ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆန်း(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၃၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၂)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နံနက်(၆း၅၇)နာရီအထိ အင်္ဂါမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါတယ်။တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင် တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရှမ်းရက်၊ ရက်ရာဇာ၊ရက်ကန်း ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကို ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါ သည်။ ဒီလိုနေ့မျိုးဟာ မိမိရဲ့စိတ်စွမ်းကြီးမားအောင်လို့ ပြုလုပ်နိုင်မဲ့နေ့ရက်ပါပဲ။ ဒါကြောင့်ပဲစိတ်လေ့ကျင့်ခန်းများ ဖြစ်တဲ့ သမထဘာဝနာပွားများခြင်းတွေလဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ နည်းပညာနဲ့ပတ် သက်ပြီးအားထည့် လုပ်ဆောင်လေတိုးတတ်လေဖြစ်မဲ့နေ့ရက်ပါပဲ။
သတ္ထုများ၊ရွှေနှင့်ရတနာပစ္စည်းစူးစမ်းရှာဖွေခြင်းများလဲစတင်နိုင်မဲ့နေ့ရက်ပါပဲ။ အောက်လက်ငယ်သားတွေကို အလုပ်နဲ့ပတ်သက်ပြီးလက်တွဲခေါ်ယူခြင်း၊ အရွယ်ရောက်ပြီးတဲ့သားသမီးတွေကို မိမိအလုပ်နဲ့ပတ်သက်ပြီးရင်းနှီး အောင်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။
စာပေအနုပညာလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊လျှပ်စစ်နှင့်ဆိုင်သောလုပ်ငန်းများ အထူးဆောင်ရွက် နိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ စစ်ရေးနဲ့ဆိုင်သောကိစ္စတွေဖြစ်တဲ့ စစ်သားစုဆောင်းခြင်း၊စစ်ရေးလေ့ကျင့်ခြင်း၊စစ် လက်နက်အသုံးပြုခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။ မျက်မြင် ကိုယ်တွေ့ မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၂နာရီ၀၆မိနစ် ကနေ မနက်၂နာရီ၄၇မိနစ်အတွင်း၊ည၆နာရီ၃၆မိနစ်မှ ည၈နာရီ၀၃မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ပြုဗ္ဗာဘဒြနက္ခတ် မနက် ၇နာရီ ၄၀ကျော်ရင် ဥတ္တရာဘဒြပိုဒ်နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ စသည်တို့အတွက် သင့်လျော်သည်။ ရေရှည်တည်တံ့သော သို့မဟုတ် အမြဲတမ်းအကျိုးသက်ရောက်မှုကို အလိုရှိသော အခြားလုပ်ဆောင်မှုများအတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း (ဥယျာဉ် )၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့ဟာ အနောက်တောင်အရပ်သို့ ခရီးသွားလာခြင်း ရှောင်သင့်ပါတယ်။ မင်္ဂလာယူပြီး လုပ်ဆောင်သော ကိစ္စ မှန်သမျှ ရှောင်လိုက်ပါ။ နေ့(၁၂း၀၀)နာရီမှ (၁း၃၀)နာရီကြား အရာရာ သတိ နှင့် ဆောင်ရွက် လုပ်ကိုင်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လည်(၁၁:၁၂)နာရီမှ မွန်းလွဲ(၁၂:၀၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မိန်စန်း၊ မနက် ၇နာရီ၄၀မိနစ်နောက်ပိုင်း ဥတ္တရာဘဒြပိုဒ်နက္ခတ်နဲ့ စန်းယှဉ်မွေးသူ၊သာဓျယုဂ်၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးများဟာ ပညာနဲ့ အကျိုးပေးကြတယ်။ ပညာရှာ နိုင်ပြီး ဘွဲ့ထူးဂုဏ်ထူး ရကြသလို ပညာကို ပြန်ဖြန့်ဝေပေးတဲ့သူတွေဖြစ်နေတာကိုတွေ့ရပါတယ်။ မိန်းကလေး ရင်သွေး ငယ်တွေ ဆိုရင်တော့ အိမ်ထောင်ရေးဂရုစိုက်သင့်သလို့ သွေး၊ဓမ္မတာ၊သည်းခြေနဲ့ပတ်သက်ပြီးရောဂါ ဘယ်ဖြစ်လွယ် ပါတယ်။ အလုပ်စီးပွား နယ်ပယ်ထက် ပညာရှင်နယ်ပယ်ကိုဦးတည်သွားတဲ့ဇာတာမျိုးဖြစ်တာကိုတွေ့ရပါတယ်။ အဂတိ ကင်းကြသူတွေဖြစ်တယ်။ သမာသမတ် ကျတယ်။ သူများဘဝပျက်အောင်လုပ်လိုစိတ်မရှိကြဘူး။ သင်ကြားရေးပိုင်း အား ကောင်းကြသူတွေပါ။ ပညာရပ်တစ်ခုခုကို အဆုံးထိ မတတ်မြောက်ရင်တောင်မှ တတ်သ လောက်ကိုပြန်သင် ပေးခွင့်ရကြတဲ့သူတွေဖြစ်ကြပါတယ်။ ငယ်ရွယ်စဉ်မိဘဆင်းရဲရင်တော့ ဆင်းရဲဇာတာ ရှည် တတ်ပေမဲ့ မိဘအထောက် အပံ့ရရင်တော့ အသက် ၂၅နှစ်ရောက်တာနဲ့ အဘက်အဘက်ကအဆင်ပြေမယ်။ဒီနေ့မွေးသူများဟာအများအားဖြင့် ဒီနေ့မွေးရင်သွေးငယ်များရဲ့ဟောစာတမ်းအကျယ်ကိုဖတ်လိုပါက➡️#https://www.facebook.com/awbarmoeastro မှာ ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၉) နာရီမှ (၁:၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃ ၊ ၉၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရဟံဂုဏ်တော်ကို ၄၉ခေါက်ရွတ်ပွား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးဖျော်ရည်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695