ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၆)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၃)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ ၃နာရီ၁၈မိနစ်အထိက လဆန်းတီထိ ၅လုံး ဖြစ်ပါသည်။ မွန်မြတ်ခြင်း၊ပြည့်စုံခြင်း တွေကိုပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ဒီလိုနေ့ရက်မျိုးမှာတော့ ငွေကြေးဥစ္စာဓနတွေကိုရှာဖွေ စုဆောင်းလို့အထူးကောင်းပါတယ်။ ရွှေငွေ လက်ဝတ်ရတနာများဝယ်ယူခြင်းမျိုးအထူးကောင်းပါတယ်။
လူတစ်ဦးနဲ့တစ်ဦး ပဋိပက္ခကစလို့…နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံပဋိပက္ခအထိ ပြေလည်အောင်ဖြေရှင်းနိုင်ပါ လိမ့်မယ်။ဘာသာရေးဆိုင်ရာအဆောက်အဦးများစတင်လှူတန်းခြင်း၊ပန္နက်ရိုက်ခြင်း၊စတင်ဆောက်လုပ်ခြင်းတွေအထူး ကောင်းပါတယ်။ ငွေကြေးကိစ္စမှန်သမျှပြောဆိုလို့အောင်မြင်တတ်ပါတယ်။ လိုအပ်တဲ့ငွေကြေးတွေချေးငှားလို့ အထူးကောင်းပါတယ်။ မိမိရစရာရှိတဲ့ငွေကြေးတွေတောင်းခံလို့အထူးကောင်းပါတယ်။
ပညာရေးနှင့်ပတ်သက်သောကိစ္စများအထူးကောင်းပါတယ်။ ပညာရှာခြင်း၊တပည့်ခံခြင်းတွေဆောင်ရွက်လို့ ကောင်းပါတယ်။ သင်တန်းဖွင့်ခြင်း ၊တပည့်မွေးခြင်းများလဲအထူးဆောင်ရွက်နိုင်ပါတယ်။ ကဗျာစပ်တာမျိုးတွေ၊ စာပေရေးသားတာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။ခံစားချက်တွေ၊ရင်ထဲမှာ မြိုသိပ်ထားတဲ့ကိစ္စ တွေကို ဖွင့်ဟပြောဆိုလို့အလွန်ပဲကောင်းပါတယ်။ ကလေးငယ်တွေကို အာဟာရစတင်ကျွေး မွေးတာမျိုးတွေ၊ သက်ကြီး ရွယ်အို တွေအတွက် ဖြည့်စွက်စာစတင်ကျွေးမွေးတာမျိုးတွေအထူးကောင်းပါတယ်။
စိုက်ပျိုးမဲ့မြေကို မြေဆီကျွေးခြင်း၊ သစ်ပင်တွေကို အားတိုးဆေးပက်ဖြန်းခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက် လဲဖြစ် ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းလို့အလွန်ကောင်းတဲ့နေ့ပါပဲ။ ငွေရွှင်စေမဲ့ယတြာအစီအရင်များလဲ စတင်ပြုလုပ်သင့်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ရဟန်းခံရှင်ပြုမင်္ဂလာများလဲဆောင်ရွက်လို့ကောင်းပါတယ်။
ဒီနေ့မှာရှောင်သင့်တာတွေကတော့ စက်ပစ္စည်းတန်ဖိုးကြီးတာတွေဝယ်မယ်ဆိုသေချာစစ်ဆေးပြီးမှဝယ်ပါ။ အောက်လက်ငယ်သားတွေကို အရေးကြီးတာတွေကိုမျက်နှာလွှဲမခိုင်းပါနဲ့။ စက်ကားနဲ့ခရီးသွားမယ်ဆိုကားကြံ့ခိုင် ရေးစစ်ဆေးပြီမှသွားစေချင်ပါတယ်။
နေ့လယ် ၂နာရီထိဝိသာခါနက္ခတ်ဖြစ်သည်။ဝိသာခါနက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန် များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။
ဤနက္ခတ်သည် အောက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊သတ္တုမိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပု ပညာ ၊ အနုပညာ၊ အရေးအသား ၊သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
နေ့လယ် ၂နာရီကျော်ရင်အနုရာဓနက္ခတ်အချိန်များကျရောက်တာမို့ဘုရားတည်းခြင်း၊ အနေကဇာတင်ခြင်း၊ ရှင်ပြု နားသ၊ လက်ထပ်မင်္ဂလာပြုလုပ်ခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ်ရတနာ ဝတ်ဆင်ခြင်း၊ ယာဉ်၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၂၇)နာရီမှ ည(၂၂:၁၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ တူစန်း နံနက်(၇)နာရီ (၄၁)မိနစ်လွန် စန်းဗြိစ္ဆာရာသီသို့ ပြောင်းသည်။ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စီးပွားရေးမှာထိပ်ဆုံးရောက်အောင်မြင် နိုင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးချောင်လည်ကြ လိမ့်မယ်။ အလုပ်အောင်မြင်ပြီဆိုရင်လဲ တစ်ခုထက်မကသော စီးပွားပေါင်းများစွာ၊ အလုပ်ပေါင်းများစွာ၊ဆိုင်ခွဲပေါင်း များစွာနဲ့ အောင်မြင်တတ်ကြပါတယ်။ အားနည်းချက်ဆိုလို့ အိမ် ထောင်ရေးကံ အား နည်း ခြင်းဆိုတဲ့အချက်သာတွေ့ရ ပါတယ်။ ပညာရေးမှာလဲ အားနည်းချက်ဆိုလို့ အိမ်နဲ့နီးတဲ့ ကျောင်းတွေထက် အိမ်နဲ့ဝေးတဲ့ကျောင်းတွေတက်ရောက် သင်ကြားရတာမျိုး၊ နိုင်ငံခြားသို့သွားရောက်ပညာသင်ကြား ရတာမျိုးတွေ ကြုံဆုံရ တတ်ပါတယ်။အသက် ၂၈ကနေ အသက် ၄၆အတွင်း အအောင်မြင်ဆုံးဘဝကို ရရှိနိုင်ကြတဲ့ ရင်သွေးငယ် များပဲဖြစ်ကြပါလိမ့်မယ်။ မိန်းကလေးရင်သွေး ငယ်ဖြစ် တယ်ဆိုရင်တော့ ကလေးငယ်ကို အိမ်ထောင်ပြုတဲ့ ကိစ္စ တွေမှာ မိဘတွေအနေနဲ့ ထိန်းကွပ်ပေးနိုင်ဖို့ အထူး လိုအပ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁:၅၉) နာရီမှ မွန်းလွဲပိုင်း(၀၁:၃၀)နာရီအတွင်း ကျ ရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာ တွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ကြာသပတေး၊တနင်္ဂနွေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈/၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းသီးပါသော မုန့်တစ် မျိုး မျိုးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်လုံးရေပေါ်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695