loading

Category: Uncategorized

  • Home
  • Category: Uncategorized

27.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။

ဒီနေ့ဟာ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လကွယ်တီထိ ကျရောက်နေတာ ဖြစ်ပါတယ်။တီထိ(၁၅)လုံး လကွယ် တီထိအနေဖြင့် အလုံးစုံသော ကောင်းကျိုးချမ်းသာများ ရရှိမည်။ ဒီလိုနေ့ရက်မျိုးက ကြာသပတေးဂြိုဟ်တွေစိုးမိုး နေတတ်ပါတယ်။ဒီလိုနေ့မျိုးမှာ ကုန်စည်ပြပွဲများကျင်းပခြင်း၊အရောင်းမြင့်တင်ခြင်းများအထူးဆောက်ရွက်နိုင်ပါတယ်။ စာပေအနု ပညာနဲ့ပတ်သက်သောအလုပ်များဆောင်ရွက်နိုင်ပါတယ်။ ပညာပေးဝေခြင်း၊သင်တန်းဖွင့်ခြင်းများလဲ အထူး ကောင်းပါတယ်။ စာချုပ်စာတန်းချုပ်ဆိုခြင်းများလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။

အိုးအိမ်တိုက်တာများဝယ်ယူခြင်းများ၊အိမ်တတ်မဂ်လာပြုလုပ်ခြင်းများ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ မိတ်ဆွေ သစ်များတိုးပွားအောာင်ဆောင်ရွက်သင့်ပါတယ်။ အချစ်ရေးကံကောင်းနေတဲ့အတွက် ချစ်စကားပြောခြင်း၊မေတ္တာ တောင်းခံခြင်း၊အချစ်ရေးနဲ့ပက်သက်ပြီးဆောင်ရွက်ခြင်းများအထူးကောင်းပါတယ်။ရတနာနှင့်သတ္တုပစ္စည်းများတူးဖော်ခြင်းများလဲ အထူးအဆင်ပြေတတ်ပါတယ်။

              သေဆုံးခဲ့ပြီးသော မိဘ၊ ဘိုးဘွားများ၊ မကျွတ်လွတ်သေးသော ဆွေမျိုးဉာတိ တို့အား ယခုတီထိနေ့တွင် ပူဇော်ကန့်တော့ရန် အသင့်တော်ဆုံး ဖြစ်ပါသည်။ မင်္ဂလာနှင့် ပတ်သက်သော ကောင်းမြတ်သော ကိစ္စများကိုမူ ရှောင်ကြဉ်သင့်ပါသည်။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၀း၅၆)နာရီမှ နေ့လယ်(၁၁း၄၇)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဓနသိဒ္ဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် မရည်ရွယ်သော်လည်း၊ မိမိတွင် ထူးခြားဆန်းပြားပြီး လျှို့ဝှက်ဆန်းကြယ်သော ကိုယ်ပိုင်ဆွဲဆောင်နိုင်စွမ်း သံလိုက်ဓာတ်ကို စွမ်းအင်ဖြည့်သွင်းပေးသည့် အရာတစ်ခုရှိပါသည်။ မိမိရဲ့ဆန္ဒက အတော်လေးကို ခိုင်မာပြီး လူတွေကို လှုံ့ဆော်ပေးတဲ့အရာတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ပါသည်။။ သဘာဝအရ စိတ်ပညာရှင်တစ်ဦးအဖြစ် မိမိသည် လူတို့ကို လေ့လာဆန်းစစ် သတ်မှတ််နိုင်သောအရာကို အလွယ်တကူ ကောက် ယူနိုင်သည်။ မိမိက မည်သည်နေရာသို့ ရောက်ရှိသည်ဖြစ်စေ တိကျပြတ်သားစွာ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိသည်။ မိမိရဲ့ဦးတည်ချက်ဟာ ထူးထူးခြားခြားပါပဲ။ မိမိရဲ့ ပင်ကိုယ်စွမ်းရည်က အားကောင်းပြီး မိမိချစ်တဲ့ လူတွေအပေါ် မိမိရဲ့သည်းခံကူညီ စောင့်ရှောက် တက်ခြင်းကတော့ မှတ်သားစရာပါပဲ။ စိတ်မြန်ခြင်းသည် မိမိနှင့် ယဉ်ပါးရန် လိုအပ်သော စရိုက်လက္ခဏာတစ်ခု ဖြစ်သည်။ဒီလိုဇာတာ တော်တော်များများက သမိုင်းနဲ့ သုတေသနကို ဝါသနာ ပါတယ်။ငယ်ငယ်ရွယ်နဲ့အောင်မြင်နိုင်သူဖြစ်သလို..အောင်မြင်ပြီဆိုလဲ တော်ရုံနဲ့ ပြန်မကျတတ်ပါဘူး။ငွေကြေး ကံအား ကောင်းပြီး ငွေဝင်ပြီးဆို အစုလိုက်အပြုံလိုက်ဝင်တတ်ပါတယ်။ အမွေအနှစ်ရမဲ့ကံရှိတဲ့ဇာတာပါ။ တစ်ခုသတိ ထား ရမှာက ငွေတိုးပေးစားတဲ့အလုပ်များကို အထူးရှောင်သင့်ပါတယ်။အသုံးအဖြုန်းကျစ်လစ်တဲ့သူတစ်ယောက်ဖြစ်ပြီး တော့ငွေကြေးကို သေချာစွာစီမံခန့်ခွဲနိုင်သူများဖြစ်ပါတယ်။

ဓနသိဒ္ဓ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူ့ငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း နှင့် ယာယီသဘောသဘာဝအရ မည်သည့်အရာအတွက်မဆို ယာယီ၊ လျင်မြန်စွာ ရွှေ့ပြောင်းနိုင် သော နက္ခတ်ဖြစ်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့် တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာ ပွင့်ရာအရပ်သည် အောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စများ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

သီဝယုဂ် ကျရောက်နေသောကြောင့် “မြင့်မြတ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ဆောင်သည်။ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။

သကုနိကရိုဏ်း ကျရောက်နေသောကြောင့် တိုက်ခိုက်မှု၊ ပြိုင်ဆိုင်မှု၊ ဆေးများ၊ ဂါထာ၊ အစီအရင်၊ ခိုးယူခြင်း ကဲ့သို့သော ရာဇဝတ်မှုများ ကျူးလွန်ရန်၊ ငှက်များကို ထိန်းကျောင်းခြင်း၊ ဆေးနှင့်သက်ဆိုင်သော အလုပ်များနှင့် စစ်ပွဲအမျိုးမျိုး တို့ကို လုပ်ဆောင်ရန် အထူးသင့်လျော်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၄၇)နာရီမှ ညနေ(၀၃း၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာအင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၈၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကျောက်ကျော ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(16.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ အဿလိကနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း နေ့စက်(12)နာရီ (15)မိနစ် လွန် စန်းသိဟ်ရာသီသို့ ပြောင်းသည်။ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ထင်သာ မြင်သာရှိ၍ လူ အများကြားတွင်ထင်ပေါ်လိမ့်မယ်။ ရိပ်စားမိလွယ်သော၊ အကင်းပါးသောသူတွေဖြစ်ကြသလိုနွေးထွေးမှုနှင့် ဆွဲဆောင်မှု ရှိသော အရည်အသွေးများလဲရှိကြပါတယ်။ လူအများရဲ့ ကောင်းစွာသဘောကျနှစ်ခြိုက်ခြင်းကိုခံရတတ်ပါတယ်။ မိမိ သည် အလွန်အခြေခံကျပြီး မိမိဘဝ၏အောင်မြင်မှုနှင့် စီမံခန့်ခွဲမှုကို လိုက်ရှာရာတွင် လက်တွေ့ကျပြီး အလေး အနက်ထားဆောင်ရွက်နိုင်သည်။ မိမိပုံသဏ္ဌာန်သည် မိမိအတွက် အလွန်အရေးကြီးပြီး အမြဲတမ်း ဂျင်ဆော့ခြင်းများကို ဆောင်ရွက်သင့်တဲ့သူတွေဖြစ်ပါတယ်။မိမိကိုယ်ကို ပေါ့ပါးသော စနစ်တစ်ခုပေါ်တွင်သာ အမြဲထားရန် ကြိုးစားနေပါ လိမ့် မည်။

 မိမိရဲ့ခံနိုင်ရည်နဲ့ စွမ်းဆောင်နိုင်ရည်က အထူးပင် လေးစားမှတ်သားလောက်စရာဖြစ်ပါတယ်။ မိမိရဲ့အသက် မွေးဝမ်း ကြောင်းအလုပ်က မိမိရဲ့ဖန်တီးနိုင်စွမ်းကို လွတ်လွတ်လပ်လပ်ဖော်ပြခွင့်ပြုရင် အောင်မြင်နိုင်ခြေပိုများပါတယ်။ နိမ့်ကျ သော လူပုဂ္ဂိုလ်များက မိမိအပေါ် အခွင့် ကောင်းယူခြင်းခံရနိုင်သည်။သက်လတ်ပိုင်းမှာ ထင်ရှားစွာအောင်မြင်နိုင်သူ အဖြစ်တွေ့ရတယ်။အိမ်ထောင်ရေး သောက ဒုက္ခတွေကြုံရတတ်ပြီး အချိန်တန်သောအခါ တစ်ကိုယ်တည်းနေရတာကို ပိုမိုနှစ်သက်တတ်ပါတယ်။ကျန်းမာရေးအားကောင်းသူဖြစ်ပြီးတော်ရုံအဖျားအနားကင်းကြသူတွေပဲဖြစ်ပါတယ်။ အသက် ၁၉နှစ်ထိ အနည်းငယ် အတက် အကျ ဖြစ်တတ်ပေမဲ့ အသက် ၂၀ကစလို့ အောင်မြင်မှုရဲ့ ပထမခြေလှမ်းကို လှမ်းသွား နိုင်ပါလိမ့်မယ်။ ငွေကြေး အင်အား ကောင်းသူဖြစ်ပြီး လက်ကားစီးပွား‌ရေးတွေနဲ့ အောင်မြင်တတ်ပါတယ်။ ခရီးသွားလုပ် ငန်း၊ကားလုပ်ငန်းတွေနဲ့ တစ်သက်တာအကျိုးမပေးတာကိုတွေ့ရပါတယ်။

လူများအပေါ်တွင် စိုးမိုးအုပ်ချုပ်တာဝန်ခံရသော အဆင့်အတန်း သို့ တက်လှမ်းနိုင်သည့်အခြေအနေများနှင့် ကံကြမ္မာများပေါ်ထွက်လာ နိုင်ပါသည်။ တချိန်တည်းမှာပင် အိမ်တွင်းရေး၊ဆွေမျိုးရေးတို့ကြောင့် စိတ်ပျက်ဝမ်းနည်း ဘွယ်ရာ ကောင်းသော ဘဝလမ်းခရီးမျိုးကိုလည်း ကြုံတွေ့ကောင်းကြုံတွေ့ရပေလိမ့်မည်။ဆွေမျိုးတွေနဲ့ အစေးမကပ် ၊အဆင်မပြေတာတွေ့ရတယ်။ အိမ်ထောင်ကျပြီးရင် နေရာသစ်မှာ အခြေချနေထိုင်တာမျိုး ဒီလိုဇာတာတွေကို အများအပြားတွေ့ရလေ့ရှိပါတယ်။ထက်မြက်ခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်း၊ စိတ်အလွန်ကောက်တတ်ခြင်း များ နဲ့ ကျော့ကျော့မော့မော နေတတ်ခြင်းများ ဒွန်တွဲနေမယ့် ကလေးမျိုးလို့ ဆိုနိုင်ပါတယ်။

သင်ရောက်နေသည့်အဆင့်အတန်းက သင်၏ကျော်ကြားမှုကို ဖန် တီးပေးနေတတ်သော်လည်း လက်ထဲတွင်ငွေကြေး ဥစ္စာ မတည်မြဲတတ် ချေ။ ကောင်းမွန်စွာအိမ်ထောင် ကျသော်လည်း အိမ်ထောင်ရေးဘဝ ကို မကြာခဏ အစမ်း သပ်ခံရတတ်သဖြင့် ကြံ့ကြံ့ ခံနိုင်အောင် သတိ ရှိရပေလိမ့်မည်။ သီရိဂြိုဟ် အင်အားနဲတာကြောင့် မိန်းကလေးရင်သွေး ငယ်များကတော့ အရွယ်ရောက်လာချိန်နဲ့ မယူရသေးခင်ချစ်သူနဲ့ official တွဲတာမျိုးတွေ၊ ခရီးအတူတူသွားတာမျိုး တွေအထူးရှောင်သင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာခံစားချက်များကို အသားပေးလျက် ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာကို တည်ဆောက်နေတတ်သူမျိုး လည်း ဖြစ်သည်။ ခရီးသွားလိုစိတ် အမြဲရှိတတ်၍ အထူးသဖြင့် ပင်လယ်ခရီးကို နှစ်သက်တတ်ပါသည်။

လက်တွေ့ဘဝနှင့် စီးပွားရေးဘဝတို့က မိမိ၏ စိတ်ပိုင်းဆိုင်ရာ အယူအဆပိုင်းကို အနှောက် အယှက် ပေးသလို ဖြစ် နေတတ်သည်။ အခြေအနေပေးပါက ဘဝတလျှောက်လုံး တနေရာထဲတွင် အခြေ မချဘဲ ပြောင်းရွှေ့နေထိုင်တတ် သူမျိုးလည်းဖြစ်ပါသည်။  ဇာတိ ချက်ကြွေမွေးရပ်မြေမှ အခြားသော ရေခြား မြေခြား တိုင်းတပါးတွင် အခြေကျပြီး အောင်မြင်နိုင်သည့်အလားအလာရှိနေပေသည်။ လူမျိုး ပေါင်းစုံနှင့်လည်း ဆက်ဆံပေါင်းသင်းရတတ်ပါသေးသည်။

အလိုရှိရာကို ပြတ်သားစွာ ရည်ရွယ်ချက်ထားတတ်ပြီး လက်တွေ့အကောင်အထည်ဖော်တတ်သော သဘာဝစရိုက်ပါ ရှိလာတဲ့ကလေးငယ် မျိုးတွေဖြစ်တာကြောင့် အနာဂတ်အတွက် ထူးကဲစွာ ပူစရာမလိုတဲ့ ကလေးငယ်မျိုး လို့ ပြောနိုင်ပါတယ်။ နာမည်ပေးသာ မတိမ်းစောင်းခဲ့ဘူးဆိုရင် တစ်မိပေါက်တစ်ယောက်ထွန်း ဆိုသလို …မိသားစုရဲ့ လူနေမှုဘဝကို ပါ တိုးတက်မြင့်မားသွားအောင် …ရှေ့ဆောင် ဖောက်ထွက် လုပ်ကိုင်မယ့် ရင်သွေးငယ်မျိုးဖြစ်လာပါ လိမ့်မယ်။

အရေးပါသောဂဏန်းများမှာ ခုနစ်နှင့် နှစ်ဂဏန်းများနှင့် ၎င်း တို့ကို ဖြစ်ပေါ်စေသည့် ဂဏန်းအတွဲများဖြစ်သည်။ ထို ့ကြောင့် ၂၊၇၊ ၁၁၊၁၆၊၂ ဝ၊၂၅နှင့် ၂ ၉ရက်များတွင် သင့်ဘဝအတွက် အရေးကြီး သောကိစ္စများကို ဆောင်ရွက် သင့်ပါ သည်။

လေးနှင့် ရှစ်ဂဏန်းများကို ဖြစ်ပေါ်စေသော ၊ဂ၊၁၃၊၁၇၊၂၂၊ ၂၆နှင့် ၃၁ရက်နေ့များကား သင့်အတွက် အကျိုးမပေး တတ်သဖြင့် ရှောင်သင့်လှပေသည်။

ညှို့ဓါတ်စွမ်းအားတိုးတက်ထက်မြက်လာစေရန်နှင့် ပိုမိုကံကောင်း လာစေရန် အောက်ဖော်ပြပါအရောင် အသွေး များပါသော အဝတ် အစားအသုံးအဆောင်များကို သုံးဆောင်ထားသင့်ပါသည်။ ၎င်းတို့ မှာ မီးခိုးရောင်၊ အဖြူသွေး ပါသော အရောင်များ၊ ရောင်ပြေးများ၊ အစိမ်းရောင်အသွေးအမျိုးမျိုး၊နို့ နှစ်ရောင်အဖြူ၊ စသည်တို့ ဖြစ်ကြပါ သည်။သင့် ကို ကံကောင်းစေမည့်ရတနာများမှာ ကျောက်စိမ်းနှင့်ပုလဲတို့ ဖြစ်ပါသည်။

ဘဝတလျှောက်လုံး အရေးကြီးသော အသက်ပိုင်းများမှာ ၂၊၇၁၁၊၁၆၊၂၀၊၂၅၊၂၉၊၃၄၊၃၇၊၄၃၊၄၇၊၅၂၊၅၆၊၆၁၊၆၅နှင့် ၇ဝ တို့ဖြစ်ကြပါသည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၂၊၁၁၁၆၂၀၊နှင့် ၂ ၉ရက်နေ့ဖွားသောသူများသည် သင်နှင့် ရေစက်ဆုံသူများဖြစ် ကြပေသည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(9.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ ဉာဏ်က ထက်မြက်ပြီး မိမိရဲ့ အရည်အချင်းတွေက အများကြီး။ အရာရာတိုင်းကို မိမိအနည်းငယ် ကိုသာသိရုံနှင့်ပင် မည်သည့် အခြေအနေမျိုးကိုမဆို မိမိ၏အကဲ ဖြတ်မှုသည် မြန်ဆန်ပြီး များသောအားဖြင့် တိကျပါ သည်။ မိမိရဲ့စိတ်ကူးတွေက စိတ်ဝင်စားဖို့ကောင်းရုံသာမကဘဲ မကြာခဏဆိုသလို စျေးကွက်ထဲမှာပေါက်မြောက်တဲ့ အတွေးတွေပါ၀င်ပါတယ်။ မိမိသည်လည်း စစ်မှန်သော ဘဝလက်တွဲဖော်ကို လေးစားတန်ဖိုးထားတတ်ပေမဲ့ အိမ် ထောင် ဘက်ကောင်းရဖို့တော့ အလွန်ခဲယဉ်းတဲ့သူတွေ ဖြစ်ပါတယ်။ မိမိသာအားထည့်ကြိုးစားမယ်ဆို ပထမအရွယ်ပြီး ခါနီး အသက်၂၀လောက် ကစပြီးမိမိနှင့်ထိုက်တန်သော အခြေ အနေများအားလုံး မကြာမီ ပြည့်ဝနိုင်မည် ဖြစ်ပါ သည်။

မိမိသည် အခြား သူများ၏ အကြံဉာဏ်ကို အမြဲမလိုက် နာ သော်လည်း၊ အခြားသူတွေရဲ့ အကြံဥာဏ်ကို နှစ်သက်ပါ သည်။ ရွှင်လန်း မှုနှင့် ထူးခြားသောရယ်မောခြင်းတို့သည် မိမိ၏ပင်ကို စရိုက်လက္ခဏာ ဖြစ်သည်။ခရီးသွားရင်းအန္တရာယ် ဖြစ်တတ်ခြင်း၊ ရေကူးရင်းအန္တရာယ်ဖြစ်တတ်ခြင်းတွေ ကိုသတိထားသင့်တဲ့သူမျိုးတွေဖြစ်ပါတယ်။ နံပါတ် ၉ နဲ့ အင်္ဂါဂြိုဟ်ကို အုပ်ချုပ်ပါတယ်။ တက်ကြွတယ်၊ ထက်မြက်တယ်၊ ရဲရင့်တယ်၊ စိတ်အားထက်သန်တယ်၊ ထက်မြက်တဲ့သူ။ သင့်တင့်လျောက်ပတ်သော အမူအကျင့်နှင့် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသော စကားပြောများကြောင့် လူအများရဲ့ အာရုံစူးစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ မောက်မာမှု၊ ရန်လိုမှုနှင့် တိုတောင်းသော စိတ်သဘောထားများကို တစ်ခါတစ်ရံတွင် ထိန်းချုပ်ရန် လိုအပ်သည်။

ဘဝတွင် လှုပ်ရှားမှုများလျက် အဖြစ်အပျက်ပေါင်း မြောက်မြားစွာကို ကျော်လွှားရပါလိမ့်မည်။ သင်မပိုင်နိုင်သော အခြေ အနေများသည် သင့်ဘဝဖြစ်ရပ်များတွင် အရေးကြီးသော အပိုင်း၌ ဝင်ရောက်လာကြောင်းလည်း တွေ့ကြုံရ ပါလိမ့်မည်။

မည်သည့်ကိစ္စကိုဆောင်ရွက်သည်ဖြစ်စေ၊ သင်သည် ရှေ့သို့တိုက် ခိုက်တိုးတက်အောင်လုပ်ရပါလိမ့်မည်။ သို့သော် အစဉ်အလာမဟုတ်သော ဘဝအတက်အကျများကိုတွေ့ရန် အလားအလာရှိနေပါသည်။ ဘဝတွင် တခါတရံ အားလုံး အဆင်ပြေနေတတ်ပြီး တခါတရံ ကမောက်ကမ ဘဝ ဖြစ်နေတတ်သည်။ မိဘ ဘိုးဘွားတို့၏ အမွေအနှစ်ကြောင့် သင့် အတွက် ချမ်းသာသော အခြေအနေများတစ်ချိန်ချိန်တွင်ရောက်နိုင်သော်လည်း အစပိုင်း၌ သင်ကိုယ်တိုင် ရုန်းကန်ရ ပါလိမ့်မည်။ အသက် ၃၃နှစ် သို့မဟုတ် ၃၅နှစ်တိုင်အောင် မိမိကိုယ့်အားကိုယ်ကိုးလုပ်ကိုင်နေရတတ်ပေသည်။ ကြီးပွားချမ်းသာလိုသည့် စိတ်ဆန္ဒ လွန်စွာ ပြင်းပြသဖြင့် သင့် ပတ်ဝန်းကျင်မှလူများထက် ဝီရိယများစွာ ကျော်လွန် သည်အထိ ကြိုးပမ်းတတ်သူ လည်း ဖြစ်သည်။

မိမိကိုယ်ကို ယုံကြည်စိတ်နှင့် သတ္တိရှိနေသောကြောင့် ဘဝတိုက်ပွဲ များတွင် အနိုင်ရတတ်ပါသည်။ စီမံခန့်ခွဲရေးနှင့် စည်းရုံးရေး အရည်အသွေးများလည်း သာမန်အဆင့်ထက်ပိုမိုနေတတ်ပါသည်။ သို့သော် မှန်ကန်စွာဆုံးဖြတ်နိုင်ရန် အတွက် လက်တွေ့များများလိုအပ်လှပါသည်။အအုပ်အချုပ်သို့မဟုတ် အစိုးရအလုပ်များသည် သင့်သဘာဝနှင့် ကိုက်ညီလှသည်။ ၎င်းပြင် စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများ၌ အဆင့်များစွာ တာဝန်ယူရသည့် အလုပ်များ နှင့် လည်း သင့်လျှော်ပါ သည်။

စိတ်လှုပ်ရှားခြင်းနှင့် စွန့်စားခြင်းကိုဝါသနာပါတတ်သောကြောင့် အ န္တ ရာယ်မတွေ့ရလေအောင် သတိကြီးစွာ ထား အပ်လှပါသည်။ ကြုံတွေ့ရဖန်များတတ်သဖြင့် မမျှော်လင့်သော အဖြစ်အပျက်များကို သတ်စွန့်ဆံဖျားလုပ်ရမည့် ကိစ္စများကို ရှောင်သင့်ပေသည်။မည်သည့်လုပ်ငန်းကိုလုပ်လုပ် ဇွဲသတ္တိနှင့် စုဆောင်းထိန်းသိမ်းခြင်း ကြောင့် တိုးတက် ထွန်းကားနိုင်သည်။ သို့သော် ဖုံးကွယ်နေသည့် တဇွတ်ထိုးစိတ်၏တိုက်တွန်းချက်ကြောင့် မစဉ်းမစားပြုလုပ်တတ် ပါ သည်။

အိမ်ထောင်ကျကာမှသင်၏လူမှုရေးဘဝတိုးတက်လာတတ်သော် လည်း ထူးခြားသောအတွေ့အကြုံများကို အိမ်ထောင် သက်ကြာလာ သည့်အခါ တွေ့ရတတ်ပေသည်။စိတ်မြန်လျက် စိတ်တိုသူတဦးဖြစ်ပြီး ခေါင်းမာလျက် တရားသေ သမားလည်းဖြစ်တတ်သည်။ အသက်ကြီးလာသောအခါ၌ ရန်သူရန် ဖက်များနှင့် မိတ်ဆွေတုများ၏ လုပ်ကြံမှုကို သတိကြီးစွာ ထားအပ် ပါသည်။

စီးပွားရေးကိစ္စများတွင် ဇန်နဝါရီလ ၁၈ နှင့် ၂ ၇ ရက်ဖွားများဖြစ်ပါက၊ အသက် ၃၅ နှစ် မှ ၆ဝ နှစ်တိုင်အောင် ငွေကြေးအတော်များများကို ကိုင်တွယ်သုံးစွဲရ ပါသည်။ အသက် ၆၀ ကျော်သောအခါ ငွေကြေးသုံးစွဲကိုင်တွယ်ရာ တွင် အထူးသတိထားအပ်လှပေသည်။

ကျန်းမာရေးအတွက်ကြည့်ရသော် သင်သည် ငယ်ရွယ်စဉ်မှစ၍ ကျန်းမာရေးကောင်းသူဖြစ်ကြောင်း တွေ့ရပါသည်။ အရွယ်ထောက် လာသောအခါ နှလုံးကျန်းမာသန်စွမ်းရေးကို ဂရုစိုက်သင့်သည်။

“ကိုး”နှင့် ၎င်းကိုဖြစ်ပေါ်စေသော ဂဏန်းအတွဲများ (ဥပမာ- ၉၊ ၁၈၊ ၂၇) တွင် သင့်ဘဝအတွက် အရေးပါသော ကိစ္စများကို ဆောင်ရွက်သင့်သည်။ ၎င်းရက်များကို ရွေးချယ်သင့်ပါသည်။၎င်းပြင် ရှစ်နှင့်လေးဂဏန်းများနှင့် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းတွဲများအပြင် တနှစ်တာအတွင်း မည်သည့်လတွင်မဆို ၄၊ ဂ၊၁၃၊၁၇၊ ၂၂ နှင့် ၂၆ ရက်ဖွားများသည် သင့်ဘဝအတွက် အရေး ပါလှပါသည်။

သို့သော် များသောအားဖြင့် ရှစ်နှင့်လေးဂဏန်းကို ဖြစ်ပေါ်စေ သောဂဏန်းအတွဲများသည် သင့်အတွက် ကောင်း ကျိုးထက် ဆိုး ပြစ်ကိုဖြစ်စေသဖြင့် သတိထားရပေလိမ့်မည်။ ရှောင်နိုင်ကပို၍ကောင်း လှသည်။ညှို့ဓါတ်စွမ်းအား တိုးတက်ထက်မြက်လာစေရန်နှင့်ပိုမိုကံကောင်း လာစေရန် အနီရောင်အဆင်း အမျိုးမျိုးပါသော အဝတ်အစား အသုံး အဆောင်များကို သုံးဆောင်သင့်ပါသည်။သင့်ကို ကံကောင်းစေမည့် ရထနာများမှာ ပတ္တမြားနှင့် ကျောက်နီ-တို့ဖြစ်ကြပါသည်။

ဘဝတသက်တာတွင် အရေးကြီးသော အသက်ပိုင်းများမှာ ၉၊ ၁၈၊၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂၊ ၈၁ နှင့် ၉ဝ နှစ်တို့ဖြစ်ပေ သည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၃၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂ ၁၊ ၂၄၊ ၂ ၇ နှင့် ၃ဝ ရက်ဖွားများသည် သင်နှင့်နီးစပ်သူများဖြစ် ပေသည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

9.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း (၁၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၁၂း၂၁)နာရီအထိ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။

ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။

ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၀၁း၂၂)အထိ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁၁)လုံးကူးပြောင်းပါတယ်။စာပေကိစ္စများ၊ စာပေဟောပြောပွဲ ၊စာတမ်းဖတ်ပွဲ၊ စာနယ်ဇင်းကိစ္စ၊ စာပေထုတ်ဝေဖြန့်ချီခြင်းများဒီနေ့မှာ အလွန်ပဲကောင်းပါတယ်။ ဒီနေ့မှာကျန်းမာရေးနဲ့ပက်သက်ပြီးတော့ medical checkup လုပ်ခြင်းဖြင့် တိကျ သေချာတဲ့ result တွေကို ရရှိပါလိမ့်မယ်။ ဆေးခန်းဖွင့်ခြင်း၊ဆေးဖော်ခြင်း၊ အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ခြင်းများလဲ ဒီနေ့မှာကောင်းပါတယ်။

            ကိစ္စတစ်ခု ပြဿနာတစ်ခုအတွက် စုပေါင်းအဖြေရှာတာမျိုးတွေ သိချင်တဲ့ကိစ္စတွေကို စူးစမ်းရှာဖွေ တာမျိုးတွေ ဒီနေ့မှာလုပ်ဆောင်လို့အလွန်မှကောင်းပါလိမ့်မယ်။ အားကစားပွဲတွေ ကျင်းပလို့အထူးပဲကောင်းပါ တယ်။ ပြည်ပအလုပ်အကိုင်နဲ့ပက်သက်တဲ့ ကိစ္စတွေ၊ ပြည်ပသို့တင်ပို့ရောင်းချခြင်းတွေ ၊နိုင်ငံခြားသွားဖို့ အင်တာဗျူး ခြင်းတွေ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ပုဏ္ဏာတီထိ ကျရောက်နေသောနေ့ ဖြစ်သောကြောင့် မည်သည့်အလုပ်ကိုမဆို ပြီးမြောက်အောင်မြင်စေရန် အထူးကောင်းပါသည်။ အကျင့်သီလ၊ သာသနာ့လုပ်ငန်းဆောင်တာများ၊ ဓမ္မကျင့်စဉ်များ၊ အိမ်သို့ဝင်ရောက်ခြင်း၊ အရေးကြီးသောစီးပွားရေးလုပ်ငန်းများစတင်ရန်၊ မင်္ဂလာဆောင်၊ လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်း၊ ခရီးသွားခြင်း၊ လုပ်ငန်းဆောင်တာများ၊ လမ်းပန်းဆက်သွယ်ရေး၊ မော်တော်ယာဉ်များ၊ အိမ်များနှင့် အရေးကြီးသောသူများ တွေ့ဆုံခြင်း များအတွက် အထူးကောင်းမွန်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၄း၀၈)နာရီမှ မွန်းလွဲ(၁၅း၀၀)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ ဉာဏ်က ထက်မြက်ပြီး မိမိရဲ့ အရည်အချင်းတွေက အများကြီး။ အရာရာတိုင်းကို မိမိအနည်းငယ် ကိုသာသိရုံနှင့်ပင် မည်သည့် အခြေအနေမျိုးကိုမဆို မိမိ၏အကဲ ဖြတ်မှုသည် မြန်ဆန်ပြီး များသောအားဖြင့် တိကျပါ သည်။ မိမိရဲ့စိတ်ကူးတွေက စိတ်ဝင်စားဖို့ကောင်းရုံသာမကဘဲ မကြာခဏဆိုသလို စျေးကွက်ထဲမှာပေါက်မြောက်တဲ့ အတွေးတွေပါ၀င်ပါတယ်။ မိမိသည်လည်း စစ်မှန်သော ဘဝလက်တွဲဖော်ကို လေးစားတန်ဖိုးထားတတ်ပေမဲ့ အိမ် ထောင် ဘက်ကောင်းရဖို့တော့ အလွန်ခဲယဉ်းတဲ့သူတွေ ဖြစ်ပါတယ်။ မိမိသာအားထည့်ကြိုးစားမယ်ဆို ပထမအရွယ်ပြီး ခါနီး အသက်၂၀လောက် ကစပြီးမိမိနှင့်ထိုက်တန်သော အခြေ အနေများအားလုံး မကြာမီ ပြည့်ဝနိုင်မည် ဖြစ်ပါ သည်။ မိမိသည် အခြား သူများ၏ အကြံဉာဏ်ကို အမြဲမလိုက် နာ သော်လည်း၊ အခြားသူတွေရဲ့ အကြံဥာဏ်ကို နှစ်သက်ပါ သည်။ ရွှင်လန်း မှုနှင့် ထူးခြားသောရယ်မောခြင်းတို့သည် မိမိ၏ပင်ကို စရိုက်လက္ခဏာ ဖြစ်သည်။ခရီးသွားရင်းအန္တရာယ် ဖြစ်တတ်ခြင်း၊ ရေကူးရင်းအန္တရာယ်ဖြစ်တတ်ခြင်းတွေ ကိုသတိထားသင့်တဲ့သူမျိုးတွေဖြစ်ပါတယ်။ နံပါတ် ၉ နဲ့ အင်္ဂါဂြိုဟ်ကို အုပ်ချုပ်ပါတယ်။ တက်ကြွတယ်၊ ထက်မြက်တယ်၊ ရဲရင့်တယ်၊ စိတ်အားထက်သန်တယ်၊ ထက်မြက်တဲ့သူ။ သင့်တင့်လျောက်ပတ်သော အမူအကျင့်နှင့် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသော စကားပြောများကြောင့် လူအများရဲ့ အာရုံစူးစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ မောက်မာမှု၊ ရန်လိုမှုနှင့် တိုတောင်းသော စိတ်သဘောထားများကို တစ်ခါတစ်ရံတွင် ထိန်းချုပ်ရန် လိုအပ်သည်။

ဘရဏီနက္ခတ်ဖြစ်တာကြောင့် ဘရဏီ နက္ခတ်သည် ချက်ချင်းလက်ငင်းလုပ်ဆောင်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြိုင်ဆိုင်မှု၊ လှုပ်ရှားမှုများ၊ မီး၊ အဆိပ်၊ ရေတွင်းတူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ။ ဤနက္ခတ် သည် ရက်စက်ကြမ်း ကြုတ်သော သဘာဝရှိသည်။ အဆိပ်ခတ် ခြင်း၊ ဖျက်ဆီးခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် လှည့်စားခြင်းအတွက် သင့်လျော် သည်။ ခရီးတစ်ခုမစတင်ပါနှင့်။ ငွေမချေးပါနှင့်။ မီး သို့မဟုတ် လက်နက်၊ အဆိပ် သို့မဟုတ် ဓာတုပစ္စည်းများ၊ သစ်ပင်ခုတ်ခြင်း၊ ယှဉ်ပြိုင်ခြင်းအတွက် ကောင်းမွန်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

 ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ဆောင်ရန် အထူးကောင်းပါသည်။

သာဓျယုဂ် ကျရောက်နေသောနေ့ ဖြစ်သောကြောင့် “ကောင်းမြတ်သော (သို့မဟုတ်) ကုသိုလ်ကောင်းမှု” ဟူ၍ အဓိပ္ပာယ် ဆောင်ပါသည်။ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဂရဇံကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မြေကြီးတွင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းများ အတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူခြင်း အလုပ်များနှင့်/ သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည်တို့ဖြင့် သင့်တော်မှုအရှိဆုံး ဖြစ်နေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၃၇)နာရီမှ ညနေ(၃း၀၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ငွေရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၂၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူကာ “အရဟံဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်းဆွမ်းဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

14.December .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နတ်တော်လဆန်း(၁၄)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာ လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၄)လုံးအနေဖြင့် ဒီလိုနေ့ရက်တွေမှာတော့ ကျန်းမားရေးနဲ့ပက်သက်ပြီး ဆေးစစ်ခြင်း၊ဆေးကုခြင်း အဆင့်ဆင့်ပြုလုပ်နိုင်ပါ တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်များချမှတ်နိုင်ပါတယ်။ အခက်အခဲများလဲချမှတ်နိုင်ပါလိမ့်မယ်။ အရောင်းထိုင်း ပစ္စည်းများ အရောင်းသွက်လာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ရပိုင်ခွင့်များလဲ ပြန်လည်တောင်းခံနိုင်မဲ့နေ့ရက် လဲဖြစ်ပါ တယ်။

ဒီလိုနေ့မျိုးမှာတော့ နိုင်ငံခြားနဲ့ပတ်သက်သောကိစ္စများအထူးကောင်းပါတယ်။ နိုင်ငံခြားဖို့ အင်တာဗျူးဝင်ဖြေခြင်း တွေ၊ လိုက်ပါဆောင်ရွက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေမှာလုပ်ကိုင်ကြသူ များအထူး ပဲ အဆင်ပြေမှုတွေရရှိတတ်ပါတယ်။

ဖြိုဖျက်ခြင်းတွေကိုဦးစားပေးတဲ့ နေ့ရက်ဖြစ်တာကြောင့် အိမ်ဟောင်းဖျက်တာ၊ ဆောင်ဟောင်းဖျက်တာ၊ အိမ်တွင်း မလွတ်တဲ့သစ်ပင်တွေခုတ်လှဲတာ၊ ခြံစည်းရိုးအသစ်ပြန်လည်ကာတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ အများရဲ့ဝန်ကို ထမ်းရ တဲ့နေ့ဖြစ်တာကြောင့် ပရဟိတအလုပ်တွေ၊လူမှုကယ်ဆယ်ရေးအလုပ်တွေ၊အထူးဆောင်ရွက် ဖြစ်ပါလိမ့်မယ်။ အနာရောဂါတွေကို ခွဲစိပ်ကုသခြင်းများလဲ  ဆောင်ရွက်လို့သင့်တဲ့နေ့ပါပဲ။

ဆေးလုပ်ငန်းများ၊စာအုပ်နှင့်စာရေးကိရိယာ လုပ်ငန်းများအဆင်ပြေအောင်မြင်မှုတွေများနေတတ်ပါတယ်။ ဆန် ရောင်း ဝယ်ခြင်း၊ဆန်ပွဲရုံများအထူးပဲအဆင်ပြေအောင်မြင်မှုတွေရနေတတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ ရှင်ပြုခြင်းနားသခြင်းပဉ္ဖင်းခံခြင်းများလဲ တတ်နိုင်သလောက်ရှောင်လိုက်ပါ။ အရောင်း အဝယ်စာချုပ်များ၊ အိမ်၊ကား၊မြေ၊ဆိုင်စတဲ့ အရာများဝယ်ယူခြင်းစာချုပ်များ အထူးရှောင်သင့်ပါတယ်။

            ယနေ့ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်သည်။ သမားတော်များနှင့် ပြသခြင်း၊ ဆေးစစ်ခြင်းများ ပြုနိုင်သည်။ ခန္ဓာကိုယ်တွင် ဆေးမှင် တက်တူးထိုး၇န် ရက်ကောင်းဖြစ်နေပါသည်။ အရပ်ဝေးနှင့် ဆက်စပ်၍ ထူးခြားသော အကျိုးကောင်း များရရှိမည်။ နေ့(၁း၁၂)နာရီမှ (၃း၃၆)နာရီအတွင်း ဆောင်ရွက်သော ကိစ္စများမှ ကောင်းသောအကျိုးကောင်းများ ရရှိမည်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅း၅၁)နာရီမှ ညနေ(၁၆း၄၂)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် အများနဲ့မတူ အိမ်ထောင်မပြုဘဲတစ်ဦးတည်း ရပ်တည်နေထိုင် ခြင်းဖြင့် ဘဝက ပို ကောင်းတယ်လို့ ခံစား ရလေ့ရှိပါတယ်။ မိမိဟာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ပြီး သဟဇာတ ဖြစ်အောင် ဖန်တီး ရာမှာ ထူးချွန်ပါတယ်။ နည်းပညာနယ်ပယ်၊အိုင်တီနယ်ပယ်တွေမှာထူးချွန်သလို ပျက်စီးကျိုးပဲနေတဲ့ ပစ္စည်းတွေကိုလဲ ပြန်ပြင်ရတာ သဘောကျ သူလဲဖြစ်ပါတယ်။ ဒါကြောင့် စက်ပြင်နယ်ပယ်၊ ပြုပြင်ထိန်းသိမ်းရေးနယ် ပယ်တွေမှာအောင်မြင်တတ်ပါတယ်။ မိခင်ဘာသာ စကားအပြင် အခြားဘာသာစကားတွေလဲသင်လွယ်တတ်လွယ်တဲ့ သူပါပဲ။ မိန်းကလေးရင်သွေးငယ်ဖြစ်ရင်တော့ အဘက် ဘက် က သာတဲ့သူနဲ့ လက်ထပ်ရတတ်ပါတယ်။ သံတမန်ဆိုင်ရာ ဆက်ဆံရေးများကို အထူးစိတ်ဝင်စားသူဖြစ်သည်။ သဘာဝ တရားကို ထဲထဲဝင်ဝင် သိမြင်နိုင်သော သဘာဝစိတ်ပညာရှင်တစ်ဦးဖြစ်သည်။ မိမိစိတ်ကူးတွေကို တခြားသူတွေဆီကနေ တွန်းလှန်ရ တာကို မိမိနှစ်သက်တယ်။ မိမိသည် အခြားသူများ၏ အကြံဉာဏ်ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်သူဖြစ်ပါတယ်။  အနာဂတ်ကို ခန့်မှန်းလိုပါသည်။ ဆက်သွယ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများအတွက် မိမိသည် အားကောင်းသူ ဖြစ်ပါ တယ်။

 ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ နတ်ကွန်း နတ်စင်တည် ဆောက် ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသောရတနာဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များ ပြု ပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်းနှင့် အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသ လွှင့်တင်ခြင်းများ ကောင်းသည်။ (ရောဟဏီ နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်)

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၂၄) နာရီမှ နံနက်(၁၀း၃၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စ‌နေ သားသမီးများပဲဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….တောင်အရပ််မျက်နှမူ ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော် (၉)ခေါက် ရွတ်ဆို သွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဖုန်းနဲ့တိုက်ရိုက်ဗေဒင်မေးချင်သူများအတွက်

ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက် ဖုန်း ခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဉ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ ည(၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့်ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

… အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါ တယ်။

ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

17.June .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆန်း(၁၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ ရက်ကန်း၊ ဝါရမိတ္တုငယ် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၁)လုံးအနေဖြင့် ထပ်ပြန်တစ်လဲလဲ ရရှိသော ပျော်ရွှင်မှုလို့ သက်မှတ်ရမည့် တီထိရက် ဖြစ်ပါတယ်။ ဘာသာရေးကိစ္စရပ်များ၊ ကဗျာ၊ စာပေ၊ အနုပညာကိစ္စရပ်များ၊ ပညာသင် လက်ခံခြင်း၊  နတ်ပူဇော်ခြင်း၊ ဉပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးသွားခြင်း၊ အိမ်သစ်တက်ခြင်း၊ အအေး စသော စားသောက်ကုန် များကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ကို လုပ်ဆောင်ရန် ကောင်းပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊  ပျော်ရွှင်ခြင်းတို့ကို တာဝန်ယူသော နန္ဒာတီထိဖြစ်ပြီး သောကြာဂြိုဟ် အုပ်စိုးသောကြောင့် အဝတ်အထည်၊ အက အခုန်၊ သီဆိုခြင်း၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ ခြံမြေလုပ်ငန်းများအတွက် ကောင်းမွန်သော တီထိဖြစ်နေပါသည်။

ယနေ့သည် မည်သည့်အလုပ်ကိုမဆို ပြီးမြောက်အောင်မြင်စေရန် အထူးကောင်းသော ပုဏ္ဏာတီထိ ကျရောက်နေ သောကြောင့် အကျင့်သီလ၊ သာသနာ့လုပ်ငန်းဆောင်တာများ၊ ဓမ္မကျင့်စဉ်များ၊ အိမ်သို့ဝင်ရောင်ခြင်း၊ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန်၊ မင်္ဂလာဆောင်၊ လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်း၊ ခရီးသွားခြင်း၊ လုပ်ငန်းဆောင် တာများ၊ လမ်းပန်းဆက်သွယ်ရေး၊ မော်တော်ယာဉ်များ၊ အိမ်များနှင့် အရေးကြီးသောသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း များအတွက် အထူးကောင်းမွန်ပါသည်။

ယနေ့သည် သံကလပ်(အတားအဆီး)ဟူသော အဓိပ္ပါယ်ကိုဆောင်သော ပဋိဃာတယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များအားလုံးအတွက် သင့်တော်မှုမရှိပါ။ ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များ နှင့် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းတို့အတွက် သင့်လျော်မှုအရှိဆုံး ဖြစ်နေပါသည်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၃း၄၂)နာရီမှ နံနက်(၄း၃၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ စိတြာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ပညာရှိ၊ ဉာဏ်ရည်ထက်မြက်ပြီး ပြောဆိုဆက်ဆံတတ်သူဖြစ်ပြီး မိမိအသိပညာကို အမြဲမျှဝေပြီး လူအများကိုအသိဥာဏ်ကြီးလိုတဲ့စိတ်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာငွေကြေးကို ရှာဖွေစုဆောင်းတတ်ပြီး ကပ်စေးနည်းတတ်ပေမဲ့ တတိယအရွယ်ရောက်သောအခါ စည်းစိမ်ကိုပယ်ပြီး တရားရှာသူ ဖြစ် သွား တတ်ပါတယ်။အသက်ကြီးလာတာ နဲ့အမျှ မိမိဟာ စိတ်ဖြေလျော့ပြီး ဘဝအေးချမ်းစွာ ဖြတ်ကျော်ရခြင်းကို ပိုမိုပျော်မွေ့လာတတ်ပြီး တရားဘာဝနာနှင့် အေးချမ်းစွာ အနားယူတက်ပါတယ်။ မိမိဟာ တခြားသူတွေရဲ့ ပတ်ဝန်းကျ င်မှာ ပေါင်းသင်းဆက်ဆံနိုင်ပေမယ့် ဆွေမျိုးနီးစပ်တဲ့ ပတ်ဝန်းကျင်တွင် စုရုံးဖွဲ့စည်း ပျော်ရွှင်မှုမျိုး သိပ်မရှိတဲ့သူပါ။ အနီးအနားကလူတွေက အထင်မကြီးဘဲ အဝေးကလူတွေရဲ့အထင်ကြီးခြင်းကိုခံရတတ်ပါတယ်။တခြားသူတွေက မိမိရဲ့ အနုပညာမြောက်တဲ့ဖန်တီးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးကြောင့် မိမိကို ချီးကျူးကြတယ်။ မိမိဟာ အနုပညာနယ်ပယ်နှင့်စိတ်ခံစားမှုနယ်ပယ်နဲ့ဆိုင်သောအလုပ်တွေမှာထူးချွန်အောင်မြင်တတ်ပါတယ်။

 ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး၊ အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ် ခူးခြင်း၊ မေတ္တရေးစကားပြောဆိုခြင်း၊ အလှပြုပြင်ခြင်း၊ လက်ဝတ်ရတနာ ဆင်ခြင်း၊ ပန္နပ်ရိုက်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချီရေးကောင်းသည်။ (စိတြနက္ခတ် စန်းယှဉ်သော အခါတွင်ပြုလုပ် ဆောင်ရွက်ရပါမည်။)

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၇) နာရီမှ မွန်းလွဲ(၁း၄၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင်  နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကောက်ညှင်းပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

13.Jun.2024 မှ 19.Jun.2024 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ


            ဒီတစ်ပတ်အတွင်း အပြောင်းအလဲတွေ အလွန်ဖြစ်လွယ်တယ်။ မထင်မှတ်ထားတဲ့အခြေအနေတွေကြုံရ တတ်ပါတယ်။ အဝေးသွားဖို့ အကြောင်းဖန်လာတတ်ပါတယ်။ ငွေကြေးနဲ့ ကျန်းမာရေးမှာ အားနည်းချက် ရှိနေ တယ်။ ကျန်းမာရေး ဂရုစိုက်ရမယ်။ နဂိုအခံ ရှိသူတွေ ပိုပြီးတော့ သတိပြုပါ။ မိုးရွာထဲအသွားအလာ ဆင်ခြင်ပါ။လူငယ်တွေ အချစ်ရေးကိစ္စ အဆင် ပြေမယ်။စောင့်ဆိုင်းနေရတဲ့ အလုပ် တွေ ပြန်စနိုင်မယ်။ အဆက်အသွယ်တွေ ပြန်ရ မယ်။ အလုပ်တွေ ခါတိုင်းထက် သွက်လက် မြန်ဆန်လာမယ်။ အလုပ်အကိုင်ကတော့ အဆက်အသွယ်တွေနဲ့ ချိတ်ဆက်နိုင် မယ်။ လုပ်ငန်းအကြံအစည်များတိုးတက်အောင်မြင်နေမည်။လုပ်ငန်းများတိုးချဲ့ လုပ်ကိုင် ရတတ်သည်။ ဆွေမျိုးများ နှင့် တရားတဘောင်ရင်ဆိုင်ရတတ်သည်။ သို့သော်ရန် အပေါင်းကို အောင်မြင်နိုင်သည်။အစုစပ်လုပ်ငန်းများရှောင်ပါ။ အကြောင်းမဲ့ ခရီးယာယီများနေတတ်သည်။ခရီးကြောင့်ငွေကုန်လူပန်းပြီးကျန်းမာရေး၊ စီးပွားရေးထိခိုက်လာတတ် သည်ကိုသတိပြုပါ။ အလုပ်၊အကြံအစည် ရည်ရွယ်ချက်တွေပါ အောင်မြင်မယ်။ လုပ်ရဲ ကိုင်ရဲရှိရင် ပိုအဆင်ပြေမယ်။ လူအများနဲ့ ဆက်ဆံရာမှာတော့ သတိပြုရမယ်။ ငွေဝင် သလောက် အဖတ်မတင် ဖြစ်မယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက်ကြောင့်စိတ်ချမ်းသာရမယ်။ အရက်ကြိုက် သူများဒီတစ်ပတ်လျှော့သောက်ပါ။ မလျှော့ပါက အစာ အိမ် ဒုက္ခပေးပါလိမ့်မယ်။ပညာရေးတိုး တက် ကောင်းမွန်နေ မည်။ပညာရေးအတွက် စတင်ရင်းနှီးမြုပ်နှံလို့ကောင်းတဲ့ ကာလပဲဖြစ်ပါတယ်။

အကျိုးပေးဂဏန်း—၅/၇/၀
အထူးဟော—ကံအသင့်အတင့်ကောင်းပါတယ်။
ယတြာ–ပြောင်းဖူးကြော်ပြီးဘုရားကပ်ပါ။

#တနင်္လာ
            ငွေကြေးကိစ္စတွေမှာတော့ သတိ ထားရမယ်။ အပေးအယူ မှား တတ်တယ်။ အချေးအငှားတွေ ရှောင်ကျဉ် ရမယ်။ သူများကိစ္စ ကြားဝင်မိရင် ပိုဆိုးမယ်။ ကျန်းမာရေး အညံ့ မရှိ။ သို့ သော် ဝမ်းဗိုက်နဲ့ ပတ်သက်လို့ ကျန်းမာရေး အညံ့ ရှိနိုင်တယ်။ သတိထားပါ။ ငွေကြေး ကိစ္စတွေမှာ ကိုယ်တိုင် ဆုံးဖြတ် ပါ။ သူတပါးကို ကြားဝင် လုပ်ခိုင်းရင် ဆုံးရှုံးလိမ့်မယ်။လုပ်ငန်းသစ်စချင်သူများ ဒီကာလမှာအထူးအလေးပေး ဆောင် ရွက် လို့ကောင်းပါတယ်။ အလှအပ နှင့်ဆိုင်သောပစ္စည်းများလက်ဆောင်ရတတ်ပါတယ်။အခြေအနေအားလုံးက ကိုယ့်စိတ်တိုင်းကျပုံစံကို ပြောင်းလာ မယ်။ အလုပ်တွေ ကောင်းသလို ရည်မှန်းချက်တွေ လည်း ဖြစ်မြောက်လာမယ်။ ငွေကြေးကံ အတော်သင့် ကောင်းမယ်။ နှလုံးသားရေးမှာ အဆင် မပြေတာတွေ ပြေလည် မှုရရှိလာမယ်။အဆက်ဟောင်းတွေနဲ့ ပြန်အဆင်ပြေခြင်းကြုံ ရမယ်။အလုပ်ကိစ္စရော အချစ်ရေး နဲ့ အိမ်ထောင်ရေးမှာပါ စိတ်ချမ်းသာမှု အများဆုံး ရမယ့်အချိန် ဖြစ်တယ်။ အလုပ်အခက်အခဲတွေ ပြေ လည်မယ်။ ဝင်ငွေလမ်းကြောင်းသစ်တွေ ပေါ်လာမယ်။ အလုပ်၊ နေရာ ဌာန အပြောင်း အလဲ ပေါ်တတ်တယ်။ ပြောင်းဖြစ် ရင်လည်း ကောင်း လိမ့်မယ်။ ဘာလုပ် လုပ် အကြီးအကဲ၊ ဆရာသမားတွေနဲ့ တိုင်ပင် ပြီးမှ လုပ်ပါ။ သူတို့ ရဲ့ အကြံဉာဏ် နဲ့ဆို လုပ်ငန်း၊ စီးပွားကိစ္စ တွေမှာ အောင်မြင်မှု အထိုက်အလျောက် ရလာ လိမ့်မယ်။


အကျိုးပေးဂဏန်း—၆/၃/၇
အထူးဟော—စီးပွားကံအားကောင်းမည်
ယတြာ–မနက်စောစောတရားခွေဖွင့်ခြင်း၊တရားနာယူခြင်းဖြင့်ကုသိုလ်ယူပါ

#အင်္ဂါ


            ငွေကြေးလာဘ်ရွှင်မည်။ ပညာရှင်ဆိုရင် မိမိပညာက နေငွေအစုလိုက်ဝင်လာတတ်ပါတယ်။ ကိုယ်ပိုင် ငွေကြေးတိုးတက်လာတတ်တဲ့သူတွေဖြစ်ပြီးတော့ ငွေရလာဖို့ အကြောင်းဖန်လာတတ်ပါတယ်။လူမျိုးကွဲအကျိုး ပေး မည်။ ဆိုင်းငံ့ထားသောခရီးကိစ္စများ ပြန်လည်သွားရောက် ရခြင်းကြုံမည်။ စနေနေ့မွေးသူ နေအိမ်သို့လာရောက် တည်းခို ခြင်းအားပရိယာယ်သုံး၍ငြင်းဆိုပါ။ ထိုကဲ့သို့ငြင်းဆိုပြီးရက်ပိုင်း အတွင်း အဖိုးတန်သော စနေနံပစ္စည်းဝင်ခြင်း၊ ရခြင်း ကြုံနိုင် သည်။ အနောက်အရပ်မှနေသူများနှင့် ပူးပေါင်း၍ လုပ်သောလုပ်ငန်း တို့မှ ကောင်းသောအကျိုး ဆက်များ ပေါ်ထွန်းရရှိပေမည်။ တနင်္လာနေ့၊ ကြာသပတေးနေ့မွေးသူများကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရ မည်။ ၄င်းတို့၏ ပြဿနာများ မိမိ ဖြေရှင်းရခြင်းကြုံမည်။ ဘဝအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချရမဲ့ဘဝလမ်းသစ် စတင်ရတတ် တယ်။ ငွေကြေးနဲ့အလုပ်က ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ မေတ္တာရေး မှာ ကံကောင်းလာမယ်။ နေရာဌာနရွှေ့ပြောင်းရ ကိန်း ရှိတယ်။ ကာလရှည်ကြာအလုပ်တွေ လက်စသတ်မယ်။ မျက်စိကို ဂရုစိုက်ရမယ်။ နေရထိုင်ရတာ စိတ်ထဲ စိုးရိမ်မှုတွေ ဖြစ်နေမယ်။ ဒါပေမယ့် တကယ်တမ်းမှာ အခြေအနေ မဆိုးဘဲ ကျန်းမာ ချမ်းသာမယ်။ အကြီးအကဲတွေအစိုးရပိုင်းတွေနဲ့ ဆက်ဆံရင် ကိုယ့်ဘက်က သတိပြုရမယ်။ အထင်အမြင် လွဲခံ ရတတ်တယ်။ လူငယ်တွေအလုပ်သစ်ရတတ်တယ်။ဒီအပတ်ထဲ အိမ်တွင်းနဲ့ မိသားစုအတွက် စိတ်သောက များ ရှိနေတတ်ပြီးဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်တတ်တယ်။

အကျိုးပေးဂဏန်း—၅/၄/၆
အထူးဟော—အရာရာရှေ့တိုးလုပ်လို့မကောင်းသေးပါ။
ယတြာ လက်ဖက်ရည်နှင့်ကိတ်မုန့် ဘုရားကပ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

            ဒီအပတ်မှာ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတွေအတွက် ပင်ပန်းစရာ ရုန်းကန်စရာ ဖြစ်လာနိုင်တယ်။ လုပ်ထား တာ တွေ ပျက်ကုန်လို့ အစက ပြန်စရတတ်တယ်။ ငွေအတွက်လည်း စိတ်ညစ်စရာတွေ ခံစား ရတတ်တယ်။ စပ်တူ ရှယ်ယာတွေ ပေါင်းလုပ်မိရင် ပျက်တတ်တယ်။ ပျော်ရွှင်စရာကိစ္စနဲ့ အားတက်စရာသတင်းတွေတော့ ကြားသိရတတ် တယ်။ နှလုံးသားရေးမှာ တကျက်ကျက်နဲ့ စကားများနေပေမဲ့ အဆိုး ကြီးတော့ မတွေ့ရဘူး။အိမ်ထောင်ရေးသာယာမှု ပျော်ရွှင်မှုတွေရှိနေနိုင်ပါတယ်။ဒီတစ်ပတ်အတွင်း အလုပ်များ၊တာဝန်များနေတတ်ပါတယ်။ နေပူလိုက်မိုးရွာလိုက် ဖြစ်နေတာကြောင့် ခေါင်းကိုက်ခြင်း၊ခေါင်းမူး ခြင်းအလွန်ဖြစ်တတ်ပါတယ်။ ကျန်းမာရေးဂရုစိုက်ပေးပါ။ ဒီကာလ အတွင်း အလုပ်တွင်း ငြိမ်းချမ်းမှုပျောက်ဆုံးနေတတ်ပါတယ်။ ပူပူလောင်လောင်နဲ့ငွေရှာရတတ်ပါတယ်။ အသက် အရွယ်ကြီးရင့်သူများ အနည်းငယ် အနေအထိုင်ဂရုစိုက်ပါ။ကျန်းမာရေးအားနည်းသွားတတ်လို့ပါ။ ငွေကြေး နဲ့ ပတ်သက်ပြီးရှာဖွေရတာ အနည်းငယ်စိတ်ရှည်ဖို့လိုပါတယ်။ ဒီကာလမှာရင်းနှီးမြုပ်နှံမှုတွေစတင်မယ်ဆို သတိထား လုပ်ဖို့ တိုက်တွန်းပါရစေ။ အိမ်ပြင်ခြင်းများဆောင်ရွက်မယ်ဆို စိတ်ချရတဲ့သူတွေဆီမှသာ အလုပ်အပ်ပါ။ ကြုံတဲ့ သူခိုင်းရင်ကပျက်ကချော်လုပ်ကိုင်သွားရတတ်ပါတယ်။

အကျိုးပေးဂဏန်း…၁/၆/၀
အထူးဟော–ခန္ဓာကိုယ်တွင်းအပူအားကြီးနေမည်။
ယတြာ—သောက်တော်ရေနေ့စဉ်ဘုရားကပ်ပါ။


#ကြာသပတေး


            စက်ပစ္စည်းနဲ့သက်ဆိုင်သောအလုပ် များအကျိုးအမြတ်များပြားပါလိမ့်မယ်။ အလုပ်ကြောင့် မထင်မှတ်ဘဲ ခရီးသွားရတတ်ပါတယ်။ ကောင်းသောခရီး၊ အဆင်ပြေသောခရီးဖြစ်ပါလိမ့်မယ်။အပေါင်းအသင်းများ အပေါ်ဩဇာ လွှမ်းမိုးနိုင်သည်။ လူအများ၏ လေးစားမှုခံရ မည်။ ဇနီး၊သားသမီးများရောဂါအန္တရာယ်ရရှိတတ်သည်။သူတပါးတို့ကဲ့ရဲ့ ပြစ်တင်ခြင်း ခံရတတ် ။ဆွေမျိုးကိစ္စများ၊ နေအိမ်၊ခြံ၊မြေကိစ္စများနှင့်ပတ်သက်၍ စိတ်ညစ်စရာ များကြုံတွေ့ ရတတ် ။ကြိုးစားထားတဲ့ကိစ္စတွေအရာထင်အောင်မြင်လာတတ်ပါတယ်။ ငွေရှာရလွယ်မယ်။ မထင်မှတ်သောနေရာက ငွေဝင်လိမ့်မယ်။ အများနဲ့ဆိုင်သောငွေထဲ လက်ထဲမထားပါနဲ့။ လာဘ်ပိတ်သွားတတ်ပါတယ်။ခရီးသွားပြီးလုပ်ကိုင်ရ သောအလုပ်တွေက ဝင်ငွေတိုးတတ်ပါလိမ့်မယ်။ လူမုန်းများနေတတ်ပါတယ်။ အွန်လိုင်းကနေ အနှောင့်အယှက်ပေး တာမျိုးတွေ၊ အွန်လိုင်းကနေ ဆဲဆိုခြင်းခံရတာမျိုးတွေကြုံရတတ်ပါတယ်။ သင်တန်းစတင် တက်ခြင်းများ ဆောင်ရွက် လို့ရပါတယ်။ဆရာကောင်းဆီမှာ စတင်တပည့်ခံခြင်းများဆောင်ရွက်သင့်ပါတယ်။ အချစ်ရေးကြောင့်ပညာရေး နှောင့်နှေး တတ်သဖြင့် အလိုက်တသိ တစ်ကန့်ထား၍ကန့်သတ်ဆောင်ရွက်ပါ၊ အရေးအဆင်ပြေနေရာမှမမျှော်လင့် ဘဲခွဲခွာနေရတတ်သည်။အိမ်ထောင်ရှင်များအိမ်ထောင်ရေးသာယာမှုမရှိတတ်ပေ။

အကျိုးပေးဂဏန်း—၂/၇/၉
အထူးဟော—ကံမြင့်မားနေမည်။
ယတြာ—ကော်ဖီဘုရားကပ်လှူပါ။

#သောကြာ
            စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာပြည့်ဖို့ များတယ်။ ဒါပေမယ့် လူအများနဲ့ ပတ်သက် ရတဲ့၊ ရောနှော သွားလာ ရတဲ့ကိစ္စတွေကို ရှောင်ရမယ်။ အန္တရာယ်ပေါ်လာနိုင်တယ်။ အလုပ်စီးပွားကံကောင်းနိုင်တယ်။ ငွေကြေးနဲ့ပတ်သက်လို့ ချေးငှားပါက ပြန်မရခြင်း ဖြစ်တတ်သလို မိသားစုအတွက် ရတက်မအေး ဖြစ်မယ်။ လူမှုရေး ကောင်းတတ်တယ် ။ဒီတစ်ပတ်ထဲ အာရုံစိုက်ပြီးလုပ်ကိုင်ဆောင်ရွက်သမျှ အဆင်ပြေမယ်။ ပေါ့ပေါ့နေ၊ပေါ့ပေါ့စားခြင်းများရှောင် လိုက်ပါ။ မိမိအားစိုက်ရင် စိုက်သလောက် အဆင်ပြေခြင်း၊ဝင်ငွေတိုးခြင်းကြုံရတတ်ပါတယ်။ကျန်းမာရေးလဲ ဒေါင်ဒေါင် မည်ကောင်းနေတတ်ပါတယ်။ လေးလံထိုင်းမှိုင်းနေသူတောင်မှ အရာရာသွက်လက်ပေါ့ပါးပြီး အလုပ်ပြီးမြောက်မှုက မထင်မှတ်လောက်အောင်တိုးတတ်သွားနိုင်ပါတယ်။ငွေကြေးရင်းနှီးမြုပ်နှံခြင်း၊အစုစပ်ခြင်း၊အကျိုးတူပူးပေါင်းခြင်းများ ဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။ အချစ်ရေးမှာ စိတ်ချမ်းသာစရာများပြားပါလိမ့်မယ်။မိတ်ဆွေအသိုင်းအဝိုင်းရဲ့ ကောင်းကျိုးကို ရရှိခံစားရတတ်ပြီး ကိုယ့်အပေါ် ကောင်းတဲ့ ကူညီဖေးမမယ့်သူတွေနဲ့ ဆုံရမယ်။ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေလုပ်ရင်ပိုထူးခြားတတ်တယ်။

အကျိုးပေးဂဏန်း—၃၊၆၊၉
အထူးဟော—တပည့်တပန်း၊အောက်လက်ငယ်သားတွေကြောင့်စိတ်ချမ်းသာရမယ်။
ယတြာ—ဆေးတစ်မျိုးမျိုးလိုအပ်သူကိုလှူဒါန်းလိုက်ပါ။

#စနေ
            ငွေကုန်ကြေးကျများနေတတ်ပါတယ်။ အလုပ်ကောင်း ပေမဲ့ အလုပ်ထဲငွေပြန်ဝင်သွားတာမျိုးတွေ၊ အကြွေးကျ ပြီး ငွေမပေါ်တာမျိုးတွေဖြစ်တတ်ပါတယ်။မလိုအပ်ဘဲ ငွေကြေးသုံးစွဲခြင်းကို လျှော့ချထားဖို့လိုပါတယ်။ လူမှုရေးကိစ္စ များအထူးအားနည်းချက်များတယ်။မိမိဆိုရှယ်အကောက်မှာ တစ်ခုခုရေးတင်တာကအစ အနှောင့် အသွားလွတ် အောင်ရေးပါ။ မိမိရေးလိုက်တဲ့စာတစ်ကြောင်းရဲ့ အကျိုးဆက်ကနောက်ပိုင်း ပြဿနာကြီးနိုင်ပါတယ်။ သားသမီး အတွက် ပူပန်စရာကိစ္စလေးတွေရှိနေတတ်ပါတယ်။ နေရာအပြောင်းအရွှေ့များဖြစ်တတ်မည်။ စီးပွားရေး အားလျှော့ နေ တတ်သည်။ များနေမည်။ ဆွေမျိုး များနှင့် အမျိုးသမီးများထံမှအကူအညီကောင်းများရ မည်။ စားကောင်း သောက် ဖွယ်များ၊ အဝတ်အစား ကောင်းများ၊ အဖိုးတန်ရတနာပစ္စည်းများဝင်ကိန်းရှိသည်။ အနီး ကပ်နေသူများ၊အတွင်းလူ များနှင့် စိတ်သဘောထားမတိုက်ဆိုင်မှု များဖြစ် တတ်သည်။ဝန်ထမ်းများတာဝန်မဲ့ စွပ်စွဲပြော ဆိုခြင်းခံရတတ်သည်။ ပညာရေး မှာတော့ ရန်အနှောင့် ယှက် များကြောင့်အခက်အခဲကြုံ ရတတ်မည် ။နှောင့်နှေး နေမည်။ အချစ်ရေး အဆင်ပြေသော်လည်း မိသားစုအနှောင့် အယှက်မကင်းတတ်ပေ။အိမ်ထောင်ရေး အဆင်ပြေနေ မည်။ ကျန်းမာရေး မျက်စေ့နှင့်ဦးခေါင်းတွင်ရောဂါအန္တရာယ်များရတတ်သည်။ရုတ်တရက်ထိခိုက်ရှနာမှုများဖြစ်တတ်သည်။

အကျိုးပေးဂဏန်း—၈/၁/၂
အထူးဟော—ကံအနည်းငယ်ညံ့ဖျင်းနေတတ်ပါတယ်။
ယတြာ—ဂုဏ်တော်ကိုးပါးနဲ့ပုတီးစိပ်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695

09 44 5555 695

10.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားဖြူ၊  ဝါရမိတ္တုကြီး ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ဖြစ်သည်၊ အောင်မြင်ခြင်းကို ပေးစွမ်းသော ဇေယျာတီထိ အမျိုးအစားဖြစ်၍ လက်နက်ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တပ်သားစုဆောင်းခြင်း၊ တနည်းအားဖြင့်ဆိုသော မိမိနှင့် မိမိအဖွဲ့အစည်း၏စွမ်းရည် အင်အားထက်မြက် ကြီးမားစေရန် လုပ်ဆောင်သည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ဆောင် နိုင်သည်။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အိမ်နှင့်ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အလံတိုင်၊ အသင်းနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် သင့်တော်သော တီထိရက် ဖြစ်သည်။ ယနေ့သည် အောင်မြင်ခြင်းကို ကိုယ်စားပြုသော ဇေယျာတီထိ ကျရောက်နေသောကြောင့် အရေးကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန် မင်္ဂလာဆောင်သောနေ့ ပထမဆုံး ဂီတသင်ခန်းစာ၊ ကလေး၏ ပထမဆုံး အစာကျွေးခြင်း၊ ဆောက်လုပ်ရေး၊ ဆံပင်နှင့် လက်သည်းများညှပ်ခြင်း၊ ရိတ်ခြင်းများအတွက် အထူးကောင်းမွန် ပါသည်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆို ရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၁၂)နာရီမှ နံနက်(၇း၀၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်း များကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း နတ်စင်တည် ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကား ထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ဝတ် ဆင်ရ သောရတနာဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေး လောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်းနှင့် အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ ကောင်းသည်။ (ရောဟဏီ နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ပေးကမ်းစွန့်ကြဲတတ်သူဖြစ်၍ အလွန်ရည်မှန်းချက်ကြီးသူဖြစ်သော်လည်း တစ်ခါ တစ်ရံ အခြားသူများအား လေးစားရန် မေ့လျော့နေတတ်ပါသည်။ ရှေးရိုးစဉ်လာ ဓလေ့ထုံးတမ်းများ၊ အလေ့အထ များနှင့် သဘာဝတရားကို စွဲကိုင်ထားသော်လည်း တိုးတက်မှုအတွက် အပြောင်းအလဲများစွာ လိုအပ်ကြောင်း အလိုလိုသိမြင် နားလည်တတ်ပါသည်။ အချစ်ရေးမှာ စိတ်ထဲကနေ လေးလေးနက်နက်နဲ့ အမြဲတမ်း ချစ်တတ်ပါတယ်။ မိမိသည် ပေါင်းသင်းဆက်ဆံရေးကောင်းများကို မြှင့်တင်ရေးတွင် အထူးအားကောင်းသူ ဖြစ်ပါသည်။ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားပြီး မိမိစိတ်ကို သတင်းအချက်အလက်အသစ်များဖြင့် အဆက်မပြတ် ဖြည့်ဆည်းပေးနေသူ ဖြစ်ပါသည်။ စည်းစိမ်ချမ်းသာနဲ့ပြည့်ဝနဲ့ကံပါပြီး မိဘက ကုန်သည်မျိုးရိုး၊ဈေးသည်မျိုးရိုးဖြစ်တယ်ဆိုရင် မိဘလုပ်ငန်း တွေကို လက်ဆင့်ကမ်းလို့ရတဲ့ဇာတာမျိုးပါပဲ။ နာမည်ပေးမှန်ရင်တော့ အိမ်ထောင်ရေးစိတ်မပူရပေမဲ့ နာမည်ပေးမှား ရင်တော့ မိန်းကလေးရင်သွေးငယ်တွေမှာ အိမ်ထောင်ရေးအားနည်းတတ်ပါတယ်။

            ယနေ့သည် အတားအဆီးနှင့် အန္တရာယ်များစွာကို ကိုယ်စားပြုသော အတိဂဠယုဂ် ကျရောက်သောကြောင့် ကောင်းသော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် သင့်တော်မှုမရှိပါ။ တေထိလကရိုဏ်း ကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်း ဆောင်တာများ အားလုံးအတွက် အထူးသင့်လျော်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၆) နာရီမှ မွန်းလွဲ(၁၂း၀၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ စိမ်းပြာရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

22.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်တံခွန် ကျရောက်နေတာ  ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ဗလာနတ္ထိ ဖြစ်ခြင်းကိုဖေါ်ဆောင်သည့် ရိတ္တာ တီထိဖြစ်ပြီး စနေ အုပ်စိုးသော တီထိဖြစ်သဖြင့် ဖမ်းဆီးခြင်း၊ အဆိပ်ခတ်၊ ပိုးသက်ဆေးဖြန်းခြင်း၊  လက်နက်သုံးစွဲခြင်း၊ မီးဖောက်ခွဲခြင်း၊ စသည့် အနိဌ လုပ်ငန်းများကို လုပ်ကိုင်နိုင် သည်သာမက ခွဲစိတ်ကုသခြင်းများကို လုပ်ဆောင်နိုင်သော်လည်း မည်သည့်အရပ်ဒေသကိုမှ ခရီးသွားလာရန် မသင့်တော်သော တီထိ ဖြစ်နေပါသည်။ ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်မှာတော့ ဇွဲလုံလကြီးစွာနဲ့ကြိုးစားသူတွေအဖို့တော့ အကျိုးများ မဲ့ နေ့ပါပဲ ။

 အမှုမဲ့မနေတတ်ဘဲ အရာရာကို စူးစပ်လုပ်ကိုင်တတ်သူတွေအတွက်အခွင့်အရေးကောင်းတွေရလာတတ်ပါတယ်။  ဒီနေ့မှာ တတ်နိုင်သမျှအသားကြီးငါးကြီးစားတာမျိုးတွေရှောင်ခြင်းဖြင့် ကံပိုမိုမြင့်လာတတ်ပါတယ်။

အနုပညာနှင့်ပတ်သက်သောအလုပ်များ၊ မည့်သည့်စက်ပစ္စည်းမဆို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ တိုးတတ်မှု တွေအထင်အရှားကြုံရတတ်ပါတယ်။ ခရီးသွားခြင်းကိစ္စများဆောင်ရွက်နိုင်ပါတယ်။ သွားနေကြခရီးမျိုးတွေဆို ပိုမို အဆင်ပြေနိုင်ပါတယ်။

ဆောက်လုပ်ရေးနဲ့ပတ်သက်သော သဲ၊ကျောက်၊ဘိလပ်မြေ ရောင်းဝယ်ဖောက်ကားခြင်းများလဲ အဆင်ပြေမှုတွေ  ရှိလာ တတ်ပါတယ်။ အစိုးရနှင့်ပတ်သက်သောကိစ္စများ၊ ဌာနဆိုင်ရာနှင့်ပတ်သက်သောကိစ္စများ လိုက်ပါဆောင် ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။

ပွဲလမ်းသဘင်များကျင်းပခြင်းတွေ၊ ဖျော်ဖြေရေးပွဲများကျင်းပခြင်းတွေအထူးပဲဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ကားဝယ် ခြင်း၊ ကားရောင်းခြင်း၊ အလဲအထပ်လုပ်ခြင်းများအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။ ရောင်းထွက်လို သော ပစ္စည်း များကို ဓာတ်ရိုက်ဓာတ်ဆင်လုပ်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါ တယ်။

ယနေ့ လုပ်ကိုင်ဆောင်ရွက်သမျှ အရာရာကို သတိမလွတ်သင့်ပါ။ ဆေးစား၊ ဆေးကုပြုရန် ကောင်းသောရက် ဖြစ်နေပါတယ်။ အရောင်းအဝယ်ကိစ္စများ ဆောင်ရွက်ရန် ရက်ကောင်းဖြစ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုး အမြတ် ကောင်းများ ရရှိမည်။ နေရာထိုင်ခင်း ပြောင်းရွှေ့မှုများ ဆောင်ရွက်နိုင်မည်။ အလုပ်ရုံးခန်းအသစ်များ စတင် ဖွင့်လှစ် ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၂၂)နာရီမှ နံနက်(၈း၁၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုတ်/စာပေ၊ စာပုံနိုတ်စက်လုပ်ငန်း စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီးသွား လာခြင်း၊ ထီထိုးခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်းသည်။ (ဟဿတနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် အများနှင့်မတူ ဘဝကို ထူးထူးခြားခြား ရှုထောင့်တစ်ခုနဲ့ ရှုမြင်သုံးသပ် လုပ်ကိုင် မှုကြောင့် သူတစ်ပါးထက် ထူးကဲသာလွန်သူ တစ်ဦးဖြစ်ပါသည်။ တစ်ခါတစ်ရံ ခေတ်ရှေ့ပြေးစွာ တွေးခေါ် မြော်မြင် လုပ် ကိုင်သကဲ့သို့ တစ်ခါတစ်ရံတွင် ရှေးရိုးစွဲ အယူအဆများကို လိုက်နာ လုပ်ကကိုင်နေတတ်ပြန်ပါသည်။ မိမိသည် ဉာဏ်ရည်ဉာဏ်သွေး အရမ်းကောင်းမွန်ပြီး စိတ်မြန်လက်မြန် လုပ်ကိုင်ဆောင်ရွက်တတ်မှုများကြောင့် တစ်ခါတစ်ရံ မိမိ၏ လုပ်ဖေါ်ကိုင်ဖက်နှင့် လက်အောက်ဝန်ထမ်းများအား နှောင့်နှေးကြန့်ကြာသည်ဟုဆိုကာ စိတ်တိုဒေါသ ထွက်ခြင်း၊ စိတ်မရှည်ခြင်းများ ကြုံတွေ့နေရတက်သည်။ မိမိ၏စိတ်သည် မိမိကိုယ်ကျိုးအတ္တထက် အများအကျိုးကို ဦးစားပေးလုပ်ဆောင်ပေးတတ်သော မျှတသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် အများရဲ့ လေးစားချစ်ခင်ခြင်းကို ခံစားရတတ်ပါသည်။ စိတ်ထားဖြူစင် နူးညံ့၍ အရာရာကို အကောင်းဘက်မှ အမြဲတမ်းရှုမြင်သုံးသတ်တတ်သူ တစ်ဦးဖြစ်ပါသည်။အနုပညာ တစ်ခုခုမှာ ထူးချွန်ကြတယ်။ အချို့က သရုပ်ဆောင်၊အချို့က ဂီတ၊အချို့က ပန်းချီစသည် ဖြင့် တစ်ခုခုမှာ ထူးချွန်တတ်ပါတယ်။ စန်းအားကောင်းပြီး လူချစ်လူခင်များနေတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၂၀) နာရီမှ နံနက်(၈း၅၅)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ငွေရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူကာ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း