”နာမည်အဖျားစာလုံးတနင်္ဂနွေနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း”
ကျွန်တော်အခုရေးချင်တာက နာမည်(အဆုံးသတ်)အဖျားစာလုံးတွေရဲ့ ယေဘုယျ စရိုက်လက္ခဏာတွေအကြောင်းပါ။အဆုံးသတ် စာလုံးအရဆိုရင်တော့ အားလုံးပေါင်း ရာဟုစာလုံးပါ အပါအဝင် ရှစ်မျိုးရေးရမှာပါ။ ကျွန်တော်အနေနဲ့အားရင်အားသလို ရေးတင်သွားပါ့မယ်။ ယေဘုယျဆိုတဲ့အတိုင်းအကုန်လုံးဒီလိုအတိအကျကြီးပဲလို့ မဆိုလိုပါဘူး။နာမည်မှာအဖျားစာလုံးဆိုတော့အချို့ ကမသိဘဲနေဦးမယ်။ ဥပမာဗျာ ”ဝင်းမင်းအောင် ” ဆိုပါတော့ ‘ဝင်း’ ကအရင်းစာလုံး။ ” အောင်”ကအဖျားစာလုံးပေါ့ ကျွန်တော် အနေနဲ့အခုအကြောင်းအရာက ိုရေးဖို့ အတွက် အများကြီးစဉ်းစားခဲ့ရပါတယ်။ ကျွန်တော်ထက်ပညာဉာဏ်အတွေ့အကြုံ မြင့်မားကြတဲ့ ဆရာသမားတွေ […]
နာမည်အဖျားစာလုံးတနင်္လာနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း
ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံးက တနင်္လာနံ ဖြစ်တဲ့ ”က ခ ဂ ဃ င” နဲ့ အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်တွေအကြောင်းပဲ။ဥပမာ ရဲကျော် အောင်ခန့် မျိုးမင်းကျော် အေးအေးငြိမ်း ကျော်ဂေါင် သန္တာချို စသည်ဖြစ်ပေါ့ဗျ။အဖျားစလုံးတနင်္လာနဲ့ပေးထားတဲ့နာမည်ရှင်တွေကအရာရာပေါ့ပေါ့ပါးပါးနေတတ်တဲ့သူတွေများတယ်။ ဘာမှအလေးအနက်သိပ်မထားကြဘူးဗျ။ နောက်ပြီးသူတို့တွေဟာစိတ်ကူးယဉ်အရမ်းဆန်ကြတယ်။ လက်တွေဘဝကိုစိတ်ကူးနဲ့ အရင်ပုံဖော်တတ်ကြတယ်။ စိတ်ကူသာများပြီးလက်တွေ့အကောင်အထည်ဖော်တာ တော့ အားနည်းတာမျိုးတွေ့ရတတ်တယ်။ တစ်ခုခုကို ဆုံးဖြတ်ချက်ချရာမှာတွေဝေ ဒွိဟဖြစ်လွန်း စဉ်းစားလွန်းတဲ့သူတွေပါ။ သူတို့တွေဟာအများကိစ္စဖြစ်တဲ့ […]
နာမည်အဖျားစာလုံး အင်္ဂါနံ စ ဆ ဇ စျ ည ဖြင့် မှည့်ထားသော နာမည်ရှင်များအကြောင်း
ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံး စ ဆ ဇ စျ ည နဲ့ မှည့်ထားတဲ့သူတွေရဲ့အကြောင်းပေါ့ ဥပမာ အောင်စိုး မိုးမိုးစန်း သန်းမင်းဇော် မိုးဆွေ အောင်ညိမ်း စသည့်နာမည်ရှင်တွေပေါ့။ ထိုနာမည်ရှင် တွေက လျင်မြန်မှု ဖျတ်လတ်မှုကတော့ အခြားအဆုံးသတ်နာမည်ရှင်တွေထက်သာပါတယ်။ ဘယ်ကိစ္စကိုမဆိုစိတ်မြန်လက်မြန်လုပ်တတ်တဲ့သူတွေပါ။ နှေးကွေးလေးလံတယ်ဆိုတာ သူတို့အဘိဓာန်မှာမရှိပါဘူး နောက်ကျတယ်ဆိုတဲ့ စကားကိုလုံးဝမကြိုက်တဲ့သူတွေပါ။ သူတို့ကိုယ်တိုင်ကလဲနောက်ကျမှာကိုကြောက်ကျတဲ့အတွက် သူတို့နာရီကိုငါးမိနစ်လောက် ရှေ့နဲနဲစောပြီး လှည့်ထားတတ်တဲ့သူတွေပါ။ […]
နာမည်အဖျားစာလုံး ဗုဒ္ဓဟူးနံနှင့် မှည့်ထားသော နာမည်ရှင်များအကြောင်း
ဒီတစ်ခါပြောမှာက နာမည်အဖျားစာလုံး ယ လ ဝနှင့်အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။ ဥပမာ အောင်ဝင်း ခင်မောင်လွင် ချိုချိုလွင် ခင်ယုယ စသည့်နာမည်ရှင်တွေပေါ့ သူတို့တွေဟာ ပြုပြင်ရေးသမားတွေလို့ဆိုရမှာပါပဲ။ ဘယ်သူ့ကိုဖြစ်ဖြစ်ပြုပြင်ချင်တဲ့စိတ်အမြဲရှိတယ်။သူတို့ရှေမှာအမြင်မတော်တာတွေ ပြုပြင်စရာတွေမြင်ရင် ပြောပြပြုပြင်တတ်တဲ့အကျင့်က ရှိပါတယ်။ အဲဒါကြောင့်ပဲ သူတို့တွေဟာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူဆိုးလို့သတ်မှတ်ထားတဲ့ လူကိုပဲ ငါ့လက်ထဲကျရင်ရအောင်ပြင်မယ်ဆိုတဲ့စိတ်နဲ့လက်တွဲဖော်အဖြစ်ရွေးချယ်သွားတတ်ကြတာ ခဏခဏကြုံဖူးပါတယ်။ စကားများများပြောတဲ့ သူတွေဟာ ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားတဲ့သူတွေလို့ပဲဆိုရမှာပါ။ အခြားအဆုံးသတ်နေ့တွေထက် စကားပိုပြောကြတဲ့သူတွေပါ။ စကားမပြောဘဲ […]
နာမည်အဖျားစာလုံး ကြာသပတေးနံနှင့်အဆုံးသတ် မှည့်ထားသောနာမည်ရှင်များအကြောင်း
အခုပြောမှာက နာမည်အဖျားလုံး ပ ဖ ဗ ဘ မ နဲ့ အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။ ဥပမာ အောင်မင်း နေလင်းဖြိုး ဝင်းဝင်းပြည့် ထွန်းဘို အောင်ဗိုလ် စသည့်နာမည်ရှင်တွေပါ။ သူတို့ တွေဟာ မျှော်လင့်ချက် ရည်ရွယ်ချက်တွေ ကြီးမားကြတာများပါတယ်။ ဘဝမျှော်မှန်းချက်တွေနဲ့ အနာဂတ်ကို ရှင်သန်နေသူတွေပါ။ သူတို့တွေဟာ ဉာဏ်ရည်ထက်မြက်ကြပါတယ်။ဉာဏ်ပညာလဲကြီးမားကြသူတွေပါ။ ပညာကိုမြတ်နိုးတန်ဖိုးထားကြပါတယ်။ သူတို့တွေဟာ အလုပ်လုပ်ရင်မရပ်မနား လုပ်တတ်သလောက် […]
နာမည်များနှင့်စကားစမြည် (၁)
နာမည်တွေနဲ့ပက်သက်ပြီး ပြောစရာတွေရင်ထဲမှာတသီကြီး ကိန်းအောင်းနေပါတယ်။ဒါကြောင့်လဲအပိုင်းတွေနဲ့ရေးဖို့ဆုံးဖြတ်ထားသည်။ နာမည်ပေးတဲ့နေရာမှာ မဟာဘုတ်ကိုအခြေပြုထားပြီး အင်္ဂဝိဇ္ဇာ ဆန်းပညာတို့ဖြင့်ချိန်ဆပေးလေ့ရှိသည်။ နာမည်ပေးရာတွင်လဲ တတ်သိနားလည်သည့်ဆရာတွေနှင့်တိုင်ပင်စေချင်သည်။ မိမိဘာသာစိတ်ထင်ရာပေးသည့်နာမည်တွေထက်တော့အများကြီးသာနိုင်သည်။ မိမိအပေါ်အားကိုးလို့မေးလာကြသည့် သူတွေအပေါ် ဆရာတွေကလဲအလေးထားဖို့လိုသည်။ မဟာဘုတ်တစ်ခုထဲကြည့်ပြီး ဘာလာလာ အထွန်းနဲ့ပဲအဆုံးသတ်ပေးတော့မှာလား။ အင်္ဂဝိဇ္ဇာနဲ့ ကြည့်ပြီးဘာနေ့လာလာပဥ္စပွတ်. ဆပွတ်.အညွှန့်နဲ့ပေးတော့မှာလား။ အချို့ကရှိသေးသည်။ နဝင်းကအားကြီးတယ်ဆိုပြီးဘာနေ့လာလာ နဝင်းနဲ့သာအဆုံးသတ်ပေးလေ့ရှိသည်။ နဝင်းနာမည်တွေဟာ အချို့နှစ်တွေမှာ နိစ်ပြဂြိုဟ်မိပြီး နာမည်ရှင်အပေါ် ဆိုးကျိုးတွေသက်ရောက်စေတယ်ဆိုတာ မတွေးမိကြတာလား။ နာမည်ဟာဘဝမှာဘယ်လောက်ထိအရေးပါအရာရောက်သလဲဆိုတာ နားလည်အောင်ပြောပြချင်သည်။ […]
သက်စစ်ဗေဒင်
အဟောင်းကို စွန့် လို့ အသစ်ရှာဖွေ ကြသူများ ….. လူ့ဘဝက အရမ်းတိုတောင်းပါတယ်။ ခဏတာ ပွက်လိုက်တဲ့ ရေပွက်ကလေးများ ပမာရယ်ပါ။ ဒီတိုတောင်းတဲ့ကာလလေး အတွင်းမှာပဲ ……………… ….အချို့သော အသက်ပိုင်းများဟာ …ကျွန်တော်တို့တစ်တွေကို ပျော်ရွွှင်လာစေပါတယ်။ အချို့သော အသက်ပိုင်းများကတော့ …ဝမ်းနည်းကြေကွဲမှုတွေကို ဖန်တီးပေးတတ်ပြီး ၊ အချို့သော အသက်ပိုင်းများ ကတော့ ..ကျွန်တော်တို့တစ်တွေကို …ရင်ခုန်ညွတ်နူးဖွယ်ရာ …စိတ်ခံစားမှုလေးတွေ […]
နာမည်အဖျားစာလုံးသောကြာနံနဲ့အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်များအကြောင်း
အခုပြောမှာကနာမည်အဖျားလုံး” သ” ”ဟ”နဲ့အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။ ဥပမာအားဖြင့် အေးမြသွင် ပိုင်သုသု လင်းသန့် မိုးကျော်သူ စိုးမိုးဟန် နိုင်အောင်ဟိန်း စသည့်နာမည်ရှင်တွေပေါ့ဗျာ ။ သူတို့တွေစနစ်တကျလုပ်တာကိုကြိုက်တဲ့သူပါ။ သူတို့နေရာတကျထားတဲ့ ပစ္စည်းလေးတွေကို သူများတွေယူကိုင်ပြီး ယူတဲ့နေရာမှာပြန်မထားရင် သူတို့နဲ့ ပြဿနာအကြီးကြီးတတ်ပါလိမ့်မယ်။ ပစ္စည်းတွေက သူ့နေရာနဲ့သူ ရှိ စနစ်တကျလှပနေတာကိုကြိုက်တဲ့သူတွေပေါ့။ သူတို့တွေဟာ အောင်မြင်မှုကျော်ကြားမှုတွေကို လိုချင်မက်မောကြပါတယ်။ ဒါပေမဲ့အောင်မြင်မှုအတွက်လုယူတာမျိုး ကျော်ကြားမှုတွေအတွက် သူတစ်ပါးဘဝတွေကိုချနင်းတာမျိုးတွေ မရှိပါဘူး။ […]
နာမည်များနှင့်စကားစမြည် ( ၂ )
သရ များစွာပါသောနာမည်ရှင်များအကြောင်း သရများစွာပါတယ်ဆိုလို ကျောင်းမှာသင်ခဲ့ရတဲ့ ”အ” နဲ့ပက်သက်တဲ့ သရ(၁၁)လုံးကိုဆိုလိုခြင်းမဟုတ်ပါ။ ဟထိုးတွေ တစ်ချောင်းငင်တွေ လုံးကြီးတင်တွေ ဝစ္စနှစ်လုံးပေါက်တွေ အသတ်တွေ အရမ်းများတဲ့နာမည်ရှင်တွေကိုပြောတာပါ။ ဥပမာ မျိုးမျိုး လှိုင်လှိုင် ဖြိုးဖြိုး စသည့်သရများများပါတဲ့ နာမည်ရှင်တွေပါ။ ( ဒီနာမည်ရှင်တိုင်း အောက်ပါအတိုင်းဖြစ်ရမည်ဟုမဆိုလိုပါ။ တော်တော်များများဖြစ်တတ်တာများကို ခြုံငုံ၍ ရေးထားခြင်းဖြစ်ကြောင်းပါ) သူတို့တွေဟာ ဘာတွေဖြစ်တတ်ကြလဲ ဆိုတော့ ဘဝမှာပင်ပန်းကြတာများတယ် ။ […]
နာမည်အဖျားစာလုံး စနေနံနှင့်အဆုံးသတ်ပေးထားသော နာမည်ရှင်များအကြောင်း
အခုပြောချင်တာက နာမည်အဖျားစာလုံး ”တ ထ ဒ ဓ န” နှင့်အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်များ အကြောင်းပါ။ ဥပမာ သန်းထွန်း ခင်မောင်တင် ဖြူနှင်း သုဓန သိမ့်သိမ့်ထွေး တင်မင်းထွန်း ဟန်နီ စတဲ့နာမည်ရှင်တွေပါ။ ဒီနာမည်ရှင်တွေအကြောင်းပြောရရင်တော့ သူတို့ ဘယ်ကိစ္စမဆို အခြေအမြစ်ရှိရှိ ပြောပြမှလက်ခံတဲ့သူတွေပါ။ ကြောင်းကျိုး ဆက်စပ်မှုမရှိတဲ့ဘယ်အရာကိုမှလက်ခံမှာမဟုတ်ပါဘူး သူတို့တွေသာခေါင်းဆောင် တွေဖြစ်လာမယ်ဆိုရင်အောက်လက်ငယ်သားတွေတော့မချောင်ပါဘူး။ သူတို့ကိုယ်တိုင်စည်းကမ်းရှိကြသလို သူ့အောက်ကလူတွေ စည်းကမ်းမရှိရင်လဲပြင်းပြင်းထန်ထန်အပြစ်ပေးတတ်ကြပါတယ်။ […]
နာမည်များနှင့် ဘဝကံကြမ္မာ
(နာမည်မှည့်နည်း၊ နာမည်ပေးနည်းနှင့်ပက်သက်ပြီး ပြည့်ပြည့်စုံစုံ သိလို့ရအောင် ကွန်ပျူ ဗေဒမှ ဆရာဒေါက်တာတင်ဘိုဘို၏ ဆောင်းပါးကို တင်ပြလိုက်ရပါသည်ခင်ဗျာ စာရှည်တာကို စိတ်ရှည်ရှည်ထားပြီးဖတ်စေချင်ပါတယ်။ မိမိတို့ဘဝအတွက်အကျိုးမယုတ်ဘူးထင်၍ တင်ပြလိုက်ရပါသည်။) မြန်မာနိုင်ငံမှာ လက်ရှိလူအများသုံးစွဲနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်ပါတယ်။ တနင်္ဂနွေသားသမီးဆိုရင် တနင်္ဂနွေနံဖြစ်တဲ့ (အ၊ဥ) နဲ့ပေးမယ်။ တနင်္လာ သားသမီး ဆိုရင် တနင်္လာနံဖြစ်တဲ့ (က၊ခ၊ဂ၊ဃ၊င) တွေနဲ့ […]
နာမည်များနှင့် စိတ်နေသဘောထား
လူတစ်ယောက်ရဲ့ အမည်ကို ကြည့်ပြီး သူတို့၏ စိတ်နေစိတ်ထားကို အကြမ်းဖျင်း တွက်စစ်တဲ့နည်းလေးပါ ။ လူသိများသောနာမည်ကိုအောက်ပါအတိုင်းတွက်ပါ။ 1-အ-အာ-ဥ-ၾသ – ဧ 2-က-ခ-ဂ ဃ -င 3-စ-ဆ-ဇ-ည-စ် 4-ရ-ယ-လ-၀ 5-ဖ-ပ-ဘ-မ-ဗ 6-သ-ဟ 7-ဓ-ဒ-န-တ-ထ – ဌ မိမိရဲ့ လူသိများတဲ့ နာမည်က ဘာလဲ ???? မိမိအမည်က မျိုးထွန်း ဆို့ပါစို့ […]
နာမည်ကိုသိရုံနှင့်စိတ်ဓါတ်ကိုသိနိုင်အောင်တွက်နည်း •••••••••••••••••••••••••••••••••••
သင့်ရဲ့ နာမည်ကို ကြည့်ပြီး သင့်ရဲ့ စိတ်နေ သဘာဝ ကို အကြမ်းဖျင်း တွက် လို့ ရတဲ့ နည်း ရှိတယ် ။ သင့်ရဲ့လူသိများသောအမည်ကိုအောက်ပါအတိုင်းတွက်ပါ။ အ-အာ-ဥ-ၾသ – ဧ = ၁ က-ခ-ဂ ဃ -င = ၂ စ-ဆ-ဇ-ည-စ် = ၃ ရ-ယ-လ-၀ = […]
ရင်သွေးပြဿနာ အဖြေရှာ
မိုးရာသီဆိုပေမဲ့ ဒီနေ့နံနက် ထူးထူးခြားခြား နေသာနေသည်။ အိမ်နောက်ဖက်က ဂျိုးကူသံသဲ့သဲ့ကိုလဲ ကြားရသည်။ ဒါတစ်နေကုန်နေသာမဲ့သဘော…။ Sunday ဖြစ်တာကြောင့် ခြံရှေ့လမ်းပေါ်မှာ ကလေးတွေ ဘောလုံးကန်နေကြသည်။ ကျွန်တော်လဲ နားရက်ဖြစ်တာကြောင့် ခြံထဲမှာ ကျောမှီခုံလေးတစ်လုံး နဲ့ ထိုင်ပြီး စာဖတ်ဖြစ်၏။ အခြားနေ့တွေဆို ခြံတံခါးပိတ်ထားပေးမဲ့ တနင်္ဂနွေဆို ခြံတံခါး ဖွင့်ထားတာများသည်။ အိမ်ရှေ့ဘောလုံးပွဲကနေ ဘောလုံးက အိမ်ထဲမကြာခဏရောက်ရောက်လာတတ်သည်။ ခြံတံခါးဖွင့်ထားတော့ ကလေးတွေ […]
အိမ်ထောင်ဘက်နှင့် ကတ်ကင်းနာမည်
အိမ်ထောင်ဘက်နှင့် ကတ်ကင်းနာမည် ဟိုးလွန်ခဲ့သော ၁၀ နှစ်လောက်ကလို့တော့ထင်သည်။ မဂ္ဂဇင်းတစ်ခုမှာ နာမည်နဲ့ပက်သက်ပြီးရေးထားတာလေးတစ်ခုတွေ့မိသည်။ နက္ခတ္တရောင်ခြည်က ဆရာဆုလှိုင်ရေးတာလို့ ထင်မိသည်။ သေသေချာချာ တော့ မမှတ်မိတော့ပါ။ ဘာလဲဆိုတော့ အိမ်ထောင်ဘက်အချင်းချင်း နာမည်တွေ ကတ်ကင်းမိရင်အိမ်ထောင်ရေးမြဲမြံကြောင်း အိုအောင်မင်းအောင် ပေါင်းသင်းရကြောင်းရေးသားထားတာတွေ့ရသည်။ ဘာကြောင့်အိမ်ထောင်မြဲတာလဲ? အခြားရောဘာတွေဖြစ်တတ်သေးလဲ? စူးစမ်းမိ လေ့လာကြည့်ခဲ့မိတယ်။ အင်္ဂဝိဇ္ဇာသင်စဉ်တုန်းကလဲ ကတ်ကင်းနဲ ပက်သက်ပြီး သင်ခဲ့ရတာတွေရှိပါတယ်။ “ကတ်ကင်းသေရှင်လူ ထက်အောက်ပြန်လှန်ကူ”ဆိုတာမျိုးရှိပါတယ်။ ကတ်ကင်းကို […]