ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၅)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညပိုင်း(၁၀း၅၂)နာရီအထိ သောကြာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကြာသပတေး မြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါ များခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။
ဒီနေ့ဟာ သမားဖြူ၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၁၀း၅၂)နာရီအထိ လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျရောက် နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာတော့ လျှပ်စစ်ဆိုင်သောလုပ်ငန်းများ၊ဆောက်လုပ်ရေးနဲ့ ဆိုင်သော လုပ်ငန်းများ အထူး ကောင်းနေတတ် ပါတယ်။ဓားလှံလက်နက်များ ထုတ်လုပ်တဲ့ပန်းပဲလုပ်ငန်းများ၊ သံရည်ကြို လုပ်ငန်းများဆောင် ရွက် လို့အထူးအောင်မြင်နေတတ်ပါတယ်။ အမှုဟောင်း၊ပြဿနာဟောင်းတွေကို ထိပ်တိုက်ရင် ဆိုင်ဖြေရှင်းလိုက်ပါ။ ပြေလည်မှုတွေရလာပါလိမ့်မယ်။
အနုစိပ်အသေးစိပ်လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရသောအလုပ်များ၊အကျိုးပေးအောင်မြင်နေတတ်ပါတယ်။ ဖုန်း၊ ကွန်ပြုတာ၊ပြင်ဆင်ခြင်းလုပ်များ အထူးအဆင်ပြေတတ်ပါတယ်။ နိုင်ငံခြားသွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ နိုင်ငံခြား သွားဖို့အင်တာဗျူးခြင်းများ၊ နိုင်ငံခြားသား၊လူမျိုးခြားနဲ့ဆက်စပ် လုပ်ကိုင်ခြင်းများ၊ အထူးအောင်မြင်တတ် ပါတယ်။
အထည်၊ထီး၊ဖိနပ်၊တွင်ခုံလုပ်ငန်းများစတဲ့စနေနံလုပ်ငန်းများလဲ မူလအခြေအနေထက်ပိုမိုအဆင့်မြင့် အောင်မြင် သွားတတ်တဲ့နေ့ပါပဲ။ လုပ်လက်စအလုပ်များ၊ အပြီးမသတ်ရသေးတဲ့အလုပ်တွေကို ဒီနေ့မှာ အပြီးသတ်ပြီးစီးအောင် လုပ်နိုင်မှာပါ။ လက် လွန်ထားတဲ့ငွေကြေးတွေဒီနေ့မှာပြန်လည်တောင်းခံလို့ အလွန်ကောင်းနေတတ်ပါတယ်။ရေတွင် အပျော်ဆော့ကစားခြင်းမပြုရ။ အရှေ့အရပ်သို့ ဦးတည်သွားလာစဉ် အန္တရာယ်ရှိတတ်သည်။ဒီနေ့ဟာ ဆေးဝါးကုသ ရန် ရက်ကောင်းဖြစ်သည်။ ယနေ့သမားတော်များ ဆေးစွမ်းထက်မြက်မည်။ ဆင်ရုပ်ပုံအမှတ်တံဆိပ် ပါသော ကုန် ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း မပြုရပါ။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၂၄း၂၇)နာရီမှ နံနက်(၅း၁၆း၁၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဥတ္တရာသဠ်နက္ခတ်ဖြစ်ပြီးတော့ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ် တင်ခြင်း၊ ပန်းချီ ပန်းပု လုပ်ငန်းလုပ်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်း ခရီးသွား လာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဓနုစန်း နံနက်(၈)နာရီ (၂၄)မိနစ်လွန် စန်း မကာရရာသီသို့ ပြောင်းသည်။ ဥတ္တရာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် စီးပွားရေးပိုင်းမှာ အားရစရာကောင်းတဲ့အနေအထားကိုရရှိကြတာတွေ့ရပါတယ်။ သက်လတ်ပိုင်းကာလတွေဖြစ်တဲ့ အသက် ၂၈ကနေ အသက် ၄၆အတွင်း အအောင်မြင်ဆုံးဘဝကိုရရှိတတ်ပါတယ်။ အားနည်းချက်က မိဘတွေနဲ့ အလုပ်ကြောင့်ဝေးနေရ ခြင်း၊အရွယ်ရောက်ပါကအိမ်ထောင်ရေးကံခေခြင်း၊ အစိုးရအလုပ်နှင့်အကျိုးမပေးခြင်း စသောအားနည်းချက်တွေရှိ တာကိုတွေ့ရပါတယ်။ ငွေကြေးကံကတော့ ဘဝတစ်လျှောက်လုံးပူစရာမလိုသလို ဘဝနေဝင်ချိန် အိုဇာတာလဲ ကောင်း တဲ့သူတွေအဖြစ်တွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၄) နာရီမှ မွန်းလွဲ(၁း၄၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၀၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဦးခေါင်းကိုရေမွှေးဆွတ် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက်ဆွမ်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695