loading

ကျင့်စဉ်များ

  • Home
  • ကျင့်စဉ်များ

လပြည့်ချိန်ခါ အစီအရင်များ

                                                        လပြည့်နေ့တွေမှာဆောင်ရွက်ရမဲ့ အဓိဌာန်လေးတွေ၊အစီအရင်လေးတွေပြောပေးပါလို့ ပြောထားတဲ့ မိတ်ဆွေ တွေ အတွက်ရည်ရွယ်ပြီးတင်ပေးတာပါ။ လပြည့်နေ့အိမ်မှာပဲ ကုသိုလ်တရားတွေနဲ့ ထုံမွှန်းပြီး နေချင်သူများအတွက် ဆောင်ရွယ်ဖွယ်ကုသိုလ်ကံမြှင့် အစီအရင်ပဲဖြစ်ပါတယ်။ ဒီနှစ်လပြည့်နေ့က ပြက္ခဒိန်မှာပါတဲ့ လပြည့်ရက်ရယ်၊ဗေဒင်ကိန်းခန်းအရ လပြည့်တီထိအချိန်အခါရယ်တိုက် ဆိုင်တာမို့ တကယ့်ကိုပြည့်ဝတဲ့ သီတင်းကျွတ်လပြည့်နေပဲဖြစ်ပါတယ်။ လပြည့်နေ့ဟာ တနင်္ဂနွေနေ့လဲ တိုက်ဆိုင်နေ ပါတယ်။ လုပ်ငန်းစီးပွားတိုးတတ်ဖို့၊ငွေကံကောင်းဖို့ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်အချိန်အခါပဲဖြစ်ပါတယ်။ 9.10.2022 သီတင်းကျွတ်လပြည့်နေ့ ရောက်ပြီဆိုပါက…. 🙏🙏🙏ထိုနေ့ရက်ရဲ့ […]

ဘုန်းကံ ကြီးမားကြစေဖို့

နှစ်အတန်ကြာခဲ့လေပြီ။ ပဲခူးမြို့….ရွှေမောဓောဘုရားရင်ပြင်တော်။ အချိန်ကညနေစောင်း ညီအကို မသိတသိအချိန်…။ အင်္ဂါထောင့်မှာ အသက် ၂၅နှစ်အရွယ်လောက်ရှိမဲ့ လူငယ်လေးတစ်ဦး ပုတီးစိပ်နေလေသည်။ ထိုသူငယ်က ပုတီးမစိပ်ခင် အင်္ဂါထောင့်မှာ ရေသပ္ပာယ် ပန်းဟောင်းစွန့် သန့်ရှင်းရေးတွေလုပ်ပြီးမှ ဘုရားရှစ်ခိုးပုတီးစိပ်လေ့ရှိသည်။ ဒါဟာလူငယ်လေးရဲ့ နိစ္စဓူဝ ကုသိုလ်အလုပ်။ ထိုအချင်းအရာကို အမြဲသတိထားမိတာက အသက်၆၅နှစ်ဝန်းကျင်လောက် ရှိမည်ထင်ရတဲ့ အဘိုးအိုတစ်ဦး။ ဒီနေ့ အဘိုးအိုက ဘာစိတ်ကူးပေါက်သည်မသိ။ လူငယ်လေးပုတီးစိပ်နေတဲ့ အနားမှာထိုင်ပြီး […]

အိမ်သန့်ခြင်း မင်္ဂလာ

   လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က…။ အခုလိုသင်္ကြန်ကာလပါပဲ။ သင်္ကြန်ပြီးလို့ နှစ်ဆန်းတစ်ရက်နေ့  မနက်ခင်း…။ မိဘတွေကို ကန်တော့ပြီးလို့ ဗေဒင်ပညာသင်ပေးသော အဘမင်းသိုက်ဆီကို ဂါရဝပြုရန်ရောက်ခဲ့သည်။ ထိုခေတ်အခါက ဆိုင်ကယ်အလွန်ရှားသေးသည်။ လူတိုင်းနီးပါး စက်ဘီးကိုပဲ အားထားကြသည်။ ကျွန်တော်ကိုယ်တိုင်လဲ စက်ဘီးလေးစီးပြီး အဘဆီကို လာရသည်။  အဘက စွပ်ကျယ်လက်ပြတ်နှင့် ပုဆိုးအကွက်ကျဲကြီးကို ခပ်တိုတို ဝတ်ထားလေသည်။ လက်ထဲတွင် ငါးဂါလံလောက်ဆံ့မည့် ရေပုံးကြီးထဲက ရေတွေကို […]

သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့

————————- ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့…တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။ အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။ ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။ ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။ ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။ ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်……….. […]

နဘယံ ….ဘေးဟူသမျှမရှိ၊ကပ်ဟူသမျှကင်းကြပါစေ

 နဘယံ ….ဘေးဟူသမျှမရှိ၊ကပ်ဟူသမျှကင်းကြပါစေ လူတိုင်းဟာ ကျန်းကျန်းမာမာ၊ချမ်းချမ်းသာသာနဲ့ သက်တမ်းစေ့နေသွားချင်သူတွေပါပဲ။ ဒါကလူတွေတင် မဟုတ်ဘဲ တိရစ္ဆာန်တွေမှာတောင် ကိုယ်အသက်ကို ကိုယ်နှမြောကြတာပဲလေ။ ဖြစ်ချင်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် ဆိုပေမယ့် ကိုယ်သတိမကပ်လို့ ပျက်ချိန်မတန်ဘဲ ပျက်သွားခဲ့ရင် ရခဲလှတဲ့ လူဘ၀မှာ အချည်းနှီးဖြစ်ရချည်ရဲ့ဗျာ။ ကပ်ရောဂါတွေကြုံလာရတဲ့ အချိန်မှာတော့ မလွှဲသာမရှောင်သာ သူသူငါငါ ခံကြရလေ့ရှိပါတယ်။ သာမန် မျက်စိနဲ့ မြင်ရတဲ့ ရန်သူကို ကိုယ်အားရှိသလောက် တွန်းလှန်တိုက်ခိုက်နိုင်ပေမယ့် […]