ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်ကျော်(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၆)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညနေ(၅း၁၈)နာရီအထိ တနင်္ဂနွေမြေခံကျရောက်ပြီး တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။ဆောင်ရွက်ချင်ပါက အချိန်အခါရွေးပြီးဆောင်ရွက်မှရပါလိမ့်မယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ(၅း၁၈)နာရီအထိ လဆန်းတီထိ(၁၄)လုံး ပယ်ရှင်းခြင်းအတွက်သုံးရန်ပေး သော နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လပြည့်တီထိ ပြည့်ဝခြင်းအတွက် သုံးရန်ပေးသောနေ့အဖြစ် ပြောင်းလဲကျ ရောက်နေပါသည်။ ရန်ဓာတ်၊အတိုက်အခိုက်ဓာတ် သဘောဆောင်သော နေ့ရက်ပဲဖြစ်ပါ တယ်။ဒါကြောင့် ဒီလို နေ့ရက် တွေမှာတော့ မိမိတို့သိချင်တဲ့သတင်း အချက် အလက်များကို စုဆောင်းနိုင်ပါလိမ့်မယ်။ အရှေ့မှာပိတ်နေတဲ့ အခက်အခဲအတားအဆီးတွေကိုလဲ ကောင်းစွာ ကျော်လွှားသွားနိုင်ပါလိမ့်မယ်။
အတိတ်ကအမှားတွေကိုပြုပြင်ပြီး အကောင်းဆုံး အသစ်စခြင်းတွေကိုလဲဖန်တီးနိုင်ပါလိမ့်မယ်။ အကြီးအကဲများ ထံဝင်ထွက်သွားလာခြင်း၊ ဖြစ်ချင်တာတွေလုပ်ချင်တာတွေ တင်ပြခြင်းများလဲ အထူး ကောင်းပါတယ်။
စစ်တိုက် စစ်ချီထွက်ခြင်း၊ ရန်သူကိုချေမှုန်းခြင်း၊ တရားသူကြီးများ အပြီးသတ်အမိန့်ချခြင်းများလဲ ဆောင် ရွက်လို့ ကောင်းတဲ့နေ့ရက်ပါပဲ။ လောင်းကစားဆန်ဆန်အလုပ်များဆောင်ရွက်နိုင်ပါတယ်။ လုပ်ဖောက်ကိုင်ဖက် အချင်းချင်း တွင်ဖြစ်စေ၊မိသားစုကြားတွင်ဖြစ်စေ မကြေလည်စရာကိစ္စတွေရှိနေမယ်ဆိုရင်တော့ ဒီနေ့မှာထိပ်တိုက် ရင်ဆိုင် ဖြေရှင်း တာကတော့ အကောင်းဆုံးပါပဲ။
ရေနံဓာတ်သတ္ထုများ စူးစမ်းရှာဖွေခြင်း၊ မိတ်ဆွေသစ်တွေနဲ့ မိတ်ဖွဲ့ခြင်းတွေလဲ အထူးပဲဆောင်ရွက်နိုင်မဲ့ နေ့ရက် ပါပဲ။လေကြောင်းခရီး၊ရေကြောင်းခရီးများလဲ အထူးသွားလာလို့ကောင်းတဲ့နေ့ရက်ပါ။ စုပေါင်းသစ်ပင်စိုက် ပွဲများ ကျင်း ပခြင်းတွေ၊ စုပေါင်းအားကစားလုပ်ခြင်းတွေဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။
စပါးကျီသွင်းခြင်း၊ရင်းနှီးမြုပ်နှံခြင်း၊ ကုန်သိုလှောင်ခြင်းများလဲ အထူးဆောင်ရွက်နိုင်မဲ့နေ့ရက်ပါပဲ။ ဟောပြောပွဲများ ကျင်းပခြင်း၊ပညာရေးအသိပညာဗဟုသုတများ ဟောပြောခြင်းတွေကို အထူးပဲဆောင်ရွက်နိုင် ပါတယ်။
ဒီနေ့မှာရှောင်သင့်တာတွေကတော့ လုပ်လက်စအလုပ်တွေရှေ့တိုးဆောင်ရွက်နိုင်ပေမဲ့ အလုပ်သစ်တော့ ရှောင်လိုက် စေချင်ပါတယ်။ ငွေကြေးအပေးအယူကိစ္စများကို ရှောင်လိုက်သင့်ပါတယ်။ စာချုပ်စာတန်းများ လက်မှတ်ထိုးရန် မသင့်တဲ့နေ့ရက်ပါပဲ။
မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။
ယနေ့အတွက်ကောင်းသောအဘိဇိတိံသိယနှင့်ဝိဒတြိတိံသိယအချိန်ကာလတွေကတော့မနက် ၁၁နာရီ၀၈မိနစ် ကနေ မွန်းတည့်၁၂နာရီ၀၁မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသော ကိစ္စများ၊ ဆုံးဖြတ် ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင် ရွက် နိုင်ပါ တယ်။
ဒီနေ့ဟာ ပညာအတတ်များ စတင်သင်ကြားနိုင်တဲ့ နေ့ရက်ဖြစ်နေပါတယ်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင် ရွက်နိုင်ပါတယ်။ မိဘ၊ ဆရာသမား၊ အကြီးအကဲများထံမှ အကြံဉာဏ်ကောင်းနှင့် အထောက်အကူကောင်းများ ရယူရန်ရက် ကောင်း ဖြစ်နေပါတယ်။ ငွေကြေးအပေးအယူကိစ္စများ အငြင်းပွားစရာများ ကြုံမည်။ အရပ်ဝေးနှင့် ဆက်သွယ်ပြီး လုပ်သော ကိစ္စများမှ အဆင့်မြင့် အောင်မြင်ခြင်းများ ရရှိနိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၁၀:၂၅)နာရီမှ နေ့လယ်(၁၁:၁၆) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့ အတိတ် ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ် လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ သိဟ်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ဒီဖွားဇာတာဟာ သူများနဲ့ မတူဘဲ သီးသန့်နေလိုစိတ်ရှိကြပါတယ်။ဒွေးရောယှက်တင်နေလေ့မရှိဘူး။ အေးရင်လဲ သူများထက်အေးတဲ့ ရေခဲတုံးဖြစ်ပြီး စိတ်တိုလာပြီဆိုရင်လဲမုန်ယိုနေတဲ့ဆင်တစ်ကောင်လို ဖြစ်နေတတ်တဲ့ဇာတာမျိုးပဲဖြစ်ပါတယ်။ ကံကောင်းတာကတော့ အိမ်ထောင်ရေး ရင်အေးရတတ်ပါတယ်။ အရွယ်သုံးပါးမှာတော့ ဒုတိယအရွယ်မှာ စီးပွားကံ ကောင်းတတ်တာမို့ လုပ်နိုင်တဲ့အချိန်လဲဖြစ်၊ကံပေးမဲ့အချိန်လဲဖြစ်တာမို့ အထူးတလည်ကြိုးစားတဲ့သူဆို ကြီးကျယ် တဲ့အောင်မြင်မှုတွေ ရမဲ့ဇာတာပဲဖြစ်ပါတယ်။ငွေကြေးကံအားကောင်းကြတယ်။ ငွေရှာရလွယ် ကြတယ်။ စစ်သူကြီးတစ်ယောက်လို ရဲရင့် တယ်။ ပြတ်သားတယ်၊ဆုံးဖြတ်ရဲတယ်။ ဒါကြောင့်ပဲ အသက် ၂၄၊၂၅ လောက်ကတည်းက အောင်မြင်မှုတွေကောင်းစွာ ထိတွေ့ခွင့်ရမဲ့ဇာတာပဲဖြစ်ပါတယ်။ သတိထားရမှာက ဘဝမှာ ဘယ်တော့မှ ဖခင်နဲ့အတိုက်အခံမလုပ်ပါနဲ့။ မင်းအစိုးရ ဥပဒေနဲ့ငြိစွန်းမဲ့ အလုပ်မှန်သမျှရှောင်ကြဉ်ကြပါ။ ဒီနေ့မွေးရင်သွေး ငယ် များ ရဲ့ ဟောစာတမ်းအကျယ်ကို ဖတ်လိုပါ က ➡️#https://www.facebook.com/ awbarmoeastro မှာ ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၅၀) နာရီမှ နံနက်(၉:၁၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၇၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ သော့တံလေးတစ်ချောင်း ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့မလိုင်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695