loading

Tag: #ဆရာငြိမ်းအေးလူ#Horoscope

  • Home
  • Tag: #ဆရာငြိမ်းအေးလူ#Horoscope

23.May.2024 မှ 29.May.2024 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

မိမိအတွက် ကောင်းသောအကူအညီတွေရလာနိုင်ပေမဲ့ သူများကူညီတာထက် မိမိကံကိုက ရေကန်အသင့် ၊ကြာအတင့်ဆိုတာမျိုး ဖြစ်နေပါလိမ့်မယ်။ ခရီးတွေသွားဖို့ ကြန့်ကြာနေတာမျိုးတွေ၊လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ အချိန်စောင့်နေရ တာမျိုးတွေရှိရင် ဒီအပတ်ထဲ ခရီးကိစ္စတွေပြေလည်သွားပါလိမ့်မယ်။ ငွေကြေးထိန်း သိမ်းဖို့ မီးခံသေတ္တာဝယ်တာမျိုး တွေ၊ စည်းရိုးကာတာမျိုးတွေ၊ စီစီတီဗီတပ်ဆင်တာမျိုးတွေ ဆောင်ရွက်ခြင်းများ ချောချောမွေ့မွေ့အဆင်ပြေပါလိမ့် လိမ့်မယ်။ မကုန်သင့်တာကို မကုန်အောင်ထိန်းသိမ်းသွားနိုင်မဲ့ကာလလဲ ဖြစ်ပါ တယ်။ ကုသိုလ်ကံတွေပေးနေချိန်ပါပဲ။ အလုပ်တွေကောင်းလာတတ်ပါတယ်။ ညံ့နေတာတွေတဖြည်းဖြည်းပြေ လျော့ ခွင့် တွေရလာတတ်ပါတယ်။စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေတာတွေလျော့နည်းသွားဖို့ရှိပါတယ်။ မိမိရရှိထား သော အခွင့်အရေးများ သူတစ်ပါးမှ လုယူခြင်းကြုံရတတ်ပါသည်။ ဆရာသမား၊ ကြီးကဲသူများနှင့် စိတ်သဘောထား ကွဲလွဲ ခြင်း၊ စိတ်ညစ်ရခြင်းများ ကြုံတွေ့ရတတ် ပါသည်။ မိမိထက် နိမ့်သူများနှင့်လက်တွဲ၍ အလုပ်လုပ်ရ တတ်ပါ သည်။ အရောင်းအဝယ်ကိစ္စများမှ အကျိုးအမြတ် နည်းရတတ်ပါ သည်။ မိမိ၏ အရောင်းအဝယ်ဖြစ်ရုံသာ ဖြစ် တတ်ပါသည်။ လိုချင်ဇော၊ ရချင်ဇောဖြင့် ဆုံးဖြတ် မိပါက အမှားအယွင်းပင် ဖြစ်တတ်ပါသည်။ အမျိုးသားများ ဇနီးမယားဘက် ကကောင်းသော အကူအညီတွေရလွယ်တာကိုတွေ့ရပါတယ်။အိမ်ထောင်ရေး ကံကောင်းတတ်ပါသည်။

အကျိုးပေးဂဏန်း ၁/၈/၀

အထူးဟော   လုပ်ငန်းခွင် အခွင့်အလမ်းကောင်းတွေရမယ်

ယတြာ   အုန်းထမင်းနဲ့ကြက်သားချက်ပြီး ဘုရားဆွမ်းကပ်ပါ။

#တနင်္လာ

ဒီအပတ်ထဲ တတ်နိုင်သမျှ လူကြီးတွေ၊မိဘတွေရဲ့စကားကိုလိုက်နာတာကဒီကာလ မှာအစစအရာရာ အဆင် ပြေပါလိမ့် မယ်။ ကျန်းမာရေးကောင်းနေပေမဲ့ အစားတွေကို မဆင်မခြင်မစားမိပါစေနဲ့။ အစားအသောက်မှားရာကနေ ဝမ်းဗိုက် ၊အစာအိမ် ဒုက္ခရောက်နေတတ်ပါတယ်။ ပျိုရွယ်သူများ ချစ်သူ၏ စိတ်အပြောင်းအလဲများအပေါ် နားလည် ရခက်ခဲ လေသည်။ စိတ်ရှုတ်စရာကိစ္စများ တစ်ခုပြီးတစ်ခု ဝင်ရောက် လာနိုင်ပါသည်။ အသိ၊သတိကိုအမြဲတမ်း ကပ် ထား ဖို့လိုပါတယ်။ သတိမရှိတာနဲ့ အမှားတွေကိုမိမိကိုယ်တိုင် မဆင်ခြင်ဘဲလုပ်မိသွားတတ်လို့ပါပဲ။ အထူးသတိပြု၍ နေထိုင်၊ လုပ်ကိုင်၊ ဆောင်ရွက်ပါ။ ဖခင်ဆီကလဲ ငွေအား လူအား တွေရလာ တတ်ပါတယ်။ အလုပ်သစ်လျှောက်ခြင်း၊ အင်တာဗျူးဖြေခြင်းများ ရလဒ်ကောင်းတွေရ လာနိုင်မဲ့ ကာလပါပဲ ။အများနဲ့ ပတ်သက်သောကိစ္စများ၊လူအများနဲ့ ချိတ်ဆက်လုပ်ရ သောကိစ္စများထင်သလောက် အဆင် မပြေတာကိုတွေ့ရပါတယ်။ သားသမီးငယ်တွေရှိသူဆို သားသမီး ကျန်းမာရေး အားနည်းတာမို့ မိမိတို့ပင်ပန်းရတတ်ပါ တယ်။ အိမ်ထောင်ရေး အနည်းငယ်ညံ့နေပါ မည်။ အိမ် ထောင်ရှင်များ လူမှုရေးပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းနေရတတ်ပါသည်။ ပညာရေးကတော့ ဒီအပတ်ထဲ မှာအားကောင်းပါတယ်။ပညာအသစ်တွေစတင်သင်ယူလို့ကောင်းပါတယ်။

အကျိုးပေးဂဏန်း ၁/၂/၅

အထူးဟော    ကံအင်အားနည်းပါးလိမ့်မယ်။

ယတြာ     ငွေ ၂၀၀ကျပ်တန်ကို ပံ့သကူပစ်လိုက်ပါ။

#အင်္ဂါ

ဒီတစ်ပတ်ထဲမှာ ငွေကြေးအပေး အကမ်းများပြီး နောက်မှနှမြောနေတာမျိုးဖြစ်တတ်ပါတယ်။ တစ်ပါး သူ၏ အနှောက်အယှက် များကြောင့် ဥပဒေနှင့် ရင်ဆိုင်ရတတ်ပါသည်။ တစ်ဦးထက်ပိုသော အချစ်ရေးမျိုးကို ခံစား ရပေ လိမ့်မည်။ အပေါင်းအသင်းများကဝိုင်းဝန်းအောင်သွယ်ခြင်းများကြောင့် မမျှော်လင့်ပဲ အိမ်ထောင်ကျ သွားတတ် ပါ သည်။ မိဘသဘောမတူခြင်းများနှင့် ရင်ဆိုင်ရတတ်ပါသည်။ လူမျိုးကွဲ၊ ဘာသာကွဲများနှင့် လုပ်ငန်းများ စပ်တူ ရှယ်ယာပြုလုပ်လျှင် အောင်မြင်မှုများ ရရှိနိုင်ပါသည်။ ပြည်တွင်း၊ ပြည်ပ ခရီးတို၊ ခရီးရှည်များ မကြာခဏသွားရ၊ လာရ တတ်ပါသည်။ အိမ်၊ ခြံ၊ မြေ လက်မှတ်ရေးထိုးခြင်း၊ စာချုပ်၊ စာတမ်းများ ချုပ်ဆိုရာတွင် သတိဖြင့် ဆောင်ရွက်နေရမည်။ ပရဟိတ လုပ်ငန်းများတွင် ဝင်ရောက် ဆောင်ရွက် ပေးရခြင်းများ ရှိနေမည်။ ကျန်းမာရေးကတော့ ဒီအပတ်မှာ သတိ ထားဖို့လိုပါတယ်။ ကျန်းမာရေး တရှောင်ရှောင် ဖြစ်လွယ်တဲ့ကာလပဲ ဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့မကုပါနဲ့။ ဆေးထိုး၊ ဆေးသောက် တာ ဆောင် ရွက် စေချင် ပါတယ်။ ဘာသာရေးကိစ္စ၊အလှူ အတန်းကိစ္စတွေ ရက်ရွှေ့ရတာမျိုးတွေ ကြုံရ တတ်ပါတယ်။ ငွေကံကောင်း နေပေမဲ့ ရင်းနှီးမြုပ်နှံမှုတွေမှားယွင်းမှုဖြစ် တတ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး အတွေးအခေါ်တွေအစွန်း ရောက် သွားတတ်ပါတယ်။ အိမ်ထောင်ရေးတွင် မိသားစုပြဿနာများ ဖြေရှင်း ပေး ရ တတ်ပါသည်။ အရေးကြီးတဲ့ ကိစ္စများ မိမိကိုယ်တိုင်လုပ်ပါ။အနည်းငယ်တော့ အလုပ်တွေများရ တတ်ပါ တယ်။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော  ကျန်းမာ‌ရေးဂရုစိုက်ကြပါ။

ယတြာ    နို့ဆီဘူးလေးတွေဝယ်ပြီး လူကြီးမိဘတွေကိုလှူပေးပါ။

#ဗုဒ္ဓဟူး/ရာဟု

       ဒီကာလများအတွင်း မတော်တဆ ထိခိုက်မှုများ ရှိတတ်ပါသည်။ ထို ကြောင့် စက်ပစ္စည်းများ ကိုင် တွယ် ရာတွင် အထူးဂရုစိုက်ပေးပါ။ မြောက်အရပ်သို့ ရေကြောင်း၊ လေကြောင်း ခရီး သွားလာခြင်းကို အထူး ရှောင်ကြဉ်ပေးပါ။ အမြဲတမ်းနှုတ်ချိုသာစွာပြောတတ်သူများကံပိုကောင်းနိုင်ပါတယ်။ ငွေ ကြေးစတင်စုဆောင်းခြင်းများဒီကာလမှာ‌ ဆောင် ရွက်ပါ။အချစ်ရေးတွင် သဘောထားကွဲလွဲမှုများ မကြာခဏ ဖြစ် လာရတတ် ပါသည်။ တစ်ပါးသူ၏ အနှောက်အယှက် ကြောင့် အကြံအစည်များ ပျက်စီးသွားမည်။ မမျှော်လင့်ပဲ စီးပွားရေးများ တိုးတတ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိ လာ မည်။ ယာဉ် နှင့် စက်ပစ္စည်းများ ရောင်းချခြင်း၊ ရတနာပစ္စည်းများ ရောင်းဝယ်ခြင်း၊ စတိုးဆိုင်ဖွင့်ခြင်းများ ၊ စားသောက် ဆိုင်နှင့် စတိုးဆိုင်ဖွင့်ခြင်းများ အထူးကောင်းမွန်ပါသည်။ မိမိအထက် အကြီးအကဲများနှင့် ဆက်ဆံရာတွင် အထူး ဂရုစိုက် ပြီးဆက်ဆံရတတ်သည်။ လုပ်ငန်းခွင်အတွက် စိတ်ကူးစိတ်သန်း အသစ်များ ပေါ်ထွန်းလာမည်။ ရပ်ဝေးခရီးမှ မိမိထံသို့ ကောင်းသောသတင်းစကားကောင်းများ ကြားသိနေရတတ်ပါသည်။ ငွေကြေးများ မမျှော်လင့်ပဲ ဝင်လာ ခြင်း၊ ထီပေါက်ခြင်းများ ရှိလာမည်။ မိမိအနေနဲ့ စူးစမ်းရှာဖွေလေ အကျိုးရှိလေပါပဲ။ ရသင့်တဲ့ လုပ်အားခထက် ဘောနပ် ဆိုတာ မျိုးလဲ ရရှိနိုင်တဲ့အခွင့်အရေးမျိုးတွေရှိပါတယ်။ အိမ်ထောင်ရှင် များအိမ်ထောင်ရေး သာယာမှုများ ရှိမည်။

အကျိုးပေးဂဏန်း  ၃/၄/၇

အထူးဟော    ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ   ရွက်လှပန်း ၄ညွှန့်ဘုရားကပ်လှူပါ

#ကြာသပတေး

ဒီကာလများအတွင်း လုပ်ငန်းသစ်များ၊ စီးပွားသစ်များ တိုးချဲ့ခြင်းများ ဆောင်ရွက် အဆင်ပြေနိင်ပါသည်။ မိတ်သစ်ဆွေသစ်များ တိုးပွား နိုင်ပါသည်။ အမွေအနှစ်ကိစ္စများ ငြင်းခုန်ရတတ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။  သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတို့သည် အထူးအကျိုးပေးနေမည်။ ပညာရေးတွင် အောင် မြင်မှုများ ရရှိနိင်ပါ သည်။ လုပ်ငန်းခွင် စာမေးပွဲများ ဖြေဆိုရာတွင်လည်း အောင်မြင်မှုများ ရရှိမည်။ သို့သော် အပျော် အပါး လိုက်စား ခြင်းများ ရှောင်သင့်ပါသည်။ အပြိုင်အဆိုင်၊ အနှောက်အယှက်ကြားမှ အောင်မြင်တိုးတတ်လာ နိုင်ပါ သည်။ အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်သော လုပ်ငန်းများမှ အကျိုးအမြတ်ကောင်းများ ရရှိ ပိုင်ဆိုင်ခွင့်များ ရရှိလာမည်။ စက်ကား၊ယန္တရားနဲ့ပတ်သက်သောအလုပ်များ အဆင်မပြေတာတွေများနိုင်ပါ တယ်။ ငွေကြေးကိုတော့လက်မလွယ် မိဖို့လို အပ်ပါတယ်။အသုံးထက်အဖြုန်းများနေတတ်ပါတယ်။ ကျန်းမာရေးတွင် အပူနာ ခြင်း၊ ခါးနာခြင်း၊ နှလုံးအားနည်းခြင်း၊ အိပ်မပျော် ခြင်းများ၊ အကြောအဆစ်ဝေဒနာများ  ခံစားရတတ်ပါသည်။ အိမ်ထောင်ရေးတွင် တစ်ခါတစ်ရံ စိတ်သဘောထား ကွဲ လွဲနိုင်ခြင်းများ ဖြစ်ပေါ်လာ နိုင်ပါသည်။ အချစ်ရေး၊ မေတ္တာ ရေးတွင် နှလုံးသားမှ ပေါက်ဖွားလာသော အချစ်စစ်သည် အရွယ်လွန် နေသူ တွေတောင် ငယ်မူငယ်သွေး ပြန်လာ  စေနိုင်သည်။

အကျိုးပေးဂဏန်း  ၁/၄/၅

အထူးဟော   အချစ်ရေးစန်းအားကောင်းမယ်

ယတြာ   ဘဲဥဟင်းလေးတွေနဲ့ ရဟန်းသံဃာတွေကိုဆွမ်းလောင်းပါ။

#သောကြာ

            ဒီကာလအတွင်းမှာကာလအတန်ကြာ ဝေးကွာနေသော မိတ်ဆွေရင်းချာတို့နှင့် ပြန်လည်ဆုံစည်း ရနိုင်ပါ သည်။ စဉ်းစားချင့်ချိန်ပြီးမှအရာရာကိုလုပ်သင့်တဲ့ အချိန်ပါပဲ။ ဘာကိစ္စကိုမဆိုခေါင်းအေးအေးထားပြီး ဆုံး ဖြတ် ချက်ချပါ။ ပညာရေးတွင် မိမိကြိုးစားသလောက် ရည်မှန်းချက်များ အထူးအောင်မြင်မည်။ စစ်မှန်သည့် နှလုံး သားရေးရာကိစ္စများ ကြုံတွေ့ရပြီး၊ ပျော်ရွှင်ကြည်နူးဖွယ် အချစ်ရေးခရီးလမ်းကို လျှောက်လှမ်းခွင့်များ ရရှိမည်။မိတ်ကောင်းဆွေကောင်း တွေရဲ့ အကူအညီတွေမရတာမျိုးတွေ့ရတယ်။ ဒီကာလက ကိုယ့်ဒူးကိုယ်ချွန်ဆောင် ရွက်ရမဲ့ ကာလဖြစ်ပါတယ်။ သူတစ်ပါးတွေရဲ့ အခက်အခဲတွေကိုမိမိကသာကူညီပေးနေရတတ်ပါတယ်။ အိမ်ကိစ္စ၊ အမွေ ကိစ္စတွေ ပြဿနာရှိသူဆို ဒီကာလအတွင်းကြီးကျယ်တဲ့ရန်ပွဲတွေဖြစ်တတ်ပါတယ်။ သတိထားရမှာက ရပ်ဝေး ကနေ တန်ဖိုးကြီးပစ္စည်းတွေမှာ တာ၊ဝယ်ယူတာမျိုးတွေဒီကာလမှာတော့ အထူးရှောင်နေချင်ပါတယ်။ လမ်းမှာအစစ် အဆေးရှိလို့ ထိခိုက်မိတာ၊ အနာအဆာပါတာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်။ ငွေကြေးအလွှဲအပြောင်းတွေသတိ ရှိပါတယ်။ ဂဏန်းတစ်လုံးပို သွားပြီးမှားလွှဲမိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအတွက်စိတ်ပူစရာမလို ပေမဲ့ အရင်ကတည်းက ခေါင်းမူး၊ ဇက်ကြောတက်တာမျိုးဖြစ်နေသူတွေသတိထားပါ။ အောက်သွေးအရမ်းတိုးနေ တာမျိုးဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း  ၂/၆/၅

အထူးဟော   ခေါင်းအေးအေးထားဆောင်ရွက်ပါ

ယတြာ     ဆိတ်ရိုးဟင်းနဲ့ ထမင်းနဲ့ရောနယ်ပြီး လမ်းဘေးခွေးတွေကျွေးပါ။

#စနေ

            ဒီကာလအတွင်းရွှေထွက်တာမျိုး၊ပျောက်ရှတာမျိုးဖြစ်တတ်ပါတယ်။ကံကောင်းတာက အတွေးမှန်အမြင်မှန် နိုင် တာမို့ မိမိလုပ်နေတာကို မှားလား၊မှန်လား နဖူးပေါ်လက်တင်ပြီးစဉ်းစားခန်းဖွင့်သင့်တဲ့ကာလ ပါပဲ။ နှလုံးသားချင်း ပေါင်းစပ်နိုင်မည့် စစ်မှန်သော ဖူးစာရှင်နှင့် ဆုံစည်းရကိန်းများ ရှိနေမည်။ ဖြတ်ခနဲရုတ်တရက် ပေါ်လာတတ်တဲ့ အကြံအစည်က မိမိအတွက် ကောင်းတဲ့အကြံ ဖြစ်နေပါလိမ့်မယ်။ အသစ် ထီထွင်ခြင်း၊ စွန့်ဦး တီထွင်လုပ်  ကိုင်ခြင်းများ ဒီကာလမှာ အဆင် ပြေပါလိမ့်မယ်။အနည်းငယ်လိမ္မာပါးနပ်ဖို့ လိုတဲ့ကာလပဲဖြစ်ပါတယ်။ မလိုသူတွေရှိနေတတ် ပါ တယ်။ မိမိလက်ရှိအနေ အထားကနေ တဆင့်တက်ပြီးအဆင်ပြေမှာကိုမနာလိုသူတွေရှိနေနိုင်ပါတယ်။ ဒါအပြင် တကယ့်ကို မိမိကို ကိုယ်ဖိရင် ဖိကူညီမဲ့သူတွေလဲ ရှိနေပါတယ်။ သတိထားဖို့က အမိအဘကျန်းမာရေးညံ့ပြီး အိမ်ရာ ထဲလဲနေတာဆိုဒီကာလမှာ မိဘတွေကိုပိုမိုဂရုစိုက်လိုက်စေချင်ပါတယ်။ ငွေကံကောင်းပေမဲ့ မိမိကိုယ်တိုင်က ကိုယ် တိုင်ပင်ပန်းတဲ့ငွေကိုသာ မက်မောနေလိမ့်မယ်။ အချောင်ရတာ၊အောက်ဆိုက်ရတာမျိုးတွေကို လိုချင်စိတ်ကုန်နေ တတ် ပါတယ်။ ခွေးရှိတဲ့ အိမ်တွေကိုသွားလည်ရင်သတိထားပါ။ တိရိစ္ဆာန်တွေ ကိုက်ခဲတာမျိုးခံရတတ်ပါတယ်။ မြွေကင်း ပေါတဲ့နေရာကို သွားမယ်ဆိုလဲ ညရေးညတာ သတိနဲ့သွားပါ။

အကျိုးပေးဂဏန်း ၃/၆/၇

အထူးဟော   အမှန်၊အမှား ကောင်းစွာခွဲခြားနိုင်ပါလိမ့်မယ်။

ယတြာ   ထမင်းဆီဆမ်းတစ်ပွဲ ဘုရားရှင်အားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

                                                                                    ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                                                                                            0977 5555 695

                                                                                                            09 44 5555 695

23.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့ရက် မှာတော့ လုပ်လက်စအလုပ်တွေ၊ မပြီးပြတ်သေးတဲ့အလုပ်တွေကို ပြီးဆုံးအောင်ဆက်လုပ်နိုင်ပေမဲ့ အလုပ်အသစ် တစ်ခုကိုစမယ်ဆိုရင်တော့ အခက်အခဲများနိုင်ပါတယ်။ လမ်းဟောင်းတွေကပိုကောင်းပြီး လမ်းသစ်တွေက အခက် အခဲများ နိုင်တဲ့နေ့ပါပဲ။

စာရေးခြင်း၊ ကဗျာရေးခြင်း၊သီချင်းသံစဉ်ရှာဖွေခြင်းများအထူးကောင်းပါတယ်။ စာကောင်းတစ်ပုဒ်ရရှိနိုင်တဲ့နေ့ရက် ပါပဲ။ ပညာဖြင့် အသက်မွေးကြသူများ ဒီနေ့မှာတပည့်မွေးခြင်း သင်တန်းသားအသစ်လက်ခံခြင်းများလဲအထူး ဆောင် ရွက်နိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ရစရာရှိတဲ့ငွေကြေးတွေကို ပြန်လည်တောင်းခံလို့ အထူး ကောင်းပါ တယ်။

စက်ပစ္စည်းအသစ်များဝယ်ယူခြင်း၊ စက်များတပ်ဆင်လည်ပတ်ခြင်းများ စတင်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ မိမိစိုက် ပျိုး ထားတဲ့သစ်ပင်ပန်းမန်တွေကို ဓာတ်မြေသြဇာကျွေးခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ ယာဉ်စက်ကားတွေ နဲ့ရင်း နှီး ပြီးလုပ်ကိုင်ရတဲ့အလုပ်များ တိုးတတ်အဆင်ပြေပါလိမ့်မယ်။အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်ခြင်း၊ တံတားမြောင်း ပြုပြင်ခြင်း၊  သမထဘာဝနာ ပွားများခြင်းများဆောင်ရွက်လို့ အလွန်မှအကျိုးထူးပါလိမ့်မယ်။ယနေ့သည် မည်သည့် အလုပ်ကိုမဆို ပြီးမြောက်အောင်မြင်စေရန် အထူးကောင်းမွန်သော ပုဏ္ဏတီထိ ကျရောက်နေသောကြောင့် အရေး ကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရာထူးလက်ခံခြင်း၊ အလုပ်စတင်ခြင်း၊ ဝိဉာဉ် ရေး ရာဆိုင်ရာ အခမ်းအနားများ၊ အိမ်မှုကိစ္စနှင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု များစတင်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာစကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၂၀)နာရီမှ နံနက်(၆း၁၂)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝိသာခါနက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန် များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။

ဤနက္ခတ်သည် အောက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊သတ္တုမိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပု ပညာ ၊ အနုပညာ၊ အရေးအသား ၊သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် စွယ်စုံရ၊ ဉာဏ်ကောင်းသူ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး လည်လည်ဝယ်ဝယ်နှင့် အလွန်စေ့စပ် စနစ်ကျသူဖြစ်ပါတယ်။ မိမိမှာပေးစရာတွေ အများကြီးရှိပေမယ့် မိမိရဲ့ အသိပညာနဲ့ အကြံဉာဏ်တွေကို တခြားသူတွေနဲ့ မျှဝေရတာ သဘောကျတယ်။ လူတွေက မိမိရဲ့ ဟာသဉာဏ်နဲ့ ခပ်ပျော်ပျော် နေတတ်တဲ့သဘောကို အလွန်သဘောကျနှစ်သက်တတ်ပါတယ်။ မိမိတွင် မိမိလုပ်ဆောင်နိုင်သည်ထက် အကြံဥာဏ်များ ပိုမိုရှိသောကြောင့် တစ်ခါတစ်ရံတွင် မိမိသည် ကိုယ်ကိုယ်ကိုပင် အားမလိုအားမရဖြစ်နေတတ်ပါသည်။ ပရောဂျက်အသစ်တစ်ခုစတင် ခြင်းနှင့် အသစ်အသစ်သော လုပ်ငန်းလမ်းကြောင်းများကိုသာ အမြဲအားသန်ရာဖြစ်သည်။ဒီနေ့မွေးသူများဟာ အများ အားဖြင့် တော်ကြသူတွေဖြစ်ပါတယ်။ အိမ်ထောင်ရေးကံကလွဲရင်တော့ စီးပွားရေးနယ်ပယ်၊အောင်မြင်ရေးနယ်ပယ် ဘဝတိုးတတ်ရေးနယ်ပယ်တွေမှာအထူးအကျိုးပေးပါတယ်။ ကျန်းမာရေးအတွက်လဲစိတ်ပူစရာမလိုတဲ့သူတွေဖြစ်ပါ တယ်။ ငွေကြေးလာဘ်လာဘ ရွှင်လန်းတဲ့ဇာတာရှင်လဲဖြစ်ပါလိမ့်မယ်။

            ယနေ့သည် သံကလပ် (အတားအဆီး)ဟူသော အဓိပ္ပါယ်ကိုဆောင်သော ပဋိဃာတယုဂ် ကျရောက်နေသော ကြောင့် ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် သင့်လျော်မှုမရှိပါ။ ဗိဌိကရိုဏ်း ကျရောက်နေသော ကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲ ခြင်း စသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော်စေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၀) နာရီမှ ညနေ(၃း၁၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပဲပေါက်စီ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

22.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လပြည့်နေ့ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ် တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၄)လုံးအနေဖြင့် ဒီလိုနေ့ရက်မှာတော့ ဇွဲလုံလကြီးစွာနဲ့ကြိုးစားသူတွေအဖို့တော့ အကျိုးများ မဲ့ နေ့ပါပဲ ။အမှုမဲ့မနေတတ်ဘဲ အရာရာကို စူးစပ်လုပ်ကိုင်တတ်သူတွေအတွက်အခွင့်အရေး ကောင်းတွေရလာတတ်ပါ တယ်။  ဒီနေ့မှာ တတ်နိုင်သမျှအသားကြီးငါးကြီးစားတာမျိုးတွေရှောင်ခြင်းဖြင့် ကံပိုမိုမြင့်လာတတ်ပါတယ်။

အနုပညာနှင့်ပတ်သက်သောအလုပ်များ၊ မည့်သည့်စက်ပစ္စည်းမဆို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ တိုးတတ်မှု တွေအထင်အရှားကြုံရတတ်ပါတယ်။ ခရီးသွားခြင်းကိစ္စများဆောင်ရွက်နိုင်ပါတယ်။ သွားနေကြခရီးမျိုးတွေဆို ပိုမို အဆင်ပြေနိုင်ပါတယ်။

ဆောက်လုပ်ရေးနဲ့ပတ်သက်သော သဲ၊ကျောက်၊ဘိလပ်မြေ ရောင်းဝယ်ဖောက်ကားခြင်းများလဲ အဆင်ပြေမှုတွေ  ရှိလာ တတ်ပါတယ်။ အစိုးရနှင့်ပတ်သက်သောကိစ္စများ၊ ဌာနဆိုင်ရာနှင့်ပတ်သက်သောကိစ္စများ လိုက်ပါဆောင် ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။

ပွဲလမ်းသဘင်များကျင်းပခြင်းတွေ၊ ဖျော်ဖြေရေးပွဲများကျင်းပခြင်းတွေအထူးပဲဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ကားဝယ် ခြင်း၊ ကားရောင်းခြင်း၊ အလဲအထပ်လုပ်ခြင်းများအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။ ရောင်းထွက်လို သော ပစ္စည်း များကို ဓာတ်ရိုက်ဓာတ်ဆင်လုပ်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါ တယ်။

ယနေ့ လုပ်ကိုင်ဆောင်ရွက်သမျှ အရာရာကို သတိမလွတ်သင့်ပါ။ ဆေးစား၊ ဆေးကုပြုရန် ကောင်းသောရက် ဖြစ်နေ ပါတယ်။ အရောင်းအဝယ်ကိစ္စများ ဆောင်ရွက်ရန် ရက်ကောင်းဖြစ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုး အမြတ် ကောင်းများ ရရှိမည်။ နေရာထိုင်ခင်း ပြောင်းရွှေ့မှုများ ဆောင်ရွက်နိုင်မည်။ အလုပ်ရုံးခန်းအသစ်များ စတင် ဖွင့်လှစ် ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် လောကီမင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ် ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၂၄)နာရီမှ နံနက်(၆း၁၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သွာတိနက္ခတ်ဖြစ်တာမို့ စာအုပ်စာရေးကိရိယာလုပ်ခြင်း၊ စာပေဖြန့်ချိရေး လုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ် ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မေတ္တာစကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွား လာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံ ပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများရောင်း ဝယ်ခြင်း၊ ဆံသ လုပ်ငန်း၊ ဆိုင်ကယ်၊ ဆိုက်ကား ရောင်းဝယ် ပြုလုပ်ခြင်း ကောင်း၏။ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် စိတ်ထားကောင်းမွန် မြင်မြတ်ကာ သမာဓိရှိပြီး ပြတ်သားပြီး ထက်မြက်တဲ့သူများ ဖြစ်ပါ တယ်။ မိမိသည် အတန်ငယ် ပြီးပြည့်စုံသူ တစ်ဦးဖြစ်ပါတယ်။ အောင်မြင်မှုနောက်ကွယ်တွင် ခက်ခက်ခဲခဲ စိတ် အနှောက် အယှက်များ ခံစားရလေ့ရှိပါတယ်။ တစ်ခါတစ်ရံတွင် အခြားသူများကိုလည်း အားမလို အားမရ ဖြစ်တတ် ပါသည်။ မိမိသည်အလွန်အမှီအခိုကင်းသော တွေးခေါ်ရှင်တစ်ဦး၊ မိမိ၏ အတွေးအခေါ်များနှင့် ထင်မြင်ယူဆချက် များသည် ထူးထူးခြားခြား ရှားပါး အဖိုးတန်လှပါသည်။ မိမိသည်အမြဲလေ့လာသင်ယူတတ်ပြီး မိမိလေ့လာထားသည် များကို မျှဝေပါသည်။ စိတ်ထင်ရာတစ်စွတ်ထိုးလုပ်တတ်တဲ့ စိတ်ကိုပြုပြင်ပြီးတော့ နေထိုင်နိုင်ရင် အကောင်းဆုံးပါပဲ။ သက်လတ်ပိုင်းကာလတွေအားကောင်းနိုင်တာမို့ ပထမအရွယ်မှာသာ ပညာကိုအားထည့်ကြိုးစားထားသင့်ပါတယ်။ ငွေ ကြေးနဲ့ပတ်သက်သော အကူအညီတွေရလွယ်သူဖြစ်ပါတယ်။ သတိထားရမှာကတော့ လောင်းကစားအထူးရှောင်သင့် တဲ့သူတွေဖြစ်ပါတယ်။ လောင်းကစားကြောင့်ဘဝပျက်တတ်ပါတယ်။ မွန်းလွဲပိုင်းမွေးတဲ့ ရာဟုသားသမီးတွေကတော့ အိမ်ထောာင်ရေးအနည်းငယ်ညံ့တာတွေ့ရပါတယ်။

            ယနေ့သည် နှစ်သိမ့်မှုကို ကိုယ်စားပြုသော ဝီရိယကရိုဏ်း ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ် များအားလုံး ပြုလုပ်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။ ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူရေး အလုပ်များ နှင့် အိမ်များ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၂) နာရီမှ မွန်းလွဲ(၁း၄၀)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ “အနုတ္တရော ပုရိဿ ဓမ္မသာရတိ”  (၉)ခေါက် ရွတ် ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်းဆွမ်း ဘုရားကပ်လှူပြီး လို ရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

21.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၁၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူး ပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၃)လုံးအနေဖြင့် အောင်မြင်ခြင်းကို သယ်ဆောင်လာသော တီထိနေ့ဖြစ်၍ စာပေ၊ အနုပညာ လုပ်ငန်းများ၊ အိမ်ထောင်ပြုခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားခြင်း၊ အသင်းအဖွဲ့များ ဝင်ရောက်ခြင်း၊ အဝတ်အစားနှင့် ပတ်သက်၍ လုပ်ဆောင်ခြင်း၊ စစ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ကောင်းသောနေ့ ဖြစ်နေပါသည်။ သို့သော် တပည့်သစ် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်းများကိုမူ ရှောင်ရှားသင့်ပါသည်။ ဇေယျာ တီထိမျိုးဖြစ်၍ လက်နက် ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများ ပြုလုပ်ခြင်း၊ စစ်သားစုဆောင်းခြင်းများ၊ တစ်နည်းအားဖြင့်ဆိုသော် မိမိနှင့်  မိမိအဖွဲ့အစည်း အင်းအားတောင့်တင်း ထက်မြက်၊ ကြီးမားစေရန် လုပ်ကိုင်သည့် မည်သည့်ကိစ္စကိုမဆို လုပ် ဆောင် နိုင်ပါသည်။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အိမ်နှင့်ပတ်သက်သည့် လုပ်ငန်းများ၊ အလံ၊ အလံနှင့်ပတ် သက် သော အသင်းအဖွဲ့လုပ်ငန်းများ ဆောင်ရွက်ရန် သင့်တော်သော တီထိရက် ဖြစ်နေပါသည်။

            ယနေ့သည် အောင်မြင်ခြင်းကို ကိုယ်စားပြုသော ဇေယျာတီထိ ကျရောက်နေသောကြောင့် အရေးကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန်၊ အဝတ်အစားနှင့် လက်ဝတ်ရတနာအသစ်များ ဝတ်ဆင်ခြင်း၊ မှန်ကန်ခြင်း၊ ကတိများ ပြည့်စုံခြင်း၊ စစ်ပွဲစတင်ခြင်း၊ သစ္စာကတိများနှင့် ကာမဂုဏ်အာရုံများကို လိုက်နာခြင်း စသည်တို့အတွက် နေ့ထူးနေ့ မြတ် ဖြစ်နေပါသည်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၂၈)နာရီမှ နံနက်(၆း၂၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သွာတိနက္ခတ်ဖြစ်တာမို့ စာအုပ်စာရေးကိရိယာလုပ်ခြင်း၊ စာပေဖြန့်ချိရေး လုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ် ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မေတ္တာစကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွား လာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံ ပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများရောင်း ဝယ်ခြင်း၊ ဆံသ လုပ်ငန်း၊ ဆိုင်ကယ်၊ ဆိုက်ကား ရောင်းဝယ် ပြုလုပ်ခြင်း ကောင်း၏။ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။  

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် ထူးခြားထက်မြက်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ခြင်း၊ ပျော်ပျော်နေတတ် ပြီး မိမိဘဝ တစ်လျှောက်လုံးတွင် မိမိကိုယ်ရည်ကိုယ်သွေးကောင်းများပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ အရည်အသွေး ကောင်းတွေကို ပိုင်ဆိုင်ထားတယ်။ရုပ်ရည်ကအသက်ကြီးနေရင်တောင် ငယ်ရွယ်တယ်လို့ထင်ရတဲ့ သူဖြစ် ပါတယ်။ မိမိဟာ စိတ်ပိုင်းဆိုင်ရာအဆင့်မှာ တီထွင်ဖန်တီးနိုင်မှု မြင့်မားကာ ကောင်းမွန်တဲ့ မှတ်ဉာဏ်တွေ ပိုင်ဆိုင်ထားပြီး ကောင်းမွန်တဲ့ စကားစစ်ထိုးပွဲကို နှစ်သက်ပါတယ်။ တစ်ခါတရံ စိတ်ရှည်သည်းခံမှု တိုတောင်းတဲ့ အတွက် တခြား သူတွေက မိမိထင်သလောက် မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်ဘူးလို့ ခံစားရနိုင်ပါတယ်။ အချစ်ရေး၊ မေတ္တာရေးနဲ့ ပေါင်းသင်း ဆက်ဆံရေးအပေါ် မိမိရဲ့ အတွေးအမြင်တွေက အမြဲတမ်းထူးခြား ဆန်းသစ်နေတတ်ပါတယ်။ တိရစ္ဆာန် လေး တွေကို ချစ်တတ်သူတွေဖြစ်ကြပြီး လူချစ်လူခင်လဲများသူဖြစ်ပါတယ်။  ဘဝမှာ တစ်ချိန်ချိန်မှာငွေအစု လိုက် အပြုံ လိုက် ဝင်မဲ့ကံရှိပါတယ်။ ကျန်းမာရေးအားနည်းတဲ့သူဖြစ်တာမို့ အစားအသောက်ကိုဆင်ခြင်သူဖြစ်ဖို့လိုပါ တယ်။

            ယနေ့သည် ဘေးဉပါဒ်ကို ကိုယ်စားပြုသော ဗျာတိပါတယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ် များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်လျော်မှုမရှိပါ။ ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာစွာ တည်မြဲနေမည့် အရာများကဲ့သို့သော ပုံသေပြုလုပ်ထားသည့်အရာများအတွက် အထူးကောင်းမွန် ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၇) နာရီမှ ညနေ(၄း၅၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “နမောတဿ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နှမ်းယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

20.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၁၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့် ပါတယ်။

ဒီနေ့ဟာ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ကျော်ကြားမှုကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက် သော လုပ်ငန်းများ  အာဟာရ စတင်ကျွေးခြင်း၊ မြေဩဇာကျွေးခြင်း၊ တပည့်သစ် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း ပြုလုပ်နိုင်သော်လည်း ခရီးသွားခြင်း၊ အိမ်သစ်တက်ခြင်းနှင့် ဆီလိမ်းကျံ၍ နှိပ်နယ် ခြင်းများကိုမူ ရှောင်ရှားသင့်ပါသည်။ ကံကောင်းသော သဘောကိုဆောင်သည့် ဘဒြာတီထိ ကျရောက်နေသည်ဖြစ်ရာ မင်္ဂလာဆောင်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ အဝတ်အစားနှင့် ပတ်သက်သည်များ၊ ယာဉ်ကား စသည်တို့နှင့် ခရီးသွားလာခြင်းများ၊ လမ်းဖေါက်လုပ်ခြင်း၊ ဆီလိမ်းကျံခြင်းများ အတွက်ကောင်းမွန်သော တီထိ ဖြစ်ပါသည်။

            ယနေ့သည် အလုပ်သစ်တစ်ခုအား စတင်လုပ်ဆောင်ရန် အထူးကောင်းမွန်သော ဘဒြာတီထိ ကျရောက်နေ တာ ဖြစ်ပါတယ်။ သာသနာ့အခမ်းအနား၊ ဓမ္မမီးထွန်းညှိပေးခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်း၊ ကတိများ ပြည့်စုံခြင်း၊ အခြားသော ကောင်းသောကိစ္စရပ်များ ပြုလုပ်ခြင်းတို့အတွက် အထူးကောင်းမွန်ပါသည်။ ခရီးထွက်ခြင်းများ ရှောင် ကြဉ်ပါ။ မင်္ဂလာပွဲများ ကျင်းပဆောင်ရွက်ရန် ကံမကောင်းတက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၃၂)နာရီမှ နံနက်(၆း၂၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

စိတြနက္ခတ်ဖြစ်တာကြောင့် အနေကဇာတင်ခြင်း၊ ရှင်ပြုနားသခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေး စကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်းအဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ်လုပ်ခြင်း၊ မိတ်ဆုံ ပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေ ဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ကြီးမားပြီး မြင့်မြတ်သော စရိုက်လက္ခဏာ၊ နွေးထွေးမှု၊ ကာမဂုဏ်အာရုံကို မက်မော နှစ်သက်တတ်မှုနှင့် ပင်ကိုယ်စွမ်းရည်ကောင်းမွန်ခြင်းတို့ကို ပိုင်ဆိုင်ထားသည်။ ထူးခြားသော ကိုယ်ရည် ကိုယ်သွေးအလုံးစုံကို အခြေခံထားပြီး ဘဝဇာတ်ခုံကို အနိမ့်အမြင့်၊ အတက်အကျအလိုက် စည်းချက်ညီစွာ ဖြတ်ကျော် သရုပ်ပြနိုင်သူတစ်ဦးလည်း ဖြစ်ပါသည်။ မိမိ၏ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းနှင့် ပတ်ဝန်ကျင်အခြေအနေအားလုံးကို အလွန်အမင်း နားလည်သဘောပေါက်ထားသောကြောင့် မိမိသည် များသော အားဖြင့် ဖြစ်ပေါ်နေသော အခြေအနေ နှင့် အနေအထားအားလုံးကို လွယ်ကူစွာ တန်ဖိုးမြှင့် ပြောင်းလဲနိုင်စွမ်း ရှိသူလည်း ဖြစ်ပါသည်။ မိမိကိုယ်တိုင် ထူးထူး ခြားခြား သိနားလည်တတ်ပြီး ပင်ကိုယ်အားဖြင့် စူးစမ်းလေ့လာခြင်းများဖြင့် မိမိဘ၀ကို မိမိသင်ယူလေ့လာနေတတ် ပါသည်။ မိမိသည် သူတစ်ပါးအပေါ် ချစ်ခင်ကြင်နာတတ်ပေမယ့် မည်သည့်ကိစ္စကိုမဆို စိတ်ထဲမေ့ပျောက်သွားတာမျိုး အလွန်ကို ရှားပါတယ်။အရွယ်ရောက်လာလေလေ ဘဝကိုငြိမ်းချမ်းစွာနဲ့ဖြတ်သန်းချင်စိတ်မြင့်မားလေလေပါပဲ။ ဘဝ နေထိုင်မှုပုံစုံက အသက် ၄၀မတိုင်ခင်နဲ့ အသက်၄၀နောက်ပိုင်း အမြင်က ဆန့်ကျင်ဘက်ကွဲပြားသွားတတ်သူတွေဖြစ် ပြီး ခံစားလွယ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊သနားတတ်ခြင်းတွေနဲ့ပြည့်စုံသလို ခံစားချက်နဲ့အလုပ်လုပ်ရတဲ့၊နှလုံးသား နဲ့အလုပ်လုပ်ရတဲ့အလုပ်တွေနဲ့လဲ အောင်မြင်တတ်ပါတယ်။

            ယနေ့သည် သိဒ္ဓိကို ကိုယ်စားပြုသော အဿရိကယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များ ပြုလုပ်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။ ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မာဏ၊ မွန်မြတ်သောအကျင့် ဝိဉာဉ်ရေးရာ လွန်ကဲပြီး၊ ကောင်းမွန်သော အချိန်များနှင့် လုပ်ရပ်များ အတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၀) နာရီမှ နံနက်(၈း၄၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့်  အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မသမ္ဗဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်း ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

19.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၁၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ဝါရမိတ္တုငယ် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး  ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၁)လုံးအနေဖြင့် ဆိုင်လုပ်ငန်းများ ရိုးသားကြိုးစားလို့ အောင်မြင်တဲ့ သူတွေဆိုရင်တော့ သတိထားပါဗျာ၊မနာလို သူ တွေရှိ နေတတ်ပါ တယ်။ ချောက်ချနိုင်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ရေနှင့်ပတ်သက်သော ပင်လယ်စာလုပ်ငန်း များ၊ အချိုရည် ၊အအေး၊ ရေသန့်လုပ်ငန်းများလဲ တိုးချဲ့လုပ်ကိုင်နိုင်တဲ့ နေရက်ပါပဲ။ အလှူအတန်းနဲ့ပတ်သက် သော ကိစ္စ များ အမျှဝေ ရေစက်ချခြင်းများလဲ အထူးဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။

ငွေကြေးအပေးအယူကိစ္စများ၊ငွေချေးခြင်းများ၊ အာမခံခြင်းများတော့ လုံးဝမလုပ်လိုက်ပါနဲ့။ ဒီနေ့ငွေချေးမိရင်ပြန်ရ ဖို့ခက်ခဲတတ်ပါတယ်။ဒီလိုနေ့မျိုးမှာ ကုန်သွယ်စီးပွားများ ၊ကုန်ရောင်းကုန်ဝယ်အလုပ်များ အထူးအကျိုးပေးပါ တယ်။  အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ကြော်ငြာဝန်ဆောင်မှုုလုပ်ငန်းများအဆင်ပြေပါလိမ့်မယ်။ ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်းတက်ပါလိမ့်မယ်။

နည်းပညာအသစ်သစ်များ ရှာဖွေတွေ့ရှိလာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိလုပ်ငန်းအတွက် Marketing ဆင်း တာမျိုးတွေတွေ၊ customer တွေရဲ့ လိုအပ်ချက်တွေကို survey ကောက်ယူတာမျိုးတွေအထူးပဲအဆင်ပြေ ပါလိမ့် မယ်။ ဆိုင်းငံ့ထားတဲ့ ကိစ္စအ၀၀တွေကို ပြန်လည်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အခက်အခဲအကြပ်အတည်းတွေက နေလွတ်မြောက်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းအသစ်များရှိရင် ဒီနေ့မှာမိတ်ဆက်တာ၊ကြော်ငြာတာ၊ ဖြန့်ဖြုးရောင်းချတာမျိုးတွေ အထူးကောင်းပါတယ်။ ဒီနေ့ဟာ ကြော်ငြာရင်လူသိများနိုင်တဲ့နေ့ရက်ပါပဲ။

 နန္ဒာတီထိကျရောက်နေသောကြောင့် အစားရှောင်ခြင်း၊ ရှိခိုးခြင်းနှင့် ကတိတော်များ ပြည့်စုံခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ငြင်းခုံခြင်း၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ဆောက်လုပ်ရေးနှင့် ဘုရားဖူးခြင်း၊ ဝိဉာဉ်ရေးရာများ၊ အားလပ်ရက်များ၊ ပွဲတော်များ၊ သစ္စာကတိများ စောင့်ထိန်းခြင်း၊ အလှဆင်ခြင်း၊ ဆိုက်ရောက်ခြင်းနှင့် ထွက်ခွာခြင်းတို့အတွက် အထူးကောင်း မွန်ပါသည်။  

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်း မြား ခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင် ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာ မျိုးလဲဖြစ်နေရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၃၆)နာရီမှ နံနက်(၆း၂၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဟဿတနက္ခတ်ကျရောက်တာမို့အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေဖြန့် ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်းဝယ်ပြုလုပ်ခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် စည်းကမ်းရှိမှု၊ ထူးထူးခြားခြား ထက်မြက်သော ဉာဏ်ပညာနှင့် လွတ်လပ်မှုကြီးစွာ ပိုင်ဆိုင်ထားသည်။ အခြားသူများက မိမိထံ မကြာခဏ အကြံဉာဏ်များ တောင်းခံလေ့ရှိပြီး မိမိသည် နူးညံ့သိမ်မွေ့ပြီး ထိရောက်သော ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ မိမိသည် မိမိ၏ကိုယ်ပိုင်ယုံကြည်မှုစနစ်ကို လိုက်နာကျင့်သုံးပြီး မည်သူ့ကိုယုံကြည်လက်ခံသင့်သည်ဆိုသည်ကို စိတ်အားထက်သန်စွာ စူးစမ်းလေ့လာနေသူတစ်ဦးလည်း ဖြစ်သည်။ မိမိ၏ ပင်ကိုယ်စွမ်းရည်မှာ ထူးခြားထက်မြက်၍ ထိပ်တန်းအဆင့်ရှိသူ တစ်ဦးဖြစ်ပါသည်။ပြုပြင်ရေးနယ်ပယ်တွေမှာ အောင်မြင်ကြပြီး ပစ္စည်းတွေကို ကလိရတာကြိုက်သူပဲဖြစ်ပါတယ်။ မိခင်၊အမ၊အဒေါ် အစရှိသော အမျိုးသမီးအကြီး အကဲတွေရဲ့ အကူအညီတွေကိုရရှိတတ်ပါတယ်။ ငွေကြေးမက်မောသူဖြစ်တာမို့ဆင်ခြင်တုံတရားနည်းပါက  ငွေကြောင့်မလုပ်သင့်တာတွေကို လုပ်မိတတ်ပါတယ်။မိန်းကလေးများ လိင်ကိစ္စရှုပ်ထွေးမှုတွေရှိတတ်ပြီး ချောမောလှ ပသူများဖြစ်မယ်ဆိုရင်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတတ်ပါတယ်။

            ယနေ့သည် မိုးကြိုးသွားကို ကိုယ်စားပြုသော ဝဇီရယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် သင့်လျော်မှုမရှိပါ။ ဗိဌိကရိုဏ်းကျရောက်နေသောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့်အဖျက်လုပ်ငန်းများ အတွက် ၎င်းတို့အား သင့်လျော်စေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၅၄) နာရီမှ ညနေ(၆း၃၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။           

ကံညံ့သော နေ့သားများကတော့ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မရမ်းရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဘဂဝါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

18.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၁၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ် တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ကန်း ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁၂း၂၃)နာရီအထိ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၀)လုံးအနေဖြင့် တည်ကြည်၊ သန်းရှင်းမှုကို တိုးပွားစေသော တီထိဟု  သက်မှတ်ထားပြီး တပည့်သစ် လက်ခံခြင်း၊ ကဗျာစာပေ ရေးစပ်ခြင်း၊ အာဟာရဖြည့်သွင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ စက်အသစ်များ တပ်ဆင်ခြင်း၊ ခရီးသွားလာခြင်း၊ ယာဉ်ကားများ စီးနင်းခြင်း ဖြစ်နိုင်သော တီထိ ဖြစ်နေပါသည်။ ဓမ္မရာဇ အစိုးရသော တီထိဖြစ်နေပါသည်။ ပြည့်စုံခြင်းကို ဖြစ်စေသော ပုဏ္ဏာတီထိ အုပ်စုဖြစ်ပြီး ကြာသပတေးဂြိုဟ် ပိုင်ဆိုင်သောကြောင့် အိမ်ထောင်ပြုခြင်း၊ ပညာသင်တပည့် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ ခရီးသွားလာခြင်း၊ နန်တက်ခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခြင်းများအတွက် ကောင်းမြတ်သော တီထိ ဖြစ်ပါသည်။ မွန်းလွဲ ၁၂နာရီ ၂၃မိနစ်ကျော်ပါကတီထိ(၁၁)လုံးအနေဖြင့် ထပ်ပြန်တစ်လဲလဲ ရရှိသော ပျော်ရွှင်မှုလို့ သက်မှတ်ရမည့် တီထိရက် ဖြစ်ပါတယ်။ မင်္ဂလာအခါ၊ ဘာသာရေးကိစ္စရပ်များ၊ ကဗျာ၊ စာပေ၊ အနုပညာကိစ္စရပ်များ၊ ပညာသင် လက်ခံခြင်း၊  နတ်ပူဇော်ခြင်း၊ ဉပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးသွားခြင်း၊ အိမ်သစ်တက်ခြင်း၊ အအေး စသော စားသောက်ကုန် များကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ကို လုပ်ဆောင်ရန် ကောင်းပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊  ပျော်ရွှင်ခြင်းတို့ကို တာဝန်ယူသော နန္ဒာတီထိဖြစ်ပြီး သောကြာဂြိုဟ် အုပ်စိုးသောကြောင့် အဝတ်အထည်၊ အကအခုန်၊ သီဆိုခြင်း၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ ခြံမြေလုပ်ငန်းများအတွက် ကောင်းမွန်သော တီထိဖြစ်နေပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ် တွေ့ မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၄၀)နာရီမှ နံနက်(၆း၃၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဥတြဘရဂုဏီနက္ခတ်ဖြစ်တာမို့ဒီနက္ခတ်သည်အထက်မျှော်နက္ခတ်ဖြစ်ပြီးဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ ကျောက် ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ပန်းချီပန်းပုလုပ်ငန်း လုပ်ခြင်း၊အိမ်တက် မင်္ဂလာ လုပ်ခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ၀င်းခြံကာခြင်းများကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဥတြဘရဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် လူတစ်ဖက်သားအပေါ် အလွန်အားနာဖော်ရွေပြီး ယုံကြည်မှုရှိသော်လည်း၊ မိမိ၏ စိတ်ခံစားမှုရေးရာနှင့် ကိုယ်ရေးကိုယ်တာအတွက် ထိခိုက်စေသောကြောင့် အထူးဂရုတစိုက် ဆက်ဆံသင့်သည်။ မိမိသည် တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားသူ၊ ပုံမှန်မဟုတ်သော လမ်ကြောင်းများကို တည်ဆောက်၍ ထူးခြားသူ၊ စိတ်အားထက်သန်သူဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးဖြစ် မဆုတ်မနစ် အဆုံးထိ ကြိုးစားတတ်သော ဖွဲလုံ့လရှိသူ တစ်ဦးလည်းဖြစ်သည်။ မိမိတွင် ကြီးမားသော စီးပွားရေးအသိအမြင်နှင့် မိမိလိုချင်သောအရာများကို ကို အကောင်အထည်ဖော်နိုင်ရန် ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိသည်။ မိမိသည် စိတ်ကူးယဉ်ဆန်ပြီး စီးပွားရေးလောကတွင် မိမိစိတ်ကူးစိတ်သန်းတို့ကို မည်သို့အသုံးပြုရမည်ကို သိမြင်နားလည်သူတစ်ဦးလည်း ဖြစ်ပါသည်။ ဒါကြောင့်ပဲ စွန့်ဦး တီထွင်လုပ်ငန်းရှင်တွေမှာ ဒီလိုဇာတာရှင်တွေတွေ့ရလေ့ရှိပါတယ်။ နိုင်ငံခြားနဲ့ဆက်စပ်ပြီး ကံအားသာချက်ရှိသလို အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လဲ ကံအားသာချက်ရှိနေတာကိူတွေ့ရပါတယ်။ အသက်အားဖြင့် ၄၀လောက်ထိ နေရာထိုင်ခင်း အတည်တကျမနေရဘဲ သွားလာလှုပ်ရှားပြီး ကြုံရာနေ ကြုံရာစားသဘောမျိုးဖြစ်နေတတ်ပါတယ်။ အသက်၄၀ကျော်လာချိန်ကစလို့တဖြည်းဖြည်းနဲ့အငြိမ်အလုပ်တွေလုပ်ကိုင်ပြီး ဘဝက တည်တည်ငြိမ်ငြိမ်တိုးတက် လာပါလိမ့်မယ်။

            ယနေ့သည် ရွှင်လန်းခြင်းကို ကိုယ်စားပြုသော ဟဿနယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စ ရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။ ဂရဇံကရိုဏ်း ကျရောက်နေသော ကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန် မွေးမြူရေး လုပ်ငန်း များ၊ အိမ်များ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်းတို့အတွက် အထူးသင့်တော်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၄၈) နာရီမှ နံနက်(၁၀း၂၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “အရဟံ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘယာကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

16.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၉)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ရက်ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၉)လုံးအနေဖြင့် ရန်သူစခန်းကိုသိမ်းပိုက်ခြင်း၊ တရားခံကို ဖမ်းဆီးခြင်းမျိုးတွေပြုလုပ်ဆောင်ရွက် နိုင်ပါတယ်။ လက်လျော့ ထားတဲ့ အလုပ်တွေကိုတကျော့ပြန်လည်လုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှု တွေကိုဖြစ်ပေါ်စေပါ တယ်။ အတိတ်ကလုပ်ခဲ့တဲ့ ကောင်း တဲ့ကိစ္စတွေဆိုကောင်းကျိုး၊ဆိုးတဲ့ကိစ္စတွေလုပ်ခဲ့ရင် ဆိုးကျိုးတွေအနေနဲ့ ပြန်လည် ခံစားရတတ်ပါတယ် ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ အထူးအဆင်ပြေမှုတွေရှိပါလိမ့်မယ်။ လက်လွန် ထားတဲ့ ငွေတွေ၊ ဆုံးမယ်ထင်တဲ့ ငွေတွေပြန်ရ တတ်တဲ့ နေ့ရက်ပါပဲ။။

တရားအားထုတ်ခြင်၊ဘဝနာပွားများခြင်း၊ ကမ္မဌာန်းရှုမှုတ်ပွားများခြင်းများလဲ အထူးဆောင်ရွက်ခြင်းဖြင့် ထူးခြားတဲ့ ဉာဏ်စဉ်တွေကိုရလာတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းဆိုင်များ၊ လျပ်စစ်နှင့်ပတ်သက်ဆက်နွယ်သောလုပ် ငန်းများ အထူးပဲအဆင်ပြေလာတတ်ပါတယ်။

စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းများလဲ အထူးပဲပြုလုပ်ဆောင်ရွက်သင့်တဲ့ နေ့ ရက်ပါပဲ။ လုပ်ငန်းသစ်တွေစတင်လည်ပတ်တာ၊ အလုပ်လျှောက်တာမျိုးတွေ စတင်လို့အထူးကောင်းပါတယ်။ ကံစမ်းမဲနှိုက် ခြင်းများ၊ ထီထိုးခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။  အဝတ်ချုပ်လုပ်တာမျိုးတွေ၊ အဝတ်ဒီဇိုင်းရေး ဆွဲတာမျိုးတွေ၊ ဖက်ရှင်ရှိုးပွဲများပြုလုပ်ခြင်းများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။။

လက်နက်များ ကိုင်ဆောင်ခြင်း၊ ကာကွယ်ရေး တည်ဆောက်ခြင်း၊ ခံတပ်တည်ဆောက်ခြင်း၊ ဗိသုကာပညာ၊ ငြင်းခုံခြင်း၊ ကခုန်ခြင်း၊ အားကစား၊ အနုပညာလေ့လာခြင်း၊ အိမ်များနှင့် အိမ်ခြံမြေဆိုင်ရာ လှုပ်ရှားမှုများ လေ့လာခြင်းနှင့် ဆောက်လုပ်ရေး၊ စီးပွားရေးလုပ်ငန်းများ စတင်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၄၈)နာရီမှ နံနက်(၆း၄၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ဂီတ အပါအဝင် တီထွင်ဖန်တီးမှုအနုပညာတွင် အထူးထူးချွန်ပြီး အောင်မြင်မှုရရန် လုံလောက်သော မိမိ၏ အရည်အချင်းကောင်း စွမ်းအင်များကို အာရုံစူးစိုက်နိုင်စွမ်း မြင့်မားသူဖြစ်သည်။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးက အရောင်အသွေးစုံသကဲ့သို့ အများနှင့်မတူ ထူးခြားပြီး ခံ့ညားနေတတ်ပါတယ်။  တစ်ခါတရံမှာ ထွက်ပေါက်မရှိသော ပြဿနာလမ်းကြောင်းများကြောင့် စိတ်ဓာတ်ကျဆင်းနေတတ်ပါသည်။ သဘာဝအားဖြင့် ချစ် စရာ ကောင်းပြီး ရိုမန်တစ်ဆန်သော၊ မိမိသည် အရမ်းနှစ်သက်ဖွယ်ကောင်းပြီး လူသားဆန်သူ တစ်ဦး ဖြစ်ပါသည်။ ဘဝကိုအေးဆေးစွာဖြတ်သန်းလိုသူဖြစ်ပြီးနောက်ကွယ်ကနေကြိုးကိုင်ရတာကို ကြိုက်သူဖြစ်ပါတယ်။တစ်ကိုယ်တည်း နေရတာကိုကြိုက်နှစ်သက်သူဖြစ်ပြီးတော့ အိမ်ထောင်ပြုလဲ သာယာမှုနည်းပါးတတ်ပါတယ်။ ငွေကြေးကံကောင်းပြီး အသက်ငယ်ငယ်လေးနဲ့ ငွေရှာနိုင်ကြသူတွေဖြစ်ပါတယ်။စီးပွားရေးတောက်ပပြီး တစ်ခုမကသော လုပ်ငန်းတွေနဲ့ အောင်မြင်တတ်ပါတယ်။ပညာရေးကံက ငယ်ရွယ်စဉ်အားနည်းတတ်ပြီး ကျောင်းမကြာခဏပြောင်းရတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။

 ဆည်မြောင်းတူးးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော် ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ အားကစားလုပ်ငန်းများ၊ ဂီသအနုပညာပြုလုပ် ခြင်းများ၊ အဆိုအက လုပ်ငန်း ကောင်းသည်။ (မာဃနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

            ယနေ့သည် တည်မြဲခြင်းကိုကိုယ်စားပြုသော ဓူဝယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။ ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေး နှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၃၉) နာရီမှ ညနေ(၃း၁၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ သောြကာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။           

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နံ့သာရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သမ္ဗာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စတော်ဘယ်ရီ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

14.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ အမြိတ္တစုတ်၊  သမားညို  ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၇)လုံးအနေဖြင့် အေးချမ်းသော တီထိဟုသတ်မှတ်ပြီး အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ကခုန်၊ တီးမှုတ်၊သီဆိုခြင်း၊ခရီးသွားလာခြင်း၊ အိမ်သစ်တက်ခြင်း၊ စစ်ထွက်ခြင်း၊ ဆင်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ကျောက် မျက်ရတနာတို့နှင့်  ဝတ်စားဆင်ယင်မှု လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အလှတန်ဆာဆင်ခြင်းများ ပြုလုပ်ရန် ရက် ကောင်း ဖြစ်သည်။ ကံကောင်းခြင်းကို ဖေါ်ဆောင်သော ဘဒြာတီထိ အမျိုးအစားဖြစ်သဖြင့် အလှအပ အဆင် တန် ဆာများ၊ အဝတ်တန်ဆာများ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ ယာဉ်ရထား စီးနင်း၍ ခရီးသွားခြင်း၊ ယာဉ်ရထားနှင့် ပတ်သက် သော လုပ်ဆောင်ခြင်းများ၊ လမ်းဖေါက်ခြင်းနှင့် ဆီလိမ်းကျံ နှိပ်နယ်ပေးခြင်းများနှင့် သင့်တော်သည်။ ကောင်းမှုကု သိုလ်များ ပြုလုပ်ရန် အလွန်မင်္ဂလာရှိ၍ ကုသိုလ်ကောင်းမှုများ ပြုရန် အထူးသင့်တော်ပါသည်။  တီထိ(၇)လုံးတွင် အိမ်ထောင်ပြုခြင်း၊ ပညာသင်ခြင်း၊ ဉပုဒ်ထွက်ခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်း၊ ခရီးသွားခြင်းနှင့် သစ်ပင်စိုက်ခြင်းများ ရှောင်ကြဉ်သင့်သည်။ ယနေ့သည် အလုပ်သစ်တစ်ခုကို စတင်လုပ်ဆောင်ရန် အထူးကောင်းမွန် သော ဘဒြာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော လှုပ်ရှားမှုများ၊ သယ်ယူ ပို့ဆောင်ရေး၊ မင်္ဂလာဆောင်၊ တေးဂီတ၊ အက၊ စကားရည်လုပွဲ၊ အလှဆင်ခြင်းနှင့် အဆင်တန်ဆာများ ဝယ်ယူခြင်း၊ ခရီးတစ်ခု၏အစ၊ စစ်ပွဲတစ်ခု စတင်ခြင်းနှင့် ကာယလေ့ကျင့်ခန်းများ စသည်တို့ကို စတင်လုပ်ဆောင်သင့်သည်၊။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၅၆)နာရီမှ နံနက်(၆း၄၇)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်း ဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ နတ်ကွန်း /နတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊  အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ကျောက် သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ ဘုံပြဿဒ်များ၊ အလှူမင်္ဂလာ မဏ္ဍပ်ဆောက်ခြင်း၊ းလေယဉ်ပျံသန်းခြင်း၊ အိမ်အမိုးများပြင်ခြင်းနှင့် အထက်သို့လွှင့်တင်ရမည့်လုပ်ငန်းများ၊ အာကာသလွှင့်တင်ခြင်းများ ကောင်းသည်(ဖုသျှ နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်)

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် တီထွင်ဖန်တီးနိုင်စွမ်းလွန်ကဲသူ၊ အလွန်ထက်မြက်ပြီး ခိုင်မာတဲ့လုပ်ငန်းကို တတ် ကျွမ်း သူလည်း ဖြစ်ပါတယ်။ မိမိရဲ့ အကြံဥာဏ်၊ အယူအဆ တော်တော်များများက အရမ်းတန်ဖိုးကြီးမား လောက် အောင် အသုံးဝင်တိကျတတ်ပါတယ်။ သူတစ်ပါးနှင့်မတူသော ရှုထောင့်မှ အမြဲကြည့်မြင်သုံးသပ်တတ်သူ ဖြစ်၍ သမားရိုးကျ တွေးခေါ်ပုံအရတော့ မိမိဟာ ပုံမှန်လမ်းရိုးလမ်းစဉ် တွေးခေါ်မှုကို မြန်မြန်ငြီးငွေ့လာစေပါတယ်။ သို့သော် ပုံမှန်အားဖြင့် အများအနှင့်မတူ လမ်းရိုးလမ်းစဉ်မှ ခွဲထွက်၍ သီးခြား အောင်မြင်တိုးတက်နိုင်သူ ဖြစ်ပါတယ်။ မိမိဟာ အရာရာကို တစ်ဇွတ်ထိုး လုပ်ကိုင်ဆောင်ရွက်တတ်သော အလွန်ခေါင်းမာတတ်သူ တစ်ဦးဖြစ်သောကြောင့် မိမိစိတ်ကို ပြန်လည်ထိန်းချုပ်ပြုပြင်ရန် အနည်းငယ် ခက်ခဲနိုင်ပါသည်။မွေးစကနေ အသက် ၈နှစ်အတွင်း နာမည်ပေးမှားပါက ကျန်းမာရေးညံ့တတ်ပါတယ်။ အသက်၈နှစ်အတွင်း တော့ ပင်ပန်းရတတ်ပါတယ်။ ကံကောင်းတစ်ခုက အမွေအနှစ်ကံ အားကောင်းပြီးတော့ မိဘအမွေကို အပြည့်အဝရရှိတတ်ပါတယ်။လူချစ်လူခင်များပြီးတော့ ကူညီမဲ့ပေါများတတ်ပါ တယ်။ စာရေးဆရာ ၊ပန်းချီဆရာ၊သရုပ်ဆောင် စသောအနုပညာနယ်ပယ်တွေမှာ‌အောင်မြင်တတ်ပါတယ်။

            ယနေ့သည် အန္တရာယ်ကို ကိုယ်စားပြုသော ကာလယုဂ် ကျရောက်နေတာ ဖြစ်သောကြောင့် ကုသိုလ်ကံ မကောင်းခြင်းကို ဖြစ်စေတက်ပါသည်။ ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချ ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူရေး အလုပ်များနှင့် အိမ်များ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း စသည်ဖြင့် အထူးသင့်လျော်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၆) နာရီမှ ညနေ(၄း၅၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သရက်ယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

12.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၅)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက် ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သက်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့်တော် သော တီထိဖြစ်ပါသည်။ ပညာသင်၊ တပည့်လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အာဟာရ စတင်ကျွေခြင်း၊ အပင်များအား ဓါတ်မြေဩဇာကျွေးခြင်း၊ အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ တည်ငြိမ်သော အလုပ်၊ လှုပ်ရှားရသော အလုပ် အကိုင် များအားလုံး အလုပ်မျိုးစုံ လုပ်ကိုင်နိုင်ပါသည်။  သို့သော် ဤရက်တွင် ငွေချေးခြင်းများ မပြုလုပ်ရပါ။ လျှို့ဝှက် အဆင့်မြင့်ပညာရယူခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ အဆိပ်လုပ်ခြင်း၊ ခွဲစိတ်ခြင်း၊ ရေနှင့် ပတ်သက်သည်များ လုပ်ဆောင် ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားလာခြင်း၊ နန်းတက် ဘိသိတ်ခံခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန် ဆိုခြင်း၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းများ ဆောင်ရွက်နိုင်သည့် အခါဖြစ်နေပါသည်။ ပြည့်စုံခြင်းကို ဖေါ်ဆောင် သော ပုဏ္ဏာတီထိဖြစ်ပြီး နန်းတတ်ခြင်း၊ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်းများ လုပ်ဆောင်နိုင်ပါသည်။မည်သည့်အလုပ်ကိုမဆို ပြီးမြောက်အောင်မြင်စေရန် အထူးကောင်းမွန်ပါသည်။ အဆိပ်များကို ဖယ်ရှားခြင်းနှင့် ခွဲစိတ်ကုသခြင်းများအားလုံးအတွက် အထူးကောင်းမွန် ပါသည်။ အရေးကြီးသော စီးပွားရေးလုပ်ငန်း များ၊ မင်္ဂလာပွဲများနှင့် ကုသခြင်းများ စတင်ရန် ကောင်းသောနေ့ ဖြစ်နေပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၀၄)နာရီမှ နံနက်(၆း၅၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေး ဖွားသူများသည် လူတစ်ဖက်သားအပေါ် ခင်မင်ဖော်ရွေတတ်ခြင်း၊ လေးစားဂရုစိုက်ခြင်းနှင့် ဆွဲ ဆောင်မှုရှိသော၊ မိမိ သည် အရာရာကိုတွေးခေါ် မြော်မြင်တတ်သူဖြစ်ပြီး လူတိုင်းနှင့် လိုက်လျောညီထွေစွာ ဆက်ဆံ နေထိုင်နိုင်သူ တစ်ဦး လည်း ဖြစ်ပါသည်။ ဟာသဉာဏ်ကောင်းပြီး ပျော်ရွှင်ရယ်မော၍ ပေါ့ပေါ့ပါးပါး ထက်မြက် သော၊ မိမိစကား ပြောဆိုရာတွင် အဓိပ္ပါယ်လေးနက်တိကျသော စကားလုံးများဖြင့် စစ်မှန်သော နည်းလမ်းရှိပြီး စာရေးခြင်း၊ ပရိုမိုးရှင်း၊ ကြော်ငြာနှင့် အခြားအရာများတွင် အလွန်ထူးချွန်နိုင်ပါသည်။ မိမိဟာ ငွေကို စနစ်တကျစီမံခန့်ခွဲတတ်ပြီး ငွေကြေး စီးပွားရှာဖွေခြင်းဆိုင်ရာ စိတ်ကူးစိတ်သန်းကောင်းတွေကို တီထွင်နိုင်စွမ်းလည်း ရှိပါတယ်။ မိမိသည် စွယ်စုံရ ဖြစ်သော်၍ အလွန်အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သူ ဖြစ်သည်။ အေးတိအေးစက်နေတတ်ပြီးတော့ အများအား ဖြင့်ကုပ်ကမြင်းတွေလို့ ပြောလို့ရသူတွေလဲ ဖြစ်ပါတယ်။ အရက်သောက်ရင်တောင် ခွက်ပုန်းသောက်သူတွေဖြစ်ကြပါ တယ်။ မိန်းကလေးဆိုလဲ အေးဆေးပြီး ဗိုင်းကောင်းကျောက်ဖိလို့ ထင်ရပေမဲ့ ရည်းစားပွေရှုပ်သူတွေဖြစ်နေတတ်ပါ တယ်။

ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်စင်တည် ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကား ထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊  ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ ဝတ်ဆင်ရသောရတနာများဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုး အသစ်ထိုခြင်း၊ ကင်းပွန်းတက်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်းနှင့်အထက်သို့ လွှင့် တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အကာသလွှင့်တင်ခြင်းများ ကောင်းသည်။ (အဒြ နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်)

            ယနေ့သည် တည်ငြိမ်ခြင်းကို ကိုယ်စားပြုသော ဓိတိယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စများ အတွက် အထူးကောင်းမွန်ပါသည်။ ဗဗကရိုဏ်းကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၅၂) နာရီမှ ညနေ(၆း၂၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ချိုချဉ် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။