loading

ဟောစာတမ်းများ

  • Home
  • ဟောစာတမ်းများ

23.May.2024 မှ 29.May.2024 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ မိမိအတွက် ကောင်းသောအကူအညီတွေရလာနိုင်ပေမဲ့ သူများကူညီတာထက် မိမိကံကိုက ရေကန်အသင့် ၊ကြာအတင့်ဆိုတာမျိုး ဖြစ်နေပါလိမ့်မယ်။ ခရီးတွေသွားဖို့ ကြန့်ကြာနေတာမျိုးတွေ၊လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ အချိန်စောင့်နေရ တာမျိုးတွေရှိရင် ဒီအပတ်ထဲ ခရီးကိစ္စတွေပြေလည်သွားပါလိမ့်မယ်။ ငွေကြေးထိန်း သိမ်းဖို့ မီးခံသေတ္တာဝယ်တာမျိုး တွေ၊ စည်းရိုးကာတာမျိုးတွေ၊ စီစီတီဗီတပ်ဆင်တာမျိုးတွေ ဆောင်ရွက်ခြင်းများ ချောချောမွေ့မွေ့အဆင်ပြေပါလိမ့် လိမ့်မယ်။ မကုန်သင့်တာကို မကုန်အောင်ထိန်းသိမ်းသွားနိုင်မဲ့ကာလလဲ ဖြစ်ပါ တယ်။ ကုသိုလ်ကံတွေပေးနေချိန်ပါပဲ။ အလုပ်တွေကောင်းလာတတ်ပါတယ်။ […]

18.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နှောင်းတန်ခူးလကွယ်နေ့၊ အင်္ဂါနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၄:၅၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၄၇)နာရီဖြစ်ပြီး ၊ ညနေ(၆:၂၃)နာရီမှာ နေဝင် ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ လက်သမားမြေခံ ကတော့ ဗြဟ္မာ […]

17.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၁၃)ရက်၊ တနင်္လာနေ့ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၁၇)ရက်၊နှစ်ဆန်းတစ်ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၅:၀၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၄၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၂၂)နာရီမှာ နေဝင်ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ဘေးသင့်ခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် […]

28.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၇)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။ လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် […]

27.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီ‌နေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၆)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(.၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။ လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ […]

26.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၅)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။ လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ […]

24.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ […]

ဗေဒင်ချစ်ပရိသတ်များအတွက်သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် … တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း… တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ… တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ… တစ်နေ့တာ အချစ်ရေး ကံတရားများ….. တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ… တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ…. #ဒါအပြင်… .တစ်နေ့တာ အကျိုးပေးအရောင်များ တစ်နေ့တာ အကျိုးပေးဂဏန်းများ အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့် […]

18.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၉)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၅း၃၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၁)နာရီဖြစ်ပြီး၊ ညနေ(၅း၅၀)နာရီမှာ နေဝင် ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ […]

16.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၆)ရက်နေ့ လဲဖြစ်ပါတယ်။ ဒီဗန့နံနက်(၅း၃၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၁)နာရီမှာ နေဝင် ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။ လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ […]

 ၁၃၈၄ ခုနှစ်အတွက်တနင်္ဂနွေသားသမီးတစ်နှစ်စာဟောကိန်း

#၁၃၈၄ခုနှစ်အတွက်တနင်္ဂနွေသားသမီးတစ်နှစ်စာဟောကိန်း တနင်္ဂနွေသားသမီးတွေက ဒီနှစ်ကံကို မျက်စိထဲမြင်အောင်ပြောရရင် တစ်ခုခုထမ်းပိုးပြီး လမ်းလျှောက် ဈေးရောင်းတဲ့ ခေါင်းရွက်ဖျက်ထိုးသည်နဲ့ တူပါတယ်။ မပေါ့ပါးဘူး။ တစ်ခုခုကိုလေးလံစွာ ထမ်းပိုးပြီး လျှောက်နေရ တဲ့နှစ်မျိုးပါပဲ။ မိသားစုထဲမှာဆိုလဲ မိသားစုတာဝန်တွေက မိမိပေါ်ကျလာတာမျိုး၊ ဝန်ထမ်းဆိုလဲ မိမိကို တာဝန် အလုပ်တွေပိုခိုင်းပြီး အချိန်ပြည့်အလုပ်များနေတာမျိုးဖြစ်တတ်တဲ့နှစ်ပါ။ အချို့အလုပ်ကြော်ငြာတွေလို ဖိအားတွေ အောက်မှာ လုပ်ကိုင်နိုင်သူဖြစ်ရမယ် ဆိုတဲ့စကားက ဒီနှစ်တနင်္ဂနွေသားသမီးတွေကို တင်စားပြောဆိုရမဲ့ နှစ်ပဲဖြစ်ပါတယ်။ […]

”အိမ်ထောင်ရေးအတွေးမမှားရလေအောင်”

”အိမ်ထောင်ရေးအတွေးမမှားရလေအောင်” ဒီနေ့တော့ ခုနှစ်ရက်သားသမီးများအတွက် အိမ်ထောင်ရေးနဲ့ပက်သက်တဲ့သိသင့်တဲ့အချက်လေးတစ်ချို့ကိုတင်ပြချင်ပါတယ်။လက်မထပ်ရသေးပေမယ့် အနာဂတ်အချစ်ရေး အိမ်ထောင်ရေးအတွက်ပူပင်ကြောင့်ကျနေ ရ တဲ့သူတွေအတွက်ပါ။ ဘာတွေ ပြောပြချင်လဲဆိုတော့လက်ထပ်တဲ့အခါမှာ ဘယ်လိုနေ့သားတွေကို ရှောင်သင့်လဲ ဆိုတာပြောချင်ပါတယ်။ ဆရာအစဉ်အဆက်မှတ်သားဖူးတာက မိမိရဲ့ မူလမဟာဘုတ်မှာ ဘင်္ဂအိမ် ပုတိအိမ်တွေမှာ ရပ်တည်နေတဲ့ နေနံတွေကိုအိမ်ထောင်ဘက် အဖြစ်မရွေးချယ်သင့်ဘူးလိုဆိုပါတယ်။ ဆရာတွေပြောတဲ့စကားအရမ်းမှန်ပါတယ်။ ဗေဒင်ပညာနဲ့ဟောပြောအကြံဉာဏ်ပေးလာခဲ့တဲ့သက်တမ်းတလျှောက် ဗေဒင် လာမေးကြ သူတွေရဲ့ အိမ်ထောင်ဘက်နေ့နံ တွေ ဟာ ဇာတာရှင်ရဲ့မူလမဟာဘုတ်မှာ […]

သင့် ဘဝ အဖော်မွန် အကြောင်း 💑 ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

အကယ်၍သင်၏ဘဝအဖော်မွန်သည် ❝ ၁၂၈၂ ၊ ၁၂၈၉ ၊ ၁၂၉၆ ၊ ၁၃၀၃ ။ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ၊ ၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊ ၁၃၅၂ ၊ ၁၃၅၉ ❞ စသော မြန်မာမွေးသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက…. သူ၏ […]

အိမ်ထောင်တစ်ခုတည်ဆောက်ခြင်းနှင့် ဘဝလက်တွဲဖော် ရွေးချယ်ခြင်း

  အိမ်ထောင်တစ်ခုစတင်တည်ဆောက်ရာတွင် မိမိဘဝတစ်လျှောက်လုံးဆိုးတူကောင်းဘက် လက်တွဲသွားမဲ့ ဘဝလက်တွဲဖော်ရရှိဖို့ လွန်စွာမှအရေးကြီးလေသည်။ အခုပြောမဲ့ကဏ္ဍမှာ အိမ်ထောင်ရေးကိုအပျော်အပျက်သဘောထားသူတွေအတွက်တော့ အသုံးဝင်မည်မဟုတ်ပါ။ အိမ်ထောင်ရေးအပေါ်သစ္စာကြီးမားသူတွေ၊ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်ကြသူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ အိမ်ထောင်ရေးငြိမ်းချမ်းပြီး သားတွေ သမီးတွေနဲ့ ပျော်ရွှင်စွာနေထိုင်သွားချင်တဲ့စိတ်ကတော့ လူတိုင်းနီးပါးရင်မှာ ရှိမည်ထင်ပါတယ်။ အိမ်ထောင်ပြုတာ၊ ဘုရားတည်တာ၊ ဆေးမင်ကြောင်ထိုးတာတွေဟာ ပြန်လည်ပြင်ဆင်ဖို့ခက်ခဲတယ်လို့ ရှေးလူကြီးတွေဆုံးမခဲ့ကြသည်။ အထူးဂရုစိုက်သင့်တာကတော့ မိန်းကလေးတွေပေါ့။ လင်ဆိုးမယား တဖားဖား မဖြစ်လို့လိုသည်။ အချို့ရှိကြသည်။ […]

ချစ်တဲ့သူတိုင်း ညားကြပါစေ

    အချစ်အကြောင်းပြောမယ်ဆိုရင် အခြားသူများထက်မိမိက ပိုပြီးသိတယ်လို့ ပြောရမလိုပင်။ အချစ်ရေးနယ်ပယ်မှာ ခံစားအလွယ်ဆုံးဖြစ်တဲ့ ကရကဋ်ရာသီဖွားက မိမိကိုယ်တိုင်ပင် မဟုတ်လား။ တက္ကသိုလ်ကျောင်းသားဘဝ အချစ်ဆိုတာနဲ့ စတင်ရင်းနှီးခွင့်ရခဲ့သည်။  ချစ်ခင်မြတ်နိုးခြင်း လွမ်းဆွတ်သတိရခြင်း ခွဲခွာပူဆွေးခြင်း အသည်းကွဲခြင်းစတဲ့ ဝေဒနာတွေအမျိုးမျိုးခံစား ခဲ့ရတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့လဲ ပထမဆုံး ထိတွေ့လုပ်ကိုင်ခွင့်ရတဲ့အလုပ်က marketing အလုပ်။ အလုပ်ခွင်ထဲမှာပင် ချစ်သူရသည်။ ချစ်သူက ကိုယ်အထက်မြန်မာပြည် marketing […]

တနင်္လာသက်ရောက်နှင့် အလုပ်ကံကြမ္မာ

 တနင်္လာသက်ရောက်နှင့် အလုပ်ကံကြမ္မာ #Unicode တနင်္လာသက်ရောက်ဆိုတာကိုအရင်စပြော ကြရအောင်ဗျာ။ဗေဒင်တတ်ကျွမ်းသူတွေကတော့ တနင်္လာ သက်ရောက်ဆိုတာကိုသိနိုင်ပေမဲ့ နားမလည်သူတွေကတော့ ဘာမှန်းမသိဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် တနင်္လာ သက်ရောက် ဘယ်အသက်အပိုင်းအခြားတွေမှာ ကျရောက်သလဲဆိုတာကို နေသားတစ်ဦးချင်းစီအလိုက်အောက် မှာရေးပေးထားပါတယ်ဗျာ။ တနင်္ဂနွေသားသမီးများ ••• 18 /26 /34 /42 / 50 /58 / 66 နှစ် တနင်္လာသားသမီးများ ••• […]

ဒုက္ခလောကဓံ သို့မဟုတ် ဗုဒ္ဓဟူးသက်ရောက်

 ဒုက္ခလောကဓံ သို့မဟုတ် ဗုဒ္ဓဟူးသက်ရောက် Unicode ဒုက္ခ…..စာလုံးအရေအတွက်က နည်းပေမဲ့ ခံစားရတဲ့ဝေဒနာကတော့ မနည်းပေ။ ဒုက္ခဆိုတာကိုတော့ လူ အတော်များများ ကြုံဆုံခဲ့ဖူးမှာပါ။ ထိုဒုက္ခတောထဲမှာ ဘဝပျက်သွားသူတွေ၊ လက်မြောက်အရှုံးပေးသွားသူတွေ မရေတွက်နိုင်အောင်ရှိကြသလို ဒုက္ခတွေကိုခါးစည်းခံပြီး ပြန်လည်ထူထလာနိုင်သူတွေလဲရှိခဲ့မှာပါ။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အတိတ်ကံအရ ဒုက္ခကြီးတာနဲ့သေးတာနဲ့ပဲ ကွာပါတယ်။ ဒုက္ခရောက်တဲ့ နှစ်တွေကိုတော့ဖြတ်သန်းခဲ့ကြဖူးမှာပါ။ ပုံပြင်လေးတစ်ပုဒ်ကြားဖူးပါတယ်။မျောက်တစ်ကောင်က လူတွေ ပြောပြော နေတဲ့ ဒုက္ခဆိုတဲ့အရာကို သူအရမ်းသိချင်တယ်။ […]

ငွေကြေးကံကြမ္မာ (သို့) ကြာသပတေး သက်ရောက်

 ငွေကြေးကံကြမ္မာ (သို့) ကြာသပတေး သက်ရောက် ကြာသပတေး သက်ရောက်ကိုတော့ အရုဏ်ဦးနဲ့တင်စားချင်တယ်။စနေသက်ရောက်ပြီးတော့ ကြာသပတေး သက်ရောက်ကိုကူးပါတယ်။ ဒါကြောင့် စနေသက်ရောက်ရဲ့ ညံ့တဲ့အရှိန်လေးတွေကို အနည်းငယ်ခံစားရတတ်တာကို အထူးတွေ့ရပါတယ်။ သန်းခေါင်ထက် ညဉ့်မနက်ဘူးလို့ ပြောလေ့ပြောထရှိကြပါတယ်။ စနေသက်ရောက်က သန်း ခေါင်းယံအချိန်ပါပဲ။ ဒါကြောင့် ကြာသပတေးသက်ရောက်က အရုဏ်ဦးပေါ့ဗျ။ အရုဏ်ဦးစောစောထကြဖူးမယ်ထင် ပါတယ်။ အလင်းရောင်အနည်းငယ်နဲ့အတူ အမှောင်ကလဲ ကြီးစိုးနေဆဲပါပဲ။ ဒါကြောင့်ပဲ ကြာသပတေးသက်ရောက်ဟာ […]

 အိုအေစစ်နှင့်တူသောနှစ် (သို့)ရာဟုသက်ရောက်

အိုအေစစ်နှင့်တူသောနှစ် (သို့)ရာဟုသက်ရောက် ကံကြမ္မာက လူတွေကို စမ်းသပ်တဲ့နည်းနှစ်မျိုးရှိပါတယ်။ ပထမတစ်နည်းက လူတစ်ယောက်ကို ဒုက္ခရောက် အောင်လုပ်ပြီး အဆိုးလောကဓံတွေကို ဘယ်လောက်ကြံ့ကြံ့ခံနိုင်လဲ စောင့်ကြည့် ပါတယ်။ အချို့တွေက ဒုက္ခတွေ ကြားမှာ သီလတွေပျက်ကုန်တယ်။ ဒုက္ခကိုရင်မဆိုင်ဘဲ ဘ၀ကြီးကို ရေစုံမျောလိုက်ကြတယ်။ ဒါနဲ့ပဲ နလံမထူတော့ ဘူး။ ဒုတိယတစ်နည်းက လူတစ်ယောက်ကို လောကီစည်းစိမ်နဲ့ဖျက်စီးခြင်းပါ။ ငွေတွေအစုလိုက်ပေးလိုက်တယ်။ ကာမဂုဏ်ကိစ္စတွေ ပတ်ဝန်းကျင်မှာ ဝန်းရံပေးလိုက်တယ်။ […]

သစ်ပင်တစ်ပင် ပျိုးထောင်ခြင်း (သို့မဟုတ်) သောကြာသက်ရောက်

 သစ်ပင်တစ်ပင် ပျိုးထောင်ခြင်း (သို့မဟုတ်) သောကြာသက်ရောက် သောကြာသက်ရောက်က အများအားဖြင့်တော့ အဆိုးနည်းပြီးအကောင်းများတယ်ဗျ။ အောင်မြင်မှုလမ်းကြောင်းပေါ်စတင် ခြေချမိတဲ့ကာလလို့ ပြောလို့ရသလို ၊ဝင်ငွေ တူးမြောင်းကို စတင်ဖောက်လုပ်တဲ့ကာလလဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနှစ်ကိုသစ်ပင် တစ်ပင် စတင်စိုက်ပျိုးတဲ့နှစ်လို့ ခေါ်ချင်ပါတယ်။ သစ်ပင်စစိုက်တဲ့ ကာလဟာ ဒီနေ့သစ်ပင်စိုက် မနက်ဖြန် သစ်သီးခူးစားလို့တော့ မရဘူးပေါ့။ ဒီအပင်လေးရှင်အောင်လို့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရတယ်။ ပိုးမကိုက်အောင်၊ ရေမငတ်အောင် ပျိုးထောင်ရ […]

အမည် သင်္ချာ ဝိဉာဉ် ဂဏန်းအဟော

  အမည် သင်္ချာ ဝိဉာဉ် ဂဏန်းအဟော အနောက်တိုင်း ဂဏန်းဗေဒင်နည်းအရ အမည်သင်္ချာဝိဉာဉ် ဂဏန်း တွက်ပုံတွက်နည်းကို ဦးစွာ ဖေါ်ပြလိုပါသည်။ ဒီနည်းက ငယ်ငယ်ကတည်းက ကျွန်တော်စာဖတ်တဲ့အခါမှတ်စုထုတ်ထားလေ့ရှိပါတယ်။ မဂ္ဂဇင်း တစ်အုပ်အုပ်ထဲမှာ ပါတဲ့နည်းပါ။ (မဂ္ဂဇင်းတော့ မမှတ်မိတော့ပါ.ဂမ္ဘီရဆန်းကြယ်လို့ထင်ပါတယ်.)ကိုယ်တိုင် တွက်စစ်လို့ရအောင်ပါ။ဤနည်းမှာ နာမည်တစ်ခုခုကို သိရှိရုံမျှနှင့် တွက်ချက်နိုင်ပါသည်။ #အောက်ကပုံမှာဖေါ်ပြထားသည့် အက္ခရာစာလုံးများနှင့် သင်္ချာသက်မှတ်ချက်များအရ နာမည်တစ်ခု၏ အမည်သင်္ချာ ဝိဉာဉ်ဂဏန်း […]

ဒသာကောက်ကိန်းအရ တနင်္ဂနွေသားသမီးများရဲ့ တစ်သက်တာ ကံကောင်းချိန်/ကံညံ့ချိန် အသက်အပိုင်းအခြားကာလများ

 ဒသာကောက်ကိန်းအရ တနင်္ဂနွေသားသမီးများရဲ့ တစ်သက်တာ ကံကောင်းချိန်/ကံညံ့ချိန် အသက်အပိုင်းအခြားကာလများ ဗေဒင်ပညာမှာ ဒသာကောက်ကိန်းဆိုတာမျိုးရှိပါတယ်။ ဒါကလက်ဆန်းမှာရော လက်ရိုးမှာရောရှိနေတာပါ။ ကျွန်တော် ဗေဒင်ပညာကို စတင်လေ့လာချိန်မှာ လက်ဆန်းကို အထူးပြုလေ့လာခဲ့သူပါ။ ဆရာနဲ့ အချိန်ပြည့် လက်ထက်သင်ခွင့် မရနိုင်တော့ လက်ဆန်း ပညာက ကိုယ်တိုင် self-studyလုပ်ဖို့ အထိုက်အလျောက် လက်လှမ်းမီတယ်လို့ ဆိုရမှာပါ။ တစ်ရက်တော့ မှတ်မှတ်ရရ လက်ရိုးဆရာ တစ်ယောက်နဲ့ ဆုံပါတယ်။ […]

ဒသာကောက်ကိန်းအရ တနင်္လာသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

 ဒသာကောက်ကိန်းအရ တနင်္လာသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ အရင်နေ့က တနင်္ဂနွေသားသမီးတွေရဲ့ ဒသာအပိုင်းအခြားတွေကို ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ တနင်္လာသားသမီးတွေရဲ့ တစ်သက်တာကံကောင်း၊ကံညံ့သောဒသာကာလလေးတွေကိုပြောပေးလိုက်ပါမယ်။ လူငယ် လူရွယ် တွေအနေနဲ့ မိမိရဲ့ ကောင်းတဲ့ဒသာတွေကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ ကံညံ့တဲ့ဒသာနှစ်ပိုင်းတွေ ဖြတ်သန်းချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့ အထူးရည်ရွယ်ပါတယ်။ ကဲစကြရအောင် တနင်္လာသားသမီးတွေရဲ့ အသက် ၇နှစ် ၆လ ပြည့်ချိန်မှ… […]

ဒသာကောက်ကိန်းအရ အင်္ဂါသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

 ဒသာကောက်ကိန်းအရ အင်္ဂါသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ ဒီနေ့ အလှည့်ကျတာကတော့ အင်္ဂါသားသမီးတွေအတွက် ပဲဖြစ်ပါတယ်။ ဒီဒသာကောက်ကိန်းတွေဟာ လူတော်တော်များများ အတွက် ၇၀% မှန်ကန်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အင်္ဂါနေ့ဖွားဖြစ်တာမို့ ကံကောင်းချိန်၊ ကံညံ့ချိန်တွေအလိုက် ချိန်ဆပြီးဆောင်ရွက်လေ့ရှိပါတယ်။ ကံကောင်းခါနီးအချိန်တွေမှာ ဘာ တွေကြိုပြင်ထားမလဲ…. ကံကောင်းချိန်မှာ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်။ မိုးတော့ရွာပါရဲ့ ခံစရာအိုးမရှိသလိုမျိုး၊ နေတော့ပူပါရဲ့ စပါးလှန်ဖို့ အဆင်သင့်မလုပ်ထားရင်လဲ အဆင်မပြေသလိုပါပဲ။ […]

ဒသာကောက်ကိန်းအရ ဗုဒ္ဓဟူးနေ့ဖွားများရဲ့ တစ်သက်တာကံကောင်းချိန်၊ကံညံ့ချိန်အသက်အပိုင်းအခြားများ

ဒသာကောက်ကိန်းအရ ဗုဒ္ဓဟူးနေ့ဖွားများရဲ့ တစ်သက်တာကံကောင်းချိန်၊ကံညံ့ချိန်အသက်အပိုင်းအခြားများ ဗုဒ္ဓဟူးနေ့ဖွားတွေလို့ ပြောရတာကတော့ မနက်ပိုင်းပဲမွေးမွေး၊ညနေ ရာဟုချိန်ပဲမွေးမွေး အခုဒသာ ကောက်ကိန်း တွေက အကျုံးဝင်ပါလိမ့်မယ်။ ရာဟုမို့လို ဒသာအသက်အပိုင်းအခြားသီးသန့်ရယ်လို့မရှိပါဘူး…။ ဗုဒ္ဓဟူးနေ့ဖွားများရဲ့ ကံကောင်းချိန်တွေကတော့….. အသက် ၂နှစ် ၁လ ၁၅ရက်မှ….အသက် ၄နှစ် ၃လအထိကာလအတွင်း အသက် ၁၇နှစ်တင်းတင်း ပြည့်ချိန်မှ…. အသက် ၁၈နှစ် ၃လ အထိကာလအတွင်း အသက် ၄၃နှစ် […]

ဒသာကောက်ကိန်းအရကြာသပတေးသားသမီးများရဲ့ တစ်သက်တာကံကောင်းချိန်၊ကံညံ့ချိန် အသက်အပိုင်း အခြားများ

 ဒသာကောက်ကိန်းအရကြာသပတေးသားသမီးများရဲ့ တစ်သက်တာကံကောင်းချိန်၊ကံညံ့ချိန် အသက်အပိုင်း အခြားများ ကြာသပတေးသားသမီးတွေကတော့ အခြားနေ့သားသမီးတွေနဲ့ မတူတာက ငယ်ရွယ်စဉ်ကာလ ကျောင်းပြီးချိန်လောက်ကစပြီး..အောင်မြင်ဖို့ အခွင့်အလမ်းတွေ၊ လမ်းစတွေ ပေါ်လာတတ်စမြဲပါပဲ။သူများတွေ ဝေလေ လေဖြစ်နေချိန်တွေမှာ ကြိုးစားနိုင်မှ တော်ကာကျပါလိမ့်မယ်။ ငယ်ရွယ်စဉ်အခွင့်အရေးပေးချိန်မှာ ဖမ်းဆုပ်ယူထား နိုင်သူတွေ ဖြစ်ကြပါစေ။ ကြုံလို့ပြောပေးတာပါ။ ကြာသပတေးသားသမီးတွေအတွက် ကံအခွင့်အရေးပေးချိန်တွေ ကတော့…. အသက် ၇နှစ်၊ ၁လ ၁၅ရက်မှစ၍ အသက် ၉နှစ် […]

ဒသာကောက်ကိန်းအရ သောကြာ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

 ဒသာကောက်ကိန်းအရ သောကြာ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ ဗေဒင်ပညာမှာ ဒသာကောက်ကိန်းဆိုတာမျိုးရှိပါတယ်။ ဒါကလက်ဆန်းမှာရော လက်ရိုးမှာရောရှိနေတာပါ။ ကျွန်တော် ဗေဒင်ပညာကို စတင်လေ့လာချိန်မှာ လက်ဆန်းကို အထူးပြုလေ့လာခဲ့သူပါ။ ဆရာနဲ့ အချိန်ပြည့် လက် ထက်သင်ခွင့် မရနိုင်တော့ လက်ဆန်း ပညာက ကိုယ်တိုင် self-studyလုပ်ဖို့ အထိုက်အလျောက် လက်လှမ်း မီတယ်လို့ ဆိုရမှာပါ။ တစ်ရက်တော့ မှတ်မှတ်ရရ လက်ရိုးဆရာ […]

ဒသာကောက်ကိန်းအရ စနေသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

 ဒသာကောက်ကိန်းအရ စနေသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ အရင်နေ့က သောကြာသားသမီးတွေရဲ့ ဒသာအပိုင်းအခြားတွေကို ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ စနေသားသမီး တွေရဲ့ တစ်သက်တာ ကံကောင်း၊ကံညံ့ဒသာကာလ လေးတွေကိုပြောပေးလိုက်ပါမယ်။ လူငယ် လူရွယ် တွေအနေနဲ့ မိမိရဲ့ ကောင်းတဲ့ဒသာတွေကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ ကံညံ့တဲ့ ဒသာ နှစ်ပိုင်းတွေ ဖြတ်သန်း ချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့ အထူးရည်ရွယ်ပါတယ်။ […]

အဓိပတိဖွားဟောကိန်း

မြန်မာ မဟာဘုတ်ဗေဒင်ပညာ အဓိပတိဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား […]

ရာဇဖွားဟောကိန်း

 မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား […]

ပုတိဖွားဟောကိန်း

 မြန်မာ မဟာဘုတ်ဗေဒင်ပညာ ပုတိဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား […]

သိုက်ဖွားဟောကိန်း

 မြန်မာ မဟာဘုတ်ဗေဒင်ပညာ သိုက်ဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား […]

အထွန်းဖွားဟောကိန်း

 မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား […]

(ဘင်္ဂဖွားဟောကိန်း)

  (ဘင်္ဂဖွားဟောကိန်း) ဗေဒင်ပညာကိုစတင်ရင်းနှီးခွင့်ရသော အချိန်က၁၁ နှစ်သားအရွယ် ၅တန်းကျောင်းသားဘဝ။ ဗေဒင်အချူ ပ် မဟာဘုတ်ဆိုတဲ့ စကားအတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးခုနှစ်ကိုတည် ၇နဲ့စားအကြွင်းကို ဘင်္ဂအိမ်ကနေစပြီး “အောင်လံထူစစ်သူကြီးပွဲ” လင်္ကာအတိုင်း မဟာဘုတ်တိုင်ထူရမှန်းသိခဲ့သည်။ကျောင်းသား ဘဝကစလို့သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာ တွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ “လှတောမြို့သား အကြွားဆင့် “ဆိုပြီး […]

မရဏဖွားဟောကိန်း

 မြန်မာ မဟာဘုတ်ဗေဒင်ပညာ မရဏဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား […]

မဟာဘုတ် အကြွင်းဖွားအသီးသီး၏ ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ

  မြန်မာ မွေးသက္ကရာဇ်ကို ၇နဲ့စားလိုက်ပါက ရလာတဲ့အကြွင်းတွေကို တွက်ချက်ပြီးဟောပေးထားတာမျိုးပါပဲ။ ယေဘုယျသဘောလောက်လို့ပဲ ဆိုရမှာပါ။ ဥပါဒါန်ကြီး စွဲနေဖို့ မလိုပါဘူး၊ ဘာဖြစ်လို့လဲဆို တော့တစ်ဦးချင်းစီရဲ့ မွေးလ မွေးရက် မွေးချိန် အပြင် ..ပေးထားတဲ့ နာမည်တွေမတူညီတာကြောင့်အနုစိပ်ကွဲပြားမှုတွေ ရှိနေလို့ပါပဲ။ တွက်နည်းလေး ဥပမာပြောပြရအောင်…. ကိုယ်က မြန်မာခုနှစ် ၁၃၅၃ခုနှစ်မှာမွေးဖွားလာသူဆိုပါစို့။ ၁၃၅၃÷၇=၂ ကြွင်းပါတယ်ဗျ။ ဒါဆို ၂ကြွင်းအဟောကိုကြည့်ရုံပါပဲ။ နားလည်မယ်ထင်ပါတယ်။ […]

မဟာဘုတ် ၀ ကြွင်းကြသူများ၏ အချစ်ရေး အိမ်ထောင်ရေးအကြောင်း

  မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၀ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၀ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။ ၀ ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။ […]

မဟာဘုတ် ၆ ကြွင်းကြသူများ၏ အချစ်ရေး အိမ်ထောင်ရေးအကြောင်း

    မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၆ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၆ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။      ၆ ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ […]

မဟာဘုတ် ၅ကြွင်းကြသူများ၏ အချစ်ရေး အိမ်ထောင်ရေးအကြောင်း

  မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၅ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၅ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။ ၅ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။ မိမိရဲ့ […]

မဟာဘုတ် ၄ ကြွင်းကြသူများ၏ အချစ်ရေး၊အိမ်ထောင်ရေးအကြောင်း

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၄ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၄ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။ ၄ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။ မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ […]

မဟာဘုတ် ၃ ကြွင်းကြသူများ၏ အချစ်ရေး၊အိမ်ထောင်ရေးအကြောင်း

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၃ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၃ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။ ၃ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။ မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ […]

မဟာဘုတ် ၂ကြွင်းကြသူများ၏ အချစ်ရေးအိမ်ထောင်ရေးအကြောင်း

  ၂ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။ မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ ၂ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။ ၁၃၁၈ခု၊ ၁၃၂၅ခု၊ ၁၃၃၂ခု၊ ၁၃၃၉ခု၊ ၁၃၄၆ခု၊ ၁၃၅၃ခု၊ ၁၃၆၀ခု၊ ၁၃၆၇ခု၊ ၁၃၇၄ခု တွေမှာ မွေးဖွားကြသူတွေကတော့ […]

မဟာဘုတ် ၁ကြွင်းသမားများရဲ့အချစ်ရေး အိမ်ထောင်ရေး

၁ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။ မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ၁ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။ ၁၃၁၇ခု၊ ၁၃၂၄ခု၊ ၁၃၃၁ခု၊၁၃၃၈ခု၊ ၁၃၄၅ခု၊ ၁၃၅၂ခု၊ ၁၃၅၉ခု၊ ၁၃၆၆ခု၊ ၁၃၇၃ခု၊ ၁၃၈၀ခု တွေမှာမွေးဖွားကြသူတွေကတော့ ၁ကြွင်းဖွားတွေပါပဲ။ ၁ကြွင်းဖွားတွေရဲ့ ငယ်ရွယ်စဉ်အချစ်ရေးကံကြမ္မာကအလွန်ပဲ […]

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က  ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး ”အောင် လံ ထူ စစ် သူ ကြီး ပွဲ ” […]

9ဂဏန်းသမားများအကြောင်း

9ဂဏန်းသမားဆိုတာကတော့ မည်သည့်လတွင်မဆို 9ရက်၊18ရက်၊27ရက်တွေမှာ မွေးဖွားကြသူများကို 9ဂဏန်းသမားတွေလို့ခေါ်ပါတယ်။ 9ဂဏန်းဆိုတာက နေစကြဝဠာအတွင်းမှာ အနီရောင်ကြယ်တစ်လုံးအဖြစ်မြင်ရတဲ့ အင်္ဂါဂြိုဟ်ပဲဖြစ်ပါတယ်။ မားစ်ခေါ် စစ်နတ်ဘုရားရဲ့ အမှတ်လက္ခဏာပဲဖြစ်ပါတယ်။ ဓာတ်သဘောအရအဖိုဓာတ်၊ မီးဓာတ်ပဲဖြစ်ပါတယ်။ စရိုက်လက္ခဏာ 9ဂဏန်းသမားတွေဟာရဲရင့်ခြင်း၊စွန့်စားခြင်း၊အတိုက်အခံဝါသနာပါခြင်း၊ အလျင်အမြန်ဆုံးဖြတ်လုပ်ကိုင် တတ်ခြင်း၊စိတ်ရှည်သည်းခံမှုနည်းခြင်း၊စိတ်လောခြင်းတွေရှိတတ်ပါတယ်။ ရန်လိုတတ်သူတွေဖြစ်ကြသလို တစ်ခါ တစ်ရံ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေလဲ ရှိနေတတ်တာကို တွေ့ရပါတယ်။ ရုပ်ဝါဒီဆန်လွန်းသူတွေလဲဖြစ်တတ် ပါတယ်။ ဘာသာတရားအပေါ်မယုံကြည်ရင် လုံးဝဂရုမပြုတတ်သလို၊ယုံကြည်မိရင်လဲ အသက်ပေးပြီးယုံကြည် တတ်သူတွေဖြစ်နေတတ်ပါတယ်။ […]

8ဂဏန်းသမားများ အကြောင်း

8ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 8ရက်၊17ရက်၊26ရက်တွေမှာမွေးဖွားကြသူတွေကို8ဂဏန်း သမားဟုသတ်မှတ်ကြလေသည်။ 8ဂဏန်းသည် နေစကြာဝဠာရှိစနေဂြိုဟ်ပိုင်တဲ့ ဂြိုဟ်တစ်ခုပဲဖြစ်ပါတယ်။စေတန်ရဲ့အမှတ်သင်္ကေတဖြစ်ပြီး တော့ နတ်ဆိုးအဖြစ်သတ်မှတ်ခံရတဲ့ ဂြိုဟ်တစ်ခုပဲဖြစ်ပါတယ်။ ဓာတ်သဘောအရ အမ ဓာတ်ဖြစ်ပြီးတော့ မြေဓာတ်လဲဖြစ်ပါတယ်။ စရိုက်လက္ခဏာ 8ဂဏန်းသမား တော်တော်များများဟာ ဇွဲလုံလဝီရိယနဲ့ပြည့်စုံတတ်ပြီးတော့ မိမိအလုပ် မိမိဘဝကိုတန်ဖိုးထား ကြသူတွေများပါတယ်။ ဘဝကိုရိုးရိုးသားသားဖြတ်သန်းပြီးမှ အောင်မြင်တဲ့ဘဝကိုတည်ဆောက်လိုကြပါတယ်။ ဖြတ် လမ်းမလိုက်ဘဲ step by step ကြိုးစားသွားတတ်ကြသူတွေပဲဖြစ်ပါတယ်။ အပျော်အပါးအသောက်အစားတွေကို […]

7ဂဏန်းသမားများအကြောင်း

7ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 7ရက်၊16ရက်နှင့် 25ရက်များတွေမွေးဖွားကြသူများကို 7ဂဏန်းသမားလိုသတ်မှတ်ပါတယ်။ 7ဂဏန်းသမားဆိုတာကတော့ နေစကြာဝဠာအတွင်းရှိစတုတ္ထမြောက်အကြီးဆုံးဂြိုဟ်ဖြစ်ပြီးတော့ ပင်လယ် သမုဒ္ဒရာကို စိုးမိုးတဲ့ ပိုဆီဒွန် နတ်ဘုရားရဲ့ အမှတ်လက္ခဏာပဲဖြစ်ပါတယ်။ ဂြိုဟ်အမည်ကတော့ နက်ပကျွန်းဂြိုဟ် ပဲဖြစ်ပါတယ်။ ဓာတ်သဘောအရအဖိုဓာတ်ဖြစ်သလို၊ရေဓာတ်လဲဖြစ်ပါတယ်။ စရိုက်လက္ခဏာ အနာဂတ်ကို ကြိုတင်ခန့်မှန်းတဲ့နေရာမှာ အတော်ဆုံးဂဏန်းသမားတွေလို့တောင် တင်စားသင့်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်မြူးတယ်။ အတွေးအခေါ်အယူအဆ တစ်အားကိုမြင့်မားကြတယ်။တီထွင်ဖန်တီးတတ်သော ပါရမီအစွမ်းအစပါလာသူလို့တောင်ဆိုနိုင်ကြပါတယ်။ အကောင်းမြင်စိတ်ရှိပြီး အရာရာကို Positive သဘောမျိုး […]

6ဂဏန်းသမားများ အကြောင်း

6ဂဏန်းသမားဆိုတာကတော့ မည်သည့်လတွင်မဆို 6ရက်၊15ရက်နှင့် 24ရက်မွေးဖွားသူများကို 6ဂဏန်း သမားတွေလို့သတ်မှတ်ကြပါတယ်။ 6ဂဏန်းဆိုတာကတော့ ညနေဆည်းဆာနှင့် နံနက်စောစောတွေမှာ တွေ့မြင်ရကြတဲ့အချို့ကလဲမိုးသောက်ကြယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ သောကြာဂြိုဟ်ပိုင်တဲ့ ဂဏန်းတစ်ခုပဲဖြစ်ပါတယ်။ ဓာတ်သဘောအရ မ ဓာတ်ဖြစ် ပြီးတော့ ရေဓာတ်လဲစိုးမိုးပါတယ်။ အနုပညာ၊ဖျော်ဖြေရေး၊ချစ်ခြင်းမေတ္တာနှင့် တဏှာပေမ၊အလှအပတရား၊ မိခင် ဆန်ခြင်း၊လောကီစည်းစိမ်းနှင့် အာရုံခံစားမှုအထိအတွေ့စတဲ့လက္ခဏာရပ်တွေကိုတွေ့ရပါတယ်။ စရိုက်လက္ခဏာ 6ဂဏန်းသမားတွေဟာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကိုအလွန်ပဲတန်ဖိုးထားတတ်ကြသူများပဲဖြစ်ပါတယ်။ ထိုကိစ္စအတွက် တိုက်ပွဲဝင်ရန်လဲ ဝန်မလေးကြသူတွေပါ။ […]

5ဂဏန်းသမားများအကြောင်း

  5ဂဏန်းသမားများအကြောင်း 5ဂဏန်းသမားဆိုတာကမည်သည့်လတွင်မဆို 5ရက်၊14ရက်၊23ရက်နေ့တွေမှာ မွေးဖွားသူတွေ ဟာ 5ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 5ဂဏန်းသမားဆိုတာ နေစင်္ကြာဝဠာအတွင်း ဗုဒ္ဓဟူးဂြိုဟ်ပိုင်တဲ့ ဂဏန်းတစ်ခုပါပဲ။ ဓာတ်သဘောအရ ဒွေးဒဟ ဓာတ်၊ လေ ဓာတ်လဲဖြစ်ပါတယ်။ 5ဂဏန်းဟာ ဂဏန်း ၉လုံးမှာ အလယ်တည့်တည့်က ဂဏန်းဖြစ်ပါတယ်။ သူ့ရှေ့မှာ 1ကနေ 4ရှိသလို သူ့အနောက်မှာလဲ 6ကနေ 9အထိရှိတာကိုတွေ့ရပါလိမ့်မယ်။ စရိုက်လက္ခဏာ ဒီဂဏန်းသမားတွေကို အခြားဂဏန်းတွေရဲ့ […]

4ဂဏန်းသမားများအကြောင်း

4ဂဏန်းသမားဆိုတာကမည်သည့်လတွင်မဆို 4ရက်၊13ရက်၊22ရက်နှင့်31 ရက်နေ့တွေမှာ မွေးဖွားသူတွေ ဟာ 4ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ နေစကြဝဠာရဲ့ တတိယအကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ် ပိုင်ဆိုင်တဲ့ ဂဏန်းတစ်ခုပဲဖြစ်ပါတယ်။ ဓာတ်သဘောအရလဲ အမဓာတ်ဖြစ်သလို၊ လေ ဓာတ်လဲ စိုးမိုးပါတယ်။ ဒီဂြိုဟ်ဟာ တိုးတတ်ခြင်း၊ပြောင်းလဲခြင်းနှင့် သိပ္ပံပညာတို့ကို ကိုယ်စားပြုပါတယ်။ စရိုက်လက္ခဏာ အမြဲတမ်း တိုးတတ်နေတဲ့အယူအဆ အတွေးအခေါ်တွေရှိတတ်ကြပါတယ်။လုပ်ထုံးလုပ်နည်းအဟောင်း တွေ အတွေးဟောင်း အယူအဆဟောင်းတွေကို ပြင်ဆင်ပြီး အသစ်သစ်တွေကိုမြတ်နိုးတတ်ကြသူတွေပါပဲ။အစဉ် အလာအဟောင်းတွေကိုဖြတ်သိမ်းပြီးတော့ […]

3ဂဏန်းသမားများအကြောင်း

3ဂဏန်းသမားဆိုတာက မည်သည့်လတွင်မဆို 3ရက်၊12ရက်၊21ရက်နှင့် 30ရက်တွေမှာမွေးဖွားကြသူ တွေဟာ 3ဂဏန်းသမားတွေပဲဖြစ်ကြပါတယ်။ 3ဂဏန်းသမားတွေဟာ နေမင်းပြီးရင်ဒုတိယအကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ကြာသပတေး ဂြိုဟ်ရဲ့ သင်္ကေတပဲဖြစ် ပါတယ်။ ဓာတ်ရဲ့သဘောအရ အဖိုဓာတ်ဖြစ်ပြီးတော့ ၊မြေဓာတ်လဲ စိုးမိုးတာကိုတွေ့ရပါတယ်။ ကြာသပတေးဂြိုဟ် ဟာဂြိုဟ်အားလုံးမှာ အမြင့်မြတ်ဆုံး အတိသောမ ဂြိုဟ်အဖြစ်သတ်မှတ်ခံရတဲ့ဂြိုဟ်ပါပဲ။ စရိုက်လက္ခဏာ ကြာသပတေးဂြိုဟ်ဟာတရားဥပဒေ၊ဘာသာရေး၊အတွေးအခေါ်ဒဿန၊ ကိုယ်ကျင့်တရားနှင့် ငွေကြေးဥစ္စာ ကို ကိုယ်စားပြုပါတယ်။ဒါကြောင့်ပဲ 3ဂဏန်းသမားတွေဟာ ကိုယ်ကျင့်တရားကောင်းသူတွေ ၊တရားဥပဒေကို […]

2ဂဏန်းသမားများအကြောင်း

2ဂဏန်းသမားဆိုတာကတော့ မည်သည့်လတွင်မဆို 2ရက်၊11ရက်၊20ရက်နှင့် 29ရက်နေ့တွေမှာ မွေးဖွား သူတွေဟာ 2ဂဏန်းသမားတွေပဲဖြစ်ကြပါတယ်။ 2ဂဏန်းဟာ မိမိတို့နေထိုင်တဲ့ ကမ္ဘာဂြိုဟ်ကို ဝန်းရံလည်ပတ်နေတဲ့ ဂြိုဟ်ရံဖြစ်တဲ့လမင်းစိုးမိုးနေတဲ့ ဂဏန်း တစ်ခုပါပဲ။ လမင်းစန္ဒာကို ဂြိုဟ်အမည်အားဖြင့် တနင်္လာဂြိုဟ်ဟု သတ်မှတ်ပါတယ်။ဓာတ်သဘောအရ ”အမ” ဓာတ်ဖြစ်ပြီးတော့ ရေဓာတ်လဲ စိုးမိုးတာတွေ့ရပါတယ်။ စရိုက်လက္ခဏာ လမင်းရဲ့အေးမြမှုကြောင့်လားတော့ မသိ။ 2ဂဏန်းသမားတော်တော်များများက အေးချမ်းစွာနေလိုစိတ်ရှိ ကြသူတွေပါပဲ။ စိတ်ဓာတ်နုနယ်ပြီး ဝမ်းသာ၊ဝမ်းနည်းလွယ်ပါတယ်။ […]

1ဂဏန်းသမားများအကြောင်း

1ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 1ရက်၊10ရက်၊ 19ရက်နှင့် 28ရက်တွေမှာမွေးဖွားတဲ့သူ တွေကို 1ဂဏန်းသမားတွေလိုသတ်မှတ်ပါတယ်။ 1ဂဏန်းကို တနင်္ဂနွေ ဂြိုဟ်စိုးမိုးတယ်လို့ အမှတ်သညာရှိခဲ့ကြပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာနေမင်းပိုင်တဲ့ ဂြိုဟ်လဲ ဖြစ်ပါတယ်။ ဓာတ်သဘောအရလဲ မီးဓာတ်၊အဖိုဓာတ်ကိုပေးပါတယ်။ စရိုက်လက္ခဏာ 1ဂဏန်းဆိုတာ ဂဏန်းတွေရဲ့အဦးအစမို့လားတော့မသိဘူး။ 1ဂဏန်းသမားတွေဟာ လူကြားထဲမှာထင် ပေါ်ကျော်ကြားကြတာများပါတယ်။ အရာရာလဲ ရှေ့ကနေပါတတ်သူတွေများပါတယ်။ တစ်ခုသတိထားရမှာက ရုပ်ဝါဒဆန်ကြတာများတယ်။ လက်တွေ့မှယုံတာမျိုးတွေ၊ ခံစားချက်ကိုဦးစားမပေးတာမျိုးတွေ့ရပါတယ်။ ဒါကြောင့် ကိုယ်က […]