ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆုတ်(၈)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ မွန်းလွဲလူ့ပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ အနဋ္ဌသဘောဆောင်သော အလုပ်များ အလွန်မှလုပ်လို့သင့်တဲ့နေပါ။ ခဲယမ်းမီးကျောက် ထုတ်လုပ်ခြင်း၊ ဓားလှံလက်နက်ပြုလုပ်ခြင်းတွေ၊ အရက်သေစာထုတ်လုပ်ဖြန့်ချီခြင်းတွေ ဆောင်ရွက်နိုင်တဲ့ နေ့ရက်ပါပဲ။
အခက်အခဲအကြပ် အတည်းတွေကြားကနေလဲ လွတ်မြောက်အောက်စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ သတ္ထုထုတ် လုပ်ရေး လုပ်ငန်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ရဖို့ကြန့်ကြာနေတဲ့ ကိစ္စတွေ၊အကြွေးရ စရာရှိတာတွေကို ဒီနေ့မှာပြန်တောင်းခံလို့အထူး ကောင်းပါတယ်။ အထားမှားပြီး ပျောက်ဆုံးနေတဲ့ ပစ္စည်းများ ပြန်ရှာတွေ့တတ်ပါတယ်။ အနုစိပ်အသေးစိပ်လုပ်ကိုင်ရသောအလုပ်များ အထူးအဆင်ပြေပါတယ်။ ဖုန်းပြင်တာ၊ ကွန်ပြုတာပြင်တာ၊ စတဲ့အလုပ်တွေကို ဆိုလိုတာပါ။
အိမ်ပြောင်းနေရာပြောင်း၊ အလုပ်ရုံးခန်းပြောင်းရွှေ့ခြင်းများ အထူးကောင်းပါတယ်။ အိမ်အသစ်စတင်နေထိုင်ခြင်း၊ အိမ်တတ်ကျင်းပခြင်းတွေလဲ အထူးကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတွေကို အရှင်းပျောက်မဲ့နေ့မျိုးပါပဲ။ ဆရာကောင်းသမားကောင်းနဲ့ တွေ့ရတတ်ပါတယ်။
အရောင်းအဝယ်ပဲပတ်သက်သော စာချုပ်မှန်သမျှချုပ်ဆိုလို့ အလွန်ပဲကောင်းပါတယ်။ လောကီမင်္ဂလာတွေဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မည်သည့်အလုပ်ကိုမဆိုရဲရဲတင်းတင်း ပြောဆိုလုပ်ကိုင်မှပဲအဆင်ပြေပါလိမ့်မယ်။
ရှောင်သင့်တာတွေကတော့ ဒီနေ့မှာခရီးကိစ္စများရှောင်နိုင်ရင်အကောင်းဆုံးပါပဲ။ ခရီးများကြန့်ကြာတတ်တာ၊ ကုန် သွယ်တဲ့အလုပ်တွေ အရှုံးများနိုင်တာ၊ အပျော်ခရီးများ ထင်ထားသည်ထက်ငွေကုန်တာမျိုးတွေကြုံရတတ်ပါတယ်။ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီကြော်ငြာရန် ရက်ကောင်းဖြစ်သည်။ ဆေးဝါးများ စတင်ကုသမှုခံယူရန် ရက်ကောင်းဖြစ်သည်။ သမားတော်များ ကုသ၍ ရောဂါများ ပျောက်ကင်းကျန်းမာနိုင်ပါသည်။
နက္ခတ်အရ ဘရဏီနက္ခတ်က အောက်ငုံ့နက္ခတ်ဖြစ်တာမို့ရေတွင်းရေကန်တူးခြင်း၊ အုတ်မြစ်ကျင်းတူးခြင်း၊ မြေတူး ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓါတ်သတ္တုတူးဖော်ရှာဖွေခြင်း၊ ရွှေတွင်း တူးခြင်း၊ ကလေးထမင်းခွံ့ခြင်း မင်္ဂလာ ပြုရာ၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၀:၁၆)နာရီမှ နံနက်(၁:၀၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မိဿစန်း မနက်(၈)နာရီ(၄၂)မိနစ်လွန် စန်းပြိဿရာသီသို့ ပြောင်းသည်။ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ငွေကြေးကံအား ကောင်းကြသူတွေဖြစ်ပါတယ်။ စီးပွားကိုတစ်မျိုးမကဘဲ ကျယ်ပြန့် စွာရှာနိုင်သူတွေဖြစ်ပါတယ်။ အလုပ်နှစ်မျိုး သုံးမျိုး လုပ် ရခြင်း၊ အလုပ်တစ်ခုထဲကိုပဲ ဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်လုပ်ကိုင် ရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ စီးပွားရေး ငွေကြေးကံ ပညာရေး အထူး ကောင်း တဲ့ ဇာတာရှင်ပါပဲ။ အဲ……အား နဲချက် ကတော့ မေတ္တာရေးပါပဲ။ ဘယ်လိုနည်း နဲ့ပဲ တွက်တွက် ….မေတ္တာရေးကံအားနဲချက်ကတော့ အနဲနဲ့အများ ရင် ဆိုင် ကြရမယ့်ကလေးငယ်ပါ။ အချစ်ရေးကံခေ တတ် ခြင်း ၊ ချစ်သူကသစ္စာမဲ့ခြင်းမျိုးတွေကြုံရပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မွေးရင်သွေးများဟာ မိန်းကလေးဖြစ်မယ် ဆိုရင်နာမည်ပေးမမှားအောင် သေချာမှည့်ပေးဖို့လိုပါတယ်။ နာမည်ကို ဗုဒ္ဓဟူးအစ တနင်္လာအဆုံးနာမည်တွေကို အထူးရှောင်ပြီးမှည့်စေချင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၂) နာရီမှ မွန်းလွဲ(၁:၄၇)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြက်သွေးရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၁၊ ၂ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းသီးစိပ်လေးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြာဇံကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695