loading

Category: ရသဝတ္ထု

  • Home
  • Category: ရသဝတ္ထု

နိုင်ငံရပ်ခြား

 “ဆရာ….ကျွန်တော်calling ကျပြီဗျ

“ဒီလထဲပဲ ကကြီးကို သွားရတော့မယ်
ဒီကောင်လေးက ကျွန်တော်မိတ်ဆွေရဲ့ တူလေး..
နိုင်ငံခြားသွားဖို့ စောင့်နေတာအတော်ကြာပြီ။
“ကောင်းတာပေါ့ကွာ …စောင့်ရတဲ့ဘဝကကျွတ်သွားတာပေါ့…”
“ဆရာယတြာကို နှစ်ပတ်တိတိလုပ်ပြီး မကြာခင် အလုပ်ခေါ်စာ ကျတာပဲဆရာ…ဆရာယတြာ အတော်စွမ်းတာပဲ….”
“ယတြာက အဓိကမဟုတ်ဘူးကွ…မင်းကံကိုယ်က သွားရတော့မဲ့ အချိန်ရောက်နေတာ….ယတြာလုပ်လိုက်တော့ တွန်းအားဖြစ်ပြီး မြန်သွားယုံပါပဲ…
မှတ်ထား ငါ့တူ…လုပ်တိုင်းသာဖြစ်နေရင်အနတ္တဆိုတာ ရှိတော့မှာမဟုတ်ဘူး…”
“ဘာပဲဖြစ်ဖြစ် ဆရာ့ကို ကျေးဇူးတင်တယ်..ဉာဏ်ပူဇော်ခလဲ ဆရာကမယူဘူး…ဆိုတော့ “
“အေးလေ..မင်းမှအဆင်မပြေတာ ….နေပါစေ..မင်းဦးလေးကိုပဲ လက်ဖက်ရည်တိုက်ခိုင်းလိုက်မယ်”
“ဟိုရောက်ရင်တော့ …ဆရာအတွက် လက်ဆောင်တစ်ခုခု ဝယ်ထည့်ပေးလိုက်ပါ့မယ်.ဆရာ..ဒါမှမဟုတ်အလည်ပြန်လာရင် ဝယ်ခဲ့မယ် “
သူစကားကြားတော့ ကိုယ်နည်းနည်းလန့်သွားသည်။
“နေပါစေကွာ…ငါက နိုင်ငံခြားပြန်တွေကို ကြောက်တဲ့ရောဂါရှိတယ်ကွ…”
“အဆန်းပါလား..ဆရာ တစ်ခါမှအဲဒီရောဂါ မကြားဘူးဖူး”
“ဒီလိုကွ…. ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက်ရှိတယ်…တစ်ရပ်ကွက်ထဲပဲနေတာ …တစ်လခွင့်ရလို့ လာပြန်လည်တာ… နှုတ်ဆက်ဖော်တောင်မရဘူး.. သူများတွေပြောမှ ရောက်ကြောင်းသိရတယ်… ကျွေးရမွေးရမှာ ကြောက်တယ်နဲ့ တူပါတယ်ကွာ..”
ကောင်လေးက ရယ်လေသည်။
” ပြောပါအုံးဆရာ”
“အိမ်နီးနားချင်းတွေထဲမှာလဲ နိုင်ငံခြားပြန်တွေရှိတယ်ကွ…ပြန်လာတာ …ဘာမှဝယ်လာစရာမလိုပါဘူးကွ… စိတ်မကောင်းတာက … လက်ဖက်ရည်လေးတစ်ခွက်တောင် ခေါ်မတိုက်တာဘဲ… နိုင်ငံခြားရောက်သွားသူတွေ လူမှုရေးခေါင်းပါးသွားတာလား…လို့ တွေးမိတယ်…သူ့တို့မရှိချိန် သူ့တို့မိဘတွေရဲ့ အရေးကိစ္စကြုံရင် ဒီအိမ်နီးနားချင်းတွေပဲ ကူညီနိုင်တယ်ဆိုတာ မတွေးမိဘူးနဲ့တူပါရဲ့…”
“ကျွန်တော်တော့ အဲလိုမဖြစ်လောက်ပါဘူး..ဆရာ “
“မင်းပြောလို့ ပြောရအုံးမယ်…တစ်လောကပဲ လုပ်ဖော်ကိုင်ဖက် ညီငယ်တစ်ယောက် ကိုရီးယားသွားတယ်ကွ…နှုတ်ဆက်ဖော်တောင်မရပါဘူးကွာ.. သူ့အမျိုးသမီး လိုင်းပေါ်တင်မှပဲ သွားမှန်းသိရတယ်… ခေါ်စာကဒီနေ့ကျပြီး မနက်ဖြန်လေယာဉ်ပေါ်တတ်ရလို့ နှုတ်မဆက်ဖြစ်တာနဲ့ တူပါရဲ့လို့ တွေးမိတာပါပဲ…
“ဟုတ်တယ်ဆရာ …အချို့က ငွေဒဏ်မခံနိုင်ကြဘူး.. လက်ထဲမှာငွေရှိလာလေ စိတ်တွေပြောင်းသွားလေဖြစ်ကြတာ”
“ကဲ …ဒါတွေထားတော့ .. သွားရတော့မယ်ဆိုတော့ ပြင်စရာရှိတာပြင်တော့ …ကျန်းမာရေးလဲဂရုစိုက် ….”
“ဟုတ္ကဲ့ပါ…ဆရာ “
ကောင်လေးက လက်အုပ်ချီကန်တော့ ပြီး ထွက်သွားလေသည်…။ အတ္တနဲ့ ပရ မျှတစွာ လုပ်ဆောင်နိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းရင်း
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ၊၊
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Viber Only(09775555695)

#အညံ့စားဝီရိယများ

ကျွန်တော့်ပတ်ဝန်းကျင်မှာ ကောက်ရိုးမီး စိတ်ဓာတ်တွေများနေကြတယ်။ ကျွန်တော်ပြောတာလက်မခံရင် အနည်းငယ်စောင့်ကြည့်လိုက်ပါ။ shortcut (ဖြတ်လမ်း) ဆိုတဲ့စကားလုံးဟာ လူတွေရဲ့သည်းခြေကြိုက်စကားပေါ့ ။အလွယ်လမ်းဆိုအရမ်းသဘောကျတတ်တယ်။အဲဒါကြောင့်ပဲ ရက်တိုသင်တန်းတွေက အလွန်အောင်မြင်ကြတယ်။
အင်္ဂလိပ်စာလေ့လာမယ်ဆိုပါစို့။ အစကတော့ ငါ native speaker တစ်ယောက်လိုကျွမ်းကျင်ရမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ပေါ့။ သုံးလလောက်လဲ ကြာရော ထမင်းစား၊ရေသောက်လောက်တတ်ရင်တော်ပါပြီဖြစ်သွားရော။
ကျွန်တော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓက လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်။ သဗ္ဗညုတဉာဏ်ကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးလေ……။
”အဲဒါက ဘုရားရှင်ကွ….ဂရုဏာရှင်လေ “လို့ ထပ်တွန့်တတ်မယ်ဆို ကျွန်တော်ဖတ်ဖူးထားတာလေးထပ်ပြောပါ့မယ်။
ကမ္ဘာကျော်တဲ့ ဂီတပွဲတစ်ခုမှာပေါ့။ ပွဲကြီးပြီးလို့ သိမ်းနေချိန်မှာ ”ဗီသိုဗင်” ကို
ပရိသတ်တစ်ဦးကနှုတ်ဆက် ရင်းစကားဆိုတယ်။
”ခင်ဗျားရဲ့တီးခတ်သံတွေက အရမ်းကောင်းလွန်းတယ်ဗျ….ခင်ဗျားတီးသလိုသာ တီးတတ်ခွင့်ရမယ်ဆိုရင် ကျွန်တော့်ဘဝတစ်ခုလုံးကိုတောင် ပေးနိုင်ပါတယ်”……တဲ့
ဗီသိုဗင်ပြန်ဖြေတာက
”ကျုပ်လဲဒီလိုတီးတတ်ဖို့ ကျုပ်ဘဝတစ်ခုလုံး ပေးခဲ့ရပါတယ်” တဲ့
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မြန်မာဆိုင်းပညာရှင်ကြီး စိန်ဗေဒါဟာ သူ့ရဲ့လက်ကွက်တွေကို
နေ့တိုင်းပြန်လှန်လေ့ကျင့်လေ့ရှိတယ်တဲ့။
တစ်နေ့တော့ သူတပည့်တစ်ယောက်ကပြောတယ်။
”ဆရာရယ်….မြန်မာပြည်မှာ ဆရာ့လက်ရည်ကိုမှီတဲ့သူမရှိပါဘူး….
ဘာလို့လေ့ကျင့်နေတာလဲတဲ့..”
အဲဒီမှာ ဆရာကြီး စိန်ဗေဒါပြန်ဖြေတာက မှတ်သားစရာအလွန်ကောင်းပါတယ်။
”ငါသည်သာ ငါ့ပြိုင်ဖက်ကွ…မနေ့ကငါထက်ဒီနေ့ငါက သာအောင်ကြိုးစားနေရတာ..ဒီနေ့ငါထက် ..မနက်ဖြန်ငါက ပိုသာနေရမယ်ဆိုတဲ့ စိတ်နဲ့ ငါ့ကိုယ်ငါပြိုင်နေတာ”
ကျွန်တော်တို့တွေ့ကရော ဘယ်လောက်ထိအချိန်ပေးပြီးပြီလဲ … ဘယ်လောက်ထိဇွဲဝီရိယစိုက်ထုတ်ပြီးကြိုးစား ပြီးပြီလဲ…ကြိုးစားမှုမရှိဘဲ အောင်မြင်ချင်တာဟာ လစာအပြင် အောက်ဆိုက်ရှာခြင်းတဲ့သူနဲ့ တူတာပါပဲ။
သူများတွေ လမ်းကြောင်းတစ်ခုပေါ်ရောက်ပြီး အောင်မြင်သွားချိန်..သူအရင်ကဘာမှမဟုတ်ပါဘူးကွဆိုပြီး…မနာလိုစိတ်တွေ နဲ့ ပြောလေ့ရှိကြတယ်…
အရင်ကတော့ ဘာမှမဟုတ်ပေမဲ့ comfort zone မှာနေတဲ့သူနဲ့ဇွဲဝီရိယနဲ့ ကြိုးစားနေသူ တစ်ချိန်မှာမိုးနဲ့မြေလိုကွာ သွားမှာပါပဲ။ မိမိကိုမညာတမ်းပြန်မေးကြည့်ပါ။ ငါသက်သာသလိုနေနေတာလား။ ရေစီးမှာမျောလိုက်နေတာလား. ရေဆန်နဲ့ တိုးတဲ့အခါ တွန်းလှန်နိုင်ပါစေလို့ပြောကြားရင်း….ဗုဒ္ဓဘုရားရှင်ပြောခဲ့တဲ့ တရားစကားလေးနဲ့ ဆောင်းပါး ကိုအဆုံးသတ်ပါရစေ။
အညံ့စား ဝီရိယဖြင့်
အမြတ်စား
အထွတ်အထိပ်သို့
ရောက်ရိုးထုံးစံမရှိ
🙏ဗုဒ္ဓ🙏
ဆရာငြိမ်းအေးလူ

#သင်္ကြန်အိပ်မက်

 

စာအုပ်ပုံရှင်းရင် အသက်၁၉နှစ်လောက်(ကျောင်းပြီးချိန်)က ရေးထားတဲ့ ဝတ္ထူတိုလေးပြန်တွေ့လို သင်္ကြန်အလွမ်းပြေတင်ပေးလိုက်ပါတယ်။ မဂ္ဂဇင်းတွေ ခေတ်စားချိန်က ရေးပို့ထားတဲ့ ဝတ္ထူလေး ….စာမူပါမပါတော့ မသိတော့…။ အရေးအသားအားနည်းပေမယ့် ငယ်ဘဝကိုပြန်ရောက်သွားစေတာတော့အမှန်….။


#သင်္ကြန်အိပ်မက်

‘’ကိုကို…….မနက်ဖြန်ဆိုစာမေးပွဲကြီး ပြီးတော့မယ်နော်…မကြာခင်သင်္ကြန်လဲကျတော့မယ်….ပိတောက်တွေ ဖူးနေပြီ…သင်္ကြန်မိုးမရွာရင်တော့ဒုက္ခပဲနော်ကိုကို …ဒီပိတောက်တွေက နောက်ကျမှပွင့်တော့မယ်….. ‘’

မိန်းကလေးပီပီ သင်္ကြန်အမီ ပိတောက်တွေမပွင့်မှာကို တွေးပူနေတဲ့ချစ်သူ… …

‘’ကိုကိုကဗေဒင်တတ်တာပဲ…မိုးတားတဲ့နည်းတွေဗေဒင်မှာရှိတယ်လေ…မိုးခေါ်တဲ့နည်းလဲရှိမှာပဲ…သင်္ကြန် မတိုင်ခင် သင်္ကြန်မိုးလေးရွာအောင်လုပ်ပေးလေ…ဒီပဲခူးကောလိပ်ထဲပိတောက်တွေနဲ့ဆိုအရမ်းလှမှာ…ကိုကို….’’

ချစ်သူကတစ်ခါတလေ ကြံကြံဖန်ဖန်တွေ ပူဆာတတ်သူ..

‘’အချစ်ရယ်…..သင်္ကြန်မိုးရွာအောင်လုပ်ဖို့မလိုပါဘူး….ဟိုမှာတွေ့လား…. over head tank ကြီး…အဲဒီကနေ ရေသွယ်ပြီး ပိတောက်ပင်တစ်ပင်လုံးကိုရေဖြန်းပေးမယ်..ဘယ်လိုလဲ ကျေနပ်ပြီလား…..’’

ချစ်သူကကျောကိုတဖုန်းဖုန်းနဲ့ထုသည်….

‘’ဗေဒင်ဆရာလို့မပြောရဘူး….အပိုတွေအရမ်းပြောတတ်တာပဲ….တစ်လက်စထဲပြောထားမယ်နော်…ဗေဒင်ဟောပေးတယ်ဆိုပြီးမိန်းကလေးတွေနဲ့ တရုန်းရုန်းနေတာကိုလဲ မကြိုက် ဘူး….’’

ချစ်သူရဲ့သဝန်တိုစကား….။

‘’စိတ်ချပါကွ..ချစ်ကကိုယ့်နှလုံးသားထဲမှာအခြေခိုင်ခိုင်နဲ့နေရာယူထားပြီးပြီလေ..အခြားသူတွေအတွက်ခြေတစ်ချောင်း ချစရာတောင်နေရာမရှိပါဘူး…ကိုယ်ဟောပေးတယ်ဆိုတာကလဲ ဗေဒင်သင်နေတဲ့အချိန် တစ်ဖက်ကလဲ ဟောပေးတော့ ပညာတိုးအောင်လို့ပါ’’

ချစ်သူက…မျက်စောင်းလှလှထိုးသည်….သူ့ပခုံးလေးကိုကိုင်ပြီး ရင်ခွင်ထဲကိုဆွဲသွင်းလိုက်သည်…

နွေလေကတော…..တဖြူးဖြူးနဲ့တိုက်ခတ်နေသည်….ကွင်းပူပူထဲကနေဖြတ်တိုက်လာတဲ့လေဖြစ်တာကြောင့် နွေလေက ပူပြင်းတာတော့အမှန်….ဒါပေမဲ့ချစ်သူ ရင်ခွင်ထဲရှိနေတာကြောင့် အေးမြခြင်းတွေက အတိုင်းမသိ…။

ချစ်သူရဲ့ဆုတောင်းပြည့်သည်ထင်သည်….သင်္ကြန်မတိုင်ခင်…သင်္ကြန်မိုးရွာသည်..။သင်္ကြန်ကာလမှာပိတောက်တွေ လှိုင်လှိုင်ပွင့်လေသည်။

သင်္ကြန်ကာလအတွင်း ထူးထူးခြားခြားလျှောက်မလည်ဖြစ်…သနပ္ပင်လမ်းမတန်းမှာရှိတဲ့သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ရှေ့မှပဲအုန်းလက်မဏ္ဍပ်လေးထိုးပြီးရေပက်ဖြစ်သည်….ချစ်ရသူလဲပါသည်ပေါ့…..

အကျနေ့၊အကြတ်နေ့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲပြီးဆုံးသွားလေသည်…..

‘’အတတ်နေ့’’

အတတ်နေ့ဖြစ်တာကြောင့် အရမ်းလဲစည်သလို..သူငယ်ချင်းယောကျာ်းလေးတစ်ချို့ကလဲ အချမ်းပြေဆိုပြီး နည်းနည်း သောက်ထားကြသည်…ကိုယ်သာမသောက်တတ်လို့မသောက်ဖြစ်…

ညနေ၅နာရီခန့်..သနပ္ပင်ဘက်ကနေပဲခူးဘုရားပွဲကိုလာတဲ့ လှည်းတစ်စင်းမောင်းလာသည်.။ တန်းခူးလမှာကျင်းပတဲ့ပဲခူးရွှေမောဓောဘုရားပွဲနှင့် သင်္ကြန်အချိန်တိုက်ဆိုင်လေ့ရှိသည်…ဒီနှစ်လဲပွဲဝင်မဲ့နေ့ရက်နှင့် သင်္ကြန်ကာလ တိုက်ဆိုင် တာကြောင့် ရွာဘက်ကသူတွေလှည်းတွေနှင့် အခုလိုပွဲလာကြည့်လေ့ရှိသည်

ဒီလှည်းမှာယောကျာ်းလေးနှစ်ယောက်နှင့် မိန်းကလေးတွေပါလာသည်။ မူးနေတဲ့သူငယ်ချင်းက လှည်းရှေ့မှာ ပိတ်ရက်ပြီး ရေပက်မလို့တားလေသည်….

လှည်းမောင်းသူက…

‘’ငါ့ညီတို့ အကိုတို့ကိုမပက်နဲ့ကွ…. ရေစိုလို့အဆင်မပြေဘူး….ဒီမှာကဆန်တွေနဲ့ အခြားအဝတ် အစားအထုပ်တွေ ရေစို လို့်မရဘူး..’’

ထိုအခါသူငယ်ချင်းတစ်ယောက်က

‘’..ရတယ်အကိုစိတ်ချ… အကိုတို့ပါလာတဲ့ရိက္ခာတွေ၊အဝတ်တွေမစိုစေရဘူး…ကျွန်တော်တို့ကလူ တွေကိုပဲပက်မှာပါ…’’

‘’မလိုချင်ဘူးကွ..မပက်နဲ့ဆိုမပက်နဲ့…’’

လှည်းမောင်းသူက ခက်ထန်ထန်စကားကိုပြောသည်….ထိုစကားကြောင့်ဒေါသဖြစ်သွားဟန်တူတဲ့သူငယ်ချင်း နောက်တစ်ယောက်က ..ရေပုံးနှင့် လှည်းပေါ်လှမ်းပက်လိုက်လေသည်…

အခြေအနေကတင်းမာလာသည်..ယောကျာ်းလေးနှစ်ဦးက အသင့်ပါလာတဲ့ ဓားတွေကို ကိုင်ပြီး လှည်းပေါ်က ဆင်းလာလေသည်…။

အခြေအနေကမကောင်းတော့….။ သူငယ်ချင်းတွေကမူးနေသည်..ပြန်ခုခံစရာကလဲ ရေပုံးရေခွက်တွေကလွဲလို့ ဘာမှ မရှိ….

ကိုယ်လဲမထူးတော့တဲ့အခြေအနေမို့ မဏ္ဍပ်ထိုးထားတဲ့ ဝါးလုံးကိုဆွဲဖြုတ်လိုက်ပြီး ပထဆုံးဓားနဲ့ဝင်လာသူရဲ့ လက်ကို ရိုက်ချလိုက်သည်…. ရိုက်ချပြင်းတာကြောင့် ဓားလွတ်ကျသွားလေသည်..

ချစ်သူကနောက်ကနေစူးစူးဝါးအော်ပြီး လက်ကိုဆွဲထားလေသည်…
ချစ်သူကိုထိခိုက်မှာဆိုး၍တွန်းထုတ်လိုက်သည်…

နောက်တစ်ယောက်က ဝါးလုံးကိုင်ထားတဲ့ကျွန်တော်ဆီပြေးဝင် လာသည်..။ ကံကောင်းသည်ဟုပြောရမည်။ သူငယ်ချင်းတစ်ယောက်ကလှမ်းပစ်လိုက်တဲ့ ရေပုံးခွံကထိုသူ့မျက်နှာ ကိုတည့်တည့်မှန် ပြီးဟန်ချက်ပျက်သွားလေသည်..။ထိုသူဟန်ချက်ပျက်သွားတုန်းသူ့ခြေထောက်ကို ဝါးလုံးနဲ့ရိုက်ချလိုက်လေသည်… ခြေပစ် လက်ပစ်လဲကျလေသည်…ရန်ဖြစ်နေတာကိုသတိထားမိတဲ့ အနီးအနားကလူတွေကဝင်ဆွဲသည်…..

လှည်းပေါ်ပါလာတဲ့မိန်းကလေးတွေကလဲ သူ့လူတွေကိုဝင်ထိန်းလေသည်….လူကြီးတွေပါလာတော့ ရုံးမရောက်၊ ဂတ်မ ရောက်ဘဲ ရန်ပွဲကပြီးသွားလေသည်…

အခုမှသတိတရချစ်သူကိုလှမ်းကြည့်လိုက်တော့….မဏ္ဍပ်ထဲကခုံလေးပေါ်မှာရင်ဘတ်ကိုဖိပြီးထိုင်နေလေသည်.။

ချစ်သူနှုတ်ခမ်းတွေကဖြူရော်နေသည်။ ကျွန်တော့်လက်ကိုတင်းတင်းဆုပ်ထားပြီးတော့…

‘’.ကိုကိုနောက်တစ်ခါ ရန်မဖြစ်နဲ့နော်…’’.ဟုတိုးတိုးလျလျပြောလေသည်။

ခေါင်းသာညိတ်နေပေမဲ့ နှုတ်ကပြန်မဖြေဖြစ်….ချစ်သူရဲ့အခြေအနေက လေကို မနည်းအားယူပြီးရှုသွင်းနေရသည့်အနေ အထား သူငယ်ချင်းတွေကိုလှမ်းခေါ်ပြီး ဆေးရုံပို့ဖို့စီစဉ်ရသည်… ဘေးအိမ်က ကားဖြင့်ဆေးရုံသို့လိုက်ပို့ပေးသည်။

အချိန်မီဆေးရုံရောက်ပြီး….ဆေးကုသမှုခံယူလိုက်တာကြောင့် ဘာမှဆိုးဆိုးဝါးဝါးမဖြစ်ခဲ့…ထိုအချိန်မှပဲ သက်ပြင်း ချနိုင်တော့သည်…..

ဆရာဝန်ကြီးကိုအကျိုးအကြောင်းမေးဖြစ်သည်။

‘’ဒေါက်တာ…လူနာကဘာဖြစ်တာလဲဟင်….ဘာရောဂါလဲ…’’

ဆရာဝန်ကြီးကသက်ပြင်းကိုလေးတွဲစွာချလိုက်ပြီး

‘’နှလုံး ရုတ်တရက်ထဖောက်တာပဲငါ့တူ…မင်းအချိန်မီဆေးရုံပို့နိုင်တာ အဆင်ပြေသွားတယ်….ဒီလိုအခြေအနေမျိုးက အသက် ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်….နောက်ပြီး လိုအပ်တဲ့ဆေးစစ်တာ၊E.C.G ဆွဲတာတွေထပ်လုပ်ဖို့လိုအပ်တယ်… သူရဲ့နှလုံးခုန်တဲ့ပုံစံကို ဆရာမကြိုက်ဘူး….ဒါနဲ့ လူနာရှင်ရဲ့ မိဘတွေရောက်ပြီလား…’’

‘’မရောက်သေးဘူးဆရာ …အကြောင်းကြားပြီးပါပြီ….သူကအမေမရှိတော့ဘူးဆရာ…သူ့အဖေပဲရောက်လာလိမ့်မယ်…’’

‘’အေးအေး…..ရောက်ရင် ဆရာဆီလွှတ်ပေးပါအုံး…..’’

ချစ်သူရဲ့ ဖခင်မကြာခင်ရောက်လာသည်….။ဆရာဝန်နှင့် အချိန်အတော်ကြာစကားပြောနေတာ တွေ့ ရသည်…။
ကိုယ်ကတော့ချစ်သူနားမှာအရိပ်တကြည့်ကြည့်နဲ့ပေါ့…..
ခဏနေတော့ ဆရာဝန်ကြီးလဲအနားရောက်လာသည်…လူနာ အတွက် နေထိုင်ရမဲ့ ဆောင်ရန်ရှောင်ရန်တွေပြောပြသည်…။

သူငယ်ချင်းတစ်ယောက်က အနားကိုလာပြီး အခြားသူတွေမသိအောင်လက်ကုပ်ပြီးလာခေါ်သည်..။လိုက်သွား တော့ ချစ်သူရဲ့ ဖခင်က ဆေးရုံရှေ့ကလက်ဖက်ရည်ဆိုင်မှာစကားပြောဖို့ တောင်းဆိုလေသည်။

‘’ဒီလိုငါ့တူရေ…အခုဆရာဝန်နဲ့သေချာစကားပြောကြည့်တဲ့အခါမှာ….သမီးလေးမှာသူ့အမေဆီမှာရှိတဲ့ နှလုံးရောဂါကမျိုးရိုး လိုက်ပြီးပါလာတာပဲ….သူ့အမေလဲ သမီးကိုခက်ခက်ခဲခဲမွေးပြီးမီးတွင်းထဲမှာပဲ ဆုံးသွားခဲ့တာ…သမီးမှာရှိနေတဲ့နှလုံးရောဂါဟာ အချိန်မရွေးအပြင်းထန်ဆုံးအခြေအနေကိုရောက်နိုင်တယ်…အဆိုးဆုံးပြောရရင် ..အိမ်ထောင်ပြုဖို့ သားသမီးယူဖို့တောင် မလွယ်ဘူး ကွာ….အဲလိုလုပ်ရင်သူ့ကိုဒုက္ခပေးသလိုဖြစ်နေမှာ…’’

ချစ်သူရဲ့ဖခင်က ယောကျာ်းတန်မဲ့ငိုသံပါကြီးနှင့်ပြောလေသည်..။ကျွန်တော်လဲစိတ်ထဲမွန်းကြပ်လွန်းသည်။တစ်နေ့ရွှေ…တစ်နေ့ ငွေဖြစ်သွားနိုင်တဲ့ချစ်သူရဲ့အခြေအနေက…စိုးရိမ်ဖွယ်မဟုတ်လား….

‘’ငါ့တူနဲ့သမီး… ချစ်သူတွေဆိုတာဦးကြားပါတယ်….ငါ့တူကရိုးသားသူ၊ကြိုးစားသူဖြစ်တာကြောင့် ဦးကန့်ကွက်တာ မျိုးတွေ လဲမလုပ်ခဲ့ဘူး….အခုလိုအခြေအနေရောက်နေလဲ ဦးကခါးခါးသီးသီးငြင်းနေမှာမဟုတ်ဘူး….ငါ့တူသာသမီး ကိုတကယ်ချစ် မယ် ဆိုရင်သမီးဒုက္ခရောက်အောင်လုပ်မယ်လို့ဦးမထင်ဘူး…”

နှုတ်က ရုတ်တရက် ဘာပြောရမှန်းမသိ …ဆွံအနေမိသည်…. ချစ်သူရဲ့ဖခင်က ပုခုံးလေးကိုပုတ်ပြီး

‘’ငါတူ…အချိန်ယူစဉ်းစားပါ….ငါ့တူအတွက် ခက်ခဲတဲ့ကိစ္စဖြစ်နေမယ်ဆိုတာလဲ …နားလည်ပါတယ်… သမီးကိုလဲ ဦးအနေနဲ့ အချိန်ယူပြီးနားချလိုက်ပါ့မယ်…. ‘’

ချစ်သူအဖေက ပြောဆိုပြီး လက်ဖက်ရည်ဆိုင်က ထထွက်သွားသည်။

ဆေးရုံအဝင်က ဗာဒံပင်ကြီးကလဲ သစ်ရွက် ခြောက်တွေ တဖြုတ်ဖြုတ်ကြွေလို့….. သစ်ရွက်ခြောက်တွေလို လေနှင်ရာသာ လွင့်ပါ သွားလိုက်ချင်မိသည်။

လက်ဖက်ရည်ဆိုင်ရှေ့ ကားတစ်စီး အရှိန်ပြင်းပြင်းမောင်းထွက်သွားသည်…အင်ဂျင်ကျနေလို့လားမသိ …ကားအနောက်မှာ မီးခိုးတွေက တအူအူ…..
အခုအချိန် မီးခိုးငွေ့တွေလို လေနဲ့ရောပြီး ပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ …..

စိတ်တွေက ဂနာမငြိမ်…. မချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းက ဒုက္ခဖြစ်သလို… ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်းကလဲ ဒုက္ခပဲ ….မဟုတ်လား…..

တံလျှပ်တွေထပ​ြီး ပူပြင်းတဲ့နွေနေက ကျွန်တော်ရင်ထဲက ပူလောင်ခြင်းတွေကို မီနိုင်မည်မထင်….

နှစ်လလောက်ကြာတော့ သစ်တောအရာရှိဖြစ်တဲ့ ချစ်သူရဲ့ဖခင်က ပြောင်းရွှေ့တင်ပြီး အထက်မြန်မာပြည်ဘက်ပြောင်းသွား သည်…ချစ်သူလဲလိုက်ပါသွားခဲ့သည်ပေါ့.


သစ်စိမ်းချိုးချိုးတယ်လို့ ချစ်သူက ထင်သွားလေမလား…..
အနေဝေးလို့သွေးအေးသွားတယ်လို့များထင်လေမလား…..
အသစ်တွေ့သွားလို့ ငါ့ကိုစိမ်းကားသွားတယ်လို့ ထင်လေမလား……

တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဝေးသွားခဲ့သည်…. ကောင်းကင်နဲ့ မြေကြီးက…မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ ဆုံနိုင်ခွင့် ရှိပေမယ့် ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆုံနိုင်ခွင့်ကတော့…..။

ဒီနှစ်သင်္ကြန်မှာလဲ ပိတောက်တွေ ဝေဝေဆာဆာပွင့်နေပြန်ပြီ ချစ်သူ…..။ ချစ်သူသာ ဒီစာကို မြင်မိ….ဖတ်မိ….တွေ့မိမယ်ဆိုရင်ဖြင့်……။ ။

ငြိမ်းအေးလူ