loading

Tag: ဗေဒင်သုတေသီ

  • Home
  • Tag: ဗေဒင်သုတေသီ

1.January.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၅)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နေ့လည်(၂း၂၃)နာရီအထိ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံ အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့် တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့် တော်သော တီထိဖြစ်ပါသည်။ ပညာသင်၊ တပည့်လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အာဟာရ စတင်ကျွေခြင်း၊ အပင်များ အား ဓါတ်မြေဩဇာကျွေးခြင်း၊ အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ တည်ငြိမ်သော အလုပ်၊ လှုပ်ရှားရသော အလုပ် အကိုင်များအားလုံး အလုပ်မျိုးစုံ လုပ်ကိုင်နိုင်ပါသည်။  သို့သော် ဤရက်တွင် ငွေချေးခြင်းများ မပြုလုပ်ရပါ။ လျှို့ဝှက် အဆင့်မြင့်ပညာရယူခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ အဆိပ်လုပ်ခြင်း၊ ခွဲစိတ်ခြင်း၊ ရေနှင့် ပတ်သက်သည်များ လုပ်ဆောင်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားလာခြင်း၊ နန်းတက် ဘိသိတ်ခံခြင်း၊ အစိုးရသစ် ကျမ်း သစ္စာကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းများ ဆောင်ရွက်နိုင်သည့် အခါဖြစ်နေပါသည်။ ပြည့်စုံခြင်းကို ဖေါ်ဆောင်သော ပုဏ္ဏာတီထိဖြစ်ပြီး နန်းတတ်ခြင်း၊ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေး စာချုပ်ချုပ် ဆိုခြင်းများ လုပ်ဆောင်နိုင်ပါသည်။

ယနေ့ ဘုရားအနေကဇာတင်၊ ရှင်ပြု၊ နားသ၊  စေ့စပ်၊ လက်ထပ်၊ ဆံရိတ်၊ ဆံသ၊ အလှပြင်၊ ရေနံစူးစမ်းရှာဖွေခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊  ကုမ္ပဏီထူထောင်ခြင်း၊ ခရီးသွားလာခြင်း၊ နံနက်(၉း၂၀)လွန်လျှင် အိမ်ဆောက်ပစ္စည်း ရောင်းဝယ် ခြင်း များ အထူးကောင်းပါတယ်။

ဒီနေ့ဟာ အာယုသ္မာန်ယုဂ် ကျရောက်နေတဲ့နေ့ဖြစ်သောကြောင့် အသက်ရှည်ခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းသော အမှုကိစ္စများ  ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။ တေထိလကရိုဏ်း ကျရောက်နေသည့်နေ့ ဖြစ်သော ကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်း ဆောင်တာများအတွက် အထူးကောင်းမွန်ပါသည်။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄း၄၃)နာရီမှ ညနေ(၁၅း၃၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မနက် ၉း၃၅မိနစ်အထိက ဆည်မြောင်းတူးးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ အားကစား လုပ် ငန်း များ၊ ဂီသအနုပညာပြုလုပ်ခြင်းများ၊ အဆိုအက လုပ်ငန်း ကောင်းသည်။ (မာဃနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

မနက် ၉း၃၅မိနစ်ကျော်လွန်ပါက ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့ မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မနက် ၉း၃၅မိနစ်ကျော်ပါကပြုဗ္ဗဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ လေးစားဖွယ်ကောင်းပြီး မည့်သည့်ကိစ္စကို ဆိုစေ ရဲရဲဝံ့ဝံ့ ထိပ်တိုက်ရင်ဆိုင်နိုင်သူတစ်ဦးဖြစ်၍ လူအများရဲ့ ချစ်ခင်လေးစားမှုကို အမြဲရရှိ တတ်သူဖြစ်ပါတယ်။ သင်ဟာ ကိုယ်ပိုင်အစွမ်းအစဖြင့် ပတ်ဝန်ကျင်အပေါ် အလွန်အမှီအခို ကင်းတဲ့သူတစ်ယောက် ဖြစ် ပေမယ့် သင်တစ်ဦး တည်း ရပ်တည်နိုင်ရန်တော့ အနည်းငယ် ခက်ခဲနေရတတ် ပါတယ်။ ဒီနေ့မွေးရင်သွေးဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရာရာကို ထိန်းချုပ်ဖို့ မလိုအပ်ပေမယ့် အမြဲလိုလိုပင် သူတစ်ပါးအပေါ် ဦးဆောင်ဦးရွက်ကောင်းသူ တစ်ယောက် အဖြစ် ရပ်တည်နေပါတယ်။ သို့သော် မိမိ၏ အောင်မြင်လိုမှု အတ္တကို မထိန်းချုပ်နိုင်ပါက ဆိုးကျိုးများနှင့် ကြုံတွေ့ လာရ နိုင်ပါတယ်။ အောင်မြင်မှာကြောက်တာနဲ့ ကျရှုံးမှာကြောက်တာ တွေဟာ သင့်အတွက် ကျရှုံးမှုတွေဖြစ်နိုင်သလို တစ်ချိန်တည်းမှာပဲ သင့်ကို အောင်မြင်မှုပန်းတိုင်ဆီသို့ အရောက်ပို့ ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၈) နာရီမှ နံနက်(၉း၂၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ ရွှေကြည်မုန့်စားသွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

31.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နေ့စက်(၁၂)နာရီ(၄၂)မိနစ်အထိ သောကြာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကြာသပတေးမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။

သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင် ရွက်လို့ရပါတယ်။ သမားညိုရက်တွေနဲ့တိုက်ဆိုင်တာမို့ အချိန်အခါကိုပြန်ရွေးပြီးဆောင်ရွက်ပါ။

ဒီနေ့ဟာ နဂါးပေါ်ရက်၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ နေ့စက်(၁၂)နာရီ(၄၂)မိနစ်အထိ လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန် ပေးတဲ့ နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက် နေ တာ ဖြစ်ပါတယ်။ကံကောင်းမှုနှင့်ပျော်ရွှင်မှုနေ့ရက်လည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၊ အပျော်အပါး အနုပညာ၊ သဟ ဇာတဖြစ်မှု၊ လက် ဝတ်ရတနာများ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများ၊ ပန်းများနှင့် အနုပညာ သို့မဟုတ် အလှဆင် ပစ္စည်း များကို ဝယ်ယူခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဆန့်ကျင်ဘက်လိင်ကိစ္စ၊ သမီးရည်းစား၊ အလည်အပတ် သို့မဟုတ် သူငယ် ချင်းများကို ဖိတ်ခေါ်ခြင်း၊ ပျော်ရွှင်မှုအမျိုးမျိုး၊ အစားအသောက်ကောင်းကောင်း စားခြင်း၊ ငွေကြေးကိစ္စများ၊ ခရီးသွားခြင်းနှင့် ခရီးသွားခြင်းတို့အတွက် အဆင်ပြေသည်။ အထီးကျန်ဖြစ်ခြင်း၊ အရေးကြီးသော အရာများ ကိုရောင်းချခြင်းမှ ရှောင်ကြဉ်ပါ၊ ဒီနေ့ဟာ အိမ်၊ ခြံမြေ အရောင်းအဝယ်မပြုသင့်သော နေ့ရက်ဖြစ်ပါတယ်။ ဒီနေ့တွင် ဆေးဖေါ်၊ ဆေးစပ်ခြင်းများ၊ သမားပြသခြင်းများ ဆောင်ရွက်ရန် အခါကောင်း ကျ ရောက် နေ ပါတယ်။ ဆေးဝါး ကုသမှုခံယူခြင်းများ ပြုလုပ်နိုင် မည်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများ အောင်မြင်မည်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက် မျက် ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။ထိုအချိန်ကျော်ပါက ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါ တယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ ရတနာသတ္ထုတူး ဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ ကောင်းပါ တယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄:၄၆)နာရီမှ ညနေ(၁၅:၃၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။


ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူ များဟာ ကျန်းမာ ရေး တော့ ဂရုစိုက် ပေးရမယ်။ချောမောလှပသော ရုပ်ဆင်း လက္ခဏာနှင့် ပြည့်စုံပြီး တောက်ပ သော မျက်လုံး ရှိကာ ဆွဲဆောင်မှုအား ကောင်းတတ်ပါ သည်။ မျက်နှာအနေ အထား မှာ ပြည့်ဖြိုးပြီး ကြီးမားကာ လည်ပင်းတုတ် ခိုင်တတ် ပါသည်။ ရင်အုပ် ကျယ်ပြန့်တတ်ပြီး ပခုံး၊ ခါး၊ ဒူးခြေ ဖဝါးကြီးမား တတ်ကာပေါင်တံအလွန် လှပ၍ ခြေသ လုံးတုတ် ခိုင်တတ်ပါသည်။ ၎င်း အပြင် လက်ပြင် ကုန်းတတ် ပါသည်။ မျက်နှာ တွင် မှဲ့ (သို့မဟုတ်) အမှတ် အသားရှိ တတ်ပြီး ယဉ်ကျေးသိမ့်မွေ့သော ဟန်ပန်အမှုအရာ လည်းရှိ တတ်ပါသည်။ပညာ အားနှင့် ငွေကြေး ဓနအင်အား ကောင်းတဲ့သူ ဖြစ်တာမို့ ကျန်းမာရေးကို သာဂရုစိုက်ပေးဖို့ အထူး လိုအပ်ပါတယ်။နိုင်ငံရပ်ခြား ထိသွား ရောက် ပညာ သင်နိုင်တဲ့အထိ ပညာရေးအားကောင်း တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၁၉) နာရီမှ ညနေ(၅:၄၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာမီးခိုးရောင်၊နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉/၂/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာလူးကြော်စား သွားပါ။ ပိုမို အဆင် ပြေ လွယ် ကူ ချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပဲထမင်းဘုရားကပ်လှူပြီး လိုရာဆု တောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

May be an image of 3 people and text

30.December.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရ ပါ တယ်။သမားညိုရက််နဲ့တိုက်ဆိုင်နေတာမို့ အချိန်အခါရွေးပြီးမှဆောင်ရွက်ပါ။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို၊ မဟာရက်ကြမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။  အိုးအိမ်ချဲ့ထွင်ခြင်း၊ အိမ်ခန်းဖွဲ့ခြင်း၊အဖီးချခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ လှောင်ကုန်များ ပြန် လည် ရောင်းချနိုင်ပါလိမ့်မယ်။ ကုန်သွယ်ရေးကိစ္စများဆောင်ရွက်လို့အထူးအဆင်ပြေပါလိမ့်မယ်။ ငွေကြေး အပေး အယူ ကြောင့်ဖြစ်လာတဲ့ ပြဿနာတွေရှိခဲ့ရင်တော့ ဒီနေ့မှာ ကောင်းစွာဖြေရှင်းပြီး ပြေလည်မှုရပါလိမ့်မယ်။

ခဲယမ်းမီးကျောက်ထုတ်လုပ်ခြင်း၊ ဓားလှံလက်နက်ပြုလုပ်ခြင်းတွေ၊ အရက်သေစာထုတ်လုပ်ဖြန့်ချီခြင်းတွေ ဆောင် ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ရန်သူစခန်းအားသိမ်းပိုက်ခြင်း၊တရားခံအားဖမ်းဆီးခြင်းများဆောင်ရွက်နိုင်တဲ့နေ့ ရက် ပါပဲ။ အခက်အခဲအကြပ် အတည်းတွေကြားကနေလဲ လွတ်မြောက်အောက်စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ သတ္ထုထုတ် လုပ် ရေး လုပ်ငန်း များ မိုင်းခွဲခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး ရဖို့ကြန့်ကြာနေတဲ့ ကိစ္စတွေ၊အကြွေးရစရာရှိတာတွေကို ဒီနေ့မှာပြန်တောင်းခံလို့အထူး ကောင်းပါတယ်။ အထားမှားပြီး ပျောက်ဆုံးနေတဲ့ ပစ္စည်းများ ပြန်ရှာတွေ့တတ်ပါတယ်။ အနုစိပ်အသေး စိပ် လုပ် ကိုင်ရသောအလုပ်များ အထူးအဆင်ပြေပါတယ်။ ဖုန်းပြင်တာ၊ ကွန်ပြုတာပြင်တာ၊ စတဲ့အလုပ်တွေကို ဆို လိုတာပါ။

အိမ်ပြောင်းနေရာပြောင်း၊ အလုပ်ရုံးခန်းပြောင်းရွှေ့ခြင်းများ အထူးကောင်းပါတယ်။ အိမ်အသစ်စတင်နေထိုင်ခြင်း၊ အိမ်တတ်ကျင်းပခြင်းတွေလဲအထူးကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတွေကို အရှင်း ပျောက် မဲ့နေ့မျိုးပါပဲ။ ဆရာကောင်းသမားကောင်းနဲ့ တွေ့ရတတ်ပါတယ်။အရောင်းအဝယ်ပဲပတ်သက်သော စာချုပ် မှန်သမျှ ချုပ်ဆိုလို့ အလွန်ပဲကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မည်သည့်အလုပ်ကိုမဆိုရဲရဲ တင်းတင်း ပြောဆိုလုပ်ကိုင် မှပဲအဆင်ပြေပါလိမ့်မယ်။

            ယနေ့ ရောင်းဝယ်ကတိ သတိရှိရမည်။ ယာဉ်၊ ကား မောင်းနှင်ခြင်း  သတိရှိရမည်။ အနောက်အရပ်သို့ ဦး  တည်၍ ခရီးသွားလာခြင်း ရှောင်ပါ။ နေ့(၁း၃၀)နာရီမှ (၃း၀၀)နာရီကြား ကာလများတွင် မတော်တဆ ထိခိုက် မှုအန္တ ရာယ် ကျရောက်နိုင်သည်။ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်း မပြုရ။ ဆေးစား၊ ဆေးကုပြုရန်  ရက်ကောင်း ဖြစ်နေပါသည်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ် ဆို ရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တော တောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါ တယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

အဿလိဿနက္ခတ်မို့ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဓာတ်သတ္တုရှာဖွေ တူးဖော်ခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ကျောက်မျက်ရတနာတူးခြင်းလုပ်ငန်းများ ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄:၅၀)နာရီမှ ညနေ(၁၅:၄၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊အဿလိဿနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ဓနုရာသီဖွားဖြစ်ပါ သည်။ ဒီနေ့ မွေး သူများဟာ သတိထားစရာ အချက်လေးတွေ ရှိပါ တယ်။ မိဘအသွန် အသင် ကောင်းပါက ကောင်းမွန် သော ဘဝ၊လူလေးစားရသောဘဝကိုရရှိတတ်ပေမဲ့ မိဘကလွှတ် ထားလိုက်ပါက အပေါင်း အသင်းမှားပြီးဘဝပျက်တတ် ပါတယ်။ ပညာရေးနယ်ပယ်များဟာ အောင်မြင်နဲ့ နယ်ပယ် တွေ၊ ကုန်ထုတ်လုပ်ငန်း များဟာ အောင်မြင်တဲ့ နယ်ပယ် တွေ ဖြစ်ပေမဲ့ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတွေကတော့ ကာယကံရှင်ကို ကောင်းကောင်းဒုက္ခပေးမဲ့လုပ်ငန်း မျိုးတွေ  ဖြစ်ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉:၂၁) နာရီမှ နံနက်(၁၀:၄၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊  စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာဆင်စွယ်ရောင်၊အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉/၄/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရွက်လှညွှန့်လေး ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သာကူ  ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

29.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ယုတ်မာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။  

            အရောင်းအဝယ်ကိစ္စမှန်သမျှ သတိနှင့် ဆောင်ရွက်ပါ။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်း မပြုရ။ ပြဿနာ ဟောင်းများ ဖြေရှင်းရန် ရက်ကောင်း ဖြစ်နေပါသည်။ အပျက်အစီးများ ပြုပြင်အစားထိုးရန် ကောင််းသည်။ လက်နက် များကိုင်ဆောင်ခြင်း၊ ကာကွယ်ရေးတည်ဆောက်ခြင်း၊ ခံတပ်တည်ဆောက်ခြင်း၊ ဗိသုကာပညာ၊ ငြင်းခုံခြင်း၊ ကခုန် ခြင်း၊ အားကစား၊ အနုပညာလေ့လာခြင်း၊ အိမ်များနှင့် အိမ်ခြံမြေများဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ လူအချင်းချင်း မကောင်းဘေးဒဏ်၊ ရန်မာန်အပေါင်းတို့ တိုးပွားနိုင်မည်။ ဆေးကုသမှုခံယူခြင်း၊ သမားပြုခြင်း၊ ခွဲစိတ်ကုသမှုများ ခံယူရန် အခါ ကောင်း၊ ရက်ကောင်း ကျရောက်နေပါတယ်။ယနေ့တွင် သင်၏ဒေါသနှင့်အတ္တ ကို ထိန်းချုပ်ပါ၊ ပျင်းရိခြင်း၊ ရိုင်းစိုင်း ခြင်းများ ရှောင်သင့်သည်။စင်ကြယ်သော သတိနှင့် သမာဓိရှိသောနေ့ကို ကိုယ်စားပြု သည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂ လာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူ မျိုး ငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄:၅၄)နာရီမှ ညနေ(၁၅:၄၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဖုသျှ နက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ပေါ့ပါးပြီး လျင်မြန်သော နက္ခတ် ဖြစ်ပြီး အား ကစား ဇိမ်ခံပစ္စည်းများ၊စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုသခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီးများ စတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ ဝိညာဉ်ရေးလှုပ်ရှားမှုများ၊ အလှဆင်ခြင်း၊ အနုပညာ လက်ရာများ လေ့ကျင့်ခန်းနှင့်ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။ ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦး / အဆောက် အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့်တင်ခြင်း၊ နန်းထက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ ပြုလုပ်ရန်သင့်လျော်သည်။လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်းများလဲ တတ်နိုင်ရင် တော့ ဒီနေ့မှာရှောင်လိုက်စေချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ကရကဋ်စန်း၊ဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေး သူများ ဟာအတွေး အခေါ် သစ်ဆန်း တာကိုတွေ့ရတယ်။ ခေတ်ဘယ်လောက်ပြောင်း ပြောင်း ငွေကြေးနဲ့ ပတ်သက်ပြီး ဘယ် လို အသုံးချရမယ်.. ငွေကိုဘယ်လိုပွားအောင်လုပ်ရမယ်ဆိုတဲ့အတွေးအခေါ်ရှိကြ သူတွေဖြစ်ပါ တယ်။ မိသားစုနဲ့ ကွဲထွက်နေတဲ့ဓလေ့ စရိုက် ရှိသူဖြစ်ပါတယ်။ အများနဲ့မတူ..လမ်းအိုမလိုက်ဘဲ ဖြတ်လမ်း နည်း ကိုရှာတွေ့ပြီး အသက် ၂၈မတိုင်ခင်ကတည်း က အောင်မြင်မှုကိုထိတွေ့ခံစားရနိုင်ကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၄၄) နာရီမှ မွန်းလွဲ(၁၂:၀၇)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ  သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင်၊အပြာနုရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၃/၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စမူဆာစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နွားနို့ယို  ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

28.December.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရှမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ သတင်းအချက်အလက်များ၊ သိလိုသောကိစ္စများကို စုံစမ်းစုဆောင်းလို့အလွန်ကောင်း ပါတယ်။သူတစ်ပါး အပေါ် အလုံးစုံမှီခိုအားထားပြီး လုပ်ရတဲ့အလုပ်မှန်သမျှအဆင် မပြေမှုတွေအထူးကြုံရတတ်ပါ တယ်။ ဘယ်သူကိုမှ လျှို့ဝှက်စကားထုတ်မပြောပါနှင့် ။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပြောသူနဲ့ ကြုံရတတ်လို့ပါ။  ကတိစ ာချုပ်လက်မှတ် ထိုးခြင်းများ အဆင်မပြေဖြစ်ရတတ်ပါတယ်။ဖြေရှင်းစရာကိစ္စများ ၊ပြဿနာများကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခြင်း မပြုဘဲကြားလူကနေတဆင့်ဖြေရှင်းသင့်တဲ့ နေ့ရက်ပါပဲ။ ခရီးသွားလုပ်ငန်းများ၊ ယာဉ်ကားအငှားလုပ်ငန်းများ အဆင်ပြေမှု တွေကြုံရတတ်တဲ့နေ့ရက်ပါပဲ။

ကုန်ပစ္စည်းသိုလှောင်ခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်သလို ထီဝါသနာပါသူများလဲ ထီထိုးလို့သင့်တော်တဲ့ နေ့ရက် ပါပဲ။ဒီနေ့မှာ အသစ်ဖန်တီခြင်း၊ စွန့်ဦးတီထွင်ပြုလုပ်ခြင်းများ အထူးစတင်လို့ကောင်းတဲ့နေ့ပါပဲ။ ငွေကြေး ဆိုင်ရာ ကိစ္စအ၀၀ ဆောင်ရွက်လို့ ကောင်းပါတယ်။ စပ်တူအလုပ်များ၊စတော့ရှယ်ယာလုပ်ငန်းများလဲ အောင်မြင်မှု တွေ ကို ရစေပါတယ်။ယနေ့ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ နေ့(၁၀း၄၈)နာရီမှ မွန်းလွဲ (၁း၁၂)နာရီကြား ဆောင်ရွက်သောကိစ္စများမှ  ထူးခြားသော အကျိုးများ ရရှိမည်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေး အညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီး များ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ် ခြင်း၊ သူငယ်ချင်းများနှင့်လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ် ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုး ခြင်းများ ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄:၅၈)နာရီမှ ညနေ(၁၅:၅၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေ ရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မေထုန်စန်း ညစက်(၇)နာရီ (၃၅)မိနစ်လွန် စန်း ကရကဋ်ရာသီသို့ ပြောင်းသည်။ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးတဲ့ရင်သွေး များဟာ ပညာစရိုက်အားကြီးကြသူတွေဖြစ်ပါ တယ်။ ငွေ ကြေးရှာဖွေရလွယ်ကူတယ်။ ကံစမ်းမဲကံ ထီကံတွေအား ကောင်းကြပြီး တော့ အတိတ်ကပါလာသော ကုသိုလ် အရှိန် အဟုန် ကြောင့်ပဲ ငွေကြေး ပြည့်စုံသော ဘဝကို ရရှိစေပါ တယ်။ သတိထားရမှာက မသနားမိသူကို သနားမိပြီး ဘဝထဲ ကို မကောင်းတဲ့လူတွေကို ခေါ်သွင်းမိ တတ်ပါတယ်။ သနားရင်ပေးကမ်းလိုက်ပါ။ဘဝကြီးတော့ ပုံအပ်လိုက်တာမျိုး ရှောင်ပါ။ ပညာရေးကံ အား ကောင်း ပြီး မိဘတွေကလဲ ပညာရေးကိုမြေတောင်မြှောက်ပေးမယ်ဆိုရင် ထူးခြားတဲ့ပညာ ရှင်၊ အသိပညာရှင် ဖြစ်ပါ လိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၃၀) နာရီမှ မွန်းလွဲ(၂:၅၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊  ဗုဒ္ဓဟူး၊ ရာဟု၊  ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင်၊အစိမ်းရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၈/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သကြားလုံးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

27.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လပြည့်ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်း တံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင် ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ရက်ရာဇာရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မနက် ၇နာရီ၂မိနစ်အထိက လပြည့်တီထိ၊ထိုအချိန်ကျော်ပါကလဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ယနေ့ လပြည့်နေ့နှင့် ဗုဒ္ဓဟူးနေ့ တိုက်ဆိုင်နေပေရာ ဘုရားအနေကဇာတင်ရန် ရက်ကောင်း ဖြစ်နေပါသည်။  အနေကဇာ ဂါထာရွတ််ဆိုခြင်း၊ နာယူခြင်း၊ ဓမ္မဒါန လှူဒါန်း ခြင်းများ ပြုနိုင်ပါသည်။ ကြွယ်ဝခြင်း၊ ချမ်းသာခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အရပ် ဝေး နှင့် ဆက်စပ် လုပ် ကိုင်ရ သောအလုပ်များလဲ  အကျိုးအမြတ် ကောင်းစွာရရှိပါလိမ့်မယ်။ ဒါပေမဲ့စာချုပ်ချုပ် ဆို တာ မျိုးကိုတော့ ဒီနေ့မှာ အားမပေး ပါဘူးဗျ။ဒီနေ့မှာခေါင်းဆေး ခေါင်းလျှော်ခြင်းဖြင့် ကံကောင်းမှု၊ဦးဆောင်နိုင်မှု ကို ဖြစ် စေ ပါ တယ်။ သွေးထွက်သံယိုမှုတွေကိုဖြစ်စေပါတယ်။ အရှေ့ အရပ် ကိုဦးတည်သွားမဲ့ကိစ္စများသတိနဲ့သွားပါ။ သွေး ထွက် သံယို ကိစ္စများမဖြစ်အောင်ဂရုစိုက်သင့်တဲ့နေ့ရက်ပါပဲ။

အနုပညာနဲ့ပတ်သက်သောလုပ်ငန်းများအထူးတိုးတတ်ပါလိမ့်မယ်။ အပျော်အပါးများ၊ပျော်ပွဲရွှင်ပွဲများ ကျင်းပပြု လုပ် လို့အလွန်ကောင်းပါတယ်။ ငွေပိုငွေလျှံလေးတွေရှိလို့ စတင်စုဆောင်းမယ်ဆို ဒီနေ့ကအလွန်ကောင်းပါတယ်။ တွေး ထင်ထားတဲ့အတိုင်းဖြစ်လာမဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ရမှ အဆင်ပြေမဲ့ ဖိအားတွေကိုခဏမေ့ထားပြီး လုပ်ကိုင်နိုင်သူတွေပိုမိုတိုးတတ်ပါလိမ့်မယ်။ ခရီးကောင်းတွေစတင် သွား ရ မဲ့နေ့ပါပဲ။

အိမ်ထောင်ပရိဘောဂလုပ်ငန်းများ တိုးတတ်မှုတွေရရှိမဲ့နေ့ရက်ပါပဲ။ အားနည်းတဲ့သူတွေကို ကူညီခွင့် တွေရလာ မဲ့နေ့ရက်ပါပဲ။အဖိုးတန်ပစ္စည်းများ ဝယ်ယူလို့ကောင်းပေမဲ့ အနာအဆာပါတတ်တဲ့အတွက်စစ်ဆေးပြီး မှဝယ်ယူ လိုက်ပါဗျာ။ ဆံပင် ပြုပြင်ခြင်း၊အဝတ်အထည်များဝယ်ယူခြင်းတွေဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အေးဆေး ငြိမ်း ချမ်းစွာ လုပ်ရတဲ့ ဥယျာဉ်ခြံအလုပ်များ၊ ပန်းချီဆွဲ၊ပန်းပုထုခြင်းများ အထူးဆောင်ရွက်လို့ ကောင်းပါ တယ်။

အိမ်ပြုပြင်ခြင်းများ၊သစ်ပင်ခုတ်လှဲခြင်းများ အထူးကောင်းပါတယ်။ စတော့ရှယ်ယာများရောင်းဝယ်ခြင်းတွေ၊ အစု စပ်လုပ်ကိုင်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။စက်ကားအပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊အဝတ် အထည် ချုပ်လုပ်တဲ့ လုပ်ငန်းများအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာ အဒြနက္ခတ်ဖြစ်တာမို့ ဘုရားစေတီ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ တံခွန်တိုင်တည်ခြင်း၊ အလံ ထူခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းတည်ဆောက်ခြင်း၊ နတ်ကွန်းနတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်း ဆောက် ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မုခ်ဦး ပြဿာဒ်တည်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော် ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသော ရတနာဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုးအသစ်ထိုးခြင်း၊ အာကာသသို့ လွှတ် တင်ရ သော လုပ်ငန်းများ၊ လေယာဉ်ပျံသန်းခြင်း၊ ကင်ပွန်းတပ်ခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများ ဆွတ်ခူး ခြင်းဆောင်ရွက် လို့ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၀၂)နာရီမှ ညနေ(၁၅:၅၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မေထုန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေး သူများဟာအခက်အခဲ တွေ ကိုကောင်းစွာကျော်လွှား နိုင်ကြသူတွေဖြစ်တယ်။ကြီးကျယ်တဲ့ အောင်မြင် မှုတွေ ကိုလဲ ရတတ် သလို၊ အဆင် ပြေလာ ပြီဆိုရင် လုပ်ငန်းတွေတစ်ခုမကကိုင်တွယ်ရသော လုပ်ငန်းရှင်မျိုးဖြစ် တတ်ပါ တယ်။ ရန်အားကြီးသလို အောင်မြင် အားလဲ ကြီးမားကြပါတယ်။ အချစ် ရေးကိစ္စတွေမှာတော့ က မောက်ကမ ဖြစ်လွယ်တဲ့ ဇာတာရှင်ဖြစ်တာမို့ သမီး မိန်းကလေးရင်သွေးငယ်ဖြစ်မယ်ဆိုရင် တော့ အိမ်ထောင်ရေးအထူး သတိ ထားရလိမ့်မယ်။ ကျန်းမာရေးအားကောင်း ကြပေမဲ့ ဘဝမှာအရေပြားရောဂါတွေ၊ အစားမှားဆေးမှားခြင်းတွေ မဖြစ်ဖို့ တော့ မိဘတွေက ဂရုစိုက်ပေး ရပါလိမ့် မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၆) နာရီမှ မွန်းလွဲ(၁:၃၀)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ  သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာရွှေအိုရောင်၊အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၄/၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အားဆေး တစ်မျိုးမျိုး သောက် သွားပါ။ပိုမိုအဆင် ပြေလွယ် ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

25.December.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၁၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။  ဒီလိုနေ့ရက်တွေမှာတော့ ကျန်းမားရေးနဲ့ပက်သက်ပြီး ဆေးစစ်ခြင်း၊ဆေးကုခြင်းအဆင့်ဆင့်ပြုလုပ်နိုင်ပါ တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်များချမှတ်နိုင်ပါတယ်။ အခက်အခဲများလဲချမှတ်နိုင်ပါလိမ့်မယ်။ အရောင်းထိုင်း ပစ္စည်းများ အရောင်းသွက်လာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ရပိုင်ခွင့်များလဲ ပြန်လည်တောင်းခံနိုင်မဲ့နေ့ရက်လဲဖြစ်ပါ တယ်။ဆိုင်းဘုတ်တင်ခြင်းတွေ၊

ဒီလိုနေ့မျိုးမှာတော့ နိုင်ငံခြားနဲ့ပတ်သက်သောကိစ္စများအထူးကောင်းပါတယ်။ နိုင်ငံခြားဖို့ အင်တာဗျူးဝင်ဖြေခြင်း တွေ၊ လိုက်ပါဆောင်ရွက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေမှာလုပ်ကိုင်ကြသူ များအထူးပဲအဆင်ပြေမှုတွေရရှိတတ်ပါတယ်။

ဖြိုဖျက်ခြင်းတွေကိုဦးစားပေးတဲ့ နေ့ရက်ဖြစ်တာကြောင့် အိမ်ဟောင်းဖျက်တာ၊ ဆောင်ဟောင်းဖျက်တာ၊ အိမ်တွင်း မလွတ်တဲ့သစ်ပင်တွေခုတ်လှဲတာ၊ ခြံစည်းရိုးအသစ်ပြန်လည်ကာတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။

အများရဲ့ဝန်ကိုထမ်းရတဲ့နေ့ဖြစ်တာကြောင့် ပရဟိတအလုပ်တွေ၊လူမှုကယ်ဆယ်ရေးအလုပ်တွေ၊အထူးဆောင်ရွက် ဖြစ်ပါလိမ့်မယ်။ အနာရောဂါတွေကို ခွဲစိပ်ကုသခြင်းများလဲ  ဆောင်ရွက်လို့သင့်တဲ့နေ့ပါပဲ။

ဆေးလုပ်ငန်းများ၊စာအုပ်နှင့်စာရေးကိရိယာ လုပ်ငန်းများအဆင်ပြေအောင်မြင်မှုတွေများနေတတ်ပါတယ်။ ဆန် ရောင်း ဝယ်ခြင်း၊ဆန်ပွဲရုံများအထူးပဲအဆင်ပြေအောင်မြင်မှုတွေရနေတတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ ရှင်ပြုခြင်းနားသခြင်းပဉ္ဖင်းခံခြင်းများလဲ တတ်နိုင်သလောက်ရှောင်လိုက်ပါ။ အရောင်း အဝယ်စာချုပ်များ၊ အိမ်၊ကား၊မြေ၊ဆိုင်စတဲ့ အရာများဝယ်ယူခြင်းစာချုပ်များ အထူးရှောင်သင့်ပါတယ်။

            ယနေ့ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်သည်။ သမားတော်များနှင့် ပြသခြင်း၊ ဆေးစစ်ခြင်းများ ပြုနိုင်သည်။ ခန္ဓာကိုယ်တွင် ဆေးမှင် တက်တူးထိုး၇န် ရက်ကောင်းဖြစ်နေပါသည်။ အရပ်ဝေးနှင့် ဆက်စပ်၍ ထူးခြားသော အကျိုးကောင်း များရရှိမည်။ နေ့(၁း၁၂)နာရီမှ (၃း၃၆)နာရီအတွင်း ဆောင်ရွက်သော ကိစ္စများမှ ကောင်းသောအကျိုးကောင်းများ ရရှိမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၁၀)နာရီမှ ညနေ(၁၆:၀၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရောဟဏီနက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ရေရှည် တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေး အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း လုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ အခက်အခဲတွေဘယ်လိုများများ ရင်ဆိုင်နိုင်ကြသူတွေရှိပါတယ်။ ကူညီကြသူတွေဖြစ်ပါ တယ်။ မိမိအဆင်မပြေ ရင်လဲ ကူညီမဲ့သူတွေပေါများတတ်ပါ တယ်။ ငွေကြေးကံကောင်းပြီးတော့ ထီဆုကြီးတွေပေါက် တတ်ပါ တယ်။ အမွေအနှစ် ရတတ်ပါတယ်။ ကျန်းမာရေးအား ကောင်းပေမဲ့ ငယ်ရွယ်စဉ်တွေမှာ ခြူခြာတတ်ပါ တယ်။အလုပ် တွေ ကောင်းပေမဲ့ ဘဝ တိုးတတ်ဖို့အတွက် အားထည့် လုပ်ကိုင်ရတတ်ပါတယ်။အသက် ၂၄ကနေ အသက် ၄၀အတွင်း အလုပ်ကံ၊ငွေကံအထူး ကောင်းကြတာမျိုးကြုံရတတ် ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၅၅) နာရီမှ နံနက်(၉:၁၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင်၊အညိုရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၅/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီဟိုစေ့လှော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

24.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၁၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။ သမားညိုနဲ့တိုက်ဆိုင်တာမို့ အချိန်အခါရွေးပြီးမှသာဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ကန်း၊ သမားညို၊ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်မှာတော့ ကုန်ပစ္စည်းအသစ်များစတင်ဖြန်ချီနိုင်သည်။ အများသိစေ လိုတဲ့သတင်းစကားကိုဖြစ်စေ စတင် ဖြန့်ချီလို့အထူးကောင်းပါတယ်။ရပ်တန့်ထားတဲ့လုပ်ငန်းများကိုလဲပြန်လည်စ တင်သင့်ပါတယ်။ နံနက် ၇◌း၃၀ မှ ၉း၀၀ကြား။ နေ့ ၁း၃၀မှ ၃း၀၀ကြားကာလများတွင် ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို လက်တွေ့အသုံးချပြီးအောင် မြင်မှု တွေကိုဖြစ်စေပါတယ်။

ကုန်ပစ္စည်းသိုလှောင်ခြင်းတွေ၊ ငွေကြေးချေးငှားခြင်းတွေကိုလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ဖုန်းနှင့်ဆက်စပ် ပစ္စည်း လုပ်ငန်းများအထူးကောင်းပါတယ်။မိမိအာမခံထားချင်တဲ့အရာတွေကိုစတင်အာမခံထားလို့အလွန်မှကောာင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းခြင်းတွေ၊ လှောင်ထားခြင်းတွေ၊ အထူးကောင်းပါတယ်။

ဆိုင်သစ်စဖွင့်တာ၊ဆိုင်းဘုတ်သစ်တင်တာ၊ အလုပ်သစ်စလုပ်တာ၊ အိမ်အသစ်မှာ စတင်နေထိုင်တာ၊ အိမ်၊ကျောင်း တွေကိုစတင်ဆောက်လုပ်တာ၊ကုမ္ပဏီအသစ်၊ဈေးအသစ်စတင်ဖွင့် လှစ်တာမျိုးတွေအထူး ကောင်းပါတယ်။

နိုင်ငံခြားဘာသာစကားတစ်ခုခုကို စတင်သင်ကြားခြင်းမျိုးဒီနေ့မှာစတင်ခြင်းဖြင့် ဆုံးခန်းတိုင်အောင်တတ်မြောက်ပါ လိမ့်မယ်။ မိဘဘိုးဘွား အကြီးအကဲတွေကို အထူးဂါရဝပြုတာ၊ကန်တော့တာမျိုးတွေလဲ အထူးပဲဆောင်ရွက်စေ ချင် ပါ တယ်။

ကြော်ငြာလုပ်ငန်းများအတွက် ဆောင်ရွက်ရန်အထူးကောင်းပါတယ်။ Online ကနေကြော်ငြာတာပဲဖြစ်ဖြစ်၊ media ကနေကြော်ငြာတာပဲဖြစ်ဖြစ် ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဒီနေ့မှာမြေသန့်မင်္ဂလာပြုလုပ်ခြင်းတွေ၊ အုတ် မြစ်ချခြင်း၊တိုင်ထူခြင်းတွေကိုအထူးဆောင်ရွက်နိုင်ပါတယ်။ ဘုရားနေကဇာတင်ခြင်း၊ အိမ်တတ်ပြုလုပ်ခြင်း တွေကို လဲ ဒီနေ့မှာအထူးဆောင်ရွက်လို့သင့်ပါတယ်။

            ယနေ့ ကာမမကြူးအပ်။  မင်္ဂလာအခါမပေးရပါ။ ပညာသင်တန်းများ စတင်က တစ်ပိုင်းတစ်စ  ဖြစ်မည်။ မပြီး မြောက်ပါ။ လက်ထပ်မင်္ဂလာပြုက အတူမနေရ။  ခွဲခွာနေရကိန်း ရှိနေ မည်။ အဆောက်အဦးအသစ်များ စတင်တည် ဆောက်က မပြီးမြောက် တစ်ပိုင်းတစ်စ ဖြစ်မည်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါ တယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်း မြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လား ထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆို တာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၁၄)နာရီမှ ညနေ(၁၆:၀၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရေတွင်းရေကန် တူးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း အားကစားလုပ်ငန်းများ ဂီသအနုပညာပြု လုပ်ခြင်းများ ကြတ္တိကာနက္ခတ် စန်းယှဉ်သောအခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာစိတ်ကူးကောင်းကြ သူတွေ ဖြစ် ပါတယ်။ အတွေးအခေါ်ရှိပါ တယ်။ နာမည် ပေး မှား ရင်တော့ အကောင်း တွေလျော့သွားနိုင် တာ ကို တော့ မေ့ထားလို့ မရပါဘူး။ နာမည်ပေးပါ မှန်ကန်ရင် အင်မတန် အောင်မြင် ထင်ရှားပြီး လူလေးစားခံရသော ပညာ ရှင်ဘ၀ ဖြင့် ရှင်သန်ခွင့်ရ တတ်သည့် ဖွားဇာတာ အမျိုး အစားလည်း ဖြစ်ပါ တယ်။ဖြန့်ဖြူးရေး လုပ်ငန်း အားလုံးနဲ့ သော်လည်း ကောင်း ကုန် ထုတ်လုပ်မှု လုပ်ငန်းများနဲ့ သော်လည်းကောင်း အံဝင် ခွင်ကျ အကျိုးပေး တတ်သူလည်း ဖြစ်ပါ တယ်။….ဝေးမြေ ရပ်ခြားမှာ ချစ်ခင်သူတွေ နဲ့ ဆုံဆည်းရ တတ်တဲ့ကံလည်း ရှိတတ်ပါတယ်။ ကိုယ်တစ် ကယ် ချစ်ရမယ့် ရင်းနှီးသူအချို့နဲ့ မုန်းတီးရတတ်ပြီး….သူစိမ်း တစ်ချို့နဲ့ တော့ သံယောဇဉ် တွယ်စရာ ဖြစ်ရ တတ်သော ထူး ဆန်းသည့် မေတ္တာရေးကံ ရှိတတ်သူပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၁၅) နာရီမှ ညနေ(၅:၃၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ  သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအစိမ်းရောင်၊မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၅/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သံပုရာရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

23.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၁၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင် တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင် သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။အခွင့်အရေးနှစ်ခုပေါ်လာတတ်ပါတယ်။ တစ်ခုထက်မကသော အလုပ်တွေ လုပ်နေရတတ်ပါတယ်။ အစိုးရနှင့် ဆိုင်သော ဆက်စပ်ကိစ္စတွေကိုအထူးရှောင်ပါ။ လမ်းသွားလာစဉ် လာရောက် အလှူခံသူကို တတ်အားသမျှ လှူဒါန်းလိုက်ပါ။ အဝတ်အထည်အသစ်များ၊ လက်ဝတ်ရတနာအသစ်များ ဝတ်ဆင်ရန် မသင့်ပေ။ လာဘ်ပိတ်သွားနိုင် လို့ပါ။

မြေသန့်မင်္ဂလာပြုလုပ်ခြင်းတွေ၊ အိမ်တတ်လုပ်ခြင်းတွေ၊ ဂါထာမန္တန်တွေကို သိဒ္ဓိတင်ခြင်းတွေ၊ အရေးကြီးသော ခွဲ စိပ်ကုသမှုများပြုလုပ်ခြင်းတွေကို အထူးပဲဆောင်ရွက်နိုင်ပါတယ်။ယာဉ်ကားများရောင်းဝယ်ခြင်းတွေ၊ ရုပ်သံလိုင်း အသစ်များဒီနေ့မှာစတင်တိုးချဲ့ခြင်းတွေ၊အလှကုန်ပစ္စည်းများကိုစတင်အရောင်းမြှင့်တင်ခြင်းတွေဆောင်ရွက်လို့ ကောင်းတဲ့နေ့လဲဖြစ်ပါတယ်။

အပေါင်းအသင်းတွေရဲ့အလိုကိုမလိုက်သင့်တဲ့နေ့မျိုးပါ။ အပျော်လွန်ရင်အလွန်ဒုက္ခများရတတ်ပါတယ်။ မိန်းကလေး များ ချစ်သူနဲ့ ဆိတ်ကွယ်ရာမနေပါနဲ့။ အချစ်နယ်ကျွံတာမျိုးတွေဖြစ်တတ်ပါတယ်။ အရောင်းအဝယ်ကိစ္စများနဲ့ ပတ် သက် ပြီးတော့ စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်လို့အထူးကောာင်းတဲ့နေ့မျိုးပါပဲ။

            ယနေ့ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်း မပြုရ။ ကတိစာချုပ် လက်မှတ်ရေးထိုးခြင်းများ မပြုရ။  အရောင်း အဝယ် ကိစ္စ  မှန်သမျှ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။ ရောင်းမှား၊ ဝယ်မှား ဖြစ်တက်သည်။ ခရီးဝေး၊ နိုင်ငံရပ်ခြားနှင့် ပတ် သက်၍ ငွေလက်လွန်တတ်သည်။ အယုံသွင်း၍  လှည့်စားခြင်းပြုသူများ အန္တရာယ် ဂရုစိုက်ရမည်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆို ရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၁၈)နာရီမှ ညနေ(၁၆:၀၉ )နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရေတွင်းရေကန် တူးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း ကလေးထမင်းခွံခြင်း မင်္ဂလာပြုရ သည်(ဘရဏီနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဘရဏီနက္ခတ် စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ အများအားဖြင့် စိတ်ဓာတ်ကြည်လင် ကြသူတွေ ဖြစ်ကြတယ်။ ဘဝကိုပေါ့ပေါ့ပါးပါးနဲ့သာ ဖြတ်သန်းချင် ကြသူတွေဖြစ်ကြပြီး ငွေကြေးထက် စိတ်ပျော်ရွှင် ချမ်းသာမှုကို လိုလားကြသူတွေဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံးလဲ စိတ်ပျော်ရာအလုပ်တွေမှာသာ ဘဝကိုနှစ်မြုပ် ထား တတ် သူတွေဖြစ်ပါတယ်။ လူချစ်ခင်များသလို အနီးအနား အိမ်နီး နားချင်းတွေကလဲ အထူးခင်မင်တတ် ကြပါ တယ်။ အစိမ်းရောင် များများပါသော အသုံးအဆောင်တွေသုံးခြင်းဖြင့် ကံ ကောင်းစေပါတယ်။ စကားပြန် ဘာသာပြန် လုပ်ငန်းမျိုးတွေမှာ ..အထူးအောင်မြင်နိုင်ခြင်း ပါပဲ။ ထို့အတူဘာသာ စကားဆိုင်ရာနယ်ပယ်၊ အိုင်တီနည်းပညာ နယ် ပယ်နဲ့ …လက်မှုပညာရပ်နယ်ပယ်တွေမှာ ..အထူးအကျိုးပေးတတ် ကြ တာကိုလည်း တွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉:၁၈) နာရီမှ နံနက်(၁၀:၄၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊စနေ သားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ဗုဒ္ဓဟူး၊ရာဟု၊ကြသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာငွေရောင်၊အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၆/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ယိုတစ်မျိုးမျိုးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆနွင်းမကင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

21.December.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရသောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက် လို့ ရ ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။  ယနေ့ ဘာသာရေးဆိုင်ရာ မြင့် မြတ် သောကိစ္စများ  ဆောင်ရွက်ရန် မသင့်ပါ။ ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုက အသက်ရှည်မည်။ ကျန်းမာ မည်။ အပျက်အစီးများ ပြန်လည်ပြုပြင်နိုင်မည်။ ယနေ့ လူအများ ကတိပျက်ယွင်းတတ် သည်။ စာချုပ်စာတမ်း  လက်မှတ် ရေး ထိုးခြင်း များ မပြုရ။ တီထိ(၁၀)လုံးအနေဖြင့် တည်ကြည်၊ သန်းရှင်းမှုကို တိုးပွားစေသော တီထိဟု  သက်မှတ်ထားပြီး တပည့်သစ် လက်ခံခြင်း၊ ကဗျာစာပေ ရေးစပ်ခြင်း၊ အာဟာရဖြည့်သွင်း ခြင်း၊ မြေဩဇာကျွေးခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ စက်အသစ်များ တပ်ဆင်ခြင်း၊ ခရီးသွားလာခြင်း၊ ယာဉ်ကားများ စီးနင်းခြင်း ဖြစ်နိုင်သော တီထိ ဖြစ်နေပါသည်။ ဓမ္မရာဇ အစိုးရသော တီထိဖြစ်နေပါသည်။ ပြည့်စုံ ခြင်းကို ဖြစ်စေသော ပုဏ္ဏာတီထိ အုပ်စုဖြစ်ပြီး ကြာသပတေးဂြိုဟ် ပိုင်ဆိုင်သောကြောင့် အိမ်ထောင်ပြုခြင်း၊ ပညာ သင်တပည့် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ ခရီးသွားလာခြင်း၊ နန်တက်ခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခြင်း များအတွက် ကောင်းမြတ်သော တီထိ ဖြစ်ပါသည်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၂၅)နာရီမှ ညနေ(၁၆:၀၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရေဝတီနက္ခတ်သည်ဘေးနှစ်ဖက်မြင်နက္ခတ်ဖြစ်တာမို့ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ်စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချိရေး လုပ် ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်း၏။စစ်လက်နက်ဝယ်ယူခြင်းများ၊ စစ်ရေးလေ့ ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။ ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ပိုမို ကျွမ်းကျင်အောင်သင်တန်းပေးခြင်းများလဲပြု လုပ်နိုင်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မိန်စန်း၊ ဓနုရာသီဖွားဖြစ်ပါ သည်။ဒီနေ့ မွေးသူများဟာ စိတ်ကူး အကြံ အစည်ကောင်းကြပါ တယ်။ ပညာဖြင့်အသက် မွေးနိုင် ကြ တယ်။အမိအဘ တွေရဲ့ အထောက်အပံ့ကို အပြည့်အဝရ တယ်။ နာမည်ကို ဗုဒ္ဓဟူး နံနဲ့ အဆုံးသတ်မှတ်ထားရင်တော့ ဖခင်နဲ့အဆင် မပြေခြင်း၊ ဖခင်အကျိုးမခံစားရခြင်း ဆိုတာမျိုး ဖြစ်ရတတ်ပါတယ်။ ငွေကြေးကံအားကောင်းကြတယ်။ အိမ်ထောင် ဘက်ကံ ကောင်းကြပါတယ်။ အိုး အိမ်တိုက်တာ ခြံကားများဖြင့် စည်းစိမ်ခံစားရမဲ့ကံရှိတာကိုတွေ့ရပါတယ်။ တစ်ခုသိထား ရမှာက တွေ‌ဝေစိတ်တွေကို ဖျောက်ထားဖို့လိုပါတယ်။ အပျော်အပါးကိုလိုက်စားတာမျိုးရှောင်ပါ။ အစလုပ်မိပါက မကောင်းတဲ့ကိစ္စတွေကို ဖျောက်ဖျက်ရခက်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၂၇) နာရီမှ မွန်းလွဲ(၂:၅၀)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊  အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင်၊ပန်းရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၁/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖရုံယိုစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လိမ္မော်ရည် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695