ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၇)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရသေ့ကျော်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၇)လုံးအနေဖြင့် အေးချမ်းသော တီထိဟုသက်မှတ်ပြီး အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ကခုန်၊ တီးမှုတ်၊ သီဆိုခြင်း၊ ခရီးသွားလာခြင်း၊ အိမ်သစ်တက်ခြင်း၊ စစ်ထွက်ခြင်း၊ ဆင်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ကျောက်မျက်ရတနာတို့နှင့် ဝတ်စားဆင်ယင်မှု လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အလှတန်ဆာဆင်ခြင်းများ ပြုလုပ် ရန် ရက်ကောင်းဖြစ်သည်။
ယနေ့ ဘုရားအနေကဇာတင်၊ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထပ်၊ ဆံရိတ်၊ ဆံသ၊ ထီထိုး၊ ကလေးထမင်းခွံ့၊ နာမည်မှည့်၊ ဆိုင်းဘုတ်တင်၊ ကုမ္ပဏီဖွင့်လှစ်ခြင်း၊ ငွေကြေးချေးငှားခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ ဆေးဖေါ်၊ ဆေးခန်းဖွင့် ခွဲစိတ်ကုသမှု ခံယူခြင်း၊ ပန္နက်ရိုက်၊ ကျင်းတူး၊ အုတ်မြစ်ချ၊ တိုင်ထူ၊ အချစ်ရေး စကားပြောဆိုခြင်းများ အထူးကောင်း ပါတယ်။
ကံကောင်းခြင်းကို ဖေါ်ဆောင်သော ဘဒြာတီထိ အမျိုးအစားဖြစ်သဖြင့် အလှအပ အဆင်တန်ဆာများ၊ အဝတ် တန်ဆာများ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ ယာဉ်ရထား စီးနင်း၍ ခရီးသွားခြင်း၊ ယာဉ်ရထားနှင့် ပတ်သက်သော လုပ်ဆောင် ခြင်းများ၊ လမ်းဖေါက်ခြင်းနှင့် ဆီလိမ်းကျံ နှိပ်နယ်ပေးခြင်းများနှင့် သင့်တော်သည်။ ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အလွန်မင်္ဂလာရှိ၍ ကုသိုလ်ကောင်းမှုများ ပြုရန် အထူးသင့်တော်ပါသည်။ တီထိ(၇) လုံးတွင် အိမ်ထောင်ပြုခြင်း၊ ပညာသင်ခြင်း၊ ဉပုဒ်ထွက်ခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်း၊ ခရီးသွား ခြင်းနှင့် သစ်ပင်စိုက်ခြင်းများ ရှောင်ကြဉ်သင့်သည်။
ဒီနေ့ဟာ သောဘဏယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် ကြီးကျယ်ခမ်းနားခြင်း အဓိပ္ပါယ်ကိုဆောင်သည်။ ဗိဌိကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ် အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့်အဖျက်လုပ်ငန်းများအတွက် အထူးသင့်လျော်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄း၃၅)နာရီမှ ညနေ(၁၅း၂၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဥတ္တရာသဋ္ဌ်နက္ခတ်စန်းယှဉ်သော နေ့ရက်ဖြစ်တာမို့ ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေ ကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက် ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်စင်တည် ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက် ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်း ဘုတ် တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသောရတနာများဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာ ပြု လုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ် အမိုးများပြင်ခြင်းနှင့် အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ ကောင်းသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဥတ္တရာသဋ္ဌ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အကျိုးစီးပွားရှာဖွေနိုင်စွမ်းမြင့်မားကြပါတယ်။ ဒါကြောင့် ဒီလိုမျိုးကလေးများကို အထူးချွန်ဆုံး အရာ ကိုပြပါဆိုရင်ငွေရှာတဲ့ပညာလို့တောင်ပြောရမလိုပါပဲ။ အချစ်ရေးကံ အိမ်ထောင်ရေးကံကတော့ အားနည်းချက် ရှိပါတယ်။ အိုးအိမ်နေရာထိုင်ခင်းနှင့် အမွေအနှစ်ကိစ္စတွေမှာတော့ အား နည်းချက်အလွန်များတာကိုတွေ့ရပါတယ်။ ကံကောင်းတာက စီးပွားရေးမှာ ထိပ်တန်းရောက်မယ်။ အလုပ်ဆိုလဲ တစ်မျိုးထဲ မကဘဲ အလုပ်နှစ်မျိုး သုံးမျိုး လုပ်ရသလို ၊ဆိုင်ဖွင့်ထားသူဆိုလဲ ဆိုင်ခွဲပေါင်းများစွာဖွင့်နိုင်ကြတဲ့သူတွေ အဖြစ်မြင်ရပါတယ်။ ဒီကလေးဟာ အလွန်လိမ္မာပါးနပ်ပြီး ချစ်စရာကောင်းလောက်အောင် ဟာသဥာဏ်ရှိသူတစ်ဦး ဖြစ်ပါတယ်။ သင့်ဘဝတစ် လျှောက်လုံး ပေါ့ပါး ပျော်ရွှင်တက်ကြွနေတက်ပြီး သူထက် အသက်အရွယ်နှင့် ဝါကြီးသူတို့ကို လေးစားသော်လည်း ရင့်ကျက်တည်ငြိမ်မှုကို သူ့ထံတွင် တွေ့ရလိမ့်မည်မဟုတ်ပါ။ ကလေးငယ်ဟာ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သူ တစ်ဦး ဖြစ်၍ မည်မျှအခက်အခဲရှိစေ ထွက်ပေါက်ကို လျှင်မြန်စွာ ရှာဖွေ၍ လွတ်မြောက်နိုင်သော ဇာတာရှင််လည်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး ချိန်မှစ၍ သူဘ၀မှာ မင်းရဲ့ယုံကြည်ချက်တွေထဲမှာ သင့်အပေါ် လွှမ်းမိုးထားသော အမျိုးမျိုးသောစိတ်ခံစားချက် များ စွာရှိ နေ့ပါတယ်။ လွတ်လပ်ပေါ့ပါးစွာ နေထိုင်လုပ်ကိုင်တတ်ခြင်းက သင့်ဘဝရဲ့ ပုံစံတစ်ခုပင် ဖြစ်နေတတ်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၀) နာရီမှ မွန်းလွဲ(၁း၃၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိမ်ရာ ထ ချိန်တွင် အနောက်တောင် အရပ်သို့ မျက်နှာမူ၍ “နမောတဿ” (၉)ခေါက် ရွတ်ဆို၍ သွားပါ။ ပိုမိုအဆင် ပြေလွယ် ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့အာလူးကြော် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695