ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆုတ်(၆)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၉)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတား တွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ မကောင်းသော ရက်ယုတ်မာနဲ့ တိုက်ဆိုင်တာမို့ အချိန်အခါရွေးပြီး ဆောင်ရွက်မှသာ အဆင်ပြေပါလိမ့်မယ်။
ဒီနေ့ဟာ ရက်တံခွန်၊ ရက်ယုတ်မာ၊ သမားဖြူ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ပျော် စရာ၊ စိတ်ချမ်းမြေ့စရာကိုပေးတဲ့နန္ဒတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ပရိဘောဂ လုပ် ငန်းများ၊ ကုတင်၊မွေ့ယာ၊စောင်၊ စတဲ့ခန်းဝင်ပစ္စည်းအရောင်းဆိုင်များအထူးရောင်းကောင်းပါတယ်။
လုပ်လက်စအလုပ်များ အပြီးသတ်အောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ရပ်တန့်ထားသောအလုပ်တွေကို ပြန်လည်စ တင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ၇ရက်သားသမီးများအားလုံး အလုပ်နဲ့ပတ်သက်ပြီးတော့ အထူးအဆင်ပြေတာမျိုး တွေ့ ရပါတယ်။ ရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ရသောအလုပ်များ အကျိုးများပါလိမ့်မယ်။
အိမ်တတ်မဂ်လာများပြုလုပ်ခြင်း၊အိမ်ပြုပြင်ခြင်းများ ဆောင်ရွက်သင့်တဲ့နေ့ပါ။ ဆံပင်ပြုပြင်ခြင်း၊ဆံသခြင်းများ ဆောင် ရွက်လို့အထူးကောင်းပါတယ်။ဆိုင်းဘုတ်တင်ခြင်းများ နာမည်ပေးကင်းပွန်းတပ်ခြင်းများလဲဆောင် ရွက်နိုင် ပါလိမ့် မယ်။ဒီနေ့စောစောထပြီးတော့မနက်၈နာရီမတိုင်ခင်၊ဂါထာမန္တန်များစတင်ရွတ်ဆိုခြင်း၊အဓိဌာန်ဝင်ခြင်းများ၊ အဆောင် တွေကို သိဒ္ဓိတင်ခြင်းများ လဲပြုလုပ်ဆောင်ရွက်လို့အထူးကောင်းပါတယ်။
မြေသန့်မင်္ဂလာပြုလုပ်ခြင်း၊ပန္နက်တင်ခြင်း၊အုတ်မြစ်ချခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ ဒီနေ့မှာလဲ ထီထိုးလို့အလွန်ပဲသင့်တော်ပါတယ်။ ၄၊၇၊၈ ဂဏန်းများများပါတဲ့ ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်ပါ။
ဒီနေ့မှာမိတ်ဆွေသစ်ဖွဲ့ခြင်းများအထူးကောင်းပါတယ်။စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများလဲစတင်နိုင်ပါတယ်။ဥယျာဉ် ခြံလုပ်ငန်းများစတင်လုပ်ကိုင်ခြင်းတွေ၊ သီးနှံရွက်ဖြန်းအားတိုးဆေးများပက်ဖြန်းခြင်းတွေဆောင်ရွက်နိုင်ပါတယ်။
အနုပညာ၊ရုပ်ရှင်နှင့်ပတ်သက်သောအလုပ်များလဲအထူးပဲအဆင်ပြေပါတယ်။အလုပ်သစ်စတင်လျှောက်ထားခြင်းကိစ္စ တွေ ၊အင်တာဗျူးဝင်ဖြေခြင်းကိစ္စတွေမှာ အဆင်ပြေအောင်မြင်ဖို့မလွယ် တာကိုတွေ့ရပါတယ်။ ရှင်ပြုခြင်း၊ နားသခြင်း၊ ရဟန်းခံခြင်း၊ပဉ္ဖင်းတတ်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ ဆိုင်သစ်ဖွင့်ခြင်း၊စိတ်ကူးသစ် တွေကို အကောင် အထည် ဖော်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်သင့်ပါတယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူ မျိုး ငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၅၅)နာရီမှ နံနက်(၇း၄၆)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက် ရတနာ တူးဖော်ခြင်း ၊စူးစမ်းရှာ ဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်း ရေကန်နှင့်အဝိစိတွင်းတူး ဖော်ခြင်း များ စာရေးသားခြင်းများ အထူးကောင်းပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ပြုဗ္ဗာသဌ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် အကြောင်းအကျိုးဆင်ခြင်သည်။ အမှားကင်းအောင်နေပြီး အမှားကြောက် တာကြောင့် စွန့်စားလုပ်ရဲတဲ့သတ္တိရှိနည်းပါလိမ့်မယ်။ စွန့်စားကြိုးစားမှသာ အောင်မြင်မဲ့နိုင်ငံတွေမှာ နေတယ်ဆိုရင် တော့ မိမိဘဝက သာမန်ပါပဲ။ ကပ်စေးနည်းတယ်။ အားနာတတ်တယ်။ ဇီဇာကြောင်တယ်။ အတွေးခေါင်တယ်။ ဒီအချက်တွေသာပြင်နိုင်ရင် သေချာပေါက် ထိပ်တန်းရောက်မဲ့ဇာတာပါပဲ။ထက်မြက်တဲ့ ဩဇာရှိတဲ့ တီထွင်ဆန်းသစ် ပြီး ထူးခြားတဲ့ အရည်အချင်း ကောင်း များ ကို ဖော်ပြနိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ။ မိမိသည် သာမန်အားဖြင့် ရှေးရိုးစဉ်လာ ရိုးရာတန်ဖိုးများစွာကို စွဲကိုင် ထားသော်လည်း သင့်ကိုယ်ရည်ကိုယ်သွေးအတွက် သမားရိုးကျမဟုတ် သော လမ်းကြောင်းတစ်ခုသည် သံသယ ကင်းကင်း နှင့် စွဲမက်ဖွယ်ကောင်းလောက်အောင် စွမ်းဆောင်နိုင်သူ တစ်ဦး လည်း ဖြစ်ပါသည်။ တစ်ခါ တစ်ရံတွင် မည်မျှ ခက်ထန်ကြမ်းတန်းသည့် အသွင်သဏ္ဍန်ဖြင့် နေထိုင်ဆက်ဆံ သည့် အချိန်များတွင်ပင် မိမိ၏ထူးခြားပြီး ဉာဏ်ပညာ ထက်မြက်မှုများကြောင့် အခြားသူတစ်ပါးထက် ထူးခြားထက် မြက်စွာ ပတ်ဝန်ကျင်ကို လွှမ်းမိုးနိုင်ပါ လိမ့်မည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၇) နာရီမှ နံနက်(၈း၅၂)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူကာ “သမ္ဇာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်မုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း