ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆုတ်(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ည(၉း၀၇)နာရီအထိ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့ နေ့ရက် ဖြစ် တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ည(၉း၀၇)နာရီအထိ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်မျိုးမှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အသေအချာလုပ်ဆောင်ပါ။ အမွှေးနံ့သာဆွတ်ဖြန်းပါ။ မွှေးပျံ့နေလေ ကံကောင်းလေပါပဲ။
အလုံးစုံသောမင်္ဂလာကိစ္စများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ရုံးတတ်လက်မှတ် ထိုး ခြင်းများဆောင်ရွက်နိုင်သလို ရှင်ပြု၊နားသ၊ပဉ္ဇင်းခံခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ အလှူအတန်း များ ပေးခြင်း၊ရေစက်ချခြင်း၊ တရားပွဲကျင်းပခြင်းများလဲ ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့မျိုးပါပဲ။တပည့်မွေးခြင်း၊ သင်တန်းဖွင့်ခြင်းများ စတင်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ငွေကြေးနဲ့ပတ်သက်သောရင်းနှီးမြုပ်နှံခြင်းများ ဒီနေ့မှာဆောင်ရွက်နိုင်ပါလိမ့်မယ်။ ရပ်ဝေးနှင့်ဆက်စပ်လုပ်ကိုင်ရ သောအလုပ်များအထူးပဲအဆင်ပြေအောင်မြင်တတ်ပါတယ်။အဝတ်အထည်၊ဖက်ရှင်ဒီဇိုင်းနှင့်ပက်သက်သောအလုပ်များလဲ အဆင်ပြေအောင်မြင်မှုတွေကိုရလာတတ်ပါတယ်။စိုက်မျိုးမဲ့မြေကို မြေသြဇာကျွေးတာ၊ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေကို ဓာတ်မြေသြဇာ ပက်ဖြန်းတာမျိုးတွေ ဒီနေ့မှာစတင်ဆောင်ရွက်လို့ အလွန်ပဲကောင်းပါတယ်။
ဒီလိုနေ့တွေမှာ ဝန်ထမ်းတွေအများကြီးခန့်ထားသောလုပ်ငန်းများ ၊ဆိုင်ခွဲဖွင့်ဖို့ လုပ်ငန်းတိုးချဲ့ဖို့ကိစ္စတွေတိုင်ပင် သင့်ပါတယ်။ ပြောလိုရင်းက လုပ်ငန်းကြီးလုပ်သူများ လုပ်ငန်းပိုပြီးကြီးထွားလာဖို့ ကြိုးစားဆောင်ရွက်သင့်တဲ့နေ့ပါ ပဲ။
အိုးအိမ်ပြောင်းတာ၊နေရာသစ်မှာစတင်နေထိုင်တာမျိုးတွေဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ဒီနေ့မှာ မိမိရဲ့အမည်၊ မိမိ လုပ်ငန်း၊မိမိကုမ္ပဏီကို ဆိုင်းဘုတ်ထောင်ခြင်း ၊ဟောင်းနွမ်းနေတဲ့ဆိုင်းဘုတ်မျိုးရှိရင် အသစ်လဲခြင်းများဆောင်ရွက်လို့ အထူးကောင်းတဲ့နေ့ပါပဲ။
ဒီနေ့မှာသတိထားသင့်တာက ကျန်းမာရေးပါပဲ။ ရာသီအကူးအပြောင်းကြောင့် ဖြစ်ပွားတတ်သောရောဂါများကိုသ တိထားကြပါ။ အဲယားကွန်းအခန်းထဲ အချိန်ပြည့် အလုပ်လုပ်နေသူများသူများတွေထက် ကျန်းမာရေးကိုပိုမိုဂရုစိုက် ပါ။ အိမ်ပြောင်းနေရာပြောင်းလို့ ကောင်းပေမဲ့ အိမ်တတ်မင်္ဂလာပြုလုပ်ခြင်းမျိုးတော့ ရှောင်အပ်ပါတယ်။ ခရီးကိစ္စ အ၀၀ ကိုတော့ ဒီနေ့မှာအလွန်ပဲရှောင်သင့်ပါတယ်။ယနေ့ ရာဇမင်းထံ ဝင်ထွက်သွားလာခြင်း မပြုရပါ။ ပညာအတက် စတင်သင်ကြားခြင်းများ ပြုနိုင်သည်။ စတင်ဆောင်ရွက်သောကိစ္စတို့မှ ကောင်းသောအကျိုးများ ရရှိမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၂:၁၈)နာရီမှ နံနက် (၃:၁၀)နာရီ အတွင်းအတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဥတ္တရာဘဒြနက္ခတ်ကအထက်မျှော်နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီး ဆွတ်ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံ ကာခြင်း၊ တံခွန်တိုင် ထူးခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မိန်စန်း၊ဥတ္တရာဘဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်ရာသီဖွားဖြစ် ပါသည်။ဒီနေ့မွေးသူများဟာစိတ်ကူးကောင်းကြသူတွေဖြစ်ပါတယ်။အတွေးအခေါ်ရှိပါတယ်။နာမည်ပေးမှားရင်တော့ အကောင်း တွေလျော့သွားနိုင်တာကိုတော့မေ့ထားလို့မရပါဘူး။နာမည်ပေးပါ မှန်ကန်ရင် အင်မတန် အောင်မြင် ထင်ရှားပြီး လူလေးစားခံရသော ပညာရှင်ဘ၀ ဖြင့် ရှင်သန်ခွင့်ရတတ်သည့် ဖွားဇာတာအမျိုးအစားလည်း ဖြစ်ပါ တယ်။ဖြန့်ဖြူးရေး လုပ်ငန်းအားလုံးနဲ့ သော်လည်းကောင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများနဲ့သော်လည်းကောင်း အံဝင် ခွင်ကျ အကျိုးပေး တတ်သူလည်း ဖြစ်ပါတယ်။….ဝေးမြေရပ်ခြားမှာ ချစ်ခင်သူတွေ နဲ့ ဆုံဆည်းရ တတ်တဲ့ကံလည်း ရှိတတ်ပါတယ်။ ကိုယ်တစ်ကယ်ချစ်ရမယ့် ရင်းနှီးသူအချို့နဲ့ မုန်းတီးရတတ်ပြီး….သူစိမ်း တစ်ချို့နဲ့ တော့ သံယောဇဉ် တွယ်စရာ ဖြစ်ရ တတ်သော ထူးဆန်းသည့် မေတ္တာရေးကံ ရှိတတ်သူပါ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅:၀၅) နာရီမှ ညနေ(၆:၄၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၈၊ ၅ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပေါင်မုန့်မီးကင်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လိမ္မော်သီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695