loading

Category: Uncategorized

  • Home
  • Category: Uncategorized

အိမ်ထောင်ကျမည့် နှစ်ကို ခန့်မှန်းတွက်ဆခြင်း

” ဟယ်လို .. ကိုစိုး
ငါ အေးမင်းပါ”
“အေးသိတယ် အေးမင်း ပြောလေ”
အေးမင်းကအိမ်နားမှာနေတဲ့သူငယ်ချင်း။
သူက ဗေဒင်ဝါသနာပါသည်။ ဆယ်တန်းဖြေပြီး ဗေဒင်နဲ့ပက်သက်ပြီး ဆရာတွေဆီ ချဉ်းကပ် ပညာသင် ၊ ထွက်သမျှဗေဒင်စာအုပ်တွေ အတူတူလေ့လာခဲ့ကြသည်။
ဆယ်တန်းအောင်စာရင်းထွက်တော့ သူက
နည်းပညာ တက္ကသိုလ်တတ်ပြီး အခုကုမ္ပဏီမှာ A.E တစ်ယောက်ဖြစ်နေပြီ။
ကျွန်တော်ကတော့ ဝိဇ္ဇာတွဲယူပြီးဗေဒင်ပညာနှင့် လက်ပွန်းတသီးရှိနေဆဲပင်။
” မင်းငါ့Site ထဲလာလည်တုန်းက ဗေဒင်ဟောသွားတာလေ
မင်းကဘယ်အသက်အပိုင်းအခြားမှာ အိမ်ထောင်ကျမယ်လို့ပြောသွားတာလေ
မင်း target ပေးထားတဲ့နှစ်မှာပဲ အိမ်ထောင်ကျကုန်တယ်ကွာ
အဲဒါ မင်းဘယ်လိုကြည့်လဲ သိချင်လို့ကွာ”
“တိုက္ဆိုင္သြားတာပါကြာ “
” မင်းငါ့ကို ပညာတွေ မလျှိုထားနဲ့နော်”
“မင်းလဲဗေဒင် တတ်တာပဲ အေးမင်းရာ “
” ငါက တတ်တယ်ဆိုပေမဲ့ ဗေဒင်ဘက် မလှည့်ဖြစ်တာကြာပြီလေကွာ
မင်းကအမြဲတွက်နေတဲ့သူလေကွာ “
“မင်းနားလည်အောင်ပြောပြရရင်တော့ ငါလဲလူတစ်ယောက် ဘယ်တော့အိမ် ထောင်ကျမလဲ မသိဘူးကွာ၊ ခန့်မှန်းပြီးပြောတာ”
“မင်းခန့်မှန်းတာက တော်တော်လေးနီးစပ်
တယ်ကွ မင်းဘယ်ပညာနဲ့ကြည့်လဲ”
“ဘယ်ပညာနဲ့ကြည့်လဲဆိုတော့
မင်းသိတဲ့အတိုင်းပဲ ငါ့တို့ကလက်ဆန်းဗေဒင်ပဲနားလည်တာလေ
လက်ဆန်းပညာနဲ့ပဲ ဆုံးဖြတ်တာ
လက်ရိုးနဲ့တော့ ဘယ်လိုဆုံးဖြတ်လဲမသိဘူး
နံပါတ် 1 အနေနဲ့ပထမဆုံး ဆန်းစစ်တာက လာမေးသူရဲ့လက္ခဏာကိုအရင်စစ်ဆေးတယ်။
သူ့လက်မှာ နှလုံးလမ်းကြောင်းဟာ စနေလက်ချောင်းအောက်ဆုံးအရစ်နဲ့ဘယ်လောက်ကွာဝေးလဲကြည့်တယ် ဝေးလေလေ အိမ်ထောင်ရေးနောက်ကျလေပါပဲ
” စနေလက်ချောင်းဆိုတာမင်းလက်ခလယ်ကိုပြောတာလား”
” ဟုတ်တယ်ကွ စနေဂြိုဟ်ခုံအပေါ် လက်ခလယ်ရဲ့ အောက်ဆုံးအရစ်ကနေစပြီး နှလုံးလမ်းကြောင်းကို
တိုင်းတာကြည့်လိုက်ကွာ
25mm အနည်းဆုံးကွာဝေးရင် အသက်၂၅နောက်ပိုင်းမှအိမ်ထောင်ကျတတ်တယ်ကွာ
အကြမ်းဖျင်ပေါ့ကွာ
နံပါတ်2အနေနဲ့ဒုတိယတစ်ချက်က အသက်လမ်းကြောင်းရဲ့အတွင်းဘက်ကနေတွက်လာတဲ့ သံယောဇဉ်လမ်းကြောင်းကို ဥပဒ်လမ်းကြောင်းကဖြတ်ပြီး အသက်လမ်းကြောင်းကို သွားထိတဲ့နှစ်က အိမ်ထောင်ကျမဲ့နှစ်ပဲကွ။
အသက်လမ်းကြောင်းကို အသက်ပိုင်းတဲ့နေရာမှာ ငါကတော့ စထွက်တဲ့နေရာကနေ
အသက်လမ်းကြောင်းဆုံးတဲ့ လက်ကောက်ဝတ်ထိကို အသက်ရ၀လို့မှတ်ပြီးဆုံးဖြတ်တယ်ကွာ”
” အသက်လမ်းကြောင်းအတွင်းဘက်အင်္ဂါဂြိုဟ်ခုံကနေ ထွက်လာတဲ့
ဥပဒ်လမ်းကြောင်းကိုပြောတာလား ကိုစိုး”
ေအးဟုတ္တယ္ကြ
အသက်လမ်းကြောင်းကတော့ ကြာသပတေးဂြိုဟ်ခုံ (လက်ညှိုးအောက်ဘက်)
ကနေစပြီး အသက် ၁နှစ် ၊ ၂နှစ်ဆိုပြီး စတွက်ရမှာပေါ့။
ပြီးတော့အသက်လမ်းကြောင်းကို ဥပဒ်လမ်းကြောင်းလာထိ တဲ့ အသက်အပိုင်းအခြားကို ခန့်မှန်းရမှာပေါ့”
“အေး သဘောပေါက်ပြီကွ”
” နောက်တစ်ခုကသုံးတန်ပေါ်နိစ်ပညာ မှာ (တိုင်ထိပ် တန်းပေါ်မိတ်မြင်သော် ဧကန်မုချစုတ်ကြီးရ ) လို့ညွှန်းထားတယ်
မိမိမိတ်နံတွေဟာတိုင်ထိပ်တွေ တန်းစီးတွေ
ရှိရင်အိမ်ထောင်ကျတတ်တယ်ကွ”
” အိမ်ထောင်မိတ် ဖြစ်တဲ့ (ဦးသာ၊စိန်ပန်း၊ဒါန်းလှ၊ကိုရှာ) ကိုပြောတာလား”
“အေး ဟုတ်တယ်
တနင်္ဂနွေသားသမီးများ ရောက်ဆဲအသက်ကိုတည် ၈ နဲ့စားရင် ၁ကြွင်းတဲ့နှစ်နဲ့ ၅ကြွင်းတဲ့နှစ်တွေမှာအိမ်ထောင်ကျတတ်တယ်
တနင်္လာဆိုရင် အသက်ကိုတည် ၈နဲ့စားရင် ၆ကြွင်းတဲ့နှစ်နဲ့ ၀ကြွင်းတဲ့နှစ်တွေက အိမ်ထောင်ကျတတ်တယ်
အင်္ဂါကျတော့ အသက်ကိုတည် ၈နဲ့စားရင် ၁ကြွင်းတဲ့နှစ် ၊၂ကြွင်းတဲ့နှစ် ၊၆ကြွင်းတဲ့နှစ်တွေက အိမ်ထောင်ကျတတ်တယ်
ဗုဒ္ဓဟူးသားသမီးတွေက အသက်ကိုတည် ၈နဲ့စားရင် ၀ကြွင်းတဲ့နှစ် ၊ ၁ကြွင်းတဲ့နှစ်၊ ၇ကြွင်းတဲ့နှစ်တွေမှာ အိမ်ထောင်ကျတတ်တယ်
ကြာသပတေးသားသမီးတွေက အသက်ကို၈နဲ့စားရင် ၁ကြွင်းတဲ့နှစ်၊ ၃ကြွင်းတဲ့နှစ်တွေမှာ အိမ်ထောင်ကျတတ်တယ်
သောကြာသားသမီးတွေက အသက်ကိုတည် ၈နဲ့စားရင် ၇ကြွင်းတဲ့နှစ်၊ ၆ကြွင်းတဲ့နှစ်တွေမှာ အိမ်ထောင်ကျတတ်တယ်
စနေသားသမီးတွေက အသက်ကို၈နဲ့စားရင် ၃ ကြွင်းတဲ့နှစ်၊ ၅ကြွင်းတဲ့နှစ်တွေမှာ အိမ်ထောင်ကျတတ်တယ်
ရာဟုသားသမီးတွေဟာအသက်ကိုတည် ၈နဲ့စားရင် ၁ကြွင်းတဲ့နှစ် ၊
၄ကြွင်းတဲ့နှစ်တွေမှာအိမ်ထောင်ကျတတ်တယ်”
“အဲဒါဆိုရင် မိတ်ဂြိုဟ်တွေ တိုင်ထိပ်တန်းပေါ်တဲ့နှစ်တွေပဲအိမ်ထောင်ကျမှာပေါ့”
” မင်းကလဲပုံသေတွေးပြန်ပြီယေဘုယျ ကျနိုင်တာကိုပြောတာကွွာ
မိတ်နံတွေက တန်းစီးတိုင်ထိပ်မရှိဘဲ ကျန်တဲ့(တိုင်ခြေ၊ တက္ခနိစ်၊ မန္ဒနိစ်၊ တန်းစီး၊ပြ)စတဲ့နေရာတွေမှာရှိပြီး ဆန်းကျင်ဂြိဟ်တွေကပ်ရင်လဲအိမ်ထောင်ကျတတ်တယ်ကွ ဝိသေသဟောကွက်တွေကအများကြီးလေ
အရွယ်ကိုလဲချိန်ဆဖို့ကလိုသေးတယ်လေ
အသက်၅၇ရောက်နေတဲ့အင်္ဂါသားတစ်ယောက်ကို တစ်ကြွင်းလို့ အိမ်ထောင်ကျမယ်လို့ပြောမယ်ဆိုရင် မင်းဖြစ်နိုင်မဖြစ်နိုင်စဉ်းစားရတော့မယ်လေ”
” အေး သဘောပေါက်ပြီကွာ “
” နောက်ပြီး ဆန်းဗေဒင်မှာ ခင်ပွန်းဂြိဟ်ကို
အင်္ဂါနံကောက်တယ်”
“အဲဒါကိုသိတယ်ကွ ဇနီးဂြိုဟ်ကိုကျတော့ သောကြာနံကောက်တာမဟုတ်လား”
“အေးဟုတ်တယ်ကွ အမျိုးသားတစ်ယောက်ရဲ့ ရောက်ဆဲသက်ရောက်မှာ သောကြာနံအဝင်မှာရှိပြီး
အဲဒီဂြိုဟ်က သက်ရှိဖြစ်ရင် အိမ်ထောင်ကျတတ်သလို ၊ မိန်းကလေးမှာလဲ အင်္ဂါနံအဝင်ဌာနမှာရှိပြီး သက်ရှိဖြစ်ရင်အိမ်ထောင်ကျတတ်တယ်ကွာ”
“သက်ရှိသက်မဲ့ခွဲတာတွေက မေ့ကုန်ပြီကွာ
မမှတ်မိတော့ဘူး”
“သက်ရှိသက်မဲ့အကြောင်းပြောရင်ဆုံးမှာမဟုတ်တော့ဘူး၊အခုလောက်အကြမ်းဖျင်းသိရင် ရတယ်မဟုတ်လား”
“ရပါတယ္ကြ
အဲဒါအပြင် ဘာတွေထပ်စစ်သေးလဲ”
” နောက်ဆုံးငါစဉ်းစားတာက မဟာဘုတ် ပညာကွ
ယေဘုယျအနေနဲ့က လူတစ်ယောက်ဟာ
ပုတိဖွား၊ ဘင်္ဂဖွားဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျလွယ်ပြီး အိမ်ထောင်နှစ်ဆက်ဖြစ်တတ်တယ်
အဲဒါကြောင့် ပုတိဖွား ဘင်္ဂဖွားတွေကို ငယ်ရွယ်ချိန်မှာ အိမ်ထောင်မပြုဖို့ အမြဲပြောဖြစ်တယ်
မရဏဖွား ၊သိုက်ဖွား တွေကတော့ အိမ်ထောင်ကျဖို့ခက်ခဲကြသလို အပျိုကြီး လူပျိုကြီးဖြစ်လွယ်ကြတယ်ကွ
အချို့ဆိုအရွယ်လွန်မှ အိမ်ထောင်ကျတတ်ကြတယ်
အထွန်းဖွား၊ ရာဇဖွား ၊ အဓိပတိဖွားတွေကတော့ အသက် ၂၆ ကနေ ၃၀ အတွင်းအိမ်ထောင်ကျတတ်တယ်”
” မဟာဘုတ်ပညာ ကိုနားလည်တယ်ကွ အဲလိုတော့အိမ်ထောင်ကျမဲ့နှစ် ကိုတွက်လို့ရတယ်ဆိုတာမသိဘူး”
အားလုံးဟာပုံသေမရှိဘူးကွ အရာရာပြောင်းလဲနေတာ ၊ ငါပြောခဲ့တာတွေအားလုံးက ယေဘုယျတွေကြီးပဲ။အတွေ့အကြုံနဲ့ စိတ်ဝင်စားမှုက အနီးစပ်ဆုံးပြောနိုင်မှာပဲလေ
သိဒ္ဓတ္ထမင်းသားမှာ တစ်နေ့ထဲတစ်ချိန်ထဲမွေးလာတဲ့ဖွားဖက်တော်တွေအများကြီးပဲ၊
သူတစ်ဦးထဲ ဘာလို့ဘုရားရှင်ဖြစ်လာလဲတွေးကြည့်လေ
မဟောသဓာ သတို့သားကလဲ တစ်ချိန်ထဲမွေးတဲ့ဖွားဖက်တော်တွေအများကြီးပဲ
ဘာလို့သူတစ်ယောက်ထဲ ပညာရှိဖြစ်လာရတာလဲ
လူတစ်ယောက်က ဘဝ ဘဝတွေကဘာတွေလုပ်ခဲ့ကြသလဲ မသိနိုင်သလို၊ လက်ရှိဘဝမှာ ဘယ်လောက်ထိ ကုသိုလ် အကုသိုလ်တွေလုပ်ထားပြီလဲ မသိနိုင်ဘူးလေ၊ အဲဒါကြောင့် ဆရာတွေက သီလအား
သမာဓိအား ပညာအားကြီးတဲ့သူတွေကို အဆိုးတွေဟောမယ်ဆို ထိန်းဟောသင့်တယ်
ဘာဖြစ်လို့လဲဆိုတော့ လွဲသွားတတ်တယ်တဲ့
သူလုပ်နေတဲ့ကုသိုလ်အကြောင်းတရားတွေက ဖြစ်လာမဲ့ ဆိုးကျိုးတွေကို ဘယ်လောက်မှေးမှိန်အောင် လုပ်ပြီးပြီလဲ ငါတို့မသိနိုင်ဘူးလေ”
” ဟုတ်တယ် သူငယ်ချင်း၊မင်းပြောတာကို ငါလက်ခံတယ် ငါလဲအမြဲတမ်း ဘုရားတရားတော့မမေ့ဘူး”
“ယံုပါတယ္ကြာ
ငါ့တို့ဖုန်းပြောတာလဲ ကြာသွားပြီ
ဖုန်းကပူပြီး နားတွေလဲပူလာပြီ
ဖုန်းချလိုက်တော့မယ်”
” အေး အေး သူငယ်ချင်း”
(အထက်ပါဆောင်းပါးသည် ဗေဒင်ပညာလုံးဝနားမလည်သူအဖို့ ဖတ်ရခက်နေပါလိမ့်မည်၊၊ ဗေဒင်အကြောင်း အနည်းငယ်မျှ နားလည်တဲ့သူတွေ၊ ဝါသနာပါသူတွေအတွက် အစတစ်ခုဆွဲထုတ်လို့ရအောင် တင်ပြထားခြင်းပါ။
ဒီ post ကိုဖတ်မိတဲ့ ဗေဒင်ပညာရှင်များအနေဖြင့် ကဲ့ရဲစရာ၊နှာခေါင့်ရှုံ့စရာများပါခဲ့ရင်ခွင့်လွှတ်စေချင်ပါတယ်။ ပညာရှင်များ နည်းပေးလမ်းညွှန်ပြမယ်ဆိုရင်လဲ တပည့်အဖြစ်ခံယူဖို့အသင့်ပါ ခင်ဗျာ)
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

ဘယ်ကိစ္စမဆို လျှင်မြန်စွာ အောင်မြင်စေသည့်ယတြာ

သီတင်းကျွတ်လပြည့်နေ့။ နေ့ထူးနေ့မြတ် အဘိဓမ္မာအခါတော်နေ့။
ခုနှစ်ရက်သားသမီးတွေအတွက် မည့်သည့်အစီအရင်တွေပေးရမည်နည်း။
စဉ်းစားမိတာတစ်ခုရှိတာက ဝါတွင်းသုံးလနတ်ပြည်တွင်မယ်တော်မိနတ်သားကိုအဘိဓမ္မာတရားဟောပြီး လူပြည့်ဆင်းလာမည့် ဘုရားရှင်ကို ဆီမီးထွန်းပြီးကုသိုလ်ယူပူဇော်ကြသည်။
အရမ်းကြည်နူးစရာကောင်းသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအစဉ်အလာတစ်ခု။
အတိုင်းမသိကုသိုလ်တွေရကြသည်။
ယတြာပိုင်း အစီအရင်ပိုင်း အနေနှင့်ကဘုရားရှင်အား မီးထွန်းပြီးယပ်တော်သွင်း ကုသိုလ်ယူသည့်အစီအရင်တွေကို ပေးချင်သည်။
သီတင်းကျွတ်အခါသမယနှင့်လဲကိုက်ညီနေသည်။
အစီအရင်က လွယ်ကူသည်၊ ငွေမကုန် ။
ငွေကုန် ပိုက်ဆံကုန်တဲ့ အစီအရင်မှစွမ်းတယ်ထင်တဲ့သူတွေမလုပ်ကြပါနဲ့။
ယုံကြည်မှု၊ကြည်ညိုမှု၊ သဒါ္ဓတရားတွေနဲ့သာလုပ်စေချင်သည်။
ဘာတွေလုပ်ရမလဲဆိုရင်တော့ သောကြာအခါရောက်တိုင်း မှာဘုရားရှင်ကို
ဖယောင်းတိုင်ခုနှစ်တိုင်ဖြင့် အလင်းဖွင့် ပူဇော်ပါ။ ပြီးရင်တော့ ဘုရားရှစ်ခိုးမေတ္တာပို့အမျှဝေပါ။ နောက်ပြီးတော့ဘုရားရှင်ကို ယပ်တောင်အသစ်တစ်ချောင်းနဲ့ ဖယောင်းတိုင်မီးမသေအောင် ဖြည်းဖြည်းချင်းယပ်တော်သွင်းပူဇော်ပါ။ အနည်းဆုံး ၁၅ မိနစ်ခန့် ပြုလုပ်ပါ။ ယပ်တော်သွင်းနေချိန်မှာ မိမိဖြစ်ချင်တဲ့ဆန္ဒတွေဆုတောင်းပါ။
ဘာတွေဆုတောင်းလို့ရမလဲဆိုရင်တော့
လက်တလောဖြစ်နေတဲ့ကိစ္စတော်တော်များများကိုဆုတောင်းလို့ရပါတယ်။
*အလုပ်အကိုင်ရှာဖွေနေသူများ
*ငွေကြေးအခက်အခဲရှိနေသူများ
*အကြွေးလည်ပင်းခိုက်နေသူများ
*နိုင်ငံခြားအမြန်ထွက်လိုသူများ
*အိမ်ထောင်ရေးသောကရောက်နေသူများ
*အချစ်ရေးအဆင်မပြေသူများ
*အလုပ်အဆင်မပြေသူများ
*ဆိုင်ရောင်းအားကျနေသူများ
*အတိုက်အခိုက်များနေသူ
စသည့်စသည့် လတ်တလောဖြစ်နေတဲ့ ကိစ္စတိုင်းအတွက် ထိရောက်မြန်ဆန်စွာ အဆင်ပြေ စေပါတယ်။
ပညာသင်ကာလတုန်းက အခက်အခဲကြုံ တိုင်းလုပ်ဖြစ်သည့်အစီအရင်။ အရမ်းအောင်မြင်သည့် ပွဲတွေ့အစီအရင်ဖြစ်သည်။
ဘုရားရှင်အားဆီမီးပူဇော် ယပ်တော်သွင်းရမည့်အစီအရင်အတွက် ပြုလုပ်ရမည့်အချိန်သောကြာအခါတွေကိုတင်ပြလိုက်ပါတယ်။
တနင်္ဂနွေနေ့
နံနက်/ ည ၇း၃၀မှ ၀၉းဝဝအတွင်း
တနင်္လာနေ့
နေ့လည် ၀၁း၃၀မှ ၀၃းဝဝ အတွင်း
အင်္ဂါနေ့
နံနက်/ည ၀၉းဝဝမှ ၁၀း၃၀အတွင်း
ဗုဒ္ဓဟူးနေ့
ညနေ ၀၃းဝဝမှ ၀၄း၃၀အတွင်း
ကြာသပတေးနေ့
နံနက်/ည ၁၀း၃၀မှ၁၂းဝဝအတွင်း
သောကြာနေ့
နံနက်/ည ၀၆းဝဝမှဝ၇း၃၀အတွင်း
စေနေန႔
နေ့လည် ၁၂းဝဝမှဝ၁း၃၀အတွင်း
အထက်ပါအချိန်တွေအတွင်းသာ အစီအရင်လုပ်ရပါမည်။ အိမ်တွင်းစီးပွားရေးသမားတွေအတွက် ကတော့ နေ့စဉ်မိမိအိမ်မှာ အထက်ပါအချိန်ဇယားအတိုင်း လုပ်ရမည်။၇ရက် ဒါမှမဟုတ် ၁၅ ရက်အတွင်းအတွင်းအခက်အခဲတွေပြေလည်သွားတာများသည်။
အပြင်မှာအလုပ်ထွက်လုပ်နေသူအတွက်က အထက်ပါအချိန်ဇယားထဲက မိမိအားတဲ့အချိန်တွေရွေးချယ်လုပ်ပါ။
အတုလဆရာတော်ဘုရားကြီး၏ အင်္ဂဝိဇ္ဇာကျမ်းရင်းလင်္ကာထဲမှာပါသည့်
“မီးဓာတ်နှင့်လေ ၊ ရေနှင့်မြေ မိတ်ဆွေတော်ကြသဟာရ” ဆိုတဲ့လင်္ကာထဲက အစီအရင်ပင်။
လျှင်မြန်စွာ အောင်မြင်သည့်ယတြာ။လျှင်မြန်စွာဓာတ်ထိသည့်အတွက် လျှပ်စစ်ယတြာလို့ အချင်းချင်းခေါ်ဆိုခဲ့ကြသည်။
ဘာမှကုန်ကျစရိတ်သိပ်မရှိ ဖယောင်းတိုင်နှင့် ယပ်တောင် တစ်ချောင်းသာလိုအပ်သည်။
ခုနှစ်ရက်သားသမီးအကုန်စီရင်လို့ရသည်။
သေကြာအခါတွေသာလုပ်ဖြစ်ဖို့လိုသည်။
ကိုယ်တိုင်လုပ်ကြည့်ပါ။ အကျိုးကျေးဇူးလက်တွေ့ခံစားရပါမည်ဟုပြောရင်း…..
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

“အိမ်ထောင်ရေးနှင့် ပက်သက်၍”

သီတင်းကျွတ်ကာလ ဆိုတာနဲ့ အိမ်ထောင်ပြုကြဖို့ မင်္ဂလာရက်ရွေးသူတွေ၊ ဇာတာတိုက်စစ်သူတွေ များလာပါတယ်။
အဲဒီမှာဘာတွေကိုအမြဲရှင်းပြရသလဲဆိုရင်
*သက်ဦးသက်နှောင်း မယူကောင်းဘူးဆိုတဲ့
အယူအဆ
အိမ်တစ်အိမ်မှာ ပထမဆုံးမွေးတဲ့ သား/သမီးဆိုရင် သက်ဦးလို့ခေါ်တယ်။ပထမဆုံးသား/သမီးဆိုတော့အလိုလိုက်ခံရတော့ဗိုလ်ကျတာပေါ့ဗျ
တဖက်ကလည်းအငယ်ဆုံးမှာမွေးလာတော့အိမ်မှာနွဲ့ဆိုးဆိုးပြီးဗိုလ်ကျချ.င် တာပေါ့။
ဗိုလ်နှစ်ဗိုလ်တွေ့ကြတာပေါ့။ဒါကိုသေချာ
သိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြ ပေါ့။ဒီကိစ္စမှာချစ်သူနှစ်ဦးနားလည်ရင်ပြေလည်ပါပြီ…အ ခြေခံအ ကြောင်းရင်းကိုမသိပဲလွဲခဲ့ကြတဲ့ချစ်သူတွေများလွန်းလို့ရှင်းပြရတာ။ဟိုလိုမျိုးကြီးခိုက်တာ မဟုတ်ပါဘူး။
*ဓမ္မာ သောက အင်းဝ ရာဇာ
အိမ်ထောင်ရန်ဘက် ဆိုတဲ့အယူအဆ
စနေ+ကြာသပတေး သောကြာ+တနင်္လာ တနင်္ဂနွေ+ဗုဒ္ဓဟူး ရာဟု + အင်္ဂါ
စတဲ့ နေ့အချင်းချင်းတွေပဲ အိမ်ထောင်ရန် ကျတဲ့ အတွက်ယူတာနဲ့ကွဲကုန်ရောတဲ့လား။
မဆိုင်ပါဘူးဗျ။ အိမ်ထောင်ရန်ဘက်ဖြစ်တိုင်း အိမ်ထောင်ရေးသောကတွေမကြုံနိုင်ပါဘူးဗျ။
* ဘီလူးနက္ခတ်နဲ့ လူနက္ခတ် ယူရင်
ကွဲရင်ကွဲ မကွဲရင်သေတယ်ဆိုတဲ့အယူအဆ
ဘီလူးနက္ခတ်နဲ့ လူနက္ခတ်ယူပြီး အသက်ရှည်ပြီး အိုအောင်မင်းအောင်ပေါင်းသွားကြတဲ့သူတွေအများကြီးပါ။
စနေအချင်းချင်း၊ အင်္ဂါအချင်းချင်းယူရင် အိမ်ပူတယ်ဆိုတဲ့အယူအဆ
အိမ်ပူတဲ့သူတွေ တွေ့ရသလို အိမ်မပူတဲ့သူတွေလဲအများကြီးပါ။ အိမ်ထောင်ရေးငြိမ်းချမ်းပြီး အိမ်ထောင်ရေးသောကကင်းတာလဲအများကြီးတွေ့ရပါတယ်။
ဇာတာနှစ်ခုတိုက်စစ်ပြီး အသေးစိတ်စစ်ဆေးမှသာ အိမ်ထောင်ရေးကံကောင်းခြင်း၊မကောင်းခြင်းတွေ သိရမှာပါဗျ။
ယေဘုယျအချက်လေးတွေလောက်နဲ့ အိမ်ထောင်ရေးပြဿနာရှိမရှိ ဆုံးဖြတ်လို့မရနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

ဂဏန်းဗေဒင် ———————————–

အင်္ဂလိပ် မွေးလ ၊ မွေးရက် ၊ မွေးနှစ်တွေကို
တစ်ခုထဲရအောင်ပေါင်းရမှာပါ။
ကိုယ့်အကြောင်းကိုယ်သိ ရတာပေါ့
ဥပမာ။ ။ တွက်မယ့်သူရဲ့ မွေးနေ့က အောက်တိုဘာလ၊ ၈ ရက်နေ့ ၊ ၁၉၅၀ ဆိုရင်
လ + ရက် + နှစ် = ၁၀ + ၈ + ၁၉၅၀ = ၁၉၆၈ ဒီလိုလေး ရိုးရိုးလေး ပေါင်း လိုက်ပါ။
ပြီးတော့ ရလာတဲ့ အဖြေ ၁+၉+၆+၈ = ၂၄
ပြီးတော့ ရလာတဲ့ အဖြေ ၂+၄ = ၆
၆ ဟောကိန်းကြည့်ရမှာပါ။
မွေးနေ့က
ဇွန်လ ၊ ၁၅ ရက် ၊၁၉၈၄ ဆိုပါစို့
၆ + ၁၅ +၁၉၈၄ = ၂၀၀၅ ပေါ့
၂+၀+၀+၅ = ၇ ပေါ့
၇ ဟောကိန်းကြည့်ရမှာပါ။
ဂဏန်းတလုံး ဖြစ်အောင် လုပ်လိုက်တာပါ။ ပြီးရင် အောက်မှာ သူ့ နံပါတ်နဲ့ သက်ဆိုင်တဲ့အဖြေတွေကို ကြည့်လိုက်ရအောင်
ပေါင်းလိုက်တဲ့ ဂဏန်းတစ်လုံးက—–
၁ ဆိုရင် လောကမှာ မရှိသေးသောအရာတွေကို တီထွင် ဖန်တီးသူ
———————————————————————-
၁ ဂဏန်းရသူတွေဟာ မူလဖန်တီးသူတွေပါ။ သူတို့တွေဟာ ဆန်းပြားတဲ့ အတွေးတွေ အိုင်ဒီယာ တွေနဲ့ ပြည့်စုံနေတဲ့သူတွေပါ။ ကိုယ့်ကိုတိုင် စဉ်းစား တွေးခေါ်နိုင်တဲ့အတွက်လည်း ခေါင်းမာပါတယ်၊ မိမိယုံကြည်ချက်ကို လွယ်လွယ်နဲ့ မလျှော့ပါဘူး ဒါကြောင့်လည်း ဘဝမှာ တခါတရံ အောင်မြင် တတ်ပါတယ်။ သူတို့တွေဟာ ရိုးသားပါတယ် ခေါင်းမာတယ်ဆိုသော်ငြား လည်း သူတို့မှာ သူတစ်ပါးသူတိို့ဘက်ပါအောင် စည်းရုံးနိုင်တဲ့ အရည်အချင်း တွေ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလုပ်တွေမှာ
ခေါင်းဆောင် သို့မဟုတ် သဌေး ဖြစ်တတ်ပါတယ်။ သတိထားစရာ အချက် ကတော့ မိမိမှာ စိတ်ကူးစိတ်သန်းကောင်းသော်လည်း လောကမှာ မိမိထက် သာသူတွေ ရှိတတ်စမြဲ ဖြစ်တာကြောင့် ခေါင်းမမာသင့်ဘဲ တခြားသူ အကြံဉာဏ်ကို လက်ခံလျှင် ဘဝမှာ ပိုအောင်မြင်တတ်ပါတယ်။
အောင်မြင်သူ ၁ ဂဏန်းသမားများ – Tom Hanks (Hollywood ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ Robert Redford ( Hollywood ရုပ်ရှင်မင်သား၊ ဒါရိုက်တာ၊စာရေးဆရာ ) Nancy Reagan ( အမေရိကန် သမ္မတ ရောနယ်ရေဂင် ၏ ဇနီး ) စသဖြင့် အများကြီးရှိသေး
၂ ဆိုရင် ငြိမ်းချမ်းရေးသမား
—————————–
၂ သမားတွေက ဗီဇကိုက သံတမန်လို ဖြစ်တယ်။ သူတို့ဟာ တစ်ပါး သူရဲ့ လိုအပ်ချက်တွေ၊ခံစားချက်တွေ ကို အရင်ဆုံး စဉ်းစားသုံးသပ်လေ့ ရှိတယ်၊ သိလည်း သိတယ်။ သူတို့ဟာ တစ်ဦးတည်းနေရတာကို သဘော မကျ ပါဘူး၊ ဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေ ဟာ သူတို့ အတွက် အလွန် အရေး ကြီးပါတယ်။ ဘဝမှာ အောင်မြင်ဖို့အတွက် သူတို့မှာ သူငယ်ချင်း ကောင်း သို့မဟုတ် ပါရမီဖြည့်ဘက် ကောင်း လိုအပ်ပါတယ်။
အောင်မြင်ကျော်ကြားသူ ၂ ဂဏန်းသမား – အမေရိကန်သမ္မတ Bill Clinton၊ မက်ဒေါနား၊ သောမတ်အက်ဒီဇင်
၃ ဆိုရင် အတွေးအခေါ်ကောင်းသူ
———————————-
၃ တွေက ထိုးထွင်းတဲ့ ဉာဏ်ရှိတယ်။ ဆွဲဆောင်မူကောင်းတယ်၊ romantic ဖြစ်တယ်၊ ပြီးတော့ အေးဆေး သမားတွေပါပဲ။ သူတို့တွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေထိုင်တတ်သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေ အများကြီး ရှိလိမ့်မယ်၊ ချစ်ခင်ဖွယ်ဖြစ်အောင် နေတတ် တဲ့အတွက်လည်း လူချစ်လူခင် များပါတယ်။ သူတို့တွေဟာ သူတစ်ပါး ပျော် အောင်လည်း အမြဲလုပ်တတ်တယ်။ ဒါကြောင့် သူတို့ တွေဟာ နာမည်ကြီးတတ်ပါတယ်။
အောင်မြင်ကျော်ကြားသူများကတော့ – Bill Cosby ( အမေရိကန်ဟာသ ပညာရှင်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ) ၊ Jodi Foster ( ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ )
၄ ဆိုရင် ရှေးရိုးဝါဒီ
——————-
၄ တွေဟာ စဉ်းစားချင့်ချိန်တတ်ပါတယ်။ အသိတရားရှိတယ်၊ ဘယ်အချိန်မှာ ဘယ်ပြောမလဲ ဘယ်လုပ်ရမလဲဆိုတာကို ကောင်းစွာ သဘောပေါက် သူတွေ ဖြစ်တယ်၊ အလိုက်သိတတ်တယ်။ သူတို့ဟာ အရာတခုကို ကောင်းစွာ သဘောပေါက်မှ အဲ့အလုပ်ကို စလုပ်တယ်၊ မပေါက်သေးရင် အရင်ဆုံး နားလည်အောင် လုပ်ပြီးမှ အဲ့အလုပ်ကို စလုပ် ပါတယ်။ သူတို့ဟာ သဘာဝအလှကို နှစ်သက်သူတွေဖြစ်ရာ ခရီးသွား ခြင်း ကို အထူး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ သူတို့တွေမှာ မဆုတ်မနစ် လုပ်တတ်တဲ့ သဘောသဘာဝ ရှိရာ တခါတရံ အလွန်ခေါင်းမာ တတ် ပါတယ်။ ဇွဲ ရှိတဲ့ အတွက်ကြောင့်လည်း သူတို့ လုပ်ငန်းတွေမှာ အောင်မြင် တတ်ပါတယ်။
အောင်မြင်သူများ – ဗိုလ်ချုပ်အောင်ဆန်း ၊ မာဂရက် သက်ချာ (Margaret Thatcher -ဗြိတိန် ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်) ၊ အာနိုး (Arnold Schwarzenegger)၊Oprah Winfrey (မင်းသမီး၊ အမေရိကန် TV show တွေမှာ အောင်မြင်နေသူ )၊
၅ ဆိုရင် သူများနဲ့ မတူ ထူးခြားသူ
————————————-
၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်ပါတယ်။ သူတို့ဟာ ဗီဇကိုက စပ်စုတတ် တယ်၊ ကျရူံးမှာလည်း မကြောက်တတ်ပါဘူး။ အတန်းထဲမှာ ဆိုရင် မေးခွန်း တွေ တခုပြီးတခု သူတို့ ခေါင်းထဲမှာ ထွက်ပေါ်လာတတ် တယ်။ ဉာဏ်ထက်သူဆိုရင်လည်း မမှားပါဘူး။ သူတို့မေးလိုက်တဲ့ မေးခွန်းတွေဟာ ဖြေသူက တော်တော် လေးကို ကျွမ်းကျင်မှ သူတို့ သဘောကျ တဲ့ အဖြေကို ရတတ်တယ်။ သူတို့လေးတွေ သတိထားဖို့ကတော့ အကြောင်းအရာတခုကို အလုံးစုံနားလည်အောင်
ထောင့်ပေါင်းစုံက ချဉ်းကပ်လေ့လာပြီးမှ ကောက်ချက် ချသင့်ပါတယ်၊ မဟုတ်ရင် အမှားတွေ လုပ်မိတတ်ပါတယ်။ ဆုံးဖြတ်ချက်ချပြီးရင်လည်း သူဟာ အဲ့အတိုင်း လုပ်တတ်လို့ပါ ဒါကြောင့် အရာအားလုံးကိုကောင်းကောင်း လေ့လာစေချင်ပါတယ်။
အောင်မြင်သူများကျော်ကြားသူများ – ဟစ်တလာ၊ မော်စီတုန်း၊ လင်ကွန်း (အမေရိကန် သမ္မတ)၊ Helen Keller
၆ ဆိုရင် စိတ်ကူးယဉ် ဆန်သူ (သို့) သဘာဝအလှတွေ၊ သဘာဝ အဖြစ်အပျက်တွေကို စိတ်ကူးဖြင့် ဖော်နေရာမှာ စိတ်ကူးကောင်းသူ
——————————————————————-
၆ တွေဟာ ပျော်ပျော်နေတတ်သူတွေဖြစ်ပါတယ်။ မိသားစု စုစုဝေးဝေး နဲ့ နေထိုင်ရတာကို သဘောကျသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သစ္စာ ရှိသူ ဖြစ်ပြီး သူတစ်ပါး နားလည်သဘောပေါက်အောင်လည်း စွမ်း ဆောင် နိုင်သူ ဖြစ်ရာ ဆရာအလုပ်တွေမှာ အောင်မြင်တတ်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေကို သစ္စာရှိသူဖြစ်ရာ မိမိကိုယ် သစ္စာမဲ့ ပြု လုပ်သွားပါက အငြိုးကြီးစွာဖြင့် တစ်သက်လုံး မခေါ်တတ်ပေ။ သူတို့ဟာ စိ်တ်ကူး စိတ်သန်းကောင်းသဖြင့် တခါတရံ လောကကြီးကို သူတိူ့ ဉာဏ်ပညာဖြင့် ပြောင်းလဲပစ်တတ်ပါတယ်။
အောင်မြင်ကျော်ကြားသူများ – အိုင်စတိုင်း၊ ကိုလံဘတ်(စ်)၊ Jane Seymour ( အင်္ဂလန် ဘုရင်မ)၊ ဒေါ်ခင်ကြည် ( ဗိုလ်ချုပ်အောင်ဆန်း ဇနီး)၊ ဦးညီပု (ပထမဆုံး မြန်မာသရုပ်ဆောင်မင်းသား)၊ ဦးကျော်ဟိန်း (ရုပ်ရှင်မင်းသား)
၇ ဆိုရင် ဉာဏ်ထက်မြက်သူ
———————————
၇ တွေဟာ ရှာဖွေရေးသမားလို့ ပြောလို့ မတတ်အောင်ကို အကြောင်းအရာ
တခုပြီးတခု အမြဲတမ်း လေ့လာ ရှာဖွေ နေတတ်သူပါ။ သူတို့ ကို puzzle game တွေ ဆော့ခိုင်းရင် အရင်ဆုံး အဖြေရှာနိုင်သူပါ။ သူတို့ဟာ အလုပ် တခုကို ဘယ်တော့မှ တစွတ်ထိုး မလုပ်ပါဘူး၊ဖြည်းဖြည်းနဲ့
အောင် မြင်အောင် လုပ်ပါတယ်။ သူတို့ဟာ အတွေးအခေါ် ကောင်းသူ တွေ
ဖြစ်ပြီး ဗဟုသုတ လည်း နှံစပ်ပါတယ်။ သူတို့တွေဟာ လျှိ၀ှက်တတ်ပါတယ်။ သူတို့ ဘဝကို သူများတွေ လာစပ်စုတာကို မကြိုက်ပါဘူး။ အမြဲတမ်း လေ့လာ နေသူဖြစ်ရာ ဘာလုပ်လုပ် သူများထက်ကို သာ နေတတ်ပါတယ်။
အောင်မြင်ကျော်ကြားသူ – ဦးဇာဂနာ၊ ဦးဇော်ဝမ်း ၊ မင်းသမီး ဒိုင်ယာနာ ၊ William Shakespeare ၊ Michael Jackson Galaxy
၈ ဆိုရင် ပြဿနာရပ်ရပ်တွေကို ဖြေရှင်းနိုင်သူ
——————————————-
၈ တွေဟာ ပြဿနာအရပ်ရပ်တွေကို ခေါင်းအေးအေး နဲ့ ဖြေရှင်းနိုင်သူ ဖြစ် ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသူတွေ ဖြစ်ပြီး ဆုံးဖြတ်ချက် ချရာတွေလည်း တိကျပြီး အကျိုးရှိတဲ့ ဆုံးဖြတ်ချက် မျိုးတွေ ချတတ်ပါတယ်။ သူတို့ဟာ ဘဝ ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်း ချင်သူ တွေဖြစ်ပြီး ထိုသို့ ဖြတ်သန်းဖို့လည်း သူတို့မှာ စနစ်တကျ လုပ်ထား တဲ့ အစီအစဉ်တွေ ရှိတတ်ပါတယ်။ သူတို့ဟာ လူအများကို ဦးဆောင် နိုင်သူတွေဖြစ်ပြီး လူသားတိုင်းရဲ့ ရည်မှန်းချက်အများစုကို နားလည် သူ ဖြစ်ပါတယ်။ လူသားအများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း လိုတဲ့ စိတ်ဆန္ဒတွေ ရှိပြီး ဖြစ်အောင်လည်း လုပ်ပေးနေတဲ့အတွက် သူတို့ ရဲ့ ဘဝဟာ သူတို့လိုချင်သလို ဖြစ်မလာတတ်ပါဘူး။ ဒါကြောင့် မိမိ အတွက် နဲ့ တပါးသူ တွေ ရဲ့ အတွက် မျှမျှတတ စဉ်းစားပြီး လုပ်စေလိုပါတယ်။
အောင်မြင်ကျော်ကြားသူ – မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် (အပေါ်က ၈ အကြောင်းကို ဘာသာပြန်ရင်း အမေစု ဘယ်ဂဏန်းလဲ သိချင်တာ နဲ့ တွက်ကြည့်တော့ ၈ ဂဏန်း ရတာ တွေ့ရလို့ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်) ၊ ဆရာကြီး ဦးသုခ ၊ Edgar Cayce ( စိတ်ပညာရှင် အနောက်နိုင်ငံမှာ ဘဝကူးတယ်(သံသရာလည်ခြင်း) အဆိုကို လက်တွေ့ မှန်ကြောင်း လုပ်ပြသူ) ၊
၉ ဆိုရင် ဖျော်ဖြေသူ (သို့) ဂရုဏာရှင်
————————
၉ သမားတွေဟာ ဖျော်ဖြေတက်ဆက်တဲ့ဘက်မှာ ထူးချွန်သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ဂရုစိုက်တတ်တယ်၊ ကူညီရိုင်းပင်းစိတ်ရှိတယ် နောက်ဆုံး သူ့မှာ ပိုက်ဆံ ၁ ထောင်ပဲ ကျန်လို့ အကူအညီတောင်းလာရင်တောင် သူ့ပိုက်ဆံ ကို သူများဆီ စွန့်ကြဲတတ်တယ်။ သူတို့ဟာ ဘဝမှာ ကံကောင်းတတ်တယ်၊
ပြင်းပြင်းထန်ထန် အလုပ်ကြိုးစား စရာမလိုဘဲ စိုင်ကော်လို့ ချုံ ပေါ် ရောက် ဆိုသကဲ့သို့ မိမိဘက်မှ ကံတရားက အမြဲပါနေတတ်တယ်။ ကံအရမ်း ကောင်းသူပေ့ါ။
အောင်မြင်ကျော်ကြားသူ – Elvis Presley (ပရက်စလေ ဂန္တဝင်အဆိုတော်) ၊ Jimmy Carter ( အမေရိကန် သမ္မတ) ၊ Harrison Ford ( India Jones ရုပ်ရှင် သရုပ်ဆောင် ) ၊ မာသာထရီဆာ( Mother teresa)
အထူးဟောကိန်းဗေဒင်

ချစ်ရည်တူ နှစ်ကိုယ်မျှစေဖို့ ………………………………

အချစ်ရေးနဲ့ပက်သက်တဲ့ ပြဿနာတွေကို
ခဏခဏ ဖြေရှင်းပေးရပေါင်းများပါပြီ။
အချစ်ရေးသောကတွေကြုံလာရပြီဆိုရင်တော့ ဗေဒင်ဆရာဆီမသွားခင်
အရင်ဆုံးစဉ်းစားရမှာက ငါဘာမှားနေလဲ ဆိုတာကိုပါ။
ဘာအချက်တွေက ချစ်သူကိုစိတ်ပျက်စေသလဲပေါ့…………
ချစ်သူရှိတဲ့သူတစ်ယောက်အနေနဲ့က
*ချစ်သူနဲ့တွေ့တိုင်း သူ့အခြေအနေ ကိုမကြည့်ဘဲ ပူဆာတာနားပူနားဆာလုပ်မိတာများရှိလား
*သူမိသားစုနဲ့ပက်သက်ပြီး ဘာတွေဝေဖန်အပြစ်တင်မိထားလဲ
*ဘာမဟုတ်တဲ့ ကိစ္စလေးအပေါ်သဝန်အရမ်းတို ပြဿနာရှာမိလား
*သူ့မာန သူ့ယုံကြည်ချက်ကို ထိခိုက်အောင် ပြောမိ လုပ်မိလား
*သူ့အခက်အခဲတွေကို နားလည်မှုမပေးဘဲ
မိမိဖြစ်ချင်တာကိုပဲပြောနေမိလား
*ကိုယ့်ချစ်သူကိုတွေ့တိုင်း ဘယ်သူလောက် မတော်ဘူး မတတ်ဘူး စသည့်ဖြင့် နှိုင်းယှဉ်ပြောမိလား
* ကိုယ့်ချစ်သူကိုတွေ့တာနဲ့ ချီးမွမ်းစကားမပြောဘဲ အပြစ်တင်၊ဝေဖန်၊ ကဲ့ရဲ တာတွေအမြဲလုပ်မိလား
ဆိုတာတွေကိုအရင်ဆန်းစစ်ပါဗျ။ အဲလိုတွေအမြဲလုပ်မိနေရင်တော့ ဘယ်ယတြာခြေခြေ စွမ်းမှာမဟုတ်ပါဘူး။
အချစ်ရေးနဲ့ပက်သက်ပြီး အဆင်မပြေလို့ မေးလာကြတဲ့သူတွေ၊ အချစ်ရေးအဆင်ပြေဖို့
ယတြာတောင်းကြသူတွေ အတွက်
ခုနှစ်ရက်သားသမီးဘယ်သူမဆို လုပ်လို့ရမဲ့ယတြာလေးပေးချင်ပါတယ်။
ဒီယၾတာကေတာ့
ချစ်သူချင်း
နှစ်ကိုယ်တူ ချစ်ရည်တူဖို့ကိစ္စအတွက် ဆိုတာမျိုးပဲ ဖြစ်ဖြစ်
အချစ်တွေလျော့လာလို့
စိတ်ကုန်နေတာပဲဖြစ်ဖြစ်
ကိုယ် ချစ်သလို ပြန်ချစ်စေဖို့ဆိုတာပဲဖြစ်ဖြစ်
ကြားလူတွေကြောင့် ချစ်သူချင်းနားလည်မှုလွဲနေရင်ဖြစ်ဖြစ်
ကိုယ့်ချစ်ရသူက ကိုယ့်ကိုချစ်ရဲ့သားနဲ့ အဖြေပေးဖို့ (သို့) ချစ်စကားတွေဖွင့်ဟဖို့
ကြာနေရင်ဖြစ်ဖြစ်
ခ်စ္သူက အျခားလူအေပၚကိုစိတ္မယိုင္ဘဲ
မိမိတစ်ယောက်ထဲကို ချစ်စေချင်ရင်ဖြစ်ဖြစ်
ဘာတွေလုပ်ရမလဲဆိုရင်……….
စွယ်တော်ရွက်မှာ တစ်ဖက်မှာ မိမိနာမည်ရေး ကျန်တစ်ဖက်မှာ
ချစ်ရသူရဲ့ နာမည် ရေးပြီး(Marker Pen ဖြင့်ရေးရပါမည်)
ဓါတ္ဗူး အသစ္တစ္လုံးထဲမွာ
ဆန္ဒရှိတာကို အာရုံပြု ဆုတောင်းပြီး
ထည့် ပါ။ အဖုံးကို ကျကျနန ပြန်ပိတ်
ထားပြီး အမြင့်တစ်နေရာမှာ
တင်ထားလိုက်ယုံပါပဲ။ ဘယ်လောက်ထိတင်ထားရမလဲဆိုရင် ဆန္ဒတွေပြည့်တဲ့ထိတော့ တင်ထားပေါ့ဗျာ။
အလွန်ကောင်းတဲ့ ပီယ ဓါတ် ဖြစ်ပါတယ်။ ယုံကြည်တယ်ဆိုရင်
လုပ်ကြည့်ပါလို့သာ ပြောပါရစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
photo&post by လောကီပညာပြန့်ပွားရေး

ဓာတ်တူ နံတူ အစီအရင်

” ဘာပဲ ပြောပြောပေါ့ ဆရာရယ် . .အစီအရင်ပေးတယ် ဆိုတိုင်းလည်း ကောင်းတာမဟုတ်ဘူး ဆိုတာ ကျွန်တော် အခု သဘောပေါက်လာပြီ . . .”
” အဲဒီလိုမျိုး လူတိုင်း သဘောပေါက်သင့်တာပေါ့ ဦးသန်းထွန်းအောင်ရယ် ၊ အဲသလို ပြောလို့ အဖြစ်အပျက်လေး တစ်ခုကို သွားသတိရတယ် ။ လင်မယား နှစ်ယောက် မတည့်လွန်လွန်း လို့ ဆိုပြီး သူတို့အစ်မတစ်ယောက်က ဗေဒင်သွားမေးတယ် ။ ဗေဒင်ဆရာက ဘာပေးလိုက်လဲ ဆိုတော့ ဖန်မီးအိမ် အခွံထဲမှာ သူတို့နှစ်ယောက်ရဲ့ အဝတ်အစားတွေ ထည့် ၊ တစ်နေရာရာမှာ ချိတ်ဆွဲထားဆိုပြီး ပြောလိုက်တယ် “
” ဖန်ပေါင်းချောင် ဆိုတဲ့ သဘောပေါ့ .. အင်း .. အင်း “
” အေးဗျာ .. အဲဒီလိုလား မသိပါဘူး ။ ကျွန်တော်တို့အမြင်ကတော့ ဖန်မီးအိမ်ပဲ ဖြစ်တယ်”
” ဟုတ်တယ်လေ .. ဖန်မီးအိမ်ပဲ ဥစ္စာ”
” အဲဒီ ဖန်မီးအိမ်ထဲ ထည့်ထားလို့လား မသိဘူး ။ ပြဿနာက အရင်က ထက် ပိုဆိုးကုန်တယ်။ ထုကြ ၊ နှက်ကြ၊ ရိုက်ကြတဲ့ အဆင့်အထိတွေ ဖြစ်ကုန်တယ်။ အပူထဲကို ထည့်တဲ့ပစ္စည်းဟာ အပူရှိန်ဟပ်မှာပဲ ဦးသန်းထွန်းအောင်”
” ဟုတ်တယ် ဆရာ ၊ ဟုတ်တယ် .. ဟုတ်တယ် “
” ပညတ်သွားရာ ဓတ်သက်ပါ ဆိုတဲ့ ရှေးပညာရှိကြီးတွေ စကား ဘယ်ပြေးမလဲဗျာ ။ မီးအိမ်ထဲ ထည့်မှတော့ မီးလိုပဲ ပူတော့မပေါ့ ။ ရေထဲ ထည့်တာမှ မဟုတ်ဘဲ ။ “
” ခုခေတ်ကတော့ ဆရာရယ် ၊ ပါးစပ်ထဲ တွေ့တာကို ဓာတ်သဘောလို့ယူနေပြီနဲ့တူပါရဲ့၊ ဆရာ ခုနက ပြောသလို “ပေါင်းချောင်” ဆိုရင် သူတို့ဘာယူမလဲ ၊ ချောင်ချောင်လည်လည် နဲ့ ပေါင်းသင်းရမယ်လို့များ ယူကြသလား မသိဘူးနော် “
” အမှန်က အသုံးတည့်အောင် အကြောင်းကို စဉ်းစားတတ်ဖို့ပဲ လိုပါတယ်ဗျာ ။ အကြောင်းကိုမှ မစဉ်းစားတတ်ရင် အကျိုးကို ဘယ်လို လုပ်ပြီး ရှာဖွေတွေ့ပါ့မလဲ ။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ရှာဖွေခဲ့တာကို ပြောပြမယ်။ အမှန်ကတော့ အာစရိယဝါဒရဲ့ ပညာရိပ်အောက်ကပဲ ရှာဖွေ သုတေသနပြုခဲ့ရတာပါ။ ကိုယ်က ကိုယ့်ဉာဏ်နဲ့ကိုယ်ထွင်ပြီး ရှာခဲ့တာ မဟုတ်ပါဘူး ။ ဘယ်လိုလဲဆိုတော့ အခုပြောနေတဲ့ ဓာတ်တူ နံတူ ပညာခန်း နဲ့ အကျုံး ဝင်နေလို့ ပဲ ဆိုပါတော့ ။ ကျွန်တော်ကတော့ မိတ်ဆွေတွေ တော်တော်များများကို သူတို့ရဲ့နာမည်အတိုင်းပဲ ဘုရားရှင်ကို ပူဇော်ခိုင်းတယ် “
” ဘယ်လို ဆရာ ၊ ရှင်းမလိုလိုနဲ့ရှုပ်သွားသလားလို့”
” ဒီလို ဒီလို . . . ကျွန်တော် လူတစ်ယောက်ကို ခင်ခဲ့ဖူးတယ်။ ဦးသန်းထွန်းအောင် သိတဲ့အတိုင်းပဲ ကျွန်တော်က သံယောဇဉ် သိပ်ထားတတ်တာ မဟုတ်ဘူး ။ ထားမိပြန်ရင် အဲဒီလူကို ဘယ်လို အောင်မြင်အောင် ဆွဲခေါ်ရမလဲ တွန်းတင်ရမလဲ ဆိုတာပဲ ကြည့်နေတာ ။
အဲ . . .အဲဒီလူကိုတော့ ခင်ခဲ့ဖူးပါတယ်။ သူ့ခမျာ ဘာလုပ်လုပ် သိပ် အပေါက်အလမ်း မတည့်ချင်ဘူး ။ လုပ်သမျှ ချော်လိုက် ၊ လွဲလိုက်၊ သူများ လိမ်လိုက် ၊ ကုန်လိုက်နဲ့ဘာမှ လုပ်လို့ မဖြစ်ဘူး ။ ဒါပေမယ့် သူ့ခမျာ ပျော်ပျော်ပဲ ၊ သနားဖို့သိပ်ကောင်းတယ် ။ စိတ်ကောင်း အရမ်းရှိတဲ့လူဗျ ။ သူ့နာမည်က ကိုအုန်းတင် တဲ့ ။ ကျွန်တော် သူ့ကို ဘာလုပ်ခိုင်းလဲဆိုတော့ အုန်းသီး လှလှတစ်လုံးကို ဘုရားပူဇော်ခိုင်းထားတယ် ။ အမြဲပေါ့ဗျာ ။ “
” အုန်းသီး နွမ်းရင်တော့ လဲပေါ့ “
” အင်း . . နွမ်းရင်တော့ လဲပေါ့ ။ နာမည်က အုန်းတင် ကိုး ။ အုန်း တင်ထားလိုက်တာပေါ့ “
” သြော် . . အုန်းတင် . . . ဟဲဟဲ . . လှတယ်ဆရာ “
” နောက်ပြီး . . . ကျွန်တော်က စဉ်းစားတယ်ဗျ ။ အုန်းတင်တယ်ဆိုတာ အထက်ဆောင်တဲ့ နိမိတ် ၊ အုန်းဆွဲ ချ တာမဟုတ်လို့ အုန်းတင်ရင် ကောင်းအောင် တင်ရမယ် ။ လဲပြုနေရင် ကောင်းတဲ့ နိမိတ် ဖြစ်ပေါ် မလာနိုင်တော့ဘူး ။ ဒါဖြင့် အုန်းကို မလဲအောင် ကြွက်မြီးက အစ လှလှပပ ထောင်နေအောင် ဘယ်လို လုပ်မလဲ စဉ်းစားလိုက်တော့ အုန်းသီးထောင်ဖို့ အုန်းတင်ရဲ့ နံတူ အင်တုံ ကို သွားတွေ့တော့တယ် ။ ဒါကြောင့် ဘုရားစင်ရှေ့ ဘေးနားလေးမှာ ခုံလေး တစ်လုံးနဲ့အင်တုံ အသစ်ကလေးပေါ်မှာ အုန်းတင်ထားခိုင်းလိုက်တော့တယ်။ “
” ဓာတ်တူ နံတူ ပဲနော် “
” ဒါဟာ . . . ဓာတ်တူ နံတူ မဟုတ်သေးဘူး ဦးသန်းထွန်းအောင်ရဲ့ ။ နံတူပဲ ရှိသေးတယ်။ အင်တုံလေးနဲ့အုန်းသီးလှလှ နဲ့ အမြဲတမ်း လှပနေတော့တာပေါ့ဗျာ ။ အဲဒါပြီးတော့မှ သူ့ကို ခိုင်းလိုက်တယ် ။ခင်ဗျား ဟာ မနက်ရော ညရော ဖယောင်းတိုင် ထွန်းပြီး ဘုရားကို ပူဇော်ရမယ်။ မပြတ်ရဘူးလို့။ ဒါကတော့ မီးနဲ့ပူဇော်ခိုင်းလိုက်တာပေါ့ဗျာ ။ “
” ဘုရား မီးလုံးထွန်း ပူဇော်တာမျိုး မဟုတ်ဘူးပေါ့ “
” မဟုတ်ဘူး ၊ မီးထွန်းညှိပြီး ပူဇော်ခိုင်းတာ ၊ ဦးသန်းထွန်းအောင် စဉ်းစားကြည့်လိုက်လေ ၊ သူ့ နာမည်က အုန်းတင် မို့လား “
” ဟုတ္ကဲ့ “
” ကျနော်ကတော့ အန္တော (၁-၀) ကို လှမ်းမြင်လိုက်တာပေါ့ ။ အဲဒါမှ နံတူလို့လည်း ပြောလို့ ရသလို ၊ ဓာတ်တူလို့လည်း ပြောလို့ရတယ် ။ ဒါကြောင့် အန္တောဆိုတဲ့မီးထွန်း ပူဇော်ခိုင်းလိုက်တာပေ့ါဗျာ ။ အန္တောဆိုတဲ့ သဘော သတ္တိကလည်း ဦးသန်းထွန်းအောင် မြင်တဲ့အတိုင်းပဲ ၊ တနင်္ဂနွေမြင်တိုင်း အန္တောလို့အော်နေလို့ပြည့်စုံတာ မဟုတ်ဘူး ၊ အန္တော ပြည့်စုံရာ ပြည့်စုံကြောင်းဖြစ်ဖို့ တနင်္ဂနွေရဲ့ ဓာတ်ဖက်ဖြစ်ရာ ဖြစ်ကြောင်း စနေက ရှိပေးရမယ်လေ ။ မီးခဲနဲ့မီးတောက်ရှိမှ အန္တော ဆိုတဲ့ ဓာတ်ဖက် ပြည့်စုံရာ ပြည့်စုံကြောင်း ဖြစ်တော့မပေါ့ ။ ဒါကြေင့် ဖယောင်းတိုင် ထွန်းပြီး ဘုရားရှင်ကို ပူဇော်ခိုင်းလိုက်တာပေါ့ ။ ဖယောင်းတိုင် ထွန်းပြီး ဘုရားရှင်ကို ပူဇော်ခိုင်းတယ် ဆိုတာကလည်း မပျင်းအောင် ပေါ့ဗျာ “
” ဗျာ “
” သြော် . . . မပျင်းအောင်ပေါ့ ။ ဘယ်လို မပျင်းအောင်လဲ ဆိုတော့ ၊ ရိုးရိုး ဘုရား မီးလုံးနဲ့ဆိုရင် ခလုတ်ကလေး နှိပ်လိုက်ရင် ပြီးပြီ ။ ဘာမှ ဆက်မလုပ်ချင်တော့ဘး ။ အချိန်တန်ရင် မိုးချုပ်ရင် ဘုရားမီး ဖွင့်လိုက်ရင် ပြီးပြီ ။ တစ်ခါ တစ်ခါ လူကြုံနဲ့တောင် ဖွင့်ခိုင်းကြတယ်။ ” ဟေ့ . . ဘုရားမီး ဖွင့်လိုက်ပါဟေ့ ” ဆိုပြီး လူကြံုနဲ့ဖွင့်ခိုင်းကြတယ်။ ဒါပဲ ပြီးပြီ။ စကားပြော မပျက်ဘူး “
” ဟုတ်တယ် ၊ ဟုတ်တယ် “
” အဲ . . အဲသလိုမျိုးတွေ အများကြီး ၊ ကျွန်တော်ကတော့အဲဒီလို ပျင်းတာ မကြိုက်လို့ ဘုရားရှင်ကို ဖယောင်းတို မီးထွန်းပြီး ပူဇော်ခိုင်းတာ များပါတယ်။ ခုန ကိုအုန်းတင်ကျတော့ အန္တောသဘော ဖြစ်တဲ့ မီးခဲ မီးတောက် ပါတယ်လေ။ မီးသီးထွန်း ပူဇော်တာမျိုးကတော့ အရောင်လင်းတာပဲ ရှိပါတယ် ။ ဖယောင်းတိုင် ထွန်း ပူဇော်ခိုင်းတာက ပိုပြီး ပြည့်စုံသွားမလားလို့”
” ဟုတ္ကဲ့ “
” ဒီလို . . . ဆန္ဒ မပါတဲ့ကုသိုလ်စိတ်နဲ့လှူဖို့ တွေးနေတာကိုက ကောင်းသော စိတ်ကို အဖန်တစ်လဲလဲ ပွားထုံနေခြင်းလို ဖြစ်နေပြီနော် ဆရာ “
” မှန်တာပေါ့ “
” နံတူ ပညာခန်း သင်ရတာ ဒိပြင်ဟာတော့ မသိဘူး ။ ခုပြောတဲ့ ကုသိုလ်စိတ် ပွားနေရတာကိုက မြတ်နေပြီ။ နံတူ စွန့်ထုတ်ရတာပဲ ဖြစ်ဖြစ် ၊ နံတူ တင်လှူရတာပဲ ဖြစ်ဖြစ် ကောင်းမှု ကုသိုလ်က ကောင်းမှုကုသိုလ်ပဲ ။ စိတ်ထားတတ်ရင် ပြောပါတယ် “
” ဟုတ်တယ် ဦးသန်းထွန်းအောင် ၊ ဒီပေါ်မှာ အာရုံစိုက်နေရတာနဲ့တင် အကုသိုလ်စိတ်က တော်ရုံ ဝင်မလာတော့ဘူး ။ ဒါကြောင့်များ ရှေး ပညာရှိကြီးတွေက ‘ ဓာတ်တူ နံတူ ဆေးဖက်ယူ ‘ လို့များ မိန့်ဆိုခဲ့ကြတာလား မသိပါဘူး ။ “
” ဓာတ်တူ နံတူ ဆေးဖက်ယူ ၊ နံတူသတ်က . . . “
” နေဦး ၊ ဆေးဖက်ပဲ ယူဦး ၊ နံတူသတ်တာကို စိတ်မဝင်စားလိုက်နဲ့ဦး ၊ အဲဒါက အကုသိုလ် များနိုင်တယ်။ “
” ဟုတ္ကဲ့ “
” ခု ပြောခဲ့တဲ့ အထဲမှာ နံတူ စွန့်ထုတ်တာတွေ၊ နံတူကပ်တာတွေ ၊ နံတူ ဖြစ်တဲ့ ဘုရားစေတီ ပုထိုးများမှာ ကောင်းမှု ကုသိုလ်တွေ ဆက်ဆက်ပြုရတာမျိုးတွေကို ဦးသန်းထွန်းအောင် အတိုင်းအတာ တစ်ခုလောက် အထိတော့ နည်းနည်း သဘောပေါက်လောက်ရောပေါ့ . . “
” ပေါက်ပါတယ် ဆရာ”
” ပေါက်ရင် နံတူပညာခန်းမှာ အတွေး အခေါ် အယူအဆ မလွဲသင့်တာလေးတွေ နည်းနည်းပြောချင်တယ် ၊ ဥပမာ အနီးဆုံး ပြောရရင် စောင်ချမ်းသားကို ဇော်ဂျီ ဆေးကြိတ် တဲ့ ပုံထုပြီး စျေးခေါ် အဖြစ် ဆောင်ကြတဲ့ နံတူမျိုးပေါ့ ။ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . သီလ သမာဓိ နည်းပါးပြီး စီးပွားဖြစ်ချင်တဲ့ လောဘတစ်ခုတည်းကို ဦးတည်နေတဲ့ လူသားက ဆေးဝိဇ္ဖာကို ခိုင်းနိုင်ပါ့မလား ။ စျေးရောင်းခိုင်းနိုင်ပါ့မလား ဆိုတာလေးကိုပါပဲ ။ အဲဒါလေးတွေတော့ သတိထားသင့်မလားလို့။ “
” အင်း . . . ဟုတ်တယ်နော် ။ ဒါလေးတွေတော့ သိထားသင့်တယ် “
” ဒါကြောင့် နံတူပညာခန်းကို စဉ်းစားတော့မယ်ဆိုရင် စဉ်းစားစရာတွေက တစ်ပုံကြီးပဲ ။ နံတူကတော့ လွယ်တယ် ။ ရှောင်ဖို့ဆောင်ဖို့သာ ခက်တာ။ အခု ပြောသလိုပေါ့ဗျာ ။ စျေးခေါ် ဆိုရင် ဇော်ဂျီ ဆိုတဲ့ ” အင်္ဂါ တနင်္လာ ” တွဲ နံတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား ။ ဒီလိုပဲ ငွေဝင်ဖို့ဆိုရင် ငွေဝင်အောင် ခေါင်းလောင်း တို့၊ ကရွတ် တို့၊ ကလပ် တို့ ၊ ကောက်ရိုး တို့၊ ခြင်းလုံး တို့၊ ချိုလိမ်တို့၊ ကြောင်လျှာ တို့၊ ခရေ တို့၊ ခရု တို့၊ ကရား တို့ဆိုတာတွေ တနင်္လာနံ နဲ့ဗုဒ္ဓဟူး နံ တွဲတာတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား ။ “
” အဲဒါတွေ ဘာလုပ်ရမလဲ ဆရာ”
” လုပ်ကြည့်လေ ၊ ကြားဖူး ဖတ်ဖူး မှတ်ထားဖူးတာမျိုးတွေ၊ သူပြော လူပြောတွေကို လိုက်လုပ်ကြည့် ဖြစ်မလားလို့ တစ်ကယ်ရော ငွေဝင်မလားလို့၊ ” တနင်္လာ နဲ့ဗုဒ္ဓဟူး ” တွဲလျက်နံကို အဲဒီလို အထပ်ထပ် လုပ်လိုက်ရုံနဲ့ငွေဝင်ရမယ် ဆိုရင်တော့ဗျာ ။ ကျွန်တော် ဘာမှ လုပ်မနေတော့ဘူး။ ဘာမှလဲ ရွတ်ဖတ်မနေတော့ဘူး။ ဘယ်ကောင်းမှု ကုသိုလ်ကိုမှလဲ မလုပ်တော့ဘူး ။ ကလပ်ပေါ် ခေါင်းလောင်းတင်ပြီး ခရေ ခက်နဲ့ ရိုက်နေတော့မယ်။ နေ့ တိုင်းလုပ်ပါ့မယ်။ မပျက်စေရဘူး ။ ဘယ့်နှယ် ဖြစ်ပါ့မလား ။ “
” ငွေဝင်အောင် တစ်ဖက်ကလည်း သမ္မာအာဇီဝ ကျကျ ကြိုးစား ၊ ဇွဲတို့၊ လုံ့လတို့၊ ဝီရိယ တို့နဲ့ ကြိုးစားမှ ငွေဝင်ခြင်းဆိုတာ ဖြစ်လာနိုင်မှာပါ ဆရာရယ် ။ “
” ဟုတ်တာပေါ့ ၊ ဒီလို မကြိုးစားဘဲ ဘာလုပ်မှာလဲ ။ ခုပြောနေတာ “ငွေဝင်” ဆိုတဲ့ စကားလုံး နဲ့ နံတူ ရိုက်တာတွေကို ပြောနေတာနော် ။ ဒါဖြင့် ကောင်းပြီ ။ တကယ်စွမ်းပြီ ဆိုကြပါစို့ ။ အဲဒီလို အစီအရင်တွေ လုပ်ပြီး သူများဆီမှာ ပိုက်ဆံ သွားတောင်းလို့ ငွေဝင်တာမျိုးတော့ ကျွန်တော် မကြိုက်ဘူး ။ ဒါ မဖြစ်သင့်ဘူး ။”
” ဟုတ်တယ် ဆရာ “
” ဒါကြောင့် စီရင်ခြင်း ဆိုတဲ့ရှေ့မှာ “ရိုးသားစွာ” ဆိုတဲ့ စကားလုံးကို ကျွန်တော်က အမည်သညာ တပ်လိုက်ချင်ပါတယ် ဦးသန်းထွန်းအောင် ရယ် ။ မကောင်းဘူးလား “
” ကောင်းပါတယ် “
” နံတူထားတယ် ဆိုတာကတော့တချို့ကောင်းတာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ဆို နာမည်တွေကိုပဲ ချောင်းနေတာ ။ နံတူ ဘယ်လို ထားပေးရမလဲဘဲ ကြည့်နေတာ ။ မိတ်ဆွေ တစ်ယောက်ရှိတယ်။ ဦးသန်းထွန်းအောင်လည် း သူ့ကို သိပါတယ်။ ကိုရွှေအုန်းတဲ့။”
” သြော် ဟုတ်ကဲ့ “
” သူ့အိမ်ရှေ့မှာ တွေ့လား ကျွန်တော်ထားတာ ။ အုန်းသီးကို ရွှေရောင်သုတ်ပြီး အဲဒီ ရွှေအုန်းကို မြင့်တဲ့ နေရာလေး တစ်နေရာမှာ ဒီတိုင်း တင်ထားတာ “
” ဟုတ်ကဲ့ . . .ဆရာ သူ့ကို ရွှေမချခိုင်းဘူးနော် “
” အုန်းသီးကိုလား “
” ဟုတ္ကဲ့ “
” ကျွန်တော်ကတော့ ဘုရားရှင်ကို ရွှေပြားကပ်လှူ ပူဇော်တာကလွဲရင် ကျန်တာ ရွှေချတာ သိပ်မကြိုက်ဘူး ။ အထူးသဖြင့် အဲဒီလို စီရင်တာမျိုးတွေမှာ ရွှေချတာ ပိုပြီး မသုံးချင်ဘူး ။ ဒါကြောင့်ရိုးရိုးပဲ ရွှေရောင် သုတ်ခိုင်းလိုက်တယ် ။ ကိုရွှေအုန်းနေတာ ချောင်ကြို ချောင်ကြားမှာနော် ။ ဒါပေမယ့် သူ့စာအုပ် အငှားဆိုင်ဟာ မိုးချုပ်တာနဲ့ ကြိတ်ကြိတ်တိုးနေတာ ဦးသန်းထွန်းအောင် မြင်တဲ့ အတိုင်းပဲ ။ လာတဲ့လူတိုင်းကလည်း အိမ်ဝရန်တာကို မော့ကြည့်လိုက်တာနဲ့တင် ရွှေအုန်းကြီးကွ။ လှလိုက်တာ ဆိုပြီး ပြောသွားကြတာ များတယ် ။ ရွှေအုန်းကြီး လှမနေဘူးလား “
” လှနေပါတယ် ။ ရွှေအုန်း လှနေပါတယ် ။ “
” လှခြင်းဟာ ဣဋ္ဌ ပဲလေ။ ကိုရွှေအုန်းကို အတိုင်းအတာ တစ်ခု အထိတော့ အကျိုးပေးပြီပေါ့ ။”
” မွေးနံကို လှအောင်ထားတဲ့ သဘောလည်း သက်ရောက်သွားသလို ပေါ့နော် ဆရာ ။ မွေးနံဆိုတာထက် ဟို . . နံတူ ကို လှအောင် ထားတဲ့ သဘောပေါ့ ။”
” အဲဒါက ပိုမှန်တယ် ။ နံတူကိ ုလှအောင် ထားတယ် ဆိုတာက ပိုမှန်မယ်။ အဲဒီလို နံတူကို လှအောင် ထားတာနဲ့ပတ်သက်ပြီး သတိရတာလေး တစ်ခု ပြောပြဦးမယ်။ အမျိုးသမီးတစ်ယောက် တွေ့ဖူးတယ် ။ ဒေါ်စံပယ်တဲ့ ။ သူ့အိမ်ရှေ့မှာ စင်တွေ ထိုးပြီး စံပယ်ပင်တွေ စိုက်ထားတာ အုံကြီးကို ဖြစ်နေတယ် ။ ပွင့်လိုက်ရင်လည်း လှမှလှ ၊ ဝေနေတာပဲ ။ ပတ်ဝန်းကျင် တစ်ခုလုံး မွှေးကြိုင်သင်း နေတာပဲ။ အဲဒီလို စံပယ်ပန်းတွေ ဝေနေတဲ့ ရာသီမျိုးဆိုရင် သူ့အိမ်က ဘုရားဆောင်တစ်ခုလုံး ဖွေးဖွေးလှုပ်အောင် ပူဇော်ထားတာဗျာ . . သင်းပျံ့နေတာပဲ ။ ဒေါ်စံပယ်ဟာ အိမ်ထောင်ရေး သောကလည်း မကြားမိဘူး ။ စီးပွားရေး ကြောင့်ကြတာလည်း မတွေ့မိဘူး ။ မချမ်းသာပေမယ့် ပြည့်စုံတယ် ။ သိပ်ပြီး ပူရပင်ရတာ မတွေ့ရဘူး ။ အဲဒီလိုမျိုးတွေ အများကြီး တွေ့ဖူးတယ် ။ဒါပေမယ့် ဒေါ်စံပယ်ရဲ့ အဖြစ်က ထင်ရှားတယ် ။ ကျွန်တော် သတိထားကြည့်ခဲ့မိတဲ့သူတွေ တော်တော်များများမှာ ဒေါ်စံပယ်ဟာ ထူးခြားတယ်။ သူ့လုပ်ရပ်က နံတူကို လှပဝေဆာတင့်တယ် အောင် စိုက်ထားရုံတင်မကဘူး ။ တင်လှူပူဇော်ခြင်း ဆိုတဲ့ ကုသိုလ်ကိုပါ ဆက်တာကိုး “
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ဒါပေမယ့်နော် နံတူတိုင်း ကံမကူနိုင်ဘူး ။ အဲဒါကိုတော့ မမေ့လေနဲ့။ နံတူတိုင်း ဖြစ်စဉ် မတူနိုင်ဘူး ။ ကျောင်းဆရာကြီး ဦးဖိုးထွန်း ရှိသလို လူဆိုးကြီး ဦးဖိုးထွန်း လည်း ရှိတာပဲ။ တောပုန်းကြီး စံဖဲ ရှိသလို ဘုရား ဒါယကာကြီး ဦးစံဖဲ လည်း ရှိတာပဲ ။
” ဟုတ္ကဲ့ဆရာ “
ဦးသန်းထွန်းအောင်ကို တောက်လျှောက်ပြောလာခဲ့တာတွေက နံတူ ပညာခန်းတွေ ဖြစ်လို့ ဘာပဲ ဖြစ်ဖြစ် တွေးခေါ်မှုတွေ ရှိကို ရှိနေရမယ် ။ လူတစ်ယောက် ဟာ ဒုက္ခရောက်နေရင် အခက်အခဲဖြစ်နေရင် သူ့ရဲ့နံတူကို ဘယ်လိုလုပ်မှာလဲ ။ ဘာလုပ်မှာလဲ ။ စွန့်ထုတ်မှာလား ။ တင်လှူမှာလား ၊ အနိဋ္ဌ လုပ်မှာလား ။ ဣဋ္ဌ လုပ်မှာလား ။ အဲဒါ သိပ်အရေးကြီးတယ်နော ။ ကောင်းနေတဲ့ လူကို မကောင်းတာ သွားခိုင်းလိုက်ပြန်ရင် လည်း ဘဝတစ်ခုလုံး အပြောင်းအလဲ ဖြစ်သွားနိုင်တယ် “
” ဘယ်လို ကောင်းနေတဲ့ လူကို မကောင်းတာ ခိုင်းတာလဲ ဆရာ”
” ကျွန်တော်တို့ရပ်ကွက်နဲ့မနီးမဝေး ရပ်ကွက်တစ်ခုမှာ အမျိုးသမီးတစ်ယောက် ကို အဲသလို အစီအရင်မျိုး လုပ်ခိုင်းလို့ဒုက္ခရောက်သွားတာ သိပ်တောင် မကြာသေးဘူး . . . ပူပူနွေးနွေးကြီး ။ ပြောပြဦးမယ် . . ဂျုံကို အဲဒီအမျိုးသမီးရဲ့ပုံစံတူ အရုပ်လုပ် ၊ အဲဒီ အမျိုးသမီးရဲ့လက်သည်း ခြေသည်း ဆံပင်တွေကို နေရာတကျ ထည့် ၊ ပြီးတော့ သူ့ရဲ့ ဘုမ္မိ ကျတဲ့အရပ်မှာ သွားမြှုပ်ခိုင်းတယ် ။ ဘေးက လူတွေကို ငိုခိုင်း သတဲ့ “
” ဟာ တကယ့်ကို အနိဋ္ဌ ပဲ”
” ဟို အမျိုးသမီး ခမျာ သူ့အိမ်နောက်ဖေးအဆင့် ကျိုးကျပြီး ခြေကလန့်သလို ဖြစ်သွားလို့ ခြေကျိုးပြီး ဆေးရုံရောက်သွားတယ် “
” တော်တော်ဆိုးတဲ့ လူတွေပဲ “
” မီးဖိုချောင် ဖြစ်စေ ၊ ရေကပြင် ဖြစ်စေ နဂိုမူလ ကတည်းက ဆွေးရင်လည်း ဆွေးနေပါလိမ့်မယ်။ နွမ်းပါးတဲ့ အုပ်စုမှာ ပါတော့ မကြာခဏလည်း မပြင်နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ် တစ်နေရာတည်း ကွက်ပြီး သံပြုတ်တာတို့သစ်သား ဆွေးတာတို့၊ ကျိုးနေတာတို့ဖြစ်ချင်လည်း ဖြစ်နေမယ် ။ ဒါပေမယ့် အဲဒီလို အနိဋ္ဌ ယတြာလုပ်ပြီးမှ ဘာလို့ အဲဒီ အမျိုးသမီး ခြေလွတ် လက်လွတ် ပြုတ်ကျရသလဲ ။ ဘာလို့ ဆေးရုံရောက်သွားရသလဲ ။ ဒါ တွေးတောရတော့မယ့် အပိုင်း ရောက်လာပြီ “
” ဟုတ္ကဲ့ သူက ဘာလို ့အဲဒီ အနိ႒ ယၾတာကို ေခ်ရတာတဲ့လဲ ဆရာ”
” သူ သွားတဲ့လူဆီကို သွားတုန်းကတော့ထီပေါက်ချင်လို့ ငွေကံတွေ ပွင့်ချင်လို့တဲ့ဗျာ “
” ဟင် ၊ အဲဒီ အနိဋ္ဌ ယတြာနဲ့ဘာဆိုင်လဲ “
” သြော် . . .ဦးသန်းထွန်းအောင်နှယ် . . သိတယ်မို့လား . ကောင်းနေတာကို မကောင်းပြောမယ်။ မကောင်းပြောပြီးရင် လန့်သွားမှ ခိုင်းစရာရှိတာ ခိုင်းမယ် “
” သြော် သိပြီ သိပြီ ။ သဘောပေါက်သွားပြီ ဆရာ”
” အဲဒီလို လူမျိုးတွေနဲ့တွေ့လိုက်လို့ကတော့သွားပြီ။ အားကိုးတကြီးနဲ့သွားတဲ့ ကာယကံရှင်ခမျာ အကုသိုလ် အလုံးအရင်း ကို ငွေနဲ့ဝယ်ယူလိုက်ရသလိုပဲ ဖြစ်တော့မယ် သာမှတ် “
” ထီပေါက်ချင်တာနဲ့ပဲ ပြေးရတယ်လို့”
” လူတွေကလည်း ဗျာ ၊ သိတယ်မို့လား ။ ထွက်ပေါက်ပေါ့ဗျာ ။ ထီလေးများ ပေါက်မလား ဆိုပြီး အားကိုး တစ်ကြီးနဲ့ပြေး ၊ ဟိုရောက်တော့ … အင်း .. .အကုသိုလ်တွေ များနေတယ် ။ အဲဒီ အကုသိုလ်တွေ များနေလို့ငွေကံတွေ မဝင်နိုင်ဘဲ ပိတ်ဆို့နေရတာ ၊ အဲဒီ အကုသိုလ်တွေကို အရင် ရှင်းပစ်ရမယ် ။ ဘာညာဆိုပြီး ပြောရောဆိုပါတော့ ။ ကာယကံရှင်ကလည်း ထီက သိပ်ပေါက်ချင်တာကိုး ။ ထီသာ ကျိန်းသေ ပေါက်မယ်ဆိုလို့ကတော့အကုသိုလ် ရှင်းပစ်ရုံတင်မကဘူး ။ သူ့တစ်ကိုယ်လုံးပေါ်ပဲ တံမြက်စည်းပဲ လှည်းရ လှည်းရ ၊ ငြိမ်ခံနေမယ့် သဘော ရှိတယ် ။
ဒါမျိုးတွေပေါ့ ဦးသန်းထွန်းအောင်ရယ် ဣဋ္ဌနှစ်မှာ အနိဋ္ဌ လုပ်လိုက်မိရက်သား ဖြစ်သွားလေတော့ သွားတော့တာပေါ့ ။ ဒါဟာ နံတူကို စိရင်တိုင်း ကောင်းလား မကောင်းလား ဆိုတာကို ချင့်ချင့်ချိန်ချိန် သိနိုင်အောင်လို့ပြောပြတာ ။ ဒါကြောင့်မို့ လူတစ်ယောက်ဟာ အခက်အခဲဖြစ်နေရင် ဒုက္ခရောက်နေရင် သူ့ရဲ့ နံတူကို ဘယ်လို လုပ်မှာလဲ ။ ဘာလုပ်မှာလဲ ။ စွန့်ထုတ်မှာလား ။ တင်လှူမှာလား ။ အနိဋ္ဌ လုပ်မှာလား ၊ ဣဋ္ဌ လုပ်မှာလား သိပ်အရေးကြီးတယ် ။ ခု ပြောခဲ့တာကို လေ့လာကြည့် ။ ကောင်းနေတဲ့သူကို မကောင်းတာ သွားခိုင်းလိုက်လို့ကတော့ ထိပြီသာမှတ် ။ “
” ဟုတ်တယ်ဆရာ ဟုတ်တယ် ။ လူအတော်များများ လုပ်တတ်ကြတယ် “
” လုပ်တာပေါ့ ၊ သင်္ချိုင်းကုန်းမှာ နံတူလုပ်ပြီး သွားမြှုပ်တာတွေ၊ ဘုမ္မိအရပ်ဆိုတဲ့ နေရာမှာ နံတူလုပ်ပြီး သွားမြှုပ်တာတွေ အများကြီးပဲ ။ အဲဒီ အနိဋ္ဌ အလုပ်တွေကတော့ ကောင်းသွားတာတို့ဘာတို့သိပ်မကြားမိဘူး ။
ကျွန်တော် သိသလောက် ကျွန်တော့် ဉာဏ်လေးနဲ့ပြောရရင်တော့ ဒီလို ငိုယိုပြီး သချင်္ု ိင်းတို့၊ ဘုမ္မိတို့မှာ သွားမြှုပ်ခိုင်းတဲ့ လုပ်ရပ်တွေဟာ ကောင်းပါ့မလားလို့။ ဘာလို့လဲဆိုောတ့ ပလောင်သားကျူး တို့ဘာတို့မှာ ငိုယိုပြီး စီရင်ရတာတွေ ပါတယ်လေ။ ဒါတွေကျတော့ အကောင်းစီရင်တဲ့ အတတ်တွေမှ မဟုတ်ဘဲ “
” ဟုတ်ကဲ့ပါ ဆရာ ၊ တော်တော်ဆိုးတယ် ။ တော်တော်ကြမ်းတယ်လို့ကြားဖူးပါတယ် ။ အဲဒီ ပလောင်သားကျူး”
” အဲဒါတွေလည်း နံတူနဲ့စီရင်ထည့်လိုက်တာတွေပဲ ဦးသန်းထွန်းအောင် ရဲ့ ။ သူက ငိုယိုပြီး ဂါထာရွတ်တာပဲ ကွာတယ်။ ဒါကြောင့် လွယ်လွယ်ပြောလို့ရပေယ့် တော်တော်ကြီး သတိထားရမယ့် ပညာ ခန်း ဟာ ‘ဓာတ်တူ နံတူ’ ဆိုတဲ့ ပညာခန်း လို့ကျွန်တော် ပြောပြောနေတာပေါ့ “
ပြောတော့သာ လွယ်တာ ‘ ဓာတ်တူ နံတူ ဆေးဖက်ယူ နံတူသတ်က အသေရ ‘ ဆိုပြီးတော့သာ ပြောနေလို့လွယ်လွယ် သိကြရတာ ၊ ဘယ်ဓာတ်နဲ့ဘယ်ဓာတ်က တူလို့ဓာတ်တူတာ ၊ ဘယ်နံ နဲ့ဘယ်နံ နဲ့တူလို့နံတူတာ ဆိုတာကတော့ နည်းနည်း နက်သွားပြီး ဦးသန်းထွန်းအောင် “
“ဟုတ္ကဲ့ “
” ပညာကတော့သူ့ဟာသူ ရှိနေတဲ့ ပညာပေါ့ ဦးသန်းထွန်းအောင်ရယ် ။ ဒီပညာနဲ့ မဟုတ်တာလုပ်ရင်တော့မဟုတ်တာဘဲ ဖြစ်သွားမှာပေါ့ ။ ဟုတ်တာလုပ်ရင် ဟုတ်တာဖြစ်မှာပေါ့ ။
ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား) လက်တွေ့အင်္ဂဝိဇ္ဖာ မှ ကောက်နှုတ်ချက်များ
ဆရာဦးမောင်မောင်သန်းအား ဦးခိုက်ရှစ်ခိုးလျက်
ငြိမ်းအေးလူ ဗေဒင်သုတေသီ

မိန်းကလေးတွေ ..မိန်းကလေးတွေ …သတိထား

တိုးတက်ခေတ်မီလာသော ယနေ့ ခေတ်အခါသမယတွင်၊ အရှက်ကွဲနည်းများမှာလည်း ခေတ်မီတိုးတက်လာသဖြင့်၊ အမျိုးကောင်းသားသမီးလေးများအတွက် ..အလွန်ဆင်ခြင်သတိထားဖွယ်ရာ အခြေအနေများ
အရင်းမရှိ ..အဖျားမရှိ ..ဘာကိုသတိထားရမည်နည်း ဟု မေးစရာအကြောင်းတော့ ရှိသည်။ ..ပညာခန်းတွေဘာတွေ ….သွယ်ဝှိုက်မနေချင်တော့ပေ။ ..လိုရင်းကိုသာ တိုက်ရိုက်ရေးသားရပါလျှင်..။
(မ) အက္ခရာ နှင့် (န) အက္ခရာ တို့ ဖြင့် အစပြုမှည့်ခေါ်ထားသော အမည်ရှင်မိန်းကလေးများ၊ မိမိတို့ ရင်သွေးငယ်များကို စသည်ဖြင့်သော အက္ခမျိုးတို့ ဖြင့် အစပြုမှည့်ခေါ်ထားသူများ…..၊ သတိပြုရှောင်ကျဉ်နိုင်စေရန် ယခုဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
အဆိုပါ အက္ခရာ နှစ်မျိုးစလုံးသည် အသားအရောင်မည်းခြင်း နက်ခြင်း ကိုသာ နှစ်သက်သော အက္ခရာအမျိုးအစားများဖြစ်ကြပြီး၊ မိန်းကလေးအများစုမှာ(အားလုံးနီးနီး) ၊ အသားမဖြူ ဖြူအောင် အလှကုန်ပစ္စည်းများအကူအညီဖြင့် ..ကြိုးစားနေကျသည်သာဖြစ်ရာ …..အလွန်မကိုက်ညီသော ….အဖြစ်အပျက်များသာ ဖြစ်ပွားနေကြရပေသည်။
အထူးသဖြင့် တိုးတက်ခေတ်မီလာသော ယနေ့ ခေတ်အခါသမယတွင်၊ အရှက်ကွဲနည်းများမှာလည်း ခေတ်မီတိုးတက်လာသဖြင့်၊ အမျိုးကောင်းသားသမီးလေးများအတွက် ..အလွန်ဆင်ခြင်သတိထားဖွယ်ရာ အခြေအနေများ နှင့် ရင်ဆိုင်နေရသော အခါသမယလည်းဖြစ်သည်။ အွန်လိုင်းပေါ်တွင် ..အရှက်တကွဲဖြစ်နေရသော မြန်မာမိန်းကလေးပေါင်းများစွာ ရှိနေပြီလည်းဖြစ်ခြင်းကြောင့် …ယခုရေးသားလိုက်သော ဆောင်းပါးပါ အချက်အလက်များကို သတိပြုဖတ်ရှုပြီး၊ ဆင်ခြင်သတိချပ်စေလိုပါသည်။
အသားဖြူသောမိန်းကလေးများတွင်(မ) အက္ခရာဖြင့် အစပြုပြီး၊ မိမိ၊ မီမီ၊ မီးမီး ..စသည်ဖြင့်မှည့်ခေါ်ထားခြင်းသည် ..တစ်ခုထက်တစ်ခု ပိုမိုပြီး အကျိုးထိခိုက်နိုင်သော အနေအထားဖြစ်သည်။ (မ) အက္ခရာ သည် အသားဖြူသော မိန်းကလေးများအား …ပတ်ဝန်းကျင်အသိုက်အဝန်းတွင် နာမည်ပျက်တတ်သော ….အနေအထားမျိုးကို ဖြစ်ပွားစေနိုင်သော အာနိသင်ရှိသည်။ အလွန်အနေအထိုင်ပိရိပြီး မိသားစုအသိုက်အဝန်းကောင်းတွင် မွေးဖွားလာသူ ဖြစ်သည့်တိုင်အောင် ….အနည်းငယ်သော အနေအထားမျိုးတော့ ကြုံရတတ်သည်သာဖြစ်သည်။ မူလဇာတာကောင်းပါမှ ..အထောင်းသက်သာသည်ကဲ့သို့ ….ကံချွတ်ချော်မှုကင်းဝေးနိုင်သည်။ အများအားဖြင့်မူ …..အရှက်ရကံမျိုး ကျရောက်ရန်လွယ်ကူသည်။ လုံးကြီးတင်ဆံခတ်သရသည် သူတစ်ပါးကြိုးကိုင် ခံရခြင်း၊ ဝန်ထုပ်ဝန်ပိုများ ဖိစီးခြင်း သောကဖိစီးခြင်းမျိုးကို ခံရတတ်သည်။ ဝတ်စပေါက် သရများသည် ..လုပ်ချင်ရာကို စွတ်ရွတ်လုပ်မိစေရန် တွန်းအားပေးတတ်သည်။
မိမိ နေထိုင်ရာ ပတ်ဝန်းကျင်တွင် .သတိပြုမှတ်သားကြည့်ပါက ..ယင်းအချက်များကို တွေ့ မြင်နိုင်ပေသည်။ (န) အက္ခရာသည်လည်း ထို့ နည်းတူအက္ခရာမျိုးဖြစ်သည်။ အသားဖြူခြင်းကို လုံးဝမနှစ်သက်သော အက္ခမျိုးဖြစ်သည်။ ဒုက္ခပေးနိုင်သော အစွမ်း ရှိသည်။ နီနီ၊ နိုင်နိုင်၊ နွေးနွေး၊ မှည့်ထားသော အသားဖြူဖြူ ၊ လတ်လတ် မိန်းကလေးများ ….အနေအထိုင်ပိုမိုကျစ်လစ်ရန်လိုသည်။ အတိမ်းအစောင်းမခံ။ အနေအထိုင်မပိပြားသူတို့အဖို့ ….ကံဇာတာတစ်ချက်ကလေး အားနည်းလိုက်သည် နှင့် ဒုက္ခရောက်ရတတ်သည်။ အထူးသဖြင့် ….မိဘများမှ ချစ်စနိုးပေးတတ်သည်မှာ အသားဖြူဖြူလေးမို့ …ရှေ့ က နေ (နှင်း) ထည့်ပြီး ၊ နှင်းသီတာ၊ နှင်းပွင့်၊ နှင်းနှင်းခိုင် ..စသည်ဖြင့် (နှင်း) ဟူသောစာလုံးဖြင့် မှည့်ခေါ်ထားခြင်းများကို မကြာခဏ တွေ့ ခဲ့ ရဘူးသည်။ မှည့်တော့ ဘာဖြစ်သတုန်း ဘုတောရန် အကြောင်းတော့ ရှိပါသည်။ ဘာမှတော့ ထူးထူးခြားခြား မဖြစ်တတ်ပါ။ လူကြီးမိဘကွယ်ရာ တွင် ..လက်မထပ်မီ ပေါင်းသင်းဆက်ဆံရခြင်းမျိုး အနဲဆုံးဖြစ်ပွားတတ်ရုံသာဖြစ်သည်။
ယင်း …(နှင်း) ဟူသော ဝေါဟာရတွင် …..ပါဝင်သော ဟထိုးသရ သည် …..ကာမကို အားပေးသည်။ မကောင်းပြုမိရန် လှုံ့ ဆော်ပေးနိုင်သည်။ အသားအရောင်မှားနေသည့် အထဲ …ဟထိုးသရအာနိသင်လည်းပေါင်းစပ်ခဲ့ သော်…..မိကောင်းဖခင်မှ မွေးဖွားခဲ့ သူပင်ဖြစ်ခဲ့ စေကာမူ …..၊ ယင်းအခြေအနေများဖြင့် ကြုံ တွေ့ ရတတ်ခြင်းရှိစေနိုင်သည်။
အလွန်မမှည့်သင့်သော အမည်အမျိုးအစားဖြစ်သည်။ ရှောင်နိုင်က ရှောင်ကို ရှောင်သင့်သော အမည်ပညတ်မျိုးဖြစ်သည်။
သရများတွင်လည်း …… ဟထိုး၊ လုံးကြီးတင်ဆံခတ်၊ အောက်ကမြစ်၊ နောက်သို့ပစ်၊ စသော …သရလေးမျိုးသည် …ဒုက္ခပေးနိုင်သော စွမ်းအားအများဆုံး သရများဖြစ်သည်။
ထို့ ကြောင့် ယခုဆောင်းပါးမှ ….အဓိကအားဖြင့် …အသားဖြူ၊ ဝါ ၊ လတ် သော …မိန်းကလေးများ၊ ကလေးမိဘများ၊ ယင်းအမည်များကို ..မှည့်ရန်စီစဉ်နေသူများ အား ..သတိပေးအပ်ပါသည်။ အထူးသဖြင့် …..အောက်ပါအမည်များကို ..အသားဖြူသူများ …မမှည့်ခေါ်သင့်ပါပေ။
အဓိကအားဖြင့်သတိပြုရန် ။ ။ မွှေး၊ မီ၊ မီး၊ မြင့်၊ မှုံ၊ နီ၊ နှင်း၊ နွယ်၊ နိုင်၊ အစရှိသည့် အမည်များ။
မကောင်းသောကံအကျိုးပေးမျိုးမှ ကင်းလွတ်နိုင်သည် ဖြစ်ကြပါစေသတည်း။
သုတေသီ ဝေသာလီမောင်ဖုန်း

မြန်မာလဆန်း ၂ ရက်နေ့မွေးဖွားသူများ အကြောင်း

မိမိသည် လဆန်း ၂ ရက်နေ့တွင်မွေးဖွားသူဖြစ်သည်ဆိုပါက အရာရာတွင်လိမ္မာ ပါးနပ်စွာလုပ်တတ်သည်။ အလွန်ပရိယာယ်ကြွယ်ဝသည်။ အလွန်အလှည့်အပတ်နားလည်သည်။ လူတစ်ဖက်သားကို နားဝင်ချိုအောင်ပြောဆိုတတ်ပါမည်။ မိမိဘက်မပါပါအောင် စွဲဆောင်နိုင်စွမ်းရှိပါမည်။ အထူးသဖြင့်စကားပြောကောင်းသည်။ ပီယဝါစာကောင်းပါသည်။ မိမိသည်
အမြဲတမ်းစည်းစည်းလုံးလုံးလုပ်တတ်ပါသည်။
မိမိတစ်ယောက်ထဲလုပ်ရခြင်းထက် အများနှင့် လုပ်ရခြင်းကိုပိုသဘောကျပါသည်။ ဝိုင်းလုပ်ဝိုင်းစား သဘောမျိုး ၊မိသားစုသဘောမျိုးကိုသဘောကျပြီးလုပ်တတ်ပါတယ်။မိမိက အလုပ်တစ်ခုကိုလုပ်ခါနီးတိုင်း သူများနှင့်အမြဲတမ်းတိုင်ပင်လုပ်တတ်ပါသည်။ ကောင်းမကောင်း အကျိုးရှိမရှိ တိုင်ပင်ပြီးမှလုပ်တတ်၍ အမှားအယွင်း မရှိတတ်ပါသည်။မည်သည့်အလုပ်ကိုမဆို စည်းကမ်းတကျလုပ်တတ်သည်။ မိမိက ကြားနေဆွေးနွေးပေးခြင်းကို အထူးဝါသနာပါသည်။ စည်းရုံးပေးရသောအလုပ်များ နှုတ်ဖြင့်လုပ်ရသောအလုပ်များ တွင် အထူးနာမည်ကြီးမည်။ ဆက်ဆံရေးပြေပြစ်မည်။
မိမိစကားကိုမဆို အူထဲအသည်းထဲက ပြောဆိုတတ်မည်။ အမြဲတမ်းတည်တည်ကြည်ကြည် ပြတ်ပြတ်သားသားပြောတတ်၍ လူအထင်ကြီးခြင်း ယုံကြည်အားကိုးခြင်း လေးစားခြင်းခံရမည်။
မိမိမှာတစ်ယောက်ကောင်းလုပ်ခြင်းထက် အများနှင့် တိုင်တိုင်ပင်ပင်လုပ်လျှင်
အထူးအောင်မြင်၍အကျိုးရှိမည်။ ကြီးပွားတိုးတတ်မည်။မိမိသည်စိတ်ကူးယဉ်ဆန်သည်။ မိမိ၏ အတိတ်အကြောင်း ပစ္စုပ္ပန်အကြောင်း အနာဂတ်အကြောင်းကိုအမြဲတွေးတောနေတတ်သည်။ အမြဲတမ်းဘာလုပ်ရရင် ကောင်းမယ်
ဘာကိုင်ရရင်ကောင်းမည်ဟုစဉ်းစားနေတတ်ပါသည်။ လက်တွေတွင်မိမိမလုပ်တတ်ပါ။
အမြဲသို့လော သို့လောနှင့်အမြဲတွေးတောနေတတ်သည်။ အလကားနေရင်းစိုးရိမ်ကြောင့်ကျနေတတ်ပါသည်။ စိတ်ပူနေတတ်မည်။မိမိသည် အနုပညာပိုင်း၌လိုက်စားလျှင်အထူးအောင်မြင်၍ထူးချွန်းသောအနုပညာရှင်တစ်ယောက်ဖြစ်ပါလိမ့်မယ်။ မိမိတွင်ပင်ကို ပါရမီပါပါသည်။ အောင်မြင်နိုင်သောကံဇာတာပါ ပါသည်။ မိမိသည် မည်သည့်အလုပ်ကိုမဆိုသေချာစွာလုပ်မည်။
သေသပ်စွာ တိကျစွာ သပ်ရပ်စွာလုပ်မည်။လူအများနှစ်သက်ဖွယ်လုပ်မည်။
မိမိကိုအမြဲတမ်းဆန်းစစ်ပြုပြင်တတ်သောဝါသနာရှိသည်။ မိမိမှာလေးနက်တည်ကြည်သော ဘဝကိုခံယူထားသည်။ မည်သည့်အရာတွင်မဆို ထိရောက်စူးရှစွာ
လေ့လာလိုက်စားတတ်သည်။ မိမိမှာတစ်ယောက်ထဲနေရရင် စိတ်အားငယ်နေတတ်မည်။ စိတ်ညစ် စိတ်ဓာတ်ကျနေတတ်သည်။ သို့သော် ဝမ်းနည်းစရာရှိရင်လဲ ခဏသာဖြစ်မည်။ ဝမ်းသာစရာရှိရင်လဲ ခဏသာဖြစ်မည်။
မိမိသည်စိတ်အလွန်အတတ်အကျမြန်သည်။ စိတ်မြန်ကိုယ်မြန်ရှိမည်။
တစ်ခုခုလုပ်မည်ဆိုလျှင် ချက်ချင်းလုပ်ရမှကျေနပ်မည်။ လုပ်ပြီးမကျေနပ်ရင် ဖျက်စီးလျှင်ဖျက်စီးတတ်သည်။ မိမိစိတ်ကိုမိမိမစိုးမိုးနိုင်ပါ။
မိမိက တစ်ခါတရံသူများပြောတိုင်းလုပ်တတ်မည်။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်၏ ပုံသဏ္ဌာန်များကို အတုယူတတ်မည်။ ကောင်းကောင်း မကောင်းကောင်း မိမိစိတ်ထဲကထင်လျှင်လုပ်တတ်မည်။ မိမိစတ်ဓာတ်ပျော့ညံ့ပါမည်။
အမှတ်သညာမရှိပါ။ အလွန်သည်းခံနိုင်ပါသည်။ မိမိနှင့်မိတ်ဆွေဖြစ်လွယ်မည်။
မိမိကလူတွေနှင့် အလွန်ခင်မင်ရင်းနှီးစွာပြောဆိုဆက်ဆံတတ်၍ ခင်မင်မှုခံရမည်
မိမိသည်အများဝန်ထမ်းဇာာတာဟုခေါ်ရပါ့မည်။ လူအများအကျိုးအလွန်ဆောင်ရွက်မည်။ မိမိကိုလူတိုင်းက ချစ်ခင်လေးစားတတ်မည်။ သဘောကျတတ်မည်။ ပျော့ညံ့၍ လွယ်လွန်းသော စိတ်ဓာတ်ကိုပြုပြင်သင့်သည်။ မိမိမှာ လေးနက်သောချစ်ခြင်းမေတ္တာကိုလက်ခံတတ်မည်။ ကိုယ်ချစ်ကိုလိုချင်သည်။
မိမိက ချစ်ရရင်ကျေနပ်မည်။ မိမိက မိမိ၏တန်ဖိုးကိုသော်၎င်း၊ အရည်အချင်းကိုသော်၎င်း အလွဲသုံးစားလုပ်တတ်မည်။ အလွယ်တကူဆုံးဖြတ်မည်။ မိမိကြောင့်
သူတစ်ပါးက အနိုင်ကျင့်မည်။ တင်စီးပြောမည် ။မိမိအသုံးမကျ၍ သူတစ်ပါးရဲ့အနှိမ်ခံရမည်။ လူပါးဝ၍ အပြောခံရမည်။မိမိ၏တန်ဖိုးကိုသိပါ။
ပုဏ္ဏားတော် ဦးရာမ

တဘောင်နှင့်ပက်သက်၍

ဒီတဘောင်ကို ဟိုးအရင်ဗေဒင်ပညာ သင်ယူကာစအသက် ၁၆ နှစ်အရွယ်ကတည်းကဆရာတွေပြောပြော ပြသဖြင့် နားရည်ဝခဲ့သည်။
မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ဖြစ်ပေါ်လာမည့်အနေအထားတွေ ဆွေးနွေးခဲ့သည်။ ကျွန်တော်ကတော့ နားထောင်သူသက်သက်ပေါ့။
တဘောင်အတိုင်း တံတားတွေ တစ်ခုပြီးတစ်ခုအမြန်တည်ဆောက်လာကြသည်။
ဘုရားတွေရွှေရင်မောက်တယ်လို့ မြန်မာပြည်အထက်ပိုင်းမှာ ကြားခဲ့စဉ်က တဘောင်အတိုင်းဖြစ်လာပြီလို့ ဝမ်းသာခဲ့ဖူးတယ်။
ဆရာတွေက ပထမမြန်မာနိုင်ငံ ၊ ဒုတိယမြန်မာနိုင်ငံ၊
တတိယမြန်မာနိုင်ငံ စတုတ္ထမြန်မာနိုင်ငံ များကို ဦးဆောင်ခဲ့ကြသူတွေရဲ့ ဇာတာတွေကိုတွက်ပြခဲ့ဖူးသည်။
တနင်္ဂနွေနံနဲ့ စတင်ခဲ့တဲ့ ဦးဆောင်သူတွေလက်ထပ် မြန်မာနိုင်ငံဟာစည်ပင်ဝပြော၊ ဘာသာ သာသနာထွန်းကားခဲ့ကြတယ်။ အိမ်နီးချင်နိုင်ငံအထိတောင် တန်ခိုးထွား
သြဇာညောင်းခဲ့ဖူးသည်။
ပထမမြန်မာနိုင်ငံဖြစ်တဲ့အနော်ရထာလက်ထက်၊
ဒုတိယမြန်မာနိုင်ငံမှာ ဒုတိယအနော်ရထာလို့ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ ကျော်ထင်အနော်ရထာလက်ထက်၊ တတိယမြန်မာနိုင်ငံဖြစ်တဲ့ အလောင်းမင်းတရားလက်ထက် ၊ စတုတ္ထမြန်မာနိုင်ငံဖြစ်လာဖို့ နှစ်ပေါင်းများစွာသူ့ကျွန်ဘဝမှလွတ်မြောက်အောင်ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် မြန်မာနိုင်ငံဟာ အဘက်ဘက်ကတိုးတက်ခဲ့တာ သမိုင်းကသက်သေပင်။
အခုလဲ တဘောင်ထဲကလို့ဒေါင်းတွေ အော်နေကြပေပြီ……
ပြည်တော်ပြန် မယ်ထွေးကိုနန်းတင်မှ တိုင်းပြည်အေးချမ်းမည့်အရေးပင်။
တနင်္ဂနွေနံနဲ့ စခဲ့တဲ့မင်းတွေလက်ထက်မြန်မာလို့ ထင်ပေါ်ခဲ့သလို
တနင်္ဂနွေနံအစပြုသူတစ်ယောက်ရဲ့ဦးဆောင်
မှုအောက်မှာမြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းမှု၊ချမ်းသာကြွယ်ဝမှု၊စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ(စစ်စစ်)
ဖြစ်ပေါ်လာမှု ၊ပြည်တွင်းသံယံဇာတတွေကို ပြည်သူတွေသာရရှိနိုင်မှု၊ အစိုးရနဲ့ပြည်သူ တစ်သားထဲရှိနေမှု
တွေ ဖြစ်ပေါ်လာမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ရင်း….
ငြိမ်းအေးလူ ဗေဒင်သုတေသီ
(ကျွန်တော်အနေနှင့် နိုင်ငံရေးဆောင်းပါးတွေ မရေးလို၍ အရိပ်အမြွက်လောက်သာ ပြောပြခြင်းပါ။နိုင်ငံတစ်ခုကို အစပြုခဲ့တဲ့ မင်းတွေ အဆုံးသတ်ခဲ့တဲ့မင်းတွေရဲ့ နေ့နံ
ဇာတာတွေကိုသာ စစ်ဆေးကြည့်မယ်ဆိုရင် အခုကာလ

မင်းပြောင်းမင်းလွဲဖြစ်လာနိုင်တယ်ဆိုတာ … မြင်သာပါတယ်ဗျ) 

အနာဂတ်အား ဆုပ်ကိုင်နိုင်ရန် အတိတ်အား ပွေ့ဖက်ခြင်း

စစ်မှန်သော ဗေဒင်ပညာရပ်၏ အဓိက သော့ချက်သည် ကံကြမ္မာကို ဖတ်ရန် ဖြစ်သည်။
ကံကြမ္မာကို ဖတ်သောအခါ ဖြစ်တတ်သော သဘောကို ခန့်မှန်းခြင်းသာ ဖြစ်သည်။ မိုးလေဝသ ခန့်မှန်းမှုလိုပင် ဖြစ်ပြီးသော သင်္ကေတများကို ကြည့်လျက် ဖြစ်နိုင်သည်များကိုကြံဆခြင်း ဖြစ်သည်။ မိုးလေဝသဆိုင်ရာအား ခန့်မှန်းနိုင်ရန်အတွက် မိုးလေဝသဂြိုဟ်တုမှ ရိုက်ကူးပေးသော ဓာတ်ပုံများကို တွက်ချက်လျှက် ဖြစ်နိုင်ချေများကို ခန့်မှန်းသည်။ ထို့အတူ ဗေဒင်ဆရာသည် အခြားသော ဇာတာများတွင် ဖြစ်ပျက်ခဲ့သည်များကို လေ့လာထားလျက် ဇာတာရှင်တစ်ဦးကို ကောင်းဆိုးဖြစ်ပျက် စသည်တို့ကို ကြိုတင်ခန့်မှန်းချက်သာဖြစ်သည်။
မိုးလေဝသ ခန့်မှန်းမှုကို ယုံကြည်သလို ဗေဒင် ပညာကို ယုံရသည်။ သို့သော် မိုးလေဝသ ခန့်မှန်းမှုထက် ပိုမို မယုံကြည်သင့်။ ပညာသည် သင်္ကေတပညာသာ ဖြစ်သည်။ အရာအားလုံး သင်္ကေတဖြင့် ဆုံးဖြတ်ကြသည်။ လူတစ်ဦး ရယ်နေသောအခါ ထိုသူသည်ပျော်နေသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် သူသည် ကြိတ်ငိုငိုချင် ငိုနိုင်သည်။ ထို့အတူ ငိုနေသူကိုလည်း သင်္ကေတ သဘောအရ ပြောနိုင်သည်။ အတတ်ပညာများစွာသည် သင်္ကေတ သဘောကို လေ့လာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဗေဒင်ပညာသည် သင်္ကေတဖြင့်ဟောပြောသော ပညာရပ်တစ်ခုသာ ဖြစ်သည်။
ဗေဒင်ကို မယုံသူသည် မီးမကိုင်ဖူးသော သူငယ်သာ ဖြစ်၏ ။ ထို့အတူ ဗေဒင်ကို ကိုးကွယ်သူသည် ကိုယ့်ကိုယ်ကို အ, အ ဖြစ်ကြောင်းခေါင်းငုံ့သူ ဖြစ်သည်။ အခြားသော အတတ်ပညာကို ယုံသလို ဤ ပညာရပ်ကို လက်ခံသင့်သည်။ ဘာသာ တစ်ခုကဲ့သို့ ကိုးကွယ်မှု မလုပ်သင့် ။ ဘာသာတရားသည် သင်္ကေတလွန် ပညာရပ် ဖြစ်သည်။ သင်္ကေတလွန် ပညာရပ်ဆိုသော်လည်း သင်္ကေတဖြင့် လေ့လာရသည်။သင်္ကေတကို မဖျောက်နိုင်သမျှ သင်္ကေတလွန် အရသာကို မခံစားရ။
ဗေဒင်ကို မယုံဘူး ငြင်းသူသည် ဗေဒင်ကို နတ်ဘုရားတစ်ခုလို လက်ခံထားသောကြောင့် ဖြစ်မည်။ ဗေဒင်ကို ယုံလျှင် ကိုးကွယ်စရာတစ်ခုကို ယုံလိုက်သလို ထင်သည်။ ဗေဒင်သည် ခန့်မှန်းရေး ပညာတစ်ရပ်သာ ဖြစ်သည်။ နာရီသံ၏ တစ်ချက်တီးရင် တစ်နာရီ ၊နှစ်ချက်တီးရင် နှစ်နာရီ မှတ်သားမှုကဲ့သို့မှတ်ထားသော ပညာသာ ဖြစ်သည်။ ဗေဒင်မယုံဘူး ငြင်းဆန်သူသည် ယုံလွန်းနေသောကြောင့်ဖြစ်မည်။ သူသည် ဗေဒင်ကို ကိုးကွယ်စရာ အားကိုးစရာ တစ်ခုလို တွေးထားသောကြောင့် ဆိုခြင်းဖြစ်မည်။
ယနေ့အထိ မှတ်တမ်းတင်ထားသော နှစ်, လ , ရက် များသည် အဘယ်ပညာဖြင့် မှတ်တမ်းထားခဲ့သနည်း ။ ဆေးပညာဖြင့် ထားခဲ့သလော။ဘာသာရေး အသိဖြင့် ထားခဲ့သလော ။ ယနေ့အထိ စွန့်လွှတ်မရသေးသော နေ့ရက်များသည် ဗေဒင်ပညာရပ်ကြောင့်သာ ဖြစ်သည်။တစ်ဦး တစ်ယောက် ၊ အကြီး အငယ် ခွဲခြားဖို့ဘယ်ပညာဖြင့် မှတ်သားမည်နည်း ။ ယခုအခါ နေ့တွက်ခြင်းသည် ဘာမှ မဟုတ်တော့သော်လည်းရှေးအခါ အဘယ်မျှ အဖိုးတန်လေသနည်း ။ ဤပညာဖြင့် လူသားကို အဘယ်မျှ အကျိုးပြုခဲ့သနည်း ။
ဤ ဗေဒင် ပညာဖြင့် ကင်းသော လူသားဟု မရှိလောက်အောင်ပင်။ သို့သော် အချို့သည် ယုံသူများ အစွန်း ရောက်သလို အစွန်းရောက်သည်။ ဗေဒင်ပညာသည် သူတောင်းစား ပညာလောက် ဆိုကြသည်။ လူလိမ် မျက်လှည့်ပညာလောက် ထင်ကြသည်။ အချို့သူတို့၏ အလွဲသုံးစား လုပ်မှုကြောင့် ဖြစ်သဖြင့် အကျယ်အကျယ် ဘယ်သူမှ အရေးယူမဆိုကြ။ သို့သော်လည်း ပညာရပ်ကို အထင်သေးခြင်းသည်လူသားဘဝ ဆုတ်ယုတ်ကြောင်းသာ ဖြစ်သည်။
လူအများသည် ဗေဒင်ပညာကို ယုံလွန်းသဖြင့် အမှားများ ဖြစ်ကြသည်။ ဗေဒင်ကို ဘာသာရေးထက်ပင် ယုံကြသည်။ ဗေဒင်သည် ခန့်မှန်းပညာမှန်း မသိ။ အတတ်ဟော နတ်ဟော ဆိုင်းဘုတ်များ အောက်တွင် ဝပ်တွားရိုကျိုးကြသည်။ ဘာသာရေး ဆရာတစ်ဦးကဲ့သို့ဗေဒင်ဆရာကို ယုံသည်။ ကိုးကွယ်သည်။ ယင်းအချက်သည် စဉ်းစားစရာ ဖြစ်သည်။ မိုးလေဝသ ခန့်မှန်းသူ ၊ အတတ်ပြောသူ တို့ကိုမရှိခိုးသော်လည်း ၊ မိမိအိမ်ဆောက်လုပ်သူကို မရှိခိုးသော်လည်း ဗေဒင်ဆရာကို ရှိခိုးကြသည်။
ဗေဒင်ဆရာသည်သာမန် အတတ်ပညာရှင် တစ်ဦး သာ ဖြစ်သည်။ အတတ်ပညာရှင်တိုင်းကို ကိုးကွယ်မှု မလုပ်ဘဲ ဗေဒင်ဆရာကိုမှ ကိုးကွယ်ချင်ကြသည်။ ဗေဒင်ဆရာသည် သာမန် ဆရာတစ်ဦးသာ ဖြစ်သည်။ သာမန်ထက် ပိုမိုသော လေးစားမှု ကိုးကွယ်မှု မလုပ်သင့် ။ သာမန်ထက် ပိုလွန်းသူများကြောင့် အများ အမြင်ကပ်လာကြသည် ထင်သည်။ ဗေဒင်ဆရာသည် အနာဂတ်ကို ဆုပ်ကိုင်နိုင်ဖို့အနီးကပ်ကြည့်နိုင်ဖို့ကြိုးပမ်းသူသာ ဖြစ်သည်။သို့သော် ဗေဒင်ဆရာသည် သာမန် လူများ မကူညီနိုင်သည်ကို ကူညီနိုင်သည်။ အကယ်၍ ယင်းဆရာ၏ အကူအညီဖြင့် အောင်မြင်ခဲ့ဖူးသူသည် ယင်းဆရာကို ကျေးဇူးရှင် တစ်ဦးအဖြစ် ကိုးကွယ်ပေလိမ့်မည်။ ၎င်းကအစ အဆင့်ဆင့် အားကိုးသူ ကိုးကွယ်သူများ များလာတတ်သည်။
ယင်းသို့သော ကိစ္စသည် ကာယကံရှင်များသာ သိနိုင်ကြသည်။ အပြင်မြင် သူများ မသိနိုင်ကြ။ အပြင်မြင်ဖြင့် ကြည့်လျှင် နတ်တစ်ပါးကို ကိုးကွယ်သည် ထင်မည်။ ထိုသူကလည်း သူတို့အား နတ်တစ်ပါးလို မဖြစ်နိုင်သည်များကို ဖြစ်လာအောင် လုပ်ပေးထားသောကြောင့် ဖြစ်မည်။ဆရာတပည့် အဘယ်မျှ ကျေးဇူးရှိသည်ကို အပြင်သူများ နားမလည်နိုင်ကြချေ။ လူသည် မိမိပြဿနာကို ဖြေရှင်းပေးသူကို ကျေးဇူးတင်သည်။ဆရာတစ်ဦးက ကယ်တင်ဖူးခဲ့ပါက ထိုဆရာအား ကျေးဇူးတင်ထိုက် မထိုက် စဉ်းစားဝေဖန်ကြည့်သင့်သည်။
သမာသမတ်ကျသော ယုံကြည်မှုရှိဖို့လိုသည်။ မိမိကို ကူညီဖူးသူတိုင်းကို ကျေးဇူးတင်တတ်သော်လည်း ဗေဒင်ဆရာကို အဘယ်ကြောင့်ကိုးကွယ်လောက်အောင် အားကိုးသနည်း ။ ထင်ရှားပါသည်။ ထိုဗေဒင်ဆရာသည် အများမကူညီနိုင်သည်ကို ကူညီထားသောကြောင့်သာဖြစ်သည်။ တိုက်ဆိုင်မှုဖြစ်စေ ၊ စွမ်းလို့ဖြစ်စေ ၊ ပြဿနာ အောင်မြင်ဖို့သာ လိုသည်။ လူသည် တစ်ခါယုံပါက အမြဲတမ်း ယုံတတ်သဖြင့်အားနည်းသည်။ ထို့ကြောင့် တစ်ကြိမ်မှန်သော ဆရာကို အမြဲတမ်း မှန်မည်ဟု ယုံသည်။
ဗေဒင်ပညာကို ယုံသောအခါ အတတ်ပညာကို အခြေခံသော ဆရာကို ယုံသင့်သည်။ အချို့သည် အတတ်ပညာကို အခြေမခံဘဲ အကျင့်လိုလို၊ အစွဲလိုလို ၊ အကြားအမြင်ရလိုလိုဖြင့် ဟောပြောကြသည်။ လက်ခံသင့် – မသင့် မိမိ၏ လူသားဂုဏ်ကို စဉ်းစားသင့်သည်။ မိမိကို အတတ်ဟောသော်လည်းဖြစ်တတ်သော သဘောက်ို ပြောပြသဖြင့် တိုက်ဆိုင်မှု အဖြစ်သာ ယုံပါ။ နတ်ပူးပြောခြင်းဟု မယုံပါနှင့် ။ တစ်ချက်မှန်လိုက်ပြီဆိုလျှင် အားလုံး ယုံလိုက်သည်။ လူသည် အသည်းငယ်သည်။ တစ်ချက်မှန်ရုံဖြင့် ရင်ထဲက ယုံကလေး သေသည်။ နောက်ထပ် တောင့်ခံ မထားနိုင်။
မိန်းမသားသည် ပိုမို အသည်းငယ်သည်။ တိတိ ကျကျ မှန်ဖို့ပင် မလို။ ရှပ်ထိလျှင်ပင် သေသည်။ ” ငါ့သမီး သောကရောက်နေတာပဲ” ဆိုလိုက်ရုံဖြင့် မှန်လိုက်တာဆရာ စသဖြင့် တံခါးပွင့်သွားသည်။ စကားအားလုံး ပွင့်ထွက်လာသည်။ ယုန်လိုက်ဖမ်းဖူး သူများသိကြသည်။ ယုန်သည် အသည်းငယ်သည်။သူ့ကို မှန်အောင် ပစ်ဖို့ပင် မလို ။ အရာဝတ္ထု ကြီးကြီးဖြင့် သူ့ဘေးတွင် အသံကျယ်ကျယ် မြည်လိုက်ဖို့ပဲ လိုသည်။ ထိုအခါ သူသည် ဆက်မပြေးနိုင်တော့။လဲကျသွားတတ်သည်။ ထို့အတူ လူသား၏ မိမိတို့ရင်ထဲက ယုံကြည်မှု ယုန်လေးသည် တောလိုက်မုဆိုး ဗေဒင်ဆရာ၏ ပါးစပ်သရမ်းမှုကိုပင်မခံနိုင်။ ရှပ်မှန်ရုံဖြင့် လဲကျသည်။
ဗေဒင်ကို အတတ်ပညာ တစ်ခုအဖြစ်သာ ယုံကြည်ပြီး ကိုးကွယ်စရာ တစ်ခုအဖြစ် မယုံဖို့လိုအပ်သည်။ ဗေဒင်ပညာနှင့် ဆက်စပ်ပြီး အခြားသော ဘိုးတော်များ ၊ မယ်တော်များ အစွဲများ ကို စဉ်းစဉ်းစားစား ယုံသင့်သည်။ အတုက ပိုမိုအရောင်တောက်သဖြင့် အတုအစစ်ခွဲခြားရခက်သည်။ အစစ်ထက် အတုကိုပင် ရွေးချယ်မိမည်။
စေတနာကြီးသော ဆရာက အဘယ်သို့လည်ပင်း ညှစ်တောင်းမည်နည်း ။ ထို့အတူ ပညာမာန်ကြီးသော ဆရာက အဘယ်သို့အလကား ဟောမည်နည်း။
အတိုင်းအတာတော့ ရှိသင့်သည်။ ဤပညာသည် အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခု ဖြစ်သည်။ စီးပွားရေးလုပ်ငန်းတစ်ခုဟု မဖွင့်ဆိုကြ။ရှေးဆရာများသည် မိမိ နေဖြစ်၊ စားဖြစ်အောင်သာ ရပ်တည်ကြသည်။ တောင်းကြသည်။ ယခုခေတ်တွင် ဆရာများသည် လုပ်ငန်းတစ်ခု အဖြစ်သဘောထားကြသည်။ လုပ်ငန်းသဘော တွက်လျှင် အမြတ်များမှသာ အဆင်ပြေသည်။ အဆင်ပြေအောင် တောင်းတော့မည် ဖြစ်သည်။ရှေးခေတ်တွင် ဆန်တစ်ပြည် ငွေတစ်မတ်သည် ထိုက်တန်သော ပေးဆပ်မှု ဖြစ်သည်။ ဆန်တစ်ပြည် စျေးသာသာသည် ပြည့်စုံသောထိုက်တန်သော တန်ဖိုးပင် ဖြစ်သည်။
အခြားသော ကုန်ပစ္စည်းသာ သတ်မှတ်ကြသည်။ ဝယ်ယူသောအခါ စျေးဆစ်ကြသည်။ ဗေဒင်တွက်သောအခါ စျေးမဆစ်ကြ။ အချို့ စျေးဆစ်သော်လည်းတောင်းပန်နေမှုသာ ဖြစ်သည်။ ဗေဒင်ပညာသည် လူတိုင်း အားကိုးလောက်သော ဟောကွက်များ ရှိသည်။ ထို့ကြောင့်လည်း လူများ ဗေဒင်ကိုဆွေးစွဲစွဲနေသည်။ ဗေဒင်မယုံသူသည် ယုံလောက်သော ဟောကွက်နှင့် မကြုံသေးသောကြောင့် ဖြစ်နိုင်သည်။ ယုံမိသောအခါ အရာရာကိုပင်စွဲမြဲတတ်သည်။ စိတ်စွဲသည့် အထိဆိုပါက အစွန်းရောက်နိုင်သည်။
ဗေဒင်ကို အစာတစ်ခုလို သုံးဆောင်ရသည်။ မိမိ အသက်ရှင်ဖို့အတွက် အထောက်အကူအဖြစ် အစာကို စားသည်။ မိမိပြဿနာ အဆင်ပြေဖို့အတွက်မိမိ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် တောင်ဝှေးတစ်ခု လုပ်ခြင်းသာ ဖြစ်သည်။ ဗေဒင်သည် အတိတ်ကို ဖော်ထုတ်ဖို့ပေါက်တူးတစ်လက်သာ ဖြစ်သည်။လူသားကို ဒူးထောက်စေမည့် ခြိမ်းခြောက်မှု မရှိ။ နှာခေါင်းရှုံ့စရာ ညစ်ပတ်သော ပညာလည်း မဟုတ်။ ဗေဒင်သည် ဗေဒင်သာ ဖြစ်သည်။နတ် မဟုတ် ။ ဇာတ်လည်း မဟုတ်။
ဤ ပညာဖြင့် မမြင်နိုင်သော အတိတ်ကို ရေးတေးတေး မြင်ရသည်။ မကြံစီနိုင်သော အနာဂတ်ကို ကြိုတင်ပိုင်ဆိုင်ထားနိုင်သည်။
ဘဝသည်ပုံစံခွက်ထဲက ကုန်ကြမ်းတစ်ခု ဖြစ်သည်။ သို့သော် အထိုက်အလျောက် ပြင်နိုင်သည်။ လူသည် လူနှင့် တူမည်။ နေပုံ ထိုင်ပုံ သွားပုံ လာပုံခွဲမရအောင် တူသည်။ စဉ်းစားပုံ တူသည် ။ လုပ်ဆောင်ပုံ တူသည်။ အကျိုးပေးပုံ တူသည်။ အရာအားလုံး တူသည်။ သို့သော် တူမယောင်ဖြင့်ကွဲနေသော ရာလည်း မရေတွက်နိုင်။ အပြင်ပန်း ကြည့်လျှင် အမွှာ နှစ်ဦး တူသည် ထင်သည်။ သေချာ စေ့စေ့ ကြည့်သောအခါ ခြားနားချက်များများလာသည် ။ ထို့အတူ လူသည် အခြေခံချင်း တူသော်လည်း အရာရာ ခြားနားနေသည်။
စရိုက်၊ နေပုံထိုင်ပုံ တို့သည် တစ်ဦး နှင့် ယှဉ်လျှင် ကွဲနေသည်။ အခြားသတ္တဝါနှင့် ယှင်လျှင်တော့ လူလူချင်း တူသည်။ လူလူချင်း ယှဉ်သောအခါ တစ်ဦးနှင့် တစ်ဦးသည် စဉ်းစားပုံချင်း မတူ၊ အကျိုးပေးချင်း မတူ။ မတူသည်ကို ဗေဒင်ပညာဖြင့် သက်သေပြဖို့ကြိုးပမ်းကြသည်။ လူတိုင်းမွေးချိန် ၊ မွေးနေရာများ မတူသဖြင့် များစွာ ကွဲလေသည်။ အမွှာ အချင်းချင်းပင် မတူသည်ကို ဗေဒင်ပညာက သက်သေပြပေမည်။ တစ်ဦးက အချိုကြိုက်လျှင် နောက်တစ်ဦးက အချဉ်ကြိုက်နေတတ်သည်။ ဘဝသည် အကောင်းအဆိုး ခြေနှစ်ဘက်ပေါ် လမ်းလျှောက်နေသည်။ခြေတစ်ဘက် က ကောင်းနေပါက နောက်တစ်ဖက်က ဆိုးသည်။ ရံခါ ခြေတစ်ဖက်ဖြင့် ကြာကြာရပ်ရသည်။ အကောင်းပေါ် ကြာကြာ ရပ်ပါကကောင်းကျိုးပေးသည်။ အဆိုးပေါ် ကြာကြာရပ်ပါက ဆိုးသည်။
မိမိတို့ခြေနှစ်ဘက်သည် ကံကြမ္မာပင် ဖြစ်သည်။ လူတိုင်း ကောင်းသော ဘက်တွင် ကြာကြာရပ်ချင်သည်။ ကောင်းသော ဘက်တွင် ကြာကြာ ရပ်နိုင်အောင် ဘာလုပ်သင့်သည်ကို ဗေဒင်ဆရာက ညွှန်ပြပေမည်။ ဆိုးသောဘက်က လွတ်အောင် ရှောင်နည်းကိုလည်း သင်ပေးလိမ့်မည်။ သင်သည် ရဲရဲလျှောက်လိုက်ပါ။ မိမိ နင်းထားသော အဆိုးသည် နောက်တစ်လှမ်းတွင် အကောင်းဖြစ်သွားမှာ ဖြစ်သည်။ ခံစားနေရသော ဒုက္ခကို အရှုံးမပေးပါနှင့်။ နောက်တစ်ခါ ရှုကြည့်ပါ ။ မွေးပျံ့သော ရနံ့ကို ခံစားရမည်ဖြစ်သည်။
ထို့ပြင် မိမိ ပိုင်ဆိုင်ထားသော နာမည် ၊ ဂုဏ်၊ စည်းစိမ်သည် နောက်တစ်လှမ်းတွင် ဖုန်မှုန့်ဖြစ်သွားချင် ဖြစ်သွားမည်။ လောင်ကျွမ်းသွားသော အခိုးအငွေ့နှင့် အတူ ပျောက်သွားမည်။ မိမိ ရပ်ထားသော ခြေလှမ်းက ကောင်းနေရင် နောက်တစ်လှမ်းအတွက် စဉ်းစားပါ။ အဆိုးမဖြစ်အောင် မိမိခြေကို ညွှန်ကြားပါ။ ကိုယ့်ကံကြမ္မာ ကိုယ့်ခြေပေါ်တွင် တည်ရှိသည်။ ဘယ်သူမှ ချုပ်ကိုင်ထားသည်မဟုတ် ။ ဗေဒင်ဆရာသည် မိမိကို ကြိုးကိုင်ထားသည်မဟုတ်။ လမ်းညွှန်မှုသာ ပေးနိုင်မည်။ ကိုယ့်ကြိုးကိုယ်ဆွဲ ကပွဲဆင်နေခြင်းပင် ဖြစ်သည်။
ဒေါက်တာ အရှင် ဉာဏဂ္ဂ