ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆုတ်(၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁)လုံးသည့်အတွက် ယနေ့သည် ချမ်းသာခြင်းကို ကိုယ်စားပြုသော နန္ဒာတီထိ ကျရောက်နေသောကြောင့် ဘာသာရေးနှင့် ကောင်းသောအခမ်းအနားများ၊ ပွဲတော်များ၊ ခရီးများ၊ မင်္ဂလာဆောင်များ၊ တပ်ဆင်ခြင်း၊ ကတိ သစ္စာပြုခြင်း၊ ဂုဏ်ပြုခြင်း သို့မဟုတ် ရာထူးလက်ခံခြင်း၊ အိမ်ခြံမြေနှင့် ဆံပင်ဖြတ်ခြင်းဆိုင်ရာ လှုပ်ရှားမှု၊ အမျိုး အစားအားလုံး အတွက် မင်္ဂလာရှိသော နေ့ရက်ဖြစ်နေပါသည်။ ဒီနေ့ဟာ ဥပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးခြင်း များ အထူး ဆောင်ရွက်လို့ သင့်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့မျိုးဟာ ခေါင်းဆေးမင်္ဂလာကိုစနစ်တကျပြုလုပ်ခြင်းဖြင့် တစ် နှစ်တာလုံး ကျန်းမာခြင်း၊ချမ်းသာခြင်းတွေကို ဖြစ်စေပါလိမ့်မယ်။ မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ဆောင်ရွက်နိုင် ပါတယ်။
အိမ်တွင်းအလှဆင်ခြင်း၊အိမ်ကိုဆေးပြန်သုတ်ခြင်း၊အိမ်ထောင်ပရိဘောဂတွေကိုပေါ်လစ်တင်ခြင်းများဆောင်ရွက်သင့် တဲ့ နေ့ရက်ပါပဲ။ ဘုရားဖူးခရီးများလဲ သွားလို့အထူးအဆင်ပြေတဲ့နေ့ရက်ပါပဲ။ အရည်နှင့်ပတ်သက်သော စား သောက် ကုန်လုပ်ငန်းများ အထူးအဆင်ပြေပါလိမ့်မယ်။ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းလုပ်ငန်းများလဲ အထူးအောင်မြင် တတ်ပါတယ်။
မိမိကိုးကွယ်သော မိရိုးဖလားနတ်တွေကို ပူဇော်ခြင်း၊ပသခြင်းများလဲ အထူးဆောင်ရွက်လို့သင့်ပါတယ်။ အိမ်မှာနေ ပြီးပရိတ်ပဋ္ဌာန်းရွတ်ဖတ်တာ၊ ဘုရားနှုတ်ခပတ်တော်တွေကို ရွတ်ဖတ်တာမျိုးအထူးကောင်းတဲ့နေ့ရက်ပါပဲ။
စတုဒိသာကျွေးမွေးခြင်းတွေ၊ ဆေးဝါးဓာတ်စာများကျွေးမွေးခြင်းတွေ အထူးဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ဘုရားနေကဇာတင်ခြင်းများ၊ ဘုရားပင့်ဆောင်ခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ သောကြာဂြိုဟ်စိုးမိုးတာ ကြောင့်ဖျော်ဖြေရေးနဲ့ပတ်သက်သော အကအခုန်၊ဂီတသီချင်းနဲ့ပက်သက်သောကိစ္စများလဲ အထူးအဆင်ပြေတတ် ပါတယ်။ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ ဒီနေ့မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၁၆)နာရီမှ နံနက်(၆း၀၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
အနုရာဓနက္ခတ်အချိန်များတွင်ဘုရားတည်းခြင်း၊ အနေကဇာတင်ခြင်း၊ ရှင်ပြုနားသ၊ လက်ထပ်မင်္ဂလာပြုလုပ်ခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် မိမိလိုချင်သော ဘဝရည်မှန်းချက်ပန်းတိုင်ကို မိမိကိုယ်တိုင် ပုံဖေါ်ထုဆစ်နိုင်၍ မည်သည့်အရာကိုမဆို လက်တွေ့ကျကျ လုပ်ဆောင်နိုင်စွမ်းရှိသည်။ စည်းမျဥ်းစည်းကမ်းများ ချမှတ်ထားပြီး၊ မိမိမှာ ခိုင်မာတဲ့အမြင်တွေရှိပြီး တခြားသူတွေနဲ့ အတွေးအမြင်ဖလှယ်ရတာကို နှစ်သက်ပါတယ်။ မိမိရဲ့စိတ်နှလုံးသားကို လွှမ်းမိုးချုပ်ကိုင်ထားသောအရာမှာ မိမိသည် ချစ်ဖို့ကောင်းတယ်၊ စာနာတတ်တယ်၊ အများကောင်းကျိုးကိစ္စများတွင် ပါဝင်ပတ်သက်တယ်။ စီးပွားရေး လုပ်ငန်းဆောင်တာများအတွက် ထူးခြားသော အတွေးအမြင်ကောင်းများလည်း ရှိနေပါသည်။ကျန်းမာရေးအားကောင်းသူများဖြစ်ပေမဲ့မိဘတွေဆီမှာ နှလုံးရောဂါရှိရင်တော့ ဒီကလေးမှာနှလုံးရောဂါ ဓာတ်ခံပါလာတတ်ပါတယ်။ နေရာကောင်းရတတ်ခြင်း၊စည်းစိမ်ချမ်းသာနဲ့နေရခြင်း။ တန်ဖိုးကြီးပစ္စည်းတွေကို သုံးစွဲခွင့် ရခြင်းတွေကြုံရတတ်ပါတယ်။ မိဘအမွေအနှစ်တွေအပြည့်အဝရတတ်ပေမဲ့ အိမ်ထောင်ပြုမှားရင်တော့ အိမ်ထောင် ဘက်က ကိုယ့်စည်းစိမ်ကို ထိုင်ဖြုန်းတတ်ပါတယ်။ အသက် ၂၂ကစလို့ အောင်မြင်မှုလမ်းကြောင်းကို စတင်ရောက်ရှိ တတ်ပါတယ်။
ယနေ့သည် မြင့်မြတ်ခြင်းကို ကိုယ်စားပြုသော သီဝယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များ အားလုံး ဆောင်ရွက်လုပ်ကိုင်ရန် အထူးကောင်းမွန်ပါသည်။ ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ် ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မာဏ၊ အကျင့်ဝိဉာဉ်ရေးရာလွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၅) နာရီမှ မွန်းလွဲ(၁၂း၀၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “ဝိဇ္ဇာစရဏသမ္မန္ဓော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီးသုပ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း