loading

Category: Uncategorized

  • Home
  • Category: Uncategorized

ဗေဒင် နဲ့ အကြွေးရလိုမှု —————————–

အကြွေးရဖို့အတွက် ယတြာခြေကြတယ် ။
ယတြာခြေ ဓါတ်ရိုက် ရင် ရော တကယ် အကြွေးရပြီလား ဗျာ
..
အဲဒီမှာ ၃ ချက်ရှိပါတယ်။
၁။ ရွိရက္သားနဲ႕ မေမးတဲ့ သူ
အဲဒီလူကတော့ ဓါတ်ရိုက်ဓါတ်ဆင်လုပ်ရင် ၂ ပတ် အတွင်းလာပေးတာကို တွေ့ရပါတယ်။
၂။ ပေးစရာ မရှိ အကြွေးများနေတဲ့ သူ
အဲဒီလူကို ဓါတ်ရိုက် ရင်တော့ သူရှိလာတဲ့ အခါ ကိုယ့်ကို အရင်လာပေးပါတယ်။
၃။ လုံးဝ အဆင်မပြေ၊ အကြွေးများလို့ ထွက်ပြေးသွားတဲ့သူ ၊ ရှောင်ပုံးနေတဲ့သူ
အဲလိုလူမျိုးကတော့ ဆုံးဖို့များနေပါပြီ ဒါပေမဲ့ ယတြာလုပ်ရင်တော့
အဲဒီငွေ အတိုင်း တစ်ဖက်လုပ်ငန်း က ပြန် ဝတ်လာတတ်ပါတယ်််ဗျာ ..
အကြွေးရချင်ရင်တော့
————————
၁။ လက်ပံညွန့် ( ၃၆)ညွန့်ကို အိုးလေးတစ်အိုးထဲမာ ရေနဲ့အတူထည့်ပြီး ဘုရားစင်မှာ ၃၆ ရက်တင်ထားပါ။ ၃၆ ရက်လုံး အဲဒီအိုးကို မထိနဲ့ မကိုင်နဲ့ ။
၃၆ ရက်ပြည့်မှာ စွန့်ပါ။
၂။ လင်ပန်းပေါ်မှာ လစ်ပို ပုလင်း တင်ပြီး လစ်ပိုပုလင်းမှာ အကြွေးရလိုသူ၏အမည်ရေးပြီး အပေါ်မှာ ဖယာင်းတိုင်တစ်တိုင် တင်ထွန်းပူဇော်ပေးပါ။ မနက် တစ်တိုင် / ည တစ်တိုင် ထွန်းညှိပူဖော်ပေးပါ။
၃။ ကွမ်းရွက်မှာ အကြွေးရလိုသူ၏အမည်ကို ရေးပြီး ကလပ်ပေါ်တင်ပြီး ကွမ်းရွက်ပေါ် ချောကလက်တင်လှူ ပြီး ဆုတောင်းရပါတယ်။ ကွမ်းရွက်က ၂ ရွက် ချောကလက်က ၂ ခုပါ ။ (နှစ်ရွက်စလုံးမှာ အကြွေးရလိုသူများကိုရေးပါ)
အဲဒါက မနက် ၁၀ နာရီမှာ ၁၀ ရက်ဆက်တိုက် လှူပြီး ဆုတောင်းရပါတယ်။
၄။ မုန့်လုံးရေပေါ် ၂၇ လုံးကို ကြွေပန်းကန်ပြားပေါ်တင်ပြီး လှူပေးပါ။ အကြွေးရလိုသူများ၏ အမည်ကို ကွမ်းရွက်မှာ ရေးပြီး အောက်က ခင်းပြီး
အပေါ်က မုန့်လုံးရေပေါ်တင်ပြီး လှူပေးပါ။
အဲလို လှူပြီးတော့ ရသေ့ကြီး ဦးခန္ဒီရဲ့ ဂါထာကို ပုတီးစိတ်ပေးပါခင်ဗျာ ..
ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။
အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊
စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊
သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။
တစ်လ အတွင်း ၈၀ % ပြန်ရပါတယ်။ ဆိုလိုတာက ၁၀ ယောက်လုပ်ခိုင်းရင်
၈ ယောက်ပြန်ရပါတယ်။ ကျန်တဲ့သူတွေကတော့ ၂ လ ၃ လ အတွင်းပြန်ရ ကြပါတယ်။
စမ်းကြည့်ပေါ့ဗျာ …. မကြာမကြာလည်း သွားတောင်းပေါ့။
သွားတောင်းတဲ့အခါ ဘယ်လက်ဝါးမှာ အကြွေးရလိုသူ၏အမည်ရေးပြီး
ညာလက်က သြဇာညွန့်ကို ကိုင်ပြီး ဘယ်လက်အမည်နေရာကို ညာလက်သြဇာညွန့် နဲ့ ရိုက်ပြီး ငါ့ အကြွေးအမြန်ပြန်ပေးတော့ ဆိုပြီး
၉ ချက် ရိုက်ပြီး သွားတောင်းပါ ။ ကပ်တီးကပ်ဖဲ့လူဆိုရင် ၂၇ ချက်လောက်
ရိုက်ပြီး သွားတောင်းပါ ။ အဲဒီသြဇာညွန့်ကို အိပ်ကပ်ထဲထည့်သွား
ဖြစ်နိုင်ရင် ချောကလက် စားသွားပါ ။ ၈၀ % ပြန်ရပါတယ် ဗျာ ။
အားလုံး အကြွေးပူခြင်း ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေ ခင်ဗျာ …
Post by -ဗေဒင်ပေ့

သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့ (၁) ————————-

ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့ တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။
အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။
ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။
ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။
ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။
ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်………..
———————————————————
ရာသီက ဆောင်းရာသီကုန်ခါနီး။ လက်ကျန်ဆောင်းက စာမဖွဲ့တတ်အောင်အေးသည်။မြောက်ပြန်လေက ခန္ဓာကိုယ်အတွင်းပိုင်းထဲ ထိုးဖောက်ဝင်ရောက်သွားသလိုခံစားရသည်။
အေးမြခြင်းတွေက အရိုးကွဲမတတ်။ လေကတဖြေးဖြေးတိုက်ခတ်နေဖြင့် ပဲခူးရွှေမောဓောဘုရားကြီးထီးတော်ရှိခေါင်းလောင်းတွေရဲ့ တချွမ်းချွမ်း မြည်သံက သာယာနာပျော်ဖွယ်ကောင်းလှသည်။
မနက်စောစောဘုရားဖူးရသည့်အရသာက အေးငြိမ်းချမ်းသာမှုအပြည့်ပေးသည်။ ကျီးမနိုးချိန်ဖြစ်၍ ကာယဝိဝေက ၊ စိတ္တဝိဝေကရှိတဲ့အတွက် ဘုရားကိုအာရုံပြုလို့ကောင်းသည်။
မနက်လေးနာရီခွဲဝန်းကျင်လောက်ဆိုရင် ရွှေမောဓောဘုရားရင်ပြင် တံခါးဖွင့်သည်။ တစ်ခါတလေ ကိုယ်ရောက်တာစောရင်တံခါးမဖွင့်သေး၍ ဘာဂျာတံခါးနားထိုင်စောင့်ရတတ်သည်။
ပန်းဆိုင်ကနေ အောင်သပြေပန်း ၊ စံပယ်ပန်းဝယ်သည်။ ဘုရားပန်းကပ်၊ ဘုရားရှိခိုး၊ပုတီးစိတ် ၊ မေတ္တာပို့ပြီးရင် ရင်ပြင်တော်ရှိအာရုံခံတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းသည်။ ထိုနောက်အင်္ဂါထောင့်ရှိ ခရေပင်ကြီးအောက် တဖြုတ်ဖြုတ်ကြွေနေသော
ခရေရွက်ခြောက်တွေကိုလှည်းထုတ်ဖြစ်သည်။
ခရေပန်းကောက်ပြီးဘုရားကပ်သူတွေအတွက် အရွက်ခြောက်တွေမရှိတော့ပန်းကောက်ရတာ အဆင်ပြေကြသည်။ အာရုံခံ တန်ဆောင်းတွေသန့်ရှင်းရေးလုပ်ပြီးတိုင်း ၊ ခရေပင်အောက် တံမြက်စည်းလှည်းဖြစ်သည်။ တစ်ခါတလေသူများဦးစွာ လှည်းသွားတာမျိုးလဲရှိသည်။
ဒီနေ့မနက်တော့ ဘယ်သူ့မှခရေပင်အောက်တံမြက်စည်းလှည်းတာမမြင်သေး။ကျွန်တော်တံမြက်စည်းနှစ်ချောင်း ကိုင်ပြီးဘယ်ညာ စုံလှည်းသည်။
တံမြက်စည်း လှည်းနေရင်း သစ်သားနှင့် ကြမ်းခင်းရိုက်သံကြားရပြီး ပွတ်လုံးနှင့် ချောထားသောသစ်သားတုတ်ချောင်းလေးတစ်ချောင်း ကျွန်တော့်အရှေ့ကို လှိမ့်လာသည်။
လာရာဘက်ကိုလှည့်ကြည့်တော့ ခရေပင်အောက် ထိုင်နေသည့်အဘတစ်ဦးနှင့် မျက်လုံးခြင်းဆုံသည်။ထိုအဘ၏မျက်လုံးတွေကစူးရှတောက်ပလွန်းသည်။ သူ့မျက်လုံးအကြည့်ဒဏ်ကိုကြာကြာမခံနိုင်။မျက်နှာလွှဲလိုက်ရသည်။
ကချင်ပုဆိုးနှင့်လိုက်ဖက်စွာ အကျီင်္အဖြူဝတ်ဆင်ထားပြီး ယောဂီရောင်သဘက်ကိုခေါင်းပေါင်း
ပေါင်းထားသည်။အသက်ကတော့ ၇၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။
ကျွန်တော် တုတ်လေးကိုကောက်ပြီး
” အဘ ဒီတုတ်လေးက အဘ ပစ္စည်းလား”
” ဟုတ်တယ် ငါ့မြေး”
“တောင်ဝှေး အလွယ်တကူမတွေ့တာနဲ့ တုတ်လေးယူလာခဲ့တာ
ဒီခရေပင်အောက်မှာ အညောင်းပြေထိုင်ရင်း
တုတ်လေးထောင်ထားတာ
လေတိုက်တော့ ငါ့မြေးဆီ လိမ့်သွားတာပဲ”
“လိမ့်တာပေါ့အဘရာ တောင်ဝှေးလိုထိပ်က အကောက်လေးမှမပါတာ”
” ငါတူက ပဲခူးကပဲလား”
” ဟုတ္ပါတယ္အဘ “
” ငါ့တူ တန်ဆောင်းတွေမှာတံမြက်စည်းတွေ
လှည်းနေတာသတိထားမိတယ်
နေတိုင်းလှည်းတာလား”
” မနက်တိုင်းနီးပါးတော့ လှည်းဖြစ်တယ်အဘ
ခရီးသွားစရာ မရှိရင်တော့ဘုရားကိုလာဖြစ်တာများ ပါတယ်”
“ကောင်းတာပေါ့ကွာ တံမြက်စည်းလှည်းကုသိုလ်ယူတာ အတိုက်အခံကင်းတယ်
ကိုယ့်ကိုမနာလိုမုန်းထားတဲ့ သူ နည်းတာပေါ့ကွ
ဒါနဲ့စကားမဆက် ငါ့တူက အင်္ဂါသားလား”
ရင်ထဲဒိတ်ခနဲဖြစ်သွားဖြစ်သွားသည်
ဘယ်လိုများသိတာလဲပေါ့
” ဟုတ္ပါတယ္အဘ
ကျွန်တော့်နာမည် (စိုး……..)ပါ”
” ဟုတ်တယ်ဆို ငါတူအခု လေ့လာနေတဲ့ပညာရပ်တွေနဲ့ ငါ့တူနာမည်ကြီးလာလိမ့်မယ်”
” အခုဗေဒင်ပညာလေ့လာနေပါတယ်အဘ”
အဲဒီတုန်းက ဗေဒင်ပညာသင်ကြားနေပြီး မိတ်ဆွေတွေကိုအနည်းအကျဉ်းပြန်ဟောနေချိန်ဖြစ်သည်။
ဒါပေမဲ့ငါမြေး အလုပ် နေရာထိုင်ခင်းမမြဲဘူး အလုပ်စုံ နေရာစုံကျင်လည်ရအုံးမယ်
သက်လတ်ပိုင်းလောက်မှ မိမိတတ်ကျွမ်းတဲ့
ပညာနဲ့ရပ်တည် ကျော်ကြားလိမ့်မယ်”
ဆက်ရန်
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

သရဏံဂုဏ် ၃၀ မန္တာန်နှင့် ကျွန်တော့်ကိုယ်တွေ့ (၂)

” မနောနဲ့ကြည့်တယ်ဆိုတာအဲဒါလားအဘ”
” ဘာမနောမှမဟုတ်ပါဘူး ငါ့ မြေးအင်္ဂဝိဇ္ဇာတတ်တယ်မဟုတ်လား”
“ဟုတ်ကဲ့ တတ်ပါတယ် အဘ
” အဲဒါဆို အခုဘာအခါလဲ “
“တနင်္ဂနွေ မနက်ခြောက်နာရီကျော်ပြီဆိုတော့ သူရဇ္ဇအခါပါအဘ “
“အခါတိုင်ကိုသုံးသပ်ကြည့်ရင် သိတယ်လေကွာ ပြီးတော့ နာမက္ခရဆန်းအရ နာမည်နဲ့အသားအရောင်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လေ”
“အဲလောက်ထိ နက်နက်နဲနဲမသိသေးဘူးအဘ “
“အတွေ့အကြုံက အကောင်းဆုံးဆရာဖြစ်လာပါလိမ့်မယ်ကွ …… ကြိုးစားပေါ့”
( သူရဇ္ဇအခါကိုသုံးသပ်ရာတွင် တံမြက်စည်းလှည်းနေခြင်း လှုပ်ရှားများခြင်းကိုဆင်ခြင်၍အင်္ဂါသားဟုပြောခဲ့ဟန်တူပါသည်။ ပညာနဲ့ပက်သက်ပြီး အခိုက်ကနေ နဝင်းကိုဆက်သွယ်ချက်အရပြောခဲ့ပြီး
အလုပ်မမြဲခြင်းကို “စ”နဲ့စပြီး အသားညို၍ခြင်း နာမည်အရင်းလုံး
အဖျားစာလုံးကို သုံသပ်ပြောသွားသည်ဟုထင်ပါသည်။ ကျွန်တော့်အထင်သာဖြစ်ပါသည်။ အခါတစ်ခုကိုဆုံးဖြတ်ဆင်ခြင်ရာတွင်တစ်ဦးနဲ့တစ်ဦး ချဉ်းကပ်ပုံခြင်းမတူပါ။
ဤကား စကားခ်ပ္)
” အဘက ပဲခူးဘယ်ရပ်ကွက်မှာနေတာလဲ”
” အဘကပဲခူးက မဟုတ်ဘူး ….မန္တလေးက ဒီမှာရှိတဲ့ညီမဆီလာလည်တာ ဒီနေပဲပြန်မှာကွာ “
” အဘအဲဒါဆို ပညာပိုင်းနဲ့သက်ဆိုင်တဲ့အစီအရင်လေးဖြစ်ဖြစ် ၊ပညာလေးတစ်ကွက်လောက်ဖြစ်ဖြစ်ချီမြှင့်ပေးပါဦး”
” အေး……အေး ပေးရမှာပေါ့ကွာ
ငါမြေးက ဘာသာရေးဝါသနာပါတယ်ဆိုတော့ဘာသာရေးနဲ့သက်ဆိုင်တဲ့အစီအရင်တစ်ခုပေးမယ်
ငါ့မြေး သရဏံဂုဏ်၃၀ မန္တာန်ရလား”
” ကြားတော့ကြားဖူးတယ် မရဘူးအဘ”
” မရရင်အဘရွတ်ပြမယ်”
သရဏံဂုဏ် ၃၀ မန္တာန်
(၁) ဇာတိ ပရိယန္တံံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇာတိ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၂)ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၃) ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၄) ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ယာဝဇီဝံ သံဃံ သရဏံ ဂစ္ဆာမိ
(၅) မရဏ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
မရဏ ပရိယန္တံံ ဓမ္မံ သရဏံ ဂစ္ဆာမိ
မရဏ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၆) မရဏ ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
မရဏ ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
မရဏ ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၇) အရဟတ္တ မဂ္ဂ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
အရဟတ္တ မဂ္ဂ ပရိယန္တံံ ဓမ္မံ သရဏံ ဂစ္ဆာမိ
အရဟတ္တ မဂ္ဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၈) အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ
ဗုဒၶံသရဏံ ဂစၧာမိ
အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ ဓမ္မံ
သရဏံ ဂစၧာမိိ
အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ သံဃ ံ
သရဏံ ဂစၧာမိ
(၉) နိဗ္ဗာန ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၁၀)နိဗ္ဗာန ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
နိဗ္ဗာန ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
( ဇာ-ေဘာ-ဇီ-ယာ-မ-မ-အ-အ-နိ-နိ-)
အနက္ကား—
(၁) ဇာတိပရိယန္တံ—–ဇာတိပဋိသန္ဓေ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၂) ဘောဂပရိယန္တံ——စည်းစိမ်ဥစ္စာ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၃) ဇီဝိတပရိယန္တံ——-အသက် ကုန်ဆုံးသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၄) ယာဝဇီဝံ——–အသက်ထက်ဆုံး။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၅) မရဏပရိယန္တံ———-သေခါနီးတိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၆) မရဏကာလ ပရိယန္တံ——-
-သေသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၇) အရဟတ္တမဂ္ဂ ပရိယန္တံ——–အရဟတ္တမဂ် ရသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ—-အရဟတ္တဖိုလ် ရသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၉) နိဗ္ဗာနပရိယန္တံ——ပရိနိဗ္ဗာန် ဝင်စံခါနီးတိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၁၀) နိဗ္ဗာနကာလပရိယန္တံ—–ပရိနိဗ္ဗာန် ဝင်စံသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏
” အဲဒီဂါထာကိုအမြဲရွတ်ပေးကွ။ မင်းဉာဏ်တွေပွင့်လာလိမ့်မယ်
ထုံလာပြီဆိုရင် ဗေဒင်လာမေးသူတွေရဲ့စိတ်အကြံကအစကြိုသိနိုင်တယ်
လာဘ်လာဘတွေပေါလာလိမ့်မယ် အခက်အခဲတွေ ဘေးအန္တရာယ်တွေ
ရှောင်ကွင်းသွားလိမ့်မယ် ကြံစည်စိတ်ကူးထားတာလေးတွေ မျှော်လင့်ထားတာလေးတွေဖြစ်လာလိမ့်မယ်
လူတွေ၊နတ်တွေ ချစ်ခင်စောင်မလိမ့်မယ်ကွ ၊အိမ်မှာအိမ်ထောင်ဦးစီးအမြဲရွတ်ရင်အိမ်ကျက်သရေတိုးတယ် အိမ်အေးချမ်းတယ် ကြံတိုင်းအောင်ပြီးဆောင်တိုင်းမြောက်နိုင်လိမ့်မယ် ရန်သူနည်းပြီးအသက်ရှည်ကျန်းမာလိမ့်မယ်ကွ
ဗေဒင်လာမေးတဲ့သူ ကံအရမ်းနိမ့်နေပြီ
ဆို ဒီမန္တာန်ကိုများများသာရွတ်ခိုင်းပေး ကံညံ့တဲ့နှစ်တောင်ခံသာတယ် ၊အဆိုးတွေသိပ်မကြုံရတာတွေ့ရတယ် ဘုမ္မိကြီးပဲကြံုကြံု ၊စနေဂြိုဟ်ထဲပဲရောက်နေ
ပါစေ အဆိုးတွေကိုလျော့ပါးသက်သာစေလိမ့်မယ်ကွ”
” ဘယ်လိုရွတ်ရမလဲအဘ သက်စေ့ပဲလား”
“ကြည်ညိုလို့ရွတ်တာကတော့ဘယ်လိုရွတ် ရွတ်ပေါ့ကွာ
အစီအရင်အနေနဲ့ကတော့ တစ်နေ့ကို
၁၀၈ပုတီးနဲ့ ဆယ်ပတ်စိပ်ရမယ် “
” တစ်ပုဒ်လုံးဆုံးရင်ပုတီးတစ်လုံးချရမှာလားအဘ”
” မဟုတ္ဘူးကြ
“ဇာတိ ပရိယန္တံံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့ရွတ်ဆိုပြီးပုတီးတစ်လုံးချ၊
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ရွတ်ပြီးတစ်လုံးချ
အဲလိုမျိုးသာရွတ်ဆိုပြီးစိပ်သွား
၁၀၈ လုံးပုတီး၁၀ ပတ်ပြည့်ရင်
နိဗ္ဗာန ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
မှာ အဆုံးသတ်သွားလိမ့်မယ်။
အခေါက်ရေနဲ့ဆိုရင် ၃၆ ခေါက်ပေါ့ကွ”
“ဟုတ်ကဲ့အဘ ဂါထာကိုရအောင်ကျက်ပြီးကျွန်တော်စိပ်ပါ့မယ်”
” ေအး .. သာဓု…သာဓု….သာဓု
ဆန္ဒနဲ့သာဦးဆောင်ပြီးလုပ်ရင်အရာရာမပြီးမြောက်တာမရှိဘူးငါမြေး”
“ဟုတ်ကဲ့ပါ အဘ ၊ကျွန်တော်လိုက်နာကျင့်သုံးပါ့မယ်”
အဘကို လက်အုပ်ချီပြီး ကျွန်တော်ရှိခိုးကန်တော့လိုက်၏
“အေး ငါ့မြေး ဆင်းရဲနဲ့ငရဲကင်းပါစေ ကွာ”
“အဘ ပေးတဲ့ဆုနဲ့ပြည့်ပါစေ “
” အေး …ငါ့မြေးလဲဝေယျာဝစ္စကုသိုလ် တွေဆက်လုပ်ဦး အဘသွားတော့မယ်”
“ခနလေးစောင့်ပါ အဘ
အဘကိုနံနက်စာတစ်ခုခုလိုက်ကျွေးချင်လို့ “
” နေနေ ငါ့မြေး
အဘစားခဲ့ပြီးပြီ ငါ့မြေးသာ လုပ်စရာရှိတာဆက်လုပ်ပါ
အဘသြားၿပီ …..
ရေစက်ရှိသေးရင်တော့ပြန်ဆုံကြမှာပေါ့ကွာ”
အဘကလက်ပြပြီးထွက်ခွာသွားသည်။
အဲဒီကစပြီးထိုအဘနှင့်မဆုံဖြစ်တော့……။
————————————————-
အဲဒီကစလို့သရဏံဂုဏ် ၃၀ အမြဲရွတ်ဖတ်သည်။ အန္တရာယ်ကင်းတာ စိတ်အကြံအတိုင်းဖြစ်တာ လာဘ်ရွှင်တာတွေက အံ့မခန်းပင် ။ ကျန်းမာရေးချူခြာတဲ့ကျွန်တော် နှာစေးချောင်းဆိုးပင်မဖြစ်တော့။
အသက်အန္တရာယ်မှခဏခဏလွတ်သည်။
ဆယ်ဘီးကားမောင်းနေရင်း တောင်တတ်လမ်းမှာ ကားရှေ့ဘီးပေါက်ပြီး ချောက်ကမ်းနား မေးတင်သွားဖူးသည်။ကံကောင်းချင်တော့ ချောက်ထဲမကျ။
တစ်ခါက အတက်မှာကားဆီပြတ်ဖူးသည်။
စက်သေပြီး ပြန်လိမ့်ကျသည်။ ကံကောင်းချင်တော့ ချောက်ကမ်းပါးမှာ စိုက်ထားတဲ့ ကွန်ကရစ် ဓာတ်တိုင်အကြီးကြီးတစ်ခုနှင့် ဝင်တိုက်ပြီး ချောက်ထဲကိုမကျ။
ရေနစ်ဖူးသည်။ မိမိကိုယ့်ကို အထင်ကြီးပြီး
ရေကန်၏ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်ကိုကူးသည်။ ဟိုးဘက်ကမ်းရောက်တော့မနားဘဲပြန်ကူးလာသည် ။ ရေလယ်ရောက်တော့ ဆက်မကူးနိုင်၊ လက်ပန်းကျလာသည်။ ကိုယ်ဖော့မယ်ဆိုပြီး ရေကူးတာရပ်လိုက်တော့ ဟန်ချက်ပျက်ပြီးရေနစ်ပါတော့သည်။
နှာခေါင်းတွေ၊ ပါးစပ်တွေထဲရေတွေဝင်ပါတော့သည်။ ရေကန်နားဘယ်သူမျှမရှိ၍ ကူညီမဲ့သူနတ္ထိ။ ရှိသမျှအားနှင့်ရုန်းကန်သည်။ ကံကောင်းချင်တော့ ရုန်းနေရင်း ကျောက်တုံးအကြီးကြီးတစ်တုံးပေါ် ခြေထောက်သွားထောက်မိသည်။
ကျောက်တုံးပေါ်ရောက်၍ လူကတစ်ကိုယ်လုံးမမြုပ်တော့။ လည်ပင်းထိသာမြုပ်တော့သည်။ ခဏနားပြီး ရေပြန်ကူးလာ၍အသက်ချမ်းသာရာ ရခဲ့ဖူးသည်။
မိမိစိတ်ထဲမှန်းထားတာလေးတွေဖြစ်ဖြစ်လာတာအံ့သြစရာပါ။
ဗေဒင်လာမေးသူကို အခြားအရွက်အခက်တွေနဲ့စီရင်သလို ဗုဒ္ဓယတြာအဖြစ် ဒီမန္တာန်ကိုပေးလေ့ရှိသည်။ ထူးထူးခြားခြားအောင်မြင်ကြကြောင်းပြန်ပြောကြသည်။
စီရင်ကြည့်ပါ။ အထက်ကပြောခဲ့သလို တစ်နေ့ပုတီးဆယ်ပတ်စိပ်ပြီးတစ်လတိတိ အဓိဌာန်ဝင်ကြည့်ပါ။ လောဘရှေ့တန်းမတင်ဘဲ ရတနာသုံးပါးကို အာရုံပြုပြီးစိပ်ပါ။ ထူးထူးခြားခြားဆန္ဒပြည့်တာတွေ့ရပါလိမ့်မယ်ဗျ……။ ။
ခုနှစ်ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒပြည့်ဝကြပါစေ
ငြိမ်းအေးလူ ဗေဒင်သုတေသီ

အသက်မွေးဝမ်းကျောင်းမှု နယ်ပယ် နှင့် အညွန့်ဂြိုဟ်

လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုကို လေ့လာသုံးသပ်ရာ၌
အညွန့်ဂြိုဟ်ကို မလွဲမသွေ ကြည့်ရှု လေ့လာသင့်သည်
အညွန့်ဂြိုဟ်ဟူသည်မှာ အဘယ်နည်း
အညွန့်ဟူသည်ကား တိုးတက်ခြင်း ၊ သစ်လွင်နုပျိုခြင်း ၊ လန်းဆန်းတက်ကြွခြင်းများ ဖြင့် အတိပြီး၏။ ရှင်သန်ခြင်း၊ ကြီးထွားလာခြင်း တို့၏ ရှေ့ပြေးနိမိတ်ပုံလည်း ဖြစ်၏ ။ အညွန့် ဂြိုဟ်ဟူသည်မှာ တိုးတက် ရှင်သန် ကြီးထွားလာစေနိုင်သော ဂြိုဟ်တည်း။
ထို့ကြောင့် လူတစ်ယောက်၏ တိုးပွားအောင် တိုးတက်အောင် ရှာဖွေလုပ်ဆောင်မှု မှန်သမျှသည် အညွှန့်ဂြိုဟ်နှင့် တိုက်ရိုက်ပတ်သက်နေပေသည်။ ပညာ နှင့် ဆိုင်သော အကျိုးစီးပွားဖြစ်စေ၊ ဥစ္စာနှင့်ဆိုင်သော အကျိုးစီးပွားဖြစ်စေ၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွား . . . မည်သည့် အကျိုးစီးပွားမျိုးဖြစ်စေ . . အညွန့်ဂြိုဟ် နှင့် ဆက်နွယ်မှု ရှိ၏ ။ သို့ဖြစ်ခြင်းကြောင့် အညွန့်ဂြိုဟ်ကို လေ့လာဆန်းစစ်ခြင်း အမှုကား အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်၌ အဓီက ကျ၍လာလေသည်။
လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုပိုင်းဆိုင်ရာ နှင့် ၎င်းရှာဖွေသမျှ အကျိုးစီးပွားဟူသမျှတို့သည် အညွန့်ဂြိုဟ် နှင့် များစွာ ပတ်သက်မှု ရှိပေသည်။ ခုနစ်ရက်သားသမီးတို့၏ အညွန့်ဂြိုဧ် အသီးအသီးအရ အသက်မွေးဝမ်းကျောင်း နယ်ပယ်နှင့် ရှာဖွေအားထုတ်မှု ပိုင်းဆိုင်ရာ အခြေခံ သဘာဝများ ကွဲပြားသည်။
* တနင်္ဂနွေ သားသမီးတို့သည် အညွန့်ဂြိုဟ် ( တနင်္လာ) ဖြစ်၍ အနုပညာနယ်ပယ်၊ ရေ နှင့် စပ်လျဉ်းသော လုပ်ငန်းဆောင်တာများ ၊ မွေးမြူရေးနယ်ပယ်၊ ယာဉ် ၊ ကား နှင့် ပတ်သက်သော လုပ်ငန်းများ ၊ ရုပ်ရှင် ၊ ကြော်ငြာ၊ ဓာတ်ပုံ၊ ကွန်ပျူတာ လုပ်ငန်းများ ၊ တစ်ဆင့်ကြားခံ အလုပ်များ နှင့် အငှားလုပ်ငန်းအမျိုးမျိုး ၊ သင်ကြားရေး လုပ်ငန်းများ စသဖြင့် တနင်္လာဂြိုဟ်မှ အစိုးရသော လုပ်ငန်းဆောင်တာများကို အခြေခံထားသည်။
* တနင်္လာသားသမီးများအတွက် အညွန့်ဂြိုဟ်မှာ (အင်္ဂါ) ဖြစ်ခြင်းကြောင့် ၊ စက်မှုနယ်ပယ်၊ စွန့် စားလုပ်ကိုင်ရသော အလုပ်များ ၊ စစ်ဘက်၊ ဆေးဘက် နယ်ပယ် နှင့် စာအုပ်စာပေလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ လောင်စာ နှင့် လက်နက်ရောင်းဝယ်ဖောက်ကားခြင်း နယ်ပယ်၊ စမ်းသပ်လုပ်ကိုင်ရသော အလုပ်များ နှင့် ရုပ်ပိုငးဆိုင်ရာ အသားပေးရသော အလုပ်များကို အခြေခံထားသည်။
* အင်္ဂါသားသမီးများအတွက် အညွန့်ဂြိုဟ်မှာ (ဗုဒ္ဓဟူး) နှင့် (ရာဟု) နှစ်မျိုးစလုံး အကျုံးဝင်သဖြင့် (ဗုဒ္ဓဟူး) ဂြိုဟ်မှ အစိုးရသော သတင်း နှင့် ဆက်သွယ်ရေး နယ်ပယ်၊ အတွေးအခေါ်နယ်ပယ်၊ ကုန်သွယ်မှု နယ်ပယ်၊ နှလုံးရည်ကို အားပြုရသော လုပ်ငန်းများ၊ နှုတ်မှုရေးရာ နှင့် စာရေးစာချီ အလုပ်များ ၊ လေကြောင်း နယ်ပယ် စသဖြင့် လည်းကောင်း
(ရာဟု) ဂြိုဟ်မှ အစိုးရသော မှောင်ခိုလုပ်ငန်း နှင့် တရားမဝင် နယ်ပယ် ၊ ကြုံရာကျပမ်း အလုပ်များ ၊ (၁၂) ပွဲစျေးသည် နှင့် နယ်လှည့် စီးပွားရှာဖွေရသော အလုပ်အကိုင်များ၊ အရက်သေစာ ချက်လုပ်ခြင်း၊ ရောင်းချခြင်း လုပ်ငန်းများ စသဖြင့် သဘာဝများကို အခြေခံထားသည်။
* ဗုဒ္ဓဟူးသားသမီးများမှာ အညွန့်ဂြိုဟ် (ကြာသပတေး) ဖြစ်သဖြင့် ဘာသာရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ငွေအရောင်းအဝယ်လုပ်ငန်း နှင့် အကြံဉာဏ်ပေးရသော လုပ်ငန်းများ။
* ကြာသပတေး သားသမီးများမှာ အညွန့်ဂြိုဟ် (သောကြာ) ဖြစ်၍ အလှပြုပြင်ရေးနယ်ပယ်၊ ထိမ်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ၊ ယက္ကန်းလုပ်ငန်းများ၊ သစ်သီးဝလံ နှင့် ဥယျာဉ်ခြံ လုပ်ငန်းမျးာ၊ ဟော်တယ်လုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းများ၊ ဇိမ်ခံပစ္စည်း ထုတ်လုပ်ခြင်း ရောင်းချခြင်းလုပ်ငန်းများ၊ အပျော်အပါး အမျိုးမျိုး နှင့် ပတ်သက်သော လုပ်ငန်းနယ်ပယ်များကို အခြေခံထားသည်။
* သောကြာသားသမီးများမှာ အညွန့်ဂြိုဟ် (စနေ) ဖြစ်ခြင်း ကြောင့် နိုင်ငံရေးနယ်ပယ်၊ နိုင်ငံရပ်ခြားနှင့် စပ်လျဉ်းသော နယ်ပ်ယ ၊ လောင်းကစားဆန်ဆန် လုပ်ငန်းများ၊ ကံကို အားပြုလုပ်ကိုင်ရသော အလုပ်များ၊ တရားစီရင်ရေးနယ်ပယ်၊ ဝန်ဆာင်မှုလုပ်ငန်းများ၊ လခစား အလုပ်များ ၊ အနုစိတ် လုပ်ကိုင်ရသော အလုပ်များ ၊ ရာဇဝင်နှင့် ရှေးဟောင်းနယ်ပယ် ၊ ဒဿနိကနယ်ပယ်၊ သံ၊ သံမဏိ နှင့် ပတ်သက်သော လုပ်ငန်းများ၊ အောက်ခြေ အလုပ်များ နှင့် ထီလုပ်ငန်း နယ်ပယ်တို့ကို အခြေခံထားသည်။
* စနေသားသမီးများမှာ အညွန့်ဂြိုဟ် ( တနင်္ဂနွေ) ဖြစ်၍ အုပ်ချုပ်ရေး နယ်ပယ်၊ အစိုးရလုပ်ငန်းများ၊ တီထွင်ဖန်တီးမှု နယ်ပယ်၊ ဥပဒေနယ်ပယ် ၊ ဦးစီးခေါင်းဆောင်ပြု၍ လုပ်ကိုင်ရသော အလုပ်များ၊ အလင်းရောင် နှင့် ပတ်သက်သော အပူစွမ်းအင် နှင့် ပတ်သက်သော လုပ်ငန်းများ စသဖြင့် ဆက်နွယ်၍ အသက်မွေးဝမ်းကျောင်း မှု ပြုရတတ်သည်။
လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုကို လေ့လာသုံးသပ်ရာ၌ အညွန့်ဂြိုဟ်ကို မလွဲမသွေ ကြည့်ရှုလေ့လာသင့်သည် ။ လူတစ်ယေက်၏ မွေးသက္ကရာဇ်အရ ဖြစ်ပေါ်လာသော မူလမဟာဘုတ်၌ သက်ဆိုင်ရာ အညွန့်ဂြိုဟ်၏ ရပ်တည်မှု အနေအထားကို ဆန်းစစ်ရမည်။
ထိုကဲ့သို့ဆန်းစစ်ရာ၌
(က) မဟာဘုတ်ဋ္ဌာနများ၏ သဘောသဘာဝများ၊
(ခ) ၎င်း ဋ္ဌာနများကို ပိုင်ဆိုင်သော (ဝါ) မဟာဘုတ် အိမ်ပိုင်ရှင်ဂြိုဟ်များ ၊
(ဂ) အမည်၏ ကာရကသဘော၊
(ဃ) အမည်အဖျားစာလုံးဂြိုဟ် ရပ်တည်မှု အနေအထားများ၊
(င) မဟာဘုတ် ပက္ခများ
(စ) အလုပ်အကိုင်ကို ကာရကပြုသော တနင်္ဂနွေဂြိုဟ် အနေအထား စသဖြင့် ခြုံငုံအကဲခပ်ပြီးမှ ဆုံးဖြတ်သင့်သည်။
ထို့အပြင် ဇာတာရှင် တစ်ဦးတစ်ယောက်၏ ဖြတ်သန်းနေဆဲ ဂြိုဟ်အိပ်၊ သက်ရောက် နှင့် အန္တရ ဒသာကာလများသည်လည်း အသက်မွေးဝမ်းကျောင်းမှု နှင့် အကျိုးစီးပွား ရှာဖွေမှု အနေအထားများကို ပြုပြင် ပြောင်းလဲခြင်း၊ လွှမ်းမိုးခြယ်လှယ်ခြင်း ပြုတတ်ကြပေသည်။
ဆရာစိုးမိုးထွန်း၏ “အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အထောက်အကူပြု ဗေဒင်ပညာ ကျမ်း” မှ ကောက်နှုတ် ဖော်ပြပါသည်။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

တန်ဆောင်မုန်းလပြည့်ညမှာ စားရတဲ့ ဆေးဖက်ဝင် မယ်ဇလီဖူးနှင့် အပင်အကြောင်း ====================

မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စ သည်ကို ဟင်းလျာအဖြစ်စား သုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါတယ်။
ထူပါရုံစေတီကျောက်စာပေါ်မှာ ရေးထွင်း ထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို ‘မည်ဇရီပင်’ ဟုခေါ်ရာ မှ အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို့နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍
အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာ ခဲ့ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး တချို့ကတော့ မ ဉ္စူရီပင်ဟု ခေါ်ကြသလို၊ ကချင်လူမျိုးတို့က မယ်ဂျူရီပင်ဟုလည်း ကောင်း၊ ရှမ်းလူမျိုးတို့က မယ်ပ ဉ္စလီဟုလည်းကောင်း၊ ကရင်လူမျိုးတို့က ပီတစ်ခါလ ဟုလည်းကောင်း ခေါ်ဆိုကြပါတယ်။ မဲဇလီဖူး
ဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာတဲ့အခါ အညိုရောင်ပြောင်းသွား တတ် ပါတယ်။
မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း ချန်ထား၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထက် ကုန်းဘောင်ခေတ် ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူးခူး၍ သုပ်စားကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ပါပဲ။ တန်ဆောင်မုန်း
ဟူသော အရေးအသားကို လေ့လာကြည့်တဲ့ အခါ၊ ပုဂံခေတ် ကျောက်စာများတွင် ‘တန်ဆောင်မှုန်’ ဟုရေးထိုး၍ တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ ‘မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တ ကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်း သာခုထင်ရှား’ ဟူသော စပ်ဆိုထားခြင်းက
တန်ဆောင်မုန်း၏ ဖြစ်စဉ်ကို ပေါ်လွင်သိရှိ နိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း=ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဆယ့်နှစ်လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာ ယာဆုံးလတစ်လဟု ဆိုနိုင်ပါတယ်။ မြန်မာ့
သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်း ကြီးသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်မှစ၍ အိပ်စက်လိုက်ရာ တန်ဆောင် မုန်းလဆန်း ၁၂ ရက်မှ နိုးထသဖြင့် တန်ဆောင်မုန်းလကို ‘နတ်နိုးလ’ ဟု ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာ ဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းပါတို့အား သာမညဖလသုတ်
ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုး ကင်းစင်နေ တာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာ တစ်စုံထွန်းလင်း
နေပါတယ်။ မပီဝိုးဝါးသေးမွှားတဲ့ ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေး များလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။
မဇ္စျိမဒေသမှလာတဲ့သာရ ကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင် အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်းကို စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက် ခစားကြသည်ဟုဆိုပါတယ်။ ဒါကြောင့် ထို အချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင် ခြင်းဟာ အချိန်အခါကောင်းတစ်ရပ်လို့ ဆိုနိုင် ပါတယ်တဲ့။
ထိုသို့ စီရင်ရာမှာလည်းလမင်းကြီး တိတိ ကျကျပြည့်ဝန်းနေချိန်တွင် အရှေ့ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့ နေရိပ်မှာ အခြောက်လှန်းအမှုန့်ပြု၍ နေ့စဉ်စားသုံးပေးသွားရမှာပါ။ ဤသို့ စားသုံးလျှင် ရုပ်ရည်
အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် စေကြောင်း၊ ဘုန်းကြီး၍ ဉာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။ ဒါ ကြောင့်လည်း တန်ဆောင်းမုန်းလပြည့်နေ့ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့ သတ်
မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေး ဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။
မဲဇလီနှင့် ကျန်းမာရေး
ရုက္ခဗေဒအမည်အရCassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁ဝဝ ဂရမ်အလေးချိန်ရှိ တဲ့ မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊ ကယ်လိုရီ ၁ဝဝ၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဒသမ
သုည ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ ဒသမ သုညမီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅ဝဝ၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၆၉ မီလီ
ဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝ၁ မီလီဂရမ်တို့ အသီးသီးပါရှိကြပါ တယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များမှာ ရှား
ရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့်steroids တွေလဲ ပါရှိကြပါ သေးတယ်။
(၁) ချို၊ ဆိမ့်၊ ဖန်အရသာ သုံးမျိုးရောပြွမ်း၍ ခါးသက်သက်အရသာ လွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ် ပူးတွဲပါရှိနေတာကြောင့် ရှေးတိုင်းရင်း သမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ် အိပ်
မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှု၊ပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းစတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြပါ တယ်။
(၂) အိန္ဒိယနိုင်ငံမှာတော့ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိပါတယ်။
(၃) သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်၍စားက နှစ်နှစ်ခြိုက်
ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
(၄) ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံး ရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်းနိုင်ပါ တယ်။
(၅) မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိတဝိုက်ကွင်းပေးပါ။
(၆) ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်း အတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့်
ပြုတ်၍ သောက်ပေးခြင်းဖြင့် ဝမ်းရပ် တန့်ပါလိမ့်မယ်။
(၇) ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာ ခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရား ကြီးရွက်တို့ကိုဆတူရော၍ သုံးခွက်တစ် ခွက်တင်ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
(၈) ကလေးများ သန်ထပါက မဲဇလီရွက်လတ်လတ်ဆတ်ဆတ် ထောင်းရည် (သတ္ထရည်)နှင့် သံပရာရည် ရောစပ် တိုက်ပေးခြင်းဖြင့် သန်ကျစေနိုင်ပါ တယ်။
(၉) ဝမ်းချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့စရာအဖြစ် စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်ပါ တယ်။
(၁ဝ) ကင်း၊ ပုရွက်ဆိတ် စတဲ့ အဆိပ်ရှိ သတ္တ ဝါတွေ အကိုက်ခံရပါက၊ မဲဇလီရွက်ကို ကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေပါတယ်။
(၁၁) နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံ
ခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။
(၁၂) အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို့မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်း ပေးပါ။
(၁၃) မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့် ရောစပ်စားပေးပါက သွေး သားသန့်စင်၍ အားအင်ပြည့်ဖြိုးစေပါ တယ်။
(၁၄) မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်း စေပါတယ်။ (၁၅) အစာချေစနစ်ကို ကောင်းမွန်စေရုံ သာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။
(၁၆) ခန္ဓာကိုယ်အတွက်လိုအပ်သော ပရို တင်းဓာတ်ကို ဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အပံ့ပေး ပါတယ်။
(၁၇) အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင်အူမကြီးနှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်၊ သန်ကောင်စတဲ့ ကပ်ပါး ကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။
(၁၈) ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်း ကျိုးပြုပါတယ်။
(၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ် အသစ်များကို တိုးပွားစေတာကြောင့်၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။
(၂ဝ) မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝ အဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်း သောဓာတ်များကို လောင်ကျွမ်းစေပါ တယ်။
(၂၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်
သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါ
များ မဖြစ်စေနိုင်ပါ။
(၂၂) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များ မဲဇလီဖူးကို မဖြစ်မနေစားသုံး သင့်ပါတယ်။
(၂၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီ ဖူး၊ အရွက်၊ အပွင့်ထဲတွင် ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ ဆိုပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ ကာလသား တွေဟာ အိမ်တကာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုဒီဒီ နေရာရွှေ့ကာ၊ စနောက် လေ့ရှိ ကြတဲ့ ‘ကျီးမနိုးပွဲ’ (ဝါ) ‘စောရပွဲ’ ဟာလည်း ချစ်စရာ့ မြန်မာ့ရိုးရာဓလေ့လေးပါ။ ဆေး ပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ညလေးမှာ ပျော်ရွှင်စွာဝိုင်းဖွဲ့ကာ မဲဇလီဖူး သုပ်လေး စားရင်း၊ ရောဂါဘယကင်းဝေးကြပါစေ။
Credit by ပေါက်ပေါက်
ဆရာငြိမ်းအေးလူ ဗေဒင်သုတေသီ

ဒုက္ခများနေသူများအတွက်

ဗေဒင်လာမေးတဲ့သူ အများအပြားပြောလေ့ရှိတဲ့ လက်သုံးစကားကတော့ “ဒုက္ခတွေများနေတယ် ” ဆိုတာပါပဲ။
တစ်ခါတလေ စိတ်ပေါက်လာရင်တော့ ၃၁ဘုံ ကျင်လည်နေသ၍ဒုက္ခကရှိနေအုံးမှာပါပဲ လို့ ပြန်ပြောမိတတ်ပါတယ်။
သံသရာက မလွတ်သေးရင်တော့ ဒုက္ခတွေသုခတွေ တလှည့်ဆီလာနေကြအုံးမှာပါ။
လောကဓံရှစ်ပါးရဲ့ အကောင်းအဆိုးတွေကိုရဲရဲရင်ဆိုင်နိုင်ဖို့ လိုပါတယ်။
ဘုရားရှင်ဟောကြားတဲ့ လမ်းရှစ်သွယ်(မဂ္ဂင်ရှစ်ပါး)
ကနေနိဗ္ဗာန်ရွှေပြည်ကို မလှမ်းတတ်နိုင်ခင် ကြုံလာတဲ့ ဒုက္ခတွေကို ခြွေသိပ်ပေးမဲ့ လောကီယတြာလေးပေးချင်ပါတယ်။
အခုပြောလို၊ ပေးလိုတာက မိမိဒုက္ခများနေတယ်လို့ယူဆရင် လုပ်ဆောင်ရမဲ့ယတြာလေးပါပဲ။ မိမိရဲ့စီပွားရေး ၊ လူမှုရေး၊ အိမ်တွင်းရေ ၊ပညာရေးအဘက်ဘက်က ဒုက္ခများနေတယ်လို့ယူဆရင်လုပ်ဆောင် ကြည့်ပါဗျ။
တနင်္ဂနွေ သစ္စာ ၊ တနင်္လာ သပြေ ၊ အင်္ဂါ ခရေ ၊ ဗုဒ်ဓဟူး စပယျ ၊ ကွာသာပတေး စှယျတောျ ၊ သောကွာ ပိတောကျ ၊ စနေ မာလကာ ဆိုတဲ့
အရွက်တွေ အညွန့်တွေ ပန်းတွေဟာ ဒုက္ခတွေ အမျိုးမျိုးများနေရင် ယတြာအဖြစ်သုံးလို့ရပါတယ်။
အဲ့အညွန့်တွေဟာလည်း အနားဝန်းကျင်တွေ
ယတြာအညွန့်ရောင်းတဲ့ဆိုင်တွေတွေမှာ ဝယ်လို့မှာလို့ခူးလို့ ရလွယ်တဲ့ အညွန့် အခက်တွေပါပဲ။
ကိုယ့်ဟာကိုယ် ဘာနေ့သားသမီးလို့သိယုံနဲ့ သုံးလို့ရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်…
သုံးပုံသုံးနည်းက ( ၄) မျိုးသုံးနိုင်တယ်…
ဥပမာ…တနင်္ဂနွေသားသမီး ဒုက္ခတွေ များနေပြီလို့ ကိုယ့်ဟာကိုယ်ခံစားလာရပြီဆိုရင်…
၁။ သစ္စာပန်းကို အိမ်ဘုရား အပြင်ဘုရားမှာ ခဏခဏလှုထားတာမျိုးလုပ်ရပါ့မယ်။
၂။ သစ္စာပန်းက အရွက်နဲနဲ ကိုခေါင်းအုံးအိပ်တာ နွမ်းရင်လဲလဲပေးတာမျိုးလုပ်ပေးပါ။
၃ ။ မနက်မနက် သစ္စာပန်းအရွက်တွေနဲ့ ရေစိမ်ချိုးလိုက်တာမျိုး တစ်ပတ်လောက်ပြုလုပ်ပေးပါ။
၄။ လူမှာ သွားလေရာ လာလေရာမှာ ပိုက်ဆံအိပ်လေးထဲ သစ္စာပန်းအရွက်လေး၂ လက္မလောက် ဖြတ် ဆောင်ထားပြီးသွားတာမျိုးလုပ်ရမယ်။ နွမ်းရင်လဲလဲပေးတာမျိုးပေါ့
ကျန်တဲ့နေ့သားတွေလဲ ဒီသဘောပဲ..
တစ်သက်တာလုပ်လို့ရမဲ့ အစီအရင်ပါပဲ ဒါတွေကို အခြေခံယတြာသဘောတွေလို့ဆိုနိုင်တယ် ဒီယတြာကို လုပ်လိုက်ရင် တစ်ပတ်အတွင်း ဒုက္ခတွေကနေ အတော်လေးသက်သာခွင့်တွေရလွယ်သွားတယ် ပိတ်နေတယ်ထင်ရတဲ့အကောင်းကံတံခါးတွေ ပြန်ပွင့်လွယ်သွားတယ် ဒုက္ခတွေများနေလို့ကျနေတဲ့စိတ်ဓါတ်တွေ ကံကောင်းမှု့တွေ ပြန်တိုက်ဆိုင်လာပြီး ပြန်တက်ကြွလာတတ်တယ်။
၃ ပတ်လောက်သာ ယတြာလုပ်လိုက်တယ် ဆိုရင် ဖယိုဖရဲယိမ်းထိုးနေတဲ့ဘဝလေးဟာ ပြန်တည်ငြိမ်လာတတ်တယ်
—–
တော်ယုံ ဒုက္ခတွေလောက်ကတော့ငွေကုန်ကြေးကျ မများလှပဲ ဒီယတြာနဲ့တင် အလုပ်ဖြစ်တယ်
ယုံကြည်စွာ လုပ်ကြည့်ရင်း
အဆင်ပြေကြပါစေဗျာ။ ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

သင်ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ

ကျွန်ုပ်ဧ။်အဘိုးတစ်ဦးသည် ကုန်ထမ်းသောအလုပ်ဖြင့် ပင်ပန်းဆင်းရဲစွာအသက်မွေးရလေဧ။်။ သို့ရာတွင် ၎င်းဧ။်အိမ်ကလေးမှာမူ သပ်သပ်ရပ်ရပ်နှင့် အတော်ကလေးတန်ဖိုးကြီးလေဧ။်။
အမွေရထားသောအိမ်ကလေးဖြစ်ဧ။်။ ထို့ကြောင့်လည်း ထိုအိမ်ကလေးကိုမထုခွဲရက်ပဲ အဆင်းရဲခံကာ နေထိုင်ခဲ့လေဧ။်။
တစ်ခါသော် အဘိုးတို့ရပ်ကွက်တွင်မီးလောင်ရာ ထိုအိမ်ကလေး ပါသွားလေတော့ဧ။်။ အစကပင်ချို့ငဲ့ရှာသောအဘိုးသည် အိမ်ကောင်းကောင်း ပြန်မဆောက်နိုင်တော့ပဲ ဝါးတဲကလေးဖြင့်သာလျှင် နေ၇ရှာလေတော့ဧ။်။ သို့ရာတွင် ထိုးဝါးတဲကလေးဖြင့် နေထိုင်ရပြီး၆လခန့်အကြာမှာပင် အဘိုးသည် ထီပေါက်လေတော့ဧ။်။ စီးပွားများထူထောင်ကာ လူချမ်းသာတစ်ဦး ဖြစ်လာခဲ့ဧ။်။ မြို့လယ်တစ်နေရာတွင် မြေကွက်တစ်ကွက်ဝယ်ခါ စတိုးဆိုင်ကြီးတစ်ဆိုင်ဖွင့်ခဲ့ပေသည်။
သို့ရာတွင် အဘိုးသည် “ငါ မြို့လယ်ခေါင်က အိမ်မှာနေတဲ့ရက်တွေဆိုရင် ငါ့စတိုးဆိုင်က ကျီးနဲ့ဖုတ်ဖုတ်ဆိုသလိုဘဲ လုံးဝမရောင်းရဘူးဟေ့ ဝါးတဲလေးမှာနေတဲ့ ရက်တွေဆိုရင်တော့ ငါ့ဆိုင်က ကြက်ပျံမကျဆိုသလိုပဲအရမ်းစည်ကားပြီး ရောင်းကောင်းတော့တာပဲကွ” ဟုဆိုကာ ဝါးတဲကလေးတွင်သာသွားကာနေလေဧ။်။
နောက်ထပ် ကျွန်ုပ်သတိထားမိသော ဖြစ်ရပ်တစ်ခုရှိသေး၏။
ကျွန်ုပ်တို့အိမ်နှင့်မလှမ်းမကမ်းတွင် အလွန်ဆင်းရဲသော ကိုစိန်သောင်းဆိုသူ မိသားစု ရှိပေ၏။ ၎င်းကို စိန်သောင်းတို့မှ မောင်မြရွှေဆိုသော သားငယ်တစ်ဦးဖွားမြင်လေဧ။်။ မောင်မြရွှေ၏ အထက်တွင်လည်း သားသမီးလေးယောက်ရှိသေး၏။ သို့ရာတွင် မောင်မြရွှေကလေး ဖွားမြင်ပြီးသည့်နောက် ၌ ကိုစိန်သောင်းတို့ မိသားစုသည်စီးပွားဘုန်းကနဲတက်
သွားလေရာ မောင်မြရွှေ ကလေး အခါလည်းသားအရွယ်ခန့်တွင် နှစ်ထပ်တိုက်ကြီး ဟီးနေအောင်ဆောက်နိုင်ခဲ့လေ၏။
သို့ရာတွင်အိမ်နီးချင်းများ စိတ်မကောင်းဖြစ်ရသည်မှာ အိမ်သစ်တက်သောညမှာပင် ဦးစိန်သောင်းသည် ရုတ်တရက်ကြီးကောက် ကာငင်ကာဆိုသလို ဆုံးပါးသွားရှာလေ၏။ ထို့ကြောင့်အရပ်ထဲတွင် မောင်မြရွှေကလေးက အိမ်ကြီးအိမ်ကောင်းနဲ့ နေဖို့ကံပါလာတယ်တဲ့ ကိုစိန်သောင်းကြီးတစ်ယောက်ကတော့
အိမ်ကြီး အိမ်ကောင်းနဲ့နေဖို့ ကံမပါဘူးထင်ပါရဲ့ဟယ်ဟု ပြောစမှတ်ပြုကြလေ၏။ ထို့အပြင် ရေနံချေးများဝနေအောင် သုတ်ထားသော နှစ်ဆောင်ပြိုင်ကျွန်းအိမ်ကြီးဖြင့် နေရသည့် တောမှရွာလူကြီးတစ်ဦး၏သားသည် မြို့သို့ကျောင်းသွားတက်သောအခါ အမျိူးတော်စပ်သူ၏အိမ်စုတ်ကလေးတင်နေထိုင်ရခြင်း၊တဲကုတ်ကလေးနှင့်နေနေရရှာသူ၏ သားသမီးတစ်ဦးသီးကိုမြို့ကသူဋ္ဌေးမှ ခေါ်ယူမွေးစားသောကြောင့် နေ့ချင်းညချင်းအိမ်ကြီးအိမ်ကောင်းနှင့်နေထိုင် ရခြင်းဆိုသည့်ဖြစ်ရပ် များကိုလည်း ကျွန်ုပ်ကြားဖူးတွေ့ဖူးလေ၏။ထို့ကြောင့် လူတစ်ဦးချင်း တစ်ဦးချင်းစီတွင် အိမ်ကြီးအိမ်ကောင်းနဲ့ နေရမည့်ကံ၊ အိမ်စုတ်ကလေးဖြင့်နေရမည့်ကံ အိမ်ငှားဖြင့် နေရမည့်ကံ စသည်ဖြင့် အမျိုးမျိူးကွဲပြာနိုင်ကြောင်းကျွန်ုပ်
သတိပြူမိလေ၏။ နောင်တစ်ချိန် ကျွန်ုပ်သည် ဗေဒင်ဆရာတစ်ဦးဖြစ်လာသောအခါတင်လည်း လူတို့၏ဇာတာကိုလိုက်ပြီးအိုးကံ၊ အိမ်ကံ အမျိူးမျိူးကွဲပြားနိုင်ကြောင်း အတွေ့အကြုံများစွာ ရရှိလာခဲ့ပါလေတော့၏။
မိမိ၏မြန်မာမွေးသက္ကရာဇ်ကိုတည်ပြီး ( ၇ ) ဖြင့်စားပါ။ အကြွင်း (၇) မျိူးထွက်လာပေတော့မည်။ထိုးအကြွင်းများကိုလိုက်ပြီး မိမိအတွက် အိုးကံ၊ အိမ်ကံကို အောက်ပါအတိုင်း ချိန်းဆကြည့်ရန်ဖြစ်ပါတော့သတည်း။
(၁) ကြွင်းသောခုနှစ်ရက် သား၊သမီးများသည် အိမ်ကြီးအိမ်ကောင်းများနှင့် အကျိူးပေးအားနည်းတတ်သည်။ မကြာခဏပြောင်းရွှေ့နေရတတ်သောသူများဖြစ်သည်။ တစ်နေရာထဲတွင် အခြေမချရတတ်ပါ။ အိမ်တွင် စွဲမြဲစွာနေလျှင် ကျန်းမာရေးညံလာတတ်သည်။
(၂) ကြွင်းသော ခုနှစ်ရက်သား။ သမီးများသည် တော်ရုံတန်ရုံသူဋ္ဌေးပင်မနေနိုင်သော အိမ်ကြီးအိမ်ကောင်းဖြင့်နေထိုင်ရတတ်သည်။ ခမ်းနားထည်ဝါသောအိမ်ကြီးများတွင် နေရတတ်သည်။ ယခုအခြေအနေတွင် ဆင်းရဲနေလျှင်ပင် အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့် စီးပွားတက်လာနိုင်ပေသည်။
(၃) ကြွင်းသော ခုနှစ်ရက်သား။ သမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။ အိမ်ကို မကြာခဏအရောင်၊ ဒီဇိုင်း၊ အနေအထားစသည်ဖြင့်ပြောင်းလဲပေးထားလေလေ ကံကောင်းစီးပွားတက်လေလေဖြစ်မည်။ အိမ်ကိုအကြောင်းပြုကာ စီးပွားတက်တတ်သောကြောင့် အလုပ်နှင့်အိမ်ကို တွဲထားသင့်သည်။
(၄) ကြွင်းသော ခုနှစ်ရက်သာ။ သမီးများသည် အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရတတ်သည်။ မထင်မှတ်ဘဲအမွေရခြင်း၊ ထီပေါက်ခြင်းတို့ကြောင့် စီးပွားတက်ပြီးလည်းကောင်း ဆုရခြင်း၊ မဲပေါက်ခြင်း၊ လက်ဆောင်ရခြင်း ၊ကြီးကဲသူတို့က ချီးမြှင့်ခြင်းတို့ကြောင့် လည်းကောင်း၊ အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်လေသည်။
(၅) ကြွင်းသော ခုနှစ်ရက်သားသမီးများသည် အိမ်ကြီး၊ အိမ်ကောင်းများနှင့် အကျိုးပေးအားနည်းတတ်သည်။မကြာခဏပြောင်းရွှေ့နေထိုင်ရခြင်း၊ အိမ်မှာနေလျှင်အလုပ်များ အဆင်မပြေခြင်း၊ ပူပင်သောကများရခြင်းများကြုံရတတ်သည်။ အိမ်နှင့်အလုပ်ကိုတွဲ မထားသင့်သူများ ဖြစ်ပေတော့သည်။
(၆) ကြွင်းသော ခုနှစ်ရက်သား၊ သမီးများသည် အိမ်ကြီးအိမ်ကောင်းများနှင့်နေထိုင်ရတတ်သောသူများ ဖြစ်ပေတော့သည်။ ထူးခြားဆန်းပြားသောပုံစံဒီဇိုင်းများနှင့် အိမ်များတွင်နေထိုင်ရတတ်သည်။ အိမ်ကြီးအိမ်ကောင်းနှင့်နေပြီး စီးပွားတတ်သည်။ တစ်စုံတစ်ရာထူးခြားနေသောအိမ်များတွင် နေရတတ်သည်။
( ၀ ) ကြွင်းသော ခုနှစ်ရက်သား။ သမီးများသည် အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရန် ကံနည်းတတ်သည်။ အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်လျှင်ပင် ထိုအိမ်တွင်အမြဲမနေရတတ်ပေ။ မိမိမှာအိမ်ပိုင်ပါလျှက်နှင့် အခြားတစ်ပါးတွင်သွားပြီး နေထိုင်ရတတ်သည်။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက် ဖြစ်နေရတတ်ပေသည်။ ။
Written By :ဆရာဇင်ယော်နီ(မနောမယ)
Post By: ငြိမ်းအေးလူ ဗေဒင်သုတေသီ

မိဘနှင့်သားသမီး

သားသမီးတွေထဲမှာ မိဘစကားကိုမြေဝယ်မကျနားထောင်တာ လူကြီးပြောစကားကို နာခံတာ မိဘတွေကိုမလွန်ဆန်တဲ့သားသမီးတွေရှိကြသလို
အချို့သားသမီးတွေကြတော့လဲ
မိဘ ဘာပြောပြောကိုယ်ထင်ရာကိုယ်လုပ်ကြပါတယ်။ မိဘရှေ့မှာပြန်မပြောပေမယ့် နောက်ကွယ်မှာမိဘစကားနားမထောင်တဲ့ ပြန်မပြောနားမထောင်ကြတဲ့သားသမီးတွေလဲ ရှိကြပါတယ်။
မိဘစကားနားမထောင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်တဲ့နေရာမှာ မိမိလုပ်လိုက်တဲ့ကိစ္စကလမ်းမှန်ရောက်သွားရင်တော့ ကိစ္စမရှိဘူးပေါ့။
မိမိအတွေးအခေါ် အသိဉာဏ်နုနယ်သေးတဲ့အရွယ်မှာ ကိုယ်ထင်ရာကိုယ်လုပ်မယ်ဆိုရင် လမ်းမှန်ထက် လမ်းမှားရောက်ဖို့သာ ရှိပါတော့တယ်။
အချို့မိဘတွေရဲ့ အတ္တမာနတွေနဲ့ ပုံသွင်းမှုတွေကြောင့် သားသမီးတွေရဲ့ ရည်ရွယ်ချက်ပျောက်ဆုံးကုန်တာမျိုးလဲရှိတတ်ပါတယ်။
ကျွန်တော်တို့ဗေဒင်ပညာရပ်မှာဆန်းဗေဒင်ဆိုတာရှိပါတယ်။
ဆန်းဗေဒင်ပညာရပ် မှာကလည်း –
(၁) အမည်တွေကို စင်ကြယ်အောင် ခွဲခြားစိတ်ဖြာ ဟောပြောပေးနိုင်တဲ့ နာမက္ခရဆန်း၊
(၂) ဗျည်းတွေကို စင်ကြယ်အောင် ခွဲခြားစိတ်ဖြာ ဟောပြောပေးနိုင်တဲ့ ဗျ ဉ္စနသုဒ္ဓိဆန်းရယ်၊
(၃) ဂဏန်းတွေကို စင်ကြယ်အောင် ခွဲခြားစိတ်ဖြာ ဟောပြောပေးနိုင်တဲ့ ဂဏသုဒ္ဓိဝိမလဆန်း ဆိုပြီး သုံးမျိုးရှိပြီး အလွန်ကျယ်ပြန့်နက်နဲလှပါတယ်။
အခုတင်ပြပေးချင်တာက အမည်တွေကို စင်ကြယ်အောင် ခွဲခြားစိတ်ဖြာ ဟောပြောပေးနိုင်တဲ့နာမက္ခရဆန်းထဲက
လူကြီးမိဘတွေရဲ့ ပြောစကား၊ဆိုစကားတွေကို နားမထောင်ဘဲ မနာခံတတ်တဲ့အမည်တွေအကြောင်းနဲ့ လူကြီးမိဘတွေရဲ့ပြောစကားကိုနားထောင် ၊နာခံတတ်တဲ့အမည်တွေအကြောင်းပဲ
ဖြစ်ပါတယ်။
ပါဠိလိုခေါ်တော့ ဝုဒ္ဓိလို့ဆိုထားပါတယ်။။ အစဉ်လိုက် ဖြစ်တဲ့သဘောပါ။ ဘယ်လိုအစဉ်လိုက် ဖြစ်ရတာလဲဆိုတော့ –
မိမိမှည့်ထားတဲ့အမည်ရဲ့ အစ, စာလုံးရယ်၊ အဆုံးစာလုံးရယ်ကို ယူရပါ တယ်။အလယ်က စာလုံးတွေကိုတော့ ပယ်လိုက်ရပါတယ်။ ဥပမာပြောရရင် ” ငြိမ်းအေးလူ” ဆိုပါတော့ ငြိမ်းရယ် လူ ရယ်ကို ယူရပြီးတော့ အေးကို ပယ်ရပါမည်။
အစ,စာလုံးနံကို ရေးရပါမယ်။
ငြိမ်း ကတနင်္လာနံပါ။ ဂဏန်းအရဆိုရင်တော့ (၂)ကိုယူပြီး ရေးပါ။
ပြီးရင် အစဉ်လိုက်သုံးလုံးဆက်ရေးပါ။
ဒီတော့ “၂” ၃ ၄ ၅
ပြီးရင် အရှေ့ကနေ အစဉ်လိုက် သုံးလုံး
ဆက်ရေးလိုက်ပါ။
၆ ၇ ၁ “၂” ၃ ၄ ၅
အထက်ပါအတိုင်း ရပါလိမ့်မယ်။ ဒါဆိုရင် ဟောလို့ရပါပြီ။
အမည်အစ စာလုံးကနေ အရှေ့ဘက်ကိုအမည်မှည့်ပေးရင် လူကြီးမိဘတွေရဲ့ ပြောစကားကို နားထောင်တဲ့သူ၊ လိမ္မာယဉ်ကျေးစွာ နေထိုင်တတ်
တဲ့သူ၊ ဘာသာတရားနဲ့ နေထိုင်တတ်တဲ့သူမျိုး ဖြစ်ပါလိမ့်မယ်။
ငြိမ်းက ၂ဖြစ်ပြီး ၊လူက ဗုဒ္ဓဟူးနံ ၄ဖြစ်တဲ့အတွက် ရှေမှာရှိပြီးဝုဒ္ဓိမှန်တဲ့သူ ၊မိဘစကားနားထောင်သူထဲမှာပါတယ်ပေါ့ ။
အဲဒီလိုမဟုတ်ဘဲ အမည်အစ,စာလုံးကနေ အနောက်ဘက်ကိုပြန်ပြီး အမည်မှည့်ပေးရင် လူကြီး မိဘတွေရဲ့ ပြောစကားကို နားမထောင်တဲ့သူ၊ ဆိုဆုံးမလို့ မနာခံတတ်တဲ့သူ၊ လူကြီးတွေကို ဆန့်ကျင်
ပြီး ကိုယ်လုပ်ချင်ရာကို ဇွတ်လုပ်တတ်တဲ့သူမျိုး ဖြစ်ပါလိမ့်မယ်။
ဥပမာ ကျော်မင်းထွန်း ဆိုရင်
ကျော်က ၂ ၊ ထွန်းက ၇ ဖြစ်တဲ့အတွက် ဝုဒ္ဓိပြန်တယ်၊ အစဉ်လိုက်မဟုတ်ဘဲ အနောက်ကိုပြန်တဲ့နာမည်ပေါ့ဗျ။
နားလည်အောင်အသေးစိပ်ရေးပြရရင်
တနင်္ဂနွေနံနဲ့ စမှည့်ထားပြီး –
တနင်္ဂနွေနံ + တနင်္လာနံ တနင်္ဂနွေနံ + အင်္ဂါ
တနင်္ဂနွေနံ + ဗုဒ္ဓဟူးနံ တွေနဲ့အဆုံးသတ်မှည့်ထားရင်
တနင်္လာနံ နဲ့ စမှည့်ထားပြီး –
တနင်္လာနံ + အင်္ဂါနံ တနင်္လာနံ + ဗုဒ္ဓဟူးနံ
တနင်္လာနံ + ကြာသပတေးနံ တွေနဲ့ အဆုံးသတ်မှည့်ထားရင်
အင်္ဂါနံနဲ့ စမှည့်ထားပြီး –
အင်္ဂါနံ + ဗုဒ္ဓဟူးနံ
အင်္ဂါနံ + ကြာသပတေးနံ အင်္ဂါနံ + သောကြာနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
ဗုဒ္ဓဟူးနံ နဲ့ စမှည့်ထားပြီး –
ဗုဒ္ဓဟူးနံ + ကြာသပတေးနံ ဗုဒ္ဓဟူးနံ + သောကြာနံ
ဗုဒ္ဓဟူးနံ + စနေနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
ကြာသပတေးနံ နဲ့ စမှည့်ထားပြီး –
ကြာသပတေးနံ + သောကြာနံ ကြာသပတေးနံ + စနေနံ
ကြာသပတေးနံ + တနင်္ဂနွေနံ တွေနဲ့ အဆုံးသတ်မှည့်ထားရင်
သောကြာနံ နဲ့ စမှည့်ထားပြီး –
သောကြာနံ + စနေနံ သောကြာနံ + တနင်္ဂနွေနံ
သောကြာနံ + တနင်္လာနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
စနေနံနံ နဲ့ စမှည့်ထားပြီး –
စနေနံ + တနင်္ဂနွေနံ စနေနံ + တနင်္လာနံ
စနေနံ + အင်္ဂါနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
လူကြီးမိဘပြောစကားကို နားထောင် လိုက်
နာမယ့်သူ၊ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်း
ပြုပြင်နေထိုင်မယ့်သူပါ။
အဲဒီလိုမဟုတ္ဘဲ…………….။
တနင်္ဂနွေနံနဲ့ စမှည့်ထားပြီး –
တနင်္ဂနွေနံ + ကြာသပတေးနံ တနင်္ဂနွေနံ + သောကြာနံ
တနင်္ဂနွေနံ + စနေနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
တနင်္လာနံနဲ့ စမှည့်ထားပြီး-
တနင်္လာနံ + သောကြာနံ တနင်္လာနံ + စနေနံ
တနင်္လာနံ + တနင်္ဂနွေနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
အင်္ဂါနံ နဲ့ စမှည့်ထားပြီး-
အင်္ဂါနံ + စနေနံ အင်္ဂါနံ + တနင်္ဂနွေနံ
အင်္ဂါနံ + တနင်္လာနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
ဗုဒ္ဓဟူးနံ နဲ့ စမှည့်ထားပြီး-
ဗုဒ္ဓဟူးနံ + တနင်္ဂနွေနံ ဗုဒ္ဓဟူးနံ + တနင်္လာနံ
ဗုဒ္ဓဟူးနံ + အင်္ဂါနံ တွေနဲ့အဆုံးသတ်မှည့်ထားရင်
ကြာသပတေးနံ နဲ့ စမှည့်ထားပြီး-
ကြာသပတေးနံ + တနင်္လာနံ ကြာသပတေးနံ + အင်္ဂါနံ
ကြာသပတေးနံ + ဗုဒ္ဓဟူးနံ တွေနဲ့ အဆုံးသတ်မှည့်ထားရင်
သောကြာနံနဲ့ စမှည့်ထားပြီး-
သောကြာနံ + အင်္ဂါနံ သောကြာနံ + ဗုဒ္ဓဟူးနံ
သောကြာနံ + ကြာသပတေးနံ တွေနဲ့ အဆုံးသတ်မှည့်ထားရင်
စနေနံနဲ့ စမှည့်ထားပြီး-
စနေနံ + ဗုဒ္ဓဟူးနံ စနေနံ + ကြာသပတေးနံ
စနေနံ + သောကြာနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
ပြောစကားနားမထောင်၊ ကိုယ်ထင်ရာ ကိုယ်
လုပ်မယ့်သူပါ။မိမိလုပ်တာ မှန်တယ်ထင်ရင်
ဘယ်သူ့စကားမှနားမဝင်တဲ့သူပါ။
x x x x x x x x x x
အဲဒီလိုမဟုတ်ဘဲ …နာမည်ရဲ့အရှေ့စာလုံး(အရင်းစာလုံး)နဲ့
အနောက် (အဖျား)စာလုံးဟာ နံတူဖြစ်တယ်ဆိုရင်တော့ အောက်ပါအတိုင်းဖြစ်တတ်ပါတယ်။
တနင်္ဂနွေနံနဲ့ စမှည့်ထားပြီး-
တနင်္ဂနွေနံ နဲ့အဆုံးသတ်မှည့်
ထားရင်
ပြန်မပြောနားမထောင်၊ တစ်ဇွတ်
ထိုးသမား၊ သူသိ သူတတ်သမားပါ။
တနင်္လာနံနဲ့ စမှည့်ထားပြီး-
တနင်္လာနံ နဲ့အဆုံးသတ် မှည့်ထားရင်
ပြန်မပြောနားမထောင်၊ စိတ်ကူး ယဉ်သမား၊
အတွေးသမားပါ။
အင်္ဂါနံနဲ့ စမှည့်ထားပြီး-
အင်္ဂါနံနဲ့အဆုံးသတ် မှည့်ထားရင်
ပြန်မပြောနားမထောင်၊ စိတ်မြန်လက်မြန်
လုပ်တတ်တဲ့ ဒေါသသမားပါ။
ဗုဒ္ဓဟူးနံနဲ့ စမှည့်ထားပြီး-
ဗုဒ္ဓဟူးနံ နဲ့အဆုံးသတ်မှည့်ထားရင်
ပြန်မပြောနားမထောင်၊ အရမ်းစိတ်လှုပ်ရှား
လွယ်ပြီး ရှူးရှူးဒိုင်းဒိုင်းသမားပါ။
ကြာသပတေးနံနဲ့ စမှည့်ထားပြီး- ကြာသပတေးနံနဲ့ အဆုံးသတ် မှည့်ထားရင်
ပြန်မပြောနားမထောင်၊ မာန်မာနထားတတ်
သူ၊ ဘဝင်မြင့်တတ်သူပါ။
သောကြာနံနဲ့ စမှည့်ထားပြီး-
သောကြာနံနဲ့အဆုံးသတ် မှည့်ထားရင်
ပြန်မပြော နားမထောင်၊ အပျော်အပါး လုပ်
တတ်သူ၊ လောင်းကစား လုပ်တတ်သူပါ။
စနေနံနဲ့ စမှည့်ထားပြီး-
စနေနံ နဲ့အဆုံးသတ် မှည့်ထားရင်
ပြန်မပြောနားမထောင်၊ မြုံစိစိနဲ့ ပေတေ
တေ ကတ်တတ်တတ်သမားပါ။
ကဲ …ဒါဆိုရင် ကိုယ့်သားသမီးဟာ လူကြီး
မိဘတွေရဲ့ ပြောစကားဆိုစကားတွေကို နားထောင်တဲ့အမည်မျိုး ဟုတ်မဟုတ် သင်သိ
ေလာက္ပါၿပီ။
ဆန်းစစ်နိုင်ဖို့ လေ့လာဖို့ ယေဘုယျသဘောတရားတွေတင်ပြလိုက်ရပါတယ်ဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

(၇)ရက်သားသမီးများ ကံမနိမ့်အောင်

ကျွန်တော်အနေနဲ့ ဗေဒင်ပညာအရ လာမေးတဲ့သူရဲ့ အသက်အပိုင်းအခြား အချိန်အပိုင်းအခြားပေါ်မူတည်ပြီး ယတြာတွေအမျိုးမျိုးစီရင်ပေးခဲ့ပါတယ်။
ဆန်းပညာအရ တန်းစီးတိုင်ထိပ်ယတြာတွေ ၊ကပ်ဂြိုဟ်အညံ့အကောင်းပေါ်မူတည်ပြီး ဣဋ္ဌယတြာတွေ၊ အနိဋ္ဌယတြာတွေ ၊ဗုဒ္ဓယတြာတွေ စုံအောင်ပေးခဲ့ပါတယ်။
အင်္ဂဝိဇ္ဇာအရ အထက်ဆောင်ပန်း အောက်နင်းကြမ်း တွေလုပ်ပေးရတာတွေရှိပါတယ်။
အခုပြောချင်တာက ကိုယ်ဘယ်အသက်ပဲဖြစ်ဖြစ် ဘယ်သက်ရောက်ပဲရောက်ရောက် အမြဲလုပ်လို့ရမဲ့
ယတြာလေးပေးချင်ပါတယ်။
ဘယ်အခြေအနေပဲဖြစ်ဖြစ် နေ့နံသိရုံနဲ့လုပ်လို့ရပါတယ်။
မိမိကိုယ်တိုင်ကံနိမ့်ပြီလို့ထင်နေတဲ့ အခါကြရင်တော့လုပ်လို့ရပါတယ်။
တကယ့်ပွဲတွေ့ယတြာလေးပါပဲ။
“ကံတွေနိမ့်နေလားမသိဘူး ဘာ လုပ်လုပ်အဆင်မပြေဘူး”
“ဆိုင်ကအရောင်းပါးနေတယ်ဆရာ ကံညံ့နေလားမသိဘူး”
” အခုတလောသမီးချစ်သူနဲ့အဆင်မပြေဘူး တွေ့လိုက်တိုင်းတကျက်ကျက်ပဲ ကံများနိမ့်လားမသိဘူး “
“ဆရာရေအလုပ်ကပြုတ် ဆိုင်ကယ်ကမှောက်နဲ့ ကံအနိမ့် ပိုင်းရောက် နေလားသိချင်လို့ပါ”
စတဲ့စကားသံတွေ အမြဲကြားနေရပါတယ်။ မိမိကံနိမ့်နေတယ်လို့ ယူဆရင်ဖြစ်စေ ကံနိမ့်ပြီးဆိုးကျိုးကြုံရမှာကြောက်သည်ဖြစ်စေ အမြဲလုပ်ရမဲ့ယတြာလေးပါပဲ။
အမြဲတမ်းမွေးနေ့တိုင်းလုပ်နိုင်ရင်အကောင်းဆုံးပါပဲ။
တနင်္ဂနွေ သားသမီးဖြစ်သော်
ငှက်ပျောသီး ဆယ်လုံး အခွံနွာ၍ ပန်းကန်ပြား တွင် ထည့်ပါ။ အပေါ်မှ သကြားဖြူး ပါ။ တနင်္ဂနွေနေ့ နံနက် (၉း၄၅) တွင် အိမ်ဘုရားစင်၌ ဆွမ်းတော် ကပ်ပါလေ…။
တနင်္လာ သားသမီး ဖြစ်သော် ပန်းကန်လုံးတွင် ဇီးသီးအပြည့် ထည့်၍ တနင်္လာနေ့ နံနက် (၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပါလေ။
အင်္ဂါ သားသမီး ဖြစ်သော်
ကြွေပန်းကန်ပြား အတွင်း၌ လက်ဖက် အသားချည်း ငါးပုံ ပုံ၍ အင်္ဂါနေ နံနက် (၉း၄၅) မိနစ်တွင် မိမိ အိမ်ဘုရားစင်၌ ကပ်လှူ ပူဇော်ပါလေ။
ဗုဒ္ဓဟူး သားသမီး ဖြစ်သော် ပန်းကန်ပြား သုံးချပ်၌ ပဲ ပြုတ်များ ထည့်ကာ ဗုဒ္ဓဟူးနေ့နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ။
ကြာသပတေး သားသမီးဖြစ်သော်
သစ်သီး (၆)လုံးကို ကြာသပတေးနေ့ နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား စင်၌ ကပ်လှူ ပူဇော်ပါလေ…။
သောကြာ သားသမီး ဖြစ်သော်
ဖန်ခွက် ရှစ်ခွက်ဖြင့် နွားနို့ စစ်စစ်ကို သောကြာနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ…။
စနေ သားသမီးဖြစ်သော်
အုန်းသီးကို ခြစ်၍ ပန်းကန်ပြား အသေး ရှစ် ပန်းကန်တွင် ခွဲ၍ ထည့်ပြီး စနေနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ ကပ်လှူ ပူဇော်ပါလေ…။
အထက်ပါအတိုင်း ကပ်လှူပူဇော်ပြီး မိမိလိုအင်ဆန္ဒတွေ ဆုတောင်းနိုင်ပါတယ်။
အထက်ပါအတိုင်းအစီရင်လုပ်တဲ့ အခါ မိမိကံအနေအထားပေါ်မူတည်ပြီး ဆန္ဒပြည့်တာမြန်တာ နှေးတာရှိပါတယ်။
အချို့ဆို မွေးနေ့နှစ်ကြိမ်လောက်လုပ်ပြီး အဆင်ပြေကြသလို အချို့ကလဲ ခုနှစ်ကြိမ် ရှစ်ကြိမ်လောက်လုပ်မှ ပြေလည်တတ်ပါတယ်။
အလုပ်ကိစ္စကြောင့်အချိန်အခက်အခဲရှိရင် နံနက် ၆းဝဝမှာလုပ်ပေးပါဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျောင်းနေ ဖက် ငယ်သူငယ်ချင်းများဖြစ်ကြသော မိုးကျော်၊ ဖိုးထော်နှင့် စိုးမော်ဆိုသူတို့ ရောက်ရှိလာကြ လေသည်။ သူငယ်ချင်းသုံးဦးတွင် စိုးမော်မှာ မိန်းကလေးဖြစ်ပြီး အမည်ရင်းမှာ စိုးစိုးမော် ဟူ၍ဖြစ်ပြီး မိုးကျော်၊ ဖိုးထော်တို့နှင့်တွဲကာ သူ့ ကိုလည်း စိုးမော်ဟုသာ ခေါ်ခဲ့ကြလေ၏။
၎င်းတို့သုံးဦးသည် ကျွန်ုပ် တည်ခင်း ဧည့်ခံသောမနောမယလက်ဖက်ရည်ကိုသောက် ကြလေ၏။ စိုးမော်က တစ်ဝက်သာသောက်ပြီး၊ မိုးကျော်က နှစ်ခွက်ဆင့်၍ သောက်လေ၏။ စိုး မော်က –
‘‘ဒီလို သူငယ်ချင်းရေ …၊ တချို့ ရုံး ခန်းတွေ၊ အလုပ်ခန်းတွေမှာ ပန်းချီကားကြီးတွေ ကျကျနနလှလှပပချိတ်ထားတာ ငါဖြင့်အရမ်းသ ဘောကျတာပဲ …၊ ငါတို့ အလုပ်ခန်းတွေမှာ လည်း အဲဒီလို ပန်းချီကားကြီးတွေ ကျကျနန ချိတ်ချင်တယ်ဟာ၊ ငါတို့ သူငယ်ချင်း ဗေဒင်ဆရာ ကြီးတစ်ယောက်လုံး ရှိနေတာဆိုတော့ ဒီအတိုင်း ရမ်းပြီးချိတ်မယ့်အစား သူငယ်ချင်းပြောပြတဲ့ ပန်းချီ ကားတွေ ချိတ်မယ်ဆိုပြီး သုံးယောက်သား တိုင်ပင်ပြီး လာခဲ့ကြတာဟေ့ …’’ ဟု ၎င်းတို့၏ လာရင်းကိစ္စ ကို ပြောပြကြလေ၏။ ကျွန်ုပ်လည်း စီးကရက်ကို နှစ်ဖွာခန့်မျှ ဆက်၍ဖွာ လိုက်ပြီးသည့်နောက် –
‘‘ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာ နိမိတ်ထွန်းသတဲ့ …၊ တချို့လည်း ဓာတ်ဘိသက် ပန်းချီဆိုပြီး တကူးတက ပန်းချီဆရာဆီမှာအပ်ပြီး ဓာတ်ပန်းချီကားတွေ ဆွဲခိုင်းလေ့ရှိတယ် …၊ နင်တို့ အနေနဲ့ ရှိပြီးသားပုံတွေ၊ ဝယ်လို့ကူးလို့ လွယ်မယ့်ပုံ တွေကို ချိတ်ချင်သပဆိုရင်လည်း ချိတ်ကြပေါ့’’ ဟု ပြောလိုက်ရာ ဖိုးထော်က –
‘‘အေး …အဲဒီလိုပဲ လုပ်စမ်းပါကွာ …၊ ငါတို့ကလည်း အချိန်သိပ်ပေးနိုင်တာမဟုတ်ဘူးကွ’’ ဟု ပြောရင်း လက်ကျန်လက်ဖက်ရည်ခွက်ကို တစ် ကျိုက်တည်းမော့ချလိုက်လေ၏။ မိုးကျော်ကလည်း-
‘‘အေးပါကွာ …၊ လွယ်လွယ်သာလုပ်ပါ သူငယ်ချင်းရယ် …၊ ခေတ်က ပြောင်းသွားပြီကွ၊ ရှေးတုန်းကဆိုရင် ကုန်ပစ္စည်းကြော်ငြာမှာတာတောင် မဂ္ဂဇင်းတစ်မျက်နှာလောက် စာတွေ စီကာပတ်ကုံး ရေးပြီး အရှည်ကြီးကြော်ငြာကြတာ၊ ဒီခေတ်မှာက တော့ လိုရင်းတိုရှင်း ထိထိမိမိပဲ ကြော်ငြာကြတော့ တယ်ဟ …၊ အဲဒီတော့ ဆရာသမားရဲ့ ဓာတ်ဘိ သိက်ပန်းချီကိုလည်း အကျယ်ချဲ့တဲ့နည်းတွေနဲ့တော့ လာမပြောပါနဲ့ကွာ …’’ ဟု ဝင်၍ထောက်ခံလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ပြုံး၍ –
‘‘အေးပါကွာ …၊ ဘာပဲဖြစ်ဖြစ် တစ်ခု သတိထားဖို့ကတော့ အလုပ်ခန်းတွေ ရုံးခန်းတွေမှာ မကောင်းတဲ့ သဘောသက်ရောက်တဲ့ အနိဋ္ဌ သ ဘောဆောင်တဲ့ ပုံမျိုးတွေတော့ မချိတ်အပ်ဘူးကွ’’ ဟု ပြောလိုက်လျှင် စိုးမော်က –
‘‘အေးပါဟယ် …၊ ငါတို့အနေနဲ့ ဘယ်လို ပုံတွေချိတ်ရမလဲဆိုတာသာ ပြောပါတော့ …’’ ဟု လောဆော်ပါလေတော့၏။ ထို့ကြောင့် ကျွန်ုပ် က –
‘‘ကဲ …ကဲ …အဲဒါဆိုလည်း မှတ်စုနဲ့ သာ မှတ်ပြီးယူသွားကြပေတော့ …၊ တော်ကြာ မောင်လေးအတွက်၊ ကြီးတော်အတွက်၊ အဖေ့ အတွက်ဆိုပြီး မေးနေကြဦးမယ် …’’ ဟု ပြောပြောဆိုဆိုပင် မိမိတို့၏ မွေးနေ့အလိုက် အောင်မြင်ခြင်း၊ လာဘ်ရွင်ခြင်း၊ လူချစ်လူခင် ပေါများခြင်း စသော ကောင်းကျိုးချမ်းသာများ ရရှိစေနိုင်မည့် ပန်းချီပုံများ ကို အောက်ပါအတိုင်း ပြောပြလိုက်ရပါလေတော့ သတည်း …။
တနင်္ဂနွေသားသမီးများ
သိကြားမင်းပုံ၊ သစ်ပင်ကြီးကြီးမားမား
လှလှ ပပပုံ၊ သမင်ပုံ၊ ကျားပုံ။
တနင်္လာသားသမီးများ
နတ်သား၊ နတ်သမီးပုံ၊ နေထွက်စ ရှုခင်း ပန်းချီကားပုံ၊ ထန်းပင်၊ ထန်းတောပုံ၊ဆင်ပုံ။
အင်္ဂါသားသမီးများ
အုန်းပင်၊ အုန်းတောပုံ၊ ရွေအိုးပုံ၊ ရေအိုးပုံ၊ လှေပုံ၊ လှည်းပုံ။
ဗုဒ္ဓဟူးသားသမီးများ
ကြေးအိုးလှလှပုံ၊ ငွေအိုးလှလှပုံ၊ ပန်းအိုး လှလှပုံ၊ ကမ္ဘာ့မြေပုံ၊ ကျားပုံ၊ မြင်းပုံ။
ကြာသပတေးသားသမီးများ
စစ်သူကြီး မဟာဗန္ဓုလပုံ၊ ဆိပ်ကမ်းရှုမျှော် ခင်ပုံ၊ စကြာတံဆိပ်ပုံ၊ စောင်းပုံ၊ ဆင်ပုံ။
သောကြားသားသမီးများ
လှေပုံ၊ လှည်းပုံ၊ စင်ရော်ပုံ၊
ဆိုင်းဝိုင်းပုံ၊ ဆင်ပုံ။
စနေသားသမီးများ
ဘုရားစေတီပုံတော်၊ ပန်းအိုးလှလှပုံ၊
မြင်းပုံ၊ လှေပုံ၊ မီးအိမ်ပုံ။
မနောမယ ဂျာနယ်မှ ဆရာဇင်ယော်နီ ၏
ဆောင်းပါးအားကူးယူဖော်ပြသည်။
ငြိမ်းအေးလူ ဗေဒင်သုတေသီ