၁၃၈၆ ခုနှစ်အတွင်း အင်္ဂါသားသမီးများဟာ ကံအညံ့ပိုတာမျိုးရှိနေတာတော့ငြင်းလို့မရပါဘူး။ ကံကြမ္မာက ကိုယ့်ကို ပင်ပန်းနေတာ၊ခက်ခဲနေတာ ၊ချွေးထွက်နေတာမျိုးကို မြင်စေချင်တဲ့ကာလပါပဲ။ဒီလိုကာလတွေမှာ အင်္ဂါသား သမီးတွေအနေနဲ့..အရာရာကို ပါးပါးနပ်နပ်နေပါ။ ထုံပေပေနေတတ်သူတွေ၊အသိပညာဗဟုသုတနည်းသူတွေက တော့ ပိုမိုခက်ခဲမှုတွေကြုံရတတ်ပါတယ်။ ဒီနှစ်ထဲမှာ ရှေ့ကနေ ပိတ်ကာတားဆီးနေတာမျိုးတွေကြုံရတတ်ပါတယ်။ ဘာလုပ်လုပ်အခက်အခဲလေးတွေကြုံပြီးမှပဲ အောင်မြင်တတ်ကြပါတယ်။ ရှေးယခင်က အရှုပ်ထုပ်တွေ ပြဿနာတွေ ရှိခဲ့ရင် အဲဒီပြဿနာတွေက တစ်ကြော့ပြန်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အမှုဟောင်းတွေပြဿနာဟောင်းတွေကို ပြန်ဖြေရှင်းပေးရတတ်တဲ့နှစ်ဖြစ်ပါတယ်။ ကိုယ်ကျိုးကိုသိပ်မကြည့်ပါနဲ့။ ငါ့ချမ်းသာဖို့၊ငါ့သားသမီးချမ်းသာဖို့၊ငါ့မိသားစု ချမ်းသာဖို့ တစ်ခုထဲကိုသာကြည့်ပြီး အများကောင်းကျိုး၊ပရဟိတကိစ္စတွေ မဆောင်ရွက်ဘူးဆိုရင် သတိထားပါ။

သိပ်ပြီးအတ္တကြီးပြီး ငါ့တကော ကောနေတဲ့ အင်္ဂါသားသမီးတွေ လွန်စွာဒုက္ခရောက်တတ်ပါတယ်။ တစ်လမှာ ပရဟိတအတွက် ရက်သတ်မှတ်ပြီး အများအကျိုးအတွက်ဆောင်ရွက်ပေးပါ။ အလိုကြီးအရနည်းဆိုသလို လောဘ တကြီးငွေရှာတာမျိုးတွေ၊ အချို့ဆို ဥပဒေနဲ့မလွတ်တာလုပ်တာတွေ၊သမလောဘထက်ကျော်လွန်ပြီး ဝိသမလောဘ အားကြီးလာရင် သတိထားတော့ …။ဘာအလုပ်မှမလုပ်နိုင်တော့အောင် ကံကြမ္မာက ဒုက္ခပေးတတ်ပါတယ်။ တတ်သိ ပညာတွေကိုသင်ပေးပါ။ လုပ်ငန်းခွင်မှာ ခက်ခဲနေသူတွေကို ကူညီပေးပါ။ လုပ်ငန်းခွင်မှာ မိမိနယ်ပယ်မဟုတ်ပေမဲ့ အကူအညီလိုတဲ့ကိစ္စတွေရှိရင်ကူညီပေးလိုက်ပါ။ မာနမကြီးပါနဲ့။ သူများက မိမိမာနကို ထိခိုက်လာရင်တောင်မှ တော်ရုံ ဆိုသည်းခံလိုက်ပါ။ အပန်းဖြေပါ။ အနားယူပါ။ တစ်လလုံးနားချိန်မယူဘဲ အကျိုးစီးပွားပဲ အချိန်ပေးနေရင် ကျန်းမာရေး ညံ့သွားနိုင်တဲ့နှစ်ဖြစ်ပါတယ်။
🧑🏭အလုပ်အကိုင်နှင့်စီးပွားရေး
အင်္ဂါသားသမီးတွေက ကံညံ့တယ်ဆိုပေမဲ့ အလုပ်ကံကတော့ ညံ့နေတာမဟုတ်ဘူးဗျ။ဝန်ထမ်းဆိုရင်တော့ တာဝန်တွေပိုများလာတတ်တာမျိုးတွေကြုံရတာမျိုးတော့ ရှိတယ်။ ဥပမာ..လုပ်ငန်းခွင်ထဲက မိမိနဲ့တွဲလုပ်သူတွေက အသုံးမကျလို့ အဖြုတ်ခံရပြီး နှစ်ယောက်စာလုပ်ရတာမျိုးတွေကြုံရတတ်သလိုပေါ့..။ အလုပ်ပိုတွေ၊အချိန်ပိုတွေဆင်း ပြီးလုပ်ရတာနဲ့ နည်းတူ…ငွေကြေးကလဲ အပိုကြေးတွေ၊ အိုတီတွေနဲ့ အလုပ်ရဲ့ အကျိုးကိုခံစားရနိုင်မှာပါ။ အရင်ကတည်းက ပင်ပန်းမဲ့အလုပ်တွေကို မလုပ်နိုင်သူတွေ၊ အလုပ်ဒဏ်မခံနိုင်သူတွေဖြစ်ရင်တော့ အလုပ်ကနေ ဖယ်ရှားတာမျိုးခံရနိုင်ပါတယ်။ ဒါကြောင့်ဒီလိုနှစ်ပိုင်းတွေမှာ အလုပ်ပင်ပန်းတဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိဖို့အထူးလိုအပ် ပါတယ်။ နိုင်ငံခြားသွားဖို့ ကြိုးစားနေသူများ ဒီနှစ်ထဲမှာရလဒ်ကောင်းလာနိုင်တာကိုတွေ့ရပါတယ်။ နိုင်ငံခြားသွားဖို့ ဆောင်ရွက်တဲ့ကိစ္စမှန်သမျှ လွယ်ကူချောမွေ့နေတတ်ပါတယ်။ သွားဖို့အတွက် callingစောင့်နေကြသူများလဲ ဒီနှစ်ထဲ ခေါ်စာကျလာတတ်ပါတယ်။ ပိုမြန်စေဖို့ နီးစပ်ရာစေတီရဲ့သောကြာထောင့်မှာ သစ်သီးခြောက်မျိုးကပ်လှူဆုတောင်းပါ။
ကိုယ်ပိုင်စီးပွားရေးသမားတွေကတော့ ဒီနှစ်ထဲမှာ ရန်ဓာတ်တွေအားကောင်းနေတာမို့ ရန်သူသိပ်ပေါများတယ်။ စီးပွားပြိုင်ဘက်တွေနဲ့ လုပ်ကိုင်ရတဲ့အလုပ်တွေဆိုရင်တော့ ပိုမိုသတိထားပါ။ ရန်သူကချောင်းမြောင်းတိုက်ခိုက်နိုင်ပါ တယ်။ ရန်သူက မိမိစီးပွားရေးပြိုလဲအောင် ဆောင်ရွက်ပါလိမ့်မယ်။ မိမိအလုပ်ကဥပဒေနဲ့ မလွတ်ကင်းတာတွေဆိုရင် တော့ အတိုင်အတောခံရနိုင်ပါတယ်။စီးပွားပြိုင်ရန်ဘက်တွေရှိနိုင်ပေမဲ့ အခြားရင်းနှီးတဲ့မိတ်ဆွေတွေရဲ့ လုပ်ငန်းပိုင်း အကူအညီပေးမှုတွေအများကြီးကြုံရတတ်ပါတယ်။မိခင်ကဲ့သို့သော အမျိုးသမီးအကြီးအကဲတွေရဲ့ အကူအညီတွေရ နိုင်တဲ့နှစ်လဲ ဖြစ်ပါတယ်။ မျက်နှာမြင်ချစ်ခင်၊အသံကြားသနားဆိုတဲ့အတိုင်း ဒီနှစ်ဟာ မူလဇာတာမှာလဲ စန်းအား ကောင်းသူဆို ချစ်လို့ခင်လို့ မိမိဘဝကို ဆွဲတင်ပေးပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် စောင့်ရှောက်ပေးမဲ့ သူတွေလဲ တွေ့လာရတတ်ပါတယ်။
💰ငွေကြေး ကံကြမ္မာ
ငွေက မဝင်တာမဟုတ်ဘူးဗျ။ ငွေကုန်ကြေးကျအလွန်များတာပါ။ရပေါက်ရလမ်းရှိသမျှနေရာကနေ ငွေဝင် လာဖို့ရှိပါတယ်။ ကုန်စရာကလဲ လက်ထဲရှိတဲ့ ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုးပျက်ပြီးငွေကုန်တာတွေ၊ ကျန်းမာရေး ကြောင့်ငွေကုန်တာတွေ သားသမီးပညာရေးကြောင့် ငွေအမြောက်အများသုံးလိုက်ရတာမျိုးတွေလဲအထူးကြုံရတတ်ပါ တယ်။ ဒါကြောင့် ဒီလိုနှစ်မျိုးက ငွေကုန်သက်သာအောင်ချွေတာပါ။ ပစ္စည်းဝယ်မယ်ဆိုရင်လဲ တစ်ပတ်ရစ်၊အဟောင်း စတဲ့သက်သာတာပဲဝယ်ပါ။ အဝတ်အစားကအစ မလိုအပ်သူဆိုရင် ကွန်တိန်နာကျ အဟောင်းသာဝယ်ဝတ်ဆင်ပါ။ ကိုယ်တိုင်က ဆင်းရဲသားရုပ် ပေါက်အောင်နေပါ။ ကျွန်တော်ကိုယ်တိုင် အင်္ဂါသားမို့ ဝတ်ထားတဲ့ရွှေကအစ ချွတ်ထား လိုက်ပါတယ်။ တတ်နိုင်သမျှ ကြွားဝါခြင်းကိုရှောင်ပါ။ ငွေကြေးချေးငှားခြင်းများ တတ်နိုင်သလောက်ရှောင်ပါ။ ချေးရင် ပြန်မရပါဘူး။ ကိုယ်ကချေးရင်လဲဘာကြောင့်လဲမသိဘူး။ပြန်ဆပ်ဖို့ စီစဉ်တာနဲ့ အဲငွေကကုန်စရာပေါ်လာပြီး မဆပ်ဖြစ် ပြန်ဘူး။ ရတဲ့ငွေကို ပရဟိတမှာလဲသုံးပါ။ ရန်သူမျိုးငါးပါးကြောင့်ဒုက္ခရောက်နေတဲ့သူတွေ ကူညီခြင်းဖြင့် ငွေကြေးကံ ကိုမြှင့်တင်ပါ။
❤️အချစ်ရေးနှင့် အိမ်ထောင်ရေး
အချစ်ရေးကံက ကိုယ်တိုင်က စန်းပွင့်နေတာဗျ။ လူချစ်လူခင်များနေတဲ့ ကံဗျ။ စန်းအားရပ်တည်မှုရော၊ စန်း တနင်္လာဂြိုဟ်ရပ်တည်မှုရော အားကောင်းနေတာတွေ့ရပါတယ်။မိန်းကလေးတွေဆို လာပြီးချစ်စကား၊ကြိုက်စကား ပြောသူတွေ တစ်ယောက်ထက်မနည်းကြုံရတတ်ပါတယ်။ အပျိုကြီး အရွယ်ဟိုင်းတွေတောင် ရင်ခုန်စရာကိစ္စတွေကြုံ ရပြီးနှလုံးသားတွေ ပြန်လည်နုပျိုလာတတ်ပါတယ်။ နီးစပ်သူတွေနဲ့ ပိုမိုနီးစပ်သွားတတ်တာမို့…လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေကနေ ချစ်သူဖြစ်ရတာမျိုးတွေကြုံရတတ်ပါတယ်။ ချစ်သူရှိပြီးသားသူတွေကလဲ နောက်ထပ်ရင်ခုန် စရာတွေထပ်တွေ့ရပြီး လှေနံနှစ်ဖက်နင်းတာမျိုး၊ငါးရံနှစ်ကောင်ဖမ်းချင်တဲ့စိတ်တွေလဲ ပေါ်နေတတ်ပါတယ်။ လက် ထပ် ဖို့ စဉ်းစားနေသူတွေဆိုလဲ နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးရမလဲဆိုပြီးတော့ ဆုံးဖြတ်ရခက်ခဲတာမျိုးတွေ ဖြစ် တတ်ပါတယ်။
အိမ်ထောင်သည်ဆိုရင်တော့ မိသားစုနဲ့ အလှမ်းဝေးနေရင် မကောင်းပါဘူး။ နောက်ထပ် အိမ်ထောင်တစ်ခု ထပ်ကြုံရတတ်ပါတယ်။ ကာမအမှောင်ထဲ ရုန်းထွက်ရခက်ခဲသွားတတ်တဲ့နှစ်လဲဖြစ်ပါတယ်။ ငွေရွှင်နေသူတွေမှာ ပိုမို ရှုပ်ထွေးစရာကိစ္စတွေပေါ်လာတတ်ပါတယ်။ အင်္ဂါသားအမျိုးသားက ထိုင်းတို့ မလေးတို့စသည်ဖြင့် နိုင်ငံခြားမှာ အလုပ် လုပ်နေတာမျိုးဆိုရင် တတ်နိုင်သမျှဖုန်းအဆက်အသွယ်မပြတ်ပါစေနဲ့…။ မူလကတည်းက သစ္စာရှိသူရထားရင်စိုးရိမ် စရာမရှိပေမဲ့ အိုင်တွေ့ရင်တော့ ခြေဆေးလိုက်အုံးမယ်ဆိုတဲ့ အင်္ဂါသားကိုယူထားမိရင်တော့ အိမ်ထောင်ရေး ရတက် မအေးစရာတွေ ဖြစ်လာတတ်ပါတယ်။
🧑⚕️ကျန်းမာရေး
ကျန်းမာရေးကတော့ အဆိုးဆုံးပဲဗျို့။ ကျွန်တော်ကိုယ်တိုင် အင်္ဂါသားဆိုတော့ သတိထားကြည့်တယ်…။ဒီနှစ်ထဲ သွေးစောင့်တက်တာမျိုး ဖြစ်ပြီး သတိရှိလို့သာ လေမဖြတ်တာ။ ခေါင်းတွေ အလွန်ကိုက်ပြီး တစ်ခါတလေ ၂ရက်၊၃ရက် လောက်ထိ အလုပ်တောင် မလုပ်နိုင်တဲ့အထိဖြစ်လာတယ်။ ဒါကြောင့် အင်္ဂါသားဆိုရင်တော့ လေမဖြတ်အောင်သတိ ထားပါ။ အာရုံကြောနဲ့ပတ်သက်သော ရောဂါတွေဂရုစိုက်ပါ။ အရေပြား ယားနာတွေဂရုစိုက်ပါ။ ကျွန်တော်သားအငယ် အင်္ဂါသားတောင် ရေနွေးပူလောင်ပြီး အရေပြားတွေ ကွာကုန်တာ…။ဒါကြောင့် အင်္ဂါသားတွေ အရေပြားမှာဖြစ်တဲ့ ရောဂါတွေဖြစ်ရင်အထူးဂရုစိုက်ပါ။ အဆီကြိတ်တွေ ထွက်လာရင်သေချာပြပါ။ ကြီးလာတဲ့ထိ ပစ်မထားပါနဲ့။ တင်းတိမ် တွေ၊ဝက်ခြံတွေလဲ ပိုထွက်လာတတ်ပါတယ်။ အရေပြားကို ပြုပြင်တဲ့ ပလပ်စတစ်ဆာဂျာရီတွေလုပ်မယ်ဆိုရင် စိတ်ချ ရတဲ့ ဆရာဝန်တွေ၊ဆေးခန်းတွေမှာသာ ဆောင်ရွက်ပါ။ ရောဂါအခံရှိသူများ သတိမထားမိတာနဲ့ ထိုရောဂါက ပိုသည်း လာတတ်ပါတယ်။ ဒီနှစ်ထဲ ဆရာဝန် on ထားတဲ့ဆေးတွေကို ဆေးပတ်လည်အောင်သောက်ပါ။ သောက်လိုက် မသောက်လိုက် မလုပ်ပါနဲ့။ ရောဂါပိုသည်းလာတတ်ပါတယ်။ နာမည်အဆုံးမှာ အင်္ဂါနဲ့ဆုံးတဲ့ နာမည်ရှင်တွေ ပိုမို ကျန်း မာရေးညံ့တတ်ပါတယ်။ ဥပမာ အောင်ဇော်၊ခင်မောင်စိုး၊ အေးအေးစု၊သက်ထားစံ စသော နာမည်မှာပါ..အင်္ဂါနံအဆုံး မှည့်ထားရင် ကျန်းမာရေးပိုညံ့တတ်ပါတယ်။
🫱🏼🫲🏾လူမှုဆက်ဆံရေး
လူမှုရေးကိစ္စကတော့ အထူးအားကောင်းတယ်ဗျ။ လူမှုရေးကိစ္စတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်ချင်ရင် ဒီနှစ်မှာ ဆောင်ရွက်ပါ။ လူများများနဲ့ဆက်ဆံရတဲ့ ကိစ္စတွေမှာပါဝင်ပါ။ ဂေါက်ရိုက်ပါ။ဘောလုံးကန်ပါ။ ပရဟိတလုပ်ပါ။ မိတ်ဆွေတိုးနိုင်တဲ့ အဖွဲအစည်းကိစ္စ၊အဖွဲ့နဲ့ဆော့ရတဲ့ အားကစားတွေလုပ်ပါ။ လုပ်ငန်းတူတွေနဲ့ စုပြီး ဂရုဖွဲ့ပါ။ အနာဂတ် အတွက်စုဖွဲ့တိုင်ပင်ပါ။ သူတစ်ပါးအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့စကားအတိုင်း အများကိုကူညီပြီး မိတ်ဆွေ တိုးအောင်၊ လူမှုရေးမှာအောင်မြင်အောင်ဆောင်ရွက်ပါ။ လူအများက အကူအညီတောင်းလာရင် ကိုယ်ဆောင်ရွက် ပေးနိုင်တဲ့ကိစ္စဆို ဆောင်ရွက်ပေးပြီး လူအများ ယုံကြည်မှုရအောင် ဆောင်ရွက်ပါ။ မိတ်ဆွေကောင်းတွေ အများအပြား ရနိုင်တာမို့ လုပ်ငန်းအတွက်လဲ တစ်ဖက်တစ်လမ်းဖောက်သည်သစ်တွေ တိုးလာတတ်ပါတယ်။ အကြံဥာဏ်တွေလဲ ရလာတတ်ပါတယ်။
👌ပညာရေး
ပညာရေးက မိမိရဲ့ဇွဲနပဲပေါ် အများကြီးမူတည်တယ်ဗျ။ ကျောင်းသားဆိုလဲ မိမိကိုနားလည်အောင် ရှင်းပြနိုင်တဲ့ ဆရာတွေနဲ့ ကြုံကို ကြုံရတတ်ပါတယ်။ မျက်စိထဲ ရှင်းကနဲ၊ လင်းကနဲ ဖြစ်သွားတဲ့ထိ မိမိနဲ့ အံကိုက်တဲ့ ဆရာသမား တွေနဲ့သင်ခွင့်ကြုံရတတ်ပါတယ်။ အမိအဘက တက်နိုင်လို့ ကျောင်းကောင်းကောင်း ၊သင်တန်းကောင်းကောင်းထား နိုင်လို့ကတော့ အတိုင်းအထက်အလွန်ပေါ့ဗျ။ ၁၂တန်း တတ်နေသူတွေဆို မိမိကသာ ဇွဲရှိပါစေ…ဝီရိယထားကြိုးစားပါ စေ…သေချာပေါက် D များများထွက်နိုင်တဲ့နှစ်ပါပဲ။ မိမိကသာ ကောက်ရိုးမီးစိတ်ဓာတ်မျိုး မထားဘဲ consistency ရှိမယ်ဆိုရင်တော့ သေချာပေါက် ရလဒ်ကောင်းပါလိမ့်မယ်။
အရင်နှစ်တွေက စာမေးပွဲကျခဲ့သူတွေ၊အင်တာဗျူးစာမေးပွဲကျထားသူတွေ…ဒီနှစ်မှာ တကျော့ပြန် ကြိုးစားခြင်း ဖြင့်ရလဒ်ကောင်းတတ်ပါတယ်။ မိဘရယ်၊ ဆရာရယ်၊ကျောင်းသားရယ်…Triangle မိနေမယ်ဆိုရင်ရလဒ်ကောင်းနိုင် တာမို့ …ဒီနှစ်မှာ မိဘပံ့ပိုးမှု၊ဆရာသမားတွေရဲ့ ကူညီမှုတွေလဲ ရနိုင်တာမို့ မိမိသာ ကြိုးစားမယ်ဆိုရင် အတိုင်းထက် အလွန် အဆင်ပြေပါလိမ့်မယ်။
☯️ဆောင်ရန်၊ရှောင်ရန် ယတြာများ
👉 တတ်နိုင်သမျှ ပရဟိတများများလုပ်ပါ။
💥 လောဘမကြီးပါနဲ့။ အလုပ်လဲလုပ်…အနားလဲယူပြီး မျှတအောင်နေထိုင်ပါ။
💥ကျန်းမာရေးဂရုစိုက်ပါ။ ဆေးမြီးတိုနဲ့ မကုလိုက်ပါနဲ့။
💥ရဟန်းသံဃာတွေကို ပန်ကာလှူပါ။ အိမ်က ဘုရားမှာ ယပ်တော်သွင်းကုသိုလ်ယူပါ။
💥စံပယ်ပန်းလေးတွေ အိမ်ကဘုရားမှာ ပန်းမွေ့ယာခင်းပြီးလှူဒါန်းပါ။
💥မေမြို့ပန်း မကြာခဏဘုရားကပ်လှူပါ။
✅နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)ကျွန်တော့်ကို support ပေးလိုသူများ နားဆင်နိုင်ပါပြီ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
၀၉၇၇ ၅၅၅၅ ၆၉၅
ကူးယူဖော်ပြခွင့် မပြုပါ။ shareလိုက shareနိုင်ပါတယ်။