြတယ်၊ စိန်ကလူခိုက်တယ်ဆိုလို့ “
“မဟုတ်ပါဘူးအကိုရာ …ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ စိန်ကိုအထွဋ်အမြတ်ထားကြတယ်လေ
စေတီပုထိုးတွေမှာ စိန်ဖူးတော်ဆိုပြီး အလေးအမြတ်ထားကြတယ်မဟုတ်လား
ဒါကြောင့်ပဲ စိန်ကိုဝတ်ဆင်တဲ့သူတွေဟာ သီလမြဲရင်အလွန်အကျိုးပေးပါတယ်…..အကိုကသီလရှိပြီးသားပဲ ..အမြဲတမ်းခါးဝတ်ပုဆိုးလိုမြဲအောင်ကြိုးစားပေါ့”
“. စိတ်ချပါ…ကွာ အကိုလဲသီလရှိအောင်နေပါတယ် ဒါနဲ့စကားမစပ် စေတီတွေမှာစိန်ဖူးတော်ကို ဘာလိုအထွဋ်အမြတ်ထားတာလဲ…ငါ့ညီသိရင် ပြောပြပါလား…”
“ကျွန်တော်သိသလောက်ပြောရရင်တော့ စိန်က ကာဗွန်ဒိုင်အောင်ဆိုက်ဒ်ကင်းတယ်။ သူရဲ့ hardness powerကလဲ အမြင့်ဆုံးရှိတယ်။ သူ့ကို ရွှံနွံထဲမှာပဲထားထား အညစ်အကြေးထဲမှာပဲထားထား သူရဲ့ဓာတုဗေဒ ဂုဏ်သတ္တိတွေကပြောင်းလဲသွားတာမျိုးမရှိဘူး…..
အဲလိုပဲဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို
ဆင်းရဲသားပဲကျင့်ကျင့်
သူဌေးပဲကျင့်ကျင့်
ဘုရင်ပဲကျင့်ကျင့်
သူတောင်းစားပဲကျင့်ကျင့် ..ရရှိလာတဲ့ ဓမ္မချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟာလဲ ပြောင်းလဲခြင်းမရှိဘူး
အဲဒါကြောင့်ပဲ ဓမ္မကို စိန်နဲ့ နှိုင်းယှဉ်ပြီး စေတီတွေမှာ စိန်ဖူးတော်အဖြစ်အထွဋ်အမြတ်ထားတယ်လို့ကြားဖူးတာပဲ..”
“အခုလိုရှင်းပြတာ ကျေးဇူးပါပဲ…..ငါ့ညီရာ
အဲဒါဆို အကိုဝယ်လိုက်တော့မယ်….”
” ဝယ္သာ ဝယ္လိုက္ပါ အကို…..”
*************************************
အဲဒီလိုမျိုး အဆောင်ကျောက်တွေနဲ့ ပက်သက်ပြီး တော့မေးမြန်ကြသူတွေ အပြင်မှာရော လိုင်းပေါ်မှာပါအရမ်းများကြပါတယ်။ အဆောင်ကျောက်မျက်ရတနာတွေနဲ့ ပက်သက်ပြီးရေးပေးဖို့ တိုက်တွန်းကြသူတွေလဲရှိကြပါတယ်။
အဆောင်ကျောက်မျက်ရတနာတွေက လူသားတွေအပေါ် အကျိုးသက်ရောက်မှုတွေရှိစေတာ
တော့အမှန်ပါပဲ၊ အချို့က အထွန့်တက်ကြသည်။ မြေအောက်ကနေထွက်ပြီး လူသားတွေက တန်ဖိုးထားစရာလို့သတ်မှတ်လိုက်လို့ ရတနာဖြစ်လာတဲ့ သတ္ထုတွေက လူသားတွေရဲ့ အောင်မြင်မှု၊ ချမ်းသာမှု ၊ပျော်ရွှင်မှု ၊ကျန်းမာမှုတွေအတွက် အထောက်အပံ့တွေ၊ကောင်းကျိုးတွေ ဖြစ်စေပါ့မလားလို့ အမေးခံရဖူးပါတယ်။
ဒီမှာတင်အဖြေကပါပြီးသားပါ။ လူတွေတန်ဖိုးထားစရာလို့သတ်မှတ်ထားခဲ့ကြတာဟာ ဘယ်အချိန်ဘယ်ကာလကတည်းကဆိုတာ
မသိနိုင်အောင် ကြာမြင့်ခဲ့ပါပြီ။ ဒီရတနာတွေကို
လူတွေကမြတ်နိုးခဲ့ကြတာဟာ လူသားစဉ်ဆက်နှစ်ပရိစ္ဆေတရှိနေပါပြီ။ အဲဒီလိုမြတ်နိုး တန်ဖိုးထားကြတဲ့ ရတနာတွေကို မိမိရဲ့ ခန္ဓာကိုယ်မှာဆင်မြန်းထားပြီဆိုကတည်းကထိုရတနာရဲ့ဟိတ်တွေ မိမိဆီကို ဝင်လာတာမဆန်းပါဘူး။
သဘာဝတရားကြီးက လွန်စွာဆန်းကြယ်သည်။ မိမိဉာဏ်တစ်ထွာတစ်မိုက်လောက်နှင့် ဉာဏ်မှီဖို့မလွယ်ပေ။မိမိဉာဏ်မမှီတာနဲ့ပဲ လက်မခံဘူးဆိုရင် အရမ်းရယ်စရာကောင်းနေမည်သာ။
နေ၊လ၊ရေ၊မြေ၊လေ၊သစ်ပင်တောတောင် စတဲ့သဘာဝအကြောင်းတရားတွေရှိလို့သာ သက်ရှိတွေရှင်သန်နိုင်သည် မဟုတ်လား။ ဒီသဘာဝတရားကြီးကမွေးဖွားပေးလိုက်တဲ့ မြေပေါ်မြေအောက် ရတနာတွေကလဲလူသားတွေအပေါ် သက်ရောက်မှုတွေရှိ သည်သာ။ ဒါကြောင့်ပဲသစ်ရွက်သစ်ဖုတွေဟာ လူသားတွေရဲ့ ဆေးဝါးဖြစ်လာခဲ့ကြသည်။
သဘာဝတရားကြီးမှာ သူ့အာနိသင်နှင့်သူရှိကြသည်။ဒီလိုပဲကျောက်မျက်ရတနာတွေမှာ သူ့အမျိုးအစားအလိုက်အကျိုးအာနိသင်တွေရှိကြစမြဲပင်။
အနည်းငယ်ပြောပြရရင်….
ပတၱျမား
ပတ္တမြားဟာ ရန်ကိုအောင်စေတဲ့နေရာမှာအထူး
ကောင်းတယ်။ရဲရင့်မှု ၊ ထက်မြက်မှု၊ စိတ်အားထက်သန်မှုတွေကိုလဲပေးစွမ်းတယ်။
ပုလဲ
ပုလဲက မျက်နှာပွင့်တယ်။ စန်းပွင့်တယ်။ ငွေရွှင်တယ်။ငွေမြဲတယ်။လာဘ်လာဘကိုပေးစွမ်းတယ်။
စိန်
စိန်ကတော့ ဘုန်းကံမြင့်မားစေပါတယ်။အောင်မြင်မှုတန်ခိုးသြဇာထက်မြက်မှုကို ပေးစွမ်းတယ်။
နီလာ
နီလာကတော့ လုပ်ငန်းကိုတိုးတတ်စေတယ်။ အောင်မြင်စေတယ်။စီးပွားရေးကံကောင်းစေတယ်။ ရန်ငြိုးတွေပြေငြိမ်မှုကိုပေးစွမ်းပါတယ်။
သန္တာနီ
အချစ်ရေး၊အိမ်ထောင်ရေး ပျော်ရွှင်ချမ်းမြေ့စေတယ်အချစ်ရေးကံကောင်းစေတယ်။ ပီယဓာတ်ကိုပေးစွမ်းပါတယ်။
ဥႆ ဖယား
ဥဿ ဖယားက ကံဆိုးခြင်းတွေလျော့ပါးသက်သာတယ် ဘဝအခြေခိုင်မာစေတယ်။ တည်ငြိမ်မှုကိုပေးစွမ်းတယ်။
ပယင်း
ပယင်းကမှတ်ဉာဏ်ကိုကောင်းစေတယ်။ဒေါသကိုထိန်းချုပ်နိုင်တယ်။မေတ္တာတရား ခွင့်လွှတ်ခြင်းကိုပေးစွမ်းတယ်
ကြောင်
ကြောင်ကျောက်က စွန့်စားမှုကိုဖြစ်ပေါ်စေတယ်။ ကံညံ့တာတွေပျောက်စေတယ်။ အနာဂတ်ကြိုတင်ခန့်မှန်းနိုင်မှုကိုပေးစွမ်းတယ်။
ျမ
မြကတော့ ပေါများကြွယ်ဝစေတယ်။ မိသားစုရဲ့ပျော်ရွှင်မှုငြိမ်းချမ်းမှုကိုပေးစွမ်းတယ်
ဂေါ်မုတ်
ဂေါ်မုတ်က ကိုယ်ခံအားကိုကောင်းစေတယ်။ သန်မာခြင်းနဲ့ ခွန်အားကိုပေးစွမ်းတယ်။
မဟူရာ
မဟူရာက သူများမပြုစားနိုင်ဘူး။ အတွေးအခေါ် ကောင်းစေတယ်။ ရန်အောင်ခြင်းကိုပေးစွမ်းတယ်။
ဒါကတော့ ကျောက်မျက်ရတနာအချို့ရဲ့ အစွမ်းအာနိသင်ကိုအနည်းအကျဉ်းဖော်ပြတာပါ။ အဲဒီမှာ
ရွှေကတော့ ကျန်းမာခြင်း ၊ ယုံကြည်ခြင်း ၊ ရဲရင့်ခြင်းတွေကို ပေးစွမ်းသလို လူ အများနဲ့လဲသဟဇာတ
ဖြစ်စေတဲ့ရတနာပါပဲ။
တစ်ဦးတစ်ယောက်ဆီအတွက်သင့်တော်တဲ့ အဆောင်ကျောက်တွေကို ပြောရမယ်ဆိုရင် အယူအဆတွေကအရမ်းများတာတွေရတယ်။ နေ့သားအလိုက် ၊မဟာဘုတ်အကြွင်းအလိုက်၊ အင်္ဂဝိဇ္ဇာအလိုက် အဆောင်ကျောက်တွေ ကွဲပြားနေသေးပါတယ်။ ထိုနောက်ရာသီအလိုက် ၊ ဂဏန်းဗေဒင်အလိုက်လဲ ထပ်မံကွဲပြားမှုကရှိနေပါသေးတယ်။ အရှေ့တိုင်းနည်းအရရော အနောက်တိုင်းနည်းအရပါ မူတွေအမျိုးမျိုးကွဲနေပါသေးတယ်။ အဲဒီတော့ အဆောင်ကျောက်တွေအကြောင်းသာ အစုံရေးပြရမယ်ဆိုရင် ခေါင်းအုံးအိပ်လို့ရမဲ့ အထူလောက်စာအုပ်တစ်အုပ် ဖြစ်လာနိုင်စရာရှိပါတယ်။
အဲဒီတော့ ကျွန်တော်လက်ရှိအသုံးပြုနေပြီး ၇ရက်သားသမီးကို လက်ဆင့်ကမ်းနေတဲ့ အဆောင်ကျောက်မျက်ရတနာ ဆောင်နည်းကတော့ မိမိတို့မွေးတဲ့ အင်္ဂလိပ်မွေးရက်အရ ဆောင်ရတဲ့ နည်းပါပဲ။ ဒီနည်းလေးကို လွန်ခဲ့သော ဆယ်စုနှစ်က ဆရာ
သက်နှင်းဆွေ(ပုပ္ပါး)ဆီကရခဲ့သည်။
လက်တွေ့အသုံးပြုခဲ့တာကြာပြီ။ တကယ်လဲအစွမ်းထက်မြက်ပြီးအကျိုးထူးတာများစွာတွေ့ရသည်။
*************************************
မိမိဟာခရစ်နှစ် မည်သည့်နှစ်၊မည်သည့်လတွင်မဆို
၁ရက်၊ ၁၀ရက်၊ ၁၉ရက်၊ ၂၈ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့
စိန်၊ပယင်းနှင့် အဝါရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာခရစ်နှစ် မည်သည့်နှစ်၊မည်သည့်လတွင် မဆို
၂ရက်၊ ၁၁ရက်၊ ၂၀ရက်၊ ၂၉ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲ၊ကျောက်စိမ်းနှင့် အစိမ်းနုရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်
ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၃ရက်၊ ၁၂ရက်၊ ၂၁ရက်၊ ၃၀ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့….
ငွေသားလက်စွပ်နှင့် ဂေါ်မုတ်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၄ရက်၊ ၁၃ရက်၊ ၂၂ရက်၊ ၃၁ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့….
ရွှေကိုတတ်သစ်စနေဝန်းပုံဖော်ပြီး လက်စွပ်ကွင်း ဝတ်ကာ အဆောင်ရတနာအဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၅ရက်၊ ၁၄ရက်၊ ၂၃ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
စိန်၊ငွေနှင့် ပြဒါးလုံး ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၆ရက်၊ ၁၅ရက်၊ ၂၄ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
မြကျောက်နှင့် အပြာရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၇ရက်၊ ၁၆ရက်၊ ၂၅ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲ၊ကြောင်ကျောက်နှင့် အရောင် ဖျော့ သော ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၈ရက်၊ ၁၇ရက်၊ ၂၆ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲနက်၊ရေသံနှင့် မဟူရာကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၉ရက်၊ ၁၈ရက်၊ ၂၇ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပတ္တမြားနှင့် အနီရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်
ဆင်မြန်းနိုင်ပါတယ်၊၊
မိမိကအဆောင်အဖြစ်နဲ့ ဝတ်ဆင်မဲ့ရတနာကို မဝတ်ဆင်ခင် ပထမဦးစွာ နွားနို့နဲ့ အရင်စိမ်လိုက်ပါ။ ပြီးရင် ရေသန့်နဲ့ ၂၁ကြိမ်တိတိ
ဆေးကြောပါ။
ရေဆေးပြီးတာနဲ့ အမွှေးနံ့သာ တစ်ခုနဲ့ ပက်ဖြန်းပါ။ မိမိကိုယ်တိုင်ကလဲ ရေမိုးချိုး ကိုယ်လက်သန့်စင်ပါ၊ ဘုရားမှာ ပန်းဆီမီးရေချမ်း ကပ်လှူပူဇော်ပါ။ဘုရားရှိခိုး ပရိတ်ပဋ္ဌာန်း ရွတ်ဆိုပြီးမှ ဝတ်ဆင်ပါ။
အဆောင်ကို လက်စွပ်အဖြစ်ဝတ်ဆင်မယ်ဆိုရင်တော့ ညာလက်မှာပဲ
ဝတ်သင့်ပါတယ်။ လက်ခလယ် (သို့)လက်သူကြွယ်မှာ ဝတ်ဆင်ပါ။
ထူးထူးခြားခြားကံကောင်းခြင်း၊ လာဘ်ရွှင်ခြင်း၊ ဘေးရန်ကင်းခြင်း၊
မျက်နှာပွင့်ခြင်း၊ ပြောစကားအောင်မြင်ခြင်း၊ မိသားစုအိမ်ထောင်ရေး ချမ်းမြေ့ခြင်း၊ သူတစ်ပါးဒုက္ခမပေးနိုင်ခြင်း ငွေမြဲခြင်း ၊ကျန်းမာခြင်း၊
စတဲ့ကောင်းကျိုးတွေရရှိစေပါတယ်။ ကျောက်မျက်ရတနာဟာ လှပရုံဆင်မြန်းထားဖို့မဟုတ်ဘဲ စနစ်တကျဆောင်ထားခြင်းဖြင့် ကောင်းကျိုးအနန္တတွေ ဖြစ်ပေါ်စေကြောင်း တင်ပြလိုက်ရပါတယ်ဗျာ
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

ချစ်တဲ့သူတိုင်း ညားကြပါစေ

    အချစ်အကြောင်းပြောမယ်ဆိုရင် အခြားသူများထက်မိမိက ပိုပြီးသိတယ်လို့ ပြောရမလိုပင်။ အချစ်ရေးနယ်ပယ်မှာ ခံစားအလွယ်ဆုံးဖြစ်တဲ့ ကရကဋ်ရာသီဖွားက မိမိကိုယ်တိုင်ပင် မဟုတ်လား။ တက္ကသိုလ်ကျောင်းသားဘဝ အချစ်ဆိုတာနဲ့ စတင်ရင်းနှီးခွင့်ရခဲ့သည်။ 

ချစ်ခင်မြတ်နိုးခြင်း လွမ်းဆွတ်သတိရခြင်း ခွဲခွာပူဆွေးခြင်း အသည်းကွဲခြင်းစတဲ့ ဝေဒနာတွေအမျိုးမျိုးခံစား ခဲ့ရတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့လဲ ပထမဆုံး ထိတွေ့လုပ်ကိုင်ခွင့်ရတဲ့အလုပ်က marketing အလုပ်။ အလုပ်ခွင်ထဲမှာပင် ချစ်သူရသည်။ ချစ်သူက ကိုယ်အထက်မြန်မာပြည် marketing တစ်လထွက်နေချိန် နောက်တစ်ယောက်တွဲသွားသည်။ 

 မိမိပြန်ရောက်တော့ သူငယ်ချင်းတွေက ဆီးကြိုပြီးအကျိုးအကြောင်းပြောပြကြသည်။ လက်ထဲမှာကိုင်ပြီး သောက်နေတဲ့ အချိုရည်ပင်ဆက်လက်မမျိုချနိုင်အောင် လည်ချောင်းထဲမှာ တစ်ဆို့ပြီးအသည်းကွဲတဲ့ ဝေဒနာကို ခံစားခဲ့ရသည်။ ဒါကြောင့်ပဲ အချစ်နဲ့ပက်သက်ပြီး ဒုက္ခကြုံနေကြသူတွေကို မိမိကိုယ်တိုင်လဲ ကိုယ်ချင်းစာသည်။ 

        ဗေဒင်ပညာဖြင့် အသက်မွေးရပ်တည်တဲ့အခါမှာတော့ အချစ်ရေးသောကကြုံနေရသူတွေနဲ့ နေစဉ်လိုလို တွေ့ရမြင်ရလေသည်။ ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်း၊ မချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းသည် ဒုက္ခပင် မဟုတ်ပါလား…။

      ချစ်သူက အဆက်အသွယ်မလုပ်လို့၊ ချစ်သူက လမ်းခွဲသွားလို့၊ ချစ်သူက နောက်တစ်ယောက်တွဲသွားလို့၊ ချစ်သူက အတူတူနေပြီးမှ ရှောင်နေလို့ …စသည်ဖြင့် အချစ်ရေးရဲ့ ခေါင်းစဉ်အောက်က ပြဿ     နာမျိုးစုံ မြင်ရကြားရ တွေရလေသည်။ 

      ချစ်သူရည်းစားမထားခင် မိမိချစ်သူကဘယ်လိုလူလဲ ဘယ်လိုစိတ်ဓာတ်ရှိလဲဆိုတာ သိအောင်ကြိုးစားထား ပါ။ ချစ်သူဘဝမှာလဲ မိန်းကလေးတွေအနေနဲ့ ချစ်သူနဲ့စိတ်ကွယ်ရာမနေမိပါစေနဲ့။ အတူတူမနေလို့ ပြဿ     နာရှာရင် လမ်းခွဲလိုက်ပါ။ အတိတ်ကံဆိုတာ ဘာတွေလုပ်ခဲ့တာလဲမြင်ရတာမဟုတ်ပါ။ ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ကဖူးစာရေစက် ဘယ်လောက်ပါလဲ သိနိုင်သည်မဟုတ်ပါ။ 

   ဖူးစာရေစက်နည်းလို့ လမ်းခွဲရပြီဆိုရင်တော့ဗေဒင်ယတြာမဆိုထားနှင့်။ မိုးပေါ်က သိကြားမင်းပင်ကူညီ နိုင်မည် မဟုတ်ဘူးဆိုတာသိထားပါ။ ဒါကြောင့် ကျွန်တော့်ဆီမှာဗေဒင်မေး ယတြာယူကြတဲ့သူတွေဆိုသိပါလိမ့် မယ်။ အဆင်ပြေနိုင် မပြေနိုင်စစ်ဆေးပြီးမှ လိုအပ်တဲ့ယတြာပြောပေးလေ့ရှိပါတယ်။ ဇာတာချင်းမကိုက်ညီဘဲ လက်တွဲကြတဲ့ စုံတွဲတွေ၊ အိမ်ထောင်ဘက်တွေဟာဆိုရင် စိတ်သဘောထားချင်း မတိုက်ဆိုင်ကြသလို ရေရှည် လက်တွဲဖို့ဆိုတာလဲ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ 

 အချစ်ရေးဒုက္ခကြုံနေရသူတွေအတွက် ဗေဒင်မေးရ ယတြာခြေရတာကလဲ အဆင်ပြေမလားဆိုတဲ့ မျှော်လင့်ချက်ကိုယ်စီနဲ့ပေါ့။ ရိုးသားတဲ့ဗေဒင်ပညာရှင်နဲ့ ဆုံတွေ့ရရင် ကိစ္စမရှိပေမဲ့ ရိုက်စားဗေဒင်ဆရာနဲ့တွေ့ရင် အပူပေါ်အပူဆင့်ရပြန်ပါတယ်။ အပူစာစားနေရတဲ့ ဗေဒင်ဆရာတွေကလဲ စေတနာကြေး ဒါမှမဟုတ်သတ်မှတ် ဉာဏ်ပူဇော်ခသာယူသင့်သည် မဟုတ်ပါလား။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေအချိုးမျိုးနဲ့ ငွေယူနေမယ်ဆို ရင်

တော့ ပစ္စပ္ပုန်လဲမကောင်း သံသရာလဲကောင်းမှာမဟုတ်ဘူးဆိုတာ သိထားစေချင်ပါတယ်။ 

    အချစ်ရေးအတွက် ကောက်ရိုးတစ်မျှှင်လို့ပဲဆိုဆို ဖူးစာရေစက်ကျန်နေကြသူတွေ သံယောဇဉ်လက်ကျန်ရှိကြသူတွေအတွက် ယတြာ လေးတစ်ခုပြောပေးပါ့မယ်။

   ကဲ ယတြာကဏ္ဍလေးကို ပြောကြရအောင်ဗျာ။ အချစ်ရေးအဆင်မပြေတော့လို့ ချစ်သူကစိမ်းကားနေလို့ စသည်ဖြင့်ကြုံနေရပြီ ဆိုရင်တော့ ဒီယတြာလေးလုပ်စေချင်ပါတယ်။ ချစ်သူကမိမိကို အရင်လိုပြန်ချစ်လာနိုင်သလို မိမိအပေါ်သံယောဇဉ်လဲပိုလာပါလိမ့်မယ်။  ရာခိုင်နှုန်းတော်တော်များများ ပြန်အဆင်ပြေတာတွေ့ရပါတယ်။ အချစ်ရေးသောကကြံုနေသူတွေအတွက် ဒီယတြာလေးကအများကြီး အကူအညီပေးခဲ့ဖူးလေသည်။

              ဒါကြောင့် နေလapp ကိုMember ဝင်ထားတဲ့ သူများနဲ့ ကျွန်တော့် page ကိုအားပေးနေကြတဲ့ ကျွန်တော့်ပရိတ်သတ်တွေကို အချစ်ရေးအတွက် ရင်အေးစေမဲ့ ယတြာလေးကိုတင်ပြလိုက်ရပါတယ်ဗျာ။

   နေ့သားတစ်ဦးကို ဥပမာပေးပြီးအရင်ပြောကြရအောင်ဗျာ………….၊

   မိမိကတနင်္လာသားဆိုပါစို့ ။ မိမိရဲ့အညွှန့်နေ့မှာ ဒီယတြာကို စီရင်ရမှာပါ။ အညွှန်နေ့ဆိုတာက မွေးနံကစရေ တွက်ရင် ၂ခုမြောက်နေ့နံကိုဆိုလိုတာပါ။ ဒါကြောင့် တနင်္လာရဲ့အညွှန့်နေ့က အင်္ဂါပါ။ နောက်ပြီးတော့ တနလ်ာသားရဲ့ ခြောက်ခုမြောက်နေနံပန်းတွေကိုရှာရမှာပါ။ တနင်္လာကနေစတင်ရေတွက်ရင် ခြောက်ခုမြောက်က စနေပါ။ ဒါကြောင့် စနေနံပန်းတွေကို စဉ်းစားကြည့်မယ်ဆိုရင် နှင်းဆီးပန်း၊ ဒေါနပန်း၊ ဒန်းပန်းစတာတွေရှိပါလိမ့် မယ်။ ဒီနေရာမှာ ကိုယ့်ချစ်သူရဲ့မွေးနံပန်းလဲ လိုအပ်ပါသေးတယ်။ 

      ကိုယ့်ချစ်သူက ကြာသပတေးသမီးဆိုရင်တော့ မေမြို့ပန်း ၊ပိန်းပန်း ပေါ့ဗျာ။  ဒီလောက်ထိနားလည်မယ်လို့ ထင်ပါတယ်။ ဒါဆိုရင်တော့ အစကပြန်ကောက်ရအောင်ဗျာ။ မိမိရဲ့အညွှန့်နေ့ဖြစ်တဲ့ အင်္ဂါနေ့မှာ နှင်းဆီပန်းလက်တ ဆုပ်ခန့် (အရေအတွက်မလို)နှင့် ချစ်သူရဲ့ မွေးနံပန်းဖြစ်တဲ့ မေမြို့ပန်းလက်တစ်ဆုပ်ခန့်ကို ရောပြီး အပ်ချည်နဲ့ အရင်းကနေ ချည်နှောင်လိုက်ပါ။ 

 ထိုနောက်နီးစပ်ရာစေတီမှာ လှူဒါန်းပေးပါ။ မိမိရဲ့အညွှန့်နေ့ရောက်တိုင်း နီးစပ်ရာစေတီမှာ ပြုလုပ်ပေးပါ။ ဘုရားသွားလို့ အဆင်မပြေတဲ့သူများဆိုရင်လဲ အိမ်ကဘုရားမှာပန်းအိုးလှလှလေးတစ်လုံးနဲ့ ပူဇော်ထားပါ။  တစ်ပတ်တစ်ခါ အညွှန့်နေ့ရောက်တိုင်း ပန်းလဲပေးပေါ့ဗျာ။

 ကိုယ်ကဘာသာခြားဖြစ်နေလို့ ဘုရားမှာပူဇော်ဖို့ အဆင်မပြေဘူးဆိုရင်တော့ မိမိရဲ့အိပ်ခန်းထဲပန်းအိုးလှလှ လေးတစ်လုံးထဲ မှာထိုဓာတ်ပန်းလေးတွေ ထည့်ပြီးပန်းအလှထိုးနိုင်ပါတယ်။

  ဒီလောက်ဆို နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။  ယတြာနဲ့ပက်သက်ပြီး မရှင်းလို့နားမလည်သူများ အောက်က Send Message  နှိပ်ပြီး မေးမြန်းနိုင်ပါတယ်ဗျာ။ အချစ်ရေးကြောင့် သောကကြုံနေကြသူများကို မိမိတတ်သိနားလည်သော ယတြာ အစွမ်းဖြင့် ၇ရက်သားသမီးရဲ့ရင်ကို ငြိမ်းအေးစေနိုင်မယ်ဆိုရင်ဖြင့်…

 ၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။   ။

                     ငြိမ်းအေးလူ (ဗေဒင်သုတေသီ)     

                               Viber Only(09775555695)

မတော်တဆ ထိခိုက်မှု (accident) ဖြစ်လွယ်သော အသက်အပိုင်းအခြားများ

ပေးထားတဲ့ ခေါင်းစီးကိုကြည့်ပြီးတော့ မလန့်သွားပါနဲ့ဗျာ။ ကြောက်လန့်သွားစေလိုတဲ့ ရည်ရွယ်ချက်မျိုး  ဥပါဒါန်စွဲသွားလိုတဲ့ ဆန္ဒမျိုးမြူတစ်မှုံမျှမရှိဘူးဆိုတာ နားလည်စေချင်ပါတယ်။ မိမိတို့ဆင်ခြင်နိုင်ဖို့နဲ့ သတိကပ်နိုင် ဖို့တင်ပြရတာပါ။ အသက်မှာ Spare Parts မပါဘူးဆိုတဲ့ စကားကလူတိုင်းကြားဖူးနားဝ ရှိပါလိမ့်မယ်။ မှန်ပါတယ်။  မဖြစ်ခင်ကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားကြပြီး အရေးကြုံမှ အမိတလို့မရနိုင်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လဲ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနဲ့ ပက်သက်တဲ့ သင်တန်းများတတ်ခဲ့ ဖူးပါ တယ်။သင်ကြားသူက accidentနဲ့ ပက်သက်တဲ့ video တွေကို projector နဲ့ဖွင့်ပြပြီး သင်ပြပေးလေ့ရှိပါတယ်။ videoတွေကနေတဆင့် အမှားတွေကို သင်ခန်းစာယူတတ်ဖို့ နဲ့ PPE ပြည့်စုံစွာ ဝတ်ဆင်ဖို့ ပြောပြတိုက်တွန်းလေ့ ရှိပါတယ်။ ကျွန်တော်လဲ ဒီသဘောပါပဲ ။ ကျွန်တော်တတ်သိထားတဲ့ ပညာလေးနဲ့ တတ်သိသလောက်ပြောပြပြီး  ဆင်ခြင်နိုင်ဖို့နဲ့  ရှောင်တတ် ဆောင်တတ်စေလိုတဲ့စေတနာနဲ့ ပြောပြရခြင်းပါ။

Zero Accident ဖြစ်ဖို့ Safely Officerတွေလုပ်ဆောင်ကြသလို မတော်တဆထိခိုက်လွယ်တဲ့ အသက် အပိုင်းအခြားများမှာ ဘယ်လိုဗုဒ္ဓယတြာတွေနဲ့ထိန်းသွားမယ်ဆိုတာမျိုးလဲ ပြောပြပေးချင်ပါတယ်။ အလုပ်စုံ ဘဝစုံ ခဲ့တဲ့ ကျွန်တော်ကတော့ မတော်တဆထိခိုက်မှုတွေ ခဏခဏကြုံတွေ့ခဲ့ရဖူးတယ်။ ထိခိုက်ဒဏ်ရာရလို့ ကုသရပြီ ဆိုရင် ငွေကုန်လူပမ်းဖြစ်ရသလို မပြောကောင်း မဆိုကောင်းအသက်ဆုံးရှုံးကြရပြီဆိုရင်လဲကျန်ရစ်သူတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။

  သတ္ထုတူးဖော်ရေးအလုပ်မှာလုပ်ခဲ့တုန်းက”လူဆိုတာသေမျိုးပါပဲ…သေဖို့ကံပါလာရင်တားမရပါဘူး” ဆိုတဲ့ သူတွေလဲမြင်ဖူးပါတယ်။ ဖြစ်ချင်တော့ မကြာခင်က ထိုသူက ငှက်ဖျားရောဂါ  ခံစားရလေသည်။ ဆေးခန်းသွားဖို့   ကျွန်တော့်ကိုခေါ်တော့ “ငှက်ဖျားတိုက်ဖျက်ရေး သွားပြီး ဆေးထိုးဆေးသောက်လုပ်မလို့လား …လုပ်မနေပါနဲ့ကွာ သေဖို့ကံပါလာရင်သေမှာပါပဲ” 

   ထိုသို့ပြောလိုက်တော့ ထိုသူမျက်နှာညှိုးသွားလေသည်။ သူပြောခဲ့စကားကိုလဲ ပြန်ရုတ်သိမ်းသွားသည်။ ကာကွယ်ခြင်း ကုသခြင်းဆိုတဲ့စကားလုံတွေ အကြောင်းမဲ့ပေါ်လာခြင်းမဟုတ်ပါဘူး။  

 ကဲဘယ်အသက်အပိုင်းအခြားတွေက မတော်တဆထိခိုက်မှုတွေဖြစ်တတ်လဲ……..?

တနင်္ဂနွေသားသမီးတွေကနေစပြောရအောင်ဗျာ။ 

တနဂၤေႏြ

  တနင်္ဂနွေသားသမီးတွေ မတော်တဆထိခိုက်လွယ်သော အသက်အပိုင်းအခြားများကတော့ 

၄၊၅၊၁၂၊၁၃၊၂၀၊၂၁၊၂၈၊၂၉၊၃၆၊၃၇၊၄၄၊၄၅၊၅၂၊ ၅၃၊၆၀၊၆၁၊၆၈၊၆၉၊၇၆၊၇၇ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

တနလၤာ

 တနင်္လာသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားများကတော့ ၃၊၄၊၁၁၊၁၂၊၁၉၊၂၀၊၂၇၊၂၈၊၃၅၊၃၆၊၄၃၊၄၄၊၅၁၊၅၂၊၅၉၊၆၀၊၆၇၊၆၈၊၇၅၊၇၆စတဲ့ အသက်အပိုင်းအခြားတွေပါပဲ။

အဂၤါ

 အင်္ဂါသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၂၊၃၊၁၀၊၁၁၊၁၈၊၁၉၊၂၆၊၂၇၊၃၄၊၃၅၊၄၂၊၄၃၊၅၀၊၅၁၊၅၈၊၅၉၊၆၆၊၆၇၊၇၄၊၇၅ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

ဗုဒၶဟူး

 ဗုဒ္ဓဟူးသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၁၊၂၊၉၊၁၀၊၁၇၊၁၈၊ ၂၅၊၂၆၊၃၃၊၃၄၊၄၁၊၄၂၊၄၉၊၅၀၊၅၇၊၅၈၊၆၅၊၆၆၊၇၃၊၇၄ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

ရာဟု

   ရာဟုသားသမီးတွေ မတော်တဆ ထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၆၊၇၊၁၄၊၁၅၊

၂၂၊၂၃၊၃၀၊၃၁၊၃၈၊၃၉၊၄၆၊၄၇၊၅၄၊၅၅၊ ၆၂၊၆၃၊၇၀၊၇၁ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

ၾကာသပေတး

 ကြာသပတေး သားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၇၊ဂ၊၁၅၊၁၆၊၂၃၊၂၄၊၃၁၊၃၂၊၃၉၊၄၀၊၄၇၊၄၈၊၅၅၊၅၆၊၆၃၊၆၄၊၇၁၊၇၂ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

ေသာၾကာ

 သောကြာသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၅၊၆ ၊၁၃၊၁၄၊၂၁၊ ၂၂၊၂၉၊၃၀၊၃၇၊၃၈၊၄၅၊၄၆၊၅၃၊၅၄၊၆၁၊၆၂၊၆၉၊၇၀ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

စေန

   စနေသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့

အသက်အပိုင်းအခြားတွေကတော့ ၁၊၈၊၉၊၁၆၊၁၇၊

၂၄၊၂၅၊၃၂၊၃၃၊၄၀၊၄၁၊၄၈၊၄၉၊၅၆၊၅၇၊၆၄၊၆၅၊၇၂၊၇၃ စတဲ့ အသက်အပိုင်းအခြားတွေပါပဲ။

 ဒီကာလတွေ မှာ သွားသတိလာသတိရှိရပါလိမ့်မယ်။ ယာဉ်ကားမောင်းရင်လဲ အန္တရာယ်ရှိအောင်မမောင်းနဲ့။ အန္တရာယ်ရှိတဲ့နေရာတွေ မသွားနဲ့။ အန္တရာယ်ဖြစ်စေမဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေ လျော့သင့်ပါတယ်ဗျ။ 

     ဒီလို ကာလတွေမှာတော့ ကျွန်တော်အကြိုက်ဆုံးက ဗုဒ္ဓဘာသာပီပီ ပဌာန်းရွတ်တာအကြိုက်ဆုံးပါပဲ။ တစ်နေ့တစ်ခေါက်ပဲဖြစ်ဖြစ် တစ်ပတ်ကို တစ်ခါလောက်ဖြစ်ဖြစ်ရွတ်ပေးစေချင်တာပါ။ အကောင်းဆုံး ဗုဒ္ဓယတြာပါ။ 

    နောက်ထပ်ပြုလုပ်ပေးစေချင်တာက စျေးသွားပြီး သေအံ့ဆဲဆဲ အသတ်မခံရမှီငါးတွေ ဝယ်ပြီး လွှတ်ပေးစေချင်တာပါ။

    အဆင်သင့်ရင် လုပ်စေချင်တာက မိမိဆွေမျိုးသားချင်းတွေထဲကပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေတွေထဲကဖြစ်ဖြစ် နေမကောင်းလို့ ဆေးရုံတတ်ရပြီဆိုရင်တော့ မိမိက တတ်နိုင်သ၍လူနာစောင့်သွားလုပ်ပေးစေချင်ပါတယ်။ 

    နောက်ဆုံးလုပ်စေချင်တာက ကာယနဲ့ရင်းတဲ့ ကုသိုလ်တွေများများလုပ်ပါ။နားလည်အောင်ပြောရရင် ဘုရားတွေမှာ တံမြက်စည်းလှဲတာ ၊ သန့်ရှင်းရေးလုပ်တာ ၊  ရေညှိတွေခွာတာ ၊ လမ်းပြုပြင်တာ ၊ရေတွင်းရေကန်တွေဖော်တာ ၊ ဘုန်းကြီးကျောင်း ကုဋီတွေဆေးကြောတာ စတဲ့ ကာယနဲ့ရင်းနှီးပြီး လုပ်ရတဲ့ ဝေယျာဝစ္စကုသိုလ်မျိုးတွေများများ လုပ်ပေးပါလို့ မှာချင်ပါတယ်ဗျာ။ 

 သိသလောက်တော့ မျှဝေခဲ့တာပါပဲ။ ဒီအသက်အပိုင်းခြားရောက်တိုင်း ထိခိုက်လွယ်တာမျိုးတော့ မဟုတ်ပါဘူး။ လူတစ်ဦးရဲ့မူလဇာတာနဲ့ သူပြုခဲ့တဲ့ အတိတ်ကံက အဓိကပါ။ အများဖတ်လို့ရအောင် ရေးရတာဆိုတော့ ယေဘုယျဆန်ဆန် ရေးမှလဲ အဆင်ပြေနိုင်မှာမို့ပါ။ 

၇ရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

                       ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

                Viber Only( 09775555695)

လူတွေ မအောင်မြင်ရတဲ့ အဓိကအချက်(၉)ချက်

နာမည်ကျော် သံမဏိစီးပွားရေးလုပ်ငန်းရှင်ကြီး Andrew Carnegie နဲ့ နာမည်ကျော်စာရေးဆရာ Napoleon Hill တို့ဟာ သန်းကြွယ်သူဌေးပေါင်း ၅၀၀ ကျော်ကို နှစ် ၂၀ ကြာသုတေသနပြုလုပ်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှာ Think and Grow Rich ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ (ဒီစာအုပ်ကို ဆရာကြီးရွှေဥဒေါင်းက “အကြံဉာဏ်ဖြင့်ကြီးပွားရေး” ဆိုပြီး ဘာသာပြန်ခဲ့ပါသေးတယ်။) ဒီစာအုပ်ထဲမှာပါတဲ့ လူတွေမချမ်းသာရတဲ့ အဓိကအကြောင်းအရင်းကြီး (၉) ချက်ကို Myanmar Online Entrepreneur – MOE ပရိတ်သတ်များအတွက် ဝေမျှပေးသွားမှာဖြစ်ပါတယ်။

======================

၁။ ရည်မှန်းချက် တိတိကျကျမရှိခြင်း

ရည်မှန်းချက် သတ်သတ်မှတ်မှတ်မရှိတဲ့ လူတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတာလည်း မရှိလာနိုင်ပါဘူး။ ကြွယ်ဝမှုကို လိုချင်တယ်ဆိုရင် ကိုယ်ငွေဘယ်လောက်စုချင်သလဲ၊ ငွေဘယ်လောက်လိုချင်သလဲဆိုတာကို တိတိကျကျရည်မှန်းချက်တစ်ခု သတ်မှတ်ထားပါ။ ပြီးရင် ရလာတဲ့ ပိုက်ဆံတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ၊ ဘယ်လိုတိုးပွားအောင်လုပ်မလဲဆိုတာကို Plan တစ်ခု ရေးဆွဲထားပါ။ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ မရလာနိုင်ပါဘူး။ စိတ်ရှည်ရှည်နဲ့ မဆုတ်မနစ်ကြိုးစားမှသာ ရရှိနိုင်မှာပါ။ အကောင်းဆုံးကတော့ ရင်းနှီးမြှုပ်နှံမှုတစ်ခု စလုပ်ဖို့ပါပဲ။

======================

၂။ တတ်မြောက်ထားတဲ့ ပညာတွေကို အကျိုးရှိစွာ အသုံးမချခြင်း

ပညာဆိုတာ တက္ကသိုလ်မှာ သင်ယူခဲ့ရတဲ့ ပညာတွေ၊ ဘွဲ့တွေကိုပဲ ပြောတာမဟုတ်ပါဘူး။ ကိုယ်လေ့လာထားတဲ့ အသိပညာ၊ အတတ်ပညာတွေဟာ သေချာစုစည်းပြီး ဘဝမှာ ကောင်းစွာအသုံးမချတတ်ရင် အချည်းအနှီးပါပဲလို့ ဆိုပါတယ်။ ကုမ္ပဏီတွေက ဝန်ထမ်းတွေကို လစာတွေပေးထားပြီး အလုပ်ခန့်ထားတာဟာ သူတို့ပညာတွေတတ်လို့ပဲ မဟုတ်ပါဘူး။ အဲ့ဒီတတ်ထားတဲ့ပညာတွေကို ကုမ္ပဏီအတွက် အကျိုးရှိအောင် အသုံးချနိုင်ဖို့ အလုပ်ခန့်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ဘွဲ့ရတာလောက်နဲ့ မရပ်လိုက်ပါနဲ့။ အမြဲတမ်း အသစ်အသစ်သောပညာတွေကို သင်ယူဖို့အလေးထားပါ။ ရတဲ့အချိန်မှာ စာဖတ်ဖို့၊ ကိုယ်ကျွမ်းကျင်ချင်တဲ့နယ်ပယ်နဲ့ပတ်သက်ပြီး လေ့လာဖို့တွေ လိုအပ်ပါတယ်။ အခုအချိန် နယ်ပယ်အသီးသီးမှာ အောင်မြင်နေသူအားလုံးနီးပါးဟာ အမြဲတမ်းသင်ယူလေ့လာသူတွေ၊ စာအလွန်ဖတ်သူတွေ ဖြစ်ကြတယ်ဆိုတာ လုံးဝမမေ့ပါနဲ့။

======================

၃။ စည်းကမ်းမရှိခြင်း

စည်းကမ်းဆိုတာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းက စတာပါ။ မကောင်းတဲ့အမူအကျင့်တွေကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အခြေအနေတွေ၊ ပြဿနာတွေကို မကိုင်တွယ် မထိန်းချုပ်နိုင်ခင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို အောင်နိုင်ခြင်းက အဓိကပါပဲ။

ချမ်းသာချင်တယ်ဆိုရင် အခြေခံစည်းမျဉ်းက “နည်းနည်းသုံး များများစု” ပဲဖြစ်ပါတယ်။ လွယ်လွယ်လေးလို့ ထင်ရပေမယ့် နည်းနည်းပဲသုံးဖို့ (အထူးသဖြင့် မလိုအပ်တဲ့နေရာတွေမှာ အလေအလွင့်မရှိစေဖို့) ဆိုတာ စည်းကမ်းလိုပါတယ်။ ပိုက်ဆံပိုစုမိဖို့၊ မလိုအပ်ပဲ သုံးနေမိတာတွေကို စည်းကမ်းရှိရှိနဲ့ ကိုယ့်ကိုယ်ကို ထိန်းကျောင်းဖို့ လိုအပ်ပါတယ်။

======================

၄။ ကိုယ့်ကျန်းမာရေးကို လစ်လျှူရှုခြင်း

ကျန်းမာရေးမကောင်းတဲ့သူဟာ အောင်မြင်ပျော်ရွှင်နိုင်မှာမဟုတ်ဘူးဆိုတာ ရာနှုန်းပြည့်သေချာနေပါတယ်။ သန်းကြွယ်သူဌေးအားလုံးလိုလိုဟာ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့အတွက် သီးသန့်အချိန်ပေးတတ်ကြတယ်ဆိုတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကျန်းမာရေးကောင်းမှ တစ်ခြားသောအရာတွေကို ရယူနိုင်မယ်ဆိုတာ အောင်မြင်နေသူတွေအားလုံး သိထားကြလို့ပဲဖြစ်ပါတယ်။

======================

၅။ အချိန်ဆွဲခြင်း

အချိန်ဆွဲတာဟာ လူတွေအများဆုံး လုပ်တတ်တဲ့ အမှားဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ အများစု မအောင်မြင်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အချိန်မကျသေးဘူးဆိုပြီး မှန်ကန်တဲ့အချိန်ကို စောင့်ဆိုင်းနေကြလို့ပါပဲ။ စောင့်နေလို့ ဘာမှထူးခြားတာ ဖြစ်မလာပါဘူး။ လုပ်စရာရှိတာကို ကိုယ့်မှာရှိတာနဲ့ အရင်ဆုံးစတင်လိုက်ပါ။ လုပ်ရင်းလုပ်ရင်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်။

======================

၆။ ဇွဲလုံ့လမရှိခြင်း

လူတွေတော်တော်များများဟာ အစပိုင်းမှာကောင်းပြီး ဟုတ်သလိုလိုနဲ့ နောက်ပိုင်း အဖျားရှူးသွားတတ်ကြပါတယ်။ ရှုံးနိမ့်မှုတစ်ခုနဲ့ ကြံုတွေ့လိုက်ရတာနဲ့ လက်လျှော့ချင်ကြပါတယ်။ လိုချင်တဲ့ပန်းတိုင်ကို မရောက်မချင်း လက်မလျှော့ပါနဲ့။ အောင်မြင်နေတဲ့သူတွေ အားလုံးဟာ ရှံုးနိမ့်မှုတွေကို ကြံုတွေ့ခဲ့ကြရပြီးတော့ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

ဘယ်နှစ်ခါရှုံးရှံုး အရေးမကြီးပါဘူး။ တစ်ခါပဲ မှန်ကန်သွားဖို့ လိုအပ်ပါတယ်။ လူတိုင်းအမှားတွေ ကြံုတွေ့ကြရမှာ မလွဲမသွေပါပဲ။ အဲ့ဒီအမှားတွေထဲကနေ သင်ခန်းစာတွေ ရယူပြီး နောက်တစ်ခါ မှန်ကန်အောင် ကြိုးစားကြဖို့က အရေးအကြီးဆုံးပါပဲ။

======================

၇။ အဆိုးမြင်ခြင်း

အရာရာကို အကောင်းမမြင်တဲ့သူာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုက တစ်ယောက်တည်း ရယူလို့မဖြစ်ပါဘူး။ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုးမြင်စိတ်ရှိနေရင် လူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ အကောင်းမြင်တတ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူတွေဟာ အလုပ်မှာ ကောင်းကောင်းလုပ်ဆောင်နိုင်ကြပြီးတော့ အောင်မြင်မှုကိုလည်း ပိုပြီးလွယ်လွယ်ကူကူ ရရှိနိုင်ကြပါတယ်။

======================

၈။ ဆုံးဖြတ်ချက်ကောင်းကောင်း မချတတ်ခြင်း

သန်းနဲ့ချီပြီးတော့ ချမ်းသာကြွယ်ဝတဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ အကုန်လုံးနီးပါးဟာ ပြတ်ပြတ်သားသားနဲ့ မဆိုင်းမတွ ဆုံးဖြတ်ချက်ချတတ်တဲ့ အကျင့်ရှိတတ်ကြပါတယ်။ ပြောင်းပြန်ပြောရရင်တော့ မအောင်မြင်တဲ့သူတွေအားလုံးဟာ ဆုံးဖြတ်ချက်ချရာမှာ မပြတ်မသားနဲ့ အချိန်ဆွဲတတ်ကြပြီးတော့ ဆုံးဖြတ်ချက်ချပြီးရင်လည်း ခဏခဏပြန်ပြောင်းတတ်ကြပါတယ်။

======================

၉။ ကိုယ်မနှစ်သတ်တဲ့အလုပ်မှာ ဆက်လုပ်နေခြင်း

မကြိုက်မနှစ်သက်တဲ့ အလုပ်ကိုလုပ်နေတဲ့သူက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ကိုယ်တကယ် စိတ်ပါဝင်စားတဲ့အလုပ်တစ်ခုကို ရွေးချယ်ပြီး သေသေချာချာစိတ်နှစ်ပြီး အလုပ်လုပ်ဖို့ အရေးကြီးပါတယ်။ စိတ်မချမ်းသာပဲ စိတ်ဖိစီးမှုတွေပဲ အရမ်းပေးတဲ့အလုပ်မှာ သည်းခံပြီးတော့ မလုပ်ပါနဲ့။ ထွက်သင့်တဲ့အချိန်မှာ ထွက်လိုက်တာဟာ ကိုယ့်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။

======================

အခုဆိုရင်တော့ Myanmar Online Entrepreneur – MOE ပရိတ်သတ်များလည်း လူတွေမအောင်မြင်ရတဲ့နောက်ကွယ်က အဓိကအကျဆုံး အကြောင်းအရင်းကြီး ၉ ချက်ကို သိရှိသွားပြီဖြစ်ပါတယ်။

အောင်မြင်မှုရရှိချင်ပါသလား? ဒါကတော့ လွယ်ပါတယ်။

အပေါ်မှာပြောပြခဲ့တဲ့ အချက်ကြီး ၉ ချက်ထဲက ကိုယ့်ဆီမှာ ဘယ်နှချက်လောက်များ ရှိနေသလဲဆိုတာ ကိုယ့်ကိုယ်ကို အပွင့်လင်းဆုံး ဝေဖန်ဆန်းစစ်ပါ။ ပြီးရင် တစ်ချက်ချင်းစီကို ကိုယ့်ဆီကဖယ်ထုတ်နိုင်အောင် အစီအစဉ်ချပြီး ကြိုးစားလုပ်ဆောင်ပါ။ အောင်မြင်မှုဆီကိုလျှောက်လှမ်းနိုင်တဲ့လမ်းပေါ်ကို အလိုလိုရောက်ရှိသွားပါလိမ့်မယ်။

======================

အခုဖော်ပြခဲ့တဲ့အကြောင်းအရာလေးက မိတ်ဆွေအတွက် အကျိုးရှိစေတယ်ဆိုရင် ဒီ Post လေးကို Like & Share လုပ်ပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

#MyanmarOnlineEntrepreneur

#MOE

တွေးချိန်ချင့်စရာ

” ဆရာ မဂၤလာပါ”

“မဂၤလာပါဗ် …ထိုင္ပါ”
အသက်၄ဝ ဝန်းကျင်လောက်ရှိမဲ့ အမျိုးသမီးတစ်ဦး
” ဘာကိစ္စလဲဗျ …မွေးသက္ကရာဇ်ပြောပါအုံး “
“ငွေကြေးလက်လွန်ထားတာတွေ ပြန်မရလို့ဆရာ “
A4 စာအုပ်ပေါ် သူပေးတဲ့ မွေးသက္ကရာဇ်တွေကို ချတွက်ကြည့်လိုက်သည်။
“ကျွန်တော်တွက်ချက်ရသလောက် ငွေကြေးကံက
အတော့်ကို ညံ့နေတာဗျ ..ပေးစရာရှိရင်လဲ မပေးနိုင်သေးသလို ရစရာ ရှိလဲ မရနိုင်သေးဘူး…ဒီနှစ်ထဲ
တနင်္လာ နဲ့ စနေ ပက္ခတ်သဘောကြောင့်လဲ ငွေကြေးနဲ့ပက်သက်ပြီး ဒုက္ခများတတ်တဲ့နှစ်ဗျ…”
“ဘာလုပ်ရမလဲဆရာ … ယတြာလေးပြောပါအုံး”
စိုးရိမ်တကြီးနဲ့ မေးလေသည်။
“သာမန်ဓာတ်ရိုက်ဓာတ်ဆင်တော့ လုပ်လို့ မရနိုင်ဘူး… ဒါပေမဲ့ နီးစပ်ရာစေတီတစ်ဆူဆူမှာ အဓိဋ္ဌာန်ဝင်ပြီး ဗုဒ္ဓယတြာစီရင်ရလိမ့်မယ်..”
“လုပ္ပါ့မယ္..ဆရာ”
“တစ်ခုတော့ ရှိတယ်ဗျ…ဗုဒ္ဓယတြာဆိုတာ သစ္စာတွေ မေတ္တာတွေ သီလတွေကို အခြေခံတယ်..ဒီယတြာလုပ်မယ်ဆိုရင် ကိုယ်ကသူများတွေကို ငွေကြေးနဲ့ ပက်သက်ပြီး မလိမ်ခဲ့ သူဖြစ်ရမယ်…နောက်ပြီး အတိုးအများကြီးယူတဲ့ ငွေတိုးချေးသမား မဖြစ်ရဘူး …နောက်ဆုံးအချက်က အလုပ်ကနေ လာဘ်မစားတဲ့သူဖြစ်ရမယ်…ကုမ္ပဏီအလုပ်ပဲဖြစ်ဖြစ် အစိုးရအလုပ်ပဲဖြစ်ဖြစ်ပေါ့လေ…ဒီအချက်တွေနဲ့ မငြိဘူးဆိုရင် ဗုဒ္ဓယတြာလုပ်လို့ရပါတယ်…
“ဒါဆို ဗုဒ္ဓယတြာ အဆင်မပြေလောက်ဘူးဆရာ ..
အခြား ယတြာ တစ်ခုခုပဲပေးပါတော့ ….”
√√√√√√√√√√√√√√√√√√√√√√√√√√
“ဆရာ ဗေဒင်မေးချင်လို့ပါ”
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး …။ ပိန်ပိန်ပါးပါးနှင့်မျက်နှာက ဖြူ ရော်ရော်..။
” ဆိုဗ် …ဘာကိစၥလဲ “
သူပေးတဲ့ မွေးသက္ကရာဇ်တွေကိုလဲ ယူပြီးတွက်ကြည့်လိုက်သည်…
“ကျန်းမာရေးမကောင်းတာဆရာရေ …ရောဂါလဲ မယ်မယ်ရရခေါင်းစဉ်တပ်မရဘူး…Medical checkup လဲလုပ်ပြီးပြီ…ဘာရောဂါမှာရှာမတွေ့ဘူး..ခေါင်းကိုက်လိုက် ဗိုက်နာလိုက် ခါးနာလိုက် ဝမ်းသွားလိုက်နဲ့ အမျိုးမျိုးဖြစ်နေတာ…ဆရာဝန်လဲစုံနေပြီ မသက်သာဘူး… ဗေဒင်ဆရာတော်တော်များများဆီလဲ ရောက်ပြီးပြီ။ နံတူစွန့်တာတွေရော သဘောင်္ကြက်လျှာတွေရော ဓာရဏပရိတ်တွေ
ဗောဇ္စျင်္ဂသုတ်တွေရော ရွတ်တာပဲ မပျောက်ဘူးဆရာ…”
စကားအရှည်ကြီး ပြောလိုက်ရ၍မောသွားဟန်ဖြင့်
ရေထသောက်လေသည်…
“လူကတော့ အကောင်းပဲနော် …လူမမာလို့ မထင်ရဘူး”
” ဟုတ်တယ်ဆရာ ..လူက စားနိုင်တယ် …အိပ်နိုင်ပါတယ်..တရှောင်ရှောင်ဖြစ်နေတာက ဆိုးတာပါ.”
“ဒါနဲ့ စကားမစပ်ဗျာ
ငါ့ညီအိမ္မွာ လူမမာရွိလား…”
“ရှိတယ်..ဆရာ …အမေက လေဖျန်းပြီး အိပ်ရာထဲလဲနေတာ…စားတာသောက်တာ …အလေးအပေါ့သွားတာကအစ လူတစ်ယောက်က အမြဲ လုပ်ပေးနေရတာ… “
“ဒါဆို ငါ့ညီက ..အမေကို ထမင်းခွံကျွေးဖူးလား…ခြေဆုပ်လက်နယ် ပြုခဲ့ဖူးလား ..အမေရဲ့ အညစ်အကြေးပေးကျံနေတဲ့ ထမိန်တွေကို လျှော်ပေးဖူးလား”
ကျွန်တော်တို့နှစ်ယောက်ကြား ခဏတာ တိတ်ဆိတ်သွားလေသည်..၊ သူ့ဆီက စကားသံထွက်မလာတော့ …၊
အတန်ကြာမှ
“အမေကိုမပြုစုဘူးပါဘူး..ဆရာ..ကြုံလို့ လုပ်ပေးဖြစ်လဲ ငြူ ငြူ စူစူပဲ လုပ်ပေးခဲ့တာ…”
” ငါ့ညီရေ … အိမ်မှာ မိဘတစ်ဦးဦး ကျန်းမာရေးညံ့လို့ အိပ်ရာထဲလဲ လူမမာဖြစ်ပြီဆိုရင်…
အချက်နှစ်ချက်က အဓိကကျတယ်… တစ်အချက်က လူအားကွ…ပြုစုမဲ့လူရှိရမယ်…နှစ်အချက်က ငွေအားပဲ .. ဆေးခန်းပြဖို့နဲ့ ဆေးဝါးဓာတ်စာအတွက်
ငွေကလဲလိုတယ်လေ….”
“ဟုတ်ဆရာပြောပါ… ”
“ငါ့ညီက တရှောင်ရှောင်ဖြစ်နေတာဆိုတော့ ..ငွေအားလဲ ရှာနိုင်မယ်မထင်ဘူး…”
“ဟုတ်ဆရာ …အလုပ်လဲမလုပ်ဖြစ်ပါဘူး…လုပ်လိုက်နားလိုက်ဆိုတော့ နောက်ဆုံးမလုပ်ဖြစ်တော့ဘူး..”
“ဒါဆိုတစ်အချက်ဖြစ်တဲ့ လူအားကိုပဲသုံးပေါ့..အမေ့ကို ကြည်ကြည်ဖြူ ဖြူ နဲ့ ပြုစုလိုက်စမ်းပါ ..ငါ့ညီရာ.
ကုသိုလ်လဲ အရမ်းရသလို …ငါ့ညီရောဂါလဲ ပိန်းကြာရွက်ပေါ် ရေမတင်သလို ကင်းစင်ပပျောက်သွားလိမ့်မယ်”
ခေါင်းတညိတ်ညိတ်နှင့် ညီငယ်လေး ကျွန်တော်ရှေ့ကထပြန်သွားသည်…မိဘကျေးဇူးကို အထူးသိတဲ့ သားလိမ္မာလေးဖြစ်ပါစေလို့ ဆုတောင်းယုံမှအပ
√√√√√√√√√√√√√√√√√√√√√√√√√√
“ဆရာ ဗေဒင်မေးချင်လို့”
အသက် ၂၅ဝန်းကျင်လောက်ရှိမဲ့ လူငယ်တစ်ဦး..။
ခေတ်ဆန်ဆန်ဝတ်စားထားသလို …ခေါင်းမှာလဲ ဆံပင်ကို သရက်ညွှန့်ရောင် ဆေးဆိုးထားလေသည်။
“ထိုင္ငါ့တူ …ဘာကိစၥ”
“ကျွန်တော်ဘာလုပ်ငန်းနဲ့ အကျိုးပေးလဲ သိချင်တာ
ဆရာရေ…”
“တွက်စစ်ကြည့်လိုက်ရင်တော့ ဘယ်လုပ်ငန်းနဲ့ အကျိုးပေးတယ်ဆိုတာက ထွက်လာတာပေါ့ငါ့တူရာ..
ဒါပေမဲ့ ငါ့တူကိုဦးမေးချင်တာက …ငါ့တူ ဘာဝါသနာပါလဲ… မနက်ဖြန်သေဆုံးမယ်ဆိုရင်တောင် ဒီနေ့ထိလုပ်သွားချင်တဲ့ အလုပ်က ဘာအလုပ်လဲ… “
ကျွန်တော့်စကားကြားပြီး လူငယ်က ခေါင်းကုပ်သည်…သူဘာဝါသနာပါလဲ ပြန်စဉ်းစားကြည့်နေသည်။
“အရောင်းအဝယ်ဝါသနာပါတယ်တဲ့တူတယ်…”
“အရောင်းအဝယ်ဆိုလဲ …လမ်းဘေးကွမ်းရောင်းတာကနေ တိုက်တာအိုးအိမ်ရောင်းဝယ်တဲ့ထိ အများကြီးပဲ.. ငါ့တူကဘာရောင်းဝယ်ချင်တာလဲ …”
လူငယ်လေး ဆွံအသွားသည်။
“ဘာဝါသနာပါလဲ သေချာမသိတော့ပါဘူး..ဆရာရယ်.. “
“လူငယ်မို့လို့ ဒီစကားဆရာကမေးတာပါ။ အချို့အဆင်ပြေတဲ့သူတွေဆို လုပ်ငန်းတစ်ခုကနေ နောက်လုပ်ငန်းတစ်ခု ထပ်ချဲ့ချင်တယ်မျိုးပြောလာရင် အကျိုးပေးတဲ့လုပ်ငန်းတွေ ပြောပြလိုက်တာပါပဲ…
ငါ့တူကလူငယ်ဆိုတော့ လူလုပ်ဖို့ အများကြီးကျန်သေးတယ်… ကိုယ်ဘာဝါသနာပါလဲ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အဲဒီဝါသနာကို ပျိုးထောင်ပါ။ ဝါသနာပါတဲ့ အလုပ်ဆိုထမင်းမေ့ဟင်းမေ့လုပ်တတ်ကြတယ်…နာရီပေါင်းများစွာလဲ အာရုံစိုက်နိုင်တယ်…။ ဝါသနာလဲပါ…လုပ်ငန်းလဲကျွမ်းကျင် …ငွေအားလဲရှိပြီဆို တော်ရုံအခက်အခဲတွေကို ကျော်လွှားသွားနိုင်မှာပါ…
ဒီခေတ်ကြီးက competition အရမ်းများတဲ့ခေတ်လေ …ကိုယ်က တစ်ခုခုလုပ်ရင် အနီးပတ်ဝန်းကျင်မှာ လိုက်လုပ်မဲ့ သူတွေအများကြီး…ကိုယ်က ဝါသနာလဲအရင်းခံထားတယ်…စဉ်ဆက်မပြတ်တိုးတတ်ကောင်းမွန်အောင်လဲကြိုးစားနေမယ်…ဆိုရင် ငါ့ညီအတွက် အောင်မြင်မှုဆိုတာ လက်တကမ်းမှာပါ….
ဆရာပြောတာနဲ့ ကျွန်တော်အားအရမ်းတတ်သွားပြီ…ဆရာ …ဘာဝါသနာပါလဲရှာဖွေမယ်…ကြိုစားမယ်…
ဟုတ်ပါပြီ…ငါ့ညီရာ ကြိုးစားသူတွေအတွက် နေရာတစ်ခုဆိုတာ ရှိပြီးသားပါ..။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

အိမ်ထောင်ဘက်နှင့် ကတ်ကင်းနာမည်

အိမ်ထောင်ဘက်နှင့် ကတ်ကင်းနာမည်

ဟိုးလွန်ခဲ့သော ၁၀ နှစ်လောက်ကလို့တော့ထင်သည်။ မဂ္ဂဇင်းတစ်ခုမှာ နာမည်နဲ့ပက်သက်ပြီးရေးထားတာလေးတစ်ခုတွေ့မိသည်။ နက္ခတ္တရောင်ခြည်က ဆရာဆုလှိုင်ရေးတာလို့ ထင်မိသည်။ သေသေချာချာ တော့ မမှတ်မိတော့ပါ။

ဘာလဲဆိုတော့ အိမ်ထောင်ဘက်အချင်းချင်း နာမည်တွေ ကတ်ကင်းမိရင်အိမ်ထောင်ရေးမြဲမြံကြောင်း

အိုအောင်မင်းအောင် ပေါင်းသင်းရကြောင်းရေးသားထားတာတွေ့ရသည်။

ဘာကြောင့်အိမ်ထောင်မြဲတာလဲ?

အခြားရောဘာတွေဖြစ်တတ်သေးလဲ?

စူးစမ်းမိ လေ့လာကြည့်ခဲ့မိတယ်။

အင်္ဂဝိဇ္ဇာသင်စဉ်တုန်းကလဲ ကတ်ကင်းနဲ ပက်သက်ပြီး သင်ခဲ့ရတာတွေရှိပါတယ်။ “ကတ်ကင်းသေရှင်လူ ထက်အောက်ပြန်လှန်ကူ”ဆိုတာမျိုးရှိပါတယ်။

ကတ်ကင်းကို ကောင်းအောင်သုံးလို့ရသလို ဆိုးအောင်လဲ သုံးလို့ရတာတွေ့ရပါတယ်။ ဒီနေရာမှာ အလုပ်အခက်အခဲဖြစ်နေသူကို လွယ်အိတ်လှူခိုင်းတာတွေ ၊ စိုးအောင်ဆိုတဲ့ ဆိုတဲ့နာမည်မျိုးကို သြဇာသားကို အိုးစည်ထုပြီးဆောင်ခိုင်းတာမျိုးတွေ ၊ အလုပ်နာမည် ဆိုင်နာမည် တွေကို မူလဇာတာကိုစစ်ဆေးပြီး သင့်တော်ရင်ကတ်ကင်းနာမည်ပေးတာမျိုးတွေ စတဲ့ ကတ်ကင်းကို အသုံးပြုနည်းတွေကအများကြီးပါ။

ကတ်ကင်းကသုံးတတ်ရင်အရမ်း အကျိုးပေးတာလဲတွေ့ရပါတယ်။

ဒီနေရာမှာလင်မယားအချင်းချင်းကတ်ကင်းမိတဲ့ ဆိုတာကိုပဲပြောပြမှာပါ။

နားလည်အောင်ပြောရရင်တော့

အမျိုးသားက အောင်လွင်ဆို အမျိုးသမီးက လွင်လွင်အေး ဆိုတာမျိုး

အမျိုးသားက ဝေမျိုး ဆိုရင် အမျိုးသမီးက မြတ်သက်ဝေ ဆိုတာမျိုး

အမျိုးသားက ထွန်းမင်းစိုး ဆိုရင် အမျိုးသမီးက ဇင်လဲ့နွယ် ဆိုတာမျိုး

စတဲ့ အမျိုးသားနဲ့ အမျိုးသမီး နာမည်အချင်းချင်း

ရှေ့နောက်ပြောင်းပြန်ကတ်ကင်း မိကြတဲ့ ချိတ်မိကြတဲ့နာမည်ရှင်တွေကို ဆိုလိုတာပါ။

(ဥပမာ အင်္ဂါနဲ့စပြီးစနေနဲ့ အဆုံးသတ်ထားတဲ့နာမည်က စနေနဲ့စပြီး အင်္ဂါနဲ့ဆုံးတဲ့ နာမည်တွေနဲ့ ကတ်ကင်းမိပါတယ်)

သီတင်းကျွတ်ပြီးတာနဲ့ မင်္ဂလာဆောင်ဖို့ အခါရွေးတာ ဇာတာတိုက်စစ်တာမျိုး ခဏခဏ အမေး များကြပါတယ်။ အဲဒီထဲမှာမှ အခုလိုကတ်ကင်းမိကြတဲ့ သူတွေကလဲ

ဆယ်ယောက်ထက်မနည်းတွေ့ရပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်ဒီဆောင်းပါးလေးကိုရေးဖြစ်တာပါ။

သိပ်ပြီးဆိုးဆိုးရွားရွားအနေအထားမတွေ့ရင် ထိုအတွဲမျိုးကို လက်ထပ်ဖို့တိုက်တွန်းမိတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အိမ်ထောင်ရေးမြဲပြီး အိုအောင်မင်းအောင်ပေါင်းရတာများကြလို့ပါပဲဗျ။

ဘာကြောင့်ကတ်ကင်းမိတဲ့နာမည် တွေမြဲကြတာလဲလို့လေ့လာကြည့်တော့

လင်မယားနှစ်ယောက်မှာ တစ်ယောက်ကထူးထူးခြားခြား အရမ်းသည်းခံတတ်တာမျိုးတွေ့ရပါတယ်။ တစ်ဦးကပြဿနာရှာပြီး ဆိုရင်တစ်ယောက်က အလျော့

ပေးတာမျိုးခဏခဏမြင်ရပါတယ်။

ရှင်းရှင်းပြောရရင် လင်မယားနှစ်ယောက်မှာ တစ်ယောက်ကလူအေးတွေပေါ့ဗျ။

အဲလိုနာမည်ပြောင်းပြန်မိကြတဲ့ လင်မယားတွေကလဲ စီးပွားတတ်တာမျိုး တော်တော်များများတွေ့ရပါတယ်။ ဟုန်းခနဲ ထပြီး စီးပွားဖြစ်တာမျိုးမဟုတ်ပါဘူး။ ဖြေးဖြေးချင်းတရိပ်ရိပ်နဲ့တတ်တာမျိုးပါ။

ထိုကတ်ကင်းမိတဲ့အိမ်ထောင်ဘက်တွေက အသက်လဲရှည်ကြပါတယ်။ နှစ်ဦးစလုံးသက်တမ်းစေ့နေသွားကြရတာမျိုးပါ။

အဆုံးသတ်အနေနဲ့ပြောချင်တာက နာမည်အချင်းချင်း ကတ်ကင်းမိကြတဲ့အိမ်ထောင်ဘက်တွေဟာ အများအားဖြင့် အိမ်ထောင်ရေးသာယာမှု စီးပွားဖြစ်ထွန်းမှု အသက်ရှည်ကြမှုတွေရှိကြပါတယ်လို့ပြောရင်း မိမိသိသမျှတင်ပြလိုက်ရပါတယ်ဗျ။

ငြိမ်းအေးလူ ဗေဒင်သုတေသီ