ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပေါင်းလဆန်း(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၁၂း၄၃)နာရီအထိ မိတ္တုမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁၂း၁၀)နာရီအထိ ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၅)လုံး ကျရောက်နေပြီး လွန်လျှင် ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၆)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၅)လုံး အနေဖြင့် ဓနကိုပေးသော ပြည့်စုံခြင်းကိုဖော်ကြူး သော ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက် မှာတော့ ပညာသင်ကြားခြင်းတွေ၊သင်တန်းတွေဖွင့်ခြင်းတွေ ဆောင် ရွက် လို့အထူးကောင်းပါတယ်။ ပညာရှာနေ သူတွေ အတွက်လဲ ပညာစတင်သင်ယူခြင်းမျိုးတွေအထူးဆောင် ရွက်နိုင် ပါတယ်။
လုပ်ငန်းသစ်များစတင်ခြင်းတွေ၊ အလုပ်သစ်စတင်လျှောက်ခြင်းတွေအထူးကောင်းပါတယ်။ အသက်မွေးဝမ်း ကြောင်း ပညာပဲဖြစ်ဖြစ်၊ ကျောင်းပညာရေးပဲဖြစ်ဖြစ် ပညာရပ်နှင့်ပတ်သက်သောအလုပ်စီးပွားများအထူးကောင်း ပါတယ်။
ရေနှင့်ပတ်သက်သော ငါးမွေးမြူရေးလုပ်ငန်းများ အထူးအောင်မြင်နိုင်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်တွေ မှာ တွေးနိုင် လေ စဉ်းစားနိုင်လေ လမ်းမှန်ပေါ်ရောက်လေပါပဲ။ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သံယောဇဉ်ကို ဦးစား ပေးပြီး လုပ်ကိုင်ဆောင်ရွက်မိရင်တော့ အမှားများတတ်ပါတယ်။သတိထားဖို့ပါ။
အလုပ်နဲ့ပတ်သက်ပြီး တိုးတတ်မှုတွေအလွန်ကြုံရတတ်ပါတယ်။ ကြိုးစားတဲ့သူတွေအတွက် အခွင့်အလမ်းကောင်း တွေပေါ်လာတတ်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်း စတဲ့အလှူနဲ့ပတ်သက်သောမင်္ဂလာများ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။အိုးအိမ်နဲ့ပတ်သက် သော ကိစ္စများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကောက်ပဲသီးနှံတွေကို ဓာတ်မြေသြဇာကျွေး ခြင်းများလဲအထူးဆောင်ရွက် လို့ သင့်ပါတယ်။
ယနေ့တွင် ကုန်ပစ္စည်းသစ်များ မိတ်ဆက်ခြင်း၊ စတင်ဖြန့်ချီခြင်းများ ပြုလုပ်နိုင်ပါသည်။ ပြန့်ပွားစေလိုသော သတင်း စကားများ ဖြန့်ဝေရန် ရက်ကောင်းဖြစ်သည်။ မြင့်မြတ်သော မင်္ဂလာကိစ္စများ ဆောင်ရွက်နိုင်သည်။ စတင်ဆောင် ရွက်သော ကိစ္စမှန်သမျှ ထူးခြားသော အောင်မြင်မှုများ ရရှိနိုင်မည်။ နံနက်(၆း၀၀)မှ (၈း၂၄)နာရီကြား စတင်ဖွင့် လှစ်မှုများ ဆောင်ရွက်နိုင်ပါသည်။ နေ့(၁၀း၄၈)နာရီမှ (၁း၁၂)နာရီကြား အလုပ်ကိစ္စများ၊ ငွေကြေးကိစ္စများ ဆောင်ရွက် နိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၁၂)နာရီမှ မွန်းလွဲ(၁၂း၀၄)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေး သူများဟာ ဘဝအပြောင်းအလဲများကြတာကိုအထင်အရှားတွေ့ရမယ်။ ဘဝမှာ အနည်းငယ် အိမ်သုံးလုံးခန့် ပြောင်းနေ ရတတ်ပါတယ်။ သက်လတ်ပိုင်းအထူးကောင်းပြီးတော့ ရန်သူပြိုင်ဘက်ကြားကနေ စွန့်ဖောက်အောင်မြင်နိုင် ကြတာကို လဲအထင်အရှားတွေ့ရပါတယ်။ ပညာတစ်ခုခုကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတွေဖြစ်လာလိမ့်မယ်။ ဆင်ခြင်တုံ တရား ကောင်းပြီးတော့ စာဖတ်အားသာကောင်းမယ်ဆိုရင် သူတစ်ပါးကို အကြံပေးနိုင်တဲ့အထိ တော်သူတွေ ဖြစ်လာတတ်ပါတယ်။ငွေလွှဲလုပ်ငန်းများ၊ပင်လယ်ပျော်အလုပ်များ၊ရေထွက်ကုန်အလုပ်များ၊သင်ကြားရေးအလုပ်များ၊အနုပညာနယ်ပယ်တွေမျာ ခြေချအောင်မြင်နိုင်ကြတာကိုလဲတွေ့ရပါတယ်။ မိန်းကလေးရင်သွေးရှင်များအတွက် လင် ကောင်း သားကောင်းရလွယ်ပြီး မင်းကတော်စိုးကတော်ဖြစ်နိုင်တဲ့ကံလဲရှိနေပါသေးတယ်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
သုက္ကယုဂ် ကျရောက်နေသောကြောင့် “တောက်ပခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကုသိုလ်ကောင်းမှုူ တိုင်း အတွက် အထူးကောင်းမွန်ပါသည်။
ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မဏ၊ မွန်မြတ်သောအကျင့် ဝိဉာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၂)နာရီမှ ညနေ(၆း၁၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ရာဟု၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင်နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “မုန့်ဟင်းခါး” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)








