loading

Tag: ဗေဒင်သုတေသီ

  • Home
  • Tag: ဗေဒင်သုတေသီ

26.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆုတ်(၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ၊ ဝါရမိတ္တုကြီး  ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ဖြစ်သည်၊ အောင်မြင်ခြင်းကို ပေးစွမ်းသော ဇေယျာတီထိ အမျိုးအစားဖြစ်၍ လက်နက်ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တပ်သားစုဆောင်းခြင်း၊ တနည်းအားဖြင့်ဆိုသော မိမိနှင့် မိမိအဖွဲ့အစည်း၏စွမ်းရည် အင်အားထက်မြက် ကြီးမားစေရန် လုပ်ဆောင်သည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ဆောင် နိုင်သည်။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အိမ်နှင့်ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အလံတိုင်၊ အသင်းနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် သင့်တော်သော တီထိရက် ဖြစ်သည်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေ အားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြော ခြင်းများလဲ ရှောင်သင့်ပါ တယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၀၇)နာရီမှ နံနက်(၇း၅၈)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွ တ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည်စည်းစိမ်ချမ်းသာနှင့်ပြည့်စုံသူဖြစ်ပါတယ်။ ချမ်းသာတဲ့ အသိုင်းအဝိုင်းကမိသားစု တွေကသာ ဒီလိုနေ့မျိုးမွေးရင် မိဘရဲ့ ချမ်းသာမှုနဲ့ သားသမီးရဲ့ ကံကောင်းမှု သဟဇာတဖြစ်ပြီး ပိုမိုတိုးတတ်နိုင် တာကို ထူးထူးခြားခြားတွေ့ရပါတယ်။ အလွန်တည်ကြည်ပြီး စိတ်ပိုင်းဆိုင်ရာ ခိုက်မာတိကျ ပြတ်သားသူများ ဖြစ်ပါတယ်။ ဤအရည်အသွေးများသည် သင့်အား ပန်းတိုင်တစ်ခုအပေါ်တွင် အဆုံးအဖြတ်ပေးကာ ပန်းတိုင်တစ်ခုကို အကောင် အထည် ဖော်ရန် စိတ်ရှည်သည်းခံစိတ်ဖြင့် အောင်မြင်နိုင်ရန် ကူညီပေးပါသည်။ သို့သော် တစ်ခါတစ်ရံတွင် မိမိသည် အရာရာကို ချင့်ချိန်မှုအားနည်းစွာဖြင့် အလျဉ်စလို ဆုံးဖြတ်လုပ်ကိုင်မှုများကြောင့် ဆုံးရှုံးမှုအချို့နှင့် ကြုံတွေ့ရနိုင်ပါ သည်။ဘဝလမ်းကြောင်းတစ်လျှောက် ကြီးမားသောအပြောင်းအလဲနှင့် မတည်မငြိမ်များသည် အများစုထက် အတွက် အခက်အခဲအနှောက်အယှက်များ ဖြစ်စေနိုင်ပါသည်။ အမှန်စင်စစ် မိမိသည် အလွန်ကောင်းမွန်သော အလုပ် ကျင့်ဝတ်နှင့် တာဝန်သိစိတ်ဖြင့် အထူးကောင်းမွန်သော ပုဂ္ဂိုလ်ကောင်းတစ်ဦးလည်း ဖြစ်နိုင်ပါသည်။ သူတစ်ပါးထက် သာလွန်ထူးခြားနေသော အရည်အချင်းကောင်းများကြောင့် အမြဲလိုလို မျက်နှာပွင့်လမ်းနေရတတ်ပါသည်။

 ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး၊ အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုတ်/စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီး သွားလာခြင်း၊ ထီထိုးခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်းသည်။ (အနုရာဓနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၈) နာရီမှ မွန်းလွဲ(၁၂း၀၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူကာ “ဗုဒ္ဓေါ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

25.April.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆုတ်(၂)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၇)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူး ရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၂)လုံး အနေဖြင့် မင်္ဂလာ ကျက်သရေရှိသော တီထိရက်ဖြစ်ကာ ဘုရားဆင်းတု စသော မိမိကိုးကွယ်သည့် ဆင်းတု၊ ရုပ်တုတော်များ၊ ပုံတော်၊ ကားချပ်များ တပ်ဆင် နေရာချနိုင်ခြင်း၊ မင်္ဂလာအခမ်းအနား၊ အလှအပပြုပြင်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ မင်းအစိုးရ၊ အုပ်ချုပ်သူတို့နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများ ဘဏ္ဏာရေးလုပ်ငန်း၊ စစ်တပ်နှင့် ပတ်သက်သောလုပ်ငန်းများ၊ ခရီးသွားလာခြင်း၊ တီးမှုတ် ကခုန်ခြင်း၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများနှင့် အိမ်ထောင်ပြု မင်္ဂလာတို့အတွက် ကောင်းသော တီထိကာလ ဖြစ်သည်။ အသစ်ဖန်တီးခြင်း၊ မင်္ဂလာကျက်သရေနှင့် ဆိုင်သော လုပ်ငန်းအမျိုးမျိုး လုပ်ဆောင်နိုင်သော တီထိရက်ဖြစ်ပြီး ကံကောင်းခြင်း၊ ကံကောင်းခြင်းသဘောဆောင်သည့် ဘဒြတီထိဖြစ်သောကြောင့် မင်္ဂလာဆောင်၊ အိမ်ထောင်ပြု၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ အဝတ်အစားနှင့် ပတ်သက်သည့် အလုပ်များ၊ ယာဉ်ကား စသည်တို့ဖြင့် ခရီးသွားခြင်း၊ လမ်းဖေါက်လုပ်ခြင်း၊ ဆီလိမ်းကျံခြင်းများအတွက် ကောင်းမွန်သော တီထိရက် ဖြစ်ပါသည်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၁၁)နာရီမှ နံနက်(၈း၀၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် ထူးခြားသောအာရုံခံစားမှု၊ အလိုလိုသိတတ်ပြီး စိတ်ခံစားမှုရှိတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သင့်အနက်ရှိုင်းဆုံးအတွေးနဲ့ စိတ်ခံစားချက်တွေကို တခြားသူတွေကို အလွယ်တကူ သိခွင့်မပေးတဲ့အတွက်ကြောင့် တစ်ခါတစ်ရံမှာ သူတစ်ပါး၏အထင်အမြင်လွဲမှားခြင်းကို ခံရတတ်ပါတယ်။ ဒါပေမယ့် သူတစ်ပါးက မိမိကို အရမ်း အထင်ကြီးလေးစားတယ်။ သူတစ်ပါးကဲ့သို့ လေလုံးမထွားပဲ မိမိအလုပ်ကိုသာ မည်သို့ ပိုကောင်းအောင် ပြုလုပ်မည်ကို အမြဲစီစဉ်ကြံဆနေသူ တစ်ဦး ဖြစ်ပါသည်။ တည်ငြိမ်သော အပြင်ပန်းသည် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုအချို့ကို ဖုံးကွယ်ထားနိုင်သည့်အပြင် ပြင်းထန်သော စိတ်ခံစားမှုသဘောသဘာဝကို ဖုံးကွယ်ထားနိုင်သည်။ မိမိရဲ့ အလုပ်နှင့် ပတ်ဝန်းကျင်တွင် အစစအရာရာ ထူးခြား၍ ပြီးပြည့်စုံသူတစ်ဦးအဖြစ် ရှိနေတတ်ပါသည်။မိန်းကလေးရင်သွေးငယ်ဆိုရင်တော့ အိမ်ထောင်ရေးကံ အားနည်းချက်ရှိသူဖြစ်တာမို့ နာမည်ပေး မှန်ဖို့ အထူးလိုအပ်ပါတယ်။ စီးပွားရေးကံကောင်းတတ်ပြီး မိမိပညာကို ဖွက်ပြီး သုံးတတ်ပြီး ၊မိမိအတွင်း‌‌‌ရေးနဲ့ ကိုယ် ရေးကိုယ်တာကိစ္စတွေကိုလဲ အများကို အသိမခံကြသူတွေဖြစ်ကြပါတယ်။

ရေတွင်းရေကန် တူးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ အားကစားလုပ်ငန်းများ၊ ဂီသအနု ပညာပြုလုပ်ခြင်းများ ကောင်းသည်။ (ဝိသာခါနက္ခတ် စန်းယှဉ်သောအခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၃၉) နာရီမှ ညနေ(၃း၁၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူကာ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နှမ်းယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

၁၃၈၆ ခုနှစ်အတွင်း ဗုဒ္ဓဟူး၊ရာဟုသားသမီးများအတွက် တစ်နှစ်စာဟောကိန်း

            ၁၃၈၆ ခုနှစ်အတွင်း ဗုဒ္ဓဟူး၊ရာဟုသားသမီးများဟာ နယ်ပယ်အသီးသီးမှာ အမြင်ကျယ်လာတတ်ပါတယ်။ မိမိ တို့ကိုယ်တိုင်က ဘယ်လိုလုပ်ရင် ဘယ်လိုအဆင်ပြေမလဲဆိုပြီး ကြိုတင်တွေးတောခန့်မှန်းနိုင်လာပါလိမ့်မယ်။ ဒုက္ခ ကြားကနေ အခက်အခဲတွေကို ကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ ဒီလိုနှစ်ပိုင်းတွေမှာတော့ ဗုဒ္ဓဟူးရာဟုသား သမီးတွေဟာ လုပ်သင့်တာတွေကို ရဲရဲ ရှေ့တိုးဆောင်ရွက်လိုက်ပါ။မလုပ်သင့်ဘူးလို့ ထင်တဲ့အရာတွေကို လဲ ရဲရဲ နောက်ဆုတ်လိုက်ပါ။ ဒီလိုနှစ်ပိုင်းတွေမှာ တော့ မိမိအနေနဲ့ အကောင်းဆုံးပြင်ဆင်ထားသင့်တဲ့နှစ်လို့ ပြောပါရစေဗျ။ လုပ်ငန်းတွေကို အခြေခိုင်အောင်လုပ်ထားပါ။ ဝန်ထမ်းလခစားဆိုရင်လဲ မိမိအတွက် ရေရှည်တက်လမ်းရှိမဲ့အလုပ် တွေကိုရှာဖွေလုပ်ကိုင်ပါ။ စိတ်အားတက်ကြွစေတဲ့ စာတွေ၊video တွေကို ကြည့်ပါ။ စိတ်အားတက်ကြွစွာလုပ်ကိုင်ခြင်း ဖြင့် ထူးထူးခြားခြားအောင်မြင်နိုင်တဲ့နှစ်ပါ။

            မနက်မိုးလင်းကတည်းက…ဒီနေ့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မယ်….မပျင်းဘူး။.မဖျင်းဘူး…အချိန် မဖြုန်းဘူးဆိုတဲ့ စိတ်မျိုးနဲ့လုပ်ကိုင်ဆောင်ရွက်ကြည့်ပါ။ သိသိသာသာ တိုးတတ်လာမဲ့နှစ်ဖြစ်ပါလိမ့်မယ်။ ဒီလိုနှစ်ပိုင်း တွေမှာ ထူးခြားတဲ့ကူညီမှုတွေရလာတတ်ပါတယ်။ မြင်အပ်၊မမြင်အပ် ပုဂ္ဂိုလ်တွေရဲ့ အကူအညီမျိုးတွေ၊ မိမိတို့ ပူဇော် ပသနေတဲ့ ဘိုးတော်မယ်တော်တွေဆီကနေ အကူအညီရလာတာမျိုးတွေ၊စသည်ဖြင့် မမြင်ရသော အကူအညီတွေ ၊ ဒုက္ခရောက်တဲ့အခါ ကူညီမဲ့သူပေါ်လာတာမျိုးတွေဖြစ်ရကြုံရတတ်ပါတယ်။သတိထားရမှာက မငြိမ်းချမ်းဘဲ စစ်ပွဲ တွေ ဖြစ်နေတဲ့နေရာအနီးမှာ နေထိုင်ကြတဲ့ ဗုဒ္ဓဟူး၊ရာဟုသားသမီးတွေဟာ အခြားနေ့နံတွေထက် ပိုမိုအန္တရာယ်ဖြစ် လွယ် တာကိုလဲ ထင်ရှားတွေ့ရတာမို့ တိုက်ပွဲသံကြားပြီဆိုကတည်းက ဘေးလွတ်ရာသာ ရှောင်နေဖို့ တိုက်တွန်းချင်ပါ တယ်။

🧑‍🏭အလုပ်အကိုင်နှင့်စီးပွားရေး

            ဒီလိုနှစ်ပိုင်းတွေရောက်လာပြီဆိုရင် ဗုဒ္ဓဟူးရာဟုသားသမီးတွေက မိမိမှာရှိတဲ့ အစွမ်းအစတွေကို အစွမ်းကုန် ထုတ်သုံးပြီး လုပ်ကိုင်သင့်တဲ့ကာလပါပဲ။ ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်းကိုယ်စတွေကို လုပ်ငန်းစီးပွားတွေနဲ့ ပေါင်းစပ်ပြီးလုပ် ကိုင်နိုင်မယ်ဆိုရင်တော့သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေကို ခံစားရတတ်ပါတယ်။ ငွေရှိလို့ လုပ်ငန်းတွေ ထပ်ချဲ့ ချင်တာမျိုးရှိရင်လဲ ဆောင်ရွက်လို့ရပေမဲ့..ရှယ်ယာခေါ်တာမျိုးတွေ၊ အစုစပ်လုပ်တာမျိုးတွေတော့ ဒီလိုကာလမှာ မသင့် ဘူးလို့ ကံက ပြနေတာတွေ့ရပါတယ်။ သူငယ်ချင်းတွေနဲ့ တစ်ယောက်တစ်ဝက် စပ်တူစလုပ်မယ်ဆိုရင်တော့ ဒီကာလ က အရှုံးပြနိုင်တဲ့အနေအထားမျိုးရှိပါတယ်။ နိုင်ငံခြားရောက်နေတာမို့ ကိုယ်တိုင်မလုပ်ဘဲ စပ်တူသဘော ငွေလှမ်း ထည့်ပြီးသူများကိုလုပ်ခိုင်းတာမျိုးတွေလဲ အားမပေးပါဘူး။ဝန်ထမ်းလခစားတွေအနေနဲ့ မိမိတို့ရဲ့ စွမ်းဆောင်ရည် ကြောင့် ရာထူးတိုးနိုင်တာမျိုးတွေကြုံရတတ်ပေမဲ့…ရာထူးနဲ့အတူ နယ်ပြောင်းပြီးတာဝန်ထမ်းဆောင်ရတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ အလုပ်ကံစီးပွားကံတွေကတော့ ညံ့ဖျင်းနေတဲ့ အနေအထားမျိုးတော့ မရှိပါဘူး။

            ကိုယ်ပိုင်စီးပွားရေးသမားတွေအနေနဲ့ သိသာထင်ရှားတဲ့ တိုးတတ်မှုတွေကို ရလာတတ်ပါတယ်။ ကြိုးစားသ လောက် အောင်မြင်မှုတွေကိုလဲ ပြည့်ပြည့်ဝဝရရှိနိုင်တာကို တွေ့ရပါတယ်။ ရာဟုသားသမီးတွေအနေနဲ့ကိုယ်ပိုင်စီးပွား ကံပိုမိုအားကောင်းပြီး တရှိန်ထိုး တိုးတတ်သွားနိုင်တာကိုတော့ ငြင်းလို့မရပါဘူး။ လုပ်ငန်းပိုင်း ပိုမိုကျယ်ပြန့်လာခြင်း၊ မိမိပင်မအလုပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွဲတွေ ချဲ့ထွင်လုပ်ကိုင်လာနိုင်ခြင်းစသော အကျိုးရလဒ်တွေကိုခံစားစံစားရ တတ်ပါတယ်။ဗုဒ္ဓဟူးသားသမီးတွေကတော့ လုပ်ငန်းပိုင်းအပြောင်းအလဲတွေ၊ အစိုးရရဲ့ ပေါ်လစီအပြောင်းအလဲတွေ ကြောင့် လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်လို့မရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ခေတ်ရဲ့ အပြောင်းအလဲကိုကြည့်ပြီးလုပ် တတ် ကိုင်တတ်တဲ့ ဗုဒ္ဓဟူးသားသမီးတွေကတော့  တိုးတတ်မှုထင်ရှားအောင်မြင်ပါလိမ့်မယ်။

💰ငွေကြေး ကံကြမ္မာ

            ငွေကြေးကံကတော့ ဗုဒ္ဓဟူးသားသမီးတွေက ပိုကောင်းတာကို တွေ့ရပါတယ်။ ငွေကြေးစုနိုင်၊ဆောင်းနိုင်တဲ့ အထိ ငွေမြဲမယ်။ငွေကြေးတိုးပွားမှုထင်ရှားနိုင်ပါတယ်။ အသုံးအစွဲကြီးပြီး ငွေမစုတဲ့သူမျိုးတွေတောင်မှ မရှိမရှားလို့ ပြောရလိမ့်မယ်။ ငွေပြတ်သွားလဲ ခဏပါပဲ။ ဗုဒ္ဓဟူးသားသမီးတွေအတွက် အရင်ကတည်းက ကပ်စေးနည်းပြီးငွေစု တတ်သူဆိုရင် တစ်နှစ်တာပတ်လုံးငွေအမြောက်အများစုဆောင်းသွားနိုင်ပါလိမ့်မယ်။ရာဟုသားသမီးတွေကတော့ ငွေကံအားနည်းတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ ငွေက ဝင်သလောက်ပြန်ထွက်သွားတတ်ပါတယ်။ ငွေစုရလဲ အလွန်ခက်ခဲတတ်ပါတယ်။ မိသားစု အောက်လက်ငယ်သားတွေကြောင့် ငွေကုန်တာမျိုးတွေ၊ ကျန်းမာရေးကြောင့် ငွေကုန်တာမျိုးတွေ၊စက်ပစ္စည်းအပျက်အစီးများလို့ ပြန်ဝယ်ရတာကြောင့် ငွေကုန်တာမျိုးတွေလဲ အလွန်ဖြစ်တတ်တဲ့ နှစ်ပဲဖြစ်ပါတယ်။ ကြာသပတေးဂြိုဟ်ခွင်ရဲ့ စင်ကြယ်မှုတွေကြောင့် ငွေကုန်တာ ၊အဖတ်မတင်တာလေးတွေရှိပေမဲ့ ငွေကတော့ ဗုဒ္ဓဟူးရော၊ရာဟုရော ငွေအဝင်အားကောင်းပါတယ်။ ဝန်ထမ်းတွေလစာတိုးတတ်နိုင်ပါတယ်။ စီးပွားရေး သမားတွေလဲ အရင်က  လုံလည်ချာလည်ဖြစ်နေရင်တောင်မှ..ဒီနှစ်မှ အကျိုးအမြတ်ဆိုတာလေးတော့စတင်မြင်ရ တတ်ပါတယ်။

❤️အချစ်ရေးနှင့် အိမ်ထောင်ရေး

            ယေဘုယျအားဖြင့် အချစ်ရေးကံကောင်းတယ်လို့တော့ ပြောလို့ရပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ထင် ထားသည်ထက် ပိုမိုကံကောင်းနေတတ်တာကိုတွေ့ရတတ်ပါတယ်။ ရင်ထဲကြိတ်ပိုးပြီး လှလွန်းသူမို့ ကိုယ်နဲ့ မတန်ပါ ဘူးဆိုပြီး ဖွင့်ပြောဖို့ အားငယ်နေတယ်ဆိုရင် ဒီနှစ်မှာဖွင့်ပြောကြည့်ပါ။ ရလဒ်ကောင်းဖို့ ၈၀% သေချာ သလောက်ရှိ ပါ တယ်။ချစ်သူခင်သူပေါများတတ်ပါတယ်။အရင်ကတည်းက အချစ်ရေးရှုပ်ထွေးတတ်သူဆိုရင် လှေနံ နှစ်ဖက်နင်းမိ တာမျိုး၊ ငါးရံနှစ်ကောင်ဖမ်းချင်တာမျိုး ဖြစ်ပြီး ချစ်သူ ၂ယောက်နဲ့ အလုပ်များနေတတ်ပါတယ်။  ဗုဒ္ဓဟူးသားသမီးတွေ အနေနဲ့ တစ်ခုတော့ သတိထားရမယ်ဗျ…၊၊ရာဟုမပါဘူးနော်။ ဗုဒ္ဓဟူးပဲ….။ဘာလဲဆိုတော့ ချစ်သူ နဲ့ အတူနေတဲ့အခါ တွေမှာ ဓာတ်ပုံ၊ဗီဒီယိုတွေ ရိုက်မထားပါနဲ့။ လိုင်းပေါ်မှာ ပြန့်သွားတတ်တဲ့ ကာလပါပဲ။ sex ကိစ္စတွေနဲ့ ပတ်သက်ပြီး အရှက်ရစရာလေးတွေဖြစ်တတ်ပါတယ်။ မိန်းကလေးတွေစုနေကြတဲ့ အဆောင်တွေမှာ နေတဲ့သူဆိုရင် လဲ သတိထား ပါ။အဝတ်အစားလဲတဲ့အခါ လုံခြုံတဲ့နေရာမှာလဲ ပါ။ မိန်းကလေးတွေချည်းပဲဆိုပြီး အကုန်ချွတ်ပြီးလဲတာ မျိုးတွေ ရှောင်ပါ။ မနာလိုသူက video ရိုက်ထားပြီး ပြန်ဖြန့်တာမျိုးတွေကြောင့် အရှက်တကွဲဖြစ်ရနိုင်တာကို တွေ့ရလို့ ပါ။

            အိမ်ထောင်‌ရေးမှာတော့ ပျော်စရာအချိန်တွေကို ဖန်တီးလာနိုင်တာကိုတွေ့ရပါတယ်။ ကလေးရဖို့ကြိုးစား နေ သူများ သားသမီးရင်သွေးရလာဖို့ အကြောင်းဖန်လာတတ်ပါတယ်။ လင်မယားနှစ်ဦး အတူတူလုပ်တဲ့ လုပ်ငန်းစီးပွား တွေလဲ တိုးတတ်လာနိုင်တာကိုတွေ့ရပါတယ်။ အိမ်ထောင်ဘက်ဆီကနေ တန်ဖိုးကြီးပစ္စည်းတွေ လက်ဆောင်ရတတ် ပါတယ်။ ဖောက်ပြန်တာမျိုး၊အငယ်အနှောင်းထားတာမျိုးလုပ်မိရင်တော့သတိထားပါ။ ထိုအငယ်အနှောင်းကလဲ အရှုပ် ထုပ် ဖြစ်နေတတ်ပြီး သူပြဿနာမီးတောက်က မိမိဆီကူးစက်လာတတ်ပြီး မိမိအိမ်ထောင်ရေးကိုတောင် ထိခိုက်တတ် ပါတယ်။

🧑‍⚕️ကျန်းမာရေး

            ကျန်းမာရေးကတော့ အထူးညံ့နေတာမျိုးတော့ မတွေ့ရပေမဲ့ ကျန်းမာရေးကောင်းနိုင်တယ်လို့တော့ ကံသေ ကံမ မပြောနိုင်ပါဘူး။ ထိခိုက်ရှနာဖြစ်တာမျိုးတွေ၊Accident ဖြစ်တာမျိုးတွေ သတိပြုသင့်ပါတယ်။ ဒါအပြင် ခွဲစိတ် ကုသရမဲ့ရောဂါတွေရှိရင်လဲ ဒီနှစ်မှာ မဖြစ်မနေ ခွဲစိတ်ကုသရတတ်ပါတယ်။လည်ချောင်းနဲ့ပတ်သက်သော ရောဂါ၊ အာသီရောင်ခြင်း၊အစာအိမ် အူလမ်းကြောင်း၊ အူရောင်ငန်းဖျား၊ လက်ပုခုံးခိုက်မိခြင်း၊ လည်ပင်းကြီးခြင်း စသော ရောဂါ တွေကိုအထူးဂရုစိုက်သင့်တဲ့နှစ်ပဲဖြစ်ပါတယ်။ကျန်းမာရေးက ဒီနှစ်မှာ ရုတ်တရက် ထဖြစ်ခြင်းတွေကြုံရတတ်ပါတယ်။ ရောဂါဖြစ်ရင် အရှင်းမပျောက်ဘဲ နာတာရှည်တာမျိုးဖြစ်တတ်ပါတယ်။ရောဂါကို မွေးမထားပါနဲ့။ အထူးသဖြင့်ဆေး လည်ပတ်အောင် သောက်ရတဲ့ TB လို ရောဂါမျိုးတွေဖြစ်ရင် မပေါ့ပါနဲ့။ ဆေးယဉ်ပါးပြီးဒုက္ခရောက်နိုင်တာကိုတွေ့ရ ပါတယ်။ နားမလည်တဲ့စက်ပစ္စည်းတွေကို လျှောက်ကလိတာမျိုးတွေ မလုပ်ပါနဲ့။ လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ စက် ယန္တရားတွေကို ကိုယ့်အပိုင်းမဟုတ်ဘူးဆိုရင်တော့ သွားမလုပ်ကြည့်ဖို့လိုပါတယ်။

🫱🏼‍🫲🏾လူမှုဆက်ဆံရေး

            လူမှုရေးကဏ္ဍပိုင်းတွေကတော့ အောင်မြင်နိုင်တာကိုတွေ့ရပါတယ်။ လူမှုရေးအားကောင်းပြီး အကောင်းဆုံး လူမှုဘဝကို ဖန်တီးနိုင်တာကိုတွေ့ရပါတယ်။တစ်ခုသတိထားရမှာက ကျောင်းတော်က ရန်စ‌တွေလို့ ပြောကြလေ့ရှိတဲ့ ဟိုးအရင်ကတည်းက ကိုယ့်ကိုရန်သူလို့သဘောထားသူတွေရှိရင် သတိထားပါ။ ထိုသူတွေက မိမိတို့ရဲ့ဂုဏ်သိက္ခာတွေ ကို ကောင်းစွာထိုးနှက်တိုက်ခိုက်နိုင်ပါတယ်။ ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင် အမှားမရှိအောင်နေထိုင်ပါ။ ရန်သူတွေကို အခွင့်အရေးမရအောင်လုပ်ထားပါ။  မိမိဆီမှာရှိတဲ့ အားနည်းယုတ်လျော့နေတဲ့အချက်တွေကို ရှာဖွေပြုပြင်ပါ။ အောက် လက်ငယ်သားတွေကို ကောင်းစွာကိုင်တွယ်တတ်ဖို့လိုပါတယ်။ အောက်လက်ငယ်သားဝန်ထမ်းတွေကို ဘက်လိုက်ပြီး ပြုမူဆောင်ရွက်တဲ့ကိစ္စတွေက မိမိကိုထိခိုက်လာတတ်ပါတယ်။ မိမိက မန်နေဂျာ ၊အုပ်ချုပ်သူ ဆိုရင် ဘယ်ဝန်ထမ်း အပေါ်မှာမှကျောသားရင်သားခွဲခြားပြီးဆက်ဆံခြင်းမျိုးမလုပ်မိပါစေနဲ့။

👌ပညာရေး

             ပညာရေး ကံကောင်းတဲ့နှစ်ဖြစ်ပါတယ်။ အထက်တန်းအဆင့် ကျောင်းသားလူငယ်များ အားထည့်ပြီးသာ ကြိုးစားပါ။ သေချာပေါက်ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ အဆင့်မြင့်ဘော်ဒါတွေ၊ စည်းကမ်းစနစ်ကြီးပြီး အချိန်အတိအကျနဲ့ စနစ်တကျသင်ကြားတဲ့ကျောင်းတွေကို ရွေးချယ်ပြီး ကြိုးစားသင့်ပါတယ်။ ဒီနှစ်က မိမိရဲ့လိုချင် စိတ်နဲ့ အာရုံစူးစိုက်နိုင်မှုက သေချာပေါက် ရလဒ်ကောင်းတွေကိုဖော်ဆောင်ပေးနိုင်ပါတယ်။မိဘတွေအနေနဲ့လဲ GUIDE သဘောမျိုး ဆရာခေါ်ထားခြင်း၊ ဒါမှမဟုတ် မိဘကိုယ်တိုင်က TIME Table နဲ့ guideလုပ်ပေးနိုင်မယ်ဆို ရင်တော့ သေချာပေါက် ရလဒ်ကောင်းတတ်ပါတယ်။

            အထက်တန်းအဆင့်ပြီးလို့ တက္ကသိုလ်ရွေးချယ်ရတဲ့ အပိုင်းနဲ့ အသက်မွေးမှုပညာသင်ကြားတဲ့အပိုင်းတွေမှာ တော့ မိမိတို့အနေနဲ့ သေချာရွေးချယ်တတ်ဖို့လိုပါတယ်။ လမ်းကြောင်းလွဲတာမျိုးတွေ၊ မိမိနဲ့သဟဇာတ မဖြစ်သော ပညာမျိုးတွေကို ရွေးချယ်မိတာမျိုးရောဖြစ်တတ်ပါတယ်။

☯️ဆောင်ရန်၊ရှောင်ရန် ယတြာများ

 👉 စက်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုခြင်း သတိထားဆောင်ရွက်ပါ။

💥မပျင်းပါနဲ့။ မလေးပါနဲ့ ။ကိုယ်စွမ်းကိုယ်စကို ထုတ်သုံးပါ။

💥လက်ဖက်သုပ်လေး မကြာခဏဘုရားကပ်လှူပေးပါ။

💥နာရီအပျက်အစုတ်တွေကို စွန့်ပစ်ပါ။

💥အရေးကြီးကိစ္စတွေရှိရင် လိမ္မော်ရည်သောက်ပြီးမှသွားပါ

💥လောကဝိဒူ ဂုဏ်တော်ကို ၄၅ခေါက် နေ့စဉ်ရွတ်ပွားပါ။

✅နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)ကျွန်တော့်ကို support ပေးလိုသူများ နားဆင်နိုင်ပါပြီ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

၀၉၇၇ ၅၅၅၅ ၆၉၅

ကူးယူဖော်ပြခွင့် မပြုပါ။ shareလိုက shareနိုင်ပါတယ်။

24.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင် ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ  ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၁)လုံးသည့်အတွက် မြင့်တက်ခြင်းကို ပေးသော တီထိ ဖြစ်ကာ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ အိမ်ဆောက်၊ အိမ် ပြင်ခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်း၊ ဆံသ၊ ဆံဖြတ်ခြင်း၊ မွေးကာစ ကလေးငယ်ကို ရေချိုးမင်္ဂလာပြုခြင်း၊ ရဟန်းခံ ရှင်ပြုခြင်း၊ အေးချမ်း၍ တိုးတက်အောင် ပြုလုပ်ရသော လုပ်ငန်းမျိုးများ၊ လယ်ယာ စိုက်ပျိုးရေး၊ မေ့ဆေးပေးခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ ဆီးလိမ်းကျံခြင်း၊ အိပ်ယာ၊ ကုတင်၊ ဧည့်ခန်း၊ ဆိုဖာ၊ ကုလားထိုင်များ ဝယ်ယူအသစ်လဲခြင်း၊ ပန်းပုထုခြင်း၊ သစ်ပင်ခုတ်ဖြတ်ခြင်း၊ အမွှေးနံ့သာ၊ ပန်းမာလာများ စီခြယ်သော Decoration များ ပြုလုပ်နိုင်ပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၁၄)နာရီမှ နံနက်(၈း၀၆)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုတ်/စာပေ၊ စာပုံနိုတ်စက်လုပ်ငန်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီးသွား လာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း၊ မေတ္တရေးစကားပြောဆိုခြင်း၊ အလှပြုပြင်ခြင်း၊ လက်ဝတ်ရတနာ ဆင်ခြင်း၊ ပန္နပ်ရိုက်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချီရေး ကောင်းသည်။ (သွာတိနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူတွေဟာ ရဲ့စွမ်းသတ္တိရှိသူ၊ပြတ်သားသူတွေ၊ရဲရဲတောက်ကြိုးစားသူတွေဖြစ်နေတတ်ပါတယ်။ ယနေ့ မွေးဖွားသူ များသည် စိတ်ဓါတ် ခိုင်မာပြတ်သားပြီး မည်သည့်အလုပ်ကို လုပ်ကိုင်ဆောင်ရွက် သည် ဖြစ်စေ စိတ်ရှည်သည်းခံ၍ အောင်မြင်ပြီးမြောက်သည်အထိ ဇွဲလုံ့လ၊ ဝီရိယအပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက် တက်သူ တစ်ဦးဖြစ်နေပါသည်။ အရာရာကို စနစ်တကျဆုံးဖြတ်လုပ်ကိုင်၍  စည်းကမ်းပိုင်းဆိုင်ရာအရ တခြားသူတွေ ဆီက လေးစားမှုကို အလွယ် တကူရနိုင်ပါတယ်။ မိမိအတွက် အရေးအကြီးဆုံးဟု ယူဆထားသည်မှာ မိမိ၏ မိသားစု၊ ပတ် ဝန်းကျင်နှင့် လုပ်ငန်း ခွင်ဆိုင်ရာ ပေါင်းသင်းဆက်ဆံမှုအားလုံးကို အထူးလေးစား တန်ဖိုးထားတက်သူ တစ်ဦး ဖြစ်ပါ သည်။ ဘဝသက် တမ်း တစ်လျှောက် ပုံမှန်လမ်းရိုးလမ်းစဉ်မှခွဲထွက်၍ အသစ် အသစ်သော လုပ်ငန်းများကို လုပ် ကိုင် ဆောင်ရွက် နေတတ် ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၄) နာရီမှ မွန်းလွဲ(၁း၃၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူကာ “အရဟံ အောင်သိဒ္ဓိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးဖျော်ရည် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

23.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလပြည့်နေ့ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၆)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်း စိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက် တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ လပြည့်တီထိ အနေဖြင့် တည်ငြိမ်၊ အေးချမ်း၊ ပျော်ရွှင်မှုကို ပေးစွမ်းသော တီထိ လုပ်လက်စအလုပ်တွေ၊ မပြီးပြတ်သေးတဲ့ အလုပ်တွေကို ပြီးဆုံးအောင်ဆက်လုပ်နိုင်ပေမဲ့ အလုပ်အသစ် တစ်ခုကိုစမယ်ဆိုရင်တော့ အခက်အခဲများနိုင်ပါတယ်။ လမ်းဟောင်းတွေကပိုကောင်းပြီး လမ်းသစ်တွေက အခက် အခဲများ နိုင်တဲ့နေ့ပါပဲ။

စာရေးခြင်း၊ ကဗျာရေးခြင်း၊သီချင်းသံစဉ်ရှာဖွေခြင်းများအထူးကောင်းပါတယ်။ စာကောင်းတစ်ပုဒ်ရရှိနိုင်တဲ့နေ့ရက် ပါပဲ။ ပညာဖြင့် အသက်မွေးကြသူများ ဒီနေ့မှာတပည့်မွေးခြင်း သင်တန်းသားအသစ်လက်ခံခြင်းများလဲအထူး ဆောင် ရွက်နိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ရစရာရှိတဲ့ငွေကြေးတွေကို ပြန်လည်တောင်းခံလို့ အထူး ကောင်းပါ တယ်။

စက်ပစ္စည်းအသစ်များဝယ်ယူခြင်း၊ စက်များတပ်ဆင်လည်ပတ်ခြင်းများ စတင်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ မိမိစိုက် ပျိုး ထားတဲ့သစ်ပင်ပန်းမန်တွေကို ဓာတ်မြေသြဇာကျွေးခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ ယာဉ်စက်ကားတွေ နဲ့ရင်း နှီး ပြီးလုပ်ကိုင်ရတဲ့အလုပ်များ တိုးတတ်အဆင်ပြေပါလိမ့်မယ်။အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်ခြင်း၊ တံတားမြောင်း ပြုပြင်ခြင်း၊  သမထဘာဝနာ ပွားများခြင်းများဆောင်ရွက်လို့ အလွန်မှအကျိုးထူးပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၁၈)နာရီမှ နံနက်(၈း၁၀)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး၊ အရောင်းအဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုပ်/စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီး သွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း၊ မေတ္တရေးစကားပြောဆိုခြင်း၊ အလှပြုပြင်ခြင်း၊ လက်ဝတ်ရတနာ ဆင်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချီရေးကောင်းသည်။ (စိတြနက္ခတ် စန်းယှဉ် သော အခါတွင်ပြုလုပ်ဆောင်ရွက်ရပါမည်။)

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ စိတြာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ယနေ့ မွေးဖွားသူများသည် အလွန်လိမ္မာပါးနပ်ပြီး မကြာခဏ စိတ်မြန်လက်မြန်နှင့် မိုက်ရူးရဲဆန်ဆန် ဆုံးဖြတ် တတ်လုပ်ကိုင်တတ်ခြင်းသည်ပင် မိမိ၏ ပင်ကို စရိုက်လက္ခဏာ ဖြစ်နေတတ်ပါသည်။ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်ပြီး အလွန်ထူးချွန်သူအဖြစ် ထင်ရှားကျော်ကြား၍ မိမိပတ်ဝန်းကျင်တစ်ခုလုံးအပေါ် များစွာ လွှမ်း မိုး ချုပ်ကိုင်နိုင်သော အစွမ်းအစများဖြင့် ပေါ်လွင် တောက်ပနေပါလိမ့်မည်။ ထူးခြားသည်မှာ  မိမိဘဝလမ်းကြောင်း သည် တစ်ခုထက်မကသော လုပ်ငန်းကိစ္စများ အားလုံးကို တစ်ပြိုင်တည်း ပြီးမြောက် အောင် မြင်အောင် ပြုလုပ်နိုင် သည်အထိ ထူးချွန်သော စွယ်စုံရရှိသူ တစ်ဦး ဖြစ်ပါသည်။ မိမိသည် ပုံမှန်နှင့်မတူသော ထူးခြားသော လမ်းကြောင်း များဖြင့် လူအများနှင့် ပေါင်းသင်းဆက်ဆံ ခင်မင်တတ်သူ တစ်ဦး ဖြစ်နေပါသည်။ လူချစ် လူခင်များပြီး အပေါင်း အသင်း ဝင်ဆံ့သူဖြစ်ပါတယ်။ အနေအေးပြီး ဆက်ဆံရေးကျဲသလိုဖြစ်နေပေမဲ့ တကယ်ပေါင်း ကြည့်သူများကတော့ ကိုယ့်ကို မမေ့နိုင်ဖြစ်တတ်ပါတယ်။ အကြောင်းပြခြင်း၊ဆင်ခြေပေးခြင်းမျိုးတွေကို ရှောင်နိုင်ရင် တော့ ထူးချွန်တဲ့သူ ဖြစ်နိုင်တဲ့ဇာတာရှင်ပဲဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။နောက်ထပ် သတိထားရမှာက ကျန်းမာရေးပါ။ ဒီနေ့မွေးသူ များဟာ မကောင်းတဲ့အချိန်ကာလတွေမှာ မွေးဖွားမိတယ်ဆိုရင်တော့ ငယ်ငယ်ကတည်းက ရောဂါပါလာတတ်ပြီး  ရောဂါမကင်းကြသူတွေ၊ မျိုးရိုးလိုက်သော ရောဂါပါလာတတ်သူမျိုးလဲဖြစ်နေတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၃) နာရီမှ ညနေ(၄း၄၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူကာ “နမောတဿ” (၉)ခေါက် ရွတ်ဆို သွား ပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

21.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။သမားညိုရက်ဖြစ်တာမို့ အချိန်အခါရွေးပြီးဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ကန်း၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၃)လုံးအနေဖြင့် အောင်မြင်ခြင်းကို သယ်ဆောင်လာသော တီထိနေ့ဖြစ်၍လမ်းအသစ်ဖောက်လုပ်ခြင်းများ၊ လမ်းဖောက်ဖို့အတွက်survey တိုင်း တာခြင်းများ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။စက်ကားယန္တရားနှင့် ပတ်သက်သော အလုပ်စီးပွားများ အဆက်အသွယ်တွေရပြီး အဆင်ပြေပါလိမ့်မယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်သောကိစ္စအ၀၀ကို အထူးအလေးထားဆောင်ရွက်နိုင်မဲ့ နေ့ ပါပဲ။ အဝတ်အထည်လုပ်ငန်းများ အထူး အလေးထားဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။

ဒီလိုနေ့ရက်မျိုးမှာ အလုပ်သစ်တစ်ခုစတင်လည်ပတ်ခြင်း၊ ဆိုင်အသစ်တစ်ခုစတင်ဖွင့်လှစ်ခြင်းများ ၊ ဆိုင်း ဘုတ် တင်ခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်အသစ်မှာနေထိုင်တာမျိုးတွေ၊အလုပ်ရုံးခန်းအသစ်မှာ စတင် လုပ်ကိုင်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။

အရပ်ဝေးနှင့် ဆက်စပ်လုပ်ကိုင်သောအလုပ်တို့ကနေ အကျိုးအမြတ်တွေ အထူးရရှိပါလိမ့်မယ်။ကုန်ပစ္စည်း အမှတ်တံဆိပ် အသစ်တစ်ခုကိုစတင်ဖြန့်ချီရောင်းချခြင်းမျိုး ဆောင်ရွက်လို့အထူးကောင်းပါတယ်။မိမိစိုက်ပျိုးထား တဲ့သစ်ပင်ပန်းမန်တွေကို ဓာတ်မြေသြဇာကျွေးခြင်းတွေ အထူးကောင်းပါတယ်။ ကလေးငယ်များအား အာဟာရ စတင်ကျွေးခြင်းတွေ၊ အားဆေးစတင်တိုက်ကျွေးခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ယနေ့ တည်ဆောက်မှု ကိစ္စအလုံးစုံကို ဆောင်ရွက်နိုင်မည်။ လုပ်ငန်းအကြံအသစ်များ စတင်ဆောင်ရွက်နိုင် မည်။ နေရာအပြောင်း အရွှေ့ ကိစ္စများ စတင်ဆောင်ရွက်နိုင်မည်။ အကြီးအကဲ၊ မိဘ၊ ဆရာသမားတို့ထံ ပူဇော်ဂါရဝ ပြုခြင်းများ ဆောင်ရွက်နိုင်မည်။ သတင်းအချက်အလက်များ စုစည်းရန် ရက်ကောင်း ဖြစ်သည်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၂၆)နာရီမှ နံနက်(၈း၁၈)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင် ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း နတ်စင်တည် ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသောရတနာများ ဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်း နှင့်အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ၊ ကောင်းသည်။ (ဥတ္တရဖလဂုဏီ နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဉတ္တရာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မိဿရာသီဖွား ဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အရည်အချင်းရှိပြီး နူးညံ့တဲ့နှလုံးသားရှိပိုင်ရှင်၊ ခေါင်းဆောင်ကောင်းတစ် ယောက် ဖြစ်ပါတယ်။ မိမိရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအားလုံး၏ ရလဒ်ကို အထူးသတိပြုရမည်။၊ မိမိဟာ အရှိန်အဝါ၊ ဂုဏ်ဒြပ် ကြီးမားသူဖြစ်၍ မည်သည့်ကိစ္စကို လုပ်ကိုင်ဆောင်ရွက်သည်ဖြစ်စေ ခမ်းခမ်းနားနားနှင့် သေချာ စနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်ပါသည်။ အခက်အခဲနှင့် အတိုက်အခိုက်အားလုံးကို လျင်မြန်စွာ ကျော်လွှား နိုင်စွမ်းရှိ သော်လည်း မိမိ၏ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းမရှိပါက မိမိ၏ အောင်မြင်မှုများသည်လည်း ရေရှည်တည်မြဲ နိုင်မည်မဟုတ်ပါ။ ထိုကြောင့် သူတစ်ပါးထက်ပို၍ မိမိ၏စိတ်ကို တည်ငြိမ်စွာ ထိန်းသိမ်း၍ အာရုံစူးစိုက်လုပ်ကိုင်ပါက အစစအရာရာ အဆင်ပြေအောင်မြင်နိုင်မည် ဖြစ်ပါသည်။ မိမိ၏ ကိုယ်ပိုင် ဘဝနေနည်းအရ မိမိသည် သူတစ်ပါးကို အထင်မကြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားတတ်သူ တစ်ဦးဖြစ်သည်။ မိမိသည် အပြောထက်အလုပ်ကို ဦးစားပေးလုပ် ကိုင် ဆောင်ရွက်တတ်သူ တစ်ဦးဖြစ်၍ မည်သည့်ကိစ္စကို လုပ်ကိုင်ဆောင်ရွက် ပြောဆိုလိုက်သည်ဖြစ်စေ လူအများ၏ လေးစား ချစ်ခင် အားကျအတုခိုးခံရသူ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပေမည် ဖြစ်ပါသည်။ပြုပြင်ရေးနဲ့ တီထွင်ရေးနယ်ပယ်မှာ အားကောင်းသော ဇာတာရှင်ဖြစ်တာမို့ မိဘအပံ့အပိုးကောင်းရင် ထူးချွန်သောတီထွင်သူဖြစ် နိုင်တဲ့ဇာတာဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၈) နာရီမှ ညနေ(၆း၂၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူကာ “ဗုဒ္ဓံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

20.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၂)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့် ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေ တာ ဖြစ်ပါတယ်။ ဆိုင်လုပ်ငန်းများ ရိုးသားကြိုးစားလို့ အောင်မြင်တဲ့ သူတွေဆိုရင်တော့ သတိထားပါဗျာ၊မနာလို သူ တွေရှိ နေတတ်ပါ တယ်။ ချောက်ချနိုင်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ရေနှင့်ပတ်သက်သော ပင်လယ်စာလုပ်ငန်းများ၊ အချိုရည် ၊အအေး၊ ရေသန့်လုပ်ငန်းများလဲ တိုးချဲ့လုပ်ကိုင်နိုင်တဲ့ နေရက်ပါပဲ။ အလှူအတန်းနဲ့ပတ်သက်သောကိစ္စ များ အမျှဝေ ရေစက်ချခြင်းများလဲ အထူးဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။

ငွေကြေးအပေးအယူကိစ္စများ၊ငွေချေးခြင်းများ၊ အာမခံခြင်းများတော့ လုံးဝမလုပ်လိုက်ပါနဲ့။ ဒီနေ့ငွေချေးမိရင်ပြန်ရ ဖို့ခက်ခဲတတ်ပါတယ်။ဒီလိုနေ့မျိုးမှာ ကုန်သွယ်စီးပွားများ ၊ကုန်ရောင်းကုန်ဝယ်အလုပ်များ အထူးအကျိုးပေးပါ တယ်။  အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ကြော်ငြာဝန်ဆောင်မှုုလုပ်ငန်းများအဆင်ပြေပါလိမ့်မယ်။ ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်းတက်ပါလိမ့်မယ်။

နည်းပညာအသစ်သစ်များ ရှာဖွေတွေ့ရှိလာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိလုပ်ငန်းအတွက် Marketing ဆင်း တာမျိုးတွေတွေ၊ customer တွေရဲ့ လိုအပ်ချက်တွေကို survey ကောက်ယူတာမျိုးတွေအထူးပဲအဆင်ပြေ ပါလိမ့် မယ်။ ဆိုင်းငံ့ထားတဲ့ ကိစ္စအ၀၀တွေကို ပြန်လည်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အခက်အခဲအကြပ်အတည်းတွေက နေလွတ်မြောက်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းအသစ်များရှိရင် ဒီနေ့မှာမိတ်ဆက်တာ၊ကြော်ငြာတာ၊ ဖြန့်ဖြုးရောင်းချတာမျိုးတွေ အထူးကောင်းပါတယ်။ ဒီနေ့ဟာ ကြော်ငြာရင်လူသိများနိုင်တဲ့နေ့ရက်ပါပဲ။

            အလှူအတန်းကိစ္စများ ဆောင်ရွက်နိုင်ပါသည်။ ဆောက်လုပ်ရေးကိစ္စများ ဆောင်ရွက်ရန် ကောင်းသောရက် ဖြစ်သည်။ အရပ်တစ်ပါးနှင့် ချိတ်ဆက်သော လုပ်ငန်းများ အကျိုးပေးမည်။ ကတိသစ္စာပြုခြင်း၊ စာရွက်စာတမ်း လက်မှတ်ရေးထိုးခြင်းများ ပြုနိုင်သည်။ လက်ထပ်မင်္ဂလာပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်။ 

            ယနေ့ ကာမမကြူးအပ်ပါ။ ရန်ပဋိပက္ခများ ဖြေရှင်းနိုင်မည်။ ရင်းနှီးမြှုတ်နှံမှုများ ဆောင်ရွက်ရန် မသင့်ပါ။ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ အစ အဖိုးထိုက်၊ အဖိုးတန်ပစ္စည်းများ ဝယ်ယူရန်မသင့်ပါ။ တက်ဈေးမိတတ်သည်။ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။ စတင်သောကိစ္စမှန်သမျှ နှစ်ကြိမ်၊ နှစ်ခါ ပြန်လည်လုပ်ကိုင်ရခြင်းများ ကြုံတွေ့ရတတ်သည်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၃၀)နာရီမှ နံနက်(၈း၂၂)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။ စာပေလုပ်ငန်း၊ စာရေးခြင်း၊ ကျောက်မျက်ရတနာတူဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်း၊ရေကန် တူးဖော်ခြင်း၊ ရှင်ပြု၊ ရဟန်းခံခြင်းကောင်းသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ညနေ ၃နာရီအထိပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မိဿ ရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် မိမိရဲ့ အခိုင်မာဆုံး အရည်အချင်းတွေထဲက တစ်ခုက မိမိရဲ့ ကြံရည်ကြံဆမှုပဲ ဖြစ်ပါတယ်။ မိမိသည် အကဲဖြတ်နိုင်မှုစွမ်းရည် ပြည့်ဝ၍ မည်သည့်အလုပ်ကို လုပ်ကိုင်ဆောင်ရွက်သည် ဖြစ်စေ အလွန်ထူးချွန်ပြီး ထူးခြားသော ရလဒ်ကောင်းများ အလွယ်တကူရနိုင်သည်။ တစ်ခါတစ်ရံ မိမိ၏ စိတ်မြန်တတ်သော အလေ့အထများကြောင့် အောင်မြင်ဖို့အတွက် နှောင့်နှေးကြန့်ကြာ သည်၊ စိတ်ရှည်သည်းခံနိုင်ခြင်း နည်းပါး တတ်ပါသည်။ စိတ်ထားဖြူစင် မြင့်မြတ်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာရေးတွင် မိမိသည် နွေးထွေးပြီး အကဲဆတ်သော စရိုက်နှစ်မျိုးရှိနိုင်သည်။ တစ်ခါတစ်ရံ ဖြစ်ချင်သည့် အရာနှင့် ဖြစ်နေသည့်အရာမှာလည်း နီးနီး လေးနှင့်ပင် ဝေးကွာနေရတတ်ပါသည်။ အခြားအရာများထက် ပျော်ရွှင်ပြီး သဟဇာတရှိသော ကိုယ်ပိုင်ဘဝသည် မိမိတန်ဖိုး ထားသောအရာဖြစ်ပေမည်။ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်မပြုပါက အိမ်ထောင်ရေးကံကောင်းတတ်ပါတယ်။ သက်လတ်ပိုင်း အသက် ၃၀ဝန်းကျင်းကစလို့ စီးပွားရေး၊အိမ်ထောင်ရေးနှင့် ဘဝအောင်မြင်ရေးအထူးကောင်းတဲ့ဇာတာပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၆) နာရီမှ နံနက်(၁၀း၃၀)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူကာ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

19.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၁)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၁)လုံးအနေဖြင့် ထပ်ပြန်တစ်လဲလဲ ရရှိသော ပျော်ရွှင်မှုလို့ သတ်မှတ်ရမည့် တီထိရက် ဖြစ်ပါတယ်။ အိမ်ထောင်ပြု၊ မင်္ဂလာအခါ၊ ဘာသာရေးကိစ္စရပ်များ၊ ကဗျာ၊ စာပေ၊ အနုပညာကိစ္စရပ်များ၊ ပညာသင် လက်ခံခြင်း၊  နတ်ပူဇော်ခြင်း၊ ဉပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးသွားခြင်း၊ အိမ်သစ်တက်ခြင်း၊ အအေး စသော စားသောက်ကုန် များကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ကို လုပ်ဆောင်ရန် ကောင်းပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊  ပျော်ရွှင်ခြင်းတို့ကို တာဝန်ယူသော နန္ဒာတီထိဖြစ်ပြီး သောကြာဂြိုဟ် အုပ်စိုးသောကြောင့် အဝတ်အထည်၊ အကအခုန်၊ သီဆိုခြင်း၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ ခြံမြေလုပ်ငန်းများအတွက် ကောင်းမွန်သော တီထိဖြစ်နေပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၃၄)နာရီမှ နံနက်(၈း၂၆)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နေ့လယ် ၁၁း၅၆မိနစ်ထိမာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။နေ့လယ် ၁၁း၅၆မိနစ်နောက်ပိုင်းပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ နေ့လယ် ၁၁း၅၆အထိမာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများတွင် ကိုယ်ရည်ကိုယ်သွေးနှစ်ခုရှိသည်။တစ်ခုမှာ စိတ်ဓါတ်ခိုင်မာပြီး ကြမ်းတမ်း ခက်ထန်တက်သကဲ့သို့ နောက်တစ်ခုကတစ်ခါတစ်ရံ ထိလွယ်ရှလွယ်နှင့် လိုက်လျောညီထွေရှိနိုင်ပြီး စိတ်ထားနူးညံ့ ပျော့ပြောင်း နေတတ်ပါသည်။ငွေကြေးကံအားကောင်းခြင်း၊ကျောထောက်နောက်ခံ အားကောင်းခြင်း များ ကြုံရတတ်သူဖြစ်ပါတယ်။ ဒါကြောင့်မိဘအသိုင်းအဝိုင်း ချမ်းသာသူဆီမှာ လူဖြစ်ရင်တော့ သေချာပေါက် အတိုင်းထက်အလွန်အောင်မြင်မဲ့သူတွေဖြစ်ပါတယ်။မိမိသည် ငွေရေးကြေးရေးအရ ကြီးကြီးမားမား မျှော်လင့်ချက် ထား သူ တစ်ဦး မဟုတ်ပါ။ နားလည်နိုင်စွမ်းရှိပြီး တောက်ပသောမိမိသည် ခက်ခဲသောအခြေအနေတစ်ခုကိုပင် လျင် မြန်စွာ ခွဲခြမ်းစိတ်ဖြာပြီး အခြားသူများ၏ လိုအပ်ချက်များကို အလိုလိုသိမြင်လာနိုင်သူတစ်ဦး ဖြစ်ပါသည်။ ထူးခြား၍ ဆန်းသစ်သော မိမိ၏ ကိုယ်ရည်ကိုယ်သွေးများကို အစွမ်းကုန် အသုံးချရန် အခွင့်အလမ်းများ ကြုံတွေ့ရတတ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၃၀) နာရီမှ မွန်းလွဲ(၁၂း၀၅)နာရီအတွင်း ကျရောက် နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူကာ “အရဟံ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

၁၃၈၆ ခုနှစ်အတွင်း ကြာသပတေးသားသမီးများအတွက် တစ်နှစ်စာဟောကိန်း

            ၁၃၈၆ခုနှစ်အတွင်း ကြာသပတေးသားသမီးတွေဟာ မူလဖွားဇာတာအရ အားနည်းချက်ရှိတဲ့သူမှအပ ကံဇာတာမြင့်မားခြင်းနှင့် လိုအင်ဆန္ဒပြည့်ဝခြင်းတွေကို အပြည့်အဝကြုံရတတ်တဲ့ကာလပါပဲ။ စိတ်ချမ်းသာစရာလေး တွေများနေတတ်သလို တဆင့်မြင့်တဲ့ ဘဝအခြေအနေကိုရောက်ရှိသွားတတ်ပါတယ်။ မိသားစုတွေကို ကောင်းစွာ ထောက်ပံ့နိုင်တဲ့အနေအထားမျိုးကြုံရတတ်သလို၊ အရာရာကိုလျှို့ဝှက်လုပ်ချင်စိတ်တွေမြင့်မားနေပြီး ကိုယ့်အနေ အထားကို ဘယ်သူကိုမှမပြော နေထိုင်လိုစိတ်ရှိနေတတ်ပါတယ်။ အသက် ၂၀ကနေ အသက်၃၁နှစ်အတွင်းရောက်ရှိ နေတဲ့ လူငယ်စီးပွားရေးသမားတွေအနေနဲ့ အောင်မြင်မှုတွေကိုထိတွေ့ခွင့်ရလာနိုင်တာကို မြင်ရပါတယ်။ ဒါအပြင် အသက်အားဖြင့် ၂၂နှစ်၊၂၉နှစ်၊၃၆နှစ်၊၄၃နှစ်၊၅၀နှစ်၊၅၇နှစ်၊၆၄နှစ်တွေနဲ့တိုက်ဆိုင်နေတဲ့ ကြာသပတေးသားသမီးတွေ ကတော့ အောင်မြင်မှုအပွင့်လန်းဆုံးအသက်အပိုင်းအခြားတွေဖြစ်နေတတ်ပါတယ်။

            ကြာသပတေးသားသမီးအနေနဲ့ မိတ်အိမ်မှာ ရပ်တည်နေတဲ့နှစ်အပိုင်းအခြားဖြစ်တာမို့ စီးပွားရေးအခွင့်အလမ်း တွေက မိမိဆီကိုတံခါးလာခေါက်လာလိမ့်မယ်။ မိမိက ရလာတဲ့အခွင့်အရေးတွေကို ဖမ်းဆုပ်လုပ်ကိုင်နိုင်ဖို့လိုပါတယ်။ မိတ်အိမ်ရဲ့သဘောက ကောင်းသောမိတ်ဆွေကောင်းတွေ ရလာခြင်း ၊မိမိရဲ့ကြိုးစားမှုကို အသိအမှတ်ပြုခံလာရခြင်း၊ အမိအဘတွေရဲ့ အားပေးမှု ၊ကူညီထောက်ပံ့မှုတွေကိုရလာတတ်ပါတယ်။

            အသင်းအဖွဲ့တွေမှာ အကြီးအမှူးအဖြစ်ဆောင်ရွက်ပေးရခြင်း၊ပရဟိတကိစ္စတွေမှာ ပါဝင်ပတ်သက်လာရခြင်း မျိုးတွေကြုံရတတ်သလို၊မိမိကြီးကြီးမားမားကြံစည်ထားတဲ့အလုပ်အကိုင်အစီအစဉ်တွေလဲ အကောင်အထည်ဖော်လာ ဖို့ လမ်းစမြင်ရနိုင်တာကိုအထူးတွေ့ရပါတယ်။ ကံပေးတုန်း မပျင်းနဲ့။မဖျင်းနဲ့။ပါးပါးနပ်နပ်နဲ့ အောင်မြင်မှုကိုရယူပါလို့ တိုက်တွန်းလိုက်ရပါတယ်။

🧑‍🏭အလုပ်အကိုင်နှင့်စီးပွားရေး

            ဒီကာလအတွင်းကောင်းသောအကူအညီတွေရလာတတ်ပါတယ်။လုပ်ငန်းပိုင်းဆိုင်ရာ တိုးတတ်ခြင်းတွေကိုမြင် လာရတတ်ပါတယ်။ဝန်ထမ်းလခစားတွေအနေနဲ့ ကောင်းသောနေရာပေးခြင်းကိုခံစားရနိုင်တာကိုတွေ့ရပါတယ်။ လုပ် ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် ခေါင်းဆောင်အတင်ခံရခြင်း၊ရာထူးတိုးခြင်းမျိုးတွေရှိလာနိုင်ပါတယ်။ တစ်ခု တော့သတိထားရမယ်…။တနင်္ဂနွေဂြိုဟ်ရဲ့ လွှမ်းမိုးခြင်းကိုခံနေရတဲ့ အတွက် သူတစ်ပါးကို ဆရာလုပ်မိတာ၊ဩဇာပေး မိတာမျိုးတွေကိုတော့ မဖြစ်အောင် သတိထားဖို့လိုပါတယ်။ အရင်ကတည်းက အခြေမခိုင်သူဆိုရင် အောက်ခြေလွတ် သွားတာ၊ဘဝင်ရူးသွားတာမျိုးတွေဖြစ်တတ်တာမို့ ကံကောင်းနေပေမဲ့ အကျနာတတ််ပါတယ်။ ဒါလေးတွေသတိထားနိုင် မယ်ဆိုရင် လုပ်ငန်းခွင်နယ်ပယ်မှာ အဆင်ပြေတိုးတတ်မှုကို အထင်အရှားမြင်လာရတတ်ပါတယ်။

            ကိုယ်ပိုင်စီးပွားရေးတွေနဲ့ပတ်သက်ပြီးတော့လဲ ဒီနှစ်အတွင်းမှာ မိမိတို့ထင်မထားတဲ့ ပြောင်းလဲတိုးတတ်မှုတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းပိုင်းမှာ ကြိုးစားတည်ဆောက်ပြီး ထင်သလိုအဆင်မပြေတာမျိုးတွေရှိရင်လဲ ဒီလိုနှစ်ပိုင်း မှာ ပြန်လည်ပြီး လည်ပတ်သွားနိုင်ပါလိမ့်မယ်။ ဦးဆောင်ပြီးလုပ်ရမယ်ဆိုတဲ့ ကိစ္စရှိလာရင် မိမိကသာဦးဆောင်လုပ်ပါ။ ဒီနှစ်က နောက်ကွယ်ကနေ ကြိုးကိုင်တာထက် ရှေ့ထွက်စစ်သူကြီးလို ရှေ့ဆုံးကနေ ကြိုစားရပါလိမ့်မယ်။ ခေတ်ရေးစီး ကြောင်းအရ လိုအပ်ချက်ရှိလာတဲ့ စွန့်ဦးတီထွင်အလုပ်တွေကို လေ့လာပါ။ဆောင်ရွက်ကြိုးစားကြည့်ပါ။ တစ်ခုထက် မကသော အလုပ်တွေကို ကိုင်တွယ်လုပ်ကိုင်ရပေမဲ့ နိုင်နင်းပါတယ်။ ဆိုင်ခွဲတွေဖွင့်ချင်တာမျိုးတွေအထူးကောင်းပါ တယ်။သွင်းကုန်ထုတ်ကုန်အလုပ်တွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ဈေးကွက်ထိုးဖောက်ခြင်းတွေကို အလေးထား ဆောင်ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်တတ်ပါတယ်။

💰ငွေကြေး ကံကြမ္မာ

            ငွေကံက ဒီနှစ်မှာ လက်ထဲထားလို့မရဘူးဗျ…နားလည်အောင်ပြောရရင် အလုပ်အဆင်ပြေလို့ ငွေရလာရင် ငွေအခြားနည်းနဲ့ဖလှယ်ပြီး ငွေစုပါ။ အလွယ်ဆုံးကတော့ ရွှေဝယ်ထားတာမျိုးပေါ့ဗျ။ အရင်လက်ထဲရှိတဲ့ငွေမဟုတ်ဘဲ ဒီနှစ်ထဲ ငွေများများဝင်လာပြီး လက်ထဲကိုင်ထားရင်ကို အဟောသိကံ အဖတ်မတင်ဘဲကုန်သွားတတ်ပါတယ်ဗျ။ ဒါ ကြောင့် အိမ်ရှင်မတွေအနေနဲ့လဲ ဈေးအသုံးစရိတ်နဲ့ ကျန်းမာရေးအတွက် ချက်ချင်းလွယ်ကူအောင်ငွေကိုင်ထားတာ ကလွဲရင် ဘဏ်စုတာ၊ရွှေစုတာမျိုးသာ လုပ်သင့်ပါတယ်။ ငွေကလက်ထဲရှိနေလို့ကတော့ ရကုန်ပဲဗျ။ ငွေကံညံ့နေတာ မျိုး မဟုတ်ဘူးဗျ။ ငွေမမြဲတာ…။ ငွေကံကတော့ကောင်းနေတာမို့ အမွေရခြင်း၊ကံစမ်းမဲပေါက်ခြင်း၊ အဘက်ဘက်က ငွေဝင်လာတတ်ခြင်း၊ ရာထူးလစာတိုးခြင်း၊ လုပ်ငန်းအဆင်ပြေလို့ ငွေတိုးပွားလာခြင်းတွေကြုံရတတ်ပါတယ်။ လူငယ် တွေအနေနဲ့တော့ ငွေကြေးစီမံမှုအားနည်းသူဆို မလိုအပ်တာတွေဝယ်မိပြီး တိုးပွားမှုထက် ငွေကြောင့်ပဲ ဆုတ်ယုတ်မှု တွေဖြစ်စေပါတယ်။ အထူးသဖြင့်ငွေကို ကားဝယ်ပြီးရင်းနှီးမြုပ်နှံမယ်ဆိုသတိထားပါ။ဒီနှစ်က ကားလုပ်ငန်းတွေက လုပ်လက်စသူတွေ၊ ပွဲစားတွေလောက်အကျိုးပေးပေမဲ့ ..ကားစထောင်ပြီးစီးပွားလုပ်မယ်ဆိုရင်တော့ သတိထားပါ။ နီးစပ်တဲ့ဆရာတွေဆီမှာ လက်ရှိသက်ရောက်ကံနဲ့ အဆင်ပြေမပြေစစ်ဆေးပြီးမှသာ ကားနဲ့အလုပ်လုပ်ပါ။

❤️အချစ်ရေးနှင့် အိမ်ထောင်ရေး

            အချစ်ရေးကတော့ မြီးကောင်ပေါက်အရွယ်တွေကို အရင်စပြောချင်တယ်…။ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန် တတ်တဲ့အရွယ်တွေအနေနဲ့ မဖြစ်သင့်တာတွေဖြစ်သွားတတ်ပါတယ်။ အနေနီးရာကနေ အသက်အရွယ်ကွာဟသူနဲ့ ချစ်ကြိုးသွယ်မိတာတွေ….၊လိုင်းပေါ်ကနေ နောက်ကြောင်းမရှင်းသူတွေနဲ့ချစ်ကြိုက်မိပြီး ပြဿနာရှင်းရတာတွေ ဖြစ် လာတတ်ပါတယ်။ အုပ်ထိန်းသူမိဘတွေအနေနဲ့ သားသမီးကိုဖုန်းပေးပြီးလွှတ်ထားမိရင် အချစ်နဲ့ပတ်သက်ပြီးအရှက် တကွဲဖြစ်နိုင်တာမို့ …ကြာသပတေးသားသမီး လူပျိုပေါက်၊အပျိုပေါက်တွေအိမ်မှာရှိရင် သတိထားပါ။ ချစ်သူရည်းစား ရှိပြီးသူများကြတော့  ချစ်သူနဲ့ အနေဝေးရတာမျိုးတွေ၊ချစ်သူက နိုင်ငံရပ်ခြားထွက်သွားတာမျိုးတွေ၊ ချစ်သူကအလုပ် ကြောင့်မြို့ပြောင်းသွားတာမျိုးတွေကြုံရတတ်ပါတယ်။ အရင်ကတည်းက LDRS ဖြစ်နေကြတဲ့ ချစ်သူစုံတွဲတွေကတော့ အပြီးအပိုင် ပြတ်ဆဲသွားဖို့ထိ ကြုံရလွယ်ကူသောနှစ်အပိုင်းအခြားဖြစ်တတ်ပါတယ်။ အသက်အားဖြင့် ၁၇နှစ်၊၂၄နှစ်၊ ၃၁နှစ်၊၃၈နှစ်၊၄၅နှစ် စသောအသက်အပိုင်းအခြားကိုရောက်နေတဲ့ ကြာသပတေးသားသမီးတွေ အချစ်ရေး ပိုမိုကံခေ တတ်တာကိုတွေ့ရပါတယ်။

            အိမ်ထောင်ရေးအခြေအနေကတော့ အေးခဲနေတဲ့ အနေအထားပါပဲ။ သိပ်နွေးထွေးမှုမရှိဘဲ မှန်တန်းပုံံစံမျိုး ဖြစ်နေတတ်ပါတယ်။ တစ်ဦးပေါ်တစ်ဦးစိတ်တိုင်းမကျစရာလေးတွေရှိပေမဲ့ ပြဿနာကြီးမှာဆိုလို့ မျိုသိပ်ပြီးနေရ တတ်တဲ့ကာလပဲဖြစ်ပါတယ်။ ဒီနှစ်ထဲ လက်ထပ်ထားတဲ့ ကြင်ဦးစ ဇနီးမောင်နှံတွေကတော ..လက်တွဲဖော်က မိဘအိမ် နေမယ်…ကိုယ်က ခွဲနေချင်တယ်…စသော ကိစ္စတွေကို အကြောင်းပြုပြီး ပြဿနာဖြစ်ရတတ်သလို…မိမိတာဝန်ထမ်း ရတဲ့ နေရာကို အိမ်ထောင်ဘက်က လာလိုက်မနေလို့ ပြဿနာဖြစ်ရတာလေးတွေလဲ ရှိနေတတ်ပါတယ်။

🧑‍⚕️ကျန်းမာရေး

            ကျန်းမာရေးကတော့ ဓာတ်ဂြိုဟ်တွေနဲ့ ပက္ခမိနေချိန်မို့ ခန္ဓကိုယ်မှာ ဓာတ်ကြီးလေးပါး…မမျှတသလိုဖြစ်ပြီး ရောဂါပေါ်လာတတ်ပါတယ်။ ဒါကြောင့် ဓာတ်လေးပါး မျှတအောင်ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာလေ့လာ ပါ။ ရာသီအလိုက် စားသင့်တဲ့ ဆေးဝါးဓာတ်စာတွေကို မှီဝဲစားသောက်ပါ။ သွေးကြောင့်ဖြစ်သော ဆီးချို၊သွေးတိုး၊မီးယပ် ရောဂါတွေကို မပေါ့သင့်သလို၊ အရည်ကြောင့် ဖြစ်သော ဆီးနဲ့ပတ်သက်သောရောဂါများနှင့် အဆုတ်ထဲ ရေဝင်ခြင်းမျိုး ၊ရေဖျဉ်းဆွဲခြင်းမျိုးတွေကိုလဲ သတိပြုရမှာဖြစ်ပါတယ်။ ဒီလိုနှစ်ပိုင်းတွေမှာ ခွဲစိပ်ကုသရတာမျိုးတွေလဲ ဖြစ်ရကြုံရ တတ်ပါတယ်။ ကိုယ်ဝန်ဆောင် ကြာသပတေးသမီးများ အိမ်မှာပဲ လွယ်လွယ်မွေးမယ်ဆိုပြီး ပေါ့ပေါ့တန်တန်မနေပါနဲ့..။ ဒီလိုနှစ်ပိုင်းတွေမှာ ရေမွှာစောပေါက်ပြီး လမစေ့သေးဘဲ အရေးပေါ်မွေးလိုက်ရတာမျိုးတွေလဲ အချို့သော ကြာသပ တေးသမီးတွေမှာ ဖြစ်တတ်တာမို့ ကြိုတင်သတိပေးခြင်းဖြစ်ပါတယ်။ အစိုးရိမ်မလွန်ပါနှင့်။ ဖြစ်တတ်တဲ့သ‌ဘောကို ပြောပြတာပါ။ ယောင်္ကျားလေး ကြာသပတေး သားတွေကတော့အရက် အသောက်လျော့ပါ။ အသောက်မလျော့ ရင် သက်တမ်းလျော့သွားနိုင်တဲ့နှစ်ဖြစ်ပါတယ်။

🫱🏼‍🫲🏾လူမှုဆက်ဆံရေး

            မထင်မှတ်ထားတဲ့အခြေအနေလေးတွေကြုံရတတ်ပါတယ်။ အဲတာကတော့ ရန်သူတစ်ဝက်၊မိတ်ဆွေတစ်ဝက် ရှိနေတဲ့နှစ်ပါ။ မိမိကိုချစ်ခင်ကူညီမဲ့သူတွေဝိုင်းရံနေခြင်း၊ မိမိကိုအားကိုးပြီး ဆရာတင်ခြင်း၊နေရာပေးခြင်းတွေကြုံရ တတ်သလို၊ မိမိတဆင့်မြင့် အောင်မြင်လာတာကို မနာလို မရှုစိမ့်သူများလဲ ကြုံတွေ့နေရတတ်ပါတယ်။ ဒါကြောင့် ကိုယ် တိုင်က ရန်သူမိတ်ဆွေခွဲခြားမသိရင် ဘယ်သူကိုမဆို သတိထားပေါင်းစေချင်ပါတယ်။ ဆွေမျိုးသွေးသားပဲဆိုပြီးအကြွင်း မဲ့ မယုံလိုက်ပါနဲ့။ အဲဒီအနီးကပ်ဆွေမျိုးတွေကလဲ ကိုယ့်ကို ဒုက္ခပေးသွားတတ်ပါတယ်။ ဆွေမျိုးသားချင်းတွေကို အာမခံ ပြီး အလုပ်သွင်းပေးတာမျိုးတွေရှောင်ပါဗျ။ ဆွေမျိုး၊မိတ်ဆွေတွေကို အာမခံပေးတာမျိုးကဒီနှစ်ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိသလိုဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် ငွေကြေးအာမခံခြင်းမျိုးကိုတော့ အထူးရှောင်ပါ။

👌ပညာရေး

            ပညာရေးကဏ္ဍတွေမှာတော့ အမှားနဲ့ အမှန်ကိုခွဲခြားသိနိုင်ဖို့လိုပါတယ်။ အလယ်တန်း အထက်တန်းအဆင့် ပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်များကတော့ ဆရာသမားတွေ၊မိဘတွေရဲ့ ကူညီပံ့ပိုးမှုလေးတွေ အထိုက် အလျောက်ရတတ်တာကိုတွေ့ရပေမဲ့ မထင်ထားဘဲ ကျောင်းပြောင်းရတာမျိုး၊ အခန်းပြောင်းရတာမျိုးလေးတွေကြုံရ တတ်ပါတယ်။ ၁၂တန်းပြီးလို့ တက္ကသိုလ်ပညာအပြင် အခြား သင်တန်းတွေတတ်မဲ့သူတွေကတော့ သတိထားပါ။ အပေါင်းအသင်းမှားတတ်ခြင်း၊ ကိုယ့်အတွက် အသုံးသိပ်မလိုတဲ့သင်တန်းတတ်မိခြင်း၊သင်တန်းကြေးများပြီး တကယ် မသင်တဲ့ ဂျင်းသင်တန်းတွေ သင်ယူမိခြင်းဆိုတဲ့ကံကိုတွေ့ရပါတယ်။ တရားဓမ္မနဲ့ ပတ်သက်သော အဘိဓမ္မာသင်တန်း တွေ ၊တရားရှုမှတ်ခြင်းတွေ လေ့လာသူတွေကတော့ တကယ်တတ်မြောက်လွယ်တဲ့ နှစ်အပိုင်းအခြားပဲဖြစ်ပါလိမ့်မယ်။

☯️ဆောင်ရန်၊ရှောင်ရန် ယတြာများ

 👉ကံကောင်းတဲ့နှစ်ဖြစ်ပေမဲ့ နေရာလိုချင်စိတ်ကို မမွေးပါနဲ့။

💥ရာထူးနေရာ ရလာတာနဲ့ နည်းတူ တာဝန်တွေလဲများလာတတ်တဲ့နှစ်မို့ အချိန်ကိုစီမံခန့်ခွဲတတ်ဖို့လိုတဲ့နှစ်ပါ။

💥ကားကိုအရှိန်ပြင်းပြင်းမမောင်းပါနှင့်။မူးနေချိန်တွေမှာ လုံးဝမမောင်းသင့်ပါဘူး။

💥အရှေ့အရပ်စူးစူးသွားရောက်လုပ်ကိုင်ရမယ်ဆိုသတိနဲ့ဆောင်ရွက်ပါ။ အဖြူရောင်ကို အရေးကြီးတဲ့ကိစ္စတွေ ဆောင်ရွက်တဲ့အခါ သိပ်မဝတ်ပါနဲ့။

💥ပေါက်သားပုတီးနဲ့ ဘဂဝါဂုဏ်တော်ကို နိုင်သလောက်ပုတီးစိပ်ပါ။

💥အိမ်က ဘုရားမှာ မကြာခဏ ပေါက်ဆီကပ်လှူပြီး လိုရာဆုတောင်းပါ။

✅နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)ကျွန်တော့်ကို support ပေးလိုသူများ နားဆင်နိုင်ပါပြီ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

၀၉၇၇ ၅၅၅၅ ၆၉၅

ကူးယူဖော်ပြခွင့် မပြုပါ။ shareလိုက shareနိုင်ပါတယ်။

18.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍   ခိုင် ခန့် တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၁၀)လုံးအနေဖြင့် ဒီလိုနေ့ရက်တွေမှာ အလုပ်နဲ့ပတ်သက်ပြီးလဲ အထိုင်အလုပ်ပဲဖြစ်ဖြစ်၊ လှုပ်ရှားသွားလာလုပ်ကိုင် ရတဲ့ အလုပ်ပဲ ဖြစ်ဖြစ်အလုပ်နဲ့ပက်သက် ရင်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့မှာ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ မွေးရပ် မြေကိုပြန်တဲ့ ခရီးပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက် သောခရီးပဲဖြစ်ဖြစ် ခရီးကိစ္စတွေစတင်လို့အလွန်ပဲ ကောင်းတာကို တွေ့ရပါတယ်။

ဘာသာရေးနဲ့ပတ်သက်သော ဘုရားဆင်းတုတော်ထုလုပ်ကိုးကွယ်ခြင်း၊ဘုရားတည်ခြင်း၊မုခ်ဦးတည်ဆောက်ခြင်း၊ ရှင် ပြုခြင်း၊ နားသခြင်း၊ရဟန်းခံခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ ပညာရပ်အသစ်များစတင်သင် ကြား ခြင်း၊ ပညာရေးနဲ့ပက်သက်ပြီးတော့ သင်တန်းဖွင့်ခြင်းတွေလဲအထူးကောင်းပါ တယ်။ ပညာရေးဝန်ဆောင်မှု လုပ်ငန်း များလဲအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်းများ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများတိုးတတ်ပါတယ်။

ပြဿနာဟောင်းများ ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။ အရောင်းထိုင်းပစ္စည်းများ မူလလက်ဟောင်းပစ္စည်းများ အရောင်းအဝယ် ဈေးကွက်ကောင်း သောနေ့ ဖြစ်ပါသည်။ နံနက်(၇း၃၀)နာရီမှ (၉း၀၀)နာရီအတွင်း တစ်ပါးသူပေး သောကတိကို လုံးဝမယုံစားပါနှင့်။ ကိုယ်တိုင်လည်း ကတိမပေးရပါ။

            ဒီနေ့ဟာ အလုပ်ရှာ၊ အလုပ်လျှောက်ခြင်းများ ဆောင်ရွက်နိုင်မည်။ စီးပွားမြှုပ်နှံမှု အသစ်များ စတင်ရန် မသင့်ပါ။ လုပ်လက်စ လုပ်ငန်းများကို ချဲ့ထွင်ရန် ရက်ကောင်းဖြစ်နေပါတယ်။ အပြောင်းအရွှေ့ကိစ္စများ ဆောင်ရွက် ရန် အထူးကောင်းသည်။ အလှူဒါနပြုသည့်အပေါ် အနှောက်အယှက်ပြုသူများနှင့် တွေ့ရတတ်သည်။ ပစ္စည်းလှောင် ခြင်းမပြုရ။ ဆုံးရှုံးရတတ်သည်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၃၈)နာရီမှ နံနက်(၈း၃၀)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မနက် ၈း၅၆မိနစ်ကစလို့မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း နံနက် (၈း၅၆)နာရီ လွန်လျှင် သိဟ်ရာသီသို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် ဘဝအပြောင်းအလဲမျိုးစုံနှင့် ဆက်စပ်နေပြီး ရလဒ်အနေဖြင့် မိမိသည် ဆွဲဆောင်မှုရှိရှိ၊ အသိပညာရှိပြီး နားလည်နိုင်စွမ်းရှိသူဖြစ်သည်။ မိမိဟာ ပြောဆိုဆက်ဆံတတ်သူ၊ ဟာသဉာဏ် ရှိသူဖြစ်ပြီး လူအများ နှင့် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံတတ်သူဖြစ်ပေမဲ့ ထူးခြားသော ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင် လမ်းကြောင်းတစ်ခုခု ရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံတွင် ပတ်ဝန်းကျင်မှသူများ ရုပ်ချည်း အံ့ဩထိတ်လန့်သွား စေနိုင်လောက်သည် စွမ်းဆောင်မှုမျိုးကိုလည်း လုပ်ဆောင်ပြတတ်ပါသည်။   မူရင်းတစ်ခုခုကို ဖန်တီးတဲ့အခါ မိမိဟာ ထူးထူးခြားခြားတီထွင်ဖန်တီးနိုင်စွမ်းရှိပြီး မိမိကိုယ်မိမိ ပျော်ရွှင်ဂုဏ်ယူနေတက်ပါတယ်။ လုပ်ရိုးလုပ်စဉ် အလုပ်အကိုင် ရာထူးများကို ရှောင်ရှားသင့်သည်။ဒီနေ့မွေးရင်သွေးဟာ မိန်းကလေးဖြစ်မယ်ဆိုရင် တော့ တတ်နိုင်သ၍ နာမည်ပေး မှန်ကန်အောင်ပေးဖို့လိုပါတယ်။ အိမ်ထောင်ရေးကံအလွန်အားနည်းတတ်လို့ပါပဲ။ ထူးခြားစွာဖြင့် သက်လတ်ပိုင်းမှာ အောင်မြင်မှုကို အကြီးအကျယ်ရတတ်ပါတယ်။ အသက် ၃၂နှစ်ထိ အိမ်ထောင်မကျ သေးပါက အိမ်ထောင်မပြုသင့် တော့ဘဲ တစ်ကိုယ်တည်းဘဝဖြင့်နေထိုင်သွားတာမျိုး အထူးဆောင်ရွက်သင့်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၃၉) နာရီမှ ညနေ(၃း၁၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီ အရှေ့အရပ်သို့ မျက်နှာမူ၍ “သံဃံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း