loading

Category: Uncategorized

  • Home
  • Category: Uncategorized

2.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၁၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၂ )ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။မြေခံကောင်းပေမဲ့ ရက်ယုတ်မာတို့ သမားညိုတို့နဲ့ တိုက်ဆိုင်နေတာမို့ အချိန်အခါကောင်းသေချာရွေးပြီးမှ သာလုပ်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ယုတ်မာ၊ရက်ကန်း၊သမားညိုနေ့ ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကို ပေးတဲ့နေ့ ဖြစ်ပါတယ်။နတ်ပူဇော်ခြင်းတွေ၊ ဥပုသ်သီလဆောက်တည်ခြင်းတွေ၊ဆေးခြယ်သခြင်း၊ပန်းချီဆွဲခြင်းများ အအေးအချိုရည် ဖြန့်ဖြူးခြင်းများ ဆောင်ရွက် လို့ ကောင်းပါတယ်။ ယုဂ်အားဖြင့် မနက်၁၁နာရီခွဲထိ သာဓျယုဂ် ဖြစ်ပြီး အလိုဆန္ဒပြည့်ဝသောယုဂ် ၊ထိုအချိန်ကျော်ပါကသိဒ္ဓယုဂ် ဖြစ်ပြီးကြံစည်သမျှပြီးမြောက်ခြင်း ကောင်းသောမှန်ကန်သောကိစ္စများအတွက် ကောင်းစေတယ်။ ဒီလိုနေ့ရက်မျိုးဟာ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးရန် ကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့တွင် ညနေ ၃နာရီခွဲထိ ဘရဏီနက္ခတ်ဖြစ်ပါတယ်။ဒီနက္ခတ်ဟာကြမ်းကြုတ်တဲ့သဘောရှိပါတယ်။ ရက်စက်တဲ့ ကိစ္စတွေ၊ပြိုင်ဆိုင်မှု၊လှုပ်ရှားမှာတွေ၊ဖျက်ဆီးတာတွေ၊ဖြိုဖျက်တာတွေ၊လှည့်စားတာတွေဆောင်ရွက်လို့ ကောင်း တယ်။ ယှဉ်ပြိုင်ခြင်း၊လက်နက်၊အဆိပ်၊ဓာတုဗေဒဆိုင်ရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ အောက်ငုံနက္ခတ် ဖြစ်တာမို့ ကလေးထမင်းခွံ့ခြင်းတွေ၊ ကျောက်မျက်ရတနာတူးဖော်တာတွေ၊ ရေနံ၊သဘာဝဓာတ်ငွေ့၊ဓာတ်သတ္တု တူးဖော်ရှာဖွေ ခြင်း နှင့် ရေတွင်းရေကန်အဝီစိတွင်းတူးဖော်ခြင်းများအတွက်ဆောင်ရွက်နိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် ၂နာရီ၄၇မိနစ် ကနေ ၃နာရီ၄၈မိနစ်အတွင်း၊ ညနေ ၃နာရီခွဲမှ ညနေ ၄နာရီ ၂၃မိနစ်အတွင်းဖြစ်ပါတယ်။ဒီအချိန်ကာလအတွင်း က တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊မင်္ဂလာကိစ္စများ၊ကောင်းမွန်သောကိစ္စများ၊ ကိစ္စ တစ် ခုခုစတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ သူတစ်ပါးအပေါ် ယုံကြည်လွှဲအပ်ပြီး လုပ်ဆောင်သောကိစ္စမှန်သမျှကို ရှောင်ကြဉ်သင့်သော နေ့ရက် ဖြစ် နေ့ပါတယ်။ ယနေ့ ကာမမကြူးအပ်ပါ။ လူတို့ကို သတိနှင့် ဆက်ဆံဆောင်ရွက်ပါ။ ယုတ်မာသောစိတ်ဓါတ်ရှိသူ တို့သည် ဗီဇပေါ်လွင်ကာ ယုတ်ညံ့သော အမှုကိစ္စတို့ကို ပြုတတ်သည်။ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်ရန် မသင့်ပါ။ ငွေပေးငွေယူကိစ္စများ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၂:၃၃)နာရီမှ ညနေ (၃:၂၄))နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊  မိဿစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ဆတ်ကြ သူတွေဖြစ်ပါတယ်။ဒေါသဖြစ်လွယ်ကြသလို ဒေါသပြေလွယ်တာမျိုးတွေလဲ ရှိပါတယ်။ စူးစမ်းလွန်း၊စပ်စုလွန်းတဲ့သူ တွေဖြစ်လာမှာမို့ မိဘတွေက စိတ်ရှည်ပေးနိုင်ဖို့လိုပါတယ်။ ငွေကံအားကောင်းကြသူတွေဖြစ်တာမို့ ငွေအတွက်စိတ် မညစ်ရသူတွေလဲဖြစ်ပါတယ်။ တစ်ခုတော့သတိထားရမယ်။ငွေတွေရှာလာပြီး စတင်ရင်းနှီးမြုပ်နှံမှုလုပ်မယ်ဆိုရင် တော့ သေချာစီစစ်တတ်ဖို့လိုပါတယ်။ နောက်ပြီး အစိုးရနဲ့ဆက်စပ်တဲ့ လုပ်ငန်းမျိုးတွေရှောင်စေချင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၅၈) နာရီမှ နံနက်(၉:၂၂)နာရီအတွင်း ကျရောက်နေပါ တယ်။ ဝါရ အဆိပ်သင့်ချိန်ကတော့ည ၁၁နာရီ၂၃မိနစ်ကနေ၊ည ၁နာရီအထိဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ ဗုဒ္ဓဟူးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်၊ ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆ ၊ ၂ ၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီးစုံဟင်းနဲ့ထမင်းစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

   25.December.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၅)ရက်၊ခရစ္စမတ်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

တီထိမြေခံ အရမနက်၉နာရီခွဲထိ မြေခံမကောင်းတာမို့အိုးအိမ်ဆောက်လုပ်၊တိုင်ထူ၊ ပန္နက်ရိုက်ရှောင်သင့်ပါ တယ်။ မနက် ၉နာရီခွဲနောက်ပိုင်းတနင်္လာ မြေခံဖြစ်တာမို့ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီး မားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ မဟာရက်ကြမ်း၊ သမားညို၊ ရှမ်းရက် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  နံနက် ၉နာရီခွဲထိကံကောင်းခြင်းတွေကိုဖြစ်ပေါ်စေတဲ့ ဘဒြာတီထိကျရောက်တဲ့နေ့ရက် ဖြစ်ပါတယ်။ကျော်ရင်တော့ လဆန်းတီထိ ၃လုံး ဇယာတီထိကိုကူးပြောင်းသွားပါတယ်။ဒီလိုနေ့မျိုးမှာတော့ စိတ်ချမ်းမြေစရာများ၊အဆင်ပြေအောင်မြင်မှုများပြည့်နှက်နေတတ်ပါတယ်။ ခရီး ကိစ္စ စီစဉ်ဆောင်ရွက် ခြင်း၊စတင် ထွက်ခွာခြင်းတွေဆောင်ရွက်လို့ကောင်းပါတယ်။ရုတ်တရက်ထလုပ်လိုက်တဲ့ ကိစ္စများမှကောင်းကျိုး တွေကိုရရှိစေ ပါ လိမ့်မယ်။

အထည်လိပ်လုပ်ငန်း၊အဝတ်အစားဖက်ရှင်နဲ့ပက်သက်သောလုပ်ငန်းများတိုးတတ်ပါလိမ့် မယ်။ အုပ်ချုပ်မှုနှင့်ဆိုင် သောလုပ်ငန်းများ၊ဘဏ္ဍာရေးနှင့်ဆိုင်သောလုပ်ငန်းများလဲ အထူးတိုးတတ်နိုင်တာကိုတွေ့ ရပါတယ်။ အိမ်တွင်း အလှဆင်ခြင်း၊မိမိဆိုင်ကိုပြင်ဆင်ခြင်း၊ ရုံးခန်းအလှဆင်ခြင်းများဆောင်ရွက်သင့်တဲ့နေ့တစ်နေ ဖြစ်ပါတယ်။

ကျန်းမာစေဖို့ ဆောင်ရွက်တဲ့ကိစ္စမှန်သမျှအဆင်ပြေချောမွေ့လိမ့်မယ်။ ဂျင်စတင်ဆော့ကစားတာမျိုးဒီနေ့မှာ စတင် ဆောင်ရွက်လိုက်မယ်ဆို ရေရှည်လုပ်ဖြစ်သွားတတ်ပါတယ်။ ရောဂါသည်များ မိမိကုသလိုတဲ့ဆရာဝန်တွေနဲ့ ကုသ ခွင့်ရလာတတ်ပါတယ်။ဓာတ်သတ္တုများ၊ကျောက်မျက်ရတနာများစတင်တူးဖော်ခြင်းတွေ အထူးကောင်းပါတယ်။ နာမည်ပေးကင်ပွန်းတပ် ခြင်းတွေဆောင်ရွက်ကို့အထူးကောင်းပါတယ်။ ပျိုးကျဲခြင်း၊ မျိုးစေ့ချခြင်းမျိုးတွေလဲ ဆောင် ရွက်နိုင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးကို အသေအချာလုပ်ဆောင်ပါ။ အမွှေးနံ့သာဆွတ်ဖြန်းပါ။ မွှေးပျံ့နေလေ ကံကောင်းလေ ပါပဲ။ တပည့်မွေးခြင်း၊ သင်တန်းဖွင့်ခြင်းများ စတင်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ ငွေကြေးနဲ့ပတ်သက် သော ရင်းနှီးမြုပ်နှံခြင်းများ ဒီနေ့မှာဆောင်ရွက်နိုင်ပါလိမ့်မယ်။

စက်ကားနှင့်ယန္တရားမောင်းနှင်သူများကတော့ဒီနေ့မှာသတိရှိစေချင်ပါတယ်။ သတိလက်လွတ်ဖြစ်ရပြီးအမှားအ ယွင်းများပါတယ်။ အိမ်ထောာင်သည်အမျိုးသားများ အိမ်ထောင်ဘက်အပေါ်စိတ်ကုန်ခြင်းတွေ၊စိတ်ပျက်ခြင်းတွေ ဖြစ်နေတတ်ပါတယ်။ လက်ရှိအဆင်ပြေနေတဲ့အလုပ်တွေကိုစွန့်ခွာပြီး နောက်အသစ်တစ်ခုလုပ်သူများအခက်အခဲ များစေနိုင်ပါတယ်။ လောကီစီးပွားတွေ ဝိသမလောဘနဲ့ရှာလေ ကံဆိုးလေပါပဲ။

ယနေ့တွင် တောင်တက်ခရီးများ သွားလာခြင်းမပြုရ။ ခေါင်းဆေး၊ ခေါင်းလျှော်ပြုလျှင် ဘုန်းကံကြီးမားမည်။ မြောက်အရပ်သို့ ခရီးသွားလာစဉ် အန္တရာယ်ရှိတတ်သည်။ နံနက်(၁၀း၃၀)နာရီမှ မွန်းတည့် (၁၂း၀၀)နာရိကြားကာလ များတွင် မတော်တဆ ထိခိုက်မှုအန္တရာယ် ဂရုစိုက်ရမည်။ သဗ္ဗသတ္တသိဒ္ဓိယုဂ်ရရှိသော နေ့ဖြစ်သည်။ အလုံးစုံသော ပြဿနာအားလုံးတို့ကို ဖြေရှင်းအောင်မြင်နိုင်ရန် အခါကောင်းကျရောက်နေပါသည်။ 

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃း၀၉)နာရီမှ ညနေ(၄၀၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ် လွယ် ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ဓနုစန်း နံနက်(၇)နာရီ (၂၉)မိနစ်လွန် စန်းမကာရရာသီသို့ ပြောင်းသည်။  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အတိတ်ကံကြောင့် ပစ္စပ္ပုန်ကံအားကောင်းနေတာကိုတွေ့ရပါတယ်။ အတိတ်ရဲ့ဒါနအားကြောင့် လက်ရှိဘဝမှာ ထီပေါက်ခြင်း၊အမွေအနှစ်ရရှိခြင်း၊ကူညီမဲ့သူပေါများခြင်း၊စတဲ့အချက်တွေ ကိုကြုံရတတ်ပါတယ်။ ငွေကံအားကောင်းတာမို့ ကိုယ်ကသာ ပညာ၊လုပ်အားစိုက်ထုတ်မယ်ဆိုရင်တော့ ငွေရင်းနှီးမဲ့သူ တွေပေါများကြပါတယ်။ မွေးစနေ အသက် ၆နှစ်အတွင်း တစ်ကြိမ်၊ အသက် ၃၀ကနေ အသက် ၄၆အတွင်းတစ်ကြိမ် ကံကောင်ခြင်း၊အဆင်ပြေခြင်း၊ ငွေအစုလိုက်ဝင်ခြင်း၊လုပ်ငန်းတိုးတတ်ခြင်းတွေကိုကြုံရပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ (၄း၁၆)နာရီမှ ညနေ (၅း၃၉)နာရီအတွင်း ကျရောက် နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြေးနီရောင် နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူး အလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။ 

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊၉၊၂) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွား ပါ။ပိုမိုအဆင်ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်ဆွဲကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

23.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေ ဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့် တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊နဂါးပေါ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညနေ ၅နာရီအထိလကွယ်တီထိဖြစ်ပြီးတော့ အေးချမ်းခြင်းတွေ၊ ကြည်လင်ခြင်း တွေကို ပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာတော့လုပ်လက်စအလုပ်များ ရှေ့တိုးဆောင် ရွက်ရန် အထူးကောင်းပါတယ်။ အလုပ်သစ်စမယ်ဆိုရင်တော့တစ်ပိုင်းတစ်စနဲ့အဆုံးမသတ်ဖြစ်ရတတ်ပါတယ်။ မြေထဲနက္ခတ် နှင့်ကြုံတဲ့နေ့ရက်ဖြစ်တာကြောင့် ပြဿနာများဖြေရှင်းရန် ရက်ကောင်းဖြစ်ပါတယ်။ ရပိုင်ခွင့် များရှိရင်တောင်းဆိုလို့ ကောင်းတဲ့နေ့ရက်ဖြစ်ပါတယ်။

ကဗျာစာပေရေးစပ်ခြင်း၊သီချင်းများအတွက် သံစဉ်စာသားများရှာဖွေခြင်းမျိုးဒီနေ့မှာဆောာင်ရွက်လို့ အထူးကောင်း ပါတယ်။အိမ်မွေးတိရိစ္ဆာန်များဝယ်ယူခြင်း၊ရောင်းချခြင်းများဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ကားဝယ်တာမျိုး၊ခြံဝယ်တာ ၊ကွန်ပျူတာဝယ်တာမျိုးလဲ ကောင်းနေတတ်ပါတယ်။ ဆေးဝါးများဆေးစွမ်းထက်မြက်နေတဲ့နေ့ရက်ဖြစ်တာ ကြောင့် ဆေးကောင်းဝါးကောင်းမှီဝဲခြင်းများအထူးဆောင်ရွက်ပါ။

ကလေးငယ်များကို အာဟာရစတင်ကျွေးမွေးခြင်း၊ သစ်ပင်များ၊မြေဆီများ ကိုဓာတ်မြေသြဇာကျွေးခြင်း များအထူးပဲဆောင်ရွက်နိုင်ပါတယ်။ မင်္ဂလာမျိုးစုံဆောင်ရွက်လို့သင့်တော်တဲ့ နေ့ရက်ပါပဲ။ လက်ထပ်ထိမ်းမြားခြင်း စေ့စပ်ခြင်း၊ရုံးတတ်လက်မှတ်ထိုးခြင်းများလဲ ဆောင်ရွက်နိုင်သလို၊ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများကိုလဲ ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။ယနေ့တွင် မတော်တဆ ထိခိုက်မှုများ အထူးဂရုစိုက်ရမည်။ တောင်အရပ်သို့ ဦးတည်သွားလာစဉ် သတိပြုပါ။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် ရက်ကောင်းဖြစ်သည်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃း၁၇)နာရီမှ ညနေ(၄း၀၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်း ဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်း ခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရု တစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော် တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင် ဆောင်ရွက်ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ဓနုစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ကျန်းမာရေးတော့ ဂရုစိုက်ဖို့လိုပါတယ်။ အရွယ်သုံးပါးမှာ ပထမအရွယ်မှာ ကျန်းမာရေးမညံ့ရင် တတိယအရွယ်တွေမှာ နာတာရှည်ဖြစ် တတ်ကြသူတွေဖြစ်ပါတယ်။ အလုပ်ကောင်းနေရာကောင်းရခြင်း၊ ဆွေမျိုးတွေရဲ့ ကူညီထောက်ပံ့ခြင်းတွေကြောင့် အဆင်ပြေသလိုရှိကြပေမဲ့ မိမိကိုယ်တိုင်က ကြိုးစားမှုလျော့ပါးတာမို့ ကိုယ်စွမ်းကိုယ်စ နည်းသွားတတ်ပါတယ်။ အိမ် ထောင်ရေးကတော့ အနည်းငယ်ကံခေတတ်ပြီးတော့ အလုပ်သိပ်မလုပ်သော အိမ်ထောင်ဘက်ကိုရတတ်ပါတယ်။ ဒါကြောင့်ဒီနေ့မွေးရင်သွေးငယ်ဟာ မိန်းကလေးဖြစ်မယ်ဆို အိမ်ထောင်ဘက်ကိုသေချာစီစစ်ရွေးချယ်သင့်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလ အမှောင်ချိန်တွေကတော့ နံနက်(၁၀း၄၁)နာရီမှ မွန်းလွဲ(၁၂း၀၄)နာရီ အတွင်း ကျရောက် နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ညိုဝါရောင် နှင့် အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ထီးတစ်ချောင်းဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါပုတ်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

18.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နတ်တော်လဆုတ်(၁၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ကန်းသမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၁၀လုံးဖြစ်ပြီးတော့ အေးချမ်းခြင်း၊ကြည်လင်ခြင်းတွေကိုပေးတဲ့ပုဏ္ဏတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒီ

  ဒီနေ့မှာစက် ပစ္စည်းများဝယ်ယူခြင်း၊တပ်ဆင်ခြင်းများပြုလုပ်နိုင်ပါတယ်။  ခရီးကိစ္စတော်တော်များများအဆင်ပြေတဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်သောခရီးများ၊ ဘာသာရေးအလှူအတန်းနဲ့ပတ်သက်သောခရီးများအဆင်ပြေတိုး တတ်နိုင်တာကိုတွေ့ရပါတယ်။

                ဒီလိုနေ့ရက်မှာ ဆေးဝါးအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊လူသုံးကုန်ပစ္စည်းနှင့် အရည်ဆိုင်ရာစား သောက်ကုန်လုပ်ငန်းများ ရောင်းခြင်း၊ဝယ်ခြင်း၊ ထုတ်လုပ်ဖြန့်ချီခြင်းတွေအထူးကောင်းပါတယ်။ဆုံးပါးသွားတဲ့ မိဘဘိုးဘွားတွေကို ကုသိုလ်ပြုပေးပြီး အမျှဝေရေစက်ချခြင်းတွေအထူးဆောင်ရွက်နိုင်ပါ တယ်။မိရိုးဖလာ ရိုးရာနတ်တွေကို ပသခြင်း၊တင်မြှောက်ခြင်းတွေပြုလုပ်လို့ကောင်းပါတယ်။ ခံစားချက်ကိုဦးစားပေး လုပ်ရတဲ့စာပေ ရေးသားခြင်း၊ပန်းချီဆွဲခြင်း၊ သီချင်း၊ကဗျာရေးစပ်ခြင်းတွေ၊ ဆောင်ရွက်နိင်ပါတယ်။ အနုပညာမြောက်ဖန်တီးမှု တွေကို ပြုလုပ်ဆောင်နိုင်မဲ့နေ့မျိုးလဲဖြစ်ပါတယ်။          

ဒီလိုနေ့မျိုးမှာဖြစ်တတ်တာတွေကတော့ ဘာလုပ်လုပ်အဆုံးသတ်ခါနီးကြရင်ပြဿနာပေါ်လာတတ်ပါတယ်။ သူ တစ်ပါးတွေကို အလုံးစုံ လွဲအပ်ယုံကြည်ခြင်းမျိုးလဲ မပြုလုပ်အပ်ပါဘူး။အမှားအယွင်းတွေဖြစ်ရတတ်လို့ပါပဲ။

ယနေ့တွင် အရောင်းအဝယ်ကိစ္စများ သတိရှိရမည်။ ငွေကြေးအပေးအယူကိစ္စများတွင် အငြင်းပွားရ တတ်သည်။ ကတိစာချုပ် ချုပ်ဆိုခြင်းများ မပြုရပါ။ အတွင်းရေးကိစ္စ လျှို့ဝှက်သတင်းများ ပေါက်ကြားတတ်သည်။ ဉပဒေနှင့် မကင်းသောကိစ္စမှန်သမျှ ရှောင်ကျဉ်ပါ။ တရားမဝင်သောပစ္စည်းများ အရောင်းအဝယ်ပြုရာမှ ဆုံးရှုံးနစ်နာ စရာများ ကြုံတွေ့ရတက်သည်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃း၃၇)နာရီမှ ညနေ(၄း၂၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါ တယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ကန်စန်း ည(၇)နာရီ (၅၂)မိနစ်လွန် စန်း တူရာသီသို့ပြောင်းသည်။  ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေကိုကောင်းစွာကျော်လွှာသွားနိုင်ပါလိမ့်မယ်။ ကိုယ့် ကြောင့်မဟုတ်ဘဲ ကူညီမဲ့သူထောက်ပံ့မဲ့သူတွေပေါများတာကြောင့်ပဲ အရာရာအဆင်ပြေတတ်ပါတယ်။ ထီကံ အားကောင်းတဲ့ဇာတာဖြစ်တာမို့ မွေးစကနေ ခြောက်နှစ်အတွင်းကလေးရွေးချယ်ပေးသော ထီလက်မှတ်ကိုကံစမ်း သင့်ပါတယ်။ ကျန်းမာရေးအတွက်အနည်းငယ်စိတ်ပူပန်စရာရှိပါတယ်။ ရေလမ်းခရီးသွားခြင်း၊ရေဆော့ခြင်းနှင့် မိုးရာသီရေကြီးတတ်သောနေရာတွေမှာနေထိုင်ကြသူဆို ဒီနေ့မွေးရင်သွေးငယ်တွေကို အရွယ်မရောက်ခင်ထိဂရုစိုက် ပေးဖို့လိုပါလိမ့်မယ်။ ဘဝမှာလူမှုဆက်ဆံရေး ကောင်းရင်ကောင်းသလောက် လုပ်ငန်းတိုးတတ်နိုင်တာမို့  စကားပြော ကောင်းအောင် လေ့ကျင့်ထားဖို့၊လေ့လာထားဖို့အထူးလိုတဲ့ဇာတာရှင်တွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက်ရာဟုကာလ အမှောင်ချိန်တွေကတော့ ညနေ(၄း၁၂)နာရီမှ ညနေ (၅း၃၆)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရင့်ရင့် နှင့် အနက်ရောင် များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းများကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်     Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဂွေးသီးမဆလာစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သာကူ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

13.November.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၆)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီဗန့နံနက်(၅း၄၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ သို့သော်သမားညိုရက် နဲ့တိုက် ဆိုင်နေတာမို့ အချိန်အခါပြန်ရွေးပြီးမှသာဆောင်ရွက်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ နဂါးပေါ်ရက်၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၅လုံးပဲရှိသေးပြီးတော့မိမိစိုက်ပျိုးထားတဲ့သစ်ပင်ပန်းမန်တွေ ကို ဓာတ် မြေသြဇာကျွေးခြင်းများလဲ ပြုလုပ်နိုင်တဲ့နေ့ရက်ဖြစ်ပါတယ်။ ကြည်လင်မှုတွေအေးချမ်းမှုတွေကိုပေးတဲ့ ပုဏ္ဏတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒီနေ့ဟာ  မင်္ဂလာကိစ္စတွေကိုအလေးပေးဆောင်ရွက်နိုင်ပါတယ်။ လက်ထပ် ခြင်း၊စေ့စပ်ခြင်းရုံးတတ်လက်မှတ်ထိုးခြင်းများကိုလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ စိတ်တူသဘောတူ၊မိတ်ဆွေသူ ငယ်ချင်းတွေနဲ့ အပျော်ခရီးများသွားလို့ကောင်းတဲ့နေ့ရက်ပါပဲ။ပန်းချီ၊ပန်းပု၊စာပေစတဲ့အနုပညာအလုပ်များလဲ  အကျိုးပေးနေတတ်ပါတယ်။ မိဘအဘိုးအဘွား ဆရာသမားတွေကို ကန်တော့ဝန်ချတောင်းပန်လို့အထူးကောင်း တဲ့နေ့ရက်လဲဖြစ်ပါတယ်။ပြည့်စုံခြင်းကိုပေးတဲ့ တီထိဖြစ်တာကြောင့် လိုအပ်တာတွေကိုလဲ ရလာတတ်ပါတယ်။

ဆေးဝါးသစ်များဖော်စပ်ခြင်း၊ အဆိပ်ဖြေဆေးများဖော်စပ်ခြင်းတွေကို အထူးပဲဆောင်ရွက်လို့ကောင်းမွန်ပါ လိမ့် မယ်။အိမ်တွင်းရေးပြဿနာများ၊မိသားစုအတွင်းမကြေလည်စရာကိစ္စများကိုဖြေရှင်းနိုင်ပါလိမ့်မယ်။ မြေသန့် မင်္ဂလာ ပြုလုပ်ခြင်းတွေ၊ သီးပင်၊စားပင်နှစ်ရှည်ပင်များစိုက်ပျိုးခြင်းတွေအထူးကောင်းပါတယ်။

သစ္စာဆိုခြင်း၊ကတိပေးခြင်းများလဲပြုလုပ်နိုင်တဲ့နေ့ရက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနှင့်ပက်သက်သောကိစ္စ များလဲ ဆောင်ရွက်နိုင်ပါတယ်။ ရေနှင့်ပတ်သက်သော စားသောက်ကုန်လုပ်ငန်းများ၊ အထူးသဖြင့် ရေသန့် လုပ်ငန်း ၊အချိုရည်၊အအေးလုပ်ငန်းများ အထူးတိုးတတ်ပါလိမ့်မယ်။

အိမ်တတ်မင်္ဂလာပြုလုပ်ခြင်း၊ ဂါထာမန္တန်ရွတ်ဖတ်တာ၊အဆောင်လက်ဖွဲ့တွေကို သိဒ္ဓိတင်တာမျိုးတွေအထူး ဆောင်ရွက်နိုင်ပါတယ်။ယာဉ်ကားများ၊စက်များ၊ရောင်းခြင်း၊ဝယ်ခြင်းမျိုးတွေပြုလုပ်ဆောင်ရွက်နိုင်မဲ့နေ့ရက်လဲဖြစ် ပါတယ်။ပညာရေးအတွက်သင်တန်းဖွင့်တာတွေ၊ဟောပြောပွဲလုပ်တာတွေ၊မဟာဘွဲ့အတွက်စာတမ်းတင်တာမျိုး တွေအထူးဆောင်ရွက်သင့်ပါတယ်။

            ယနေ့တွင် မတော်တဆ ထိခိုက်မှုအန္တရာယ်များ ကြုံတွေ့ရတတ်သည်။ မြောက်အရပ်သို့ ခရီးသွားလာစဉ် အန္တရာယ်အထူးဂရုစိုက်ရမည်။ နံနက်(၁၀း၃၀)နာရီမှ မွန်းတည့်(၁၂း၀၀)ကြားကာလများတွင် အသွားအလာ၊ အထူးဂရုစိုက်ရမည်။  အလုပ်ကိစ္စများ ပြောဆိုရန် ရက်ကောင်းဖြစ်သည်။ အပျက်အစီးများ ပြုပြင်ရန် ရက်ကောင်း ဖြစ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၇း၅၄)နာရီမှ (၁၈း၄၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မေထုန်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက် အခဲတွေသိပ်နည်းသူတွေဖြစ်တယ်။ အခက်အခဲကြုံ လာဖို့ရှိလာတိုင်း ကူညီပေးမဲ့သူတွေ၊ကာကွယ်ပေးမဲ့သူတွေ ရှေ့ ကနေမားမားမတ်မတ်ရပ်ပေးကြမဲ့သူ တွေရှိလာစမြဲ ပါပဲ။ ကံကောင်းတာက  ရပ်ဝေးနိုင်ငံခြားကံအား ကောင်းကြသူ တွေဖြစ်ကြတယ်။ နိုင်ငံခြားမှာအခြေချလို့ရသည်အထိ နိုင်ငံခြားကံအထူးကောင်းကြတယ်။ နိုင်ငံခြား မှာပဲပညာသင်စီးပွားရှာလို့ကောင်းတဲ့သူတွေဖြစ်ပါတယ်။ ဘဝအတွက် အထောက်အပံ့ဖြစ်စေမဲ့ လူနည်းစု လောက် သာတက်နိုင်တဲ့ ကျောင်းတွေ၊သင်တန်းမျိုး၊စာသင်ဝိုင်းတွေကို သင်ယူတတ် ရောက် ခွင့်တွေအထူးရလာပါလိမ့် မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၀၆) နာရီမှ ညနေ(၅း၃၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် မီးခိုးရောင်(သို့)ခဲရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သပြေညွှန့် တစ်ညွှန် ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆီထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

12.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၅)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။သို့သော်သမားညိုရက်တွေနဲ့တိုက်ဆိုင်တာမို့ အချိန်အခါသေချာရွေးပြီးမှဆောင်ရွက်ပါ။

ဒီနေ့ဟာ အမြိတ္တစုတ်၊ သမားညို၊ ရှမ်းရက် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၄လုံးဖြစ်ပြီးတော့ ဆေးစစ်ခြင်း၊ဆေးကုသမှုခံယူခြင်း များဆောင် ရွက်နိုင်ပါတယ်။ ဆေးကောင်းဝါးကောင်း တွေမှီဝဲခွင့်ရနိုင်သလို ၊သမားတော်ကောင်းတွေနဲ့လဲ တွေ့ကြုံရတတ်ပါ တယ်။ ရပ်ဝေးနှင့်ဆက်စပ်သော အလုပ်များ၊နိုင်ငံရပ်ခြားနှင့် ပက်သက်သောအလုပ်များ၊ နိုင်ငံခြားပိုင်ကုမ္ပဏီ အလုပ် များလဲ အထူးတိုးတတ် အောင်မြင်မှုတွေကို ကြုံရ တတ်ပါတယ်။

အိမ်အဟောင်းဖျက်ခြင်းတွေ၊ဆိုင်အဟောင်းဖျက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ မလွတ်သောသစ်ပင်များ ခုတ်လှဲခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ မီးဖိုဆောင်ပြင်ဆင်ခြင်း၊အိမ်သာအသစ်တစ်ခုတူးဖော်ခြင်းတွေအထူး ဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့မှာကုန်စည်စီးဆင်းမှုနဲ့ပတ်သက်ပြီး အပြောင်းအလဲများရတတ်ပါတယ်။ဒီလိုနေ့ရက်မျိုးမှာ ရာသီဥတု တွေ ဖောက်ပြန်တတ်ပါတယ်။ ပညာစတင်သင်ကြားလို့ မကောင်းသေးပါဘူး ။ ပညာရှာခြင်း ၊ဆရာတင်ခြင်းများလဲ အထူးရှောင်သင့်ပါတယ်။ငွေကြေးစတင်ရင်းနှီးမြုပ်နှံခြင်းများအရှုံးပေါ်တတ်ပါတယ်။

ည၇နာရီမတိုင်ခင်ထိ အခက်အခဲပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့အထူးကောင်းပါတယ်။အနိဌ သဘောဆောင်တဲ့နေ့ရက်ဖြစ်တာကြောင့်လဲ မွေးမြူရေးအလုပ်များ၊ အရက်နှင့်ယာမကာလုပ်ငန်းများ၊ လောင်းကစားအလုပ်များအထူးဆောင်ရွက်နိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ အလုပ်အသစ်စတင်ခြင်းမျိုးဒီနေ့မှာရှောင်စေချင်ပါတယ်။ မိမိအတွက်လိုချင် နေတဲ့ငွေကြေးတွေကိုလဲ ချေးရငှားရခက်ခဲတဲ့နေ့ရက်လဲဖြစ်ပါတယ်။ လူကြီးမိဘတွေကိုအတိုက်အခိုက်မလုပ်ပါနဲ့ ။

            ယနေ့တွင် ဆန်ရေစပါးပေါများမည်။ လူအများတို့ ဘေးရန်ကင်းမည်။ ကိုယ်စိတ်နှလုံးအေးချမ်း၍ ချမ်းသာရမည်။ ပြဿနာအခက်အခဲများ ဖြေရှင်းရန် အခါသင့်သည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းဆိုနိုင်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၇း၅၈)နာရီမှ (၁၈း၅၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  မေထုန်စန်း၊  တူရာသီဖွားဖြစ်ပါ သည်။ဒီနေ့ မွေးသူများဟာအနည်းငယ်အတ္တ ကြီးကြသူတွေဖြစ်ပါတယ်။ လိုတာထက်ပိုပြီးတော့ ကြွားဝါတတ်တာကိုလဲ တွေ့ရတယ်။ ကောင်းတဲ့အချက်က လောက ကြီးကိုဒေါင်ကျကျ ပြားကျကျ နေနိုင်ကြသူတွေဖြစ်ပါတယ်။ လူအထင်ကြီးအောင်ဟိတ်ဟန်ထုတ်တတ်ကြသူတွေဖြစ် ပါတယ်။ ငယ်ရွယ်စဉ်ကံခေတတ်ပေမဲ့ အသက် ၃၀ဝန်းကျင်ကစလို့ ကံမြင့်မားလာတတ်ပါတယ်။ ကံဆိုးတဲ့အချက်က မည်သည့်ဘာသာဝင်ဖြစ်ပါ စေ..မိမိပို င်ဆိုင်မှုတွေကို ဒါနပုံမှန်မလုပ်ရင် ဆေးဖိုးနဲ့ပြန်ကုန်သွားတတ်ပါတယ်။အလှူဒါန အားကောင်းလေ အချမ်းသာဆုံး ဘဝကို ရလေပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၉) နာရီမှ နံနက်(၁၀း၂၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ စနေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။           

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ သနပ်ခါးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကန်ဇွန်းရွက်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

11.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၆)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက် တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်တံခွန်ကျတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ည ၇နာရီ ၂၀မိနစ်အထိ လဆုတ်တီထိ ၃လုံး အောင်မြင်မှုတွေ၊ ခံနိုင်ရည်အားတွေကို ပေးတဲ့ ဇယျ တီထိကျရောက်နေတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒီနေ့ဟာအကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။ ကောင်း တာတွေဖြစ်လာပြီးရင်ဆိုးတာတွေကိုလဲပူးတွဲလက်ခံရတတ်ပါတယ်။ကျန်းမာရေးကတော့အထူးတိုးတတ်ပါလိမ့်မယ်။ ဆေးကု သမှုခံယူနေသူများဒီနေ့မှာသိသာစွာကျန်းမာလာတတ်ပါတယ်။ ဆေးလုပ်ငန်းလုပ်ကိုင်သူများ ဆေးဝါး  အသစ်ကို စတင်ဖော်စပ်မယ်ဆိုဒီနေ့ကသင့်တော်ပါတယ်။ တစ်ပတ်ရစ်ပစ္စည်းများ အရောင်းအဝယ်လုပ်ရန် ရက် ကောင်းဖြစ် ပါတယ်။ အနုပညာပစ္စည်းများထုတ်လုပ်ခြင်းတွေ၊ ဖြန့်ချီခြင်း၊ထုတ်လုပ်ခြင်းတွေဆောင်ရွက် နိုင်ပါ တယ်။

ဆောက်လုပ်ရေးအလုပ်များ၊လျှပ်စစ်နှင့်ပတ်သက်သောအလုပ်များ၊ အသင်းအဖွဲ့နှင့်ပတ်သက်သောအလုပ်များ၊ အထူးကောင်းပါတယ်။ တစ်ဦးတစ်ယောက်ထဲ ဆောင်ရွက်ခြင်းထက် အများနဲ့စုပေါင်းလုပ်ကိုင်ခြင်းက ပိုမိုအောင် မြင်နိုင်တဲ့နေ့ရက်ပါပဲ။ အောင်မြေနင်းခြင်း၊စစ်ရေးလေ့ကျင့်ခြင်း၊ ကြီးမားတဲ့သံန္နိဌာန်ချမှတ်ခြင်းများလဲဆောင်ရွက် လို့အထူးကောင်းပါတယ်။ ကလေးကင်းပွန်းတပ်မင်္ဂလာနှင့် ကလေးထမင်းခွံမင်္ဂလာများလဲ ဆောင်ရွက်နိုင်ပါတယ်။

လူတော်တော်များများ ဒေါသဖြစ်လွယ်နေတတ်ပါတယ်။ မကောင်းသောစိတ်သဘာဝလွှမ်းမိုးနေတတ်ပါ တယ်။ အမှားတွေကိုကျူးလွန်မိတတ်ကြတယ်။ ဒါကြောင့်သတိကပ်ပါ။ အသွားအလာအနေအထိုင်ဆင်ခြင်လိုက်ပါ ညဉ့်နက်သည်ထိအပြင်မှာနေတာ၊အပျော်အပါးနောက်လိုက်တာတွေရှောင်ပါ။ တောင်တတ်ခရီးများ၊တောထဲသွား ရမဲ့ခရီးများတတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ  ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်သည်။ ယနေ့တွင် အိုးအိမ်အသစ်များ စတင်တည်ဆောက်က မီးလောင်ဆုံးရှုံးမည်။ အလုပ်အကြံအောင်မည်။ ငွေကြေးကိစ္စ ပြောဆိုမှုများ အဆင်ပြေမည်။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် အခါသင့်သည်။ စတင်သောကိစ္စမှန်သမျှ ကောင်းသောအကျိုးကျေးဇူးများ ရရှိမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၀၂)နာရီမှ (၁၈း၅၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ပြိဿစန်း ည(၇)နာရီ (၁၈)မိနစ်လွန် စန်း မေထုန်ရာသီသို့ ပြောင်းသည်။  တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်းတွေရှိတယ်။ အိုင်ဒီယာအသစ်တွေရှိနေတတ်ပါ တယ်။ အားနည်းချက်က လက်တွေ့အကောင်အထည်ဖော်ဖို့ပျင်းနေတတ်ပါတယ်။ အထောက်အပံ့ကောင်းတွေရ လွယ်ပြီး အရင်းအနှီးထုတ်ပေမဲ့သူတွေပေါများတတ်ပါတယ်။ ငွေကံအားကောင်းပြီးတော့ ကိုယ်တိုင်ကလဲ သုံးချင် ဖြုန်းချင်သူမို့ အကြိုက်တွေ့နေတတ်ပါတယ်။ အသက် ၄၂ထိ အတိတ်ကံအထောက်အပံ့ကြောင့် အဆင်ပြေနိုင်တာ မို့ မျောလိုက်နေကြသူတွေ၊ဝေလေလေလုပ်နေမိသူဆို အိုဇာတာညံ့သွားနိုင်တာမို့ ဒီနေ့မွေးရင်သွေးမိဘတွေအနေနဲ့ သေချာသွန်သင်ဖို့လိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၄) နာရီမှ နံနက်(၁၁း၄၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ သောကြာ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊၄၊၈) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဒိန်ချဉ်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟင်းနုနွယ်ရွက်ကြော် ဘုရား ကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီး များအားလုံးကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

 #၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

10.Nov .2022 မှ 16 .Nov.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း            

    

#တနင်္ဂနွေ

ဒီကာလအတွင်း မိမိကိုယ်တိုင်ကယုံကြည်မှုတွေရှိနေဖို့လိုအပ်ပါတယ်။အရင်ကထက်ပိုမိုကြိုးစားသင့်တဲ့ ကာလပါပဲ။ ကံကမိမိဘက်မှာရှိနေပါတယ်။ မိမိကသာလိမ္မာပါးနပ်စွာလုပ် ကိုင်ခြင်းဖြင့်အဆင်ပြေထွန်းပေါက်ပါ လိမ့်မယ်။ အလျင်စလိုမလုပ်ဖို့ မလောဖို့တော့ သတိထားရမဲ့ကာလပါပဲ။ အ လျင်လိုလေအနှေးဖြစ်လေပါပဲ။ စီးပွား ရေးထွန်းပေါက်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးများမှ ကန်ထရိုက်များ၊ကိုယ် စားလှယ်များ၊အရောင်းအဝယ် သမား များအထူးပဲအဆင်ပြေလိမ့်မယ်။ အလုပ်အကိုင်နှင့် ပတ်သက်၍ အထက်လူကြီးများနှင့် မပြေမလည် ဖြစ်ကိန်း ရှိရာ ဂရုပြုပါ။ အခက်အခဲ ပြဿနာ ရှိသော အလုပ်တာ၀န်များ ကျရောက် လာလိမ့်မည်။ မိမိဘက်က တရားနည်းလမ်း တကျ ရင်ဆိုင်ခြင်းဖြင့် ပြေလည် အောင်မြင် တိုးတက်လိမ့်မည်။ ကျန်းမာရေးကတော့ကောင်းနေတာမျိုး တွေ့ရ ပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်နေမဲ့ကာလပါပဲ။ အချစ် ရေးနဲ့ပတ်သက်ရင်လဲ စိတ်ကူးမျှော်လင့်ထားတဲ့ အတိုင်းဖြစ်ရတတ်ပါတယ်။ ချစ်သူနဲ့အမှတ်ရစရာအချိန်လေးတွေ ကိုဖန်တီးနိုင်မှာပါ။ အိမ်ထောင်ရေးကတော့ အဆိုးအကောင်းမရှိ ပုံမှန်ပါပဲ။ ပညာရေးနဲ့ပတ်သက်တဲ့ခရီးတွေ သွားရတတ်ပါတယ်။ဒါမှမဟုတ် အွန်လိုင်းကနေ ပညာရှာရတတ်ပါတယ်။

အကျိုးပေးဂဏန်း  ၅၆၄

အထူးဟော  ကံအားနည်းနေသည်.

ယတြာ    အလှကုန်ပစ္စည်းဗူးအဟောင်းတွေရှိရင်စွန့်ပစ်ပါ။

#တနင်္လာ

ဒီကာလအတွင်းကြံစည်သမျှအောင်မြင်မဲ့အချိန်ပါ။ကုန်သွယ်မှုလုပ်ငန်း၊ခရီးသွားလုပ်ငန်း၊ဘဏ်လုပ်ငန်းတွေ အထူးကောင်း ကျိုးပေးချိန်ပါ။ အနာဂတ်စီမံကိန်းချထားတဲ့ ကိစ္စများ လက်တွေ့အကောင်အထည်ဖော်နိုင်မဲ့အချိန် ပါပဲ။ အလုပ်အကိုင်တွေလဲ အရှိန်အဟုန်တွေနဲ့ တိုးတတ်နေပါတယ်။ အထက်လူကြီးရဲ့ချီးမြှောက်ခြင်းခံရတတ်ပါ တယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်း အလုပ်ရှာနေသူများ အလုပ်သစ်ရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ ကျန်းမာရေး ကတော့ သွေးတိုးနိုင်တာကြောင့် တတ်စာတွေလျှော့စားပါ။ ပုံမှန်သွေးပေါင်ချိန်ပြီး သွေးညှိဆေးတွေ သောက်သင့် တဲ့ကာလပါပဲ။ စိတ်ချမ်းသာမှု အဆင်ပြေမှုတွေအထူးကြုံတွေ့ရတတ်တဲ့ကာလလဲ ဖြစ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲလိုချင်သလောက်မရပေမဲ့ အတိုင်းအတာတစ်ခုထိရလာတတ်ပါတယ်။ စိတ်ဖိစီးမှု များ ကြားမှ အောင်မြင်စိတ်ချမ်းသာမှု ရမည်။ စီးပွားရေး ကံများ တိုး တက်လာမည်။ အရေပြားပေါ်တွင် Allergic ဖြစ်တတ်ရာ ညစ်ပတ်ရေထိခြင်း သတိထားပါ။ လူငယ်တွေ အချစ်ရေး ကံကောင်းနေပါတယ်။စန်းလဲပွင့်နေပါတယ်။ ချစ်သူသစ်ရည်းစားသစ်ဆိုတာမျိုးလဲ ရလွယ်ပါတယ်။ အိမ်ထောင်ရေး အိမ်တွင်းရေးလဲသာယာ ပျော်ရွှင်မှုတွေကြုံရ တတ်ပါ တယ်။  ပညာရေးအကောင်းဆုံးအချိန်ပါ။  ကြိုး စားသမျှအရာ ထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း   ၆၇၉

အထူးဟော   ကျန်းမာရေးဂရုစိုက်ပေးပါ

ယတြာ   ၂၄ပစ္စည်းကို ၂၄ခေါက်ရွတ်ပွားပူဇော်ပါ။

#အင်္ဂါ

ဒီကာလဟာစိတ်ချမ်းသာစရာများပါလိမ့်မယ်။ဘဝအတွက်အခက်အခဲပြဿနာတွေ ဘယ်လောက်ပဲရှိပါစေ ဖြေရှင်းနိုင်မှာပါ။ စီးပွားရေးလဲ အကောင်းဆုံး အချိန်ပါပဲ။ စီးပွားဖြစ်မဲ့ကာလဆိုတော့ ကိုယ်လဲကြိုးစားဖို့လိုအပ် တာပေါ့ဗျ ။ ကူညီမဲ့မိတ်ဆွေတွေလဲ အနားမှာ ဝန်းရံနေပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ လုပ်ငန်းချဲ့ထွင် နိုင်မှာပါ။ ငွေကြေးတွေဝင်လာဖို့ရှိနေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အဆိုးအညံ့တော့ မရှိပါဘူး။ ဒါပေမဲ့ ခန္ဓာ ကိုယ်ပေါ် မနိုင်ဝန်မထမ်းမိပါစေနဲ့ ။ ဒဏ်ဖြစ်သွားတတ်တဲ့ကာလမို့ပါပဲ။  အခွင့်အလမ်းသစ်တွေ အလုပ်အကိုင်သစ် တွေရလာပါလိမ့်မယ်။ရလာတဲ့အခွင့်အရေးကိုဖမ်းဆုပ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ ရှယ်ယာအလုပ်များ ၊ ကိုယ်စား လှယ် အလုပ်များ၊လက်ကားအလုပ်များအထူးကောင်းနေချိန်ပါ။ကုန်မာဆိုင်များ၊ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၊အုတ်၊သဲ၊ကျောက်အလုပ်များအဆင်ပြေပါလိမ့်မယ်။အချစ်ရေးကံကတော့အထူးညံ့နေတယ်။မိမိအပေါ် နားလည် မှုမရှိဘဲ တစ်ဖက် သတ်စွပ်စွဲချက်တွေနဲ့ပြဿနာ ရှာတတ် ပါတယ်။အိမ်ထောင်ရေးမှာတော့ အညံ့အဆိုး နည်း ပါတယ်။ နားလည်မှု ရှိရှိနဲ့ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်။ ပညာ ရပ်တစ်ခု စတင်သင်ကြားဖို့ ရည်ရွယ်နေသူရှိရင် ဒီကာလ အတွင်း စတင် လိုက်ပါ၊

အကျိုးပေးဂဏန်း  ၁၃၀

အထူးဟော  ကံအင်အားကောင်းနေမယ်။

ယတြာ  မြေပဲယိုလေး ဘုရားကပ်လှူပေးပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းလုပ်ချင်တာတွေ လုပ်ခွင့်ရမည်။ ဖြစ်ချင်တဲ့ဆန္ဒတွေအကောင်အထည်ဖော်နိုင်မည်။ လူမျိုး ခြား ဘာသာခြားတွေရဲ့အကူအညီတွေရမယ်။ ရပ်ဝေးက သတင်းကောင်းကြားရမည်။ မိမိကြောင့် သူများတွေ စိတ်ချမ်း မြေ့ရမယ်။ မိမိအကြံပေးမှုကြောင့် သူများတွေအဆင်ပြေမည်။ ကျန်းမာရေးကတော့ အားနည်းချက်ရှိပါ တယ်။ အဆိုးကြီးမဟုတ်ပေမဲ့ ဂရုစိုက်ဖို့လိုပါတယ်။ ရေချိုးမှားတာ၊အပူရှပ်တာမျိုးတွေအထူးဖြစ်တတ်ပါတယ်။ အတွေးအခေါ် မငြိမ်မသက် ဖြစ်နေမည်။ စက်ပစ္စည်း, မီးနှင့်ပတ်သက်သော စားသောက်ကုန် လုပ်ငန်းများ၌ အကျိုး ကျေးဇူး ရလာတဲ့အခွင့်အရေး ၊ ပေးလာတဲ့ အခွင့်ထူးကိုဖမ်းဆုပ်ဖို့မမေ့ပါနဲ့။ အလုပ်သစ်၊ဆိုင်သစ် စဖွင့်မည့်သူများ အခု ကာလ အတွင်းဖွင့်ပါ။ လုပ်ငန်းစီးပွားအထူးတိုးတတ်မည်။ အလုပ်ထဲတွင် ရာထူး တိုးခြင်းနာမည်ကောင်း ရခြင်းမျိုးကြုံရမည်။ ရာထူးတိုးစာမေးပွဲများ ၊အင်တာဗျူးစာမေးပွဲများဖြေဆို အောင် မြင် လိမ့်မည်။ ဆုံးမည်ထင် ထား သောအကြွေးများပြန်ရမဲ့ အချိန်ပါပဲ။ အချစ်ရေးကိစ္စများတွင် စိတ်ချမ်းမြေ့စရာ အတိဖြစ်လိမ့်မည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးဖောက်ပြန်ဖို့ အခွင့်အလမ်းပေါ်လာတတ်သည်။ မလုပ်ပါ နှင့်။ ပညာရေး ကံမညံ့ပေမဲ့ စာကိုစိတ်ဝင်စားမှု သိပ်မရှိ သ လို ဖြစ် နေမယ်။

အကျိုးပေးဂဏန်း  ၁၂၉

အထူးဟော  ကူညီမဲ့သူပေါများသည်

ယတြာ   အလင်းတိုင် ၇တိုင်အိမ်ကဘုရားမှာထွန်းညှိပူဇော်လိုက်ပါ။

#ကြာသပတေး

ဒီကာလအတွင်းမိမိရဲ့ ဆုံးဖြတ်ချက်ကိုဘယ်သူတားတား မပြင်ဘဲလုပ်မိတာမျိုးရှိရင် စဉ်းစားပါအုံး။ ဒုက္ခ များသွားနိုင်လို့ပါ။ စပ်တူရှယ်ယာလုပ်ဖို့ လာစပ်ရင်လက်မခံလိုက်ပါနဲ့ဗျာ။ စပ်တူစတင်လုပ်ဖို့ မကောင်းသေးတဲ့ အချိန်ပါပဲ။ ငွေကအဝင်ကြမ်း အထွက်ကြမ်းဖြစ်ရတတ်ပါတယ်။ ဝင်သလောက်လဲ ဆီလိုအပေါက်ရှာပြီး ပြန်ထွက် နေတတ်ပါတယ်။အလုပ်သစ်ရှာတာမျိုးတွေ၊ဆိုင်သစ်ဖွင့်တာ၊အလုပ်သစ်စတင်တာ၊အိမ်သစ်မှာစတင်နေထိုင်တာမျိုးတွေဆောင်ရွက်လို့အထူးကောင်းတဲ့ကာလပါပဲ။ ကျန်းမာရေးအညံ့ကြီးမဟုတ်ပေမဲ့ အသောက်အစားရှိ သူဆို အသောက် များပြီးကျန်းမာရေးထိခိုက်ပါလိမ့်မယ်။ အဆီအဆိမ့်များလဲ လျော့စားသင့်တဲ့ကာလပါပဲ။ အရမ်းရင်းနှီး တဲ့ မိတ်ဆွေတွေထဲက တစ်ဦးတစ်ယောက်ကျန်းမာရေးညံ့သွားလို့ လူနာသတင်းမေးရတာမျိုးလဲဖြစ် တတ်ပါတယ်။ အချစ်ရေးကံကတော့ အားနည်းနေရမဲ့ကာလပါဗျ။ ချစ်သူချင်းကြားစကားတွေကြောင့် ပြဿနာများ ရတတ်ပါ တယ်။ အဖျက်ဝင်တတ်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေတာများပါလိမ့်မယ်။ စီးပွားရေး နဲ့ပတ်သက်ပြီး အိမ်ထောင်ဘက်ဆီက အကြံဉာဏ်ယူသင့်ပါတယ်။ ပညာရေးအထူးကောင်းတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း  ၂၉၅

အထူးဟော  ကံညံ့နေတာလေးတွေရောပါနေတတ်ပါတယ်။

ယတြာ   အရှေ့အရပ်ကိုမျက်နှာမူပြီး ၃၁ဘုံကိုမေတ္တာပို့ပါ။

#သောကြာ

        ဒီကာလအတွင်းလူငယ်များအပေါင်းအသင်းမှားတတ်ပါတယ်။ မကောင်းတဲ့သူတွေကိုအထင်ကြီးပြီးသူတို့ခိုင်း ရာလုပ်ပေးနေမိတတ်ပါတယ်။ရပ်ဝေးကနေအကူအညီတွေရတတ်သလိုသတင်းကောင်းတွေလဲကြားရတတ်ပါ တယ်။လူမျိုးခြား ဘာသာခြား တစိမ်းတွေရဲ့ အထောက်အပံ့တွေရလာတတ်ပါတယ်။ လက်စမသတ်ရသေး သော အလုပ်များ အပြီးမသတ်ရသး သောကိစ္စများ အဆုံးသတ်နိုင်ပါလိမ့်မယ်။ ငယ်ရွယ်သူများမိဘထံ လိုချင်တာပြော ထား ဖူးရင် ဒီကာလဝယ်ပေး တတ်ပါတယ်။ သစ္စာတရားလက်ကိုင်ထားခြင်းဖြင့်အောင်မြင်မှုတွေရ ယူနိုင်ပါလိမ့် မယ်။ အလုပ်နဲ့ပတ်သက်ပြီးရာထူးတိုးခြင်း နေရာကောင်းရခြင်းမျိုးကြုံရလိမ့်မယ်။ ကျန်းမာရေး အားနည်းသူတွေ နလန်ပြန်ထမဲ့အချိန်ပါပဲ။ နာတာရှည် ဖြစ်နေသူတွေတောင် ဆေးကောင်းဝါးကောင်းတွေ့သွား တတ်တဲ့အချိန်ပါပဲ။ အကောင်းအဆိုးဒွန်တွဲနေတဲ့ကာလတစ်ခုပါပဲ။မျှော်လင့်ထားတာတွေမဖြစ်ဘဲမမျှော်လင့်တာတွေဖြစ်တတ်တယ်။ခရီးယာယီတွေလဲ သွားရပေလိမ့်မည်။ ဆွေမျိုးအသိုင်းအဝိုင်းနဲ့သက်ဆိုင်သော လူမှုရေးကိစ္စတွေ လုပ်ပေးရလိမ့်မည်။ ချစ်သူက အခြားသူနဲ့ စွပ်စွဲပြောဆိုတာခံရလိမ့်မယ်။ အိမ်ထောင်ဘက်နဲ့ စကားတကျက်ကျက်များရလိမ့်မည်။ အလုပ်ထဲ၌ အထက်လူကြီးနဲ့စကားများပြီးအညှိုးထားခြင်းခံရလိမ့်မယ်။ မလိုအပ်တဲ့နေရာတွေမှာ ငွေအသုံးလျှော့ ပါ။ပညာရေးကတော့ ကြိုးစားဖို့သာလိုပါတယ်။ ကံကမိမိဘက်မှာပါ။

အကျိုးပေးဂဏန်း  ၃၄၆

အထူးဟော အကောင်းအဆိုးဒွန်တွဲနေမဲ့ကာလပါပဲ

ယတြာ     တတ်နိုင်သမျှ အသားကြီး၊ငါးကြီးစားတာမျိုး  ရှောင်ပါ။

#စနေ

ဒီကာလအတွင်း အလုပ်စီးပွားလဲ စတင်တိုးတတ်နေချိန်ဖြစ်တဲ့အတွက် အတိုက်အခိုက် အနှောက်အယှက် လေး လေးတွေရှိနေ တတ်ပါတယ်။ အနီးကပ်မိတ်ဆွေတွေထဲမှာ ကောင်းမလိုလိုနဲ့ မိမိကို ချောက်ချနေတဲ့သူတွေရှိ တဲ့အတွက်သတိ ထားပါ။ အလုပ် စီးပွားကြောင့်တော့ စိတ်ညစ်စရာ ပြဿနာဖြေရှင်းရတာတွေတော့ ရှိနေဆဲပါပဲ။ ကျန်းမာရေးလဲ သိပ်တော့မညံ့ပါဘူး။ဒါပေမဲ့ ခေါင်းကိုက်၊ ခေါင်းမူးခဏခဏဖြစ်ရတတ်ပါတယ်။ အပြောင်းအလဲ လုပ်ခြင်း အသစ်စတင်ခြင်းတွေ မလုပ်သင့်သေးပါဘူး။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ငြိမ်နေ တာအကောင်းဆုံးပါပဲ ။ ငွေက ဝင်သလောက်ပြန်ထွက်နေပါလိမ့်မည်။ ငွေအဝင်ကြမ်းအထွက်ကြမ်းနေမဲ့ကာလပါပဲ။ မိမိဆီငွေများခဏလာ အပ်ပါ ကလက်မခံပါ နှင့်။လာဘ်ပိတ်တတ်ပါသည်။ ကျန်းမာရေးအထူးညံ့ဖျင်းမဲ့အချိန်ပါပဲ။ ရေချိုးမှားတတ် ၍ သတိထား ပါ။ ခေါင်းကိုက်ပါလိမ့်မယ်။ အိမ်တွင်းရေးသောကကြုံရမည်။ လင်မယားချင်းစကားများရတတ်ပါသည်။ အချစ်ရေး အဆင်ပြေကာမှ ကြားလူကြောင့်စိတ်ဝမ်းကွဲပါလိမ့်မည်။ အလုပ်များသလောက် အကျိုးရှိမဲ့အချိန်ပါပဲ။ အိမ်ထောင် ရေး မှာတော့ အဆင်ပြေပေမဲ့ ကြားစကားတွေကို တော့ မယုံမိဖို့လိုအပ်ပါတယ်။ ပညာရေးအပေါ် အာရုံ စိုက်လွန်း တာကြောင့် စိတ်ပင်ပန်းရတတ်ပါတယ်။

အကျိုးပေးဂဏန်း  ၄၅၇

အထူးဟော  မိမိအလုပ်တွေကိုစိတ်နှစ်ထားခြင်းဖြင့်ကံကောင်းစေပါလိမ့်မယ်။

ယတြာ       မိမိထက်နွမ်းပါးသူကို မီးဖိုချောင်ပစ္စည်းတွေနိုင်သလောက် လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

                                                                                             ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                                                                                            0977 5555 695                                                                                                             09 44 5555 695

10.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီဗန့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၃)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင် ရွက်ခြင်းငှာ မသင့်သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦး တွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ သမားဖြူ၊ မဟာရက်ကြမ်း ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆုတ်တီထိ ၂လုံးဖြစ်ပြီးတော့  ဒီနေ့ဟာအလှူအတန်းနဲ့ပက်သက်သောကိစ္စ များလဲအထူး အလေးပေးဆောင်ရွက်နိုင်ပါတယ်။ကျက်သရေမင်္ဂလာရှိအောင်နေထိုင်လေကံကောင်းလေပါပဲ။ သမ္မာ အာဇီဝဖြင့် အသက်မွေးခြင်းတွေ၊ သုစရိုက်ဆယ်ပါးဖြည့်ကျင့်ခြင်းတွေလဲ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။

မင်္ဂလာရှိတဲ့တီထိရက်ဖြစ်တာကြောင့် ဘုရားပင့်ဆောင်ခြင်း၊ ဘုရားနေကဇာတင်ခြင်းတွေ၊ဘုရားပုံတော် ကားချပ် တွေကို ချိတ်ဆွဲပူဇော်ခြင်းတွေအထူးကောင်းပါတယ်။ မိမိပြောစရာ၊တောင်းဆိုစရာတွေကို မင်းအစိုးရထံ တောင်း ဆိုခြင်း၊ အထက်လူကြီး၊အလုပ်ရှင်၊မိဘတွေဆီကတောင်းဆိုခြင်းတွေအထူးကောင်းပါတယ်။

ယာဉ်ကားနှင့်ပတ်သက်သော အလုပ်များ၊စက်ကားယန္တရားငှားရမ်းတဲ့အလုပ်များအထူးကောင်းပါတယ်။ မိမိလုပ် ချင် တာတွေကို အားထည့်လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။လက်ရှိအလုပ်တွေကို ထပ်ချဲ့တာ၊ဆိုင်ခွဲဖွင့်တာ မျိုးတွေ ကောင်းပါတယ်။

ဒီနေ့ဟာစကားအပြောအဆိုဆင်ခြင်လိုက်ပါဗျ။စကားနဲ့ပတ်သက်ပြီး စကားကျွံခြင်းမျိုးတွေကြောင့်ဒုက္ခရောက်ရ တာမျိုးတွေကြုံရတတ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အနည်းငယ်ခြူခြာလွယ်ပါတယ်။ ၇ရက် သားသ မီးများ အနေအထိုင်အစားအသောက်ဆင်ခြင်ပါ။

            ယနေ့တွင် အရောင်းအဝယ်ကတိအထူးသတိရှိရမည်။ အသွားအလာ ဂရုစိုက်ရမည်။ အရှေ့တောင်အရပ်သို့ သွားလာစဉ် အန္တရာယ် အထူးသတိရှိရမည်။ ညနေ (၃း၀၀)နာရီမှ ညနေ(၄း၃၀)နာရီကြားကာလများတွင် အသွား အလာ အထူးဂရုစိုက်ရမည်။ စတင်သောကိစ္စမှန်သမျှ တစ်ပိုင်းတစ်စဖြစ်မည်။ ဆုံးရှုံးမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၀၆)နာရီမှ (၁၈း၅၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  ပြိဿစန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်း ကြတယ်။အတွေးကောင်းကြတယ်။မိဘတွေပုံ သွင်းတဲ့အပေါ်မူတည်ပြီးစိတ်ဓာတ်လဲကွာသွားတတ်ပါတယ်။ ပုံတူ ကူးတာသိပ်မြန်တဲ့သူတွေဖြစ်တဲ့အတွက် မိဘ တွေသွန်သင်မှုကောင်းလေ သူအတွက် အဆင်ပြေလေပါပဲ။ ရေလမ်း ခရီးနဲ့အကျိုးပေးပြီးတော့ ကုန်သည်အလုပ်များ သင်ကြားရေးအလုပ်များနဲ့အသက်မွေးနိုင်ကြတဲ့သူတွေ ဖြစ်ပါ တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၁၅) နာရီမှ မွန်းလွဲ(၂း၄၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ သောကြာ၊ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။        

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးမုန့်ကြော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်တီတစ်ပွဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

8.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာ တွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါ တယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ဒီနေ့ဟာ ညနေပိုင်းထိလပြည့်တီထိပဲရှိသေးတာမို့ ပုဏ္ဏတီထိ ကျရောက်တဲ့ နေ့ရက် ပဲဖြစ်ပါ တယ်။ဒီလိုနေ့ရက်မျိုးမှာတော့ ရပိုင်ခွင့်များကိုပြန်လည်တောင်းခံနိုင်မဲ့နေ့ရက်ပဲဖြစ်ပါ တယ်။အကြီးအကဲ များထံ ဝင်ထွက် သွားလာ ပြောဆိုလို့အလွန်ကောင်းပါတယ်။ဆက်ဆံနေကျမဟုတ်တဲ့သူတွေနဲ့ ဆက်ဆံပြောဆို ရရင် သတိထားပါ။ လူလိမ်ဖြစ်တတ်ပါတယ်။ အပျော်ခရီးသွားခြင်းမျိုးရှောင်နိုင်ရင်ပိုကောင်းပါတယ်။

ဒီနေ့မှာအိမ်မွေးတိရိစ္ဆာန်ရောင်းခြင်းဝယ်ခြင်းကိစ္စတွေအထူးအဆင်ပြေတဲ့နေ့ပါပဲ။ ရုပ်ရှင်၊ဗီဒီယိုစသော အနုပညာလုပ်ငန်းများလဲ အဆင်ပြေအောာင်မြင်တတ်ပါတယ်။ မိမိကုန်ပစ္စည်းအား ပြည်တွင်းပြည်ပသို့ဖြန့်ဖြူး ရောင်းချခြင်းတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ အလှကုန်ပစ္စည်းအသစ်တွေကို စတင်မိတ်ဆက်တာမျိုး တွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။အလှသစ်ပင်စိုက်ပျိုးခြင်း၊ မျိုးစေ့ကျဲခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါ လိမ့်မယ်။ ဥယျာဉ်ခြံနှင့်ပတ်သက် သောအလုပ်များလဲ စတင်နိုင်ပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်သောကိစ္စအ၀၀ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

            ယနေ့ လကြတ်၍ မင်္ဂလာအခါမပေးရပါ။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ပစ္စည်းလှောင်ခြင်း မပြုရ။ အိုးအိမ် တည်ဆောက်ခြင်း၊ အလုပ်စတင်ခြင်းတို့ ရှောင်ကျဉ်ပါ။ မည်သည့် ပညာရပ်ကိုမဆို စတင်သင်ကြားက တစ်ပိုင်းတစ်စ ဖြစ်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၁၄)နာရီမှ (၁၉း၀၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  မိဿစန်း၊  တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ ထက်မြက်တယ်။ အနာဂတ်ကိုကြိုခန့်မှန်းနိုင်တယ်။ မိသားစုထဲမှာ ဘယ်သူမှမလုပ်ဘူးတဲ့ အလုပ်နဲ့ အသက်မွေး အောင်မြင်ကြတယ်။ မိဘလက်ငုတ်တော့ လုပ်မည်မဟုတ်တော့ပါ။ အိမ်ထောင်ရေးစိတ်တိုင်းမကျတာမျိုးဖြစ် တတ်ပြီး နုံအလွန်းသူနဲ့ဖူးစာဆုံတတ်ပါတယ်။ ငယ်ရွယ်စဉ်ခက်ခဲပင်ပန်းအဆင်မပြေရင်တောင် စိတ်ပျက်စရာမလို ပါ။ အသက်လတ်ပိုင်း၊သက်ကြီးပိုင်းတွေမှာ မထင်မှတ်လောက်အောင် ထင်ရှားအောင်မြင်နိုင်ကြတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ (၂း၄၁) နာရီမှ (၄း၀၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတောာ့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ စနေ၊ ရာဟု၊ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင်၊ သွေးနီရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကုလားပဲဟင်းချိုစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပျားရည် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)